၁။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ညီအစ်ကို မောင်နှမများ၏ မိတ်သဟာယများနှင့် သက်သေခံချက်များကို နားထောင်ခြင်းမှတစ်ဆင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ပြန်ကြွလာခြင်း ဖြစ်သည်ကို ကျွန်ုပ် သေချာလာပြီးဖြစ်ကာ၊ ယခုတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်ုပ် လက်ခံပါသည်။ သိုသော် လတ်တလောတွင် ကျွန်ုပ်၏ မိသားစု၌ သဘောမကျစရာနှင့် နေမထိထိုင်မထိဖြစ်စရာ အမှုအရာများစွာ ဖြစ်ပေါ်ပြီဖြစ်သည်။ ထိုသို့သော အရာများ အဘယ်ကြောင့် ဖြစ်ပေါ်ဖြစ်ပေါ်ပြီး ယင်းတို့ကို ကျွန်ုပ် မည်သို့ တွေ့ကြုံသင့်ပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။” (ရှင်ပေတရုဩဝါဒစာပဌမစောင် ၅:၈)

“တတိယအပိုင်းကို မီးကိုဖြတ်၍ ငါယူဆောင်လာပြီး ငွေကို သန့်စင်သကဲ့သို့ သူတို့ကို သန့်စင်မည်။ ရွှေကို စစ်သကဲ့သို့ သူတို့ကို ငါစစ်မည်။ သူတို့သည် ငါ့နာမကို ပဌနာပြုကြလိမ့်မည်ဖြစ်ပြီး သူတို့ကို ငါ နားညောင်းမည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါပြောမည်။ သူတို့ကလည်း၊ ယေဟောဝါသည် ငါ၏ဘုရားသခင် ဖြစ်တော်မူ၏ဟု ဆိုကြလိမ့်မည်။” (ဇာခရိအနာဂတ္တိကျမ်း ၁၃:၉)

“ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။ စာတန်က၊ ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။ ယေဟောဝါက စာတန်ကို၊ ကြည့်လော့၊ သူ၌ ရှိသမျှတို့သည် သင်၏အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့်လက်မရောက်စေနှင့်၊ ဟု မိန့်တော်မူ၏။ သို့နှင့် စာတန်သည် ယေဟောဝါ၏ထံတော်မှောက်မှ ထွက်သွားလေသည်။” (ယောဘဝတ္တု ၁:၈-၁၂)

“ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး၊ ငါသည် အမိဝမ်းထဲက အဝတ်အချည်းစည်း ထွက်လာရ၏၊ အဝတ်အချည်းစည်းဖြင့်ပင် ငါပြန်သွားရမည်။ ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။” (ယောဘဝတ္တု ၁:၂၀-၂၁)

“ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟုဆို၏။ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘ သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။” (ယောဘဝတ္ထု ၂:၉-၁၀)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် သူ၏ အမှုကို ပြုသည်၊ ဘုရားသခင်သည် လူကို ပြုစုစောင့်ရှောက်သည်၊ ဤလူကို အလေးထားပြီး၊ စာတန်သည် တစ်ချိန်လုံး ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာ လိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်သည်လည်း တစ်လျှောက်လုံး နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ ဤလူကို ဘုရားသခင် အလိုရှိပါက၊ စာတန်သည် အားလုံးကို ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို သွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ဖျက်ဆီးရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် လိုချင်သမျှအားလုံးကို ၎င်းက မိမိကိုယ်တိုင်အတွက် လိုချင်သည်၊ ထိုအရာများက ၎င်းကို ကိုးကွယ်ကြဖို့၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းကို ပူးပေါင်းကြဖို့အလို့ငှာ၊ ၎င်းက ထိုအရာများကို သိမ်းပိုက်ချင်သည်၊ ထိန်းချုပ်ချင်သည်၊ ထိုအရာများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော စေ့ဆော်ချက် မဟုတ်လော။ သင်တို့က စာတန်သည် အင်မတန် ဆိုးယုတ်သည်၊ အင်မတန် ဆိုးရွားသည်ဟု မကြာခဏ ဆိုသော်လည်း၊ ယင်းကို သင်တို့ မြင်ဖူးကြပါသလော။ လူက မည်မျှဆိုးရွားသည်ကိုသာ သင် မြင်နိုင်ပေသည်။ စာတန် အမှန်တကယ် မည်မျှဆိုးရွားသည်ကို လက်တွေ့အရှိတရားတွင် သင် မမြင်ဖူးသေးပေ။ သို့သော် ယောဘနှင့် စပ်လျဉ်းသည့် ဤကိစ္စရပ်တွင် စာတန်၏ ဆိုးယုတ်မှုကို သင်တို့ မြင်ပြီးကြပြီလော။ (မြင်ပါပြီ။) ဤကိစ္စသည် စာတန်၏ အကျည်းတန်သည့် မျက်နှာထားနှင့် သူ၏အနှစ်သာရကို အင်မတန် ရှင်းလင်းသွားစေပေသည်။ ဘုရားသခင်နှင့် စစ်ဖြစ်ရင်းနှင့် ဘုရားသခင်နောက်တစ်လျှောက် နောက်ယောင်ခံလိုက်ရင်း၊ စာတန်၏ရည်မှန်းချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် ရရှိလိုသော သူများကို သိမ်းပိုက်ရန်နှင့် ထိန်းချုပ်ရန်၊ ဘုရားသခင် ရရှိလိုသောသူများကို လုံးဝ ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့ မကွယ်ပျောက်ပါက၊ စာတန်၏အသုံးပြုခြင်းကို ခံရရန် စာတန်၏ ပိုင်ဆိုင်မှုများ ဖြစ်လာသည်- ဤသည်မှာ ၎င်း၏ ရည်မှန်းချက် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)

လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။... ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ အပြင်ပန်းမှဆိုလျှင် ယင်းတို့သည် အရေးမပါဟု ထင်စရာရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်ဘူးလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊ သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် သင်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးသည့်သူ၊ သင်သည် သမ္မာတရား မပါဝင်သည့်သူ၊ အသက် မပါဝင်သည့်သူ၊ တန်ဖိုးမရှိသူ တစ်ယောက် ဆိုသည်ကို ပြသည်။ လူတို့ထံ၌ ဖြစ်ပျက်သည့် အရာတိုင်းသည် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိသည့် အချိန်တွင် ဖြစ်ပျက်သည်။ လက်ရှိအချိန်တွင် သင်၌ ကြီးကြီးမားမား မည်သည့်အရာမျှ မဖြစ်ပျက်နေသည့်အပြင် သင်သည် ကြီးမားသည့် သက်သေကို မခံသော်လည်း သင့်နေ့စဉ်အသက်တာ၏ အသေးစိတ်တိုင်းသည် ဘုရားသခင်ကို သက်သေခံခြင်းနှင့်ဆိုင်သော ကိစ္စဖြစ်၏။ သင်က သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစုအဖွဲ့ဝင်များနှင့် သင့်ဘေးမှာရှိတဲ့ လူတိုင်း၏ လေးစားမှုကို ရယူနိုင်လျှင်၊ တစ်နေ့မှာ မယုံကြည်သူများ ရောက်လာပြီး သင်လုပ်ဆောင်သမျှအားလုံးကို လေးစားပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးက အံ့သြဖွယ် ဖြစ်သည်ဆိုသည်ကို မြင်လျှင် သင်သည် သက်သေခံပြီး ဖြစ်သည်။ သင်သည် ထိုးထွင်းဉာဏ်မရှိ၊ အရည်အချင်းက နိမ့်ကျသော်လည်း၊ အညံ့ဖျင်းဆုံးသော အရည်အချင်းရှိသည့် လူတို့အထဲ၌ မည်သည့် ကြီးမြတ်သော အမှုကို ဘုရားသခင် လုပ်ဆောင်ပြီး ဖြစ်သည်ကို အခြားသူများအား ပြသရင်း၊ ဘုရားသခင်၏ သင့်ကို ပြည့်စုံစေခြင်းမှတစ်ဆင့် သင်သည် သူ့ကို ကျေနပ်စေနိုင်ပြီး သူ့အလိုကို သတိပြုမိမည် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိလာပြီး၊ စာတန်၏ရှေ့တွင် အောင်မြင်သောသူများ ဖြစ်လာချိန်တွင်၊ ဘုရားသခင်ကို ကြီးမားသည့် အတိုင်းအတာတစ်ခုအထိ သစ္စာရှိလာကြသည်၊ ထိုအခါတွင် ဤလူအုပ်စုများထက် အဘယ်သူမျှ သာ၍ အားမာန်မရှိကြသကဲ့သို့၊ ဤသည်မှာ အကြီးမားဆုံးသော သက်သေခံချက် ဖြစ်ပါလိမ့်မည်။ သင်က ကြီးမားသည့် အလုပ်များကို မလုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ တစ်ခြားလူများက သူတို့၏ အယူအဆများကို ဘေးဖယ်မထားနိုင်သော်လည်း သင်က ဘေးဖယ်ထားနိုင်သည်။ တစ်ခြားလူများက သူတို့၏ အမှန်တကယ် အတွေ့အကြုံများမှာ ဘုရားသခင်ကို သက်သေမခံနိုင်သော်လည်း သင်က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ပြီး သူ့အပေါ်မှာ ခိုင်မာသည့် သက်သေခံမှုကို ပြုလုပ်ဖို့အတွက် သင်၏ အမှန်တကယ် အရေးပါမှုနှင့် အပြုအမူတို့ကို အသုံးပြုနိုင်သည်။ ဤအချက်ကသာ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းအနေနှင့် အသိအမှတ်ပြုနိုင်သည်။ သင်က ဤအချက်ကို မတတ်နိုင်ဘူးဆိုလျှင် သင့်မိသားစုဝင်များကြား၌၊ သင့်ညီအစ်ကို မောင်နှမများကြား၌၊ သို့မဟုတ် လောက၏ လူများကြား၌ သက်သေမခံပေ။ စာတန်ရှေ့မှာ သင်က သက်သေမခံနိုင်လျှင် စာတန်က သင့်ကို ရယ်မောပါလိမ့်မည်။ စာတန်သည် သင့်ကို ရယ်စရာတစ်ခု၊ ကစားစရာတစ်ခုအနေနှင့် ဆက်ဆံပါလိမ့်မည်။ သင့်ကို မကြာခဏ အရူးလုပ်ပြီး ရူးနှမ်းသွားအောင် လုပ်ပါလိမ့်မည်။ အနာဂတ်မှာ သင့်ဆီကို ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်လာပါမည်။ သို့သော်လည်း ယနေ့ သင်သည် ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားနှင့် ချစ်လျှင် စမ်းသပ်မှုသည် မည်မျှပင် ကြီးမားပါစေ၊ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်သည် သင်၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေပါလိမ့်မည်။ နောက်မှာတော့ သင့်နှလုံးသားသည် စိတ်သက်သာရာ ရပါလိမ့်မည်။ အနာဂတ်၌ သင်ကြုံတွေ့ရမည့် စမ်းသပ်မှုက မည်မျှပင် ကြီးမားပါစေ၊ သင်သည် ကြောက်ရွံ့မည် မဟုတ်ချေ။ အနာဂတ်မှာ အဘယ်အရာဖြစ်မည်ဆိုသည်ကို သင်တို့ မမြင်နိုင်ပေ။ ယနေ့ အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်ကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သည်။ သင်တို့က ကြီးမားသည့် လုပ်ဆောင်မှုများကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့ဘဝမှာ သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်း၊ စာတန်ကို အရှက်ရစေသည့် ခိုင်မာသေချာသော သက်သေခံခြင်းတို့ကို အာရုံစိုက် ပြုလုပ်သင့်သည်။ သင့်ဇာတိပကတိက ကျေနပ်မှုမရှိဘဲ ဒုက္ခခံစားရမည် ဖြစ်သော်လည်း သင်က ဘုရားသခင်ကို ကျေနပ်စေမည်ဖြစ်ပြီး စာတန်ကို အရှက်ရစေမည်ပင်။ သင်သည် ဤပုံစံအတိုင်း ကျင့်ကြံလျှင် ဘုရားသခင်သည် သင့်ရှေ့မှာ လမ်းဖွင့်ပေးပါလိမ့်မည်။ တစ်နေ့ ကြီးမားသည့် စမ်းသပ်မှု ရောက်ရှိလာသောအခါ တစ်ခြားလူများက ကျရှုံးသွားကြပါလိမ့်မည်။ သို့သော်လည်း သင်က ခိုင်မြဲစွာ ရပ်တည် နေနိုင်ဦးမည် ဖြစ်သည်။ သင်ပြုလုပ်ခဲ့သည့် ပေးဆပ်မှုကြောင့် ဘုရားသခင်သည် သင့်ကို ကာကွယ်မည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ကျရှုံးမည်မဟုတ်။ ပုံမှန်အားဖြင့် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ပြီး ဘုရားသခင်ကို အမှန်တကယ်ချစ်သည့် နှလုံးသားနှင့် သူ့ကို ကျေနပ်စေနိုင်လျှင် ဘုရားသခင်သည် ရှေ့မှာလာမည့် စမ်းသပ်မှုများမှာ သင့်ကို သေချာပေါက် ကာကွယ်ပေးမည်ဖြစ်သည်။ သင်က မိုက်မဲကာ အရေးပါမှုနည်းပြီး အရည်အချင်းမရှိသော်လည်း၊ ဘုရားသခင်က သင့်ကို နှိမ့်ချ ဆက်ဆံမည် မဟုတ်။ သင်၏ ကြံရွယ်ချက်များက မှန်ကန်သလား ဆိုသည့်အပေါ်၌ မူတည်သည်။ ယနေ့ သင်သည် အသေးဆုံး အချက်အလက်များကို အာရုံစိုက်ခြင်း၊ အရာအားလုံးအတွင်းမှာ ဘုရားသခင်ကို ကျေနပ်စေခြင်း၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သည့် နှလုံးသားတစ်ခုရှိခြင်း၊ ဘုရားသခင်ကို သင်၏ စစ်မှန်သည့် နှလုံးသားကို ပေးအပ်ခြင်းတို့ကြောင့် သင်သည် ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ သင်နားမလည်တဲ့ တစ်ချို့အရာများ ရှိနေသော်လည်း သင်၏ ရည်ရွယ်ချက်များကို မှန်ကန်အောင် ပြုပြင်ပေးဖို့ ဘုရားသခင်ရှေ့ကို လာရောက်နိုင်သည်။ ဘုရားသခင်၏ အလိုကို ရှာဖွေနိုင်သည်။ ဘုရားသခင်ကို ကျေနပ်စေသည့် အရာအားလုံးကို သင်လုပ်ဆောင်သည်။ သင့်ညီအစ်ကို မောင်နှမများက သင့်ကို စွန့်ပစ်ကောင်း စွန့်ပစ်လိမ့်မည်။ သို့သော်လည်း သင်၏ နှလုံးသားက ဘုရားသခင်ကို ဖြည့်ဆည်းပေးနေမည်ဖြစ်ပြီး ဇာတိပကတိ၏သာယာမှုကို စွဲလမ်းတပ်မက်မည် မဟုတ်။ သင်သည် ဤနည်းလမ်းနှင့် အမြဲတမ်း ကျင့်ကြံမည်ဆိုလျှင် သင့်အပေါ်၌ ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်သည့်အချိန်မှာ သင်သည် ကာကွယ်ပေးခြင်း ခံရပါလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

အကယ်၍ သင်၏ အယူအဆများနှင့် တစ်ပြေးညီမဟုတ်သော အရာများစွာ သင့်အပေါ် ကျရောက်လာသည့်တိုင် သင်သည် ၎င်းတို့ကို ဘေးဖယ်ထားနိုင်ပြီး ဤအရာများမှ ဘုရားသခင်၏ လုပ်ရပ်များအား သိကျွမ်းခြင်းကို ရရှိနိုင်ပါက၊ ထို့ပြင် သင်သည် စစ်ဆေးခြင်းများအလယ်တွင် ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြသပါက၊ ဤသည်မှာ သက်သေရပ်တည်ခြင်းပင် ဖြစ်သည်။ အကယ်၍ သင်၏ နေအိမ်သည် ငြိမ်းချမ်းနေပြီး၊ သင်သည် ဇာတိပကတိဆိုင်ရာ ဇိမ်ခံစရာများကို မွေ့လျော်ကာ၊ သင့်ကို မည်သူမျှ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဘဲ၊ အသင်းတော်ထဲရှိ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကိုနာခံပါက၊ ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ပြသနိုင်မည်လော။ ဤအခြေအနေက သင့်ကို စစ်ဆေးနိုင်သလော။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းကို ပြသနိုင်သည်မှာ စစ်ဆေးခြင်းအားဖြင့်သာလျှင် ဖြစ်ပြီး သင် စုံလင်စေခြင်းခံရနိုင်သည်မှာ သင်၏အယူအဆများနှင့် မကိုက်ညီသောအမှုအရာများ ဖြစ်ပျက်ခြင်းအားဖြင့်သာလျှင် ဖြစ်သည်။ ဆန့်ကျင်ဘက်ပြုပြီး အပျက်သဘောဆောင်သော အရာများစွာ၏ အကူအညီနှင့်၊ စာတန်၏ အမျိုးမျိုးသော သရုပ်သကန်ဖော်ပြချက်များ တည်းဟူသော ၎င်း၏လုပ်ရပ်များ၊ ၎င်း၏စွပ်စွဲချက်များ၊ ၎င်း၏ အနှောင့်အယှက်များနှင့် လှည့်ဖြားမှုများကို အသုံးချခြင်းအားဖြင့် ဘုရားသခင်သည် သင့်အား စာတန်၏ အကျည်းတန်သော မျက်နှာကို ရှင်းရှင်းလင်းလင်း ပြသကာ၊ ထိုသို့ဖြင့် သင်သည် စာတန်ကို မုန်းတီးပြီး ပစ်ပယ်နိုင်ဖို့အလို့ငှာ သင်၏ စာတန်အား ခွဲခြားသိမြင်နိုင်စွမ်းကို စုံလင်စေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

လူသားအထဲ၌ ဘုရားသခင် ပြုသမျှသည် သူ၏စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့်အတွက်၊ ဘုရားသခင် ပြုသော အရာရာတိုင်းသည် လိုအပ်ပြီး ထူးခြားသော အရေးပါမှု ပိုင်ဆိုင်ပေသည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏အမြင်တွင် ယောဘသည် စုံလင်ကာ ဖြောင့်မတ်သော်လည်း၊ ယောဘ၌ ဘုရားသခင်ပြုခဲ့သော အမှုသည် ကွဲပြားခြင်း မရှိပေ။ တစ်နည်းအားဖြင့် ဘုရားသခင် မည်သည့်အရာ ပြုသည် သို့မဟုတ် သူ ပြုသည့် နည်းလမ်းကို ပဓာနမထားဘဲ၊ အဖိုးအခကို ပဓာနမထားဘဲ၊ သို့မဟုတ် သူ၏ ရည်မှန်းချက်ကို ပဓာနမထားဘဲ၊ သူ၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ မပြောင်းလဲပေ။ သူ၏ ရည်ရွယ်ချက်မှာ လူသားထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အပြင်၊ လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားသခင်၏အလိုတို့ကို လုပ်ဆောင်ရန် ဖြစ်သည်။ တစ်နည်းအားဖြင့် ယင်းမှာ ဘုရားသခင်၏ စိတ်နှလုံးကို လူသားအား နားလည်စေရင်းနှင့် ဘုရားသခင်၏ အနှစ်သာရကို သဘောပေါက်စေရင်း၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လူသားအား နာခံစေရင်း၊ ထိုသို့ဖြင့် လူသားအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ကြဉ်ခြင်းအား ရရှိခွင့်ပေးရင်း၊ ဘုရားသခင်သည် အပြုသဘောဆောင်သည်ဟု သူယုံကြည်သော အရာခပ်သိမ်းကို သူ၏ခြေလှမ်းများနှင့်အညီ လူသားထဲ၌ အမှုပြုရန် ဖြစ်သည်- ထိုအရာအားလုံးမှာ ဘုရားသခင်ပြုသမျှအားလုံးထဲက သူ၏ရည်ရွယ်ချက်၏ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားသောကဏ္ဍမှာ စာတန်သည် ဘုရားသခင်၏ အမှုတွင် အဖြည့်ခံနှင့် အသုံးတော်ခံ ဖြစ်သောကြောင့်၊ လူသားသည် စာတန်ထံ မကြာခဏပေးအပ်ခံရခြင်း ဖြစ်သည်။ ဤသည်မှာ လူတို့အား စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို မြင်ခွင့်ပေးရန်နှင့် စာတန်၏ ဆိုးယုတ်မှု၊ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို တိုက်ခိုက်ခွင့်ပေးရန် ဘုရားသခင် အသုံးပြုသော နည်းလမ်းဖြစ်သည်၊ ထိုသို့ဖြင့် လူတို့အား စာတန်ကို မုန်းတီးစေပြီး အပျက်သဘောဆောင်သောအရာကို သိရှိကာ အသိအမှတ်ပြုစေလေသည်။ ဤနည်းစနစ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ အသိနှင့် နာခံမှု၊ ပြီးလျှင် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ခြင်းတို့ကြောင့် စာတန်၏ တိုက်ခိုက်မှုများနှင့် စွပ်စွဲမှုများအပေါ် အောင်မြင်သည်အထိ- ၎င်းတို့အား စာတန်၏ ထိန်းချုပ်မှုနှင့် စွပ်စွဲမှုများ၊ ဝင်ရောက်နှောင့်ယှက်မှုနှင့် တိုက်ခိုက်မှုတို့မှ မိမိကိုယ်ကိုယ် တဖြည်းဖြည်း လွတ်မြောက်စေခွင့်ပေးလေသည်။ ထိုအခါမှသာ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်မှ လုံးလုံးလျားလျား ကယ်ဆယ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူတို့၏ ကယ်ဆယ်ခံရခြင်း ဆိုသည်မှာ စာတန်သည် ရှုံးနိမ့်ပြီးဖြစ်သည်ဟု ဆိုလိုသည်၊ ယင်းမှာ ၎င်းတို့သည် စာတန်၏ ပါးစပ်ထဲက အစာ မဟုတ်တော့- စာတန်သည် ၎င်းတို့အား မျိုချရမည့်အစား ၎င်းတို့ကို စွန့်လွှတ်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူများမှာ ဖြောင့်မတ်ကြသောကြောင့်၊ ၎င်းတို့သည် ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းရှိကြသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် လုံးလုံးလျားလျား အဆက်ပြတ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေသည်၊ စာတန်အား သူရဲဘောကြောင်စေပြီး စာတန်ကို လုံးဝ အနိုင်ယူကြလေသည်။ ဘုရားသခင်နောက်သို့လိုက်ရာတွင် ၎င်းတို့၏ခံယူချက်၊ ပြီးလျှင် ဘုရားသခင်အား နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် စာတန်ကို ရှုံးနိမ့်စေပြီး စာတန်အား ၎င်းတို့ကို လုံးလုံးလျားလျား လက်လျှော့စေသည်။ ဤသို့သော လူများသာ ဘုရားသခင်၏ရယူခြင်းကို အမှန်တကယ်ခံရကြပြီးဖြစ်ကာ လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ဤအရာ ဖြစ်ပေသည်။ အကယ်၍ ၎င်းတို့သည် အကယ်တင်ခံရရန် ဆန္ဒရှိကြပြီး ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံလိုပါက၊ ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို အကြီး အသေးနှစ်ခုလုံး ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်ပေါ်လာသော သူများနှင့် စာတန်ကို အပြည့်အဝ ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ကြုံရပြီးသောသူများနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုနှင့် တိုက်ခိုက်ခြင်းကို အကြိမ်အရေအတွက် ပြောမပြနိုင်အောင် များစွာခံခဲ့ပြီးသောသူများ ဖြစ်သည်။ ဘုရားသခင်ထံ ကယ်တင်ခံရသောသူများသည် ဘုရားသခင်၏ အလိုနှင့် သတ်မှတ်ချက်များကို နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောတူညီနိုင်သကဲ့သို့၊ ၎င်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအလယ်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မစွန့်ပစ်ကြချေ။ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ရိုးသားမှုကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ကြင်နာစိတ်ရှိကြသည်၊ အချစ်နှင့် အမုန်းကြား ပိုင်းခြားသိမြင်ကြသည်၊ ၎င်းတို့သည် တရားသော အသိစိတ်တစ်ခုရှိပြီး ဆင်ခြင်တုံတရား ရှိကြကာ ၎င်းတို့သည် ဘုရားသခင်ကို အလိုရှိကြပြီး ဘုရားသခင်နှင့် သက်ဆိုင်သည့် အရာခပ်သိမ်းကို တန်ဖိုးထားတတ်ကြသည်။ ထိုသို့သော လူများသည် စာတန်အားဖြင့် ချုပ်နှောင်မခံရပေ၊ စောင့်ကြည့်မခံရပေ၊ စွပ်စွဲမခံရ သို့မဟုတ် နှိပ်စက်မခံရပေ။ ၎င်းတို့သည် လုံးဝ လွတ်လပ်ကြသည်၊ လုံးဝ ချုပ်ချယ်မှုကင်းပြီး လွတ်မြောက်ကြသည်။ ယောဘသည် ထိုသို့သော လွတ်မြောက်ခြင်း ရှိသည့် လူသားတစ်ဦးသာဖြစ်ပြီး ဤသည်မှာ ဘုရားသခင်သည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့ လွှဲအပ်ခဲ့ပြီးဖြစ်သည့် အကြောင်းရင်း၏ ရည်ရွယ်ချက် အတိအကျ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

လူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စွဲမြဲသော ထောက်ပံ့ခြင်းနှင့် ချီးမြှောက်ခြင်း အမှုအတောအတွင်းတွင်၊ ဘုရားသခင်သည် သူ၏အလိုနှင့် သတ်မှတ်ချက်များ အလုံးစုံကို လူသားထံ ပြောပြပြီး သူ၏ လုပ်ဆောင်ချက်များ၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူသားထံ ပြသလေသည်။ ရည်မှန်းချက်မှာ လူသားကို ဝိညာဉ်ရင့်ကျက်မှုဖြင့် အသင့်ပြင်ဆင် ပေးရန်နှင့် လူသားသည် ဘုရားသခင်၏ နောက်လိုက်နေစဉ် သူ့ထံမှ အမျိုးမျိုးသော သမ္မာတရားများကို- စာတန်ကို တိုက်ခိုက်ရန် လူသားကို ဘုရားသခင်က ပေးထားသည့် လက်နက်များဖြစ်သည့် သမ္မာတရားများကို- ရရှိစေရန်ဖြစ်သည်။ ထိုသို့ဖြင့် အသင့်ပြင်ဆင်လျက်၊ လူသားသည် ဘုရားသခင်၏ စစ်ဆေးမှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ လူသားကို စစ်ဆေးရန် ဘုရားသခင်၌ နည်းလမ်းများနှင့် လမ်းကြောင်းများစွာ ရှိသော်လည်း၊ ထိုအရာများ တစ်ခုစီတိုင်းသည် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်၏ “ပူးပေါင်းဆောင်ရွက်မှု” ကို လိုအပ်သည်။ ဆိုလိုသည်မှာ၊ စာတန်နှင့် တိုက်ရန် လက်နက်များကို လူသားအား ပေးပြီးလျက်၊ ဘုရားသခင်သည် လူသားကို စာတန်ထံ လွှဲအပ်လိုက်ပြီး စာတန်အား လူသား၏ ဝိညာဉ်ရင့်ကျက်မှုကို “စစ်ဆေး” ခွင့်ပေးလေသည်။ အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲမှ ထိုးဖောက်နိုင်ပါက၊ သူသည် စာတန်၏ ဝန်းရံခြင်းမှ လွတ်မြောက်ပြီး အသက်ရှင်နိုင်ဆဲဖြစ်ပါက၊ လူသားသည် စစ်ဆေးမှုကို အောင်မြင် လိမ့်မည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲကို မစွန့်နိုင်သကဲ့သို့၊ စာတန်ကို ကျိုးနွံနာခံပါက၊ သူသည် စစ်ဆေးမှုကို အောင်မြင်မည် မဟုတ်ပေ။ လူသား၏ မည်သည့် ရှုထောင့်ကို ဘုရားသခင် စစ်ဆေးသည်ဖြစ်စေ သူ၏ စစ်ဆေးခြင်း စံသတ်မှတ်ချက်များမှာ လူသားသည် စာတန်၏ တိုက်ခိုက်ခြင်းကို ခံရသည့်အချိန်တွင် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိဆိုသည်နှင့် သူသည် စာတန်၏ ကျော့ကွင်း၌ မိနေစဉ် ဘုရားသခင်ကို စွန့်ပယ်ပြီး စာတန်ထံ အညံ့ခံကာ ကျိုးနွံနာခံခြင်း ရှိ မရှိ ဆိုသည်တို့ ဖြစ်သည်။ လူသားသည် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သူသည် စာတန်ကို အောင်နိုင်ကာ အနိုင်ယူနိုင်ခြင်း ရှိ မရှိဆိုသည့်အပေါ် မူတည်ပြီး သူသည် လွတ်လပ်မှုကို ရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ သူသည် စာတန်အား မျှော်လင့်ချက် လုံးလုံးလျားလျား စွန့်လွှတ်စေပြီး သူ့ကို အသာထားစေလျက်၊ စာတန်၏ ချုပ်နှောင်မှုကို ကျော်လွှားရန် ဘုရားသခင် သူ့အား ပေးထားသော လက်နက်များကို သူကိုယ်တိုင် မနိုင်စွမ်း ရှိ မရှိဆိုသည့်အပေါ် မူတည်သည်ဟု ဆိုကောင်း ဆိုနိုင်ပေသည်။ အကယ်၍ စာတန်သည် မျှော်လင့်ချက်ကို စွန့်လွှတ်ပြီး တစ်စုံတစ်ဦးအား လက်လျှော့ပါက၊ ဤသည်မှာ စာတန်သည် ဤလူအား ဘုရားသခင်ထံမှယူရန် မည်သည့်အခါမျှ တစ်ဖန် ကြိုးစားမည် မဟုတ်၊ ဤလူနှင့်ပတ်သက်၍ မည်သည့်အခါမျှ တစ်ဖန်စွပ်စွဲမည်မဟုတ်သကဲ့သို့ နှောင့်ယှက်မည် မဟုတ်၊ ၎င်းတို့အား မည်သည့်အခါမျှ တစ်ဖန် အကြောင်းမဲ့ ညှဉ်းဆဲမည် မဟုတ်၊ သို့မဟုတ် တိုက်ခိုက်မည် မဟုတ်သည်ကို ဆိုလိုပေသည်။ ဤသို့သော လူတစ်စုံတစ်ဦးသည်သာ ဘုရားသခင်၏ ရယူခြင်းကို အမှန်တကယ် ခံရပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်သည် လူတို့အား ရယူသည့် ဖြစ်စဉ်တစ်ခုလုံး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

အရှေ့သို့- ၉။ သင်က “အရှေ့ရပ်မှ လျှပ်ပြက်ခြင်း”သည် နောက်ဆုံသော ကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ဖြစ်သည်ဟု သက်သေခံသည်၊ သို့သော် ကျွန်ုပ်သည် Baidu နှင့် Wikipedia ကဲ့သို့သော နာမည်ကြီး ဝက်ဘ်ဆိုက်များပေါ်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ရှုတ်ချသည့်၊ တိုက်ခိုက်ပြီး သွားပုပ်လေလွင့်ပြောဆိုသည့် ဆောင်းပါးများစွာကို ဖတ်ရှုပြီးဖြစ်သည်။ Baidu ပေါ်ရှိ သတင်းအချက်အလက်များကို တရုတ်ကွန်မြူနစ်ပါတီက စောင့်ကြည့်ကာ ထိန်းချုပ်ထားပြီး၊ ယင်းသ‌ည် သေချာပေါက် ယုံကြည်စိတ်ချ၍မရသည်ကို ကျွန်ုပ် သိသည်။ သို့သော် Wikipedia ကဲ့သို့သော နိုင်ငံခြား ဝက်ဘ်ဆိုက်ကလည်း သင်တို့ကို ရှုတ်ချရာတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေး လောကနောက်လိုက်လေသည်။ ကျွန်ုပ် အဖြေမရှာနိုင်ပါ- ဤဝက်ဘ်ဆိုက်များပေါ်က ထုတ်ပြန်ချက်များသည် မှန်ပါသလား၊ သို့မဟုတ် မှားယွင်းပါသလား။

နောက်တစ်ခုသို့- ၂။ လတ်တလောတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအချို့ကို ဖတ်ရှုပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ညီအစ်ကို မောင်နှမများ၏ မိတ်သဟာယများနှင့် သက်သေခံချက်များကို နားထောင်ပြီးနောက်တွင်၊ ကျွန်ုပ်၏ စိတ်နှလုံးတွင် အလွတ်ထောက်ပံ့ပေးခြင်းခံရကာ တည်ဆောက်စရာဖြစ်ခဲ့သည်။ သခင့်ကို ကိုးကွယ်ခြင်းခြင့် ကုန်ဆုံးခဲ့သည့် နှစ်များအတောအတွင်း ကျွန်ုပ် လုပ်ဆောင်ခဲ့သည်ထက် သာ၍များစွာ နားလည်ပါသည်၊ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ပြန်ကြွလာခြင်း ဖြစ်ရပေမည်။ သို့သော် ကျွန်ုပ်၏ သင်းအုပ်ဆရာက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်ုပ် စုံစမ်းစစ်ဆေးနေသည်ကို သိရှိသွားကတည်းက၊ သူသည် ကျွန်ုပ်ကို တားဆီးဖို့ သူ တတ်နိုင်သမျှအားလုံး လုပ်ဆောင်နေခဲ့ပြီးဖြစ်သည်။ သူသည် ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်ကို နေ့စဉ် ဒုက္ခလိုက်ပေးလေသည်။ ကျွန်ုပ်၏ မိသားစုကိုပင် ကျွန်ုပ်ကို စောင့်ကြည့်ရန် စေခိုင်းခဲ့ကာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခွင့်မပေးခဲ့ပေ သို့မဟုတ် အသင်းတော်၏ တရားဒေသနာများကို နားထောင်ခွင့်မပေးခဲ့ပေ။ အတွင်းတွင် နာကျင်မှုကို ကျွန်ုပ် အမှန်တကယ် ခံစားရသည်။ ဤအရာများကို ကျွန်ုပ် မည်သို့ တွေ့ကြုံသင့်သနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။