၂။ လတ်တလောတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအချို့ကို ဖတ်ရှုပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ညီအစ်ကို မောင်နှမများ၏ မိတ်သဟာယများနှင့် သက်သေခံချက်များကို နားထောင်ပြီးနောက်တွင်၊ ကျွန်ုပ်၏ စိတ်နှလုံးတွင် အလွတ်ထောက်ပံ့ပေးခြင်းခံရကာ တည်ဆောက်စရာဖြစ်ခဲ့သည်။ သခင့်ကို ကိုးကွယ်ခြင်းခြင့် ကုန်ဆုံးခဲ့သည့် နှစ်များအတောအတွင်း ကျွန်ုပ် လုပ်ဆောင်ခဲ့သည်ထက် သာ၍များစွာ နားလည်ပါသည်၊ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ပြန်ကြွလာခြင်း ဖြစ်ရပေမည်။ သို့သော် ကျွန်ုပ်၏ သင်းအုပ်ဆရာက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်ုပ် စုံစမ်းစစ်ဆေးနေသည်ကို သိရှိသွားကတည်းက၊ သူသည် ကျွန်ုပ်ကို တားဆီးဖို့ သူ တတ်နိုင်သမျှအားလုံး လုပ်ဆောင်နေခဲ့ပြီးဖြစ်သည်။ သူသည် ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်ကို နေ့စဉ် ဒုက္ခလိုက်ပေးလေသည်။ ကျွန်ုပ်၏ မိသားစုကိုပင် ကျွန်ုပ်ကို စောင့်ကြည့်ရန် စေခိုင်းခဲ့ကာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခွင့်မပေးခဲ့ပေ သို့မဟုတ် အသင်းတော်၏ တရားဒေသနာများကို နားထောင်ခွင့်မပေးခဲ့ပေ။ အတွင်းတွင် နာကျင်မှုကို ကျွန်ုပ် အမှန်တကယ် ခံစားရသည်။ ဤအရာများကို ကျွန်ုပ် မည်သို့ တွေ့ကြုံသင့်သနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၃:၁၃)

“လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၃:၁၅)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ကောင်းမွန်သည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။ ဘုရားသခင်၏ မျက်မှောက်တွင် မိမိကိုယ်ကိုယ် အထင်ကြီးတတ်ကြသူများသည် လူများထဲမှ အဆိုးရွားဆုံးသောသူများ ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် နှိမ့်ချသောသူတို့မှာ ဂုဏ်ပြုအခံရဆုံးသောသူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်၏ အမှုကို ၎င်းတို့ သိသည်ဟု ထင်သည့်အပြင်၊ ဘုရားသခင်ကို တိုက်ရိုက်ကြည့်ကာပင် ကြီးမားသော ခမ်းနားကြီးကျယ်မှုဖြင့် အခြားသူများထံ ဘုရားသခင်၏အမှုကို ကြွေးကြော်နိုင်စွမ်းရှိသူများ- ဤသူတို့သည် လူများထဲမှ မသိနားမလည်ဆုံးသော သူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံချက်မရှိ၊ မာနထောင်လွှားကြကာ စိတ်ကြီးဝင်ခြင်းဖြင့် ပြည့်လေသည်။ ဘုရားသခင်နှင့်သက်ဆိုင်သော တကယ့် အတွေ့အကြုံနှင့် လက်တွေ့ကျသည့် အသိပညာရှိလင့်ကစား၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ အလွန်နည်းပါးသည်ဟု ယုံကြည်ကြသူများသည် ဘုရားသခင်၏ အချစ်ခင်ရဆုံးသောသူများ ဖြစ်သည်။ ထိုသို့သောလူတို့သာ သက်သေခံချက် အမှန်တကယ်ရှိကြပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်စွမ်း အမှန်တကယ် ရှိကြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤယုံကြည်မှုသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့ကို နောက်ထပ် ငါ မေးမည်- ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ အစောဆုံးကျသည့် ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဝေဖန်ပုတ်ခတ်နိုင်စွမ်း ရှိသည်။ ထို့အပြင်၊ ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို သာ၍ များသော လူတို့က ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။ သင် ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များထံ မြွက်ဆိုသော နှုတ်ကပတ်တော်များအား ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် အလွန် စိတ်ရှုပ်ထွေးပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သင်တို့၏အမှားများကို နားလည်ဖို့ ခေါင်းမာစွာ ငြင်းဆိုပါက၊ ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူ့ဇာတိ ပြန်လည်ခံယူချိန်တွင် သူ၏ အမှုကို သင်တို့ မည်ကဲ့သို့ နားလည်နိုင်ကြမည်နည်း။ ဤအရာကို သင်တို့အား ငါ ပြော၏- သမ္မာတရားကို လက်မခံသော်လည်း၊ ယေရှု ဖြူသောမိုးတိမ်စီးကာ ကြွရောက်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းသည့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဧကန်မုချ ပြစ်မှားစော်ကားမိမည်ဖြစ်ပြီး၊ ၎င်းတို့သည် ဖျက်ဆီးခံရမည့် အမျိုးအစားဖြစ်ပေသည်။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုမျှ အလိုရှိပြီး၊ ကောင်းကင်ဘုံ၏ အတိသုခပြည့်စုံသော နယ်ပယ်ကိုမျှ လိုချင်သော်လည်း၊ ယေရှုပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် မည်သည့်အခါတွင်မျှ မနာခံဖူးသကဲ့သို့၊ သူ ပြန်လည် လူ့ဇာတိခံယူချိန်တွင် ယေရှု ဖော်ပြသည့် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိဖူးခြင်း မရှိပေ။ ယေရှု ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာခြင်း အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့်အရာကို စံပြုကြမည်နည်း။ အပြစ်များကို သင်တို့ ထပ်တလဲလဲ ကျူးလွန်ပြီးနောက် သင်တို့၏ ဝန်ချမှုကို ပြောဆိုသည့် ရိုးသားစစ်မှန်မှုကိုလော။ ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာသည့် ယေရှုကို သင်တို့ မည်သည့်အရာ ဆက်ကပ် ပူဇော်ကြလိမ့်မည်နည်း။ သင်တို့ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သည့် နှစ်ပေါင်းများစွာကြာသော အလုပ်ကိုလော။ ပြန်ကြွလာသည့် ယေရှုက သင်တို့ကို ယုံကြည်စိတ်ချစေရန် မည်သည့်အရာကို သင်တို့ စံပြုကြလိမ့်မည်နည်း။ မည်သည့်သမ္မာတရားကိုမျှ နာခံခြင်းမရှိသည့် သင်တို့၏ မာနထောင်လွှားသော သဘာဝကိုလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ အပြင်ပန်းမှဆိုလျှင် ယင်းတို့သည် အရေးမပါဟု ထင်စရာရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်ဘူးလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊ သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် သင်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးသည့်သူ၊ သင်သည် သမ္မာတရား မပါဝင်သည့်သူ၊ အသက် မပါဝင်သည့်သူ၊ တန်ဖိုးမရှိသူ တစ်ယောက် ဆိုသည်ကို ပြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

အကယ်၍ သင်၏ အယူအဆများနှင့် တစ်ပြေးညီမဟုတ်သော အရာများစွာ သင့်အပေါ် ကျရောက်လာသည့်တိုင် သင်သည် ၎င်းတို့ကို ဘေးဖယ်ထားနိုင်ပြီး ဤအရာများမှ ဘုရားသခင်၏ လုပ်ရပ်များအား သိကျွမ်းခြင်းကို ရရှိနိုင်ပါက၊ ထို့ပြင် သင်သည် စစ်ဆေးခြင်းများအလယ်တွင် ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြသပါက၊ ဤသည်မှာ သက်သေရပ်တည်ခြင်းပင် ဖြစ်သည်။ အကယ်၍ သင်၏ နေအိမ်သည် ငြိမ်းချမ်းနေပြီး၊ သင်သည် ဇာတိပကတိဆိုင်ရာ ဇိမ်ခံစရာများကို မွေ့လျော်ကာ၊ သင့်ကို မည်သူမျှ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဘဲ၊ အသင်းတော်ထဲရှိ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကိုနာခံပါက၊ ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ပြသနိုင်မည်လော။ ဤအခြေအနေက သင့်ကို စစ်ဆေးနိုင်သလော။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းကို ပြသနိုင်သည်မှာ စစ်ဆေးခြင်းအားဖြင့်သာလျှင် ဖြစ်ပြီး သင် စုံလင်စေခြင်းခံရနိုင်သည်မှာ သင်၏အယူအဆများနှင့် မကိုက်ညီသောအမှုအရာများ ဖြစ်ပျက်ခြင်းအားဖြင့်သာလျှင် ဖြစ်သည်။ ဆန့်ကျင်ဘက်ပြုပြီး အပျက်သဘောဆောင်သော အရာများစွာ၏ အကူအညီနှင့်၊ စာတန်၏ အမျိုးမျိုးသော သရုပ်သကန်ဖော်ပြချက်များ တည်းဟူသော ၎င်း၏လုပ်ရပ်များ၊ ၎င်း၏စွပ်စွဲချက်များ၊ ၎င်း၏ အနှောင့်အယှက်များနှင့် လှည့်ဖြားမှုများကို အသုံးချခြင်းအားဖြင့် ဘုရားသခင်သည် သင့်အား စာတန်၏ အကျည်းတန်သော မျက်နှာကို ရှင်းရှင်းလင်းလင်း ပြသကာ၊ ထိုသို့ဖြင့် သင်သည် စာတန်ကို မုန်းတီးပြီး ပစ်ပယ်နိုင်ဖို့အလို့ငှာ သင်၏ စာတန်အား ခွဲခြားသိမြင်နိုင်စွမ်းကို စုံလင်စေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ သို့မဟုတ်ပါက ငါ၏ အမျက်ဒေါသကို သင့်အပေါ်သို့ ငါ ယူဆောင်လာမည် ဖြစ်ပြီး ငါ၏လက်ဖြင့် ပြုမည်...။ ထိုအခါ သင်သည် မဆုံးနိုင်သော စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို ခံရပ်ရလိမ့်မည်။ အားလုံးကို သင် ခံရပ်ရမည်။ ငါ့အတွက် သင်သည် သင်ပိုင်ဆိုင်သမျှ အရာရာတိုင်းကို စွန့်လွှတ်ဖို့နှင့် ငါ့နောက်လိုက်ရန် သင်လုပ်နိုင်သမျှ အရာရာကို လုပ်ဆောင်ဖို့ အဆင်သင့် ရှိရမည် ဖြစ်ကာ၊ သင်၏ အရာအားလုံးကို အသုံးပြုဖို့ အဆင်သင့် ရှိရမည်။ ယခုအချိန်သည် သင့်ကို ငါစစ်ဆေးမည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။ သင်သည် လမ်းဆုံးအထိ သစ္စာရှိစွာ ငါ့နောက် လိုက်နိုင်သလော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို သတိရလော့။ မမေ့လျော့နှင့်။ ဖြစ်သမျှအားလုံးသည် ငါ၏ကောင်းမွန်သော ရည်ရွယ်ချက်အားဖြင့် ဖြစ်ပြီး၊ အရာရာသည် ငါ၏ စောင့်ကြည့်ခြင်းအောက်တွင် ရှိ၏။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ၊ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။

သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့် ရင်ဆိုင် လာရသည့်အခါတွင် သင်သည် ကိုယ်ကျင့်တရားများ ရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ ထိန်းချုပ်ခွင့် မပေးနှင့်။ ငါ၏ရှေ့မှောက်သို့ သင်၏စိတ်နှလုံးထားရှိရာတွင် သင်၏ရှိသမျှလုံ့လစိုက်လော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်ကာ သင့်ထံ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ယူဆောင်လာပေးမည်။ အခြားသူတို့ရှေ့တွင် ပုံစံတစ်မျိုး ဖြစ်ဖို့ မကြိုးပမ်းနှင့်။ ငါ့ကို ကျေနပ်စေခြင်းသည် သာ၍တန်ဖိုးရှိပြီး အလေးသာသည် မဟုတ်လော။ ငါ့ကို ကျေနပ်စေခြင်းဖြင့်၊ သင်သည် ထာဝရတည်ပြီး ရာသက်ပန်ဖြစ်သော ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ဖြင့် သာ၍ပင် ပြည့်လိမ့်မည်မဟုတ်လော။ သင်၏ လတ်တလော ဆင်းရဲဒုက္ခသည် သင်၏ အနာဂတ် ကောင်းချီးမင်္ဂလာများ မည်မျှ ကြီးမားမည်ကိုသာ ဖော်ပြ၏။ ၎င်းတို့သည် ဖော်ပြမရနိုင်အောင် ဖြစ်သည်။ သင် ရရှိမည့် ကောင်းချီးမင်္ဂလာများ၏ ကြီးမားမှုကို သင် မသိပေ။ ယင်းကို သင့်အနေဖြင့် စိတ်ကူးယဉ်၍ပင် ရနိုင်မည်မဟုတ်။ ယနေ့တွင် ထိုအရာသည် အမှန်တကယ်ဖြစ်လာလေပြီ။ အလွန့်အလွန်ကို အမှန်တကယ် ဖြစ်ပေသည်။ ဤသည်မှာ အလှမ်းဝေးလွန်းလှသည် မဟုတ်- သင်မြင်နိုင်သလော။ ဤအရာ၏ ရှိသမျှတိုင်းသည် ငါ၏အတွင်းတွင်ရှိ၏။ ရှေ့ကလမ်းသည် တောက်ပလှပေစွတကား။ သင်၏ မျက်ရည်များကို သုတ်လော့၊ ပြီးလျှင် နာကျင်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်းတို့ကို နောက်ထပ် မခံစားနှင့်။ အရာအားလုံးကို ငါ၏လက်များဖြင့် စီစဉ်ထားပြီး ငါ၏ ရည်မှန်းချက်မှာ သင်တို့ကို မကြာမီ အောင်မြင်သောသူများ ဖြစ်စေကာ ငါနှင့်အတူ ဘုန်းအသရေထဲသို့ သင်တို့ကို ခေါ်ဆောင်ရန်ဖြစ်သည်။ သင်၌ ဖြစ်ပျက်သမျှ အားလုံး အတွက်၊ သင့်အနေဖြင့် လိုက်လျောညီထွေစွာ ကျေးဇူးတင်ကာ ချီးမွမ်းခြင်းဖြင့် ပြည့်သင့်ပေသည်။ ယင်းက ငါ့ကို နက်ရှိုင်းသည့် စိတ်ကျေနပ်မှု ယူဆောင် လာပေးလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)

ဖန်ဆင်းခံများအနေဖြင့်၊ လူတို့သည် မိမိတို့ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းပြီး၊ စစ်ဆေးခြင်း အလယ်တွင် ဘုရားသခင်အတွက် သက်သေရပ်တည်သင့်ပေသည်။ စမ်းသပ်မှုတိုင်းတွင် ၎င်းတို့သည် မိမိတို့ သက်သေခံသင့်သည့်အရာကို ထိန်းသိမ်းသင့်ပြီး၊ ဘုရားသခင်အတွက် ထူးကဲစွာ ထိုသို့ လုပ်ဆောင်သင့်ကြသည်။ ဤအရာကို လုပ်ဆောင်သောလူတစ်ဦးသည် အောင်မြင်သောသူတစ်ဦးဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်မျှ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ယုံကြည်မှုအပြည့်ဖြင့် ရှိနေဆဲဖြစ်ကာ၊ ဘုရားသခင်၌ ယုံကြည်စိတ်ချမှုကို မည်သည့်အခါမျှ ဆုံးရှုံးမသွားပေ။ သင်သည် လူသား လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သည်။ ဤသည်မှာ လူသားကို ဘုရားသခင် တောင်းဆိုသောအရာဖြစ်ပြီး၊ လူသား၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ အပြည့်အဝ ပြန်သွားနိုင်သင့်ကာ၊ ကုန်ဆုံးသွားသည့် အချိန်တိုင်းတွင် သူ့ထံသို့ လှည့်နိုင်သင့်ပေသည်။ ဤသည်မှာ အောင်မြင်သောသူတစ်ဦးဖြစ်သည်။ “အောင်မြင်သောသူများ” အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကိုယ် တွေ့ရချိန်တွင် သက်သေရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ယုံကြည်စိတ်ချမှုနှင့် ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သက်သေရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က “အောင်မြင်သောသူ” တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။ သင့်ကို ဘုရားသခင် ကောင်းချီးပေးသည့်အချိန်တွင် သင်၏ လိုက်စားရှာဖွေမှုသည် ထူးကဲသာလွန်သော်လည်း၊ သင်သည် သူ၏ ကောင်းချီးမင်္ဂလာများမရှိဘဲ နောက်ဆုတ်လိုက်ပါက၊ ဤသည်မှာ သန့်ရှင်းစင်ကြယ်မှုဖြစ်သလော။ ဤလမ်း မှန်ကန်သည်ဟု သင်သေချာသည့်အတွက်၊ အဆုံးထိတိုင် သင် လိုက်လျှောက်ရမည်။ ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို သင် ထိန်းသိမ်းရမည်။ သင့်ကို စုံလင်စေဖို့ ဘုရားသခင် ကိုယ်တော်တိုင် ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်ကို သင် မြင်ရပြီးဖြစ်သည့်အတွက်၊ သင်၏ စိတ်နှလုံးကို သူ့အား လုံးလုံးလျားလျား ပေးအပ်သင့်ပေသည်။ သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ တကယ့်အဆုံးတွင် သင့်အတွက် မလိုလားအပ်သော ရလဒ်ကို သူဆုံးဖြတ်ပေးလျှင်ပင်၊ သင်သည် သူ့နောက်လိုက်နိုင်ဆဲဖြစ်ပါက၊ ဤသည်မှာ ဘုရားသခင်ရှေ့တွင် သင်၏ သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်

အရှေ့သို့- ၁။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ညီအစ်ကို မောင်နှမများ၏ မိတ်သဟာယများနှင့် သက်သေခံချက်များကို နားထောင်ခြင်းမှတစ်ဆင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ပြန်ကြွလာခြင်း ဖြစ်သည်ကို ကျွန်ုပ် သေချာလာပြီးဖြစ်ကာ၊ ယခုတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်ုပ် လက်ခံပါသည်။ သိုသော် လတ်တလောတွင် ကျွန်ုပ်၏ မိသားစု၌ သဘောမကျစရာနှင့် နေမထိထိုင်မထိဖြစ်စရာ အမှုအရာများစွာ ဖြစ်ပေါ်ပြီဖြစ်သည်။ ထိုသို့သော အရာများ အဘယ်ကြောင့် ဖြစ်ပေါ်ဖြစ်ပေါ်ပြီး ယင်းတို့ကို ကျွန်ုပ် မည်သို့ တွေ့ကြုံသင့်ပါသနည်း။

နောက်တစ်ခုသို့- ၃။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဟောပြောသည့် အရာသည် မှန်သော လမ်းခရီးဖြစ်သော်လည်း ကျွန်ုပ်တို့ အသင်းတော်ရှိ လူတို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ဖြန့်သည့် မုသားများနှင့် အတွေးမှားများဖြင့် လှည့်ဖြားခံရကြပြီးဖြစ်သောကြောင့်၊ ၎င်းတို့အားသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ရန်လိုကြပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံပြီးနောက်တွင်၊ ကျွန်ုပ်၏ အသင်းတော်ဟောင်းမှ ညီအစ်ကို မောင်နှမများ၏ ငြင်းပယ်ခြင်းနှင့် သွားပုပ်လေလွင့်ပြောဆိုခြင်းခံရလိမ့်မည်ကို ကျွန်ုပ် စိုးရိမ်မိပါသည်။ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်ပြီး ဤအရာအားလုံးကို ရင်ဆိုင်ရလောက်အောင် ကျွန်ုပ် သတ္တိမရှိပါ- ကျွန်ုပ် မည်သည့်အရာကို လုပ်ဆောင်သင့်ပါသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။