၆။ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူကို တရားစီရင်ကာ သန့်စင်ဖို့ သမ္မာတရားကို ဖော်ပြသည်ဟု သင် ဆိုသည်။ ဘုရားသခင်သည် ဓမ္မဟောင်းနှင့် ဓမ္မသစ်တွင် လူသားမျိုးနွယ်ကို တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ပြောဆိုသည်- ဘုရားသခင်၏ တရားစီရင်ခြင်းသည် လူကို မည့်သည့်အခါတွင်မျှ မစွန့်ခွာဖူးပေ။ ဤနှုတ်ကပတ်တော်များက လူကို တရားစီရင်နိုင်စွမ်းနှင့် သန့်စင်ပေးနိုင်စွမ်းမရှိဟု သင် ဆိုနေခြင်း ဖြစ်ပါသလား။ နောက်ဆုံးသော ကာလ၌ ဘုရားသခင် ဖော်ပြသည့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များနှင့် သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသကဲ့သို့ လူကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြား ခြားနားချက်မှာ အဘယ်နည်း။
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
“တရားစီရင်ခြင်း” ဟူသော နှုတ်ကပတ်တော်နှင့် ပတ်သက်လာသောအခါ ယေဟောဝါသည် နေရာတိုင်းကို မိန့်ခဲ့ပြီး၊ ယေရှုက ဖာရိရှဲတို့ကို ပြစ်တင်ပြောဆိုရာတွင် သုံးနှုန်းခဲ့သော နှုတ်ကပတ်တော်ဖြစ်၏ဟု သင်စဉ်းစားမိမည်။ သူတို့၏ ပြင်းထန်မှုများ အားလုံးရှိလင့်ကစား ထိုနှုတ်ကပတ်တော်များသည် လူသားအတွက် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ချေ၊ မတူသော ပတ်ဝန်းကျင်၊ အခင်းအကျင်းများ အတွင်း၌ ဘုရားသခင် မိန့်ခဲ့သော နှုတ်ကပတ်တော်များဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် နောက်ဆုံးသော ကာလ၌ ခရစ်တော်က လူသားကို တရားစီရင်ရာတွင် သူပြောခဲ့သော နှုတ်ကပတ်တော်များနှင့် မတူပါ။ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစား အားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည် လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်း အကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက် နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇာစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ
ပထမအဆင့်မှာ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို ကိုးကွယ် ရန်အတွက် လူအား လမ်းခင်းပေးသော ယေဟောဝါ၏ အလုပ်ဖြစ်သည်။ ယင်းမှာ အစအဦး အလုပ်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် အလုပ်၏ အရင်းအမြစ်ကို ရှာဖွေရန် ဖြစ်သည်။ ထိုအချိန်တွင် ယေဟောဝါက ဣသရေလ လူမျိုးတို့ကို ဥပုသ်နေ့ကို စောင့်စေသည်၊ သူတို့၏ မိဘများကို နာခံပြီး အခြားသူများ နှင့် ငြိမ်းချမ်းစွာ နေစေရန် သင်ပေးသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က လူတို့သည် လူကို မည်သို့ ဖွဲ့စည်းထားသည် ဆိုသည်ကို လည်းကောင်း ကမ္ဘာမြေကြီးပေါ်တွင် မည်သို့ နေထိုင်ရမည် ဆိုသည်ကိုလည်းကောင်း နားမလည်ခဲ့ကြပါ။ သူ့အနေဖြင့် အလုပ်၏ ပထမဆင့်တွင် လူများကို သူတို့အသက်တာများတွင် ဦးဆောင်ရန် လိုအပ်ခဲ့သည်။ ယေဟောဝါက သူတို့ကို ပြောကြားသည်တို့မှာ လူသားမျိုးနွယ်တို့အတွက် ယခင်က မသိရှိခဲ့သေးသလို သူတို့၏ ပိုင်ဆိုင်မှုတွင်လည်း မရှိခဲ့သေးပေ။ ထိုအချိန်တွင် ဘုရားသခင်သည် ပရောဖက် အများအပြားကို ပရောဖက်ပြုချက်များ ပြောကြားရန် ပေါ်ပေါက်လာစေခဲ့သည်။ ယေဟောဝါ၏ ဦးဆောင်မှုအောက်တွင် အားလုံး ရှိခဲ့ကြသည်။ ယင်းသည် ရိုးရှင်းစွာပင် ဘုရားသခင့်အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ပထမဆင့်တွင် ဘုရားသခင်သည် လူ့ဇာတိမခံယူသောကြောင့် သူသည် လူမျိုးနွယ်စုနှင့် နိုင်ငံအားလုံးကို ပရောဖက်များမှ တစ်ဆင့် စကားပြော ခဲ့သည်။ ထိုအချိန်က ယေရှုသည် သူ၏ အလုပ်ကို လုပ်သောအခါ သူသည် ယနေ့ကာလလောက် စကားမပြော ခဲ့ချေ။ နောက်ဆုံးသော ကာလတွင် နှုတ်ကပတ်တော်၏ ဤအလုပ်သည် ယခင်ခေတ်များနှင့် မျိုးဆက်များတွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဘူးသေးပေ။ ဟေရှာယ၊ ဒံယေလနှင့် ယောဟန်တို့သည် ပရောဖက်ပြုချက်များ အများအပြားကို လုပ်ခဲ့သော်လည်း ယင်းပရောဖက်ပြုချက်များသည် ယခုအခါ ပြောဆိုသော နှုတ်ကပတ်တော်များနှင့် လုံးဝ ခြားနားသည်။ သူတို့ ပြောကြားခဲ့သည် များမှာ ပရောဖက်ပြုချက်များသာ ဖြစ်သော်လည်း ယနေ့ နှုတ်ကပတ်တော်များမှာ ထိုသို့မဟုတ်ပေ။ ငါသည် ငါ၏ ယခု ပြောကြားချက်အားလုံးကို ပရောဖက်ပြုချက်များ အဖြစ် ပြောင်းလဲလိုက်ပါက သင်တို့ နားလည်နိုင်ပါမည်လား။ အကယ်၍ ငါပြောသော အရာသည် ငါမရှိတော့သည့်နောက် ကိစ္စရပ်များဖြစ်လျှင် သင်မည်သို့ နားလည်နိုင်မည်နည်း။ နှုတ်ကပတ်တော်၏ အလုပ်သည် ယေရှုအချိန်နှင့် ပညတ်တော်ကာလတို့တွင် မည်သည့်အခါမျှ မလုပ်ခဲ့ပေ။ အချို့လူများ ကတော့ “ယေဟောဝါက ကိုယ်တော်၏ အလုပ်လုပ်ချိန်တွင် စကားလုံးများကို မပြောဘူးလား၊ အနာရောဂါတို့ကို ပျောက်ကင်းစေခြင်း၊ နတ်များကို နှင်ထုတ်ခြင်းနှင့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာ အမှုများကို လုပ်သည့် အပြင် ယေရှုသည် ထိုအချိန်က နှုတ်ကပတ်တော်များကို မပြောဘူးလား” ဟု ပြောနိုင်ပေသည်။ နှုတ်ကပတ်တော် များကို မည်သို့ ပြောဆိုသည်ဆိုရာတွင် ခြားနားချက်များ ရှိသည်။ ယေဟောဝါ ပြောကြားခဲ့သော နှုတ်ကပတ် တော်များ၏ အချင်းအရာမှာ အဘယ်နည်း။ သူသည် လူသားတို့၏ အသက်တာများကို ကမ္ဘာမြေကြီးပေါ်တွင် ဦးဆောင်ခဲ့ရုံသာ ဖြစ်သည်။ အသက်တာရှိ ဝိညာဉ်ကိစ္စရပ်များ မပါဝင်ခဲ့ပေ။ ယေဟောဝါ၏ နှုတ်ကပတ်တော်များ သည် နေရာအလုံးစုံသို့ ကြွေးကြော်ခဲ့သည်ဟု အဘယ်ကြောင့် ဆိုသနည်း။ “ညွှန်ကြားသည်” ဆိုသည့်စကားလုံးသည် တိကျပြတ်သားစွာနှင့် တိုက်ရိုက်အမိန့်ပေးခြင်းကို ဆိုလိုပါသည်။ သူသည် လူကို အသက်မပေးခဲ့ပေ။ သူသည် လူကို လက်ဖြင့် ယူဆောင်ခဲ့ပြီး သူ့ကို မည်သို့ ရိုသေလေးမြတ်ရမည်ကိုသာ သင်ကြားပေးခဲ့သည်။ ယင်းတွင် ပုံပြင်များ မပါဝင်ခဲ့။ ယေဟောဝါ၏ ဣသရေလတွင် လုပ်ခဲ့သော အလုပ်သည် လူသားကို မည်သို့ကိုင်တွယ်မည် သို့မဟုတ် ပဲ့ပြင်ဆုံးမမည် သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ပေးမည်တို့ မဟုတ်ပေ။ ယင်းမှာ ဦးဆောင်ရန် ဖြစ်သည်။ ယေဟောဝါက မောရှေကို သူ၏ လူမျိုးများကို တောထဲတွင် မန္နမုန့်ကို စုဆောင်းရန် ပြောသည်။ မနက်မိုးမလင်းမီ နံနက်တိုင်းတွင် သူတို့သည် မန္နမုန့်များကို စုကြသည်။ ထိုနေ့ စားသောက်ရန် လောက်ငှရုံသာဖြစ်သည်။ မန္နမုန့်များကို နောက်တစ်ရက်တိုင်အောင် သိမ်းဆည်းထား၍ မရနိုင်ပေ။ ယင်းတို့သည် ပုပ်သိုး ပျက်စီးကုန်ပေမည်။ သူသည် လူကို မသင်ပေးသကဲ့သို့ သူတို့၏ သဘာဝများကိုလည်း ထုတ်ဖော်ခြင်းမရှိပဲ သူသည် သူတို့၏ အယူအဆများနှင့် စဉ်းစားချက်များကို မဖော်ထုတ်ခဲ့ပေ။ သူသည် လူကို ပြုပြင်ခဲ့ခြင်း မဟုတ်ပဲ သူတို့၏ အသက်တာများကို ဦးဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုအချိန်က လူသည် ကလေးကဲ့သို့ ဖြစ်သည်၊ လူသည် ဘာကိုမျှ နားမလည်ဘဲ အခြေခံ ရုပ်ဝတ္ထုဆိုင်ရာ လှုပ်ရှားမှုများကိုသာ လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် လူတို့ကို ဦးဆောင်ရန် ဥပဒေများကိုသာ ပြဌာန်းခဲ့သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ