၁။ သင်က သခင်ယေရှုသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာပြီးဖြစ်ကာ သူသည် အမည်နာမသစ်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် ရှိသည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော်ဝတ္ထု ၄:၁၁-၁၂)ဟု ရှင်းလင်းစွာ ဆိုပါသည်။ သခင်ယေရှု၏ နာမသည် မည်သည့်အခါတွင်မျှ မပြောင်းလဲသကဲ့သို့ သူ၏ ပြန်ကြွလာခြင်းတွင် သူသည် အခြားမည်သည့် အမည်နာမဖြင့်မျှ ခေါ်ဆိုမခံရနိုင်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။” (ဗျာဒိတ်ကျမ်း ၃:၁၂)

“ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။” (ဗျာဒိတ်ကျမ်း ၁:၈)

“တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်၊ သည် စိုးစံတော်မူ၏ ဟုစည်းဝေးသော သူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။” (ဗျာဒိတ်ကျမ်း ၁၉:၆-၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အချို့က ဘုရားသခင်၏ အမည်နာမသည် ပြောင်းလဲခြင်းမရှိဟု ပြော၏။ သို့ဖြစ်လျှင် ယေဟောဝါ၏အမည်သည် အဘယ်သို့ ယေရှုဖြစ်လာခဲ့သနည်း။ မေရှိယ ကြွလာမည်ကို ပရောဖက်ပြုထားခဲ့၏၊ သို့ဖြစ်လျှင် ယေရှုဟူသော အမည်ရှိသည့် လူသားတစ်ဦး အဘယ်ကြောင့် ကြွလာခဲ့သနည်း။ ဘုရားသခင်၏ နာမသည် အဘယ်ကြောင့် ပြောင်းလဲခဲ့သနည်း။ ထိုသို့သော အမှုကို အချိန်ကြာမြင့်စွာက ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်သည် သာ၍သစ်လွင်သောအမှုကို ပြုကောင်း မပြုနိုင်သလော။ ယမန်နေ့၏ အမှုသည် ပြောင်းလဲနိုင်သကဲ့သို့၊ ယေဟောဝါ၏ အမှုမှ ယေရှု၏အမှု လိုက်လာနိုင်ပေသည်။ ထိုသို့ဆိုလျှင် ယေရှု၏အမှုကိုလည်း အခြားအမှုက မဆက်ခံနိုင်သလော။ ယေဟောဝါ၏နာမသည် ယေရှုအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပါက၊ ယေရှု၏နာမသည်လည်း မပြောင်းလဲနိုင်သလော။ ဤအရာမှ မည်သည့်အရာမျှ မထူးဆန်းပေ။ ယင်းမှာ လူတို့သည် ရိုးအလွန်းကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်။ သူ၏အမှု မည်သို့ပြောင်းလဲသည်ဖြစ်စေ၊ ပြီးလျှင် သူ၏ အမည်နာမ မည်သို့ ပြောင်းလဲနိုင်သည်ကို ပဓာနမထားဘဲ၊ သူ၏စိတ်သဘောထားနှင့် ဉာဏ်ပညာတို့သည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည်မဟုတ်။ ဘုရားသခင်ကို ယေရှု၏နာမဖြင့်သာ ခေါ်ဆိုနိုင်သည်ဟု သင်ယုံကြည်ပါက၊ သင်၏ အသိပညာသည် အလွန် နည်းပါးလွန်းလှပေသည်။ ယေရှုသည် ထာဝစဉ် ဘုရားသခင်၏ အမည်နာမ ဖြစ်လိမ့်မည်၊ ဘုရားသခင်သည် ယေရှုဟူသော အမည်ဖြင့်သာ ထာဝရ၊ အစဉ်အမြဲ နေသွားလိမ့်မည်ဖြစ်ပြီး ဤအရာသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ဟု သင် အခိုင်အမာ ဆိုဝံ့သလော။ ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်မှာ ယေရှု၏ အမည်နာမဖြစ်ပြီး နောက်ဆုံးသော ခေတ်ကိုလည်း နိဂုံးချုပ် ပေးလိမ့်မည်ဟု သေချာမှုဖြင့် သင် အခိုင်အမာ ဆိုဝံ့ပါသလော။ ယေရှု၏ ကျေးဇူးတော်သည် ခေတ်ကို အဆုံးသတ်ပေးနိုင်သည်ဟု အဘယ်သူ ဆိုနိုင်သနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း

ကမ္ဘာမြေသို့ ဘုရားသခင် ကြွလာသည့်အကြိမ်တိုင်းတွင် သူ၏ နာမ၊ သူ၏ လိင်၊ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ အမှုတို့ကို ပြောင်းလဲသည်။ သူသည် သူ၏ အမှုကို ထပ်မလုပ်ပေ။ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသော ဘုရားသခင် ဖြစ်သည်။ ယခင်က သူကြွလာခဲ့ချိန်တွင်၊ သူ့ကို ယေရှုဟု ခေါ်ခဲ့သည်။ ဤအကြိမ် သူ တစ်ဖန်ကြွလာသည့်အခါတွင် သူ့ကို ယေရှုဟု ခေါ်နိုင်သေးသလော။ ယခင်က သူကြွလာသောအခါ၊ သူသည် ယောက်ျားဖြစ်သည်။ ဤအကြိမ်တွင်လည်း သူသည် ယောက်ျား တစ်ဖန် ဖြစ်နိုင်ပါသလော။ ကျေးဇူးတော်ခေတ်အတွင်း သူ ကြွလာချိန်တွင် သူ၏ အမှုမှာ လက်ဝါးကားတိုင်တွင် သံမှိုရိုက်နှက်ခံရဖို့ ဖြစ်သည်။ သူ တစ်ဖန်ကြွလာသည့်အခါတွင်၊ လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်ဆဲ ဖြစ်နိုင်သလော။ သူသည် လက်ဝါးကားတိုင်တွင် တစ်ဖန် သံမှိုရိုက်နှက်ခံရနိုင်သလော။ ယင်းသည် သူ၏ အမှုကို ထပ်လုပ်ခြင်း ဖြစ်မည် မဟုတ်လော။ ဘုရားသခင်သည် အစဉ်အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ မအိုဟောင်းသည်ကို သင်မသိသလော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ပြောသူများရှိသည်။ ယင်းမှာ မှန်ပေ၏၊ သို့သော် ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ရည်ညွှန်းပေသည်။ သူ၏ နာမနှင့် အမှုတွင် ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမပြပေ။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ မည်သည့်အခါမှ မပြောင်းလဲလိမ့်မည်မဟုတ်။ အကယ်၍ သင်က ဘုရားသခင်၏ အမှုသည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်မည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်းကိုသာ သင်သိသော်လည်း၊ ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မအိုဟောင်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အမှုသည် မပြောင်းလဲပါက၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်ထိ တစ်လျှောက်လုံး ဦးဆောင်လျှင် ဦးဆောင်နိုင်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ပါက၊ သူ ခေတ်နှစ်ခေတ်၏ အမှုကို လုပ်ဆောင်နှင့်ပြီး ဖြစ်သည်မှာ အဘယ်ကြောင့် ဖြစ်သနည်း။ သူ၏ အမှုသည် ရှေ့ဆက်တိုးတက်ရန် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိ၊ ယင်းမှာ သူ၏ စိတ်သဘောထားကို လူသားထံ တဖြည်းဖြည်း ထုတ်ဖော်ပြပြီး ထုတ်ဖော်ပြသည့်အရာမှာ သူ၏ ပင်ကို စိတ်သဘောထား ဖြစ်သည်ဟု ဆိုရပေမည်။ အစဦးတွင် ဘုရားသခင်၏ စိတ်သဘောထားကို လူသားထံမှ ကွယ်ဝှက်ထားခဲ့သည်၊ သူသည် လူသားထံ သူ၏ စိတ်သဘောထားကို မည်သည့်အခါမျှ ပွင့်လင်းစွာ ထုတ်ဖော်မပြခဲ့သကဲ့သို့၊ လူသည် သူနှင့်သက်ဆိုင်သည့် အသိပညာ တကယ်ကို မရှိခဲ့ပေ။ ဤအရာကြောင့် သူသည် သူ၏ စိတ်သဘောထားကို လူသားကို တဖြည်းဖြည်း ထုတ်ဖော်ပြရန် သူ၏ အမှုကို အသုံးပြုသည်၊ သို့သော် ဤနည်းဖြင့် အမှုပြုခြင်းသည် ဘုရားသခင်၏ စိတ်သဘောထားက ခေတ်တိုင်းတွင် ပြောင်းလဲသည်ဟု မဆိုလိုပေ။ ယင်းမှာ သူ၏ အလိုသည် အမြဲ ပြောင်းလဲနေသောကြောင့်၊ ဘုရားသခင်၏ စိတ်သဘောထားသည် စဉ်ဆက်မပြတ် ပြောင်းလဲနေသည်ဟု မဆိုလိုပေ။ ယင်းထက်၊ သူ၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များ မတူကွဲပြားသောကြောင့်၊ လူသားက သူ့ကို သိနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သူ၏ပင်ကို စိတ်သဘောထားကို အလုံးစုံ ယူဆောင်ပြီး၊ တစ်ဆင့်ပြီးတဆင့် လူသားထံ ဖော်ထုတ်ပြပေသည်။ သို့သော်လည်း ဤသည်မှာ ဘုရားသခင်သည် မူလက မည်သည့် သီးသန့် စိတ်သဘောထားမျှ မရှိ သို့မဟုတ် ကုန်လွန်သည့် ခေတ်များနှင့်အတူ သူ၏ စိတ်သဘောထား တဖြည်းဖြည်း ပြောင်းလဲသည့် သက်သေ လုံးဝ မဟုတ်ပေ- ထိုသို့သော သိနားလည်မှုတစ်ခုသည် မှားယွင်းပေမည်။ ဘုရားသခင်သည် သူ၏ ပင်ကိုဖြစ်ပြီး သီးသန့်ဖြစ်သော စိတ်သဘောထားကို- သူ၏ ဖြစ်ခြင်းကို— ခေတ်များ ကုန်လွန်သွားသည်နှင့်အညီ လူသားထံ ထုတ်ဖော်ပြသသည်။ ခေတ်တစ်ခေတ်၏ အမှုသည် ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို မဖော်ပြနိုင်ပေ။ သို့ဖြစ်ရာ “ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိ။” ဆိုသည့် စကားများမှာ သူ၏ အမှုကို ရည်ညွှန်းပြီး “ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ” ဆိုသည့်‌ စကားများမှာ ဘုရားသခင်၏ ပင်ကိုအားဖြင့် အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းပေသည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် နှစ်ခြောက်ထောင်အမှုကို အချက်တစ်ခုပေါ် မတည်နိုင်ပေ သို့မဟုတ် အသက်မဲ့သော စကားလုံးများဖြင့် ယင်းကို ဘောင်မခတ်နိုင်ပေ။ ယင်းမှာ လူ၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူ စိတ်ကူးသလောက် ရိုးရှင်းခြင်း မရှိသကဲ့သို့၊ သူ၏ အမှုသည် မည်သည့် ခေတ်တစ်ခုတွင်မျှ စွဲကျန်မနေနိုင်ပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမအဖြစ် အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည် ယေရှု နာမအောက်တွင်လည်း သူ၏ အမှုကို လုပ်ဆောင်နိုင်သေး၏။ ဤသည်မှာ ဘုရားသခင်၏ အမှုသည် ရှေ့သို့ ဦးတည်ချက်ဖြင့် အမြဲ တိုးတက်နေသည့် လက္ခဏာတစ်ခု ဖြစ်သည်။

ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်ပြီး၊ မည်သည့်အခါမျှ စာတန် ဖြစ်လာလိမ့်မည်မဟုတ်ပေ။ စာတန်သည် အစဉ်အမြဲ စာတန်ဖြစ်ပြီး မည်သည့်အခါမျှ ဘုရားသခင် ဖြစ်လာလိမ့်မည်မဟုတ်။ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အံ့ဖွယ်ဖြစ်ခြင်း၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းအာနုဘော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သူ၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူ၏ အမှုအတွက်မူ၊ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့်အတွက်၊ ယင်းသည် ရှေ့သို့ ဦးတည်ချက်တစ်ခုဖြင့် အစဉ်အမြဲ တိုးတက်နေသည်၊ အစဉ်အမြဲ ပိုမို နက်ရှိုင်းနေပေသည်။ ခေတ်တိုင်းတွင် ဘုရားသခင်သည် နာမ အသစ်ကို ခံယူသည်၊ ခေတ်တိုင်းတွင် သူသည် အမှုသစ်ကို လုပ်ဆောင်ပြီး၊ ခေတ်တိုင်းတွင် သူသည် သူ၏ ဖန်ဆင်းခြင်းများကို သူ၏ အသစ်သော အလိုနှင့် အသစ်သော စိတ်သဘောထားကို မြင်ခွင့်ပေးလေသည်။ အကယ်၍ ခေတ်သစ်တွင် လူများသည် ဘုရားသခင်၏ စိတ်သဘောထားသစ် ဖော်ပြချက်ကို မမြင်နိုင်ကြပါက၊ ၎င်းတို့သည် သူ့ကို ကားတိုင်တွင် သံမှိုဖြင့် ထာဝရ ရိုက်နှက်မိကြမည် မဟုတ်လော။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အဓိပ္ပာယ် သတ်မှတ်လိုက်မည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ကျေးဇူးတော်ခေတ်သည် ယေရှု၏ နာမဖြင့် စတင်ခဲ့သည်။ ယေရှုသည် သူ၏အမှုတော်ကို စတင် ဆောင်ရွက်သောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏နာမကို စတင်၍ သက်သေခံခဲ့ပြီး၊ ယေဟောဝါ၏ နာမကို ထပ်မံပြောဆိုခြင်း မရှိတော့ပေ။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော်သည် အဓိကအားဖြင့် ယေရှု၏ နာမအောက်တွင် အလုပ်သစ်ကို လက်ခံ ဆောင်ရွက်ခဲ့သည်။ သူ့ကို ယုံကြည်သူများ၏ သက်သေခံချက်သည် ယေရှုခရစ်တော်အတွက် သက်သေခံခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့လုပ်ခဲ့သော အလုပ်သည်လည်း ယေရှုခရစ်တော်အတွက် ဖြစ်သည်။ ဓမ္မဟောင်း ပညတ်တော်ခေတ် အဆုံးသတ်ခြင်း ဆိုသည်မှာ ယေဟောဝါ၏ နာမအောက်တွင် အဓိကအားဖြင့် ဦးစီးဦးရွက်ပြုခဲ့သော အလုပ် အဆုံးသတ်သို့ ရောက်ခဲ့ပြီးဖြစ်သည်ကို ဆိုလိုသည်။ ဤအချိန်မှစ၍ နောင်တွင်၊ ဘုရားသခင်၏ နာမသည် ယေဟောဝါ မဟုတ်တော့ချေ။ ယင်းအစား သူ့ကို ယေရှုဟုခေါ်ပြီး ဤနေရာမှစတင်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမအောက်တွင် အဓိကအားဖြင့် အလုပ်စတင်ခဲ့သည်။ ထို့ကြောင့် ယနေ့တွင် ယေဟောဝါ၏ နှုတ်ကပတ်တော်များကို စားသောက်ကြဆဲဖြစ်ပြီး၊ ပညတ်တော်ခေတ်၏ အမှုအတိုင်း အရာရာကို လုပ်ဆောင်ဆဲဖြစ်သည့်လူများ— သင်တို့သည် စည်းမျဉ်းများကို ကျိုးကြောင်းမမြင်ဘဲ လိုက်နာနေသည် မဟုတ်လော။ သင်သည် အတိတ်တွင် တွယ်ငြိကြသည် မဟုတ်သလော။ သင်တို့သည် ယခုအခါတွင် နောက်ဆုံးသောကာလ ရောက်ရှိပြီးဖြစ်သည်ကို သိကြသည်။ ယေရှုလာသောအခါ သူ့ကို ယေရှုဟု ခေါ်လိမ့်ဦးမည်မှာ ဖြစ်နိုင်သလော။ ယေဟောဝါသည် ဣသရေလလူမျိုးတို့ကို မေရှိယကြွလာလိမ့်မည်ဖြစ်သော်လည်း၊ သူ ကြွလာသည့်အခါ သူ့ကို မေရှိယဟုမခေါ်ဘဲ ယေရှုဟုခေါ်လိမ့်မည်ဟု ပြောခဲ့သည်။ ယေရှုက သူ တစ်ဖန် ကြွလာမည်ဖြစ်ပြီး၊ သူသည် ထွက်ခွာခဲ့သည့်အတိုင်း ရောက်ရှိလာလိမ့်မည်ဟု ပြောခဲ့သည်။ ဤအရာများမှာ ယေရှု၏ နှုတ်ကပတ်တော်များ ဖြစ်ခဲ့သည်၊ သို့သော် သင်သည် ယေရှုထွက်ခွာသွားသည့် လမ်းကို မြင်ခဲ့ပါသလော။ ယေရှုသည် ဖြူသောမိုးတိမ်ကို စီးလျက် ထွက်ခွာခဲ့သော်လည်း၊ သူသည် လူအများကြား ကိုယ်တိုင်ကိုယ်ကျ မိုးတိမ်ဖြူစီးကာ ပြန်လာလိမ့်မည်မှာ ဖြစ်နိုင်သလော။ ထိုသို့ဖြစ်ခဲ့မည်ဆိုပါက သူ့ကို ယေရှုဟုခေါ်ဆဲ ဖြစ်မည် မဟုတ်လော။ ယေရှု တဖန် ကြွလာသောအခါ ခေတ်သည် ပြောင်းနှင့်ပြီး ဖြစ်လိမ့်မည်၊ ထို့ကြောင့် သူ့ကို ယေရှုဟု ခေါ်နိုင်ဦးမည်လော။ ဘုရားသခင်ကို ယေရှုနာမဖြင့်သာ သိ၍ရနိုင်သည်မှာ ဟုတ်ပါသလော။ ခေတ်သစ်တွင် သူသည် နာမသစ်ဖြင့် အခေါ်ခံရနိုင်သည် မဟုတ်လော။ လူပုဂ္ဂိုလ် တစ်ဦး၏ ရုပ်လွှာနှင့် သီးသန့် နာမတစ်ခုသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် ကိုယ်စားပြုနိုင်ပါသလော။ ခေတ်တစ်ခုစီတွင်၊ ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီး နာမသစ်ဖြင့် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် သူသည် တူညီသော အမှုကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ သူသည် မည်သို့ အဟောင်းကို ဖက်တွယ်ထားနိုင်မည်နည်း။ ယေရှုနာမကို ရွေးနုတ်ခြင်းအမှုအတွက် ခံယူထားခြင်းဖြစ်သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူပြန်ကြွလာသောအခါ ထိုနာမဖြင့်ပင် သူ အခေါ်ခံရဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ဦးမည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း၊ မတူညီသော ခေတ်များတွင် မတူညီသော နာမများဖြင့် ခေါ်ဆိုခံရသည်မှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ ၎င်းတို့၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များက မတူညီသောကြောင့် ဖြစ်သည် မဟုတ်လော။ နာမတစ်ခုတည်းက ဘုရားသခင်ကို သူ၏ အလုံးစုံတွင် ကိုယ်စားပြုနိုင်မည်လော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော နာမတစ်ခုဖြင့် ခေါ်ဆိုရမည်ဖြစ်ပြီး၊ သူသည် ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် နာမကို အသုံးပြုရပေမည်။ အကြောင်းမှာ မည်သည့်နာမ တစ်ခုကမျှ ဘုရားသခင်ကိုယ်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့် ဖြစ်ပြီး နာမတစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာ ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းနာမ လုပ်ရန် လိုအပ်သည့်အလုပ်ဟူသမျှအားလုံးမှာ သူ၏အမှုကို ကိုယ်စားပြုရန် ဖြစ်သည်။ သို့ဖြစ်ရာ၊ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် သင့်လျော်သည့် မည်သည့် နာမကိုမဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်အသီးသီးသည် နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ခေတ်တိုင်းတွင် ဘုရားသခင်၏ အမှုသည် အမြဲတူညီပြီး၊ သူ့ကို နာမတစ်ခုအားဖြင့် အမြဲ ခေါ်သည်ဆိုပါစို့၊ လူသည် သူ့ကို မည်သို့ သိရှိမည်နည်း။ ဘုရားသခင်ကို ယေဟောဝါဟု ခေါ်ရမည်ဖြစ်ပြီး၊ ယေဟောဝါဟုခေါ်သော ဘုရားမှလွဲ၍ အခြားနာမဖြင့်ခေါ်ဆိုသော မည်သူမဆိုသည် ဘုရား မဟုတ်ပေ။ သို့မဟုတ်ပါက ဘုရားသခင်သည် ယေရှုသာ ဖြစ်နိုင်ပြီး၊ ယေရှု နာမမှလွဲ၍ သူ့ကို အခြားမည်သည့် နာမနှင့်မျှ ခေါ်၍ရနိုင်မည် မဟုတ်ပေ။ ယေရှုမှလွဲ၍ ယေဟောဝါသည် ဘုရားမဟုတ်သကဲ့သို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည်လည်း ဘုရားမဟုတ်ပေ။ လူက ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်မှာ မှန်သော်လည်း၊ ဘုရားသခင်သည် လူနှင့်အတူရှိသော ဘုရားသခင်ဖြစ်ပြီး၊ ဘုရားသခင်သည် လူနှင့်အတူ ရှိသည့်အတွက် သူ့ကို ယေရှုဟု ခေါ်ရမည်ဟု ယုံကြည်လေသည်။ ဤသို့ ယုံကြည်ခြင်းသည် အယူဝါဒများကို လိုက်လျှောက်ခြင်းဖြစ်ပြီး ဘုရားသခင်ကို နယ်ပယ်တစ်ခုခုသို့ ဘောင်ခတ်ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ခေတ်တိုင်းတွင် ဘုရားသခင်လုပ်ဆောင်သော အမှု၊ သူ့ကို ခေါ်သော နာမနှင့် သူ ခံယူသော အဆင်းသဏ္ဌာန်- ယနေ့အထိ တစ်လျှောက်လုံး အဆင့်တိုင်းတွင် သူလုပ်ဆောင်သောအမှု- ဤအရာများသည် တစ်ခုတည်းသော စည်းမျဉ်းကို မလိုက်နာသကဲ့သို့၊ မည်သည့်ကန့်သတ်ချက်များနှင့်မျှ ကန့်သတ်မခံရပေ။ သူသည် ယေဟောဝါဖြစ်သည်၊ သို့သော် သူသည် ယေရှုလည်း ဖြစ်သည့်အပြင်၊ မေရှိယနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ သူ၏အမှုသည် သူ၏ နာမ၌ လိုက်လျောညီထွေသော အပြောင်းအလဲများ နှင့်အတူ ဖြည်းညင်းသော အသွင်ပြောင်းလဲမှုကို ကြုံရနိုင်သည်။ မည်သည့်နာမ တစ်ခုတည်းကမျှ သူ့ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သော်လည်း၊ သူ့ကိုခေါ်ဆိုသော ဤနာမ အားလုံးသည် သူ့ကိုကိုယ်စားပြုနိုင်ပြီး ခေတ်တိုင်းတွင် သူလုပ်ဆောင်သော အမှုသည် သူ၏စိတ်သဘောထားကို ကိုယ်စားပြုသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

လူသားသည် ငါ့ကို ယေရှုခရစ်တော်ဟု အမြဲခေါ်သော်လည်း၊ နောက်ဆုံးသော ကာလအတွင်းတွင် ခေတ်သစ်တစ်ခုကို ငါအစပြုပြီးဖြစ်သကဲ့သို့၊ အမှုသစ်တစ်ခုကို စတင်ပြီးဖြစ်သည်ကို လူသားက မသိရှိသကဲ့သို့၊ လူသည် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို သဲသဲမဲမဲ ဆက်လက် စောင့်ဆိုင်းမည်ဆိုပါက၊ ဤကဲ့သို့သော လူများကို ငါ့ကို မယုံကြည်သောသူများဟု ငါ ခေါ်မည်။ ၎င်းတို့သည် ငါ့အား မသိကျွမ်းသော လူများဖြစ်ပြီး ငါ၌ ၎င်းတို့၏ ယုံကြည်မှုသည် မှားယွင်းပေသည်။ ထိုသို့သော လူများသည် ကယ်တင်ရှင်ယေရှု ကောင်းကင်မှ ကြွရောက်ခြင်းကို တွေ့မြင်နိုင်ကြမည်လော။‌ ၎င်းတို့ စောင့်ဆိုင်းသည်မှာ ငါ၏ ကြွရောက်ခြင်း မဟုတ်ဘဲ၊ ယုဒရှင်ဘုရင်၏ ကြွရောက်ခြင်းသာ ဖြစ်သည်။ မသန့်စင်သော ဤအိုဟောင်းသည့် ကမ္ဘာလောကကို အမြစ်ဖြတ်ချေမှုန်းရန် ငါ့ကို ၎င်းတို့ မတမ်းတကြဘဲ၊ ယင်းအစား၊ ၎င်းတို့ ရွေးနုတ်ခြင်းခံရမည် ဖြစ်သည့် ယေရှု၏ ဒုတိယကြိမ်မြောက် ပြန်ကြွလာခြင်းအား တမ်းတနေကြပေသည်။ ၎င်းတို့သည် ဤညစ်ညမ်းပြီး မဖြောင့်မတ်သည့် နယ်မြေမှ လူသားမျိုးနွယ်အားလုံးကို ယေရှု နောက်တစ်ကြိမ် ရွေးနုတ်ပေးခြင်းကို မျှော်လင့်စောင့်စားနေကြပေသည်။ ထိုသို့သောလူများသည် နောက်ဆုံးသော ကာလ၌ ငါ၏အမှုကို ပြီးစီးစေသည့်သူများ အဘယ်သို့ ဖြစ်လာနိုင်ကြမည်နည်း။ လူသားသည် ယခင်က ငါ လုပ်ဆောင်ပြီးဖြစ်သည့် အမှုကို လေးစားရုံမျှ လေးစားပြီး၊ သို့မဟုတ် မြတ်နိုးရုံမျှ မြတ်နိုးပြီး၊ ငါသည် အမြဲ သစ်လွင်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို ၎င်းတို့ မသိကြသည့်အတွက်၊ လူသား၏ စိတ်ဆန္ဒများသည် ငါ၏အလိုဆန္ဒများကို ဖြည့်ဆည်းနိုင်စွမ်းမရှိပေ၊ သို့မဟုတ် ငါ၏ အမှုကို ပြီးမြောက်စေနိုင်စွမ်း မရှိပေ။ လူသားက ငါသည် ယေဟောဝါ ဖြစ်ပြီး ယေရှုဖြစ်သည်ကိုသာ သိပြီး၊ ငါသည် လူသားမျိုးနွယ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းမည့် နောက်ဆုံးသော ကာလနှင့် သက်ဆိုင်သူ ဖြစ်သည်ကို အရိပ်အမြွက်မျှ မသိရှိချေ။ လူသားက တမ်းတပြီး သိရှိသည့်အရာအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများမှ လာပြီး ၎င်းတို့ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်နိုင်သည့်အရာမျှသာ ဖြစ်သည်။ ယင်းက ငါလုပ်ဆောင်သော အမှုနှင့် မကိုက်ညီဘဲ၊ ယင်းနှင့် သဟဇာတလည်း မဖြစ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

“ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမသည် ဘုရားသခင်၏ စိတ်သဘောထားကို အလုံးစုံဖြင့် ကိုယ်စားပြုနိုင်မည်လော။ ယင်းသည် ဘုရားသခင်ကို ရှင်းလင်းစွာ ထုတ်ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့်၊ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုနိုင်ပြီး၊ အခြားနာမ မရှိနိုင်ဟု လူကဆိုပါက၊ ဤစကားလုံးများသည် ဧကန်အမှန် ပြစ်မှားစော်ကားခြင်း ဖြစ်ပေသည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှု နာမတစ်ခုတည်းသာ သူ၏အလုံးစုံဖြင့် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမ အများအပြားဖြင့် ခေါ်ဆို၍ ရကောင်းရနိုင်သော်လည်း၊ ဤနာမများအကြားတွင် ဘုရားသခင်၏ အရာအားလုံးကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြပေးနိုင်သော နာမတစ်ခုမျှမရှိ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် နာမ အများအပြား ရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားက ကြွယ်ဝလွန်းသည်မှာ လူသား၏ သူ့ကို သိရှိနိုင်စွမ်းအား တကယ်ကို ကျော်လွန်သည့်အတွက် ဤနာမ အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်းစွာ မဖော်ပြနိုင်ပေ။ လူသားသည် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုလျက်၊ ဘုရားသခင်ကို အပြည့်အဝ အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန် မဖြစ်နိုင်ပေ။ လူသားမျိုးနွယ်ထံတွင် ဘုရားသခင်၏ စိတ်သဘောထား နှင့်ပတ်သက်၍ ၎င်းတို့သိသမျှအားလုံးကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန် အကန့်အသတ်ရှိသော ဝေါဟာရသာ ရှိသည်- ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ အထွတ်အထိပ်ဖြစ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသော စသဖြင့် ဖြစ်သည်။ စကားလုံးများ များလှပေစွ။ ဤအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်တွေ့ပြီး ဖြစ်သော ဘုရားသခင်၏ စိတ်သဘောထား အနည်းငယ်ကို ဖော်ပြနိုင်စွမ်း မရှိချေ။ အချိန်ကြာလာသည်နှင့်အမျှ အခြားသူများစွာက ၎င်းတို့၏ စိတ်နှလုံးများထဲက စိတ်အားထက်သန်မှုကို သာ၍ ကောင်းစွာ ဖော်ပြနိုင်သည်ဟု တွေးထင်ခဲ့ကြသည့် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင် ကြီးမြတ်လွန်းလှပေစွ။ ဘုရားသခင် သန့်ရှင်းလွန်းလှပေစွ။ ဘုရားသခင်သည် အလွန် ချစ်မြတ်နိုးဖွယ်ဖြစ်ပေစွတကား။ ယနေ့တွင် ဤသို့သော လူသား ပြောဆိုမှုများသည် ၎င်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သော်လည်း၊ လူသည် မိမိတို့ကိုယ်ကိုယ် ဖော်ပြနိုင်စွမ်း မရှိသေးပေ။ သို့ဖြစ်ရာ လူအတွက် ဘုရားသခင်သည် နာမ အများအပြား ရှိသော်လည်း၊ ဘုရားသခင်သည် အမည်တစ်ခုမျှ မရှိပေ၊ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဖြစ်တည်မှုသည် အလွန် အလျှံပယ်ဖြစ်ပြီး၊ လူသား၏ ဘာသာစကားသည် ခြွတ်ခြုံကျလွန်းသောကြောင့် ဖြစ်သည်။ သီးခြား စကားတစ်လုံး၊ သို့မဟုတ် နာမတစ်ခုသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် ကိုယ်စားပြုဖို့ စွမ်းရည် မရှိပေ၊ ထို့ကြောင့် သူ၏နာမကို ပုံသေထား၍ ရနိုင်မည်ဟု သင်ထင်ပါသလော။ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး အလွန် သန့်ရှင်းလွန်းသော်လည်း၊ သင်သည် ခေတ်သစ်အသီးသီးတွင် သူ၏နာမကို ပြောင်းလဲရန် ခွင့်မပြုဘဲနေမည်လော။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သော ခေတ်တိုင်းတွင် သူသည် သူလုပ်ဆောင်ရန် ရည်ရွယ်သော အမှုကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန်အလို့ငှာ ထိုခေတ်နှင့် သင့်တော်သော နာမကို အသုံးပြုပေသည်။ ထိုခေတ်ထဲက သူ၏ စိတ်သဘောထားကို ကိုယ်စားပြုရန် သူသည် ယာယီ အရေးပါမှုကို ပိုင်ဆိုင်သော နာမတစ်ခုဖြစ်သည့် သီးသန့် နာမကို အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင်က သူ၏ ကိုယ်ပိုင်စိတ်သဘောထားကို ဖော်ပြရန် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုခြင်းဖြစ်သည်။ သို့သော်ငြားလည်း ဝိညာဉ်ရေးရာ အတွေ့အကြုံများရှိပြီး ဘုရားသခင်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးသော လူများစွာသည် ဤသီးသန့်နာမတစ်ခုသည် ဘုရားသခင်ကို သူ၏အလုံးစုံဖြင့် ကိုယ်စားပြုနိုင်စွမ်းရှိသည်ဟု ခံစားကြရသည်- အလိုလေး၊ ဤသည်မှာ ကူကယ်ရာမဲ့ပါသည်တကား- ထို့ကြောင့် လူသည် ဘုရားသခင်ကို မည်သည့် နာမဖြင့်မျှ ခေါ်ဆိုခြင်းမပြုတော့ဘဲ၊ သူ့ကို “ဘုရားသခင်” ဟုသာ ခေါ်ကြလေသည်။ ယင်းမှာ လူသည် ဘုရားသခင်ကို မည်သို့ရှင်းပြရမည်ကို မသိသည့်အတွက်၊ လူ၏ စိတ်နှလုံးသည် ချစ်ခြင်းမေတ္တာဖြင့် ပြည့်နေသည့်တိုင် ကွဲလွဲခြားနားခြင်းများနှင့်လည်း ဝန်းရံခံနေရသည့်အလား ဖြစ်သည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် အလွန်အလျှံပယ်ဖြစ်သည်မှာ ယင်းကို ဖော်ပြနိုင်သည့်နည်းလမ်း အကယ်ကို မရှိပေ။ ဘုရားသခင်၏ စိတ်သဘောထားကို အကျဉ်းချုပ်နိုင်သည့် တစ်ခုတည်းသော နာမ မရှိသကဲ့သို့၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ပြနိုင်သည့် တစ်ခုတည်းသော နာမ မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်က၊ “အတိအကျအားဖြင့် ကိုယ်တော်သည် မည်သည့်နာမတော်ကို သုံးသနည်း။” ဟု ငါ့ကို မေးပါက၊ “ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။” ဟု ၎င်းတို့ကို ငါပြောမည်။ ယင်းသည် ဘုရားသခင်အတွက် အကောင်းဆုံး နာမ ဖြစ်သည် မဟုတ်လော။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို အကောင်းဆုံး အချုပ်အားဖြင့် ဖော်ပြနိုင်ခြင်း မဟုတ်လော။ ဤသို့ဖြစ်၍ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်၏ နာမကို ရှာဖွေရန် လုံ့လများစွာ စိုက်ထုတ်နေကြသနည်း။ နာမတစ်ခုအတွက်၊ အစာမစား အိပ်လည်းမအိပ်ဘဲ၊ အဘယ်ကြောင့် ဦးနှောက်ခြောက်အောင် စဉ်းစားသင့်သနည်း။ ဘုရားသခင်ကို ယေဟောဝါ၊ ယေရှု၊ သို့မဟုတ် မေရှိယဟု မခေါ်သည့်နေ့ရက်သည် ရောက်လာလိမ့်မည်- သူသည် ဖန်ဆင်းရှင်သက်သက် ဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုသည် အဆုံးသတ်သို့ ရောက်ရှိလာပြီး ဖြစ်ကာ၊ ယင်းနောက်တွင် သူ၏နာမများလည်း ရှိတော့မည် မဟုတ်သည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်တွင် သူရယူခဲ့သည့် နာမများ အားလုံးသည် အဆုံးသတ်သို့ ရောက်ပေလိမ့်မည်။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ အရာခပ်သိမ်း ရောက်လာချိန်တွင်၊ အလွန်သင့်လျော်သော်လည်း မပြည့်စုံသည့် နာမတစ်ခုကို သူသည် အဘယ်သို့ လိုအပ်သေးသနည်း။ သင်သည် ယခု ဘုရားသခင်၏ နာမကို ရှာဖွေနေဆဲလော။ ဘုရားသခင်ကို ယေဟောဝါဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့ဆဲဖြစ်သလော။ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့ဆဲလော။ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း အပြစ်ကို သင်ခံနိုင်သလော။ ဘုရားသခင်သည် မူလအစက နာမ မရှိခဲ့သည်ကို သင်သိသင့်သည်။ သူသည် လုပ်ဆောင်ရမည့် အမှုရှိခဲ့ပြီး လူသားမျိုးနွယ်ကို စီမံခန့်ခွဲရမည်ဖြစ်သောကြောင့်၊ သူသည် နာမ တစ်ခု၊ သို့မဟုတ် နှစ်ခု၊ သို့မဟုတ် နာမများစွာကို ယူခဲ့ရခြင်းသာ ဖြစ်သည်။ သူ့ကို မည်သည့်နာမဖြင့် ခေါ်သည်ဖြစ်စေ- ယင်းကို သူကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ ယင်းကို ဆုံးဖြတ်ပေးရန် သူသည်- သူ၏ဖန်ဆင်းခြင်းထဲမှ တစ်ဦးဖြစ်သည့်- သင့်ကို လိုအပ်သလော။ ဘုရားသခင် အခေါ်ခံရသည့် နာမသည် လူသားမျိုးနွယ်၏ ဘာသာစကားဖြင့် လူက နားလည်နိုင်စွမ်း ရှိသည့်အရာနှင့် ကိုက်ညီသည့် နာမဖြစ်သော်လည်း၊ ဤနာမသည် လူက ခြုံငုံမိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ကောင်းကင်ဘုံတွင် ဘုရားတစ်ပါးရှိသည်၊ သူ့ကို ဘုရားသခင်ဟုခေါ်သည်၊ သူသည် အလွန်အမြော်အမြင်ရှိသည့်၊ အလွန်ချီးမြှောက်ခြင်းခံရသည့်၊ အလွန်အံ့သြဖွယ်ကောင်းသည့်၊ အလွန်နက်နဲပြီး အနန္တတန်ခိုးနှင့် အလွန်ပြည့်စုံသည့် ကြီးမြတ်သော တန်းခိုးရှိသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်ဟုသာ သင်ပြောနိုင်ပြီးနောက်၊ နောက်ထပ်ပို၍ သင်ဘာမျှမပြောနိုင်ပေ။ ဤနည်းနည်းလေးမှာ သင်သိနိုင်သမျှအကုန် ဖြစ်သည်။ ဤသို့ဖြစ်သဖြင့် ယေရှုဟူသည့် နာမမျှက ဘုရားသခင်ကိုယ်တိုင်ကို ကိုယ်စားပြုနိုင်ပါသလော။ နောက်ဆုံးသောကာလ ရောက်ရှိလာချိန်တွင်၊ အမှုပြုသူမှာ ဘုရားသခင် ဖြစ်နေဆဲဖြစ်သော်လည်း၊ ယင်းသည် မတူညီသည့် ခေတ်တစ်ခု ဖြစ်သည့်အတွက်၊ သူ၏နာမ ပြောင်းလဲရပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

နောက်ဆုံးသော ကာလအတွင်းတွင် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို လူသားက တောင့်တဆဲ ဖြစ်ပြီး၊ ယုဒပြည်တွင် ခံယူခဲ့သော ရုပ်သွင်ဖြင့် ကြွလာရန် သူ့ကို မျှော်လင့်ဆဲ ဖြစ်ပါက၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးသည် ရွေးနုတ်ခြင်းခေတ်၌ ရပ်တန့်သွားပြီးဖြစ်မည် ဖြစ်ကာ၊ နောက်ထပ် မည်သို့မျှ တိုးတက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသော ကာလသည် မည်သည့်အခါမျှ ရောက်ရှိမည် မဟုတ်သကဲ့သို့၊ ခေတ်သည် မည်သည့်အခါမျှ အဆုံးသတ်သို့ ရောက်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်ယေရှုသည် လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက်သာ ဖြစ်သောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်ရှိ အပြစ်သားအားလုံး အတွက် ယေရှု၏နာမကို ငါခံယူခဲ့ခြင်း ဖြစ်သော်လည်း၊ ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အဆုံးသတ်တစ်ခုဆီသို့ ငါဆောင်ကြဉ်းမည့် နာမ မဟုတ်ပေ။ ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးသည် ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း၊ ဤအမည်နာမများသည် ငါ၏စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော မတူကွဲပြားသည့် ခေတ်များကိုသာ ရည်ညွှန်းပြီး ငါ၏အလုံးစုံ၌ ငါ့ကို ကိုယ်စားမပြုပေ။ ကမ္ဘာမြေပေါ်ရှိ လူတို့က ငါ့အားခေါ်ဝေါ်သော အမည်နာမများသည် ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ငါ၏ဖြစ်ခြင်းအားလုံးကို ရှင်းလင်းစွာ မပြောဆိုနိုင်ပေ။ ၎င်းတို့သည် မတူကွဲပြားသော ခေတ်များအတွင်း ငါ့အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများမျှသာ ဖြစ်ပေသည်။ ထို့ကြောင့် နောက်ဆုံးခေတ်- နောက်ဆုံးသော ကာလ၏ ခေတ်- ရောက်ရှိသည့်အခါ၊ ငါ၏အမည်နာမသည် တစ်ဖန် ပြောင်းလဲလိမ့်မည်။ ငါ့ကို မေရှိယဟု ခေါ်ဖို့ မဆိုထားနှင့်၊ ယေဟောဝါ၊ သို့မဟုတ် ယေရှုဟုပင် ခေါ်မည်မဟုတ်၊ ငါ့ကို တန်ခိုးကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်ကြမည် ဖြစ်ပြီး၊ ဤအမည်နာမအောက်တွင် ငါသည် ခေတ်ကာလ တစ်ခုလုံးကို အဆုံးသတ်သို့ ဆောင်ကြဉ်းမည် ဖြစ်သည်။ ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

အရှေ့သို့- ၉။ ဣသရေလလူမျိုးများသည် ယေဟောဝါကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ယုံကြည်ကြပြီးဖြစ်ကာ သခင်ယေရှုကို ယုံကြည်သည့် လူများကို ကမ္ဘာအနှံ့ ရှာတွေ့နိုင်သည်။ ယောဟောဝါ၊ သခင်ယေရှုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်သည့်အတွက်၊ လူတို့က ယေဟောဝါကို ယုံကြည်သည်ဖြစ်စေ သခင်ယေရှုကို ယုံကြည်သည်ဖြစ်စေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းကို ၎င်းတို့ လက်မခံပါက၊ ၎င်းတို့ သုတ်သင်ပယ်ရှင်းခံရလိမ့်မည်ဟု သင်သည် အဘယ်ကြောင့် ပြောဆိုသနည်း။

နောက်တစ်ခုသို့- ၂။ သင်က နောက်ဆုံးသော ကာလ၏ ပြန်ကြွလာသည့် ဘုရားသခင်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ဟု ခေါ်သည်ဟူ၍ သင် သက်သေခံသည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်” ဟူသော အမည်နာမသည် ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းကို ရည်ညွှန်းပြီး ဘုရားသခင်အတွက် အမည်နာမသစ်တစ်ခု မဟုတ်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်” သည် ဘုရားသခင်၏ အမည်နာမသစ်ဖြစ်သည်ဟု သင် အဘယ်ကြောင့် ပြောရသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။