၂။ သင်က နောက်ဆုံးသော ကာလ၏ ပြန်ကြွလာသည့် ဘုရားသခင်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ဟု ခေါ်သည်ဟူ၍ သင် သက်သေခံသည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်” ဟူသော အမည်နာမသည် ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းကို ရည်ညွှန်းပြီး ဘုရားသခင်အတွက် အမည်နာမသစ်တစ်ခု မဟုတ်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်” သည် ဘုရားသခင်၏ အမည်နာမသစ်ဖြစ်သည်ဟု သင် အဘယ်ကြောင့် ပြောရသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။” (ဗျာဒိတ်ကျမ်း ၃:၁၂)

“ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။” (ဗျာဒိတ်ကျမ်း ၁:၈)

“ထိုသူတို့သည် ဘုရားသခင်၏ ကျွန်မောရှေ၏ သီချင်းနှင့်သိုးသငယ်၏သီချင်းကိုသီ၍၊ အနန္တတန်ခိုး နှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩ ဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။” (ဗျာဒိတ်ကျမ်း ၁၅:၃-၄)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ချီးမွမ်းခြင်းသည် ဇိအုန်သို့ရောက်လာပြီဖြစ်ကာ ဘုရားသခင်၏ ကျိန်းဝပ်တော်မူရာအရပ်သည် ပေါ်ထွန်းလာပြီးဖြစ်သည်။ လူမျိုးခပ်သိမ်း၏ ချီးမွမ်းခြင်းခံရသော ဘုန်းကြီးသည့် သန့်ရှင်းသောနာမသည် ပျံ့နှံ့လျက်ရှိသည်။ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ စကြဝဠာ၏ဦးသျှောင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်- သူသည် ဘုန်းတန်ခိုးအာနုဘော်နှင့် ကြီးကျယ်ခမ်းနားခြင်းတို့ဖြင့် စကြဝဠာတစ်ခုလုံးအပေါ်လွှမ်းမိုးသည့် ဇိအုန်တောင်အထက်တွင် ပေါ်ထွက်နေသော တောက်ပနေသည့်နေမင်းဖြစ်၏...

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့သည် ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် ကိုယ်တော်အား ဟစ်အော်ခေါ်ကြပါ၏၊ ကျွန်ုပ်တို့သည် ကခုန်လျက် သီချင်းဆိုကြပါ၏။ ကိုယ်တော်သည် အမှန်တကယ် ကျွန်ုပ်တို့၏ ရွေးနုတ်ရှင်၊ စကြဝဠာ၏ ကြီးမြတ်သော ဘုရင်ဖြစ်၏။ ကိုယ်တော်သည် အောင်မြင်သောသူတစ်စုကို ပြုလုပ်ပြီးဖြစ်ကာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေလေပြီ။ လူမျိုးခပ်သိမ်းသည် ဤတောင်သို့ စုဝေးကြလိမ့်မည်။ လူမျိုးခပ်သိမ်းသည် ပလ္လင်တော်ရှေ့တွင် ဒူးထောက်ကြလိမ့်မည်။ ကိုယ်တော်သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ဖြစ်တော်မူပြီး ဘုန်းအသရေနှင့် ဂုဏ်ပြုခြင်းတို့ ထိုက်တန်ပါ၏။ ဘုန်းအသရေ၊ ချီးမွမ်းခြင်းနှင့် ဩဇာအာဏာအားလုံးတို့သည် ပလ္လင်တော်၌ ရှိစေသတည်း။ အသက်စမ်းရေသည် မြောက်မြားစွာသော ဘုရားသခင်၏လူတို့ကို ရေလောင်းကာ ကျွေးမွေးလျက် ပလ္လင်တော်မှ စီးထွက်သည်။ အသက်သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲ၏။ အသစ်သောအလင်းနှင့် ဗျာဒိတ်တော်များသည် ဘုရားသခင်အကြောင်း အသစ်သော ထိုးထွင်းသိမြင်မှုများကို စဉ်ဆက်မပြတ် ပေးလျက်၊ ကျွန်ုပ်တို့နောက်ကို လိုက်ကြ၏။ အတွေ့အကြုံများအလယ်တွင်၊ ဘုရားသခင်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ လုံးဝ သေချာသွားကြသည်။ ကိုယ်တော်၏နှုတ်ကပတ်တော်များသည် စဉ်ဆက်မပြတ် ထင်ရှားလာကြ၏၊ မှန်ကန်သောသူများအတွင်းတွင် ထင်ရှားလာကြ၏။ ကျွန်ုပ်တို့သည် ဧကန်အမှန် ကောင်းချီးအလွန်ခံစားကြရပါ၏။ ဘုရားသခင်နှင့် နေ့စဉ် မျက်နှာချင်းဆိုင် တွေ့၍ အရာရာ၌ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ ဘုရားသခင်အား အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာပေးလျက်ရှိကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သေချာစွာ စဉ်းစားချင့်ချိန်၍ ကျွန်ုပ်တို့၏နှလုံးသားများသည် ဘုရားသခင်၌ ငြိမ်သက်လျက်ရှိပြီး၊ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အလင်းကို လက်ခံရရှိသည့် နေရာဖြစ်သော ကိုယ်တော်၏ရှေ့မှောက်သို့ လာကြ၏။ နေ့စဉ် ကျွန်ုပ်တို့၏ အသက်တာများ၊ လုပ်ဆောင်မှုများ၊ စကားများ၊ အတွေးများနှင့် စိတ်ကူးများ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် ကျွန်ုပ်တို့ အသက်ရှင်ကြပြီး အစဉ်အမြဲ ခွဲခြားစိတ်ဖြာနိုင်ကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တိကျသေချာစွာ လမ်းပြ၏၊ ကျွန်ုပ်တို့အတွင်း ကွယ်ဝှက်ထားသောအရာများသည် တစ်ခုပြီးတစ်ခု မမျှော်လင့်ဘဲ ပေါ်လာကြ၏။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းသည် နှောင့်နှေးခြင်းကို သည်းခံသည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ အတွေးများနှင့် စိတ်ကူးများသည် ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို ခံရသည်။ အခိုက်အတန့်တိုင်းတွင် ကျွန်ုပ်တို့သည် တရားစီရင်ခြင်းကို ကျွန်ုပ်တို့ ကြုံရသည့်နေရာဖြစ်သော ခရစ်တော်၏ပလ္လင်တော်ရှေ့၌ အသက်ရှင်နေထိုင်လျက်ရှိကြ၏။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာများအတွင်းရှိ ‌နေရာတိုင်းသည် စာတန်၏ ဆက်လက်သိမ်းပိုက်ထားခြင်းကို ခံနေရသည်။ ယနေ့တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ပြန်လည် ရရှိရန်အလို့ငှာ၊ သူ၏ဗိမာန်တော်သည် သန့်ရှင်းရပေမည်။ ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို အပြည့်အဝခံရဖို့ရန် ကျွန်ုပ်တို့သည် သေရေးရှင်ရေး ရုန်းကန်မှုတစ်ရပ်တွင် ပါဝင်ရမည်။ ကျွန်ုပ်တို့၏ လူဟောင်းများကို ကားစင်တင်ပြီးဖြစ်သည့်အခါမှသာ ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်သည် အထွတ်အထိပ် စိုးစံနိုင်ပေသည်။

ယခုတွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ဆယ်တင်ခြင်းအတွက် တိုက်ပွဲဝင်ရန် ကျွန်ုပ်တို့၏ နေရာအနှံ့တွင် ရုတ်တရက် တစ်ဟုန်ထိုးတိုက်ပွဲတစ်ရပ် စတင်၏။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုယ် ငြင်းပယ်ရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုလားလျက်ရှိရန် အဆင်သင့်ရှိသရွေ့၊ ကျွန်ုပ်တို့သည် ဘုရားသခင်အားဖြင့် တတ်နိုင်သမျှအမြန်ဆုံး စုံလင်သွားနိုင်စေရန်အလို့ငှာ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အတွင်းမှ အချိန်တိုင်း အလင်းပေးကာ သန့်စင်စေမည်ဖြစ်ပြီး၊ စာတန်သိမ်းပိုက်ထားခဲ့သည့်အရာကို အသစ်ပြန်လည် သိမ်းယူလိမ့်မည်မှာ သေချာ၏။ အချိန်မဖြုန်းနှင့်- ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် အချိန်တိုင်း အသက်ရှင်လော့။ သန့်ရှင်းသူတို့ နှင့်အတူ တည်ဆောက်ခြင်းခံကြလော့၊ နိုင်ငံတော်အတွင်း ခေါ်ဆောင်ခြင်းခံကြလော့၊ ပြီးလျှင်ဘုရားသခင်နှင့်အတူ ဘုန်းတော်ဝင်စားကြလော့။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁)

နိုင်ငံတော်၏ ရှင်ဘုရင်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သက်သေထူခံရပြီး ဖြစ်သည့်အချိန်ကတည်းက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အတိုင်းအတာကို စကြဝဠာတစ်ခုလုံး အနှံ့အပြားတွင် လုံးလုံးလျားလျား ဖွင့်ဟပြီးဖြစ်သည်။ ဘုရားသခင် ပေါ်ထွန်းခြင်းကို တရုတ်နိုင်ငံတွင် သက်သေခံပြီးသည်သာမက၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကိုလည်း တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံးတွင် သက်သေခံပြီး ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်နှင့် ဖြစ်နိုင်သမျှ မည်သည့်နည်းလမ်းမဆိုဖြင့် မိတ်သဟာယဖွဲ့ဖို့ ကြိုးစားရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်ပြီး အသင်းတော်၌ ပူးပေါင်းအစေခံရင်း၊ ဤသန့်ရှင်းသော နာမတော်ကို ဟစ်ခေါ်ကြ၏။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် အံ့သြဖွယ်နည်းလမ်း ဖြစ်ပေသည်။

တိုင်းနိုင်ငံအမျိုးမျိုးတို့၏ ဘာသာစကားများသည် တစ်ခုနှင့်တစ်ခု ကွဲပြားကြသော်လည်း၊ ဝိညာဉ်တော်သည် တစ်ပါးတည်းသာရှိသည်။ ဤဝိညာဉ်တော်သည် စကြဝဠာတစ်လျှောက် အသင်းတော်တို့ကို ပေါင်းစည်းပေးပြီး ကွာခြားချက် စိုးစဉ်းမျှ မရှိဘဲ ဘုရားသခင်နှင့် လုံးဝ တစ်လုံးတစ်ဝတည်း ဖြစ်ပေသည်။ ဤသည်မှာ ယုံမှားဖွယ် မရှိသောအရာ ဖြစ်သည်။ ယခုတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို ခေါ်ပြီး၊ သူ၏အသံသည် ၎င်းတို့ကို နိုးထစေသည်။ ယင်းမှာ ဘုရားသခင်၏ ကရုဏာတော် အသံ ဖြစ်ပေသည်။ ၎င်းတို့အားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ သန့်ရှင်းသော နာမကို ဟစ်ခေါ်နေကြ၏။ ၎င်းတို့သည် ချီးမွမ်းကာလည်း သီချင်း သီဆိုကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ထဲတွင် ဘယ်သောအခါမျှ မည်သည့်သွေဖည်ခြင်းမျှ မရှိနိုင်ပေ။ ဤလူများသည် မှန်ကန်သော လမ်းကြောင်းတစ်လျှောက် ရှေ့တိုးချီတက်ရန် အလွန့်အလွန် ကြိုးစားပမ်းစား လုပ်ကြသည်၊ ၎င်းတို့ နောက်မဆုတ်ကြ- အံသြဖွယ်ရာများသည် ထပ်ဆင့် ပုံလျက်ရှိသည်။ ဤသည်မှာ လူတို့ စိတ်ကူးဖို့ခက်ပြီး မှန်းဆဖို့ မဖြစ်နိုင်ဟု တွေ့ရသည့် အရာတစ်ခု ဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် စကြဝဠာတွင် အသက်၏ အရှင်သခင် ဖြစ်၏။ သူသည် ဘုန်းကြီးသော ပလ္လင်ထက်တွင် ထိုင်ပြီး၊ လောကကို တရားစီရင်၏၊ အရာခပ်သိမ်းကို ကြီးစိုးကာ၊ တိုင်းနိုင်ငံ အားလုံးကို အုပ်စိုးလေသည်။ လူမျိုးအားလုံးသည် သူ့ထံ ဒူးထောက်ကြသည်၊ သူ့အားဆုတောင်းကာ၊ သူ့ထံ ချဉ်းကပ်ကြပြီး သူနှင့် မိတ်သဟာယဖွဲ့ကြ၏။ ဘုရားသခင်ကို သင် မည်မျှကြာ ယုံကြည်ပြီး ဖြစ်သည်၊ သင်၏ အဆင့်အတန်း မည်မျှမြင့်မားသည် သို့မဟုတ် သင်၏ ဝါရင့်မှု မည်မျှကြီးမားသည်ကို ပဓာနမထားဘဲ၊ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သင်ဆန့်ကျင်ပါက၊ သင်သည် တရားစီရင်ခံရမည်ဖြစ်ပြီး နာကျင်ဖွယ် အသနားခံခြင်းအသံကို မြည်တမ်းလျက် သူ၏ ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် ပျပ်ဝပ်ရမည် ဖြစ်သည်။ ဤသည်မှာ သင်၏ ကိုယ်ပိုင် လုပ်ရပ်များ၏ အသီးအပွင့်တို့ကို ဧကန်အမှန် ရိတ်သိမ်းခြင်း ဖြစ်သည်။ ဤမြည်တမ်းသောအသံသည် ကန့်နှင့်ရောနှောသော မီးအိုင်ထဲတွင် ညှဉ်းဆဲခံနေရခြင်း အသံဖြစ်ပြီး၊ ဘုရားသခင်၏ သံလှံတံဖြင့် ဆုံးမခံရရာမှ ငိုညည်းသံဖြစ်သည်။ ဤသည်မှာ ခရစ်တော်၏ ပလ္လင်တော်ရှေ့ တရားစီရင်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၈)

ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

“ယေဟောဝါ” ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုသည့် အတောအတွင်း ငါခံယူခဲ့သောနာမ ဖြစ်ပြီး ယင်းမှာ လူသားအပေါ် သနားညှာတာနိုင်သူ၊ လူသားကို ကျိန်ဆဲနိုင်ပြီး၊ လူသား၏ဘဝကို လမ်းပြပေးနိုင်သည့် ဣသရေလလူမျိုးများ (ဘုရားသခင် ရွေးချယ်ထားသောလူမျိုး)၏ ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်သော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင် ဖြစ်သည်။ “ယေရှု” သည် ဧမာနွေလဖြစ်ပြီး၊ ယင်းက ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသည့်၊ သနားခြင်းကရုဏာဖြင့် ပြည့်ဝသကဲ့သို့ လူသားကို ရွေးနုတ်သည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို လုပ်ဆောင်ခဲ့ကာ၊ ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး၊ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော အမှု၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။ ယင်းမှာ ယေဟောဝါသည်သာ ရွေးကောက်ခံ ဣသရေလလူမျိုးတို့၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ ဘုရားသခင်၊ မောရှေ၏ ဘုရားသခင်၊ ဣသရေလအမျိုးတို့၏ ဘုရားသခင် ဖြစ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လတ်တလော ခေတ်တွင် ယုဒလူမျိုးများမှလွဲ၍ ဣသရေလအမျိုးသား အားလုံးတို့သည် ယေဟောဝါကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ယဇ်ပလ္လင်ပေါ်တွင် ယေဟောဝါထံ ယဇ်ပူဇော်ခြင်းများ ပြုကြပြီး၊ ဗိမာန်တော်ထဲတွင် ယဇ်ပုရောဟိတ် ဝတ်ရုံများကို ဝတ်ဆင်လျက် ယေဟောဝါအား အစေခံကြသည်။ ၎င်းတို့ မျှော်လင့်သော အရာမှာ ယေဟောဝါ၏ ပြန်လည် ပေါ်ထွန်းခြင်း ဖြစ်သည်။ ယေရှုသည်သာ လူသားမျိုးနွယ်တို့၏ ရွေးနုတ်ရှင် ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို အပြစ်မှရွေးနုတ်ခဲ့သည့် အပြစ်ဖြေရာယဇ် ဖြစ်သည်။ ယင်းမှာ ယေရှု၏ အမည်နာမသည် ကျေးဇူးတော်ခေတ်မှလာပြီး ကျေးဇူးတော်ခေတ်၌ ပြုခဲ့သော ရွေးနုတ်ခြင်း အမှုကြောင့် ဖြစ်တည်လာခဲ့သည်ဟု ဆိုရပေမည်။ ကျေးဇူးတော်ခေတ်၏ လူများကို ပြန်လည် မွေးဖွားစေပြီး ကယ်တင်ခံရခွင့်ပေးရန် ယေရှု၏ အမည်နာမ ဖြစ်တည်လာခဲ့ကာ လူသားမျိုးနွယ် တစ်ရပ်လုံး၏ ရွေးနုတ်ခြင်းအတွက် သီးသန့် နာမတစ်ခုဖြစ်သည်။ ထို့ကြောင့် ယေရှု၏အမည်နာမသည် ရွေးနုတ်ခြင်းကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်ကို ရည်ညွှန်းပေသည်။ ယေဟောဝါဟူသော အမည်နာမသည် ပညတ်တရားအောက်တွင် အသက်ရှင်ခဲ့ကြသည့် ဣသရေလ လူမျိုးတို့အတွက် သီးသန့် အမည်နာမ ဖြစ်သည်။ ခေတ်အသီးသီးနှင့် အမှု၏ အဆင့်အသီးသီးတွင်၊ ငါ၏နာမသည် အခြေအမြစ်ကင်းမဲ့ခြင်း မရှိဘဲ၊ အရေးပါမှုကို ကိုယ်စားပြု ထိန်းသိမ်းပေသည်- အမည်နာမ အသီးသီးက ခေတ်တစ်ခုကို ကိုယ်စားပြုသည်။ “ယေဟောဝါ” သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုပြီး၊ ဣသရေလလူမျိုးများက ၎င်းတို့ ကိုးကွယ်သော ဘုရားသခင်ကို ခေါ်သည့် ချီးမြှောက်သော အမည်နာမ ဖြစ်သည်။ “ယေရှု” သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ် အတွင်း ရွေးနုတ်ခံခဲ့ရသူ အားလုံး၏ ဘုရားသခင်၏နာမ ဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်းတွင် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို လူသားက တောင့်တဆဲ ဖြစ်ပြီး၊ ယုဒပြည်တွင် ခံယူခဲ့သော ရုပ်သွင်ဖြင့် ကြွလာရန် သူ့ကို မျှော်လင့်ဆဲ ဖြစ်ပါက၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးသည် ရွေးနုတ်ခြင်းခေတ်၌ ရပ်တန့်သွားပြီးဖြစ်မည် ဖြစ်ကာ၊ နောက်ထပ် မည်သို့မျှ တိုးတက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသော ကာလသည် မည်သည့်အခါမျှ ရောက်ရှိမည် မဟုတ်သကဲ့သို့၊ ခေတ်သည် မည်သည့်အခါမျှ အဆုံးသတ်သို့ ရောက်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်ယေရှုသည် လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက်သာ ဖြစ်သောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်ရှိ အပြစ်သားအားလုံး အတွက် ယေရှု၏နာမကို ငါခံယူခဲ့ခြင်း ဖြစ်သော်လည်း၊ ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အဆုံးသတ်တစ်ခုဆီသို့ ငါဆောင်ကြဉ်းမည့် နာမ မဟုတ်ပေ။ ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးသည် ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း၊ ဤအမည်နာမများသည် ငါ၏စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော မတူကွဲပြားသည့် ခေတ်များကိုသာ ရည်ညွှန်းပြီး ငါ၏အလုံးစုံ၌ ငါ့ကို ကိုယ်စားမပြုပေ။ ကမ္ဘာမြေပေါ်ရှိ လူတို့က ငါ့အားခေါ်ဝေါ်သော အမည်နာမများသည် ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ငါ၏ဖြစ်ခြင်းအားလုံးကို ရှင်းလင်းစွာ မပြောဆိုနိုင်ပေ။ ၎င်းတို့သည် မတူကွဲပြားသော ခေတ်များအတွင်း ငါ့အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများမျှသာ ဖြစ်ပေသည်။ ထို့ကြောင့် နောက်ဆုံးခေတ်- နောက်ဆုံးသော ကာလ၏ ခေတ်- ရောက်ရှိသည့်အခါ၊ ငါ၏အမည်နာမသည် တစ်ဖန် ပြောင်းလဲလိမ့်မည်။ ငါ့ကို မေရှိယဟု ခေါ်ဖို့ မဆိုထားနှင့်၊ ယေဟောဝါ၊ သို့မဟုတ် ယေရှုဟုပင် ခေါ်မည်မဟုတ်၊ ငါ့ကို တန်ခိုးကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်ကြမည် ဖြစ်ပြီး၊ ဤအမည်နာမအောက်တွင် ငါသည် ခေတ်ကာလ တစ်ခုလုံးကို အဆုံးသတ်သို့ ဆောင်ကြဉ်းမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

ဘုရားသခင်ကို နာမ အများအပြားဖြင့် ခေါ်ဆို၍ ရကောင်းရနိုင်သော်လည်း၊ ဤနာမများအကြားတွင် ဘုရားသခင်၏ အရာအားလုံးကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြပေးနိုင်သော နာမတစ်ခုမျှမရှိ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် နာမ အများအပြား ရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားက ကြွယ်ဝလွန်းသည်မှာ လူသား၏ သူ့ကို သိရှိနိုင်စွမ်းအား တကယ်ကို ကျော်လွန်သည့်အတွက် ဤနာမ အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်းစွာ မဖော်ပြနိုင်ပေ။ လူသားသည် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုလျက်၊ ဘုရားသခင်ကို အပြည့်အဝ အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန် မဖြစ်နိုင်ပေ။ လူသားမျိုးနွယ်ထံတွင် ဘုရားသခင်၏ စိတ်သဘောထား နှင့်ပတ်သက်၍ ၎င်းတို့သိသမျှအားလုံးကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန် အကန့်အသတ်ရှိသော ဝေါဟာရသာ ရှိသည်- ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ အထွတ်အထိပ်ဖြစ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသော စသဖြင့် ဖြစ်သည်။ စကားလုံးများ များလှပေစွ။ ဤအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်တွေ့ပြီး ဖြစ်သော ဘုရားသခင်၏ စိတ်သဘောထား အနည်းငယ်ကို ဖော်ပြနိုင်စွမ်း မရှိချေ။ အချိန်ကြာလာသည်နှင့်အမျှ အခြားသူများစွာက ၎င်းတို့၏ စိတ်နှလုံးများထဲက စိတ်အားထက်သန်မှုကို သာ၍ ကောင်းစွာ ဖော်ပြနိုင်သည်ဟု တွေးထင်ခဲ့ကြသည့် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင် ကြီးမြတ်လွန်းလှပေစွ။ ဘုရားသခင် သန့်ရှင်းလွန်းလှပေစွ။ ဘုရားသခင်သည် အလွန် ချစ်မြတ်နိုးဖွယ်ဖြစ်ပေစွတကား။ ယနေ့တွင် ဤသို့သော လူသား ပြောဆိုမှုများသည် ၎င်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သော်လည်း၊ လူသည် မိမိတို့ကိုယ်ကိုယ် ဖော်ပြနိုင်စွမ်း မရှိသေးပေ။ သို့ဖြစ်ရာ လူအတွက် ဘုရားသခင်သည် နာမ အများအပြား ရှိသော်လည်း၊ ဘုရားသခင်သည် အမည်တစ်ခုမျှ မရှိပေ၊ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဖြစ်တည်မှုသည် အလွန် အလျှံပယ်ဖြစ်ပြီး၊ လူသား၏ ဘာသာစကားသည် ခြွတ်ခြုံကျလွန်းသောကြောင့် ဖြစ်သည်။ သီးခြား စကားတစ်လုံး၊ သို့မဟုတ် နာမတစ်ခုသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် ကိုယ်စားပြုဖို့ စွမ်းရည် မရှိပေ၊ ထို့ကြောင့် သူ၏နာမကို ပုံသေထား၍ ရနိုင်မည်ဟု သင်ထင်ပါသလော။ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး အလွန် သန့်ရှင်းလွန်းသော်လည်း၊ သင်သည် ခေတ်သစ်အသီးသီးတွင် သူ၏နာမကို ပြောင်းလဲရန် ခွင့်မပြုဘဲနေမည်လော။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သော ခေတ်တိုင်းတွင် သူသည် သူလုပ်ဆောင်ရန် ရည်ရွယ်သော အမှုကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန်အလို့ငှာ ထိုခေတ်နှင့် သင့်တော်သော နာမကို အသုံးပြုပေသည်။ ထိုခေတ်ထဲက သူ၏ စိတ်သဘောထားကို ကိုယ်စားပြုရန် သူသည် ယာယီ အရေးပါမှုကို ပိုင်ဆိုင်သော နာမတစ်ခုဖြစ်သည့် သီးသန့် နာမကို အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင်က သူ၏ ကိုယ်ပိုင်စိတ်သဘောထားကို ဖော်ပြရန် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုခြင်းဖြစ်သည်။ သို့သော်ငြားလည်း ဝိညာဉ်ရေးရာ အတွေ့အကြုံများရှိပြီး ဘုရားသခင်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးသော လူများစွာသည် ဤသီးသန့်နာမတစ်ခုသည် ဘုရားသခင်ကို သူ၏အလုံးစုံဖြင့် ကိုယ်စားပြုနိုင်စွမ်းရှိသည်ဟု ခံစားကြရသည်- အလိုလေး၊ ဤသည်မှာ ကူကယ်ရာမဲ့ပါသည်တကား- ထို့ကြောင့် လူသည် ဘုရားသခင်ကို မည်သည့် နာမဖြင့်မျှ ခေါ်ဆိုခြင်းမပြုတော့ဘဲ၊ သူ့ကို “ဘုရားသခင်” ဟုသာ ခေါ်ကြလေသည်။ ယင်းမှာ လူသည် ဘုရားသခင်ကို မည်သို့ရှင်းပြရမည်ကို မသိသည့်အတွက်၊ လူ၏ စိတ်နှလုံးသည် ချစ်ခြင်းမေတ္တာဖြင့် ပြည့်နေသည့်တိုင် ကွဲလွဲခြားနားခြင်းများနှင့်လည်း ဝန်းရံခံနေရသည့်အလား ဖြစ်သည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် အလွန်အလျှံပယ်ဖြစ်သည်မှာ ယင်းကို ဖော်ပြနိုင်သည့်နည်းလမ်း အကယ်ကို မရှိပေ။ ဘုရားသခင်၏ စိတ်သဘောထားကို အကျဉ်းချုပ်နိုင်သည့် တစ်ခုတည်းသော နာမ မရှိသကဲ့သို့၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ပြနိုင်သည့် တစ်ခုတည်းသော နာမ မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်က၊ “အတိအကျအားဖြင့် ကိုယ်တော်သည် မည်သည့်နာမတော်ကို သုံးသနည်း။” ဟု ငါ့ကို မေးပါက၊ “ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။” ဟု ၎င်းတို့ကို ငါပြောမည်။ ယင်းသည် ဘုရားသခင်အတွက် အကောင်းဆုံး နာမ ဖြစ်သည် မဟုတ်လော။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို အကောင်းဆုံး အချုပ်အားဖြင့် ဖော်ပြနိုင်ခြင်း မဟုတ်လော။ ဤသို့ဖြစ်၍ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်၏ နာမကို ရှာဖွေရန် လုံ့လများစွာ စိုက်ထုတ်နေကြသနည်း။ နာမတစ်ခုအတွက်၊ အစာမစား အိပ်လည်းမအိပ်ဘဲ၊ အဘယ်ကြောင့် ဦးနှောက်ခြောက်အောင် စဉ်းစားသင့်သနည်း။ ဘုရားသခင်ကို ယေဟောဝါ၊ ယေရှု၊ သို့မဟုတ် မေရှိယဟု မခေါ်သည့်နေ့ရက်သည် ရောက်လာလိမ့်မည်- သူသည် ဖန်ဆင်းရှင်သက်သက် ဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုသည် အဆုံးသတ်သို့ ရောက်ရှိလာပြီး ဖြစ်ကာ၊ ယင်းနောက်တွင် သူ၏နာမများလည်း ရှိတော့မည် မဟုတ်သည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်တွင် သူရယူခဲ့သည့် နာမများ အားလုံးသည် အဆုံးသတ်သို့ ရောက်ပေလိမ့်မည်။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ အရာခပ်သိမ်း ရောက်လာချိန်တွင်၊ အလွန်သင့်လျော်သော်လည်း မပြည့်စုံသည့် နာမတစ်ခုကို သူသည် အဘယ်သို့ လိုအပ်သေးသနည်း။ သင်သည် ယခု ဘုရားသခင်၏ နာမကို ရှာဖွေနေဆဲလော။ ဘုရားသခင်ကို ယေဟောဝါဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့ဆဲဖြစ်သလော။ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့ဆဲလော။ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း အပြစ်ကို သင်ခံနိုင်သလော။ ဘုရားသခင်သည် မူလအစက နာမ မရှိခဲ့သည်ကို သင်သိသင့်သည်။ သူသည် လုပ်ဆောင်ရမည့် အမှုရှိခဲ့ပြီး လူသားမျိုးနွယ်ကို စီမံခန့်ခွဲရမည်ဖြစ်သောကြောင့်၊ သူသည် နာမ တစ်ခု၊ သို့မဟုတ် နှစ်ခု၊ သို့မဟုတ် နာမများစွာကို ယူခဲ့ရခြင်းသာ ဖြစ်သည်။ သူ့ကို မည်သည့်နာမဖြင့် ခေါ်သည်ဖြစ်စေ- ယင်းကို သူကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ ယင်းကို ဆုံးဖြတ်ပေးရန် သူသည်- သူ၏ဖန်ဆင်းခြင်းထဲမှ တစ်ဦးဖြစ်သည့်- သင့်ကို လိုအပ်သလော။ ဘုရားသခင် အခေါ်ခံရသည့် နာမသည် လူသားမျိုးနွယ်၏ ဘာသာစကားဖြင့် လူက နားလည်နိုင်စွမ်း ရှိသည့်အရာနှင့် ကိုက်ညီသည့် နာမဖြစ်သော်လည်း၊ ဤနာမသည် လူက ခြုံငုံမိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ကောင်းကင်ဘုံတွင် ဘုရားတစ်ပါးရှိသည်၊ သူ့ကို ဘုရားသခင်ဟုခေါ်သည်၊ သူသည် အလွန်အမြော်အမြင်ရှိသည့်၊ အလွန်ချီးမြှောက်ခြင်းခံရသည့်၊ အလွန်အံ့သြဖွယ်ကောင်းသည့်၊ အလွန်နက်နဲပြီး အနန္တတန်ခိုးနှင့် အလွန်ပြည့်စုံသည့် ကြီးမြတ်သော တန်းခိုးရှိသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်ဟုသာ သင်ပြောနိုင်ပြီးနောက်၊ နောက်ထပ်ပို၍ သင်ဘာမျှမပြောနိုင်ပေ။ ဤနည်းနည်းလေးမှာ သင်သိနိုင်သမျှအကုန် ဖြစ်သည်။ ဤသို့ဖြစ်သဖြင့် ယေရှုဟူသည့် နာမမျှက ဘုရားသခင်ကိုယ်တိုင်ကို ကိုယ်စားပြုနိုင်ပါသလော။ နောက်ဆုံးသောကာလ ရောက်ရှိလာချိန်တွင်၊ အမှုပြုသူမှာ ဘုရားသခင် ဖြစ်နေဆဲဖြစ်သော်လည်း၊ ယင်းသည် မတူညီသည့် ခေတ်တစ်ခု ဖြစ်သည့်အတွက်၊ သူ၏နာမ ပြောင်းလဲရပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

အရှေ့သို့- ၁။ သင်က သခင်ယေရှုသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာပြီးဖြစ်ကာ သူသည် အမည်နာမသစ်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် ရှိသည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော်ဝတ္ထု ၄:၁၁-၁၂)ဟု ရှင်းလင်းစွာ ဆိုပါသည်။ သခင်ယေရှု၏ နာမသည် မည်သည့်အခါတွင်မျှ မပြောင်းလဲသကဲ့သို့ သူ၏ ပြန်ကြွလာခြင်းတွင် သူသည် အခြားမည်သည့် အမည်နာမဖြင့်မျှ ခေါ်ဆိုမခံရနိုင်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

နောက်တစ်ခုသို့- ၃။ ယေဟောဝါ၊ သခင်ယေရှုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်တို့သည် မတူညီသော ခေတ်များ၌ ဘုရားသခင်၏ အမည်နာမများအားလုံးဖြစ်သည်ဟု သင် သက်သေခံသည်။ အဘယ်ကြောင့် ဘုရားသခင်သည် မတူညီသော ခေတ်များတွင် မတူညီသော အမည်နာမများကို ခံရသနည်းဟု ကျွန်ုပ် မေးချင်ပါသည်။ ဤအရာ၏ အရေးပါမှုမှာ အဘယ်နည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။