၆၈။ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့မှ ရိတ်သိမ်းခြင်း
အနန္တတန်ခိုးရှင်ဘုရားသခင်က မိန့်တော်မူပါတယ်။ “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်) ယခင်က ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်သည့်အချိန်က၊ “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။” လူများက သူတို့၏ ကိုယ်ပိုင် စိတ်သဘောထားများကို အဘယ့်ကြောင့် ပြောင်း၍မရသည်ကို ကျွန်မ တော်တော် နားမလည်နိုင်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်မ နေ့တိုင်း စိတ်ပါလက်ပါ ဖတ်သည်၊ ဝတ်ပြုစည်းဝေးပွဲများကို အမြဲ အချိန်မှန် တက်ခဲ့ပြီး၊ အသင်းတော်က ချမှတ်ပေးသည့် မည်သည့် တာဝန်ကိုမဆို ကျွန်မ နာခံခဲ့သည်။ ကျွန်မ အပြစ်မလုပ်ဘဲ၊ ကျွန်မ၏ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သည်၊ ကျွန်မက ယုံကြည်သူတစ်ယောက်ဖြစ်သည်မှာ နှစ်များ အတော်ကြာပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်သမျှ ကာလပတ်လုံး ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက သေချာပေါက် ပြောင်းလဲလိမ့်မည်ဟု ကျွန်မ တွက်ဆထားသည်။ ကျွန်မက ဘုရားသခင်၏ စီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကိုခံဖို့ အဘယ့်ကြောင့် လိုသေးသနည်း။ ကျွန်မ ဖတ်ခဲ့သည့် ဤ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးဝ အမှန်တကယ် နားမလည်ခဲ့ပါ။ သုံးလေးကြိမ်လောက်အထိ ပြင်းပြင်းထန်ထန် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့်အထိ၊ မိမိကိုယ်ကိုယ် ပြန်ဆန်းစစ်ရသည့်အထိပင် ဖြစ်သည်။ ထို့နောက်မှသာ ကျွန်မက စာတန်၏ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ဖျက်ဆီးသည်ကို မည်မျှ ခံထားရကြောင်း၊ ကျွန်မ၏ မာနထောင်လွှားပြီး၊ စိတ်ကြီးဝင်သည့် ဆိုးယုတ်သည့် သဘာဝသည် ကျွန်မ၏ အထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေကြောင်းနှင့်၊ ဘုရားသခင်၏ စီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို မခံရဘဲ၊ သန့်စင်ခြင်းခံရဖို့ သို့မဟုတ် ပြောင်းလဲဖို့ မဆိုထားနှင့်၊ ကျွန်မ မိမိကိုယ်ကိုယ် မည်သည့်အခါမျှ သိမည်မဟုတ်သည်ကို တွေ့လိုက်ရသည်။
၂၀၁၆ ခုနှစ် အစောပိုင်းမှာ ကျွန်မက အသင်းတော် ခေါင်းဆောင်တစ်ယောက်၏ တာဝန်ကို ထမ်းဆောင်နေသည်။ ကျွန်မ စလုပ်သည့်အချိန်က၊ ကျွန်မက တကယ် အစွမ်းအစ နည်းသည်ဟု ခံစားခဲ့ရသည်၊ ထိုကြောင့် ဘုရားသခင်ကို ကျွန်မ မကြာခဏ ဆုတောင်းပြီး၊ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်ရာမှာ သူ့ကို အားကိုးခဲ့သည်။ ကျွန်မ နားမလည်သည့် ကိစ္စတစ်ခုကို ကြုံသည့်အခါ လုပ်ဖော်ကိုင်ဖက်များနှင့် ရှာဖွေပြီး မိတ်သဟာယပြုသည်၊ ပြီးလျှင် အခြားသူများ၏ အကြံပြုချက်များကိုလည်း လက်ခံနိုင်ခဲ့သည်။ ကျွန်မက တော်တော်လေးကို နှိမ့်ချခဲ့ပါသည်။ လက်တွေ့လုပ်ဆောင်မှု ခြောက်လကျော်ကြာပြီးနောက်မှာ ကျွန်မက အခြေခံစည်းမျဉ်း အချို့ကို နားလည်လာခဲ့သည်၊ ပြီးလျှင် သမ္မာတရားကို မိတ်သဟာယပြုရင်း ညီအစ်ကိုမောင်နှမအချို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ခဲ့သည်။ ကျွန်မက “ငါအရင်က အသင်းတော် ခေါင်းဆောင်တစ်ယောက် တစ်ခါမှ မဖြစ်ဖူးပေမဲ့၊ ငါ့မှာ အစွမ်းအစကောင်းရှိပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ခဏနဲ့နားလည်တယ်။ လက်တွေ့လုပ်ဆောင်မှုတွေ ပိုလုပ်ပြီးတဲ့နောက်မှာ ငါက ပိုတောင် တော်လာဦးမယ်ဆိုတာ သေချာတယ်။” ဟု တွေးရင်း၊ တဖြည်းဖြည်းချင်း စပြီး မိမိကိုယ်ကိုယ် ကျေနပ်လာသည်။ နောက်ပိုင်းမှာ ကျွန်မက အရေးကြီးသည့် တာဝန်တစ်ခုကို အပေးခံရပြီး၊ မိမိကိုယ်ကိုယ် ပို၍ပင် ဘဝင်ခိုက်လာခဲ့သည်။ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များကြားမှာ ကျွန်မက အငယ်ဆုံး ဖြစ်ပြီး၊ ကျွန်မ ယုံကြည်ခြင်းရှိလာသည်မှာ သူတို့ကဲ့သို့ မကြာသေးပါ၊ သို့ရာတွင် အလွန်အရေးကြီးသည့်အရာတစ်ခုခုကို တာဝန်ယူနိုင်ဖို့ကို၊ ကျွန်မက တကယ့်ကို ပါရမီထူးရမည်ဟု မြင်မိသည်။ အချိန်အတော်ကြာကြာ၊ မည်သူကမျှ ကျွန်မနှင့် တန်းတူမဟုတ်သကဲ့သို့ လူများအားလုံးထဲမှာ ကျွန်မမှာသာ အရေးအကြီးဆုံး တာဝန်ရထားသည်ဟု တွေးရင်း၊ ကျွန်မက လမ်းလျှောက်သည့်အချိန်တွင်ပင် ခေါင်းမော့ထားခဲ့သည်။ တဖြည်းဖြည်းနှင့်၊ ကျွန်မက ပို၍ပို၍ မာနထောင်လွှားလာသည်။ အသင်းတော်အလုပ်နှင့် ပတ်သက်သည့် ဆွေးနွေးချက်များမှာ၊ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များက အကြံပြုချက်ပေးသည့်အခါ၊ “ဒါဟာ ရှင်တို့တကယ် အလုပ်ပြီးမြောက်အောင် လုပ်တဲ့ နည်းလမ်းလား။ အရင်က ဒီလိုကိစ္စတွေကို ကျွန်မ ကိုင်တွယ်ခဲ့ဖူးတဲ့အတွက် အခြေခံသဘောတရားတွေကို ကျွန်မက ပိုပြီးနားလည်မယ်မဟုတ်လား။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကို ကျွန်မ သိတယ်။” ဟု တွေးရင်း၊ ကျွန်မ၏ ကိုယ်ပိုင် စိတ်ကူးများကိုသာ ဆုပ်ကိုင် ထားသည်။ တစ်ခါတစ်ရံ ကျွန်မနှင့် အလုပ်အတူလုပ်သည့် ညီအစ်မက တစ်ခုခုကို အလွန် လေးလေးနက်နက် သဘောထားသည့်အခါမှာ၊ ဤကဲ့သို့ ရိုးရှင်းသည့် ကိစ္စတစ်ခုက ကိုင်တွယ်ဖို့ လွယ်ပြီး၊ ခဏခဏ မိတ်သဟာယပြုပြီး ရှာဖွေနေဖို့ မလိုပါဟုတွေးရင်း ကျွန်မ စိတ်မရှည်ခဲ့ပါ။ တစ်ခါတစ်ရံ လုပ်ဖော်ကိုင်ဖက်များ၏ အစည်းအဝေးများမှာ၊ သူမ၏အကြံပြုချက်များကို အခြားညီအစ်ကိုမောင်နှမများက လက်မခံသည်ကို ကျွန်မ တွေ့ရပြီး၊ ကျွန်မက သူမကို အထင်သေးစပြုလာသည်။ ကျွန်မက “ရှင်က ခေါင်းဆောင် လုပ်လာတာ ကျွန်မထက် ကြာခဲ့ပေမဲ့၊ ရှင့်မှာ ကျွန်မထက်သာတာ လုံးဝကို မရှိဘူး။” ဟု တွေးမိသည်။ တစ်ခါမှာ ကျွန်မ၏ တာဝန်မှာ ကျွန်မက အချိန်ဆွဲသည်၊ ကျွန်မ၏ တိုးတက်မှုက နှေးကွေးသည်ဟု သူက ပြောလာသည်။ ကျွန်မ ယင်းကို လက်မခံနိုင်ဘဲ၊ “ရှင့်ဆီက ဒီမိတ်သဟာယကို ကျွန်မ လက်မခံနိုင်ပါဘူး။ ရှင်ရော ဒီအလုပ်ထဲမှာ မပါဘူးလား။ ရှင်ရော အဲဒါအတွက် တာဝန် မရှိဘူးလား။ ရှင်ဟာ ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ကျ လုံးလုံး မသိနားမလည်ဘဲ၊ အားလုံးကို ကျွန်မကိုပဲ ထိုးပေးရတာလဲ။” ဟု ခွန်းတုံ့ပြန်ပြောခဲ့သည်။ ယင်း၌ ကျွန်မ ထထွက်သွားလိုက်သည်။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မ၏ အပြုအမူကို သိသွားပြီး၊ ကျွန်မက အလွန် မာနထောင်လွှားသည်ဟု ဆူပူခဲ့သည်။ “ကျွန်မဟာ အရမ်း မာနထောင်လွှားပြီးတော့၊ သမ္မာတရားကိုလည်း လက်မခံပါဘူး။” ဟု ပြောရင်း၊ ကျွန်မက နှုတ်ကပဲ ဝန်ခံခဲ့သည်။ ကျွန်မ၏ သဘာဝနှင့် အနှစ်သာရတို့ကို ပြန်မဆန်းစစ်ခဲ့သကဲ့သို့၊ နားလည်ဖို့လည်း မကြိုးစားခဲ့ဘဲ၊ ကျွန်မ၏ တာဝန်မှာ အမှုအရာများကို ကိုယ့်နည်းကိုယ့်ဟန်နှင့် လုပ်ရင်း၊ ဆက်ပြီး မာန်တက်နေခဲ့သည်။ ထိုအချိန်က အစွမ်းအစမရှိဘဲ၊ လက်တွေ့ကျသည့် အလုပ်ကို မလုပ်နိုင်၍ အစားထိုးခံခဲ့ရသည့် လုပ်ဖော်ကိုင်ဖက်အချို့ ရှိခဲ့သည်။ သို့ရာတွင် ကျွန်မက အစားထိုးခံရမည်နှင့် ပတ်သက်ပြီး မည်သည့်အခါမျှ စိတ်မပူခဲ့ပါ။ ကျွန်မက “အခု အသင်းတော်မှာ ငါဟာ တကယ့်ကို အရည်အချင်းရှိပြီး၊ အလုပ်တော်တော်များများအတွက် ငါ့မှာ တာဝန်ရှိတယ်။ ငါမရှိဘဲ၊ သူတို့က အချိန်တိုတိုအတွင်းမှာ သင့်တော်တဲ့ လူနောက်တစ်ယောက်ကို ရှာနိုင်ပါ့မလား။” ဟု တွေးခဲ့သည်။ ကျွန်မက မိုက်မိုက်မဲမဲ မာနထောင်လွှား နေချိန်တွင်ပင်၊ တင်းတင်းမာမာ ပြုပြင်ပြီး၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ကျွန်မ ခံလိုက်ရသည်။
တစ်ခါတွင် ညီအစ်ကိုမောင်နှမများ၏ အတွေ့အကြုံ၊ သက်သေခံချက်များနှင့်ပတ်သက်သည့် ဆောင်းပါးအချို့ကို ကျွန်မ ဖတ်ခဲ့ရသည်။ ထိုဆောင်းပါးများက အပေါ်ယံ အနည်းငယ်ဆန်သည်ဟု ကျွန်မခံစားရသည်။ ထိုကိစ္စကို ဘယ်သူနှင့်မျှပင် မဆွေးနွေးနေဘဲ၊ ကျွန်မ ငြင်းပယ်လိုက်သည်။ ခေါင်းဆောင်က ဤအကြောင်းကို သိရသည့်အခါ၊ အလွန် ဒေါသထွက်သွားသည်။ သူက ကျွန်မကို “ဒီလောက်ကောင်းတဲ့ ဆောင်းပါးတွေကို နင်ဘာလို့ ငြင်းပယ်လိုက်တာလဲ။ အဲဒါကို လုပ်ဖော်ကိုင်ဖက်တွေနဲ့တောင် နင်ဆွေးနွေးခဲ့ရဲ့လား။” ဟု မေးခဲ့သည်။ ကျွန်မက “မဆွေးနွေးခဲ့ဘူး၊ အဲဒီအချိန်တုန်းက အဲဒီဆောင်းပါးတွေက အပေါ်ယံဆန်သလိုလို ရှိတယ်လို့ ကျွန်မ ခံစားခဲ့ရလို့ပါ။” ဟု ပြောလိုက်သည်။ ထိုကဲ့သို့ ပြောပြီး မကြာမီတွင် ခေါင်းဆောင်က ကျွန်မကို မျက်နှာတင်းတင်းနှင့် “ဒီဆောင်းပါးတွေက နည်းနည်း အပေါ်ယံဆန်နိုင်ပေမဲ့၊ သူတို့ရဲ့ အတွေ့အကြုံတွေက စစ်မှန်ပြီး၊ လက်တွေ့ကျတဲ့ နားလည်မှုကို ပြတယ်။ အဲဒီဆောင်းပါးတွေဟာ လူတွေအတွက် တည်ဆောက်စရာ ဖြစ်စေတယ်။ အဲဒါဟာ ကိုယ်ပိုင် အတွေ့အကြုံ သက်သေခံချက်ကောင်းတစ်ခု ဖြစ်စေတဲ့အရာပဲလေ။ မင်းရဲ့တာဝန်မှာ သမ္မာတရားကို မရှာဖွေဘဲ၊ မင်းက လက်လွတ်စပယ်နိုင်ပြီး၊ မာနထောင်လွှားတယ်။ သမ္မာတရားကို နားမလည်သလို သူများတွေနဲ့လည်း အမှုအရာတွေကို မဆွေးနွေးဘူး။ ဘုရားသခင်ရဲ့ အမှုတော်ကို တွေ့ကြုံခံစားခြင်းနဲ့ ပတ်သက်တဲ့ သက်သေခံချက်တွေကို ဖိနှိပ်ပြီး တကယ့်ကို ကောင်းတဲ့ ဆောင်းပါးတွေကို ပယ်ပစ်တယ်၊ ဒါ မိုက်မဲတာ မဟုတ်ဘူးလား။ ဒါက စာတန် လုပ်တတ်တဲ့ အရာမျိုး မဟုတ်ဘူးလား မင်းက တကယ့်ကို ဖျက်လိုဖျက်ဆီးလုပ်တာပဲ။” ဟု ဆူပူခဲ့သည်။ ကျွန်မက ယခင်က ပြုပြင်ခံရပြီး၊ ကိုင်တွယ်ဖြေရှင်း ခံရဖူးသော်ငြားလည်း၊ ဤကဲ့သို့ တစ်ခါမှ မကြမ်းတမ်းဖူးပါ။ “မိုက်မဲတယ်” “စာတန်” “ဖျက်လိုဖျက်ဆီးလုပ်တယ်” “လက်လွတ်စပယ်နိုင်ပြီး မာနထောင်လွှားတယ်” ဟူသည့် စကားလုံးများက ကျွန်မ၏ ခေါင်းထဲမှာ ထပ်ခါထပ်ခါ ဆက်၍ ပဲ့တင်ထပ်နေခဲ့ပြီး၊ ကျွန်မ မျက်ရည်များကို မထိန်းနိုင်ပါ။ ကျွန်မမှာ အသက်ရှုဖို့ပင် ခက်ခဲနေသည်ဟု ခံစားခဲ့ရသည်။ သို့ရာတွင် ကျွန်မက မတရား လုပ်ခံရသည်ဟု ခံစားရဆဲ ဖြစ်သည်။ ထိုအချိန်က ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များနှင့် မဆွေးနွေးခဲ့သော်လည်း၊ နောက်ပိုင်းမှာ ကျွန်မ ထိုအကြောင်း သူတို့ကို မပြောခဲ့ပါလား။ ဘုရားသခင်က ကျွန်မတို့၏ အတွင်းကျကျ စိတ်နှလုံးများထဲကို တကယ့်ကို မြင်ရသည်။ ကျွန်မ ဆင်ခြေများကို တွေးနေသည့်အချိန်မှာပဲ၊ ခေါင်းဆောင်က မျက်နှာတင်းတင်းနှင့် “မင်းရဲ့လုပ်ရပ်တွေမှာ ဘာစည်းမျဉ်း စည်းကမ်းမှ မလိုက်နာဘူး။ တစ်ခုခုကို မင်းနားမလည်တဲ့ အချိန်မှာ မေးလို့ရတယ်၊ ဒါမှမဟုတ် တခြားလူတွေနဲ့ ဆွေးနွေးလို့ရတယ်၊ ဒါပေမဲ့ မင်းက ဒါမျိုးတောင် မလုပ်ဘူး။ အရမ်းကို မာနထောင်လွှားပြီး၊ ဘုရားသခင်ကို ကြောက်တဲ့ နှလုံးသား လုံးလုံး မရှိတာပဲ။” ဟု ဆက်ပြောသည်။ ယင်းတွင် ကျွန်မက အင်တင်တင်နှင့် နာခံခဲ့သည်။ ကျွန်မမှာသာ ဘုရားသခင်ကို ကြောက်သည့် နှလုံးသား အနည်းငယ်လေး ရှိခဲ့ပါက၊ တစ်ခုခုမလုပ်မီ ရှာဖွေမှုအချို့လောက် လုပ်ခဲ့လိမ့်မည်၊ သို့ရာတွင် ထိုအစား အခြားသူများ၏ ထင်မြင်ယူဆချက်များကို မမေးဘဲ၊ အမှုအရာများကို ကျွန်မ လိုချင်သည့်အတိုင်းပဲ လုပ်ခဲ့သည်။ ကျွန်မက တကယ်ကို မာနထောင်လွှားပြီး၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခဲ့သည်။
ခေါင်းဆောင်က ကျွန်မအကြောင်း စုံစမ်းပြီး၊ ကျွန်မ မာနထောင်လွှားခြင်း၊ သမ္မာတရားကို နားမလည်ခြင်းနှင့်၊ ကျွန်မက ထိုကဲ့သို့ အရေးကြီးသည့် တာဝန်အတွက် မသင့်တော်သည်ကို သိသွားခဲ့သည်၊ ထို့ကြောင့် ကျွန်မ အစားထိုးခံခဲ့ရသည်။ ကျွန်မ အပျက်သဘောဆောင်ခြင်းထဲကို တကယ်ကို ကျဆင်းသွားသည်။ ခေါင်းဆောင်က ဤကိစ္စနှင့် ပတ်သက်ပြီး ကျွန်မကို ထိုးဖောက်မြင်ခဲ့သည်၊ ပြီးလျှင် ကျွန်မက သမ္မာတရားကို လိုက်စားသည့်သူမဟုတ်ပါ၊ အင်မတန်ကို မာနထောင်လွှားသည်၊ ပျိုးထောင်ပေးဖို့ပင် မထိုက်တန်သူ တစ်ယောက်အဖြစ် တွေးသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မက ဘုရားသခင်၏ အိမ်တော်ထဲမှာ အလားအလာ တစ်ခုမှ မရှိတော့ပါဟု တွေးမိသည်။ ကျွန်မက ပိုပိုပြီး အပျက်သဘောဆောင်လာပြီး၊ နားလည်မှုလွဲခြင်းများနှင့် ပြည့်နေခဲ့သည်။ ကျွန်မက စာတန်ဖြစ်လာသည်ဟု ခံစားခဲ့ရသည်။ ကျွန်မက ကယ်တင်ခြင်းကို မည်သို့များ ခံရနိုင်မည်နည်း။ ကျွန်မက သင့်တော်သည့် လူတစ်ယောက်မဟုတ်ပါဟု ညီအစ်ကိုမောင်နှမများက သေချာပေါက်တွေးမည်ကို ခန့်မှန်းမိသည်၊ ထို့ကြောင့် ဆက်ပြီး ကြိုးစားနေ၍ မည်သည့်အကျိုးထူးမည်နည်း။ ထိုအချိန်အတွင်းမှာ ကျွန်မက တာဝန်အချို့ကို စိတ်မပါလက်မပါ လုပ်နေပုံပေါ်သော်လည်း၊ သမ္မာတရားကိုလည်း မလိုက်စားချင်ခဲ့ပါ။ တာဝန်ရှိသည့် လူတစ်ယောက်က ဘုရားသခင်၏အလိုတော်အကြောင်း ကျွန်မနှင့်အကြိမ်ပေါင်းများစွာ မိတ်သဟာယပြုခဲ့သော်လည်း၊ ကျွန်မ မပြောင်းလဲခဲ့ပါ။ ထို့နောက်မှာ သူမက ကျွန်မကို ပြုပြင်ပြီး၊ ကိုင်တွယ်ဖြေရှင်းခဲ့သည်၊ ကျွန်မက ကျွန်မ၏ တာဝန်မှာ တမင်သက်သက် ခက်ခဲအောင် လုပ်နေပြီး၊ အမြဲတမ်း အပျက်သဘောဆောင်သည်၊ ဘုရားသခင်ကို ဆန့်ကျင်နေသည်၊ ပြီးလျှင် ကျွန်မ မပြောင်းလဲခဲ့ပါက၊ ဘုရားသခင်၏ ဖယ်ရှင်းခြင်းကို အနှေးနှင့်အမြန် ခံရမည် ဟု ပြောသည်။ ဤကဲ့သို့ ကြားရသည့်အခါ၊ ကျွန်မ ကြောက်သွားပြီး၊ အခြေအနေ၏ လေးနက်မှုကိုလည်း သဘောပေါက်လိုက်သည်။ ဘုရားသခင်ကို ဆုတောင်းဖို့၊ ရှာဖွေဖို့နှင့် မိမိကိုယ်ကိုယ် ဆန်းစစ်ဖို့ ဘုရားသခင်၏ ရှေ့မှောက်ကို ကျွန်မ ကမန်းကတန်းလာခဲ့သည်။ ထိုခြောက်လအတွင်းမှာ၊ ကျွန်မက ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းကို အဘယ့်ကြောင့် ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့သနည်း။ ကျွန်မ ပြန်ဆန်းစစ်သည့်အခါ၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရသည်။ “လူအချို့သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံပြီးနောက်တွင် မတုန်မလှုပ်ဖြစ်သွားကြသည်၊ သူတို့သည် သူတို့၏ တာဝန်များကို ဆောင်ရွက်ရန် အားအင်အကုန်လုံး ကုန်ဆုံးပြီး အဆုံး၌ သူတို့၏ သစ္စာစောင့်သိမှုလည်း ကုန်ဆုံးလေ၏။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းမှာ သူတို့၏ လုပ်ဆောင်ချက်များ၏ အနှစ်သာရကို သတိထားရှိမှု ကင်းမဲ့ခြင်းကြောင့် တစ်စိတ်တစ်ဒေသ ဖြစ်၍၊ ဤအရာက ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအား ကျိုးနွံနာခံမှု မရှိနိုင်ခြင်းကို ဖြစ်ပေါ်စေသည်။ ဤအရာကို မာနထောင်လွှားပြီး စိတ်ကြီးဝင်ကာ သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာမရှိသည့် ၎င်းတို့၏ သဘာဝအားဖြင့် ဆုံးဖြတ်ထားပေသည်။ ၎င်းမှာ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်း၏ အရေးပါမှုမှာ အဘယ်အရာ ဖြစ်သည်ကို သူတို့ မသိနားမလည်သေးခြင်းကြောင့်လည်း တစ်စိတ်တစ်ဒေသ ဖြစ်သည်။ လူတို့အားလုံးက ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းဆိုသည်မှာ သူတို့၏ ရလဒ်များသည် သတ်မှတ်ပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ အကျိုးဆက်အနေဖြင့် အကယ်၍ သူတို့က ဘုရားသခင်အား သစ္စာစောင့်သိမှု အနည်းငယ်ကို ပိုင်ဆိုင်ပါက ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို မခံရသင့် ဟူ၍လည်းကောင်း၊ အကယ်၍ သူတို့ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရပါက၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းကို ညွှန်ပြခြင်း မရှိဟူ၍လည်းကောင်း လွဲမှားစွာ ယုံကြည်ကြသည်။ ထိုကဲ့သို့သော နားလည်မှုမှားခြင်းက လူများစွာတို့ကို ဘုရားသခင်အား ‘သစ္စာစောင့်သိမှု’ မရှိဘဲ နေဝံ့စေသည်။ အမှန်မှာမူ အဆုံးတွင်၊ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သူတို့သည် လွန်စွာ လိမ်လည်လှည့်ဖြားသောကြောင့် ဖြစ်သည်၊ သူတို့သည် ဒုက္ခဆင်းရဲကို မခံလိုကြပေ။ လူတို့သည် ကောင်းချီးမင်္ဂလာများကို အလွယ်နည်းဖြင့်သာ ရယူလိုကြသည်။ လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သတိမမူမိကြချေ။ ယင်းမှာ သူသည် ဖြောင့်မတ်သောအရာ တစ်စုံတစ်ခုကိုမျှ မလုပ်ဆောင်ရသေးသောကြောင့် သို့မဟုတ် သူက ဖြောင့်မတ်သောအရာ တစ်စုံတစ်ခုကိုမျှ ပြုလုပ်နေခြင်း မဟုတ်သောကြောင့် မဟုတ်ချေ။ ယင်းက ဘုရားသခင် ပြုသောအရာကို ဖြောင့်မတ်သည်ဟု လူတို့က မည်သည့်အခါမျှ မယုံကြည်ကြသောကြောင့်သာ ဖြစ်သည်။ လူသား၏ အမြင်တွင် ဘုရားသခင်၏အမှုတော်သည် ၎င်းတို့၏ အလိုဆန္ဒများနှင့် မကိုက်ညီပါက သို့မဟုတ် သူတို့မျှော်မှန်းခဲ့သည့်အရာနှင့် ထပ်တူမကျပါက သူသည် မဖြောင့်မတ်ဟူ၍ဖြစ်သည်။ သို့သော်လည်း လူတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များမှာ မသင့်လျော်ဘဲ သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် သူတို့၏ လုပ်ဆောင်ချက်များက ဘုရားသခင်အား ဆန့်ကျင်ကြောင်းကိုလည်း မည်သည့်အခါမျှ သဘောမပေါက်ကြချေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့၏ရလဒ်များကို ၎င်းတို့၏ ဆောင်ရွက်ချက်အားဖြင့် ဘုရားသခင် အဆုံးအဖြတ်ပေးခြင်းအထဲမှ အဓိပ္ပာယ်”) ဘုရားသခင်၏ ဤနှုတ်ကပတ်တော်ထဲက ဖွင့်ပြခြင်းကို ဖတ်ပြီး နောက်ဆုံးမှာ ကျွန်မ သဘောပေါက်သွားခဲ့သည်။ ကျွန်မ အလွန် အပျက်သဘောဆောင်ခဲ့ရသည့် အကြောင်းအရင်းက၊ ကျွန်မက အလွန် မာနထောင်လွှားပြီး၊ စိတ်ကြီးဝင်သည့်အပြင်၊ မိမိကိုယ်ပိုင် အပြုအမူ၏ သဘာဝကို သတိမပြုမိခဲ့သောကြောင့် ဖြစ်သည်။ ကျွန်မက အမှားလေးတစ်ခုသာ လုပ်မိခြင်း ဖြစ်သည်။ ကျွန်မကို ထိုကဲ့သို့ ကိုင်တွယ်ခြင်းက အတော်အတန် လွန်သည်ဟု ထင်မိခဲ့သည်။ ထိုအကြောင်းအရင်းကြောင့် ဘုရားသခင်ကို နားလည်မှုလွဲပြီး ချေပနေရင်းနှင့်၊ အပျက်သဘောဆောင်ခြင်းမှာ ကျွန်မ ဆက်ပိတ်မိနေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေချိန်မှာ၊ အမှားလေး တစ်ခုအတွက်နှင့် ကျွန်မက တကယ့်ကို အလွန် ကြမ်းကြမ်းတမ်းတမ်း ပြုပြင်ခံရပြီး၊ ကိုင်တွယ်ဖြေရှင်းခံခဲ့ရခြင်း ဟုတ်မဟုတ်ကို ကျွန်မ မိမိကိုယ်ကိုယ် မေးမိသည်။ ဘုရားသခင်၏ အိမ်တော်မှာ လူများကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းမှာ အခြေခံစည်းမျဉ်းများ ရှိသည်။ ယင်းတို့အားလုံးက လူများ၏ သဘာဝနှင့် အနှစ်သာရများ၊ ပြီးလျှင် သူတို့၏ ယေဘုယျ အပြုအမူများပေါ်မှာ အခြေခံထားသည်။ ခေါင်းဆောင်က ကျွန်မကို အကြောင်းပြချက် ကောင်းကောင်း မရှိဘဲ မဆူပူခဲ့ပါ။ ထို့ကြောင့် ကျွန်မက အလွန် ကြမ်းကြမ်းတမ်းတမ်း ပြုပြင်ခံရပြီး၊ ကိုင်တွယ်ဖြေရှင်းခံရဖို့ ဖြစ်လာရလောက်အောင် ကျွန်မထဲမှာ တကယ်တည်ရှိနေသည့် ပြဿနာမှာ အဘယ်နည်း။
နောက်ပိုင်းမှာ ကျွန်မ ဤဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခဲ့သည်။ “သင်သည် သင့်အတွင်း၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင်၏အတွင်းတွင် တည်ရှိခဲ့ပါက၊ ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ အဆုံးတွင် သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။ မိမိတို့၏ ဆိုးယုတ်သော ပြုမူချက်များကို ဖြေရှင်းရန်အလို့ငှာ သူတို့သည် မိမိတို့သဘာဝဗီဇ၏ ပြဿနာကို ဦးစွာဖြေရှင်းရမည်။ စိတ်သဘောထား ပြောင်းလဲခြင်းမရှိဘဲ ဤပြဿနာအတွက် အခြေခံဖြေရှင်းချက် ဖြစ်ပေါ်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) အချို့လူများက ပါရမီ သို့မဟုတ် အစွမ်းအစအနည်းငယ်ရှိပါက၊ သူတို့က အခြားသူများကို အထင်သေးသည်ဟု ပြောထားသည့် ဒေသနာများလည်း ရှိပါသည်။ သူတို့က လူတကာထက် သာသည်ဟု တွေးရင်း၊ အခြားမည်သူ့ကိုမျှ နားမထောင်ချင်ပါ။ ထိုကဲ့သို့ လူမျိုးက မာနထောင်လွှားသည်၊ စိတ်ကြီးဝင်သည်၊ ပြီးလျှင် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူကြသည်။ ကျွန်မ ယုံကြည်သူတစ်ယောက် ဖြစ်ကတည်းက၊ သမ္မာတရားကို ရှာဖွေလိုက်စားဖို့ အာရုံမစိုက်ခဲ့ဘဲ၊ ကျွန်မ၏ အစွမ်းအစနှင့် မာနထောင်လွှားသည့် စိတ်သဘောထားကို မှီခိုရင်းနှင့် ကျွန်မ၏ တာဝန် ထမ်းဆောင်ခဲ့ပုံကို တွေးမိသည်။ ကျွန်မက စကားပြောကောင်းပြီး၊ ကျွန်မ၏ တာဝန်မှာ အောင်မြင်မှုလေး အချို့ရှိသောကြောင့်၊ ခေါင်းဆောင်က ကျွန်မကို အလွန် တန်ဖိုးထားသည်ဟု ခံစားခဲ့ရသည်။ အလုပ်မှာ အခြားသူများထက်ကို အလွန်တော်ပြီး အစွမ်းရှိသည်ဟု ထင်သည့်အတွက် ကျွန်မနှင့် အတူ အလုပ်တွဲလုပ်သည့် ညီအစ်ကိုမောင်နှမများအကြောင်း ကျွန်မ သိပ်မတွေးခဲ့ပါ။ ကျွန်မ၏ နည်းလမ်းနှင့် လုပ်ဖို့ကို မလျှော့တမ်းပြောပြီး၊ ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထားက ပို၍ ကြီးလာသည်။ နောက်ပိုင်းမှာ အသင်းတော်၏အလုပ်အပေါ်ကို ကျွန်မ ခပ်ပေါ့ပေါ့ သဘောထားလာမိခဲ့သည် သမ္မာတရား၏ အခြေခံစည်းမျဉ်းများကို မည်သည့်အခါမျှ မရှာခဲ့သကဲ့သို့၊ အခြားသူများနှင့် ရှာဖွေခြင်း သို့မဟုတ် မိတ်သဟာယပြုခြင်း မည်သည့်အခါမျှ မလုပ်ခဲ့ပါ။ ထိုအစား ကျွန်မက အမှုအရာများကို စိတ်ကူးပေါက်လျှင် ပေါက်သလို လုပ်ခဲ့ပြီး၊ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ပေးသည်နှင့် အဆုံးသတ်ခဲ့ရပါသည်။ ကျွန်မက အရည်အချင်းရှိပြီး သမ္မာတရားအချို့ကို နားလည်သည်ဟု ကျွန်မ အမြဲ ခံစားရသော်လည်း၊ ကျွန်မ ဖော်ထုတ်ခံရပြီးသည့် နောက်မှာမှ ကျွန်မ နားလည်ခဲ့သည့် အရာသည် အယူဝါဒအနည်းငယ်သာ ဖြစ်သည်၊ ကျွန်မမှာ သမ္မာတရား၏ လက်တွေ့အရှိတရားတစ်စက်မျှ မရှိခဲ့သကဲ့သို့၊ လက်တွေ့ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကိုလည်း မိတ်သဟာယမပြုနိုင်သည်ကို နောက်ဆုံးမှာ ကျွန်မ တွေ့လိုက်ရသည်။ သို့ရာတွင်လည်း ကျွန်မက အတော်ကို မာနထောင်လွှားနေဆဲဖြစ်ပြီး၊ အရာအားလုံးမှာ တစ်ဖက်သတ် ပြုမူခဲ့သည်။ ကျွန်မက မာနထောင်လွှားလိုက်သည်မှာ အသိစိတ်များ အားလုံး ဆုံးရှုံးပြီး၊ ဘုရားသခင်ကို မျက်ခြည်ပြတ် သွားသည့်အထိပါပဲ။ ခေါင်းဆောင်က ကျွန်မ၏ အလုပ်ကို ပြန်ဆန်းစစ်ဖို့ လာတော့မှသာ ကျွန်မ၏ ပြဿနာက ဖော်ထုတ်ခြင်းခံရသည်။ ကျွန်မ၏ တာဝန်ကို ထိုနည်းနှင့် တစ်လျှောက်လုံး လုပ်လာခဲ့သည့်အကြောင်းကို တွေးမိသည်။ ကျွန်မက ကျွန်မ၏ ညီအစ်ကိုမောင်နှမများကို မကူညီခဲ့ အကျိုးမဖြစ်စေခဲ့ရုံသာမက၊ သူတို့ကို ဘောင်ခတ်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ များစွာကိုလည်း ကျွန်မ ဖွင့်ပြခဲ့သည်။ ကျွန်မ၏ တာဝန်ကို ကျွန်မ ထမ်းဆောင်နေခဲ့ခြင်း မဟုတ်ပါ၊ ကျွန်မက မကောင်းမှု သက်သက်ကိုသာ လုပ်နေခဲ့ခြင်း ဖြစ်သည်။ ယင်းကို ကျွန်မ ပို၍ တွေးလေ၊ ကျွန်မ ပို၍ ထိတ်လန့်လာလေဖြစ်သည်။ တစ်ယောက်ယောက်က မာနထောင်လွှားသည့် ပုံစံ ပြုမူပါက၊ သူတို့က ဘုရားသခင်ကို ခုခံခြင်းနှင့် မကောင်းသည့်အရာကို လုပ်ခြင်းတို့ကို ရှောင်ဖို့ မဖြစ်နိုင်သည်ကို ကျွန်မ သိပါသည်။ ကျွန်မထက် အစွမ်းအစနည်းပုံရသော်လည်း၊ သူတို့၏ တာဝန်များမှာ ဂရုစိုက်ပြီး၊ အာရုံစိုက်သည့် အချို့ ညီအစ်ကို မောင်နှများအကြောင်းကို ကျွန်မ တွေးမိသည်။ သူတို့က သမ္မာတရားကို မည်သို့ရှာရမည်နှင့် အခြားသူများ၏ အမြင်ရှုထောင့်များကို မည်သို့ လက်ခံရမည်တို့ကို သိကြသည်၊ ကျွန်မမှာမူ အလွန်ကို မာနထောင်လွှားလိုက်သည်မှာ မိမိကိုယ်ကိုယ် သတိပြုမိခြင်း လုံးလုံး မရှိခဲ့ပါ။ ကျွန်မမှာ သမ္မာတရားကို မည်သို့ ရှာဖွေရမည်နှင့် ပတ်သက်၍ သတိပြုမိခြင်း လုံးဝ မရှိခဲ့ပါ။ ကျွန်မ ပို၍ ဆန်းစစ်လေ၊ ကျွန်မ၏ လမ်းကြောင်းက သမ္မာတရားကို ရှာဖွေလိုက်စားသည့် လမ်းကြောင်းတစ်ခု မဟုတ်သည်ကို ခံစားရလေ ဖြစ်သည်။ ကျွန်မက အလွန် မာနထောင်လွှားပြီး၊ ဘုရားသခင် အကြောင်း မည်သည့်အရာမျှ မတွေးခဲ့ပါ၊ ထို့ကြောင့် ကျွန်မ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်း ခံရသည့်အပြင်၊ ကျွန်မ၏ တာဝန်မှ ထုတ်ခံရသည့် အချိန်မှာ၊ ယင်းက အမှန်မှာ ဘုရားသခင်က ကျွန်မကို ကွယ်ကာပြီး ကယ်တင်နေခြင်းဖြစ်သည်။ မကယ်တင်ခဲ့ပါက၊ ကျွန်မ နောက်ထပ် မကောင်းသည့်အရာများ မည်မျှလုပ်မိမည်ကို မသိနိုင်ပါ ကျွန်မက ပြန်မလာရဘဲ၊ နှင်ထုတ်ခြင်းခံရသည့်အထိပင် ရောက်သွားခဲ့လိမ့်မည်။ သို့ဆိုလျှင် နောင်တရဖို့ အလွန်နောက်ကျသွားမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများကို နားလည်ပြီးနောက်မှာ၊ ကျွန်မက နောင်တများနှင့် ပြည့်နေခဲ့သည်။ ပြီးခဲ့သည့် ခြောက်လမှာ၊ ကျွန်မက အပျက်သဘောဆောင်ပြီး၊ အလုပ်ကို ခိုကတ်ခဲ့ရင်း ဘုရားသခင်ကို နားလည်မှုလွဲပြီး၊ အပြစ်တင်နေခဲ့သည်ဟု ခံစားခဲ့ရသည်။ ကျွန်မက အကျိုးသင့်အကြောင်းသင့်ကို မရှိခဲ့ပါ။ ထိုအချိန်ကစပြီး ကျွန်မ၏ အတိတ်က အပြစ်ကျူးလွန်မှုများ အတွက် ပြန်ပေးဆပ်ဖို့ ကျွန်မတာဝန်ကိုသာ ကောင်းစွာ လုပ်ချင်မိသည်။
ခြောက်လကြာပြီးနောက်မှာ၊ ကျွန်မက အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရသည်။ ထိုအချိန်က ကျွန်မ၏ မာနထောင်လွှားသည့် သဘာဝကြောင့်၊ ထပ်ပြိုလဲပြီး ရှုံးနိမ့်မည်ကို တကယ် ကြောက်ခဲ့သည်။ ကျွန်မ၏ တာဝန်မှာ ပြဿနာများ ရုတ်တရက် ပေါ်ပေါက်လာသည့်အခါ၊ ကျွန်မက တော်တော် သတိထားသည်၊ ကျွန်မနှင့် အလုပ်အတူလုပ်သည့် ညီအစ်ကိုမောင်နှမများနှင့် မကြာခဏ ဆွေးနွေးပြီး မိတ်သဟာယပြုသည်။ အသင်းတော်ထဲမှာ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေသည်။ ကျွန်မအလုပ်ကို ထိုကဲ့သို့ လုပ်သည့်အခါ၊ ကျွန်မ များစွာ ပို၍ စိတ်သက်သာရာရသည် ညီအစ်ကိုမောင်နှမများနှင့် ပို၍ သင့်မြတ်ခဲ့သည်။ သုံးလေးလလောက် ကြာပြီးသည့်နောက်မှာ၊ ကျွန်မ၏ အလုပ်မှာ အောင်မြင်မှုအချို့ကို ရပြီး၊ ကျိတ်၍ ဝမ်းသာစပြုလာပြန်သည်၊ ကျွန်မက တကယ့် ပါရမီရှင်တစ်ယောက် ဖြစ်ရမည်၊ မည်သည့်တာဝန်ကို လုပ်ပါစေ၊ အလုပ်များကို မြန်မြန် ဆန်ဆန် လုပ်နိုင်သည်ဟု တွေးမိလာသည်။ တဖြည်းဖြည်းနှင့် ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထားက ခေါင်းစပြူ လာပြန်သည်။ တစ်ခါတစ်ရံတွင် ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်နှင့် ကြိုးစားဖြေရှင်းချင်သည့် ပြဿနာများ သူတို့မှာ ရှိသည့်အခါ၊ ကျွန်မက သူတို့ကို စိတ်မရှည်ပါ။ “ဒါကို အရင်က ဖြေရှင်းကြဖူးတယ်မဟုတ်လား။ ဘာလို့ ထပ်ပြီး ဖြေရှင်းဖို့ လိုနေရတာလဲ။ ကျွန်မက အခြေခံစည်းမျဉ်းတွေကို သိထားလို့၊ ကျွန်မရဲ့ မိတ်သဟာယက လုံလောက်သင့်တယ်။” ဟု ကျွန်မက တွေးသည်။ အမှုအရာများကို သေချာမတွေးဘဲ၊ ကျွန်မ၏ နားလည်မှုကို ညီအစ်ကိုမောင်နှမများနှင့် မျှဝေပြီး၊ သူတို့ကို လက်ခံစေချင်သည်၊ သို့ရာတွင် သူတို့က ဘဝင်မကျဘဲ၊ ထို့နောက်မှာ ထိုကိစ္စနှင့် ပတ်သက်ပြီး ခေါင်းဆောင်နှင့် ကြိုးစားဖြေရှင်းကြပါသည်။ နောက်ပိုင်းမှာ ခေါင်းဆောင်က လက်တွေ့လုပ်ဆောင်မှုနှင့် ပတ်သက်သည့် အခြေခံစည်းမျဉ်းများအပေါ် ကျွန်မတို့နှင့် မိတ်သဟာယ ပြုခဲ့သည်၊ ယင်းက ယခင်က ကျွန်မ နားလည်ထားသည့်အရာနှင့် ကွာခြားနေခဲ့သည်။ ကျွန်မက အံ့အားသင့်ခဲ့ပြီး၊ “ဖြေရှင်းပေးလို့ တော်ပါသေးရဲ့၊ မဟုတ်လို့ကတော့ ကျွန်မတို့ တာဝန်ကို ထိခိုက်မိခဲ့မှာပဲ။” ဟု ကျွန်မ တွေးမိသည်။ သို့ရာတွင် အမှန်တရားပြီးနောက်မှာ၊ ကျွန်မက မိမိကိုယ်ကိုယ် မဆန်းစစ်ခဲ့သကဲ့သို့၊ သိဖို့လည်း မကြိုးစားခဲ့ပါ။ ကျွန်မက ဆက်၍ မာနထောင်လွှားနေပြီး၊ အကျိုးသင့်အကြောင်းသင့် မရှိခဲ့ပါ။ ကျွန်မ၏ ညီအစ်ကိုမောင်နှမများ၏ တာဝန်များမှာ အမှားများကို မြင်သည့်အခါမှာ၊ “နင်တို့က ဒီကိစ္စသေးသေးလေးတောင် မှန်အောင် မလုပ်နိုင်ရင်၊ ဘာလုပ်နိုင်လဲ။ နင်စိတ်ပါလက်ပါ ရှိတယ်လို့ ငါတော့မထင်ဘူး။” ဟု တွေးရင်း၊ သူတို့ကို တင်တင်စီးစီးနှင့် ဆူပူခဲ့သည်။ တဖြည်းဖြည်းနှင့်၊ သူများများက ကျွန်မကြောင့် အနေအထိုင်ကျပ်လာပြီး၊ ခပ်ခွာခွာနေစ ပြုလာကြသည်။ ညီအစ်မ တစ်ယောက်ကို ကျွန်မ တော်တော်တင်းကျပ်လိုက်ရာ သူမ၏အလုပ်ကိုပင် သူမ ဆက်ပြီး မလုပ်ချင်တော့ပါ။ ကျွန်မ မှားနေသည်ကို သိပါ၏၊ သို့ရာတွင် တစ်ခုခု ပေါ်လာသည့်အချိန်တိုင်း၊ ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထားကို မထုတ်ဖော်ဘဲ မနေနိုင်ပါ။ ကျွန်မ ယခင်က မည်သို့ပြိုလဲပြီး ရှုံးနိမ့်ခဲ့ပုံကို တွေးရင်း၊ ကျွန်မ ကြောက်စိတ်လေး ရေးရေးတော့ ဝင်မိပါ၏၊ သို့ရာတွင် ထိုအချိန်မှာ ကျွန်မ၏ ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေမိခဲ့ပါ။
နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်ကို အရေးကြီးသည့် တာဝန်တစ်ခု ပေးဖို့ တစ်ဖက်သတ် ဆုံးဖြတ်ချက်ချခဲ့သည်။ သူမက လှည့်စားတတ်ကြောင်း၊ သူမက အရေးကြီးသည့် တာဝန်နှင့် ကောင်းကောင်း မသင့်တော်ကြောင်း ညီအစ်ကို တစ်ယောက်က ကျွန်မကို သတိပေးသည်။ ကျွန်မက၊ “သူ့မှာ ပြဿနာနည်းနည်းတော့ရှိပါရဲ့၊ ဒါပေမဲ့ ရှင်ပြောသလောက်တော့ မဆိုးသေးပါဘူး။ အကျင့်ပျက်တာတို့၊ အားနည်းချက် တို့ မရှိတဲ့သူ ဘယ်သူရှိလို့လဲ” ဟုတွေးမိသည်။ ကျွန်မက ဤညီအစ်ကို၏ အကြံပြုချက်ကို လုံးဝ လေးလေးနက်နက် မယူခဲ့ပါ၊ သို့ရာတွင် ထိုညီအစ်မကို မိတ်သဟာယပြုပြီး ဖြေရှင်းပေးကာ သူမ၏ ပြဿနာကို သတိပေးခဲ့သည်။ သူမက လုံးဝကို မာယာများပြီး၊ သူမ၏ တာဝန်မှာ ပေါ့ဆခြင်း ဖြစ်လာသည့်အခါမှာ ကျွန်မ တုန်လှုပ်ခဲ့ရသည်။ ဤသည်က ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ပြင်းထန်သည့် ဆုံးရှုံးမှုတစ်ခု ဖြစ်စေခဲ့သည်။ ဤသည်ကို ခေါင်းဆောင် သိသွားသည့်အချိန်မှာ၊ သူက ကျွန်မကို မျက်နှာထားတင်းတင်းနှင့် “နင်က မာယာများတဲ့ လူတစ်ယောက်ကို ရာထူးတိုးပေးရင်း၊ နင့်ကိစ္စပဲ နင်လုပ်တယ်။ ညီအစ်ကိုတစ်ယောက်က နင့်ကို သတိပေးပေမဲ့၊ နင်က သူ့ကို နားမထောင်ခဲ့သလို၊ အဲဒါကို ကိုယ့်ဘာသာလည်း မစစ်ဆေးခဲ့ဘူး။ အခုတော့ ဒါက တကယ့်ကို လေးနက်တဲ့ အကျိုးဆက်တွေ ဖြစ်လာပြီး၊ ကြီးမားတဲ့ အနှောင့်အယှက်တစ်ခုကို ဖန်တီးခဲ့ပြီ။ ဒါဟာ နင့်ရဲ့ တာဝန်မှာ နင်တာဝန်မယူဟု ဖြစ်ရတာပဲ။ နင်က သမ္မာတရားကို နားမလည်ဘဲ၊ မာနထောင်လွှားတယ်။ နင့်ကို အစားထိုးမှရမယ်။” ဟု ဆူပူခဲ့သည်။ အလွန် ပြင်းပြင်းထန်ထန် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည်မှာ ကျွန်မအတွက် ဒုက္ခကြီးလှပါသည်။ ကျွန်မ ညီအစ်ကိုမောင်နှမများစွာ ရှေ့မှာ ကျွန်မ၏ တာဝန်က ထုတ်ပယ်ခြင်း ခံလိုက်ရပြီး၊ ကျွန်မကြောင့် ဖြစ်ခဲ့သည့် အနှောင့်အယှက် မည်မျှကြီးသည်၊ ပြီးလျှင် ကျွန်မကို အစားထိုးရမည်တို့ကို ခေါင်းဆောင်က အသားပေး ပြောခဲ့သည်။ ကျွန်မက ဇာတ်သိမ်းသွားပြီဖြစ်သည်၊ ကျွန်မ သေချာပေါက် ဖယ်ရှင်းခံရပြီး၊ နောက်ထပ် ကြိုးစားအားထုတ်ဖို့ကို အသုံးမဝင်တော့ပါဟု ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ အစားထိုးခံရပြီးနောက်မှာ ကျွန်မက တကယ်ကို အပျက်သဘောဆောင်လာသည်။ ဖြစ်ခဲ့သည့်အရာကို ကျွန်မ အိပ်ရာထဲမှာ ညတိုင်းတွေးပြီး၊ စငိုတော့သည်။ လူတစ်ယောက်ကို တွေ့ရဖို့ကို အချိန်အတော်ကြာသည့်အထိ ကျွန်မ အလွန် ရှက်နေခဲ့သည်။ ကျွန်မ၏ ညီအစ်ကိုမောင်နှမများ အားလုံးက သူတို့၏ တာဝန်များကို ပျော်ပျော်ရွှင်ရွှင် ထမ်းဆောင်နေသည်ကို ကျွန်မမြင်ပြီး၊ ကျွန်မ၏ မာနထောင်လွှားသည့် သဘာဝကြောင့်၊ ကျွန်မက သူတို့နှင့် တစ်စက်မျှ မတူဟု ခံစားခဲ့ရသည်၊ မည်သူနှင့်မျှ မဆွေးနွေးဘဲ၊ အကြံဉာဏ် မတောင်းဘဲနှင့် ကျွန်မက လှည့်စားတတ်သည့် သူတစ်ယောက်ကို ရာထူးတိုးပေးခဲ့ပြီး အသင်းတော်၏ အလုပ်ကို တော်တော် အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ကျွန်မက ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရပါဦးမည်လား။ ကျွန်မ၏ ယုံကြည်မှု လမ်းကြောင်းက ဤကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နှင့် အဆုံးသတ်လိမ့်မည်ဟု ကျွန်မ တစ်ခါမျှ မတွေးဖူးပါ။ ဘုရားသခင်က ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့က ကယ်တင်ခြင်းဖြစ်သည်၊ သုတ်သင်ဖယ်ရှင်းခြင်း မဟုတ်ပါဟု ပြောသည့်အချိန်မှာ၊ ယင်းက ကျွန်မနှင့် မသက်ဆိုင်ပါဟုပင် ကျွန်မ မယုံသင်္ကာဖြစ်စ ပြုလာသည်။ ကျွန်မ၏ စိတ်နှလုံးက နားလည်မှုလွဲခြင်းများနှင့် ပြည့်နေသည်။ တစ်ခါမှာ ခေါင်းဆောင်က ကျွန်မတို့နှင့် အလုပ်အကြောင်း မိတ်သဟာယပြုဖို့ လာသည့်အချိန်မှာ၊ ကျွန်မက အဝေးဆုံးချောင်ထဲမှာ ပုန်းနေခဲ့သည်။ သူမက ကျွန်မ နာမည်ကို ရုတ်တရက်ခေါ်ပြီး၊ လတ်တလော ကျွန်မ မည်သည့်တိုးတက်မှုရှိသည်ကို မေးလိုက်သည့်အချိန်မှာ ကျွန်မ တော်တော် အံ့အားသင့်သွားခဲ့သည်။ ကျွန်မက ပြုပြင်ခံရပြီး၊ ကိုင်တွယ်ဖြေရှင်းခံရပြီးနောက်မှာ၊ အပျက်သဘောဆောင်ခြင်း ရှိမရှိကို သူမက ဆက်မေးပြီး၊ ထို့နောက်မှာ သူမက ကျွန်မနှင့် လေးလေးနက်နက် မိတ်သဟာယပြုပြီး၊ “မင်းက ငယ်သေးတယ်။ သမ္မာတရားကို လိုက်စားပြီး၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို အာရုံစိုက်သင့်တယ်။” ဟု တိုက်တွန်း အားပေးခဲ့သည်။ ဤစိတ်ရင်းအတိုင်းလာသည့် စကားများကို ခေါင်းဆောင်ထံမှ ကြားရသည်မှာ ကျွန်မအတွက် အလွန် နှစ်သိမ့်မှုပေးပြီး အားပေးလိုက်သည်ကို၊ ကျွန်မမှာ အငိုမတိတ်နိုင်ခဲ့ပါ။ ကျွန်မက အလွန်မာနထောင်လွှားပြီး စိတ်ကြီးဝင်ခဲ့သည်။ ကျွန်မအလုပ်မှာ တာဝန်ယူမှုမရှိဘဲ ပေါ့ဆခဲ့သည်။ ပြီးလျှင် အသင်းတော်၏ အလုပ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။ ခေါင်းဆောင်က ကျွန်မကို အစားထိုးခဲ့သည်၊ ကျွန်မကို ပြုပြင်ပြီး၊ ကိုင်တွယ်ဖြေရှင်းခဲ့သည်မှာ မှန်ပါသည်၊ သို့ရာတွင် သူမက ကျွန်မကို အားလည်းပေးလိမ့်မည်ဟု ကျွန်မ တစ်ခါမှ စိတ်မကူးဖူးပါ။ ကိုယ်တော့်၏ သနားကရုဏာအတွက် ဘုရားသခင်ကို ကျွန်မ၏ စိတ်နှလုံးထဲမှ ကျေးဇူးတင်မိပါသည်။ ထိုညက ကျွန်မ၏ မျက်ရည်များကြားထဲက ဘုရားသခင်ကို ဆုတောင်းခဲ့ပြီး၊ မိမိကိုယ်ကိုယ် တကယ့်ကို အမှန်အတိုင်း ပြန်ဆန်းစစ်ဖို့၊ ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထားကို ဖြေရှင်းရအောင် သမ္မာတရားကို ရှာဖွေဖို့အတွက် စိတ်ပိုင်းဖြတ်လိုက်သည်။
နောက်ပိုင်းမှာ ကျွန်မ ဘုရားသခင်၏နှုတ်ကပတ်တော်၏ ဤကျမ်းပိုဒ်ကို ဖတ်ခဲ့ရသည်။ “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိဉာဏ်ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကိုယ် ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ကြည်ညိုသောအဆင့်ဆီ ရောက်လိုလျှင် သူတို့သည် သူတို့၏ ထောင်လွှားသော စိတ်သဘောထားများကို ပထမဦးစွာ ဖြေရှင်းရမည်။ သင်၏ ထောင်လွှားသောစိတ်သဘောထားကို စေ့စပ်သေချာစွာ ဖြေရှင်းလေလေ၊ ဘုရားသခင်ကို ကြည်ညိုကိုင်းရှိုင်းလေလေ ဖြစ်သည်။ ထိုအခါမှသာ သင်သည် ကိုယ်တော်ကိုနာခံနိုင်ကာ သမ္မာတရားကို ရနိုင်ပြီး ကိုယ်တော်ကို သိနိုင်မည်။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ကျွန်မ၏ မာနထောင်လွှားသည့် သဘာဝကို အခြေခံပြီး ပြုမူခြင်းများက ဖောက်ပြန်ပျက်စီးမှုအချို့ကို ထုတ်ဖော်ပြသည့် ပြဿနာ တစ်ခုသာ မဟုတ်ဘဲ၊ အဓိကအချက်မှာမူ အခြားလူများနှင့် ဘုရားသခင်ကိုပင် လျစ်လျူရှုစေခဲ့ခြင်းဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်က ဖွင့်ပြခြင်းမှ ကျွန် မြင်ခဲ့ရသည်။ မရည်ရွယ်ဘဲ၊ ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံစေသည်။ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်နေသည့် အချိန်ကို ပြန်တွေးကြည့်ပါက၊ ကျွန်မက တော်သည့်လူ တစ်ယောက်၊ အစွမ်းအစကောင်းသည့် လူတစ်ယောက်ဟု အမြဲ ခံစားခဲ့ရသောကြောင့်၊ ကျွန်မ၏တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မ၏ ဆုကျေးဇူးများနှင့် အစွမ်းအစများကိုသာ အားကိုးခဲ့သည်။ ကျွန်မက မိမိကိုယ်ကိုယ် ယုံကြည်မှု အလွန်ရှိသောကြောင့်၊ သိပ် ဆုမတောင်းပါ။ သမ္မာတရား၏ သဘောတရားများကိုလည်း မရှာဖွေပါ ကျွန်မ၏ စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာလုံးလုံး မရှိခဲ့ပါ။ ကျွန်မ၏ အလုပ်က အကျိုးမဖြစ်ထွန်းသည့်အချိန်မှာ ကျွန်မ ပို၍ လိမ္မာသော်လည့်း၊ အခြေခံစည်းမျဉ်းများကို ကျွန်မ အနည်းငယ် နားလည်ပြီး၊ အောင်မြင်မှုလေး အနည်းငယ် ရလာသည့်အခိုက်အတန့်မှာ၊ ယင်းကို ကျွန်မက ရင်းနှီးမြုပ်နှံမှုအနေနှင့် အသုံးချခဲ့သည်။ ကျွန်မလုပ်သမျှက အဆင်ပြေသည်၊ ကျွန်မ မည်သည့်အရာမဆို လုပ်ဟုရသည်၊ ကျွန်မက လူများနှင့် အခြေအနေများကို အကဲဖြတ်နိုင်သည်၊ ပြဿနာမရှိပါဟု ခံစားခဲ့ရသောကြောင့်၊ အကြွင်းမဲ့အာဏာရှင်အနေနှင့် အရာအားလုံးမှာ ကျွန်မ၏ ကိုယ်ပိုင် နည်းလမ်းအတိုင်း လုပ်ရင်း၊ ကျွန်မာက ပို၍ပင် မာနထောင်လွှား လာသည်၊ စိတ်ကြီးဝင်လာသည်၊ ပြီးလျှင် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူလာသည်။ ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်နှင့်အတူ သမ္မာတရားကို ရှာဖွေသည်ကိုပင် ဟန့်တားနှောင့်ယှက်ခဲ့ပြီး၊ ကျွန်မ၏ အတွေးအခေါ်က သမ္မာတရားလိုလို ဘာလိုလိုနှင့် သူတို့ လက်ခံလာအောင်၊ နာခံလာအောင် လုပ်ရင်း သူတို့အပေါ် သွတ်သွင်းခဲ့သည်။ ကျွန်မက မိမိ၏ မာနထောင်လွှားသည့် သဘာဝအတိုင်း ပြုမူနေခဲ့ကြောင်း၊ ကျွန်မက ညီအစ်ကိုမောင်နှမများကို ဘောင်ခတ်ပြီး နစ်နာစေခြင်းသာ ဖြစ်စေခဲ့ကြောင်း၊ ပြီးလျှင် အသင်းတော်၏ အလုပ်ကို ပြင်းပြင်းထန်ထန် နှောင့်ယှက်ခဲ့ကြောင်း အမှန်တရားက ကျွန်မကို ပြခဲ့သည်၊ စာတန်၏ လက်ပါးစေနေရာကပင် ကျွန်မ ပြုမူခဲ့သည် ခေါင်းဆောင်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းခြင်း၊ ဤ ကြီးမားသည့် အနှောင့်အယှက်ကို ဖော်ထုတ်ခြင်းသည် လုံးဝ မှန်ပါသည်။ ကျွန်မ၏ တာဝန်က အထုတ်ခံရခြင်းသည် လုံးဝ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသာ ဖြစ်ပါသည်။ မာနထောင်လွှားသည့် သဘာဝက မည်မျှ ကြောက်စရာကောင်းသည်၊ မည်မျှ အန္တရာယ်များသည်ကို နောက်ဆုံးမှာ ကျွန်မ တွေ့လိုက်ရသည်။ ဤအရာက မဖြေရှင်းဘဲ ကျန်နေပါက၊ ကျွန်မက ဆိုးယုတ်မှုကို အချိန်မရွေး ပြုလုပ်နိုင်ပြီး၊ ဘုရားသခင်ကို အချိန်မရွေး ခုခံနိုင်သည်၊ ပြီးလျှင် ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ကျွန်မ နှောင့်ယှက်နိုင်သည်၊ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်သည်၊ ပြီးလျှင် သုတ်သင်ဖယ်ရှင်းခြင်း ခံရနိုင်ပြီး ပြစ်ဒဏ်ပေးခြင်း ခံရနိုင်သည်။ ကျွန်မ အစားထိုးခံရပြီးနောက် ကျွန်မ၏ တာဝန်မှာ အခြားပြဿနာများက ပေါ်လာခဲ့သည်။ ညီအစ်ကိုမောင်နှမများ၏ အပြစ်တင်ခြင်းများကို ရင်ဆိုင်ပြီး၊ ကျွန်မ၏ အလုပ်ထဲမှာ ပြဿနာများက ပေါ်လာသည်၊ နောင်တများနှင့် မိမိကိုယ်ကိုယ် အပြစ်တင်ခြင်းများစွာ ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ မိမိကိုယ်ကိုယ် တကယ့်ကို မုန်းတီးခဲ့သည်။ ကျွန်မ အဘယ့်ကြောင့် အလွန် မာနထောင်လွှားခဲ့ရသနည်း။ ကျွန်မက ပါရမီထူးသည်၊ ကျွန်မလုပ်သမျှက အဆင်ပြေသည်ဟု အမြဲတမ်း ခံစားခဲ့ရသော်လည်း၊ ဘုရားသခင်ကို စိတ်ကျေနပ်စေသည့် အရာအနည်းငယ်မျှပင် လုပ်ခဲ့ပါသလား။ ကျွန်မ ထမ်းဆောင်ခဲ့သည့် တာဝန်က စုတ်ပြတ်နေသည့်အရှုပ်အထွေး တစ်ခုဖြစ်ပြီး၊ ကျွန်မက အနှောင့်အယှက်ပေးခြင်းကလွဲပြီး မည်သည့်အရာမျှ မဟုတ်ပါ။ ကျွန်မမှာသာ ဘုရားသခင်အတွက် ချစ်ကြောက်ရိုသေခြင်း အနည်းငယ်ပင် ရှိခဲ့ပါက၊ ကျွန်မ ပို၍ ဆုတောင်းခဲ့ပါက သို့မဟုတ် ပို၍ ရှာဖွေခဲ့ပါက၊ သို့မဟုတ် အခြားသူများနှင့် အမှုအရာများကို မိတ်သဟာယပြုပြီး၊ ဆွေးနွေးခဲ့ပါက၊ ကျွန်မက အနည်းငယ်လေးပို၍သာ သတိထားခဲ့ပါက၊ ဘုရားသခင်ကို ပမာမခန့်လုပ်သည့်အထိ ကျွန်မ ဖြစ်လာခဲ့မှာ မဟုတ်ပါ။
ကျွန်မ၏ မာနထောင်လွှားသည့် သဘာဝကို ဖြေရှင်းဖို့ ကျွန်မ၏ ကြိုးစားအားထုတ်မှုမှာ၊ နောက်ပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ဖတ်ရပြီး၊ “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်) ဤကျမ်းပိုဒ်ကို ထပ်ဖတ်ရင်း၊ လူတစ်ယောက်၏ မာနထောင်လွှားသည့် သဘာဝကို ဖြေရှင်းဖို့ တစ်ခုတည်းသော လမ်းကြောင်းဟာ ဘုရားသခင်၏ စီရင်ခံရခြင်း၊ ပြစ်တင်ဆုံးမခံရခြင်း၊ ပြုပြင်ခံရခြင်း နှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လက်ခံဖို့ ဖြစ်သည်ကို ကျွန်မ တကယ့်ကို အသိအမှတ်ပြုလာခဲ့သည်။ စာတန်ကြောင့်ဖြစ်သည့် ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးမှုက သိပ်များသောကြောင့် ကျွန်မတို့က ဘုရားသခင်နှုတ်ကပတ်တော်များကို ဖတ်ရှုတာနှင့် ကိုယ်ပိုင် ဆန်းစစ်မှုများကိုသာ အားကိုးရင်၊ ကျွန်မတို့၏ မိမိကိုယ်ကိုယ် နားလည်မှုက ပေါ့တန်ပြီး၊ ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက ပြောင်းချင်မှ ပြောင်းလိမ့်မည်။ ဘုရားသခင်က ကျွန်မကို မကြာခဏ ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း မရှိပါက ကျွန်မဟာ မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေဦးမည် ဖြစ်ပြီး၊ ကျွန်မက အထင်ကြီးလောက်သည်ဟု ထင်နေဦးမည် ဖြစ်သည်။ ကျွန်မ မိမိကိုယ်ကိုယ် လုံးဝ သိမည်မဟုတ်ပါ။ ကျွန်မ မည်မျှ မာနထောင်လွှားသည် သို့မဟုတ် ကျွန်မ၏ ဆိုးယုတ်သည့် စိတ်သဘောထား မည်မျှ ပြင်းထန်သည်ကို ကျွန်မ တကယ်ကို သိခဲ့မည် မဟုတ်ပါ။ ယခု ကျွန်မ လုပ်ခဲ့သမျှအားလုံးကို ပြန်တွေးကြည့်လိုက်သည့်အခါ၊ ကျွန်မ အလွန်ရှက်ပြီး၊ နောင်တများနှင့် ပြည့်နေသည်။ ထိုအကြောင်းတွေးရသည်မှာ ကျွန်မကို ကြောက်ရွံ့တွန့်ဆုတ်စေပြီး၊ ကျွန်မ၏ ခေါင်းကိုပင် မမော့နိုင်ပါ။ သို့ရာတွင် ကျွန်မ၏ မာနထောင်လွှားသည့် သဘာဝကို နားလည်မှု အနည်းငယ် ရရှိစေပြီး၊ မည်သည့်နေရာမှာ ကျွန်မ ပြိုလဲပြီး ရှုံးနိမ့်နိုင်သည်ကို သိစေခဲ့ခြင်းက ထိုကဲ့သို့ နာကျင်သည့် သင်ခန်းစာသာ ဖြစ်ပါသည်။ ယင်းက ဘုရားသခင်အတွက် ချစ်ကြောက်ရိုသေမှု အချို့ကိုလည်း ကျွန်မကို ပေးခဲ့သည်။ ကျွန်မ၏ တာဝန်မှာ ကျွန်မက သမ္မာတရား၏ လက်တွေ့အရှိတရားနှင့် သမ္မာတရား ရှာဖွေသည့် နှလုံးသားတို့ နှစ်ခုလုံး လုံးဝ ကင်းမဲ့နေသည်ကိုလည်း တွေ့ခဲ့သည်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသည်၊ ထင်တိုင်းကြဲသည်၊ ပြီးလျှင် အနှောင့်အယှက်ပေးသည်။ သာမန်အစွမ်းအစသာရှိသော်လည်း၊ သူတို့တာဝန်ကို တာဝန်သိစိတ်ရှိရှိနှင့် ထမ်းဆောင်သည့် ထိုညီအစ်ကိုမောင်နှမများနှင့် နှိုင်းယှဉ်လိုက်ပါက၊ ကျွန်မက မည်သည့်အရာမျှ မဟုတ်ပါ။ ကျွန်မ၏ မာနထောင်လွှားမှုက အခြေအမြစ် မရှိပါ။ ဤအရာများအားလုံးကို နားလည်ပြီးနောက်မှာ၊ ကျွန်မက မိမိ၏ တာဝန်မှာ ပိုနှိမ့်ချခဲ့ပြီး၊ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲတာ မဖြစ်တော့ပါ။ မိမိကိုယ်ကိုယ် ဖယ်ထားပြီး၊ ငြင်းပယ်သည်ကို သတိရှိရှိနှင့် လက်တွေ့လုပ်ဆောင်ခဲ့သည်။ သမ္မာတရား၏ အခြေခံစည်းမျဉ်းများကို ပို၍ ရှာဖွေပြီး၊ ညီအစ်ကိုမောင်နှမများကို ပို၍ နားထောင်ခဲ့သည်။ အသင်းတော်မှာ မည်သည့် ပြဿနာကိုမဆို ဖြေရှင်းဖို့ ပွင့်လင်းသည့် ဆွေးနွေးချက်များ စလုပ်လာခဲ့သည်။ တစ်ခါတစ်ရံမှာ ကျွန်မ၏ မာနထောင်လွှားသည်ကို ထပ်ပြခြင်း သို့မဟုတ် မိမိတာဝန်မှာ အခြေခံစည်းမျဉ်းများ ချိုးဖောက်ခြင်း လုပ်မိသည့်အခါမှာ၊ ကျွန်မက မိမိကိုယ်ကိုယ် ဘေးဖယ်ခြင်းကို လက်တွေ့လုပ်ဆောင်ပြီး၊ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လက်ခံသကဲ့သို့၊ သူများများ၏ လမ်းပြမှု နှင့် အကူအညီကိုလည်း လက်ခံခဲ့သည်။ တဖြည်းဖြည်းနှင့်၊ ထိုနည်းလမ်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းက တကယ်ကို အကျိုးရှိသည်ကို ကျွန်မ ခံစားခဲ့ရသည်။ သမ္မာတရားကို ကျွန်မ၏ နားလည်မှုက မလေးနက်ဘဲ၊ အမှုအရာ တော်တော်များများမှာ ထိုးထွင်းအမြင်ကလည်း ချို့သည့် အတွက်၊ ညီအစ်ကိုမောင်နှမများနှင့် အလုပ်လုပ်ပြီး၊ လူတိုင်း၏ အမြင်ရှုထောင့်များကို ချိန်ညှိခြင်းအားဖြင့် အမှုအရာများနှင့် ပတ်သက်ပြီး ကျွန်မ နားလည်မှုများ ပိုရနိုင်သည်။ ကျွန်မ၏ တာဝန်ကို ထိုနည်းလမ်းနှင့် လုပ်ခြင်းအားဖြင့်၊ ကျွန်မ မသိလိုက်မီ၊ ကျွန်မမှာ ဘုရားသခင်၏ ကွယ်ကာမှုကို ရခဲ့သည်။ ကျွန်မ အမှားကြီးများ နောက်ထပ် မလုပ်တော့သကဲ့သို့၊ ကြီးမားသည့် ပြဿနာများလည်း မရှိတော့ပါ၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများ၏ ကြီးကြပ်မှုအောက်မှာ၊ ကျွန်မ၏ မာနထောင်လွှားသည့် သဘာဝကို အနည်းငယ် ချုပ်တည်းထားနိုင်သည်။ ဤသည်ကို လက်တွေ့လုပ်ဆောင်ခြင်းက ကျွန်မကို ငြိမ်းချမ်းမှု နှင့် စိတ်အေးသက်သာရှိသည့် အသိစိတ်တစ်ခု ပေးခဲ့ပြီး၊ တဖြည်းဖြည်းချင်း ကျွန်မက မောက်မာခြင်းက နည်းသည်ထက် နည်းလာသည်။ တစ်ခါက ကျွန်မနှင့် အတူ အလုပ်လုပ်သည့် ညီအစ်မက “နင့်ကို ငါသိတာ အခုဆိုရင် နှစ်နှစ်နီးပါးရှိပြီ။ နင်က အရမ်း မာနထောင်လွှားခဲ့ပြီး၊ တခြားလူတွေက နင့်ကြောင့် အမြဲ အနေအထိုင် ကျပ်ခဲ့ကြတယ်၊ ဒါပေမဲ့ အခုတော့ နင် တကယ့်ကို ပြောင်းလဲခဲ့ပြီ။” ဟု ပြောခဲ့သည်။ အဲဒီအချိန်မှာ ကျွန်မ ငိုမိတော့မလို ခံစားခဲ့ရသည်။ ကျွန်မက အင်မတန် မာနထောင်လွှားခဲ့သည်။ ဤအရာ အနည်းငယ် ပြောင်းလဲလျှင်ပင် အလွယ်တကူ ဖြစ်ခြင်း မဟုတ်ပါ။ လွန်ခဲ့သည့် နှစ်နှစ် သုံးနှစ်ကို ပြန်တွေးကြည့်ပါက၊ ပြုပြင်ခံရပြီး၊ ကိုင်တွယ်ဖြေရှင်းခံခဲ့ရသည့် ထိုမေ့မရသည့် အချိန်နှစ်ချိန်က ကျွန်မအတွက် အထောက်အကူ အဖြစ်ဆုံးနှင့် အကျိုးအရှိဆုံး ဖြစ်ပါသည်။ ယင်းကိုသာ ကျွန်မ မကျော်ဖြတ်ခဲ့ပါက၊ ယခုအချိန်တွင်ပင် ကျွန်မမှာ သင့်တော်သည့် လူ့သဘာဝ ပိုင်ဆိုင်မည် မဟုတ်ပါ၊ ဘုရားသခင်နှင့် ပတ်သက်ပြီး လုံးဝ တွေးမည် မဟုတ်ပါကို ကျွန်မ သေချာပါသည်။ ကျွန်မက ဘုရားသခင်ကို အချိန်မရွေး ဆန့်ကျင်လုနီးဖြစ်ပြီး၊ အန္တရာယ်များသည့် ချောက်ကမ်းပါးတစ်ခုပေါ်မှာ ရှိနေမည် ဖြစ်သည်။ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့က ကျွန်မအတွက် ဘုရားသခင်၏ ကွယ်ကာခြင်းနှင့် ကယ်တင်ခြင်း ဖြစ်သည်ကို ယခု ကျွန်မ တကယ်ကို သိလိုက်ပါပြီဖြစ်သည်။