၆၆။ ကျွန်မရဲ့ မောက်မာမှုကို ပြောင်းလဲပစ်ခဲ့ပုံ

အမေရိကန်နိုင်ငံ၊ ကျင့်ဝေ့

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ပြင်းထန်သော နှုတ်ကပတ်တော်များဖြစ်စေ၊ တရားစီရင်မှုဖြစ်စေ၊ ပြစ်တင်ဆုံးမမှုဖြစ်စေ ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် လူသားကို စုံလင်စေရန်ဖြစ်ပြီး လုံးဝသင့်လျော်မှုရှိသည်။ ဘုရားသခင်သည် ဤကဲ့သို့သော အမှုကို ခေတ်ကာလအဆက်ဆက်တွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဖူးပေ။ သူ၏ဉာဏ်ပညာကို သင်တို့ အသိအမှတ်ပြုစေရန် ယနေ့ သူသည် သင်တို့အတွင်း၌ အမှုပြုခြင်း ဖြစ်သည်။ သင်တို့သည် မိမိတို့၏အတွင်း၌ နာကျင်မှုအချို့ကို ခံစားခဲ့ပြီး သော်လည်း၊ သင်တို့၏စိတ်နှလုံးသည် တည်ကြည်မှုကို ခံစားရပြီး ငြိမ်သက်ခြင်း ရှိနေသည်။ သင်တို့အနေဖြင့် ဘုရားသခင့်အမှု၏ ဤအဆင့်ကို မွေ့လျော်ခံစားနိုင်ခြင်းမှာ သင်တို့၏ ကောင်းချီးမင်္ဂလာပင်ဖြစ်သည်။ အနာဂတ်တွင် သင်တို့အနေဖြင့် မည်သည့်အရာကို ရရှိနိုင်မည်ဖြစ်စေ ယနေ့တွင် သင်တို့အတွင်း၌ ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ သင်တို့မြင်ရသမျှမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို မကြုံတွေ့ရပါက၊ သူ၏လုပ်ဆောင်မှုများနှင့် စိတ်အားထက်သန်မှုသည် အပေါ်ယံအဆင့်တွင် အမြဲရှိနေမည်ဖြစ်ပြီး သူ၏စိတ်သဘောထားသည်လည်း အမြဲမပြောင်းမလဲ တည်ရှိနေမည် ဖြစ်သည်။ ဤအရာအား ဘုရားသခင်၏သိမ်းပိုက်ခြင်းကို ခံထားရခြင်း အဖြစ် မှတ်ယူ၍ ရသလော။ ယနေ့တွင် လူသားအတွင်း၌ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့ များစွာရှိနေသေးသော်လည်း၊ လူသား၏ စိတ်သဘောထားကမူ ယခင်ကထက် များစွာတည်ငြိမ်၏။ ဘုရားသခင်က သင့်အား ရိုက်နှက်ဆုံးမခြင်းမှာ သင့်ကို ကယ်တင်ရန် ဖြစ်၏၊ ထို့ပြင် သင့်အနေဖြင့် ထိုအချိန်တွင် နာကျင်မှုအနည်းငယ် ခံစားရနိုင်သော်လည်း၊ သင့်စိတ်သဘောထားထဲ၌ ပြောင်းလဲမှု ဖြစ်ပေါ်လာသည့် နေ့ရက် ရောက်ရှိလာလိမ့်မည်။ ထိုအချိန်တွင် သင်သည် ပြန်ပြောင်းတွေးကြည့်ပြီး ဘုရားသခင်၏အမှုသည် မည်မျှအမြော်အမြင် ရှိကြောင်းကို မြင်လိမ့်မည်ဖြစ်ကာ၊ ထိုအချိန်၌ ဘုရားသခင်၏ အလိုတော်ကို သင်အမှန်တကယ်နားလည်လိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်”) ကျွန်မအရင်ကဆို စိတ်အားထက်သန်မှုနဲ့ အမှုတော်အတွက် တန်ဖိုးတစ်ခု ပေးလိုစိတ်ကပဲ၊ ဘုရားရဲ့ အသိအမှတ်ပြုမှုကို ရမယ်လို့ ထင်ခဲ့ဖူးတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှု ကိုလက်ခံဖို့၊ ဒါမှမဟုတ် သဘောထားပြောင်းလဲမှုနဲ့အညီနေဖို့ အာရုံမစိုက်ခဲ့မိပါဘူး။ ကျွန်မအမှုတော်ကို ဒီအတိုင်း စိတ်ကြီးဝင်ပြီး ဘုရင်တစ်ပါးလို လုပ်ခဲ့တာပါ။ ညီအစ်ကိုမောင်နှမတွေကိုလည်း အထင်သေးပြီး ထိခိုက်အောင်လုပ်ခဲ့ပြီးတော့ အသင်းတော်ရဲ့အမှုကို ထိခိုက်စေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘုရားရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုသာ မရှိဘူးဆိုရင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘောထားလည်း သန့်စင်ပြောင်းလဲပေးမှု မခံရနိုင်ဘဲ ဘုရားကျေနပ်စေဖို့ ကျွန်မအမှုတော်ကိုလည်း ဘယ်တော့မှ ထမ်းဆောင်နိုင်မှာမဟုတ်ဘူးဆိုတာ သိခဲ့ရပါတယ်။ ဘုရားရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုတွေက ကျွန်မတို့ကို ကယ်တင်ခြင်းပဲဆိုတာကို ကျွန်မ တကယ်ကြုံခဲ့ရပြီးပါပြီ။

၂၀၁၆ခုနှစ် ကျွန်မကို အပြင်အဆင်အတွက် ဒီဇိုင်နာတာဝန်ပေးခံရတော့ ပျော်ပြီးတော့ စဉ်းစားမိပါတယ်။ “ငါက အခန်းတွင်းဒီဇိုင်းပညာကို သင်ခဲ့ပြီးတော့ ဒီအပိုင်းမှာလည်း အတွေ့အကြုံက ၄ နှစ်ကျော်ရှိပြီးသား။ ဒါကို ကောင်းကောင်းမွန်မွန်နဲ့ ဘုရားကျေနပ်အောင်လုပ်ဖို့ ငါတတ်ကျွမ်းတဲ့ အရည်အချင်းတွေ အကုန်လုံးကို အသုံးချရတော့မယ်” လို့လေ။ နောက်တော့၊ ကျွန်မ ညီအစ်ကိုမောင်နှမတွေနဲ့ အရည်အချင်းတွေသင်ယူခဲ့ပြီးတော့ ဗျူဟာနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်မရဲ့အမှုတော်မှာ ရလဒ်တချို့ကို စပြီးတွေ့လာခဲ့ရပါတယ်။ လူတစ်ယောက်က၊ “မင်းတို့ ဒီအပြင်အဆင်မှာ တကယ်ကောင်းကောင်းလုပ်ခဲ့ကြတာပဲ။” လို့ပြောတာကြားတဲ့အချိန်တုန်းက၊ ဘုရားရဲ့လမ်းညွှန်မှုပါပဲလို့ ပြန်ဖြေခဲ့ပေမယ့်လည်း၊ ကျွန်မက “ဒါပေါ့၊ ဘယ်သူ ဒီဇိုင်းဆွဲလဲ မသိလို့လား။ ငါက ကျွမ်းကျင်သူတစ်ယောက်ပဲကို” လို့တွေးမိခဲ့ပါတယ်။ ကျွန်မ စပြီး မော်ကြွားလာပြီးတော့ စကားလည်း ကျယ်ကျယ်ပြောဖြစ်ခဲ့ပါတယ်။ သူများတွေရဲ့ အမှုတော်မှာ အမှားတချို့ မြင်လိုက်ရရင်လည်း သူတို့ကို အထင်သေးခဲ့မိပါတယ်။ အပြင်အဆင်အစီအစဉ်တွေကိုလည်း သူတို့နဲ့ မဆွေးနွေးတော့ပါဘူး။ ကျွန်မက ဒီဇိုင်းပညာသင်ခဲ့ပြီးတော့ သူတို့ကလည်း ကျွန်မစိတ်ကူးအတိုင်း လုပ်မှာပဲဆိုမှတော့၊ အချိန်ဖြုန်းသလိုဖြစ်နေတာမို့လို့ ဆွေးနွေးဖို့မလိုဘူးလို့ ထင်ခဲ့မိပါတယ်။ ကျွန်မက သတ္တုပုံကြမ်းကို ကိုယ့်ဘာသာကိုယ်လုပ်ပြီး ဒါရိုက်တာနဲ့ သွားဆွေးနွေးခဲ့ပါတယ်။

ကျွန်မကို အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးပြီးတဲ့နောက်မှာတော့ ကျွန်မက ညီအစ်ကိုမောင်နှမတွေအပေါ် ပိုပြီးတော့ မထေမဲ့မြင် ပြုလာခဲ့ပါတယ်။ ကျွန်မတို့ စားသောက်ဆိုင်အပြင်အဆင်အတွက် ဒီဇိုင်းဆွဲတုန်းကဆိုရင်၊ အဖွဲ့ထဲက အစ်ကိုကျန်းက၊ “အရှေ့တံခါးက နိမ့်နေတယ်။ ကြည့်မကောင်းဘူးနော်” လို့ပြောခဲ့ပါတယ်။ ကျွန်မ ဘာကိုမှ မလုပ်ခဲ့ပါဘူး။ ကျွန်မက၊ “ကျွန်မက စားသောက်ဆိုင် အပြင်အဆင်အတွက် ဒီဇိုင်းအများကြီး ဆွဲခဲ့ဖူးတာပဲ။ တံခါးအမြင့် ဘယ်လောက်ရှိရမလဲဆိုတာ ကျွန်မ မသိဘူးလို့ ရှင်တကယ်ထင်နေတာလား။ ရှင်က သိပ်အများကြီးမလုပ်ခဲ့ဖူးဘူး။ ဒီဇိုင်းပညာမသင်ဖူးဘူး၊ လက်တွေ့အတွေ့အကြုံလည်း သိပ်မရှိတာတောင်မှ မိကျောင်းမင်းရေခင်းပြ ချင်နေသေးတာလား” လို့ထင်ခဲ့မိပါတယ်။ ကျွန်မ စိတ်မရှည်စွာပဲ သူ့အကြံကို ပယ်ချလိုက်ပြီးတော့၊ ကျွန်မလိုချင်တဲ့အတိုင်းပဲ လူတိုင်းကို လုပ်ခိုင်းခဲ့ပါတယ်။ အဲဒါကို ကင်မရာမန်းကမြင်တော့၊ တံခါးက အရမ်းနိမ့်ပြီး ကင်မရာကို ကွယ်နေလိမ့်မယ်။ အဲဒါဆို သူရိုက်လို့ရမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ တံခါးအသစ်လုပ်ရုံကလွဲပြီး ကျွန်မတို့မှာရွေးစရာမရှိခဲ့ပါဘူး။ နောက်ပိုင်းမှာ ကျွန်မတို့ ဗီရိုတစ်လုံးလုပ်ဖို့လိုလာတော့ အစ်ကိုချန်းကို ကျွန်မဆွဲထားတဲ့အတိုင်း ဗီရိုတစ်လုံးလုပ်ပေးဖို့ ပြောခဲ့တာပေါ့။ သူက “အလယ်ပိုင်းက အရမ်းကျယ်နေတယ်။ ကြည့်လို့မကောင်းဘူး။ နည်းနည်းလောက် ကျဉ်းလိုက်မလား” လို့ပြောလာပါတယ်။ ကျွန်မက “အွန်လိုင်းကနေ လိုအပ်တာတွေအားလုံးကြည့်ပြီးသွားပြီ။ ပြီးတော့ ဒီအချိုးအဆ က မှန်တာပဲ။ ငါပြောသလိုလုပ်ရင် နင်မမှားနိုင်ဘူး” လို့တွေးမိခဲ့ပါတယ်။ ကျွန်မက မလုပ်ဖို့ငြင်းပြီးတော့၊ “ဘာတွေပြောနေတာလဲ။ ကျွန်မဆွဲထားတဲ့အတိုင်းပဲ လုပ်လိုက်ပါ” လို့ ပြောခဲ့ပါတယ်။ နောက်ဆုံးကျတော့ လူတိုင်းက အလယ်ပိုင်းကအရမ်းကျယ်ပြီး ကြည့်လို့မကောင်းဘူးလို့ ပြောလာကြပါတယ်။ အစ်ကိုချန်းလည်း အဲဒါကိုပြန်ပြင်ဖို့ အချိန်ပိုပေးခဲ့ရတော့ ရိုက်ကူးရေး နှောင့်နှေးခဲ့ရတယ်လေ။ ကျွန်မလည်း ကိုယ့်ကိုယ်ကို မသုံးသပ်၊ သိဖို့လည်း မကြိုးစားခဲ့ဘဲ အဲဒါတွေ ဘာမှမစဉ်းစားခဲ့မိတုန်းပါပဲ။ ကျွန်မလည်း “တစ်ခါတလေ အမှားမလုပ်မိတဲ့သူ ဘယ်သူရှိမှာလဲ ပြန်ပြင်ဖို့ အချိန်နဲ့ ပစ္စည်းနည်းနည်းလောက်က ပြဿနာကြီးကြီးမားမားမှ မဟုတ်တာ။” လို့ တွေးမိခဲ့တယ်လေ။

တစ်ခါက တွေ့ဆုံပွဲတစ်ခုပြီးတော့ အစ်ကိုကျန်းက ကျွန်မကို မှတ်ချက်ပေးလာပါတယ်။ “အစ်မ နောက်ပိုင်းသူများတွေနဲ့ အလုပ်လုပ်ပြီဆိုရင် တော်တော်ကို စိတ်ဓာတ်မာနေတာ သတိထားမိတယ်။ ကျွန်တော်တို့ အကြံပေးတာကိုလည်း နားမထောင်ဘူး။ သာမန်ကိစ္စလေးတွေကိုတောင် ပယ်ချပစ်တယ်။ မောက်မောက်မာမာနဲ့ သူများကိုနှိမ်ပြောပြီးတော့၊ အမြဲတမ်း အစ်မ ပြောတဲ့အတိုင်းလုပ်ဖို့ တိုက်တွန်းနေတယ်နော်။ အားလုံးက မောက်မာတဲ့သဘောထားကို ဖော်ပြတဲ့အမူအရာတွေပဲ” တဲ့ စကားအရတော့ ကျွန်မလက်ခံခဲ့ပေမယ့်၊ “ငါက မောက်မာပေမယ့် အဲဒါက ပြဿနာကြီးတစ်ခုမှ မဟုတ်တာ” လို့ စဉ်းစားနေခဲ့မိပါတယ်။ ရက်ပိုင်းလောက်ကြာတော့ အစ်ကိုလျူက မောက်မာတဲ့ကိစ္စနဲ့ ပက်သက်ပြီး ကျွန်မကို ကိုင်တွယ်ဖြေရှင်း ခဲ့ပါတယ်။ ကျွန်မက သူများပြောတာနားမထောင်ဘဲ နှိမ်ပြီးပြောတယ်လို့ ပြောလာပါတယ်။ သူပြောလို့မပြီးခင်မှာပဲ ကျွန်မရဲ့ အစိုင်အခဲက ပိုကြီးလာပါတယ်။ “ရှင်တို့ထဲက ဘယ်သူမှ ကျွန်မနဲ့ယှဉ်လို့မရဘူး။ ကျွန်မကိုတောင် ကိုင်တွယ်ဖြေရှင်းရဲတယ်ပေါ့” လို့တွေးမိခဲ့ပါတယ်။ အဲဒီအကြောင်း ပိုတွေးလေလေ ပိုပြီးလက်မခံနိုင်လေလေပါပဲ။ ဘုရားကိုဆုတောင်းနေရင်းတောင်မှ ဆင်ခြေတွေပေးနေခဲ့မိပါတယ်။ အဲဒီလိုပိုလုပ်လေလေ၊ ကျွန်မရဲ့ ဝိညာဉ်က ပိုပိုပြီး ဖိစီးမှောင်မိုက်လာလေလေ ပါပဲ။ ကျွန်မ အပြင်အဆင်ဒီဇိုင်းတွေ မှားဆွဲခဲ့မိပေမယ့်၊ ကိုယ့်ကိုယ်ကို မသုံးသပ်ခဲ့မိသေးပါဘူး။ တစ်ရက်ကျတော့ ကျွန်မခြေထောက်နဲ့ သံခုံစောင်းနဲ့ ရိုက်မိပြီးတော့၊ ကွဲရာက တော်တော်ကြီးသွားလို့ ဆေးရုံမှာ ၇ ချက် ချုပ်ခဲ့ရပါတယ်။ အဲဒါက မတော်တဆမဟုတ်ဘဲ နောက်ကွယ်မှာ ဘုရားရဲ့အလိုတော်ရှိတယ်ဆိုတာ ကောင်းကောင်းသတိထားမိပါတယ်။ နောက်ဆုံးမှာ ကျွန်မနှလုံးသား တိတ်ဆိတ်သွားပြီးတော့ တကယ့်ကို ပြန်သုံးသပ်ခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမတွေမှာ အကြံပေးစရာတွေရှိလာတိုင်း၊ အကူအညီဖြစ်စေမယ့် ထောက်ပြမှုတွေရှိလာတိုင်း၊ ကျွန်မ မယုံဘဲ ခေါင်းမာနေခဲ့ပါတယ်။ ကျွန်မက လက်ခံနာယူတတ်တဲ့လူ လုံး၀မဟုတ်ခဲ့ပါဘူး။ ကျွန်မက မယုံနိုင်စရာကောင်းလောက်အောင် မပြောင်းလဲနိုင်ခဲ့တာပါ။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့သဘောထားကို သိအောင်လမ်းပြပေးဖို့ ဘုရားထံမှာ ဆုတောင်းခဲ့ပါတယ်။

မနက်ခင်း ဝတ်ပြုချိန်တွေဆိုရင် ဘုရားနှုတ်ကပတ်တော်ထဲက ဒါလေးတွေကို ဖတ်ဖြစ်ပါတယ်။ “အခြားသောသူများကို သင့်ထက် နိမ့်ကျသည်ဟု သဘောထားပါက၊ သင်သည် မိမိကိုယ်ကိုယ်မှန်ကန်သည်ဟု ယူမှတ်သောသူ၊ စိတ်ကြီးဝင်သောသူ ဖြစ်ပြီး၊ မည်သူ့ကိုမျှ အကျိုးမပေးပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) “သင်သည် ကောင်းကင်ထက် အနည်းငယ်မျှသာ နိမ့်ကျသော်လည်း ကမ္ဘာမြေထက် အဆုံးမရှိ မြင့်မားသော မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်သည်ဟု မထင်လေနှင့်။ သင်သည် အခြားမည်သူမဆိုထက် တော်နေရန်ဝေးစွ၊ ငါ၏လုပ်ရပ်များကို အသေးစိတ်အကျဆုံးကအစ ရိပ်စားနိုင်ပုံရနေဘိသည့်အလား မိမိကိုယ်ကိုယ် အလွန်အထင်ကြီးကာ သိမ်ငယ်စိတ် လုံးဝမရှိဖူးသည့်အတွက် သင်သည် ကမ္ဘာမြေပေါ်မှ ဆင်ခြင်တုံတရား ရှိသည့် မည်သူမဆိုထက် သာ၍မိုက်မဲနေပုံမှာ ချစ်စဖွယ်ပင် ကောင်းနေသေးတော့သည်ဟု ဆိုနိုင်ပေသည်။ အမှန်တွင်၊ သင်သည် ငါလုပ်ဆောင်ရန် ကြံရွယ်ထားသောအရာကို မသိသကဲ့သို့၊ ယခု ငါလုပ်ဆောင်နေသည့်အရာကို သာ၍ပင် သတိမမူမိသည့်အတွက် အခြေခံအားဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့နေသူတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် လူ့ဘဝအပေါ် သိမြင်နားလည်ခြင်း ရေးရေးမျှပင် မရှိသော်လည်း၊ မြေကို ထွန်ယက်စိုက်ပျိုးစဉ် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများအပေါ် လုံးဝမှီခိုအားထားသော လယ်သမားဖြစ်သည့် မြေပေါ်၌ ပင်ပင်ပန်းပန်းအလုပ်လုပ်နေသည့် လယ်သမားအိုတစ်ဦးနှင့်ပင် သင်သည် တန်းတူမဟုတ်ဟု ငါဆို၏။ သင်သည် မိမိ၏အသက်တာအဖို့ နှစ်ခါမတွေး၊ ကျော်ကြားမှုနှင့်ပတ်သက်၍ သင့်အနေဖြင့် ဘာမျှ မသိသကဲ့သို့၊ သင်၌ မိမိကိုယ်ကိုယ် သိသောအသိ သာ၍မရှိချေ။ သင်သည် အလွန် ‘မြင့်မြတ်’ ပါသည်တကား။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော”) ဒါကိုဖတ်ပြီးတော့ ကျွန်မအတွင်းထဲမှာ ပျက်စီးနေပြီလို့ ခံစားခဲ့ရတယ်။ ကျွန်မကို နှုတ်ကပတ်တော်တွေနဲ့ ဖော်ထုတ်နေသလို ခံစားခဲ့ရပါတယ်။ ကျွန်မ အပြင်အဆင်ဒီဇိုင်နာ ဖြစ်လာကတည်းက၊ လုပ်ငန်းအကြောင်းသိပြီး အတွေ့အကြုံလည်းရှိခဲ့တော့၊ ကျွန်မက မရှိမဖြစ်လိုတဲ့ အရည်အချင်းရှိသူတစ်ယောက်လို့ ထင်ခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမတွေအပေါ်၊ ကျွန်မက ကျွမ်းကျင်သူဖြစ်တဲ့အတွက်၊ ဘယ်သူကမှ ကျွန်မရဲ့အချိန်အတွက် မထိုက်တန်ဘူးဆိုတဲ့အတွေးနဲ့ မောက်မာခဲ့ပါတယ်။ အမြဲတမ်း ကျွန်မကပဲဆုံးဖြတ်ချက်ချပြီးတော့ အလုပ်ကိစ္စ သူများတွေနဲ့ မဆွေးနွေးချင်ခဲ့ပါဘူး။ သူတို့မှာ ဒီဇိုင်းနဲ့ပတ်သက်တဲ့ အသိပညာမရှိတော့ အဲဒီလိုလုပ်တာက အချိန်ဖြုန်းတာပဲလို့ တွေးခဲ့မိပါတယ်။ ကျွန်မ စိတ်မပါဘဲ တစ်ခုခုကို ဆွေးနွေးရတဲ့အခါဆိုရင် ကျွန်မက ကိစ္စတွေကို ပိုပြီးနှံ့နှံ့စပ်စပ်သိတော့ ကျွန်မကပိုပြီး တတ်တယ်လို့ ထင်ခဲ့ပါတယ်။ သူတို့ပြောတာတွေ ငြင်းလိုက်ရုံကလွဲပြီး တစ်ခါမှမလုပ်ခဲ့ပါဘူး။ သူများအပေါ် အခြေခံလေးစားမှုတောင် ကျွန်မမှာမရှိခဲ့တာပါ။ ကျွန်မက မောက်မာပြီး ကိုယ့်ကိုယ်ကို သုံးသပ်ဖို့ ညီအစ်ကိုမောင်နှမတွေက ပြောတုန်းကလည်း၊ လက်မခံနိုင်ဘဲ ဆက်ပြီးခေါင်းမာခဲ့ပါတယ်။ ကျွန်မက မောက်မာလာတာကလွဲပြီး ဘာကိုမှ မဖော်ပြခဲ့တာ တွေ့ခဲ့ရတယ်။ ကျွန်မရဲ့ မောက်မာတဲ့သဘောထားနဲ့ နေထိုင်ရင်းနဲ့ သူများတွေကို အထင်သေးလာပြီးတော့၊ ညီအစ်ကိုမောင်နှမတွေကို ဖိနှိပ်နာကျင်စေခဲ့တာကလွဲပြီး ဘာမှမရှိခဲ့ပါဘူး။ ကျွန်မအလုပ်မှာ မောက်မာတယ်၊ ကိုယ်ရည်သွေးပြီး သူများတွေ ကျွန်မစကားနားထောင်အောင် ဖိအားပေးတယ်၊ အစက ပြန်လုပ်ရအောင်လုပ်ပြီးတော့ အသင်းတော်ရဲ့အလုပ်ကို နှောင့်ယှက်ခဲ့မိပါတယ်။ ကျွန်မက တကယ့်ဆိုးယုတ်မှုတွေကို လုပ်နေခဲ့တာပါ။ ဒါတွေအားလုံးကို နားလည်သွားတော့ နည်းနည်းကြောက်သွားသလို ခံစားခဲ့ရပါတယ်။ ဘုရားထံမှာ ဆုတောင်းအပြစ်ဝန်ခံခဲ့ပါတယ်။ ကျွန်မ တစ်ကိုယ်ကောင်းစိတ်နဲ့ ဘာကိုမှ မလုပ်ချင်ခဲ့တော့ဘူးလေ။

အဲဒီနောက်ပိုင်း ကျွန်မအမှုတော်မှာ ကိုယ့်ကိုယ်ကို သတိနဲ့ ဘေးချိတ်ပြီးတော့၊ ကျွန်မရဲ့ကျရှုံးမှုတွေကို အဖတ်ဆယ်နိုင်အောင် သူများတွေရဲ့ အကြံတွေကို ပိုပြီးနားထောင်ဖြစ်လာတယ်။ တစ်ခါတလေဆို ကျွန်မက ဒီဇိုင်းဆွဲပြီးတော့၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မစိတ်ကူးနဲ့မတူတဲ့ အကြံပြုချက်တွေ အများကြီးရှိခဲ့တယ်လေ။ ကျွန်မ ငြင်းမိတော့မလို့ပါပဲ။ နောက်တော့ ကျွန်မကိုယ်ကျွန်မ မောက်မာနေပြီဆိုတာ ပြန်ပြီး သဘောပေါက်သွားခဲ့တယ်။ ကျွန်မ နှလုံးသားထဲကနေ ဘုရားကိုဆုတောင်းခဲ့ပါတယ်။ ကျွန်မကိုယ်ကျွန်မ စွန့်လွှတ်ဖို့ နဲ့ ကျွန်မရဲ့ဖောက်ပြန်ပျက်စီးတဲ့ သဘောထားနဲ့ မနေဖို့ လမ်းပြပေးဖို့ တောင်းဆိုခဲ့တာပါ။ ဘုရားအိမ်တော်ရဲ့ အမှုတော်အတွက် အကျိုးအရှိဆုံးဖြစ်မယ့် ဘယ်သူ့အကြံပြုချက်မဆို ကျွန်မ လိုက်လုပ်ချင်ခဲ့ပါတယ်။ ကျွန်မ သူများတွေရဲ့ စိတ်ကူးတွေကို လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက်၊ ကျွန်မတို့ ပိုပြီးဟန်ချက်ညီလာတယ်၊၊ အလုပ်ဖြစ်လာတယ်၊ လက်တွေ့ကျလာတယ် ပိုပြီး မြန်မြန်ဆန်ဆန် လုပ်လာနိုင်တယ်ဆိုတာ သိခဲ့ရပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ခြင်းရဲ့ ချိုမြိန်မှုအရသာကို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့လည်း ကျွန်မရဲ့ မောက်မာတဲ့သဘာ၀ ကို မှန်ကန်စွာ နားမလည်ခဲ့ဘဲ ကိုယ့်ကိုယ်ကို သိမှုမရှိခဲ့ပါဘူး။ လပိုင်းလောက်ကြာပြီးတဲ့နောက်မှာတော့ ကျွန်မတို့ရဲ့အပြင်အဆင်ကို လူတိုင်းက ကောင်းကောင်းလက်ခံကြတယ်ဆိုတာ တွေ့ခဲ့ရပြီးတော့၊ အမှုတော်မှာလည်း အောင်မြင်မှုတချို့ ရလာခဲ့ပါတယ်။ ကျွန်မ မသိလိုက်ခင်မှာပဲ ကျွန်မရဲ့ မောက်မာတဲ့ သဘောထားတွေက ပြန်ပေါ်လာခဲ့ပါတယ်။

ကျွန်မတို့ သူဌေးတစ်ယောက်အိမ်အတွက် အပြင်အဆင်ဆွဲနေတုန်းကဆိုရင်၊ ကျွန်မစိတ်ထဲမှာ “ဒီလိုလူမျိုးမှာတော့ သူတို့ရဲ့ ဂုဏ်ကို ထင်ဟပ်စေဖို့၊ အကောင်းစားပစ္စည်းတွေ ရှိမှာပဲ” လို့ ထင်ခဲ့မိပါတယ်။ ကျွန်မလိုချင်တဲ့အတိုင်း ညီအစ်ကိုမောင်နှမတွေကို အပြင်အဆင်လုပ်ခိုင်းခဲ့ပါတယ်။ အစ်ကိုကျန်းက အရမ်း ခေတ်ဆန်နေတယ်လို့ ပြောခဲ့ပြီးတော့၊ အဓိကလူရဲ့ မျိုးဆက်တွေအတွက် မသင့်တော်ဘူးလို့ ထောက်ပြခဲ့ပါတယ်။ အဲဒီစကားကြားရတာ ကျွန်မ သိပ်တော့မကြိုက်ခဲ့ပါဘူး။ ကျွန်မလည်း “ရှင်က ဘာသိလို့လဲ။ ဒါက ပြောင်းလွယ်ပြင်လွယ်တယ်လို့ ခေါ်တယ်။ အချိန်ခဏလေးအတွက်ပဲ မကန့်သတ်ဘဲ သူ့ဂုဏ်သိက္ခာအလိုက် ဒီဇိုင်းဆွဲရမှာပေါ့။ ကျွန်မ သိသလောက်ဆိုရင်၊ အဲဒီအိမ်တွေမှာ ဘယ်လိုပုံစံရှိသင့်လဲဆိုတာ ရှင်မသိတာပါ။ ရှင့်စိတ်ကူးတွေက အရမ်းဟောင်းနေပြီ” လို့ တွေးခဲ့မိပါတယ်။ ကျွန်မ သူ့ကိုပြောလိုက်တာကတော့၊ “ကျွန်မက အချိန်ကာလနဲ့ ပတ်သက်ပြီး သိပါတယ်။ ကျွန်မကို ယုံလိုက်ပါ” လို့လေ။ သိပ်မကြာလိုက်ပါဘူး အစ်ကိုချန်းကလည်း ပြုတင်းပေါက်တွေက အရမ်းခေတ်ဆန်နေတယ်လို့ ပြောလာပါတယ်။ ကျွန်မတော်တော် ဒေါသထွက်ပြီး စဉ်းစားမိတာက၊ သူတို့ဘာလို့ အရမ်းခေတ်နောက်ပြန်ဆွဲပြီး လိုက်လျောညီထွေ မနေနိုင်ရတာလဲပေါ့။ ကျွန်မလည်း စိတ်ကိုပြန်ထိန်းပြီး ကျွန်မအမြင်ကို အတင်းပြောပြခဲ့ရတယ်။ အစ်ကိုချန်းကတော့ ဘာမှထပ်မပြောတော့ပါဘူး။ အပြင်အဆင်တွေလည်း ပြီးသွားတော့ ဒါရိုက်တာက ကျွန်မတို့ဒီဇိုင်းကို၊ လက်တွေ့မဆန်တဲ့အပြင် အရမ်းသစ်လွင်လွန်းနေပြီးတော့၊ အဓိကလူရဲ့အသက်အရွယ်နဲ့၊ သိပ်မလိုက်ဖက်ဘူးလို့ ပြောတဲ့အချိန်မှာ ကျွန်မအံ့ဩသွားခဲ့တယ်။၊ ကျွန်မတို့ ပြန်လုပ်ခဲ့ရပါတယ်။ ကျွန်မ မမေ့နိုင်သေးပါဘူး။ သူတို့ အသိအမှတ်မပြုနိုင်ဘူးလို့ခံစားခဲ့ရပေမယ့်၊ လူတိုင်းက အဆင်မပြေဘူးလို့ပြောလာတဲ့ အခါမှာတော့ ကျွန်မ စိတ်မပါလက်မပါနဲ့ဘဲ အပြင်အဆင်ကို ပြန်လုပ်ဖို့ သဘောတူခဲ့ရတယ်။

သိပ်မကြာခင်မှာပဲ အပြင်အဆင်အတွက် ၈၀ ခုနှစ်ပုံစံ အိပ်ယာအပူပေးစနစ် လုပ်ဖို့လိုလာတယ်လေ။ ကျွန်မက အဲဒီလိုလုပ်ဖို့ ပိုက်ဆံအများကြီးလိုမယ်လို့ ထင်ခဲ့ပေမယ့်၊ အစ်ကိုကျန်းက သူ့ဘာသာသူလုပ်မယ်ဆိုရင် ပိုက်ဆံအများကြီးချွေတာနိုင်မယ်လို့ပြောပြီးတော့၊ သူ့စိတ်ထဲမှာလည်း အသေးစိတ်အစီအစဉ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မမှာဘာမှမရှိပေမယ့် အဲဒီစိတ်ကူးကို ငြင်းခဲ့တယ်။ ကျွန်မတို့ဘာသာလုပ်နိုင်ပေမယ့် အဆင်ပြေမှာမဟုတ်ဘူးလေ။ ဒါဆို အားထုတ်မှုတွေအလကား ဖြစ်မသွားဘူးလား။ ဒါရိုက်တာကိုလည်း အစ်ကိုကျန်းရဲ့ အကြံက အလုပ်ဖြစ်မှာမဟုတ်တာ ရှင်းပါတယ်လို့ ပြောခဲ့သေးတယ်။ ဒါရိုက်တာက ကျွန်မရဲ့အသုံးစရိတ်က အရမ်းမြင့်တော့၊ အိပ်ယာအပူပေးစနစ်နဲ့ ပတ်သတ်ပြီး ငြင်းခဲ့တယ်။ နောက်တော့ အစ်ကိုကျန်းက နောက်ထပ် အကြံပြုချက်တစ်ခု အေးလာပါတယ်။ ကျွန်မလည်း သူနားမလည်ဘဲ ခေါင်းမာနေတယ်လို့ထင်ပြီး စိတ်ဆိုးခဲ့ပါတယ်။ နောက်ထပ် အစ်မတစ်ယောက်က အစ်ကိုကျန်းအပေါ် ကျွန်မက သိပ်လက်မခံဘဲ မောက်မာနေတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မ လက်ခံဖို့ငြင်းဆိုခဲ့ပါတယ်။ ဒါရိုက်တာနဲ့ အပြင်အဆင်ကိစ္စ ဆွေးနွေးနေတုန်းမှာတောင်မှ ကျွန်မ မောက်မာပြီး ဦးမကျိုးခဲ့ပါဘူး။ ရလဒ်အနေနဲ့ တစ်ခါတလေ အပြင်အဆင်တွေက ကျွန်မတို့လိုတဲ့အတိုင်း ဖြစ်မလာဘဲနဲ့ ပြန်လုပ်ရတာမျိုးတောင်ရှိလာပါတယ်။ ရိုက်ကူးရေး နှောင့်နှေးခဲ့တာပေါ့။

သိပ်မကြာခင်မှာပဲ ကျွန်မအဲဒီတာဝန်ကနေ ဖယ်ထုတ်ခံခဲ့ရပါတယ်။ ခေါင်းဆောင်က ကျွန်မကိုပြောခဲ့တာက၊ “ခင်ဗျားက မောက်မာတယ်လို့ ညီအစ်ကိုမောင်နှမတွေ ပြောပါတယ်။ ကိုယ့်နည်းလမ်းနဲ့ကိုယ်လုပ်ပြီး အမြဲတမ်းဆုံးဖြတ်ချက်ချတယ်။ မောက်မာ ပြောဆိုတယ်။ ကိုယ့်ကိုယ်ကို ဆရာကြီးလို့သတ်မှတ်ပြီး သူတို့ကို ခင်ဗျားရဲ့တပည့်တွေလိုမျိုး ဆက်ဆံနေတယ်တဲ့။ လူတိုင်းက ခင်ဗျားဖိနှိပ်တာ ခံနေရတယ်နော်” တဲ့လေ။ အဲဒီစကားကြားလိုက်ရတော့ ကျွန်မ ရုတ်တရက်ငိုင်သွားပါတယ်။ ကျွန်မ အရမ်းမောက်မာပြီး သူများဘက် ထည့်မတွေးပေးတတ်ဘူးဆိုတာ ကျွန်မ တစ်ခါမှမစဉ်းစားခဲ့မိဖူးပါဘူး။ ကျွန်မ အရမ်းဝမ်းနည်းပြီးတော့ ခေါင်းဆောင်ပြောတဲ့ တခြားကိစ္စတွေ မကြားတော့ပါဘူး။ ရက်ပိုင်းလောက်အထိ ကျွန်မ စိတ်ဒုက္ခရောက်ခဲ့ရပါတယ်။ ကောင်းကောင်း မစားနိုင် မအိပ်နိုင်ခဲ့ပါဘူး။ ကျွန်မ ကိုယ့်ကိုယ်ကို သုံးသပ်နေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ကြောင်းက စိတ်ထဲရောက်လာပါတယ်။ “၊ အယောက်စီတိုင်းသည် မိမိတို့၏ အသက်တာတစ်လျှောက်၌ ဘုရားသခင်အား မည်ကဲ့သို့ယုံကြည်နေခဲ့သည်ကို အသစ်တစ်ဖန် ပြန်လည်ဆန်းစစ်သင့်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏”) ကျွန်မ ဒီနှုတ်ကပတ်တော်ကို “ငါ ဘုရားအပေါ် ယုံကြည်လာတာ အခုဆို ၅ နှစ်ရှိသွားပြီဆိုပေမယ့်၊ ကိုယ့်ကိုယ်ကို သိဖို့ ဒါမှမဟုတ် သုံးသပ်ဖို့ တစ်ခါမှမလုပ်ခဲ့ဖူးဘူးပဲ။၊ ကိုယ်တိုင်တောင်မသိလိုက်ဘဲ မောက်မာမှုတွေ အများကြီးဖော်ပြခဲ့ပြီးပြီ။ ငါတကယ့်ကို မှန်မှန်ကန်ကန် ကိုယ့်ကိုယ်ကို သုံးသပ်ဖို့လိုလာပြီ” ဆိုတဲ့အတွေးနဲ့ သေချာစဉ်းစားမိပါတယ်။ ကျွန်မ ဘုရားထံမှာ ဒီလိုဆုတောင်းခဲ့ပါတယ် “ဘုရားသခင် ကျေးဇူးပြုပြီး လမ်းညွှန်အလင်းပြပေးပါ၊ ဒါမှ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့သဘောထားကို သိနိုင်မှာဖြစ်ပြီးတော့၊ ကိုယ့်ကိုယ်ကို မုန်းတီးပြီး စွန့်လွှတ်နိုင်မှာပါ။ ကျွန်မ အပြစ်တရားကနေ လွတ်မြောက်ချင်ပါပြီ” လို့လေ တစ်ရက်မှာ ကျွန်မ ရိုက်ကူးရေးဘက်ကို ခဏရောက်ဖြစ်တော့၊ အဲဒီမှာ ၈၀ ခုနှစ်ပုံစံ အိပ်ရာအပူပေး ပုံစံကို အစ်ကိုကျန်း အကြံပေးတဲ့အတိုင်း လုပ်ထားတာ တွေ့လိုက်ရတယ်။ ကျွန်မ ကနဦးလျာထားတဲ့ အသုံးစရိတ်ထက် တစ်ဝက်ကျော်လောက် သက်သာသွားတယ်လေ။ အစ်ကိုကျန်းနဲ့ ကျန်တဲ့သူတွေကလည်း အဲဒီကနေ အထောက်အကူ တော်တော်ရလိုက်တယ်။ သူတို့ ကောင်းကောင်းမွန်မွန် အချိန်နဲ့ ခွန်အားကို ကောင်းကောင်းအသုံးချပြီး ပစ္စည်းသိပ်မသုံးခဲ့ဘူးဖြစ်နေတယ်။ ကျွန်မ ဒါကိုမြင်ရတော့ အရှက်ရမိပါတယ်။ ကျွန်မ ဘယ်လောက်တောင် မောက်မာခဲ့သလဲ၊ ပြီးတော့ ရိုက်ကူးရေးကို ဘယ်လောက်တောင် နှောင့်နှေးစေခဲ့သလဲဆိုတာ တွေ့လိုက်ရပါတယ်။ ကျွန်မ ကိုယ့်ကိုယ်ကို စပြီးမေးခဲ့ပါတယ်။ “ငါဘာလို့ အရမ်းမောက်မာနေတာလဲ၊ ဘာလို့ အမြဲတမ်း သူများတွေကို ငါ့စကားနားထောင်အောင် လုပ်ခဲ့ရတာလဲ ဒါတွေရဲ့ ဇစ်မြစ်က ဘာလဲ” လို့လေ

နောက်နေ့မနက် ဝတ်ပြုတဲ့အခါမှာတော့ ဘုရားနှုတ်ကပတ်တော်ထဲက ဒါလေးကို ဖတ်ခဲ့ပါတယ်။ “သင်သည် သင့်အတွင်း၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင်၏အတွင်းတွင် တည်ရှိခဲ့ပါက၊ ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ အဆုံးတွင် သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ကျွန်မ ဒါကိုဖတ်လိုက်ရတော့ အရမ်းလန့်သွားတယ်။ ကျွန်မရဲ့ မောက်မာတဲ့သဘောထားကို သိခဲ့တယ်ဆိုပေမယ့်၊ မောက်မာခြင်းရဲ့ အကျိုးဆက်ကိုတော့ ဘာတစ်ခုမှ မသိခဲ့ဘူးလေ။ နောက်ဆုံးတော့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ပြချက်တွေနဲ့ ကျွန်မကို ဆိုးယုတ်မှုတွေလုပ်ပြီး ဘုရားကို ခုခံအောင်တွန်းပို့နေတဲ့ ကျွန်မရဲ့ အပြောအဆိုအပြုအမူတွေကို သုံးသပ်ပြီးတော့ သိခဲ့ရပါပြီ။ ကျွန်မရဲ့ မောက်မာတဲ့သဘာ၀က ကျွန်မကို ပိုပြီးတစ်ကိုယ်ကောင်း ဆန်ဆန် တွေးတတ်အောင်လုပ်ခဲ့တော့၊ ကျွန်မမှာ အရည်အချင်းလေးနည်းနည်းရှိတာနဲ့ပဲ သူများကို ဘာမှမဟုတ်ပါဘူးလို့ ထင်ခဲ့မိတာပါ။ ကျွန်မ လုပ်ဆောင်တာတွေက အမြဲတမ်းမှန်ပြီး ကျွန်မလို ဘယ်သူမှမလုပ်နိုင်လို့၊ ကျွန်မပြောတဲ့အတိုင်း သူတို့လုပ်ရမယ်လို့ ထင်ခဲ့မိတယ်။ ကျွန်မကသာ “ဘယ်ဘက်” လို့ပြောရင် ဘယ်သူကမှ ညာဘက်သွားလို့မရသလို ဘယ်သူကမှလည်း အကြံပြုလို့မရဘူး။ ကျွန်မစကားနားမထောင်တဲ့ ဘယ်သူ့ကိုမဆို အော်ဟစ်ပြောဆိုပြီးတော့၊ ခေါင်းမာပြီး အာဏာရှင်ဆန်ခဲ့ပါတယ်။ ကျွန်မက ထိန်းချုပ်ချင်ပြီးတော့ အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကိုလျှောက်နေခဲ့တာပါ။ ဘုရားနှုတ်ကပတ်တော်တွေထဲက၊ “သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်၊” ၊ တွေဟာ ကျွန်မအမှုတော်မှာ ဘယ်လိုမျိုး မော်ကြွားခဲ့သလဲဆိုတာ အသေးစိတ် ပြန်စဉ်းစားမိစေပါတယ်။ ဘယ်တုန်းကမှ ဘုရားရဲ့အလိုတော်နဲ့ သမ္မာတရားရဲ့ အခြေခံအချက်တွေကို မရှာဖွေခဲ့မိပါဘူး။ သူများတွေ အကြံပြုစရာရှိလာပြီဆိုရင်လည်း၊ အဲဒါက ဘုရားဆီကဖြစ်မလား၊ ဘုရားရဲ့လမ်းညွှန်မှုပဲဖြစ်မလားဆိုပြီး တစ်ခါမှ မတွေးခဲ့မိပါဘူး။ ကျွန်မရဲ့စိတ်ကူးမဟုတ်ဘူးဆိုရင် ကျွန်မ နားမထောင်ခဲ့ပါဘူး။ ကျွန်မမှာ ဘုရားအပေါ် လေးစားမှု လုံး၀မရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။ ကျွန်မက အရမ်းကိုမောက်မာလို့ သူများတွေကို မလေးမစားနဲ့ ဆက်ဆံခဲ့ပြီးတော့ နှလုံးသားထဲမှာလည်း ဘုရားအတွက် နေရာမရှိခဲ့ဘူးလေ။ ယုံကြည်ခြင်းမှာ ကျွန်မအနေနဲ့ သမ္မာတရားနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုကို ခံယူသင့်ပါတယ်။ ညီအစ်ကိုမောင်နှမတွေမှာ ဘယ်လိုအကြံပြုချက်ပဲရှိရှိ၊ ကျွန်မရဲ့ အတွေးနဲ့ ကိုက်ညီ၊ မညီ အဲဒါတွေက သန့်ရှင်းသောဝိညာဉ်တော် ဆီကနေ လာတာဖြစ်နိုင်ပါတယ်။ ကျွန်မ အဲဒါကိုလက်ခံပြီး ဘုရားကိုကြောက်ရွံ့တတ်တဲ့ နာခံတဲ့ နှလုံးသားနဲ့ လုပ်ဆောင်သင့်တာပါ။ သမ္မာတရားနဲ့ညီပြီးတော့ ဘုရားအိမ်တော်ရဲ့ အမှုတော်အတွက် အကျိုးရှိမယ်ဆိုရင် နာခံပြီး အဲဒီအတိုင်း လုပ်ဆောင်သင့်ပါတယ်။ ကျွန်မက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလင်းပြမှုနဲ့ လမ်းညွှန်မှုတစ်ခုခုကို ငြင်းလိုက်ပြီဆိုရင်၊ ဒါက ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုကို နှောင့်ယှက်တာဖြစ်ပြီးတော့ ဘုရားကို ခုခံတာပဲဖြစ်ပါတယ်။ ဒါက ဘုရားရဲ့သဘောထားကို ပုန်ကန်ပြစ်မှားလိုက်တာပါပဲ။ ကျွန်မက အမှုတော်ကို မောက်မာမှုတွေနဲ့ လုပ်ဆောင်ခဲ့ပြီးတော့ တယူသန်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကို ဖိနှိပ်ခဲ့ပြီးတော့ အကြံဉာဏ်ကောင်းတွေကို ဘေးဖယ်ထားခဲ့မိပါတယ်။ ဒါတွေက အသင်းတော်ရဲ့ အလုပ်ကို နှောင့်ယှက်ခဲ့တာပါပဲ။ တာဝန်ကနေ ဖယ်ရှားခံရတာကလည်း ကျွန်မအပေါ် ဘုရားရဲ့ ဖြောင့်မတ်သောစိတ်သဘောထား ကျရောက်လာတာပါပဲ။ ညီအစ်ကိုမောင်နှမတွေအပေါ် ကျွန်မ ထိခိုက်စေခဲ့မိတာတွေနဲ့၊ အသင်းတော်ရဲ့အလုပ်အပေါ် ဆုံးရှုံးစေခဲ့မိတာတွေကို တွေးမိရင်၊ အရမ်းကို နောင်တရပြီးအပြစ်ရှိသလို ခံစားခဲ့ရပါတယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို တကယ် မုန်းခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ်တိုင်ဘယ်တော့မှ သိနိုင်မှာမဟုတ်တဲ့၊ ကျွန်မရဲ့ မောက်မာမှုနဲ့ ခေါင်းမာမှုကြောင့် ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမပြီး ပြစ်ဒဏ်စီရင် မခံရလို့၊ ဘုရားကို ရင်ထဲပြည့်နေအောင် ကျေးဇူးတင်ပါတယ်။ ကျွန်မ ဘုရားကို ဆက်ပြီး ခုခံမိနေနိုင်တယ်လေ။

နောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲက နောက်တစ်ပိုဒ်ကို ဖတ်ခဲ့ပါတယ်။ “အချိန်အများစုတွင်၊ ပါရမီရှိပြီး ဆုကျေးဇူးရှိကြသည့် လူတို့၏ အတွေးများ၊ လုပ်ရပ်များနှင့် စိတ်နေစိတ်ထားတို့သည် သမ္မာတရားနှင့် ကွဲလွဲကြသော်လည်း၊ ၎င်းတို့ ကိုယ်တိုင်သည် ဤအရာကို မသိကြချေ။ ၎င်းတို့က၊ ‘ကျွန်ုပ် မည်မျှ လိမ္မာပါးနပ်သည်ကို ကြည့်ပါ။ အင်မတန် တော်သည့် ရွေးချယ်မှုများ ကျွန်ုပ် ပြုလုပ်ခဲ့သည်။ အလွန့်အလွန် အမြော်အမြင်ရှိသည့် ရွေးချယ်မှုများပါတကား။ သင်တို့ထဲမှ မည်သူမျှ ငါ့ကို ယှဉ်၍မရ’ ဟု တွေးကြဆဲဖြစ်သည်။ ၎င်းတို့သည် အတ္တအပြည့်နှင့် မိမိကိုယ်ကိုယ် သဘောကျသည့် အခြေအနေတစ်ခုတွင် အစဉ်အမြဲ အသက်ရှင်ကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများကို တည်ငြိမ်စေကာ ဘုရားသခင်က ၎င်းတို့အား မည်သည့်အရာ တောင်းဆိုသည်၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် သမ္မာတရား၏ အခြေခံသဘောတရားများက မည်သည့်အရာများဖြစ်သည် ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားဖို့ ၎င်းတို့အတွက် ခက်ခဲပေသည်။ ၎င်းတို့အတွက် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ဖို့ ခက်ခဲပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရားများကို ရှာတွေ့ဖို့ သို့မဟုတ် သဘောပေါက်ဖို့နှင့် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့ ၎င်းတို့အတွက် ခက်ခဲပေသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့ အသက်ရှင်ဖို့ မှီခိုနေခဲ့ကြသည့် အရာအတိအကျ”) ဘုရားနှုတ်ကပတ်တော်တွေက၊ ကျွန်မတို့ဟာ ဘ၀မှာ ကျွန်မတို့ကိုဘုရားပေးတဲ့ လက်ဆောင်နဲ့ ခွန်အားတွေကိုအားကိုးနေမယ်ဆိုရင် ပိုပြီးမောက်မာပြီး တစ်ကိုယ်ကောင်းဆန်လာပြီးတော့၊ သမ္မာတရားရဲ့ အခြေခံစည်းမျဉ်းတွေကို မရှာဖွေတော့ဘဲ အဲဒါတွေကို အမှန်လို့ ထင်သွားမယ်ဆိုပြီး ပြသခဲ့ပါတယ်။ ကျွန်မမှာ အရည်အချင်းတချို့ရှိတော့၊ သူတို့ အပြင်အဆင်ဒီဇိုင်းနဲ့ တည်ဆောက်ပုံတွေကို ကျွန်မမပါဘဲ မလုပ်နိုင်ဘူးလို့ ထင်ခဲ့ပေမယ့်၊ တကယ်တမ်းကျတော့ သူတို့ထဲက တချို့တွေက သူတို့တာဝန်ကို အသက်မွေးဝမ်းကျောင်းအတွေ့အကြုံ ဘာမှမရှိဘဲနဲ့ ကောင်းကောင်းလုပ်ခဲ့ပြီးတော့၊ ကျွန်မလုပ်နိုင်တာထက်ပိုပြီး တည်ဆောက်ပုံတွေ လုပ်နိုင်ခဲ့တယ်လေ။ ကျွန်မက အမြင်ရှိတယ်၊ အရည်အချင်းနဲ့ စိတ်ကူးကောင်းတွေရှိတယ်လို့ ထင်ခဲ့ပေမယ့်၊ ကျွန်မက အားလုံးကို ရှုပ်ထွေးအောင်လုပ်ခဲ့မိပါတယ်။ ကျွန်မလုပ်ခဲ့တာတွေက အသုံးမဝင်တဲ့အပြင် မကြာမကြာ ပြန်လုပ်နေရတယ်၊၊ အချိန်၊ ငွေနဲ့ ခွန်အားတွေ ပြုန်းတီးရတယ်။ ကျွန်မက ဘုရားပေးတဲ့လက်ဆောင်နဲ့ ခွန်အားတွေကို သမ္မာတရားရဲ့ အခြေခံကို မရှာဖွေဘဲ အားကိုးခဲ့မိလို့ဆိုတာ သိခဲ့ရတယ်။ ကျွန်မမှာ သန့်ရှင်းသောဝိညာဉ်တော် အလုပ်မလုပ်တော့တဲ့အတွက် အမှုတော်ကိုလည်း ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးလေ။ တကယ်လို့သာ လူတစ်ယောက်ရဲ့နှလုံးသားက နေရာမှန်မှာ ရှိမယ်ဆိုရင် ဘုရားက အလင်းပြပြီး လမ်းညွှန်မှုပေးမှာပါ။ ဘုရားက သာမန်လူသားတွေ တွေးကြည့်လို့တောင်မရနိုင်တဲ့ ဉာဏ်ပညာကို ပေးသနားပါတယ်။ ကျွန်မ အရမ်းဂုဏ်ယူနေတဲ့ လက်ဆောင်နဲ့ အရည်အချင်းတွေက တန်ဖိုးမရှိဘူးဆိုတာ သိခဲ့ရပါတယ်။ အဲဒါတွေကို ပုံကြီးချဲ့ဖို့ကြိုးစားနေတာက တကယ့်ကို မောက်မာပြီး အကျိုးအကြောင်းဆီလျော်မှု မရှိတာပါ။ အဲဒါကို စဉ်းစားမိတိုင်း အရမ်းကိုရှက်မိပါတယ်။ နောက်တော့ ဘုရားထံမှာ ဒီလိုဆုတောင်းခဲ့ပါတယ်။ “ကျွန်မရဲ့ မောက်မာတဲ့သဘောထားနဲ့ ဆက်မနေချင်တော့ပါဘူး။ သမ္မာတရားနဲ့အညီ ခိုင်ခိုင်မာမာနေပြီး လက်တွေ့လုပ်ဆောင်ပြီးတော့ အမှုတော်ကို ကောင်းကောင်းထမ်းဆောင်ချင်ပါတယ်” လို့လေ။

ကျွန်မနောက်တော့ ယုံကြည်သူအသစ်တွေကို ရေလောင်းပေးရမယ့် အမှုတော်ကို လက်ခံခဲ့ပြီးတော့၊ သူများတွေနဲ့ အလုပ်လုပ်နေတဲ့အချိန် နှိမ့်ချပြီးနေခဲ့ပါတယ်။ ကိစ္စတစ်ခုပေါ်လာတိုင်း ဘုရားရဲ့အလိုတော်ကို သတိထားရှာဖွေခဲ့ပြီးတော့ သူများတွေရဲ့ အကြံပြုချက်တွေကို ပိုပြီးနားထောင်ခဲ့ပါတယ်။ တစ်ရက်ကျတော့ အဖွဲ့ထဲက အစ်ကိုတစ်ယောက်က ပြောလာတယ်၊ “အစ်မရဲ့ ညီအစ်ကိုမောင်နှမတွေကို ထောက်ပံ့ရေလောင်းပေးတဲ့ ပုံစံက သိပ်အသက်မဝင်ဘူးဖြစ်နေတယ် ထင်သလောက် အကျိုးမဖြစ်ထွန်းဘူးလေ။ လူတစ်ဦးချင်းစီရဲ့ အားနည်းချက်တွေကို ရေလောင်းဖို့ အာရုံစိုက်နိုင်ရင် ပိုကောင်းမယ်နော်” တဲ့လေ ဒါပေမဲ့ ကျွန်မသိပ်ပြီး မယုံကြည်ခဲ့ပါဘူး။ ကျွန်မရဲ့ အတွေ့အကြုံအားလုံကို အသုံးချခဲ့မှတော့၊ မမှားနိုင်ဘူးလို့ ခံစားခဲ့ရပါတယ်။ ကျွန်မက သူ့ကို ငြင်းလိုက်ဖို့ လုပ်နေမိတဲ့အချိန်မှာပဲ ကျွန်မရဲ့ မောက်မာမှုက ခေါင်းပြန်ထောင်လာပြီဆိုတာ သိလိုက်ရပါတယ်။ ဘုရားကို စိတ်ထဲကနေ ဆုတောင်းခဲ့ပြီးတော့ စိတ်ထဲပေါ်လာတဲ့ ဘုရားနှုတ်ကပတ်တော်ထဲက ဒီအပိုဒ်လေး ဖတ်ခဲ့ပါတယ်။ “ကွဲလွဲသောခံယူချက်ကို အခြားလူတို့က ဖွင့်ဟလာသောအခါ— ထင်ရာမြင်ရာနှင့် မဆင်မခြင်လုပ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သည့် လက်တွေ့လုပ်ဆောင်မှုကို သင်ထားရှိနိုင်သနည်း။ သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်၊ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုရန် အခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်လျှင်ပင်၊ ယင်းကို ထပ်တလဲလဲ မလျှော့တမ်း မပြောသင့်ပေ။ ပထမအနေဖြင့် ၎င်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ၊ သင်သည် သင့်ကိုယ်ပိုင်ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက်၊ ဆုတောင်းတော့သည်။ သင်သည် အမှားနှင့်အမှန်ကို မသိသောကြောင့် အကောင်းဆုံး၊ အသင့်တော်ဆုံး ပြုလုပ်ရမည့်အရာကို ထုတ်ဖော်ရန်နှင့် ပြောပြရန် သင်က ဘုရားသခင်ကို အခွင့်ပေးသည်။ အယောက်တိုင်းက မိတ်သဟာယတွင် ပါဝင်လာကြသောအခါ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်း အားလုံးကို ယူဆောင်လာပေးသည်။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ကျွန်မအရင်က အရမ်းကိုမောက်မာတယ်၊ ခေါင်းမာခဲ့ပြီးတော့၊ သူများတွေကိုဖိနှိပ်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို ပျက်စီးစေခဲ့ပါတယ်။ ကျွန်မ လူတွေကိုဖိနှိပ်တာတွေ၊ ဘုရားကိုခုခံတာတွေ၊ အဲဒီလိုဆက်နေလို့မရတော့ဘဲ၊ သူများတွေရဲ့ အကြံပြုချက်ကို နားထောင်ရမယ်လို့ သိခဲ့ပါတယ်။ ကျွန်မအဲဒါကိုအရင်ဆုံးလက်ခံပြီး နာခံပြီးမှ ဘုရားရဲ့အလိုကို ရှာသင့်တာပါ။ ဒီလိုမှပဲ ဘုရားရဲ့လမ်းညွှန်မှုကို ရရှိနိုင်မှာပါ။ ဒီတော့ ကျွန်မလည်း အဲဒီအစ်ကိုပြောတာကို စိတ်ရှည်ရှည်နဲ့ နားထောင်ပြီးတော့၊ ကျွန်မရဲ့နည်းလမ်းမှာ တိုးတက်ဖို့လိုနေသေးတာတွေ တကယ်ရှိနေသေးတယ်ဆိုတာ သိခဲ့ရပါတယ်။ သူအကြံပေးတဲ့ ချဉ်းကပ်မှုက ပိုပြီးလိုက်လျောညီထွေဖြစ်ပြီးတော့ ထိန်းကျောင်းရလွယ်ပါတယ်။ ကျွန်မလည်း အဲဒီအတိုင်း လက်တွေ့လုပ်ဆောင်ကြည့်တော့ တကယ်အကျိုးရှိတာ သိခဲ့ရတယ်လေ။ အဲဒီနောက်ပိုင်း ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ထောက်ပြပြောဆိုလာပြီဆိုရင်၊ မခုခံတော့ဘဲ လက်ခံလိုက်ပြီး လိုက်နာလုပ်ဆောင်ခဲ့ပြီးတော့၊ ပိုကောင်းတဲ့ လက်တွေ့လုပ်ဆောင်မှုနည်းလမ်းကိုရှာဖွေဖို့ သူများတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ လူတိုင်းက သူတို့ အဲဒီလိုရေလောင်းခြင်းကနေ အများကြီးရရှိခဲ့တယ်လို့ ပြောလာပါတယ်။ ကျွန်မ ငြိမ်းချမ်းမှုရဲ့ စစ်မှန်တဲ့ခံစားချက်ကို ရရှိခဲ့ပါတယ်။ ဒါက ဘုရားရဲ့ လမ်းညွှန်မှုပဲဆိုတာ သိခဲ့ရပါတယ်။ ပြီးတော့ ကျွန်မဘက်က ကျေးဇူးတင်ပြီး ကိုယ်တော်ကိုချီးမွမ်းလို့ပဲရပါတယ်။ ကျွန်မ အမှုတော်ကို မောက်မာစွာလုပ်မယ့်အစား သမ္မာတရားရဲ့အခြေခံအချက်တွေကို လက်တွေ့လုပ်ဆောင်တာကနေ၊ ဘုရားရဲ့ ကောင်းချီးကိုလည်း တွေ့ကြုံခဲ့ရပါတယ်။

အရှေ့သို့- ၆၅။ မာနထောင်လွှားခြင်းကို ဖြေရှင်းခြင်းဖြင့် လူသားပုံသဏ္ဌာန်တစ်ခုကို ရယူနိုင်သည်

နောက်တစ်ခုသို့- ၆၇။ လူသား၏ ပုံစံအတိုင်း အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

တရုတ်နိုင်ငံ ကျိလင် စီရင်စု၊ ကျုံးရှင်းအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက်...

၂၁။ လူတွေကို ဘယ်လို မှန်ကန်စွာ ဆက်ဆံရမယ်ဆိုတာ ကျွန်မ သိခဲ့ရပြီ

ပြင်သစ်၊ ရှီးယွမ်လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်လုပ်နေတာ။ အဲဒီအသင်းတော်မှာ အစွမ်းအစကောင်းတဲ့ ချန်မျိုးရိုး...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

တရုတ်နိုင်ငံ ကွမ်ရှီး ဒေသ၊ ရှင်းကျယ်အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၆၇။ လူသား၏ ပုံစံအတိုင်း အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ကနေဒါနိုင်ငံ၊ ထားရှီအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်