၂၅။ မိမိ၏တာဝန်ကို မည်သို့သဘောထားသင့်ပုံ
ယုံကြည်သူတစ်ယောက် ဖြစ်လာပြီး သိပ်မကြာမီမှာ၊ ခေါင်းဆောင်များဖြစ်သည့် ညီအစ်ကိုမောင်နှမများက စည်းဝေးပွဲများကို မကြာခဏ လုပ်ခြင်း၊ သမ္မာတရားကို မိတ်သဟာယပြုခြင်းတို့ကိုလည်းကောင်း၊ အချို့က ဗီဒီယိုများ ဖန်တီးခြင်း သို့မဟုတ် အဆိုအကတို့ကဲ့သို့ လိုအပ်သည့် ကျွမ်းကျင်မှုများ ရှိကြသည်။ ကျွန်တော် သူတို့ကို တကယ် အားကျခဲ့ပြီး၊ ယင်းမှာ အထင်ကြီးစရာတစ်ခုဟု ထင်ခဲ့သည်။ ဧည့်ခံရေးအလုပ်များ၊ အသင်းတော်ကိစ္စများ လုပ်နေသည့် သူများကမူ၊ ထိုတာဝန်များက များစွာ ပြောစရာမရှိဘဲ၊ ကျွမ်းကျင်ဖို့လည်း မလိုသောကြောင့်၊ သူတို့က မည်သည့်အခါမျှ နာမည်ကောင်း ရကြမည် မဟုတ်ပါ။ နောက်ပိုင်းမှာ ကျွန်တော်လည်း မိမိအတွက် ဂုဏ်ရှိနိုင်မည့် တာဝန်တစ်ခု လိုချင်သည်ဟု စဉ်းစားမိခဲ့သည်။ နှစ်နှစ်လောက်အကြာ၊ ကျွန်တော်က မှတ်တမ်းများ တည်းဖြတ်ခြင်းတာဝန် ပေးခံရသည်။ ကျွန်တော် သိပ်ပျော်သွားသည်၊ အထူးသဖြင့် တည်းဖြတ်အလုပ်နှင့်ပတ်သက်ပြီး လမ်းညွှန်ပေးဖို့၊ အသင်းတော်ကို သွားသည့်အချိန်တိုင်း၊ ညီအစ်ကိုမောင်နှမများ အားလုံးက ကျွန်တော့်အပေါ် တကယ် နွေးထွေးကြသည်၊ ပြီးလျှင် လေးလေးစားစား ရှိကြသည်။ ကျွန်တော် မိမိကိုယ်ကိုယ် တကယ်ကို ကျေနပ်ခဲ့မိပြီး ကျွန်တော့်တာဝန်က အခြားသူများ လုပ်သည့် တာဝန်ထက် ပို၍ လေးစားခံရသည်ဟု ထင်မိသည်။ ၂၀၁၈ ခုနှစ်မှာ ကျွန်တော့်ကို အခြားဒေသကို တာဝန်နှင့် ပို့လိုက်သည်။ ထိုနေရာတွင် ရောက်နေစဉ်၊ တစ်ကြိမ်တွင် ညီအစ်ကိုတစ်ယောက်က ကျွန်တော်၏တာဝန် အကြောင်း သိသွားသည်၊ သူက ကျွန်တော့်ကို အလုပ်အကြောင်းများ စပြော လာလေသည်။ သူ ကျွန်တော့်ကို မည်မျှအားကျသည်ကို မြင်သည့်အတွက်၊ ကျွန်တော် တော်တော် ပျော်သွားပြီး ထိုတာဝန်ကို လုပ်ရသည်ကို တကယ် ဂုဏ်ယူစရာဟုလည်း ထင်ခဲ့မိသည်။
ထိုအချိန်အတောအတွင်း အမြဲတမ်း မိမိကိုယ်ကိုယ် ဟုတ်လှပြီထင်ပြီး၊ ဘဝင်မြင့်ခဲ့ပါသည်။ မိမိအလုပ်တာဝန်မှာ နာမည်နှင့် အကျိုးအမြတ်အတွက်သာ ပြိုင်နေခဲ့ပြီး လေးလေးနက်နက် သဘောမထားခဲ့ပါ။ တစ်လနှစ်လအကြာ၊ ကျွန်တော်က မည်သည့်အရာမျှ ဖြစ်ဖြစ်မြောက်မြောက် မရှိသောကြောင့်၊ တာဝန်မှ ထုတ်ပယ်ခံရသည်။ ကျွန်တော်လည်း တော်တော် ဝမ်းနည်းသွားပြီး အနည်းငယ်လည်း အပျက်သဘောဆောင် လာသောကြောင့်၊ ခေါင်းဆောင်က ကျွန်တော့်ကို ဘုရားသခင်၏အလိုတော်အကြောင်း မိတ်သဟာယ ပြုပြီး၊ “ငါတို့ရုပ်ရှင်တွေမှာ ဇာတ်စင်အကူအနေနဲ့ လုပ်ပေးမဲ့ လူတွေကို ဘုရားသခင်၏အိမ်တော်က လိုအပ်တယ်။ မင်း လုပ်နိုင်ပါတယ်။ မင်းရဲ့တာဝန်က ဘာပဲဖြစ်ဖြစ်၊ မင်းအနေနဲ့ သမ္မာတရားကို အားထုတ်ရမယ်၊ ကိုယ့်တာဝန်ကို အကောင်းဆုံး လုပ်နိုင်အောင် ကြိုးစားရမယ်။” ဟု ပြောပြသည်။ ထိုတာဝန်က မည်သည့်အရာကို လိုအပ်သည်ကို ကျွန်တော် တကယ် မသိခဲ့ဘဲ၊ ခေါင်းဆောင်က စီစဉ်ပေးသောကြောင့်၊ နာခံလိုက်သင့်သည်ဟုသာ စဉ်းစားမိသည်။ ဇာတ်စင်အကူ အဖြစ်နှင့် ခဏလောက် ကြာလာပြီးနောက်၊ အများအားဖြင့် ဇာတ်ဝင်ခန်းပစ္စည်းများ မျိုးစုံကို ရွှေ့လျက်၊ ခွန်အားသုံးပြီး ပင်ပင်ပန်းပန်း လုပ်ရသည်ကို ကျွန်တော် သဘောပေါက် လာသည်။ မည်သည့်ကျွမ်းကျင်မှုမျှ မပါပါ။ ဟိုဟိုသည်သည် သွားရခြင်းများ၊ တောက်တိုမည်ရ အလုပ်များသာ ဖြစ်သည်။ ကျွန်တော်က “ဟိုအရင် ငါ့ရဲ့တည်းဖြတ်ရတဲ့တာဝန်က ငါ့ဦးနှောက်ကို သုံးဖို့လိုတယ်။ ဂုဏ်ရှိပြီး အများက လေးစားတယ်။ ဒီဆက်တင် ပစ္စည်းတွေကို ရွှေ့ရတာကျတော့ ခန္ဓာကိုယ် အားစိုက်ရတယ်။ ညစ်ညစ်ပတ်ပတ်နဲ့ ပင်ပန်းတယ်။ ညီအစ်ကို မောင်နှမတွေက ငါ့ကို အထင်သေးလာကြမှာလား။” ဟု စဉ်းစားမိသည်။ ကျွန်တော်လည်း ဤအတွေးနှင့် စိတ်ပျက်သွားပြီး ဤတာဝန်ကို လုပ်နေရသည်ကိုလည်း အနည်းငယ် အတိုက်အခံလုပ်ချင်စိတ် ဖြစ်မိသည်။ ထိုအချိန်ကစပြီး ကျွန်တော်က စိတ်မပါတပါနှင့် အလုပ်လုပ်သည်၊ ပြီးလျှင် ရသည့်အချိန်တိုင်း အချောင်ခိုသည်။ တစ်ခါတစ်ရံ ကျွန်တော်တို့မှာ ဇာတ်ဝင်ခန်းပစ္စည်းတစ်ခု မရှိဘဲ၊ ညီအစ်ကိုမောင်နှမ တစ်ယောက်ယောက်ထံမှ ငှားရသည့်အခါ၊ ကျွန်တော် သွားတောင်းပါက၊ ကျွန်တော့်ကို သိသည့် ညီအစ်ကိုမောင်နှမများက ကျွန်တော်တော့ ယခင် အလုပ်တာဝန်မှာ မရှိတော့ဘဲ၊ ယခု အရေးမပါသည့် ဆက်တင် အလုပ် လုပ်နေရသည်ကို သိသွားကြမည်ကို ကျွန်တော် စိုးရိမ်လျက်၊ အခြားတစ်ယောက်ကိုသာ သွားတောင်း ခိုင်းလိုက်သည်။ ထိုသို့သိသွားပါက သူတို့က ကျွန်တော့်ကို မည်သို့ ထင်ကြမည်နည်း။ ပိုပြီး လုပ်တတ်လာပါက၊ ထိုအလုပ်ကိုသာ အမြဲတမ်း လုပ်သွားရပြီး မည်သည့်အခါမျှ ထင်ထင်ပေါ်ပေါ် ဖြစ်တော့မည်မဟုတ်ဟု စိုးရိမ်လျက်၊ လက်ရှိအလုပ်နှင့် ပတ်သက်သည့် ကျွမ်းကျင်မှုများ ရအောင်လည်း ကျွန်တော် မလုပ်ချင်ခဲ့ပါ။ တစ်ခါတစ်ရံ ရိုက်ကွင်းပေါ်တွင်ရှိစဉ်၊ ဒါရိုက်တာက ဆက်တင်များကို ကျွန်တော့်ကိုသာ အသေးစိတ် လုပ်ခိုင်းတတ်သည်။ ဤသည်က ကျွန်တော့်ကို တကယ် အနေရခက်စေသည်မှာ၊ ကျွန်တော့်အတွက် ရှက်စရာတစ်ခုကဲ့သို့ ဖြစ်သည်။ ယခင်က ကျွန်တော်၏ တည်းဖြတ်သည့်တာဝန်၌ အခြားသူများက ကျွန်တော့်ကို မည်သို့ လေးစားပြီး၊ ကျွန်တော် လမ်းညွှန်သည့်အတိုင်း လုပ်ကြသော်လည်း၊ ယခုတော့ ကျွန်တော်က သူများခိုင်းသည့်အတိုင်း လုပ်နေရသည်ကို ကျွန်တော် တွေးမိသည်။ တကယ်ကို ရာထူးကျသွားခြင်း ဖြစ်သည်။ တစ်ခါက အစ်ကိုတစ်ယောက်က ကျွန်တော့်ကို ဆက်တင်အတွက်၊ အပြင်မှာ ကောက်ရိုးအနည်းငယ် သွားယူခိုင်းသည်။ ကျွန်တော် တကယ်ကို မလုပ်ချင်ခဲ့ပါ။ ကျွန်တော်က စိတ်ထဲမှာလည်း “အပြင်မှာ အဲဒီလိုသွားယူရတာ တော်တော် ရှက်ဖို့ကောင်းတာပဲ။ ညီအစ်ကိုမောင်နှမတွေ မြင်သွားရင်၊ ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ အဲဒီလိုလုပ်နေတယ်ဆိုတာ အရှုံးသမားသက်သက်ပဲလို့ ထင်ကုန်မှာသေချာတယ်။” ဟု တွေးမိသည်။ သို့ရာတွင် မိမိတာဝန်အတွက် မဖြစ်မနေလုပ်ရမည် ဖြစ်သည့်အတွက်၊ ကျွန်တော်လည်း အနားမှာ မည်သူမျှ မရှိသည့်အထိ စောင့်ပြီး၊ အားတင်းပြီး သွားလုပ်သည်။ ကောက်ရိုးများ ယူနေစဉ်၊ ညီအစ်ကိုတစ်ယောက် လာနေသည်ကို ကျွန်တော် မြင်ခဲ့သည်- သူက ရှူးဖိနပ်များ၊ ခြေအိတ်အဖြူများနှင့် တော်တော် သန့်ပြန့်သည်။ ကျွန်တော့်မှာမူ တစ်ကိုယ်လုံး ညစ်ပတ်နေသည်။ ကျွန်တော်က စိတ်ထဲမှာ၊ “ငါတို့တွေ အသက်အတူတူလောက်ပဲ၊ ဒါပေမဲ့ သူက ကောင်းကောင်းမွန်မွန် သန့်သန့်ပြန့်ပြန့် တာဝန်ကို လုပ်နေတယ်၊ ငါကျတော့ ကောက်ရိုး ယူပေးရတဲ့ ညစ်ပတ်တဲ့အလုပ်မျိုးပဲ လုပ်ခွင့်ရတယ်။ ကွာလှချည်လား။ ရှက်ဖို့ကောင်းလိုက်တာ။ ငါ ဒီတာဝန်ကို မလုပ်ချင်တော့ဘူးလို့၊ ခေါင်းဆောင်ကို သွားပြောတော့မယ်၊ ပြီးတော့ တခြားတာဝန်တစ်ခု တောင်းမယ်။” ဟု တွေးလျက်၊ ရုတ်တရက် စိတ်ပျက်ပြီး ဝမ်းနည်းသွားခဲ့သည်။
ပြန်လာပြီးနောက် ကျွန်တော့်အနေနှင့် ခေါင်းဆောင်ကို ပြောသင့် မပြောသင့် စဉ်းစားလျက်၊ စိတ်ထဲမှာ တော်တော် ပဋိပက္ခဖြစ်သည်။ မပြောပါက၊ ထိုတာဝန်ကို ဆက်လုပ် ရလိမ့်မည်ဖြစ်သော်လည်း၊ ယခု တာဝန်ကို မလုပ်ချင်ကြောင်း ပြောလိုက်ပါက၊ မိမိ၏တာဝန်မှ ရှောင်ထွက်သကဲ့သို့ ဖြစ်သွားမည်။ ဤအတွေး၌၊ ကျွန်တော်လည်း မိမိ၏ ခံစားချက်များကို အောင့်အည်းပြီး၊ မည်သည့်အရာကိုမျှ မပြောဖြစ်ခဲ့ပါ။ သိပ်မကြာမီတွင်၊ ခေါင်းဆောင်က ဇာတ်စင် အကူများနှင့် သရုပ်ဆောင်များကို စည်းဝေးပွဲများ အတူတူ တက်ကြဖို့ စီစဉ်သည်။ ကျွန်တော်ကမူ ယင်းကို လုံးဝ ဝမ်းမသာမိပါ။ သူတို့က နာမည်များရပြီး၊ အားလုံး၏အာရုံစိုက်မှု ရနိုင်သော်လည်း၊ ကျွန်တော်က အခိုင်းအစေအလုပ်မျိုး လုပ်နေရသည်။ အဆင့်အတန်းကို မတူကြပါ။ အတူတူ စည်းဝေးကြမည်ကိုက ကျွန်တော့်သိမ်ငယ်စိတ်ကို မီးထိုးပြသကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလား။ လူတိုင်းက စည်းဝေးပွဲများမှာ တက်တက်ကြွကြွနှင့် မိတ်သဟာယ ပြုကြသော်လည်း၊ ကျွန်တော်ကမူ မည်သည့်အရာကိုမျှ မဝေမျှချင်ခဲ့ပါ။ သရုပ်ဆောင်များနှင့် စည်းဝေးပွဲများ၌ သူတို့က ပိုပြီး လူမြင်ကောင်းဖို့အတွက် ကျွန်တော်က ဖြည့်ဆည်း ပေးရသည်ဟုသာ ထင်မိသည်။ တော်တော် စိတ်ဓာတ်ကျခဲ့သည်။ အချိန်များ ကြာလာသည်နှင့်အမျှ၊ ကျွန်တော့်စိတ်ဝိညာဉ်ထဲက အမှောင်ထုက ပိုကြီးလာပြီး စည်းဝေးပွဲများကို သွားပင် မသွားချင်တော့ပါ။ တည်းဖြတ်သည့်တာဝန် လုပ်ဆောင်သည့် အချိန် အကြောင်း၊ ညီအစ်ကိုမောင်နှမများက ကျွန်တော့်ကို ဝမ်းသာအားရ ကြိုဆိုခြင်း၊ ခေါင်းဆောင်က ကျွန်တော့်ကို တန်ဖိုးထားသည့်အချိန်တို့ကိုသာ ကျွန်တော် မကြာခဏ ပြန်တွေးမိသည်။ ထိုတာဝန်မှ ပြုတ်ကတည်းက၊ ကျွန်တော်လည်း တောက်တိုမည်ရအလုပ်များသာ လုပ်နေခဲ့ရပြီး၊ မည်သူမျှလည်း ကျွန်တော့်ကို အားမကျတော့ပါ။ ကျွန်တော်လည်း စိတ်ဓာတ်ကျပြီး ဝမ်းနည်းမိသည်၊ ပို၍ပို၍ သိမ်ငယ်လာသည်၊ ဖော်ဖော်ရွေရွေ မရှိသကဲ့သို့ ဖြစ်လာသည်။ အမြဲတမ်း မှိုင်တွေပြီး၊ မိမိကိုယ်ကိုယ် ခံစား၍မရသကဲ့သို့ ဖြစ်လာသည်။ ကျွန်တော် အလွန် မြန်မြန်ဆန်ဆန်ကြီး ပိန်ကျသွားသည်။ တစ်ညနေတွင်၊ တစ်ယောက်တည်း လမ်းလျှောက်နေရင်းနှင့်၊ ဤဝေဒနာကို ရင်ထဲမှာ မသိမ်းထားနိုင်တော့သကဲ့သို့ ဖြစ်လာသည်။ ငိုယိုလျက် ဘုရားသခင်ထံ ဆုတောင်းမိသည်၊ “အို ဘုရားသခင်၊ ဟိုအရင်ကဆို ကျွန်တော်က သမ္မာတရားကို အားထုတ်ဖို့နဲ့ ကိုယ်တော် ကျေနပ်အောင် ကိုယ့်တာဝန်ကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတာပါ၊ ဒါပေမဲ့ ယခုတော့ ကျွန်တော့် အလုပ်တာဝန်မှာ ဘာမှထုတ်ပြခွင့် မရှိပါဘူး၊ အမြဲတမ်း သူများတွေထက် နိမ့်ကျသလို ခံစားရပါတယ်။ ကျွန်တော် တကယ်ကို အပျက်သဘောဆောင်နေပြီ၊ အားလျော့နေပါပြီ၊ ကိုယ်တော့်ကို အချိန်မရွေး သစ္စာဖောက်မိတော့မယ်လို့ ခံစားရပါတယ်။ ဘုရားသခင်၊ ကျွန်တော် အပျက်သဘောဆောင်လွန်းတာမျိုး ဆက်မဖြစ်ချင်ပါဘူး၊ ဒါပေမဲ့ ဘာလုပ်ရမှန်းလည်း မသိပါဘူး။ ကျွန်တော့်ကို ဒီအခြေအနေက လွတ်အောင် လမ်းပြပေးတော်မူပါ။” ပေါ့။
ထို့နောက်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲမှ ဤသည်ကို ကျွန်တော် ဖတ်မိသည်၊ “တာဝန် မည်သို့မည်ပုံ ပေါ်ပေါက်လာသနည်း။ ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင် လူသားတို့ထံ ကယ်တင်ခြင်းကို ယူဆောင်လာခြင်းတည်းဟူသော ဘုရားသခင့် စီမံခန့်ခွဲမှုအလုပ်၏ ရလဒ်တစ်ခုအဖြစ် ပေါ်ပေါက်လာသည်။ အတိအကျ ဆိုရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်သည် လူသားတို့ကြားတွင် သိသာထင်ရှား လာသည်နှင့်အမျှ ဆောင်ရွက်ရန်လိုအပ်သော အလုပ်တာဝန် ပေါင်းစုံ ပေါ်ပေါက်လာကာ၊ ယင်းအလုပ်များသည် လူတို့ပူးပေါင်း ဆောင်ရွက်ရန်နှင့် ပြီးစီးအောင်လုပ်ရန် လိုအပ်လာသည်။ ယင်းမှ လူတို့ဖြည့်ဆည်းရန် တာဝန်များနှင့် အထူးတာ၀န်များ ပေါ်ပေါက်လာရာ ယင်းတာဝန်များနှင့် အထူးတာ၀န်များသည် ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ပေးသနားသည့် တာဝန်များပေတည်း။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။”) “သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ သင်သည် ‘ဤအလုပ်သည် ဘုရားသခင်မှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ငါ့ကိုမထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရစေသည့် ငါရထားသောအလုပ်ကို တာဝန်ဟု အဘယ်သို့ ခေါ်နိုင်မည်နည်း။ ဤအလုပ်သည် ငါလက်မခံနိုင်သောအလုပ်ဖြစ်သည်။ ဤအလုပ်သည် ငါ့တာဝန်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင် ကင်းဖို့ လိုသည်။’ ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ လာသည့်အရာကို မလက်ခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာ၀န်ကို ငြင်းပယ်ခြင်းဖြစ်သည်။ စံရွေးရန်အားထုတ်သည်နှင့်၊ အမှန်တကယ် လက်ခံမှုကို သင်မတတ်နိုင်တော့ပေ။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေး အကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင့်ကိုယ်ကျိုး၊ သင့်ဂုဏ်သတင်း၊ စသည်တို့ကို ထည့်သွင်း စဉ်းစားသောအခါ၊ တာဝန်အပေါ်ထားရှိသော သင်၏ သဘောထားသည် နာခံမှု မဟုတ်ပေ။ တာဝန်အပေါ်ထားရှိရမည့် သဘောထားမှာ- ပထမအနေဖြင့် ယင်းကို သင်မဆန်းစစ် ရသကဲ့သို့ သင့်ကိုမည်သူက အလုပ်ပေးသည်ကို မစဉ်းစားရ။ ယင်းအစား ဘုရားသခင်ထံမှလာသော သင့်တာဝန်နှင့် သင်လုပ်သင့်သည့်အလုပ်အနေဖြင့် လက်ခံသင့်သည်။ ဒုတိယအနေဖြင့် တာဝန်ကို အမြင့်နှင့်အနိမ့် ခွဲခြားခြင်း မပြုလေနှင့်။ ထို့အပြင်ယင်းကိုလူရှေ့တွင် လုပ်ရသလော၊ ၎င်းတို့ ကွယ်ရာတွင် လုပ်ရသလော၊ သင့်ကိုထင်ရှားစေသလော၊ မထင်ရှားစေသလော၊ စသည်ဖြင့် ယင်း၏ သဘောသဘာဝအပေါ် မစိုးရိမ်နှင့်။ ယင်းအရာများကို မစဉ်းစားလေနှင့်။ ၎င်းတို့မှာ လူများ သူတို့၏တာဝန်ဆီ ချဉ်းကပ်ရာတွင် ရှိရမည့်အင်္ဂါ နှစ်ရပ်ပေတည်း။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။”) ဤသည်ကို ဖတ်ရင်း ကျွန်တော်က မိမိ၏အလုပ်အပေါ်မှာ လွဲမှားသည့် ရှုထောင့်နှင့် သဘောထားကို ဆုပ်ကိုင်ခဲ့မိသည်ကို ကျွန်တော် မြင်မိသည်။ ဘုရားသခင်က ကျွန်တော်တို့ကို မိမိအလုပ်တာဝန်ကို လုပ်ဆောင်ကြဖို့ သတ်မှတ်ပေးပြီး ကျွန်တော်တို့က ယင်းကို လုပ်ဆောင်ပါက၊ မှန်ကန်သည်၊ နည်းလမ်းတကျရှိသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော်တို့ကို ရွေးချယ်ခွင့်မပြုပါ။ သို့ရာတွင် ကျွန်တော်ကမူ မိမိနှစ်သက်သည့်အရာများကိုသာ ဦးစားပေးပြီး အထင်ကြီး လေးစားခံရသည့် တာဝန်မျိုးကိုသာ လိုချင်ခဲ့သည်။ နောက်ကွယ်က အလုပ် သို့မဟုတ် သာမန်အလုပ်တို့ကို ဆန့်ကျင်မိပြီး ငြင်းခဲ့မိသည်။ ဘုရားသခင်၏အုပ်စိုးခြင်းနှင့် အစီအစဉ်များကို မနာခံခဲ့ပါ။ မိမိအလုပ်အပေါ် ပေါ့ပေါ့တန်တန်နှင့် အပျက်သဘောဆောင်ခြင်း၊ ငြင်းဆန်ခြင်းပင် ရှိခဲ့သည်၊ ပြီးလျှင် ကျွန်တော်က ဘုရားသခင်ကို ဆန့်ကျင်ခဲ့ပါသည်။ ကျွန်တော် ယုံကြည်ခြင်းမှာ သက်ဝင်လာစကအချိန်ကို ပြန်တွေးကြည့်သည်။ မိမိအလုပ်တာဝန်များကို စွမ်းဆောင်နေကြသည့် ခေါင်းဆောင်များ၊ ညီအစ်ကိုမောင်နှမများကို ကျွန်တော် အားကျမိခဲ့သည်။ ထိုတာဝန်များက တော်တော် ဂုဏ်ရှိတာပဲ၊ အခြားသူများကလည်း အထင်ကြီးကြသည်၊ ပြီးလျှင် သိပ်မသိသာသည့် ကာယအလုပ်များ လုပ်နေသည့်လူများမှာမူ မည်သည့်အတတ်ပညာမျှ ပြောပလောက်အောင် မရှိသည်ကို တွေးခဲ့မိသည်။ ထိုကဲ့သို့တာဝန်မျိုးက နိမ့်ကျသည်၊ ပြီးလျှင် လူများက ယင်းကို အထင်သေးသည်။ ကျွန်တော်က မိမိအတွေးထဲမှာ လမ်းမှားခဲ့သည့်အတွက်၊ အလုပ်တာဝန်များကို အဆင့်အမျိုးမျိုး ခွဲထားခဲ့သောကြောင့်၊ ဇာတ်စင်အကူအနေနှင့် စလုပ်ရသည့်အခါ၊ ကျွန်တော်က အခိုင်းအစေအလုပ်များ လုပ်နေရသည်၊ ကျွန်တော့်ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ထိခိုက်တော့မည်ဟု တွေးခဲ့ပါသည်။ ကျွန်တော်က ယင်းကို တကယ် အတိုက်အခံလုပ်ခဲ့ပြီး မနာခံချင်ခဲ့ပါ။ ကျွန်တော့် အလုပ်အတွက် တာဝန်မယူခဲ့ဘဲ၊ သင်ယူသင့်သည့် ကျွမ်းကျင်မှုများကိုလည်း မသင်ယူချင်ခဲ့ပါ။ လက်လျှော့ အရှုံးပေးပြီး၊ ဘုရားသခင်ကို သစ္စာဖောက်ဖို့ပင် စဉ်းစားခဲ့ပါသည်။ ကျွန်တော်က မိမိအလုပ်မှာ မိမိတစ်ကိုယ်ရေ နှစ်သက်သည့် အရာများကိုသာ ဦးစားပေးလိုခဲ့သည်၊ မိမိဂုဏ်သိက္ခာနှင့် မိမိအကျိုးအတွက်သာ စဉ်းစားခဲ့သည်ကို မြင်မိပါသည်။ ကျွန်တော့်မှာ စစ်မှန်သည့် နာခံမှုကို လုံးဝမရှိခဲ့ပါ၊ ဘုရားသခင်၏ အလိုတော်ကို အလေးထားခြင်း သို့မဟုတ် မိမိတာဝန်ကို ကောင်းအောင်လုပ်ခြင်းတို့ကမူ ရှိကိုမရှိခဲ့ပါ။ ကျွန်တော့် စိတ်ထားက ဘုရားသခင်အတွက်မူ အလွန် ရွံစရာ စက်ဆုပ်စရာကောင်းခဲ့ပါသည်။ ဤသည်ကို နားလည်ရင်း စိတ်ဆင်းရဲတာပေါ့။ မိမိကိုယ်ကိုယ်လည်း အပြစ်တင်မိသည်။
နောက်ပိုင်းတွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်မိပါသည်၊ “လူသားများသည် ဖန်ဆင်းခံသတ္တဝါများ ဖြစ်သည်။ ဖန်ဆင်းခံသတ္တဝါများ၏ လုပ်ငန်းဆောင်တာများမှာ အဘယ်နည်း။ ဤအချက်သည် လူတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် တာဝန်များကို ထည့်သွင်းစဉ်းစားသည်။ သင်သည် ဖန်ဆင်းခံသတ္တဝါဖြစ်သည်။ ဘုရားသခင်က သင့်အား သီချင်းဆိုခြင်းဆုကျေးဇူးကို ပေးသနားခဲ့သည်။ ဘုရားသခင်က သင့်အားသီဆိုရန် အသုံးပြုသောအခါ သင်ဘာလုပ်သင့်သနည်း။ ဘုရားသခင်က သင့်အား ယုံကြည်စိတ်ချစွာ ပေးလာသော တာဝန်ကို သင်လက်ခံပြီး ကောင်းမွန်စွာ သီဆိုသင့်သည်။ ဧဝံဂေလိတရားတော် ဖြန့်ဝေရန် ဘုရားသခင်က သင့်အား အသုံးပြုသောအခါ ဖန်ဆင်းခံသတ္တဝါတစ်ဦး အနေဖြင့် သင်ဘာဖြစ်သွားသနည်း။ သင်သည် ခရစ်ယာန်တရားဟောဆရာ ဖြစ်သွားသည်။ သင့်ကိုဦးဆောင်စေရန် ကိုယ်တော်က အလိုရှိပါက သင်သည် အပ်နှံသော ထိုတာဝန်ကိုယူသင့်သည်။ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ ထိုတာဝန်ကို သင်ဖြည့်ဆည်းနိုင်ပါက ယင်းသည် သင်ထမ်းဆောင်သော နောက်ထပ်တာဝန်တစ်ရပ် ဖြစ်ပေမည်။ လူအချို့သည် သမ္မာတရားကို နားမလည်သလို လိုက်စားခြင်းလည်း မရှိပေ။ သူတို့သည် အားထုတ်မှုသက်သက်ကိုသာ လုပ်နိုင်သည်။ ထိုသို့ဆိုလျှင် ထိုဖန်ဆင်းခံသတ္တဝါများ၏ တာဝန်သည် အဘယ်နည်း။ အားထုတ်ရန်နှင့် အစေခံရန်ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်တော် သိလိုက်ရသည်မှာ၊ လူတစ်ယောက်သည် ဘုရားသခင်၏ အိမ်တော်မှာ မည်သည့်တာဝန်ကိုသာ လုပ်သည်ဖြစ်စေ၊ ထိုတာဝန်များကလည်း ပေါ်လွင်သည်ဖြစ်စေ မပေါ်လွင်သည် ဖြစ်စေ၊ ယင်းတို့က တာဝန်၏ အခေါ်အဝေါ်နှင့် လုပ်ရသည့် အလုပ်ပုံစံများသာ ကွဲပြားကြခြင်းဖြစ်သော်လည်း၊ ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူရသည်မှာ အတူတူပင်ဖြစ်သည်။ လူတစ်ယောက်၏ ပင်ကို ဝိသေသလက္ခဏာနှင့် အနှစ်သာရက မပြောင်းလဲပါ- အမြဲတမ်း ဖန်ဆင်းခံတစ်ယောက်သာ ဖြစ်သည်။ ကျွန်တော်က မိမိ၏တည်းဖြတ်သည့်တာဝန်မှာ ဖန်ဆင်းခံ တစ်ယောက်သာ ဖြစ်သည်၊ ပြီးလျှင် ဇာတ်စင်အကူတာဝန်မှာ လုပ်ရလည်း ဖန်ဆင်းခံတစ်ယောက်ပါပဲ။ ဘုရားသခင်၏ အိမ်တော်ထဲက တာဝန်များမှာ ရာထူးကြီးငယ် မရှိဘဲ၊ အသင်းတော်အလုပ်၏လိုအပ်ချက်များအပေါ် အခြေခံပြီး၊ တစ်ဦးတစ်ယောက်ချင်းစီ၏ ဝိညာဉ်ရင့်ကျက်မှု၊ အစွမ်းအစ၊ အားသာချက်များနှင့် ကိုက်ညီအောင် စီစဉ်ထားခြင်း ဖြစ်သည်။ မည်သည့်တာဝန် ဖြစ်ပါစေ၊ ဘုရားသခင်၏အလိုတော်က ကျွန်တော်တို့၏ တာဝန်များကို အမှန်တကယ် အစွမ်းကုန် ကြိုးစားလုပ်ကြဖို့၊ သမ္မာတရားကို အားထုတ်ရာမှာ စဉ်းစားချင့်ချိန်တတ်ကြပြီး၊ ကျွန်တော်တို့၏ အကျင့်ပျက် စိတ်သဘောထားများကို ဖြေရှင်းဖို့နှင့် မိမိတို့၏တာဝန်များကို ကောင်းစွာ လုပ်ဆောင်ကြဖို့သာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ ပြောသကဲ့သို့ပင် ဖြစ်သည်၊ “လုပ်ငန်းဆောင်တာများသည် မတူပေ။ ကိုယ်တစ်ခုတည်းရှိ၏။ အသီးသီးက မိမိ၏ တာဝန်ကို လုပ်ဆောင်သည်၊ အသီးသီးက မိမိ၏ နေရာတွင်ရှိပြီး အကောင်းဆုံးလုပ်ဆောင်နေပြီး- မီးပွင့်တစ်ခုစီအတွက် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခု ရှိသည်- အသက်တာ၌ ရင့်ကျက်မှုကို ရှာဖွေနေကြ၏။ ထိုသို့ဖြင့် ငါသည် စိတ်ကျေနပ်ခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၁)) အသင်းတော်ခေါင်းဆောင်က ကျွန်တော့်အတွက် ဇာတ်စင်အကူတာဝန်ကို စီစဉ်ပေးသည်မှာ၊ အလုပ်တာဝန်အတွက် လိုအပ်၍ဖြစ်ပြီး ကျွန်တော်က မိမိ၏ နှစ်သက်ရာများအပေါ် အခြေခံပြီး၊ ကြေးမများသင့်သကဲ့သို့၊ ဇီဇာမကြောင်သင့်ဘဲ၊ ဘုရားသခင်၏အုပ်စိုးခြင်းနှင့် အစီအစဉ်များကိုသာ နာခံသင့်သည်။ ပရိုဂရမ်များအတွက် ဇာတ်ဝင်ခန်းပစ္စည်းများကို ကျွန်တော်က လိုအပ်သကဲ့သို့ လုပ်ပေးရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို သက်သေခံသည့် ရိုက်ကူးထုတ်လုပ်မှုတိုင်းမှာ မိမိတာဝန် ကျေပွန်သင့်သည်။ ဤသည်မှာ ကျွန်တော့်တာဝန်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်သွားပြီးသည့်နောက်၊ ကျွန်တော့်၏ ရှုထောင့်ပုံစံက အနည်းငယ် ပြောင်းလဲသွားသည်၊ ပြီးလျှင် ကျွန်တော့်ကို အချိန်အကြာကြီး ဖိစီးနေခဲ့သည့်အရာများကို စွန့်ပစ်လိုက်သည်။ ကျွန်တော့်တာဝန်ကိုလည်း မှန်မှန်ကန်ကန် လုပ်ကိုင်လာနိုင်သည်။ ထိုအချိန်ကစပြီး၊ ကျွမ်းကျင်မှုများ ရလာဖို့၊ အလုပ်နှင့်ပတ်သက်သည့် အကြောင်းအရာများ အချက်အလက်များကို ကြိုးစားပြီး ရှာဖွေသည်၊ ပြီးလျှင် သရုပ်ဆောင်များနှင့် စည်းဝေးပွဲများမှာလည်း၊ သူတို့တာဝန်နှင့် မိမိ၏တာဝန်ကြား နှိုင်းယှဉ်ခြင်းများ မလုပ်တော့ဘဲ၊ ထိုအစား ကျွန်တော့်၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုအကြောင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောသည်။ ကျွန်တော့်မှာ ရှိသည့် နားလည်မှုများအားလုံးကို မိတ်သဟာယပြုပေးသည်။ ထိုနောက်ပိုင်း ကျွန်တော့်အလုပ်တာဝန်မှာ၊ အထင်သေး ခံရမည်ကို ကြောက်သည့်စိတ်က တစ်ခါတလေ ပေါ်လာပါသေးသည်၊ ပြီးလျှင် ကျွန်တော်က တာဝန်များကို အနိမ့်အမြင့် သတ်မှတ်နေပြန်ပြီဟု အသိဝင်လာသောကြောင့်၊ ဘုရားဆီ အမြန်ဆုံး ဆုတောင်းပြီး၊ မမှန်ကန်သည့် ကျွန်တော့်အတွေးကို စွန့်ပစ်သည်၊ မိမိတာဝန်ကို အာရုံစိုက်ပြီး၊ ဘုရားသခင်ကို ကျေနပ်စေဖို့ကိုသာ ဦးစားပေးလိုက်သည်။ ဤနည်းအတိုင်း အချိန်တစ်ခုလောက် လက်တွေ့လုပ်ဆောင် လိုက်ပြီးသည့်နောက်၊ အလွန် အေးချမ်းပြီး၊ စိတ်သက်သာရာ ရခဲ့ပါသည်။ ဆက်တင်များ လုပ်ရခြင်း၊ ပစ္စည်းများ ရွှေ့ရခြင်းတို့ကို နိမ့်ကျသည့်တာဝန်ဟု ကျွန်တော် မခံစားမိတော့ပါ။ ထိုအစား ဘုရားသခင်က ကျွန်တော့်ကို တာဝန်ယူစရာတစ်ခု အပ်နှံထားသည်ဟုသာ ခံစားမိခဲ့သည်။ ကျွန်တော့်အနေနှင့် ဤတာဝန်ကို လုပ်နိုင်ခြင်းနှင့်၊ ဘုရားသခင့်အိမ်တော်၏ ရုပ်ရှင်ထုတ်လုပ်ရေးများမှာ ပါဝင်ခွင့်ရခြင်းများကို ဂုဏ်ယူပြီး မြတ်နိုးမိသည်။
ထိုနည်းဖြင့် ဖော်ထုတ်ခံရပြီး ကျွန်တော့်အနေနှင့် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ် ရလိုက်ပြီဖြစ်သည်၊ မိမိ၏ အလုပ်တာဝန်မှာ ဘုရားသခင်၏အစီအစဉ်များကို နာခံနိုင်ပြီ ဖြစ်သည်၊ ပြီးလျှင် မိမိတာဝန်က အထူးတလည် မဟုတ်တော့သောကြောင့်၊ အပျက်သဘောဆောင်ခြင်းများနှင့် ပုန်ကန်တာများလည်း ဖြစ်မည်မဟုတ်ဟု ထင်မိသည်။ သို့ရာတွင် ကျွန်တော် မကြိုက်သည့် အခြေအနေတစ်ခုကို နောက်တစ်ခါ ထပ်ကြုံရကာ၊ ထိုပြဿနာဟောင်းက ပြန်ပေါ်လာသည်။
တစ်လနှစ်လလောက်ကြာပြီးသည့်နောက် လယ်သမားများ တကယ် အလုပ်များသည့်အချိန်တွင်၊ ဧဝံဂေလိ လိုက်ဖြန့် နေကြသည့် ညီအစ်ကိုမောင်နှမအချို့က ရိတ်သိမ်းချိန်အမီ ပြန်မလာနိုင်ကြပါ။ ခေါင်းဆောင်က ကျွန်တော့်ကို သူတို့၏ လယ်အလုပ်များမှာ ကူညီနိုင်ခြင်း ရှိမရှိကို မေးသည်။ ကျွန်တော် “ဒါက အဲဒီညီအစ်ကိုမောင်နှမတွေ စိတ်အေးနိုင်အောင် ကူညီရမှာ ဆိုတော့၊ ဧဝံဂေလိအလုပ်ကို သူတို့တွေ အာရုံစိုက်နိုင်မယ်။ ဘုရားသခင့် အိမ်တော်ရဲ့အလုပ်အတွက်လည်း အကျိုးရှိမယ်၊ ငါ ဒါကို လက်ခံသင့်တယ်။” ဟု တွေးမိခဲ့သည်။ သို့ရာတွင် ကျွန်တော် လယ်ထဲကို ရောက်သွားသည့်အခါ၊ အခြားညီအစ်ကိုများက အသက် ၄ဝ သို့မဟုတ် ၅ဝ ဝန်းကျင်များ ဖြစ်နေကြသည်။ ကျွန်တော့်ကဲ့သို့ နှစ်ဆယ်ဝန်းကျင်များ တစ်ယောက်မျှမရှိပါ။ ကျွန်တော် သိပ် မကျေနပ်မိပါ။ ထို့နောက်တွင်ပင် အစ်ကို တစ်ယောက် ရောက်လာပြီး၊ “ညီလေး၊ လယ်ထဲမှာ အလုပ်လုပ်ဖို့ မင်းမှာ အချိန်ရှိလို့လား။ မင်းက မင်းရဲ့တည်းဖြတ်ရတဲ့တာဝန် လုပ်နေတာ မဟုတ်ဘူးလား။” ဟု တအံ့တဩ မေးသည်။ ကျွန်တော့်မျက်နှာလည်း ချက်ချင်း ထူပူလာပြီး “ကျွန်တော်က ခဏလောက် လာကူညီတာပါ။” ဟု မြန်မြန်ပဲ ပြန်ဖြေမိသည်။ သူ ထွက်သွားတော့မှ၊ ကျွန်တော်က “သူ ငါ့ကို ဘယ်လိုထင်မှာလဲ။ ငါ့အရွယ်နဲ့ ဒီလိုအလုပ်မျိုး လာလုပ်တယ်ဆိုတာ ငါ့မှာ အရည်အချင်း မရှိလို့၊ စွမ်းဆောင်ရည်မရှိလို့၊ ပြီးတော့ ငါက အရေးပါတဲ့တာဝန်မျိုးကို မလုပ်နိုင်လို့ ဒီကို လာရတယ်လို့ ထင်သွားမှာလား။ အဲဒါဆိုရင်တော့ တော်တော် နိမ့်ကျသွားပြီ။” ဟု တွေးမိသည်။ ကျွန်တော် ပို၍ ပို၍ စိတ်ပျက်လာသည်။ ခန္ဓာကိုယ်က အလုပ်လုပ်နေသော်လည်း၊ စိတ်ထဲမှာမူ ထိုနေရာမှ ညီအစ်ကိုများက ကျွန်တော့်ကို မည်သို့ထင်ကြမည်နည်း၊ ပြီးလျှင် သူတို့က ကျွန်တော့်ကိုများ အထင်သေးကြမလားဟုသည့် အတွေးများသာ ပြည့်နေခဲ့သည်။ အလုပ်ကိုလည်း အိုးနင်းခွက်နင်းနှင့် ပြီးသွားသည်။ အိမ်ကို ပြန်ရောက်တော့၊ အခြားညီအစ်ကိုများက ကွန်ပျူတာများရှေ့မှာ သူတို့၏ တာဝန်များကို အလုပ်လုပ်နေကြသည်ကို မြင်ပြီး ကျွန်တော့်အဆင့်က ပိုပြီးနိမ့်ကျသည်ဟု ရုတ်တရက် ခံစားမိသည်။ ကျွန်တော်က စိတ်ထဲမှာလည်း “တခြားလူတွေရဲ့ တာဝန်တွေက ငါ့ထက် သာကြတယ်။ ငါကျတော့ ဘာလို့ လယ်ထဲမှာ ပင်ပင်ပန်းပန်း လုပ်ရတာလဲ။ ဘာပဲဖြစ်ဖြစ် ငါက အနည်းဆုံးတော့ တက္ကသိုလ်တက်ဖူးတယ်၊ ပြီးတော့ စာတွေလည်း ကြိုးစားခဲ့တယ်။ အဲဒါတွေက လယ်ထဲမှာ တစ်နေကုန် လုပ်ရတဲ့ လယ်သမားဘဝမျိုး မရောက်အောင် ကြိုးစားခဲ့တာတွေ မဟုတ်ဘူးလား။ မနက်ဖြန် ငါ မသွားတော့ဘူး။” ဟု စဉ်းစားလိုက်သည်။ ထိုနည်းဖြင့် မတွေးသင့်မှန်း ကျွန်တော် သိပါသည်၊ သို့ရာတွင် လယ်ထဲမှာ အလုပ်လုပ်ခိုင်းခြင်းက ကျွန်တော့်စွမ်းရည်ကို အလဟဿ ဖြစ်စေခြင်း၊ အရှက်ခွဲခြင်း ဖြစ်သည်ဟု တွေးရင်း၊ အလွန် မတရားလုပ်ခံရသည်ဟု ခံစားခဲ့ရသည်။ ယင်းကို စဉ်းစားရင်း၊ စိတ်က ပိုပြီးနောက်ကျိလာသောကြောင့်၊ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းခဲ့သည်၊ “ဘုရားသခင်၊ လယ်အလုပ်ကို အဲဒီလို ပင်ပင်ပန်းပန်း ချွေးတလုံးလုံးနဲ့ လုပ်ရတယ်ဆိုတာ သူများတွေ အထင်သေးကြမဲ့ နိမ့်ကျတဲ့တာဝန်တစ်ခုလို့ပဲ ထင်ပါတယ်။ ကျွန်တော် ဆက်မလုပ်ချင်တော့ပါဘူး။ ဒီကိစ္စကို ကျွန်တော် စဉ်းစားပုံက မှားတယ်ဆိုတာ သိပေမဲ့၊ အဲဒီလို မတွေးဘဲ မနေနိုင်ပါဘူး။ ကျွန်တော် တကယ်ကို စိတ်ဆင်းရဲနေပါပြီ။ ကိုယ်တော့်အလိုကို နားလည်ပြီး နာခံနိုင်အောင်၊ ကျွန်တော့်ကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ။”
ကျွန်တော် ဆုတောင်းလိုက်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှာ ဤသည်ကို ဖတ်မိပါသည်၊ “စစ်မှန်သော နာခံခြင်းဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်က သင်ဖြစ်စေချင်သည်အတိုင်း ဖြစ်သော တစ်စုံတစ်ရာကို ပြုလုပ်ပြီး အရာရာတိုင်းက ကျေနပ်စရာကောင်းပြီး သင့်တင့်လျောက်ပတ်သည်ဟု သင်ခံစားရကာ သင့်ကို ပေါ်လွင်ထင်ရှားခွင့် ပေးထားသောအခါတိုင်းတွင် သင်သည် ဤအရာက အတော်ပင် ဂုဏ်ဝင့်ဖွယ်ဖြစ်သည်ဟု သင်ခံစားလျက် သင်သည် ‘ဘုရားသခင်ကို ကျေးဇူးတင်သည်’ ဟုပြောသည့်အပြင် သူ၏ စီစဉ်ညွှန်ကြားချက်နှင့် စီမံမှုများကို နာခံနိုင်လေသည်။ သို့သော်လည်း သင် မည်သည့်အခါမျှ မထင်ပေါ်နိုင်မည့် အရေးမပါသောနေရာ၊ မည်သူမျှ သင့်ကို လုံးဝအသိအမှတ် မပြုသည့် နေရာ၌ တာဝန်ပေးသည့်အခါအတိုင်း၊ သင်သည် မပျော်ရွှင်တော့ဘဲ နာခံရန် ခက်ခဲသည်ဟု ခံစားရလေသည်။...နေများ အခွင့်သာနေစဉ်တွင် ကျိုးနွံနာခံခြင်းက သာမန်အားဖြင့် လွယ်ကူပါသည်။ အမှုအရာများက သင်ဖြစ်ချင်သည့်အတိုင်း မဖြစ်ဘဲ သင်၏ ခံစားချက်များ နာကျင်ရသည့်၊ သင့်ကို အားနည်းစေပြီး၊ သင့်ကို ရုပ်ပိုင်းဆိုင်ရာ ဝေဒနာခံစားစေကာ သင်၏ နာမည်ဂုဏ်သတင်းအပေါ် ထိုးနှက်ချက်တစ်ခု ဖြစ်စေသည့်၊ သင်၏ ဝင့်ဝါမှုနှင့် မာနကို ဖြည့်ဆည်းမပေးနိုင်သလို စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားစေသည့် ခက်ခဲသော အခြေအနေများတွင်လည်း သင် ကျိုးနွံနာခံနိုင်လျှင်၊ သင်သည် အမှန်တကယ် ဝိညာဉ်အသက်တာ ရှိပြီဖြစ်သည်။ ဤသည်မှာ သင်ရှာဖွေလိုက်စားသင့်သည့် ရည်မှန်းချက်ပန်းတိုင် မဟုတ်လော။ သင်၌ ထိုသို့သော စေ့ဆော်မှုတစ်ခု၊ ထိုသို့သော ရည်မှန်းချက်ပန်းတိုင်ရှိလျှင် မျှော်လင့်ချက် ရှိ၏။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း)
ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဆင်ခြင်ကြည့်ရင်း၊ ကျွန်တော် ရှက်မိသွားသည်။ ထိုနှုတ်ကပတ်တော်များက ကျွန်တော့်အခြေအနေ အတိအကျကို ထုတ်ဖော်ပြထားခဲ့ပြီး ဖြစ်သည်။ တည်းဖြတ်ရသည့် ကျွန်တော်၏တာဝန်ကို ဆောင်ရွက်နေစဉ်၊ ကျွန်တော် ကိုယ်ရည်သွေးပြ၍ရသည်ဟု ထင်သည့်အချိန်က၊ ထိုတာဝန်ကို ပျော်ပျော်ကြီး လက်ခံပြီး နာခံခဲ့သည်၊ ပြီးလျှင် မိမိ၏တာဝန်ကို အားတက်သရော လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် လယ်ထဲမှာ ကူညီပေးရင်း၊ မိမိ၏ဩဇာတိက္ကမနှင့် ပုံရိပ်ကို ထိခိုက်လာသည့်အခါ၊ စိတ်ပျက်လာပြီး၊ ထိုတာဝန်ကို မလုပ်ချင်တော့ပါ။ အထူးသဖြင့် အခြားညီအစ်ကိုများက ကွန်ပျူတာများနှင့် လုပ်ကိုင်နေသည်ကို မြင်ရသည့်အခါ၊ ကျွန်တော်က သူတို့လောက် မတော်သကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်တော်လည်း ပညာတတ်ဖြစ်သည့်အတွက်၊ ကျွမ်းကျင်မှုလိုသည့် ဂုဏ်ရှိရှိတာဝန်တစ်ခုကို လုပ်နေရသင့်သည်ဟု စဉ်းစားရင်း၊ မိမိစိတ်ကို ငြိမ်အောင် ထိန်းခြင်းလည်း ပျက်သွားသည်။ ကျွန်တော်က အတိုက်အခံ လုပ်ပြီး၊ ညည်းညူခဲ့သည်၊ ပြီးလျှင် လယ်အလုပ်ကို ဆက်မလုပ်ချင်ခဲ့ပါ။ မိမိ၏အလုပ်တာဝန်မှာ၊ ဘုရားသခင်၏ အိမ်တော်ကို အကျိုးရှိစေမည့်အရာကို အရေးမထားခဲ့သကဲ့သို့၊ သူ၏အလိုတော်ကို အလေးထားဖို့ကို ထည့်မတွက်ခဲ့ပါ။ ထိုအစား မိမိ၏ဂုဏ်ပကာသနအတွက်သာ အချိန်တိုင်း စဉ်းစားခဲ့သည်။ ကျွန်တော်က တစ်ကိုယ်ကောင်းဆန်လွန်းပြီး ရွံစရာကောင်းခဲ့ခြင်း ဖြစ်သည်။ မိမိကိုယ်ကိုယ် ဘုရားသခင်၏အိမ်တော်ဝင် တစ်ယောက်အဖြစ် လုံးဝ မမြင်ခဲ့ပါ။ ဘုရားသခင်၏အလိုတော်ကို အလေးထားသည့် စစ်မှန်သည့် ယုံကြည်သူတစ်ယောက်က မိမိအလုပ်တာဝန် ခက်ခဲပင်ပန်းခြင်းဖြစ်စေ၊ မိမိ၏နာမည်နှင့် အကျိုးစီးပွားကို ထိခိုက်စေခြင်းဖြစ်စေ ဖြစ်နေလျှင်ပင်၊ မိမိ၏တာဝန်ကို ကိုယ်တိုင်တာဝန်ယူစရာအဖြစ် မှတ်ယူပြီး၊ လိုအပ်သည့်နေရာမှာ ဝင်ရောက်လုပ်ကိုင်ပါသည်။ မိမိ၏ တာဝန်က အသင်းတော်၏အလုပ်အတွက် အကျိုး ရှိနေသရွေ့၊ မိမိအသိစိတ်နှင့် ကောင်းအောင် လုပ်ကြပါသည်။ ထိုကဲ့သို့သော လူများကသာ လူ့သဘာဝကို ပိုင်ဆိုင်ပြီး၊ ဘုရားသခင်၏ အိမ်တော်နှင့်အတူ ရပ်တည်ကြခြင်း ဖြစ်ပါသည်။ လယ်အလုပ်နှင့် ပတ်သက်ပြီး ကျွန်တော့်လက်ရှိ လုပ်ဆောင်ချက်ကို စဉ်းစားကြည့်သည်။ ညီအစ်ကိုမောင်နှမအချို့က အကူအညီ လိုနေပြီး၊ အခြားလူများ အနည်းငယ်ကလည်း လုပ်ဆောင်လိုက် နိုင်သောကြောင့်၊ ဘုရားသခင်က ဤတာဝန်ကို အဘယ့်ကြောင့် ကျွန်တော့်ထံ ထိုးပေးခဲ့သနည်း။ ထိုအလုပ်က ကျွန်တော့်ကြောင့် ထူးထူးခြားခြား တန်ဖိုးတက်သွားခြင်းလည်း မဟုတ်ပါ။ သို့ရာတွင် ဘုရားသခင်က အလုပ်တာဝန်အပေါ် ထားသည့် ကျွန်တော့်စိတ်ထားကို ဖော်ထုတ်ပြဖို့၊ ကျွန်တော့်ကို ညစ်ပတ် ပင်ပန်းသည့်အလုပ်များ လုပ်ခိုင်းနေခြင်းဖြစ်သည်၊ သို့မှသာ ကျွန်တော်က ထိုတာဝန်ကို လုပ်ဆောင်နေစဉ်၊ မိမိ၏ ဖောက်ပြန်ပျက်စီးမှုနှင့် မသန့်စင်မှုများကို လက်ခံနိုင်မည်၊ ပြီးလျှင် မိမိ၏ ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်မည်။ သို့ရာတွင် ဘုရားသခင်၏ ကြင်နာသည့် ရည်ရွယ်ချက်များကို ကျွန်တော်က နားမလည်ခဲ့ပါ။ မိမိ၏တာဝန်ကို ဆက်ပြီး ဇီဇာကြောင်သည့်အပြင်၊ မိမိ၏ကိုယ်ပိုင် နှစ်သက်ရာများ တောင်းဆိုချက်များသာ အမြဲတမ်း ရှိနေသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျွန်တော် မနာခံနိုင်ခဲ့ဘဲ၊ ဘုရားသခင်ကိုသာ ပုန်ကန်ပြီး ခုခံခဲ့သည်။ ကျွန်တော်က သူ့ကို တကယ်ကို နာကျင်စေခဲ့ခြင်း ဖြစ်သည်။ ဤအတွေး၌ ဘုရားသခင်၏အလိုတော်က ကျွန်တော့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထိုအခြေအနေမှတစ်ဆင့် ဖော်ထုတ်ပြပြီး သန့်စင်စေဖို့၊ ပြီးလျှင် မိမိတာဝန်အပေါ် ထားသည့် ကျွန်တော့်စိတ်ထားကို ပြုပြင်ပေးဖို့ ဖြစ်သည်ကို ကျွန်တော် နားလည်ခဲ့ပါသည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းဖြစ်သည်။ ကျွန်တော့်အနေနှင့် ညစ်ပတ်သည့်၊ ပင်ပန်းသည့်၊ အထင်ကြီးစရာမရှိသည့် တာဝန်ကို လုပ်ရလည်း မရေးမကြီးပါ။ အသင်းတော်၏အလုပ်ကို အကျိုးရှိစေသရွေ့၊ ကျွန်တော်က ထိုတာဝန်ကို ခြွင်းချက်မရှိ လက်ခံပြီး နာခံသင့်သည်၊ ပြီးလျှင် အစွမ်းကုန် လုပ်ဆောင်သင့်သည်။ ထိုအရာကသာ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသည့် လူတစ်ယောက် ဖြစ်ခြင်း ဖြစ်ပေသည်။ ဤကဲ့သို့ နားလည်လာရင်း၊ ကျွန်တော့်မှာ တည်ငြိမ်သည့် အသိတစ်ခု တဖြည်းဖြည်း ရခဲ့သည်။
နောက်ပိုင်းတွင် မိမိကိုယ်ကိုယ် ပြန်လည်မသုံးသပ်ဘဲလည်း မနေနိုင်ခဲ့ပါ။ သိပ်မထူးခြားသည့် တာဝန်တစ်ခု လုပ်ရပါက၊ ကျွန်တော်က အဘယ့်ကြောင့် ထိုကဲ့သို့ အတိုက်အခံဖြစ်ပြီး၊ စိတ်ပျက်လာရသနည်း။ ဘာဖြစ်လို့ ယင်းကို ကျွန်တော် အမှန်တကယ် လက်ခံပြီး မနာခံနိုင်ခဲ့သနည်း။ ထိုကဲ့သို့ ရှာဖွေရင်း၊ ဘုရားသခင်ဆီက ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်မိသည်၊ “စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ ‘လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။...လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ကျွန်တော်က “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” နှင့် “အသိဉာဏ်ကို သုံးသူတို့သည် တစ်ပါးသူကို အုပ်စိုးရ၍ ကာယခွန်အားကို သုံးသူတို့သည် တစ်ပါးသူ၏ အုပ်စိုးခြင်းကို ခံရ၏၊” “ပါးနပ်သော အထက်လူကြီးနှင့် မိုက်မဲသော လက်အောက်လူတို့သာ မပြောင်းလဲနိုင်ပေ။” တို့ကဲ့သို့ စာတန်၏အဆိပ်များအားဖြင့် အယူဝါဒ သွတ်သွင်းခြင်းခံရပြီး ဖောက်ပြန်ပျက်စီး နေခဲ့သောကြောင့်၊ ပြီးလျှင် ကျွန်တော်က ပေါ်လွင်ဖို့နှင့် အခြားသူများထက် သာဖို့ ကြိုးစားနေခဲ့သောကြောင့်၊ မနာခံခြင်းနှင့် မိမိ၏တာဝန်၌ ဇီဇာကြောင်ခြင်း ဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော် နားလည်သွားအောင် ကူညီပေးသည်။ ကျွန်တော် ကျောင်းတက်ခဲ့သည့်အချိန်ကိုလည်း ပြန်စဉ်းစားကြည့်သည်။ ကျွန်တော် တက္ကသိုလ်ကောင်းကောင်းကို ရောက်နိုင်ဖို့နှင့် လယ်သမားဘဝမှ လွတ်နိုင်ဖို့အလို့ငှာ၊ စာကိုသာကြိုးစားရန်နှင့် ယင်းကသာ အောင်မြင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ကျွန်တော့်မိဘများနှင့် ဆရာများက စာကြိုးစားဖို့သာ အမြဲပြောခဲ့သည်။ ထိုအကြောင်းကြောင့် ကျွန်တော် ဘွဲ့ကောင်းကောင်းတစ်ခု ရပြီး၊ ကြီးကြပ်ရေးမှူး ဖြစ်စေ မန်နေဂျာဖြစ်စေ၊ ဂုဏ်သိက္ခာရှိသည့် အလုပ်တစ်ခု ရလာဖို့၊ အခြားသူများ အားကျမည့် အထင်ကြီးစရာ အလုပ်တစ်ခု ရလာဖိုု မျှော်လင့်လျက်၊ ငယ်ငယ်လေးကတည်းက စာကြိုးစားခဲ့ခြင်း ဖြစ်သည်။ ယုံကြည်သူတစ်ယောက် ဖြစ်လာပြီးသည့်နောက်၊ ကျွန်တော်က အလုပ်တာဝန်များကို နိမ့်သည်မြင့်သည် သတ်မှတ်ရင်းနှင့်၊ ဘုရားသခင်၏ အိမ်တော်ထဲက အလုပ်များကို မယုံကြည်သူ တစ်ယောက်၏ အမြင်များနှင့် အကဲဖြတ်နေခဲ့ခြင်း ဖြစ်သည်။ ခေါင်းဆောင် တစ်ယောက် ဖြစ်ရခြင်းဖြစ်စေ၊ ကျွမ်းကျင်မှုအခြေခံသည့်အရာ တစ်ခုခုကို လုပ်ရခြင်းဖြစ်စေ၊ ယင်းက ဂုဏ်သိက္ခာရှိသည်၊ ပြီးလျှင် ညီအစ်ကို မောင်နှမများကလည်း ထိုတာဝန်များကို အထင်ကြီးလိမ့်မည်၊ သို့ရာတွင် နောက်ကွယ်မှ ခွန်အား စိုက်ရသည့် ပင်ပန်းသည့် တာဝန်များမှာမူ နိမ့်ကျသည့်အပြင်၊ အထင်သေးခံရမည်ဖြစ်သည်ဟု ထင်ခဲ့မိသည်။ ဤအဆိပ်များက ကျွန်တော့်ကိုယ်ပိုင် သဘာဝ ဖြစ်လာပြီး၊ ကျွန်တော့် အတွေးများကို ချုပ်ကိုင်နေသည်၊ နာမည်နှင့် ဂုဏ်အဆင့်အတန်းကိုသာ မရမက ရှာဖွေလာစေသည်၊ အမြဲတမ်း ထူးခြားသူတစ်ယောက် ဖြစ်ချင်လာသည်ကို ကျွန်တော် မြင်ခဲ့သည်။ တစ်ခုခုက မိမိ၏ဂုဏ်အဆင့်အတန်းကို ခြိမ်းခြောက် လာပါက၊ ကျွန်တော်က အပျက်သဘောဆောင်ပြီး အတိုက်အခံ လုပ်သည်။ ဖန်ဆင်းခံတစ်ယောက်ဖြစ်သည့် မိမိ၏နေရာကို လက်မခံနိုင်သကဲ့သို့၊ မိမိ၏တာဝန်ကိုလည်း မလုပ်နိုင်ခဲ့ပါ။ ကျွန်တော့်မှာ အသိစိတ် အသိတရား တစ်ခုမျှ မရှိခဲ့ပါ။ ကျွန်တော့်အနေနှင့် သမ္မာတရားကို မရှာဖွေဘဲ၊ မိမိတာဝန်ကိုလည်း ဘုရားသခင် သတ်မှတ်သည့်အတိုင်း မလုပ်ဘဲ၊ ဤဆိုးယုတ်သည့်အဆိပ်များနှင့်သာ ဆက်ပြီး ရှင်သန်ပါက၊ ကျွန်တော်က သမ္မာတရားနှင့် အသက်ကို မရနိုင်ရုံတင်မကဘဲ၊ ဘုရားသခင်ကပါ ကျွန်တော့်ကို မနှစ်သက်ဘဲ သုတ်သင်ဖယ်ရှင်းပစ်လိမ့်မည် ဖြစ်သည်ကို ကျွန်တော် သိလိုက်သည်။ ဤသည်ကို နားလည်မိတော့၊ ကျွန်တော်လည်း မိမိ၏ဇာတိပကတိကို စွန့်လွှတ်ဖို့၊ ဘုရားသခင် ကျေနပ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ စာတန်၏ အဆိပ်များနှင့် ကျွန်တော် ဆက်ပြီး မနေထိုင်ချင်တော့ပါ။ နောက်နေ့တွင် လယ်ထဲမှာ အလုပ်လုပ်ဖို့ ကျွန်တော် ထပ်သွားဖြစ်ခဲ့ပါသည်။
နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ကျွန်တော် ဖတ်ရသည်။ “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) “နောက်ဆုံးတွင် လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို ဖြည့်ဆည်းသည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိထားခြင်း ရှိမရှိနှင့် သူတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို နာခံနိုင်ပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်နိုင်ခြင်း ရှိမရှိ ဟူသည့်အပေါ် မူတည်လေသည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီးလျှင် ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် အခြေခံသဘောတရား ဖြစ်သည်။ ဤ အခြေခံသဘောတရားမှာ ပြောင်းလဲ၍ မရသည့်အပြင်၊ ဤသည်ကို သင်မှတ်ထားရမည်။ ထို့ကြောင့် အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်း သို့မဟုတ် မစစ်မှန်သည့် အရာအချို့ကို လိုက်စားခြင်းအကြောင်း မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိသောသူ အားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင် တောင်းဆိုသော စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား”) ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သူ့နှုတ်ကပတ်တော်များအတွင်းတွင် ကျွန်တော် မြင်နိုင်ခဲ့သည်။ လူတစ်ယောက်က မည်သည့်တာဝန်ကို လုပ်သည်၊ အလုပ်များ မည်မျှများစွာ လုပ်ထားသည် သို့မဟုတ် မည်မျှများစွာ ထည့်ဝင်ထားသည်တို့ကို အခြေခံပြီး၊ လူတစ်ယောက်၏ အဆုံးသတ်နှင့် ပန်းတိုင်ကို ဘုရားသခင်က မဆုံးဖြတ်ပါ။ လူများအနေနှင့် သူ၏အုပ်စိုးမှုနှင့် အစီအစဉ်များကို နာခံနိုင်ခြင်း ရှိမရှိ၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ ပြီးလျှင် သူတို့က အဆုံးမှာ သမ္မာတရားကို ရပြီး၊ သူတို့၏ အသက်စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း ရှိမရှိ တို့ကို သူက ကြည့်ခြင်းဖြစ်သည်။ ကျွန်တော့်ယုံကြည်ခြင်းမှာ သမ္မာတရားကို အားထုတ်မှုမရှိပါက၊ ကျွန်တော့်တာဝန်က အခြားသူများအမြင်မှာ မည်မျှ အံ့ဩစရာကောင်းပြီး အထင်ကြီးစရာဖြစ်ပါစေ၊ ကျွန်တော့်အနေနှင့် သမ္မာတရားကို မည်သည့်အခါမျှ ရနိုင်မည် မဟုတ်ပါ၊ ဘုရားသခင်၏ သဘောကျမှုနှင့် သူ၏ ကယ်တင်ခြင်းကို ရဖို့ကို ပို၍ပင် မဖြစ်နိုင်ပါ။ ကျွန်တော်တို့ အသင်းတော်က ထုတ်ပယ်ဖူးသည့် အန္တိခရစ် တစ်ယောက်ကိုလည်း ကျွန်တော် သွားတွေးမိသည်။ သူမက အချို့အရေးကြီးသည့်တာဝန်များ လုပ်ခဲ့သည့်အပြင်၊ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ခဲ့သည်၊ ပြီးလျှင် အသင်းတော်အဖွဲ့ဝင်သစ် အချို့က သူ့ကို အထင်ကြီးခဲ့ကြသည်။ သို့ရာတွင် သူမက သူမ၏အလုပ်တာဝန်မှာ သမ္မာတရားကို အားမထုတ်ခဲ့သကဲ့သို့၊ စိတ်သဘောထားအပြောင်းအလဲကိုလည်း မရှာဖွေခဲ့ဘဲ၊ ထိုအစား သူမက အမည်နှင့်ဂုဏ်အဆင့်အတန်းအတွက်သာ ပြိုင်ဆိုင်သည်၊ ပြီးလျှင် အန္တိခရစ်၏လမ်းကြောင်းကို ဖက်တွယ်သည်။ မကောင်းမှုမျိုးစုံ လုပ်ပြီး၊ ဘုရားသခင့်အိမ်တော်၏အလုပ်ကို နှောင့်ယှက်ခဲ့သည်။ ထို့ကြောင့် နောက်ဆုံး သူမက ထုတ်ပယ်ခြင်းခံခဲ့ရသည်။ မည်သို့မျှ ထူးထူးခြားခြားရှိပုံမရသည့် သာမန်အလုပ်များ လုပ်နေရသော်လည်း၊ သူတို့တာဝန်များကို လုံးဝ မညည်းမညူဘဲ အေးအေးဆေးဆေး လုပ်ကြသည့် ညီအစ်ကိုမောင်နှမအချို့ ရှိသည်ကိုလည်း ကျွန်တော် မြင်ခဲ့သည်။ ပြဿနာများ ကြုံရသည့်အခါ၊ သူတို့က ဘုရားသခင်၏ အလိုတော်နှင့် သမ္မာတရားကို ရှာဖွေကြသည်။ သူတို့၏ အလုပ်တာဝန်များမှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုနှင့် လမ်းပြမှု ရှိကြသည်၊ ပြီးလျှင် သူတို့အလုပ်မှာ ကောင်းသည်ထက် ကောင်းအောင် လုပ်ကြသည်။ သူတို့က လူသားပုံသဏ္ဌာန်တစ်ခုကို တိုး၍တိုး၍ အသက်ရှင်နေထိုင်ကြခြင်း ဖြစ်သည်။ ဤသည်က ယုံကြည်ခြင်းမှာ၊ သမ္မာတရား ရရှိခြင်းက လူတစ်ယောက်၏ တာဝန်က မည်သည့်အရာ ဖြစ်သည်နှင့် မဆိုင်ပါ။ လူတစ်ယောက်က မည်သည့်တာဝန်ကို လုပ်သည်ဖြစ်စေ၊ သမ္မာတရားကို အားထုတ်ခြင်းနှင့် စိတ်သဘောထား ပြောင်းလဲခြင်းကသာ အဓိကဖြစ်သည်။ ယင်းက လျှောက်ကြရမည့် တစ်ခုတည်းသော မှန်ကန်သည့် လမ်းကြောင်း ဖြစ်ပါသည်။ ယခုအခါ ခေါင်းဆောင်က ကျွန်တော့်ကို ဇာတ်စင်အကူ လုပ်ခိုင်းသည်ဖြစ်စေ၊ လယ်ထဲမှာ လုပ်ခိုင်းသည်ဖြစ်စေ၊ ယင်းတို့အားလုံးက ဘုရားသခင်၏ အုပ်စိုးမှုနှင့် အစီအစဉ်များသာ ဖြစ်သည်၊ ပြီးလျှင် ကျွန်တော့်၏ အသက်ဝင်ရောက်မှုအတွက် လိုအပ်သည့်အရာ ဖြစ်ပေသည်။ ကျွန်တော်က ယင်းကို အမြဲလက်ခံပြီး နာခံသင့်ပါသည်။ မိမိအလုပ်တာဝန်မှာ ကျွန်တော့်အနေနှင့် သမ္မာတရားကို ရှာဖွေသင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သင့်သည်၊ ပြီးလျှင် သမ္မာတရား၏ အခြေခံသဘောများနှင့်အညီ ပြုမူသင့်ပါသည်။ ယင်းကသာ ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီသည်။ ဤအရာများ အားလုံးကို နားလည်သွားလျက်၊ ကျွန်တော့်မှာ လွတ်မြောက်သည့် ခံစားချက်တစ်ခု ရသွားသည်။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်တော့်ကို ပိုပြီးအဆင့်နိမ့်သည့် တာဝန်များ ပေးခဲ့သည်၊ ယင်းကို ကျွန်တော် အေးအေးဆေးဆေးပဲ လက်ခံခဲ့သည်။ ညီအစ်ကိုမောင်နှမများ၏ အိမ်အလုပ်များကို ကျွန်တော် အားသည့်အချိန်မှာ ကူညီမည်ဟုပင် ပြောမိပါသည်။ ထိုနည်းလမ်းကို လက်တွေ့လုပ်ဆောင်သည့်အခါ၊ ကျွန်တော့်အနေနှင့် သန့်ရှင်းရေးလုပ်ခြင်း၊ အပင် စိုက်ခြင်း၊ မြောင်းတူးခြင်းတို့အတွက် အကူအညီပေးသည့်အခါတိုင်း၊ သင်ယူစရာ သင်ခန်းစာတစ်ခု အမြဲရှိသည်ကို ကျွန်တော် တွေ့ခဲ့သည်။ ကျွန်တော်က ကာယအလုပ်ကို လုပ်နေသောကြောင့်၊ ဘုရားသခင်က ကျွန်တော့်ဘက် မပါခြင်း မရှိပါ။ မိမိ၏တာဝန်မှာ စိတ်ကိုမြှုပ်နှံပြီး၊ သမ္မာတရားကို ရှာဖွေနေသရွေ့၊ ပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နေသရွေ့၊ ကျွန်တော့်အနေနှင့် မည်သည့် အရာကိုမဆို ရိတ်သိမ်းနိုင်ပါသည်။
ဤသည်ကို တွေ့ကြုံလိုက်ရသည့်နောက်မှာ ကျွန်တော် တကယ် နားလည်သွားသည်က၊ မိမိ၏တာဝန်သည် မည်သည့်အရာ ဖြစ်နေပါစေ၊ ယင်းက ဘုရားသခင် စီစဉ်ထားသည့်အရာ ဖြစ်ပြီး မိမိ၏အသက်ဝင်ရောက်မှုအတွက် လိုအပ်သည့်အရာ ဖြစ်လေသည်။ ကျွန်တော်က ယင်းကို အမြဲတမ်း လက်ခံနာခံသင့်သည်၊ မိမိတာဝန်နှင့် ဝတ္တရားများကို ဖြည့်ဆည်းသင့်သည်၊ ပြီးလျှင် ဤလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ သမ္မာတရားနှင့် စိတ်သဘောထားအပြောင်းအလဲကို ရှာဖွေသင့်ပါသည်။ ကျွန်တော်က တာဝန်အမျိုးမျိုးကို အမြဲတမ်း အဆင့်အတန်းများ ခွဲခဲ့ပြီး ကျွန်တော် မနှစ်သက်သည့် တာဝန်တစ်ခုနှင့် ကြုံရသည့်အခါ အတိုက်အခံလုပ်ပြီး၊ ဘုရားသခင်ကို ပုန်ကန်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပြည့်လာခဲ့ဖူးသည်ကိုပင်၊ သူက ကျွန်တော့်ပြစ်မှားခြင်းများကို အခြေခံပြီး မဆက်ဆံခဲ့ပါ။ ထိုအစား ကျွန်တော့်အနေနှင့် သမ္မာတရားကို နားလည်လာဖို့နှင့်၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်နှင့် ဝတ္တရားများကို သိလာဖို့ ခွင့်ပေးလျက်၊ ကျွန်တော့်ကို သူ့၏နှုတ်ကပတ်တော်များနှင့် တစ်ဆင့်ချင်း လမ်းပြခဲ့သည်။ ကျွန်တော့်အနေနှင့် မိမိ၏တာဝန်ကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းနိုင်ပြီး၊ သူ့ကို နာခံနိုင်လာစေဖို့အလို့ငှာ၊ ကျွန်တော့်၏ လွဲမှားသည့်ရှုထောင့်များကို ပြောင်းလဲပေးခဲ့သည်။ ဤသည်က ဘုရားသခင်၏ချစ်ခြင်းမေတ္တာ ဖြစ်ပါသည်။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါသည်။