သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၈။ မိမိတာဝန်ကို ကျေပွန်ခြင်း၏ ဆုလာဘ်များ

ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- "ဘုရားသခင် လုပ်သည့် အလုပ်ကို နာခံခြင်းသည် စစ်မှန်ပြီး အမှန်တကယ် ဖြစ်ရမည်ဖြစ်ပြီး၊ ယင်းအတိုင်း အသက်ရှင်နေထိုင်ရမည်။ အပေါ်ယံ၌သာ နာခံခြင်းဖြင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မခံရနိုင်ပါ၊ မိမိ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ မကြိုးစားဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အပေါ်ယံ၌သာ နာခံရုံဖြင့် ဘုရားသခင်၏ စိတ်ကျေနပ်အောင် လုပ်နိုင်မည် မဟုတ်။ ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်၏ အလုပ်ကို နာခံခြင်းသည် တစ်ခုတည်း အတူတူပင် ဖြစ်သည်။ ဘုရားသခင်ကိုသာ နာခံပြီး ဘုရားသခင်လုပ်သည့် အလုပ်ကို မနာခံသူများကို နာခံတတ်သောသူများဟု မမှတ်ယူနိုင်ပါ၊ အပေါ်ယံ၌ ဖားတတ်သော်လည်း အမှန်တကယ် မနာခံသူများကို နာခံတတ်သော သူများဟု ပို၍ပင် မမှတ်ယူနိုင်ပါ။ ဘုရားသခင်ကို အမှန်တကယ် နာခံသူများသည် ဘုရားသခင်၏အလုပ်မှ အကျိုးရနိုင်စွမ်း ရှိပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အလုပ်ကို နားလည်နိုင်စွမ်း ရှိသည်။ ထိုသို့သော လူများသာ ဘုရားသခင်ကို အမှန်တကယ် နာခံကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ အလုပ်သစ်မှ သိရှိနားလည်မှု အသစ်ကို ရရှိနိုင်စွမ်းရှိသည်၊ ထိုအလုပ်မှ အသစ်သော ပြောင်းလဲမှုများကို ကြုံတွေ့ခံစားနိုင်စွမ်းရှိသည်။ ထိုသို့သော လူများသည်သာ ဘုရားသခင်၏ ချီးမွမ်းခြင်းခံရသူ ဖြစ်သည်။ ထိုသို့သော လူသည်သာ စုံလင်အောင် ပြုလုပ်ခြင်း ခံပြီးသူ၊ မိမိ၏ စိတ်သဘောထား ပြောင်းလဲသွားသူ ဖြစ်သည်။ ဘုရားသခင်ထံမှ ချီးမွမ်းခြင်းကိုခံရသူများသည် ဘုရားသခင်ကို သာမက ဘုရား၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ အလုပ်ကိုလည်း ၀မ်းမြောက်စွာနာခံသူများဖြစ်သည်။ ထိုသို့သော လူသာလျှင် အမှန်တရား၌ တည်သူဖြစ်သည်၊ ထိုသို့သော လူသာလျှင် ဘုရားသခင်ကို စိတ်ရင်းဖြင့် လိုလားတောင့်တပြီး၊ ဘုရားသခင်ကို စိတ်ရင်းဖြင့် ရှာဖွေလေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်”) ဒီနှုတ်ကပတ်တော်တွေ နဲ့ ပတ်သက်ပြီး ဘုရားကို နာခံခြင်းနဲ့ သက်ဆိုင်တဲ့ ကျွန်မရဲ့အတွေ့အကြုံနဲ့ နားလည်ပုံတွေကို မျှဝေချင်တယ်။

၂၀၁၆ မတ်လမှာ စပြီး ဖြစ်ပျက်ခဲ့တာတွေပါ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးနှိပ်စက်တာတွေကနေ လွတ်အောင်၊ တရုတ်ပြည်ကနေ ထွက်ပြေးခဲ့တဲ့အချိန်ပေါ့။ အဲဒါမှ ကျွန်မလည်း လွတ်လွတ်လပ်လပ် ယုံကြည်နိုင်မှာလေ။ အဲဒီနောက် အချိန်နည်းနည်းကြာတော့၊ အသင်းတော်ခေါင်းဆောင် အစ်မကျန်းက ကျွန်မဆီ ရောက်လာပြီး၊ “ရေလောင်းတဲ့တာဝန်တွေ မယူချင်ဘူးလား” လို့ မေးတယ်။ ကျွန်မလည်း ဝမ်းသာအားရနဲ့၊ “သိပ်ကောင်းတာပေါ့ အစ်မရယ်၊ ညီအစ်ကိုမောင်နှမတွေ သမ္မာတရားကို နားလည်အောင်၊ စစ်မှန်တဲ့လမ်းမှာ အုတ်မြစ် ချနိုင်အောင်၊ ကူညီနိုင်မယ်လေ။ ကျွန်မက ကောင်းတဲ့အလုပ်တွေ လုပ်ရတော့မှာပေါ့” ဆိုပြီး ပြန်ပြောလိုက်တယ်။ ကျွန်မက ရေလောင်းတဲ့တာဝန် လုပ်နေမှန်း၊ ကျွန်မကို သိတဲ့ ညီအစ်ကိုမောင်နှမတွေ သိသွားကြရင်၊ ကျွန်မကို တော်တော် အထင်ကြီးလေးစားကြမှာလေ။ လူတွေအမြင်မှာလည်း အများကြီး တင့်တယ်သွားမယ်။ ဒါပေမဲ့ ကျွန်မက မျှော်လင့်ချက်တွေ ကြီးနေတုန်းမှာတင်၊ ခေါင်းဆောင်က ကျွန်မနဲ့ စကားပြောဖို့ ထပ်ရောက်လာတယ်။ ညီအစ်မတချို့က အရေးပေါ်အခြေအနေတွေကြောင့် နေရာတွေ ရွှေ့နေရတယ်လို့ သူက ပြောတယ်။ ဒါပေမဲ့ သင့်တော်တဲ့နေရာတစ်ခု မတွေ့ကြသေးဘူး။ ကျွန်မရဲ့အိမ်ဆိုရင်တော့ အဆင်ပြေလောက်တယ်တဲ့။ ကျွန်မအနေနဲ့ အိမ်ရှင်အဖြစ် တာဝန်ယူနိုင်မလားလို့ မေးတယ်။ သူက အဲဒီလိုပြောလိုက်တော့၊ ကျွန်မရင်ထဲမှာ တော်တော် ယောက်ယက်ခတ်သွားတယ်။ ကျွန်မက ရေလောင်းတဲ့တာဝန်တွေ လုပ်ရတော့မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ အခုတော့ အိမ်ရှင်လုပ်ရမယ်တဲ့လား။ မီးဖိုခန်းထဲမှာပဲ အချိန်တွေ ကုန်ရတော့မှာ မဟုတ်ဘူးလား။ ပင်လည်း ပင်ပန်းဦးမယ်။ ဒါပေမဲ့ အဲဒါထက် ပိုဆိုးတာက ရှက်စရာကောင်းတာလေ။ အပြင်လောကမှာဆို ကျွန်မက လုပ်ငန်းကြီးတွေ လုပ်ခဲ့တာ။ ကိုယ်ပိုင်စက်ရုံလည်း ရှိခဲ့တယ်။ သူငယ်ချင်းတွေ အမျိုးတွေအားလုံးက ကျွန်မကို အာဂမိန်းမလို့ ခေါ်ခဲ့ကြတာ။ အိမ်မှာဆိုလည်း၊ လျှော်ဖွတ်ဖို့ ချက်ပြုတ်ဖို့ သန့်ရှင်းရေးလုပ်ဖို့ အိမ်ဖော် ရှိတယ်။ အခုတော့ ကျွန်မက အဲဒီနေရာကို ဝင်ပြီး၊ သူများတွေအတွက် ချက်ပြုတ်ရမယ်ပေါ့။ ကျွန်မ တကယ်ကို မလုပ်ချင်ခဲ့ဘူး။ ဒါပေမဲ့ ညီအစ်မတွေခမျာ သွားစရာနေရာ မရှိတဲ့အပြင်၊ သူတို့တာဝန်တွေကိုလည်း အေးအေးချမ်းချမ်း မလုပ်နိုင်တာကို တွေးမိတယ်။ ပြီးတော့ ကျွန်မအိမ်ကလည်း ဧည့်ခံဖို့သင့်တော်တယ်ဆိုတော့၊ ကျွန်မလည်း အင်တင်တင်နဲ့ပဲ သဘောတူလိုက်တယ်။

အဲဒီလိုနဲ့ နောက်ပိုင်းရက်တွေမှာ၊ ကျွန်မက အပြင်ပန်းအရတော့ အိမ်ရှင်တာဝန်ကို ယူနေတယ်ပေါ့။ ဒါပေမဲ့ စိတ်ထဲမှာတော့ ယောက်ယက်ခတ်နေတယ်။ သံသယတွေလည်း ဖြစ်လာတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ရေလောင်းတဲ့တာဝန်တွေနဲ့ မသင့်တော်ဘူးလို့ ထင်ခဲ့ကြတာလား။ ကျွန်မကို အိမ်ရှင်အဖြစ် တာဝန်ယူဖို့ ဘာလို့ ထပ်တောင်းဆိုကြတာလဲ။ ကျွန်မကိုသိတဲ့ ညီအစ်ကိုမောင်နှမတွေသာ သိသွားကြရင်၊ ကျွန်မမှာ သမ္မာတရားရဲ့စစ်မှန်မှု မရှိဘူးဆိုပြီး ပြောကြမှာလား။ ကျွန်မက တခြားတာဝန်တွေကို မလုပ်နိုင်ဘူး၊ အိမ်ရှင်အလုပ်ပဲ လုပ်တတ်တယ်ဆိုတာမျိုးပေါ့။ ဒီအတွေးနဲ့တင် ကျွန်မ ပိုပြီးတော့ စိတ်ပျက်သွားတယ်။ နောက်တော့မှ ဘုရားရှေ့မှာ ကျွန်မ ပေးထားဖူးတဲ့ ကတိကို ပြန်တွေးမိတယ်။ အသင်းတော်ရဲ့အလုပ်ကို အကျိုးပြုနေသရွေ့၊ ကျွန်မကို ဘယ်လိုတာဝန်ပဲပေးပေး၊ ကျွန်မက အစွမ်းကုန်လုပ်ပါ့မယ်။ ကျွန်မ မကြိုက်တဲ့တာဝန်မျိုး ဖြစ်နေရင်တောင်၊ ဘုရားသခင် ကျေနပ်စေဖို့ နာခံပါ့မယ်ဆိုတာပဲ။ ဒါဆိုရင် ကျွန်မကို အခု အိမ်ရှင်အဖြစ် တာဝန်ယူခိုင်းနေတာကို၊ ကျွန်မက ဘာလို့ မနာခံနိုင်တာလဲ။ ကျွန်မလည်း ဘုရားသခင်ဆီ တိတ်တိတ်လေး ဆုတောင်းမိတယ်။ “ဘုရားသခင်၊ ကိုယ်တော်က ကျွန်မကို အိမ်ရှင်တာဝန်တွေ ယူဖို့ အမိန့်ချမှတ်ပြီး စီစဉ်ပေးတယ်။ ဒါပေမဲ့ ကျွန်မက အမြဲတမ်း ပုန်ကန်ချင်သလိုဖြစ်ပြီး၊ လုံးဝ မနာခံနိုင်ပါဘူး။ ကိုယ်တော့်အလိုကို နားလည်နိုင်အောင် ကျွန်မကို အသိဉာဏ်ဖွင့်ပေးပါ။ လမ်းပြတော်မူပါ၊ ဘုရားသခင်”

အဲဒီနောက်မှာပဲ ဘုရားနှုတ်ကပတ်တော်တွေထဲက ကျမ်းပိုဒ်နှစ်ခုကို ကျွန်မ ဖတ်မိပါတယ်၊ “ဘုရားသခင်ကို လူတို့ နာခံနိုင်သည် မနာခံနိုင်သည်ကို တိုင်းတာရာတွင်၊ ကြည့်ရှုရမည့် အဓိကအရာမှာ ဘုရားသခင်ထံမှ တစ်ခုခုကို ၎င်းတို့ အလွန်အကျွံ လိုချင်၊ မလိုချင် ဆိုသည်နှင့် ၎င်းတို့တွင် အခြားရည်ရွယ်ချက် အမျိုးအစားများ ရှိ၊ မရှိဆိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်ကို လူတို့ အမြဲ တောင်းဆိုမှုများ ပြုလျှင်၊ ယင်းက သူ့ကို ၎င်းတို့ မနာခံသေးကြောင်း သက်သေပြ၏။ သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်သည်မဆို၊ သင်သည် ထိုအရာကို ဘုရားသခင်ထံမှ လက်မခံနိုင်လျှင်၊ သမ္မာတရားကို သင် မရှာဖွေနိုင်လျှင်၊ သင်၏ ကိုယ်ပိုင် ဓမ္မဓိဋ္ဌာန်မကျသော တွေးခေါ်မြော်မြင်ချက်မှ အမြဲပြောဆိုပြီး သင်သာ မှန်ကန်သည်ဟု အမြဲခံစားနေလျှင်၊ ဘုရားသခင်ကို သံသယပင် ထားနိုင်စွမ်းရှိနိုင်သေးလျှင်၊ သင်သည် ဒုက္ခရောက်လိမ့်မည်ဖြစ်သည်။ ထိုသို့သော လူတို့သည် မာနအထောင်လွှားဆုံးနှင့် ဘုရားသခင်ကို မနာခံဆုံးသော သူများ ဖြစ်ကြ၏။ ဘုရားသခင်အပေါ် အမြဲတောင်းဆိုမှုများ ပြုကြသည့် လူများသည် ဘုရားသခင်ကို မည်သည့်အခါမျှ အမှန်တကယ် မနာခံနိုင်ကြပေ။ သင်သည် ဘုရားသခင်အပေါ် တောင်းဆိုမှုများပြုလျှင်၊ ဤအရာက သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်သည်၊ သင်၏ ကိုယ်ပိုင်အတွေးများကို သင်ရွေးချယ်နေပြီး သင်၏ ကိုယ်ပိုင်အတွေးအများအတိုင်း သင် ပြုမူသည်ကို သက်သေပြ၏။ ဤတွင်၊ ဘုရားသခင်ကို သင် သစ္စာဖောက်ပြီး နာခံမှုမရှိပေ။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်”) “စစ်မှန်သော နာခံခြင်းဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်က သင်ဖြစ်စေချင်သည်အတိုင်းဖြစ်သော တစ်စုံတစ်ရာကို ပြုလုပ်ပြီး အရာရာတိုင်းက ကျေနပ်စရာကောင်းပြီး သင့်တင့်လျောက်ပတ်သည်ဟု သင်ခံစားရကာ သင့်ကို ပေါ်လွင်ထင်ရှားခွင့် ပေးထားသောအခါတိုင်းတွင် သင်သည် ဤအရာက အတော်ပင် ဂုဏ်ဝင့်ဖွယ်ဖြစ်သည်ဟု သင်ခံစားလျက် သင်သည် ‘ဘုရားသခင်ကို ကျေးဇူးတင်သည်’ ဟုပြောသည့်အပြင် သူ၏ စီစဉ်ညွှန်ကြားချက်နှင့် စီမံမှုများကို နာခံနိုင်လေသည်။ သို့သော်လည်း သင် မည်သည့်အခါမျှ မထင်ပေါ်နိုင်မည့် အရေးမပါသောနေရာ၊ မည်သူမျှ သင့်ကို လုံးဝအသိအမှတ်မပြုသည့် နေရာ၌ တာဝန်ပေးသည့်အခါအတိုင်း၊ သင်သည် မပျော်ရွှင်တော့ဘဲ နာခံရန် ခက်ခဲသည်ဟု ခံစားရလေသည်။...အခြေအနေများ အခွင့်သာနေစဉ်တွင် ကျိုးနွံနာခံခြင်းက သာမန်အားဖြင့် လွယ်ကူပါသည်။ အမှုအရာများက သင်ဖြစ်ချင်သည့်အတိုင်း မဖြစ်ဘဲ သင်၏ ခံစားချက်များ နာကျင်ရသည့်၊ သင့်ကို အားနည်းစေပြီး၊ သင့်ကို ရုပ်ပိုင်းဆိုင်ရာ ဝေဒနာခံစားစေကာ သင်၏ နာမည်ဂုဏ်သတင်းအပေါ် ထိုးနှက်ချက်တစ်ခုဖြစ်စေသည့်၊ သင်၏ ဝင့်ဝါမှုနှင့် မာနကို ဖြည့်ဆည်းမပေးနိုင်သလို စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားစေသည့် ခက်ခဲသော အခြေအနေများတွင်လည်း သင် ကျိုးနွံနာခံနိုင်လျှင်၊ သင်သည် အမှန်တကယ် ဝိညာဉ်အသက်တာ ရှိပြီဖြစ်သည်။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) စစ်မှန်တဲ့ နာခံခြင်းဆိုတာ အရောင်းအဝယ်ကိစ္စမျိုး မဟုတ်ဘူး၊ အဲဒါနဲ့ပတ်သက်ရင် ကိုယ်ပိုင်ရွေးချယ်ခွင့် မရှိဘူးဆိုတာတွေကို၊ ဘုရားနှုတ်ကပတ်တော်တွေက ပြဆိုတာပါ။ ကျွန်မက ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ကျွန်မအတွက် အကျိုးရှိရှိ မရှိရှိ၊ တာဝန်တစ်ခုဟာ ဘုရားဆီက လာပြီးတော့၊ အသင်းတော်ရဲ့အလုပ်ကိုလည်း အထောက်အကူပြုနေသရွေ့၊ ကျွန်မက အကြွင်းမဲ့ နာခံသင့်ပါတယ်။ ဒါပေမဲ့ အဲဒီအစား ကျွန်မက ဘာတွေလုပ်နေလဲ။ ကျွန်မကို အိမ်ရှင်တာဝန်တွေ ယူခိုင်းတဲ့အချိန်မှာ၊ ဘုရားရဲ့အလိုတော်ကို အလေးထားတာမျိုး၊ အသင်းတော်အလုပ်ကို ထိန်းသိမ်းတာမျိုးတွေ ကျွန်မခေါင်းထဲမှာ မရှိခဲ့ဘူး။ အဲဒါတွေအစား၊ ကျွန်မအနေနဲ့ ကိုယ်ရည်သွေးပြနိုင်ပါ့မလား၊ သူများတွေ အထင်ကြီးအောင် လုပ်နိုင်ပါ့မလား၊ ကျွန်မရဲ့ ပကာသနစိတ်က ကျေနပ်ပါ့မလားဆိုတာတွေကိုပဲ စဉ်းစားခဲ့တယ်။ အဲဒါတွေက ဘုရားကို နာခံနေတာ ဟုတ်ရဲ့လား။ ကျွန်မ အဖွဲ့ခေါင်းဆောင် ဖြစ်ခဲ့ဖူးတဲ့အချိန်ကို ပြန်စဉ်းစားကြည့်တယ်။ အသင်းတော်ခေါင်းဆောင်က အသင်းတော်အလုပ်နဲ့ပတ်သက်ရင်၊ အမြဲတမ်း ကျွန်မနဲ့ပဲ အရင်ဆုံး ဆွေးနွေးတတ်တယ်။ ခေါင်းဆောင်က ကျွန်မကို သိပ်အထင်ကြီးတာပဲ၊ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မကို လေးစားကြတယ်လို့ပဲ ထင်ခဲ့ဖူးတယ်။ ကိုယ့်တာဝန်မှာ ဘယ်လောက်ပဲ အားထုတ်ရအားထုတ်ရ၊ ဘယ်လောက်ပဲ ခက်ခဲပြီး ပင်ပန်းပင်ပန်း၊ ပျော်ပျော်ကြီး လုပ်ခဲ့တယ်။ ဒါပေမဲ့ အိမ်ရှင်တာဝန်တွေ လုပ်ရတဲ့အခါကျတော့၊ နိမ့်ကျတယ်လို့ ထင်ပြီး၊ အပျက်သဘောဆောင်လာတယ်။ ပိုဆိုးတာက၊ ကျွန်မက ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ကြိုးစားကြိုးစား၊ အဲဒီအားထုတ်မှုကို တခြားသူတွေ မြင်ကြမှာမဟုတ်ဘူးလေ။ အဲဒါကြောင့် ကျွန်မက ကိုယ့်တာဝန်ကို သဘောမကျဖြစ်ပြီး၊ မလုပ်ချင်ခဲ့တာပါ။ အဲဒီအချိန်ကျမှပဲ ကျွန်မလည်း မြင်မိတယ်၊ ကျွန်မက တာဝန်ဟောင်းမှာ အများကြီး ကြိုးစားခဲ့တယ်ဆိုတာ၊ ကျွန်မကိုယ်ကျွန်မ ကိုယ်ရည်သွေးပြနိုင်တာတွေ၊ သူများတွေ အထင်ကြီးအောင် လုပ်နိုင်တာတွေကြောင့်ပါပဲ။ ဒါပေမဲ့ အိမ်ရှင်တာဝန်တွေကျတော့၊ ကျွန်မ ဖြစ်ချင်တဲ့ဆန္ဒကို ဘယ်လိုမှ ပြည့်စေနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်မ မနာခံနိုင်ခဲ့ဘူး။ ကျွန်မက တာဝန်နဲ့ပတ်သက်ရင် ကိုယ့်အကြိုက်တွေ၊ ရွေးချယ်တာတွေ အမြဲရှိခဲ့တာပဲဆိုတာကို၊ အဲဒီအချိန်မှာ နားလည်သွားတယ်။ ပြီးတော့ ကျွန်မ စဉ်းစားခဲ့သမျှက ကိုယ့်အတွက် ဂုဏ်အဆင့်အတန်းနဲ့ ကိုယ့်ကို ဘယ်လိုအကျိုးရှိစေလဲပေါ့။ ကျွန်မက သမ္မာတရားကို အားထုတ်ခဲ့တာ၊ ဘုရားကို နာခံခဲ့တာမျိုး လုံးဝ မဟုတ်ပါဘူး

နောက်တော့ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်မိတယ်၊ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များ၌ ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ သင်၏စိတ်နှလုံးသည် အမှန်ပြုပြင်ခြင်းခံရ၏။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသလော။ ဤကဲ့သို့သောလူများမှာ ဘုရားသခင်ကိုကြောက်ရွံသော စိတ်နှလုံးမရှိသောသူများ ဖြစ်ကြသည်။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကိုသာ အမြဲ ထည့်သွင်းမစဉ်းစားနှင့်၊ သင်၏အဆင့်အတန်း၊ မျက်နှာ သို့မဟုတ် ဂုဏ်သတင်းကို ထည့်သွင်းစဉ်းစားခြင်းမပြုနှင့်။ လူတို့၏ အကျိုးများကို ထည့်သွင်းစဉ်းစားခြင်း မပြုနှင့်။ သင်သည် ဘုရားသခင်၏အိမ်တော်၏အကျိုးများကို ပထမဦးစွာ စဉ်းစားပြီး ၎င်းကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်သည်၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင် စင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့၊ သင်၏ တာဝန်များကို ပြည့်စုံစေဖို့ အစွမ်းကို သင် လုပ်ဆောင်ခဲ့ပြီး သင်၏အရာအားလုံး ပေးခဲ့ခြင်း ရှိ၊မရှိ ဆိုသည်နှင့် သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုလော့။ ဤအရာများကို သင် စဉ်းစားဖို့လိုသည်။ ဤအရာများကို မကြာခဏ သုံးသပ်ဆင်ခြင်လော့၊ ပြီးလျှင် သင်၏တာဝန်ကို သင်ကောင်းစွာ ထမ်းဆောင်လျက် အေးဆေးသော အချိန်တစ်ခု သင် ရှိပေလိမ့်မည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) လက်တွေ့လုပ်ဆောင်ဖို့ လမ်းတစ်ခုကို ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မက ကိုယ့်အလုပ်မှာ ဘုရားရဲ့စိစစ်မှုကို လက်ခံရမယ်၊ ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ရှိရမယ်။ ကိုယ့်အကျိုးအမြတ်ကို စွန့်နိုင်ရမယ့်အပြင်၊ အသင်းတော်ကို အကျိုးပြုတဲ့ အလုပ်မှန်သမျှကို လုပ်နိုင်ရမယ်။ ဘုရားအလိုတော်ကို နားလည်သွားတော့၊ ကျွန်မလည်း ဒီဆုတောင်းချက်ကို ပြုမိတယ်၊ “ဘုရားသခင်၊ ကိုယ်တော့်စိစစ်မှုကို ကျွန်မ လက်ခံချင်စိတ်ရှိပါတယ်။ တခြားသူတွေ ကျွန်မကို ဘယ်လိုထင်တယ်ဆိုတဲ့အပေါ်မှာ အာရုံမစိုက်တော့ပါဘူး။ ကိုယ်တော့်အစီအစဉ်တွေကိုပဲ နာခံနိုင်စွမ်း ရှိချင်ပါတယ်။ ကျွန်မရဲ့ အိမ်ရှင်တာဝန်ကိုပဲ ကောင်းအောင် လုပ်ချင်ပါတော့တယ်” ပေါ့။ အဲဒီနောက်ပိုင်းနေ့တွေ ရောက်တော့၊ ကျွန်မက ဒီသူစိမ်းနိုင်ငံကို ရောက်စလည်းဖြစ်တယ်၊ ပစ္စည်းတွေ ဝယ်ခြမ်းရတာလည်း ကျွန်မအတွက် ခက်ခဲမှန်း၊ အသင်းတော်က ညီအစ်မတွေက သိသွားတယ်။ ဒါနဲ့ ကျွန်မနဲ့အတူ လိုအပ်တာတွေ လိုက်ဝယ်ပေးဖို့ အချိန်ပေးကြတယ်။ သူတို့က သူတို့တာဝန်တွေနဲ့ တကယ်ကို မအားကြပါဘူး။ ဒါပေမဲ့ သူတို့ တတ်နိုင်တဲ့အခါ၊ ကျွန်မကို အိမ်အလုပ်တွေ ဝိုင်းလုပ်ပေးကြတယ်။ ကျွန်မမှာ ပြဿနာတစ်ခုခု ရှိတဲ့အခါတိုင်းမှာလည်း သူတို့က ဘုရားနှုတ်ကပတ်တော်တွေနဲ့ မိတ်သဟာယပြုပေးတယ်။ ကျွန်မကို ကူညီထောက်ပံ့ဖို့၊ သူတို့ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ မိတ်သဟာယပြုပေးတယ်။ ကျွန်မက ဧည့်ခံပေးရသူ ဖြစ်နေလို့ဆိုပြီး၊ ကျွန်မကို အထင်သေးတာမျိုး၊ ရှောင်ဖယ်တာမျိုး မလုပ်ခဲ့ကြပါဘူး။ အလုပ်တာဝန်တွေနဲ့ပတ်သက်လာရင်၊ ညီအစ်ကိုမောင်နှမတွေကြားမှာ အဆင့်အတန်း အနိမ့်အမြင့်ဆိုတာ လုံးဝ မရှိမှန်း၊ ကျွန်မ သဘောပေါက်လာခဲ့တယ်။ ကျွန်မတို့က ကိုယ့်တာဝန်တွေ ဝတ္တရားတွေကို ဘုရားရှေ့မှောက်မှာ ဆောင်ရွက်နေကြတာပါ။ ဒီအတွေ့အကြုံကို ရလိုက်ပြီးတော့၊ ကျွန်မလည်း ကိုယ့်တာဝန်မှာ နည်းနည်း နာခံနိုင်စွမ်း ရှိပြီလို့ ထင်မိတာပေါ့။ ဒါပေမဲ့ ကျွန်မက ကိုယ့်သဘာဝနဲ့ အနှစ်သာရကို အမှန်တကယ် နားလည်မှု မရှိခဲ့တော့၊ ဂုဏ်အဆင့်အတန်းနောက် လိုက်တာတွေကို လုံးလုံး မစွန့်နိုင်ခဲ့သေးပါဘူး။ ကျွန်မ မကြိုက်တဲ့ အခြေအနေတစ်ခု ရုတ်တရက် ပေါ်ပြီဆိုတာနဲ့၊ ကျွန်မအကြောင်းက ထပ်ပေါ်လာတော့တာပဲ။

သိပ်မကြာလိုက်ဘူး၊ အသင်းတော်ခေါင်းဆောင်က ကျွန်မဆီ ဖုန်းဆက်တယ်။ အစ်မကျိုးက ဧဝံဂေလိ ဟောပြောရင်း အလုပ်တွေများလွန်းနေတယ်ပေါ့။ အဲဒီတော့ ကျွန်မက အစ်မကျိုးရဲ့သမီးလေးကို ထိန်းပေးဖို့၊ စနေနေ့တိုင်း နေ့ဝက်လောက်၊ အချိန်ပေးနိုင်မလားလို့ မေးတယ်။ ကလေးထိန်းပေးဖို့ဆိုတာမျိုးကတော့ ကျွန်မစိတ်ထဲမှာ ချက်ချင်း ဆန့်ကျင်မိတယ်။ ကိုယ့်စီးပွားရေး လုပ်ခဲ့တုန်းကဆိုရင် အလုပ်များလွန်းလို့၊ ကိုယ့်ကလေးတွေကိုတောင် ဂရုစိုက်ခဲ့တာ မဟုတ်ဘူး။ တခြားသူတွေရဲ့ကလေးတွေကို ထိန်းပေးမယ်ဆိုရင်၊ ကျွန်မက တကယ်ကို ကလေးထိန်းလို ဖြစ်သွားမှာပေါ့။ ကျွန်မကိုသိတဲ့ ညီအစ်ကိုမောင်နှမတွေက ဒါကို သိသွားတယ်ဆို၊ ကျွန်မကို ဘယ်လိုထင်ကြမလဲ။ ကျွန်မမျက်နှာကို ဘယ်လိုပြရမလဲ။ ဒါပေမဲ့ အစ်မကျိုးရဲ့ တကယ့် အခက်အခဲတွေကို ကျွန်မ စဉ်းစားကြည့်တယ်။ မကူညီလိုက်ဘူးဆိုရင်လည်း ကျွန်မ စိတ်မကောင်းဖြစ်မိလိမ့်မယ်ဆိုတာ သိတယ်။ ကျွန်မလည်း အဲဒီကိစ္စကို အချိန်နည်းနည်းယူ စဉ်းစားပြီးတော့၊ သဘောတူလိုက်တယ်ပေါ့။ အဲဒီစနေနေ့ နေ့လယ်မှာ အစ်မကျိုးရဲ့အိမ်ကို သွားတယ်။ ညနေစောင်းလောက်အထိ အဆင်ပြေသလိုရှိနေတုန်း၊ ကလေးက ရုတ်တရက်ကြီး ထငိုပြီး၊ သူ့အမေကို ခေါ်ခိုင်းလာရော။ ကျွန်မလည်း ချော့လို့ကိုမရဘူး။ ကလေး ပျော်အောင်ကျွေးဖို့ဆိုပြီး၊ စားစရာလေးတွေ ကမန်းကတန်း လိုက်ရှာရတယ်။ ပုံပြင်တွေ ပြောပြ၊ ရယ်စရာတွေ လုပ်ပြရတယ်။ နောက်ဆုံးတော့ အငိုတိတ်သွားတယ်ပေါ့။ အိမ်အပြန်လမ်းမှာ ကျွန်မလည်း စဉ်းစားကြည့်တယ်၊ “ကလေးတွေကို ထိန်းရတာ တော်တော် မလွယ်တာပဲ။ ပင်လည်း ပင်ပန်းတဲ့အပြင်၊ အောက်ကျပြီး အရေးမပါတဲ့အလုပ်မျိုးပဲ” ပေါ့။ စဉ်းစားမိလေလေ ပိုပြီး စိတ်ထိခိုက်လေ ဖြစ်လာတယ်။ အိမ်ကို ပြန်ရောက်တော့လည်း၊ ညီအစ်မတွေက သူတို့တာဝန်တွေကနေ ရခဲ့တဲ့ ဆုလာဘ်တွေ၊ အတွေ့အကြုံတွေကို ပျော်ပျော်ကြီး ဆွေးနွေးနေကြတာကို တွေ့တယ်။ ကျွန်မလည်း မနာလိုဖြစ်ပြီး၊ မချင့်မရဲဖြစ်မိတာပေါ့။ စိတ်ထဲမှာလည်း တွေးတယ်၊ “ငါလည်း ရေလောင်းတဲ့တာဝန်တွေကို ငါ့ညီအစ်မတွေလို ဘယ်တော့မှ လုပ်နိုင်မှာလဲ။ ငါ အခုလုပ်နေတဲ့ ဒီတာဝန်မှာ၊ အိုးတွေခွက်တွေ တိုက်ရင်တိုက်၊ မဟုတ်ရင်လည်း ကလေးတွေပဲ ထိန်းရတယ်။ ဒါတွေလုပ်ရင်းနဲ့ ဘယ်လိုသမ္မာတရားတွေ ငါ ရနိုင်လို့လဲ။ ငါ့မှာ သမ္မာတရားရဲ့စစ်မှန်မှု မရှိဘူး။ ဒါကြောင့် ဒီလို ဘာမဟုတ်တဲ့အလုပ်မျိုးပဲ လုပ်နိုင်တာဆိုပြီး၊ လူတွေက ပြောလာကြမှာလား” ပေါ့။ ဒီအတွေးနဲ့ ကျွန်မ ပိုပြီးတော့ကို စိတ်ပျက်သွားတယ်။ ညရောက်တော့ အိပ်ရာထဲ လူးလှိမ့်ပြီး၊ နည်းနည်းလေးမှ အိပ်လို့မရနိုင်ဘူး။ ဒါနဲ့ ဘုရားသခင်ရှေ့မှောက် ဆုတောင်းမိတယ်။ “ဘုရားသခင်၊ အခုအချိန်မှာ ကျွန်မ တော်တော် ဝမ်းနည်းမိပါတယ်။ ကျွန်မက ကိုယ့်ကို ထင်ပေါ်စေတဲ့၊ တခြားသူတွေ အထင်ကြီးတဲ့ အလုပ်တာဝန်တွေကိုပဲ အမြဲတမ်း လိုချင်တာပါ။ ဘုရားသခင်၊ ဒီလိုရှာဖွေတာက ကိုယ်တော့်အလိုတော်နဲ့ ကွဲလွဲမှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ နာခံဖို့က ခက်ခဲလွန်းပါတယ်။ ကျွန်မကို ဦးဆောင်လမ်းပြပေးပါ ဘုရားသခင်။ ဒီလွဲမှားတဲ့ အခြေအနေကို စွန့်ပစ်နိုင်ဖို့၊ ကျွန်မကိုယ်ကျွန်မ သိအောင် ကူညီပေးတော်မူပါ” ဆိုပြီး ပြောခဲ့တယ်။

နောက်တော့ ဘုရားရဲ့နှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်မိပါတယ်၊ “လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ၎င်းတို့၏ အတွေးတိုင်းနှင့် စိတ်ကူးအတွင်းတွင်၊ ၎င်းတို့ လုပ်ရပ်တိုင်း၏ နောက်ကွယ်က ရည်ရွယ်ချက်များအတွင်းတွင် ကွယ်ဝှက်နေ၏၊ ယင်းသည် အရာရာတိုင်းအပေါ် လူသား၌ရှိသော ရှုထောင့်အမြင်အားလုံးထဲ နှင့် ဘုရားသခင် လုပ်ဆောင်သမျှကို ချဉ်းကပ်ရာတွင် ၎င်းတို့ရှိကြသည့် ထင်မြင်ချက်တိုင်း၊ နားလည်မှုတိုင်း၊ ရှုထောင့်အမြင်တိုင်းနှင့် စိတ်ဆန္ဒတိုင်းအတွင်း ကွယ်ဝှက်နေ၏။ ယင်းမှာ အတွင်းထဲ၌ ကွယ်ဝှက်ထားသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စစ်မှန်စွာနာခံခြင်းသာလျှင် လက်တွေ့ကျသောယုံကြည်မှုတစ်ခုဖြစ်၏”) “ဖောက်ပြန်ကာ စာတန်ဆန်သော စိတ်နေသဘောထားသည် လူတို့ထဲ၌ အလွန် နက်ရှိုင်းစွာအမြစ်တွယ်နေ၏၊ ၎င်းသည် သူတို့၏ ဘဝဖြစ်လာသည်။ လူတို့သည် မည်သည့်အရာ အတိအကျကို ရှာဖွေပြီး ရယူလိုကြသနည်း။ ဖောက်ပြန်၍ စာတန်ဆန်သော စိတ်နေသဘောထား၏ တွန်းအားအောက်တွင် လူတို့၏ စံနှုန်းများ၊ မျှော်လင့်ချက်များ၊ ရည်မှန်းချက်များနှင့် ဘဝ၏ပန်းတိုင်များနှင့် ဦးတည်ရာများသည် အဘယ်နည်း။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် ဆန့်ကျင်ဘက် မဖြစ်ပေဘူးလော။ ဦးစွာအနေဖြင့် လူတို့သည် အမြဲတစေ နာမည်ကြီးလိုကြသည် သို့မဟုတ် ကျော်ကြားသူများ ဖြစ်လိုကြသည်။ သူတို့သည် ကြီးမားသောကျော်ကြားမှုနှင့် ဂုဏ်သိက္ခာကို ရယူ၍ ဘိုးဘေးများကို ဂုဏ်ပြုလိုကြသည်။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်သလော။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် လုံးဝ မကိုက်ညီရုံမျှမက လူသားမျိုးနွယ်၏ ကံတရားကိုအုပ်စိုးသော ဘုရားသခင်၏ဥပဒေသနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းကို ငါအဘယ်ကြောင့်ပြောသနည်း။ မည်ကဲ့သို့သော လူစားကို ဘုရားသခင် အလိုရှိသနည်း။ နာမည်ဂုဏ်သတင်းကြီးသောသူ၊ ထင်ပေါ်ကျော်ကြားသူ၊ မြင့်မြတ်သောသူ၊ သို့မဟုတ် ကမ္ဘာကိုတုန်လှုပ်စေသောသူကို ကိုယ်တော် အလိုရှိသလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သို့သောလူစားကို ဘုရားသခင် အလိုရှိသနည်း။ လုံးဝ အောက်ခြေမလွတ်ဘဲ ဘုရားသခင်၏ အရည်အချင်းမီ ဖန်ဆင်းခံဖြစ်ရန်၊ ဖန်ဆင်းခံ၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်သူ ဖြစ်ရန်နှင့် လူသားနေရာတွင် နေနိုင်ရန် ကြိုးစားသူကို ကိုယ်တော်အလိုရှိသည်။... သို့ဆိုလျှင် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားက လူတို့အား မည်သည့်အရာကို ဆောင်ကြဉ်းပေးသနည်း။ (ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်ပါသည်။) လူတို့ ဘုရားသခင်ကို ဆန့်ကျင်ရာမှ မည်သည့်အရာလာသနည်း။ (နာကျင်မှုလာပါသည်။) နာကျင်မှုလော။ ယင်းမှာ ပျက်စီးခြင်းပင်တည်း။ နာကျင်မှုမှာ ယင်း၏ထက်ဝက်ပင် မဟုတ်ချေ။ သင့်မျက်စိရှေ့တည့်တည့်တွင် တွေ့ရသည်မှာ နာကျင်မှု၊ အပျက်သဘောဆောင်ခြင်းနှင့် ပျော့ညံ့ခြင်းတို့ဖြစ်ပြီး ယင်းမှာ အာခံခြင်းနှင့် မကျေနပ်ချက်များ ဖြစ်သည်- ဤအရာများက မည်သည့်အဆုံးသတ်ကို ဆောင်ကြဉ်းလိမ့်မည်နည်း။ ပျက်သုဉ်းခြင်းပင်တည်း။ ဤသည်မှာ သေးငယ်သောကိစ္စ မဟုတ်သည့်အပြင် ကစားစရာမဟုတ်ပေ။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းနှင့် ဘုရားသခင်ကို မှီခိုခြင်းအားဖြင့်သာ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားကို ဖြေရှင်းနိုင်၏”) ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ထုတ်ဖော်မှုကို ဖတ်လိုက်ရတော့၊ ကျွန်မ တော်တော် ရှက်သွားမိတယ်။ ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်ကြည့်တယ်၊ “ဘုရား စီစဉ်တဲ့ အခြေအနေတွေကို ငါက ဘာလို့ လုံးဝ လက်မခံနိုင်တာလဲ။ အရေးမပါဘူးလို့ထင်ရတဲ့ ဒီတာဝန်တွေကို ငါက ဘာလို့ မလုပ်ချင်သလို ဖြစ်နေတာလဲ။ အဲဒါတွေကို လုပ်နေရင်၊ လူတွေကပဲ ငါ့ကို အထင်သေးသလိုလို၊ ငါကပဲ နိမ့်ကျသလိုလို ထင်မိတယ်။ ငါ့ကိုယ်ငါ ဂုဏ်မယူနိုင်ဘူး။ တန်ဖိုးမရှိသလို ခံစားရတယ်။ တခြားသူတွေ အထင်ကြီးလေးစားနိုင်တဲ့၊ ငါလည်း ထင်ပေါ်နိုင်တဲ့ တာဝန်အကြီးကြီးတွေကိုပဲ လုပ်ဖို့တန်တယ်ဆိုပြီး ငါက ထင်မိတာပဲ” ပေါ့။ ဒီအတွေးတွေကို ဆင်ခြင်ကြည့်ရင်းနဲ့၊ ကျွန်မက ကျော်ကြားမှုနဲ့ အဆင့်အတန်းကို လိုချင်တဲ့ဆန္ဒနဲ့ ထိန်းချုပ်ခံနေရတုန်းပဲဆိုတာကို သိလိုက်ရတယ်။ ကျွန်မက မကောင်းတဲ့ အဆိပ်အတောက်တွေနဲ့ ရှင်သန်နေခဲ့တာပဲ။ ဥပမာ “သစ်တစ်ပင်သည် အခေါက်အတွက် အသက်ရှင်သကဲ့သို့၊ လူတစ်ဦးသည် သူ၏မျက်နှာအတွက် အသက်ရှင်၏” “ငန်းတစ်ကောင်၏ အော်သံသည် ပဲ့တင်ကျန်သကဲ့သို့၊ လူတစ်ဦးသည် သူ၏အမွေအနှစ်ကို ကျန်ရစ်စေ၏”၊ ပြီးတော့ “ရေသည် နိမ့်ရာသို့ စီး၏၊ လူသည် မြင့်ရာသို့ ရုန်းကန်တက်၏” ဆိုတာတွေပေါ့။ ဒီအဆိပ်အတောက်တွေက ကျွန်မဆီမှာ အမြစ်တွယ်ခဲ့တာ ကြာပြီဆိုတော့၊ ကျွန်မရဲ့အသက်တာ ဖြစ်လာခဲ့ပြီလေ။ အဲဒါတွေကြောင့် ကျွန်မက မာနထောင်လွှားလွန်းပြီး၊ စိတ်ကြီးဝင်သွားခဲ့တာပဲ။ ကျွန်မကို သူများတွေ အထင်ကြီးတာကို သဘောကျခဲ့တယ်။ အဆင့်အတန်းနဲ့ နာမည်ကောင်းတစ်ခု ရှိနေတာကို သဘောကျခဲ့တယ်။ ပြီးတော့ ဒါတွေကို ကြိုးစားရမယ့် အသက်တာရည်မှန်းချက်တွေလို သဘောထားခဲ့တယ်။ ဒါတွေက အပြင်လောကကြီးမှာ လူတွေ ကြိုးစားကြတဲ့ ရည်မှန်းချက်တွေနဲ့ အတူတူပဲဆိုတာကို ကျွန်မ နားလည်ခဲ့မိတယ်။ ဘုရားသခင်ကို မယုံကြည်မိသေးတဲ့အချိန်တုန်းကဆို၊ ကျွန်မက တော်တော် နိုင်လိုစိတ်ပြင်းထန်ခဲ့ဖူးတယ်။ မိုးလင်းကနေ မိုးချုပ် အလုပ်လုပ်တယ်။ ကျွန်မစက်ရုံ အောင်အောင်မြင်မြင် လည်ပတ်နေဖို့၊ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းအဆင်းရဲခံတယ်။ ကိုယ့်ဇာတိမြို့ကို အလည်ပြန်ရောက်လို့၊ ကျွန်မကို သူငယ်ချင်းတွေ၊ အမျိုးတွေက ဝမ်းသာအားရ ကြိုပြီး၊ အာဂမိန်းမလို့ ခေါ်ကြတဲ့အခါမျိုးဆို၊ ကျွန်မရဲ့ ဝင့်ဝါချင်စိတ်က တအားကျေနပ်သွားတာ။ ဘာကိုပဲဖြစ်ဖြစ် ပေးဆပ်ချင်လာရော။ ယုံကြည်ခြင်း ရှိလာပြီးတော့လည်း ကျွန်မက ဒီအမြင်တွေနဲ့ ဆက်ပြီး နေထိုင်ခဲ့တာပါ။ ကိုယ့်တာဝန်ကို ဂုဏ်အဆင့်အတန်းအတွက် လုပ်နေတာဆိုတော့၊ အရှုံးအမြတ်ဆိုတာတွေကို ပူပန်မိတော့တာပေါ့။ သူများတွေ အထင်ကြီးတဲ့ နေရာမျိုးမှာဆို ကျွန်မက ပျော်တယ်။ အဲဒီလိုနေရာမျိုး မရဘဲ၊ ကိုယ်လည်း မထင်ပေါ်နိုင်ဘူးဆိုရင်၊ ကျွန်မက အပျက်သဘောနဲ့ မပျော်မရွှင်ဖြစ်လာတယ်။ ဘုရားကို ခုခံတယ်။ ဘုရားက စီစဉ်ပေးထားတဲ့ အခြေအနေကိုလည်း ခုခံမိတယ်။ အဲဒါကို စဉ်းစားကြည့်လေလေ ပိုပြီး နားလည်မိလေပဲ။ ဒီ မကောင်းတဲ့အဆိပ်တွေကြောင့် ကျွန်မမှာ ရခဲ့တာဆိုလို့ စိတ်ဆင်းရဲတာပဲရှိတယ်လေ။ အဲဒါတွေကြောင့် ကျွန်မက ဘုရားသခင်ကို မရည်ရွယ်ဘဲ ပုန်ကန်မိတယ်၊ အာခံခဲ့မိတယ်။ အဲဒီလို အားထုတ်မှုမျိုးကို ဆက်လုပ်မယ်ဆိုရင်၊ ကျွန်မက ဘုရားရဲ့မလိုလားမှုကို သေချာပေါက် ကြုံရတော့မှာပဲ။ ကိုယ်တော်က ကျွန်မကို ဖယ်ရှားပစ်လိမ့်မယ်။ အဲဒါကို တွေးကြည့်လေလေ၊ ကိုယ် လျှောက်နေတဲ့လမ်းကို ပိုပြီး ကြောက်မိလေလေ ဖြစ်လာတယ်။ ကျွန်မလည်း ဘုရားသခင်ဆီမှာ ကမန်းကတန်း ဆုတောင်းပြီး၊ နောင်တရမိတယ်။ ကျွန်မအနေနဲ့ ဂုဏ်အဆင့်အတန်းနောက် မလိုက်ချင်တော့ဘူး၊ တခြားလူတွေ အထင်ကြီးတာကိုလည်း မလိုချင်တော့ပါဘူး။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ လိုက်လျောညီထွေရှိတဲ့ ဖန်ဆင်းခံစစ်စစ်တစ်ယောက် ဖြစ်အောင်ပဲ ကြိုးစားချင်ပါတော့တယ်ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့စိတ်နှလုံးက ပိုပြီး တည်ငြိမ်သွားတယ်။

နောက်တစ်နေ့ရောက်တော့ ဝတ်ပြုဆုတောင်းတာတွေ လုပ်နေရင်းနဲ့၊ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်မိတယ်၊ “သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်၏ နှလုံးသားထဲတွင် သင်သည် ဘုရားသခင်အား ချစ်ရပေမည်။ သင်၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားကို ပစ်ပယ်သင့် ပြီး၊ ဘုရားသခင်၏ လိုအင်ကို ဖြည့်ဆည်းရန် ဖွေရှာရမည် ဖြစ်ကာ၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်လျက် နောက်ကိုလိုက်သောကြောင့်၊ သင်သည် အရာခပ်သိမ်းကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှု များကို မလုပ်ဆောင်သင့်ပဲ၊ ဘုရားသခင်၏ လိုအင်အား ဖြည့်ဆည်းခြင်းကို သင်ပြီးမြောက် အောင်မြင်သင့်သည်။ သင်သည် ဖန်ဆင်းခြင်း ခံထားရသည့်အတွက်၊ သင့်အား ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့်သည်၊ အကြောင်းမှာ သင်သည် ပင်ကိုအားဖြင့် မိမိအပေါ်မိမိ အုပ်စိုးခြင်း မရှိသောကြောင့် ဖြစ်ပြီး၊ မိမိ၏ ကံကြမ္မာကို ထိန်းချုပ်ရန် တတ်စွမ်းနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်အား ယုံကြည်သော သူတစ်ယောက် ဖြစ်သည့်အတွက်၊ သင်သည် သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို သင်သည် စောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာအား ထိန်းသိမ်းသင့်ကာ၊ သင်၏ တာဝန်ကို စည်းမကျော်ရပေ။ ဤသည်မှာ သင့်အား ကန့်သတ် ချုပ်ထိန်းရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ထားရန် မဟုတ်ပဲ၊ ဤသည်မှာ လမ်းကြောင်းဖြစ်ပြီး၊ ယင်းမှတစ်ဆင့် သင်၏ တာဝန်ကို သင်ထမ်းဆောင်နိုင်ကာ၊ ဖြောင့်မတ်ခြင်းကို ပြုသော ထိုသူအားလုံးတို့မှ ပြီးမြောက် အောင်မြင်သင့်သည့်၊ ပြီးမြောက် အောင်မြင်နိုင်သည့် အရာဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်”) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်း ကျွန်မ နားလည်သွားတာက၊ ဖန်ဆင်းခံတစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ ဘုရားရဲ့အုပ်ချုပ်မှုနဲ့ အစီအစဉ်တွေကို နာခံသင့်တယ်။ ကျွန်မအနေနဲ့ သမ္မာတရားကို အားထုတ်သင့်တယ်။ ကိုယ့်စိတ်သဘောထားမှာ အပြောင်းအလဲဖြစ်အောင် ကြိုးစားသင့်တယ်။ ဒါကမှ ကျွန်မရဲ့တာဝန်ပဲ။ ကျွန်မအနေနဲ့ အားထုတ်သင့်တဲ့အရာပါပဲ။ ဘုရားသခင် စီစဉ်ပေးတဲ့ အခြေအနေကို ကျွန်မက မကြိုက်ခဲ့ဘူးဆိုပေမဲ့၊ ဘုရားရဲ့ရည်ရွယ်ချက်ကောင်းတွေက အဲဒီနောက်ကွယ်မှာ ရှိနေတယ်လေ။ ကိုယ်တော်က ကျွန်မကို သန့်စင် ပြောင်းလဲစေဖို့၊ အဲဒါတွေအားလုံးကို သေသေချာချာ စီစဉ်ပေးခဲ့တာပါ။ ကျွန်မအနေနဲ့ ဂုဏ်အဆင့်အတန်းနောက် မလိုက်နိုင်တော့ဘူး။ ကိုယ့်တာဝန်နဲ့ပတ်သက်ပြီး ကြေးများလို့ မရတော့ဘူးလေ။ ကျွန်မအနေနဲ့ သမ္မာတရားကို အားထုတ်တာကိုပဲ အာရုံစိုက်သင့်တယ်၊ ကျွန်မရဲ့အကျင့်ပျက် စိတ်သဘောထားကို ဖြေရှင်းဖို့အတွက်၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို လက်ခံသင့်တယ်။ ကိုယ့်တာဝန်ကို ကောင်းအောင် လုပ်ဆောင်ဖို့ပဲ အစွမ်းကုန် ကြိုးစားသင့်တယ်။

အဲဒီနောက်ပိုင်းနေ့တွေမှာ ကျွန်မလည်း၊ သူများတွေ ကိုယ့်ကို ဘယ်လိုထင်လဲဆိုတာကို အာရုံမရောက်တော့ဘူး။ ကိုယ့်တာဝန်ကိုပဲ ဘုရားရှေ့မှောက်မှာ လုပ်တယ်။ တစ်ခါတလေ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေနဲ့ အလုပ်ရှုပ်ပြီး၊ သူတို့ကလေးတွေကို ထိန်းဖို့ အချိန်မရဘူးဆိုရင်၊ ကျွန်မက ကူညီပေးပါတယ်။ ညီအစ်ကိုမောင်နှမတွေက ဧဝံဂေလိ ဟောပြောပြီး၊ လူတွေကို ဘုရားရှေ့မှောက် များသထက်များအောင် ခေါ်ဆောင်တာတွေကို မြင်မိရင်လည်း၊ ကျွန်မရဲ့စိတ်နှလုံးမှာ ဝမ်းသာမိပါတယ်။ ကိုယ့်အလုပ်မှာ မထင်ပေါ်နိုင်ဘူးဆိုရင်တောင်၊ ညီအစ်ကိုမောင်နှမတွေ စိတ်အေးရအောင် လုပ်ပေးနိုင်ခဲ့တယ်။ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့ဖို့အတွက် ကိုယ့်ကျရာတာဝန်ကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်နိုင်ခဲ့ပါတယ်။ ဒါလည်း အဓိပ္ပာယ်ရှိတာပါပဲ။ အိမ်ရှင်တာဝန် ယူရတာတွေ၊ ကလေးထိန်းပေးတာတွေ လုပ်နေတုန်းမှာ ကျွန်မရဲ့ဝင့်ဝါချင်စိတ်နဲ့ ဂုဏ်ကို လိုချင်တဲ့ဆန္ဒက မပြည့်တော့ဘူးဆိုပေမဲ့၊ တော်တော် အကျိုးရှိမှန်း တွေ့ခဲ့ရတယ်။ ဂုဏ်အဆင့်အတန်းနောက် လိုက်တယ်ဆိုတာ လမ်းမှားဖြစ်မှန်း ကျွန်မ သိလိုက်တယ်လေ။ ဘုရားရဲ့အုပ်ချုပ်မှုနဲ့ အစီအစဉ်တွေကို နာခံတာ၊ ကိုယ့်တာဝန်ကို အကောင်းဆုံး လုပ်ဆောင်တာတွေကသာ ကျွန်မ အားထုတ်သင့်တဲ့အရာတွေပါပဲ။ ဘုရားရဲ့အိမ်တော်မှာ အလုပ်တာဝန်တွေနဲ့ပတ်သက်ရင် နိမ့်တယ်မြင့်တယ်ဆိုတာ တကယ်ကို မရှိမှန်း၊ ကျွန်မ အမှန်တကယ် နားလည်သွားတယ်။ ဘယ်လိုတာဝန်ကိုပဲ လုပ်လုပ်၊ ကိုယ့်အနေနဲ့ သင်ယူရမယ့် သင်ခန်းစာတွေ၊ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရမယ့် သမ္မာတရားတွေဆိုတာ အမြဲတမ်း ရှိပါတယ်။ ကျွန်မအနေနဲ့ သမ္မာတရားကို အားထုတ်ပြီး နာခံနေသရွေ့၊ အကျိုးကျေးဇူးကတော့ ခံစားရတာပါပဲ။ ဘုရားသခင်ဟာ ဖြောင့်မတ်လွန်းတယ်၊ ဘယ်သူ့ကိုမှ မျက်နှာသာမပေးဘူးဆိုတာကို ဒီအဖြစ်ကနေ ကျွန်မ မြင်ခဲ့ပါတယ်။ ဒီလို မဆိုသလောက် အပြောင်းအလဲနဲ့ နားလည်မှုလေး ရတယ်ဆိုတာ၊ ဘုရားက ကျွန်မရဲ့အသက်တာအပေါ် ပေးအပ်တဲ့ ဆုလာဘ်တစ်ခုပါပဲ။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။

ယခင်က:၄၉။ ထာဝရ ဝေဒနာ

နောက်တစ်ခုသို့:၆။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းခရီးကို ဦးဆောင်သည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ