လက်တွေ့အရှိတရားကို သိရှိပုံ

ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်- သူ၏ အမှုအားလုံး လက်တွေ့ကျသည်၊ သူပြောသည့် နှုတ်ကပတ်တော်အားလုံး လက်တွေ့ကျပြီး၊ သူဖော်ပြသည့် သမ္မာတရားအားလုံး လက်တွေ့ကျလေသည်။ သူ၏ နှုတ်ကပတ်တော်များ မဟုတ်သော အရာအားလုံးသည် နားဝေတိမ်တောင် ဖြစ်သည့်အရာဖြစ်သည်၊ အမှန်တကယ်မရှိသကဲ့သို့ မခိုင်လုံပေ။ ယနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ လမ်းပြရန်ဖြစ်သည်။ အကယ်၍ လူတို့သည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုကို လိုက်စားဖို့ဖြစ်ပါက၊ လက်တွေ့အရှိတရားကို ၎င်းတို့ ရှာဖွေရမည်ဖြစ်ပြီး လက်တွေ့အရှိတရားကို ၎င်းတို့ သိရမည်၊ ထို့နောက်တွင် ၎င်းတို့သည် လက်တွေ့အရှိတရားကို တွေ့ကြုံရမည်ဖြစ်ပြီး လက်တွေ့အရှိတရား၌ အသက်ရှင်နေထိုင်ရမည်။ လူတို့သည် လက်တွေ့အရှိတရားကို သိရှိလေလေ၊ အခြားသူများ၏ စကားများက စစ်မှန်သည် မစစ်မှန်သည်ကို ၎င်းတို့ သိမြင်နိုင်လေလေ ဖြစ်သည်။ လက်တွေ့အရှိတရားကို လူတို့ သိရှိလေလေ၊ အယူအဆများ နည်းပါးလေလေ ဖြစ်သည်။ လက်တွေ့အရှိတရားကို လူတို့ တွေ့ကြုံလေလေ၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သော ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ၎င်းတို့ သိလေလေဖြစ်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများမှ လွတ်မြောက်ဖို့ ၎င်းတို့အတွက် လွယ်ကူလေလေ ဖြစ်သည်။ လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ ဘုရားသခင်ကို ၎င်းတို့ သိရှိလေလေဖြစ်ပြီး၊ ဇာတိပကတိကို ၎င်းတို့ စက်ဆုပ်ရွံရှာလေလေ ဖြစ်ကာ သမ္မာတရားကို ချစ်မြတ်နိုးလေလေ ဖြစ်သည်။ ပြီးလျှင် လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ ဘုရားသခင်၏ သတ်မှတ်ချက်များ၏ စံချိန်စံညွှန်းများနှင့် ၎င်းတို့ နီးစပ်လေလေဖြစ်သည်။ ဘုရားသခင်၏ ရယူခြင်းခံရသော လူတို့သည် လက်တွေ့အရှိတရားကို ပိုင်ဆိုင်သူများ၊ လက်တွေ့အရှိတရားကို သိရှိသူများနှင့် လက်တွေ့အရှိတရားကို တွေ့ကြုံခြင်းမှတစ်ဆင့် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်ချက်များကို သိရှိလာသောသူများ ဖြစ်သည်။ သင်သည် လက်တွေ့ကျသော နည်းလမ်းတစ်ခုဖြင့် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ကာ သင်၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းကြပ်မတ်လေလေ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိလေလေ ဖြစ်လိမ့်မည်၊ လက်တွေ့အရှိတရားကို သင် ရရှိလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်၊ ထိုသို့ဖြင့် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် သာ၍ ကြီးမားလေလေ ဖြစ်လာလိမ့်မည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် အလင်းအောက်တွင် အသက်ရှင်နိုင်ပါက၊ လက်ရှိလက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် သင့်အဖို့ ပိုမိုရှင်းလင်းလာလိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘာသာရေး အယူအဆများနှင့် အတိတ်က အလေ့အထဟောင်းများမှ မိမိကိုယ်ကိုယ် ပိုမိုဖယ်ရှားနိုင်လိမ့်မည် ဖြစ်သည်။ ယနေ့ လက်တွေ့အရှိတရားသည် အချက်အချာ ဖြစ်၏- လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ သမ္မာတရားနှင့်သက်ဆိုင်သော ၎င်းတို့၏ အသိပညာသည် ရှင်းလင်းလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏အလိုနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သိနားလည်မှု ကြီးမားလေလေ ဖြစ်သည်။ လက်တွေ့အရှိတရားသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ အားလုံးကို ကျော်လွှားအောင်မြင်နိုင်သည်၊ သဘောတရားများနှင့် ကျွမ်းကျင်မှုအားလုံးကို ကျော်လွှားအောင်မြင်နိုင်သကဲ့သို့၊ လူတို့သည် လက်တွေ့အရှိတရားကို အာရုံစိုက်လေလေ၊ ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ချစ်မြတ်နိုးလေလေ ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များကို ဆာလောင်ငတ်မွတ်လေလေ ဖြစ်သည်။ သင်သည် လက်တွေ့အရှိတရားကို အမြဲ အာရုံစိုက်ပါက၊ သင်၏ ရှင်သန်ခြင်းအတွက် အတွေးအခေါ်များ၊ ဘာသာရေးအယူအဆများနှင့် ပင်ကိုစရိုက်တို့သည် ဘုရားသခင်၏အမှုနောက်တွင် အလိုအလျောက် ဖျောက်ဖျက်ခံရလိမ့်မည်။ လက်တွေ့အရှိတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သော အသိပညာမရှိသူတို့သည် သဘာဝလွန်သည့်အရာ နောက်သို့လိုက်ရန် အလားအလာရှိကြပြီး၊ အလွယ်တကူ လိမ်လည်လှည့်ဖြား ခံရလိမ့်မည်။ ထိုသို့သောလူများ၌ သန့်ရှင်းသောဝိညာဉ်တော်သည် အမှုပြုရန် နည်းလမ်း လုံးဝ မရှိသောကြောင့် ၎င်းတို့သည် လစ်ဟာမှုကို ခံစားကြရပြီး ၎င်းတို့၏ ဘဝများက အဓိပ္ပာယ်မရှိဟု ခံစားကြရလေသည်။

သင်သည် အမှန်တကယ် လေ့ကျင့်သည့်အခါမှ၊ အမှန်တကယ် ရှာဖွေသည့်အခါမှ၊ အမှန်တကယ် ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေခြင်းအတွက် ဆင်းရဲဒုက္ခခံရန် လိုလားနေသည့်အခါမှသာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်နိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းမပြုသူတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ၊ အနှစ်သာရမဲ့သော သဘောတရားများမှလွဲ၍ မည်သည့်အရာမျှ မရှိကြသကဲ့သို့၊ သမ္မာတရားမရှိသော သူတို့သည် သဘာဝအားဖြင့် ဘုရားသခင်နှင့် သက်ဆိုင်သည့် အယူအဆများစွာ ရှိကြလေသည်။ ဤသို့သောလူများသည် တတိယကောင်းကင်ဘုံသို့ တက်နိုင်ရန်အလို့ငှာ ၎င်းတို့၏ ဇာတိခန္ဓာကိုယ်ကို ဝိညာဉ်ကိုယ်ခန္ဓာအဖြစ်သို့ ဘုရားသခင်က ပြောင်းလဲစေရန်အတွက်သာ တောင့်တကြသည်။ ထိုလူတို့သည် မိုက်မဲလိုက်လေစွ။ ထိုသို့သောအရာများကို ပြောသောသူအားလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာ သို့မဟုတ် လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် အသိပညာမရှိကြချေ။ ဤကဲ့သို့သော လူများသည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ရန် မဖြစ်နိုင်သကဲ့သို့၊ မလှုပ်မယှက်သာ စောင့်ဆိုင်းနိုင်ကြသည်။ လူတို့သည် သမ္မာတရားကို သိနားလည်ပြီး၊ သမ္မာတရားကို ရှင်းလင်းစွာ မြင်ရန်ဆိုပါက၊ ထို့အပြင် ၎င်းတို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ပြီး ထိုသမ္မာတရားကို လက်တွေ့ လုပ်ဆောင်ရန်ဆိုပါက၊ ၎င်းတို့အနေဖြင့် အမှန်တကယ် လေ့ကျင့်ကြရမည်၊ အမှန်တကယ် ရှာဖွေကြရမည်ဖြစ်ပြီး အမှန်တကယ် ဆာလောင်မွတ်သိပ် ကြရမည်။ သင်သည် ဆာလောင်မွတ်သိပ်သောအခါ၊ ပြီးလျှင် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းလုပ်ဆောင်သည့်အခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို ဧကန်မုချ တို့ထိလိမ့်မည်ဖြစ်ပြီး၊ သင်၏အတွင်းတွင် အလုပ်လုပ်လိမ့်မည်၊ ယင်းက သင့်ထံ ဉာဏ်အလင်းပေးခြင်း ပိုမိုဆောင်ကြဉ်းလိမ့်မည်ဖြစ်ပြီး၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် အသိပညာကို သာ၍ ပေးလိမ့်မည်ဖြစ်သကဲ့သို့၊ သင်၏အသက်တာအဖို့ သာ၍ ကြီးမားသည့် အကူအညီဖြစ်လိမ့်မည်။

လူတို့သည် ဘုရားသခင်ကို သိရှိရန်ဆိုပါက၊ ၎င်းတို့အနေဖြင့် ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်ကို ပထမဦးစွာ သိရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ လက်တွေ့ကျသော လူ့ဇာတိ၌ ပေါ်ထွန်းခြင်းနှင့် ဘုရားသခင်၏ လက်တွေ့ကျသော အမှုတို့ကို သိရှိရမည်။ ဘုရားသခင်၏ အမှုအားလုံး လက်တွေ့ကျသည်ကို သိရှိသည့်နောက်တွင်သာ၊ သင်သည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပြီး၊ ဤလမ်းကြောင်းမှတစ်ဆင့်သာ သင်၏ အသက်တာ၌ ကြီးထွားမှုကို သင်ရရှိနိုင်ပေသည်။ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် အသိပညာမရှိသော သူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံရန် နည်းလမ်း မရှိပေ၊ ၎င်းတို့၏ အယူအဆများတွင် ၎င်းတို့ ပိတ်မိကြသည်၊ ၎င်းတို့၏ စိတ်ကူးစိတ်သန်းများထဲတွင် အသက်ရှင်ကြပြီး၊ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသိပညာမရှိကြချေ။ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် သင်၏ အသိပညာ ကြီးမားလေလေ၊ သင်သည် ဘုရားသခင်နှင့် နီးစပ်လေလေဖြစ်ပြီး၊ သင်သည် သူနှင့် အကျွမ်းဝင်လေလေဖြစ်သည်။ သင်သည် မရေရာမှု၊ စိတ်ကူးစိတ်သန်းနှင့် အယူဝါဒကို ရှာဖွေလေ၊ သင်သည် ဘုရားသခင်ထံမှ တိုး၍ သွေဖည်လေလေ ဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းသည် ပင်ပန်းပြီး ခက်ခဲသည်၊ ပြီးလျှင် သင်သည် ဝင်ရောက်နိုင်စွမ်း မရှိဟု ခံစားရလေလေ ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် လက်တွေ့အရှိတရားထဲသို့လည်းကောင်း၊ သင်၏ဝိညာဉ်ရေးရာ အသက်တာနှင့် သက်ဆိုင်သည့် လမ်းကြောင်းမှန်ပေါ်သို့လည်းကောင်း ဝင်ရောက်ရန် ဆန္ဒရှိပါက၊ ပထမဦးစွာ လက်တွေ့အရှိတရားကို သိရှိရမည်ဖြစ်ပြီး မရေရာသကဲ့သို့ သဘာဝလွန်‌ဖြစ်သော အရာများမှ မိမိကိုယ်ကိုယ် သီးခြားရှိစေရမည်၊ ဆိုလိုသည်မှာ ပထမဦးစွာ သန့်ရှင်းသော ဝိညာဉ်တော်က အတွင်းမှ သင့်ကို မည်သို့ အမှန်တကယ် အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြသည်ကို သင် သိနားလည်ရမည် ဖြစ်သည်။ ဤနည်းဖြင့်၊ လူ့အတွင်းက သန့်ရှင်းသော ဝိညာဉ်တော်၏ စစ်မှန်သော လုပ်ဆောင်ချက်ကို သင် အမှန်တကယ် သဘောပေါက်နိုင်ပါက၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ပြီး ဖြစ်ပေလိမ့်မည်။

ယနေ့တွင်၊ အရာရာသည် လက်တွေ့အရှိတရားမှ အစပြုကြ၏။ ဘုရားသခင်၏အမှုသည် လက်တွေ့အကျဆုံးဖြစ်ပြီး၊ လူတို့ ထိတွေ့ နိုင်သည်။ ယင်းသည် လူတို့ ကြုံတွေ့ကာ စွမ်းဆောင်ရရှိနိုင်သည့်အရာ ဖြစ်သည်။ လူတို့အထဲတွင် မရေရာသကဲ့သို့ သဘာဝလွန်ဖြစ်သည့် အရာများစွာရှိပြီး၊ ယင်းက ၎င်းတို့ကို ဘုရားသခင်၏ လက်ရှိအမှုကို သိခြင်းမှ တားဆီးထားလေသည်။ ထို့ကြောင့်၊ ၎င်းတို့၏ အတွေ့အကြုံများတွင် ၎င်းတို့သည် အမြဲ သွေဖည်ကြပြီး၊ အမှုအရာများက ခက်ခဲသည်ဟု အမြဲခံစားရကာ၊ ဤအရာအားလုံးမှာ ၎င်းတို့၏ အယူအဆများက ဖြစ်စေသည့်အရာများသာ ဖြစ်သည်။ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် သက်ဆိုင်သော အခြေခံသဘောတရားများကို သဘောမပေါက်နိုင်ကြပေ၊ ၎င်းတို့သည် လက်တွေ့အရှိတရားကို မသိကြသောကြောင့်၊ ၎င်းတို့၏ ဝင်ရောက်ခြင်း လမ်းကြောင်းတွင် အမြဲအပျက်သဘောဆောင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို မစွမ်းဆောင်နိုင်ကြဘဲ၊ အဝေးမှ ကြည့်ရှုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အမှန်တကယ် ကောင်းမွန်သည်ကို မြင်ရုံမျှ မြင်ကြသော်လည်း၊ ဝင်ရောက်ရန် လမ်းကြောင်းကို ရှာမတွေ့နိုင်ကြပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ဤအခြေခံသဘောတရားအားဖြင့် အမှုပြု၏- လူတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့်၊ ၎င်းတို့ တက်ကြွစွာ ဆုတောင်းခြင်း၊ ဘုရားသခင်ကို ရှာဖွေခြင်းနှင့် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ခြင်း တို့မှတစ်ဆင့်၊ ရလဒ်များကို ရရှိနိုင်ပြီး ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရကာ အလင်းပေးခြင်း ခံရနိုင်ပေသည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ဖက်သတ် လုပ်ဆောင်သည် သို့မဟုတ် လူသားက တစ်ဖက်သတ် လုပ်ဆောင်သည် မဟုတ်ပေ။ နှစ်ဦးလုံးသည် မရှိမဖြစ်ဖြစ်ပြီး၊ လူတို့က ပူးပေါင်းဆောင်ရွက်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်သက်ဆိုင်သည့် စံချိန်စံနှုန်းများကို ရရှိရန် အားထုတ်လေလေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က သာ၍ ကြီးမားလေလေ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အပြင်၊ လူတို့၏ စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုသည်သာ၊ စစ်မှန်သော အတွေ့အကြုံများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် ထိရောက်သော အသိပညာကို ဖြစ်ပေါ်စေနိုင်ပေသည်။ တဖြည်းဖြည်းနှင့်၊ ဤနည်းလမ်းဖြင့် တွေ့ကြုံခြင်းမှတစ်ဆင့်၊ နောက်ဆုံးတွင် စုံလင်သည့် လူတစ်ဦး ထွက်ပေါ်၏။ ဘုရားသခင်သည် သဘာဝလွန်ကဲသည့် အရာများကို မလုပ်ဆောင်ပေ- လူတို့၏အယူအဆများတွင် ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး၊ အရာအားလုံးကို ဘုရားသခင် လုပ်ဆောင်သည်— အကျိုးဆက်အနေဖြင့် လူတို့သည် မလှုပ်မယှက် စောင့်ဆိုင်းကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုကြချေ၊ သို့မဟုတ် ဆုတောင်းခြင်း မရှိကြချေ၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏တို့ထိမှုကို စောင့်ရုံမျှ စောင့်ကြလေသည်။ သို့သော် မှန်ကန်သော သိနားလည်မှုရှိသူများက ဆက်လက်ဖော်ပြပါအရာကို ယုံကြည်ကြသည်- ဘုရားသခင်၏ လုပ်ဆောင်မှုများသည် ကျွန်ုပ် ပူးပေါင်းဆောင်ရွက်သလောက်အထိသာ သွားပြီး၊ ကျွန်ုပ်အထဲ၌ ဘုရားသခင်၏အမှု သက်ရောက်မှုသည် ကျွန်ုပ် မည်သို့ပူးပေါင်းဆောင်ရွက်သည် ဆိုသည့်အပေါ် တည်မှီသည်။ ဘုရားသခင်က စကားပြောဆိုသည့်အခါတွင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရှာဖွေရန် တတ်နိုင်သမျှ လုပ်ဆောင်သင့်ပြီး ရှေ့ဆက်ကြိုးပမ်းသင့်သည်။ ဤသည်ကား ကျွန်ုပ် စွမ်းဆောင် ရရှိသင့်သည့် အရာဖြစ်သည်။

ပေတရုနှင့်ပေါလုတို့၏ ဥပမာများတွင်၊ လက်တွေ့အရှိတရားကို အာရုံအစိုက်ဆုံးသောသူမှာ ပေတရုဖြစ်သည်ကို ရှင်းလင်းစွာ သင်တို့မြင်နိုင်သည်။ ပေတရုဖြတ်သန်းခဲ့ရသည့်အရာမှ၊ သူ၏ အတွေ့အကြုံများသည် အတိတ်က ကျရှုံးခဲ့သူများ၏ သင်ခန်းစာများကို ပေါင်းရုံးချက်တစ်ခုဖြစ်ပြီး၊ သူသည် အတိတ်က သန့်ရှင်းသူတို့၏ ခွန်အားများကို ရယူခဲ့သည်ကို တွေ့မြင်နိုင်သည်။ ဤအရာမှ ပေတရု၏ အတွေ့အကြုံများ မည်မျှ စစ်မှန်ခဲ့သည်၊ လူတို့အနေဖြင့် ဤအတွေ့အကြုံများကို လက်လှမ်းမီနိုင်ကာ ထိတွေ့နိုင်သကဲ့သို့ ယင်းတို့ကို ရရှိနိုင်သည်ဆိုသည်ကို တွေ့မြင်နိုင်ပေသည်။ သို့သော်၊ ပေါလုမှာ ကွဲပြားခြားနားခဲ့၏- တတိယကောင်းကင်သို့ သွားခြင်း၊ ပလ္လင်ထက်သို့ တက်ကြွခြင်းနှင့် ဖြောင့်မတ်ခြင်းသရဖူကဲ့သို့သော သူပြောဆိုခဲ့သည့် အရာအားလုံးသည် မရေရာသကဲ့သို့ မြင်၍လည်းမရနိုင်ပေ။ သူသည် အပြင်ပန်းအရာကို အာရုံစိုက်ခဲ့သည်- အဆင့်အတန်းနှင့် လူများကို ဩဝါဒပေးခြင်း၊ သူ၏ဝါရင့်မှုကို ကြွားဝါခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုကိုခံရခြင်း အစရှိသဖြင့် ဖြစ်သည်။ သူ လိုက်စားခဲ့သည့် မည်သည့်အရာမျှ မစစ်မှန်ခဲ့သကဲ့သို့ အများစုသည် စိတ်ကူးသက်သက် ဖြစ်ခဲ့သည်၊ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်က လူတို့ကို မည်မျှထိတွေ့သည်၊ လူတို့ မွေ့လျော်သော ကြီးမားသည့် ဝမ်းမြောက်မှု၊ တတိယ ကောင်းကင်သို့ သွားခြင်း၊ သို့မဟုတ် ၎င်းတို့၏ ပုံမှန်လေ့ကျင့်ခြင်းကို ၎င်းတို့ မွေ့လျော်သည့် အတိုင်းအတာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား ၎င်းတို့ မွေ့လျော်သည့်အတိုင်းအတာကဲ့သို့သော သဘာဝလွန်ဖြစ်သည့် အရာအားလုံး- ဤအရာထဲမှ တစ်ခုမျှ မစစ်မှန်သည်ကို တွေ့မြင်နိုင်ပေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားလုံးသည် သာမန်ဖြစ်ပြီး စစ်မှန်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ဖတ်ရှုပြီး ဆုတောင်းသည့်အခါ၊ အတွင်း၌ သင်သည် တောက်ပပြီး ခိုင်မာမှုရှိသည်၊ ပြင်ပကမ္ဘာက သင့်ကိုမနှောင့်ယှက်နိုင်ပေ။ အတွင်း၌ သင်သည် ဘုရားသခင်ကိုချစ်ရန် လိုလားလျက်ရှိနေသည်၊ အပြုသဘောဆောင်သော အရာများနှင့် ပါဝင်ပတ်သက်ရန် သင် လိုလားလျက်ရှိနေပြီး၊ ဆိုးယုတ်သည့်လောကကို သင်စက်ဆုပ်သည်။ ဤသည်ကား ဘုရားသခင် အတွင်း အသက်ရှင်ခြင်းဖြစ်သည်။ ယင်းသည် လူတို့ပြောသကဲ့သို့ ကြီးမားသည့် ပျော်ရွှင်မှုကို တွေ့ကြုံခြင်း မဟုတ်၊ ထိုသို့သော အပြောသည် လက်တွေ့မကျပေ။ ယနေ့တွင်၊ အရာရာတိုင်းသည် လက်တွေ့အရှိတရားမှ အစပြုသင့်သည်။ ဘုရားသခင်ပြုသော အရာတိုင်းသည် စစ်မှန်ပြီး၊ သင်၏အတွေ့အကြုံများတွင် သင်သည် ဘုရားသခင်ကို အမှန်တကယ်သိကျွမ်းခြင်း၊ ပြီးလျှင် ဘုရားသခင်၏ အမှု၏ ခြေရာများနှင့် လူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က တို့ထိကာ အသိဉာဏ်ပွင့်လင်းစေသည့် နည်းလမ်းတို့ကို ရှာဖွေခြင်းအား အာရုံစိုက်ရမည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကာ ဆုတောင်းပြီး၊ ကုန်လွန်ပြီးသည့် အချိန်ကာလများမှ ကောင်းမြတ်သည့်အရာများကို စိတ်တွင်စွဲမှတ်ရင်း၊ မကောင်းသည့်အရာများကို ပေတရုကဲ့သို့ ငြင်းပယ်ရင်း၊ သာ၍ စစ်မှန်သည့်နည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်ပါက၊ သင်သည် သင်၏နားများဖြင့် နားထောင်ပြီး မျက်လုံးများဖြင့် လေ့လာကာ၊ သင်၏စိတ်နှလုံးထဲတွင် မကြာခဏ ဆုတောင်းပြီး တွေးဆသကဲ့သို့ ဘုရားသခင်၏ အမှုနှင့် ပူးပေါင်းဆောင်ရွက်ဖို့ သင် တတ်နိုင်သမျှ လုပ်ဆောင်ပါက၊ ဘုရားသခင်သည် သင့်ကို ဧကန်အမှန် လမ်းပြလိမ့်မည်။

အရှေ့သို့- ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း

နောက်တစ်ခုသို့- ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။