ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍

ဘုရားသခင်ကို ယုံကြည်ခြင်းသည် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခု လိုအပ်ပြီး ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။ ဆုတောင်းခြင်း၊ ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ ချီးမွမ်းခြင်း၊ အာရုံပြုဆင်ခြင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆင်ခြင်သုံးသပ်ခြင်းတို့ဟူသည့် သင်တို့၏ လက်ရှိ လက်တွေ့လုပ်ဆောင်မှုအားလုံးသည် “ပုံမှန်ဝိညာဉ်ရေးရာ အသက်တာ” တစ်ခု ဖြစ်သလော။ သင်တို့ထဲမှ မည်သူမျှ သိပုံမရပေ။ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုသည် ဆုတောင်းခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ အသင်းတော်အသက်တာတွင် ပါဝင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းကဲ့သို့သော လက်တွေ့လုပ်ဆောင်မှုများ၌သာ ကန့်သတ်မထားပေ။ ထိုအစား ယင်းတွင် လန်းဆန်းပြီး သက်ဝင်လှုပ်ရှားသော ဝိညာဉ်ရေးရာ အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ခြင်း ပါဝင်သည်။ အရေးကြီးသည့်အရာမှာ သင် မည်သို့ လက်တွေ့လုပ်ဆောင်သည် ဟူသောအချက် မဟုတ်ဘဲ သင်၏ လက်တွေ့လုပ်ဆောင်မှုက မည်သည့်အသီးအပွင့်ကို သီးသည်ဟူသောအချက် ဖြစ်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများသည် အမှန်တကယ် အကျိုးသက်ရောက်မှု တစ်ခုခု ရှိသည်ဖြစ်စေ၊ စစ်မှန်သော နားလည်သဘောပေါက်မှုဆီသို့ ဦးတည်သည်ဖြစ်စေ၊ ဦးမတည်သည်ဖြစ်စေ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုတွင် ဆုတောင်းခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို ဆင်ခြင်သုံးသပ်ခြင်းတို့ မလွဲမသွေ ပါဝင်သည်ဟု လူအများစုက ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ရလဒ်များကို မည်သို့မျှ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အပေါ်ယံ လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်းအပေါ် အာရုံစိုက်ကြသည်။ ၎င်းတို့သည် အသင်းတော်အတွင်း၌ အသက်ရှင်နေထိုင်သော လူများ မဟုတ်ဘဲ ဘာသာရေး ထုံးတမ်းစဉ်လာများထဲတွင် အသက်ရှင်နေထိုင်သော လူများဖြစ်ကြပြီး နိုင်ငံတော်၏ လူများဖြစ်ဖို့ဆိုသည်မှာ သာ၍ပင် ဝေးသေးသည်။ ၎င်းတို့၏ ဆုတောင်းခြင်းများ၊ ဓမ္မသီချင်းသီဆိုခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းတို့အားလုံးသည် လိုလားစိတ်ကြောင့် မဟုတ်သည့်အပြင် စိတ်နှလုံးထဲမှလည်း မဟုတ်ဘဲ ဖိအားပေးခံရမှုကြောင့်နှင့် ရေစီးကြောင်းနောက် လိုက်ရန် လုပ်ဆောင်သည့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း ပုံစံတစ်မျိုးသာ ဖြစ်သည်။ ဤလူတို့သည် မည်မျှပင် ဆုတောင်းသည်ဖြစ်စေ၊ သီဆိုသည်ဖြစ်စေ ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများသည် မည်သည့်အသီးအပွင့်ကိုမျှ သီးမည်မဟုတ်ပေ။ အကြောင်းမှာ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် ဘာသာရေး၏ စည်းမျဉ်းစည်းကမ်းများနှင့် ထုံးတမ်းစဉ်လာများသာ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် လက်တွေ့လုပ်ဆောင်နေကြခြင်း မဟုတ်ပေ။ ၎င်းတို့သည် လုပ်နည်းကိုင်နည်းများနှင့်ပတ်သက်၍ အရေးတယူလုပ်ခြင်းအပေါ်သာ အာရုံစိုက်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံသေစောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်းများအဖြစ် သဘောထားကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နေကြခြင်း မဟုတ်ပေ။ ၎င်းတို့သည် ဇာတိပကတိကို ကျေနပ်စေရုံမျှသာဖြစ်ပြီး အခြားလူများ မြင်စေရန် ဟန်ဆောင်ပြသနေကြခြင်း ဖြစ်သည်။ ဤဘာသာရေး စည်းမျဉ်းစည်းကမ်းများနှင့် ထုံးတမ်းစဉ်လာများအားလုံးသည် လူသားထံမှ မြစ်ဖျားခံသည်။ ယင်းတို့သည် ဘုရားသခင်ထံမှ လာခြင်းမဟုတ်ပေ။ ဘုရားသခင်သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း မရှိသည့်အပြင် မည်သည့် ပညတ်တရားကိုမျှလည်း သူ လိုက်နာခြင်းမရှိပေ။ ထိုအစား သူသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်လျက် နေ့စဉ်နေ့တိုင်း အမှုအရာသစ်များကို လုပ်ဆောင်သည်။ နေ့စဉ်နေ့တိုင်း နံနက်ပိုင်း ဆုတောင်းဝတ်ပြုခြင်းကို စောင့်ထိန်းခြင်း၊ ညနေပိုင်း ဆုတောင်းခြင်းများနှင့် အစာမစားမီ ကျေးဇူးတော်ချီးမွမ်းခြင်း ဆုတောင်းမှုများ ပြုလုပ်ခြင်း၊ အရာခပ်သိမ်း၌ ကျေးဇူးတော်ချီးမွမ်းခြင်းကဲ့သို့သော လက်တွေ့လုပ်ဆောင်မှုများ၌ မိမိတို့ကိုယ်ကို ကန့်သတ်ထားကြသည့် ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်ထဲမှ လူများကဲ့သို့ပင် ၎င်းတို့ မည်မျှပင် လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းကို မည်မျှကြာအောင် ၎င်းတို့ လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိလိမ့်မည်မဟုတ်ပေ။ လူတို့သည် စည်းမျဉ်းစည်းကမ်းများအလယ်တွင် အသက်ရှင်နေထိုင်ပြီး လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများအပေါ် ၎င်းတို့ စိတ်နှစ်ထားသောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်မလုပ်နိုင်ပေ။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးကို စည်းမျဉ်းစည်းကမ်းများနှင့် လူ၏ အယူအဆများက နေရာယူထားသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်သည် ဝင်ရောက်စွက်ဖက်ပြီး ၎င်းတို့အပေါ် အလုပ်လုပ်နိုင်ခြင်းမျိုး မရှိဘဲ ၎င်းတို့သည် ပညတ်တရား၏ ဘောင်ခတ်မှုများအောက်တွင် ဆက်လက် အသက်ရှင်နေထိုင်ရုံသာ တတ်နိုင်ကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် ထာဝရ မစွမ်းဆောင်နိုင်ကြပေ။

ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်နေထိုင်သော အသက်တာတစ်ခု ဖြစ်သည်။ ဆုတောင်းသောအခါ လူတစ်ဦးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် မိမိ၏ စိတ်နှလုံးကို ငြိမ်ဝပ်စေနိုင်ပြီး ဆုတောင်းခြင်းမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်ခြင်းကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိကျွမ်းနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်သည်။ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် လူတို့သည် ဘုရားသခင်၏ လက်ရှိ အလုပ်နှင့်ပတ်သက်၍ ပို၍ ရှင်းလင်းပြီး ပို၍ စေ့စပ်သေချာသော နားလည်သဘောပေါက်မှုကို ရရှိနိုင်သည်။ ၎င်းတို့သည် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းသစ်တစ်ခုကိုလည်း ရရှိနိုင်ပြီး အဟောင်းကို ဖက်တွယ်ထားမည် မဟုတ်ပေ။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာအားလုံးသည် အသက် ကြီးထွားရင့်ကျက်မှုကို ရရှိရန် ဖြစ်လိမ့်မည်။ ဥပမာအားဖြင့် ဆုတောင်းခြင်း၏ ရည်ရွယ်ချက်မှာ ကြားကောင်းသော စကားအနည်းငယ်ကို ပြောဆိုရန် သို့မဟုတ် သင် မည်မျှ ကျေးဇူးတင်ကြွေးတင်နေကြောင်း ပြသရန် ဘုရားသခင်၏ ရှေ့မှောက်တွင် မျက်ရည်ကျ ငိုကြွေးဖို့ မဟုတ်ပေ။ ထိုအစား ယင်းမှာ ဝိညာဉ်ကို အသုံးပြုရာတွင် မိမိကိုယ်ကို လေ့ကျင့်ရန်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် မိမိ၏ စိတ်နှလုံးကို ငြိမ်ဝပ်စေခွင့်ပေးရန်၊ အရာခပ်သိမ်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များထံမှ လမ်းပြမှုကို ရှာဖွေဖို့ မိမိကိုယ်ကို လေ့ကျင့်ရန် ဖြစ်သည်။ သို့မှသာ လူတစ်ဦး၏ စိတ်နှလုံးသည် နေ့စဉ်နေ့တိုင်း လန်းဆန်းသော ဉာဏ်အလင်းသစ်တစ်ခုဆီသို့ ဆွဲဆောင်ခံရနိုင်မည်ဖြစ်ပြီး ထိုသူသည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် ပျင်းရိခြင်း ရှိမည် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခြေချနိုင်မည် ဖြစ်သည်။ ယနေ့ခေတ် လူအများစုသည် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများအပေါ် အာရုံစိုက်ကြသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ သမ္မာတရားကို လိုက်စားရန်နှင့် အသက် ကြီးထွားမှုကို ရရှိရန် မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ လမ်းလွဲခြင်း တည်ရှိရာနေရာ ဖြစ်သည်။ ဉာဏ်အလင်းသစ်ကို လက်ခံနိုင်စွမ်းရှိသော်လည်း ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများ မပြောင်းလဲသည့်သူ အချို့လည်း ရှိသည်။ ၎င်းတို့သည် ယနေ့ခေတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ရန် ကြည့်ရှုကြစဉ် ၎င်းတို့၏ ယခင် ဘာသာရေး အယူအဆများကို ၎င်းတို့နှင့်အတူ ယူဆောင်လာကြသည်။ သို့ဖြစ်၍ ၎င်းတို့ နားလည်သည့်အရာသည် ဘာသာရေး အယူအဆများ လွှမ်းမိုးနေသော အယူဝါဒသာ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် ယနေ့ခေတ်၏ ဉာဏ်အလင်းကို စင်ကြယ်ပြီး ရိုးရှင်းသော ပုံစံဖြင့် လက်ခံနေကြခြင်း မဟုတ်ပေ။ ရလဒ်အနေဖြင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုများသည် စွန်းထင်းနေသည်။ ၎င်းတို့သည် အရာဟောင်းပေါ်တွင် အမည်သစ်တစ်ခု တပ်နေကြခြင်း ဖြစ်သည်။ ၎င်းတို့ မည်မျှပင် ကောင်းမွန်စွာ လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် ကြောင်သူတော်များ ဖြစ်ကြသည်။ ဘုရားသခင်သည် နေ့စဉ်နေ့တိုင်း အသစ်သော အရာများကို လုပ်ဆောင်ရာတွင် လူတို့ကို ဦးဆောင်ပြီး နေ့စဉ်နေ့တိုင်း ၎င်းတို့ ထိုးထွင်းသိမြင်မှုအသစ်နှင့် နားလည်သဘောပေါက်မှုအသစ်ကို ရရှိရန် တောင်းဆိုကာ ၎င်းတို့ ခေတ်နောက်ကျပြီး ထပ်တလဲလဲ မဖြစ်ရန် တောင်းဆိုသည်။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည့်တိုင် သင်၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများသည် လုံးဝ မပြောင်းလဲခဲ့ပါက၊ ပြီးလျှင် သင်သည် ပြင်ပ ကိစ္စရပ်များနှင့်ပတ်သက်၍ စိတ်အားထက်သန်ပြီး အလုပ်များနေဆဲဖြစ်သည့်တိုင် ငြိမ်ဝပ်သော စိတ်နှလုံးဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပျော်မွေ့ခံစားရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မလာပါက သင်သည် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်သစ်ကို လက်ခံခြင်းနှင့်ပတ်သက်လာလျှင် သင်သည် ကွဲပြားစွာ အစီအစဉ်မဆွဲပါက၊ နည်းလမ်းသစ်တစ်ခုဖြင့် သင်၏ လက်တွေ့လုပ်ဆောင်မှုကို မပြုလုပ်ပါက၊ ပြီးလျှင် ပို၍သစ်လွင်သော နားလည်သဘောပေါက်မှုကို မလိုက်စားဘဲ ထိုအစား သင် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းကို မပြောင်းလဲဘဲ အဟောင်းကို ဖက်တွယ်ထားကာ ကန့်သတ်ထားသော ဉာဏ်အလင်းသစ်အချို့ကိုသာ လက်ခံပါက သင်ကဲ့သို့သော လူများသည် အမည်ခံမျှသာ ဤရေစီးကြောင်းထဲတွင် ရှိကြသည်။ လက်တွေ့တွင် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပရှိ ဘာသာရေး ဖာရိရှဲများ ဖြစ်ကြသည်။

ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ရန် သင်သည် နေ့စဉ် ဉာဏ်အလင်းသစ်ကို လက်ခံနိုင်ရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် စစ်မှန်သော နားလည်သဘောပေါက်မှုကို လိုက်စားရမည်။ သင်သည် သမ္မာတရားကို ရှင်းလင်းစွာ နားလည်နိုင်ရမည်၊ အရာခပ်သိမ်း၌ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင်ရမည်၊ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့် ပြဿနာသစ်များကို ရှာဖွေတွေ့ရှိနိုင်ရမည်ဖြစ်ပြီး သင်၏ ကိုယ်ပိုင် ချို့တဲ့မှုများကို သဘောပေါက်နိုင်ရမည်။ သို့မှသာ သင်သည် သင်၏ တစ်ကိုယ်လုံးကို တို့ထိသော တောင့်တပြီး ရှာဖွေသည့် စိတ်နှလုံးတစ်ခု ရှိနိုင်မည်ဖြစ်ကာ နောက်ကောက်ကျကျန်ရစ်မည်ကို အလွန်အမင်း ကြောက်ရွံ့လျက် အချိန်တိုင်း ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်ဝပ်နိုင်မည် ဖြစ်သည်။ အဆက်မပြတ် ဝင်ရောက်မှုရရှိရန် လိုလားသော၊ ထိုသို့သော တောင့်တပြီး ရှာဖွေသည့် စိတ်နှလုံးတစ်ခု ရှိသည့် လူတစ်ဦးသည် ဝိညာဉ်ရေးရာ အသက်တာ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရခြင်းအား လက်ခံသောသူများ၊ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ရန် ဆန္ဒရှိသောသူများ၊ ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရရန် လိုက်စားဖို့ လိုလားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် ပို၍နက်ရှိုင်းသော နားလည်သဘောပေါက်မှုကို တောင့်တသောသူများ၊ သဘာဝလွန်ဖြစ်သောအရာကို လိုက်စားရမည့်အစား စစ်မှန်သော အဖိုးအခကို ပေးဆပ်သောသူများ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် အလေးထားပြီး အမှန်တကယ် ဝင်ရောက်မှုရရှိကာ ၎င်းတို့၏ အတွေ့အကြုံများကို ပို၍ စစ်မှန်ပြီး လက်တွေ့ကျစေသောသူများ၊ အနှစ်မဲ့သော စကားလုံးများနှင့် အယူဝါဒများကို မလိုက်စား သို့မဟုတ် သဘာဝလွန် ခံစားချက်များကို မလိုက်စားသောသူများ၊ မည်သည့် ကြီးမြတ်သော ပုဂ္ဂိုလ်ကိုမျှ မကိုးကွယ်သောသူများ ဤသူတို့သည် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုထဲသို့ ဝင်ရောက်ပြီးဖြစ်သော သူများ ဖြစ်ကြသည်။ ၎င်းတို့ လုပ်ဆောင်သမျှ အရာအားလုံးသည် အသက်တွင် နောက်ထပ် ကြီးထွားရင့်ကျက်မှုကို ရရှိရန်နှင့် ၎င်းတို့ကို ဝိညာဉ်ရေးရာတွင် လန်းဆန်းပြီး သက်ဝင်လှုပ်ရှားစေရန် ရည်ရွယ်ပြီး ၎င်းတို့သည် တက်ကြွစွာ ဝင်ရောက်မှုကို အစဉ်သဖြင့် ရရှိနိုင်ကြသည်။ ယင်းကို သတိမထားမိဘဲ ၎င်းတို့သည် သမ္မာတရားကို နားလည်လာကြပြီး လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ကြသည်။ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာများ ရှိကြပြီး နေ့စဉ် ဝိညာဉ်၏ လွတ်မြောက်ခြင်းနှင့် လွတ်လပ်ခြင်းကို တွေ့ကြုံခံစားရသောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ၏ ကျေနပ်မှုရစေရန်အတွက် အလိုက်သင့် နည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ဆုတောင်းရာတွင်ပင် ၎င်းတို့သည် ဖြစ်သလို မလုပ်ဆောင်ကြဘဲ နေ့စဉ် အလင်းသစ်နှင့်အညီ အမီလိုက်နိုင်ကြသည်။ ဥပမာအားဖြင့် လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးများကို ငြိမ်ဝပ်စေရန် မိမိတို့ကိုယ်ကို လေ့ကျင့်ကြပြီး ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်ဝပ်နိုင်ကာ ၎င်းတို့သည် မည်သူ၏ နှောင့်ယှက်ခြင်းကိုမျှ မခံရနိုင်ပေ။ မည်သည့် လူ၊ ဖြစ်ရပ်နှင့် အမှုအရာကမျှ ၎င်းတို့၏ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာများကို ဘောင်မခတ်နိုင်ပေ။ ထိုသို့သော လေ့ကျင့်ခြင်းသည် ရလဒ်များ ထွက်ပေါ်စေရန် ရည်ရွယ်သည်။ ယင်းမှာ လူတို့ ပုံသေစောင့်ထိန်းရန် စည်းမျဉ်းစည်းကမ်းများ ချမှတ်ဖို့ ရည်ရွယ်ခြင်း မဟုတ်ပေ။ ဤလက်တွေ့လုပ်ဆောင်မှုသည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းနှင့် မသက်ဆိုင်ဘဲ ထိုအစား လူတို့၏ အသက်တွင် ကြီးထွားရင့်ကျက်မှုကို မြှင့်တင်ပေးခြင်းနှင့် သက်ဆိုင်သည်။ သင်သည် ဤလက်တွေ့လုပ်ဆောင်မှုကို ပုံသေစောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်းများအဖြစ်သာ မြင်ပါက သင်၏ အသက်သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ သင်သည် အခြားသူများနှင့် တူညီသော လက်တွေ့လုပ်ဆောင်မှုတွင် ပါဝင်ကောင်း ပါဝင်နိုင်သော်လည်း ၎င်းတို့က နောက်ဆုံးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့်အညီ အမီလိုက်နိုင်ကြချိန်၌ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းမှ ဖယ်ရှားရှင်းလင်းခြင်း ခံရသည်။ သင်သည် မိမိကိုယ်ကို အရူးလုပ်နေခြင်း မဟုတ်လော။ ဤနှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ လူတို့ကို ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးများကို ငြိမ်ဝပ်စေခွင့်ပေးရန်၊ ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံသို့ လှည့်စေရန် ဖြစ်သည်။ သို့မှသာ ၎င်းတို့အပေါ် ဘုရားသခင်၏ အလုပ်သည် အဟန့်အတားမရှိ ဖြစ်နိုင်မည်ဖြစ်ပြီး အသီးအပွင့် သီးနိုင်မည် ဖြစ်သည်။ ထိုအခါမှသာ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်နိုင်ကြသည်။

အရှေ့သို့- လက်တွေ့ကျမှုကို သိရှိပုံ

နောက်တစ်ခုသို့- အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။