(စ) ဘုရားသခင်ကို နာခံပုံနှင့် ပတ်သက်၍

(၃၉၁) ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် ထားရှိခဲ့ကာ ထိုအချိန်ကတည်းက ၎င်းတို့ကို ဦးဆောင်ပြီးဖြစ်သည်။ ထို့နောက် သူသည် ၎င်းတို့ကို ကယ်တင်ခဲ့ပြီး လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ် အဖြစ် အစေခံခဲ့သည်။ အဆုံးတွင် သူသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ရဦးမည်၊ လူသားများကို လုံးဝ ကယ်တင်ရဦးမည် ဖြစ်ပြီး၊ ၎င်းတို့ကို ၎င်းတို့၏ မူလ ပုံသဏ္ဌာန်သို့ ပြန်ဖြစ်စေရဦးမည် ဖြစ်သည်။ ဤသည်မှာ အစအဦးကတည်းက သူပါဝင်လုပ်ဆောင်ပြီးဖြစ်သည့် အမှု- လူသားမျိုးနွယ်ကို ၎င်း၏မူရင်း ပုံသဏ္ဌာန်နှင့် ရုပ်ဆင်းသဏ္ဌာန်သို့ ပြန်ဖြစ်စေခြင်း- ဖြစ်သည်။ ဘုရားသခင်သည် သူ၏နိုင်ငံတော်ကို တည်ထောင်လိမ့်မည် ဖြစ်ပြီး လူသားများ၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်နှင့် ဖန်ဆင်းခြင်းအားလုံး အလယ်တွင် သူ၏ ဩဇာအာဏာကို နဂိုအတိုင်း ပြန်ဖြစ်စေမည် ဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း စိတ်နှလုံးအပြင်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ တာဝန်ရှိသည့် အလုပ်တာဝန်ကိုလည်း ဆုံးရှုံးခဲ့ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်ကို မနာခံသော ရန်သူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် လူသားမျိုးနွယ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ခဲ့ပြီး စာတန်၏အမိန့်များကို လိုက်နာခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ဖန်ဆင်းခံသတ္တဝါများ ကြားတွင် အလုပ်လုပ်ရန် နည်းလမ်း မရှိခဲ့သကဲ့သို့၊ ၎င်းတို့၏ ကြောက်ရွံ့တတ်သော ကြည်ညိုမှုကို သာ၍ပင် မရရှိနိုင် ဖြစ်လာခဲ့သည်။ လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံခဲ့ရပြီး ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျောခိုင်းခဲ့ကြကာ ယင်းအစား စာတန်ကို ကိုးကွယ်ခဲ့ကြသည်။ စာတန်သည် ၎င်းတို့ စိတ်နှလုံးများထဲတွင် အသည်းကြော် ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏၊ ယင်းမှာ သူသည် လူသားမျိုးနွယ်အား ဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ဆုံးရှုံးခဲ့သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေရမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖယ်ရှားပစ်ရမည် ဖြစ်သည်။ စာတန်ထံမှ လူသားများကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့ကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းဖြင့်သာ ဘုရားသခင်သည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်နှင့် လုပ်ငန်းဆောင်တာကို တဖြည်းဖြည်း နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပြီး၊ နောက်ဆုံးတွင် သူ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပေသည်။ လူသားများကို ဘုရားသခင်အား သာ၍ ကောင်းစွာ ဝတ်ပြုကိုးကွယ်ခွင့်ပေးရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပိုမိုကောင်းမွန်စွာ ရှင်သန်ခွင့်ပေးရန် ငြင်းဆန်သောသူတို့ကို အဆုံးစွန် ဖျက်ဆီးခြင်းကိုလည်း ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့သောကြောင့်၊ သူသည် ၎င်းတို့ကို သူ့အား ကိုးကွယ်စေမည် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ မူလ လုပ်ငန်းဆောင်တာကို နဂိုအတိုင်းပြန်ဖြစ်စေလိုသောကြောင့်၊ ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည် ဖြစ်ပြီး မည်သည့် မစင်ကြယ်မှုမျှ ရှိစေမည် မဟုတ်ပေ။ သူ၏ ဩဇာအာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်း ဆိုသည်မှာ လူသားများအား သူ့ကို ကိုးကွယ်စေကာ ကျိုးနွံနာခံစေခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် လူသားများကို သူ့ကြောင့် အသက်ရှင်စေလိမ့်မည် ဖြစ်ပြီး သူ၏ဩဇာအာဏာ၏ အကျိုးဆက်အနေဖြင့် သူ၏ရန်သူများကို ပျက်စီးစေလိမ့်မည်ဟု ဆိုလိုသည်။ ယင်းမှာ ဘုရားသခင်သည် မည်သူထံကမျှ ခုခံမှုမရှိစေဘဲ သူနှင့် ပတ်သက်သည့် အရာရာတိုင်းကို လူသားများအလယ်တွင် ဖြစ်ပေါ်စေမြဲ ဖြစ်ပေါ်စေလိမ့်မည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင် နိုင်ငံတော် ဖြစ်သည်။ သူအလိုရှိသော လူသားမျိုးနွယ်သည် သူ့ကို ကိုးကွယ်မည့်သူ၊ သူ့ကို လုံးဝ ကျိုးနွံနာခံမည့်သူနှင့် သူ၏ဘုန်းအသရေကို ထင်ရှားစေမည့်သူ ဖြစ်သည်။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်သည် ပျောက်ဆုံးလိမ့်မည် ဖြစ်သည်။ သူသည် လူသားများအလယ်တွင် နောက်ထပ် ဩဇာအာဏာ ရှိတော့မည် မဟုတ်သကဲ့သို့၊ သူ၏ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို မနာခံသော ရန်သူများကို ဘုရားသခင် မဖျက်ဆီးပါက၊ သူသည် မိမိ၏စုံလင်သော ဘုန်းအသရေကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ သူ၏အမှု စုံလင်ခြင်းနှင့်- လူသားမျိုးနွယ် အလယ်ရှိ သူ့ကို မနာခံသည့် သူများကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်စေခြင်း ခံရပြီးသူများကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ကြဉ်းဖို့ ဖြစ်သည်- သူ၏ ကြီးမားသည့် အောင်မြင်ခြင်း အမှတ်လက္ခဏာများ ဖြစ်လိမ့်မည်။ လူသားများကို ၎င်းတို့၏ မူလ ရုပ်ဆင်းသဏ္ဌာန်အတိုင်း ပြန်ဖြစ်စေပြီးသည့်အချိန်နှင့်၊ ၎င်းတို့သည် ၎င်းတို့၏ သက်ဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းနိုင်ချိန်၊ ၎င်းတို့၏ ကိုယ်ပိုင် မှန်ကန်သော နေရာများကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များ အားလုံးကို ကျိုးနွံနာခံသည့်အချိန်တွင်၊ ဘုရားသခင်သည် သူ့ကို ကိုးကွယ်သည့် ကမ္ဘာမြေကြီးပေါ်ရှိ လူတစ်စုကို ရရှိပြီးဖြစ်လိမ့်မည် ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့ကို ကိုးကွယ်သော နိုင်ငံတော်တစ်ခုကိုလည်း တည်ထောင်ပြီးဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

(၃၉၂) သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို နာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော “ရတနာများ” ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းများ” ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးထားအပ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ နာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားဘိ၊ နာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက် နိုင်ကြပါတကား။ ဘုရားသခင်၏ အမှုကို လူသားက အလွယ်တကူ မရရှိနိုင်ပေ။ သူတို့၌ရှိသော ခွန်အားမှန်သမျှ အသုံးပြုခြင်းအားဖြင့်ပင် လူတို့သည် ယင်း၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ရရှိနိုင်မည်ဖြစ်ပြီး၊ အဆုံးသတ်တွင် စုံလင်အောင်ပြုခြင်းကို ရရှိခွင့်ပြုမည် ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏အမှုကို ဖျက်ဆီးရန်ကြိုးစားသော ကောင်းကင်တမန်မင်း၏ သားသမီးများသည် မည်သို့ဖြစ်လိမ့်မည်နည်း။ သူတို့၌ ဘုရားသခင်၏ရယူခြင်းကို ခံရဖို့ မျှော်လင့်ချက်သည် သာ၍ပင် နည်းသည် မဟုတ်လော။ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ရာ၌ ငါ၏ရည်ရွယ်ချက်မှာ အောင်နိုင်ခြင်းသက်သက်အတွက်သာ သိမ်းပိုက်ရန်မဟုတ်ဘဲ၊ ဖြောင့်မတ်ခြင်းနှင့် မဖြောင့်မတ်ခြင်းကို ထုတ်ဖော်ရန်၊ လူသားကို အပြစ်ဒဏ်ပေးဖို့အတွက် အထောက်အထားရရှိရန်၊ ကောက်ကျစ်စဉ်းလဲသော သူများကို အပြစ်စီရင်ရန်နှင့်၊ ထို့ထက်ပို၍ ရည်ရွယ်ချက်ရှိရှိ နာခံသူများကို စုံလင်စေရန်အတွက် သိမ်းပိုက်ရန်ဖြစ်သည်။ အဆုံးတွင် အားလုံးသည် အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ စုံလင်စေခြင်းခံရသူများမှာ မိမိတို့၏ အတွေးအခေါ်များ၊ အယူအဆများက နာခံမှုနှင့် ပြည့်နေသော သူများပင် ဖြစ်လိမ့်မည်။ ဤသည်မှာ နောက်ဆုံး၌ ဖြစ်မြောက်အောင်ရမည့် အလုပ်ဖြစ်သည်။ ထိုစဉ်တွင် မိမိ၏ လုပ်ဆောင်ချက်တိုင်းက ပုန်ကန်လိုသောသူများသည် အပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဖြစ်ပြီး၊ ထာဝရ ကျိန်ခြင်းခံသူများအဖြစ် မီးထဲ၌ လောင်ကျွမ်းဖို့ ပို့ခြင်းခံရမည်ဖြစ်သည်။ ထိုအချိန်ရောက်လာသောအခါ၊ လွန်လေပြီးသော ခေတ်များမှ ထို “ကြီးမြတ်ပြီး နှိမ်နင်းလို့မရသည့် သူရဲကောင်းများ” သည် အယုတ်ညံ့ဆုံးနှင့် အပယ်ခံရဆုံးသော “အားနည်းပြီး မစွမ်းဆောင်နိုင်သည့် ငကြောက်များ” ဖြစ်လာလိမ့်မည်။ ဤအရာကသာလျှင် ဘုရားသခင့် ဖြောင့်မတ်ခြင်း၏ လက္ခဏာတိုင်းနှင့် လူသားမှ ပုန်ကန်ပြစ်မှား၍ မရနိုင်သော သူ၏ စိတ်သဘောထားကို ပုံဆောင်နိုင်ပြီး ဤအရာကသာလျှင် ငါ၏စိတ်နှလုံးထဲမှ အမုန်းတရားကို ကျေနပ်စေနိုင်လေသည်။ ဤသည်မှာ လုံးဝ ထိုက်သင့်သည်ဟု သင်တို့ လက်မခံကြသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

(၃၉၃) ဘုရားသခင်ပြုသော အမှုသည် အချိန်ကာလကိုလိုက်၍ ကွဲပြား၏။ အကယ်၍ သင်သည် ကဏ္ဍအဆင့်တစ်ခု၌ ကြီးစွာသောနာခံမှု ရှိသော်လည်း၊ နောက်ကဏ္ဍအဆင့်တစ်ခုတွင် သူ၏အမှုအပေါ် သင်၏နာခံမှု အလွန်နည်းလျှင်၊ သို့မဟုတ် သင်သည် နာခံနိုင်စွမ်းမရှိလျှင် ဘုရားသခင် သင့်ကို စွန့်ခွာသွားလိမ့်မည်။ ဘုရားသခင် ဤအဆင့်ကို တက်သည်နှင့်အမျှ သင်မီအောင်လိုက်လျှင်၊ နောက်တစ်ဆင့်သို့ သူတက်သောအခါတွင်လည်း သင်သည် ဆက်၍ မီအောင်လိုက်ရမည်။ သို့မှသာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို နာခံသောသူ ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံသောကြောင့်၊ တစ်သမတ်တည်း နာခံရမည်။ သင်စိတ်ပါလျှင် နာခံလိုက်၊ သင်စိတ်မပါလျှင် မနာခံဘဲနေလိုက် လုပ်၍မရပေ။ ဤနာခံမှုမျိုးသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မခံရပေ။ သင်သည် ငါမိတ်သဟာယပြုသော အမှုသစ်ကို မီအောင်မလိုက်နိုင်ဘဲ၊ ယခင်က ဆိုရိုးစကားများကို ဆက်လက်စွဲကိုင်နေလျှင်၊ သင့်အသက်တာ၌ တိုးတက်မှု မည်သို့ရှိနိုင်မည်နည်း။ ဘုရားသခင်၏အမှုမှာ သူ၏ နှုတ်ကပတ်တော်များ မှတစ်ဆင့် သင့်ကို ထောက်ပံ့ပေးဖို့ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များကို သင်နာခံပြီး လက်ခံသောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ဧကန်အမှန် အမှုပြုလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါပြောသည့်အတိုင်း တစ်သဝေမတိမ်း အမှုပြုသည်။ ငါပြောထားသည့် အတိုင်း လုပ်ဆောင်လော့၊ ထိုအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ မဆိုင်းမတွ အမှုပြုလိမ့်မည်။ သင်တို့ မြင်တွေ့ရန်အတွက် အလင်းသစ်ကို ငါစေလွှတ်ကာ၊ ပစ္စုပ္ပန်၏ အလင်းထဲသို့ သင်တို့ကို ငါခေါ်ဆောင်နေပြီး၊ ဤအလင်းထဲသို့ သင်လှမ်းဝင်လာသောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ချက်ချင်းအမှုပြုလိမ့်မည်။ “သင်ပြောတဲ့အတိုင်း ငါလုပ်ဆောင်မည် မဟုတ်။” ဟု ပြောပြီး ဆိုဆုံးမရ ခက်ကောင်းခက်နိုင်သောသူ အချို့ရှိသည်။ ထိုကိစ္စမျိုးတွင် သင် ယခု လမ်းဆုံးသို့ ရောက်နေပြီ၊ သင်သည် သွေ့ခြောက်နေပြီး နောက်ထပ် အသက်မရှိတော့ဟု သင့်ကို ငါပြောသည်။ ထို့ကြောင့် သင်၏ စိတ်သဘောထား ပြောင်းလဲလာသည်ကို တွေ့ကြုံရာ၌ ပစ္စုပ္ပန်ကာလ၏ အလင်းကို မီအောင်လိုက်ခြင်းထက် မည်သည့်အရာမျှ ပိုအရေးပါသည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် အသုံးပြုခြင်းခံရသည့် လူအချို့၌သာ အလုပ်လုပ်သည်သာမက၊ ထို့ထက်ပို၍ အသင်းတော်၌ အလုပ်လုပ်သည်။ သူသည် မည်သူ့အထဲ၌မဆို အလုပ်လုပ်နေနိုင်သည်။ သူသည် ပစ္စုပ္ပန်ကာလ၌ သင့်အထဲမှာ အလုပ်လုပ်ကောင်း လုပ်လိမ့်မည်ဖြစ်ပြီး ဤအမှုကို သင်တွေ့ကြုံရလိမ့်မည်။ နောက်ထပ်ကာလအတွင်း၌ သူသည် အခြားလူတစ်ယောက်အထဲ၌ အလုပ်လုပ်ကောင်းလုပ်နိုင်ပြီး၊ ထိုအခြေအနေတွင် သင်မြန်မြန်လိုက်ရမည်။ ပစ္စုပ္ပန်ကာလ၏ အလင်းကို သင် ပို၍နီးကပ်စွာ လိုက်လေလေ၊ သင်၏အသက်တာ ပို၍ ကြီးထွားနိုင်လေလေ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်ပုဂ္ဂိုလ်အမျိုးအစား ဖြစ်ပါစေ၊ သူ့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပါက သင်လိုက်ရမည်။ သူတို့၏ အတွေ့အကြုံများကို သင့်အတွေ့အကြုံများမှတစ်ဆင့် ခံစားလော့၊ ထိုအခါ သင်သည် ပို၍ပင် အဆင့်မြင့်သော အရာများကို ရရှိလိမ့်မည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် ပိုမိုလျင်မြန်စွာ တိုးတက်လာလိမ့်မည်။ ဤသည်မှာ လူသားအတွက် စုံလင်ခြင်း၏ လမ်းကြောင်းဖြစ်ပြီး အသက်တာ ကြီးထွားသည့် နည်းလမ်းဖြစ်သည်။ စုံလင်စေခြင်းလမ်းကြောင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအား သင်၏နာခံမှုအားဖြင့် ရောက်ရှိလေသည်။ ဘုရားသခင်က မည်သည့်လူအမျိုးအစားအားဖြင့် သင့်ကို စုံလင်စေမည်ကိုလည်းကောင်း၊ သူက မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာအားဖြင့် သင့်အား အမှုအရာများကို ရရှိခွင့်ပြုမည် သို့မဟုတ် မြင်ခွင့်ပြုမည်ကိုလည်းကောင်း သင်မသိချေ။ သင်သည် ဤလမ်းမှန်ပေါ်၌ လျှောက်လှမ်းနိုင်လျှင်၊ သင့်အနေဖြင့် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံရဖို့ ကြီးမားသော မျှော်လင့်ချက်ရှိကြောင်း ယင်းကပြသသည်။ သင်မလျှောက်လှမ်းနိုင်ပါက၊ သင့်အနာဂတ်သည် မျှော်လင့်ချက်မရှိ၊ အလင်းရောင်ကင်းမဲ့သော အနာဂတ်ဖြစ်ကြောင်း ယင်းကပြသသည်။ သင်သည် လမ်းမှန်ပေါ်သို့ ရောက်သောအခါ၊ အရာခပ်သိမ်း၌ ဖွင့်ပြမှုကို ရရှိလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အခြားသူများကို မည်သည့်အရာ ဖွင့်ပြသည်ဖြစ်စေ၊ သင်သည် သူတို့၏ သိကျွမ်းခြင်းအပေါ် အခြေခံပြီး အမှုအရာများကို သင်ကိုယ်တိုင် ကြုံတွေ့ခံစားရအောင် ဆက်လက်လုပ်ဆောင်လျှင်၊ ဤအတွေ့အကြုံသည် သင့်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး၊ သင်သည် ဤအတွေ့အကြုံမှနေ၍ အခြားသူများကို ကူညီထောက်ပံ့နိုင်လိမ့်မည်။ စကားလုံးများ သံယောင်လိုက်ခြင်းအားဖြင့် အခြားသူများကို ကူညီထောက်ပံ့သော သူများသည် မည်သည့်အတွေ့အကြုံမျှ မရှိသောလူတို့ဖြစ်သည်။ သင်ကိုယ်တိုင်၏ တကယ့်အတွေ့အကြုံနှင့် သိကျွမ်းခြင်းအကြောင်းကို စမပြောနိုင်သေးခင်၌၊ သင်သည် အခြားသူများ၏ အလင်းဖွင့်ပြခြင်းနှင့် ဉာဏ်အလင်းပေးမှုအားဖြင့် လက်တွေ့လုပ်ဆောင်နည်းကို တွေ့ရှိရန် သင်ယူရမည်။ ဤအရာက သင်ကိုယ်တိုင်၏ အသက်တာအတွက် သာ၍ ကြီးမားသော အကျိုးကျေးဇူး ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ဆီမှ လာသော အရာမှန်သမျှကို နာခံလျက် ထိုကဲ့သို့ တွေ့ကြုံသင့်သည်။ သင်၏အသက်တာ ကြီးထွားနိုင်စေရန်အတွက် သင်သည် အရာရာ၌ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး အရာရာ၌ သင်ခန်းစာများကို သင်ယူလေ့လာသင့်သည်။ ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်ခြင်းက အလျင်မြန်ဆုံးသော တိုးတက်မှုကို ဖြစ်စေနိုင်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

(၃၉၄) ဘုရားသခင်၏အမှုကို ကျိုးနွံနာခံခြင်းသည် စစ်မှန်ပြီး အမှန်တကယ် ဖြစ်ရမည်ဖြစ်ပြီး၊ ယင်းကို အသက်ရှင်နေထိုင်ရမည်။ အပေါ်ယံ ကျိုးနွံနာခံခြင်းမျှသာဖြင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မရရှိနိုင်သည့်အပြင်၊ မိမိ၏စိတ်သဘောထား၌ ပြောင်းလဲခြင်းကို မရှာဖွေဘဲ၊ ဘုရားသခင့် နှုတ်ကပတ်တော်၏ အပေါ်ယံကဏ္ဍများကို နာခံရုံမျှသည် ဘုရားသခင်၏ စိတ်နှလုံးနှင့် မညီညွတ်ပါပေ။ ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံခြင်းဟူသည် တစ်ခုတည်းဖြစ်ပြီး အတူတူပင်ဖြစ်သည်။ အမှန်တကယ် ကျိုးနွံနာခံခြင်းမရှိဘဲ၊ အပေါ်ယံ၌ ခယဝယလုပ်တတ်သော သူများကို မဆိုထားနှင့်၊ ဘုရားသခင်ကိုသာ ကျိုးနွံနာခံပြီး သူ၏အမှုကို ကျိုးနွံနာခံခြင်း မရှိသောသူများကို နာခံတတ်သည်ဟု မမှတ်ယူနိုင်ပေ။ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသောသူ အားလုံးတို့သည် ထိုအမှုမှ အကျိုးရရှိနိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် အမှုအား နားလည်ခြင်းကို ရရှိနိုင်ကြသည်။ ထိုကဲ့သို့သော လူတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံကြသည်။ ထိုကဲ့သို့သော လူတို့သည် အမှုသစ်မှနေ၍ အသစ်သော သိကျွမ်းခြင်းကို ရယူနိုင်ပြီး အသစ်သော ပြောင်းလဲမှုများကို ကြုံတွေ့နိုင်သည်။ ဤလူတို့သာလျှင် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံရသည်၊ ဤလူတို့သာလျှင် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရပြီး၊ ဤလူတို့သာလျှင် မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ချီးမွမ်းခြင်းကိုခံရသူများသည် ဘုရားသခင်ကို သာမက သူ၏ နှုတ်ကပတ်တော်နှင့် အမှုကို ဝမ်းမြောက်စွာ ကျိုးနွံနာခံသောသူများ ဖြစ်ကြသည်။ ထိုကဲ့သို့သော လူတို့သာလျှင် တရားနည်းလမ်းကျသည်၊ ထိုကဲ့သို့သော လူတို့သာလျှင် ဘုရားသခင်ကို စိတ်ရင်းဖြင့် လိုလားတောင့်တပြီး၊ ဘုရားသခင်ကို စိတ်ရင်းဖြင့် ရှာဖွေကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

(၃၉၅) လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အချိန်ကာလအတောအတွင်းတွင်၊ လူများထံမှ သူလိုအပ်သော ကျိုးနွံနာခံခြင်းသည် ၎င်းတို့စိတ်ကူးသကဲ့သို့ အကဲဖြတ်ဝေဖန်ခြင်းများ သို့မဟုတ် ခုခံခြင်းများကို ရှောင်ကြဉ်ခြင်း မပါဝင်ပေ။ ယင်းထက် လူတို့အနေဖြင့် သူ၏နှုတ်ကပတ်တော်များကို အသက်ရှင်ဖို့ ၎င်းတို့၏အခြေခံသဘောတရားနှင့် ၎င်းတို့၏ ရှင်သန်မှုနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုဖို့နှင့် သူ၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရကို လုံးဝ လက်တွေ့လုပ်ဆောင်ပြီး သူ၏အလိုကို လုံးဝ ဖြည့်ဆည်းဖို့ သူ တောင်းဆိုပေသည်။ လူ့ဇာတိခံဘုရားသခင်ကို ကျိုးနွံနာခံရန် လူတို့ လိုအပ်ခြင်း၏ ရှုထောင့်တခုသည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအား ရည်ညွန်းစဉ်တွင်၊ နောက်ထပ်ရှုထောင့်တခုက သူ၏ သာမန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို ကျိုးနွံနာခံနိုင်ခြင်းအား ရည်ညွှန်းပေသည်။ ဤအရာများသည် နှစ်ခုလုံး အကြွင်းမဲ့ ဖြစ်ရမည်။ ဤရှုထောင့်နှစ်ခုလုံးကို စွမ်းဆောင်ရရှိနိုင်သူများအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ သိုထားသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ရယူခြင်းခံရပြီးဖြစ်သော လူများဖြစ်ပြီး ၎င်းတို့အားလုံးသည် ဘုရားသခင်ကို မိမိတို့ ကိုယ်ပိုင်ဘဝကို ချစ်သကဲ့သို့ ချစ်သောသူများ ဖြစ်သည်။...

ယနေ့ လူ့ဇာတိခံ ဘုရားသခင် ရယူချင်သော လူစုမှာ သူ၏ အလိုနှင့်ကိုက်ညီသောသူများ ဖြစ်သည်။ ၎င်းတို့သည် သူ၏ အမှုကို ကျိုးနွံနာခံဖို့နှင့် မရေရာမှုတွင် အသက်ရှင်ရင်းနှင့် အမှုအရာများကို လူ့ဇာတိ၌ရှိသည့် ဘုရားသခင်အတွက် ခက်ခဲစေရင်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ စိတ်ကူးများကို စဉ်ဆက်မပြတ် စိတ်ဝင်စားခြင်းအား ရပ်တန့်ဖို့သာ လိုအပ်ပေသည်။ သူ့ကိုနာခံနိုင်သောသူများသည် သူ့နှုတ်ကပတ်တော်များကို အကြွင်းမဲ့ နားထောင်သူများနှင့် သူ့အစီအစဉ်များကို ကျိုးနွံနာခံသောသူများ ဖြစ်သည်။ ထိုသို့သော လူများသည် ကောင်းကင်ဘုံရှိဘုရားသခင်သည် မည်သည့်အရာနှင့် အမှန်တကယ်တူမည် သို့မဟုတ် ကောင်းကင်ဘုံရှိဘုရားသခင်သည် လူသားမျိုးနွယ်အလယ်တွင် လတ်တလော မည်သည့်အမှုမျိုး လုပ်ဆောင်နေမည်ဆိုသည်တို့ကို လုံးဝ ဂရုမထားကြပေ။ ၎င်းတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင်အား ၎င်းတို့၏ နှလုံးသားများကို အပြည့်အဝပေးပြီး သူ၏ရှေ့မှောက်တွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို ထားရှိကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏လုံခြုံမှုကို လုံးဝ မည်သို့မျှ ထည့်သွင်းမစဉ်းစားကြသကဲ့သို့၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို မည်သည့်အခါမျှ ရေးကြီးခွင်ကျယ်လုပ်ခြင်း မရှိကြပေ။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ကို ကျိုးနွံနာခံသောသူများသည် သူ၏ စုံလင်စေခြင်းခံရနိုင်သည်။ ကောင်းကင်ဘုံရှိဘုရားသခင်ကို ယုံကြည်သောသူများသည် မည်သည့်အရာမျှ ရရှိကြလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့အပေါ် ကတိတော်များနှင့် ကောင်းကြီးမင်္ဂလာများ အပ်နှင်းသူမှာ ကောင်းကင်ဘုံရှိ ဘုရားသခင် မဟုတ်ဘဲ မြေကြီးပေါ်ရှိဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင်ကို သာမန်လူတစ်ဦးမျှအဖြစ် မြင်နေကြစဉ်တွင်၊ ကောင်းကင်ဘုံရှိဘုရားသခင်အား အမြဲ ချဲ့ကားပြောဆိုခြင်း မပြုသင့်ပေ။ ဤသည်မှာ မတရားပေ။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ကြီးမြတ်ပြီး အံ့ဩဖွယ်ကောင်းသော ဉာဏ်ပညာဖြင့် ချီးကျူးလောက်စရာဖြစ်သော်လည်း၊ ဤသည်မှာ လုံးဝ မတည်ရှိပေ။ မြေကြီးပေါ်ရှိ ဘုရားသခင်သည် အလွန်သာမန်ဖြစ်ပြီး အရေးမပါသကဲ့သို့၊ သူသည် အလွန်လည်း ပုံမှန်ဖြစ်ပေသည်။ သူသည် သာမန်ထက်လွန်ကဲသော ဉာဏ် မရှိပေ၊ သို့မဟုတ် မြေကြီးကို တုန်လှုပ်စေသော လုပ်ဆောင်မှုများ မဆောင်ရွက်ပေ။ သူသည် အလွန်ပုံမှန်ဖြစ်ကာ လက်တွေ့ကျသော နည်းလမ်းဖြင့်သာ အမှုပြုကာ စကားပြောဆိုရုံလေသည်။ သူသည် မိုးချုန်းသံမှတစ်ဆင့် စကားမပြောသော်လည်း၊ သို့မဟုတ် လေနှင့်မိုးတို့အား ခေါ်ဖိတ်ခြင်း မပြုသော်လည်း၊ သူသည် ကောင်းကင်ဘုံရှိဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တကယ် ဖြစ်ကာ လူသားများအလယ် အသက်ရှင်နေသည့် ဘုရားသခင် အမှန်တကယ်ဖြစ်ပေသည်။ လူတို့သည် ၎င်းတို့ လက်မခံနိုင်သကဲ့သို့ လုံးဝ စိတ်မကူးနိုင်သောသူအား နိမ့်ကျသူအဖြစ် မြင်နေစဉ်တွင်၊ ၎င်းတို့နားလည်နိုင်ပြီး ဘုရားအဖြစ် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့် ကိုက်ညီသော သူကို ချဲ့ကားပြောဆိုခြင်း ပြုရမည်မဟုတ်။ ဤအရာအားလုံးသည် လူတို့၏ ပုန်ကန်ခြင်းမှ လာပေသည်။ ယင်းမှာ ဘုရားသခင်ကို လူသားမျိုးနွယ်၏ ခုခံခြင်း အရင်းအမြစ်သာ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

(၃၉၆) ဘုရားသခင်ကို နာခံခြင်း၏ အဓိကသော့ချက်မှာ အလင်းသစ်ကို အသိအမှတ်ပြုခြင်းနှင့် ယင်းကို လက်ခံကာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ဤတစ်ခုတည်းသာ စစ်မှန်သော နာခံခြင်း ဖြစ်သည်။ ဘုရားသခင်အား တမ်းတရန် အလိုဆန္ဒ ကင်းမဲ့သူများသည် သူ့ကို တမင်တကာ နာခံခြင်းငှာ မတတ်စွမ်း နိုင်ကြသကဲ့သို့၊ ရှိရင်းစွဲအခြေအနေကို ၎င်းတို့ စိတ်ကျေနပ်ခြင်း၏ ရလဒ်တစ်ခုအဖြစ် ဘုရားသခင်ကို ဆန့်ကျင်ရုံသာ ဆန့်ကျင်နိုင် ကြပေသည်။ လူသားသည် ဘုရားသခင်ကို မနာခံနိုင်သည်မှာ ၎င်းသည် ယခင်က လာခဲ့သည့်အရာကို စိတ်စွဲနေသောကြောင့် ဖြစ်သည်။ ယခင်က လာခဲ့သည့် အရာများသည် လူတို့ကို ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးမျိုးစုံတို့ကို ပေးပြီးဖြစ်ကာ ဤအရာများသည် ၎င်းတို့၏ စိတ်များထဲ၌ ဘုရားသခင်၏ ပုံရိပ် ဖြစ်လာပြီးဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့ ယုံကြည်သည့် အရာများသည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများ နှင့်ဆိုင်သော စံနှုန်းများ ဖြစ်သည်။ ယနေ့တွင် တကယ့်အမှုကိုပြုသော ဘုရားသခင်နှင့် သင်၏စိတ်ကူး၌ရှိသည့် ဘုရားသခင်ကို ယှဉ်၍ သင် တိုင်းတာပါက၊ သင်၏ယုံကြည်ခြင်းသည် စာတန်ထံမှလာပြီး၊ သင်၏ ကြိုက်နှစ်သက်မှုများဖြင့် စွန်းထင်းနေပေသည်- ဘုရားသခင်သည် ဤသို့သော ယုံကြည်ခြင်းမျိုးကို မလိုလားပေ။ ၎င်းတို့၏ အရည်အချင်းများ မည်မျှမြင့်မားသည်ကို ပဓာနမထားဘဲ၊ ပြီးလျှင် ၎င်းတို့၏ ဆက်ကပ်မှုများကို ပဓာနမထားဘဲ- ၎င်းတို့သည် ဘုရားသခင်၏အမှုအဖို့ တစ်သက်တာ အားထုတ်မှုများကို ဆက်ကပ်ပြီးဖြစ်ကာ မိမိတို့ကိုယ်ကိုယ် အသက်စတေးပြီးဖြစ်လျှင်ပင်- ဘုရားသခင်သည် ဤကဲ့သို့သော ယုံကြည်ခြင်းရှိသည့် မည်သူကိုမျှ မထောက်ခံပေ။ သူသည် ၎င်းတို့အပေါ် ကျေးဇူးတော် အနည်းငယ်မျှသာ အပ်နှင်းပြီး၊ ယင်းကို အချိန်တစ်ခုကြာ မွေ့လျော်ခွင့်ပေးလေသည်။ ဤသို့သော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်းတွင် အလုပ် မလုပ်သကဲ့သို့၊ ဘုရားသခင်သည် ၎င်းတို့အသီးသီးကို တစ်ယောက်တစ်လဲ ဖယ်ရှားမည်ဖြစ်သည်။ အသက်ကြီးသောသူများဖြစ်စေ၊ အသက်ငယ်သော သူများ ဖြစ်စေ၊ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်ကို မနာခံသကဲ့သို့၊ မှားယွင်းသော ရည်ရွယ်ချက်များရှိသူတို့သည် ဆန့်ကျင်သူများနှင့် နှောင့်ယှက်သူများဖြစ်ပြီး၊ ထိုသို့သောလူများသည် ဘုရားသခင်၏ မလွဲမသွေ ဖယ်ရှားခြင်း ခံရလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ကို အနည်းငယ်မျှ နာခံခြင်း မရှိသူများ၊ သူ၏နာမကို အသိအမှတ်ပြုရုံမျှ ပြုသူများနှင့် ဘုရားသခင်၏ သနားကြင်နာမှုနှင့် ချစ်ဖွယ်ကောင်းခြင်း နှင့်ဆိုင်သည့် အသိစိတ်အချို့ ရှိသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ ခြေလှမ်းများကို အမီမလိုက်သကဲ့သို့၊ သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိအလုပ်နှင့် နှုတ်ကပတ်တော်များကို မနာခံသောသူများ- ထိုသို့သော လူများသည် ဘုရားသခင်၏ ကျေးဇူးတော်အလယ်တွင် အသက်ရှင်ကြပြီး၊ ဘုရားသခင်၏ ရယူခြင်းနှင့် စုံလင်စေခြင်းကို ခံရကြမည်မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ နာခံခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် မွေ့လျော်ခြင်းတို့မှတစ်ဆင့်၊ ပြီးလျှင် ၎င်းတို့၏ အသက်တာများတွင် ဆင်းရဲဒုက္ခခံခြင်းနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် စုံလင်စေသည်။ ဤကဲ့သို့သော ယုံကြည်ခြင်းမှ တစ်ဆင့်သာ လူတို့၏ စိတ်သဘောထား ပြောင်းလဲနိုင်ပြီး၊ ထိုအခါမှသာ ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာကို ၎င်းတို့ ပိုင်ဆိုင်နိုင်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်များအလယ်တွင် အသက်ရှင်ရခြင်းကို စိတ်ကျေနပ်ခြင်းမရှိဘဲလျက်၊ သမ္မာတရားကို တက်ကြွစွာ တမ်းတပြီး ရှာဖွေခြင်းနှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့ ကြိုးစားခြင်း- ဤသည်မှာ ဘုရားသခင်ကို သတိရှိစွာ နာခံခြင်းဟု ဆိုလိုသည့်အရာဖြစ်ပြီး၊ ဤသည်မှာ သူလိုချင်သည့် ယုံကြည်ခြင်း အတိအကျ ဖြစ်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်များကို မွေ့လျော်သည်မှအပ မည်သည့်အရာမျှ မလုပ်ဆောင်သည့် လူများသည် စုံလင်စေခြင်း မခံရနိုင်၊ သို့မဟုတ် မပြောင်းလဲနိုင်ပေ။ ပြီးလျှင် ၎င်းတို့၏ နာခံမှု၊ ဘုရားတရား ကိုင်းရှိုင်းခြင်း၊ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်ခြင်းများ အားလုံးသည် အပေါ်ယံသာ ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ မွေ့လျော်သူများသည် ဘုရားသခင်ကို အမှန်တကယ် မသိနိုင်သကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့ သိသည့်အခါတွင်ပင်၊ ၎င်းတို့၏အသိပညာသည် အပေါ်ယံဖြစ်ပြီး၊ “ဘုရားသခင်က လူသားကို ချစ်သည်” သို့မဟုတ် “ဘုရားသခင်သည် လူသားအပေါ် သနားကရုဏာရှိသည်” ဆိုသကဲ့သို့သော အရာများကို ၎င်းတို့ပြောကြ၏။ ဤသည်မှာ လူသား၏ အသက်တာကို ကိုယ်စားမပြုသကဲ့သို့၊ လူတို့က ဘုရားသခင်ကို အမှန်တကယ် သိသည်ကိုလည်း မပြပေ။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ကို စစ်ဆေးသောအခါ သို့မဟုတ် ဘုရားသခင်၏ စမ်းသပ်မှုများသည် ၎င်းတို့အပေါ် ကျရောက် သောအခါတွင်၊ လူတို့သည် ဘုရားသခင်ကို မနာခံနိုင်ပါက- ယင်းအစား ၎င်းတို့သည် သံသယဖြစ်လာပြီး ပြိုလဲကျပါက- ၎င်းတို့သည် အနည်းငယ်မှ နာခံခြင်းမရှိကြပေ။ ၎င်းတို့အတွင်းတွင်၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ပတ်သက်၍ စည်းမျဉ်းများနှင့် ကန့်သတ်ချက်များစွာ ရှိသည်။ နှစ်ပေါင်းများစွာ ယုံကြည်ခြင်း၏ အကျိုးဆက်ဖြစ်သည့် အတွေ့အကြုံဟောင်းများ သို့မဟုတ် ကျမ်းစာပေါ် အခြေခံသည့် စည်းမျဉ်းများ အမျိုးမျိုး ရှိကြလေသည်။ ဤကဲ့သို့သော လူများက ဘုရားသခင်ကို နာခံနိုင်မည်လော။ ဤလူများသည် လူသား အရာများဖြင့် ပြည့်နေသည်- ၎င်းတို့သည် ဘုရားသခင်ကို မည်ကဲ့သို့ နာခံနိုင်မည်နည်း။ ၎င်းတို့၏ “နာခံခြင်း” သည် ၎င်းတို့ကိုယ်တိုင်၏ ကြိုက်နှစ်သက်မှုများအရ ဖြစ်သည်- ဘုရားသခင်သည် ဤသို့သော နာခံမှုကို လိုချင်မည်လော။ ဤသည်မှာ ဘုရားသခင်ကို နာခံခြင်း မဟုတ်ဘဲ စည်းမျဉ်းများကို လိုက်နာခြင်းဖြစ်သည်။ ယင်းသည် မိမိတို့ကိုယ်ကို ကျေနပ်စေခြင်းနှင့် နှစ်သိမ့်စေခြင်းဖြစ်သည်။ ဤအရာသည် ဘုရားသခင်ကို နာခံခြင်းဖြစ်သည်ဟု သင် ပြောပါက၊ သင်သည် သူ့ကို ပြစ်မှားစော်ကားသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်

(၃၉၇) ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်အား နာခံရန် မကြိုးစားသူများ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ကြ၏။ လူတို့သည် ဘုရားသခင်ကို နာခံမှု ရရှိစေရန်အလို့ငှာ၊ သမ္မာတရားကို ရှာဖွေဖို့၊ သူ၏ နှုတ်ကပတ်တော်များကို ဆာငတ်ဖို့၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားသခင် တောင်းဆိုလေသည်။ ဤအရာများသည် သင်၏ စစ်မှန်သော ရည်ရွယ်ချက်များ ဖြစ်ပါက၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ ချီးမြှောက်မည်ဖြစ်ပြီး သင့်အပေါ် ဧကန်မုချ ကျေးဇူးပြုလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ယုံမှားသံသယရှိဖွယ် မဟုတ်သကဲ့သို့ မပြောင်းလဲနိုင်သော အရာ ဖြစ်သည်။ အကယ်၍ သင်၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို နာခံရန်မဟုတ်သကဲ့သို့၊ သင်သည် အခြားသော ရည်မှန်းချက်များရှိပါက၊ သင်ပြောသမျှနှင့် လုပ်သမျှအားလုံး- ဘုရားသခင်ရှေ့၌ သင်၏ ဆုတောင်းချက်များနှင့် သင်၏လုပ်ရပ်တိုင်းသည်ပင်- ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်လိမ့်မည်။ သင်သည် အပြောအဆို သိမ်မွေ့ညင်သာပြီး၊ အပြုအမူ သိမ်မွေ့သောသူ ဖြစ်ကောင်းဖြစ်နိုင်သည်၊ သင်၏ လုပ်ရပ်တိုင်း နှင့် မျက်နှာအမူအရာသည် မွန်ရည်ပုံရကောင်းရနိုင်ပြီး၊ သင်သည် နာခံသူတစ်ဦးအဖြစ် ထင်ရနိုင်သော်လည်း၊ သင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းအပေါ် သင်၏ အမြင်များနှင့် ပတ်သက်လာသည့်အခါ၊ သင်လုပ်သည့်အရာတိုင်းသည် ဘုရားသခင်နှင့် ဆန့်ကျင်ပေသည်။ သင် လုပ်သည့်အရာတိုင်းသည် ဆိုးယုတ်၏။ သိုးကဲ့သို့ နာခံတတ်ပုံရသော်လည်း၊ ၎င်းတို့စိတ်နှလုံးများ၌ ဆိုးယုတ်သော ရည်ရွယ်ချက်များ သိုထားသောသူတို့သည် သိုးရေ ခြုံထားသော ဝံပုလွေများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက် ပုန်ကန်ပြစ်မှားကြပြီး၊ ဘုရားသခင်သည် ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ချမ်းသာပေးမည် မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့တစ်ဦးစီတိုင်းကို ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ သူတော်ကောင်း ယောင်ဆောင်သူ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ သေချာပေါက် အလွန် မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းခံရမည်ကို ၎င်းတို့ အယောက်တိုင်းအား ပြသလိမ့်မည်ဖြစ်သည်။ မစိုးရိမ်နှင့်- ဘုရားသခင်သည် ၎င်းတို့ ရှိသမျှအကုန်ကို ထည့်တွက်မည်ဖြစ်ပြီး တစ်ယောက်တစ်လဲ ရှင်းထုတ် ပစ်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်

(၃၉၈) ဘုရားသခင်ကို လူတို့ နာခံနိုင်သည် မနာခံနိုင်သည်ကို တိုင်းတာရာတွင်၊ ကြည့်ရှုရမည့် အဓိကအရာမှာ ဘုရားသခင်ထံမှ တစ်ခုခုကို ၎င်းတို့ အလွန်အကျွံ လိုချင်၊ မလိုချင် ဆိုသည်နှင့် ၎င်းတို့တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိ၊ မရှိဆိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်ကို လူတို့ အမြဲ တောင်းဆိုမှုများ ပြုလျှင်၊ ယင်းက သူ့ကို ၎င်းတို့ မနာခံသည်ကို သက်သေပြ၏။ သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်သည်မဆို၊ သင်သည် ထိုအရာကို ဘုရားသခင်ထံမှ လက်မခံနိုင်လျှင်၊ သမ္မာတရားကို သင် မရှာဖွေနိုင်လျှင်၊ သင်၏ ကိုယ်ပိုင် ဓမ္မဓိဋ္ဌာန် မကျသော တွေးခေါ်မြော်မြင်ချက်မှ အမြဲပြောဆိုပြီး သင်သာ မှန်ကန်သည်ဟု အမြဲခံစားနေလျှင်၊ ဘုရားသခင်ကို သံသယပင် ထားနိုင်စွမ်းရှိနိုင်သေးလျှင်၊ သင်သည် ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။ ထိုသို့သော လူတို့သည် မာနအထောင်လွှားဆုံးနှင့် ဘုရားသခင်ကို အပုန်ကန်ဆုံးသော သူများ ဖြစ်ကြ၏။ ဘုရားသခင် အပေါ် အမြဲတောင်းဆိုမှုများ ပြုကြသည့် လူများသည် ဘုရားသခင်ကို မည်သည့်အခါမျှ အမှန်တကယ် မနာခံနိုင်ကြပေ။ သင်သည် ဘုရားသခင်အပေါ် တောင်းဆိုမှုများပြုလျှင်၊ ဤအရာက သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်သည်၊ သင်၏ ကိုယ်ပိုင် အတွေးများကို သင်ရွေးချယ်နေပြီး သင်၏ ကိုယ်ပိုင် အတွေးအများအတိုင်း သင် ပြုမူသည်ကို သက်သေပြ၏။ ဤတွင်၊ ဘုရားသခင်ကို သင် သစ္စာဖောက်ပြီး နာခံမှုမရှိပေ။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းသည် ဆင်ခြင်တုံတရားမရှိချေ၊ သူက ဘုရားသခင် ဖြစ်သည်ကို သင် အမှန်တကယ် ယုံကြည်လျှင်၊ သူ့အပေါ် တောင်းဆိုမှုများကို သင် လုပ်ဝံ့လိမ့်မည်မဟုတ်သကဲ့သို့၊ ထိုတောင်းဆိုမှုများက ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ မဆီလျော်သည်ဖြစ်စေ၊ သူ့အပေါ် တောင်းဆိုမှုများပြုဖို့ သင် အရည်အချင်းရှိလိမ့်မည်လည်း မဟုတ်ပေ။ သင်သည် စစ်မှန်သော ယုံကြည်ခြင်းရှိပြီး သူက ဘုရားသခင်ဖြစ်သည်ကို ယုံကြည်လျှင်၊ သူ့ကို ကိုးကွယ်ပြီး နာခံဖို့မှတစ်ပါး ရွေးချယ်စရာ ရှိလိမ့်မည်မဟုတ်။ ယနေ့ လူတို့သည် ရွေးချယ်မှုတစ်ခု ရှိသည်သာမက၊ ၎င်းတို့၏ ကိုယ်ပိုင် အတွေးများနှင့်အညီ ပြုမူရန် ဘုရားသခင်ကို တောင်းဆိုခြင်းပင်ပြုကြပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်အတွေးများကို ရွေးချယ်လျက် ဘုရားသခင်အနေဖြင့် ၎င်းတို့အဆိုအရ ပြုမူရန် တောင်းဆိုကြကာ၊ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ အကြံအစည်များအတိုင်း ပြုမူရန် တာဝန်ရှိသည်ဟု မသတ်မှတ်ချေ။ ထို့ကြောင့်၊ လူတွင် စစ်မှန်သော ယုံကြည်ခြင်း မရှိသကဲ့သို့၊ ခြေခြေမြစ်မြစ်ရှိသော ယုံကြည်မှုလည်း မရှိပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ချီးမွမ်းခြင်းကို မည်သည့်အခါမျှ မရရှိနိုင်ပေ။ ဘုရားသခင်ကို သင် သာ၍နည်းပါးသော တောင်းဆိုမှုများ ပြုလုပ်နိုင်သည့်အခါ၊ သင်၏ စစ်မှန်သော ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ ကြီးထွားကြလိမ့်မည်ဖြစ်ပြီး၊ သင်၏ ဆင်ခြင်တုံတရား အသိစိတ်သည်လည်း အတော်အတန် ပုံမှန်ဖြစ်လာလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်

(၃၉၉) လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင် ရသည့်အခါ ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏အချုပ်အခြာ အာဏာတို့ကို သင် မည်သို့သိပြီး နားလည်သင့်သနည်း။ ဤပြဿနာများနှင့် သင် ရင်ဆိုင်ရပြီး ၎င်းတို့ကို မည်သို့နားလည် ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံဖို့ သင်၏ ရည်ရွယ်ချက်၊ ဆန္ဒနှင့် သင်၏ ကျိုးနွံနာခံခြင်း နှင့်ဆိုင်သော စစ်မှန်မှုကို ပြသဖို့ရန် သင် မည်သို့ သဘောထားမျိုး ခံယူသင့်သနည်း။ ပထမဆုံးအနေဖြင့် စောင့်ဆိုင်းဖို့ သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် ကျိုးနွံနာခံဖို့ သင်ယူရမည်။ “စောင့်ဆိုင်းခြင်း” က ဘုရားသခင်၏ အချိန်ကို စောင့်ခြင်းကို ဆိုလိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို စောင့်ဆိုင်းခြင်းဖြစ်သည်။ သူ၏အလိုကို သင့်ဆီကို သူ့ဘာသာ တဖြည်းဖြည်း ထုတ်ဖော်ပြသဖို့ စောင့်ခြင်း ဖြစ်သည်။ “ရှာဖွေခြင်း” ဆိုသည်မှာ သူချပြပေးခဲ့သည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများမှ တစ်ဆင့် သင့်အတွက် ထောက်ထားသော ဘုရားသခင်၏ ရည်ရွယ်ချက်များကို လေ့လာခြင်းနှင့် သိနားလည်ခြင်း၊ ၎င်းတို့မှတစ်ဆင့် သမ္မာတရားကို သိနားလည်ခြင်း၊ လူသားက ပြီးမြောက်ရမည့် အရာနှင့် ၎င်းတို့ စောင့်ထိန်းလိုက်နာရမည့် လမ်းခရီးများကို သိနားလည်ခြင်း၊ ဘုရားသခင်က လူသားများထဲမှ မည်သည့်ရလဒ်များကို ရရှိရန် ရည်ရွယ်သည်၊ လူသားများထဲမှ မည်သည့် အောင်မြင်မှုများကို ရယူရန် ရည်ရွယ်သည်တို့ကို နားလည်ခြင်းအား ဆိုလိုသည်။ ဟုတ်ပေ၏၊ “ကျိုးနွံနာခံခြင်း” ဆိုသည်မှာ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို လက်ခံခြင်း၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံခြင်းနှင့် ၎င်းမှတစ်ဆင့် ဖန်ဆင်းရှင်က လူသားကံကြမ္မာကို မည်သို့ ပြဋ္ဌာန်းသည်၊ သူ့၏အသက်ဖြင့် လူသားများကို သူ မည်သို့ထောက်ပံ့သည်၊ လူသားအတွင်း၌ သမ္မာတရားကို သူမည်သို့ လုပ်ဆောင်သည်ကို သိလာခြင်းအား ရည်ညွှန်းပေသည်။ ဘုရားသခင်၏ စီစဉ်မှုများနှင့် အချုပ်အခြာအာဏာ အောက်က အရာအားလုံးသည် သဘာဝနိယာမများကို နာခံသည်။ သင့်အတွက် အရာအားလုံးကို ဘုရားသခင် စီစဉ်ပြီး ပြဋ္ဌာန်းခွင့်ပြုဖို့ သင်စိတ်ပိုင်းဖြတ်ထားပါက၊ သင် စောင့်ဆိုင်းတတ်ဖို့ သင်ယူရ ပါမည်။ ရှာဖွေတတ်ဖို့ သင်ယူရမည်။ ကျိုးနွံနာခံတတ်ဖို့ သင်ယူရပေမည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံချင်သည့် လူတိုင်း ခံယူရမည့် သဘောထား၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို လက်ခံချင်သည့် လူတိုင်း ပိုင်ဆိုင်ရမည့် အခြေခံ အရည်အသွေးတို့ ဖြစ်၏။ ထိုသို့သောသဘောထားကို ထိန်းသိမ်းဖို့၊ ထိုသို့သော အရည်အသွေးတစ်ခုကို ပိုင်ဆိုင်ဖို့၊ သင်တို့ ပိုကြိုးစားရမည်။ ဤသည်မှာစစ်မှန်သည့် လက်တွေ့အရှိတရားထဲသို့ သင်တို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

(၄၀၀) ဘုရားသခင် ညွှန်ကြားခဲ့သကဲ့သို့ နောဧလုပ်ဆောင်ခဲ့ချိန်တွင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို သူ မသိခဲ့ပေ။ ဘုရားသခင်က မည်သည့်အရာ ပြီးမြောက်လိုခဲ့သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် သူ့ကို အမိန့်တစ်ခုသာပေးခဲ့ပြီး တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ကာ၊ ရှင်းပြချက် သိပ်မရှိဘဲ နောဧသည် ရှေ့ဆက်ပြီး လုပ်ဆောင်ခဲ့သည်။ သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားလည်ဖို့ တိတ်တဆိတ် မကြိုးစားခဲ့သကဲ့သို့၊ ဘုရားသခင်ကို မခုခံခဲ့ပေ သို့မဟုတ် သစ္စာမရှိခြင်းကို မပြသခဲ့ပေ။ သူသည် ဖြူစင်ပြီး ရိုးရှင်းသည့် စိတ်နှလုံးနှင့် လျော်ညီစွာ သွားရောက်၊ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်က သူ့ကို မည်သည့်အရာ လုပ်ဆောင်စေခဲ့သည်ဖြစ်စေ၊ သူ လုပ်ဆောင်ခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံခြင်းနှင့် နားထောင်ခြင်းတို့သည် သူ လုပ်ဆောင်ခဲ့သည့် အရာ၌ သူ၏ ယုံကြည်မှုကို ကျောထောက် နောက်ခံပြု ခဲ့ပေသည်။ ယင်းမှာ ဘုရားသခင် ပေးအပ်သည့်အရာနှင့် ပတ်သက်၍ ရိုးရိုးတန်းတန်းနှင့် ရိုးရှင်းစွာ သူကိုင်တွယ်ခဲ့သည့်ပုံ ဖြစ်သည်။ သူ၏ အနှစ်သာရ- သူ၏အပြုအမူများ၏ အနှစ်သာရသည် နာခံခြင်းဖြစ်ပြီး၊ ဝေဖန်သုံးသပ်ခြင်း မဟုတ်၊ ခုခံခြင်း မဟုတ်သည့်အပြင်၊ မိမိ၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ သို့မဟုတ် သူ၏ အမြတ်အစွန်းများ နှင့် ဆုံးရှုံးမှုများကို တွေးခြင်း မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးမည်ဟုပြောသည့်အချိန်တွင်၊ မည်သည့် အချိန်တွင် ဖြစ်မည် သို့မဟုတ် မည်သည့်အရာများ ဖြစ်လာမည် ဆိုသည်ကို နောဧ မမေးခဲ့သကဲ့သို့၊ ကမ္ဘာလောကကို ဘုရားသခင်က မည်သို့ ဖျက်ဆီးမည် ဆိုသည်ကို ဘုရားသခင်အား သူ သေချာပေါက် မမေးခဲ့ပေ။ ဘုရားသခင် ညွှန်ကြားခဲ့သည့်အတိုင်းသာ သူလုပ်ဆောင်ခဲ့သည်။ ဘုရားသခင်က ထိုအရာကို မည်သို့မည်ပုံ လုပ်စေလိုသည်ဖြစ်စေ၊ မည်သည့်အရာနှင့် လုပ်စေလိုသည်ဖြစ်စေ၊ ဘုရားသခင် စေခိုင်းခဲ့သည့် အတိုင်း အတိအကျ သူလုပ်ခဲ့ပြီး ချက်ချင်း စတင် လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်ကို ကျေနပ်စေလိုသည့် သဘောထားတစ်ခုဖြင့် သူသည် ဘုရားသခင်၏ ညွှန်ကြားချက်များအတိုင်း ပြုမူခဲ့သည်။ ကပ်ဘေးမှ မိမိကိုယ်ကိုယ် ရှောင်လွှဲစေဖို့ ထိုအရာကို သူလုပ်ခဲ့ခြင်း ဖြစ်သလော။ မဟုတ်ပေ။ ကမ္ဘာကြီး ဖျက်ဆီးခြင်းမခံရမီတွင် မည်မျှကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော။ မမေးခဲ့ပေ။ သင်္ဘောကို တည်ဆောက်ဖို့ အချိန်မည်မျှ ကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော သို့မဟုတ် သူ သိခဲ့သလော။ ယင်းကိုလည်း သူမသိခဲ့ပေ။ သူသည် ရိုးရိုးရှင်းရှင်း နာခံခဲ့သည်၊ နားထောင်ခဲ့ပြီး လျော်ညီစွာ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

(၄၀၁) သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ပေတရုသည် အရာရာ၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို နာခံရန် ကြိုးစားခဲ့သည်။ စိုးစဉ်းမျှ စောဒကတက်ခြင်း မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအပြင်၊ စစ်ဆေးခြင်း၊ အတိဒုက္ခနှင့် သူ့အသက်တာတွင် ချို့တဲ့မှုများဖြင့် အသက်ရှင်ခြင်းတို့ကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အား ချစ်ခြင်းအား မပြောင်းလဲနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်လော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ ဖြစ်စေ၊ သို့မဟုတ် အတိဒုက္ခ၌ ဖြစ်စေ၊ သင်သည် သေသည်အထိ နာခံခြင်းကို စွမ်းဆောင်ရရှိနိုင်စွမ်း ရှိပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးက စွမ်းဆောင်ရရှိသင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ စင်ကြယ်မှု ဖြစ်သည်။ အကယ်၍ လူသည် ဤမျှ စွမ်းဆောင် ရရှိနိုင်ပါက၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ စိတ်ဆန္ဒကို ဤအရာထက် သာ၍ကျေနပ်စေသည့်အရာ မည်သည့်အရာမျှမရှိချေ။ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို မနာခံသကဲ့သို့၊ ဘုရားသခင်အား အမှန်တကယ် ချစ်နိုင်စွမ်းမရှိဟု စိတ်ကူးကြည့်လော့။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းမည် သာမက၊ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သူ၊ ဘုရားသခင်ကို နာခံနိုင်စွမ်း မရှိသကဲ့သို့၊ ဘုရားသခင်ကို မနာခံသောသူတစ်ဦး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကိုလည်း သင် ခံရမည် ဖြစ်သည်။ ဘုရားသခင်အတွက် အလုပ်လုပ်ရန်သာ သင် အရေးစိုက်ပြီး၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် သိရှိခြင်းကို အရေးမစိုက်ပေ။ သင်သည် ဖန်ဆင်းရှင်ကို နားမလည် သို့မဟုတ် မသိသကဲ့သို့၊ ဖန်ဆင်းရှင်ကို မနာခံ သို့မဟုတ် မချစ်ပေ။ သင်သည် ဘုရားသခင်အား မွေးရာပါ မနာခံသူတစ်ဦး ဖြစ်သည်၊ ထို့ကြောင့် ထိုသို့သော လူများသည် ဖန်ဆင်းရှင်၏ နှစ်သက်မြတ်နိုးခြင်းကို မခံရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

(၄၀၂) ဘုရားသခင်အတွက် ထူးကဲသည့် သက်သေတစ်ခုကိုသက်သေခံခြင်းသည်၊ သင်က လက်တွေ့ကျသော ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှု ရှိ မရှိဆိုသည်နှင့် သာမန်ဖြစ်သည် သာမက ပုံမှန်လည်းဖြစ်သည့် ဤလူ၏ ရှေ့တွင် သင် ကျိုးနွံနာခံနိုင်ပြီး သေသည်အထိ ကျိုးနွံနာခံနိုင်ခြင်း ရှိ မရှိ ဆိုသည်တို့နှင့် အဓိကအားဖြင့် ဆက်နွှယ်ပေသည်။ ဤကျိုးနွံနာခံခြင်းနည်းလမ်းအားဖြင့်၊ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် သက်သေခံပါက၊ ယင်းမှာ သင့်ကို ဘုရားသခင်က ရရှိပြီဟု ဆိုလိုပေသည်။ သင်သည် သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်ပြီး သူ၏ ရှေ့မှောက်တွင် ညည်းညူမှုများ ကင်းနိုင်ပါက၊ အကဲဖြတ်ဝေဖန်မှုများ မပြု၊ အသရေပျက်အောင် လုပ်ကြံပြောဆိုခြင်းမရှိ၊ မည်သည့် အယူအဆမျှမရှိသကဲ့သို့၊ မည်သည့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များမျှ မရှိပါက၊ ဤနည်းလမ်းဖြင့် ဘုရားသခင်သည် ဘုန်းအသရေ ရရှိလိမ့်မည်။ လူက အထင်အမြင်သေးခံရသည့် သာမန်လူတစ်ဦးရှေ့တွင် ကျိုးနွံနာခံခြင်းနှင့် မည်သည့်အယူအဆမျှ မရှိဘဲ သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်ခြင်း- ဤသည်မှာ စစ်မှန်သော သက်သေခံချက် ဖြစ်သည်။ လူတို့ဝင်ရောက်ရန် ဘုရားသခင် တောင်းဆိုသည့် လက်တွေ့အရှိတရားဆိုသည်မှာ သင်သည် သူ၏ နှုတ်ကပတ်တော်များကို နာခံနိုင်ခြင်း၊ ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ လက်တွေ့ကျသော ဘုရားသခင်၏ ရှေ့တွင် ပျပ်ဝပ်ဦးညွှတ်နိုင်ခြင်းနှင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို သိရှိခြင်း၊ သူ၏ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ဖွင့်ဟနိုင်ကာ နောက်ဆုံးတွင် သူ၏ ဤနှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏ရယူခြင်းကို ခံရခြင်းတို့ ဖြစ်သည်။ ဤမိန့်မြွက်ချက်များက သင့်ကို သိမ်းပိုက်ပြီး၊ သူ့ကို အပြည့်အဝနာခံစေသည့်အခါ၊ ဘုရားသခင်သည် ဘုန်းအသရေ ရရှိလေသည်။ ဤအရာမှတစ်ဆင့် သူသည် စာတန်ကို အရှက်ရစေပြီး သူ၏ အမှုကို ပြည့်စုံစေသည်။ သင်သည် လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ မရှိသည့်အခါတွင်- ယင်းမှာ သင်သည် ဤစမ်းသပ်မှုတွင် ခိုင်မာစွာ ရပ်တည်ပြီးသည့်အခါ- သင်သည် ဤသက်သေခံချက်ကို ကောင်းကောင်း သက်သေခံပြီးဖြစ်သည်။ သင်သည် လက်တွေ့ကျသော ဘုရားသခင်နှင့်ဆိုင်သည့် ပြည့်ဝသော သိနားလည်မှုရှိပြီး၊ ပေတရုကဲ့သို့ သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်သောနေ့တစ်နေ့ ရှိလာပါက၊ သင်သည် ဘုရားသခင်၏ ရယူခြင်းခံရပြီး စုံလင်စေခြင်း ခံရလိမ့်မည်။ သင်၏ အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် သင့်အတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် သင်၏ အယူအဆများနှင့် ကိုက်ညီခဲ့မည်ဆိုပါက၊ ယင်းမှာ သင့်အနေဖြင့် ဆင်းရဲဒုက္ခခံဖို့ သို့မဟုတ် စစ်ဆေးခြင်းခံဖို့ လိုအပ်မည်မဟုတ်ပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သူ၏အမှုသည် အလွန်လက်တွေ့ကျပြီး သင်၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသောကြောင့်၊ သင့်အနေဖြင့် ထိုသို့သော အယူအဆများကို လက်လွှတ်ရန် လိုအပ်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ ယင်းသည် သင့်အတွက် စမ်းသပ်မှုတခု ဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ လူအားလုံး စမ်းသပ်မှုများအလယ်တွင် ရှိကြသည်မှာ ဘုရားသခင်၏ လက်တွေ့ကျခြင်းကြောင့် ဖြစ်သည်။ သူ၏အမှုသည် လက်တွေ့ကျ၏၊ သဘာဝလွန်ခြင်း မရှိပေ။ မည်သည့် အယူအဆမျှ မရှိဘဲ၊ သူ၏လက်တွေ့ကျသော နှုတ်ကပတ်တော်များနှင့် သူ၏လက်တွေ့ကျသော မိန့်မြွက်ချက်များကို အပြည့်အဝ နားလည်ခြင်းနှင့် သူ၏ အမှုက ယခင်ထက် တိုး၍ လက်တွေ့ကျသည်နှင့်အမျှ သူ့ကို သာ၍ စစ်မှန်စွာ ချစ်နိုင်ခြင်းအားဖြင့်၊ သင်သည် သူ၏ ရယူခြင်း ခံရလိမ့်မည်ဖြစ်သည်။ ဘုရားသခင် ရယူမည့် လူစုမှာ ဘုရားသခင်ကို သိကျွမ်းသောသူများဖြစ်သည်။ ယင်းမှာ သူ၏ လက်တွေ့ကျခြင်းကို သိသောသူများ ဖြစ်၏။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏လက်တွေ့ကျသောအမှုကို ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်

(၄၀၃) လူသားမျိုးနွယ်က ငြိမ်သက်ခြင်းချမ်းသာထဲသို့ မဝင်ရောက်မီ၊ လူအမျိုးအစား အသီးသီးသည် အပြစ်ပေးခံရမည် သို့မဟုတ် ဆုလာဘ်ချီးမြှင့်ခံရမည်ဆိုသည်ကို သမ္မာတရားကို ၎င်းတို့ ရှာဖွေခြင်း ရှိမရှိ၊ ဘုရားသခင်ကို ၎င်းတို့ သိကျွမ်းခြင်း ရှိမရှိဆိုသည်နှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိ ဆိုသည်တို့နှင့်အညီ ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။ မြင်တွေ့နိုင်သော ဘုရားသခင်ကို အစေခံပြီးဖြစ်သော်လည်း၊ သူ့ကို မသိသကဲ့သို့ ကျိုးနွံမနာခံသောသူတို့သည် သမ္မာတရား ကင်းမဲ့ကြသည်။ ထိုသို့သော လူများသည် မကောင်းမှုပြုသူများ ဖြစ်ပြီး၊ မကောင်းမှုပြုသူများသည် ဧကန်အမှန် အပြစ်ပေးခံကြရလိမ့်မည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော လုပ်ရပ်အတိုင်း အပြစ်ဒဏ် ပေးခံကြရလိမ့်မည်။ လူသားအတွက် ဘုရားသခင်သည် ယုံကြည်ရမည့်သူ ဖြစ်ပြီး၊ သူသည် ၎င်းတို့၏ နာခံမှုနှင့်လည်း ထိုက်တန်သည်။ မရေရာသကဲ့သို့ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုသာ ယုံကြည်သူတို့သည် ဘုရားသခင်ကို မယုံကြည်သူများ ဖြစ်ကြပြီး၊ ဘုရားသခင်ကို ကျိုးနွံမနာခံနိုင်ကြသူများ ဖြစ်သည်။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသွားသည့် အချိန်တွင် ဤလူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို မယုံကြည်နိုင်သေးသကဲ့သို့၊ လူ့ဇာတိ၌ မြင်တွေ့နိုင်သော ဘုရားသခင်ကို ဆက်လက်၍ မနာခံဘဲ ခုခံနေပါက၊ ဤ “မရေရာသောသူများ” သည် ယုံမှားဖွယ်ရာ မရှိ၊ ဖျက်ဆီးခြင်းခံရမည့် အရာများ ဖြစ်လာကြလိမ့်မည်။ ယင်းမှာ သင်တို့ထဲမှ အချို့သော သူများကဲ့သို့သာ ဖြစ်သည်- လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ် ပြုသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသောသူ မည်သူမဆိုသည် နောက်ဆုံးတွင် ဖယ်ရှားခံရပြီး ဖျက်ဆီးခံရမည့် အရာများ ဖြစ်လာကြလိမ့်မည်။ ထို့အပြင် သူဖော်ပြသည့် သမ္မာတရားကို စားသောက်သော်လည်း၊ မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုလည်း ရှာဖွေရင်း၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုသူ မည်သူမဆိုသည် အနာဂတ်တွင် သာ၍ပင် ဖျက်ဆီးခံရဖို့ အလားအလာ ရှိလိမ့်မည်။ ဤလူများထဲမှ မည်သူမျှသည် ဘုရားသခင်၏အမှု ပြီးစီးသည့်နောက် လာမည့် အနားယူခြင်း အချိန်ကာလရောက်သည်အထိ ကျန်ရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုသို့သော လူများနှင့်အလားတူသည့် သူတစ်ဦးတစ်ယောက်မျှသည် ထိုအနားယူခြင်း အချိန်ကာလတွင် မကျန်ရှိနိုင်ပေ။ မကောင်းဆိုးဝါးဆန်သော လူတို့မှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် မနာခံခြင်း အနှစ်သာရတစ်ခု ဖြစ်ပြီး၊ ၎င်းတို့သည် သူ့ကို ကျိုးနွံနာခံခြင်း ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြပေ။ ထိုသို့သော လူများအားလုံးသည် ဖျက်ဆီးခံကြရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

အရှေ့သို့- (င) ရိုးသားသော လူတစ်ဦး ဖြစ်ပုံနှင့်ပတ်သက်၍

နောက်တစ်ခုသို့- (ဆ) မိမိ၏တာဝန်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပုံနှင့် ပတ်သက်၍

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။