(ဆ) မိမိ၏တာဝန်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပုံနှင့် ပတ်သက်၍

(၄၀၄) ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများနှင့် မထိုက်တန်ဟု ခံစားရလိမ့်မည် ဖြစ်ပြီး၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ မထိုက်တန်ဟု ခံစားရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

(၄၀၅) ဘုရားသခင်၏ တာ၀န်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင့်ကို ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့၊ အပြစ်ပေးခံရသင့်ပေသည်။ ဘုရားသခင် အပ်နှံသည့် မည်သည့် တာဝန်များကိုမဆို ပြည့်စုံစေဖို့မှာ လူသားများအတွက် ကောင်းကင်ဘုံ၏ ဥပဒေဖြစ်ပြီး မြေကြီး၏ အခြေခံသဘောတရား ဖြစ်ပေသည်၊ ဤသည်မှာ ၎င်းတို့၏ အမြင့်ဆုံး တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာ၀န်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်၊ ဤတွင်၊ သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင် အပ်နှံသည့်အရာကို ရှုမြင်ပုံနှင့်ပတ်သက်၍ အကုန်အစင် သိနားလည်မှုတစ်ခု ရရှိရမည်ဖြစ်ပြီး၊ အနည်းဆုံးအနေဖြင့်၊ လူသားမျိုးနွယ်ကို သူ အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်များသည် ဘုရားသခင်ထံမှ ချီးမြှောက်ခြင်းများနှင့် အထူး မျက်နှာသာပေးခြင်းများ ဖြစ်သည်၊ ၎င်းတို့သည် ဂုဏ်ကျက်သရေအရှိဆုံးသော အရာများ ဖြစ်သည်ကို သဘောပေါက်ရမည်။ အခြားအရာအားလုံးကို စွန့်ပစ်နိုင်သည်- လူတစ်ဦးသည် မိမိ၏ အသက်ကို စွန့်လွှတ်ရမည်ဖြစ်လျှင်ပင်၊ သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းမြဲ ဖြည့်ဆည်းရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

(၄၀၆) လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံပေးသည့် သူ၏အသက်မွေးအလုပ် ဖြစ်ပြီး၊ ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်၏ ကျိန်ခြင်းခံရသည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး၊ သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက၊ ဤသည်မှာ သူ၏ ပုန်ကန်မှုကြောင့် ဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံမျှလုပ်ပြပြီး သမ္မာတရားကို မရှာဖွေသောသူတို့သည် အဆုံးတွင် သုတ်သင်ပယ်ရှင်းခြင်းကို ခံရလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ၎င်းတို့၏ တာဝန်ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မလုပ်ဆောင်ကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသည့် အတွက် ဖြစ်သည်။ ၎င်းတို့သည် မပြောင်းမလဲ ရှိနေသူများဖြစ်ပြီး ကျိန်ခြင်းကို ခံကြရလိမ့်မည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မစင်ကြယ်သည်သာမက၊ ၎င်းတို့ ဖော်ပြသည့် အရာတိုင်းသည် ဆိုးယုတ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

(၄၀၇) ဘုရားသခင်၏ဖန်ဆင်းခံတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သင့်သည်၊ သင်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်လျက်ရှိကာ ဘုရားသခင်ပေးသောအရာအားလုံး၊ ဘုရားသခင်ထံမှလာသော အရာခပ်သိမ်းကို လက်ခံသောကြောင့် သင်သည် သင်၏တာဝန်နှင့် ဝတ္တရားများကို ဖြည့်ဆည်းသင့်သည်၊ ဤသည်မှာ သင်၏တာဝန်ပင် ဖြစ်သည်။ ထိုမှတစ်ဆင့် လူတို့အနေဖြင့် ဘုရားသခင်၏ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်ခြင်းသည် ဤလူ့ကမ္ဘာတွင်အသက်ရှင်စဉ် အခြားမည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းထက် ပို၍ ဖြောင့်မတ်ကာ တင့်တယ်ပြီး မြင့်မြတ်ကြောင်း တွေ့မြင်နိုင်သည်။ ဘုရားသခင်၏ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်ခြင်းထက် လူတို့အကြားတွင် မည်သည့်အရာကမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍တန်ဖိုးမရှိသည့်အပြင် မည်သည့်အရာကမျှ ဘုရားသခင့်ဖန်ဆင်းခံတစ်ဦး၏ အသက်တာအတွင်းသို့ သာ၍ကြီးမားသော အဓိပ္ပာယ်နှင့် အနှစ်သာရကို မဆောင်ကြဉ်းပေ။ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဘုရားသခင်၏ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူတို့အကြားတွင် ဝမ်းမြောက်ဖွယ်အကောင်းဆုံးအရာဖြစ်ပြီး၊ ယင်းသည် လူတို့အကြားတွင် ချီးကျူးဂုဏ်ပြုသင့်သောအရာပင် ဖြစ်သည်။ ဖန်ဆင်းရှင်က ဘုရားသခင်၏ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူတို့အတွက် မင်္ဂလာရှိကာ အသရေပွင့်သောအရာဖြစ်ပြီး၊ ဘုရားသခင့်ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ထမ်းဆောင်သော လူမျိုးနွယ်အားလုံးအတွက် မည်သည့်အရာကမျှ ပို၍ ဝမ်းမြောက်ဖွယ်၊ သို့မဟုတ် အောက်မေ့ဂုဏ်ပြုထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။ ဖန်ဆင်းရှင်က ဘုရားသခင့်ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်သောသူတို့ကို ဆက်ဆံပုံနှင့် သူတို့ကို ကတိပေးသောအရာနှင့် ပတ်သက်၍မူ ယင်းသည် ဖန်ဆင်းရှင်နှင့်ဆိုင်သည့် ကိစ္စရပ်သာဖြစ်ပြီး၊ လူတို့၏ ကိစ္စမဟုတ်ပေ။ ပွင့်ပွင်းလင်းလင်းဆိုရသော် ယင်းသည် ဘုရားသခင်နှင့်သာ ဆိုင်သည်၊ သင်သည် သင့်အား ဘုရားသခင်ပေးသော မည်သည့်အရာကိုမဆို ရလိမ့်မည်ဖြစ်ပြီး၊ သူသည် သင့်အား မည်သည့်အရာကိုမျှ မပေးပါက သင်သည် ဤအရာနှင့်စပ်လျဉ်း၍ မည်သည့်အရာကိုမျှ ပြော၍မရပေ။ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံကာ မိမိ၏တာဝန်ကို ထမ်းဆောင်ရန်နှင့် ၎င်းတို့လုပ်ဆောင်နိုင်သည်ကို လုပ်ဆောင်ရန် ဖန်ဆင်းရှင်နှင့် လက်တွဲပူပေါင်းပါက ယင်းသည် အပေးအယူတစ်ရပ်၊ သို့မဟုတ် ကုန်သွယ်မှုတစ်ခု မဟုတ်ပေ၊ ဘုရားသခင်၏ ဖန်ဆင်းခံများသည် ဘုရားသခင်ထံမှ ကောင်းချီးများ၊ သို့မဟုတ် ကတိတော်များကို လဲလှယ်ရယူရန် မည်သည့်သဘောထား၊ သို့မဟုတ် မည်သည့်အရာကိုမျှ အသုံးပြုရန် မကြိုးပမ်းရပေ။ ဖန်ဆင်းရှင်က ဤအမှုကို သင်တို့ထံတွင် အပ်နှံထားသောအခါ ဘုရားသခင်၏ ဖန်ဆင်းခံများအနေဖြင့် သင်တို့သည် ဤတာဝန်နှင့် တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းက မှန်ကန်ပြီး သင့်လျော်ပေသည်၊ အပေးအယူလုပ်ခြင်း မပါဝင်ပေ။ ဖန်ဆင်းရှင်ဘက်တွင် သူသည် ဤတာဝန်ပေးစေခိုင်းချက်ကို သင်တို့တစ်ဦးတစ်ယောက်ချင်းစီထံတွင် အပ်နှံလိုသည်၊ ဖန်ဆင်းခံလူတို့ဘက်တွင် လူတို့သည် ထိုအရာကို ၎င်းတို့၏ ဘဝပေးဝတ္တရားနှင့် ဤအသက်တာတွင် ၎င်းတို့အရိုးထုတ်သွားသင့်သည့် တန်ဖိုးအဖြစ် သဘောထားကာ ဤတာဝန်ကို ဝမ်းပန်းတသာ လက်ခံသင့်သည်။ ၎င်းတွင် မည်သည့်ဆုလာဘ်၊ သို့မဟုတ် မည်သည့်အဓိပ္ပာယ်မျိုးမျှ ပါဝင်ရန်ဝေးစွ၊ ဤနေရာတွင် အပေးအယူလုပ်ခြင်းမပါဝင်ပေ၊ ဤအရာသည် တူညီသောအလဲအလှယ်ပြုလုပ်ခြင်း မဟုတ်ပေ။ ယင်းသည် ကုန်သွယ်မှုမဟုတ်၊ ယင်းသည် လူတို့အနေဖြင့် ၎င်းတို့တာဝန်ကို ထမ်းဆောင်သောအခါ လူတို့ထည့်ဝင်သော လုပ်အား၊ သို့မဟုတ် လူတို့ပေးသော တန်ဖိုးအတွက် အလဲအလှယ်တစ်ခု မဟုတ်ပေ။ ဘုရာသခင်သည် ထိုအရာကို မည်သည့်အခါမျှ မပြောခဲ့သကဲ့သို့ လူတို့အနေဖြင့်လည်း ထိုကဲ့သို့ နားလည်မထားသင့်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၆)

(၄၀၈) ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သည့်အရာကို လူတစ်ဦးက လက်ခံလိုက်သည့်အခါ၊ ၎င်းတို့၏ လုပ်ရပ်များက ကောင်းသည် ဆိုးသည်၊ ပြီးလျှင် ထိုလူက နာခံသည် မနာခံသည်၊ ထိုလူက ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပေးသည် မဖြည့်ဆည်းပေးသည်ဆိုသည်နှင့် ၎င်းတို့ လုပ်ဆောင်သည့် အရာသည် စံနှုန်းမီသည် မမီသည်ဆိုသည်တို့ကို အကဲဖြတ်ခြင်းအတွက် ဘုရားသခင်ထံတွင် စံနှုန်းတစ်ခုရှိပေသည်။ ဘုရားသခင် ဂရုစိုက်သည့်အရာမှာ လူ၏စိတ်နှလုံး ဖြစ်သည်၊ အပေါ်ယံက ၎င်းတို့၏ လုပ်ရပ်များမဟုတ်ပေ။ ၎င်းတို့ မည်သို့လုပ်ဆောင်သည်ကို ပဓာနမထားဘဲ၊ တစ်စုံတစ်ရာကို ၎င်းတို့လုပ်ဆောင်သရွေ့၊ ဘုရားသခင်က တစ်စုံတစ်ဦးကို ကောင်းချီး ပေးသင့်သည် ဆိုသည်မှာ မမှန်ပေ။ ဤသည်မှာ ဘုရားသခင်နှင့် ပတ်သက်၍ လူတို့ရှိကြသည့် နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် အမှုအရာများ၏ အဆုံးသတ် ရလဒ်ကိုသာ ကြည့်သည်မဟုတ်ဘဲ၊ အမှုအရာများ တိုးတက်မှု ဖြစ်စဉ်အတွင်း၌ လူတစ်ဦး၏စိတ်နှလုံးက မည်သို့ရှိပြီး လူတစ်ဦး၏သဘောထားက မည်သို့ရှိသည် ဆိုသည်တို့အပေါ် သာ၍အလေးပေးကာ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် နာခံမှု၊ အရေးထားမှုနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဆန္ဒတို့ ရှိမရှိ ဆိုသည်ကိုလည်း ကြည့်ရှုလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

(၄၀၉) သင်မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်ပါစေ၊ သင်၏တာဝန်နှင့်ပတ်သက်၍ ဘုရားသခင်၏အလိုတော်နှင့် ကိုယ်တော်၏ သတ်မှတ်ချက်များကို နားလည်သဘောပေါက်ရန် အစဉ်ကြိုးစားရမည်၊ သို့မှသာ အမှုကိစ္စများကို ကိုယ်ကျင့်တရားနှင့်အညီ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်ပြုလိုသည်အတိုင်း ပြုခြင်း၊ သင် လုပ်၍ပျော်သည့်အရာနှင့် လုပ်ဆောင်ရန် သက်သောင့်သက်သာရှိသော အရာမှန်သမျှ၊ သို့မဟုတ် သင့်ကို အကောင်းမြင်စေမည့် အရာမှန်သမျှကိုသာ လုပ်ဆောင်ခြင်းဖြင့် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအရ လုံး၀ မပြုနိုင်ပေ။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင်နှစ်သက်မှုများကို ဘုရားသခင်အပေါ် အတင်းအကျပ် သတ်မှတ်ခြင်း သို့မဟုတ် ၎င်းတို့အား သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့မှာ သမ္မာတရား အခြေခံသဘောတရားများဖြစ်သည့်အလား ၎င်းတို့အား လိုက်နာပါက၊ ၎င်းမှာ သင်၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေခြင်း မဟုတ်၊ ထို့အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နေခြင်းကို ဘုရားသခင်မှ အမှတ်ရမည် မဟုတ်ပေ။ လူအချို့တို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းခြင်းမှာ မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ မသိကြ။ ၎င်းတို့၏ စိတ်နှလုံးနှင့် အားထုတ်မှုတို့ကို ယင်းတွင် ထားရှိပြီးဖြစ်ကာ၊ မိမိတို့၏ ဇာတိပကတိကို စွန့်လွှတ်ပြီး ဆင်းရဲဒုက္ခခံစားပြီး ဖြစ်သည့်အတွက်၊ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းသည် စံချိန်မီသင့်သည်ဟု ၎င်းတို့ ခံစားကြသည်- သို့ဆိုလျှင်၊ ဘုရားသခင်သည် အဘယ်ကြောင့် အစဉ်အမြဲ စိတ်မကျေမနပ်ဖြစ်နေသနည်း။ ဤလူတို့သည် မည်သည့်နေရာတွင် မှားယွင်းခဲ့ကြပြီနည်း။ ၎င်းတို့၏ အမှားမှာ ဘုရားသခင်၏ သတ်မှတ်ချက်များကို ရှာဖွေရန် မကြိုးစားဘဲ၊ ယင်းအစား မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးအတိုင်း ပြုမူကြခြင်း ဖြစ်သည်၊ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒများ၊ နှစ်သက်မှုများနှင့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များကို သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားကြသည်။ ပြီးလျှင် သူတို့သည် ထိုအရာများကို ဘုရားသခင် နှစ်သက်သည့် အရာဖြစ်သကဲ့သို့၊ သူ၏ စံနှုန်းများနှင့် သတ်မှတ်ချက်များ ဖြစ်သည့်အလား သဘောထားကြသည်။ သူတို့သည် မှန်ကန်၊ ကောင်းမြတ်ပြီး လှပသည်ဟု သူတို့ ယုံကြည်သည့်အရာများကို သမ္မာတရားအဖြစ် မြင်ကြလေသည်။ ဤသည်မှာ မှားယွင်း၏။ အမှန်တွင်၊ လူတို့သည် တစ်စုံတစ်ရာ မှန်ကန်သည်၊ ပြီးလျှင် ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု တစ်ခါတစ်ရံ ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း၊ ယင်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်ဟု သေချာပေါက် မဆိုလိုပေ။ တစ်စုံတစ်ရာ မှန်ကန်သည်ဟု လူတို့ တွေးထင်လေလေ၊ ၎င်းတို့အနေဖြင့် သတိရှိသင့်လေလေဖြစ်ပြီး၊ ၎င်းတို့ စဉ်းစားနေသည့်အရာသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပြည့်မီခြင်းရှိမရှိ သိဖို့ရန် သမ္မာတရားကို ရှာဖွေသင့်လေလေ ဖြစ်သည်။ ယင်းသည် သူ၏ သတ်မှတ်ချက်များနှင့် ဆန့်ကျင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်လျက်ရှိပါက၊ ထိုအရာမှန်ကန်သည်ဟု သင် တွေးထင်သည်လျှင်ပင်၊ ယင်းက လက်ခံနိုင်ဖွယ် မရှိပေ၊ ယင်းသည် လူသားအတွေးသာ ဖြစ်ပြီး၊ သင် မှန်ကန်သည်ဟု မည်သို့ တွေးထင်ပါစေ သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီလိမ့်မည်မဟုတ်ပေ။ အမှန်၊ အမှားတို့နှင့်ဆိုင်သော သင်၏ စိတ်ပိုင်းဖြတ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် လုံးဝဥဿုံ အခြေခံရမည်ဖြစ်ပြီး၊ တစ်စုံတစ်ရာကို သင် မှန်ကန်သည်ဟု မည်မျှ တွေးထင်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ယင်းအတွက် အခြေပြုချက် မရှိပါက၊ ယင်းကို သင် စွန့်ပစ်ရမည်။ တာဝန်ကား အဘယ်နည်း။ ယင်းမှာ လူတို့ကို ဘုရားသခင် အပ်နှံထားသည့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် သင်၏တာဝန်ကို သင် အဘယ်သို့ ဖြည့်ဆည်းသင့်သနည်း။ လူသား၏ ဓမ္မဓိဋ္ဌာန်မကျသော စိတ်ဆန္ဒများအပေါ် အခြေခံသည်ထက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများနှင့်အညီ ပြုမူခြင်းနှင့် သမ္မာတရား အခြေခံသဘောတရားများပေါ် သင်၏ အပြုအမူကို အခြေခံခြင်းအားဖြင့် ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းမှာ စံချိန်မီလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်

(၄၁၀) လူအချို့အတွက် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ မည်သည့်ပြဿနာကို တွေ့ကြုံကောင်း တွေ့ကြုံကြပါစေ၊ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေဘဲ ၎င်းတို့၏ကိုယ်ပိုင် အတွေးများ၊ အယူအဆများ၊ စိတ်ကူးများနှင့် အလိုဆန္ဒများနှင့်အညီ အစဉ်ပြုမူလုပ်ဆောင်ကြ၏။ ၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းနေကြပြီး ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏လုပ်ဆောင်ချက်များကို အမြဲ ထိန်းချုပ်နေ၏။ ၎င်းတို့သည် ၎င်းတို့အား သတ်မှတ်ခွဲဝေပေးထားသည့် တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ကြသော်လည်း မည်သည့်သမ္မာတရားကိုမျှ မရရှိကြပေ။ ထို့ကြောင့် ထိုသို့သော လူတို့သည် မိမိတို့၏ တာဝန်များကို ဆောင်ရွက်နေချိန်တွင် မည်သည့်အရာများအပေါ် မှီခိုနေကြသနည်း။ ၎င်းတို့သည် သမ္မာတရားအပေါ် မှီခိုနေခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်ကို မှီခိုနေခြင်းလည်း မဟုတ်ပေ။ ၎င်းတို့နားလည်သော ထိုသမ္မာတရားအနည်းငယ်သည် ၎င်းတို့၏စိတ်နှလုံးများထဲ၌ အချုပ်အခြာအာဏာ မရယူထားပေ။ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် အထုံပါရမီများနှင့် အစွမ်းအစများ၊ ၎င်းတို့ ဆည်းပူးရရှိခဲ့သော မည်သည့် အသိပညာမဆိုနှင့် ၎င်းတို့၏ ပင်ကိုစွမ်းရည်များအပြင်၊ ဤတာဝန်များကို ပြီးစီးစေရန် ၎င်းတို့၏ စိတ်စွမ်းအား သို့မဟုတ် ကောင်းသော ရည်ရွယ်ချက်များအပေါ် မှီခိုနေကြပေသည်။ ဤသည်မှာ ၎င်းတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း ဖြစ်သလော။ ဤသည်မှာ ၎င်းတို့၏တာဝန်ကို ကျေနပ်ဖွယ်ရာ ထမ်းဆောင်ခြင်း ဖြစ်သလော။ သင်သည် တစ်ခါတစ်ရံတွင် သင်၏တာဝန်ကို ဖြည့်ဆည်းဖို့ သင်၏သဘာဝကျခြင်း၊ စိတ်ကူးစိတ်သန်း၊ အယူအဆများ၊ အသိပညာနှင့် သင်ယူခြင်းတို့ကို အမှီပြုကောင်း အမှီပြုနိုင်သော်လည်း၊ သင် လုပ်ဆောင်သည့် အရာတစ်ချို့တွင် ကိုယ်ကျင့်တရားဆိုင်ရာ မည်သည့် ပြဿနာများမျှ မထွက်ပေါ်ပေ။ အပေါ်ယံအားဖြင့်၊ သင်သည် လမ်းမှား လိုက်ခဲ့ခြင်း မရှိသေးသည့်အလား ထင်ရသော်လည်း၊ လျစ်လျူရှု၍မရသော အရာတစ်ခုရှိ၏- သင်၏တာ၀န်ကို ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတွင်းတွင်၊ အကယ်၍ သင်၏အယူအဆများ၊ စိတ်ကူးများနှင့် ကိုယ်ပိုင်အလိုဆန္ဒများ မည်သည့်အခါမျှ မပြောင်းလဲဘဲ သမ္မာတရားနှင့် မည်သည့်အခါမျှ အစားထိုးခြင်း မရှိပါက၊ ပြီးလျှင် သင်၏လုပ်ရှားမှုများနှင့် လုပ်ဆောင်ချက်များမှာ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မည်သည့်အခါမျှ လုပ်ဆောင်ခြင်းမရှိပါက၊ နောက်ဆုံးရလဒ်မှာ မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်သည် အစေခံသူတစ်ဦး ဖြစ်လာလိမ့်မည်။ ဤသည်မှာ သမ္မာကျမ်းစာထဲ၌ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဟု အတိအကျ ရေးသားထားသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် လုံ့လဝီရိယကို အသုံးပြုပြီး အစေခံခြင်းကို လုပ်ဆောင်သော ဤလူတို့အား “အဓမ္မအမှုကိုပြုသောသူတို့” ဟု အဘယ့်ကြောင့် ခေါ်သနည်း။ ငါတို့တွင် သေချာနိုင်သော အချက်တစ်ချက်ရှိသည်၊ ယင်းမှာ မည်သည့် တာဝန်များ သို့မဟုတ် အလုပ်ကို ဤလူတို့က လုပ်ဆောင်ပါစေ၊ ၎င်းတို့၏ အရင်းခံအကြောင်းရင်းများ၊ တွန်းအား၊ ရည်ရွယ်ချက်များနှင့် အတွေးများသည် သူတို့၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများမှ လုံးလုံးလျားလျား ထွက်ပေါ်လာကာ၊ ၎င်းတို့၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် ကိုယ်ကျိုးများအပေါ် လုံးဝအခြေခံထားပြီး၊ ၎င်းတို့၏ အရေးထားမှုနှင့် အစီအစဉ်များသည် ၎င်းတို့၏ နာမည်ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဝင့်ဝါမှုနှင့် အနာဂတ်မျှော်လင့်ချက်များကို လုံးဝ ဗဟိုပြုပေသည်။ စိတ်ထဲတွင်၊ ၎င်းတို့သည် သမ္မာတရား လုံး၀မပိုင်ဆိုင်ကြသကဲ့သို့၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ ၎င်းတို့ မပြုမူကြပေ။ ထို့ကြောင့်၊ ယခု သင်တို့အတွက် ရှာဖွေဖို့ အရေးကြီးသောအရာမှာ မည်သည့်အရာနည်း။ (သမ္မာတရားကို ကျွန်ုပ်တို့ ရှာဖွေသင့်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ပြဋ္ဌာန်းချက်များနှင့်အညီ ကျွန်ုပ်တို့၏ တာဝန်များကို ဆောင်ရွက်သင့်ပါသည်။) ဘုရားသခင်၏ ပြဋ္ဌာန်းချက်များနှင့်အညီ သင်တို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အတိအကျအားဖြင့် မည်သည့်အရာကို သင်တို့ လုပ်ဆောင်သင့်သနည်း။ တစ်စုံတစ်ခု လုပ်ဆောင်သောအခါ သင်၏ ရည်ရွယ်ချက်များ၊ ထင်မြင်ချက်များနှင့် စပ်လျဉ်း၍ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီမှုရှိမရှိ ဆိုသည့်အပြင်၊ သင်၏ ရည်ရွယ်ချက်များနှင့် စိတ်ကူးများသည် သင်၏ကိုယ်ပိုင် အတ္တဆန်သော စိတ်ဆန္ဒများ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်၏ အကျိုးအမြတ်များကို ဖြည့်ဆည်းရန် စီမံထားခြင်း ရှိမရှိဆိုသည်ကို မည်သို့ သိမြင်ရမည်ကို သင် သင်ယူရမည်။ သင်၏ ရည်ရွယ်ချက်များနှင့် စိတ်ကူးများသည် သမ္မာတရားနှင့် ကိုက်ညီမှုရှိပါက သင်၏တာဝန်ကို သင်၏ အတွေးနှင့်အညီ သင် လုပ်ဆောင်နိုင်၏။ သို့သော်၊ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီမှုမရှိပါက သင်သည် အလျင်အမြန် ပြန်လှည့်ပြီး ထိုလမ်းကြောင်းကို စွန့်ခွာရမည်။ ထိုလမ်းကြောင်းသည် မမှန်ကန်သကဲ့သို့၊ ထိုအတိုင်း သင်လက်တွေ့လုပ်ဆောင်၍ မရပေ။ ထိုလမ်းကြောင်းအတိုင်း သင် ဆက်လက်လျှောက်လှမ်းပါက၊ သင်သည် မကောင်းမှု ကျူးလွန်ခြင်းဖြင့် အဆုံးသတ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

(၄၁၁) သင်၏ တာဝန်ကို ဖြည့်ဆည်းသည့်အခါ၊ ကိုယ်ကျင့်တရားအရ အမှုအရာများကို ဆောင်ရွက်နေခြင်း ရှိမရှိ၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် စံနှုန်းမီမမီ၊ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်း သက်သက် ဟုတ်မဟုတ်၊ သင်၏ တာဝန်ဝတ္တရားများကို ရှောင်ရှားရန် ကြိုးစားခြင်း ပြုမပြု၊ နှင့် သင်၏ သဘောထားနှင့် သင်တွေးပုံခေါ်ပုံတို့တွင် ပြဿနာများ ရှိမရှိတို့ကို သင့်ကိုယ်သင် အမြဲတမ်း စစ်ဆေးသင့်သည်။ သင်သည် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး၊ ဤအရာများသည် သင့်အတွက် ရှင်းလင်းလာသည်နှင့် တစ်ပြိုင်နက်၊ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ပို၍လွယ်ကူသော အချိန်တစ်ခု ရှိလာလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင်- အပျက်သဘောဆောင်ခြင်း နှင့် အားနည်းချက်ဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် မကောင်းသော စိတ်ခံစားမှု တစ်ခုတွင် ရှိနေခြင်းဖြစ်စေ- သင် မည်သည့်အရာကို ကြုံတွေ့ရပါစေ၊ ယင်းကို သင် သင့်တော်စွာ သဘောထားသင့်ပြီး၊ သင်သည် သမ္မာတရားကိုလည်း ရှာဖွေကာ၊ ဘုရားသခင်၏ အလိုတော်ကိုလည်း နားလည်ရမည်။ ဤအမှုအရာများကို လုပ်ဆောင်ခြင်းအားဖြင့်၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင်၌ရှိလိမ့်မည်။ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ကောင်းမွန်စွာ ဆောင်ရွက်လိုပါက၊ သင်၏ စိတ်ခံစားမှု၏ သက်ရောက်မှုကို ခံ၍ မဖြစ်ပေ။ သင်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကို မည်မျှခံစားနေရပါစေ၊ သင်လုပ်သမျှတွင် ကိုယ်ကျင့်တရားများကို မြဲမြံစွာ လိုက်နာလျက်၊ လုံးဝ တိကျခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာကို သင်ပြုလုပ်ပါက အခြားသူများက သင့်ကို လက်ခံရုံသာမက၊ ဘုရားသခင်ကလည်း သင့်ကို နှစ်သက်တော်မူလိမ့်မည်။ ဤသို့ဖြစ်သဖြင့် သင်သည် တာဝန်ရှိပြီး ဝန်ထုပ် ထမ်းရွက်သောသူ ဖြစ်လိမ့်မည်။ သင်သည် သင်၏တာဝန်ကို စံချိန်မီ အမှန်တကယ် ဖြည့်ဆည်းပြီး၊ စစ်မှန်သော လူတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အပြည့်အဝ အသက်ရှင်နေထိုင်သည့်သူ တကယ့် လူကောင်းတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ လူများသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနေသည့်အခါ သန့်စင်ခြင်းခံရပြီး စစ်မှန်သည့် ပြောင်းလဲခြင်းကို ရရှိကြကာ၊ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် ရိုးသားသည်ဟု ခေါ်ဆို၍ ရနိုင်ပေသည်။ ရိုးသားသောလူများသာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်းခြင်းအား အပတ်တကုတ် လုံ့လထုတ်ပြီး ကိုယ်ကျင့်တရားဖြင့် ပြုမူကျင့်ကြံရာတွင် အောင်မြင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို စံချိန်မီ ဖြည့်ဆည်းနိုင်ပေသည်။ ကိုယ်ကျင့်တရားဖြင့် ပြုမူသည့်လူများသည် ၎င်းတို့ ကောင်းသော စိတ်ခံစားမှုရှိနေချိန်တွင် ၎င်းတို့၏ တာဝန်များကို စေ့စေ့စပ်စပ် ဖြည့်ဆည်းကြသည်။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့် အလုပ်မလုပ်ဘဲ၊ အခြားသူများက ၎င်းတို့အား အထင်ကြီးစေဖို့ မိမိတို့ကိုယ်ကိုယ် မာနမထောင်လွှားကြသကဲ့သို့၊ ကိုယ်ရည်သွေးလည်းမပြကြပေ။ သို့သော် ၎င်းတို့သည် မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေသည့် အချိန်၌၊ ၎င်းတို့၏ နေ့စဉ် လုပ်ဆောင်ချက် တာဝန်များကို ဤသို့ပင် စိတ်ပါလက်ပါနှင့် တာဝန်ရှိစွာ ပြီးမြောက်စေပြီး၊ ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းကို ထိခိုက်နစ်နာ စေသည့်အရာ တစ်ခုခုကိုဖြစ်စေ၊ ၎င်းတို့ကို ဖိအားအနည်းငယ် ပေးသည့်အရာတစ်ခုခု သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အနှောင့်အယှက် ဖြစ်ပေါ်စေသည့်အရာတစ်ခုခုကို ၎င်းတို့ ကြုံတွေ့ရလျှင်ပင်၊ ၎င်းတို့သည် “ကျွန်ုပ် မည်မျှ ကြီးမားသည့် ပြဿနာကို ရင်ဆိုင်ရပါစေ— ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလျှင်ပင်ဘု— ရားသခင်သည် ကျွန်ုပ်ကို အသက်ဆက် ရှင်သန်ခွင့်ပေးသမျှ ကာလပတ်လုံး၊ ကျွန်ုပ်သည် မိမိ၏ တာဝန်ကို ဖြည့်ဆည်းဖို့ အစွမ်းကုန်ကြိုးစားရန် သန္နိဌာန်ချထားပါသည်။ ဘုရားသခင် ပေးအပ်သည့် ဤတာဝန်နှင့် ကျွန်ုပ်ထိုက်တန်ဖို့၊ ထို့အပြင် ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲ ကိုယ်တော် ထည့်ထားပြီးဖြစ်သည့် ဤထွက်သက်ဝင်သက်နှင့် ကျွန်ုပ်ထိုက်တန်ဖို့အလို့ငှာ၊ ကျွန်ုပ် အသက်ရှင်ခွင့်ရသည့် နေ့တိုင်းသည် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ဖို့ အလွန်အလုပ်ကြိုးစားမည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ကျွန်ုပ်သည် မည်မျှ အခက်အခဲကြုံကောင်း ကြုံနေရသည်ဖြစ်ပါစေ၊ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အရေးအကြီးဆုံးအရာဖြစ်သည့်အတွက် ယင်းကို ဘေးဖယ်ထားပါမည်။” ဟု ပြောလျက်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး၊ ဆုတောင်းနိုင်ဆဲ ဖြစ်ပေသည်။ မည်သည့် လူ၊ အဖြစ်အပျက်၊ အမှုအရာ သို့မဟုတ် ပတ်ဝန်းကျင်တစ်စုံတစ်ရာအားဖြင့် ထိခိုက်ခြင်းကို မခံရသည့်သူများ၊ မည်သည့်စိတ်ခံစားမှု သို့မဟုတ် အပြင်ပန်းအခြေအနေ တစ်စုံတစ်ရာအားဖြင့် ထိန်းချုပ်ခြင်းကို မခံသူများနှင့် ၎င်းတို့ကို ဘုရားသခင် ယုံကြည်စွာပေးအပ်ထားသည့် ၎င်းတို့၏တာဝန်များနှင့် တာဝန်ပေးစေခိုင်းချက်များကို ရှေ့တန်းတင်ထားသူများ— ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိသူများနှင့် သူ့ကို စစ်မှန်စွာ နာခံသူများဖြစ်သည်။ ဤကဲ့သို့သော လူများသည် အသက်ဝင်ရောက်ခြင်းကို ရရှိပြီးဖြစ်ကာ၊ သမ္မာတရားလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီးဖြစ်ပေသည်။ ဤသည်မှာ သမ္မာတရားကို အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် လက်တွေ့အကျဆုံးနှင့် အစစ်မှန်ဆုံးသော ဖော်ပြချက်များ ပင်တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်

(၄၁၂) ဘုရားသခင်က သင့်အပေါ် မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ယင်းအပေါ် အစွမ်းကုန် သင် အလုပ်လုပ်ရန်သာ လိုအပ်ပြီး၊ သင်သည် အဆုံး၌ ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်လိမ့်မည်ဖြစ်ပြီး သူ့အား သင်၏ အဆုံးစွန် ဆည်းကပ်မှုကို ပေးနိုင်လိမ့်မည်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် သူ၏ ပလ္လင်ထက်တွင် ထိုင်နေရင်း သူ၏ကျေနပ်နှစ်သက်သော အပြုံးကို သင် မြင်နိုင်သရွေ့၊ ဤအခိုက်အတန့်သည် သတ်မှတ်ထားသည့် သင်၏ သေဆုံးခြင်းအချိန်ဖြစ်လျှင်ပင်၊ သင်၏မျက်လုံးများပိတ်စဉ် သင်သည် ရယ်ကာ ပြုံးနိုင်သင့်ပေသည်။ ကမ္ဘာမြေကြီးပေါ်ရှိ သင်၏ အချိန်ကာလ အတောအတွင်းတွင်၊ သင်သည် ဘုရားသခင်အတွက် သင်၏နောက်ဆုံး တာဝန်ကို လုပ်ဆောင်ရမည်။ အတိတ်တွင် ပေတရုသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရသည်။ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသတ္တဝါတစ်ဦးသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့ကြောင့် သူ ဆန္ဒရှိသည်အတိုင်း သင့်ကို နေရာချဖို့ရန်အတွက်၊ သင်သည် အချိန်ဆွဲမနေဘဲ သင့်ကိုယ်သင် ဘုရားသခင်ထံ မြန်မြန် ပေးအပ်သင့်သည်။ ယင်းက ဘုရားသခင်အား ပျော်ရွှင်စေပြီး ကျေနပ်စေသရွေ့၊ သင်နှင့်ပတ်သက်၍ သူ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ပါလေ့စေ။ လူသားများသည် စောဒကတက်သည့် စကားများ ပြောဆိုရန် မည်သည့်အခွင့်ရှိသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၄၁)

(၄၁၃) ယနေ့တွင် သင် စွမ်းဆောင်ရရှိရန် လိုအပ်သည်မှာ နောက်ထပ်တောင်းဆိုမှုများ မဟုတ်ဘဲ၊ လူ၏ တာဝန်နှင့် လူအားလုံးက လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အကယ်၍ မိမိ၏တာဝန်ကိုပင် သင်တို့ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ သို့မဟုတ် ယင်းကို ကောင်းစွာ လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ သင်တို့သည် မိမိကိုယ်ကိုယ် ဒုက္ခရောက်စေခြင်း မဟုတ်လော။ သင်သည် သေခြင်းတရားကို ဖိတ်ခေါ်နေသည် မဟုတ်လော။ အနာဂတ်နှင့် အလားအလာများရှိဖို့ သင်သည် အဘယ်သို့ မျှော်လင့်နိုင်ဦးမည်နည်း။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်တွင်၊ လူသည် သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်း မရှိရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ဘုရားသခင်၏အမှုတွင် လူသည် မည်သည့်လုံ့လကိုမျှ မချန်သင့်၊ သူ၏သစ္စာစောင့်သိမှုကို ဆက်ကပ်သင့်ပြီး၊ အတော်များသော အယူအဆများတွင် မမွေ့လျော်သင့်ပေ သို့မဟုတ် မလှုပ်မယှက်ထိုင်ကာ သေခြင်းကို မစောင့်ဆိုင်းသင့်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် လူသားအတွက် စတေးနိုင်သည်၊ သို့ဆိုလျှင် လူသည် သူ၏သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ ဘုရားသခင်သည် လူသားအပေါ် တစ်စိတ်တစ်ဝမ်းတည်းရှိသည်၊ သို့ဆိုလျှင် လူသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်ကို မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် အမှုပြုသည်၊ သို့ဆိုလျှင် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်၏ အမှုသည် ဤအထိ ရောက်ရှိလာလေပြီ၊ သို့သော် သင်သည် မြင်သော်ငြား မလုပ်ဆောင်၊ ကြားသော်ငြား မလှုပ်ရှားချေ။ ထိုသို့သော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူသားအဖို့ ဆက်ကပ်အပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် သူ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိသနည်း။ ဘုရားသခင် အတွက်၊ သူ၏အမှုသည် ပထမ ဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲခြင်း အမှုသည် အရေးအကြီးဆုံး ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းတို့သည် သူ၏ ပထမ ဦးစားပေးဖြစ်သည်။ ဤအရာကို သင်တို့အားလုံး နားလည်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

(၄၁၄) ၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ သူ၏အစေခံမှုအတွင်း လူသား၏ အပြစ်အနာအဆာများသည် တိုးတက်သည့် အတွေ့ကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် ချွက်ယွင်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။ လူတို့သည် အစေခံမှုအတွင်းတွင် ၎င်းတို့ ဖော်ပြသင့်သည့်အရာကို မဖော်ပြနိုင်သကဲ့သို့ သို့မဟုတ် ၎င်းတို့အတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့်အရာကို စွမ်းဆောင် မရရှိနိုင်သကဲ့သို့၊ ယင်းအစား တည်ကြည်လေးနက်မှု မရှိဘဲ ဟန်ဆောင်လုပ်ပြပါက၊ ၎င်းတို့သည် ဖန်ဆင်းခံ တစ်ဦး ရှိသင့်သည့် အလုပ်တာဝန်ကို ဆုံးရှုံးကြပြီး ဖြစ်ပေသည်။ ထိုသို့သော လူတို့သည် “သာမညောင်ညများ” ဟု သိရသောအရာများ ဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်ဆို၍ ရနိုင်မည်နည်း။ ၎င်းတို့သည် အပြင်ပန်းတွင် တောက်ပြောင်သော်လည်း၊ အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးသည့် သတ္တဝါများ ဖြစ်သည် မဟုတ်လော။ အကယ်၍ လူသားတစ်ဦးသည် မိမိကိုယ်ကိုယ် ဘုရားသခင်ဟူ၍ ခေါ်ဝေါ်သမုတ်သော်လည်း၊ ဘုရားသဘောသဘာဝ၏ ဖြစ်ခြင်းကို မဖော်ပြနိုင်ပါက၊ ဘုရားသခင် ကိုယ်တိုင်၏အမှုကို မပြုနိုင်ပါက၊ သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါက၊ သူသည် ဘုရားသခင်၏ အနှစ်သာရ မရှိသည့်အတွက်၊ ဘုရားသခင် မဟုတ်သည်မှာ သေချာပြီး၊ ဘုရားသခင်က ပင်ကိုအားဖြင့် စွမ်းဆောင်ရရှိနိုင်သည့်အရာသည် သူ၏ အတွင်းတွင် မတည်ရှိပေ။ အကယ်၍ လူသားသည် ပင်ကိုအားဖြင့် သူ ရယူနိုင်သည့်အရာကို ဆုံးရှုံးရပါက၊ ၎င်းကို လူသားဟု ယူဆ၍ မရနိုင်တော့သကဲ့သို့၊ ဖန်ဆင်းခံသတ္တဝါအဖြစ် ရပ်တည်ရန် သို့မဟုတ် ဘုရားသခင် ရှေ့မှောက် လာရန်နှင့် သူ့ကို အစေခံရန် မထိုက်တန်ချေ။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ကျေးဇူးတော်ကို ရရှိရန် သို့မဟုတ် ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်ခြင်း ခံရရန်၊ ကွယ်ကာခြင်း ခံရရန်နှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် မထိုက်တန်ပေ။ ဘုရားသခင်၏ ယုံကြည်မှုကို ဆုံးရှုံးသောသူ များစွာသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဆက်လက် ဆုံးရှုံးရသည်။ ၎င်းတို့သည် မိမိတို့၏ မကောင်းမှုများကို မစက်ဆုပ်ကြသည်သာမက၊ ဘုရားသခင်၏ လမ်းခရီးသည် မမှန်ကန်ဟူသော အယူအဆကို အရှက်မရှိ ဖြန့်ကြပြီး၊ ပုန်ကန်တတ်သောသူများသည် ဘုရားသခင်၏ တည်ရှိခြင်းကိုပင် ငြင်းပယ်ကြလေသည်။ ထိုသို့သော ပုန်ကန်မှုကို ပိုင်ဆိုင်သည့် ထိုသို့သော လူများသည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားပိုင်ခွင့် မည်သို့ ရှိနိုင်မည်နည်း။ မိမိတို့၏တာဝန်ကို မဆောင်ရွက်သောသူတို့သည် ဘုရားသခင်ကို အလွန် ပုန်ကန်တတ်ကြပြီး ဘုရားသခင်နှင့်ပတ်သက်၍ များစွာအကြွေးတင် ရှိကြပေသည်၊ သို့သော် ၎င်းတို့သည် လှည့်ကာ ဘုရားသခင် မှားယွင်းသည်ဟု ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချကြလေသည်။ ထိုသို့သော လူစားမျိုးသည် စုံလင်စေခြင်းခံရရန် မည်ကဲ့သို့ ထိုက်တန်နိုင်မည်နည်း။ ဤသည်မှာ သုတ်သင်ပယ်ရှင်းခြင်းနှင့် အပြစ်ပေးခြင်းကို ခံရဖို့ဖြစ်သည့် ရှေ့ပြေးနိမိတ်ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ရှေ့မှောက်တွင် မိမိ၏တာဝန်ကို မလုပ်ဆောင်သော လူတို့သည် ပြစ်မှုများထဲမှ စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံးသော အပြစ်ရှိနှင့်ပြီးသားဖြစ်သည်၊ ယင်းအတွက် သေခြင်းတရားသည်ပင် မလုံလောက်သော ပြစ်ဒဏ်တစ်ခု ဖြစ်သည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်နှင့် ငြင်းခုံရဲကြသည်သာမက၊ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်နှင့် တုပြိုင်ရဲကြလေသည်။ ထိုသို့သော လူများကို စုံလင်စေခြင်း၏ ထိုက်တန်မှုမှာ အဘယ်နည်း။ အကယ်၍ လူတို့သည် ၎င်းတို့၏တာဝန်ကို မဖြည့်ဆည်းနိုင်ပါက၊ ၎င်းတို့သည် အပြစ်ရှိခြင်းနှင့် အကြွေးတင်ရှိခြင်းတို့ကို ခံစားသင့်သည်။ ၎င်းတို့သည် ၎င်းတို့၏ အားနည်းချက်နှင့် အသုံးမကျမှု၊ ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုတို့ကို စက်ဆုပ်ရွံရှာသင့်သည်၊ ထို့အပြင် ၎င်းတို့၏ အသက်တာကို ဘုရားသခင်အား ပေးသင့်ကြသည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော ဖန်ဆင်းခံများ ဖြစ်ကြပြီး၊ ထိုသို့သော လူများသည်သာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကတိတော်ကို မွေ့လျော်ခံစားထိုက်ပြီး သူ၏ စုံလင်စေခြင်း ခံရထိုက်ပေသည်။ ပြီးလျှင် သင်တို့ အများစုသည် အဘယ်သို့နည်း။ သင်တို့အလယ် အသက်ရှင်သော ဘုရားသခင်ကို သင်တို့ မည်သို့ ဆက်ဆံကြသနည်း။ သင်တို့သည် သူ၏ ရှေ့မှောက်တွင် သင်တို့၏တာဝန်ကို မည်သို့ ဆောင်ရွက်ကြသနည်း။ သင်တို့ လုပ်ဆောင်ရန် ပန်ကြားသည့် အရာအားလုံးကို သင်တို့၏ ကိုယ်ပိုင် အသက်ကိုပင် အဆုံးရှုံးအနစ်နာခံလျက်၊ လုပ်ဆောင်ကြပြီးပြီလော။ သင်တို့သည် မည်သည့်အရာကို စွန့်လွှတ်အနစ်နာခံပြီးပြီနည်း။ ငါ့ထံမှ သင်တို့ များစွာ မရရှိသေးသလော။ သင်တို့ သိမြင်နိုင်သလော။ သင်တို့သည် ငါ့အား မည်မျှ သစ္စာစောင့်သိကြသနည်း။ ငါ့အား မည်သို့ အစေခံကြပြီး ပြီနည်း။ ပြီးလျှင် သင်တို့အပေါ် ငါအပ်နှင်းပြီးဖြစ်ကာ သင်တို့အတွက် ငါပြုပြီးသော အရာအားလုံးသည် သင်တို့နှင့် မသက်ဆိုင်တော့ပြီလော။ ထိုအရာအားလုံးကို သင်တို့နှိုင်းဆချင့်ချိန်ပြီးပြီလော။ သင်တို့အားလုံးသည် ဤအရာကို သင်တို့အတွင်းရှိသည့် အသိစိတ် အနည်းငယ်ဖြင့် အကဲဖြတ်ကာ နှိုင်းယှဉ် ပြီးပြီလော။ မည်သူသည် သင်တို့၏စကားများ၊ လုပ်ရပ်များနှင့် ထိုက်တန်နိုင်မည်နည်း။ သင်တို့၏ ထိုသို့သော မပြောပလောက်သည့် စွန့်လွှတ်အနစ်နာခံခြင်းသည် သင်တို့အပေါ် ငါ ပေးအပ်ခဲ့သမျှနှင့် ထိုက်တန်နိုင်သလော။ ငါသည် အခြားရွေးချယ်စရာ မရှိဘဲ၊ သင်တို့ကို စိတ်ပါလက်ပါ အစဉ်ချစ်ခင်ကာ သစ္စာရှိခဲ့သော်လည်း၊ သင်တို့သည် ဆိုးယုတ်သည့် ရည်ရွယ်ချက်များကို သိုထားကြပြီး ငါ့အပေါ် စိတ်မပါတပါ ဖြစ်ကြသည်။ ယင်းမှာ သင်တို့ တာဝန်၏ အတိုင်းအတာ၊ သင်တို့၏ တစ်ခုတည်းသော လုပ်ငန်းတာဝန် ဖြစ်သည်။ ဤသို့ မဟုတ်သလော။ သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုံးဝ မဖြည့်ဆည်းနိုင်သေးသည်ကို မသိကြသလော။ သင်တို့ကို ဖန်ဆင်းခံသတ္တဝါဟူ၍ မည်သို့ ယူဆနိုင်မည်နည်း။ သင်တို့ ဖော်ပြနေပြီး အသက်ရှင်နေထိုင်နေသောအရာသည် မည်သည့်အရာ ဖြစ်သည်မှာ သင်တို့အဖို့ မရှင်းလင်းသလော။ သင်တို့သည် သင်တို့၏တာဝန်ကို မဖြည့်ဆည်းနိုင်သေးသော်လည်း၊ ဘုရားသခင်၏ သည်းခံခြင်းနှင့် အလျှံအပယ်ဖြစ်သော ကျေးဇူးတော်ကို ရရှိရန် သင်တို့ ကြိုးစားကြသည်။ ထိုသို့သော ကျေးဇူးတော်သည် သင်တို့ကဲ့သို့ အသုံးမကျသကဲ့သို့၊ ယုတ်ညံ့သောသူများအတွက် ပြင်ဆင်ထားသည် မဟုတ်ဘဲ၊ မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ ဝမ်းမြောက်ဝမ်းသာ စွန့်လွှတ်အနစ်နာခံသော သူများအတွက် ဖြစ်သည်။ သင်တို့ကဲ့သို့သော သာမညောင်ညလူများ၊ ကောင်းကင်ဘုံ၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းငှာ လုံးဝ မထိုက်တန်ပေ။ အခက်အခဲနှင့် မဆုံးနိုင်သော အပြစ်ပေးခြင်းသာ သင်တို့၏ နေ့ရက်များကို အဖော်ပြုလိမ့်မည်။ အကယ်၍ သင်တို့သည် ငါ့ကို သစ္စာမရှိနိုင်ပါက၊ သင်တို့၏ကံကြမ္မာသည် ဆင်းရဲဒုက္ခခံရသော ကံကြမ္မာတစ်ခု ဖြစ်လေမည်။ အကယ်၍ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါအမှုများကို တာဝန်ခံနိုင်ခြင်း မရှိပါက၊ သင်တို့၏ ရလဒ်သည် ပြစ်ဒဏ်ပေးခြင်း ခံရသော ရလဒ်တစ်ခု ဖြစ်လိမ့်မည်။ ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများနှင့် နှစ်သက်ဖွယ် နိုင်ငံတော် အသက်တာအားလုံးသည် သင်တို့နှင့် မည်သို့မျှ ပတ်သက်မည် မဟုတ်။ ဤသည်မှာ သင်တို့ ကြုံထိုက်သော အဆုံးသတ်ဖြစ်ပြီး သင်တို့ ကိုယ်တိုင်ပြုသည့် အကျိုးဆက်တစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

အရှေ့သို့- (စ) ဘုရားသခင်ကို နာခံပုံနှင့် ပတ်သက်၍

နောက်တစ်ခုသို့- (ဇ) ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ကို စွမ်းဆောင်ရရှိပုံနှင့် ပတ်သက်၍

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။