သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၈)

ယခင်က လူ့ဇာတိခံ ဘုရားသခင်နှင့် ပတ်သက်သော သမ္မာတရားများဖြစ်သည့် ဤကဏ္ဍနှင့်ပတ်သက်၍ ငါတို့ များစွာ မိတ်သဟာယဖွဲ့ခဲ့ကြပြီးဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့ ပါဝင်ပတ်သက်သည့် အသေးစိတ် အကြောင်းအရာအချို့နှင့်ပတ်သက်၍ ငါတို့ အကြိမ်အနည်းငယ် မိတ်သဟာယဖွဲ့ခဲ့ကြပြီးဖြစ်သည်။ ယခုအခါ ဤအကြောင်းအရာနှင့်ပတ်သက်၍ သင်တို့ ပိုမို နားလည်လာကြပြီလော။ (နားလည်လာပါပြီ။) လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည့် ခရစ်တော်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအပြင် ခရစ်တော်၏ အနှစ်သာရကို သင်တို့ ပိုမို နားလည်သဘောပေါက်လာကြပြီလော။ (နားလည်သဘောပေါက်ကြပါပြီ။) သို့ဆိုလျှင် လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်သည့် သင်တို့၏ အယူအဆများနှင့် စိတ်ကူးများထဲမှ အချို့ကို သင်တို့ စွန့်လွှတ်နိုင်ခဲ့ကြပြီလော။ (စွန့်လွှတ်နိုင်ခဲ့ပါပြီ။) သင်သည် လူတစ်ဦး၏ စိတ်သဘောထားအကြောင်းကို လေ့လာသည်ဖြစ်စေ၊ ၎င်းက မည်သို့ ကျင့်ကြံပြုမူသည်ကို လေ့လာသည်ဖြစ်စေ ထိုသူတစ်ဦးအကြောင်းကို လေ့လာရုံမျှသာဖြစ်ပါက သာမန်လူတစ်ဦးဖြစ်သည့် ၎င်း၏ အမျိုးမျိုးသော ကဏ္ဍများဖြစ်သော ၎င်း၏ ပင်ကိုစရိုက်နှင့် စိတ်သဘာဝ၊ သို့မဟုတ် ကျင့်ကြံပြုမူသည့် နည်းလမ်းများနှင့် နည်းစနစ်များ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်း၏ အတွေးအခေါ်များ၊ ၎င်း၏ လိုက်စားမှုများ၊ ၎င်း၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများထဲမှ အချို့ သို့မဟုတ် ၎င်း၏ မွေးရာပါ ပြဿနာအချို့ကို အနည်းနှင့်အများဆိုသလို လေ့လာနေခြင်းသာ ဖြစ်သည်။ အလွန်ဆုံးအနေဖြင့် ယင်းမှာ ဤသူ၏ လူ့သဘာဝအကြောင်းကို လေ့လာနေခြင်းသာဖြစ်ပြီး သမ္မာတရားနှင့် စိုးစဉ်းမျှ ပတ်သက်မှုမရှိပေ။ ဤသည်မှာ သာမန်လူတစ်ဦးအကြောင်းကို လေ့လာခြင်းနှင့် သက်ဆိုင်သည်။ ထို့ကြောင့် သင်သည် လူသားမျိုးနွယ်ထဲမှ မည်သည့်လူကို သို့မဟုတ် မည်သည့်လူစားမျိုးအကြောင်းကို လေ့လာသည်ဖြစ်စေ၊ ၎င်းတို့အကြောင်း သင် မည်မျှ သိရှိသည်ဖြစ်စေ၊ ၎င်းတို့ကို သင် မည်မျှ နက်ရှိုင်းစွာ နားလည်သည်ဖြစ်စေ၊ ၎င်းတို့နှင့်ပတ်သက်၍ သင်၏ သဘောပေါက်နားလည်မှုသည် ပြည့်စုံလွှမ်းခြုံမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤအရာတစ်ခုမျှ သမ္မာတရားနှင့် မပတ်သက်ပေ။ သို့ရာတွင် လူ့ဇာတိခံ ဘုရားသခင်အကြောင်းကို လေ့လာခြင်းမှာမူ ကွဲပြားသည်။ လူ့ဇာတိခံ ဘုရားသခင်၏ အမျိုးမျိုးသော ကဏ္ဍများအကြောင်း လေ့လာခြင်း ပါဝင်သည့် အကြောင်းအရာများအားလုံးသည် သမ္မာတရားနှင့် ပတ်သက်လေသည်။ လူ့ဇာတိခံယူခြင်းသည် သူ၏ အလုပ် လိုအပ်ချက်များနှင့်အညီ ဘုရားသခင် ခံယူထားသော အထူး ပုံသဏ္ဌာန်တစ်ခုဖြစ်ပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ စိတ်သဘောထားကဲ့သို့သော ဘုရားသခင်နှင့် ပတ်သက်သည့် အမျိုးမျိုးသော ကဏ္ဍများနှင့် တိုက်ရိုက် ဆက်စပ်နေသည်။ လူ့ဇာတိခံ ဘုရားသခင်ကို သိကျွမ်းခြင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပြီး ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် လူတို့ နားလည်သင့်သည့် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့်ဆိုင်သော သမ္မာတရားများနှင့် သက်ဆိုင်လေသည်။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင်ကို သိကျွမ်းခြင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့ ရရှိရန် ဘုရားသခင်နောက်သို့ လူတို့ လိုက်လျှောက်ကြစဉ် ၎င်းတို့ နားလည်ရမည်ဖြစ်ပြီး သိကျွမ်းလာရမည့် သမ္မာတရား၏ ကဏ္ဍတစ်ခု ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသော သမ္မာတရား၏ အမျိုးမျိုးသော ကဏ္ဍများကို သိကျွမ်းခြင်းအားလုံးသည် ဘုရားသခင်ကို ယုံကြည်ရာတွင် လူတို့ နားလည်သင့်ပြီး ဝင်ရောက်သင့်သည့် သမ္မာတရား လက်တွေ့ကျမှုနှင့် ပတ်သက်နေသောကြောင့် လူ့ဇာတိခံ ဘုရားသခင်ကို သိကျွမ်းခြင်းအား ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်သည့် သာမန်လူတစ်ဦးကို သိကျွမ်းခြင်းနှင့် ညီမျှသည်ဟု သတ်မှတ်၍ မရနိုင်ပေ။ ယင်းတို့ကို ညီမျှသည်ဟု သတ်မှတ်၍ မရနိုင်ခြင်း၏ အကြောင်းရင်းမှာ လူ့ဇာတိခံ ဘုရားသခင်ကို သိကျွမ်းခြင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့်ဆိုင်သော သမ္မာတရားနှင့် ပတ်သက်နေပြီး ယင်းမှာ ဖန်ဆင်းရှင်ကို သိကျွမ်းခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအကြောင်းအရာတွင် မည်သည့်အရာ ပါဝင်သည်ဖြစ်စေ အတိုချုပ်ဆိုရလျှင် ယင်းသည် ဖန်ဆင်းရှင်ကို သိကျွမ်းခြင်းနှင့် ပတ်သက်သည်၊ ဘုရားသခင် ကိုယ်တိုင်ကို သိကျွမ်းခြင်းနှင့် ပတ်သက်သည်၊ ထို့အပြင် သေချာသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ လူတစ်ဦး၏ အယူအဆများ၊ စိတ်ကူးများကို မည်သို့ စွန့်လွှတ်ရမည်ဟူသည်နှင့်လည်း ပတ်သက်ခြင်း ဖြစ်လေသည်။ သင်သည် လူ့ဇာတိခံ ဘုရားသခင်ကို နားလည်ပြီး လူ့ဇာတိခံ ဘုရားသခင်နှင့် ပတ်သက်သော သမ္မာတရားများကို နားလည်သည်နှင့်တစ်ပြိုင်နက် ကြီးမားသော အတိုင်းအတာတစ်ခုအထိ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ စိတ်သဘောထား အစိတ်အပိုင်းတစ်ခုကို သိကျွမ်းလာပြီးဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သေချာသည်မှာ ယင်းနှင့်အညီ သင်သည် ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏ အယူအဆများနှင့် စိတ်ကူးများစွာကို၊ ဆိုလိုသည်မှာ ကောင်းကင်ဘုံရှိ ဘုရားသခင်၊ ဖန်ဆင်းရှင်နှင့်ပတ်သက်သည့် သင်၏ အယူအဆများနှင့် စိတ်ကူးများကို အများအားဖြင့် လက်လွှတ်လိမ့်မည် ဖြစ်သည်။ ဤအယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်းက အနည်းဆုံးအနေဖြင့် ဘုရားသခင်နှင့်ပတ်သက်၍ ပိုမို တိကျမှန်ကန်သော နားလည်မှုတစ်ခုနှင့် ပိုမို တိကျသော စစ်မှန်သည့် သိမြင်မှုတစ်ခု ရရှိရန် သင့်ကို ကူညီပေးနိုင်သည်။ သို့ဆိုလျှင် ဤသိမြင်မှုနှင့် နားလည်မှုတို့သည် မည်သည့် အခန်းကဏ္ဍမှ ပါဝင်သနည်း။ ယင်းတို့သည် အလွန် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ကြသည်။ သင်သည် ဘုရားသခင်ကို မသိကျွမ်းသောအခါ၊ ဘုရားသခင်သည် လူတို့၏ စိတ်များနှင့် အတွေးများထဲတွင်ဖြစ်စေ၊ ၎င်းတို့၏ ရိုးရာ အယူအဆများထဲတွင်ဖြစ်စေ ရင်းနှီးကျွမ်းဝင်နေသော အရှင်ဖြစ်ပြီး မမြင်နိုင်၊ မထိတွေ့နိုင်သော အရှင်ဖြစ်သည်ဟု သင် ခံစားရကောင်း ခံစားရနိုင်သည်။ သို့သော် လူ့ဇာတိခံ ဘုရားသခင်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအပြင် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို သင် လေ့လာပြီး သိကျွမ်းလာသောအခါ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ စစ်မှန်သော သိမြင်မှု ရှိလာလိမ့်မည်။ ဤရိုးသားစစ်မှန်သော သိမြင်မှုက သင့်အား အယူအဆများနှင့် စိတ်ကူးများထဲတွင်သာ တည်ရှိသော မှားယွင်းသည့် ကျိုးနွံနာခံမှု ရှိမည့်အစား ဘုရားသခင်ကို မှန်ကန်စွာနှင့် ရိုးသားစစ်မှန်စွာ ကျိုးနွံနာခံနိုင်စေသည်။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများမှ မွေးဖွားလာသော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်း သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ စစ်မှန်သော သိမြင်မှုရှိခြင်းမှ လာသော ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့အနက် မည်သည့်အရာက ပို၍ ရိုးသားစစ်မှန်ပြီး ပို၍ မှန်ကန်သနည်း။ သင်တို့ ပြောနိုင်သလော။ ဘုရားသခင်ကို သိကျွမ်းခြင်းရှိရာမှ ပေါ်ပေါက်လာသော ယုံကြည်ခြင်းသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံသော ယုံကြည်ခြင်း မဟုတ်ပေ။ ထိုအစား ဤယုံကြည်ခြင်းသည် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်ပြီး တိကျမှန်ကန်သော သိမြင်မှု အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သင့်အတွက် ဤယုံကြည်ခြင်းက လက်တွေ့ဘဝတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပိုမို တိကျမှန်ကန်စွာ နားလည်သဘောပေါက်ပြီး သိနားလည်စေသည်။ လက်တွေ့ကျသော ပတ်ဝန်းကျင်တိုင်းတွင် သို့မဟုတ် လက်တွေ့ကျသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကြားတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မည်သို့ ပြုမူရမည်၊ တိကျမှန်ကန်သည့်၊ ဘုရားသခင်ကို စစ်မှန်စွာ ကျိုးနွံနာခံခြင်းဖြစ်သည့်၊ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် မျှော်ကြည့်ခြင်းကို ထင်ဟပ်သည့် နည်းလမ်းဖြင့် မည်သို့ ပြုမူရမည်ကို သင့်အား ပိုမို တိကျမှန်ကန်စွာ သိရှိစေသည်။ မည်သည့် ရှုထောင့်မှ ကြည့်သည်ဖြစ်စေ လူ့ဇာတိခံ ဘုရားသခင်ကို သိကျွမ်းခြင်းသည် သာမန်လူတစ်ဦးအကြောင်းကို လေ့လာခြင်းနှင့် သိကျွမ်းခြင်းကဲ့သို့ မရိုးရှင်းပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အနှစ်သာရနှင့် လူ၏ အနှစ်သာရ၊ ဖန်ဆင်းခံများနှင့် ဖန်ဆင်းရှင်တို့ကဲ့သို့သော သမ္မာတရား၏ ကဏ္ဍများစွာ ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်သည်။ ယခင်က ဘုရားသခင်ကို သိကျွမ်းခြင်းနှင့်ပတ်သက်၍ ဥပမာအချို့ကို ငါပေးခဲ့ပြီး သမ္မာတရားအချို့ကို ပြောဆိုခဲ့သည်။ လူတို့သည် ဤအကြောင်းအရာများကို သာမန် အကြောင်းအရာများအဖြစ် မသဘောထားသင့်ဘဲ ယင်းတို့ကို သမ္မာတရား၏ ကဏ္ဍတစ်ခုအနေဖြင့် သိကျွမ်းရန် ကြိုးစားသင့်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူ့ဇာတိခံ ဘုရားသခင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ဝိညာဉ်တော် အမှန်တကယ်နှင့် လက်တွေ့ကျကျ ရုပ်လုံးပေါ်လာသည့် လူ့ဇာတိဖြစ်ပြီး ဘုရား၏သဘောသဘာဝ အနှစ်သာရရှိသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် မြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်စားလှယ်ဖြစ်ပြီး မြေကြီးပေါ်ရှိ ဘုရားသခင်၏ အလုပ်ကို ဖော်ပြချက်လည်း ဖြစ်သည်။ အလုပ်လုပ်ဆောင်ခြင်းနှင့် သူ၏ အနှစ်သာရအရ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုယ်စားပြုရန် အပြည့်အဝ စွမ်းဆောင်နိုင်လေသည်။ သူ၏ ပုံသဏ္ဌာန်အရ ကန့်သတ်ချက်များ ရှိပြီး အပြင်ပန်းအားဖြင့် သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုယ်စားပြုရန် မလုံလောက်ဟု ထင်ရကောင်း ထင်ရနိုင်သော်လည်း သူ၏ အနှစ်သာရနှင့် သူ ပိုင်ဆိုင်သော စိတ်သဘောထားအရ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုယ်စားပြုရန် အပြည့်အဝ စွမ်းဆောင်နိုင်လေသည်။ ထို့ကြောင့် ဤအရာကို ထောက်ရှု၍ လူတို့သည် လူ့ဇာတိခံ ဘုရားသခင် ပါဝင်ပတ်သက်သည့် သမ္မာတရား၏ အမျိုးမျိုးသော ကဏ္ဍများကို လေးလေးနက်နက် သဘောထားသင့်ပြီး ယင်းတို့အကြောင်းကို ဂရုတစိုက် လေ့လာသင့်သည်။ သင်သည် ယင်းတို့ကို လေးလေးနက်နက် သဘောထားပြီး ယင်းတို့အကြောင်းကို လေ့လာရာတွင် သင်၏ စိတ်နှစ်ထားမှသာလျှင် ဘုရားသခင်ကို အမှန်တကယ် နားလည်နိုင်ပေမည်။ သင်သည် မြေကြီးပေါ်ရှိ ဘုရားသခင်ကို အမှန်တကယ် နားလည်ပြီးဖြစ်မှသာလျှင် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုလည်းကောင်း၊ ဖန်ဆင်းရှင်ကိုလည်းကောင်း အလွန် ကြီးမားသော အတိုင်းအတာတစ်ခုအထိ သင် နားလည်နိုင်ပေမည်။ ဖန်ဆင်းရှင်ဖြစ်သော ဘုရားသခင်သည် ကောင်းကင်ဘုံ၊ စကြဝဠာတစ်ခွင်လုံးနှင့် အရာခပ်သိမ်းတွင် မည်သို့ စကားပြောဆိုသည်၊ သူသည် လူတို့ကို မည်သည့်ပုံစံဖြင့် ဆက်ဆံသည်၊ လူတို့ကို မည်သည့် သဘောထားဖြင့် ဆက်ဆံသည်၊ သူသည် အမှုအရာများကို မည်သို့ လုပ်ဆောင်သည်၊ သူ၏ အတွေးများက အဘယ်အရာဖြစ်သည်ဟူသည်နှင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ ပါဝင်ပတ်သက်သည့် အခြားသော ထိုသို့သော ကိစ္စရပ်များကို သင် လုံးဝ မမြင်နိုင်ပေ။ သို့သော် ဘုရားသခင်သည် သာမန်လူတစ်ဦး ဖြစ်လာရန်၊ ပုံသဏ္ဌာန်နှင့် ပုံရိပ်တစ်ခုရှိပြီး အသွေးအသားရှိသော လူတစ်ဦး ဖြစ်လာရန် လူဇာတိခံပြီး မြေကြီးပေါ်သို့ ကြွလာသောအခါ သူ အလုပ်လုပ်ဆောင်ပြီး လူများနှင့် ထိတွေ့ဆက်ဆံကာ ပေါင်းသင်းသည့် ကာလအတွင်းတွင် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကို လူတို့ နားလည်နိုင်ပေသည်။ သူ၏ အမျိုးမျိုးသော စကားများနှင့် လုပ်ရပ်များ၊ ထို့အပြင် သူ ဖော်ပြသော ခံစားချက် အပြည့်အဝတို့မှတစ်ဆင့် ဘုရားသခင်သည် အမှန်တကယ် မည်သို့ဖြစ်သည်၊ သူ၏ အမျိုးမျိုးသော စိတ်ခံစားချက် ပုံစံများက မည်သို့ဖြစ်သည်၊ ထို့အပြင် သူ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများနှင့် စည်းမျဉ်းများက အဘယ်အရာဖြစ်သည်ဟူသည်အပြင် သူ ပြုမူလုပ်ဆောင်သည့် သဘောထားများကို သင် နားလည်နိုင်ပေသည်။ သင်သည် သူ့ကို ပိုမို တိကျသေချာစွာ နားလည်လာမည်ဖြစ်ပြီး သူ့ကို ပိုမို လက်တွေ့ကျစွာ ထိတွေ့နိုင်၊ မြင်တွေ့နိုင်ကာ ကြားနိုင်မည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဤအရာအားလုံးက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို နားလည်ရန် သင့်အတွက် ပို၍ အကျိုးရှိစေသည်။ လူ့ဇာတိခံ ဘုရားသခင်ကို သင် မြင်နိုင်ပြီး ထိတွေ့နိုင်သည်။ သူ မိန့်ဆိုသော စကားများကို သင်၏ နားများဖြင့် ကြားနိုင်ပြီး သူ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းသည့် စည်းမျဉ်းများနှင့် နည်းလမ်းများကို သင်၏ မျက်စိများဖြင့် တွေ့မြင်နိုင်သည်။ ဤသည်မှာ သင်ကိုယ်တိုင် လူ့ဇာတိခံ ဘုရားသခင်၏ စကားပြောဆိုခြင်းနှင့် အလုပ်လုပ်ဆောင်ခြင်းတို့ကို ကြုံတွေ့ရပြီး လူ့ဇာတိခံ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ညီမျှလေသည်။ ဤနည်းအားဖြင့် သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ပတ်သက်၍လည်း နားလည်မှုနှင့် သိမြင်မှု တစ်စုံတစ်ရာ ရှိလာလေသည်။ သင်သည် လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသော သမ္မာတရားများကို နားလည်ပါက ဘုရားသခင်၏ စိတ်သဘောထားကို သိကျွမ်းနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ သင် သိကျွမ်းသောအရာသည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော ဤကဏ္ဍပင် ဖြစ်လေသည်။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင်သည် မြေကြီးပေါ်တွင် မည်သို့ အလုပ်လုပ်ပြီး စကားပြောဆိုသည်၊ သူသည် မည်သည့် စိတ်သဘောထားများကို ထုတ်ဖော်သည်၊ သူ၌ မည်သို့သော အနှစ်သာရ ရှိသည်ဟူသောအရာများသည် ဤကန့်သတ်ချက်ရှိသော အခြေအနေအောက်တွင် ဘုရားသခင်၏ စကားများနှင့် လုပ်ရပ်များ၊ ဘုရားသခင်၏ စကားပြောဆိုခြင်းနှင့် အလုပ်လုပ်ဆောင်ခြင်း နည်းလမ်းများ၊ ထို့အပြင် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကိုပင် ကြီးမားသော အတိုင်းအတာတစ်ခုအထိ သင့်အား တိကျမှန်ကန်စွာ တွေ့မြင်စေကာ သင်၏ ကိုယ်ပိုင်နားများဖြင့် ကြားပြီး သို့မဟုတ် နားလည်ပြီး သိကျွမ်းစေပြီးဖြစ်လေသည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် ပတ်သက်သော ဤသမ္မာတရားများအကြောင်းကို ယခင်က ငါ အနည်းငယ် ပြောဆိုခဲ့ဖူးသော်လည်း မည်သည့်အခါမျှ အလွန် အသေးစိတ်မကျခဲ့ချေ။ ဤတစ်ကြိမ်တွင် ယင်းတို့အကြောင်းကို အသေးစိတ်ကျသော စကားလုံးများဖြင့် ငါ များစွာ ပြောဆိုခဲ့ပြီးဖြစ်သည်။ ဤအရာကို ကြားပြီးနောက်တွင် သင်တို့သည် သမ္မာတရား၏ ဤကဏ္ဍကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်သော သာမန် သမ္မာတရားတစ်ခုအနေဖြင့်ဖြစ်စေ၊ အမျိုးမျိုးသော လူများကို သိကျွမ်းခြင်းနှင့် ပတ်သက်သော သာမန် သမ္မာတရားတစ်ခုအနေဖြင့်ဖြစ်စေ သဘောမထားဘဲ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ပတ်သက်သော သမ္မာတရားတစ်ခုအနေဖြင့် သဘောထားကြလိမ့်မည်ဟု ငါ မျှော်လင့်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သီအိုရီအရဖြစ်စေ၊ လက်တွေ့တွင်ဖြစ်စေ လူ့ဇာတိခံ ဘုရားသခင်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်သည် တစ်ပါးတည်း ဖြစ်သောကြောင့် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် မြေကြီးပေါ်ရှိ ဘုရားသခင်၏ ဖော်ပြချက်နှင့် သရုပ်သကန်ဖြစ်ပြီး မြေကြီးပေါ်ရှိ ဘုရားသခင်၏ အလုပ်ကို အပ်နှံခြင်းခံရသော အရှင်လည်း ဖြစ်သည်။ သင် မည်သို့ပင် ပြောဆိုသည်ဖြစ်စေ အနှစ်သာရနှင့် စိတ်သဘောထားအရ ဤလူ့ဇာတိခံ လူသားသည် အခြားအရာအားလုံးထက် ကောင်းကင်ဘုံရှိ ဘုရားသခင်၊ ဖန်ဆင်းရှင်နှင့် တစ်ပါးတည်းဖြစ်ပြီး သဟဇာတဖြစ်လေသည်။ သူတို့သည် တစ်ပါးတည်းဖြစ်သောကြောင့် လူ့ဇာတိခံ ဘုရားသခင်ကို သိကျွမ်းခြင်းသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိကျွမ်းရန် လမ်းကြောင်းတစ်ခု ဖြစ်သည်။ သေချာသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို သိကျွမ်းခြင်းသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိကျွမ်းရန် သင်တို့အတွက် အကောင်းဆုံးသော အခွင့်အရေးများထဲမှ တစ်ခုလည်းဖြစ်ပြီး ထိုသို့ပြုရန် အသင့်လျော်ဆုံးသော အခြေအနေကို ပေးစွမ်းလေသည်။ ဤသို့ မဟုတ်လော။ (ဟုတ်ပါသည်။) ငါ ချဲ့ကားပြောဆိုနေသည်ဟု သင်တို့ ဆိုမည်လော။ (မဆိုပါ။) ငါပြောသည့်အရာသည် အဖြစ်မှန်များနှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။)

အချို့လူများက “ကောင်းကင်ဘုံရှိ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်သည်၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားနိုင်ပြီး လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားနိုင်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဤအရာကို လုပ်ဆောင်နိုင်သလော။ လူ့ဇာတိခံ ဘုရားသခင်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်သည် တစ်ပါးတည်းဖြစ်ကာ လူ့ဇာတိခံ ဘုရားသခင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုယ်စားပြုနိုင်သောကြောင့် သူသည် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်သလော။ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲနိုင်သလော” ဟု ပြောဆိုကြသည်။ လူတစ်ဦးက ဤကဲ့သို့သော အမြင်ရှုထောင့်မျိုးကို ဝေမျှသောအခါ သင်တို့ မည်သို့ ရှင်းပြသနည်း။ ငါ့ကို ပြောလော့၊ လူ့ဇာတိခံ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်း အလုပ်ကို လုပ်ဆောင်နိုင်သလော။ (လုပ်ဆောင်နိုင်ပါသည်။) မည်သည့် အခြေခံဖြင့် သင်က “လုပ်ဆောင်နိုင်ပါသည်” ဟု ပြောသနည်း။ သင်၏ အမြင်ရှုထောင့်ကို ငါ့အား ပြောပြလော့။ သင် မည်သို့ ထင်သနည်း။ (လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်သောကြောင့် ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်း အလုပ်ကို လုပ်ဆောင်နိုင်ပါသည်။ လူ့ဇာတိခံ ဘုရားသခင်တွင် ကိုယ်တော် လုပ်ဆောင်သင့်သည့် အလုပ်ရှိခြင်းသာ ဖြစ်ပါသည်။ ကိုယ်တော်သည် ထိုအခြားအလုပ်ကို မလုပ်ဆောင်ပါ။) ဤသည်မှာ ယင်းကို ပြောဆိုသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သီအိုရီအရ ဤပြောဆိုချက်သည် မှန်ကန်သလော။ ယင်းသည် မည်သည့်နည်းဖြင့်မဆို လွဲချော်နေခြင်း သို့မဟုတ် မှားယွင်းနေခြင်း ရှိသလော။ (မရှိပါ။) ဤပြောဆိုချက်က လူ့ဇာတိခံ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်း အလုပ်ကို သေချာပေါက် လုပ်ဆောင်နိုင်သည်ဟု ဆိုလိုသည်။ ယင်းမှာ သူ လုပ်ဆောင်ခြင်း ဟုတ်မဟုတ်ဟူသည့်အပေါ်တွင်သာ မူတည်လေသည်။ သူ မလုပ်ဆောင်ပါက ယင်းဖြစ်ပျက်နေသည်ကို သင် မမြင်နိုင်ပေ၊ သို့သော် သူ လုပ်ဆောင်ခဲ့မည်ဆိုပါက သူ လုံးဝ လုပ်ဆောင်နိုင်ပေသည်။ ဤသဘောတရားသည် မှန်ကန်သော်လည်း ဤသီအိုရီနှင့် လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရအပြင် သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့ကို သိကျွမ်းခြင်းနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့နေသည့်အရာကြားတွင် ကွာဟချက်တစ်ခု ရှိနေသည် မဟုတ်လော။ (ရှိပါသည်။) သို့ဆိုလျှင် ဤအရာကို ထပ်မံ စဉ်းစားကြည့်လော့။ ဤပြဿနာကို ဖြေရှင်းရန် ဤအရာကို မည်သို့ မိတ်သဟာယဖွဲ့သင့်သနည်း။ (ဘုရားသခင်၊ ကျွန်ုပ် တစ်စုံတစ်ခု ဖြည့်စွက်လိုပါသည်။ ဘုရားသခင်၏ အနှစ်သာရသည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်သည် သမ္မာတရားကို ဖော်ပြနိုင်ပါသည်။ လူ့ဇာတိခံ ဘုရားသခင်သည်လည်း သမ္မာတရားကို အဓိက ဖော်ပြပါသည်။ သမ္မာတရား ကိုယ်၌၏ သြဇာအာဏာသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲနိုင်ပြီး အရာခပ်သိမ်းကို ထိန်းချုပ်နိုင်ပါသည်။ ဤအရာက လူ့ဇာတိခံ ဘုရားသခင်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်သည် တစ်ပါးတည်းဖြစ်ကြောင်းနှင့် လူ့ဇာတိခံ ဘုရားသခင်သည်လည်း အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲနိုင်ကြောင်း ပြသနိုင်သည်ဟု ကျွန်ုပ် ခံစားရပါသည်။) ဤပြောဆိုချက်သည် မှန်ကန်သလော။ ဤပြောဆိုချက်သည် မှန်ကန်သော်လည်း ယင်းသည် ပြဿနာ၏ အရင်းအမြစ်ကို မဖော်ထုတ်ရသေးသည့်အပြင် လက်တွေ့ကျသော ပြဿနာကိုလည်း မဖြေရှင်းနိုင်သေးပေ။ ဤပြောဆိုချက်သည် သီအိုရီတစ်ခုမျှသာ ဖြစ်ကြောင်း ဤအရာက သက်သေပြလေသည်။ လူ့ဇာတိခံ ဘုရားသခင်၏ ပုံသဏ္ဌာန်အရ၊ သူသည် မွေးရာပါ အခြေအနေများနှင့် ဇာတိပကတိ၏ ပင်ကိုသဘာဝများဖြင့် ကန့်သတ်ခံရသည်။ အပြင်ပန်းအားဖြင့် သူသည် ဘုရားသခင်၏ ဝိညာဉ်တော် လုပ်ဆောင်သကဲ့သို့ အမှုအရာများကို မလုပ်ဆောင်နိုင်ဟု ထင်ရသည်။ အမှန်တွင် သူသည် ယင်းတို့ကို မလုပ်ဆောင်နိုင်ခြင်း မဟုတ်ဘဲ ထိုအစား သူသည် လူဇာတိခံထားပြီးဖြစ်သောကြောင့် လူ့ဇာတိခံ ဘုရားသခင် တာဝန်ယူသင့်သည့် အလုပ်ကို လုပ်ဆောင်ရန် ကြွလာခဲ့ခြင်းဖြစ်ကာ သူနှင့် သင့်လျော်သော အလုပ်နှင့် မသက်ဆိုင်သည့် အလုပ်ကို သူ မလုပ်ဆောင်ခြင်းသာ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်တွင် သာမန်ဖြစ်ပြီး လက်တွေ့ကျသော စရိုက်တစ်ခု ရှိသောကြောင့် အပြင်ပန်းအားဖြင့် လူ့ဇာတိ၌ ရှိနေခြင်း၏ မွေးရာပါ အခြေအနေနှင့် အမျိုးမျိုးသော ဓမ္မဓိဋ္ဌာန်ကျသည့် အကြောင်းရင်းများဖြင့် ကန့်သတ်ခံရကာ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် နှိုင်းယှဉ်၍ မရနိုင်ဟု ထင်ရသည်။ သို့ရာတွင် လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရအရ သူသည် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်ပြီး အရာခပ်သိမ်းကိုလည်း ထိန်းချုပ်နိုင်လေသည်။ သူ၏ အနှစ်သာရသည် ဘုရားသခင်၏ အနှစ်သာရဖြစ်ပြီး သူ၏ အသက်သည် ဘုရားသခင်၏ အသက်ဖြစ်သောကြောင့် သူသည် ဤအရာများကို လုပ်ဆောင်နိုင်လေသည်။ သင်တို့ ယခုလေးတင် ပြောခဲ့သည့်အရာသည် ဤပြဿနာ၏ အရင်းအမြစ်ကို မဖော်ထုတ်ခဲ့သည့်အပြင် ဤပြဿနာ၏ အဓိကအချက်ကိုလည်း မဖြေရှင်ခဲ့ပေ။ သို့ဆိုလျှင် ဤပြဿနာ၏ အဓိကအချက်မှာ အဘယ်အရာ ဖြစ်သနည်း။ လူ့ဇာတိခံ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်ပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားနိုင်သည်ဟူသောအရာမှာ အမှန်တရားတစ်ခု ဖြစ်သည်။ ယင်းသည် သီအိုရီတစ်ခု မဟုတ်သည့်အပြင် ပြောဆိုချက်သက်သက်တစ်ခုလည်း မဟုတ်ပေ၊ လူသား၏ အယူအဆတစ်ခုဖြစ်ဖို့ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ သို့ဆိုလျှင် လူ့ဇာတိခံ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်း အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း ပြသသည့် သရုပ်သကန်များမှာ အဘယ်နည်း။ လူ့ဇာတိခံ ဘုရားသခင်တွင် ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အသက် ရှိသောကြောင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖော်ပြနိုင်လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍မူ ယင်းတို့ ကိုယ်နှိုက်က သြဇာအာဏာနှင့် တန်ခိုးကို ဆောင်ကြဉ်းသည်။ ယင်းတို့သည် အရာခပ်သိမ်းကို ဖြစ်မြောက်အောင်မြင်စေနိုင်သည်၊ အရာခပ်သိမ်းကို ဖန်ဆင်းနိုင်ပြီး သေချာသည်မှာ ယင်းတို့သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုလည်း ကိုင်စွဲနိုင်လေသည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သူသည် သူကိုယ်တိုင် ဖော်ပြသော နှုတ်ကပတ်တော်များကို ဖြစ်မြောက်အောင်မြင်စေပြီး မည်သည့် အင်အားကမျှ ဤအရာကို မဟန့်တားနိုင်ပေ။ သင် မြင်သလော၊ ဤသာမန်လူဖြစ်သည့် လူ့ဇာတိခံ ဘုရားသခင် ပြောကြားသော နှုတ်ကပတ်တော်များသည် မည်သို့သော နှုတ်ကပတ်တော်မျိုးဖြစ်စေ၊ မည်သည့်အကြောင်းဖြစ်စေ အားလုံးက သြဇာအာဏာနှင့် တန်ခိုးကို ပါရှိလေသည်။ ဤသည်မှာ အချက်တစ်ချက် ဖြစ်သည်။ ထို့အပြင် မည်မျှ နှစ်ကြာသည်ဖြစ်စေ သူ ပြောကြားသော နှုတ်ကပတ်တော်များသည် ဘုရားသခင်က သူ၏ ကိုယ်ပိုင် နှုတ်ကပတ်တော်များတွင် “ဘုရားသခင်ပြောဆိုသည့်အရာသည် အတည်ပြောဆိုခြင်းဖြစ်ပြီး သူပြောဆိုသည့်အရာက ပြီးမြောက်လိမ့်မည်ဖြစ်ကာ သူလုပ်ဆောင်သည့်အရာသည် ထာဝရတည်တံ့မည်” ဟု မိန့်ဆိုထားသည့်အတိုင်း မလွဲမသွေ တစ်ခုပြီးတစ်ခု ဖြစ်မြောက်အောင်မြင်ပြီး ပြည့်စုံလာလေသည်။ ဤပြောဆိုချက်သည် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားခြင်းနှင့် ပတ်သက်၍ အစစ်မှန်ဆုံးနှင့် အတိကျဆုံးသော ရှင်းပြချက် ဖြစ်သည်။ သူ စတင်မိန့်ဆိုခဲ့သည့် ပထမဆုံးသော နှုတ်ကပတ်တော်မှစ၍ ယနေ့တိုင်အောင် နှုတ်ကပတ်တော်တိုင်းသည် ကမ္ဘာ၏ မတူညီသော နေရာဒေသများနှင့် မတူညီသော ကာလများတွင် မတူညီသော အတိုင်းအတာများအထိ တဖြည်းဖြည်း ပြည့်စုံလာပြီး ဖြစ်မြောက်အောင်မြင်လာနေသည်။ ဤရှုထောင့်မှကြည့်လျှင် လူ့ဇာတိခံ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားခြင်း အလုပ်ကို လုပ်ဆောင်နိုင်သလော။ (လုပ်ဆောင်နိုင်ပါသည်။) ဤကိစ္စနှင့် ပတ်သက်၍ အဖြစ်မှန်များကို သင်တို့ မြင်သလော။ (မြင်ပါသည်။) ဤသည်မှာ အဖြစ်မှန်များ၏ ကဏ္ဍတစ်ခု ဖြစ်သည်။ အခြားကဏ္ဍတစ်ခုမှာ သင်က ဘုရားသခင်၏ ဤအလုပ်အဆင့်ကို လက်ခံပြီး ဘုရားသခင်၏ ရှေ့မှောက်သို့ လာကာ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသော ဤနှုတ်ကပတ်တော်များကို လက်ခံနိုင်ပါက ယင်းတို့သည် သင်၏ အသက် ဖြစ်လာနိုင်သည်၊ ဘဝအပေါ် သင်၏ သဘောထားအမြင်ကို ပြောင်းလဲပေးနိုင်ပြီး သင်၏ ကျင့်ကြံပြုမူခြင်း ဦးတည်ချက်ကို ပြောင်းလဲပေးနိုင်လေသည်။ ဤနှုတ်ကပတ်တော်များကို လက်ခံသူတို့သည် ယင်းတို့အားဖြင့် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် ကျိန်ဆဲခြင်းကိုပင် ခံရသော်လည်း အဆုံးတွင် ၎င်းတို့အားလုံးသည် ဤနှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခြင်း ခံရလေသည်။ ဤနှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခြင်း ခံရပြီးနောက်တွင် သမ္မာတရားကို လိုက်စားသူတို့သည် အဆုံး၌ ယင်းတို့ကို ရရှိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် မကြာမီ ၎င်းတို့၏ အသက် ဖြစ်လာပြီး ဤသို့ဖြစ်လာသောအခါ ဤလူတို့သည် လူသားမျိုးနွယ်သစ်တစ်ရပ် ဖြစ်လာကြသည်။ ငါ့ကို ပြောလော့၊ လူသားမျိုးနွယ်သစ်တစ်ရပ် မွေးဖွားလာခြင်းဟူသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ရရှိသည့် ရလဒ်ဖြစ်သလော။ (ဟုတ်ပါသည်။) ဤလူသားမျိုးနွယ်သစ်နှင့် အာဒံ၊ ဧဝတို့ခေတ်မှ လူသားမျိုးနွယ် နှစ်ရပ်လုံးကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းဖြစ်သော်လည်း ၎င်းတို့ကို ဖန်ဆင်းသည့် ပုံစံနှင့် နည်းလမ်းမှာ ကွဲပြားလေသည်။ ဤလူသားမျိုးနွယ်သစ် မွေးဖွားလာခြင်းက ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်ကို တစ်ဖန် ဖန်ဆင်းရန် နှုတ်ကပတ်တော်များကို အသုံးပြုခဲ့ကြောင်း ဆိုလိုသည်။ သို့ဖြစ်၍ လူ့ဇာတိခံ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းရန် နှုတ်ကပတ်တော်များကို အသုံးပြုသောကြောင့် လူ့ဇာတိခံ ဘုရားသခင်သည် အရာခပ်သိမ်းကိုလည်း ဖန်ဆင်းနိုင်သည်ဟု ဆိုနိုင်ကြောင်း သင် ထင်သလော။ (ဟုတ်ပါသည်။) ယခု ဤအလုပ်အဆင့်ကို လက်ခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံကာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ခံယူပြီး သန့်စင်ခြင်းခံရသော လူတို့သည် အာဒံနှင့် ဧဝတို့ခေတ်မှ လူသားများ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားများနှင့် လုံးဝ ကွဲပြားသော လူစားမျိုး ဖြစ်ကြသည်။ ၎င်းတို့သည် မတူညီသော အသက်များရှိသည့် လူနှစ်မျိုးနှစ်စား ဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် လက်ခံသူတို့သည် လူသားမျိုးနွယ်သစ်တစ်ရပ်၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝဟောင်းကို ဖယ်ရှားပြီးဖြစ်ကာ ၎င်းတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့၏ အသက်ဖြစ်သည့် အသက်တာတစ်ခု ရှိပြီး ၎င်းတို့သည် ခေတ်သစ်၊ ကာလသစ်တစ်ခုသို့ မကြာမီ ဝင်ရောက်မည့် လူသားမျိုးနွယ်သစ်တစ်ရပ် ဖြစ်လာကြပြီးဖြစ်သည်။ ဤအရာကို စိတ်ထဲမှတ်ထားလျက် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိသည် လူသားမျိုးနွယ်သစ်တစ်ရပ်ကို တစ်ဖန် ဖန်ဆင်းပြီးဖြစ်သည်ဟု ဆိုနိုင်သလော။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့၏ အသက်ဖြစ်သည့် အသက်တာတစ်ခု ပိုင်ဆိုင်သော လူသားမျိုးနွယ်သစ်တစ်ရပ်ကို ဖန်ဆင်းရန် နှုတ်ကပတ်တော်များကို အသုံးပြုခဲ့ပြီးဖြစ်သည်။ ဤသည်မှာ ကဏ္ဍတစ်ခု ဖြစ်သည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သော အလုပ် ဖြစ်သည်။ သူ၏ အလုပ် အကျိုးသက်ရောက်မှုများနှင့် နောက်ဆုံး ရလဒ်တို့မှ အကဲဖြတ်ရလျှင် သူသည် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်း အလုပ်ကို လုပ်ဆောင်နိုင်လေသည်။ သူ ဤအလုပ်ကို လုပ်ဆောင်နိုင်ခြင်း၏ အကြောင်းရင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဤဇာတိပကတိအတွင်း၌ ကျိန်းဝပ်ပြီး ယင်းတွင် ဘုရား၏သဘောသဘာဝ အနှစ်သာရ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဘုရားသခင်၏ သြဇာအာဏာတို့ ရှိကာ သေချာသည်မှာ ယင်းသည် ဘုရားသခင် ပိုင်ဆိုင်သော သမ္မာတရားကို သာ၍ပင် ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်၊ ဖန်ဆင်းရှင်သည် အရာခပ်သိမ်းကို ဖန်ဆင်းရန် နှုတ်ကပတ်တော်များကို အသုံးပြုခဲ့သည်။ သူ ပြောလိုက်ပြီး ယင်းက ဖြစ်တည်လာသည်။ သူ အမိန့်ပေးတော်မူပြီး ထိုအမိန့်က ခိုင်မာစွာ တည်လေသည်။ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သော ဤနောက်ဆုံး အလုပ်အဆင့်သည် အရာခပ်သိမ်းကို ဖြစ်မြောက်အောင်မြင်စေရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်းနှင့် အရာခပ်သိမ်းကို ဖန်ဆင်းရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်းဖြစ်သည့် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အလုပ်နှင့် လုံးဝ တူညီလေသည်။ ယင်းတို့သည် သဘောသဘာဝတူညီကြသည်။ ဤအလုပ်အဆင့်ကို လုပ်ဆောင်ရန် ဘုရားသခင် ခံယူခဲ့သော လူ့ဇာတိသည် မည်သည့် ကမ္ဘာတုန်လောက်ဖွယ် အောင်မြင်မှုများမျှ မရှိခဲ့ဖူးသော သို့မဟုတ် မည်သည့် ကမ္ဘာတုန်လောက်ဖွယ် လုပ်ရပ်များမျှ မလုပ်ဆောင်ခဲ့ဖူးသော သာမန်၊ ပုံမှန် လူတစ်ဦးနှင့် တူသော်လည်း သူ ပြောကြားခဲ့သော နှုတ်ကပတ်တော်များနှင့် ဤနှစ်ပေါင်းများစွာတစ်လျှောက် သူ ဖော်ပြခဲ့သော သမ္မာတရားများသည် သူ့အတွက် လူတစ်စုကို ရရှိစေပြီးဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လူတို့ထဲသို့ တဖြည်းဖြည်း ထည့်သွင်းပြီး ဖြစ်လေသည်။ မကြာမီတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့၏ အသက်ဖြစ်သည့် အသက်တာကို ပိုင်ဆိုင်သော လူသားမျိုးနွယ်သစ်တစ်ရပ် မွေးဖွားလာလိမ့်မည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သော အလုပ် ဖြစ်သည်။ ဤသည်မှာ မည်သည့် အလုပ်ဖြစ်သနည်း။ ယင်းသည် ဘုရားသခင်၏ နောက်ဆုံး အလုပ်အဆင့်ကို ဖြစ်မြောက်အောင်မြင်စေရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၊ နှုတ်ကပတ်တော်များကို လူတို့ထဲသို့ ထည့်သွင်းခြင်းနှင့် လူသားမျိုးနွယ်သစ်တစ်ရပ်ကို တစ်ဖန် ဖန်ဆင်းရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်းလည်း ဖြစ်သည်။ ဤသည်မှာ ကဏ္ဍတစ်ခု ဖြစ်သည်။ အခြားတစ်ခုမှာ ဘုရားသခင်သည် အလုပ်လုပ်ဆောင်ရန် ဒုတိယအကြိမ် လူဇာတိခံခဲ့သည့် အချိန်မှစ၍ ဘုရားသခင်၏ ဒုတိယ အလုပ်အဆင့်ဖြစ်သော ကျေးဇူးတော်ခေတ်၏ အလုပ်သည် ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး နိဂုံးချုပ်ခဲ့လေသည်။ ကျေးဇူးတော်ခေတ် ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကျေးဇူးတော်ခေတ်၏ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ကျေးဇူးတော်ခေတ်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သော အလုပ်အားလုံးသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့လေသည်။ ဘာသာရေးလောကတစ်ခုလုံးသည် ယင်း၏ ဘာသာရေး ပုံစံနှင့် ယင်းအပေါ် ဘုရားသခင်၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်အရ အတိတ်ကအရာတစ်ခု ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် နောက်ဆုံးသော ကာလ၏ တရားစီရင်သည့် အလုပ်ကို စတင်လုပ်ဆောင်သောအခါ ကျေးဇူးတော်ခေတ်၏ အသင်းတော်များနှင့် အုပ်စုများရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရုပ်သိမ်းခဲ့လေသည်။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင် ပေါ်ထွန်းပြီး အလုပ်လုပ်ဆောင်ကာ နှုတ်ကပတ်တော်များကို မြွက်ဆိုပြီး စကားပြောဆိုသည့် အချိန်မှစ၍ ဘာသာရေးလောကတစ်ခုလုံးကို ဘာသာရေး နေရာများနှင့် ဘာသာရေး အုပ်စုများအဖြစ် ဘုရားသခင်က သတ်မှတ်ခဲ့သည်။ ယင်းတို့သည် ဘုရားသခင် အလုပ်လုပ်ဆောင်သော နေရာများ မဟုတ်တော့သည့်အပြင် ဘုရားသခင်၏ စောင့်ရှောက်မှု ခံရသည့် အရာများလည်း မဟုတ်တော့ပေ။ ဘုရားသခင်သည် ၎င်းတို့ကို စွန့်ခွာသွားခဲ့ပြီးဖြစ်သည်။ ဆိုလိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အပေါ် အလုပ်မလုပ်တော့ပေ။ ခရစ်ယာန်ဘာသာ၊ ကက်သလစ်ဘာသာ၊ ဂျူးဘာသာ သို့မဟုတ် အလားတူအရာများ ဖြစ်စေကာမူ ယင်းတို့အားလုံးကို ဘာသာတရားများအဖြစ် သတ်မှတ်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကြားတွင် အလုပ်မလုပ်ပေ။ ဘုရားသခင်၏ အလုပ်သည် ခေတ်သစ်၊ ကာလသစ်တစ်ခုသို့ လုံးလုံးလျားလျား ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် ဒုတိယအကြိမ် လူဇာတိခံပြီး အလုပ်ကို တရားဝင် စတင်လုပ်ဆောင်ကာ သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြသည့် အချိန်မှစ၍ ကျေးဇူးတော်ခေတ်သည် လုံးလုံးလျားလျား ပြီးဆုံးသွားခဲ့လေသည်။ ဘာသာရေးလောက၏ အလုပ်နှင့် လှုပ်ရှားမှုများအားလုံးသည်လည်း ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် လူ့ဇာတိခံ ဘုရားသခင်သည် ဤအလုပ်အဆင့်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား၏ အမျိုးမျိုးသော ကဏ္ဍများကို စတင်ဖော်ပြခဲ့သောကြောင့် ဖြစ်သည်။ ယင်းတို့ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဤကြေညာချက်က လူသားမျိုးနွယ်အားလုံးအတွက် ယုံကြည်ခြင်း၊ ဘာသာရေး ပုံစံ၊ ဘာသာရေး အမည်နာမများ၏ သတ်မှတ်ချက်တို့နှင့် ပတ်သက်၍ အစီအစဉ်သစ်တစ်ခု ရှိကြောင်း ဆိုလိုသည်။ ထိုခေတ်သည် ကုန်လွန်သွားခဲ့ပြီ၊ ဆိုလိုသည်မှာ ကျေးဇူးတော်ခေတ်သည် လုံးလုံးလျားလျား ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခု ငါတို့တွင် ဤအစီအစဉ်သစ် ရှိပြီဖြစ်ရာ ခရစ်ယာန်ဘာသာ သို့မဟုတ် ကက်သလစ်ဘာသာသည် လူသားမျိုးနွယ်၏ ယုံကြည်ခြင်းတွင် ရေစီးကြောင်းများကို လမ်းပြပေးသည့် ဦးဆောင်လမ်းပြ ဘာသာတရားတစ်ခုအဖြစ် လူသားမျိုးနွယ်ကြားတွင် ရိုသေလေးမြတ်ခြင်း မခံရတော့ဘဲ အတိတ်မှအရာတစ်ခု ဖြစ်သွားခဲ့ပြီဟု ဆုံးဖြတ်နိုင်လေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူ့ဇာတိခံ ဘုရားသခင်သည် နောက်ထပ် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်တော့မည့်၊ ခေတ်သစ်တစ်ခုသို့ ခြေလှမ်းတော့မည့် လူသားမျိုးနွယ်ကို စတင်ဦးဆောင်နေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် နောက်ခေတ်တစ်ခုသို့ စတင်ခြေလှမ်းသည့် အချိန်မှစ၍ ခရစ်ယာန်ဘာသာသည် လူသားမျိုးနွယ်အားလုံးကြားတွင် အတိတ်မှအရာတစ်ခု ဖြစ်လာခဲ့သည်။ ယင်းသည် ဘာသာတရားဟောင်းတစ်ခု ဖြစ်လာခဲ့သည်။ သေချာသည်မှာ လူ့ဇာတိခံ ဘုရားသခင်သည် အလုပ်ကို စတင်လုပ်ဆောင်ပြီး နှုတ်ကပတ်တော်များကို ဖော်ပြသည့် အချိန်မှစ၍ လူသားမျိုးနွယ်အားလုံးသည် ၎င်းတို့ မသိလိုက်ဘဲ ခေတ်သစ်၊ ကာလသစ်တစ်ခုထဲသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရလေသည်။ လူသားမျိုးနွယ်တစ်ရပ်လုံးတွင် ဘာသာတရား ပါဝင်ပတ်သက်သည့် အကြောင်းအရာများ သို့မဟုတ် ခေတ်စားနေသော စကားလုံးများဖြစ်စေ၊ အမျိုးမျိုးသော နယ်ပယ်များရှိ အချို့သော ရေစီးကြောင်း ညွှန်ပြချက်များဖြစ်စေ ဤအရာအားလုံးသည်လည်း ဦးတည်ချက်အသစ်တစ်ခုသို့ တိုးတက်ပြောင်းလဲနေပြီး ကာလသစ်တစ်ခုထဲသို့ ခေါ်ဆောင်ခြင်း ခံနေရလေသည်။ သေချာသည်မှာ ခရစ်ယာန်ဘာသာသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို အမျိုးမျိုးသော နယ်ပယ်များတွင် နှစ်ပေါင်း နှစ်ထောင်ကြာ လွှမ်းမိုးခဲ့သကဲ့သို့ပင် လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်သော အလုပ်အပြင် အသင်းတော်တွင် ရေပန်းစားသော အမျိုးမျိုးသော ဝိညာဉ်ရေးရာ ဝေါဟာရများနှင့် ဆိုရိုးစကားများ၊ သို့မဟုတ် ယုံကြည်ခြင်း ပါဝင်ပတ်သက်သည့် အချို့သော အတွေးများနှင့် အမြင်များသည် နောင်လာမည့် အချိန်တွင် ဤလူသားမျိုးနွယ်ကို အချိန်ကာလတစ်ခုကြာ လွှမ်းမိုးလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အလုပ်က ပျံ့နှံ့ပြီး ဧဝံဂေလိတရားက ပျံ့နှံ့သည်နှင့်အမျှ လူ့ဇာတိခံ ဘုရားသခင် မိန့်ဆိုသော နှုတ်ကပတ်တော်များ သို့မဟုတ် အသင်းတော်ရှိ ဘုရားသခင်၏ ဤအလုပ်အဆင့် နယ်ပယ်အတွင်းမှ အချို့သော ဆိုရိုးစကားများ၊ အချို့သော အတွေးများနှင့် အမြင်များသည် နောက်ခေတ်တွင် လူသားမျိုးနွယ်ကို တဖြည်းဖြည်း လမ်းပြပြီး ဦးဆောင်လိမ့်မည်ဖြစ်ကာ ၎င်းတို့ အသက်ရှင်နေထိုင်သည့် နည်းလမ်းကို ပဲ့ကိုင်ပေးလိမ့်မည်။ ဤသည်မှာ ရေစီးကြောင်း ဖြစ်သည်။ သေချာသည်မှာ လူ့ဇာတိခံ ဘုရားသခင်သည် ဤအလုပ်အဆင့်ကို စတင်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ပြောင်းလဲသွားခြင်းကြောင့် ဘာသာရေးလောကသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးခဲ့ရပြီး ခြောက်ကပ်သော အခြေအနေသို့ ကျဆင်းသွားခဲ့လေသည်။ ဘာသာရေးလောကသည် ဤအလုပ်အဆင့်အားဖြင့် ဖယ်ရှားရှင်းလင်းခြင်းနှင့် ဖြိုဖျက်ခြင်း ခံခဲ့ရသည်ဟု လက်တွေ့ကျကျ ဆိုနိုင်ပေသည်။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင် ရောက်ရှိလာခြင်းနှင့် ဘုရားသခင်၏ ဤအလုပ်အဆင့် စတင်ခြင်းသည် လောကတစ်ခုလုံး၊ လူသားမျိုးနွယ်နှင့် ၎င်းတို့၏ ယုံကြည်ခြင်းအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်သည်သာမက ပြစ်တင်ရှုတ်ချခြင်းတစ်ခုလည်း ဖြစ်ပြီး သေချာသည်မှာ ပြောင်းလဲမှုတစ်မျိုးလည်း ဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) လူ့ဇာတိခံ ဘုရားသခင်သည် နှုတ်ကပတ်တော်များကို စတင်ဖော်ပြပြီး ဤအလုပ်အဆင့်ကို လုပ်ဆောင်သည့် အချိန်မှစ၍ လူသားမျိုးနွယ်အားလုံး၏ ယုံကြည်ခြင်း ဦးတည်ချက်သည် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီး ဘာသာရေးလောကသည်လည်း လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေသည်။ ဤအရာအားလုံးသည် အဖြစ်မှန်များ ဖြစ်ကြသည်။ လူ့ဇာတိခံ ဘုရားသခင် မိန့်ဆိုသော ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရား ပါဝင်ပတ်သက်သည့် ဤအမျိုးမျိုးသော အကြောင်းအရာများသည် အနာဂတ်တွင် ကမ္ဘာ၏ နိုင်ငံများနှင့် နေရာဒေသအားလုံးသို့ တဖြည်းဖြည်း ပျံ့နှံ့သွားမည်ဖြစ်ပြီး အမျိုးမျိုးသော နယ်ပယ်များနှင့် ဘာသာရေး အုပ်စုများသို့ ပျံ့နှံ့သွားမည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက ဖော်ပြသည့်ျ မတူညီသော အတွေးများနှင့် အမြင်များသည် ဘာသာရေးလောကနှင့် ဤလူသားမျိုးနွယ်ကို မကြာမီ လွှမ်းမိုးလိမ့်မည်ဖြစ်ပြီး သေချာသည်မှာ ယင်းတို့သည် ဤလူသားမျိုးနွယ်နှင့် ဘာသာရေးလောကကို မကြာမီ ပြောင်းလဲပေးလိမ့်မည်ဖြစ်ကာ လူသားမျိုးနွယ်နှင့် ဘာသာရေးလောက၏ လက်ရှိ အခြေအနေကို ပြောင်းလဲပေးလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဤအလုပ်အဆင့်သည် လူသားမျိုးနွယ်အားလုံးနှင့် ဘာသာရေးလောကကို လွှမ်းမိုးရန် သူ၏ နှုတ်ကပတ်တော်များနှင့် အမျိုးမျိုးသော အမှုအရာများအပေါ် သူဖော်ပြသည့် အမြင်ရှုထောင့်များကို တစ်ဖန် အသုံးပြုနေခြင်းဖြစ်သည်ဟု ဆိုခြင်းနှင့် ညီမျှလေသည်။ ဤနှုတ်ကပတ်တော်များနှင့် ပတ်သက်၍မူ ယင်းတို့တွင် လူသားမျိုးနွယ်၊ ဤလောကနှင့် ဘာသာရေးလောကကို ပြောင်းလဲရန်၊ လူတို့ကို ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ပြီး ၎င်းတို့ကို အမျိုးအမည်ခွဲခြားရန်၊ ထို့အပြင် ၎င်းတို့၏ အဆုံးသတ်များနှင့် ခရီးဆုံးပန်းတိုင်များကို ကြေညာရန် လုံလောက်သော သြဇာအာဏာနှင့် တန်ခိုး ရှိလေသည်။ သေချာသည်မှာ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များအားလုံးကို ဖော်ပြစဉ်တွင် ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း အမျိုးမျိုးသော အခြေအနေများကို အဆက်မပြတ် ပြောင်းလဲပေးနေပြီး အရာခပ်သိမ်းအပေါ် သူ၏ အချုပ်အခြာအာဏာကို ကျင့်သုံးနေလေသည်။ လူ့ဇာတိခံ ဘုရားသခင် မိန့်ဆိုသော ဤနှုတ်ကပတ်တော်များ ပျံ့နှံ့သည့် မည်သည့်နေရာတွင်မဆို ယင်းတို့ကို ကြားပြီး ဖတ်ရှုသူတို့သည် ယင်းတို့ကို လက်ခံသည်ဖြစ်စေ၊ အတိုက်အခံလုပ်သည်ဖြစ်စေ ဤနှုတ်ကပတ်တော်များသည် ၎င်းတို့ကို နှိုးဆွပေးပြီး ယင်းတို့နှင့် ထိတွေ့သူအားလုံးသည် တဖြည်းဖြည်း ထုတ်ဖော်ခြင်းနှင့် အမျိုးအစားခွဲခြားခြင်း ခံရလေသည်။ ဆိုလိုသည်မှာ ဤနှုတ်ကပတ်တော်များ၏ ရှေ့မှောက်တွင် လူအမျိုးအစားတိုင်းဖြစ်သည့် သမ္မာတရားကို ချစ်မြတ်နိုးသူများနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူများ၊ ဖောက်ပြန်ပျက်စီးသော လူသားများ၊ နတ်ဆိုးများ၊ တိရစ္ဆာန်များနှင့် လမ်းလျှောက်နေသော လူသေကောင်များ၊ အမျိုးမျိုးသော လိုက်စားမှုများ ရှိသူများနှင့် အမျိုးမျိုးသော အတွေးများနှင့် အမြင်များ ရှိသူများ၊ ထို့အပြင် အမျိုးမျိုးသော အယူအဆများ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် ဘုရားသခင်ကို ယုံကြည်သူတို့သည် ၎င်းတို့၏ စရိုက်မှန် ထုတ်ဖော်ခြင်း ခံရလေသည်။ ဤနည်းအားဖြင့် လူအားလုံးသည် ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ခြင်း ခံရသည်။ သမ္မာတရားကို ချစ်မြတ်နိုးသော ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လာကြသည်။ တစ်ချိန်တည်းတွင် သမ္မာတရားကို မချစ်မြတ်နိုးသော သို့မဟုတ် လက်မခံသောသူတို့မှာမူ ဘုရားသခင်၏ သိုးများ မဟုတ်ကြပေ။ ၎င်းတို့သည် တံခါးပိတ်ခံရပြီး ပြစ်တင်ရှုတ်ချခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရလေသည်။ ပြစ်တင်ရှုတ်ချခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသော ဤလူစားမျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် မိန့်ဆိုထားသည့် ကြီးမြတ်သော နေ့ရက်၏ တရားစီရင်ခြင်းကို မကြာမီ စောင့်ဆိုင်းရလိမ့်မည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် မိန့်ဆိုထားသည့် ဆိုးယုတ်သောလူများအား အပြစ်ဒဏ်ပေးခြင်းပင် ဖြစ်သည်။ ဘုရားသခင်က ဤအလုပ်အဆင့်ကို လုပ်ဆောင်ခြင်းနှင့် ဤနှုတ်ကပတ်တော်များကို မိန့်ဆိုခြင်းက ယခုရော အနာဂတ်တွင်ပါ လူသားမျိုးနွယ်အပေါ် သက်ရောက်သည့် လွှမ်းမိုးမှုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ရရှိသည့် ရလဒ် လုံးလုံးလျားလျားဖြစ်ပြီး အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တန်ခိုးအားဖြင့် ရရှိခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များအားလုံးသည် ဘုရားသခင် လူ့ဇာတိခံယူသည့် ကာလအတွင်းတွင် သူ လုပ်ဆောင်သော အလုပ်နှင့် သူ မိန့်ဆိုသော နှုတ်ကပတ်တော်များ ဖြစ်ကြသည်။ သို့ဆိုလျှင် ငါ့ကို ပြောလော့၊ ဤလွှမ်းမိုးမှုမှဖြစ်စေ သို့မဟုတ် ရရှိပြီးဖြစ်ကာ လူတို့ မြင်တွေ့နိုင်သည့် အမျိုးမျိုးသော ရလဒ်များမှဖြစ်စေ အကဲဖြတ်ရသော် လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ အနှစ်သာရနှင့် သူ၏ ပင်ကိုလက္ခဏာအရ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားခြင်း အလုပ်ကို လုပ်ဆောင်နိုင်သလော။ (ကိုယ်တော် လုပ်ဆောင်နိုင်ပါသည်။) “ကိုယ်တော် လုပ်ဆောင်နိုင်ပါသည်” ဟု ပြောခြင်းသည် အယူဝါဒတစ်ခု သို့မဟုတ် ပြောဆိုချက်သက်သက်တစ်ခု မဟုတ်ပေ၊ မှန်သလော။ (မှန်ပါသည်။) လူ့ဇာတိခံ ဘုရားသခင်သည် ပုံသဏ္ဌာန်အရ ကောင်းကင်ဘုံရှိ ဘုရားသခင် သို့မဟုတ် ဘုရားသခင်၏ ဝိညာဉ်တော်ကဲ့သို့ နက်နဲပြီး ဉာဏ်မမီနိုင်ခြင်း သို့မဟုတ် တန်ခိုးကြီးခြင်း မရှိသော်လည်း သူ၏ အနှစ်သာရနှင့် သူ၏ အသက်အရ၊ ထို့အပြင် သူ ဖော်ပြသော နှုတ်ကပတ်တော်များအရ သူသည် လူသားမျိုးနွယ်သစ်တစ်ရပ်ကို ဖန်ဆင်းရန်၊ ဤလောကကို ပြောင်းလဲရန်နှင့် လူသားမျိုးနွယ်ကို ပြောင်းလဲရန်၊ ထို့အပြင် လူသားမျိုးနွယ်အပေါ် အချုပ်အခြာအာဏာ ကိုင်စွဲရန် အပြည့်အဝ စွမ်းဆောင်နိုင်လေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤအရာအားလုံးကို ဖြစ်မြောက်အောင်မြင်စေရန် နှုတ်ကပတ်တော်များကို အသုံးပြုသည့် လူ့ဇာတိခံ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖြစ်မြောက်အောင်မြင်စေရန် နှုတ်ကပတ်တော်များကို အသုံးပြုသည့် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် လုံးဝ သဟဇာတဖြစ်ပြီး လုံးလုံးလျားလျား တစ်သမတ်တည်း ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သည့် အပြင်ပန်း ပုံသဏ္ဌာန်နှင့် သူ၏ အပြင်ပန်း အသွင်အပြင်အရ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင် လုပ်ဆောင်သော အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို မပိုင်ဆိုင်ဟု ထင်ရသည်။ သို့ရာတွင် သူ၏ အနှစ်သာရနှင့် အသက်အရ သူသည် အရာခပ်သိမ်းကို ဖြစ်မြောက်အောင်မြင်စေရန်၊ အရာခပ်သိမ်းကို ဖန်ဆင်းရန်နှင့် အရာခပ်သိမ်းကို ပြောင်းလဲရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း အလုပ်ကို လုပ်ဆောင်နိုင်လေသည်၊ မှန်သလော။ (မှန်ပါသည်။) ယနေ့ အမှုအရာများ မည်သို့ရှိသည်ကို ကြည့်လော့။ ဘာသာရေးလောကဖြစ်စေ၊ ဤလောကီ ကိုယ်၌ဖြစ်စေ၊ ယင်းတို့၏ ပုံစံများက မည်သို့ရှိသည်နှင့် ယင်းတို့ မည်သည့် အခြေအနေတွင် ရှိနေသည် ဟူသောအရာများအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆက်စပ်နေလေသည်။ တစ်ဖက်တွင် ယင်းတို့အားလုံးသည် ဘုရားသခင် ပြောကြားသော နှုတ်ကပတ်တော်များကို ပြည့်စုံစေသည်။ အခြားတစ်ဖက်တွင် ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်သစ်များကို ဖော်ပြခြင်းနှင့် သမ္မာတရားကို ဖော်ပြခြင်းတို့ကြောင့် ယင်းတို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံရလေသည်။ သင် မည်သို့ပင် ကြည့်သည်ဖြစ်စေ၊ ယင်းတို့သည် လက်ရှိတွင် မည်သည့် အခြေအနေ၌ ရှိနေသည်ဖြစ်စေ၊ ဤအခြေအနေများအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ပြောင်းလဲသွားခြင်းဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ရလဒ်အဖြစ် ပေါ်ပေါက်လာခြင်းဖြစ်ကာ ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များနှင့် ဘုရားသခင် ပြောကြားသည့်အရာ၏ ကဏ္ဍအားလုံးနှင့် ဆက်စပ်နေလေသည်။ ဧဝံဂေလိတရား ပျံ့နှံ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပိုမို ကျယ်ပြန့်စွာ ပျံ့နှံ့သွားသည်နှင့်အမျှ ပို၍များသော လူများဖြစ်သည့် ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးမှ လူများ၊ လူမျိုးအားလုံးနှင့် နယ်ပယ်အားလုံးမှ လူများသည် လာရောက်ကြပြီး ဘုရားသခင်၏ ဤအလုပ်အဆင့်သစ်ကို လက်ခံကြလိမ့်မည်။ ဤနည်းအားဖြင့် ပို၍များသော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံကြလိမ့်မည်၊ ပို၍များသော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ပြောင်းလဲခြင်း ခံရလိမ့်မည်ဖြစ်ကာ ပို၍များသော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရရှိပြီး လူသားမျိုးနွယ်သစ်တစ်ရပ် ဖြစ်လာကြလိမ့်မည်။ သေချာသည်မှာ ဧဝံဂေလိတရား ပျံ့နှံ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပိုမို ကျယ်ပြန့်စွာ ပျံ့နှံ့သွားသည်နှင့်အမျှ မကြာမီ အနာဂတ်တွင် ဤမကြာမီ အနာဂတ်သည် ကျေးဇူးတော်ခေတ်၏ နှစ်ပေါင်း နှစ်ထောင်ထက် သေချာပေါက် များစွာ ပိုတိုတောင်းလိမ့်မည်ဖြစ်ကာ လူသားမျိုးနွယ်၏ ယုံကြည်ခြင်းအပြင် အမျိုးမျိုးသော ကိစ္စရပ်များအပေါ် ၎င်းတို့၏ အတွေးများနှင့် အမြင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ပြောင်းလဲခြင်း ခံရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်သော သို့မဟုတ် အသိအမှတ်မပြုသောသူများနှင့် ဘုရားသခင်ကို အသိအမှတ်မပြုသောသူများသည်လည်း ဤနှုတ်ကပတ်တော်များ၏ လွှမ်းမိုးမှုကို အတိုင်းအတာအမျိုးမျိုးအထိ ခံရလိမ့်မည်။ ဤရလဒ်များမှ အကဲဖြတ်ရလျှင် ယင်းက အဆုံး၌ လူ့ဇာတိခံ ဘုရားသခင် ပြောကြားသော နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းကို ဖြစ်မြောက်အောင်မြင်စေနိုင်ပြီး အရာခပ်သိမ်းကို ပြောင်းလဲနိုင်သည်ဟူသော သမ္မာတရား၏ အမှန်တရားဆီသို့ ရောက်ရှိသွားသည်၊ မဟုတ်လော။ (ဟုတ်ပါသည်။)

ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အကြောင်းအရာ၏ ဤကဏ္ဍများမှ အကဲဖြတ်ရလျှင် လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သော အလုပ်နှင့် ပြောကြားသော နှုတ်ကပတ်တော်များအပြင် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အလုပ်နှင့် နှုတ်ကပတ်တော်များကြားတွင် ကွာဟချက် တစ်ခုတလေ ရှိသလော။ (မရှိပါ။) လူ့ဇာတိခံ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်း အလုပ်ကို လုပ်ဆောင်နိုင်သည်ဟူသော အမှန်တရားနှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသော အမှန်တရားကြားတွင် ဆန့်ကျင်ဘက်ဖြစ်မှု မရှိပေ။ ဤအမှန်တရား နှစ်ခုကြားတွင် အကွာအဝေး သို့မဟုတ် ကွာဟချက် မရှိပေ။ ဤအချက်သည် သံသယဖြစ်ဖွယ် မရှိသင့်ပေ။ ဤသေချာမှုသည် သဘောတရားတစ်ခု မဟုတ်သည့်အပြင် အယူအဆတစ်ခု သို့မဟုတ် စိတ်ကူးတစ်ခုလည်း မဟုတ်ပေ၊ နားထောင်ကောင်းသော ဆိုရိုးစကားသက်သက်တစ်ခုဖြစ်ဖို့ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ ထိုအစား ယင်းသည် အဖြစ်မှန်များကို အခြေခံ၍ ငါတို့ ပြောဆိုသောအရာတစ်ခု ဖြစ်သည်။ အခြား အရေးကြီးသော အချက်တစ်ခုမှာ လူ့ဇာတိခံ ဘုရားသခင်သည် မည်သည့်အရာကို ပြောကြားသည်ဖြစ်စေ၊ မည်သို့သော အလုပ်မျိုးကို လုပ်ဆောင်ရန် ရည်ရွယ်သည်ဖြစ်စေ တစ်ဖက်တွင် သူ၏ နှုတ်ကပတ်တော်များ ကိုယ်၌က သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်ပြီး အရာခပ်သိမ်းကို ဖြစ်မြောက်အောင်မြင်စေသည့် ရလဒ်ကို ရရှိနိုင်လေသည်။ အခြားတစ်ဖက်တွင် သူ၏ နှုတ်ကပတ်တော်များကို ထုတ်ပြန်လိုက်သည်နှင့်အမျှ ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း ဤအရာအားလုံးကို ဖြစ်မြောက်အောင်မြင်စေရန် ယင်းတို့နှင့် အတူယှဉ်တွဲ၍ အလုပ်လုပ်ဆောင်နေလေသည်။ ဤသည်မှာ မည်သူကမျှ ၎င်းတို့၏ စကားများ သို့မဟုတ် လုပ်ရပ်များဖြင့် မရရှိနိုင်သောအရာတစ်ခု ဖြစ်သည်။ ပရောဖက်တစ်ဦး၊ ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ကျွမ်းကျင်သူတစ်ဦးကဲ့သို့သော သာမန်လူတစ်ဦးဦးသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့သည် တစ်စုံတစ်ခုကို ခန့်မှန်းရန် သို့မဟုတ် ဟောကိန်းထုတ်ရန် ကြိုးစားသည်ဖြစ်စေ၊ အချို့သော ဖြစ်စဉ်များအကြောင်း ပြောဆိုသည်ဖြစ်စေ၊ အစီရင်ခံစာအချို့ကို ထုတ်ပြန်သည်ဖြစ်စေ ၎င်းတို့သည် အမှုအရာများ တိတိကျကျ မည်သို့ ပြောင်းလဲဖြစ်ပေါ်လာမည်ကို သို့မဟုတ် မည်သည့်အရာ ဖြစ်ပျက်မည်ကို အသေအချာ မရှင်းပြနိုင်ကြသည့်အပြင် “ဤစကားများသည် မလွဲမသွေ ဖြစ်မြောက်အောင်မြင်လိမ့်မည်ဖြစ်ပြီး မလွဲမသွေ အဖြစ်မှန် ဖြစ်လာလိမ့်မည်” ဟု ရာခိုင်နှုန်းပြည့် သေချာမှုဖြင့် မပြောရဲကြပေ။ ဤသည်မှာ လူတို့ မစွမ်းဆောင်နိုင်သောအရာတစ်ခု ဖြစ်သည်။ သို့သော် ဘုရားသခင်နှင့် ပတ်သက်၍မူ လူ့ဇာတိခံ ဘုရားသခင် ပြောကြားသော နှုတ်ကပတ်တော်တိုင်းသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ၏ ဖော်ပြချက်ဖြစ်ပြီး ဘုရားသခင်ထံမှ လာသောကြောင့် သူ ပြောဆိုနေသည့်အရာသည် မည်သည့်အရာပင် ဖြစ်ပါစေ ယင်းသည် မလွဲမသွေ ဖြစ်မြောက်အောင်မြင်ပြီး ပြည့်စုံလာလိမ့်မည်။ တစ်ဖက်တွင် ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တန်ခိုးနှင့် သြဇာအာဏာ ဖြစ်သည်။ အခြားတစ်ဖက်တွင် ဤသည်မှာ အလုပ်လုပ်ဆောင်နေသော ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်ကြောင်း သင် သဘောပေါက်သင့်သည်။ လူ့ဇာတိခံ ဘုရားသခင် အလုပ်လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း အလုပ်လုပ်ဆောင်နေကြောင်းနှင့် ဇာတိပကတိနှင့် ဝိညာဉ်တော်သည် ခွဲခြား၍မရနိုင်ဘဲ တစ်ပါးတည်းဖြစ်ကြောင်းကိုလည်း ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) သို့ဆိုလျှင် ငါ့ကို ပြောလော့၊ လူ့ဇာတိခံ ဘုရားသခင် စကားပြောဆိုနေသောအခါ ဤလူ့ဇာတိက စကားပြောဆိုနေခြင်းလော သို့မဟုတ် ဘုရားသခင်၏ ဝိညာဉ်တော်က စကားပြောဆိုနေခြင်းလော။ ဤအရာကို သင် အသေအချာ ရှင်းပြနိုင်သလော။ ယင်းမှာ ဘုရားသခင်က နှုတ်ကပတ်တော်များကို ဖော်ပြနေခြင်းဖြစ်သည်၊ မဟုတ်လော။ ဘုရားသခင်က နှုတ်ကပတ်တော်များကို ဖော်ပြနေခြင်း ဖြစ်သောကြောင့်သာလျှင် သူ၏ နှုတ်ကပတ်တော်များအားလုံးသည် ဖြစ်မြောက်အောင်မြင်နိုင်ပြီး အားလုံး ပြည့်စုံလာနေခြင်း ဖြစ်သည်။ ဤအရာနှင့် ပတ်သက်၍ ငါတို့ များစွာ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ငါတို့ ယခုလေးတင် ဖော်ပြခဲ့သည့် ပြဿနာသည် ပြေလည်သွားပြီလော။ (ပြေလည်သွားပါပြီ။) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းကို ဖြစ်မြောက်အောင်မြင်စေပြီး ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ သမ္မာတရား မဟုတ်လော။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သမ္မာတရားဖြစ်ပြီး ယင်းသည် အမှန်တရားတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သော အလုပ်က ရရှိသည့် ရလဒ်များသည် သာမန်လူတစ်ဦး ရရှိနိုင်သောအရာ မဟုတ်သည့်အပြင် သူ၏ အလုပ်နှင့် နှုတ်ကပတ်တော်များ၏ သဘောသဘာဝနှင့် အနှစ်သာရသည် သာမန်လူတစ်ဦး၏ စကားများ မဟုတ်ပေ။ တစ်စုံတစ်ဦးက “လူတို့သည် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်သလော၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲနိုင်သလော၊ ထို့အပြင် အရာခပ်သိမ်းကို ဖြစ်မြောက်အောင်မြင်စေနိုင်သလော” ဟု မေးခဲ့မည်ဆိုပါက ငါတို့က “မလုပ်နိုင်ပါ” ဟု ပြတ်သားစွာ ဖြေဆိုနိုင်ပေသည်။ တစ်စုံတစ်ဦးက “သို့ဆိုလျှင် လူ့ဇာတိခံ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်သလော၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲနိုင်သလော၊ ထို့အပြင် အရာခပ်သိမ်းကို ဖြစ်မြောက်အောင်မြင်စေနိုင်သလော” ဟု မေးခဲ့မည်ဆိုပါက ငါတို့သည် လုံးဝ တုံ့ဆိုင်းမနေသင့်ဘဲ “လုပ်နိုင်ပါသည်” ဟု ပြတ်သားစွာ ဖြေဆိုသင့်ပေသည်။ ဤစကားများသည် အယူဝါဒ မဟုတ်ဘဲ သမ္မာတရားများနှင့် အဖြစ်မှန်များ ဖြစ်ကြသည်။

ယခင်က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ပထမတွဲကိုသာ ဖော်ပြခဲ့ပြီး လူများစွာတို့သည် ဧဝံဂေလိတရား ဟောပြောရန် ထွက်သွားခဲ့ကြသောအခါ ဘာသာရေးသမား အတော်များများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ကြပြီး ဘုရားသခင်၏ ဤအလုပ်အဆင့်ကို လက်ခံခဲ့ကြသည်။ ဘာသာရေးလောကသည် လုံးဝ ပြိုကွဲသွားခဲ့လေသည်။ ယခုအခါ ဒုတိယတွဲ၊ တတိယတွဲ၊ စတုတ္ထတွဲ၊ ပဉ္စမတွဲ၊ ဆဋ္ဌမတွဲနှင့် သတ္တမတွဲ အားလုံးကို ဖော်ပြပြီးဖြစ်ကာ နောက်ပိုင်းတွင် လူမျိုးတိုင်းနှင့် နိုင်ငံတိုင်း၏ နေရာဒေသတိုင်းနှင့် ဘာသာရေး နေရာတိုင်းသို့ ပျံ့နှံ့သွားခဲ့လေသည်။ ဤနှုတ်ကပတ်တော်များကို လူသားမျိုးနွယ်အားလုံးထံ လူသိရှင်ကြား ထုတ်ပြန်သောအခါ ငါ့ကို ပြောလော့၊ ယင်းက မည်သည့် အကျိုးသက်ရောက်မှု ရှိမည်နည်း။ ယင်းမှာ မည်သို့သော မြင်ကွင်းမျိုး ဖြစ်မည်နည်း။ လူသားမျိုးနွယ်သည် ကွဲပြားသွားမည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) တရုတ်နိုင်ငံတစ်ဝန်းတွင် ဧဝံဂေလိတရား ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့သည့် တစ်နှစ်တာကာလအတွင်းတွင် အချို့လူများသည် လမ်းများ၊ စက်ရုံများနှင့် ကျေးရွာများကဲ့သို့သော နေရာအသီးသီးသို့ အန္တရာယ်ကို စွန့်စား၍ နေရာအနှံ့ ဧဝံဂေလိတရား သွားရောက်ဟောပြောခဲ့ကြသည်။ ထိုအချိန်က ဧဝံဂေလိတရားကို လက်ခံသူ အလွန်များပြားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ပထမတွဲကိုသာ ဖော်ပြခဲ့ချိန်တွင်ပင် ဤသည်မှာ မှန်သော လမ်းခရီးဖြစ်ကြောင်း ယုံကြည်ပြီး အသိအမှတ်ပြုသူ များစွာ ရှိနေနှင့်ပြီးဖြစ်သည်။ အချို့လူများသည် ယင်းကို မှန်သော လမ်းခရီးဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြသော်လည်း အဆင်းနီသော နဂါးကြီး၏ အရူးအမူး ဖိနှိပ်မှု၊ ဖမ်းဆီးမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် ယင်းကို လက်ခံရန် မဝံ့ရဲခဲ့ကြပေ၊ သို့တိုင်အောင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် တရုတ်နိုင်ငံတစ်ဝန်းလုံးသို့ ပျံ့နှံ့သွားခဲ့ဆဲဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ပြည်နယ်၊ မြို့နှင့် ခရိုင်တိုင်းတွင် တည်ထောင်ခဲ့လေသည်။ ဤအရာက အဆင်းနီသော နဂါးကြီးကို ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။ ယင်းသည် ဖိနှိပ်မှုနှင့် ဖမ်းဆီးမှုများကို လုပ်ဆောင်ရန် အစွမ်းကုန် ကြိုးပမ်းခဲ့ပြီး “အမြစ်ပြတ်ချေမှုန်းပြီးမှသာ တပ်ဖွဲ့များ ပြန်ရုပ်သိမ်းမည်” ဟုပင် ခြိမ်းခြောက်ခဲ့လေသည်။ သို့သော် ဆယ်နှစ်ကြာပြီးနောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကမ္ဘာ၏ နိုင်ငံများနှင့် နေရာဒေသအားလုံးသို့ ပျံ့နှံ့သွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။ အထူးသဖြင့် အာရှတိုက်ရှိ ဖိလစ်ပိုင်နိုင်ငံ၊ မြောက်အမေရိကနှင့် တောင်အမေရိက၊ ထို့အပြင် ဥရောပနှင့် အာဖရိကတို့တွင် ဧဝံဂေလိအလုပ် အဆက်မပြတ် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည်ကို ငါတို့ တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ တရုတ်နိုင်ငံတွင် ဧဝံဂေလိတရား ဟောပြောစဉ်က “အုပ်စုလိုက် ဧဝံဂေလိဟောပြောခြင်း” ဟုခေါ်သော ဝေါဟာရတစ်ခု ရှိခဲ့ပြီး ယင်းမှာ လူအနည်းငယ် သို့မဟုတ် ဒါဇင်နှင့်ချီသော လူများကို တစ်ချိန်တည်းတွင် ဧဝံဂေလိတရား ဟောပြောခြင်းကို ရည်ညွှန်းကာ အထူးသဖြင့် ကောင်းမွန်သော ရလဒ်များကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် အဆင်းနီသော နဂါးကြီး၏ အရူးအမူး ဖိနှိပ်မှုနှင့် ဖမ်းဆီးမှုများကြောင့် ဤနည်းလမ်းကို ရပ်ဆိုင်းခဲ့ရသော်လည်း အခြားနိုင်ငံအချို့တွင် တစ်ဖန် ရေပန်းစားလာခဲ့လေသည်။ အာရှနိုင်ငံအချို့တွင် ၎င်းတို့က ယင်းကို “အုပ်စုလိုက် ဧဝံဂေလိဟောပြောခြင်း” ဟု မခေါ်ဆိုဘဲ “ကျေးရွာများ၊ ကျောင်းများနှင့် စက်ရုံများ တစ်ခုလုံးသို့ ဧဝံဂေလိတရား ဖြန့်ဝေခြင်း” ဟု ခေါ်ဆိုကြပြီး ၎င်းတို့သည် အစိုးရဌာနများ၊ ရဲစခန်းများနှင့် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များသို့ပင် ဧဝံဂေလိတရား ဖြန့်ဝေကြလေသည်။ အလားတူ မြင်ကွင်းမျိုး ပေါ်ထွက်လာခဲ့သည်။ လူများစွာတို့သည် ဧဝံဂေလိတရားကို လက်ခံခဲ့ကြပြီးဖြစ်သည်။ လူသားမျိုးနွယ်အားလုံးသည် ၎င်းတို့ မည်သည့် လုပ်ငန်းတွင် ရှိနေသည်ဖြစ်စေ၊ မည်သည့် အုပ်စု၏ အစိတ်အပိုင်းဖြစ်သည်ဖြစ်စေ၊ မည်သည့် လူမျိုးစုမှ လာသည်ဖြစ်စေ အမှောင်ထု၊ ကူကယ်ရာမဲ့မှုနှင့် လမ်းပျောက်မှုတို့ထဲတွင် အသက်ရှင်နေထိုင်ကြလေသည်။ ၎င်းတို့သည် မည်သို့ အသက်ရှင်နေထိုင်ရမည်ကို မသိကြသကဲ့သို့ မည်သို့ ကျင့်ကြံပြုမူရမည်ကိုလည်း မသိကြပေ။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်လေသည်။ ဤကယ်တင်ခြင်းသည် လုပ်ထုံးလုပ်နည်းတစ်ခု မဟုတ်သကဲ့သို့ ထုံးတမ်းစဉ်လာတစ်ခုလည်း မဟုတ်ပေ။ ထိုအစား လူတို့ကို ကယ်တင်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားနှုတ်ကပတ်တော်များ၏ ဦးဆောင်မှု၊ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုနှင့် ဉာဏ်ပွင့်စေခြင်းတို့ကို လိုအပ်ပြီး လူတို့အတွက် ဦးတည်ချက်နှင့် လမ်းကြောင်းကို ညွှန်ပြရန်၊ ထို့အပြင် လူတို့ကို မည်သို့ ကျင့်ကြံပြုမူရမည်၊ မည်သို့သော လူစားမျိုး ဖြစ်ရမည်၊ မည်သို့သော လမ်းကြောင်းကို လျှောက်လှမ်းရမည်နှင့် ၎င်းတို့ ကြုံတွေ့ရသည့် ကိစ္စရပ်တိုင်းတွင် မည်သည့် စည်းမျဉ်းများကို လိုက်နာရမည်ဟူသည်တို့ကို သွန်သင်ပေးရန်လည်း ဘုရားသခင်က ရှင်းလင်းပြတ်သားသော ဘာသာစကားကို အသုံးပြုခြင်းကို လိုအပ်လေသည်။ ဤလူသားမျိုးနွယ်သည် ဤသမ္မာတရားများကို အလွန်အမင်း လိုအပ်လေသည်။ ထို့ကြောင့် ဧဝံဂေလိတရား ဟောပြောသူတို့သည် ကျေးရွာများ၊ မြို့များ၊ ကျောင်းများ၊ စက်ရုံများ၊ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များနှင့် ရဲစခန်းများ တစ်ခုလုံးသို့ ယင်းကို ဖြန့်ဝေသောအခါ ၎င်းတို့သည် သက်ဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို အသံထွက် ဖတ်ပြခဲ့ကြပြီး ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကိုလည်း သက်သေခံခဲ့ကြသည်။ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူ အများစုသည် နားထောင်ပြီး လက်ခံရန် လိုလားခဲ့ကြကာ အသင်းတော်အသက်တာတွင်လည်း ပါဝင်လိုခဲ့ကြသည်။ သို့သော် ထိုအချိန်က ၎င်းတို့၏ အခြေအနေများက ဤအရာကို ခွင့်မပြုခဲ့ခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ကန့်သတ်ချက်အချို့ကို ခံခဲ့ရလေသည်။ သို့သော် ဧဝံဂေလိတရား ပျံ့နှံ့နေစဉ်အတွင်း ဖြစ်ပေါ်ခဲ့သော ဤဖြစ်စဉ်များမှ အကဲဖြတ်ရလျှင် ဤလူသားမျိုးနွယ်သည် အထူးသဖြင့် ဝမ်းနည်းဖွယ်ကောင်းပြီး သနားစရာကောင်းသော ဘဝများဖြင့် အသက်ရှင်နေထိုင်ကြကာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုကို လိုအပ်လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာလျှင် ၎င်းတို့ကို ဦးတည်ချက်နှင့် ပန်းတိုင်များ ပေးစွမ်းနိုင်သည်၊ ၎င်းတို့ကို ပိုမိုကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်စေပြီး စာတန် သို့မဟုတ် ဆိုးယုတ်သော ရေစီးကြောင်းများ၏ နှိပ်စက်ညှဉ်းပန်းမှုကို မခံရတော့ဘဲ ဆက်လက် ရှင်သန်နိုင်စေလေသည်။ လူသားမျိုးနွယ်အားလုံးက ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို လက်ခံပြီး ဘုရားသခင်၏ ထောက်ပံ့မှုနှင့် သူ့ထံမှလာသော ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုကို လက်ခံခဲ့ပါက ငါ့ကို ပြောလော့၊ ၎င်းတို့သည် အလွန် ပျော်ရွှင်စွာ အသက်ရှင်နေထိုင်ကြမည် မဟုတ်လော။ (ဟုတ်ပါသည်။) အရာတစ်ခုကတော့ သေချာသည်။ ဤလူသားမျိုးနွယ်သည် ဘုရားနှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုနှင့် လမ်းပြမှုကို လက်ခံခဲ့ပါက ၎င်းတို့သည် ဘုရားသခင်၏ ကောင်းချီးများကြားတွင် အသက်ရှင်နေထိုင်ကြမည်ဖြစ်ပြီး စာတန်၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံရတော့မည် မဟုတ်ဘဲ ၎င်းတို့၏ အဆုံးသတ်သည် ဤလက်ရှိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ကွဲပြားလိမ့်မည် ဖြစ်သည်။ ဤသို့ မဟုတ်လော။ (ဟုတ်ပါသည်။) ဧဝံဂေလိတရား ဟောပြောခြင်းနှင့် ပတ်သက်သည့် ဤအခြေအနေများအကြောင်း အချို့သောအရာများကို သင်တို့ ကြားဖူးကြသလော။ (ဟုတ်ပါသည်။) ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြသူများနှင့် ပတ်သက်၍မူ ၎င်းတို့သည် ဤဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်ကြာမြင့်စွာ ဖတ်ရှုပြီးနောက်တွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ “ဤအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်၊ ဤနှုတ်ကပတ်တော်များသည် ကောင်းမွန်ပြီး ယင်းတို့သည် သမ္မာတရား ဖြစ်သည်” ဟုသာ ခံစားရပြီး အလွန်အမင်း စိတ်လှုပ်ရှားမှု မရှိကြပေ။ သို့သော် ဤနှုတ်ကပတ်တော်များကို ယခုလေးတင် ကြားဖူးသူများနှင့် ပတ်သက်၍မူ ၎င်းတို့သည် ရေစီးကြောင်းတစ်ခုဆီသို့ အပြန်လမ်းကို ရှာတွေ့သွားသော ငါးများကဲ့သို့ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် အာဟာရဖြစ်မှုကို ခံစားကြရလေသည်။ “မိုးခေါင်ပြီးနောက် ရွာသွန်းသော မိုးရေကဲ့သို့ လန်းဆန်းစေသည်” ဟူသော ဆိုရိုးစကားတစ်ခု ရှိသည်။ ဤသည်မှာ ၎င်းတို့ ခံစားရသည့် ပုံစံ အတိအကျပင် ဖြစ်သည်။ ထို့ကြောင့် လူများစွာတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် ယင်းတို့ကို လက်ခံရန် လိုလားခဲ့ကြသည်။ ကျောင်းများမှ ကျောင်းသားများ၊ ရဲစခန်းများမှ ရဲအရာရှိများနှင့် ရဲမှူးများ၊ ထို့အပြင် အစိုးရ အရာရှိများအားလုံးသည် ယင်းတို့ကို လက်ခံရန် လိုလားခဲ့ကြသည်။ ဘာသာရေးလောကတွင် ယင်းတို့ကို ဦးဆောင် လက်ခံခဲ့ကြပြီး လုပ်ဖော်ကိုင်ဖက် ဓမ္မဆရာအချို့နှင့် ယုံကြည်သူများကို အသင်းတော်ထဲသို့ ခေါ်ဆောင်လာခဲ့သော သင်းအုပ်များပင် ရှိလေသည်။ သင် မည်သို့ပင် ကြည့်သည်ဖြစ်စေ လူ့ဇာတိခံ ဘုရားသခင် ပြောကြားသော နှုတ်ကပတ်တော်များနှင့် ဖော်ပြသော သမ္မာတရားများသည် လူသားမျိုးနွယ်၏ လိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်ရုံသာမက ၎င်းတို့၏ ကံကြမ္မာကိုလည်း ပြောင်းလဲပေးနိုင်လေသည်။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ပတ်သက်သော သမ္မာတရားများသည် အလွန် အရေးကြီးပြီး သူ့ကို သိကျွမ်းခြင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဤအရာနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် မရှိပေ။ ဤအရာများကို သင်တို့ သိကျွမ်းလာကြပြီလော။ (ဘုရားသခင်က ဤကဲ့သို့ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယင်းတို့ကို အနည်းငယ် သိကျွမ်းလာကြပါပြီ။ ယခင်က လူ့ဇာတိခံ ဘုရားသခင်နှင့် ပတ်သက်သည့် ကျွန်ုပ်တို့၏ သိမြင်မှုအားလုံးသည် အယူဝါဒ ဖြစ်ခဲ့ပါသည်။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲကြောင်းကို ကျွန်ုပ်တို့ သိခဲ့ကြသော်လည်း အဖြစ်မှန်များကို ကျွန်ုပ်တို့ မမြင်ခဲ့ကြပါ။ ဘုရားသခင်၏ မိတ်သဟာယပြီးနောက်တွင် ယင်းသည် ကျွန်ုပ်တို့အတွက် ပိုမို ရှင်းလင်းလာခဲ့ပါပြီ။) ယခု ယင်းက သင်တို့အတွက် ပိုမို ရှင်းလင်းလာပြီဖြစ်ရာ သင်တို့၌ ယုံကြည်ခြင်း ပိုရှိလာပြီလော။ (ရှိလာပြီဖြစ်ပါသည်။) တစ်နေ့တွင် သင်၏ ဒေသခံ အသင်းတော်ရှိ လူအများစုသည် ဘုရားသခင်နှင့် ပတ်သက်၍ သံသယများ ဖြစ်ပေါ်လာပြီး ဆက်လက် ယုံကြည်ရန် မဝံ့ရဲတော့ဘဲ အစိုးရ၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် လောကီ၏ ငြင်းပယ်မှုတို့ကြောင့် ၎င်းတို့၏ ယုံကြည်ခြင်းကို ဆုံးရှုံးသွားကာ သင် တစ်ဦးတည်းသာ ကျန်ရစ်သည့်အပြင် လူများစွာတို့က သင့်ကို ဝေဖန်ကဲ့ရဲ့ပြီး ပြစ်တင်ရှုတ်ချ၍ “သင်တို့ ယုံကြည်သည့်အရာသည် လူတစ်ဦး ဖြစ်သည်၊ သင်သည် အထင်အမြင်မှားစေခြင်း ခံခဲ့ရပြီ” ဟု ပြောပါက သင် မည်သို့ လုပ်ဆောင်မည်နည်း။ (ကျွန်ုပ်သည် ၎င်းတို့ကို လျစ်လျူရှုပြီး ဆက်လက် ယုံကြည်ပါမည်။) သင့်ကို ထိခိုက်မည်လော။ သင် အထီးကျန်သည်ဟု ခံစားရမည်လော။ သင်သည်လည်း သံသယများ ဖြစ်ပေါ်လာပြီး “ဤလောကရှိ လူများစွာတို့က မယုံကြည်ကြပေ၊ ငါ၏ ယုံကြည်ခြင်းက တကယ် မှန်ကန်သလော။ ဤကဲ့သို့ ဆက်လက် ယုံကြည်ခြင်းအားဖြင့် ငါ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ ငါ့တွင် ကောင်းမွန်သော အဆုံးသတ်နှင့် ခရီးဆုံးပန်းတိုင်တစ်ခု ရှိမည်လော” ဟု သင့်ဘာသာ တွေးတောမည်လော။ သင်တို့ ဤကဲ့သို့ တွေးတောမည်လော။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာသည် ဖြစ်မြောက်အောင်မြင်ပြီး ပြည့်စုံလာခဲ့ပြီဖြစ်ကြောင်းကို ယခု မြင်ရသဖြင့် ကျွန်ုပ်တို့တွင် ဤအတွေးများ ရှိမည်မဟုတ်ပါ၊ သို့သော် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၌ အားနည်းချက်အချို့ ရှိနေဦးမည် ဖြစ်ပါသည်။) အားနည်းချက်သည် ကြောက်စရာ မဟုတ်ပေ။ သင် သေချာနိုင်ပါက ဤအားနည်းခြင်းကြောင့် သင် မှောက်မှားခြင်းမှ တားဆီးပေးမည့် အချက်တစ်ချက် ရှိလေသည်။ သင်သည် ဤအချက်ကို မှတ်ထားရမည်၊ လူ့ဇာတိခံ ဘုရားသခင်သည် မည်မျှ သာမန်ဖြစ်ပြီး လက်တွေ့ကျသည်ဖြစ်စေ၊ ကိုယ်တော်၌ ချို့ယွင်းချက်များနှင့် မလုံလောက်မှုများဟု သင် ယူဆသောအရာများကို သင် မြင်တွေ့ရလျှင်ပင် သို့မဟုတ် အခြေအမြစ်မရှိသော ကောလာဟလအချို့ကို သင် ကြားရလျှင်ပင် သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်သည် ဖျားနာနေခဲ့ပြီး နာကျင်မှုနှင့် အားနည်းခြင်း သရုပ်သကန်များ ရှိခဲ့ကြောင်းကို သင် သိရှိရလျှင်ပင် ဤအရာတစ်ခုမျှ ပြဿနာများ မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင်သည် မည်မျှ သာမန်ဖြစ်ပြီး လက်တွေ့ကျသည်ဖြစ်စေ၊ ကိုယ်တော်သည် မည်မျှ သာမန်ဖြစ်ပြီး ကိုယ်တော်၏ အပြင်ပန်း ပုံရိပ်သည် မည်သို့ပင် ရှိသည်ဖြစ်စေ ကိုယ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟူသော အရာတစ်ခုကိုသာ စွဲမြဲစွာ ယုံကြည်ထားလော့။ ဤသည်မှာ ကိုယ်တော်၏နောက်သို့ သင် လိုက်ရသည့် အကြောင်းရင်းဖြစ်ပြီး ယင်းသည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်း အခြေခံလည်း ဖြစ်သည်။ သင်သည် ဤအချက်ကို အတည်ပြုနိုင်ပါက ယင်းမှာ လုံလောက်ပြီး သင် မည်သည့်အခါမျှ နောင်တရလိမ့်မည် မဟုတ်ပေ။ သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သောကြောင့်ဟူသည့် အကြောင်းရင်းမှလွဲ၍ အခြား မည်သည့်အကြောင်းကြောင့်မျှ သူ၏နောက်သို့ သင် လိုက်လျှောက်ခြင်း မဟုတ်ပေ။ သူသည် သင့်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာနိုင်သည်၊ သူသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်ပြီး သူသည် ဘုရားသခင်၏ သရုပ်သကန်၊ ဘုရားသခင်၏ ဖော်ပြချက်နှင့် မြေကြီးပေါ်ရှိ ဘုရားသခင်၏ အလုပ်ကို အပ်နှံခြင်းခံရသော အရှင် ဖြစ်လေသည်။ သူ၏နောက်သို့ သင် လိုက်လျှောက်ခြင်းသည် မှန်ကန်လေသည်။ သူ၏နောက်သို့ လိုက်ရာတွင် သင်သည် လူတစ်ဦး၏နောက်သို့ လိုက်နေခြင်း မဟုတ်ဘဲ ဘုရားသခင်၏နောက်သို့ လိုက်နေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး၊ ဘုရားသခင်၏ သိုးများထဲမှ တစ်ကောင် ဖြစ်သည်။ သင်သည် လမ်းမှားသို့ မလျှောက်ခဲ့ပေ။ သူ၏နောက်သို့ လိုက်လျှောက်ရာတွင် သင်သည် မည်သည့်အခါမျှ လမ်းမှားသို့ ရောက်မည်မဟုတ်သည့်အပြင် သင်၏ ဦးတည်ရာကို မည်သည့်အခါမျှ ဆုံးရှုံးမည် မဟုတ်ပေ။ သူ၏နောက်သို့ လိုက်ရာတွင် သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ သူ၏နောက်သို့ လိုက်လျှောက်ခြင်းအားဖြင့် သင် မည်သည့်အခါမျှ မှားယွင်းသွားနိုင်မည် မဟုတ်ပေ။ သင်သည် ဤအရာကို အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်း အုတ်မြစ်ကို ချပြီးဖြစ်လေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် သင့်အတွက် မည်မျှ သာမန်ဖြစ်ပြီး လက်တွေ့ကျသည်ဟု ထင်ရပါစေ၊ သင်သည် မည်သည့် အခြေအမြစ်မရှိသော ကောလာဟလများ သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများကို ကြားရသည်ဖြစ်စေ၊ ဖြေရှင်းမရသေးသည့် မည်သည့် အယူအဆများ သင့်တွင် ရှိနေသေးသည်ဖြစ်စေ ထိုအရာတစ်ခုမျှ အရေးမကြီးပေ။ သင့်တွင် အားနည်းခြင်းနှင့် နာကျင်မှု ရှိလျှင်ပင် ယင်းကလည်း အရေးမကြီးပေ။ သင့်တွင် စစ်မှန်သော ယုံကြည်ခြင်း ရှိသရွေ့ သင် ကြုံတွေ့ရသည့် မည်သည့် ပြဿနာများကိုမဆို ဖြေရှင်းရန် သမ္မာတရားကို သင် ရှာဖွေနိုင်သည့်အပြင် သင်သည် မည်သည့်အချိန်တွင်မျှ ဘုရားသခင်ကို မစွန့်ခွာသရွေ့ အဆုံးတွင် သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရသူတစ်ဦး၊ နောက်ခေတ်သို့ ဝင်ရောက်မည့် လူသားမျိုးနွယ်ဝင် အသစ်တစ်ဦး သေချာပေါက် ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်သည် ကောင်းချီးခံစားရသူတစ်ဦး ဖြစ်လာလိမ့်မည်။ ထို့ကြောင့် အချိန်တိုင်းတွင် သင်သည် ပြင်ပ ပတ်ဝန်းကျင်၊ မည်သည့် မှတ်ချက်များ၊ ကြီးမြတ်သော ပုဂ္ဂိုလ် သို့မဟုတ် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဟု သင် ယူဆသည့် မည်သူမဆို၊ သို့မဟုတ် သင် ကိုးကွယ်သည့် မည်သူမဆို၏ လွှမ်းမိုးမှုကို မခံရမည့်အရေး သတိပြုရမည်။ သင် လုပ်ဆောင်ရမည့်အရာအားလုံးမှာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သော အရှင်သည် ဘုရားသခင် ကိုယ်တိုင် ဖြစ်ကြောင်းကို ခိုင်မာစွာ ယုံကြည်ရန်သာ ဖြစ်သည်။ ယင်းမှာ လုံလောက်လေသည်။

ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ လူ့ဇာတိခံ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ပတ်သက်သော သမ္မာတရားများ၏ အရေးပါမှု ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင်၏ ကိုယ်ပိုင် အလုပ်ကို လုပ်ဆောင်ရာတွင် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုရန် အပြည့်အဝ စွမ်းဆောင်နိုင်သောကြောင့် သူ မိန့်ဆိုသော နှုတ်ကပတ်တော်များနှင့် သူ လုပ်ဆောင်သော အလုပ်က လူသားမျိုးနွယ်အားလုံးအပေါ် သက်ရောက်သည့် လွှမ်းမိုးမှုသည်လည်း သဘာဝကျစွာပင် တဖြည်းဖြည်း ပေါ်ပေါက်လာမည်ဖြစ်ပြီး သင် မြင်တွေ့ရမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သော အလုပ်သည် ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သော အလုပ်ဖြစ်ပြီး သူ ဖော်ပြသော နှုတ်ကပတ်တော်များသည် ဘုရားသခင် ကိုယ်တိုင် ဖော်ပြသော နှုတ်ကပတ်တော်များ ဖြစ်ကြသည်။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ ပုံသဏ္ဌာန် သို့မဟုတ် အပြင်ပန်း အသွင်အပြင်သည် မည်သို့ပင် ရှိသည်ဖြစ်စေ သူသည် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုရန် အပြည့်အဝ စွမ်းဆောင်နိုင်လေသည်။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင်ကို သိကျွမ်းခြင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပြီး ဤကိစ္စနှင့် ပတ်သက်သည့် သမ္မာတရားများကို သင် လျစ်လျူမရှုသင့်ပေ။ သင်သည် ဘုရားသခင်ကို သိကျွမ်းလိုပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိကျွမ်းလိုကာ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ အယူအဆများနှင့် စိတ်ကူးများကို သင် စွန့်လွှတ်လိုပါက ပထမဦးစွာ သင်သည် မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိကျွမ်းရမည်၊ လူ့ဇာတိခံ ဘုရားသခင်ကို သိကျွမ်းရမည်ဖြစ်ပြီး လူ့ဇာတိခံ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ အယူအဆများနှင့် စိတ်ကူးများကို စွန့်လွှတ်ရမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကို တိုးပွားစေရန်နှင့် ဘုရားသခင်၏ နောက်လိုက်တစ်ဦးအနေဖြင့် သင်၏ အုတ်မြစ်ကို ခိုင်မာစေရန် သာ၍ပင် ကူညီပေးနိုင်လေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင် ကိုယ်တိုင် ဖြစ်ကြောင်းနှင့် သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်ကြောင်းကို သင် သေချာသရွေ့ သင်သည် သူ့ကို လူတစ်ဦးအဖြစ် သဘောထားမည် မဟုတ်ပေ။ သင်သည် သူ၏နောက်သို့ လိုက်လျှောက်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် အလုပ်ကို တွေ့ကြုံလေလေ “ဤသာမန်လူသည် သာမန် မဟုတ်ပေ။ ကိုယ်တော်သည် ဝေါဟာရ၏ စစ်မှန်သော အဓိပ္ပာယ်အရ သာမန်လူတစ်ဦး မဟုတ်ပေ။ ထိုအစား ကိုယ်တော်သည် ဘုရားသခင်၏ အနှစ်သာရရှိသော သာမန်လူတစ်ဦး ဖြစ်သည်” ဟု သင် ပို၍ ခံစားရလေလေ ဖြစ်လိမ့်မည်။ သင်သည် ဤအရာကို သဘောပေါက်သည်နှင့်တစ်ပြိုင်နက် သူ့ကို သာမန် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦးအဖြစ် သဘောထားမည် မဟုတ်ဘဲ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရရှိသော ပုဂ္ဂိုလ်တစ်ပါးအဖြစ် ဆက်ဆံလိမ့်မည် ဖြစ်သည်။ ဤသည်မှာ လူတို့ကြားတွင် တည်ရှိသော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများကို အသုံးပြုလျက် သာမန် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦးကို သင် ဆက်ဆံသည့်ပုံစံနှင့် ကွဲပြားလိမ့်မည်။ ထိုအစား သင်သည် ဘုရားသခင်ကို ဆက်ဆံမည့်ပုံစံအတိုင်း လူ့ဇာတိခံ ဘုရားသခင်ကို ဆက်ဆံလိမ့်မည် ဖြစ်သည်။ ဤလူ့ဇာတိခံ လူသားကို ဤကဲ့သို့ ဆက်ဆံခြင်းအားဖြင့် သင်သည် သူ့ကို သိကျွမ်းလာနိုင်လေသည်။ ဘုရားသခင် တောင်းဆိုသည့်ပုံစံအတိုင်း သူ့ကို သင် ဆက်ဆံသောအခါ၊ သင်သည် ကြောက်ရွံ့ပြီး စိုးရိမ်ပူပန်နေရန် မလိုအပ်သည့်အပြင် အလွန်အမင်း သတိထားနေရန်လည်း မလိုအပ်ပေ၊ သတိဝီရိယရှိနေရန် လိုအပ်ဖို့ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ ထိုအစား သင်သည် ဘုရားသခင်ကို ဆက်ဆံရန်အတွက် အမှန်ကန်ဆုံးသော နည်းလမ်းနှင့် သဘောထားဖြင့် သူ့ကို ဆက်ဆံသင့်လေသည်။ သူ့ကို ဆက်ဆံသည့် ဤနည်းလမ်းသည် သေချာသည်မှာ ဖန်ဆင်းခံတစ်ဦးက ဘုရားသခင်ကို ဆက်ဆံသင့်သည့် နည်းလမ်းလည်း ဖြစ်သည်။ ယခင်က ငါတို့ ဖော်ပြခဲ့သည့် ဘုရားသခင်ကို ဆက်ဆံသည့် နည်းလမ်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ သင်တို့ မှတ်မိသေးသလော။ (ပထမအချက်မှာ ပွင့်လင်းပြီး ရိုးသားခြင်း ဖြစ်ပါသည်၊ ဒုတိယအချက်မှာ ရိုသေလေးစားမှု ပြသခြင်း ဖြစ်ပါသည်၊ ထို့အပြင် တတိယအချက်မှာ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို နာခံခြင်း ဖြစ်ပါသည်။) ပွင့်လင်းပြီး ရိုးသားခြင်း၊ ရိုသေလေးစားမှု ပြသခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များကို နာခံခြင်းဟူသည်တို့မှာ နည်းလမ်းသုံးသွယ် ဖြစ်သည်။ သင် မြင်သလော၊ ဤနည်းလမ်းသုံးသွယ်သည် စုစုပေါင်း စကားလုံး အနည်းငယ်မျှသာ ဖြစ်သည်။ အပြင်ပန်းအားဖြင့် ယင်းတို့ကို ဖြစ်မြောက်အောင်မြင်ရန် အတော်လေး လွယ်ကူပုံရသော်လည်း သင် ယူဆထားသော ရပ်တည်ချက်က မှားယွင်းနေပြီး သင်၏ သဘောထားက မှားယွင်းနေပါက ယင်းတို့ကို ရရှိရန် အလွန် ခက်ခဲလေသည်။ သင် မြင်သလော၊ ယင်းတို့ကို စာသားအရ နားလည်ရန် လွယ်ကူသော်လည်း ရရှိရန် မလွယ်ကူပေ။ ငါ့ကို ပြောလော့၊ လူတို့သည် ပွင့်လင်းပြီး ရိုးသားခြင်း၊ ရိုသေလေးစားမှု ပြသခြင်းနှင့် လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းတို့ကို ဖြစ်မြောက်အောင်မြင်နိုင်ခြင်း မရှိပါက ၎င်းတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့်ပတ်သက်လျှင် ဤအရာကို ဖြစ်မြောက်အောင်မြင်နိုင်သလော။ (ဖြစ်မြောက်အောင်မြင်နိုင်မည် မဟုတ်ပါ။) အဘယ်ကြောင့် ဖြစ်မြောက်အောင်မြင်နိုင်ခြင်း မရှိသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့တွင် ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော သိမြင်မှု မရှိပါက ၎င်းတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံ၍ ဘုရားသခင်ကို ဆက်ဆံကြမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။) ဤအရာကို လူတို့၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဆုံးဖြတ်လေသည်။ ယင်းသည် သင်၏ အတွင်းစိတ်၌ သင့်ကိုယ်သင် မည်သို့ ချုပ်တည်းသည် သို့မဟုတ် သင့်တွင် မည်သို့သော ဆန္ဒမျိုး ရှိသည်ဟူသောအရာနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းရသေးပါက ဤနည်းလမ်းသုံးသွယ်ဖြင့် ဘုရားသခင်ကို ဆက်ဆံရန် အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။ သင်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို ဖြေရှင်းပြီး ဘုရားသခင်နှင့် ပတ်သက်သည့် အခြေခံ နားလည်မှုနှင့် သိမြင်မှုလည်း သင့်ထံတွင် ရှိပါက သင်သည် ဤအရာအချို့ကို ဖြစ်မြောက်အောင်မြင်နိုင်လိမ့်မည်ဖြစ်ပြီး ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ သင့်လျော်သော ရပ်တည်ချက်ကို ယူနိုင်ကာ ဤရပ်တည်ချက်မှနေ၍ သူ့ကို ဆက်ဆံနိုင်လိမ့်မည် ဖြစ်သည်။ ဤအချက်သုံးချက်ကို ရရှိရန် တစ်ချက်အနေဖြင့် သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို ဖြေရှင်းရမည်ဖြစ်ပြီး သင်၏ ဆင်ခြင်တုံတရားကို အနည်းငယ် ပြန်လည်ရရှိစေရမည် ဖြစ်သည်။ အခြားတစ်ချက်အနေဖြင့် သင့်တွင် ဘုရားသခင်နှင့် ပတ်သက်သည့် သိမြင်မှုအချို့ ရှိရမည် ဖြစ်သည်။ ဘုရားသခင်ကို မသိကျွမ်းခြင်းက အဆင်ပြေမည် မဟုတ်ပေ၊ မှန်သလော။ (မှန်ပါသည်။) ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို သင် ဆက်ဆံသည့်ပုံစံတွင်လည်း ဤအတိုင်းပင် ဖြစ်ပြီး သေချာသည်မှာ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သင် ဆက်ဆံသည့်ပုံစံတွင်လည်း ဤအတိုင်းပင် ဖြစ်၏။ သင်သည် လူ့ဇာတိခံ ဘုရားသခင်ကို ဆက်ဆံသည့်ပုံစံတွင် ဤအချက်သုံးချက်ကို ဖြစ်မြောက်အောင်မြင်နိုင်ခြင်း မရှိပါက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သင် ဆက်ဆံသည့်ပုံစံတွင် ယင်းတို့ကို ဖြစ်မြောက်အောင်မြင်နိုင်ခြင်း မရှိကြောင်း ပြောနေစရာပင် မလိုပေ။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အလုပ်နှင့် နှုတ်ကပတ်တော်များကို မမြင်နိုင်၊ မကြားနိုင် သို့မဟုတ် နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သည်ဟု ပြောပါက ယင်းမှာ အပြောသာ ဖြစ်သည်။ အစောပိုင်း လူသားမျိုးနွယ်ကို ကြည့်လော့။ ယဇ်ပူဇော်ရန်၊ နှစ်စဉ် ကောက်ပဲသီးနှံ ရိတ်သိမ်းမှု၏ ဆယ်ဖို့တစ်ဖို့ကို ပူဇော်ဆက်ကပ်ရန် ဘုရားသခင်က ၎င်းတို့ကို မိန့်ဆိုခဲ့သည်။ ဘုရားသခင် တောင်းဆိုသည့်အရာကို ၎င်းတို့ ပေးရမည်ဖြစ်ကြောင်းကို လူတို့က ၎င်းတို့၏ စိတ်နှလုံးထဲတွင် နားလည်ခဲ့ကြသော်လည်း ဘုရားသခင်ထံ ယင်းကို ပူဇော်ဆက်ကပ်ရမည့်အချိန် ရောက်လာသောအခါ ၎င်းတို့သည် သူ့ကို ယင်းကို မပေးလိုခဲ့ကြပေ။ ၎င်းတို့က “ကိုယ်တော်သည် ကောက်ပဲသီးနှံများကို မစိုက်ပျိုးခဲ့သည့်အပြင် ကိုယ်တော်သည် မည်သည့် အလုပ်ကိုမျှ မလုပ်ဆောင်ခဲ့ပေ၊ သို့ဖြစ်ရာ ငါတို့သည် ဤအရာကို ကိုယ်တော့်အား အဘယ်ကြောင့် ပေးရမည်နည်း” ဟု တွေးလျက် ပူဇော်ဆက်ကပ်ပြီးနောက်တွင် ယင်းကို ပြန်ယူလိုခဲ့ကြသေးသည်။ ၎င်းတို့ ယင်းကို ပူဇော်ဆက်ကပ်သောအခါ ၎င်းတို့သည် မလိုလားခဲ့ကြပေ၊ ၎င်းတို့၏ အတွင်းစိတ်၌ အောင့်သက်သက် ဖြစ်ခဲ့ကြပြီး ၎င်းတို့ ဒေါသထွက်ခဲ့ကြသည်။ ဤသည်မှာ ရိုသေလေးစားမှု ပြသခြင်းလော။ ၎င်းတို့သည် ယင်းကို ဖြစ်မြောက်အောင်မြင်နိုင်ခြင်း မရှိကြချေ၊ မှန်သလော။ ထို့ကြောင့် ဘုရားသခင်ကို ရိုသေလေးစားရန်နှင့် သူ၏ နှုတ်ကပတ်တော်များကို နာခံရန်မှာ ထိုမျှ မရိုးရှင်းပေ။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းရသေးပါက ၎င်းတို့သည် ဤအရာကို ဖြစ်မြောက်အောင်မြင်နိုင်ခြင်း မရှိပေ။ မည်သို့ပင်ဖြစ်စေ လူ့ဇာတိခံ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ အယူအဆများနှင့် စိတ်ကူးများကို စွန့်လွှတ်ရန် ပထမဦးစွာ သင့်တွင် လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရနှင့် လူ့ဇာတိခံ ဘုရားသခင် ပါဝင်ပတ်သက်သည့် အမျိုးမျိုးသော သမ္မာတရားများနှင့် ပတ်သက်သည့် သိမြင်မှုနှင့် နားလည်မှု ရှိရမည်ဖြစ်ပြီး သင်၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းရမည် ဖြစ်သည်။ သို့မှသာ သင်သည် လူ့ဇာတိခံ ဘုရားသခင်နှင့် ပတ်သက်သော သမ္မာတရား၏ ဤကဏ္ဍများကို အမှန်တကယ် လက်ခံနိုင်ပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အမှန်တကယ် သိကျွမ်းနိုင်ပေမည်။ သို့မှသာ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို ဖြစ်မြောက်အောင်မြင်နိုင်ပေမည်။

ယခင်က လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်သည့် လူတစ်ဦး၏ အယူအဆများနှင့် စိတ်ကူးများကို စွန့်လွှတ်ခြင်းအကြောင်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ပထမ စည်းမျဉ်းမှာ လူ့ဇာတိခံ ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မနှိုင်းယှဉ်ရန်ဖြစ်ပြီး ဒုတိယ စည်းမျဉ်းမှာ လူ့ဇာတိခံ ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တန်းတူမထားရန် ဖြစ်သည်။ ဒုတိယ စည်းမျဉ်းအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ လူ့ဇာတိခံ ဘုရားသခင်သည် လှည့်စားခြင်း၊ ယှဉ်ပြိုင်ခြင်း၊ တိုက်ခိုက်ခြင်း၊ အကောက်ကြံခြင်း၊ ရန်မူခြင်း သို့မဟုတ် လက်စားချေခြင်း မရှိကြောင်း ဖော်ပြခဲ့သည်။ ဤအရာများအားလုံးအကြောင်း ငါတို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ယခု ငါတို့သည် နောက်ထပ်အကြောင်းအရာဖြစ်သည့် ဖြားယောင်းသွေးဆောင်ခြင်း မရှိဟူသောအရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ကြမည်။ လူ့ဇာတိခံ ဘုရားသခင် ကျင့်ကြံပြုမူသည့် နည်းလမ်းများ၊ လူများနှင့် သူ ဆက်ဆံသည့် နည်းလမ်းများ သို့မဟုတ် သူ၏ စိတ်သဘောထား အနှစ်သာရက ထုတ်ဖော်ပြသသည့်အတိုင်း သူ အမှုပြုသည့် နည်းလမ်းအချို့တွင် ဖြားယောင်းသွေးဆောင်ခြင်း မရှိဟူသော ဤအချက် ပါဝင်သည်။ ဤအရာကို မည်သို့ နားလည်သဘောပေါက်သင့်သနည်း။ “ဖြားယောင်းသွေးဆောင်ခြင်း မရှိ” ဟူသည့်အရာအပေါ် လူတို့၏ စာသားအတိုင်း နားလည်သဘောပေါက်မှုသည် ဘုရားသခင် စကားပြောဆိုပြီး ပြုမူသည့်နည်းလမ်းတွင် ပေါ်လွင်ထင်ရှားသည့်အတိုင်း လူ့ဇာတိခံ ဘုရားသခင်က လူတို့ကို ဖြားယောင်းသွေးဆောင်ခြင်း မရှိဟူသော အမှန်တရားနှင့် ကိုက်ညီမှုရှိသလော။ ၎င်းတို့၏ နားလည်သဘောပေါက်မှုသည် လူ့ဇာတိခံ ဘုရားသခင်၏ သရုပ်သကန်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေပါက လူတို့ နားလည်သဘောပေါက်သည့်အရာသည် လူသား၏ အယူအဆများသာ ဖြစ်သည် မဟုတ်လော။ ယင်းမှာ လူသား၏ အယူအဆများနှင့် စိတ်ကူးများသာ ဖြစ်ဖို့ အလွန် ဖြစ်နိုင်​ေချေများသည်။ သို့ဆိုလျှင် လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝနှင့် အနှစ်သာရက ထုတ်ဖော်သည့် “ဖြားယောင်းသွေးဆောင်ခြင်း မရှိ” ဟူသော ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ကြစို့။ ဤအကြောင်းအရာနှင့်ပတ်သက်၍ သင်တို့၏ အခြေခံ နားလည်သဘောပေါက်မှုမှာ အဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်၏ တစ်သမတ်တည်းဖြစ်သော စကားပြောဆိုသည့် နည်းလမ်းမှာ အဘယ်အရာဖြစ်သည်ကို သင်တို့ သိကြသလော။ လူတို့ကို စကားပြောဆိုရန် ဘုရားသခင်က မည်သည့်နည်းလမ်းများကို အသုံးပြုသည်ကိုလည်းကောင်း၊ သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြရန် သူက မည်သည့်နည်းလမ်းများကို အသုံးပြုသည်ဟူသည်ကိုလည်းကောင်း သင်တို့ စဉ်းစားဖော်ထုတ်ပြီးပြီလော။ (ဘုရားသခင်သည် အတော်အတန် ရှင်းလင်းပြတ်သားသော နည်းလမ်းဖြင့် စကားပြောဆိုပါသည်။ ဘုရားသခင်၏ စကားပြောဆိုသည့် နည်းလမ်းများတွင် စိတ်ရှည်သော လမ်းပြမှုနှင့်အတူ ကူညီခြင်း၊ လမ်းပြခြင်းနှင့် ဦးဆောင်ခြင်းတို့ ပါဝင်ပါသည်၊ ကိုယ်တော်သည် မည်သည့် ဖြားယောင်းသွေးဆောင်ခြင်းကိုမျှ မပြုလုပ်ပါ။) သူက ဖြားယောင်းသွေးဆောင်ခြင်း မရှိဟူသည်မှာ သေချာသော်လည်း ဤ “ဖြားယောင်းသွေးဆောင်ခြင်း မရှိ” ဟူသည်မှာ အတိအကျအားဖြင့် အဘယ်အရာကို ရည်ညွှန်းသည်ကို လူတို့သည် အသေးစိတ် သိပ်နားမလည်ကြသေးပေ။ ဘုရားသခင် စကားပြောဆိုသည့်အခါ ပုံမှန်အားဖြင့် အသုံးပြုသည့် ဘာသာစကား ဖော်ပြချက် ပုံစံများနှင့် ဘာသာစကားဟန်ကို အကဲဖြတ်ကြည့်လျှင် သူ ပြောဆိုနေသည့်အရာကို လူတို့ နားလည်ပြီး သဘောပေါက်စေရန် ကြိုးပမ်းလျက် ဘုရားသခင်သည် အလွန် ရှင်းလင်းပြီး ပြတ်သားသော ပုံစံဖြင့် စကားပြောဆိုသည်။ သူသည် စကားလုံးကစားခြင်း မပြုသည့်အပြင် အယောင်ဆောင်သော၊ ဟိတ်ဟန်ကြီးသော၊ အနှစ်သာရ မဲ့သောအရာများကို ပြောဆိုခြင်း မရှိပေ၊ သူ၏ နှုတ်ကပတ်တော်များသည် ပုံစံခွက်ဆန်ခြင်း ရှိဖို့ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ ထိုအစား သူသည် လူသား၏ ဘာသာစကားနှင့် လူသားမျိုးနွယ်အတွက် သင့်လျော်သော စကားပြောဆိုသည့် နည်းလမ်းများကို အသုံးပြု၍ လူတို့ကို စကားပြောဆိုရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်လျက် လက်ရှိကိစ္စရပ်ကို တည့်တည့် ပြောဆိုသည်။ သူ၏ နှုတ်ကပတ်တော်များသည် အကြံဉာဏ်ပေးခြင်း၊ နှစ်သိမ့်ခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းအပြင် တစ်ခါတစ်ရံတွင် သတိပေးခြင်း သဘောသဘာဝ ရှိသည်။ သေချာသည်မှာ ယင်းတို့သည် ထောက်ပံ့ပေးခြင်း၊ ကူညီခြင်း၊ ပံ့ပိုးခြင်းနှင့် ဖော်ထုတ်ခြင်း သဘောသဘာဝမျိုး များသောအားဖြင့် ပို၍ ရှိကြသည်။ ဆိုလိုသည်မှာ ယင်းတို့က လူတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝနှင့် ပြဿနာများ၏ အနှစ်သာရကို ဖော်ထုတ်ကြသည် မဟုတ်လော။ ဖော်ထုတ်ခြင်း၊ ထောက်ပံ့ပေးခြင်း၊ လမ်းပြခြင်း၊ ပံ့ပိုးခြင်းနှင့် ကူညီခြင်းတို့သည် သူ အများဆုံး အသုံးပြုသည့် နည်းလမ်းများ ဖြစ်သည်။ ဤနည်းလမ်းများထဲတွင် အချို့မှာ အသေးစိတ် ဥပမာများပေးခြင်း ပါဝင်ပြီး အချို့မှာ သက်ရှိသတ္တဝါ၊ တိရစ္ဆာန်၊ ဖြစ်စဉ်တစ်ခု သို့မဟုတ် လူတို့၏ ဘဝများတွင် ၎င်းတို့ပတ်ဝန်းကျင်၌ ဖြစ်ပျက်သည့် အရာများကို ရည်ညွှန်းသည့် ပီပြင်သော တင်စားချက်များ ပါဝင်သည်။ တစ်ဖက်တွင် ဤအရာက လူတို့ နားလည်သဘောပေါက်သင့်သည့် ဘုရားနှုတ်ကပတ်တော်များအတွင်းရှိ သမ္မာတရားများ သို့မဟုတ် လက်တွေ့ကျမှုများကို ၎င်းတို့အတွက် ပို၍ ရှင်းလင်းသွားစေသည်။ အခြားတစ်ဖက်တွင် ဘုရားသခင် ပေးသည့် ဥပမာများသည် အချို့သော အထူးပုဂ္ဂိုလ်များအပေါ် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များ ဖြစ်ကြသည်။ ဤဖြစ်ရပ်များကို သင်ခန်းစာများ သို့မဟုတ် ဥပမာများအဖြစ် အသုံးပြုခြင်းက ဤလူတို့၏ ပြဿနာများမှာ အဘယ်အရာဖြစ်သည်၊ ပြဿနာများ၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည်၊ မည်သည့် ဖောက်ပြန်ပျက်စီးမှုကို ၎င်းတို့ ထုတ်ဖော်ခဲ့သည်နှင့် မည်သည့် သမ္မာတရားများ ပါဝင်ပတ်သက်နေသည်ကို သင်တို့ မြင်တွေ့ရန် ကူညီပေးသည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သမ္မာတရား၏ ကဏ္ဍအချို့ကို လူတို့အား ဆက်သွယ်ပြောဆိုပေးသဖြင့် ဤသမ္မာတရား ကဏ္ဍကို နားလည်သဘောပေါက်ခြင်းအပေါ် အခြေခံ၍ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ၊ စည်းမျဉ်းများနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့ သိရှိကြသည်။ လွယ်ကူရှင်းလင်းပြီး ရိုးစင်းခြင်း အရှိဆုံး ဘာသာစကား ပုံစံများကို အသုံးပြုခြင်းတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ လူတို့ကို သမ္မာတရားဖြင့် ထောက်ပံ့ပေးရန် ဖြစ်သည်။ ထိုသို့ဖြင့် လူတို့သည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကြုံတွေ့ရသည့်အခါ လူတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် အမြင်များ၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လူတို့၏ သရုပ်သကန်များနှင့် အနှစ်သာရတို့ကို အပျက်သဘောဆောင်သော ဘက်မှ ၎င်းတို့ သိရှိနိုင်စေရန်အလို့ငှာ သူသည် လူတို့ကို သမ္မာတရားဖြင့် ထောက်ပံ့ပေးသည်။ တစ်ချိန်တည်းမှာပင် သမ္မာတရား စည်းမျဉ်းများကို နားလည်သဘောပေါက်ရန် အပြုသဘောဆောင်သော သဘောတရားဖြင့် လူတို့ကို လမ်းပြရန်အလို့ငှာ သူသည် ဤအရာကို လုပ်ဆောင်သည်၊ သို့မှသာ ၎င်းတို့တွင် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ရှိပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ကြမည် ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားလည်သဘောပေါက်ရန်၊ သမ္မာတရားနှင့်ဆိုင်သော အသိပညာရှိရန်နှင့် သမ္မာတရား စည်းမျဉ်းများကို သိရှိရန်အလို့ငှာ လူတို့အတွက် ထောက်ပံ့ပေးရာတွင် ဘုရားသခင်၏ အန္တိမ ရည်မှန်းချက်မှာ လူတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်နိုင်စေရန်နှင့် သူ့ကို ကျိုးနွံနာခံခြင်း၊ သူ၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံခြင်း၊ သူ၏ အစီအစဉ်များကို ကျိုးနွံနာခံခြင်း၊ သူ၏ စီစဉ်ညွှန်ကြားခြင်းများကို ကျိုးနွံနာခံခြင်းနှင့် သူ့ထံမှလာသော ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စစ်ဆေးခြင်းနှင့် စမ်းသပ်ခြင်းများကို ကျိုးနွံနာခံခြင်းအား ရရှိနိုင်စေရန် ဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ ကိုးကွယ်သော လူများ ဖြစ်လာစေရန်၊ စစ်မှန်သော ဖန်ဆင်းခံများ၊ ဆိုလိုသည်မှာ စံနှုန်းပြည့်မီသော ဖန်ဆင်းခံများ ဖြစ်လာစေရန် ဖြစ်သည်။ ဤအရာများသည် သူ လုပ်ဆောင်သည့် အရာအားလုံး အပါအဝင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ရပ်များ နောက်ကွယ်ရှိ တိကျသော စည်းမျဉ်းများ ဖြစ်ကြသည်။ ဘုရားသခင် ပြောဆိုသည့် သီးခြား နှုတ်ကပတ်တော်များနှင့် သူ လုပ်ဆောင်သည့် သီးခြား လုပ်ရပ်များသည် ဖြားယောင်းသွေးဆောင်ခြင်း ကင်းမဲ့သည်။ ယင်းတို့အားလုံးသည် လူသိရှင်ကြားဖြစ်သည်၊ ထုတ်ဖော်ထားသည်၊ ပွင့်လင်းမြင်သာမှုရှိပြီး လူမြင်သူမြင် ဖြစ်လေသည်။ ယင်းတို့တွင် မည်သည့် မသမာသော အကြံအစည်များနှင့် အကွက်ချမှုများ တစ်ခုမျှ မပါဝင်ပေ၊ လူသားမျိုးနွယ်နှင့်ပတ်သက်သည့် မည်သည့် အကြံအစည်များ သို့မဟုတ် ပြောပြ၍မရနိုင်သော ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ ပါဝင်ဖို့ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ ဘုရားနှုတ်ကပတ်တော်များ နောက်ကွယ်ရှိ ရည်မှန်းချက်နှင့် အရေးပါမှုတွင်ဖြစ်စေ၊ ဘုရားသခင် လုပ်ဆောင်သည့် အမှုတွင်ဖြစ်စေ သူသည် လူတို့နှင့်ပတ်သက်၍ မည်သည့် မလျော်ကန်သော ရည်မှန်းချက်များကိုမျှ မည်သည့်အခါမျှ မထားရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ရည်မှန်းချက်များအားလုံးသည် အပြုသဘောဆောင်ကြသည်။ သူ လုပ်ဆောင်သမျှ အရာအားလုံးသည် လူတို့ကို အကျိုးပြုရန်၊ လူတို့ သမ္မာတရားကို နားလည်သဘောပေါက်ပြီး သမ္မာတရားကို ရရှိရန် ကူညီပေးဖို့နှင့် လူတို့ ဘဝတွင် မှန်ကန်သော လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန် ကူညီပေးဖို့ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော ရည်မှန်းချက်နှင့် အရေးပါမှုတို့မှ အကဲဖြတ်ရသော် ပြီးလျှင် ဘုရားသခင်၏ စကားပြောဆိုခြင်းနှင့် အမှုပြုခြင်းတို့မှ အကဲဖြတ်ရသော် ဘုရားသခင်၏ အနှစ်သာရ သို့မဟုတ် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အစပြုရာအမှတ်တွင် မည်သည့် ဖြားယောင်းသွေးဆောင်ခြင်းမျှ မရှိပေ။

“ဖြားယောင်းသွေးဆောင်သည်” ဟူသော စကားလုံးသည် သမ္မာကျမ်းစာထဲတွင် အလွန်စောစီးစွာ ပေါ်လာသည်။ ဤအရာကို သင်တို့အားလုံး သိကြသလော။ (သိကြပါသည်။) လူသည် စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းကို ပထမဆုံးအကြိမ် လက်မခံမီတွင် ဘုရားသခင်က တစ်စုံတစ်ရာကို ပြောဆိုခဲ့သည်။ ဘုရားသခင်က အဘယ်အရာကို ပြောဆိုခဲ့သနည်း။ (“ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်။” (ကမ္ဘာဦးကျမ်း ၂:၁၆-၁၇) ဟူ၍ ဖြစ်ပါသည်။) ဘုရားသခင်၏ ဤပြောဆိုချက်တွင် အချက်မည်မျှ ပါဝင်သနည်း။ ဥယျာဉ်ထဲရှိ အပင်တိုင်း၏ အသီးကို စားသုံးနိုင်သည်ဟူသည့်အရာက မည်သည့်အရာကို စားသုံးနိုင်သည်ဟူသော အတိုင်းအတာကို လူတို့အား ပြောပြသည်။ ဤသည်မှာ လူတို့အတွက် အပြုသဘောအဆောင်ဆုံးသော ထောက်ပံ့ပေးမှု ဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို စားသုံးနိုင်ကြောင်း လူတို့ကို ပြောပြနေခြင်း ဖြစ်သည်။ ဤစကားများသည် အလွန် လွယ်ကူရှင်းလင်းပြီး ရိုးစင်းသည် မဟုတ်လော။ (ဟုတ်ပါသည်၊ လူတို့သည် ယင်းတို့ကို နားလည်နိုင်ကြပါသည်။) မှန်ပေသည်။ ယင်းတို့ကို ဆန်းစစ်ရန် သို့မဟုတ် သုတေသနပြုရန် မလိုအပ်ပေ၊ လူတို့သည် ယင်းတို့ကို ကြားသည်နှင့်တစ်ပြိုင်နက် နားလည်ကြသည်။ နောက်ဝါကျမှာ “သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ” ဟူ၍ ဖြစ်သည်။ ဤဝါကျက ခြွင်းချက်တစ်ခုကို ဖော်ပြသည်။ မည်သည့် ခြွင်းချက်နည်း။ ဥယျာဉ်ထဲတွင် အကောင်း၊ အဆိုး သိကျွမ်းရာအပင်တစ်ပင် ရှိကြောင်းနှင့် ထိုအပင်တွင် သီးသောအသီးကို ၎င်းတို့ မစားသင့်ကြောင်း လူတို့ကို ပြောပြသည်။ ဤစကားများသည် ရိုးရှင်းပြီး ရှင်းလင်းပြတ်သားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းတို့သည် မည်မျှ လွယ်ကူရှင်းလင်းပြီး ရိုးစင်းလိုက်သနည်း။ (လူတို့သည် ယင်းတို့ကို ကြားပြီးပြီးချင်း နားလည်နိုင်လောက်အောင်ပင် ဖြစ်ပါသည်။) ယင်းတို့ကို ဆန်းစစ်ရန် သို့မဟုတ် သုတေသနပြုရန် မလိုအပ်ပေ၊ နားနှင့် ဦးနှောက်ရှိသူ မည်သူမဆို ဤဝါကျကို ကြားပြီးနောက် ယင်းက မည်သည့်အရာကို ဆိုလိုသည်ကို သိရှိသည်။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့ မည်သည့်အရာကို စားနိုင်ပြီး မည်သည့်အရာကို မစားနိုင်ကြောင်း ပြောပြခဲ့သည်။ မည်သည့်အရာကို မစားနိုင်သနည်း။ အကောင်း၊ အဆိုး သိကျွမ်းရာအပင်၏ အသီး ဖြစ်သည်။ သို့သော် ဤအရာကို ကြားပြီးနောက်တွင် လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ သံသယများ ရှိခဲ့ကြသလော။ (ရှိခဲ့ပါသည်။) ထို့နောက်တွင် လူတို့က “ထိုအပင်၏ အသီးကို ငါတို့ အဘယ်ကြောင့် မစားနိုင်သနည်း” ဟု မေးကြလိမ့်မည်။ လူတို့ မေးသည်ကို မစောင့်ဘဲ ဘုရားသခင်က “သင်စားသောနေ့တွင် ဧကန်မုချ သေရမည်” ဟု ပြောဆိုခဲ့သည်။ ဤစကားများသည် ရိုးရှင်းသလော။ (ရိုးရှင်းပါသည်။) ယင်းတို့သည် အလွန်ပင် ရိုးရှင်းလှသည်။ သင်သည် ယင်းကို စားပါက ဧကန်မုချ သေရမည်ဟူ၍ ဖြစ်သည်။ သေခြင်းတရားသည် ကြီးမားသော ကိစ္စရပ်တစ်ခု ဖြစ်သောကြောင့် ဘုရားသခင်သည် ဤညွှန်ကြားချက်ကို သေချာပေါက် ပေးခဲ့သည်။ ဤညွှန်ကြားချက်နှင့်ပတ်သက်၍ မှားယွင်းသောအရာ တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) ဘုရားသခင်၏ ညွှန်ကြားချက်တွင် စကားတစ်ခွန်းမျှ မှားယွင်းခြင်း မရှိသည့်အပြင် ယင်းတွင် ဖြားယောင်းသွေးဆောင်ခြင်း စကားတစ်ခွန်းမျှလည်း မရှိပေ။ ယင်းက မည်သည့်အရာကို စားနိုင်ပြီး မည်သည့်အရာကို မစားနိုင်ကြောင်းကို ရှင်းလင်းပြတ်သားစွာ ဖော်ပြထားပြီး ၎င်းတို့ မစားသင့်သောအရာကို စားပါက အကျိုးဆက်မှာ အဘယ်အရာဖြစ်မည်ကိုလည်း ဘုရားသခင်က လူတို့ကို ပြောပြခဲ့သည်။ ဤရိုးရှင်းသော စကားသုံးခွန်းကို ကြားပြီးနောက် သင်သည် အရာများစွာကို နားလည်သည်။ ပုံမှန် အခြေအနေများအောက်တွင် ဖန်ဆင်းခံများသည် ဖန်ဆင်းရှင် ပြောဆိုသော စကားများကို ကြားပြီးနောက် ယင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းမှုရရှိပြီး ယင်းတို့ကို နားလည်ကာ မိမိတို့၏ စိတ်နှလုံးထဲတွင် သိမ်းဆည်းထားပြီးနောက်တွင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကို သိရှိကြသည်။ ၎င်းတို့သည် နာခံမှုရှိသင့်ပြီး ခိုင်းသည့်အတိုင်း လုပ်ဆောင်သင့်သည်၊ ၎င်းတို့ စားနိုင်ကြောင်း ဘုရားသခင် ပြောပြခဲ့သည့် အရာများကိုသာ စားသုံးပြီး ၎င်းတို့ မစားနိုင်ကြောင်း ဘုရားသခင် ပြောပြခဲ့သည့်အရာကို မစားသင့်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို အစုံအစမ်း မပြုသင့်သည့်အပြင် ဘုရားသခင်၏ အမိန့်ကိုလည်း မဖီဆန်သင့်ပေ။ ဘုရားနှုတ်ကပတ်တော်များကို နားမထောင်ခြင်း၏ အကျိုးဆက်များအကြောင်းကို ငါတို့ အသေးစိတ် ပြောဆိုမည်မဟုတ်။ ဘုရားသခင် ပြောဆိုသော ဤစကားများနှင့်ပတ်သက်၍ ဘုရားသခင်၏ စကားပြောဆိုမှု ပုံစံနှင့် ဘာသာစကားဟန်တို့မှ အကဲဖြတ်ကြည့်လျှင် ဘုရားသခင်သည် လူတို့ နားလည်ရန် အထူးသဖြင့် လွယ်ကူသော နည်းလမ်းဖြင့် စကားပြောဆိုသည်။ သူ၏ နှုတ်ကပတ်တော်များသည် နက်နဲသိမ်မွေ့ခြင်း မရှိသည့်အပြင် သူသည် လူတို့ကို ခန့်မှန်းနေရအောင် မလုပ်ပေ၊ သူ့ထံတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိဖို့ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ ဘုရားသခင် ပြောဆိုခဲ့သော ဤဝါကျအနည်းငယ်သည် ရိုးရှင်းသော်လည်း ယင်းတို့က ဘုရားသခင်၏ စကားပြောဆိုမှုသည် ရှင်းလင်းသည်၊ ရိုးရှင်းပြီး နားလည်ရလွယ်ကူကြောင်း လူတို့အား မြင်တွေ့စေရန် လုံလောက်သည်။ သို့ဆိုလျှင် ဘုရားသခင်၏ စိတ်နှလုံးသည် မည်သို့ ရှိသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် ချစ်ခြင်းမေတ္တာ၊ ရိုးသားခြင်းနှင့် သစ္စာရှိခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ ဤချစ်ခြင်းမေတ္တာသည် မည်သည့်နေရာတွင် ထင်ဟပ်နေသနည်း။ ယင်းသည် ဘုရားသခင်ထံမှလာသော ဤညွှန်ကြားချက် အနည်းငယ်တွင် ထင်ဟပ်နေသည်။ ဘုရားသခင်၏ ညွှန်ကြားချက်များသည် အထူးသဖြင့် တိကျပြီး စေ့စပ်သေချာသည်။ ဤညွှန်ကြားချက် အနည်းငယ်မှ အကဲဖြတ်ရသော် ဘုရားသခင်သည် လူတို့အတွက် တာဝန်သိစိတ်နှင့် ပူပန်မှု ရှိသည်။ သူသည် လူတို့ နားလည်ရန် ကူညီပေးဖို့အလို့ငှာ အရိုးရှင်းဆုံးသော ဘာသာစကားကို အသုံးပြုပြီး ၎င်းတို့ နားလည်ပြီးနောက်တွင် ဘုရားသခင်သည် စိတ်အေးချမ်းသာစွာဖြင့် ထွက်ခွာသွားသည်။ သင် မြင်သလော၊ ဘုရားသခင်သည် လူတို့အပေါ် ပရိယာယ်တစ်ခုခု ထားရှိသလော။ (လုံးဝ မထားရှိပါ။) ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ပူပန်မှုအတွင်းတွင် လူတို့သည် အချက်တစ်ချက်ကို လုပ်ဆောင်နိုင်ရန် သူ မျှော်လင့်သည်။ ယင်းမှာ နာခံမှုရှိရန်၊ ဘုရားသခင်ကို မပုန်ကန်ရန်၊ ဘုရားသခင်ကို သံသယမဝင်ရန်နှင့် ဘုရားသခင်ကို မယုံမကြည်မဖြစ်ရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ထံမှလာသော ဤညွှန်ကြားချက်သုံးခု နောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ဖြစ်သည်။ နာခံမှုရှိလော့။ ဘုရားသခင်ကို မယုံမကြည် မဖြစ်နှင့်။ ဘုရားသခင် ပြောဆိုသော စကားတိုင်းသည် မှန်ကန်သည်၊ ဘုရားသခင်သည် သစ္စာရှိသည်။ ဘုရားသခင်သည် ဤတာဝန်ကို ချစ်ခြင်းမေတ္တာ၊ ပူပန်မှုတို့ဖြင့် ဖြည့်ဆည်းပြီး လူသားမျိုးနွယ်ကို ဤညွှန်ကြားချက်သုံးခုအား ချစ်ခြင်းမေတ္တာ၊ ပူပန်မှုတို့ဖြင့် ပေးသည်။ ဤအရာမှ တစ်ဖက်တွင် ငါတို့သည် ဘုရားသခင်၏ အနှစ်သာရကို မြင်တွေ့ရပြီး အခြားတစ်ဖက်တွင် လူသားမျိုးနွယ်ကို ဘုရားသခင် စကားပြောဆိုသည့် နည်းလမ်းနှင့် သူ၏ စကားပြောဆိုမှုနှင့်ဆိုင်သော အစပြုရာအမှတ်ကိုလည်း ငါတို့ မြင်တွေ့ရသည်။ ဤသို့ စကားပြောဆိုရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ လူတို့သည် သူ၏ နှုတ်ကပတ်တော်များကို ကြားသည့်အခါ ယင်းတို့ကို နားလည်နိုင်ပြီး မိမိတို့၏ စိတ်နှလုံးထဲတွင် သိမ်းဆည်းထားနိုင်စေရန် ဖြစ်သည်။ လူတို့သည် ဤအရာကို မည်သို့ သဘောထားသည်ဖြစ်စေ ဘုရားသခင်၏ အစပြုရာအမှတ်မှာ ထိုအတိုင်းပင် ဖြစ်နေဆဲဖြစ်သည်။ သူသည် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုသည်၊ သူ့ထံတွင် ကောက်ကျစ်သော သို့မဟုတ် စဉ်းလဲသော ရည်ရွယ်ချက်များဖြစ်စေ၊ ရည်မှန်းချက်များဖြစ်စေ တစ်ခုမျှ မရှိပေ။ ထို့အပြင် ဘုရားသခင်ထံမှလာသော ဤညွှန်ကြားချက် အနည်းငယ်မှ အကဲဖြတ်ရသော် ဘုရားသခင်သည် လိုရင်းကို တည့်တည့် ပြောဆိုသည်။ စကားပြောဆိုရာတွင် သူ၏ ရည်မှန်းချက်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်ပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်ကို သိရှိစေရန် ဖြစ်သည်။ ဘုရားသခင်သည် လူတို့နှင့် စကားဝှက်များဖြင့် မည်သည့်အခါမျှ မပြောပေ၊ သူသည် အစဉ် ပွင့်လင်းပြီး ရှင်းလင်းပြတ်သားစွာ ပြောဆိုသည်။ သူ ပြောဆိုသည့်အရာကို လူတို့ နားလည်ပြီး မှတ်မိနိုင်ရန်နှင့် သူပြောဆိုသည့်အရာ အချည်းနှီး မဖြစ်စေရန်အတွက် လူတို့ နားလည်ဖို့ အလွယ်ကူဆုံးဖြစ်သော နေ့စဉ်သုံး ဘာသာစကားကို အသုံးပြု၍ သူသည် လူတို့နှင့် စကားစမြည်ပြောဆိုသည်။ ဘုရားသခင်သည် အဆင့်အတန်းမြင့်သော နေရာတစ်ခုမှ စကားပြောဆိုသလော။ သူသည် လူတို့ကို ဩဝါဒခြွေသလော။ (မခြွေပါ။) ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် စကားစမြည်ပြောဆိုပြီး လူတို့ကို ညွှန်ကြားသည့်အခါ သူသည် ၎င်းတို့ကို ဘုရားသခင်၏ ရှုထောင့်အမြင်မှ သို့မဟုတ် လူသား မိဘ သို့မဟုတ် အသက်ကြီးသူတစ်ဦး၏ ရှုထောင့်အမြင်နှင့် ဆင်တူသော ရှုထောင့်အမြင်တစ်ခုမှ ညွှန်ကြားနေလျှင်ပင် သူသည် လွယ်ကူရှင်းလင်းပြီး ရိုးစင်းခြင်း အရှိဆုံးသော ဘာသာစကားကို အသုံးပြု၍ လူတို့နှင့် စကားစမြည်ပြောဆိုဆဲဖြစ်သည်။ စင်စစ်အားဖြင့် ဖောက်ပြန်ပျက်စီးသော လူသားများ၏ အမြင်၌ ဘုရားသခင် အသုံးပြုသော သဒ္ဒါပုံစံမှ အကဲဖြတ်ရသော်၊ ပြီးလျှင် လူသား၏ အသိပညာနှင့် ဘာသာစကား ရှုထောင့်အမြင်မှ အကဲဖြတ်ရသော် ဤစကားများသည် သာမန်စကားများသာ ဖြစ်သည်၊ ယင်းတို့မှာ ကလေးတစ်ဦးကို သင် ပြောဆိုနိုင်သည့် အရာများ ဖြစ်ကြသည်။ အချို့လူများက “ဤစကားများသည် နက်နဲသိမ်မွေ့ခြင်း မရှိပါ၊ ယင်းတို့သည် မြင့်မားခြင်း သို့မဟုတ် ခမ်းနားခြင်း မရှိသည့်အပြင် ဩဇာညောင်းသည့်ပုံလည်း မပေါ်ပါ။ ယင်းတို့သည် မည်သည့် ရှုပ်ထွေးဆန်းပြားသော ဝေါဟာရ သို့မဟုတ် စကားအလှကိုမျှလည်း အသုံးမပြုပါ” ဟု ပြောဆိုကြသည်။ မှန်ပေသည်၊ ဤသည်မှာ လူတို့ကို ဘုရားသခင် စကားပြောဆိုသည့် နည်းလမ်း ဖြစ်သည်။ ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်သည်၊ အရာအားလုံးသည် သူနှင့်အတူ ပေါလျှံကြွယ်ဝပြီး ဘုရားသခင်သည် အရာခပ်သိမ်းကို သာလွန်မြင့်မြတ်သော်လည်း ဘုရားသခင်သည် လွယ်ကူရှင်းလင်းပြီး ရိုးစင်းခြင်း အရှိဆုံးသော ဘာသာစကားကို အသုံးပြု၍ လူသားများနှင့် စကားစမြည်ပြောဆိုသည်။ အဘယ်ကြောင့်ဆိုသော် လူသားများသည် ဘုရားသခင်၏ အမြင်တွင် ကလေးများနှင့် တူသောကြောင့် ၎င်းတို့ မည်သည့်အရာကို စားနိုင်ကြောင်း၊ မည်သည့်အရာကို မစားနိုင်ကြောင်းနှင့် ယင်းကို စားပြီးနောက်တွင် မည်သည့်အရာ ဖြစ်ပျက်မည့်အကြောင်း ဟူ၍ ကလေးများ သဘောပေါက်ပြီး နားလည်နိုင်သော စကားလုံးများကို အသုံးပြု၍ ၎င်းတို့ကို ဘုရားသခင် ညွှန်ကြားသည်။ လူသားများ နားလည်နိုင်စေရန်အလို့ငှာ ၎င်းတို့ကို ညွှန်ကြားရန် သူသည် ထိုသို့သော ရိုးရှင်းသည့် စကားလုံးများကို အသုံးပြုသည်။ ဖောက်ပြန်ပျက်စီးသော လူသားများ၏ အမြင်တွင် ဤအရာကို မည်သို့ ခေါ်ဆိုသနည်း။ ဤအရာကို သူ၏ အဆင့်အတန်းကို နှိမ့်ချခြင်းဟု ခေါ်ဆိုသည်။ သို့သော် ဘုရားသခင်က ယင်းကို မည်သို့ မြင်သနည်း။ ဤသည်မှာ သူ၏ သဘာဝကျသော ထုတ်ဖော်ပြသမှုတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ကိုယ်တိုင်ကို ရုပ်ဖျက်ရန် မလိုအပ်သည့်အပြင် ဤအရာကို လုပ်ဆောင်သည့်အခါ ကြိုတင်ပြင်ဆင်ရန် သို့မဟုတ် စဉ်းစားချင့်ချိန်ရန်လည်း မလိုအပ်ပေ၊ ဤသည်မှာ သူ၏ သဘာဝကျသော ထုတ်ဖော်ပြသမှုတစ်ခု ဖြစ်သည်။ သင် မြင်သလော၊ ဤစကားများသည် နက်နဲသိမ်မွေ့ခြင်း သို့မဟုတ် နက်နဲပြီး ဉာဏ်မမီနိုင်ခြင်း မရှိသောကြောင့် လူတို့သည် ယင်းတို့ကို အလေးအနက် မထားတတ်ကြပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လေးနက်သော ပုံစံဖြင့် သဘောထားပြုမူနိုင်ခြင်း မရှိကြသည့်အပြင် နာခံနိုင်ခြင်းနှင့် ကျိုးနွံနာခံနိုင်ခြင်းလည်း မရှိကြပေ။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုဖြစ်ပြီး ယင်းမှာ အစောဆုံးသော လူသားမျိုးနွယ်၏ မသိနားမလည်မှုလည်း ဖြစ်သည်။ လူသားများသည် ဘုရားသခင် ပြောဆိုခဲ့သည့်အရာနှင့် ကွဲပြားသော ပြောဆိုချက်များကို ကြားသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို သတိထားရှောင်လာကြသည်၊ ဘုရားနှုတ်ကပတ်တော်များကို စတင်၍ သံသယဝင်ကာ စတင် ငြင်းပယ်ခဲ့ကြပြီး ဘုရားသခင်၏ စကားပြောဆိုမှု နောက်ကွယ်ရှိ ရည်မှန်းချက်များကို သံသယဝင်လာခဲ့ကြသည်။ ဤနည်းအားဖြင့် လူသားများသည် ဘုရားသခင်နှင့် ကင်းကွာသွားခဲ့ကြသည်။ လူသားများသည် စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းကို လက်ခံပြီး ဘုရားသခင်နှင့်ပတ်သက်၍ သံသယများနှင့် မယုံမကြည်ဖြစ်မှုများ စရှိလာပြီးနောက်တွင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို နားထောင်နိုင်ခြင်း သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို ကျိုးနွံနာခံနိုင်ခြင်း မရှိတော့ဘဲ ဘုရားသခင်နှင့် တိုး၍ ဝေးကွာသွားခဲ့ကြသည်။ လူတို့သည် ဘုရားသခင်၏ မျက်နှာတော်အလင်းမှ ထွက်ခွာခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို နားမထောင်ခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို မယုံကြည်ခြင်းတို့၏ အကျိုးဆက်များမှာ အဘယ်အရာများ ဖြစ်ခဲ့သနည်း။ ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ရပြီး ယနေ့တိုင်အောင် ဖောက်ပြန်ပျက်စီးနေဆဲ ဖြစ်ခြင်းပင်တည်း။

ယခုလေးတင် ငါပြောခဲ့သည့်အရာမှာ သမ္မာကျမ်းစာထဲတွင် “ဖြားယောင်းသွေးဆောင်သည်” ဟူသော စကားလုံး ပထမဆုံးအကြိမ် ပေါ်လာသည့်အချိန်က ဇာတ်ကြောင်းတစ်ခု ဖြစ်သည်။ ဤဇာတ်ကြောင်းမှနေ၍ လူတို့သည် ဘုရားသခင်၏ စကားပြောဆိုသည့် နည်းလမ်း၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထားတို့နှင့်ပတ်သက်၍ အခြေခံ နားလည်သဘောပေါက်မှုတစ်ခု ရှိသင့်သည်။ ဘုရားသခင်၏ ဤကဏ္ဍဖြစ်သည့် သူ၏ အနှစ်သာရသည် ဖြားယောင်းသွေးဆောင်ခြင်း ကင်းမဲ့သည်ဟူသောအရာကို လူ့ဇာတိခံ ဘုရားသခင်ကလည်း ပိုင်ဆိုင်သည်။ ဤအရာကို အသိအမှတ်ပြုရန် အလွန် လွယ်ကူသင့်သည်။ ဘုရားသခင် ပြောဆိုခဲ့သည့်အရာ သို့မဟုတ် လုပ်ဆောင်ခဲ့သည့်အရာနှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့်အရာ သိပ်မရှိသောကြောင့် လူတို့အတွက် ဤအရာနှင့်ပတ်သက်၍ တိကျသော သိနားလည်မှု ရရှိရန် ခက်ခဲသည်။ နောက်ဆုံးသောကာလရှိ ဤအမှုအဆင့်တွင် လူ့ဇာတိခံ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီး အရာများစွာကို လုပ်ဆောင်ခဲ့သည်။ သင်တို့နှင့် ငါ စကားပြောဆိုပြီး မိတ်သဟာယဖွဲ့ခဲ့သည့် ဤနှစ်ပေါင်းများစွာတစ်လျှောက်တွင်၊ ပြီးလျှင် နေ့စဉ်ဘဝ၌ သင်တို့နှင့် ဆက်ဆံရာတွင်ပင် ငါ၏ နှုတ်ကပတ်တော်များနှင့် လုပ်ရပ်များသည် ယခုလေးတင် ဖော်ပြခဲ့သည့် သမ္မာကျမ်းစာ ဇာတ်ကြောင်းထဲတွင် လူသားများအပေါ် ဘုရားသခင် ထားရှိခဲ့သည့် တူညီသော သဘောထားကို အခြေခံအားဖြင့် ထင်ဟပ်နေသည်။ သင်တို့ နားလည်ပြီး သဘောပေါက်နိုင်သော နည်းလမ်းဖြင့် စကားပြောဆိုရန် ငါ ကြိုးပမ်းသည်၊ ထို့ကြောင့် တစ်ခါတစ်ရံတွင် ငါသည် အလွန် တိကျပြီး အလွန် အသေးစိတ်ကျစွာ စကားပြောဆိုသည်၊ အမှုအရာများကို ထပ်ခါတလဲလဲပင် ပြောဆိုသဖြင့် ယင်းက ရှောင်လွှဲ၍မရနိုင်ဘဲ အနည်းငယ် စကားရှည်သွားစေသည်။ ဤအရာအတွက် အကြောင်းပြချက် တစ်ခုတည်းသာ ရှိသည်။ ဖန်ဆင်းရှင်ဖြစ်သည့် ဘုရားသခင်သည် မည်သည့်နည်းလမ်းဖြင့် ပေါ်ထွန်းပြီး အမှုပြုသည်ဖြစ်စေ လူသားမျိုးနွယ်နှင့်ပတ်သက်လာလျှင် သူ့ထံတွင် စွဲထင်နေသော၊ ပြောင်းလဲရန်ခက်ခဲသော၊ အကျင့်ပါနေသည့် သဘောထားတစ်ခုနှင့် အကျင့်ပါနေသည့် ရှုထောင့်အမြင်တစ်ခု အစဉ်ရှိသည်။ “အကျင့်ပါနေသည့်” နှင့် “စွဲထင်နေသော” ဟူသည်မှာ သိပ်ပြီး သင့်လျော်ချင်မှ သင့်လျော်မည်ဖြစ်သော်လည်း လူသား၏ ဘာသာစကားမှာ အလွန် ကန့်သတ်ချက်ရှိသောကြောင့် ယခုလောလောဆယ်တွင် ငါသည် ဤနည်းအတိုင်းသာ ပြောဆိုနိုင်သည်။ သို့ဆိုလျှင် ဤရှုထောင့်အမြင်က အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းက ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် လူသားမျိုးနွယ်သည် ဘုရားသခင်၏ လက်တော်ဖြင့် ဖန်ဆင်းခဲ့သည့် အစမူလအတိုင်းပင် မသိနားမလည်သော၊ ရိုးအသော လူသားမျိုးနွယ်အဖြစ် အစဉ်အမြဲ ရှိနေမည်ဖြစ်သည်ဟူသော အချက်ကို ညွှန်းဆိုခြင်းဖြစ်၏။ အပြင်ပန်းတွင် လူကြီးနှင့်တူသော်လည်း အတွင်းပိုင်း အနှစ်သာရမှာ သုံးနှစ်အရွယ် ကလေးတစ်ဦးနှင့်တူပေသည်။ ထို့ကြောင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထားသည် လူတို့က လူသားမျိုးနွယ်ကို ရှုမြင်သည့် ရှုထောင့်အမြင်၊ သဘောထားတို့နှင့် အစဉ် ကွဲပြားသည်။ ဤကွဲပြားမှုကြောင့်ပင် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် စကားပြောဆိုသည့်အခါ သို့မဟုတ် ၎င်းတို့ကို ညွှန်ကြားသည့်အခါများစွာတွင် ဘုရားသခင်၏ စကားပြောဆိုသည့် နည်းလမ်း သို့မဟုတ် ထိုသို့လုပ်ဆောင်ရာတွင် သူ၏ အစပြုရာအမှတ်မှာ သူ ပြောဆိုနေသည့်အရာကို လူတို့ ပို၍ ကောင်းမွန်စွာ သိရှိနိုင်စေရန်အလို့ငှာ လူသား၏ ဘာသာစကားကို အသုံးပြုလိုခြင်းနှင့် ပို၍ သက်ဆိုင်သည်။ လူတို့ကို သူ ဆက်ဆံပုံနှင့် ၎င်းတို့ကို စကားပြောဆိုရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ သူ၏ ရည်ရွယ်ချက်များက အဘယ်အရာဖြစ်သည်၊ သူ သတ်မှတ်ထားသော စံနှုန်းများက အဘယ်အရာဖြစ်သည်၊ လူတို့ကို သူ လုပ်ဆောင်စေလိုသည့် အရာအားလုံးအတွက် စည်းမျဉ်းများက အဘယ်အရာဖြစ်သည်နှင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအားလုံးအပေါ် လူတို့ မည်သည့် ရှုထောင့်အမြင်များ ထားရှိသင့်သည်တို့ကို ၎င်းတို့အား ပို၍ ရှင်းလင်းစွာ သိရှိစေရန် ဖြစ်သည်။ ဘုရားသခင်သည် ဖန်ဆင်းရှင်၏ ရှုထောင့်အမြင်မှနေ၍ လူသားမျိုးနွယ်အား ဤနှုတ်ကပတ်တော်များကို ပြောဆိုသည့်အခါ သူသည် မိန့်ခွန်းပြောကြားနေခြင်း မဟုတ်သည့်အပြင် စည်းရုံးလှုံ့ဆော်သည့် ကြွေးကြော်သံကို ထုတ်ပြန်နေခြင်းလည်း မဟုတ်ပေ၊ ပြီးလျှင် သေချာသည်မှာ သူသည် ၎င်းတို့ကို နှိုးဆော်တိုက်တွန်းနေခြင်းလည်း မဟုတ်ပေ။ ထိုအစား သူသည် ၎င်းတို့ကို ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။ ထောက်ပံ့ပေးခြင်းဟူသည်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ အဘယ်အရာဖြစ်သည်ဟု သင်တို့ ထင်ကြောင်း ငါ့ကို ပြောပြကြလော့။ (ယင်းမှာ လူတို့ လိုအပ်သည့်အရာနှင့် လူတို့ ချို့တဲ့နေသည့်အရာကို ဖြည့်ဆည်းပေးခြင်း ဖြစ်ပါသည်၊ ဤအရာကို ထောက်ပံ့ပေးခြင်းဟု ခေါ်ဆိုပါသည်။) ထောက်ပံ့ပေးခြင်းတွင် ပံ့ပိုးခြင်းနှင့် ကူညီခြင်းတို့ ပါဝင်ပြီး တစ်ခါတစ်ရံတွင် တိုက်တွန်းနှိုးဆော်ခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးခြင်း စသည်တို့ ပါဝင်သည်။ သို့ဆိုလျှင် ထောက်ပံ့ပေးခြင်းဟူသည်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ လူသားများသည် အသက်မည်မျှ ကြီးသည်ဖြစ်စေ၊ ရှင်သန်ခြင်း ကျွမ်းကျင်မှု မည်မျှကို ၎င်းတို့ တတ်မြောက်ထားသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ အသိပညာအဆင့် မည်မျှ မြင့်မားသည်ဖြစ်စေ သမ္မာတရားနှင့်ပတ်သက်လာလျှင် လူသားများသည် အစဉ် ဗလာနတ္ထိဖြစ်နေသည်ကို ဆိုလိုသည်။ လူတို့ နားလည်သော အသိပညာသည် သမ္မာတရားနှင့် သဟဇာတမဖြစ်ပေ။ လူတို့ နားလည်သင့်သည့် သမ္မာတရားများစွာ ရှိပြီး လူတို့ အလိုအပ်ဆုံးသော ထောက်ပံ့ပေးမှုမှာ သမ္မာတရားနှင့် အသက်ကို ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသာလျှင် လူတို့အတွက် အကောင်းဆုံးသော ထောက်ပံ့ပေးမှု ဖြစ်သည်။ ဆိုလိုသည်မှာ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအားလုံးကို ရင်ဆိုင်ရရာတွင် သင်၏ ရှုထောင့်အမြင်များ၊ နားလည်သဘောပေါက်မှုများနှင့် သဘောထားများသည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သင်သည် အသိပညာ မည်မျှ ပိုင်ဆိုင်သည်ဖြစ်စေ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် သင်၏ နည်းဗျူဟာများက မည်မျှ ပါးနပ်သည်ဖြစ်စေ၊ ပြီးလျှင် သင်၌ ဘဝအတွေ့အကြုံ မည်မျှရှိသည်ဖြစ်စေ သမ္မာတရားနှင့်ပတ်သက်လာလျှင် သင်သည် ဗလာနတ္ထိဖြစ်နေသည်၊ သင်၌ သမ္မာတရား မရှိပေ။ အချို့လူများသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြပြီး အယူဝါဒအချို့ကို နားလည်ကြလျှင်ပင် ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် နားမလည်ကြပေ။ သမ္မာတရားကို နားမလည်ခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ တစ်ဖက်တွင် ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားများအရ ယင်းမှာ သင်သည် သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြောင်း၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင် မသိကြောင်းနှင့် အထူးအခြေအနေများကို သင် ကြုံတွေ့ရသည့်အခါ သင် မည်သည့်အရာ လုပ်ရမှန်းမသိ ဖြစ်နေကြောင်းကို ဆိုလိုသည်။ အခြားတစ်ဖက်တွင် ယင်း၏နောက်ကွယ်၌ ပုဂ္ဂလဓိဋ္ဌာန်ကျသော အကြောင်းရင်းတစ်ခုလည်း ရှိပြီး ယင်းမှာ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိခြင်း ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်စေရန် သင့်ကို ဟန့်တားပြီး ချည်နှောင်ထားသည်။ သင်သည် သင်နားလည်သော သမ္မာတရား အနည်းငယ်ကိုပင် လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင့်အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ခက်ခဲပြီး ထိုသို့လုပ်ဆောင်ရန်အတွက် အဟန့်အတားများ ရှိသည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် လူသားမျိုးနွယ်သည် ထာဝစဉ် ကလေးငယ်တစ်ဦး ဖြစ်နေလိမ့်မည်။ အချို့လူများက “လူသည် ဘုရားသခင်၏ အမြင်တွင် ထာဝစဉ် ကလေးငယ်တစ်ဦး ဖြစ်နေမည်လော။ ဤအရာက တစ်စုံတစ်ဦးသည် မည်သည့်အဆင့်တွင် ရှိနေသည်ဟူသည့်အပေါ် မူတည်သလော” ဟု ပြောဆိုကြသည်။ မမူတည်ပေ။ ယင်းက တစ်စုံတစ်ဦးသည် မည်သည့်အဆင့်တွင် ရှိနေသည်ဟူသည့်အပေါ် မမူတည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ လူ၏ အနှစ်သာရကို အခြေခံလျှင် လူသားမျိုးနွယ်သည် အစဉ် လူသားမျိုးနွယ်သာ ဖြစ်ပြီး လူသည် ဘုရားသခင်၏ ရှေ့မှောက်တွင် ထာဝစဉ် ကလေးငယ်တစ်ဦး ဖြစ်နေလိမ့်မည်။ အချို့လူများက “သို့ဆိုလျှင် အာဗြဟံနှင့် ယောဘတို့သည် ကလေးငယ်များ ဖြစ်ခဲ့ကြသလော” ဟု ပြောဆိုကြသည်။ ဟုတ်ပေသည်။ အာဗြဟံနှင့် ယောဘတို့သည် သက်သေခံခဲ့ကြသော်လည်း အဘယ်ကြောင့် ကလေးငယ်များ ဖြစ်နေခဲ့ကြသေးသနည်း။ ယင်းမှာ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အနန္တတန်ခိုးတို့နှင့် နှိုင်းယှဉ်ထားခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင် ထောက်ပံ့ပေးသော သမ္မာတရား မည်မျှကို နားလည်သည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်ကို မည်မျှ ကျိုးနွံနာခံနိုင်သည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သော လူတို့၏ အသိပညာနှင့် သမ္မာတရားအပေါ် ၎င်းတို့၏ နားလည်သဘောပေါက်မှုတို့သည် ကန့်သတ်ချက်ရှိသည်။ ဤ “ကန့်သတ်ချက်ရှိသည်” ဟူသောအရာက အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ဤအရာများသည် ၎င်းတို့၏ ဘဝများနှင့် ရှင်သန်ခြင်း အတိုင်းအတာအတွင်း၌သာ ကန့်သတ်ခံထားရကြောင်းကို ဆိုလိုသည်။ သင်သည် သမ္မာတရား၏ အမျိုးမျိုးသော ကဏ္ဍများကို နားလည်ပြီး ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရလျှင်ပင် အဆုံးတွင် သင့်အတွက် ထောက်ပံ့ပေးသူမှာ ဘုရားသခင်သာ ဖြစ်နေဆဲဖြစ်သည်။ ဘုရားသခင်သည် သင်၏ အသက်နှင့် အသက်ရှင်ခြင်း၏ အရင်းအမြစ် ထာဝစဉ် ဖြစ်နေလိမ့်မည်ဖြစ်ပြီး သင်သည် ဘုရားနှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အသက်တို့၏ ထောက်ပံ့ပေးမှုနှင့် ရေလောင်းပေးမှုတို့ကို လက်ခံရရှိသူ ထာဝစဉ် ဖြစ်နေလိမ့်မည်။ ဤရှုထောင့်အမြင်မှကြည့်လျှင် လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမြင်တွင် ထာဝစဉ် ကလေးငယ်လေးတစ်ဦး ဖြစ်နေလိမ့်မည်။ တိတိကျကျဆိုရလျှင် သင်သည် အနှီးဖြင့် ပတ်ထားသော ကလေးငယ်တစ်ဦး ဖြစ်စေ၊ နို့စို့အရွယ် ကလေးငယ်တစ်ဦး ဖြစ်စေ၊ အခြားအဆင့်တစ်ခုခုတွင် ရှိနေသည်ဖြစ်စေ ထိုအရာကို သင်နားလည်သော သမ္မာတရားများအရ အမျိုးအစားခွဲခြားထားခြင်း ဖြစ်သည်။ သို့သော် မည်သည့်အဆင့်တွင်ပင်ဖြစ်စေ လူသားများဖြစ်သည့် ဤဖန်ဆင်းခံ သက်ရှိသတ္တဝါများသည် ဖန်ဆင်းခံများ ဖြစ်ကြသောကြောင့် ၎င်းတို့သည် ဖန်ဆင်းရှင်၏ အမြင်တွင် ထာဝစဉ် ကလေးငယ်လေးများ ဖြစ်နေကြလိမ့်မည်။ သို့ဖြစ်၍ ကလေးငယ်တစ်ဦး၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့အရ ရှုမြင်လျှင် လူသားမျိုးနွယ်အား ဘုရားသခင် စကားပြောဆိုခြင်း၏ အဓိက ရည်မှန်းချက်နှင့် သဘောသဘာဝမှာ ထောက်ပံ့ပေးခြင်း ဖြစ်သည်။ သေချာသည်မှာ ဘုရားသခင် ပေးသော ထောက်ပံ့ပေးမှုအတွက် ကျယ်ပြန့်သော အတိုင်းအတာတစ်ခု ရှိသည်။ ယင်းတို့ထဲမှ အချို့မှာ ဖွင့်ဟဖော်ပြခြင်း ဖြစ်သည်၊ အချို့မှာ ပြစ်တင်မောင်းမဲခြင်း ဖြစ်ပြီး အချို့မှာ ဆုံးမပဲ့ပြင်ခြင်း ဖြစ်ကာ တစ်ခါတစ်ရံတွင် ယင်းမှာ ဖော်ထုတ်ခြင်း ဖြစ်သည်၊ တစ်ခါတစ်ရံတွင် ယင်းမှာ ပြုပြင်ခြင်း ဖြစ်သည်၊ တစ်ခါတစ်ရံတွင် ယင်းမှာ လူတို့ကို အမှုအရာများအား တိုက်ရိုက် ပြောပြခြင်း ဖြစ်သည်၊ တစ်ခါတစ်ရံတွင် ယင်းမှာ ၎င်းတို့ကို အမှုအရာများအား ပွင့်လင်းစွာ ပြောပြခြင်း ဖြစ်ပြီး တစ်ခါတစ်ရံတွင် ယင်းမှာ လူတို့ကို ၎င်းတို့ကိုယ်တိုင် ဆင်ခြင်သုံးသပ်ပြီး တွေ့ကြုံရန်အတွက် စည်းမျဉ်းတစ်ခုအား ပြောပြဖို့ ဥပမာတစ်ခုပေးရုံမျှသာဖြစ်လေသည်။ သူသည် မည်သည့်နည်းလမ်းဖြင့် စကားပြောဆိုသည်ဖြစ်စေ ဖန်ဆင်းရှင်က သူ ဖန်ဆင်းခဲ့သော လူသားများကို စကားပြောဆိုခြင်း၏ သဘောသဘာဝနှင့်ပတ်သက်လာလျှင် ယင်းမှာ အစဉ် ထောက်ပံ့ပေးမှု ပုံစံတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်က လူတို့ကို ထောက်ပံ့ပေးခြင်းနှင့်ပတ်သက်လာလျှင် ယင်းသည် ဖြားယောင်းသွေးဆောင်ခြင်း ကင်းမဲ့ကြောင်းကို သင်တို့ မြင်ကြသလော။ (မြင်ပါသည်။) လူတို့အတွက်မူ လူသားမျိုးနွယ်က ဘုရားသခင်ထံမှ ရရှိသည့်အရာသည် အစဉ် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်။ ၎င်းတို့ ရရှိသည့်အရာသည် အကျိုးကျေးဇူးဖြစ်ပြီး ၎င်းတို့ ရိတ်သိမ်းရသည့်အရာမှာ အသက် ဖြစ်သည်။ သင်သည် အဆုံးတွင် စုံလင်အောင် ပြုခြင်းခံရလျှင်ပင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရဦးမည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ထောက်ပံ့ပေးမှုကို လက်ခံရဦးမည်ဖြစ်သည်၊ ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံရဦးမည်ဖြစ်ပြီး သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ သင်၏ ပင်ကိုလက္ခဏာသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ ထိုအချိန်၌ ထိုပင်ကိုလက္ခဏာအတွင်းတွင် သင်ပိုင်ဆိုင်သည့် အသက်နှင့် ဝိညာဉ်ရင့်ကျက်မှုသည် သင်၏ လက်ရှိ ပင်ကိုလက္ခဏာအတွင်းတွင် သင်ပိုင်ဆိုင်သည့် အသက်၊ ဝိညာဉ်ရင့်ကျက်မှုတို့နှင့် ကွဲပြားလိမ့်မည်သာ ဖြစ်သည်။ ထိုအချိန်၌ သင်၏ ပင်ကိုလက္ခဏာသည် သာ၍ပင် တရားဝင်လိမ့်မည်ဖြစ်ပြီး သင်သည် လူသားမျိုးနွယ်သစ်နှင့် သက်ဆိုင်သော အသက်ကို ပိုင်ဆိုင်လိမ့်မည်။ ဤအသက်၏ အနှစ်သာရသည် ဘုရားနှုတ်ကပတ်တော်များမှ လာသည်။ ဤလူသားမျိုးနွယ်သစ်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို ကိုးကွယ်နိုင်ကြသည်။ ၎င်းတို့သည် စာတန်ကို မကိုးကွယ်တော့ပေ၊ ၎င်းတို့သည် စာတန်ကို ငြင်းပယ်ပြီးဖြစ်သည်၊ ၎င်းတို့သည် စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းကို မခံရတော့သည့်အပြင် သားရဲ၏ အမှတ်အသားကိုလည်း မဆောင်ကြပေ။

လူ့ဇာတိခံ ဘုရားသခင် ပြောဆိုသော ဤနှုတ်ကပတ်တော်များအားလုံးတွင် သင်တို့ ယင်းတို့ကို ဖတ်ရှုသည့် ပထမဆုံးနေ့မှစ၍ ယခုအချိန်အထိ သို့မဟုတ် အနာဂတ်တွင် သင်တို့ ယင်းတို့ကို ဖတ်ရှုသည့်အခါ သင်တို့ ဖတ်ရှုသည့် နှုတ်ကပတ်တော်တိုင်းနှင့် သင်တို့ ကြားနာပြီး လက်ခံသည့် နှုတ်ကပတ်တော်တိုင်းတွင် ဘုရားသခင် စကားပြောဆိုသည့် အကြိမ်တိုင်း၌ ဖြားယောင်းသွေးဆောင်ခြင်း အစိတ်အပိုင်း ပါဝင်သည့် စကားတစ်ခွန်းမျှ မရှိပေ။ ငါသည် သင်တို့ကို မေးခွန်းများ မေးသည့်အခါတွင်ပင် သင်တို့၏ ရှုထောင့်အမြင်များကို မေးမြန်းလျက်၊ ပြီးလျှင် တစ်စုံတစ်ရာကို သင်တို့ မည်သို့ နားလည်ပြီး ရှုမြင်သည်ကို မေးမြန်းလျက် ရှင်းလင်းပြတ်သားစွာ ငါ မေးမြန်းသည်။ သို့မဟုတ် သင်တို့ စဉ်းစားတွေးဆရန် မေးခွန်းတစ်ခုကို ငါ မေးကောင်းမေးနိုင်ပြီး သင်တို့ ဆွေးနွေးပြီးနောက်တွင် ယင်းကို သင်တို့ စဉ်းစားဖော်ထုတ်နိုင်ခြင်း မရှိသည်ကို သို့မဟုတ် ရှင်းလင်းမှု မရရှိသေးသည်ကို ငါ မြင်ပါက ယင်းအကြောင်းကို တိုက်ရိုက်သာ ငါ ပြောဆိုမည်ဖြစ်သည်။ ငါ စကားပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် သင်တို့က ပြဿနာကို နားလည်ပြီး သဘောပေါက်နိုင်ပါက ယင်းအကြောင်းကို ငါ ထပ်ပြောတော့မည် မဟုတ်ပေ။ တစ်ခါတစ်ရံ ငါ စကားပြောဆိုသည့်အခါ ဥပမာများ ပေးသည်။ အချို့လူများက ယင်းတို့ကို ကြားပြီး “ကိုယ်တော်က လမ်းလျှောက်ခါစ ကလေးများကို သင်ကြားပေးနေခြင်းလော” ဟု ခံစားကြရသည်။ ဘုရားသခင်ကို ယုံကြည်သူ အများစုသည် အသက်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ကျော် လူကြီးများဖြစ်ကြသည်၊ ၎င်းတို့သည် လမ်းလျှောက်ခါစ ကလေးများ အမှန်ပင် မဟုတ်ကြဟု ငါ ပြောသည်။ သို့သော် ဘုရားသခင်ကို ယုံကြည်သူများ စားသောက်သည့်အရာမှာ ဘုရားနှုတ်ကပတ်တော်များ ဖြစ်သောကြောင့် တစ်စုံတစ်ဦးသည် အသက်မည်မျှကြီးသည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များရှေ့နှင့် ဘုရားသခင်ရှေ့တွင် ၎င်းတို့သည် လမ်းလျှောက်ခါစ ကလေးတစ်ဦးဖြစ်ပြီး ထာဝစဉ် ထိုသို့ဖြစ်နေလိမ့်မည်။ သင် မြင်သလော၊ ဘုရားအိမ်တော်ရှိ လူများသည် အလွှာပေါင်းစုံမှ လာကြသည်။ အလုပ်သမားများ၊ လယ်သမားများ၊ နည်းပညာရှင်များ၊ အစိုးရအရာရှိများအပြင် ကောလိပ်ကျောင်းသားများနှင့် ဘွဲ့လွန်ကျောင်းသားများ၊ ပါရဂူကျောင်းသားများ၊ ပါမောက္ခများ စသည်တို့ ဖြစ်ကြသည်။ သို့သော် ဤလူများအားလုံးထဲတွင် သမ္မာတရားကို လူဦးရေမည်မျှက သဘောပေါက်နိုင်သနည်း။ ဤကဲ့သို့ တရားဒေသနာများကို ငါ ဟောကြားသည့်အခါ လူမည်မျှက ယင်းတို့ကို အပြည့်အဝ နားလည်နိုင်သနည်း။ ငါသည် အသေးစိတ်နှင့် တိတိကျကျ မပြောဆိုပါက ငါပြောသည့်အရာကို လူတို့ နားလည်နိုင်သလော။ ၎င်းတို့သည် စာသားအတိုင်း အဓိပ္ပာယ်ကို အနည်းငယ်သာ နားလည်ကြပြီး ၎င်းတို့ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည့်အချိန် ရောက်လာသောအခါ ၎င်းတို့တွင် လမ်းကြောင်းတစ်ခု မရှိကြပေ။ ထို့ကြောင့် ငါသည် အသေးစိတ်နှင့် တိတိကျကျ ပြောဆိုရမည်ဖြစ်ပြီး ဥပမာများကိုလည်း ပေးရမည်ဖြစ်သည်။ ဤစကားပြောဆိုသည့် နည်းလမ်းများထဲမှ တစ်ခုခုကို ချန်လှပ်ထားခြင်းက အဆင်ပြေမည်မဟုတ်ပေ။ တစ်စုံတစ်ဦးက ဤသည်မှာ လမ်းလျှောက်ခါစ ကလေးများကို သင်ကြားပေးနေခြင်းဖြစ်သည်ဟု ထင်ပါက ၎င်းတို့ မှန်ပေသည်။ ဤစကားများကို ငါ ပြောဆိုသည့်အခါ ငါသည် လမ်းလျှောက်ခါစ ကလေးများကို အမှန်တကယ် ပြောဆိုနေခြင်း ဖြစ်သည်။ သို့ဆိုလျှင် ငါ့ကို ပြောပြကြလော့၊ သင်တို့အားလုံးသည် ဘုရားသခင်ရှေ့တွင် လမ်းလျှောက်ခါစ ကလေးများ မဟုတ်ကြလော။ သင်တို့ထဲမှ မည်မျှက ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်ပြီး ဘုရားနှုတ်ကပတ်တော်များကို နားလည်နိုင်သနည်း။ သင်တို့သည် မိမိတို့ကိုယ်ကို လမ်းလျှောက်ခါစ ကလေးများအဖြစ် အမှန်တကယ် ဆက်ဆံပါက သင်တို့သည် ဆင်ခြင်တုံတရားကို အမှန်တကယ် ပိုင်ဆိုင်ကြသည်။ ဘုရားနှုတ်ကပတ်တော်များကို နားထောင်သည့်အခါ သင်တို့သည် မိမိတို့ကိုယ်ကို လမ်းလျှောက်ခါစ ကလေးများအဖြစ် ဆက်ဆံသင့်သည်။ ဤစိတ်သဘောထားမှာ မှန်ကန်သည်။ သင်တို့ မြင်သလော၊ လမ်းလျှောက်ခါစ ကလေးများအတွက် ရည်ရွယ်သော ဤစကားများကို ငါ ပြောဆိုသည့်အခါ ယင်းတို့က စိတ်ဝင်စားဖွယ်ကောင်းသည်ဟု သင်တို့ တွေ့ရှိပြီး ယင်းတို့ကို အာမင်ဟု သင်တို့ ပြောကြသလော။ ဤနည်းအတိုင်း ငါ စကားပြောဆိုခြင်းက သင်တို့၏ အခက်အခဲများကို ဖြေရှင်းပေးသလော။ ယင်းက သင်တို့၏ ပြဿနာများကို ဖြေရှင်းပေးသလော။ သင်တို့၏ ပြဿနာများသည် အမှန်တကယ် ဖြေရှင်းခံရပါက ဤစကားများသည် လူတို့ လိုအပ်သည့်အရာဖြစ်ပြီး ဤနည်းအတိုင်း ငါ စကားပြောဆိုခြင်းသည် အမှန်ပင် လုံးဝ သင့်လျော်ပေသည်။ ဖောက်ပြန်ပျက်စီးသော လူသားများသည် ငါ့ကို ဤနည်းအတိုင်း စကားပြောဆိုရန် အမှန်တကယ် လိုအပ်သည်။ ဥပမာများပေးခြင်း၊ တင်စားချက်များ အသုံးပြုခြင်းနှင့် အမျိုးမျိုးသော ရှုထောင့်အမြင်များမှနေ၍ အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုလျက် မမောမပန်းဘဲ ထပ်ခါတလဲလဲ ပြောဆိုခြင်းတို့ ဖြစ်သည်။ ထို့အပြင် ကလေးတစ်ဦးနှင့် သင် အသုံးပြုနိုင်သည့်အရာနှင့် ဆင်တူသော စကားလုံးများကို ငါ အသုံးပြုသည်။ ဤအရာများသည် လွယ်ကူရိုးရှင်းပြီး ရိုးစင်းခြင်း အရှိဆုံး စကားလုံးများ ဖြစ်ကြသည်။ ဤကဲ့သို့ စကားပြောဆိုခြင်းအားဖြင့်သာ လူတို့ နားလည်နိုင်ကြသည်။ သို့သော် ငါ မည်သို့ပင် စကားပြောဆိုသည်ဖြစ်စေ ဤစကားများအားလုံးထဲတွင် စကားတစ်ခွန်းမျှ လိမ်ညာမှု မဟုတ်သည့်အပြင် သင်တို့ကို အထင်အမြင်မှားစေရန် ရည်ရွယ်ခြင်းလည်း မဟုတ်ပေ။ ယင်းတို့အားလုံးက ဘုရားသခင် ပြောဆိုသမျှ အရာအားလုံးကို ယုံကြည်ရန် သင်တို့ကို ပြောပြသည်။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို လုံးဝ သံသယမဝင်ရပေ။ ဘုရားနှုတ်ကပတ်တော်များကို သံသယဝင်သူ မည်သူမဆိုသည် စာတန်၏ လှည့်ကွက်ထဲသို့ ကျရောက်ပြီး ယင်း၏ ထောင်ချောက်ထဲတွင် မိမိတို့ကိုယ်ကို ဖမ်းမိလျက်သား ဖြစ်နေသည်ကို တွေ့ရှိရသည်။ ဥပမာအားဖြင့် ဘုရားသခင်က “သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်။” (ကမ္ဘာဦးကျမ်း ၂:၁၇) ဟု ပြောဆိုခဲ့သည်။ ပြီးလျှင် စာတန်က လူတို့ကို မည်သို့ အထင်အမြင်မှားစေခဲ့သနည်း။ စာတန်က “သင်တို့ ဧကန်မုချ သေရမည်ကား မဟုတ်နိုင်...” (ကမ္ဘာဦးကျမ်း ၃:၄) ဟု ပြောဆိုခဲ့သည်။ ဤအရာက လူတို့ကို အထင်အမြင်မှားစေခဲ့သည်။ ငါ ပြောဆိုခဲ့သည့်အရာတွင် စာတန်၏ စကားများနှင့် ဆင်တူသော စကားများ သို့မဟုတ် စာတန် လုပ်ခဲ့သကဲ့သို့ လူတို့ကို အထင်အမြင်မှားစေသည့် စကားများ ရှိသလော။ ဤသဘောသဘာဝရှိသော အရာတစ်ခုတလေကို ငါ ပြောဆိုခဲ့ဖူးသလော။ (မပြောဆိုခဲ့ဖူးပါ။) တစ်ဖက်တွင် ငါ ပြောဆိုခဲ့သော နှုတ်ကပတ်တော်များသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ယင်းက လူတို့ထဲသို့ ထည့်သွင်းပေးသည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အမျိုးမျိုးသော အတွေးများနှင့် အမြင်များကို သင်တို့ သိရှိရန် ကူညီပေးပြီး ယင်းတို့ကို သင်တို့ သိရှိလာကာ စိစစ်နိုင်စေပြီးနောက် ယင်းတို့ကို ဖယ်ရှားနိုင်စေသည်။ အခြားတစ်ဖက်တွင် ဘုရားသခင်၏ လမ်းခရီးကို မည်သို့ လိုက်လျှောက်ရမည်၊ ဘုရားသခင်၏ လမ်းခရီးသည် မည်သို့ရှိသည်၊ လူတို့အတွက် ဘုရားသခင် သတ်မှတ်ထားသော စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်နှင့် အမျိုးမျိုးသော ကိစ္စရပ်များတွင် လူတို့သည် မည်သည့် စည်းမျဉ်းများကို လိုက်နာသင့်သည်ဟူသည်တို့ကို ယင်းတို့က သင်တို့ကို ပြောပြသည်။ ငါ ပြောဆိုခဲ့သမျှ အရာအားလုံးသည် သင့်ကို စာတန်နှင့် ဆိုးယုတ်သော ရေစီးကြောင်းများနှင့် ဝေးဝေးနေရန်၊ စာတန်ကို ငြင်းပယ်ရန်၊ ဆိုးယုတ်သော ရေစီးကြောင်းများမှ ဝေးဝေးနေရန်၊ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန်၊ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန်၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်နှင့် ဘုရားနှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန် ကူညီပေးဖို့ ဖြစ်သည်။ ငါ ပြောဆိုခဲ့သမျှ အရာအားလုံးသည် သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်နှင့် ထို့နောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဘုရားသခင်ကို ကိုးကွယ်သော လူများ ဖြစ်လာရန် သင်တို့ကို ကူညီပေးဖို့ ဖြစ်သည်။ လောကီဆိုင်ရာ ရေစီးကြောင်းများကို လိုက်ရန် သို့မဟုတ် လောက၏ အမျိုးမျိုးသော အတွေးများနှင့် အမြင်များကို လက်ခံယုံကြည်ရန် သင်တို့ကို ခိုင်းစေသည့်အရာ တစ်ခုမျှ ငါ မည်သည့်အခါမျှ မပြောဆိုခဲ့ဖူးပေ။ မှန်သော လမ်းခရီးမှ သင်တို့ကို လှည့်ထွက်သွားစေရန် သို့မဟုတ် ဘုရားသခင်ထံမှ လှည့်ထွက်သွားစေရန် အရာတစ်ခုတလေကိုမျှ ငါ မပြောဆိုခဲ့ဖူးသည့်အပြင် ဘုရားသခင်ကို ဝေဖန်ကဲ့ရဲ့ရန် သို့မဟုတ် ဘုရားသခင်ကို မကျေမနပ်ဖြစ်ရန်လည်း သင်တို့ကို ငါ မည်သည့်အခါမျှ မပြောဆိုခဲ့ဖူးပေ။ သေချာသည်မှာ ငါ၏ နှုတ်ကပတ်တော်များသည် လူ့ဇာတိခံ ဘုရားသခင်၏ ရှုထောင့်အမြင်မှနေ၍ ဘုရားသခင်ကို မှားယွင်းစွာ ကိုယ်စားပြုခြင်း သို့မဟုတ် ဘုရားသခင်ကို သင်တို့ အထင်လွဲစေရန် သို့မဟုတ် သူ့ကို သတိထားရှောင်စေရန် မှားယွင်းသော သတင်းအချက်အလက်များကို ထုတ်ပြန်ခြင်းတို့ ရှိခဲ့ဖို့ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ ထိုအစား ဘုရားသခင်နှင့်ပတ်သက်သည့် သင်တို့၏ မှားယွင်းသော အတွေးများနှင့် အမြင်များအပြင် ဘုရားသခင်နှင့်ပတ်သက်သည့် သင်တို့၏ အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းရန် ငါ အစွမ်းကုန် လုပ်ဆောင်ပြီး သင်တို့ကို သူ၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာသည်၊ သူ့ထံသို့ပင် တွန်းပို့ပေးလျက် ဆိုးယုတ်သော ရေစီးကြောင်းများနှင့် ဝေးဝေးနေရန်နှင့် အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးများနှင့် အမြင်များကို စွန့်လွှတ်ရန် သင်တို့ကို ကူညီပေးသည်။ သင် မြင်သလော၊ အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးများနှင့် အမြင်များကို စိစစ်သည့် ဤနှုတ်ကပတ်တော်များအားလုံးသည် အိမ်ထောင်ရေး၊ မိသားစု၊ အလုပ်၊ နိုင်ငံရေး၊ ရည်သန်မျှော်မှန်းချက်များ၊ အနာဂတ် အလားအလာများ၊ ငွေကြေး၊ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ အမျိုးသားများနှင့် အမျိုးသမီးများကြား ဆက်ဆံရေးများအပြင် ဤလောကရှိ အမျိုးမျိုးသော လူများ လျှောက်လှမ်းသည့် လမ်းကြောင်းများ၊ လူတို့သည် အမျိုးမျိုးသော စိတ်ခံစားမှုများကို မည်သို့ ပိုင်းခြားသိမြင်သင့်သည်၊ ခံစားချက်များကို မည်သို့ ဆက်ဆံရမည် စသည်တို့နှင့်ပတ်သက်သည့် ငါ၏ မိတ်သဟာယ အပါအဝင် ဤအရာများအားလုံးသည် သင်တို့ကို မှန်ကန်ပြီး အပြုသဘောဆောင်သော အတွေးများနှင့် အမြင်များဖြင့်လည်းကောင်း၊ သမ္မာတရားဖြင့်လည်းကောင်း ထောက်ပံ့ပေးသည်။ ဤနှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရား ဖြစ်ကြသည်။ သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ လူသည် အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးများနှင့် အမြင်များကို ပိုင်းခြားသိမြင်ရန်၊ ဤလောက၏ မှောင်မိုက်ခြင်းနှင့် ဆိုးယုတ်ခြင်းကို ပိုင်းခြားသိမြင်ရန်၊ ဤလောကကို ရှင်းလင်းစွာ မြင်နိုင်လာရန်နှင့် စာတန်ကို ငြင်းပယ်ရန် အမျိုးမျိုးသော ရှုထောင့်အမြင်များကို အသုံးပြုနိုင်သည်။ သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ သူသည် ဘုရားသခင်က သူ့ကို တောင်းဆိုသည့်အတိုင်း သမ္မာတရားနှင့် ကိုက်ညီသော မှန်ကန်သည့် အတွေးများနှင့် အမြင်များကို ပိုင်ဆိုင်နိုင်သည်၊ တောက်ပပြီး မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းနိုင်ကာ သူ့ကို ကျိုးနွံနာခံပြီး ကိုးကွယ်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်နိုင်သည်။ ထို့အပြင် ဤနှုတ်ကပတ်တော်များကို ငါ ပြောဆိုခြင်း နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခု ရှိပါက ယင်းမှာ တစ်ခုတည်းသာ ရှိပြီး ယင်းမှာ သင်တို့ သမ္မာတရားကို နားလည်ကာ သင်တို့၏ ကိုယ်ပိုင် ဇာတိပကတိဆိုင်ရာ အလားအလာများနှင့် အကျိုးစီးပွားများအပြင် အခြားသော အမျိုးမျိုးသော လူ့ဇာတိဆိုင်ရာ အရာများကို စွန့်လွှတ်နိုင်လာပြီးနောက် သမ္မာတရားကို လိုက်စားရန် ကူညီပေးဖို့ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ရန် ဖြစ်သည်။ ယင်းမှာ သင်တို့ သမ္မာတရားကို စိတ်ဝင်စားလာစေရန်အလို့ငှာ သမ္မာတရား ပါဝင်ပတ်သက်သည့် အမျိုးမျိုးသော အကြောင်းအရာများအကြောင်းကို လူတို့အား ပြောပြရန် အမျိုးမျိုးသော မတူညီသည့် နည်းလမ်းများကို အသုံးပြုရန်လည်း ဖြစ်သည်။ အထူးသဖြင့် သင်တို့ စိတ်ဝင်စားလာစေရန်နှင့် သင်တို့ နားထောင်လိုစိတ်ရှိလာရန် ကူညီပေးဖို့အလို့ငှာ ငါသည် အတော်အတန် ရယ်မောဖွယ်ကောင်းပြီး ဉာဏ်ရည်ထက်မြက်သော နည်းလမ်းအချို့ကို အသုံးပြုသည်၊ သို့မှသာ သင်တို့သည် ယင်းကို လက်ခံနိုင်မည်ဖြစ်ပြီး ထို့နောက် ယင်းတွင် ပြောဆိုထားသည့် သမ္မာတရားကို နားလည်နိုင်မည် ဖြစ်သည်။ သင်တို့ကို ဆွဲဆောင်ရန်နှင့် သင်တို့ နားထောင်လိုစိတ်ရှိလာရန် ကူညီပေးဖို့အလို့ငှာ ငါသည် ရယ်မောဖွယ်ကောင်းသော သို့မဟုတ် စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်ကြောင်းတစ်ခုကို အသုံးပြုကောင်း အသုံးပြုနိုင်သည်။ ဤနည်းအားဖြင့် သင်သည် ယင်းကို နားထောင်ပြီးနောက် ဇာတ်ကြောင်းကို မှတ်မိသည့်အပြင် လက်တွေ့ဘဝတွင် ဆင်တူသော ကိစ္စရပ်တစ်ခုကို သင် ကြုံတွေ့ရသည့်အခါ ယင်းကို ပြန်လည်အမှတ်ရနိုင်မည်ဖြစ်ပြီး ဤပြဿနာ ပါဝင်ပတ်သက်သည့် သမ္မာတရားများကို သင် ရှာဖွေနိုင်မည် ဖြစ်သည်။ သင် ရှာဖွေသည်နှင့်အမျှ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်းကို သင် ရရှိမည်ဖြစ်ပြီး ယင်းအတွင်းရှိ သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ အဘယ်အရာဖြစ်သည်နှင့် လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားများမှာ အဘယ်အရာဖြစ်သည်ကို သိရှိမည် ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် အမျိုးမျိုးသော ကိစ္စရပ်များကို ကြုံတွေ့ရသည့်အခါ လမ်းပျောက်နေခြင်း မရှိတော့ရန်၊ လက်ပိုက်ကြည့်နေရခြင်း မရှိတော့ရန်နှင့် နောက်ထပ် ဝေခွဲမရဖြစ်ခြင်း သို့မဟုတ် နာကျင်ခြင်း မရှိတော့ဘဲ ဖြစ်နိုင်ချေရှိသော လမ်းကြောင်းတစ်ခု ရှိရန် ငါ ကြိုးပမ်းသည်၊ ပြီးလျှင် ပို၍ အရေးကြီးသည်မှာ သင်သည် ယခင်ကကဲ့သို့ စာတန်၏ အတွေးများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို နောက်ထပ် မခံရတော့ရန်၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်၏ အသက်အဖြစ် နောက်ထပ် မယူတော့ရန်နှင့် အမျိုးမျိုးသော ကိစ္စရပ်များကို ကိုင်တွယ်ရန် စာတန်က သင့်ထဲသို့ ထည့်သွင်းပေးသည့် အတွေးများနှင့် အမြင်များကို နောက်ထပ် အသုံးမပြုတော့ဘဲ ထိုအစား ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများဖြင့် အစားထိုးရန် ဖြစ်သည်။ သင် မြင်သလော၊ ငါ ပြောဆိုသမျှ အရာအားလုံးတွင် ငါသည် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ ယင်းမှာ သင့်ကို စိတ်ဝင်စားလာစေနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်စေ၊ သင့်ကို ဆွဲဆောင်နိုင်စွမ်းရှိသည့် နည်းလမ်းတစ်ခု ဖြစ်စေ သင် သမ္မာတရားကို နားလည်ရန် ကူညီပေးဖို့ ငါ ကြိုးပမ်းသည်၊ ယင်းမှာ ငါ၏ အန္တိမ ရည်မှန်းချက် ဖြစ်သည်။ တစ်ခါတစ်ရံ ငါသည် ရယ်စရာတစ်ခု ပြောလျှင် သို့မဟုတ် ဖြစ်ရပ်မှန် ဇာတ်လမ်းတိုတစ်ခုကို မျှဝေလျှင်ပင် ယင်းမှာ သင်တို့၏ စိတ်နှလုံးကို ငြိမ်သက်စေရန် ကူညီပေးဖို့နှင့် သင်တို့ ငြိမ်ငြိမ်ထိုင်နိုင်ရန် ကူညီပေးဖို့ ဖြစ်သည်။ ဤနည်းအားဖြင့် သင်တို့သည် သမ္မာတရားကို နားထောင်လိုကြမည်ဖြစ်ပြီး သမ္မာတရားကို လက်ခံရန် အခွင့်အရေး ရရှိကြလိမ့်မည်။ ရည်မှန်းချက်များနှင့်ပတ်သက်လာလျှင် ဤသည်မှာ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်သည်။ အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်သည်မှာ အချိန်တိုလေးသာ ရှိသေးပြီး အပေါ်ယံ အတွေ့အကြုံမျှသာ ရှိသော လူငယ်အချို့နှင့်ပတ်သက်၍ ဆိုလိုသည်မှာ ဤလောကနှင့်ပတ်သက်၍ မျှော်လင့်ချက်များနှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေဆဲဖြစ်သော ဤလူအုပ်စုနှင့်ပတ်သက်၍ ဤယုံကြည်သူသစ်များကို စစ်မှန်သော လမ်းခရီးတွင် အခြေခံအုတ်မြစ်တစ်ခု ချရန် ကူညီပေးဖို့အလို့ငှာ ငါသည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီး အလုပ်များစွာကို လုပ်ဆောင်ခဲ့သည်။ အသက်အရွယ်အုပ်စု အားလုံးမှ နောက်လိုက်များ၊ အမျိုးမျိုးသော အခြေအနေများရှိ နောက်လိုက်များနှင့် လူမျိုးအားလုံးမှ နောက်လိုက်များနှင့်ပတ်သက်၍ ငါ၏ စကားပြောဆိုမှု နောက်ကွယ်ရှိ တစ်ခုတည်းသော ရည်မှန်းချက်နှင့် ရည်ရွယ်ချက်မှာ ၎င်းတို့သည် ဘုရားသခင်နောက်သို့ လိုက်လျှောက်နေစဉ် သမ္မာတရားကို ရရှိရန်၊ သမ္မာတရား စည်းမျဉ်းများနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ရန်၊ ဘုရားသခင်နောက်သို့ လိုက်နိုင်လာပြီး မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းနိုင်လာရန်၊ လောကီဆိုင်ရာ ရေစီးကြောင်းများကို နောက်ထပ် မလိုက်တော့ရန်၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို နောက်ထပ် မခံရတော့ရန်နှင့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နောက်ထပ် ဆက်လက် လက်မခံတော့ဘဲ ထိုအစား စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ကို ကိုးကွယ်ရန်၊ ဖန်ဆင်းရှင်ကို ကိုးကွယ်ရန်နှင့် ဖန်ဆင်းရှင်ကို ကိုးကွယ်ရန်အလို့ငှာ ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ မူလနေရာသို့ ပြန်သွားရန် ကူညီပေးဖို့ ဖြစ်သည်။ ဤသည်မှာ ငါ့တွင်ရှိသော တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်သည်။ ဤတစ်ခုတည်းသော ရည်မှန်းချက်နှင့်ပတ်သက်၍ တစ်ခါတစ်ရံ ငါသည် စကားပြောဆိုသည့်အခါ အထူးနည်းလမ်းများကို အသုံးပြုပြီး အထူးအကြောင်းအရာများကို လွှမ်းခြုံပြောဆိုလျှင်ပင်၊ အတော်အတန် နက်နဲသိမ်မွေ့ပြီး နားလည်ရန် သိပ်မလွယ်ကူသော စကားအချို့ကို ငါ ပြောဆိုလျှင်ပင် အခြေအနေ မည်သို့ပင်ရှိစေကာမူ ငါ၏ ရည်မှန်းချက်မှာ ဖြားယောင်းသွေးဆောင်ရန် မည်သည့်အခါမျှ မဟုတ်ပေ။ ငါ့တွင် ရည်မှန်းချက် တစ်ခုတည်းသာ ရှိပြီး ယင်းမှာ သင်တို့ကို ထောက်ပံ့ပေးမှုနှင့် လမ်းပြမှု ပေးရန် ဖြစ်ကာ ဤထောက်ပံ့ပေးမှုနှင့် လမ်းပြမှုသည် စိတ်ရှည်သော ညွှန်ကြားမှုတစ်မျိုး ဖြစ်သည်။ မပြည့်စုံသော တင်စားချက်တစ်ခုကို အသုံးပြုရလျှင် သင်တို့ကို ထောက်ပံ့ပေးမှုနှင့် လမ်းပြမှု ပေးခြင်းသည် ဖန်လုံအိမ်တစ်ခုထဲရှိ ပန်းများကို စောင့်ရှောက်ခြင်းနှင့် တူသည်။ ငါသည် စိုးစဉ်းမျှ ပေါ့ဆဝံ့မည် မဟုတ်ပေ။ ယင်းမှာ ပူလွန်း၍ မရသည့်အပြင် အေးလွန်း၍လည်း မရပေ။ ရာသီဥတု ကောင်းမွန်သည့်အခါ ပန်းများကို နေရောင်ခြည် အနည်းငယ် ရရှိစေရမည်ဖြစ်ပြီး အပူချိန်ကို အချိန်တိုင်း ငါ စောင့်ကြည့်နေရမည် ဖြစ်သည်။ ပူလွန်းပါက ပန်းများသည် ခြောက်သွေ့ပြီး သေသွားလိမ့်မည်၊ အပူချိန် ရုတ်တရက် ကျဆင်းသွားပြီး အေးလွန်းပါက ပန်းငယ်လေးများသည် အေးခဲပြီး သေသွားလိမ့်မည်။ ဤသည်မှာ သင်တို့ကိုယ်တိုင်၏ ဝိညာဉ်ရင့်ကျက်မှုများ မည်မျှ ပျက်စီးလွယ်သည်ဟူသည်ပင် ဖြစ်သည်။ ပျက်စီးလွယ်သည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်တို့သည် ရင့်ကျက်မှု အလွန်နည်းပါးပြီး ဝိညာဉ်ရင့်ကျက်မှု မရှိခြင်းကို ဆိုလိုသည်။ ဝိညာဉ်ရင့်ကျက်မှု မရှိခြင်း၏ အမှန်တကယ်ဖြစ်သော သရုပ်သကန်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ လူအများစုသည် လက်တွေ့ဘဝတွင် အမှုအရာများကို ကြုံတွေ့ရသည့်အခါ အသက် ဝင်ရောက်မှု လုံးဝနီးပါး မရှိခြင်း ဖြစ်သည်။ အသက် ဝင်ရောက်မှု တစ်စက်မျှ မရှိဘဲ လူတစ်ဦးသည် မည်သို့ ဝိညာဉ်ရင့်ကျက်မှု ရှိနိုင်မည်နည်း။ ဝိညာဉ်ရင့်ကျက်မှုသည် အသက် ဝင်ရောက်မှုကို တဖြည်းဖြည်း တည်ဆောက်ခြင်းအပေါ် အခြေခံ၍ အချိန်နှင့်အမျှ စုဆောင်းပြီး စုစည်းရရှိခြင်း ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ငါ စကားပြောဆိုသည့်အခါ မတူညီသော ရှုထောင့်များမှနေ၍၊ မတူညီသော ရပ်တည်ချက်များမှနေ၍၊ မတူညီသော နည်းလမ်းများနှင့် ဥပမာများကို အသုံးပြုလျက် အမျိုးမျိုးသော အကြောင်းအရာများနှင့်ပတ်သက်၍ သင်တို့ကို ထောက်ပံ့ပေးမှုနှင့် လမ်းပြမှုကို မမောမပန်းဘဲ ငါ ပေးရမည်ဖြစ်သည်။ ဤအရာကို စိတ်ရှည်သော ညွှန်ကြားမှုပေးခြင်းဟု ခေါ်ဆိုသည်။ ဤညွှန်ကြားမှုသည် ဖြားယောင်းသွေးဆောင်ခြင်း မဟုတ်ပေ၊ ယင်းမှာ လမ်းပြမှုနှင့် ထောက်ပံ့ပေးမှု ပေးခြင်း ဖြစ်သည်၊ ယင်းမှာ ဦးဆောင်ခြင်းတစ်မျိုး ဖြစ်သည်။ ဤဦးဆောင်ခြင်းမျိုးတွင် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများ မရှိသည့်အပြင် ယင်းကို မည်သည့် မလျော်ကန်သော ရည်ရွယ်ချက်များကမျှ တွန်းအားပေးခြင်းလည်း မရှိပေ။ ငါ ပြောဆိုသော စကားများကို ဆန်းစစ်ကြည့်လော့။ ရည်ရွယ်ချက်အရဖြစ်စေ၊ သို့မဟုတ် ငါ စကားပြောဆိုသည့် နည်းလမ်း၊ ငါ လွှမ်းခြုံပြောဆိုသည့် အကြောင်းအရာများ သို့မဟုတ် ငါ၏ စကားပြောဆိုမှု ပုံစံအရဖြစ်စေ၊ ပြီးလျှင် သင်တို့သည် တရားဒေသနာများ၏ အသံဖိုင်များကို နားထောင်နေသည်ဖြစ်စေ၊ စာသားကို ဖတ်ရှုနေသည်ဖြစ်စေ လူတို့ကို ဖြားယောင်းသွေးဆောင်ရန် စာတန် အသုံးပြုသည့် နည်းလမ်းများထဲမှ တစ်ခုခုကို ငါ အသုံးပြုသလော။ (အသုံးမပြုပါ။) ငါ ပြောဆိုခဲ့သမျှ အရာအားလုံးကို သေချာစွာ ကြည့်ရှုလော့။ စာပိုဒ်တိုင်းတွင် မည်မျှရှည်လျားစေကာမူ မိတ်သဟာယဖွဲ့ထားသည့်အရာမှာ သမ္မာတရား၏ ကဏ္ဍတစ်ခု ဖြစ်သည်၊ ယင်းတို့အားလုံးသည် သမ္မာတရားနှင့် သက်ဆိုင်သည်။ ယင်းတို့အားလုံးသည် သမ္မာတရားနှင့် သက်ဆိုင်သောကြောင့် ယင်းတို့အားလုံးသည် သင်တို့အတွက် ထောက်ပံ့ပေးမှု ဖြစ်သည်၊ ယင်းမှာ သင်တို့ လိုအပ်သည့်အရာ ဖြစ်သည်၊ ယင်းသည် သင်တို့ ရရှိတော့မည့် အသက်နှင့် သက်ဆိုင်ပြီး ယင်းသည် သင်တို့၏ အနာဂတ်နှင့် ခရီးဆုံးပန်းတိုင်တို့နှင့် သက်ဆိုင်သည်။ ထို့ကြောင့် ငါ့ဘက်တွင် ငါသည် သေချာပေါက် စိုးစဉ်းမျှ ပေါ့ဆခြင်း မရှိပေ။ သင်တို့ကိုယ်တိုင်က ဘုရားနှုတ်ကပတ်တော်များကို မည်သည့်အခါမျှ အလေးအနက် မထားပါက သင်တို့သည် မိုက်မဲသည်ဟုသာ ဆိုနိုင်သည်။ သင်တို့သည် မိုက်မဲသည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ အကြောင်းမှာ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် သေးနုပ်သည်မှာ သမ္မာတရားသည် သင်တို့ ဉာဏ်မမီနိုင်သောအရာ ဖြစ်နေပြီး သင်တို့၏ နားလည်သဘောပေါက်မှုတွင် သွေဖည်မှုများ ရှိကာ ကလေးတစ်ဦး၏ နားလည်သဘောပေါက်မှုနှင့် အလွန်တူသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို သုံးနှစ်အရွယ် ကလေးများကဲ့သို့ ဆက်ဆံခြင်းသည် လုံးဝ လွန်ကဲခြင်း မရှိပေ။ ယင်းမှာ သင်တို့ကို အရိုအသေတန်ခြင်း သို့မဟုတ် သင်တို့ကို အထင်သေးခြင်း မဟုတ်ပေ၊ ထိုအစား သင်တို့၏ အမှန်တကယ်ဖြစ်သော ဝိညာဉ်ရင့်ကျက်မှုက သေးနုပ်လွန်းပြီး သင်တို့တွင် ပိုင်းခြားသိမြင်မှု လုံးဝ မရှိသောကြောင့် ဖြစ်သည်။ ဤစကားများသည် မှန်ကန်တိကျသလော။ (မှန်ကန်တိကျပါသည်။)

လူ့ဇာတိခံ ဘုရားသခင်သည် လူတို့ကို ဖြားယောင်းသွေးဆောင်ခြင်း မရှိဟူ၍ ယခုလေးတင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သော အကြောင်းအရာနှင့်ပတ်သက်၍ သင်တို့ အနည်းငယ် ပို၍ နားလည်သလော။ (နားလည်ပါသည်။) ငါ မိတ်သဟာယဖွဲ့ခဲ့သည့် အရာများကို အခြေခံအားဖြင့် လူ့ဇာတိခံ ဘုရားသခင် စကားပြောဆိုပြီး အမှုပြုသည့် ပုံစံကို ထောက်ရှု၍ ဆွေးနွေးထားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင် စကားပြောဆိုပြီး အမှုပြုသည့် ပုံစံနှင့်သက်ဆိုင်သော အမှန်တရားများကို ထောက်ရှု၍လည်းကောင်း၊ ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များကို ထောက်ရှု၍လည်းကောင်း ဆွေးနွေးထားခြင်း ဖြစ်သည်။ ဤအရာက ဘုရားသခင်၏ စကားပြောဆိုမှု၊ ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ အနှစ်သာရတို့အတွင်း၌ ဖောက်ပြန်ပျက်စီးသော လူသားများအတွင်း သို့မဟုတ် စာတန်နှင့် နတ်ဆိုးများအတွင်း တွေ့ရသည့် လူတို့ကို ဖြားယောင်းသွေးဆောင်ခြင်း အစိတ်အပိုင်း မရှိသည့်အပြင် ထိုသို့သော ရည်ရွယ်ချက် တစ်ခုတလေမျှ မရှိကြောင်းကို လူတို့အား မြင်တွေ့ခွင့်ပေးသည်။ သို့ဆိုလျှင် သာမန် အသွင်အပြင်ရှိသော ဤပုဂ္ဂိုလ်ဖြစ်သည့် လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ သင်တို့ မည်မျှ သိကြသနည်း။ ပြီးလျှင် လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝနှင့် ဘုရားသခင်နှင့်ဆိုင်သော အနှစ်သာရတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြောင်း၊ ယင်းတို့သည် အချင်းချင်း ဆန့်ကျင်ခြင်း သို့မဟုတ် ပဋိပက္ခဖြစ်ခြင်း မရှိကြောင်း၊ ယင်းတို့သည် သဘောတူညီမှုရှိကြောင်းနှင့် လူ့ဇာတိခံ ဘုရားသခင်သည် စာတန် သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် တွေ့ရသည့်အရာများကဲ့သို့ လူတို့ကို ဖြားယောင်းသွေးဆောင်ခြင်း သရုပ်သကန်များကို အလားတူ ပြသခြင်းမရှိကြောင်း သက်သေပြနိုင်သည့် မည်သည့် အမှန်တရားများ ရှိသနည်း။ ဤကဏ္ဍနှင့်ပတ်သက်၍ သင်တို့ မည်မျှ သိကြသနည်း။ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်၏ မည်သည့် သရုပ်သကန်များနှင့် ထုတ်ဖော်မှုများက ဤအရာကို အသိအမှတ်ပြုရန် သင်တို့ကို ခွင့်ပြုခဲ့သနည်း။ ဤသည်မှာ လူအများစု နားမလည်သေးသည့် အရာတစ်ခု ဖြစ်နိုင်သည် မဟုတ်လော။ ထိုသို့ဖြစ်သည့်အတွက် ငါသည် ယင်းကို သင်တို့အား အသေးစိတ် တင်ပြရမည်၊ အမှုအရာများကို ဤကဲ့သို့ အစဉ် တင်ပြနေရခြင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု ငါ ထင်သည်။ စင်စစ်အားဖြင့် အွန်လိုင်းတွင်ဖြစ်စေ၊ လက်တွေ့ဘဝတွင်ဖြစ်စေ သင်တို့နှင့် ဆက်သွယ်ပြီး ပေါင်းသင်းဆက်ဆံရာ၌ သင်တို့သည် ဤကိစ္စနှင့်စပ်လျဉ်း၍ လူ့ဇာတိခံ ဘုရားသခင်၏ သရုပ်သကန်များနှင့် ထုတ်ဖော်မှုများကို အာရုံစိုက်ပြီး အသေအချာ နားလည်သဘောပေါက်ပါက သင်တို့သည် ယင်းတို့ကို ရှာဖွေတွေ့ရှိနိုင်သည်။ သို့သော် သင်တို့သည် သတိမမူတတ်ကြပေ၊ ထို့အပြင် ဤသည်မှာ အရေးကြီးသော ကိစ္စရပ်တစ်ခု မဟုတ်ဟု သင်တို့ ခံစားကြရသည်။ သင်တို့ထဲမှ မည်သူမျှ ဤကိစ္စကို ဂရုမစိုက်ကြသဖြင့် သင်တို့သည် ယင်းတို့ကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိကြပေ။ သင်တို့ ဂရုစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ ဤကဏ္ဍသည် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့်ဆိုင်သော သမ္မာတရား ပါဝင်ပတ်သက်နေသောကြောင့် ငါတို့သည် ယင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရမည်။ ဖြားယောင်းသွေးဆောင်ခြင်း မရှိသည့် ကဏ္ဍနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သောအခါ လူ့ဇာတိခံ ဘုရားသခင်က လူတို့နှင့် ဆက်သွယ်သည့် ပုံစံမှ ယင်းကို ကြည့်လျှင် သင် ပထမဆုံး နားလည်သင့်သည့်အရာမှာ သင်တို့နှင့် စကားပြောဆိုသောအခါ သို့မဟုတ် ကိစ္စရပ်များကို ကိုင်တွယ်သောအခါ ငါသည် သင်တို့ထံမှ နားချဖျောင်းဖျ စကားနှိုက်ရန် မကြိုးစားခြင်းပင် ဖြစ်သည်။ စကားစမြည်ပြောခြင်းသည် စကားစမြည်ပြောခြင်းသာ ဖြစ်သည်၊ ငါသည် လိုရင်းကို တိုက်ရိုက်ပြောသည်၊ ငါသည် ပွင့်လင်းပြတ်သားပြီး ငါ၏ စိတ်ထဲ၌ တွေးတောနေသည့် မည်သည့်အရာကိုမဆို ငါ ပြောဆိုသည်။ တစ်ခါတစ်ရံတွင် သင်၏ အားနည်းချက်ကို ထောက်ထားစာနာမှုကြောင့်ဖြစ်စေ၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု သေးနုပ်သောကြောင့် သင်၏ အတ္တကို ငဲ့ညှာရန်ဖြစ်စေ သင့်အား စကားပြောဆိုရန် ဉာဏ်ပညာရှိသော နည်းလမ်းအချို့ကို ငါ ကျင့်သုံးလျှင်ပင် ငါသည် သင့်ထံမှ နားချဖျောင်းဖျ၍ စကားနှိုက်ရန် မကြိုးစားသည့်အပြင် တစ်စုံတစ်ရာ ပြောဆိုရန် သင့်အား ဖြားယောင်းသွေးဆောင်ခြင်းလည်း မပြုပေ။ သင်သည် စကားပြောဆိုရန် လိုလားပါက ပြောဆိုလော့၊ သင်သည် တစ်စုံတစ်ခုအကြောင်းကို ပြောဆိုရန် မလိုလားပါက ယင်းနှင့်ပတ်သက်၍ သင့်အား မေးမြန်းရန် ငါ ကြိုးစားမည် မဟုတ်ပေ။ ငါသည် သင့်ထံမှ နားချဖျောင်းဖျ၍ စကားနှိုက်ရန် ကြိုးစားမည် မဟုတ်ပေ။ ငါသည် အချို့သော လူများနှင့်ပတ်သက်၍ မည်သို့ဖြစ်ပျက်နေသည်ကို နားလည်လိုပါက “သင်တို့၏ အသင်းတော် ခေါင်းဆောင် မည်သို့ရှိသနည်း။ သင်နှင့် ပူးပေါင်းဆောင်ရွက်နေသော ညီအစ်မသည် ဘုရားသခင်ကို ယုံကြည်လာသည်မှာ နှစ်မည်မျှရှိပြီနည်း။ ဘုရားသခင်ကို သူမ၏ ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ် ရှိသလော။ သူမသည် သမ္မာတရားကို လိုက်စားသူတစ်ဦးဖြစ်သည်ဟု သင် ထင်သလော။ အတူတကွ ပူးပေါင်းဆောင်ရွက်ရာတွင် သင်တို့ ပြဿနာ တစ်စုံတစ်ရာ ကြုံတွေ့ရသလော” ဟု ၎င်းတို့အကြောင်းကို တိုက်ရိုက် မေးမြန်းမည်။ ဤမေးခွန်းများကို နားထောင်ကြည့်လော့၊ ယင်းတို့သည် လူတို့ထံမှ နားချဖျောင်းဖျ၍ စကားနှိုက်သည့် သဘောသဘာဝ ရှိသလော။ (မရှိပါ။) သင်သည် တစ်စုံတစ်ရာကို မပြောလိုပါက သင့်အား ငါ အတင်းအကျပ် ပြောခိုင်းမည် မဟုတ်ပေ။ သင့်အား ဖြားယောင်းသွေးဆောင်ရန် မည်သည့် နည်းဗျူဟာများ သို့မဟုတ် အကောက်ကြံမှုများကိုမျှ ငါ အသုံးပြုမည် မဟုတ်သည့်အပြင် သင်၏ စိတ်နှလုံးထဲရှိ အကြောင်းအရာများကို ဆွဲထုတ်ရန် ဖြစ်နိုင်သမျှ အရာအားလုံးကို ငါ လုပ်ဆောင်မည်လည်း မဟုတ်ပေ။ ငါ့တွင် ထိုသို့သော စိတ်ဆန္ဒ မရှိပေ၊ ဤကဲ့သို့ ပြုမူရန် ငါ စိတ်မဝင်စားသည့်အပြင် ထိုသို့ မည်သည့်အခါမျှ ငါ လုပ်ဆောင်မည် မဟုတ်ပေ။ သင်သည် မည်သည့်အရာကိုမျှ ချန်လှပ်မထားဘဲ ပြောဆိုရန် လိုလားပါက၊ သင်ပြောဆိုသည့်အရာသည် နှိုင်းယှဉ်ချက်အရ ဓမ္မဓိဋ္ဌာန်ကျသည်ဖြစ်စေ သို့မဟုတ် ကိုယ်ရေးကိုယ်တာ ဘက်လိုက်မှု ပါဝင်သည်ဖြစ်စေ သင် အလိုရှိသည့် မည်သည့်ပုံစံဖြင့်မဆို ပြောဆိုနိုင်ပြီး သင့်စကားကို နားထောင်ပြီးနောက်တွင် ငါသည် တိကျသော ဆန်းစစ်မှုတစ်ခုကို ပြုလုပ်မည် ဖြစ်သည်။ သို့သော် ငါ၏ ရှုထောင့်အမြင်မှဆိုလျှင် ငါသည် သင့်အား အလွန် ပွင့်လင်းဖြောင့်မတ်စွာ စကားပြောဆိုသည်။ ငါပြောဆိုသည့် မည်သည့်အရာ၏ စာသားအတိုင်း အဓိပ္ပာယ်သည် ငါ ပြောပြလိုသည့်အရာ အတိအကျပင် ဖြစ်သည်။ ငါသည် တစ်စုံတစ်ခုအကြောင်းကို သိလိုပါက ယင်းနှင့်ပတ်သက်၍ တိုက်ရိုက် မေးမြန်းသည်။ သင်သည် အမြဲတစေ စကားကို သွယ်ဝိုက်ပြောဆိုပြီး တိုက်ရိုက် မပြောဆိုဘဲ ငါနှင့် စကားလုံးအကွက်ထုတ်ရန် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်များသုံးရန် ကြိုးစားပါက ငါသည် သင်နှင့် လုံးဝ ပတ်သက်မည် မဟုတ်ပေ။ ငါသည် စကားလုံးအကွက်ထုတ်ရခြင်းကို မနှစ်သက်သည့်အပြင် လှည့်ကွက်များကိုလည်း အသုံးမပြုပေ၊ သတင်းအချက်အလက်များကို နားချဖျောင်းဖျ စကားနှိုက်ရန် ဖြစ်နိုင်သမျှ အရာအားလုံးကို ငါ မည်သည့်အခါမျှ ကြိုးစားမည် မဟုတ်ပေ။ ဥပမာအားဖြင့် ငါသည် တစ်စုံတစ်ဦး၏ အခြေအနေကို သိလိုသည် ဆိုပါစို့၊ ၎င်းသည် ဘုရားသခင်ကို ယုံကြည်လာသည်မှာ နှစ်မည်မျှရှိပြီနည်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း ရှိမရှိ၊ သမ္မာတရားအပေါ် ၎င်း၏ သဘောပေါက်နားလည်နိုင်စွမ်းက မည်သို့ရှိသည်၊ ၎င်း၏ တာဝန်ကို အချိန်ပြည့် ထမ်းဆောင်ခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့ကို ပျိုးထောင်ရန် ကြိုးစားခြင်းက တန်ဖိုးရှိမရှိ စသည်တို့ကို သိလိုသည် ဆိုပါစို့။ အလုပ်အတွက် ဤအရာများကို ငါ သိရန် လိုအပ်ပါက ငါသည် တိုက်ရိုက်ပင် မေးမြန်းလိမ့်မည်။ သို့သော် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ၏ အသေးစိတ်အချက်များ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင်ဘဝတွင် နောက်ကွယ်၌ ၎င်းတို့ လုပ်ဆောင်သည့်အရာများနှင့်ပတ်သက်၍မူ ထိုသို့သောအရာများကို ငါ မေးမြန်းခြင်း မရှိပေ။ ငါ သိရှိလိုသည့်အရာမှာ သင်၏ လိုက်စားမှု၊ သမ္မာတရားနှင့် သင်၏ တာဝန်အပေါ် သင်၏ သဘောထားတို့ဖြစ်ပြီး သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရပါက သင်၏ စိတ်ပိုင်းဖြတ်မှု၊ ဝန်တာနှင့် လူ့သဘာဝတို့က မည်သို့ရှိသည်၊ ထို့အပြင် သင်၏ ယုံကြည်ခြင်းက မည်မျှ ကြီးမားသည်ဟူသည်တို့ ဖြစ်သည်။ ဤအရာများသည် ငါ သိရှိလိုသော အရာများ ဖြစ်သည်။ သင် တစ်လလျှင် ငွေမည်မျှ ရှာဖွေရရှိသည်၊ မည်သည့် စက်ဆုပ်ဖွယ်ကောင်းသော အရာများကို သင် လုပ်ဆောင်ခဲ့သည်၊ ဆန့်ကျင်ဘက် လိင်များထဲမှ မည်သူတို့နှင့် သင် ကာမဂုဏ်လိုက်စားခဲ့သည်၊ သို့မဟုတ် မည်သူ့ကို သင် လှည့်ဖြားခဲ့သည် သို့မဟုတ် လိမ်လည်ခဲ့သည်ဟူသည့် သင်၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များနှင့်ပတ်သက်၍မူ ဤအရာများကို ငါ အမှန်တကယ် မသိလိုသည့်အပြင် ယင်းတို့အကြောင်းကို ငါ မည်သည့်အခါမျှ မမေးမြန်းပေ။ အချို့လူများက ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်နှင့် ပတ်သက်သော ပြစ်မှားခြင်းများကို တစ်ချိန်က ကျူးလွန်ခဲ့ဖူးကြောင်း ငါ့အား ပြောဆိုကြသည်။ “ထိုသို့သောအရာများအကြောင်း ငါ့အား မပြောနှင့်။ ဘုရားသခင်ထံ သွား၍ သီးသန့် ဆုတောင်းလော့။ ဘုရားသခင်က သင့်အား ခွင့်လွှတ်ပါက သင်၏ စိတ်နှလုံးသည် တို့ထိခြင်းခံရလိမ့်မည်။ ဘုရားသခင်က သင့်အား ခွင့်မလွှတ်ပါက ဆက်လက်၍ ဆုတောင်းလော့။ ငါ့အား မပြောနှင့်၊ ဤအရာများကို ငါ မကြားလိုပါ” ဟု ငါ ပြောဆိုသည်။ သင်တို့နှင့် ငါ တွေ့ဆုံသောအခါ ဘုရားသခင်ကို ယုံကြည်ခြင်း ကိစ္စရပ်များ၊ အသင်းတော် အလုပ်၊ အသက် ဝင်ရောက်မှု သို့မဟုတ် သင် မေးမြန်းသည့် သင်၏ ကိုယ်ပိုင် အခြေအနေနှင့်ဆိုင်သော ပြဿနာများအကြောင်းကို အဓိကထား၍ ငါ ပြောဆိုသည်။ အများအားဖြင့် ဤအရာများဖြစ်ပြီး တစ်ခါတစ်ရံတွင် ကမ္ဘာတစ်ဝန်းရှိ ပြဿနာများအကြောင်းကိုလည်း ငါ အနည်းငယ် ပြောဆိုသည်။ ငါတို့ မည်သည့် အကြောင်းအရာကို ဆွေးနွေးသည်ဖြစ်စေ လက်ရှိ အကြောင်းအရာအပေါ် ငါ၏ ကိုယ်ပိုင် အမြင်များနှင့် ထင်မြင်ချက်များကိုသာ ငါ ဖော်ပြသည်၊ သင် အလိုရှိသည့် မည်သည့်အရာကိုမဆို လွတ်လပ်စွာ တွေးတောနိုင်ပြီး ပြောဆိုနိုင်သည်။ သင် ပြောဆိုလိုသည့် မည်သည့်အရာကိုမဆို သင် ပြောဆိုနိုင်ပြီး သင် ပြောဆိုလိုသမျှ များများ သင် ပြောဆိုနိုင်သည်။ ငါ့အား သတိထားရှောင်ရန် မလိုအပ်ဟု သင် ခံစားရပါက သင် ပြောဆိုလိုသည့် မည်သည့်အရာကိုမဆို ပြောဆိုနိုင်သည်။ သင်သည် မိမိ၏ အတိတ်အကြောင်းကို ငါ သိရှိသွားမည် သို့မဟုတ် သင်၏ လျှို့ဝှက်ချက်များကို ငါ ဖော်ထုတ်မည်ကို ကြောက်ရွံ့လျက် သင်၏ စိတ်နှလုံးထဲတွင် ငါ့အား သတိထားရှောင်ပြီး သံသယဖြစ်ကာ များများစားစား မပြောလိုပါက သင့်အား ငါ အတင်းအကျပ် ပြုမည် မဟုတ်ပေ၊ သင့်အား လွတ်လပ်ခွင့် ငါ ပေးသည်။ ဤသည်မှာ လူတို့နှင့် ဆက်သွယ်ရာတွင် ငါ၏ စည်းမျဉ်း ဖြစ်သည်။ သင်သည် အမှုအရာများကို သင့်ဘာသာ မျိုသိပ်ထားရုံမျှဖြင့် သင့်အကြောင်းကို တိတ်တဆိတ် သိအောင်လုပ်ရန် တစ်စုံတစ်ဦးကို ရှာဖွေဖို့ ဖြစ်နိုင်သမျှ အရာအားလုံးကို ငါ မည်သည့်အခါမျှ ကြိုးစားမည် မဟုတ်သည့်အပြင် သင့်ထံမှ နားချဖျောင်းဖျ စကားနှိုက်ရန် သင့်ရှေ့တွင် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုလျက် သင့်ဘာသာ ထိုအရာများကို ပြောဆိုလာစေရန်လည်း ငါ ပြုလုပ်မည် မဟုတ်ပေ။ ငါသည် ထိုသို့သောအရာများကို မလုပ်ဆောင်ပေ။ ငါ့အား အမှုအရာများကို တက်ကြွစွာ ဖွင့်ဟပြောဆိုရန် မည်သူ့ကိုမျှ ငါ မည်သည့်အခါမျှ မတောင်းဆိုပေ။ သင်သည် ငါ့အား မည်သည့်အရာကိုမျှ ဖွင့်ဟပြောဆိုရန် မလိုအပ်ပေ၊ သင့်ထံမှ ထိုသို့သော တောင်းဆိုချက်မျိုး ငါ့တွင် မရှိပေ။ သင်သည် မည်သည့် အသေးစိတ်အချက်ကိုမျှ မချန်လှပ်ဘဲ ငါ့အား အမှုအရာများကို ဖွင့်ဟပြောဆိုလျှင်ပင် သင် ရှောင်လွှဲ၍မရနိုင်သော အရာတစ်ခု ရှိနေသေးသည်၊ ယင်းမှာ သင်သည် သမ္မာတရားကို လိုက်စားရမည်ဟူ၍ ဖြစ်သည်။ ငါ့အား ပွင့်ပွင့်လင်းလင်း ဝန်ခံခြင်းအားဖြင့် သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်လာပြီး သမ္မာတရားကို လိုက်စားရန် မလိုအပ်တော့ဘဲ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ ကင်းလွတ်ခွင့် ရနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ထိုအစား သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သင့်အား ဆက်ဆံသင့်သည့် မည်သည့်ပုံစံဖြင့်မဆို ငါ၏ ကိုယ်ပိုင် နည်းလမ်းအတိုင်း သင့်အား ငါ ဆက်ဆံမည် ဖြစ်သည်။ သို့သော် ငါတို့သည် စကားစမြည်ပြောဆိုခြင်း သို့မဟုတ် တစ်စုံတစ်ရာ ဖလှယ်ခြင်း ရှိပြီး သင်သည် ငါ့ထံမှ အမှုအရာများကို ဖုံးကွယ်လိုပါက၊ ငါနှင့် စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်များ သုံးလိုပါက၊ စကားလုံးအကွက်ထုတ်ခြင်း ပြုလိုပါက သို့မဟုတ် ငါနှင့် ကြောင်နှင့်ကြွက် ကစားပွဲ ကစားလိုပါက ငါသည် သင့်ထံမှ နားချဖျောင်းဖျ စကားနှိုက်ရန်ဖြစ်စေ၊ တစ်စုံတစ်ရာ ပြောဆိုလာအောင် သင့်အား ဖြားယောင်းသွေးဆောင်ရန်ဖြစ်စေ၊ သင့်အား တစ်စုံတစ်ရာ ဖွင့်ဟပြောဆိုလာစေရန်ဖြစ်စေ မည်သည့် နည်းလမ်းများ သို့မဟုတ် နည်းစနစ်များကိုမျှ လုံးဝ အသုံးပြုမည် မဟုတ်ပေ။ သင်တို့ နားလည်သလော။ (နားလည်ပါသည်။)

လူတို့ထံမှ နားချဖျောင်းဖျ စကားနှိုက်ခြင်း မရှိသည့် ဘုရားသခင်၏ ဤကဏ္ဍနှင့်ပတ်သက်၍ သင်တို့ ရှင်းလင်းရမည့် အရာတစ်ခု ရှိသည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ နားလည်မှုသည် အချို့သော အသေးစိတ် ထုတ်ဖော်မှုများ၊ ၎င်းတို့၏ အသက်ရှင် နေထိုင်ခြင်းများ သို့မဟုတ် လက်တွေ့ဘဝတွင် ၎င်းတို့ အသက်ရှင်နေထိုင်သည့် ပုံစံများအပေါ် အခြေခံထားခြင်း မဟုတ်သည့်အပြင် လူတို့က အချို့သော အရာများကို လုပ်ဆောင်ထားခြင်းအပေါ် အခြေခံထားခြင်းလည်း မဟုတ်ပေ။ သို့ဆိုလျှင် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ နားလည်မှုနှင့် ၎င်းတို့ကို နားလည်ပြီးနောက် ၎င်းတို့အပေါ် သူ ထားရှိသည့် သဘောထားတို့သည် မည်သည့်အရာအပေါ် အခြေခံထားသနည်း။ ယင်းတို့သည် စာတန်၏ သဘာဝ အနှစ်သာရအပေါ် ဘုရားသခင်၏ နားလည်မှုအပေါ် အခြေခံထားသည်။ ထို့ကြောင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ နားလည်မှုမှာ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကို သူ နားလည်ခြင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သူ နားလည်ခြင်းနှင့် ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အရူးလုပ်ခြင်းကို မည်သို့ ခံရသည်အပြင် စာတန်က ၎င်းတို့အတွင်းသို့ မည်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် အမြင်များကို သွတ်သွင်းသည်ကို သူ နားလည်ခြင်းဖြစ်ပြီး ဤနားလည်မှုက လုံလောက်ပေသည်။ ဤသည်မှာ သင့်အား တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် လုံလောက်ပြီး သင့်အား ကယ်တင်ရန် သမ္မာတရားနှင့် အသက်ကို သင့်အား ထောက်ပံ့ပေးဖို့ လုံလောက်သော အကြောင်းရင်းများ ဖြစ်သည်။ ထို့ကြောင့် သင်သည် ငါနှင့် ထိတွေ့ဆက်ဆံသောအခါ သို့မဟုတ် စကားစမြည်ပြောဆိုသောအခါ ငါ့အား အမှုအရာများကို ဖွင့်ဟပြောဆိုရမည်ဟု မထင်နှင့်။ အချို့လူများက “ကိုယ်တော်နှင့် ဆက်သွယ်ရာတွင် ကျွန်ုပ်တို့သည် ပထမဦးစွာ ပွင့်လင်းပြီး ရိုးသားရမည်ဟု ကိုယ်တော် ပြောခဲ့သည် မဟုတ်လော” ဟု ပြောဆိုကြသည်။ ပွင့်လင်းပြီး ရိုးသားခြင်းသည် သဘောထားတစ်ခု ဖြစ်သည်၊ ယင်းက အမှုအရာများကို ဖွင့်ဟပြောဆိုခြင်းနှင့် မတူညီပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးနှင့် အပြစ်သားတစ်ဦး ဖြစ်သောကြောင့် အရာအားလုံးကို ငါ့အား ဖွင့်ဟပြောဆိုရမည်ဖြစ်ပြီး အရာအားလုံးကို ငါ့အား ရှင်းလင်းစွာ ရှင်းပြရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ဤသည်မှာ မလိုအပ်ပေ၊ ငါ့တွင် ထိုသို့သော လိုအပ်ချက် မရှိသည့်အပြင် သင့်အပေါ် ငါ၏ သဘောထားသည် ဤကဲ့သို့ မဟုတ်ပေ။ ငါ့အပေါ် ပွင့်လင်းပြီး ရိုးသားခြင်းဆိုသည်မှာ အရာအားလုံးကို ငါ့အား ဖွင့်ဟပြောဆိုရမည်ဟု ဆိုလိုကြောင်း သင် ထင်ပါက ဤသည်မှာ မှားယွင်းသည်၊ ယင်းမှာ သင်၏ဘက်မှ နားလည်မှုလွဲခြင်း ဖြစ်သည်။ သင်တို့ နားလည်သလော။ (နားလည်ပါသည်။) ထို့ကြောင့် ငါ့ရှေ့တည့်တည့်တွင် ပြောဆိုရန် ခက်ခဲသော သို့မဟုတ် သင် ပြောဆိုရန် မလိုလားသော အမှုအရာများစွာနှင့် စကားများစွာ ရှိလျှင်ပင် ဤသည်မှာ သင် ပွင့်လင်းပြီး ရိုးသားခြင်း မရှိဟု ဆိုလိုခြင်း မဟုတ်ပေ၊ ယင်းမှာ သင်၏ စိတ်ဓာတ်က မည်သို့ရှိသည်ဆိုသည့်အပေါ်တွင်သာ မူတည်သည်။ သင် ပြောဆိုရန် သက်သောင့်သက်သာ မဖြစ်သော အရာများ ရှိပါက သို့မဟုတ် လူများစွာ ရှိနေချိန်တွင် သင် ပြောဆိုရန် မလိုလားပါက ပြောဖို့ မလိုအပ်ပေ။ ငါသည် သင်၏ နောက်ခံအကြောင်းကို အမှန်တကယ် သိလိုသည် သို့မဟုတ် သင်၏ လျှို့ဝှက်ချက်များကို အမှန်တကယ် သိလိုသည်ဟု သင် လုံးဝ မယူဆရပေ။ သင် လုံးဝ နားလည်မှု မလွဲရပေ၊ ဤအရာများကို ငါ လုံးဝ မသိလိုပေ။ အတိတ်၌ သင် မည်သို့ရှိခဲ့သည်ကို ငါ မသိလိုသည့်အပြင် အနာဂတ်တွင် သင် မည်သို့ရှိမည်ကိုလည်း ငါ မသိလိုပေ၊ ငါ ဂရုစိုက်သည့်အရာအားလုံးမှာ ယခု သင် မည်သို့ရှိသည်ဟူသည့်အရာ ဖြစ်သည်။ ယခု သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဖြစ်မဖြစ်၊ ယခု သမ္မာတရားကို သင် မည်မျှ နားလည်သည်၊ နေ့စဉ်နေ့တိုင်း သင် အသက် ဝင်ရောက်မှု ရှိမရှိ၊ ရိုးသားသောသူတစ်ဦး ဖြစ်ခြင်း၊ သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် အရာခပ်သိမ်းတွင် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းကဲ့သို့သော လက်တွေ့ဘဝတွင် ဝင်ရောက်ရန် လိုအပ်သည့် သမ္မာတရားများထဲသို့ သင် ဝင်ရောက်ပြီးဖြစ်ခြင်း ရှိမရှိဟူသည်တို့သာ ငါ ဂရုစိုက်သည့် တစ်ခုတည်းသော အရာများ ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ စိတ်နှလုံးထဲတွင် ငါနှင့်ပတ်သက်၍ မည်သည့် သံသယများမျှ လုံးဝ မရှိရသည့်အပြင် “ရိုးသားသောသူတစ်ဦး ဖြစ်ရန်အလို့ငှာ ကိုယ်တော့်အား အရာအားလုံးကို ရှင်းလင်းစွာ ရှင်းပြပြီး အရာအားလုံးကို ကိုယ်တော့်အား သိခွင့်ပေးရမည်လော။ ကျွန်ုပ်က တစ်စုံတစ်ရာကို မပြောပါက ကိုယ်တော်သည် ကျွန်ုပ်ထံမှ နားချဖျောင်းဖျ စကားနှိုက်ရန်နှင့် စကားပြောလာစေရန် ကျွန်ုပ်အား ဖြားယောင်းသွေးဆောင်ဖို့ ဖြစ်နိုင်သမျှ အရာအားလုံးကို ကြိုးစားမည်လော” ဟု ပြောဆိုလျက် သင်တို့ စိုးရိမ်ပူပန်ရန်လည်း မလိုအပ်ပေ။ ထိုအရာအတွက် ငါ၏ တုံ့ပြန်မှုမှာ မဟုတ်ပါဟူ၍ ဖြစ်သည်။ ငါတို့ စကားစမြည်ပြောဆိုသောအခါ၊ ဆွေးနွေးသောအခါ၊ ကိစ္စရပ်များကို ကိုင်တွယ်သောအခါနှင့် ဆက်သွယ်သောအခါ မည်သူ့ထံမှ မည်သည့်အရာကိုမျှ နားချဖျောင်းဖျ စကားနှိုက်ရန် မကြိုးစားဘဲ ပွင့်လင်းပြီး ရိုးသားသော သဘောထားနှင့် စိတ်ဓာတ်ဖြင့် အချင်းချင်း ချဉ်းကပ်ခြင်းမှာ ငါတို့အတွက် လုံလောက်ပေ။ လူတို့ထံမှ နားချဖျောင်းဖျ စကားနှိုက်ခြင်းသည် ဖောက်ပြန်ပျက်စီးသော လူသားများကြား ဆက်သွယ်မှုများတွင် အသုံးပြုသည့် အဖြစ်များသော လှည့်ကွက်တစ်ခုဖြစ်ပြီး ၎င်းတို့ အကျင့်ပါစွာ အသုံးပြုသည့် ကိစ္စရပ်များကို ကိုင်တွယ်သော နည်းလမ်းတစ်ခု ဖြစ်သည်။ အချို့လူများသည် အခြားသူများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ သို့မဟုတ် နောက်ကွယ်တွင် အခြားသူများ လုပ်ဆောင်သည့် အရာများကို အလွန် စိတ်ဝင်စားကြသည်၊ အထူးသဖြင့် အခြားသူများက ၎င်းတို့ကို မည်သို့ ရှုမြင်ပြီး အကဲဖြတ်သည်၊ အခြားသူများက ၎င်းတို့ကို မြင့်မြတ်သည်ဟုဖြစ်စေ၊ အရေးမပါဟုဖြစ်စေ ထင်မထင်၊ မွန်မြတ်သည်ဟုဖြစ်စေ၊ ယုတ်ညံ့သည်ဟုဖြစ်စေ ထင်မထင် စသည်တို့နှင့် ပတ်သက်လာသောအခါတွင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဤအရာများအကြောင်းကို သိရှိရန် အခြားသူများထံမှ နားချဖျောင်းဖျ စကားနှိုက်သည့် နည်းလမ်းကို မကြာခဏ အသုံးပြုကြသည်။ သင်တို့ကို အမှန်အတိုင်း ပြောရလျှင် ငါသည် ဤအရာများကို လုံးဝ စိတ်မဝင်စားပေ။ သင်တို့ ဆက်သွယ်သည့် မည်သည့် သာမန်လူနှင့်မဆို ငါ တူညီသည်ဟု မထင်ကြနှင့်။ သင်တို့၏ စိတ်နှလုံးထဲတွင် ငါ့၌ အဆင့်အတန်း ရှိမရှိဟူသည်ကို ငါ မည်သည့်အခါမျှ ဂရုမစိုက်ခဲ့ပေ၊ သင်တို့က ငါ့ကို မွန်မြတ်သည် သို့မဟုတ် ယုတ်ညံ့သည်၊ မြင့်မြတ်သည် သို့မဟုတ် အရေးမပါဟု ရှုမြင်သည်ဖြစ်စေ ငါသည် ဤအရာများကို ဂရုမစိုက်ပေ။ ထို့ကြောင့် သင်တို့သည် ငါနှင့် စကားစမြည်ပြောဆိုပြီး ဆက်သွယ်သောအခါ ထိုသို့သော သံသယများကို မထားရှိကြနှင့်။ ဖောက်ပြန်ပျက်စီးသော လူသားများသည် မည်သူနှင့်မဆို ဆက်သွယ်သောအခါ ၎င်းတို့က “အခြားသူများ၏ စိတ်နှလုံးထဲတွင် ငါ၌ မည်သည့် အဆင့်အတန်း အမှန်တကယ် ရှိသနည်း။ ငါ့အပေါ် ၎င်းတို့၏ အထင်အမြင်က အမှန်တကယ် ကောင်းသလော သို့မဟုတ် ဆိုးသလော” ဟု အမြဲတစေ တွေးတောနေကြသည်။ အချို့လူများကလည်း “သူတို့နှင့် ဆက်သွယ်ခြင်းမှ မည်သည့် အကျိုးကျေးဇူးကို ငါ ရရှိနိုင်သနည်း။ မည်သည့် အကျိုးအမြတ်ကို ငါ ရရှိနိုင်သနည်း။ ဤအုပ်စုတွင် မည်သည့် နေရာကို ငါ ရယူနိုင်သနည်း။ အခြားလူများက ငါ့ကို အထင်ကြီးကြမည်လော” ဟု အမြဲတစေ စဉ်းစားနေကြသည်။ လူတို့သည် ဤအရာများအကြောင်းကို အမြဲတစေ တွေးတောနေကြပြီး ယင်းတို့ကို ဂရုစိုက်နေကြသည်။ ငါသည် ဤမေးခွန်းများကို မည်သည့်အခါမျှ မမေးမြန်းသည့်အပြင် အခြားလူများ၏ ကိစ္စရပ်များအကြောင်းကို သိရှိရန်လည်း မကြိုးစားပေ။ လူတို့သည် ဤအရာများအကြောင်းကို စုံစမ်းမေးမြန်းရန် အစဉ် နှစ်သက်ကြသည်။ ဤသည်မှာ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ သဘာဝကျသော ထုတ်ဖော်မှုတစ်ခုဖြစ်ပြီး ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားများ၏ ဘုံထူးခြားသော လက္ခဏာတစ်ခုလည်း ဖြစ်သည်။ တစ်ဖက်တွင် လူတို့သည် အခြားသူများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို စုံစမ်းမေးမြန်းရန် အထူးသဖြင့် နှစ်သက်ကြပြီး ယင်းတို့ကို အထူးသဖြင့် စိတ်ဝင်စားကြသည်၊ အခြားတစ်ဖက်တွင် ၎င်းတို့သည် အခြားသူများ၏ စိတ်နှလုံးထဲ၌ ၎င်းတို့၏ နေရာနှင့် တန်ဖိုးက မည်သို့ရှိသည်ကို အထူးသဖြင့် သိလိုကြသည်။ အထူးသဖြင့် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ သို့မဟုတ် ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်အချို့ ရှိပြီး အသင်းတော်တွင် ဂုဏ်သတင်း အနည်းငယ်ရှိသော လူများသည် အခြားသူများ၏ စိတ်နှလုံးထဲရှိ ၎င်းတို့၏ အဆင့်အတန်းနှင့် အုပ်စုအတွင်းရှိ ၎င်းတို့၏ အဆင့်နေရာကို အလွန် အာရုံစိုက်ကြသည်၊ လူအများစုက ဤအရာကို အလွန် ဂရုစိုက်ကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အခြားသူများကို အသေးစိတ် မေးခွန်းများ မေးမြန်းကြသည်၊ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်မှာ ပြဿနာများကို ဖြေရှင်းရန် မဟုတ်ဘဲ အခြားသူများက ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်ခြင်း ရှိမရှိကို သိရှိရန် ဖြစ်သည်။ ဤအရာက ၎င်းတို့သည် အခြားလူများ၏ စိတ်နှလုံးထဲတွင် မည်သည့်နေရာကို ရယူထားသည်ဟူသည်ကို အလွန် ဂရုစိုက်ကြောင်း ပြသသည်။ ဤအရာများကို သိရှိခြင်းက မည်သည့် အသုံးဝင်မှု ရှိသနည်း။ အခြားလူများက သင့်ကို အထင်ကြီးလျှင်ကော အဘယ်နည်း။ ထိုအရာက သမ္မာတရားကို သင်၏ လိုက်စားမှုအတွက် အစားထိုးနိုင်သလော။ အခြားသူများက သင့်ကို အထင်သေးပါက သင်သည် အပျက်သဘောဆောင်လာပြီး ဘုရားသခင်ကို ယုံကြည်ခြင်း ရပ်တန့်သွားမည်လော။ အခြားသူများက သင့်ကို အထင်ကြီးခြင်းက မည်သည့် အကျိုးသက်ရောက်မှု ရှိနိုင်သနည်း။ ယင်းက သင့်ကို တွန်းအားပေးနိုင်သလော သို့မဟုတ် သင့်ကို အားပေးနိုင်သလော။ ယင်းတွင် မည်သည့် အကျိုးသက်ရောက်မှုမျှ လုံးဝ မရှိပေ။ အခြားသူများက ၎င်းတို့၏ နောက်ကွယ်တွင် ၎င်းတို့အကြောင်း မည်သို့ ပြောဆိုကြသည်နှင့် ၎င်းတို့အပေါ် မည်သည့် အမြင်များ ရှိကြသည်ကို စုံစမ်းမေးမြန်းလျက် မည်သူက ၎င်းတို့ကို အများဆုံး ဆန့်ကျင်ပြီး ၎င်းတို့၏ ရန်သူဖြစ်သည်ကို သိရှိရန်အလို့ငှာ အခြားသူများအကြောင်း သတင်းအချက်အလက်များကို အမြဲတစေ တူးဆွနေသော ဆိုးယုတ်သောသူ အချို့လည်း ရှိကြပြီး ၎င်းတို့သည် အခြားသူများထံမှ အမှန်တရားကို နားချဖျောင်းဖျ စကားနှိုက်ရန် အမျိုးမျိုးသော နည်းလမ်းများကိုပင် အသုံးပြုကြသည်။ အချို့လူများသည် ၎င်းတို့၏ ဖြားယောင်းသွေးဆောင်ခြင်းကို မခံရပ်နိုင်ဘဲ နောက်ဆုံးတွင် အမှန်တရားကို ဖွင့်ဟပြောဆိုကြကာ ရလဒ်အနေဖြင့် ၎င်းတို့၏ အကောက်ကြံမှုများများထဲသို့ ကျရောက်သွားကြသည်။ ထို့နောက် ဆိုးယုတ်သောသူများသည် ၎င်းတို့ကို တိုက်ခိုက်ရန်နှင့် လက်စားချေရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ကြသည်၊ အမျိုးမျိုးသော အခြေအနေများတွင် ၎င်းတို့ကို ဖိနှိပ်ပြီး ဖယ်ကြဉ်ကြသည်၊ စိတ်မွန်းကျပ်စေလာသည်အထိ ၎င်းတို့ကို အလွန်အမင်း ဖိနှိပ်ကြပြီး ကြီးမားသော ဘေးအန္တရာယ်တစ်ခု ၎င်းတို့အပေါ် ကျရောက်လာသည့်အလား သေချင်စိတ်ပေါက်လာသည်အထိ ၎င်းတို့ကို အလွန်အမင်း ဝေဒနာခံစားရစေသည်။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းသောအခါတွင်ပင် ဘုရားသခင်၏ လမ်းပြမှုကို မခံစားနိုင်ကြပေ၊ ၎င်းတို့ကို ကူညီမည့်သူ မရှိသည့်အပြင် ဆိုးယုတ်သောလူများက ၎င်းတို့ကို ထွက်ပေါက်မရှိသည့် အခြေအနေသို့ ရောက်အောင် တွန်းပို့ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့၏ ယုံကြည်ခြင်းကို ဆုံးရှုံးသွားကြသည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့်ပင် ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် ကြုံတွေ့ရနိုင်သေးပြီး ၎င်းတို့၏ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ညှဉ်းပန်းခြင်းကို ခံရနိုင်သေးသည်ဟု ၎င်းတို့ တွေးတောကြသည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန် ခက်ခဲသည်ဟု ၎င်းတို့ ခံစားရပြီး ဆက်လက်၍ မယုံကြည်လိုကြတော့ပေ။ ဤဆိုးယုတ်သောလူများကို ဖယ်ရှားရန် မလွယ်ကူပေ။ ဆိုးယုတ်သောသူတစ်ဦးကို စော်ကားခြင်းသည် ကင်းမြီးကောက် အတုပ်ခံရခြင်းနှင့် တူသည်၊ ၎င်းတို့ကို သင် ဖယ်ရှား၍မရနိုင် သို့မဟုတ် ၎င်းတို့ထံမှ သင် လွတ်မြောက်၍မရနိုင်သည့်အပြင် ၎င်းတို့ကို သင်ကိုယ်တိုင် တိုက်ခိုက်ရန် သင့်တွင် ယုံကြည်ခြင်း မရှိပေ၊ ထို့ကြောင့် နောက်ဆုံးတွင် သင်သည် ၎င်းတို့၏ ညှဉ်းပန်းခြင်းကို ခံရသည်။ ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် စာတန်နှင့်ဆိုင်သော နတ်ဆိုးများဖြစ်စေ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် လူသားများဖြစ်စေ ဤအလေ့အထနှင့် ဤအနှစ်သာရ နှစ်ခုစလုံး ရှိကြသည်။ လူသားများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် လူတိုင်းတွင် ဤပြဿနာ အနည်းနှင့်အများ ရှိကြသည်၊ ၎င်းတို့အားလုံးသည် မိမိတို့၏ ကိုယ်ပိုင် ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် အကျိုးစီးပွားများအတွက် အခြားလူများထံမှ နားချဖျောင်းဖျ စကားနှိုက်ရန် ကြိုးစားကြပြီး လူတို့ကို ညှဉ်းပန်းရန် ထိုသူတို့၏ အမှားများကိုပင် ဖမ်းဆုပ်နိုင်သည်။ သင် မြင်သလော၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်စ အစောပိုင်းကာလများတွင် ကွန်မြူနစ်ပါတီက လက်ယာယိမ်းသမားများကို ညှဉ်းပန်းလိုသောအခါ ၎င်းတို့က လူတို့ကို “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်ကိုစွမ်းရည်ရှိသူများ လိုအပ်သည်။ ပါတီနှင့်ပတ်သက်၍ သင်တို့တွင် ထင်မြင်ချက် တစ်စုံတစ်ရာ ရှိပါက သို့မဟုတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ထက်မြက်သော စိတ်ကူး တစ်စုံတစ်ရာ ရှိပါက သင်တို့ ထုတ်ဖော်ပြောဆိုသင့်သည်။ ပြောဆိုသူကို အပြစ်တင်မည် မဟုတ်ဘဲ သူ၏ စကားများကို သတိပေးချက်တစ်ခုအဖြစ် ဂရုပြုမည် ဖြစ်သည်။ သင်တို့အားလုံး အကြံဉာဏ် ပေးရမည်” ဟု ပြောဆိုခဲ့သည်။ ရလဒ်အနေဖြင့် အချို့လူများက ဤအရာကို ကြားပြီး “အို၊ နိုင်ငံတော်သည် ပျက်စီးယိုယွင်းနေပြီး ပြန်လည်တည်ဆောက်ရန် စောင့်ဆိုင်းနေသည်၊ နိုင်ငံတော်သည် ငါတို့ကဲ့သို့ ပင်ကိုစွမ်းရည်ရှိသူများကို လိုအပ်သည်။ နိုင်ငံတော်က ပင်ကိုစွမ်းရည်ရှိသူများကို ဤမျှလောက် တန်ဖိုးထားသောကြောင့် ငါတို့သည် အမှန်တရားကို ပြောဆိုရမည်” ဟု ပြောဆိုခဲ့ကြသည်။ ထိုပညာတတ်များနှင့် အဆင့်မြင့် ပုဂ္ဂိုလ်များအားလုံးက မည်သည့် ဆိုးရွားသောအရာမျှ ဖြစ်လာမည်မဟုတ်ဟု တွေးတောလျက် အမှန်တရားကို ပြောဆိုခဲ့ကြသည်။ သင် မြင်သလော၊ စာတန်သည် အမှန်တရားကို ပြောဆိုလာစေရန် လူတို့ကို ဖြားယောင်းသွေးဆောင်ဖို့ နားထောင်ကောင်းသော စကားများကို အသုံးပြုသည်။ လူတို့၏ ကာကွယ်မှုများအားလုံး ကျဆင်းသွားသောအခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲရှိ အရာအားလုံးကို ရင်ဖွင့်ကြပြီး ရလဒ်အနေဖြင့် ၎င်းတို့သည် စာတန်၏ အကြံအစည်ထဲသို့ တည့်တည့်မတ်မတ် ကျရောက်သွားကြသည်။ စာတန်က “ကောင်းပြီ။ ယခု သင်တို့၏ အမှားများကို ငါ ဖမ်းဆုပ်မိပြီ၊ ပြီးလျှင် သင်တို့ကို အပြစ်ဒဏ်ပေးရန် ငါ့တွင် သက်သေအထောက်အထား ရှိပြီ” ဟု ပြောဆိုသည်။ ချက်ချင်းပင် ကွန်မြူနစ်ပါတီသည် လက်ယာယိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုကို စတင်ခဲ့ပြီး အမှန်တရားကို ပြောဆိုသူအားလုံးကို လက်ယာယိမ်းသမားများအဖြစ် သတ်မှတ်ခဲ့ကာ ထိုပညာတတ်များနှင့် အဆင့်မြင့် ပုဂ္ဂိုလ်များသည် ညှဉ်းပန်းခြင်း ခံခဲ့ရသည်။ နောက်ပိုင်းတွင် ယဉ်ကျေးမှု တော်လှန်ရေး စတင်ခဲ့သည်၊ ကျော်ကြားသော ပုဂ္ဂိုလ်များနှင့် စွမ်းဆောင်နိုင်သူများအားလုံးသည် “နွားတင်းကုပ်များ” ထဲသို့ ပစ်ထည့်ခံခဲ့ရပြီး ၎င်းတို့ကို “အရင်းရှင် လမ်းစဉ်လိုက်သူများ” နှင့် “တန်ပြန်တော်လှန်ရေးသမားများ” ဟု သမုတ်ထားသော ဆိုင်းဘုတ်များကို ကိုယ်၌ချိတ်ဆွဲထားခိုင်းခြင်းကို ခံခဲ့ရသည်။ ရလဒ်အနေဖြင့် လူများစွာသည် သနားစဖွယ် ညှဉ်းပန်းခြင်း ခံခဲ့ရသည်။ သင် မြင်သလော၊ စာတန်သည် လူ၏ အနှစ်သာရကို နားမလည်ပေ။ ယင်းကိုယ်တိုင်က မှန်ကန်သော လမ်းကြောင်းကို မလျှောက်လှမ်းသည့်အပြင် လူတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာကို တွေးတောသည်ကိုလည်း ယင်းက မသိပေ။ ယင်းသည် အမှန်တရားကို ပြောဆိုလာစေရန် လူတို့ကို ဖြားယောင်းသွေးဆောင်ရုံသာ ဖြားယောင်းသွေးဆောင်ပြီးနောက် ၎င်းတို့၏ အမှားများကို ဖမ်းဆုပ်ကာ ၎င်းတို့ကို ပြစ်တင်ရှုတ်ချလျက် ၎င်းတို့ကို သေသည်အထိ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီး အဆင့်တိုင်းတွင် တိုး၍ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးလာခဲ့သည်။ ဘုရားသခင်သည် သူ၏ စောင့်ကြည့်နေသော မျက်စိအောက်တွင် ဤအရာအားလုံးကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်၊ သူသည် ယင်းကို အလွန် ကောင်းစွာ နားလည်သောကြောင့် လူတို့ကို လာရောက် ကယ်တင်ရန် သင့်လျော်သော အချိန်ကို သူ ရွေးချယ်သည်။ ဘုရားသခင်သည် လူတို့နှင့် အမှုအရာများကို ဆွေးနွေးခြင်း မရှိသည့်အပြင် ၎င်းတို့ကို တိုင်ပင်ခြင်းလည်း မရှိပေ။ ဘုရားသခင်၏ အချိန် ရောက်လာသောအခါ သူသည် လူ့ဇာတိခံယူပြီး သမ္မာတရားကို ဖော်ပြရန်၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ရန်နှင့် ၎င်းတို့တွင်ရှိသော မတူညီသည့် ပြဿနာများအားလုံးကို ဖော်ထုတ်ရန် လူတို့အလယ်သို့ ကြွလာသည်။ လူတို့၏ ပြဿနာများကို ဖော်ထုတ်ခြင်းအားဖြင့် ဘုရားသခင်၏ အသံကို ကြားရန်၊ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန်နှင့် မိမိတို့ကိုယ်ကို သိရန် ၎င်းတို့ကို သူ ခွင့်ပြုသည်။ ထို့နောက် ဘုရားသခင်သည် လူတို့ မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန်အလို့ငှာ ၎င်းတို့ကို သမ္မာတရားဖြင့် ထောက်ပံ့ပေးသည်။ ဤနည်းလမ်းနှင့် ဤချဉ်းကပ်မှုအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်သည်။ သို့သော် စာတန်သည် လူသားမျိုးနွယ်ကို အထင်အမြင်မှားစေရန်နှင့် ဖောက်ပြန်ပျက်စီးစေရန် ဖြစ်နိုင်သမျှ အရာအားလုံးကို အမြဲတစေ လုပ်ဆောင်လေသည်။ လူတို့ မည်သည့်အရာကို တွေးတောသည်၊ မည်သည့်အရာကို မျှော်လင့်သည် သို့မဟုတ် ၎င်းတို့တွင် မည်သည့်အရာ ကင်းမဲ့နေသည်ကို ယင်းက ဂရုမစိုက်ပေ၊ ယင်းသည် အပြစ်ကျူးလွန်လာစေရန် လူတို့ကို ဖြားယောင်းသွေးဆောင်ဖို့နှင့် ဘုရားသခင်ကို စွန့်ခွာပြီး ဘုရားသခင်ကို သစ္စာဖောက်လာစေရန် ၎င်းတို့ကို ဖြားယောင်းသွေးဆောင်ဖို့သာ အလိုရှိသည်။ ယင်းသည် လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ရှုခြင်းမှ ဟန့်တားပြီး ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ ၎င်းတို့ကို ဟန့်တားသည်။ စာတန်သည် လူတို့ကို စုံစမ်းသွေးဆောင်ပြီး ဖြားယောင်းသွေးဆောင်ရန် အစဉ် အလိုရှိသည်၊ ၎င်းသည် မကောင်းမှု ပြုလာစေရန် ၎င်းတို့ကို ဖြားယောင်းသွေးဆောင်ပြီး စိတ်လွတ်ကိုယ်လွတ်နေစေရန် စွန့်လွှတ်လာစေရန် ၎င်းတို့ကို ဖြားယောင်းသွေးဆောင်သည်၊ သို့မှသာ ၎င်းတို့သည် ၎င်းကို လုံးဝ သတိမထားမိသောအခါ ၎င်းသည် ရိုးသားပြီး စိတ်ရင်းမှန်သည်ဟု ယုံကြည်ကြပြီးနောက် ၎င်းထံသို့ လှည့်လာကာ ၎င်းကို မှီခိုကြမည် ဖြစ်သည်။ ထို့နောက် ၎င်းတို့၏ သတိထားရှောင်ခြင်းအားလုံးကို စွန့်လွှတ်ပြီးနောက်တွင် ၎င်းတို့သည် ၎င်း၏ အရူးလုပ်ခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရန် မိမိတို့ကိုယ်ကို ခွင့်ပြုကြပြီး ယင်း၏ လုံးဝ ဝါးမျိုခြင်းကို ခံကြရသည်၊ မှန်သလော။ (မှန်ပါသည်။) ဘုရားသခင်သည် လူသားမျိုးနွယ်၏ အနှစ်သာရကို သိသည်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သူ သိသည်၊ ပြီးလျှင် ဘုရားသခင်ကို လူသားမျိုးနွယ် ပုန်ကန်ခြင်းနှင့် အတိုက်အခံလုပ်ခြင်း၏ ဇာစ်မြစ်ကို သူ သိသည်။ ထိုသို့ဖြစ်သည့်အတွက် နောက်ကွယ်တွင် သင် မည်သည့် အသေးစိတ် အရာများကို တွေးတောခဲ့သည်ဖြစ်စေ၊ လုပ်ဆောင်ခဲ့သည်ကိုဖြစ်စေ၊ မည်သည့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို သင် ဖွင့်ဟပြောဆိုခြင်း မရှိသေးသည်ကိုဖြစ်စေ နားလည်ရန် မလိုအပ်ဘဲ သင်၏ သဘာဝ အနှစ်သာရကို ဖော်ထုတ်ရန်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သဘာဝ အနှစ်သာရကို ချခင်းစေပြီး ယင်းတို့ကို အလင်းထဲသို့ အပြည့်အဝ ယူဆောင်လာရန်နှင့် ဤအခြေခံပေါ်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် သင့်အား လုံးဝ လိုလားလာစေဖို့ သူသည် အပြည့်အဝ စွမ်းဆောင်နိုင်ပြီး ဖြစ်သည်။ သင်၏ အနှစ်သာရကို သင့်အား သိစေခြင်းတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ သင် အမှန်တကယ် နောင်တရရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံရန်နှင့် ဘုရားသခင်ထံ လှည့်လာရန် သင့်အား စွမ်းဆောင်ပေးဖို့ ဖြစ်သည်၊ ယင်းမှာ သင့်အား ညှဉ်းပန်းရန်နှင့် သင် အပျက်သဘောဆောင်လာပြီး အကျင့်ပျက်လာစေရန် လုံးဝ မဟုတ်ပေ။ ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များကို သင် နားလည်သင့်သည်။ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ တာဝန်သိစိတ် ရှိပြီး သင့်အတွက် စိုးရိမ်ပူပန်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သင့်အား အပြည့်အဝ ထည့်သွင်းစဉ်းစားလျက် ဤအရာများကို ကြီးမားသော ဉာဏ်ပညာဖြင့်၊ အလွန် စနစ်ကျသော နည်းလမ်းဖြင့် လုပ်ဆောင်သည်။ သူ လှမ်းသည့် ခြေလှမ်းတိုင်းသည် သင့်အတွက် ထောက်ထားစာနာမှုကြောင့် ဖြစ်သည်၊ ခြေလှမ်းတိုင်းကို သေချာစွာ စီစဉ်ပြီး အကြံအစည် ထုတ်ထားသည်။ ယင်းက လူသား၏ အယူအဆများနှင့် မကိုက်ညီသော်လည်း လူတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များကို ခံစားနိုင်လေသည်။

လူတို့၏ ကယ်တင်ခြင်း ကိစ္စရပ်နှင့်ပတ်သက်၍ ဘုရားသခင်သည် စိုးစဉ်းမျှ ပေါ့ဆခြင်း မရှိပေ၊ ထိုအစား ကိုယ်တော်သည် အပင်ပန်းခံရသော ရည်ရွယ်ချက်များ ရှိပြီး ဤကိစ္စရပ်ထဲသို့ သူ၏ နှလုံးသွေးအားလုံးကို သွန်းလောင်းသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဖော်ထုတ်ခြင်း အခြေခံပေါ်တွင် အမျိုးမျိုးသော ပြဿနာများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လူတို့သည် မိမိတို့၏ ကိုယ်ပိုင် ပြဿနာများနှင့် မိမိတို့၏ ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန် သူ စွမ်းဆောင်ပေးသည်။ ထို့နောက် သမ္မာတရားဆိုသည်မှာ အဘယ်အရာဖြစ်သည်နှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်၊ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မှားယွင်းသည်၊ အပြုသဘောဆောင်သော အရာများဆိုသည်မှာ အဘယ်အရာဖြစ်ပြီး အပျက်သဘောဆောင်သော အရာများဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို သင် နားလည်နိုင်ရန်နှင့် ထို့နောက် မှန်ကန်သော လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်း စတင်လျှောက်လှမ်းနိုင်ရန်အလို့ငှာ အပြုသဘောဆောင်သော သဘောတရားဖြင့် သင့်အတွက် သူ ထောက်ပံ့ပေးသည်။ သင် မြင်သလော၊ သင့်အတွက် ဘုရားသခင် လုပ်ဆောင်သမျှအားလုံးသည် သင့်အား ကယ်တင်ရန်အတွက် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သော ဤအမှုအားလုံးမှ အကဲဖြတ်ကြည့်လျှင် သူ၏ လူ့သဘာဝ ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊ သူ၏ ဘုရားသဘောသဘာဝ ရှုထောင့်မှ ကြည့်သည်ဖြစ်စေ သူ၏ အစပြုရာအမှတ်သည် ဖန်ဆင်းရှင်၏ အစပြုရာအမှတ်နှင့် တစ်သမတ်တည်း ဖြစ်သည်။ ထို့ကြောင့် ဤလူ့ဇာတိခံ လူသားသည် သင်တို့နှင့် ဆက်သွယ်ပြီး ပေါင်းသင်းဆက်ဆံသောအခါ သူသည်လည်း ဤသဘောထားမျိုး ရှိပြီး သူ၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ သင်တို့ကို ခေါ်ဆောင်လာရန်နှင့် ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရာတွင် သင်တို့ကို ပံ့ပိုးပေးရန် ဖြစ်သည်။ ထို့ကြောင့် သင်တို့နှင့် ငါ စကားစမြည်ပြောဆိုပြီး ဆက်သွယ်သောအခါ သင်တို့ထံမှ နားချဖျောင်းဖျ စကားနှိုက်ရန် ငါ ကြိုးစားသည့် ပြဿနာ မည်သည့်အခါမျှ မရှိပေ။ ငါသည် သင်တို့ကို မေးခွန်းအချို့ မေးမြန်းပါက ယင်းမှာ မေးခွန်းများ မေးမြန်းရုံသက်သက်သာ ဖြစ်သည်၊ သင်တို့ မလုပ်ဆောင်လိုသော အရာများကို လုပ်ဆောင်လာစေရန် သင်တို့ကို ဖြားယောင်းသွေးဆောင်ဖို့ သင်တို့ထံမှ နားချဖျောင်းဖျ စကားနှိုက်သည့် နည်းလမ်းကို ငါ မည်သည့်အခါမျှ အသုံးမပြုပေ။ ထိုအရာက မည်သည့်အခါမျှ မဖြစ်ပျက်ပေ။ ယခု သင်တို့ နားလည်သလော။ (နားလည်ပါသည်။) အခြားကဏ္ဍတစ်ခုတွင် သင်တို့သည် နောက်ကွယ်၌ ငါ့အပေါ် မည်သည့် အမြင်များ ရှိသည်ကို ငါ မည်သည့်အခါမျှ ဂရုမစိုက်သည့်အပြင် “ငါသည် နှိုင်းယှဉ်ချက်အရ အရပ်ပုသည်၊ ငါ၏ အသွင်အပြင်က သာမန်ဖြစ်သည်၊ ပြီးလျှင် ငါသည် ဤကဲ့သို့ စကားပြောပြီး ဤအသံနေအသံထား ရှိသည်ကို သင်တို့ မြင်သောအခါ ထိုအရာက သင်တို့ကို အယူအဆများ ဖြစ်ပေါ်လာစေမည်လော။ သင်တို့၏ စိတ်နှလုံးထဲတွင် ငါသည် မည်သည့် နေရာကို ရယူထားသနည်း” ဟုလည်း ငါ မည်သည့်အခါမျှ တွေးတောမည် မဟုတ်ပေ။ ငါသည် ဤအရာများကို မည်သည့်အခါမျှ စုံစမ်းမေးမြန်းခြင်း မရှိသည့်အပြင် သင်တို့နှင့် ဆက်ဆံသောအခါ ငါ့ကို သင်တို့ မည်သို့ ရှုမြင်သည်ကို သွယ်ဝိုက်၍ မေးမြန်းရန် မည်သည့် နည်းလမ်းများကိုမျှ ငါ မည်သည့်အခါမျှ အသုံးမပြုပေ၊ ဤအရာများကို ငါ ဂရုမစိုက်ပေ။ ငါ အဘယ်ကြောင့် ဂရုမစိုက်သနည်း။ အကြောင်းမှာ ယင်းတို့ကို ငါ တန်ဖိုးမထားသောကြောင့် ဖြစ်သည်။ မွန်မြတ်ခြင်း၊ ကြီးကျယ်ခမ်းနားခြင်း၊ အဆင့်အတန်း ရှိခြင်း၊ တန်ဖိုးမြင့်မားခြင်း၊ အတုမရှိဖြစ်ခြင်း၊ ကြီးမြတ်ခြင်းနှင့် မြင့်မြတ်ခြင်းဟူသည့် ဤအရာများကို ငါ ဂရုမစိုက်ပေ။ လူတစ်ဦးသည် မြင့်မြတ်သည်ဖြစ်စေ၊ မမြင့်မြတ်သည်ဖြစ်စေ မည်သို့ အရေးနည်း။ ထိုအရာက မည်သည့်အရာကို အစားထိုးနိုင်သနည်း။ သင်တို့သည် ငါနှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ လုံးဝ မရှိဘဲ ငါ့ကို လုံးဝ နာခံနိုင်လျှင်ပင် မည်သို့ဖြစ်သနည်း။ ထိုအရာက ငါသည် ယခုထက် လျှော့၍ ပြောဆိုနိုင်မည် သို့မဟုတ် အလုပ်လုပ်နိုင်မည်ဟု ဆိုလိုမည်လော။ ဤအရာများထဲမှ တစ်ခုမျှသည် မည်သည့်အရာကိုမျှ အစားထိုး၍ မရနိုင်ပေ။ သေချာသည်မှာ ဤသည်မှာ ဒုတိယဦးစားပေး ဖြစ်သည်၊ အဓိကအရာမှာ ငါကိုယ်တိုင်က ဤအရာများကို ဂရုမစိုက်ခြင်း ဖြစ်သည်။ ငါ အဘယ်ကြောင့် ဂရုမစိုက်သည်ကို ငါ မသိပေ၊ ဤအရာများကို ဂရုစိုက်ရခြင်းကို ငါ မနှစ်သက်ရုံသာ ဖြစ်သည်။ သင်တို့အတွက် အမှုအရာများကို ငါ လုပ်ဆောင်ပေးသောအခါ ယင်းတို့သည် သင်တို့၏ ဘဝရှိ ကိစ္စရပ်များဖြစ်စေ၊ သင်တို့၏ အသက် ဝင်ရောက်မှုနှင့်ဆိုင်သော ကိစ္စရပ်များဖြစ်စေ၊ သင်တို့၏ ခရီးဆုံးပန်းတိုင်၊ အနာဂတ်တို့နှင့်ဆိုင်သော ကိစ္စရပ်များဖြစ်စေ၊ ယင်းက စကားအချို့ ပြောဆိုခြင်း သို့မဟုတ် တိကျသော အရာအချို့ လုပ်ဆောင်ခြင်းနှင့်ဆက်သက်သည်ဖြစ်စေ ငါသည် “နောက်ကွယ်တွင် ငါ့ကို အလွန် ကျေးဇူးတင်နေသူ တစ်ဦးတစ်ယောက် ရှိသလော။ ကျေးဇူးတင်၍ မျက်ရည်ကျနေသူ တစ်ဦးတစ်ယောက် ရှိသလော။ ဤအရာများကို လုပ်ဆောင်ပေးသည့်အတွက် ငါ၏ ကြင်နာမှုကို မှတ်မိသူ တစ်ဦးတစ်ယောက် ရှိသလော” ဟု မည်သည့်အခါမျှ မတွေးတောပေ။ ငါသည် ထိုသို့သောအရာများကို အမှန်တကယ် ဂရုမစိုက်သည့်အပြင် ယင်းတို့အကြောင်းကို သိရှိရန်လည်း မကြိုးစားပေ။ တစ်ဖက်တွင် သင်တို့နှင့် ငါ စုဝေးပြီး မိတ်သဟာယဖွဲ့သောအခါ ဤအရာများအကြောင်းကို ငါ မည်သည့်အခါမျှ မမေးမြန်းပေ၊ အခြားတစ်ဖက်တွင် အလုပ်နှင့်ပတ်သက်၍ သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့သောအခါတွင်လည်း ယင်းတို့အကြောင်းကို ငါ မမေးမြန်းပေ။ ငါ မည်သည့်အဖွဲ့သို့ သွားသည်ဖြစ်စေ “ယခုတလော သင်တို့အခြေအနေ မည်သို့ ရှိသနည်း။ သင်တို့ မဖြေရှင်းနိုင်သော ပြဿနာ တစ်စုံတစ်ရာ ရှိသလော။ သင်တို့၏ တာဝန်ကို ထမ်းဆောင်သောအခါ စည်းမျဉ်းများကို သင်တို့ သဘောပေါက်နိုင်သလော” ဟုသာ ငါ မေးမြန်းသည်။ ဤအရာများအကြောင်းကိုသာ ငါ ပြောဆိုသည်။ ငါပြောဆိုသော စကားများနှင့် ငါလုပ်ဆောင်သော အရာများသည် သင်တို့အလယ်တွင် မည်မျှ ဩဇာလွှမ်းမိုးမှု ရှိသည်၊ လူမည်မျှက ငါ့ကို ကျေးဇူးတင်သည်၊ မည်မျှက ကျေးဇူးမတင်သည်၊ သို့မဟုတ် လူများ ပို၍ ကျေးဇူးတင်လာစေရန် ဤအလုပ်အပေါ် ငါ မည်သို့ တိုးတက်အောင် လုပ်ဆောင်သင့်သည်ဟူသည်တို့ကို ငါ ဂရုမစိုက်ပေ၊ ဤအရာများကို ငါ မလုပ်ဆောင်ပေ။ သင်တို့၏ တာဝန် မည်သို့ရှိသည်ကို ငါ သိရှိပြီး သင်တို့၏ ပြဿနာများနှင့် လမ်းလွဲခြင်းများကို ထောက်ပြကာ သင်တို့ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အလို့ငှာ ယင်းတို့ကို သင်တို့အား ပြင်ဆင်စေသည်။ အချို့လူများက ကျေးဇူးမတင်ပါက သို့မဟုတ် ယင်းကို လက်မခံပါက ငါ လုပ်ဆောင်နိုင်သည့်အရာ မရှိပေ၊ ယင်းမှာ ငါ လုပ်ဆောင်နိုင်သည့် အတိုင်းအတာအထိသာ ဖြစ်သည်။ သင်တို့၏ နေ့စဉ်ဘဝများတွင် သင်တို့အတွက် အမှုအရာများကို စီစဉ်ပေးရန်နှင့် သင်တို့ကို ကူညီရန် ငါ အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ လူတစ်ဦးတစ်ယောက်က မကျေနပ်ပါက ငါ လုပ်ဆောင်နိုင်သည့်အရာ မရှိပေ၊ အကြောင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် တောင်းဆိုချက်များက လွန်ကဲလွန်းသောကြောင့် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရာတွင် ဘုရားအိမ်တော်က မည်သည့် စည်းမျဉ်းများကို လိုက်နာသည်နှင့် ထိုသို့ လုပ်ဆောင်ရာတွင် ယင်း၏ ရည်ရွယ်ချက်က အဘယ်အရာဖြစ်သည်ကိုသာ ငါ ထပ်ခါတလဲလဲ အလေးပေးပြောဆိုပြီး ယင်းက လုံလောက်ပေသည်။ ငါသည် နေရာအချို့သို့ သွားပြီး အချို့လူများက ဘုရားသခင် ပြောဆိုပြီး လုပ်ဆောင်သည့် အရာများအကြောင်းကို ပြောဆိုလျက် မိတ်သဟာယဖွဲ့နေသည်ကို မြင်သောအခါ ငါ ချက်ချင်း ထွက်ခွာသွားသည်။ ငါသည် ခိုးနားမထောင်ပေ။ ငါသည် စူးစမ်းလိုစိတ် မရှိသည့်အပြင် “ငါ့အကြောင်း သင်တို့ မည်သည့်အရာကို ပြောဆိုနေကြသနည်း။ ငါ့အကြောင်း မကောင်းပြောနေကြသလော။ အယူအဆများအပေါ် အခြေခံသည့် ငါနှင့်ပတ်သက်သော အရာများကို သင်တို့ ပြောဆိုနေကြသလော။ ထိုသို့ဖြစ်ပါက သင့်အား ညှဉ်းပန်းရန်နှင့် သင့်အား အရှက်ခွဲရန် ဖြစ်နိုင်သမျှ အရာအားလုံးကို ငါ လုပ်ဆောင်မည်” ဟုလည်း ငါ မတွေးတောပေ။ ငါသည် ဤအရာများကို မလုပ်ဆောင်ပေ၊ သင်တို့ နှစ်သက်သည့် မည်သည့်အရာကိုမဆို သင်တို့ ပြောဆိုနိုင်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်း သင်ခန်းစာသည် သင်ယူရန် အချိန်ကြာမြင့်သည်၊ ယင်းက ချက်ချင်း ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့်ပတ်သက်သော သင်တို့၏ မိတ်သဟာယသည် အယူအဆများဖြင့် ရောနှောနေသည်ဖြစ်စေ၊ သင်တို့၏ စစ်မှန်သော နားလည်မှုဖြစ်စေ ယင်းက အမှား သို့မဟုတ် အမှန် ပါဝင်ပတ်သက်ခြင်း မရှိပေ၊ ယင်းက သမ္မာတရားနှင့် ကိုက်ညီမှု ရှိမရှိကိုသာ ပါဝင်ပတ်သက်သည်။ ထို့ကြောင့် အကြောင်းအရာတစ်ခုနှင့်ပတ်သက်သော သင်တို့၏ မိတ်သဟာယတွင် လွဲချော်မှုများ ပါဝင်ပါက သင်တို့အတွက် ယင်းတို့ကို ငါ ပြင်ဆင်ပေးနိုင်သည်။ အယူအဆများနှင့် စိတ်ကူးများ ရှိပါက ယင်းတို့အကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့နိုင်သည်။ သင်တို့ မိတ်သဟာယဖွဲ့သည့်အရာအားလုံးက မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသော်လည်း အနည်းငယ် အပေါ်ယံဆန်ရုံသာဖြစ်ပါက အသိပညာကို တဖြည်းဖြည်း ရယူရန်သာ လာခဲ့ကြလော့။

ဘုရားသခင်သည် လူတို့ထံမှ နားချဖျောင်းဖျ စကားနှိုက်ခြင်း မရှိဟူသည့် ဤကဏ္ဍကို ယခု သင်တို့ နားလည်သလော။ (နားလည်ပါသည်။) လူတို့ထံမှ နားချဖျောင်းဖျ စကားနှိုက်ခြင်း မရှိဆိုသည်မှာ သင်တို့နှင့် ငါ စကားပြောဆိုပြီး စကားစမြည်ပြောဆိုသောအခါ သာမန်လူတစ်ဦး၏ အနေအထားမှ ငါ ထိုသို့ လုပ်ဆောင်သည်ကို ဆိုလိုသည်။ ငါသည် နိုင်လိုမင်းထက် ပြုမူခြင်းဖြစ်စေ၊ မောက်မာခြင်းဖြစ်စေ မရှိပေ၊ ပြီးလျှင် သင့်အား ငါ ဖိနှိပ်ခြင်း မရှိပေ။ သင်နှင့် ငါ ဆက်သွယ်သည့် ပုံစံအတွက် ငါ၏ စည်းမျဉ်းမှာ ဖြားယောင်းသွေးဆောင်ခြင်း မရှိဘဲနှင့် သင့်ထံမှ မည်သည့်အရာကိုမျှ နားချဖျောင်းဖျ စကားနှိုက်ခြင်း မရှိဘဲ သင်နှင့် ရိုးသားစွာနှင့် စိတ်နှလုံးထဲမှ စကားစမြည်ပြောဆိုရန် ဖြစ်သည်။ ဆိုလိုသည်မှာ သင့်အတွက် ငါ ထောင်ချောက်များ မဆင်သည့်အပြင် အပေါ်ယံသာ မှန်ကန်ပုံရသော အရာများကို ငါ မပြောဆိုပေ။ အချို့သောအရာများသည် အဓိက အကြောင်းအရာ မဟုတ်ပါက ငါသည် ယေဘုယျကျသော၊ အကျဉ်းချုပ် ပြောဆိုချက်တစ်ခုကိုသာ ပြောဆိုပြီး ရှေ့ဆက်သွားနိုင်သည်၊ အလွန် တိတိကျကျ မပြောဆိုသော်လည်း ယင်းက အပေါ်ယံသာ မှန်ကန်ပုံရမည့်အရာလည်း မဟုတ်ပေ။ ဆိုလိုသည်မှာ ငါပြောဆိုသော စကားများသည် မှားယွင်းသော ဦးတည်ချက်ဖြင့် တွေးတောလာစေရန်၊ အပြစ်ကျူးလွန်လာစေရန်၊ အကျင့်ပျက်လာစေရန်၊ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်လာစေရန် သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ နားလည်မှုလွဲခြင်းများ ရှိပြီး သတိထားရှောင်လာစေရန် သင့်အား ဖြားယောင်းသွေးဆောင်ခြင်း မရှိသည့်အပြင် သမ္မာတရား၏ ကဏ္ဍအချို့အပေါ် သံသယဖြစ်သော သဘောထားတစ်ခု ဖြစ်ပေါ်လာစေရန် သင့်အား သာ၍ပင် မပြုလုပ်ပေ။ ငါပြောဆိုသည့်အရာတွင် စာတန် ပြောဆိုခဲ့သည့် “သင်တို့သည် မလွဲမသွေ သေရချင်းမျိုး ဟုတ်ချင်မှ ဟုတ်ပေမည် ” ဟူသည့် စကားမျိုး မရှိပေ၊ ဤ “ဟုတ်ချင်မှ ဟုတ်ပေမည်” ဟူသည်မှာ ဖြားယောင်းသွေးဆောင်သည့် သဘောသဘာဝ ရှိသည်။ သင်တို့နှင့် ငါ စကားပြောဆိုသောအခါ “ဟုတ်ချင်မှ ဟုတ်ပေမည်” ကဲ့သို့သော မည်သည့် ဖြားယောင်းသွေးဆောင်သည့် စကားများကိုမျှ ငါ အသုံးမပြုပေ။ ငါ မိတ်သဟာယဖွဲ့ခဲ့သည့် အကြောင်းအရာအားလုံးတွင် ထိုသို့သော စကားများ ရှိမရှိကို သင်တို့ ကြည့်ရှုပြီး စစ်ဆေးနိုင်သည်။ သင်တို့ သေချာပေါက် မသေချာနိုင်သော သို့မဟုတ် အပြည့်အဝ နားမလည်နိုင်သော အချို့သော စကားများ ရှိသည်၊ ဆိုလိုသည်မှာ “ဖြစ်ကောင်းဖြစ်မည်” နှင့် “ဖြစ်နိုင်သည်” ဟူသကဲ့သို့သော စကားများ ဖြစ်သည်။ ထိုသို့သော စကားများကို အသုံးပြုခြင်းအတွက် ငါ၏ စည်းမျဉ်းများ သို့မဟုတ် အကြောင်းရင်းများကို သင်တို့ သဘောပေါက်မည် မဟုတ်ပေ။ ထိုသို့သော စကားများကို အသုံးပြုခြင်းအတွက် ငါ့တွင် အကြောင်းရင်းတစ်ခု ရှိသည်။ အကြောင်းမှာ ငါတို့ မိတ်သဟာယဖွဲ့သည့် သမ္မာတရား၏ အမျိုးမျိုးသော ကဏ္ဍများသည် လူတစ်မျိုးတည်းကို ရည်ရွယ်ခြင်း မဟုတ်သည့်အပြင် တိကျသော လူတစ်ဦးတစ်ယောက်ကို ရည်ရွယ်ခြင်းလည်း မဟုတ်ဘဲ ဘုရားသခင်နောက်သို့ လိုက်လျှောက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသော လူအားလုံးကို ရည်ရွယ်သောကြောင့် ဖြစ်သည်။ “အားလုံး” ဟု ဖော်ပြသည်နှင့်တစ်ပြိုင်နက် ဤအရာတွင် မတူညီသော လူအမျိုးအစားအားလုံး၏ အခြေအနေများ ပါဝင်သည်။ ဆိုလိုသည်မှာ တူညီသော ပြဿနာက မတူညီသော အခြေအနေများနှင့် မတူညီသော ပတ်ဝန်းကျင်များအောက်ရှိ လူအမျိုးအစားများစွာ၏ အခြေအနေများကို လွှမ်းခြုံထားသောကြောင့် ယင်းကို “ဖြစ်ကောင်းဖြစ်မည်” နှင့် “ဖြစ်နိုင်သည်” ဟု အသုံးပြု၍သာ ဖော်ပြနိုင်သည်။ “ဖြစ်ကောင်းဖြစ်မည်” နှင့် “ဖြစ်နိုင်သည်” ဟူသည်မှာ မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။ ယင်းတို့က သင်သည် ဤအခြေအနေတွင် ရှိကောင်းရှိမည်၊ သင်သည် ထိုအခြေအနေတွင် ရှိကောင်းရှိမည်၊ သင်သည် ဤသို့သော ပတ်ဝန်းကျင်တွင် ရှိကောင်းရှိမည်၊ သို့မဟုတ် သင်သည် ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ရှိကောင်းရှိမည်ဟု ဆိုလိုသည်။ သို့သော် ဤ “ဖြစ်ကောင်းဖြစ်မည်” ဟူသည်မှာ မသေချာမရေရာမှုကို ဖော်ပြရန် ရည်ရွယ်ခြင်း မဟုတ်ပေ၊ ထိုအစား ယင်းက ပြောဆိုနေသည့်အရာသည် လူအချို့နှင့်သာ သက်ဆိုင်သည်ဟု ဆိုလိုသည်။ ဤ “ဖြစ်ကောင်းဖြစ်မည်” နှင့် “ဖြစ်နိုင်သည်” ဟူသော စကားများတွင် စာတန်၏ “မလွဲမသွေ သေရချင်းမျိုး ဟုတ်ချင်မှ ဟုတ်ပေမည်” ဟူသည့် ဖြားယောင်းသွေးဆောင်သော အဓိပ္ပာယ် မရှိပေ၊ သင်သည် မည်သည့် အခြေအနေတွင် ရှိသည်နှင့် သင်သည် မည်သည့် ပတ်ဝန်းကျင်တွင် ရှိသည်ကို ခွဲခြားသိမြင်ရန် သင့်အား ကူညီပေးလျက် အံဝင်ခွင်ကျဖြစ်သော မိတ်သဟာယကို ထောက်ပံ့ပေးရန် ဤစကားများကို ငါ အသုံးပြုသည်။ ငါသည် လူအုပ်စုများစွာကို ရင်ဆိုင်နေရပြီး လူတို့တွင်ရှိသော အမျိုးမျိုးသော အခြေအနေများက အလွန် ရှုပ်ထွေးသောကြောင့်သာလျှင် ငါသည် အမှုအရာများကို “ဖြစ်ကောင်းဖြစ်မည်” နှင့် “ဖြစ်နိုင်သည်” ဟု အသုံးပြု၍သာ ဖော်ပြနိုင်ပြီး ထို့နောက် သင်တို့ မည်သည့်နေရာတွင် အကျုံးဝင်သည်ကို သင်တို့အား မြင်တွေ့ခွင့်ပေးသည်။ ဤပြဿနာကို သင်တို့ နားလည်သလော။ (နားလည်ပါသည်။) ယခု သင်တို့ ဤပြဿနာကို နားလည်ပြီဖြစ်သဖြင့် နောက်ထပ် အကြောင်းအရာသို့ ငါတို့ ဆက်သွားကြစို့။

လူ့ဇာတိခံ ဘုရားသခင်သည် လူတို့ကို ဖြားယောင်းသွေးဆောင်ခြင်း မရှိဟူသည့် အကြောင်းအရာအတွင်း၌ အခြား အကြောင်းအရာတစ်ခု ရှိသေးသည်၊ ယင်းမှာ ကိုယ်တော်သည် လူတို့ကို သွေးထိုးလှုံ့ဆော်ခြင်း မရှိဟူ၍ ဖြစ်သည်၊ တစ်စုံတစ်ရာ လုပ်ဆောင်ရန် သင့်အား ကိုယ်တော် မည်သည့်အခါမျှ သွေးထိုးလှုံ့ဆော်မည် မဟုတ်ပေ။ ဤနေရာတွင် ရည်ညွှန်းထားသော သွေးထိုးလှုံ့ဆော်ခြင်း၏ နောက်ကွယ်တွင် ရှိနေသည့်အရာမှာ မတရားသော၊ မှားယွင်းသော သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများ၊ သို့မဟုတ် သင့်အား ဖောက်ပြန်ယိုယွင်းလာစေသည့်၊ ဘုရားသခင်ကို အတိုက်အခံ လုပ်လာစေသည့် သို့မဟုတ် မှန်ကန်သော လမ်းကြောင်းမှ လမ်းလွဲသွားစေသည့် ဒုစရိုက်အမှုများ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် သင်တို့နှင့် စကားပြောဆိုကာ သင်တို့နှင့် ဆက်သွယ်ပြီး ပေါင်းသင်းဆက်ဆံ၍ သင်တို့ကို ဦးဆောင်သောအခါ ကိုယ်တော် ပြောဆိုသော စကားများနှင့် ကိုယ်တော် လုပ်ဆောင်သော အမှုအားလုံးသည် သင်တို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာရန်နှင့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်လာရန် ရည်ရွယ်သည်။ ကိုယ်တော် ပြောဆိုသော စကားတစ်ခွန်းစီတိုင်းသည် သင်တို့အနေဖြင့် အမှန်တရားများ၏ သမ္မာတရားကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန်၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မှန်ကန်သော ရှုထောင့်အမြင်နှင့် ရပ်တည်ချက်မှ သိကျွမ်းနိုင်ရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းများကို ပို၍ တိကျစွာ နားလည်နိုင်ရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင် ပြောဆိုသော စကားတစ်ခွန်းတလေကမျှ ဘုရားသခင်ကို အတိုက်အခံလုပ်ရန် သို့မဟုတ် စာတန်ကို သွား၍ တိုက်ခိုက်ရန် သင်တို့ကို သွေးထိုးလှုံ့ဆော်ဖို့ ရည်ရွယ်ခြင်း မဟုတ်ဘဲ အဓိပ္ပာယ်မဲ့သော စွန့်လွှတ်အနစ်နာခံမှုများ ပြုလုပ်စေခြင်း မဟုတ်ပေ။ လူတို့သည် ဘုရားသခင်ကို မည်သို့ ဆက်ဆံသင့်သည်နှင့် ပတ်သက်လာသောအခါ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့အနေဖြင့် ကိုယ်တော့်ကို ကျိုးနွံနာခံနိုင်ရန်နှင့် ဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်မှ ကိုယ်တော့်ကို ဆက်ဆံနိုင်ရန် ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်အရာများနှင့် ကြုံတွေ့ရသည်ဖြစ်စေ အခြားအရာအားလုံးထက် ၎င်းတို့ ပိုင်ဆိုင်သင့်သည့် သဘောထားမှာ ယင်းတို့ကို ဘုရားသခင်ထံမှ ခံယူရန်နှင့် ဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်မှ ဘုရားသခင်ကို ကျိုးနွံနာခံရန် ဖြစ်သည်။ ဤသည်မှာ ခြုံငုံသုံးသပ်ချက်အရ ဖြစ်သည်၊ သေချာသည်မှာ ဤသည်က ငါပြောဆိုသော စကားအားလုံး၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် သင်တို့ထံမှ ငါတောင်းဆိုသော စည်းမျဉ်းလည်း ဖြစ်သည်။ စာတန်၊ လောက၊ သင်တို့ကို ညှဉ်းပန်းသော ရန်လိုသည့် အင်အားစုများနှင့် သင်တို့ကို ညှဉ်းပန်းသော အခြား မည်သူ့ကိုမဆို သင် မည်သို့ ဆက်ဆံသည်နှင့် ပတ်သက်၍မူ သင်တို့ထံမှ ငါတောင်းဆိုသော စည်းမျဉ်းမှာ ၎င်းတို့ကို သင် ဆက်ဆံသည့် ပုံစံတွင် ဉာဏ်ပညာကို အသုံးပြုရန် ဖြစ်သည်။ သခင်ယေရှု ပြောဆိုခဲ့သည့်အတိုင်းပင် “ထို့ကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၁၆) သင်သည် ချိုးငှက်များကဲ့သို့ ဘုရားသခင်ကို ကျိုးနွံနာခံရမည်ဖြစ်ပြီး ဤလောက၊ သင့်အပေါ် ရန်လိုသူများ၊ ဆိုးယုတ်သောလူများ၊ စွမ်းအားကြီးသော ရန်လိုသည့် အင်အားစုများနှင့် ဘုရားသခင်ကို ရန်လိုသော အာဏာကြီးသည့် အစိုးရများကို သင် ဆက်ဆံသည့် ပုံစံတွင် မြွေများ၏ ဉာဏ်ပညာ ရှိရမည်။ ပို၍ လက်တွေ့ကျသော အသုံးအနှုန်းများဖြင့် ဆိုရလျှင် အသင်းတော်တွင် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ကြုံတွေ့ရခြင်းနှင့် ပတ်သက်လာသောအခါ သို့မဟုတ် ပြင်ပမှ ရန်လိုသည့် အင်အားစုများကို ရင်ဆိုင်ရခြင်းနှင့် ပတ်သက်လာသောအခါ ငါတို့သည် ပို၍ တိကျသော ဉာဏ်ပညာ အပိုင်းအစအချို့နှင့် ၎င်းတို့ကို ဆက်ဆံသည့် နည်းလမ်းများအကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့ကို ဆက်ဆံသည့် ဤနည်းလမ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း၏ တိကျသော စည်းမျဉ်းများသည် တစ်ဖက်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်စေရန် မည်သို့ ပြုမူရမည်ကိုလည်းကောင်း၊ မည်သည့် စည်းမျဉ်းများကို စောင့်ထိန်းရမည်ကိုလည်းကောင်း ပို၍ တိကျစွာ သိရှိရန် သင့်အား ကူညီပေးသည်၊ ယင်းမှာ အရေးကြီးပေသည်။ အခြားတစ်ဖက်တွင် ယင်းတို့သည် သင်တို့ကို ကာကွယ်ရန် ရည်ရွယ်သည်၊ သင်တို့၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို သေချာစေရန်နှင့် စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ခြင်း၊ စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းကို ခံရခြင်း၊ စာတန်၏ အပြစ်ရှာခြင်းကို ခံရခြင်းနှင့် စာတန်၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရခြင်းတို့မှ သင်တို့ကို ကာကွယ်ရန်အပြင် ခက်ခဲသော အခြေအနေများထဲသို့ ကျရောက်ခြင်း၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းထဲသို့ ကျရောက်ခြင်းနှင့် ရန်လိုသည့် အင်အားစုများ၏ နှောင့်ယှက်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရခြင်း၏ ရလဒ်အနေဖြင့် ဘုရားသခင်နောက်သို့ လိုက်လျှောက်ရန် ယုံကြည်ခြင်း ကင်းမဲ့ခြင်းတို့မှ သင်တို့ကို ကာကွယ်ရန် ဖြစ်သည်၊ အတိုချုပ်ဆိုရလျှင် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် သင်တို့ကို ကာကွယ်ရန် ဖြစ်သည်။ ဉာဏ်ပညာရှိရန် သင်တို့ကို သွန်သင်ခြင်းနှင့် သင်တို့ လျှောက်လှမ်းသင့်သည့် လမ်းကြောင်းကို သင်တို့ကို သွန်သင်ခြင်းတွင် ငါ၏ ရည်မှန်းချက်မှာ သင်တို့၏ သင့်လျော်သော နေရာကို ခိုင်မာစွာ စွဲကိုင်ထားနိုင်စေရန်၊ ဘုရားသခင်က သင်တို့ကို အပ်နှံထားသည့် တာဝန်ကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် အောင်မြင်စွာ ပြီးမြောက်နိုင်စေရန်နှင့် ဤလမ်းကြောင်းကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်စေရန်တို့ ဖြစ်သည်။ သင်သည် စုံစမ်းသွေးဆောင်ခြင်းထဲသို့၊ အမျိုးမျိုးသော ခက်ခဲကျပ်တည်းမှုများထဲသို့၊ သို့မဟုတ် စာတန်၏ ထောင်ချောက် သို့မဟုတ် ဝိုင်းရံပိတ်ဆို့မှုထဲသို့ ကျရောက်ပါက၊ သို့မဟုတ် ခက်ခဲသော အခြေအနေများ သို့မဟုတ် အသက်အန္တရာယ်ရှိသော အခြေအနေကို ရင်ဆိုင်ရပါက ဘုရားသခင်က သင့်အား အပ်နှံထားသည့် တာဝန်ကို ပြီးမြောက်ရန်နှင့် ကယ်တင်ခြင်း ခံရဖို့ သမ္မာတရားကို လိုက်စားရန် သင့်အတွက် လွယ်ကူမည် မဟုတ်ပေ။ သင် ကယ်တင်ခြင်း ရရှိနိုင်မနိုင် ဟူသည်မှာ မသိနိုင်သောအရာတစ်ခု၊ ကြီးမားသော မေးခွန်းထုတ်စရာတစ်ခု ဖြစ်လိမ့်မည်၊ ယင်းက သင့်အတွက် ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ချိုးငှက်များကဲ့သို့ အဆိပ်ကင်းပြီး မြွေများကဲ့သို့ လိမ္မာပါးနပ်ရန် သင်တို့ကို ငါ ပြောဆိုသည်။ မြွေများကဲ့သို့ လိမ္မာပါးနပ်ခြင်းသည် အလွန် အရေးကြီးသည်၊ ယင်းက အမျိုးမျိုးသော ဆိုးယုတ်သောလူများ၊ အန္တိခရစ်များ၊ အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းများနှင့် မိစ္ဆာဒိဋ္ဌိအယူများအပြင် သင့်အား ညှဉ်းပန်းနှိပ်စက်ပြီး ဖိနှိပ်သော အမျိုးမျိုးသော အင်အားစုများကို ဉာဏ်ပညာနှင့် စည်းမျဉ်းများဖြင့် ဆက်ဆံရန် သင့်အား စွမ်းဆောင်ပေးသည်၊ သို့မှသာ သင်သည် လမ်းကြောင်း၏ အဆုံးသို့ ဘေးကင်းစွာနှင့် အောင်မြင်စွာ ရောက်ရှိနိုင်ပြီး ကယ်တင်ခြင်း ရရှိရန် မျှော်လင့်ချက် ရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ယေဘုယျအားဖြင့် ဘုရားအိမ်တော်သည် ပြင်ပလောကနှင့် ဆက်ဆံရသည့် ကိစ္စရပ်များကို ကြုံတွေ့ရသောအခါ ယင်းတို့ကို ကိုင်တွယ်ရန် ဉာဏ်ပညာနှင့် လက်တွေ့ကမ္ဘာ အတွေ့အကြုံရှိသော ညီအစ်ကိုမောင်နှမအချို့ကို ရှာဖွေလိမ့်မည်။ ငယ်ရွယ်ပြီး ဝိညာဉ်ရင့်ကျက်မှု သေးနုပ်သောသူများ၊ သို့မဟုတ် မိုက်မဲပြီး လက်တွေ့ကမ္ဘာ အတွေ့အကြုံ မရှိသောသူများ၊ သို့မဟုတ် နားဝေတိမ်တောင်ပင်ဖြစ်သော လူအချို့နှင့် ပတ်သက်၍မူ ထိုသို့သောအရာများကို သွားရောက် ကိုင်တွယ်ရန် ၎င်းတို့ကို ငါတို့ အားမပေးသည့်အပြင် ဘုရားအိမ်တော်ကလည်း ထိုသို့ လုပ်ဆောင်ရန် ၎င်းတို့အတွက် စီစဉ်ပေးမည် မဟုတ်ပေ။ အချို့လူများသည် အပြင်ပန်းတွင် အတော်အတန် ရဲရင့်ပြီး စွမ်းဆောင်နိုင်ပုံရသော်လည်း အမှန်တကယ်တွင် ဉာဏ်ပညာ တစ်စက်မျှ မရှိကြပေ။ တစ်စုံတစ်ဦးတွင် ဉာဏ်ပညာ မရှိသော်လည်း အတော်အတန် ရဲတင်းသောအခါ ယင်းကို မည်သို့ ခေါ်ဆိုသနည်း။ ဤသည်ကို မဆင်မခြင် ပြုမူခြင်းဟု ခေါ်ဆိုသည်၊ အရပ်သုံးစကားဖြင့် ဆိုရလျှင် ယင်းမှာ တဇောက်ကန်းဖြစ်ခြင်း ဖြစ်သည်။ ဤကဲ့သို့သော သူတစ်ဦးသည် ပြင်ပလောကနှင့် ဆက်ဆံရသည့် ကိစ္စရပ်များကို သွားရောက် ကိုင်တွယ်ပါက ပြဿနာများ သေချာပေါက် ပေါ်ပေါက်လာလိမ့်မည်။ ထို့ကြောင့် ပြင်ပလောကနှင့် ဆက်ဆံရသည့် ဤကိစ္စရပ်များကို ကြုံတွေ့ရသောအခါ အကယ်၍ အသင်းတော်အနေဖြင့် ဤအလုပ်ကို လုပ်ဆောင်ရန် လိုအပ်ပါက ယင်းကို လုပ်ဆောင်ရန် သင့်လျော်သော လူများကို ငါတို့ ရှာဖွေသည်။ ဤချဉ်းကပ်မှုသည် အလွန် ကောင်းမွန်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့်လူ ဖြစ်စေ၊ ငါဖြစ်စေ ဆန္ဒပြရန်နှင့် ကန့်ကွက်ရန် လမ်းများပေါ်သို့ သွားဖို့ သင်တို့အတွက် ငါတို့ မည်သည့်အခါမျှ စီစဉ်ပေးခြင်း မရှိသည့်အပြင် နိုင်ငံရေး အခွင့်အရေးများ တောင်းဆိုခြင်းတွင် ပါဝင်ရန် သို့မဟုတ် အချို့သော ကျော်ကြားသည့် လူအမျိုးအစားများကို ဧဝံဂေလိတရား ဟောပြောရန် သင်တို့ထံမှ ငါတို့ မည်သည့်အခါမျှ မတောင်းဆိုပေ၊ ဘုရားအိမ်တော်သည် ဤအရာများကို မည်သည့်အခါမျှ မလုပ်ဆောင်ပေ။ ဘုရားအိမ်တော်က ဤကဲ့သို့သော အလုပ် အစီအစဉ်များ ပြုလုပ်သည်ကို သင် သိဖူးသလော။ (မလုပ်ပါ။) ဧဝံဂေလိတရား ဟောပြောခြင်းနှင့် ပတ်သက်လျှင်ပင် ယင်းကို သမ္မာတရားကို ဆာငတ်သော ဘာသာရေးထဲမှ သူများထံသို့ ဟောပြောသည်၊ ထိုဖာရိရှဲများနှင့် မုန့်ကို အဝစားသော သူများကို အာရုံစိုက်ရန် မလိုအပ်ပေ။ ဘုရားအိမ်တော်သည် အန္တရာယ်များကို ရင်ဆိုင်ရန် သင်တို့ကို မည်သည့်အခါမျှ သွေးထိုးလှုံ့ဆော်ခြင်း မရှိသည့်အပြင် စုံစမ်းသွေးဆောင်ခြင်းထဲသို့ သို့မဟုတ် စာတန်၏ ထောင်ချောက်ထဲသို့ သင်တို့ကို ကျရောက်ခွင့် မပေးပေ၊ ဆိုလိုသည်မှာ ယင်းက သင်တို့ကို မီးတွင်းထဲသို့ တွန်းမချဘဲ ဘုရားအိမ်တော်အတွက် လက်ရှိ ရရှိနိုင်သော လုပ်နိုင်စွမ်းများနှင့် အရင်းအမြစ်များဖြင့် သင်တို့ကို ကာကွယ်ရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သည်။ မြင်သလော၊ ဤသည်မှာ ဘုရားအိမ်တော်က အမှုအရာများကို လုပ်ဆောင်သည့် ပုံစံ မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် နေရာတစ်ခု မီးလောင်ပါက မီးငြိမ်းသတ်ရန် မီးသတ်ဌာနကို သင် ဖုန်းခေါ်ဆိုသင့်ပြီး ညီအစ်ကိုမောင်နှမများသည် အလျင်အမြန် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသင့်သည်၊ မီးငြိမ်းသတ်သည့် အလုပ်ကို ကျွမ်းကျင်သူများအား လုပ်ဆောင်ခွင့်ပေးခြင်းက ပို၍ ဘေးကင်းသည်။ ဤသည်မှာ အန္တရာယ်များကို ရင်ဆိုင်ခြင်း၊ စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ခြင်းနှင့် စာတန်၏ ထောင်ချောက်ထဲသို့ ကျရောက်ခြင်းတို့မှ သင်တို့ကို ကာကွယ်ရန် ဖြစ်သည်။ အလားတူပင် အသင်းတော်တွင် ပေါ်ပေါက်လာသော အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကဲ့သို့သော အမျိုးမျိုးသော အပျက်သဘောဆောင်သည့် ပုဂ္ဂိုလ်များနှင့် ပတ်သက်၍ ၎င်းတို့ ပေါ်ပေါက်လာရန် ဘုရားသခင် ခွင့်ပြုသည်။ ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် သင်ယူရာတွင် သင်တို့ကို ကူညီပေးဖို့ သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့သည်၊ ထို့နောက် ၎င်းတို့ကို ဆက်ဆံရန် မည်သည့် နည်းလမ်းများကို အသုံးပြုရမည်ကို သင်တို့ကို သွန်သင်ပေးသည်၊ နောက်ဆုံးတွင် ဘုရားအိမ်တော်သည် ဤလူများကို မည်သို့ ကိုင်တွယ်ရမည်နှင့် ပတ်သက်၍ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချမှတ်သည်၊ ၎င်းတို့ကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး အန္တိခရစ်များ၊ ဆိုးယုတ်သောလူများ၊ မယုံကြည်သူများနှင့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသော သူများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ပြီးနောက်တွင် ၎င်းတို့ကို ဖယ်ရှားသည်၊ သို့မှသာ သင်တို့သည် မိမိတို့၏ တာဝန်ကို စိတ်အေးချမ်းသာစွာဖြင့် ထမ်းဆောင်နိုင်မည် ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤအလုပ်နှင့် ပတ်သက်၍ ဘုရားအိမ်တော်က မည်သို့ လုပ်ဆောင်သနည်း။ (ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်ပါသည်။) ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးနောက်တွင် နိုင်ငံအသီးသီးရှိ အသင်းတော်များ၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသော လူများ မရှိတော့သည့်အပြင် အသင်းတော် အသက်တာသည် ငြိမ်းချမ်းလာသည်။ ဆိုးယုတ်သောသူများကို ရှင်းလင်းပစ်ပြီးသည်နှင့်တစ်ပြိုင်နက် အသင်းတော်သည် ချက်ချင်း ငြိမ်းချမ်းလာသည်။ လူအများစု၏ စိတ်နှလုံးများ တည်ငြိမ်လာသည်၊ ၎င်းတို့သည် ပုံမှန် စုဝေးနိုင်ကြသည်၊ အသင်းတော် အသက်တာ၏ စည်းမျဉ်းစည်းကမ်းသည် ပုံမှန် ဖြစ်လာပြီး အမျိုးမျိုးသော အလုပ်များကိုလည်း ပုံမှန် လုပ်ဆောင်နိုင်ကြသည်။ သို့ဆိုလျှင် ဤရှုထောင့်မှ ကြည့်ပါက ဘုရားအိမ်တော်တွင် သမ္မာတရားက အာဏာစွဲကိုင်ထားသလော။ (စွဲကိုင်ထားပါသည်။) သမ္မာတရားကို လိုက်စားရန် လိုလားသော၊ သမ္မာတရားကို လက်ခံနိုင်သော၊ ပြီးလျှင် ၎င်းတို့၏ တာဝန်အပေါ် ရိုးသားစစ်မှန်မှု အနည်းငယ်ရှိသော လူအများစုကို ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန်၊ တရားဒေသနာများကို နားထောင်ရန်နှင့် သမ္မာတရားကို စိတ်အေးချမ်းသာစွာဖြင့် လိုက်စားရန် ခွင့်ပြုဖို့အလို့ငှာ ဘုရားအိမ်တော်သည် ဤအလုပ်ကို လုပ်ဆောင်သည်၊ ဤသည်မှာ အသင်းတော်၏ အလုပ်နှင့် ပတ်သက်၍ ဖြစ်သည်။ ထို့အပြင် ငါနှင့် ပတ်သက်၍မူ သင်တို့နှင့် ငါ ဆက်သွယ်ပြီး ကိစ္စရပ်များကို ကိုင်တွယ်သောအခါ သင်တို့အတွက် ငါ ထည့်သွင်းစဉ်းစားသည့် အရာအားလုံးသည် သင်တို့ကို အစွမ်းကုန် ကာကွယ်ရန် လုပ်ဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဆိုးယုတ်သောလူများ လုပ်ဆောင်သည့် အရာများကို လုပ်ဆောင်ရန် သို့မဟုတ် ဆိုးယုတ်သောသူများ လျှောက်လှမ်းသည့် လမ်းကြောင်းကို လျှောက်လှမ်းရန် သင်တို့ကို ငါ သွေးထိုးလှုံ့ဆော်ခဲ့ဖူးသလော။ (မလှုံ့ဆော်ခဲ့ဖူးပါ။) တစ်ဖက်တွင် သင်တို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်နိုင်ရန်၊ အမှုအရာများကို ထိုးထွင်းသိမြင်နိုင်ရန်၊ အမျိုးမျိုးသော လူများကို ပိုင်းခြားသိမြင်နိုင်ရန်၊ အမျိုးမျိုးသော ဆိုးယုတ်သောသူများကို ဉာဏ်ပညာဖြင့် ဆက်ဆံနိုင်ရန၊ ၎င်းတို့နှင့် ဝေးဝေးနေနိုင်ရန်အလို့ငှာ သမ္မာတရားဖြင့် သင်တို့ကို ငါ ထောက်ပံ့ပေးသည်။ ပြီးလျှင် အခြားတစ်ဖက်တွင် သင်တို့သည် အန္တရာယ်ရှိသော ကိစ္စရပ်များနှင့် ကြုံတွေ့ရသောအခါ ယင်းတို့ကို မည်သို့ ကိုင်တွယ်ရမည်ကို သင်တို့ကို ငါ ပြောပြသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်း အခြေခံပေါ်တွင် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ထောင်ချောက်ထဲသို့ ကျရောက်ခြင်းအား မည်သို့ ရှောင်ရှားရမည်ကို သင်တို့ကို ငါ ပြောပြသည်၊ ပြီးလျှင် မိုက်မဲခြင်း မရှိရန်နှင့် ဘေးဒုက္ခဆီသို့ ဦးတည်စေမည့် အရာတစ်ခုကို သင်တို့ မြင်သောအခါ ဝေးဝေးနေပြီး ရှောင်ရှားရန် သင်တို့အား ငါ ပြောပြသည်။ အန္တရာယ်ရှိသော နေရာများသို့ သွားရန် သင်တို့ကို ငါ သွေးထိုးလှုံ့ဆော်ခြင်း၊ မြှောက်ပင်ပေးခြင်း သို့မဟုတ် အားပေးခြင်း မည်သည့်အခါမျှ မပြုပေ၊ ထိုအစား သင်၏ လက်ရှိမြို့သည် အန္တရာယ်ရှိပြီး ထိုနေရာတွင် သင် ညှဉ်းပန်းနှိပ်စက်ခံရမည်ဆိုပါက အခြားမြို့သို့ သင် ထွက်ပြေးသင့်သည်ဟု သင်တို့ကို ငါ ပြောပြသည်။ သင် မြင်သလော၊ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု သင့်တွင် ရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) “တရုတ်ကွန်မြူနစ်ပါတီသည် ငါတို့ကို အလွန်အမင်း ဖိနှိပ်ပြီး ညှဉ်းပန်းသည်၊ ပြီးလျှင် ဤလူသားမျိုးနွယ်သည် အလွန် ကောက်ကျစ်ဆိုးယုတ်သဖြင့် ၎င်းတို့သည် ငါတို့ကို သည်းမခံနိုင်ပေ၊ ထို့ကြောင့် ၎င်းတို့ကို ငါတို့ တိုက်ခိုက်ရမည်။ ဆန္ဒပြရန် ဆောင်ပုဒ်များနှင့် ဆိုင်းဘုတ်များဖြင့် လမ်းများပေါ်သို့ ထွက်ကြလော့၊ ပြီးလျှင် ဤလောက၏ အမှောင်ထုနှင့် ဆိုးယုတ်မှုကို ဖော်ထုတ်ကြလော့” ဟု ငါ မည်သည့်အခါမျှ မပြောဆိုခဲ့ဖူးပေ။ ထိုသို့သောအရာများကို ငါ မည်သည့်အခါမျှ မပြောဆိုခဲ့ဖူးသည့်အပြင် ဤအရာများကို လုပ်ဆောင်ရန် သင်တို့ကို ငါ မတောင်းဆိုခဲ့ဖူးပေ။ သင်တို့ကို သမ္မာတရား လက်ခံရန်နှင့် လိုက်စားရန် ကူညီပေးဖို့ ရည်ရွယ်ချက်အတွက်သာ ငါ ဤမျှလောက် ပြောဆိုခဲ့ခြင်းဖြစ်ပြီး သင်တို့ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ သင်တို့သည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူရမည်၊ အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ရမည်၊ ဥပဒေကို လိုက်နာရမည်ဖြစ်ပြီး ဘာသာတရား မရှိသူများက သင်တို့ကို အပြစ်ရှာခြင်း သို့မဟုတ် ပြဿနာ ဖြစ်စေခြင်းကို ခွင့်မပြုရဟုလည်း သင်တို့ကို ငါ မကြာခဏ ပြောပြသည်။ ငါတို့သည် ဘာသာတရား မရှိသူများ၏ နိုင်ငံရေးတွင် ပါဝင်ခြင်း မရှိသည့်အပြင် မည်သည့် အစိုးရကိုမျှ ရန်မမူပေ။ ငါတို့သည် မိမိတို့၏ တာဝန်ကိုသာ ထမ်းဆောင်သည်၊ ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်ပြီး ငါတို့ လုပ်ဆောင်သင့်သည့် အလုပ်ကို အာရုံစိုက်မခံရဘဲ ပြီးစီးအောင် လုပ်ဆောင်လျက် ဘုရားသခင်အတွက် ကောင်းမွန်စွာ သက်သေခံသည်။ ဤသည်မှာ လိုအပ်သော အရာဖြစ်သည်၊ အခြား မည်သည့်အရာကိုမျှ ငါတို့ ဂရုစိုက်ရန် မလိုအပ်ပေ။ ဤသည်မှာ သင်တို့ကို ငါ ပြောပြခဲ့သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ငါတို့သည် ဤလောကကို သိကျွမ်းရန်၊ ဆိုးယုတ်သော ရေစီးကြောင်းများကို သိကျွမ်းရန်နှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိကျွမ်းရန် ကြိုးစားကြသည်မှာ ငါတို့သည် ရေဆန်ကို ဆန်တက်နိုင်ရန် သို့မဟုတ် မည်သည့် နိုင်ငံ သို့မဟုတ် အစိုးရကိုမဆို အတိုက်အခံလုပ်နိုင်ရန် မဟုတ်ဘဲ သမ္မာတရားကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်းကို ပို၍ အတည်ပြုနိုင်ရန်အလို့ငှာ ဖြစ်သည်။ ဤအရာများကို သိကျွမ်းခြင်း၏ ပန်းတိုင်မှာ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ရန်၊ မှန်ကန်သော လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနိုင်ရန်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံယူနိုင်ရန် ဖြစ်သည်။ လောက၏ အမှောင်ထုသည် ငါတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ၊ ငါတို့သည် ယင်းကို နှုတ်ဆက်ခဲ့ပြီးပြီ မဟုတ်လော။ ဘုရားသခင်သည် လူတို့ကို သွေးထိုးလှုံ့ဆော်ခြင်း မရှိဟူသည့် ဤကဏ္ဍနှင့် ပတ်သက်၍ သင်တို့ ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) ဘုရားသခင်သည် လူတို့ကို သွေးထိုးလှုံ့ဆော်ခြင်း မရှိဟူသည့် ဤကဏ္ဍနှင့် ပတ်သက်၍ သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့ရခြင်းမှာ အဓိကအားဖြင့် သင် လုပ်ဆောင်သည့် အရာတိုင်းတွင် သင်၏ လုပ်ရပ်များ၏ စည်းမျဉ်းများက အဘယ်အရာဖြစ်သည်ကို သင် ရှင်းလင်းစွာ သိရမည်ဟု သင်တို့ကို ပြောပြရန် ဖြစ်သည်။ သင် လုပ်ဆောင်သမျှတွင် လူများနှင့် တိုက်ခိုက်ရန် သို့မဟုတ် ရှင်းပြချက်တစ်ခု တောင်းဆိုရန် တဇောက်ကန်းဖြစ်ခြင်း သို့မဟုတ် ကောက်ရိုးမီး သတ္တိကို အားမကိုးနှင့်၊ ထိုအစား သင် လုပ်ဆောင်သည့် အရာတိုင်းတွင် သင့်၌ စည်းမျဉ်းများ ရှိရမည်ဖြစ်ပြီး ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ရန် ကြိုးပမ်းရမည်၊ သမ္မာတရား စည်းမျဉ်းများနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း ပြုမူရန် ကြိုးပမ်းရမည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ပြုမူရမည်။ ဤကဏ္ဍနှင့် ပတ်သက်၍ သင် ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) လူ့ဇာတိခံ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ထုတ်ဖော်မှုများသည် သင်တို့ကို သွေးထိုးလှုံ့ဆော်ရန် ရည်ရွယ်ခြင်း မဟုတ်ပေ၊ ဤသည်မှာ သင်တို့ သိသင့်သည့် ကဏ္ဍတစ်ခုလည်း ဖြစ်သည်။ သေချာသည်မှာ ယင်းနှင့်ပတ်သက်၍ သင်တို့ သိမြင်မှု ရရှိပြီးနောက်တွင် ယင်းနှင့်ပတ်သက်သော အယူဝါဒဆိုင်ရာ အသိပညာကိုသာ ရရှိပြီး ထိုအတိုင်း ထားလိုက်မည့်အစား သင်တို့ မည်သည့် လမ်းကြောင်းကို လျှောက်လှမ်းသင့်သည်နှင့် မည်သည့် လမ်းခရီးကို သင် လိုက်လျှောက်သင့်သည်ကို သင်တို့ ပို၍ အတည်ပြုသင့်သည်။

လူ့ဇာတိခံ ဘုရားသခင်က လူတို့ကို ဖြားယောင်းသွေးဆောင်ခြင်း မရှိဟူသည့် အကြောင်းအရာအတွင်းတွင် အခြားသော တိကျသည့် သရုပ်သကန်တစ်ခု ရှိပြီး ယင်းမှာ သူသည် လူတို့ကို ရန်တိုက်ပေးခြင်း မရှိဟူ၍ ဖြစ်သည်။ လူတို့ကို ရန်တိုက်ပေးခြင်း မရှိခြင်းနှင့် လူတို့ကို သွေးထိုးလှုံ့ဆော်ခြင်း မရှိခြင်းတို့ကြားတွင် တူညီမှုများ ရှိသည်။ ဤတူညီမှုများအကြောင်းကို ငါ အသေးစိတ် ပြောမည်မဟုတ်သော်လည်း ကွဲပြားချက်များအကြောင်းကို အကျဉ်းချုပ် ပြောမည်။ အသင်းတော်ထဲရှိ အမျိုးမျိုးသော လူများကို ပိုင်းခြားသိမြင်ရာတွင် အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများကို ပိုင်းခြားသိမြင်ခြင်း ပါဝင်ပြီး တစ်ချက်အနေဖြင့် သင်တို့သည် ဤလူများ၏ စရိုက်ကို ပိုင်းခြားသိမြင်မှု ရှိရမည်ဖြစ်ကာ ၎င်းတို့ကို ပစ်ပယ်ရမည်။ ထို့အပြင် ဘုရားအိမ်တော်တွင် ဤလူများကို ကိုင်တွယ်ဖြေရှင်းသည့် သက်ဆိုင်ရာ နည်းလမ်းများ ရှိသည်။ သင်တို့ အလုပ်သင့်ဆုံးအရာမှာ အမျိုးမျိုးသော လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိရှိရန်နှင့် လူတို့၏ အနှစ်သာရကို သိရှိနိုင်ရန် ဖြစ်သည်။ ဤအရာများကို သိရှိလာပြီးနောက်တွင် သင်သည် ထိုလူစားမျိုး မဖြစ်သင့်သည့်အပြင် ထိုသို့သောအရာများကို မလုပ်ဆောင်သင့်ပေ၊ ထို့အပြင် သင်၏ လုပ်ရပ်များနောက်ကွယ်ရှိ တိကျသော ရည်ရွယ်ချက်များ၊ စေ့ဆော်မှုများနှင့် အမြင်ရှုထောင့်များအပြင် ၎င်းတို့နှင့် တူညီသော သင်၌ရှိသည့် အခြေအနေများနှင့် သရုပ်သကန်များကိုလည်း သင် အသိအမှတ်ပြုပြီး စွန့်လွှတ်သင့်သည်။ ထိုသို့သော လူများကို ပိုင်းခြားသိမြင်ခြင်း၏ ပန်းတိုင်မှာ လူတစ်စုက အခြားလူတစ်စုကို တိုက်ခိုက်ရန် လှုံ့ဆော်ဖို့ မဟုတ်သည့်အပြင် ဂိုဏ်းဂဏ တိုက်ပွဲများတွင် ပါဝင်ရန်လည်း မဟုတ်ပေ၊ ဤအချက် ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) သင် မြင်သလော၊ တရားဝင် စုဝေးပွဲများအတွင်း အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများ၏ အချို့သော အပြုအမူများနှင့် သရုပ်သကန်များအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့သောအခါ လူတို့၏ အမည်များကို ငါတို့ မည်သည့်အခါမျှ မဖော်ပြပေ။ ထိုသို့သော လူများ၏ သရုပ်သကန်များကိုသာ ငါတို့ ဖော်ပြပြီး ထို့နောက် ၎င်းတို့၏ အချို့သော အပြုအမူများနှင့် ၎င်းတို့ စွဲကိုင်ထားသည့် အမြင်ရှုထောင့်များ၏ အနှစ်သာရကို ဖော်ထုတ်ကာ စိတ်ဖြာလေ့လာဆွေးနွေးပြီး နောက်ဆုံးတွင် ၎င်းတို့၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည်ကို သတ်မှတ်သည်။ မိတ်သဟာယ၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်နှင့်ပတ်သက်၍မူ ယင်းမှာ စာတန်၏ သရုပ်မှန်များနှင့် စာတန်၏ အနှစ်သာရကို သင်တို့ သိရှိပြီး ရှင်းလင်းစွာ မြင်နိုင်စွမ်းရှိစေရန် ကူညီပေးဖို့နှင့် ဘုရားသခင်သည် မည်သည့်လူစားမျိုးကို ချစ်ပြီး မည်သည့်လူစားမျိုးကို ရွံရှာသည်ကို သင်တို့ ပို၍ ရှင်းလင်းစွာ သဘောပေါက်စေရန် ကူညီပေးဖို့ ဖြစ်သည်။ ထို့အပြင် သင်တို့ တစ်ဦးချင်းစီအတွက်မူ ယင်းမှာ မည်သည့်လမ်းကြောင်းမျိုးကို လျှောက်လှမ်းခြင်းက မှန်ကန်သည်ကို သင်တို့ သဘောပေါက်စေရန် ကူညီပေးဖို့ ဖြစ်သည်။ ဘုရားသခင် မနှစ်သက်သော လူစားမျိုးကို သင်တို့ သတိထားရှောင်သင့်သည်၊ ၎င်းတို့၏ မှားယွင်းသော လုပ်နည်းကိုင်နည်းများကို သင်တို့ ပစ်ပယ်ရမည်ဖြစ်ပြီး ၎င်းတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် အမြင်များကိုလည်း သင်တို့ လက်လွှတ်သင့်သည်။ ဤကိစ္စရပ်များနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခြင်း၏ အဓိက ပန်းတိုင်မှာ ထိုသို့သော လူများကို တိုက်ခိုက်ရန် သင်တို့ကို ရန်တိုက်ပေးဖို့ မဟုတ်ပေ။ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လူတို့သည် ၎င်းတို့ကို ပိုင်းခြားသိမြင်လာပြီး ၎င်းတို့ကို စိတ်နှလုံးထဲတွင် အလွန်အမင်း မနှစ်မြို့ဖြစ်လာကာ ၎င်းတို့ကို ပစ်ပယ်နိုင်ပြီး ၎င်းတို့နှင့် မဆက်ဆံဘဲ နေနိုင်လာလျှင်ပင် ဤနည်းလမ်းဖြင့် မိတ်သဟာယဖွဲ့ခြင်းသည် တစ်စုံတစ်ရာ လုပ်ဆောင်ရန် လူတို့ကို ရန်တိုက်ပေးနေခြင်း မဟုတ်ပေ။ ဆိုလိုသည်မှာ ဤကိစ္စရပ်များနှင့် အကြောင်းအရာများအကြောင်း မိတ်သဟာယဖွဲ့ခြင်းသည် လူတို့ကို ညှဉ်းပန်းသည့် လှုပ်ရှားမှုများနှင့်ဖြစ်စေ၊ ဘာသာတရားမရှိသော လောကတွင် သင် တွေ့ရှိနိုင်သည့် အုပ်စုဖွဲ့ခြင်းနှင့် ဂိုဏ်းဂဏ ရန်ပွဲများနှင့်ဖြစ်စေ မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။ လူတို့သည် အာဏာ၊ လိုအင်ဆန္ဒနှင့် တစ်ကိုယ်ရေ အကျိုးစီးပွားများအတွက် ဂိုဏ်းဂဏ ရန်ပွဲများတွင် ပါဝင်ကြသည်။ အခြားတစ်ဖက်တွင်မူ သင်တို့ သမ္မာတရားကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်စေရန်အလို့ငှာ ငါတို့သည် ဤနည်းလမ်းဖြင့် အချို့သော လူများကို မိတ်သဟာယဖွဲ့သည်၊ ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်ကြသည်။ ထိုသို့သော မိတ်သဟာယ၏ ပန်းတိုင်မှာ သင့်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာရန်နှင့် သင့်ကို လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းစေရန်၊ အပြုသဘောဆောင်သောအရာများမှာ အဘယ်အရာဖြစ်ပြီး အပျက်သဘောဆောင်သောအရာများမှာ အဘယ်အရာဖြစ်သည်ကို ပိုင်းခြားသိမြင်စေရန်နှင့် ဤကိစ္စရပ်မှတစ်ဆင့် အမှားနှင့် အမှန်ကို ပိုင်းခြားသိမြင်နိုင်သည့် သင်၏ စွမ်းရည်ကို တိုးတက်စေရန် ဖြစ်သည်။ ထိုသို့သော မိတ်သဟာယမှတစ်ဆင့် ဖော်ထုတ်ခြင်းခံရသူနှင့်ပတ်သက်၍မူ ၎င်းတို့သည် ကြီးစွာသော နောင်တရနိုင်ပြီး နောင်တရပြုပြင်သော စိတ်နှလုံး ရှိနိုင်ပါက လူတို့က ၎င်းတို့ကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဘုရားသခင်က ၎င်းတို့ကို လက်ခံသည်။ ဘုရားသခင်က ၎င်းတို့ကို လက်ခံသည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်သည် ၎င်းတို့၏ နောင်တရပြုပြင်ခြင်းကို လက်ခံသည်ဟု ဆိုလိုသည်။ ၎င်းတို့ နောင်တရပြုပြင်ပါက ဘုရားသခင်သည် ၎င်းတို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပေ။ သို့သော် လူတို့ နောင်တရရန်မှာ အတော်လေး ရှားပါးသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မကောင်းမှုပြုထားပြီး ပြစ်မှားခြင်းများ ရှိပါက ငါတို့သည် ၎င်းတို့ကို ကူညီပေးသင့်သည်။ ငါတို့သည် ထိုသို့သော လူတစ်ဦးကို လုံးဝ စွန့်ပယ်လိုက်၍ မရနိုင်သည့်အပြင် ၎င်းတို့သည် မျှော်လင့်ချက်မရှိတော့ဘဲ နောက်ထပ် အခွင့်အရေးများ ပေး၍မရနိုင်တော့ဟု ဆုံးဖြတ်ကာ ၎င်းတို့ကို အသင်းတော်ထဲမှ ရှင်းလင်းပစ်၍ မရနိုင်ပေ။ ငါတို့သည် ထိုသို့သော လုပ်နည်းကိုင်နည်းကို မည်သည့်အခါမျှ မသုံးခဲ့ပေ။ ဘုရားအိမ်တော်သည် အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်များ၊ အချိန်ပိုင်းတာဝန်ထမ်းဆောင်သော အသင်းတော်များ၊ သာမန် အသင်းတော်များနှင့် ဘီ အုပ်စုများကို တည်ထောင်ထားသည်။ လူတို့သည် လုံးဝ မျှော်လင့်ချက်မရှိတော့သည့် အခြေအနေသို့ မရောက်မချင်း ၎င်းတို့ကို နောင်တရပြုပြင်ရန် အခွင့်အရေးများ ပေးလိမ့်မည်ဖြစ်သည်။ လူများစွာ၏ သရုပ်သကန်များသည် အန္တိခရစ်များ၊ အဆင်းနီသော နဂါးကြီး၏ သရုပ်သကန်များနှင့် တူညီနေသည့်တိုင်အောင်၊ ဆိုလိုသည်မှာ ၎င်းတို့သည် တစ်မျိုးတည်းသော သရုပ်သကန်များ ဖြစ်နေသည့်တိုင်အောင် ငါတို့သည် ထိုလူများကို တိုက်ရိုက် ရှင်းလင်းပစ်ခဲ့ခြင်း မရှိပေ။ တစ်ခုတည်းသော ခြွင်းချက်မှာ အခြေအနေ အထူးသဖြင့် ဆိုးရွားသော၊ ညီအစ်ကိုမောင်နှမများစွာကို အထင်အမြင်မှားစေခဲ့သော၊ အသင်းတော်၏ အလုပ်အပေါ် ငွေကြေးဖြင့် တန်ဖိုးဖြတ်၍မရနိုင်လောက်အောင် အလွန်ဆိုးရွားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သော အန္တိခရစ်များ ဖြစ်သည်။ ထိုသို့သော လူများကို အန္တိခရစ်များအဖြစ် တိုက်ရိုက် သတ်မှတ်ပြီး နှင်ထုတ်သည်။ ဤအဆိုးရွားဆုံးသော အခြေအနေမှလွဲ၍ ငါတို့သည် အခြားလူတိုင်းကို နောင်တရပြုပြင်ရန် အခွင့်အရေးများပေးပြီး ၎င်းတို့ကို ပျက်စီးခြင်းသို့ ရောက်မည့်သူများအဖြစ် တိုက်ရိုက် သတ်မှတ်ခြင်း မပြုပေ။ ၎င်းတို့ကို အခွင့်အရေးများ ငါတို့ပေးရသည့် အကြောင်းရင်းမှာ လူတိုင်းသည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ပထမဆုံးအကြိမ် လက်ခံနေကြခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့ပြီးဖြစ်ကာ တရားဒေသနာများစွာကို နားထောင်ခဲ့ပြီးဖြစ်ပြီး ပြစ်မှားခြင်းများစွာကို ကျူးလွန်ခဲ့သည့်တိုင် အခွင့်အရေးများ ပေးခံရဆဲဖြစ်ခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ လူများစွာသည် မကောင်းမှုပြုရာတွင် ပထမဆုံးအကြိမ် ကျူးလွန်သူများ ဖြစ်ကြသည်၊ သို့မဟုတ် ၎င်းတို့သည် ရည်ရွယ်ချက်မရှိဘဲ လုပ်ဆောင်ကြသည်၊ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်သည့်အရာနောက်ကွယ်တွင် အခြားသော အကြောင်းရင်းအချို့ ရှိနေခြင်း ဖြစ်သည်။ အကြောင်းရင်း မည်မျှပင် ရှိပါစေ အမှန်တကယ်တွင် လက်တွေ့အခြေအနေအရ ၎င်းတို့သည် မကောင်းမှုကို မပြုသင့်ခဲ့ပေ။ သို့သော်ငြားလည်း ဘုရားအိမ်တော်သည် လူတို့ကို သက်ညှာခွင့် ပေးဆဲဖြစ်ပြီး ၎င်းတို့ကို နောင်တရပြုပြင်ရန် အခွင့်အရေးများ ပေးကာ ၎င်းတို့၏ သရုပ်သကန်များကို အကြိမ်ကြိမ်အဖန်ဖန် စောင့်ကြည့်လေ့လာသည်။ အချို့လူတို့သည် မကောင်းမှုပြုပြီးနောက်တွင် နောင်တရပြုပြင်ခြင်း မရှိကြချေ။ ထို့ကြောင့် ၎င်းတို့ကို အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်းတာဝန်ထမ်းဆောင်သော အသင်းတော်များမှ သာမန် အသင်းတော်များ သို့မဟုတ် ဘီ အုပ်စုများသို့ ပို့ဆောင်သည်။ ၎င်းတို့သည် ဘီ အုပ်စုတွင် နောင်တမရသေးဘဲ မကောင်းမှုကို ဆက်လက်ပြုကာ အနှောင့်အယှက်များ ဖြစ်စေပါက ၎င်းတို့သည် နောက်ဆုံးတွင် အသင်းတော်ထဲမှ ရှင်းလင်းပစ်ခြင်း ခံရသည်။ ရှင်းလင်းပစ်ခြင်း ခံရသူ မည်သူမဆိုသည် အမျိုးမျိုးသော ဒုစရိုက်အမှုများကို ကျူးလွန်ခဲ့ပြီး နှစ်ပေါင်းများစွာ မည်သည့် နောင်တရပြုပြင်ခြင်းကိုမျှ မပြသခဲ့သောကြောင့် ရှင်းလင်းပစ်ခံရခြင်း ဖြစ်သည်။ ဘုရားအိမ်တော်က ၎င်းတို့ကို နောင်တရပြုပြင်ရန် အခွင့်အရေးများစွာ ပေးခဲ့သော်လည်း ၎င်းတို့က ယင်းတို့ကို တန်ဖိုးမထားဘဲ အားလုံးကို လက်လွတ်ခံခဲ့သောကြောင့် သမ္မာတရားကို လက်မခံသည့်အတွက် ၎င်းတို့ကိုယ်၎င်းတို့သာ အပြစ်တင်နိုင်သည်၊ ၎င်းတို့ အပြစ်တင်စရာ အခြားမည်သူမျှ မရှိပေ။ အချုပ်အားဖြင့်ဆိုရလျှင် ဤအရာများအကြောင်းကို ပြောဆိုရာတွင် ငါ၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သနည်း။ ငါတို့သည် မည်သည့်လူများကို ပိုင်းခြားသိမြင်သည်ဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်း၏ ပန်းတိုင်မှာ လူတို့အား ၎င်းတို့ကို ထကြွပြီး ညှဉ်းပန်းရန် ရန်တိုက်ပေးဖို့ မဟုတ်သည့်အပြင် ဂိုဏ်းဂဏ သို့မဟုတ် အုပ်စုဖွဲ့ ရန်ပွဲများတွင် ပါဝင်ရန် ၎င်းတို့ကို ရန်တိုက်ပေးဖို့လည်း မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ယင်းမှာ လူတို့ကို ပိုင်းခြားသိမြင်ရန် သင်ယူဖို့၊ အမျိုးမျိုးသော လူများ၏ အနှစ်သာရကို ထိုးထွင်းသိမြင်ဖို့နှင့် ထို့နောက် ဆိုးယုတ်သောလူများအပေါ် ထိုက်တန်သော အပြစ်ဒဏ်နှင့် ဒဏ်ခတ်မှုတို့ကို ချမှတ်ဖို့ ကူညီပေးရန် ဖြစ်သည်။ သို့မှသာ ထိခိုက်နစ်နာခဲ့ရသူများသည် ဤလူများ၏ ဒုစရိုက်အမှုများကို မျက်မြင်တွေ့ရှိပြီးနောက် သင်ခန်းစာတစ်ခုကို သင်ယူနိုင်မည်ဖြစ်ပြီး လူတို့ကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သိရှိကာ သမ္မာတရား၏ ကဏ္ဍတစ်ခုကို နားလည်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အချို့လူများ မကောင်းမှုပြုခြင်း၏ အသေးစိတ် သရုပ်သကန်များနှင့်ပတ်သက်၍ သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့သောအခါ ယင်းမှာ ၎င်းတို့ကို မုန်းတီးရန် သင်တို့ကို ရန်တိုက်ပေးဖို့ မဟုတ်သည့်အပြင် ထို့နောက် ငါ့ကို ယုံကြည်ပြီး ငါ့ကို ပို၍ ယုံကြည်ကိုးစားလာစေရန် သင်တို့ကို သိမ်းသွင်းစည်းရုံးဖို့လည်း မဟုတ်ပေ၊ ဤသည်မှာ ငါ၏ ရည်ရွယ်ချက် မဟုတ်ပေ။ ထို့အပြင် သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့သည့်အရာမှာ ၎င်းတို့ အပြင်ပန်း၌ ပြသသည့် ၎င်းတို့၏ လုပ်နည်းကိုင်နည်းများသာ ဖြစ်သည်။ လျှို့ဝှက်စွာ ဖြစ်ပေါ်သည့် ၎င်းတို့၏ အသေးစိတ် သရုပ်သကန်များစွာအကြောင်းကို သင်တို့အား ငါ မပြောပြခဲ့ပေ။ သို့သော်ငြားလည်း တစ်ခါတစ်ရံတွင် သင်တို့ထဲမှ အချို့နှင့် ငါ စကားစမြည်ပြောဆိုပြီး ဤအကြောင်းအရာ ပေါ်လာသောအခါ ငါ အနည်းငယ် ပို၍ ပြောဆိုသည်။ ထိုအချိန်တွင် ငါ၏ ရည်ရွယ်ချက်မှာ သင့်ကို ရန်တိုက်ပေးရန် သို့မဟုတ် သင် ထကြွပြီး ၎င်းတို့ကို လူသိရှင်ကြား ရှုတ်ချစေရန် မဟုတ်ဘဲ သမ္မာတရားနှင့်အညီ လူတို့ကို ပိုင်းခြားသိမြင်ရန် သင်ယူဖို့နှင့် လူတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများ အတိအကျမှာ အဘယ်အရာဖြစ်သည်ကို သိရှိဖို့ သင့်ကို ကူညီပေးရန် ဖြစ်သည်။ လူတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများသည် မျှတပြီး တရားမျှတမှုရှိသည်။ ယင်းတို့သည် လူတို့ကို ညှဉ်းပန်းခြင်းနှင့် မသက်ဆိုင်ပေ၊ ငါ၏ ရည်ရွယ်ချက်မှာ ဤအရာကို သင်၏ စိတ်နှလုံးထဲတွင် နားလည်စေရန် ကူညီပေးဖို့ ဖြစ်သည်။ ဤနည်းအားဖြင့် ငါသည် ပို၍ တိကျသော အသေးစိတ်အချက်များကို ထုတ်ပြောလျှင်ပင် ယင်းမှာ သင့်ကို ရန်တိုက်ပေးရန် မဟုတ်ပေ၊ သင်သည် ဖော်ထုတ်ခြင်းခံရသူနှင့်ပတ်သက်၍ အမှန်တကယ် ပိုင်းခြားသိမြင်မှု ရှိပါက ယင်းမှာ သင့်အတွက် လုံလောက်ပေသည်။ အလွန် တဇောက်ကန်းဖြစ်သော အချို့လူတို့သည် အစဉ် တိုက်ခိုက်လိုကြသည်။ ယင်းမှာ မသင့်လျော်ဟု ငါ ပြောသည်၊ ကိစ္စရပ်များကို ဘက်မလိုက်ဘဲ ကိုင်တွယ်ဖြေရှင်းလော့၊ ပြီးလျှင် လူတို့ကို စည်းမျဉ်းများနှင့်အညီ ဆက်ဆံလော့၊ တိုက်ခိုက်ရန် မလိုအပ်ပေ။ တစ်စုံတစ်ဦးသည် နောင်တရပြုပြင်ပြီးဖြစ်ပါက ငါတို့သည် ၎င်းတို့ကို ခွင့်လွှတ်မည်ဖြစ်ပြီး ညီအစ်ကို သို့မဟုတ် နှမတစ်ဦးကဲ့သို့ ဆက်ဆံမည်ဖြစ်သည်။ သို့သော် ၎င်းတို့သည် စိုးစဉ်းမျှ နောင်တရပြုပြင်ခြင်းမရှိဘဲ ၎င်းတို့၏ မူလ မှားယွင်းသော လုပ်နည်းကိုင်နည်းများကို မလျှော့တမ်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး မိမိတို့ မှန်ကြောင်း ရှင်းချက်ထုတ်ရန်နှင့် သင်္ကာရှင်းရန် ကြိုးစားနေဆဲဖြစ်ကာ အခွင့်အရေးရတိုင်း ငြင်းခုံလျက် လူတို့၏ နောက်ကွယ်တွင် ဝေဖန်ခြင်းနှင့် အမှုအရာများကို ဖြန့်ဝေခြင်းပင် ပြုလုပ်နေပါက ငါတို့သည် ၎င်းတို့ကို ရန်သူများအဖြစ် ဆက်ဆံမည်ဖြစ်ပြီး ၎င်းတို့နှင့် မည်သည့်အခါမျှ မဆက်ဆံသည့်အပြင် အသင်းတော်ထဲသို့ ဝင်ရောက်ခွင့်ကိုလည်း မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ပေ။ ဤသို့လုပ်ဆောင်ခြင်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) အစမှအဆုံးတိုင်အောင် ဤလုပ်နည်းကိုင်နည်းများအားလုံးတွင် အဆင့်တိုင်းသည် သမ္မာတရား စည်းမျဉ်းများကို လိုက်နာကြောင်းနှင့် လူတို့ကို မှန်ကန်သော စည်းမျဉ်းများနှင့်အညီ ဆက်ဆံကြောင်းကို သင်တို့ မမြင်နိုင်သလော။ ဤချဉ်းကပ်နည်းများထဲမှ တစ်ခုတလေသည် လူ့အလိုဆန္ဒ၏ လွှမ်းမိုးမှုကို ခံရသလော။ ယင်းတို့သည် တဇောက်ကန်းဖြစ်ခြင်းအပေါ် မှီခိုသလော။ (မမှီခိုပါ။) ဤနေရာတွင် စိတ်ခံစားမှုများ သို့မဟုတ် ခံစားချက်များက အခန်းကဏ္ဍတစ်ရပ်တလေမှ ပါဝင်သလော။ (မပါဝင်ပါ။) လူတို့ကို ညှဉ်းပန်းသည့် လုပ်နည်းကိုင်နည်းကို တစ်ခါတလေများ သုံးဖူးသလော။ တစ်စုံတစ်ဦး၏ အဆင့်အတန်း၊ အသင်းတော်၏ ဂုဏ်သတင်း၊ တစ်စုံတစ်ဦး၏ ဂုဏ်သိက္ခာ သို့မဟုတ် ငါ၏ ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ကာကွယ်ရန်ဟူသည်မှာ တစ်ခါတလေ အဓိကအချက် ဖြစ်ဖူးသလော။ (မဖြစ်ဖူးပါ။) ဤသို့ မည်သည့်အခါမျှ မဖြစ်ပေ။

မည်သည့်လူစားမျိုး သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်ကို ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်စေ ၎င်းတို့ကို ငါတို့ ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းမှာ ကိစ္စရပ်ကို အသင်းတော်ထံ လွှဲပြောင်းပေးရန်ဖြစ်ပြီး အသင်းတော်က ၎င်းတို့ကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။ အခြေအနေအများစုတွင် ဤကိစ္စရပ်များ၌ ပါဝင်သူများမှာ ဆုံးဖြတ်ချက်ချသည့်အဖွဲ့များမှ ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ ညီအစ်ကိုမောင်နှမများ ပို၍ ပါဝင်ရန် လိုအပ်ပါက ၎င်းတို့အနေဖြင့် ယင်းနှင့်ပတ်သက်၍ ရှင်းလင်းသော နားလည်မှုတစ်ခု ရရှိနိုင်ရန်နှင့် ထို့နောက် မဲပေးပြီး ၎င်းတို့၏ အမြင်ရှုထောင့်များကို ဖော်ပြနိုင်ရန်အလို့ငှာ အမှုကို ပို၍များသော အသင်းတော် ခေါင်းဆောင်များထံ သို့မဟုတ် အမျိုးမျိုးသော အသင်းတော်များရှိ ညီအစ်ကိုမောင်နှမများထံ ပို့ဆောင်သည်။ နောက်ဆုံးတွင် ညီအစ်ကိုမောင်နှမများက ဤလူကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို ဆုံးဖြတ်ကြသည်။ ဤအာဏာကို အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများထံ လွှဲပြောင်းပေးထားသည်။ အသင်းတော်က ယင်းကို မည်သို့ပင် ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ ယင်းကို သင်တို့၏ ဆုံးဖြတ်ချက်နှင့်အညီ လုပ်ဆောင်မည်ဖြစ်သည်။ သို့ဆိုလျှင် ညီအစ်ကိုမောင်နှမများက အမျိုးမျိုးသော လူများကို ကိုင်တွယ်ဖြေရှင်းသည့် စည်းမျဉ်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ ဤနှစ်များတစ်လျှောက်လုံး ငါနှင့် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့်လူတို့ မိတ်သဟာယဖွဲ့နေခဲ့သည့် စည်းမျဉ်းများနှင့်အညီ လူတို့ကို တိုင်းတာသည်။ ယင်းကို ကိုင်တွယ်ဖြေရှင်းပြီးနောက်တွင် ဖြစ်ပျက်ခဲ့သည့်အရာကို သင်တို့က အထက်သို့ အစီရင်ခံမည်ဖြစ်သည်။ ငါက ယင်းကို ကြည့်ရှုမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့်လူကလည်း ယင်းကို ကြည့်ရှုမည်ဖြစ်သည်။ ငါတို့နှစ်ဦးစလုံးက ယင်းကို ပြန်လည်သုံးသပ်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်တို့သည် အခြေအနေကို အတော်အတန် သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း ငါ မြင်တွေ့ရပြီး တစ်ခါတစ်ရံတွင် ကိုင်တွယ်ဖြေရှင်းမှု၏ ရလဒ်သည် ငါ ရည်ရွယ်ထားသည့်အရာနှင့် သိပ်မကိုက်ညီပေ။ အချို့သော ပုဂ္ဂိုလ်များအတွက် ကိုင်တွယ်ဖြေရှင်းမှု၏ ရလဒ်သည် ငါ စိတ်ကူးထားသည့်အရာထက် ပို၍ ပြင်းထန်ပြီး အခြားအချို့သောသူများအတွက်မူ ကိုင်တွယ်ဖြေရှင်းမှု၏ ရလဒ်သည် ငါ စိတ်ကူးထားသည့်အရာထက် ပို၍ ပေါ့လျော့သည်မှာ သေချာပါသည်။ သို့သော်ငြားလည်း ငါသည် မည်သည့် အကြံပြုချက်များကိုမျှ မည်သည့်အခါမျှ မပေးပေ၊ သင်တို့၏ ဆုံးဖြတ်ချက်များကို ငါ လေးစားပြီး ဤအာဏာကို သင်တို့နှင့် အသင်းတော်ထံ လွှဲပြောင်းပေးသည်။ ယင်းကို သင်တို့ထံ ငါ လွှဲပြောင်းပေးရသည့် အကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ သင်တို့သည် တရားဒေသနာများနှင့် မိတ်သဟာယများကို နှစ်ပေါင်းများစွာ နားထောင်ခဲ့ပြီးဖြစ်သည်၊ သင်တို့အများစုတွင် ဆိုးယုတ်သောလူများနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသူများ၏ ဒုစရိုက်အမှုများကို တိုင်းတာရန် စံသတ်မှတ်ချက်တစ်ခု ရှိသည်ဟု ငါ ယုံကြည်သည်။ ဤလူများကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်နှင့်ပတ်သက်၍ လူရှစ်ဆယ်ရာခိုင်နှုန်းကျော်သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ချိန်ခွင်တစ်ခု ရှိသင့်ပြီး ၎င်းတို့ကို မည်သို့ တိုင်းတာကာ သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရမည်ကို သိရှိသင့်သည်။ အချို့သော အသင်းတော် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ကိုင်တွယ်ဖြေရှင်းမှုတွင် အနည်းငယ် လမ်းလွဲခြင်းများ ရှိလျှင်ပင် ယေဘုယျ ဦးတည်ချက်မှာ မှားယွင်းမည်မဟုတ်ပေ၊ ဤသည်မှာ သေချာသည်။ ဤသည်မှာ မည်သည့်အရာအပေါ် အခြေခံသနည်း။ ယင်းမှာ ဤနှစ်များတစ်လျှောက်လုံး သင်တို့ကို ငါ ပြောဆိုခဲ့သော စကားများနှင့် သင်တို့ကို ငါ သွန်သင်ပြီး ပံ့ပိုးပေးခဲ့သော အမြင်ရှုထောင့်များကို သင်တို့ နားလည်ခဲ့ပြီးဖြစ်သည်ဟူသော အမှန်တရားအပေါ် အခြေခံသည်။ သင်တို့ မည်သည့်အရာ လုပ်ဆောင်ရမည်ကို သိရှိပြီး သင်တို့ကို ငါ ယုံကြည်သည်။ ထို့ကြောင့် ဤအခြေအနေများမှ အကဲဖြတ်ရသော် ဘုရားအိမ်တော်သည် မည်သည့်လူစားမျိုး၏ သရုပ်သကန်များကို မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်လူစားမျိုးကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ ယင်းသည် ဘာသာတရားမရှိသော လောကတွင် ရည်ညွှန်းသည့် ရန်တိုက်ပေးခြင်းနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။ ဘုရားအိမ်တော်သည် မည်သည့်လူစားမျိုး သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်ကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ ထိုသို့သော ကိုင်တွယ်ဖြေရှင်းမှုသည် မည်သည့်အခါမျှ လှုပ်ရှားမှုတစ်ခု မဟုတ်ပေ၊ ထိုအစား မကောင်းမှုပြုသော၊ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဘုရားသခင်ကို ဆန့်ကျင်သော ဆိုးယုတ်သည့်လူများသည် မလွဲမသွေ ဖော်ထုတ်ခြင်း ခံရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ မလွဲမသွေဖြစ်သော ရလဒ်တစ်ခု ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ ရှုထောင့်မှကြည့်သော် ယင်းမှာ သမ္မာတရားကို လိုက်စားသူတိုင်းနှင့် ဘုရားသခင်နောက်သို့ လိုက်သူတိုင်းအတွက် ဘုရားသခင်က သင်ခန်းစာများနှင့် ပတ်ဝန်းကျင်များကို အကြိမ်ကြိမ်အဖန်ဖန် စီစဉ်ဖွဲ့စည်းပေးနေခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အလုပ်ကို သိရှိရန်နှင့် ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်ရန် သင်၏ အခွင့်အရေးတစ်ခုဖြစ်ပြီး ယင်းမှာ သင် သဘောပေါက်ပြီး နားလည်ထားသော သမ္မာတရားများကို သင် ထပ်ခါတလဲလဲ လက်တွေ့လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။ ဘုရားသခင်ထံမှ အမှုအရာများကို လက်ခံခြင်းသည် သင်ခန်းစာများကို သင်ယူခြင်းဟု ဆိုလိုသည်၊ ယင်းမှာ ထိုမျှ ရိုးရှင်းသည်။ ဤအခြေအနေများသည် သင်ခန်းစာများကို သင်ယူရန်နှင့် ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်ရန် သင့်အတွက် အလွန်ကောင်းမွန်သော အခွင့်အရေးများ ဖြစ်သည်။ ဘုရားသခင်သည် ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို သင်၏ရှေ့တွင် မထားရှိခဲ့ဘဲ ဤဆိုးယုတ်သောလူများ မည်သို့ မကောင်းမှုပြုပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည်ကို သင်၏ သင့်အား မျက်စိဖြင့် တပ်အပ်မြင်တွေ့ခွင့် မပေးခဲ့ပါက နှစ်များတစ်လျှောက် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းအကြောင်း ငါ မိတ်သဟာယဖွဲ့ခဲ့သော ဤစကားများသည် သင့်အတွက် အယူဝါဒတစ်မျိုးမျှသာ ဖြစ်ကောင်းဖြစ်နိုင်ပေမည်။ အသင်းတော်ထဲတွင် ထိုမျှ ဆိုးယုတ်သော လူများ မရှိဟု သင် ခံစားရလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးထဲတွင် ဤစကားများနောက်၌ မေးခွန်းသင်္ကေတတစ်ခု အစဉ် ပါရှိနေလိမ့်မည်ဖြစ်သည်။ သင်သည် ဤစကားများကို ငြင်းပယ်မည်မဟုတ်သော်လည်း ယင်းတို့ကို အယူဝါဒတစ်မျိုးအဖြစ် အမြဲ သဘောထားပြုမူလိမ့်မည်ဖြစ်သည်။ သို့သော် အချို့သော ဆိုးယုတ်သည့်လူများနှင့် အန္တိခရစ်များ အမှန်တကယ် ပေါ်လာပြီး လက်တွေ့ ဥပမာများ ဖြစ်ပေါ်လာပါက သင်သည် ဤသို့ ရိုးသားစစ်မှန်စွာ သဘောပေါက်လိမ့်မည်။ “သို့ဆိုလျှင် ဤသည်မှာ စာတန်က ဘုရားသခင်ကို ဆက်ဆံသည့်ပုံစံ ဖြစ်သည်။ သို့ဆိုလျှင် စာတန်နှင့် အန္တိခရစ်များသည် သမ္မာတရားကို ဤမျှ အလွန်အမင်း မနှစ်မြို့ကြပြီး သမ္မာတရားကို ဤမျှ မုန်းတီးကြသည်။ သို့ဆိုလျှင် စာတန်နှင့် နတ်ဆိုးများသည် ဤမျှ ကောက်ကျစ်ဆိုးယုတ်သည်၊ လှည့်ဖြားတတ်ပြီး လောဘကြီးကြကာ ဘုရားသခင်ကို ဤကဲ့သို့ အတိုက်အခံလုပ်ကြသည်။ စာတန်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံကြောင်းနှင့် စာတန်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပြီး သမ္မာတရားကို မုန်းတီးကြောင်း ဘုရားသခင်က ပြောသည်၊ ယခု ဤအရာကို ငါ မြင်တွေ့ရပြီ။ ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသည် အကျင့်ပါစွာ လိမ်ညာတတ်ကြသည်။ အဖြစ်မှန်များက ၎င်းတို့၏ မျက်စိရှေ့တည့်တည့်တွင် ရှိနေလျှင်ပင် ၎င်းတို့သည် ငြင်းခုံရန် ကြိုးစားနေဆဲဖြစ်သည်၊ ၎င်းတို့သည် အမှန်တကယ်ပင် အသက်ရှင်နေသော စာတန်များ ဖြစ်ကြသည်။ စာတန်များသည် ၎င်းတို့၏ စရိုက်မှန်ကို အမှန်တကယ် မည်သည့်အခါမျှ မပြောင်းလဲကြပါတကား” ဟူ၍ ဖြစ်သည်။ သင်ခန်းစာများကို သင်ယူရန် သင့်ကို ကူညီပေးဖို့အတွက်သာ ဘုရားသခင်သည် ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စီစဉ်ဖွဲ့စည်းပေးသည်။ ဤအချက် ရှင်းလင်းသလော။ (ရှင်းပါသည်။) ထို့ကြောင့် ဘုရားအိမ်တော်သည် မည်သည့်လူများကို ရှင်းလင်းပစ်ပြီး ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ၊ ပြီးလျှင် မည်သည့်လူများကို ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်သည်ဖြစ်စေ ဤအရာ၏ သဘာဝသည် လောကရှိ မည်သည့်အုပ်စု သို့မဟုတ် အင်အားစု၏မဆို အတွင်းပိုင်း ရန်ပွဲများ သို့မဟုတ် လှုပ်ရှားမှုများ၏ သဘာဝနှင့် ကွဲပြားသည်။ အနည်းဆုံးအနေဖြင့် ဘုရားအိမ်တော်တွင် ဖြစ်ပျက်သော ဤအရာများအားလုံးသည် ဘုရားသခင် စီစဉ်ညွှန်ကြားထားသည့်အရာများ ဖြစ်သည်။ အချိန်ကျလာသောအခါ ဘုရားသခင်၏ လူများ သင်ခန်းစာများ သင်ယူနိုင်စေရန်အလို့ငှာ ဆိုးယုတ်သောလူများ ထွက်လာပြီး စွမ်းဆောင်ပြခွင့်ပေးရန် ဘုရားသခင်သည် ဤပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးပြီး ထို့နောက် ၎င်းတို့ကို ထုတ်ဖော်ခြင်းခံရပြီး ထင်ရှားစေသည်။ ဘုရားသခင်၏ လူများသည် ဤအရာများ ဖြစ်ပျက်သည်ကို မြင်သောအခါ ၎င်းတို့အကြောင်းကို မိတ်သဟာယဖွဲ့ကြသည်။ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လူတိုင်းသည် အသိပညာနှင့် ပိုင်းခြားသိမြင်မှုကို ပို၍ပို၍ ရရှိလာကြပြီး ဆိုးယုတ်သောလူများသည် သမ္မာတရားကို မချစ်သည့်အပြင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကာ သမ္မာတရားကို မုန်းတီးကြောင်းနှင့် ၎င်းတို့သည် အသက်ရှင်နေသော စာတန်များဖြစ်ကြောင်းကို တိုး၍ ခံစားလာရသည်။ ယခုအခါ လက်တွေ့ ဥပမာများ ရှိသောကြောင့် ၎င်းတို့သည် ဆိုးယုတ်သောလူများ၏ သဘာဝ အနှစ်သာရကို ရှင်းလင်းစွာ မြင်ကြရသည်။ ဤကိစ္စရပ်တွင် ဘုရားအိမ်တော် လုပ်ဆောင်သမျှသည် ဘုရားသခင်က လူတို့ကို ကယ်တင်သည့် လုပ်ငန်းစဉ်တွင် ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံး တွေ့ကြုံရမည့်အရာ ဖြစ်သည်။ တစ်ခုလုံးအနေဖြင့် ကြည့်လျှင် ယင်းအားလုံးကို ဘုရားသခင်က စီစဉ်ညွှန်ကြားထားခြင်းဖြစ်သည်၊ ထို့ကြောင့် ယင်းမှာ လှုပ်ရှားမှုတစ်ခု မဟုတ်ပေ။ ဤအရာများ ဖြစ်ပျက်သောအခါ သင်တို့ကို ငါ ပြောဆိုသော စကားများသည် သင်တို့အတွက် အခြားသော တရားဒေသနာ သို့မဟုတ် မိတ်သဟာယတစ်ခုခုနှင့် တူညီသည်၊ ယင်းတို့သည် ပံ့ပိုးမှုတစ်မျိုး ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် ပိုမိုကြီးမားသော ပတ်ဝန်းကျင်အတွင်း၌ ထိုသို့သော ကိစ္စရပ်တစ်ခုကို စီစဉ်ဖွဲ့စည်းပေးသည်၊ ပြီးလျှင် ဤနေရာတွင် ငါသည် မည်သည့် အခန်းကဏ္ဍမှ ပါဝင်သနည်း။ ငါသည် သင်တို့ကို ကူညီပေးရုံမျှသာ ဖြစ်သည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင်တို့တွင် ရှင်းလင်းသော အမြင် သို့မဟုတ် အသိပညာ မရှိသောအခါ သင်တို့ကို ကူညီရန်၊ သင်တို့ကို အကြံပေးရန်နှင့် သင်တို့ကို လမ်းညွှန်ချက်များပေးရန် ငါသည် သမ္မာတရားကို မိတ်သဟာယဖွဲ့သည်။ ငါသည် မည်သည့် လမ်းညွှန်ချက်များကို ပေးသနည်း။ လက်ရှိကိစ္စရပ်၏ အဓိကအချက်နှင့် ဤပြဿနာ၏ အနှစ်သာရကို သင်တို့ ရှင်းလင်းစွာ အသိအမှတ်ပြုနိုင်စေသည့် လမ်းညွှန်ချက်များ ဖြစ်သည်။ ရိုးရှင်းသော လမ်းညွှန်ချက်များနှင့် သတိပေးချက် အနည်းငယ်ဖြင့် သင်တို့သည် ချက်ချင်း ရှင်းလင်းမှုကို ရရှိပြီး မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သိရှိကြသည်။ ဤအနည်းငယ်သော အကူအညီဖြင့် သင်တို့သည် သင်တို့ ဆန္ဒရှိသည့်အတိုင်း ဤကိစ္စရပ်က ဖြစ်ပေါ်စေသော စမ်းသပ်မှုကို လွယ်ကူစွာ အောင်မြင်ပြီး ဘုရားသခင်ထံ ကျေနပ်ဖွယ်ကောင်းသော အဖြေတစ်ခုကို ပေးအပ်ကြသည်။ သင်တို့သည် ဆိုးယုတ်သောသူကို ပိုင်းခြားသိမြင်မှု ရှိကြသည်၊ ၎င်းကို ကိုးကွယ်ခြင်း မရှိတော့ပေ၊ ၎င်း၏ အထင်အမြင်မှားစေခြင်းကို မခံရတော့သည့်အပြင် ၎င်းပြောဆိုသော နတ်ဆိုးဆန်သည့် စကားများကိုလည်း မယုံကြည်တော့ပေ။ ၎င်းနှင့်ပတ်သက်၍ သင်တို့တွင် ရှင်းလင်းသော အသိပညာတစ်ခု ရှိသည်။ ၎င်းသည် အကျင့်ပါစွာ လိမ်ညာတတ်သည်၊ သမ္မာတရားကို မည်သည့်အခါမျှ လက်မခံသည့်အပြင် ၎င်းသည် နတ်ဆိုးတစ်ကောင် ဖြစ်ကြသည်။ ဤအချက်ကို အပြီးသတ် သတ်မှတ်ပြီးဖြစ်သည်။ ယခင်က သင်တို့သည် ၎င်းကို အတော်လေး ကိုးကွယ်ခဲ့ပြီး ၎င်းသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ အလိုရှိသူတစ်ဦး ဖြစ်သည်ဟု ခံစားခဲ့ရသည်။ ယခုအခါ သင်တို့သည် ၎င်းကို ပိုင်းခြားသိမြင်မှု ရှိပြီး ဤလူစားမျိုးသည် ကယ်တင်ခြင်း မရရှိနိုင်ကြောင်းနှင့် ဤလူစားမျိုးသည် ဘုရားသခင်၏ ရန်သူဖြစ်ကြောင်း ဆုံးဖြတ်ပြီးဖြစ်သည်။ အသင်းတော်ထဲတွင် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သို့မဟုတ် သင်တို့၏ အလုပ်တွင် မည်သည့်အရာမျိုး ဖြစ်ပျက်သည်ဖြစ်စေ ငါလုပ်ဆောင်သော အလုပ်အားလုံးနှင့် ငါပြောဆိုသော စကားအားလုံးဖြင့် ငါသည် သင်တို့ကို အဆက်မပြတ် ဆွဲကာ တရွတ်တိုက် ဆွဲခေါ်နေရုံသာဖြစ်ပြီး သင်တို့ကို ဘုရားသခင်၏ ရှေ့မှောက်နှင့် လမ်းကြောင်းမှန်ပေါ်သို့ ခေါ်ဆောင်လာရန်နှင့် သမ္မာတရားကို သင်တို့ နားလည်ပြီး ရရှိစေရန် ကူညီပေးဖို့ ငါ အစွမ်းကုန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ သို့မှသာ သင်တို့သည် မိုက်မဲခြင်း သို့မဟုတ် မျက်ကန်းဖြစ်ခြင်း မရှိတော့ဘဲ မည်သည့်လူများ၊ ဖြစ်ရပ်များ သို့မဟုတ် အမှုအရာများကိုမဆို သင်တို့ ချဉ်းကပ်ပုံတွင် တဇောက်ကန်းဖြစ်ခြင်းအပေါ် မမှီခိုတော့ရန် သို့မဟုတ် သင်တို့၏ အယူအဆဟောင်းများကို မစွဲကိုင်တော့ရန် ဖြစ်သည်။ ငါ၏ စကားပြောဆိုခြင်း၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်က သင်တို့၌ နောက်ဆုံးတွင် မည်သည့်ရလဒ်များ ဖြစ်ပေါ်စေသည်ဖြစ်စေ အချုပ်အားဖြင့်ဆိုရလျှင် ငါ့တွင် ပန်းတိုင်နှင့် ဦးတည်ချက် တစ်ခုတည်းသာ ရှိပြီး ယင်းမှာ သင်တို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာရန်နှင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်တို့၏ သင့်လျော်သော နေရာကို ယူနိုင်စေရန် ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ ရန်တိုက်ပေးခြင်း မဟုတ်ပေ။ ရန်တိုက်ပေးခြင်းတွင် လူ့အလိုဆန္ဒ၏ အကြံအစည်များနှင့် ပန်းတိုင်များ ပါဝင်ပြီး နောက်ကွယ်မှ မိမိ၏ ကိုယ်ပိုင် ပန်းတိုင်များကို အောင်မြင်ရန် အခြားသူများကို စွန့်စားစေခြင်း ဖြစ်သည်။ သို့ဆိုလျှင် ငါလုပ်ဆောင်သည့်အရာသည် သင်တို့ကို လှုံ့ဆော်နေခြင်းလော။ (မဟုတ်ပါ။) သင်တို့ သမ္မာတရားကို ရရှိပြီး သင်ခန်းစာအချို့ကို သင်ယူခဲ့ပြီးသောအခါ ငါ ကျေနပ်သည်၊ ငါ့တွင် အခြား ရည်ရွယ်ချက်များ တစ်ခုမျှ မရှိပေ။ ငါ၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော အကျိုးစီးပွားများအတွက် ဤအရာကို ငါ လုပ်ဆောင်နေခြင်းလော။ (မဟုတ်ပါ။) ဆန့်ကျင်ဘက်အနေဖြင့် ငါသည် အဖိုးအခပေးရသည်၊ စိတ်အင်အား စိုက်ထုတ်ရပြီး သင်တို့နှင့် မောပန်းခြင်းမရှိဘဲ မိတ်သဟာယဖွဲ့ရန် အချိန်ကြာမြင့်စွာ စကားပြောရကာ အဓိကအချက်တိုင်းကို သင်တို့အား ရှင်းလင်းစွာ ရှင်းပြရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ရသည်။ ဥပမာအားဖြင့် ကိစ္စရပ်တစ်ခုတွင် အဓိကအချက် ဆယ်ချက် ပါဝင်ပြီး ယင်းတို့ထဲမှ သုံးချက် သို့မဟုတ် ငါးချက်ကို ငါ ချန်လှပ်ထားပါက သင်တို့သည် များစွာ လက်လွတ်သွားလိမ့်မည်။ ဤအဓိကအချက် ဆယ်ချက်အကြောင်းကို ငါ အကျဉ်းချုပ်သာ မိတ်သဟာယဖွဲ့ပါက အစွမ်းအစညံ့ဖျင်းသော လူများသည် ပို၍ပင် နည်းပါးစွာ ရရှိလိမ့်မည်ဖြစ်သည်။ အစွမ်းအစကောင်းသော လူများ တစ်စုံတစ်ရာ ရရှိရန်အတွက် ဤအချက်များကိုလည်း ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ရမည်ဖြစ်ပြီး အစွမ်းအစညံ့ဖျင်းသော လူများ နားလည်ရန်အတွက် ယင်းတို့ကို အကြိမ်များစွာ မိတ်သဟာယဖွဲ့ပေးရန် လိုအပ်သည်။ ထို့ကြောင့် စုဝေးပွဲများအတွင်း လူတိုင်းက အချင်းချင်း မျှဝေပြီး ဆက်သွယ်ပြောဆိုကြသောအခါ ၎င်းတို့အားလုံးကို တဖြည်းဖြည်း ရရှိနိုင်စေရန်အလို့ငှာ အဓိကအချက် ဆယ်ချက်လုံးကို ငါ ရှင်းလင်းစွာ ရှင်းပြရမည်ဖြစ်သည်။ ဘုရားအိမ်တော်သည် မိသားစုကြီးတစ်ခု ဖြစ်သည်။ မည်သည့်လူတစ်ဦးတစ်ယောက်ကမျှ သမ္မာတရားအားလုံးကို စေ့စေ့စပ်စပ် စားသောက်နိုင်ခြင်း မရှိပေ။ လူတိုင်းသည် အချင်းချင်း မျှဝေရန် လိုအပ်သည်၊ သင်တို့သည် အမြဲတစေ အတူတကွ ဆုတောင်းရင်းဖြင့် ဖတ်ရှုရမည်၊ မျှဝေရမည်ဖြစ်ပြီး မိတ်သဟာယဖွဲ့ရမည်။ ဤနည်းအားဖြင့်သာ သင်တို့သည် အမှုအရာများကို ပို၍ နားလည်နိုင်ပြီး ယင်းတို့ကို ပို၍ ပြည့်စုံစွာ နားလည်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အသင်းတော်အသက်တာသည် မရှိမဖြစ် လိုအပ်ပြီး သင်တို့အချင်းချင်း မိတ်သဟာယဖွဲ့ခြင်းနှင့် မျှဝေခြင်းတို့ မရှိ၍လည်း မဖြစ်ပေ။ ထိုအချိန်က ငါပြောခဲ့သော ထိုအဓိကအချက် ဆယ်ချက်ထဲမှ သုံးချက် သို့မဟုတ် ငါးချက်ကို သင် ရရှိခဲ့ပြီး နောက်ပိုင်းတွင် လူတိုင်းက အချင်းချင်း မျှဝေခြင်းမှတစ်ဆင့် ခုနစ်ချက် သို့မဟုတ် ရှစ်ချက်ကို သင် ရရှိနိုင်သည် ဖြစ်ကောင်းဖြစ်နိုင်ပေမည်။ နောက်ထပ် နှစ်အနည်းငယ်ကြာပြီးနောက် အခြားသူများကလည်း မျှဝေကြပြီး သင်၏ ရရှိမှုများသည် တစ်နေ့ပြီးတစ်နေ့၊ တစ်လပြီးတစ်လ တဖြည်းဖြည်း စုဆောင်းလာသည်နှင့်အမျှ အဓိကအချက် ဆယ်ချက်လုံးကို သင် ရရှိလာမည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပေမည်။ ဤနည်းအားဖြင့် ငါ၏ စကားများကို အလဟဿ ပြောဆိုခဲ့ခြင်း မဟုတ်ပေ၊ မှန်သလော။ (မှန်ပါသည်။) ထို့ကြောင့် သင်တို့သည် သမ္မာတရားကို ရရှိပြီး ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာသည်၊ ထိုအရာမှ ငါ မည်သည့်အရာ ရရှိမည်နည်း။ သင်က ငါ့ကို စားစရာကောင်းကောင်းတစ်ခုခု လုပ်ပေးမည်ဟု ငါ မျှော်လင့်နေခြင်းလော။ သို့မဟုတ် ငါ့ကို အဝတ်အစားကောင်းကောင်းအချို့ ဝယ်ပေးမည်ဟုလော။ အိမ်ကြီးတစ်လုံး ဖြစ်ကောင်းဖြစ်နိုင်မည်လော။ ဤအရာများကို ငါ တန်ဖိုးမထားပေ။ ယင်းမှာ ထိုအချိန်က ဒါဝိဒ်သည် ဘုရားသခင်အတွက် ဗိမာန်တော်တစ်ခု တည်ဆောက်လိုခဲ့သည့်ပုံစံနှင့် တူညီသည်၊ ဘုရားသခင် အလိုရှိခဲ့သည့်အရာမှာ ဗိမာန်တော်ဖြစ်သည်ဟု သင် ပြောမည်လော။ ထိုအချိန်က လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် နားမလည်ခဲ့ကြပေ၊ ၎င်းတို့သည် အမှန်တကယ်ပင် အတော်လေး မိုက်မဲခဲ့ကြသည်။ ဘုရားသခင်က ယင်းကို မတောင်းဆိုခဲ့သော်လည်း ဒါဝိဒ်တွင် ထိုသို့သော စိတ်နှလုံးရှိသည်ကို မြင်သဖြင့် ဘုရားသခင်က ယင်းကို လက်ခံခဲ့ပြီး နားလည်မှုဖြင့် တိတ်တဆိတ် သဘောတူခဲ့သည်။ ထိုခေတ်၏ အခြေအနေတွင် လူတို့၏ ဝိညာဉ်ရင့်ကျက်မှုမှာ ထိုကဲ့သို့သာ ဖြစ်သည်၊ ဘုရားသခင်သည် လူတို့အတွက် မြင့်မားသော တောင်းဆိုချက်များ မရှိခဲ့ပေ။ ယနေ့ခေတ်တွင် ဖြစ်ပျက်ခဲ့မည်ဆိုပါက လူတို့ ထိုသို့လုပ်ဆောင်ခြင်းသည် အလွန် မိုက်မဲလွန်းမည်ဖြစ်ပြီး သမ္မာတရား စည်းမျဉ်းများနှင့် လုံးဝ ကိုက်ညီမည်မဟုတ်ပေ။

ငါသည် ရန်တိုက်ပေးသည့် စကားများကို မည်သည့်အခါမျှ မပြောသည့်အပြင် လူတို့ကို ရန်တိုက်ပေးသည့် အရာများကိုလည်း မလုပ်ဆောင်ပေ။ ငါသည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို မုန်းတီးသော်လည်း ၎င်းတို့ကို ထကြွ၍ မုန်းတီးပြီး ပစ်ပယ်ရန် လူတိုင်းကို ငါ ရန်တိုက်မပေးပေ။ ငါပြောဆိုသော စကားများစွာသည် လူတို့ကို သမ္မာတရား နားလည်စေရန်နှင့် အဖြစ်မှန်များကို ရှင်းလင်းစွာ မြင်နိုင်စေရန်အတွက်သာ ဖြစ်သည်၊ ထို့ကြောင့် ဤအရာကို ရန်တိုက်ပေးခြင်းဟု ခေါ်၍မရနိုင်ပေ။ သမ္မာတရား၏ မည်သည့်ကဏ္ဍကို ငါ မိတ်သဟာယဖွဲ့သည်ဖြစ်စေ သင်တို့သည် ယင်းကို မှန်ကန်စွာ သဘောထားပြုမူရမည်ဖြစ်ပြီး ယင်းကို မှန်ကန်စွာ သဘောပေါက်နားလည်နိုင်ရမည်။ ဤသည်မှာ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် ပုံစံမျှသာ ဖြစ်သည်။ ငါသည် မောပန်းခြင်းမရှိဘဲ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ထောက်ပံ့ပေးရုံသာဖြစ်ကာ သမ္မာတရားအပေါ် ငါ၏ အသိပညာနှင့် ထိုးထွင်းသိမြင်မှုများ၊ အမျိုးမျိုးသော အရာများအပေါ် ငါ၏ အမြင်ရှုထောင့်များ၊ အမျိုးမျိုးသော လူများအပေါ် ငါ၏ အသိပညာအပြင် ၎င်းတို့အပေါ် ငါ၏ အမြင်များနှင့် သဘောထားများကို မောပန်းခြင်းမရှိဘဲ မျှဝေရုံသာ ဖြစ်သည်။ ဤကဲ့သို့ မောပန်းခြင်းမရှိဘဲ မိတ်သဟာယဖွဲ့ရာတွင် ငါ၏ နောက်ဆုံးပန်းတိုင်မှာ သင်တို့ကို သမ္မာတရား နားလည်စေရန်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေရန် ဖြစ်သည်။ သို့ဆိုလျှင် ဤရလဒ်နှင့်ပတ်သက်၍ ငါသည် ယင်းကို အောင်မြင်ခဲ့ပြီလော။ ဘုရားသခင်၏ အလုပ်သည် ဤရလဒ်ကို အောင်မြင်ခဲ့ပြီလော။ (အောင်မြင်ခဲ့ပါပြီ။) မှားယွင်းစွာ ယုံကြည်မိမည်ကို အစဉ် ကြောက်ရွံ့နေသော လူတစ်စု ရှိသည်။ ၎င်းတို့သည် စာတန်၏ အခြေအမြစ်မရှိသော ကောလာဟလများကို ယုံကြည်ကြပြီး ၎င်းတို့သည် အထင်အမြင်မှားစေခြင်း ခံခဲ့ရကြောင်းနှင့် ၎င်းတို့ ယုံကြည်သောသူသည် ဘုရားသခင်မဟုတ်ဘဲ လူတစ်ဦးဖြစ်ကြောင်း တွေးထင်ကြသည်။ သင်သည် အထင်အမြင်မှားစေခြင်း ခံခဲ့ရသည်ဟု ပြောသော်လည်း သင် ဖတ်ရှုသော စကားများသည် ဘုရားနှုတ်ကပတ်တော်များ မဟုတ်သလော။ ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရား မဟုတ်သလော။ ဘုရားအိမ်တော်၏ စုဝေးပွဲများတွင် မိတ်သဟာယဖွဲ့သည့်အရာသည် သမ္မာတရား မဟုတ်သလော။ လူတစ်ဦးကို ယုံကြည်ခြင်းအားဖြင့် သင်သည် သမ္မာတရားကို ရရှိနိုင်သလော။ ဘုရားအိမ်တော်က လုပ်ဆောင်သော မည်သည့်အလုပ်က သင့်ကို အထင်အမြင်မှားစေနေသနည်း။ သင်သည် အထင်အမြင်မှားစေခြင်း ခံခဲ့ရခြင်း ရှိမရှိဟူသည်ကို မည်သည့်အရာအပေါ် အခြေခံ၍ သင် ဆုံးဖြတ်သနည်း။ သင် ယုံကြည်သည့်အရာသည် သမ္မာတရား မဟုတ်မှသာ သင်သည် အထင်အမြင်မှားစေခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ သင် ယုံကြည်သည့်အရာသည် သမ္မာတရား ဖြစ်ပါက သင်သည် အထင်အမြင်မှားစေခြင်း ခံခဲ့ရသည်ဟု ပြော၍မရနိုင်ပေ။ သင်သည် သမ္မာတရားကို မရရှိခဲ့လျှင်ပင် သင်သည် အထင်အမြင်မှားစေခြင်း ခံခဲ့ရသည်ဟု ပြော၍မရနိုင်ပေ၊ သင်သည် သမ္မာတရားကို မလိုက်စားကြောင်း၊ သင်သည် မှန်ကန်သောသူတစ်ဦး မဟုတ်ကြောင်းနှင့် သင်သည် သင့်ကိုယ်သင် ထိခိုက်နစ်နာစေခဲ့ကြောင်းသာ ပြော၍ရနိုင်သည်။ သင်သည် သမ္မာတရားကို မရရှိဘဲ သခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည်၊ သို့ဆိုလျှင် ထိုအချိန်က ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ သင်သည် သင်းအုပ်များကို ကိုးကွယ်ပြီး လူတို့နောက်သို့ လိုက်နေခဲ့သည်မှာ သေချာသည်၊ ဤသည်မှာ အထင်အမြင်မှားစေခြင်း ခံရသည်ဟူသည်၏ အစစ်အမှန် အဓိပ္ပာယ် ဖြစ်သည်။ ဘုရားအိမ်တော်သည် လူတိုင်းကို တရားမျှတစွာ ဆက်ဆံသည်။ သင်သည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားပါက ဘုရားအိမ်တော်က သင့်ကို တာဝန်တစ်ခု ပေးပြီး သင်နှင့် အသေးအဖွဲကိစ္စများကို အငြင်းပွားခြင်းမရှိဘဲ သင်၏ နေထိုင်မှုစရိတ်များကိုလည်း တာဝန်ယူပေးသည်။ ဤသည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်း မဟုတ်လော။ သင်သည် အထူး မျက်နှာသာပေးခြင်းကို ရရှိနေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင့်ကို တာဝန်တစ်ခု ပေးခြင်း၏ ပန်းတိုင်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် မိမိ၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် ဖန်ဆင်းရှင်နှင့် ခိုင်မာပြီး တည်ငြိမ်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်စေရန်အလို့ငှာ ဖြစ်သည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင် ဘုရားသခင်သည် သင့်ကို သမ္မာတရား ထောက်ပံ့ပေးပြီး သင်ခန်းစာများ သင်ယူရန်အတွက် အမျိုးမျိုးသော ပတ်ဝန်းကျင်များကိုလည်း စီစဉ်ဖွဲ့စည်းပေးသည်။ ဘုရားအိမ်တော်သည် သမ္မာတရားနှင့် အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်ခြင်း၏ စည်းမျဉ်းများကိုလည်း သင်နှင့် အစဉ် မိတ်သဟာယဖွဲ့သည်။ လူတို့ကို သမ္မာတရား ရရှိရန် ကူညီပေးဖို့အတွက် ဘုရားသခင်သည် အတွေးများစွာ စိုက်ထုတ်သလော။ ဤရည်ရွယ်ချက်အတွက် ဘုရားအိမ်တော်သည် အလုပ်များစွာ လုပ်ဆောင်သလော။ (ဟုတ်ပါသည်။) ဤအရာအားလုံးတွင် လူတို့သည် အကြီးမားဆုံးသော အကျိုးခံစားခွင့်ရှိသူများ ဖြစ်ကြသည်။ သင်သည် သမ္မာတရားကို မလိုက်စားဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ လိုက်စားသည့်တိုင် ဆုံးရှုံးမှုတစ်ခုကို ခံစားခဲ့ရသည်ဟု ပြောသည်။ ဤသို့ပြောခြင်းအားဖြင့် သင်သည် အဖြူနှင့် အမည်းကို ပြောင်းပြန်လှန်နေခြင်း မဟုတ်လော။ ဤသို့ပြောဆိုရာတွင် သင့်၌ အသိစိတ် တစ်ခုတလေ ရှိသလော။ အချို့လူတို့က “ဘုရားအိမ်တော်တွင် တာဝန်တစ်ခု ထမ်းဆောင်ရသည်မှာ အလွန် ခက်ခဲသည်၊ သင် လုပ်ဆောင်ရမည့် အလုပ်များသည် အဆုံးသတ်ဟူ၍ မရှိပါ” ဟု ပြောကြသည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်၏ စွမ်းဆောင်ရည်က အလွန် နိမ့်ကျသည်၊ ထို့ကြောင့် သင်သည် အလုပ်ကို ပို၍ ကြိုးစားလုပ်ဆောင်သင့်သည်။ သင်သည် မည်သည့်အလုပ်မျှ မလုပ်ဘဲ အစဉ် အလကား စားလိုသည်၊ ဤသည်မှာ စည်းမျဉ်းများနှင့် အညီမဖြစ်ပေ။ အချို့လူတို့သည် အစဉ် အလကား စားလိုပြီး မည်သည့်အလုပ်ကိုမျှ မလုပ်လိုကြပေ၊ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ ဤလူများသည် အစားမက်သူများ မဟုတ်လော။ ၎င်းတို့သည် အတိတ်ဘဝများတွင် ငတ်မွတ်၍ သေဆုံးခဲ့ရသည်မှာ သေချာသည်။ ၎င်းတို့သည် အလကား စားလိုရုံမျှဖြင့် ဘုရားအိမ်တော်သို့ လာကြသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် ဤသို့လုပ်ဆောင်ရန် မလိုလားကြပေ။ ဘုရားအိမ်တော်က ၎င်းတို့ကို အဝစားခွင့်ပေးပါက ၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာကို ကျေးဇူးဆပ်နိုင်ပြီး ခက်ခဲမှု သို့မဟုတ် ပင်ပန်းနွမ်းနယ်မှုကို မရှောင်လွှဲဘဲ ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ကြသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော လူများသည် အစဉ် အလကား စားလိုကြသည်။ အလုပ်အနည်းငယ် လုပ်ဆောင်ခြင်းက ၎င်းတို့ ဆုံးရှုံးမှုတစ်ခု ခံစားရသည့် သဘောဖြစ်မည်ကို ၎င်းတို့ အလွန် စိုးရွံ့ကြသည်၊ ထို့ကြောင့် ဘုရားအိမ်တော်မှ အချောင်ယူရန် ၎င်းတို့ ပို၍ စားကြသည်။ ထိုသို့သော လူများသည် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်သလော။ အနှေးနှင့် အမြန်ဆိုသလို ၎င်းတို့ ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်ဟု ငါ ထင်သည်။ အချို့လူတို့ကလည်း “ဘုရားအိမ်တော်တွင် အလုပ်လုပ်ရသည်မှာ ပင်ပန်းသည်” ဟု ပြောကြသည်။ ကောင်းပြီ၊ သင့်တွင် အားသာချက် တစ်စက်မျှ မရှိပေ။ သင်သည် အလုပ်မလုပ်ဘဲ မိမိ၏ တာဝန်ကို မထမ်းဆောင်ပါက စားဝတ်နေရေးအတွက် အလုပ်လုပ်ရန် လောကသို့ သင် ပြန်သွားရလိမ့်မည်၊ ထိုနေရာတွင် သင်လုပ်ဆောင်သော အလုပ်သည် ပင်ပန်းမည်မဟုတ်လော။ သင်သည် ဘုရားအိမ်တော်တွင် အလကား စားလိုသလော။ ဘုရားအိမ်တော်သည် ဘိုးဘွားရိပ်သာ မဟုတ်သည့်အပြင် ပရဟိတအဖွဲ့အစည်းလည်း မဟုတ်ပေ။ သင်သည် အစဉ် အလကား စားလိုပါက အသိစိတ် ကင်းမဲ့နေခြင်း မဟုတ်လော။ သင်တို့၏ အစားအစာ၊ အဝတ်အစားနှင့် နေ့စဉ် အသုံးစရိတ်များကို ပံ့ပိုးပေးရန် ဘုရားအိမ်တော်က မည်မျှ သုံးစွဲခဲ့သည်ဟူသည်ကို ငါတို့ မပြောနှင့်ဦး၊ သင်တို့ ရရှိခဲ့သော သမ္မာတရားအရဆိုလျှင် ယင်းကို ဝယ်ယူရန် သင်တို့ မည်သည့်အရာကို အသုံးပြုနိုင်မည်နည်း။ ယင်းကို ရွှေ သို့မဟုတ် စိန်များဖြင့် သင်တို့ ဝယ်ယူနိုင်မည်လော။ ယင်းကို မည်သည့်အရာနှင့်မျှ သင်တို့ ဝယ်ယူ၍မရနိုင်ပေ၊ သမ္မာတရားသည် အဖိုးမဖြတ်နိုင်ပေ။ သင်တို့ကို သမ္မာတရား ပံ့ပိုးပေးရာတွင် သင်တို့ထံမှ တစ်ကျပ်တစ်ပြားမျှ ငါ တောင်းခဲ့ဖူးသလော။ (မတောင်းခဲ့ဖူးပါ။) သင်တို့ကို တရားဒေသနာများ ဟောကြားရာတွင် ငါ၏ နှလုံးသွေး မည်မျှကို ငါ စိုက်ထုတ်ရသနည်း။ သမ္မာတရားနှင့်ပတ်သက်သော ငါ၏ မိတ်သဟာယများထဲမှ မည်သည့်အရာက သင်တို့ကို အကျိုးကျေးဇူး မရရှိစေခဲ့သနည်း။ မည်သည့် စုဝေးပွဲက သင်တို့၏ အချိန်နှင့် ခွန်အားကို အလဟဿ ဖြစ်စေခဲ့သနည်း။ (မဖြစ်စေခဲ့ပါ။) ငါသည် သင်တို့အပေါ် အလွန်ကောင်းမွန်စွာ ပြုမူဆက်ဆံခဲ့ပါသည်။ ငါ တရားဒေသနာ ဟောကြားတိုင်း သင်တို့ကို တစ်စုံတစ်ရာ ရရှိခွင့်ပေးသည်။ သင်တို့နှင့် ငါ စကားစမြည်ပြောဆိုပြီး အသေးအဖွဲကိစ္စများ ပြောဆိုသောအခါ ငါသည် ဟာသတစ်ခု ပြောလျှင်ပင် ယင်းအားလုံးမှာ သင်တို့ကို သမ္မာတရား နားလည်စေရန် ကူညီပေးဖို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် သမ္မာတရားကို နားလည်နိုင်စွမ်း ရှိလာစေရန်အလို့ငှာ ငါသည် မရပ်မနား ဆက်လက်၍ စကားပြောဆိုနေခြင်း ဖြစ်သည်။ သို့တိုင်အောင် အချို့လူတို့က ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် အထင်အမြင်မှားစေခြင်း ခံနေရသည်ဟု ပြောဆိုနေကြဆဲဖြစ်သည်။ ၎င်းတို့သည် အထင်အမြင်မှားစေခြင်း ခံနေရသလော။ (မဟုတ်ပါ။) ၎င်းတို့သည် အထင်အမြင်မှားစေခြင်း ခံနေရသည်ဟု ပြောဆိုသူများနှင့်ပတ်သက်၍ သေချာသော အရာတစ်ခု ရှိသည်၊ ၎င်းတို့သည် ဘုရားသခင်၏ သိုးများ မဟုတ်ကြပေ။ ဘုရားသခင်၏ သိုးများ မဟုတ်သောကြောင့် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်း၏ ကောင်းချီးကို မခံစားနိုင်ကြပေ။ ၎င်းတို့သည် အပြစ်တရား၏ ညှဉ်းပန်းမှုကို ခံစားရသင့်ပြီး နာကျင်မှုထဲတွင် အသက်ရှင်သင့်သည်၊ စာတန်က ၎င်းတို့ကို စိတ်ကြိုက် နှိပ်စက်ပြီး ဆက်လက်၍ ဖောက်ပြန်ပျက်စီးစေသင့်ကာ ထို့နောက် စာတန်နှင့်အတူ ပျက်စီးခြင်းသို့ရောက်သင့်သည်၊ ဤသည်မှာ ၎င်းတို့၏ ထိုက်တန်သော ခရီးဆုံးပန်းတိုင် ဖြစ်သည်။ ဘုရားသခင်၏ သိုးများ မဟုတ်သောကြောင့် ၎င်းတို့သည် ထိုကောင်းချီးကို မခံစားကြရပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းကို မခံရပ်နိုင်ကြ သို့မဟုတ် ယင်းကို လက်မခံနိုင်ကြချေ၊ ယင်းမှာ ကံဆိုးပြီး ကောင်းချီးများကို လက်မခံနိုင်သော အချို့လူများနှင့် တူညီသည်၊ ၎င်းတို့သည် အလွန်ကောင်းမွန်သော ဘဝတစ်ခုကို ခံစားရပါက ငယ်ရွယ်စဉ်တွင် သေဆုံးကြလိမ့်မည်။ ငါ့ကို ပြောလော့၊ သင်တို့နှင့်အတူ ငါ စုဝေးပြီး မိတ်သဟာယဖွဲ့လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီ၊ သင်တို့ထံမှ တစ်ကျပ်တစ်ပြားမျှ ငါ တောင်းခဲ့ဖူးသလော။ (မတောင်းခဲ့ဖူးပါ။) အချို့လူတို့က ငါ၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေရန် ဖြည့်စွက်စာအချို့ ဝယ်ယူဖို့ ငါ့အား တောင်းဆိုလျက် ယွမ်ငွေ ရာဂဏန်းအနည်းငယ်ကို ငါ့အား တေ့တေ့ဆိုင်ဆိုင် ပေးရန် ကြိုးစားခဲ့ကြသည်။ ငါက “ငါ မလိုအပ်ပါ၊ ငါ့ထံတွင် လုံလောက်စွာ ရှိပါသည်။ သင် ငွေကို သိမ်းထားလိုက်ပါ၊ သို့မဟုတ် အသင်းတော်က မည်သည့်အရာ လိုအပ်သည်ကို ကြည့်ပြီး ယင်းအတွက် တစ်စုံတစ်ရာ ဝယ်ပေးလိုက်ပါ၊ သို့မဟုတ် မည်သည့် ညီအစ်ကိုမောင်နှမများက နေထိုင်မှုစရိတ်များ သို့မဟုတ် ခရီးစရိတ်များအတွက် ငွေလိုအပ်သည်ကို ကြည့်ပြီး ၎င်းတို့ကို ပေးလိုက်ပါ။ ငါ့ကို ပေးရန် မလိုအပ်ပါ” ဟု ပြောခဲ့သည်။ ငါ့အား ပစ္စည်းကောင်းအချို့ တေ့တေ့ဆိုင်ဆိုင် လာပေးသော လူများလည်း ရှိပြီး ငါသည် ယင်းတို့အားလုံးကို ခြွင်းချက်မထားဘဲ ငြင်းပယ်သည်။ အစမှ ယခုအချိန်အထိ ငါသည် မည်သည့်ပုဂ္ဂိုလ်ထံမှ တစ်ကျပ်တစ်ပြားမျှ သို့မဟုတ် ပစ္စည်းတစ်ခုတလေကိုမျှ မည်သည့်အခါမျှ မယူခဲ့ဖူးပေ။ အချို့လူတို့က ငါ့အား ပစ္စည်းအချို့ ပူဇော်ဆက်ကပ်ကြပြီး အချိန်အများစုတွင် ငါသည် ယင်းတို့ကို ငြင်းပယ်သည်။ ယင်းမှာ ငါ အမှန်တကယ် လိုအပ်သောအရာတစ်ခု ဖြစ်ပါက ငါ အနည်းငယ် လက်ခံမည်ဖြစ်ပြီး ထို့နောက် ငါ၏ ကျေးဇူးတင်ကြောင်းကိုလည်း ပြရမည်ဖြစ်သည်။ ငါသည် မည်သူ့ထံမှ ကိုယ်ရေးကိုယ်တာ ပစ္စည်းတစ်ခုတလေကိုမျှ မည်သည့်အခါမျှ မတောင်းဆိုခဲ့ဖူးပေ။ သင် အဝတ်အစားကောင်းကောင်း ဝတ်ဆင်သည် သို့မဟုတ် စားကောင်းသောက်ကောင်း စားသောက်သည်ကို ငါ မြင်ရုံမျှဖြင့် ငါ့ကို တစ်ခုပေးရန် သို့မဟုတ် ငါ့ထံ အချို့ ပို့ပေးရန် သင့်ကို ငါ တောင်းဆိုမည်မဟုတ်ပေ၊ ဤအရာများထဲမှ တစ်ခုတလေကိုမျှ ငါ မည်သည့်အခါမျှ မတောင်းဆိုခဲ့ဖူးပေ။ ဤမျှ နှစ်ပေါင်းများစွာ သင်တို့နှင့် ငါ စုဝေးပြီး မိတ်သဟာယဖွဲ့ခြင်းသည် အခမဲ့ ဖြစ်ခဲ့သည်။ သင်တို့ထံမှ တစ်ကျပ်တစ်ပြားမျှ ငါ မတောင်းခဲ့ဖူးသည့်အပြင် တစ်ကျပ်တစ်ပြားမျှ ပေးအပ်ရန်လည်း သင်တို့ကို ငါ မတောင်းဆိုခဲ့ဖူးပေ။ ထို့အပြင် ငါတို့၏ စုဝေးပွဲများနှင့် မိတ်သဟာယများတွင် ပူဇော်ဆက်ကပ်ခြင်းများ ပြုလုပ်ခြင်းအကြောင်းကို ငါတို့ မည်သည့်အခါမျှ မပြောဆိုပေ။ ထို့ကြောင့် ဤအလုပ်အဆင့်ကို လက်ခံခဲ့ပြီး နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော လူအချို့သည် ၎င်းတို့ အထင်အမြင်မှားစေခြင်း ခံခဲ့ရသည်ဟု အဘယ်ကြောင့် ပြောဆိုနိုင်သေးသည်ကို ငါ မသိပေ။ သင် မည်သို့များ အထင်အမြင်မှားစေခြင်း ခံခဲ့ရသနည်း။ သင်သည် ငွေအလိမ်ခံရသလော၊ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လှည့်ဖြားခံခဲ့ရသလော။ နှစ်ခုစလုံး မဟုတ်ပေ။ သို့ဆိုလျှင် ဤသို့သော စကားမျိုးကို ပြောဆိုနိုင်သူတစ်ဦးကို သင်တို့ မည်သို့ သတ်မှတ်သနည်း။ (၎င်းသည် မယုံကြည်သူတစ်ဦး ဖြစ်ပါသည်။) ၎င်းသည် မယုံကြည်သူတစ်ဦး ဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ သိုး မဟုတ်ကြပေ၊ ၎င်းသည် နတ်ဆိုးတစ်ကောင် ဖြစ်သည်၊ ထို့ကြောင့် ၎င်းသည် အဆိပ်ပြင်းသော အသရေဖျက်မှုများကို ပွင့်အံချနိုင်သည်။

ငါတို့ စုဝေးသောအခါ သမ္မာတရားကို အစဉ် မိတ်သဟာယဖွဲ့ကြပြီး နှစ်ပေါင်းများစွာ မိတ်သဟာယဖွဲ့ပြီးနောက်တွင် သင်တို့သည် နောက်ဆုံး၌ အခြေခံများကို သင်ယူခဲ့ပြီးဖြစ်သည်။ ယခုအခါ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များစွာတွင် လူတို့သည် ဘဝ၌ ၎င်းတို့ ကြုံတွေ့ရသော အမျိုးမျိုးသော အရာများနှင့်ပတ်သက်၍ အထူးသဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အတွေ့အကြုံများနှင့် အသိပညာအချို့ ရှိကြသည်ကို ငါ မြင်တွေ့ရသည်။ ၎င်းတို့အားလုံးသည် သမ္မာတရားတွင် ရရှိမှုအချို့နှင့် အသက်တွင် ကြီးထွားရင့်ကျက်မှုအချို့ ရှိခဲ့ကြသည်။ ဤသည်မှာ ငါ စကားပြောဆိုပြီး တရားဒေသနာများ ဟောကြားသည်ကို မကြာခဏ နားထောင်ခြင်းမှတစ်ဆင့် သင်တို့သည် မှန်ကန်သော အတွေးများနှင့် အမြင်များကို ဖြစ်ပေါ်စေခဲ့ပြီး ရိုးသားစစ်မှန်သော အတွေ့အကြုံဆိုင်ရာ အသိပညာကို မျှဝေခဲ့ကြောင်း ပြသသည်၊ ဤသည်မှာ ငါ အမြင်တွေ့လိုဆုံးသော အရာဖြစ်သည်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ပို၍ ရေးသားရန် သင်တို့ကို ငါ တိုက်တွန်းအားပေးသည်။ သင်၏ နားလည်မှုက ပေါ့တန်လျှင်ပင် ယင်းမှာ အနည်းငယ်မျှ ဆီလျော်နေသရွေ့ ယင်းကို ရေးချလော့၊ သင် ပို၍ ရေးသားလေလေ သင်၏ နားလည်မှုက ပို၍ နက်နဲသိမ်မွေ့လာလေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ လူတို့ သမ္မာတရားကို သိရှိလာပုံ၊ သမ္မာတရားကို နားလည်လာပုံနှင့် သမ္မာတရားကို တွေ့ကြုံလာပုံမျှသာ ဖြစ်သည်။ သင်သည် ယင်းကို ပို၍ အလေးအနက်ထား ချဉ်းကပ်လေလေ၊ သင်၏ စိတ်နှလုံးထဲတွင် ယင်းကို အရေးပါမှု ပို၍ ထားလေလေ သမ္မာတရားကို သင်၏ နားလည်မှုတွင် သင့်ထံ၌ ပို၍ တိကျသေချာသော အတွေးများနှင့် အမြင်များ ရှိလေလေ ဖြစ်လိမ့်မည်။ သင်၏ အတွေးများနှင့် အမြင်များက ပို၍ တိကျသေချာလေလေ သင် စာရေးသောအခါ သင်ရေးသားသည့်အရာတွင် အနှစ်သာရ ပို၍ ပါရှိလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ယင်းကို စာဖြင့် ပို၍ ကောင်းမွန်စွာ ဖော်ပြနိုင်လေလေ ဖြစ်လိမ့်မည်။ သို့သော် သင်သည် အမှုအရာများကို မသိစိတ်ဖြင့်သာ အစဉ် ဆင်ခြင်သုံးသပ်ပါက သို့မဟုတ် ယင်းတို့ကို ရိုးရှင်းစွာသာ တွေးတောပါက သင်သည် မည်သည့် တိကျသေချာသော အတွေးများ သို့မဟုတ် အမြင်များကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ပေ။ သင် စာရေးသောအခါ “ငါ့တွင် နားလည်မှု ရှိသည်၊ ယင်းကို စာဖြင့် အဘယ်ကြောင့် ငါ မဖော်ပြနိုင်သနည်း” ဟု သင် ခံစားရလိမ့်မည်။ သင့်တွင် အတွေးများ သို့မဟုတ် အမြင်များ မရှိသောကြောင့်လည်းကောင်း၊ သင် မည်သို့ ရေးသားရမည်ကို မသိသောကြောင့်လည်းကောင်း ယင်းကို သင် ဖော်ပြ၍မရနိုင်ပေ။ အတွေးများနှင့် အမြင်များမရှိဘဲ သင်ရေးသားသော ဆောင်းပါးသည် စိတ်ဝိညာဉ်၊ ဦးတည်ချက်တစ်ခုနှင့် ပန်းတိုင်တစ်ခု ကင်းမဲ့နေလိမ့်မည်ဖြစ်ပြီး ဆောင်းပါး၏ အဓိကအချက်ကို သင် ဆုံးဖြတ်နိုင်မည်မဟုတ်ပေ။ ဆောင်းပါးရေးသားခြင်း၏ ပန်းတိုင်မှာ အဘယ်အရာဖြစ်သည်၊ ယင်းမှတစ်ဆင့် မည်သည့်ရလဒ်များကို အောင်မြင်ရန် မျှော်လင့်သည်၊ သင် နားလည်လာခဲ့သော မည်သည့် သမ္မာတရား စည်းမျဉ်းများ ပါဝင်သည်နှင့် သင် နားလည်လာခဲ့သော မည်သည့် သမ္မာတရား ပါဝင်သည်ဟူသည်တို့ကို မသိရှိဘဲ မဆုံးဖြတ်နိုင်ပါက သင်သည် စတင်၍ ရေးသားနိုင်မည်မဟုတ်ပေ။ ဤအရာများကို သင် ဆုံးဖြတ်နိုင်ပါက၊ သမ္မာတရားသည် အမှန်တကယ် အဘယ်အရာဖြစ်သည်၊ သင်၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းနှင့် လွဲချော်နေခြင်းတို့က မည်သည့်နေရာတွင် ရှိသည်၊ မည်သည့်အရာများကို သင် ပြောင်းလဲခဲ့သည်နှင့် ယခု သမ္မာတရားကို နားလည်ခြင်းမှတစ်ဆင့် သင် မည်သည့်အရာကို ရရှိခဲ့သည်ဟူသည်တို့ကို သင် သိရှိပါက၊ ဤအရာများအားလုံးနှင့်ပတ်သက်၍ သင် ရှင်းလင်းပါက သင်သည် စာရေးနိုင်လိမ့်မည်။ လူများစွာသည် ဤကဏ္ဍတွင် ရရှိမှုအချို့ ရှိနှင့်ပြီးဖြစ်ကာ ယင်းကို ဘုရားအိမ်တော်က တင်ထားသော ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများမှ မြင်တွေ့နိုင်သည်။ လူတစ်စုသည် တိကျသေချာသော အသက် ဝင်ရောက်မှု စတင်ရှိနေပြီဖြစ်ပြီး သေချာပေါက် လူတစ်စုသည် သမ္မာတရားတွင် တိကျသေချာသော ရရှိမှုများလည်း ရှိခဲ့ကြသည်။ သမ္မာတရားတွင် ရရှိမှုများ ရှိခဲ့ကြသော ဤလူတစ်စုအတွက် အချို့သော သမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့အတွင်း၌ ၎င်းတို့၏ အသက် ဖြစ်လာနှင့်ပြီးဖြစ်သည်ဟု သေချာပေါက် ပြောဆိုနိုင်သည်။ ဤသည်မှာ အလွန်ကောင်းမွန်သော အစပြုမှုတစ်ခု ဖြစ်ပြီး ယင်းမှာ ကောင်းမွန်သော လက္ခဏာတစ်ခုလည်း ဖြစ်သည်။ ဤရရှိမှုများ ရှိခြင်းသည် ဤနှစ်များတစ်လျှောက်လုံး သမ္မာတရား၏ အမျိုးမျိုးသော ကဏ္ဍများနှင့်ပတ်သက်သည့် ငါတို့၏ မိတ်သဟာယက ပို၍ပို၍ အသေးစိတ်ကျလာပြီး တိကျလာသောကြောင့် အောင်မြင်ခဲ့သော အကျိုးသက်ရောက်မှုဖြစ်သည်ဟု ပြောဆိုနိုင်သည်။ ဤဥပမာကို ပေးခြင်း၏ အဓိကအချက်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ ငါ၏ တရားဒေသနာများနှင့် မိတ်သဟာယများကို နှစ်ပေါင်းများစွာ နားထောင်ခဲ့ပြီးဖြစ်သဖြင့် သင်တို့ နားလည်နိုင်သော သမ္မာတရားများအပေါ် အခြေခံ၍ အယူဝါဒအဆင့်တွင်ဖြစ်စေ၊ လက်တွေ့ကျသော အဆင့်တွင်ဖြစ်စေ ဘုရားအိမ်တော်သည် “လူအုပ်စု” ဟုခေါ်သောအရာတစ်ခု ဖြစ်သည်ဟု သင်တို့ နောက်ထပ် မတွေးထင်သင့်တော့ကြောင်း သင်တို့ကို ပြောပြရန် ဖြစ်သည်။ မည်သည့် သမ္မာတရား ကဏ္ဍကို မိတ်သဟာယဖွဲ့နေသည်ဖြစ်စေ၊ သင် သိရှိရန် ကြိုးစားနေသည့် တိကျသော ကိစ္စရပ်မှာ အဘယ်အရာဖြစ်သည်ဖြစ်စေ၊ ဆိုးယုတ်သောလူများ၏ မည်သည့် အထူး အပြုအမူများနှင့် အဖြစ်အပျက်များကို မိတ်သဟာယဖွဲ့နေသည်ဖြစ်စေ သင်သည် ယင်းတို့ကို ဘာသာတရားမရှိသူများ၏ အတွေးများနှင့် အမြင်များဖြင့် နောက်ထပ် မတိုင်းတာသင့်တော့ပေ။ ထိုသို့မဟုတ်ဘဲ သင်သည် ယင်းတို့ကို ဘုရားသခင်ထံမှ ခံယူသင့်သည်၊ သင်ခန်းစာများ ယူရန် ကြိုးပမ်းသင့်သည်၊ ယင်းတို့ကို အလေးအနက်ထား၍ သဘောထားပြုမူသင့်ပြီး ထို့နောက် ဤအရာများအတွင်း၌ နားလည်သင့်သော သမ္မာတရားများကို အာရုံစိုက်၍ ဆင်ခြင်သုံးသပ်ကာ သင်ယူသင့်သည်။ ဤအချက်ကို သင် မှတ်ထားရမည်၊ ယင်းမှာ ငါ၏ မိတ်သဟာယဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့်လူ၏ မိတ်သဟာယဖြစ်စေ အောက်ရှိ ညီအစ်ကိုမောင်နှမများ၏ မိတ်သဟာယဖြစ်စေ ယင်းသည် လူတို့ ပိုင်းခြားသိမြင်သင့်သော ဆိုးယုတ်သည့် လူစားမျိုး သို့မဟုတ် သင်ယူသင့်သော သင်ခန်းစာတစ်မျိုးနှင့် အမှန်တကယ် သက်ဆိုင်ပါက ယင်းသည် သမ္မာတရားနှင့် သက်ဆိုင်နေသရွေ့၊ ပြီးလျှင် ယင်းသည် သင် နားလည်ပြီး သဘောပေါက်သင့်သော သမ္မာတရား၏ ကဏ္ဍတစ်ခု ဖြစ်နေသရွေ့ သင်သည် ယင်းကို မှန်ကန်စွာ သဘောထားပြုမူသင့်ပြီး ယင်းကို အလေးအနက်ထားသင့်သည်။ ပုဂ္ဂိုလ်အနည်းငယ်၏ လုပ်ရပ်များသည် အနည်းငယ် အစွန်းရောက်ပြီး ခေါင်းမာနေလျှင်ပင် သင်သည် ထိုနည်းအတိုင်း မပြုမူသရွေ့ အဆင်ပြေသည်။ သမ္မာတရားကို အာရုံစိုက်လော့၊ သမ္မာတရားတွင် အားထုတ်မှု စိုက်ထုတ်လော့၊ လက်ရှိကိစ္စရပ်၏ အဖြစ်မှန်များ၏ အနှစ်သာရကို သိရှိလော့၊ အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များကို သိရှိပြီး ပိုင်းခြားသိမြင်လော့၊ အပြုသဘောဆောင်သောအရာများကို လက်ခံလော့၊ ပြီးလျှင် အပြုသဘောဆောင်သော လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်လော့၊ ဤသို့လုပ်ဆောင်ရာတွင် သင်သည် အလိုရှိသော အကျိုးသက်ရောက်မှုကို ဖြစ်မြောက်အောင်မြင်မည်ဖြစ်ပြီး ရိတ်သိမ်းမှုတစ်ခုကို ရရှိနိုင်မည်ဖြစ်သည်။ သင်သည် ဤအရာကို ဘာသာတရားမရှိသူများ၏ အမြင်ရှုထောင့်များဖြင့် မချဉ်းကပ်သင့်ဘဲ “ဘုရားအိမ်တော်က ဆိုးယုတ်သောလူများအကြောင်း မိတ်သဟာယဖွဲ့ခြင်း၊ ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားခြင်းတို့သည် လှုပ်ရှားမှုတစ်ခုကို စတင်နေခြင်း ဖြစ်သည်၊ ယင်းက အချို့သောအရာများကို လုပ်ဆောင်ရန် ငါတို့ကို ရန်တိုက်ပေးပြီး ဖြားယောင်းသွေးဆောင်နေခြင်း ဖြစ်သည်။ ငါသည် ဆိုးယုတ်သောလူများကို ဖော်ထုတ်ပါက ငါ ဒုက္ခရောက်ပြီး ကိုယ့်ဒုက္ခကိုယ် ရှာမိမည်ကို ငါ ကြောက်သည်” ဟု အစဉ် မတွေးသင့်ပေ။ ဤအရာနှင့်ပတ်သက်၍ စိုးရိမ်ရန် မလိုအပ်ပေ။ ဘုရားအိမ်တော်တွင် သမ္မာတရားသည် အာဏာကို လုံးဝ စွဲကိုင်ထားသည်။ သင်သည် ဘုရားသခင်က အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်း၊ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ကြောင်းနှင့် ဘုရားသခင်သည် ဖြောင့်မတ်ကြောင်းကို ယုံကြည်ပါက ဤကိစ္စရပ်အပေါ် မှန်ကန်သော သဘောပေါက်နားလည်နိုင်စွမ်းနှင့် သဘောထားတစ်ခု ရှိသင့်ပြီး ဘေးမှရပ်ကြည့်သူ သို့မဟုတ် မယုံကြည်သူတစ်ဦးကဲ့သို့ ပြုမူခြင်းအားဖြင့် သင့်ကိုယ်သင် ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်မည့်အစား ကိစ္စရပ်တိုင်းနှင့် ဤအထူး အဖြစ်အပျက်များကို ကြုံတွေ့ရသောအခါ သမ္မာတရားတွင် ရိတ်သိမ်းမှုတစ်ခု ရရှိရန် ကြိုးပမ်းသင့်သည်။ သင် နားလည်သလော။ (ဟုတ်ပါသည်။) သင် မြင်သည့်အတိုင်း ငါပြောဆိုသော ဤစကားများသည် သင်တို့အတွက် အထောက်အကူ ဖြစ်သလော။ (ဖြစ်ပါသည်။) သင်သည် ဘေးမှရပ်ကြည့်သူတစ်ဦး ဖြစ်လိုပြီး ကြောက်ရွံ့တုန်လှုပ်စွာ အသက်ရှင်လိုပါက ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းသည် သေးငယ်လွန်းသည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် အနန္တတန်ခိုးတို့၏ အမှန်တရားများကိုဖြစ်စေ၊ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်ဟူသော အမှန်တရားကိုဖြစ်စေ မယုံကြည်ပေ။ သင်သည် မယုံကြည်သူတစ်ဦးဖြစ်သည်ဟု ပြော၍မရနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် သင့်တွင် သံသယရှိသော သဘောထားတစ်ခု ရှိသည်။ သင်သည် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်ထံ မပေးအပ်ခဲ့သည့်အပြင် ဘုရားသခင်အတွက် စစ်မှန်သော စိတ်နှလုံးတစ်ခု သင့်တွင် မရှိပေ။ ဤသည်မှာ လူစားတစ်မျိုး ဖြစ်သည်၊ ၎င်းတို့သည် အလွန် သတ္တိကြောင်ကြပြီး အသင်းတော်က ဖယ်ရှားခြင်း အလုပ်ကို လုပ်ဆောင်ကာ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများကို ဖော်ထုတ်ရန် လိုအပ်သောအခါ ၎င်းတို့သည် နောက်တွန့်သွားကြသည်၊ ရှောင်လွှဲကြပြီး အလျှော့ပေးလိုက်လျောကြသည်။ အခြားသော မယုံကြည်သူ အမျိုးအစားတစ်ခုလည်း ရှိသေးသည်၊ ၎င်းတို့သည် ထိုသို့သော ကိစ္စရပ်များကို ကြုံတွေ့ရသောအခါ “ဘုရားအိမ်တော်က လှုပ်ရှားမှုတစ်ခုကို ထပ်မံ စတင်နေပြန်ပြီ။ ဤအရာတွင် ငါ ပါဝင်မည်မဟုတ်။ ငါ မည်သည့်အရာကိုမျှ ပြောမည်မဟုတ်။ ငါ မှားယွင်းသောအရာကို ပြောမိပြီး နှင်ထုတ်ခြင်း ခံရလျှင် မည်သို့လုပ်မည်နည်း။ ငါ မည်သူ့ကိုမျှ ဖော်ထုတ်မည် မဟုတ်သည့်အပြင် မည်သူနှင့်မျှ ရန်သူမဖြစ်စေရ။ ငါလုပ်ဆောင်ရမည့်အရာအားလုံးမှာ ငါ့ကိုယ်ငါ ကာကွယ်ရန် ဖြစ်သည်၊ ငါ့ကိုယ်ငါ ဘေးကင်းအောင် နေရမည်။ ငါသည် မည်သူ၏ ဒုစရိုက်အမှုများကိုမျှ မမြင်ပါ၊ မည်သူ၏ အဓိပ္ပာယ်မဲ့သော စကားများကိုမျှ ငါ မကြားပါ၊ ပြီးလျှင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်စေသော သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသော အရာများကို မည်သူမျှ လုပ်ဆောင်နေသည်ကို ငါ မသိရှိသည့်အပြင် မမြင်တွေ့ပါ။ ဤအရာအားလုံးသည် ငါနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပါ” ဟု တွေးကြသည်။ ဤသည်မှာ မယုံကြည်သူတစ်ဦး၏ အမြင်ရှုထောင့် ဖြစ်သည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ပျက်ကွက်သည်သာမက ဘုရားအိမ်တော်ကို လှောင်ပြောင်ပြီး တစ်ချိန်တည်းမှာပင် သင့်ကိုယ်သင် ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်ကာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်သည်။ ဘုရားသခင်၏ မျက်မှောက်တွင် ဤကဲ့သို့သောသူသည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ဘုရားသခင်သည် ထိုသို့သော လူများကို နှစ်သက်သလော။ (မနှစ်သက်ပါ၊ ဘုရားသခင်၏ မျက်မှောက်တွင် ထိုသို့သောသူသည် ဘာသာတရား မရှိသူတစ်ဦး ဖြစ်ပါသည်။) သင်သည် ဤကဲ့သို့ဖြစ်ပါက ဘုရားသခင်သည် သင့်ကို ဘာသာတရား မရှိသူတစ်ဦးအဖြစ် ဆက်ဆံသည်။ သင်သည် မိမိဩ တာဝန်ကို ထမ်းဆောင်နေကောင်း ထမ်းဆောင်နေနိုင်သော်လည်း ဘုရားသခင်သည် သင့်ကို လက်မခံပေ၊ သို့မဟုတ် သင့်ကို သူ၏ ဖန်ဆင်းခံတစ်ဦးအဖြစ် အသိအမှတ်မပြုပေ၊ ဤသည်မှာ သင့်အတွက် ပြဿနာဖြစ်သည်ဟု ဆိုလိုသည်။ သင်သည် သင့်ကိုယ်သင် အတော်လေး ကောင်းမွန်စွာ ကာကွယ်လျှင်ပင် ယင်းမှာ အသုံးမဝင်ပေ။ ဘုရားသခင်က သင့်ကို ကာကွယ်သည်ကို သင် ခွင့်ပြုရမည်။ ဘုရားသခင်က သင့်ကို ကာကွယ်ပါက သင်သည် လုံးဝ ဘေးကင်းလိမ့်မည်။ ဘုရားသခင်က သင့်ကို ကာကွယ်ပါက သင်သည် သမ္မာတရားနှင့် ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်လိမ့်မည်။ သင်သည် ဘုရားသခင်၏ ကာကွယ်မှုအတွက် ဆုတောင်းသင့်ပြီး လူတစ်ဦး ဖြည့်ဆည်းသင့်သော တာဝန်နှင့် တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်၊ သင့်ကိုယ်သင် အားကိုး၍သာ ကာကွယ်ရန် မကြိုးစားနှင့်။ သင်၏ ကိုယ်ပိုင်အသက်ကို ကာကွယ်နိုင်လောက်အောင် သင် မည်မျှ စွမ်းဆောင်နိုင်သနည်း။ သင်၏ ကိုယ်ပိုင် ခရီးဆုံးပန်းတိုင်ကို သေချာအောင် လုပ်နိုင်လောက်အောင် သင် မည်မျှ စွမ်းဆောင်နိုင်သနည်း။ သင်သည် ဤမျှ မစွမ်းဆောင်နိုင်ပေ။ သင်သည် သင့်ကိုယ်သင် ထိန်းချုပ်နိုင်ခြင်း မရှိပေ။ သင် လိမ္မာပါးနပ်ပါက သင့်ကိုယ်သင် ပေးအပ်သင့်သည်၊ မည်သည့်ကိစ္စရပ်ကိုမဆို ကြုံတွေ့ရသောအခါ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ သင့်လျော်သော နေရာကို ယူသင့်သည်၊ သင်၏ ဝတ္တရားများနှင့် သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်သင့်သည်။ သင်သည် မိမိ၏ တာဝန်ကို သစ္စာရှိစွာနှင့် ကောင်းမွန်စွာ ထမ်းဆောင်နိုင်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သင် ကာကွယ်နိုင်ပါက ဘုရားသခင်သည် သင့်ကို စာတန်ထံ လွှဲပြောင်းပေးမည် ဟုတ်မဟုတ်၊ သင် သေဆုံးမည် ဟုတ်မဟုတ်၊ ပြီးလျှင် အသင်းတော်က သင့်ကို နှင်ထုတ်မည် ဟုတ်မဟုတ်ဟူသည်ကို ကြည့်လော့။ သင်သည် ဤအရာကိုပင် သေချာမှုမရှိနိုင်ပါက သင်သည် မယုံကြည်သူစစ်စစ်တစ်ဦး ဖြစ်သည်။ သင်သည် ဘာသာတရား မရှိသူတစ်ဦး ဖြစ်သည်။ ဘုရားသခင်သည် ဘာသာတရား မရှိသူများကို ကယ်တင်ခြင်း သို့မဟုတ် စုံလင်အောင် ပြုလုပ်ပေးခြင်း မရှိပေ။ သူသည် ထိုသို့သော လူများကို အလိုမရှိပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) သင့်ထံတွင် ထိုသို့သော အတွေးများနှင့် အမြင်များ ရှိပြီးသည်နှင့်တစ်ပြိုင်နက် နောက်တစ်ကြိမ် သင် မည်သည့်ကိစ္စရပ်ကိုမဆို ကြုံတွေ့ရသောအခါ ယင်းတွင် ဝင်မပါဘဲ မနေနှင့်။ သင်သည် မိမိကိုယ်ကို ဘုရားသခင်၏ အိမ်တော်ဖြစ်သော ဤမိသားစုကြီး၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်ဆံရမည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများသည် ညီအစ်ကိုမောင်နှမတိုင်း၏ အကျိုးစီးပွားများနှင့် သက်ဆိုင်ပြီး ယင်းတို့သည် သင်၏ အကျိုးစီးပွားများနှင့်လည်း သက်ဆိုင်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးမှုတစ်ခု ခံစားရသောအခါ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများလည်း ဆုံးရှုံးမှုတစ်ခု ခံစားရကြောင်းကို သင် သဘောပေါက်သင့်သည်။ ဤအရာကို ရပ်တန့်ရန်နှင့် ဤအရာကို ပိုင်းခြားသိမြင်ရန် သင် မားမားမတ်မတ် ရပ်တည်သင့်ပြီး ထို့နောက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့သင့်သည်။ ဤသည်မှာ ဘုရားအိမ်တော်ရှိ လူများ လုပ်ဆောင်သင့်သည့်အရာနှင့် ၎င်းတို့ ပြသသင့်သည့် အပြုအမူ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လူများနှင့် နိုင်ငံတော်၏ စစ်သားကောင်းများ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။)

ကောင်းပြီ၊ ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်မည်။ နှုတ်ဆက်ပါသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၇)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။