မေးခွန်း (၆)- ကျွန်တော်တို့က အရာအားလုံးကို စွန့်တယ်။ သခင့်ဧဝံဂေလိတရားကို ဖြန့်ဝေတယ်။ အသင်းတော်ကို လမ်းပြတယ် ဒီလိုအားထုတ်တာတွေက ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်တာပဲလေ ကျွန်တော်တို့ကျင့်သုံးတဲ့ ဒီလမ်းစဉ်က ဘာများမှားလို့လဲ။

အဖြေ- သခင့်ဧဝံဂေလိတရားကို ဖြန့်ဝေတာ၊ သူ့အတွက် အမှုထမ်းတာတွေက ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်နေတာပါဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး ကောင်းကင်ဘုံက အဖရဲ့အလိုကို အမှန်တကယ် ဆောင်ဖို့ဆိုရင်၊ လူတွေဟာ သခင့်လမ်းခရီးကို လိုက်ပြီး၊ ပညတ်တွေကို လိုက်နာရမှာဖြစ်ပါတယ် လူသားဟာ သူ့ရဲ့တာဝန်ကို သခင့်ရဲ့တောင်းဆိုချက်တွေအတိုင်း လုပ်ဆောင်ရမယ်။ သခင်ယေရှုပြောထားတဲ့အတိုင်းပဲ၊ "သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။" (ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၃၉) ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ခြင်းနဲ့ပတ်သက်လို့၊ အရေးကြီးဆုံးလိုအပ်ချက်က သခင်ယေရှုရဲ့လက်ရှိနှုတ်ကပတ်တော်တွေကို နာခံခြင်း၊ ကျင့်သုံးခြင်းပဲ ဖြစ်ပါတယ် ဒါက အခြေခံအကျဆုံး စည်းမျဉ်းပါ လူတွေဟာ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကို လိုက်နာဖို့ အလေးမထားပဲနဲ့ သမ္မာကျမ်းထဲက လူတွေရဲ့စကားတွေကိုပဲ အလေးထားလိုက်နာနေမယ်ဆိုရင် သူတို့ဟာ ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်နေတာ မဟုတ်ပါဘူး ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ဖို့ဆိုတာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို လိုက်နာဖို့ပါပဲ လူတွေက သခင်ယေရှုကိုယ်တော်တိုင်ရဲ့နှုတ်ကပတ်တော်တွေကို ချီးမွမ်းပြီး သက်သေခံရမယ့်အစား၊ သမ္မာကျမ်းမှာပါတဲ့ တမန်တော်တွေရဲ့စကားတွေကိုပဲ အမြဲတမ်းချီးမွမ်းကြတယ် အဲလိုလုပ်ကြခြင်းအားဖြင့် သူတို့ဟာ ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်ရွက်နေတာမဟုတ်ပဲ အဲဒီအစား၊ သူ့ကိုဆန့်ကျင်နေကြတာဖြစ်တယ်။ ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်နေသူတွေဟာ ဘုရားသခင်က ဘာပြောသည်ဖြစ်ဖြစ်၊ ဘာလုပ်သည်ဖြစ်ဖြစ်၊ သူ့ကို နာခံနိုင်တယ်။ နှုတ်ကပတ်တော်တွေကို ကျင့်သုံးနိုင်တယ် တာဝန်ပေးစေခိုင်းချက်ကို လက်ခံနိုင်တယ်။ သူ့ကို သက်သေခံနိုင်ကြတယ် ဒါ့အပြင် အဲဒီလူတွေဟာ ဘုရားသခင်ကို ဆန့်ကျင် တွန်းလှန်​ကြခြင်းမရှိတော့ဘူး။ သူတို့ဟာ ဘုရားသခင်က ဂုဏ်တင်ချီးမွမ်းတဲ့သူတွေပဲ။ အာဗြဟံကိုပုံသက်သေအဖြစ်ယူပါ၊ သူက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို လိုက်နာနိုင်ခဲ့တယ်။ သူ့ရဲ့ချစ်လှစွာသော တစ်ဦးတည်းသောသားကို ဘုရားသခင်ဆီ လိုလိုလားလားပြန်ပေးခဲ့တယ် အာဗြဟံရဲ့အကြွင်းမဲ့နာခံမှုအတွက် ဘုရားသခင်က ဆုချီးမြှင့်ခဲ့တယ်။ သူက အာဗြဟံရဲ့မျိုးနွယ်တွေကို ကောင်းချီးပေးခဲ့ပြီး နောက်ဆုံးမှာ သူတို့ကို လူမျိုးကြီးတွေဖြစ်လာစေဖို့ခွင့်ပြုခဲ့တယ်။ နောက်ထပ် ပုံသက်သေတစ်ခုက ယောဘပါ။ သူက ဘုရားသခင်ကို ရိုသေလေးမြတ်ခဲ့ပြီးတော့၊ မကောင်းမှုကို ရှောင်ရှားခဲ့တယ် သူ့ကိုစမ်းသပ်တဲ့အချိန်တွေမှာ သူ့ကြွယ်ဝမှုနဲ့ သားသမီးတွေကို ဖယ်ရှားခံရပေမယ့်၊ ဘုရားသခင်ကို အပြစ်တင်မယ့်အစား၊ သူ့ကိုယ်သူပဲ ကျိန်ဆဲခဲ့တယ် ယေဟောဝါဘုရားသခင်ရဲ့သန့်ရှင်းတဲ့နာမတော်ကို ဆက်ပြီး ကောင်းချီးပေးခဲ့တယ် ဒါကြောင့် သူဟာ ဘုရားသခင်ရဲ့အမြင်မှာ အပြစ်အနာအဆာကင်းတဲ့လူသားတစ်ယောက် ဖြစ်ခဲ့တယ် ပေတရုကလည်း နောက်ထပ် ပုံသက်သေတစ်ခုပါ။ သူ့ဘဝတစ်လျှောက်လုံး သခင်ယေရှုနောက်ကို လိုက်ခဲ့ပြီး၊ သမ္မာတရားကို တောင့်တရှာဖွေခဲ့တယ် သခင့်ရဲ့တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက်မှာ၊ သူက သခင့်သတ်မှတ်ချက်တွေနဲ့အညီ အသင်းတော်ကို တိတိကျကျ လမ်းပြခဲ့တယ် နောက်ဆုံးတော့ သူဟာ ဘုရားသခင်ကို သေသည့်တိုင်အောင် နာခံနိုင်ခဲ့သလို၊ အရာအားလုံးထက်ပိုပြီး ချစ်မြတ်နိုးနိုင်ခဲ့တယ် သူတို့အားလုံးဟာ ဘုရားသခင်ကို နာခံပြီး ရိုသေလေးမြတ်ထားခဲ့ကြတယ်။ ဒီလိုလူတွေဟာ ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို အမှန်တကယ် ဆောင်ရွက်သူတွေပါပဲ သခင့်အတွက် အလုပ်ကြိုးစားတာဟာ ကောင်းကင်ဘုံက အဖရဲ့အလိုကို ဖော်ဆောင်တာလို့ဆိုရင် ဧဝံဂေလိတရား ဖြန့်ဝေဖို့ ကုန်းတစ်တန်ရေတစ်တန် သွားလာပြီး ကြိုးစားခဲ့ကြတဲ့ ဖာရိရှဲတွေဟာ နောက်ဆုံးမှာ သခင်ယေရှုရဲ့ပြစ်တင်ဒဏ်ခတ်မှုကို ဘာကြောင့် ခံကြရတာလဲ အဲဒါဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဘုရားသခင်ကိုယုံကြည်ခဲ့ကြပေမယ့် သူ့ရဲ့လမ်းခရီးကို မလိုက်နာခဲ့လို့ပဲ။ သခင်ယေရှု အမှုတော်သစ်တစ်ခုကို ဆောင်ရွက်ဖို့ကြွလာတဲ့အခါ၊ ဖာရိရှဲတွေက ဒါကို လက်မခံရုံမကဘူး၊ ဂျူးလူမျိုးတစ်ခုလုံးကို သခင်ယေရှုအပေါ် အယူသန်သန်နဲ့ ဆန့်ကျင်ရှုတ်ချစေခဲ့တယ်လေ သူတို့က သခင်ယေရှုကို ဆန့်ကျင်ပြီး မမှန်မကန် သက်သေခံခဲ့ကြတယ် သူတို့လုပ်ခဲ့သမျှဟာ သခင့်လမ်းခရီးကို သစ္စာဖောက်နေခဲ့တယ်၊ သခင်ယေရှုကို သူတို့ရဲ့ရန်သူအဖြစ်ယူဆခဲ့ကြတယ်။ သူတို့တွေက အပြင်ပန်းအရ ဆင်းရဲဒုက္ခတွေအများကြီး ခံပြီး၊ အလုပ်ကြိုးစားခဲ့ကြတာ ဖြစ်ပေမယ့် ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်ခဲ့တာပါလို့ ပြောနိုင်ပါ့မလား။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၄)- ကျွန်တော်တို့က သခင့်ကိုယုံကြည်ခဲ့ကြတာ နှစ်ပေါင်းများစွာရှိပါပြီ။ သခင့်အတွက် အမှုထမ်းတော့လည်း ရှင်ပေါလုရဲ့ဥပမာအတိုင်း လိုက်ခဲ့ကြတာပါ ကျွန်တော်တို့က သခင့်ရဲ့လမ်းခရီးနဲ့နာမတော်ကို သစ္စာရှိခဲ့ကြတာပါ ဒီတော့ ဖြောင့်မတ်ခြင်းသရဖူကလည်း ကျွန်တော်တို့ကို စောင့်နေမှာ သေချာတယ် ဒီနေ့၊ ကျွန်တော်တို့က သခင့်အတွက်အလုပ်ကြိုးစားဖို့နဲ့ သူ ပြန်လာခြင်းကို သတိနဲ့စောင့်ကြည့်ဖို့ကိုပဲ အာရုံစိုက်ဖို့လိုတယ် ဒီလိုမှပဲ ကျွန်တော်တို့အနေနဲ့ ကောင်းကင်နိုင်ငံတော်ဆီ ရောက်နိုင်မယ် သမ္မာကျမ်းစာမှာ အခုလိုပြောထားတယ် "…ငါ့ကို မြော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်းမရှိ ကြောင်းကို၎င်း သင်သိလိမ့်မည်။" (ဟေရှာယအနာဂတ္တိကျမ်း ၄၉:၂၃) ကျွန်တော်တို့က သခင့်ကတိတော်ကို ယုံကြည်တယ်။ သူ ပြန်လာတဲ့အခါ ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်မယ်ဆိုတာလေ ဒီနည်းလမ်းကို ကျင့်သုံးတာက တစ်ခုခုများ မှားနိုင်လို့လား။

နောက်တစ်ခုသို့- မေးခွန်း (၇)- ဒီနေ့မှာ ကျွန်မတို့က သခင်ယေရှုကို ယုံကြည်ကြတယ်။ ကျန်တာတွေအားလုံးကို စွန့်ပြီး၊ သခင့်နာမတော်ကို ဝေငှဖို့ အနစ်နာခံကြတယ် ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်နေတာပဲလေ ဒါက ကျွန်မတို့ဟာ သန့်ရှင်းခြင်းဖြစ်နေပြီလို့ ဆိုလိုတာပဲ သခင် ကြွလာတဲ့အခါ၊ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရမှာ သေချာတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။