မေးခွန်း (၇)- ဒီနေ့မှာ ကျွန်မတို့က သခင်ယေရှုကို ယုံကြည်ကြတယ်။ ကျန်တာတွေအားလုံးကို စွန့်ပြီး၊ သခင့်နာမတော်ကို ဝေငှဖို့ အနစ်နာခံကြတယ် ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်နေတာပဲလေ ဒါက ကျွန်မတို့ဟာ သန့်ရှင်းခြင်းဖြစ်နေပြီလို့ ဆိုလိုတာပဲ သခင် ကြွလာတဲ့အခါ၊ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရမှာ သေချာတယ်။

အဖြေ- ကောင်းကင်နိုင်ငံတော်ကို ဘယ်သူတွေ ဝင်ရောက်နိုင်လဲဆိုတာအတွက်- "သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။" လို့ သခင်ယေရှုက ဆိုခဲ့တယ်။ (ရှင်မဿဲခရစ်ဝင် ၇:၂၁) သခင်ယေရှုက ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်သူတွေသာ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်နိုင်မယ်လို့ ရှင်းရှင်းလင်းလင်း မိန့်ခဲ့တာပါ ညီအစ်ကိုမောင်နှမတို့၊ လူတွေဟာ အရာအားလုံးကို စွန့်ရင်း၊ သခင့်နာမကို ဝေငှဖို့ အနစ်နာခံကြပေမယ့် သူတို့တွေအပြစ်အများကြီးပြုတယ်ဆိုတာကိုလည်း ကျွန်တော်တို့ မငြင်းနိုင်ဘူး။ အပြစ်ပြုတယ်ဆိုတဲ့အချက်က သူတို့ကို စာတန်က ပိုင်တဲ့အပြင်၊ သူတို့ဟာ ညစ်ညမ်းပြီး အကျင့်ပျက်နေတုန်းပဲဆိုတဲ့ အဓိပ္ပာယ်ပဲ ဘုရားသခင်ကိုလည်း ဆန့်ကျင်ပြီး၊ သစ္စာဖောက်နိုင်နေတုန်းပဲ။ ဒါက သူတို့ဟာ အမှန်တကယ် သန့်စင်ခြင်းမခံရသေးဘူးဆိုတဲ့သဘောပါပဲ သူတို့တွေသာ ဘုရင်တွေဖြစ်ခဲ့ရင်လည်း၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး ကိုယ်ပိုင်နိုင်ငံတွေ တည်ထောင်ကြမှာပဲ ဒါက သူတို့ဟာ အမှန်တကယ် သန့်စင်ခြင်း၊ သန့်ရှင်းခြင်း မဖြစ်သေးဘူးဆိုတာကို သက်သေပြပါတယ် ဘုရားသခင်ကိုဒီလိုနည်းနဲ့ဆန့်ကျင်တဲ့သူတွေဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ ဘယ်လိုအရည်အချင်းမီနိုင်ပါ့မလဲ။ သခင့်အတွက် စွန့်လွှတ်အနစ်နာခံတာ၊ ဧဝံဂေလိ ဝေငှတာ၊ အသင်းတော် တည်ထောင်တာ၊ ယုံကြည်သူတွေကို ထောက်ပံ့ပေးတာ စတာတွေက လူသားအားလုံးရဲ့ အမူအကျင့်ကောင်းတွေပဲ။ တကယ်လို့ လူတွေက ဘုရားသခင်ကို ချစ်ခြင်းအတွက် အဲဒီအမူအကျင့်တွေကို ကျင့်သုံးတယ်ဆိုရင်၊ ဘုရားသခင်အတွက် အမှန်တကယ် အနစ်နာခံတယ်ဆိုရင် ဘုရားသခင်ကို အမှန်တကယ် နာခံပြီး ကျေနပ်စေတယ်ဆိုရင်၊ သူတို့ကိုယ်ပိုင်ရည်ရွယ်ချက်တွေကို ဖြည့်ဆည်းဖို့ကြိုးစားတာ ဘုရားသခင်နဲ့အပေးအယူလုပ်တာမျိုးလည်း မရှိဘူးဆိုရင် အဲဒီအမူအကျင့်တွေဟာ စစ်မှန်တဲ့ကောင်းမှုတွေပါပဲ။ ဘုရားသခင်က ဒါတွေကို အသိအမှတ်ပြုပြီး ကောင်းချီးပေးလိမ့်မယ် တကယ်လို့ သူတို့က ဒါတွေကို ဘုရားသခင်နဲ့အပေးအယူလုပ်ဖို့အတွက်ပဲ လုပ်နေတာ သူတို့အလိုဆန္ဒတွေ ပြည့်ဖို့ပဲ ကြိုးစားနေတာ၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်ဖို့၊ ဆုလာဘ်ရဖို့အတွက်ပဲ လုပ်နေတာဆိုရင်တော့ အဲဒီအမူအကျင့်တွေဟာ ဘုရားသခင်ကိုလှည့်စားဖို့ ကြိုးစားအားထုတ်မှုတွေသာဖြစ်တယ်၊ ဒီလိုလူတွေဟာ ဘုရားသခင်ကို ဆန့်ကျင်နေတာပဲ။ ဒါကြောင့် လူတွေက ဒီလိုအပြင်ပန်းအမူအကျင့်ကောင်းတွေကို ကျင့်သုံးတယ်ဆိုတဲ့အချက်ဟာ သူတို့အနေနဲ့ ကောင်းကင်ဘုံက အဖရဲ့အလိုကို ဆောင်နေတာပါဆိုတဲ့ သက်သေလား သူတို့တွေ သန့်ရှင်းပါတယ်လို့ ဆိုလိုတာလား လုံးဝမဟုတ်ပါဘူး။ သူတို့ရဲ့အမူအကျင့်ကောင်းတွေကို သူတို့ရဲ့လွဲမှားတဲ့သဘာ၀တွေက လမ်းညွှန်တာဖြစ်ပါတယ် သူတို့က ဒါတွေကိုလုပ်နေတယ်ဆိုတာ၊ ဘုရားသခင်နဲ့ အပေးအယူလုပ်ချင်လို့၊ သူတို့ရဲ့တရားလွန်ဆန္ဒတွေ ပြည့်ချင်လို့ပါပဲ လူတွေရဲ့စိတ်နှလုံးထဲမှာ မသန့်စင်မှုတွေအများကြီး ရှိနေတယ်ဆိုတာကို ဒါကသက်သေပြတယ်။ ဒီလိုလူတွေက ဘုရားသခင်ကို ဘယ်လို စစ်မှန်စွာချစ်မြတ်နိုးပြီး နာခံနိုင်မှာလဲ။ လူတွေဟာ အပြစ်သဘာ၀ရဲ့ ညွှန်ကြားမှုတွေကိုရသလို၊ အဲဒါတွေရဲ့ထိန်းချုပ်မှုကိုလည်း ခံကြရတယ် သူတို့ရဲ့ကိုယ်ပိုင်အယူအဆတွေနဲ့ မကိုက်ညီတာတစ်ခုကို ဘုရားသခင်က ပြုလုပ်တဲ့အခါ၊ ပြောဆိုတဲ့အခါမျိုးမှာ ဘုရားသခင်ကို ဝေဖန်ကြတယ်။ ငြင်းဆန်ပြီး ရှုတ်ချကြတယ် ဘုရားသခင်က သူတို့ကို စမ်းသပ်မှုတွေလုပ်တဲ့အခါလည်း၊ ဘုရားသခင်ကို နားလည်မှုလွဲပြီး အပြစ်တင်တယ်၊ သစ္စာဖောက်ကြတယ် ဘုရားသခင်ကို ယုံကြည်နေရင်းနဲ့ပဲ၊ လူသားနောက်ကို လိုက်ပြီး ကိုးကွယ်ကြတယ် ဘုရားသခင်စကားကို နားမထောင်မီ လူသားစကားကိုနားထောင်တယ်။ ဘုရားသခင်ထံမှာ အစေခံရင်းနဲ့ပဲ၊ သူတို့ကိုယ်ပိုင်အယူအဆတွေအတိုင်း လုပ်တတ်ကြသေးတယ် သူတို့ကိုယ်သူတို့ ချီးမွမ်းကြတယ်၊ သက်သေခံကြတယ်။ ဘုရားသခင်ကို သူတို့ရဲ့ရန်သူအဖြစ် ယူဆကြတယ် လူတွေဟာ သူ့တို့ရဲ့အပြစ်ပြုတတ်တဲ့သဘာဝအားဖြင့် ဘောင်ခတ်ထိန်းချုပ်ခံထားရတယ်။ သူတို့တန်ခိုးအာဏာရှိလာတာနဲ့တပြိုင်နက် ဘုရားသခင်ကို ဆန့်ကျင်ပြီး သူတို့ကိုယ်ပိုင်နိုင်ငံတော်ကို စတည်ထောင်လိမ့်မယ်။ ဒါက ဂျူးယဇ်ပုရောဟိတ်တွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေ လုပ်ခဲ့ကြတဲ့အတိုင်းပါပဲ သခင်ယေရှု သူ့ရဲ့အမှုတော်ကိုဆောင်ရွက်ဖို့ကြွလာတဲ့အခါ၊ သူတို့ကိုယ်ပိုင်အဆင့်အတန်းတွေကို ကာကွယ်ဖို့အတွက်၊ သခင်ယေရှုကို တယူသန် ဆန့်ကျင်ပြီး ပြစ်တင်ရှုတ်ချခဲ့ကြတယ် ရလဒ်အဖြစ်၊ သခင်ယေရှုရဲ့ကယ်တင်ခြင်းကို ယုဒလူတို့က လုံး၀ လက်မခံခဲ့ကြဘူး သူတို့က ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ ကိုယ်ပိုင်နိုင်ငံတွေကို ထူထောင်ခဲ့ကြတာ မဟုတ်ဘူးလား ဒါကြောင့် အပြင်ပန်းမှာ အလုပ်ကြိုးစားပြီး၊ ကောင်းကောင်းမွန်မွန် ပြုမူတဲ့လူတွေတောင်မှ သူတို့ရဲ့ အပြစ်ပြုတတ်တဲ့သဘာ၀တွေကို မဖြေရှင်းဘဲ ဆိုးယုတ်တဲ့စိတ်သဘောထားတွေလည်း သန့်စင်ခြင်း မခံရသေးဘူးဆိုရင်တော့ သူတို့ဘယ်လောက်ပဲဒုက္ခခံစားရသည်ဖြစ်စေ၊ ဘာအလုပ်တွေပဲလုပ်နေသည်ဖြစ်စေ၊ သူတို့အနေနဲ့ ဘုရားသခင်ရဲ့အလိုတော်ကို ဘယ်လိုလုပ် အမှန်တကယ် လိုက်နာနိုင်မှာလဲ ဘုရားသခင်ကို အကြွင်းမဲ့နာခံသူတွေကသာ သေချာပေါက် ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်ရွက်တဲ့သူတွေဖြစ်တယ်။ သူတို့တွေက ဘုရားသခင်နဲ့ စိတ်ချင်းတူသူတွေပါပဲ သူတို့တွေက ဘုရားသခင်ကို လုံး၀ ဆန့်ကျင်တွန်းလှန်တော့မှာ မဟုတ်ပါဘူး ဒီလိုလူတွေကသာ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်ဖို့၊ ဘုရားသခင်ရဲ့ကတိတော်တွေကို လက်ခံဖို့ အရည်အချင်းပြည့်မီကြတာပါ။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၆)- ကျွန်တော်တို့က အရာအားလုံးကို စွန့်တယ်။ သခင့်ဧဝံဂေလိတရားကို ဖြန့်ဝေတယ်။ အသင်းတော်ကို လမ်းပြတယ် ဒီလိုအားထုတ်တာတွေက ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်တာပဲလေ ကျွန်တော်တို့ကျင့်သုံးတဲ့ ဒီလမ်းစဉ်က ဘာများမှားလို့လဲ။

နောက်တစ်ခုသို့- မေးခွန်း (၁) သမ္မာကျမ်းစာက၊ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏” (ရောမ ၁ဝ:၁၀) ဟု ဆိုလေသည်။ သခင်ယေရှုက ကျွန်ုပ်တို့၏ အပြစ်များမှ ကျွန်ုပ်တို့ကို ဖြေလွှတ်ခဲ့ပြီး ယုံကြည်ခြင်းမှတဆင့် ကျွန်ုပ်တို့ကို ဖြောင့်မတ်သောသူ ဖြစ်စေသည်ကို ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ ထို့အပြင်၊ တစ်စုံတစ်ဦးက တစ်ကြိမ်ကယ်တင်ခံရလျှင်၊ ထာဝရ ကယ်တင်ခံရပြီး၊ သခင် ပြန်ကြွလာသည့်အခါ ကျွန်ုပ်တို့သည် ချက်ချင်း ချီဆောင်ခံရလိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။