မေးခွန်း (၁) သမ္မာကျမ်းစာက၊ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏” (ရောမ ၁ဝ:၁၀) ဟု ဆိုလေသည်။ သခင်ယေရှုက ကျွန်ုပ်တို့၏ အပြစ်များမှ ကျွန်ုပ်တို့ကို ဖြေလွှတ်ခဲ့ပြီး ယုံကြည်ခြင်းမှတဆင့် ကျွန်ုပ်တို့ကို ဖြောင့်မတ်သောသူ ဖြစ်စေသည်ကို ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ ထို့အပြင်၊ တစ်စုံတစ်ဦးက တစ်ကြိမ်ကယ်တင်ခံရလျှင်၊ ထာဝရ ကယ်တင်ခံရပြီး၊ သခင် ပြန်ကြွလာသည့်အခါ ကျွန်ုပ်တို့သည် ချက်ချင်း ချီဆောင်ခံရလိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။

အဖြေ- တစ်ကြိမ်ကယ်တင်ခြင်းခံရပြီးရင် ထာဝရကယ်တင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်ဆိုတာ လူရဲ့ အယူအဆနဲ့ တွေးတောထင်မြင်မှု သက်သက်ဖြစ်ပါတယ်။ ဒါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ လုံးဝ မကိုက်ညီပါဘူး။ လူတွေဟာ ယုံကြည်ခြင်းကတစ်ဆင့် ကယ်တင်ခြင်းခံရရုံနဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်လို့ သခင်ယေရှုက တစ်ခါမှ မပြောခဲ့ပါဘူး။ ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို လိုက်လျှောက်သူတွေသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်လို့ သခင်ယေရှုက ပြောခဲ့ပါတယ်။ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တို့ကသာ သြဇာအာဏာရှိပြီး သမ္မာတရားဖြစ်ပါတယ်။ လူတို့ရဲ့ အယူအဆနဲ့ စိတ်ကူးထင်မြင်မှုတွေဟာ သမ္မာတရားမဟုတ်ပါဘူး။ ဒါတွေဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ဖို့အတွက် စံသတ်မှတ်ချက်တွေမဟုတ်ပါဘူး။ အစ်မတို့ ကျွန်တော်တို့ပြောတဲ့ “ယုံကြည်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်း” နဲ့ပတ်သက်ရင်၊ ဒီ “ကယ်တင်ခြင်း” က အပြစ်ကို ခွင့်လွှတ်ခံရခြင်း၊ ပညတ်တော်အားဖြင့် စီရင်ခံရမှု သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခံရမှု မရှိခြင်းကို သာ ရည်ညွှန်းပါတယ်။ ဒါက ဒီ “ကယ်တင်ခြင်းခံ” ရသူဟာ ဘုရားသခင်ရဲ့ လမ်းကို လျှောက်လှမ်းနိုင်တယ်၊ အပြစ်ကနေ လွတ်မြောက်ပြီး သန့်ရှင်းသွားတယ်လို့ အဓိပ္ပါယ်မရပါဘူး။ သူဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်လို့ လုံးဝ မဆိုလိုပါဘူး။ ကျွန်တော်တို့ဟာ ယုံကြည်ခြင်းကနေတစ်ဆင့် ခွင့်လွှတ်ခြင်းခံရပေမဲ့ ကျွန်တော်တို့ရဲ့ အပြစ်တွေက ရှိနေပါသေးတယ်။ ကျွန်တော်တို့ဟာ မကြာခဏပဲ အပြစ် လုပ်ပြီး ဘုရားကို ဆန့်ကျင်နိုင်ပါသေးတယ်။ ကျွန်တော်တို့ဟာ အပြစ်လုပ်ခြင်း၊ ပြီးရင် ဝန်ချခြင်းစက်ဝန်းမှာ အစဉ်မပြတ် နေထိုင်နေပါတယ်။ ဒီလိုလူတွေက ကောင်းကင်နိုင်ငံတော်ကို ဘယ်လို ဝင်ရောက်နိုင်မှာလဲ။ သမ္မာကျမ်းစာကပြောတယ်။ “သန့်ရှင်းခြင်းပါရမီ မရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄) အပြစ်ကို မကြာခဏလုပ်သူတွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်ဆိုရင် ဒါဟာ အချက်အလက်တွေနဲ့ မကိုက်ညီပါဘူး။ ဒီ မသန့်စင်တဲ့၊ အကျင့်ပျက်စီးတဲ့ လူတွေ၊ မကြာခဏ အပြစ်လုပ်သူတွေဟာ ကောင်းကင်နိုင်ငံတော်မှာ နေထိုင်တယ်လို့ ပြောရဲပါသလား။ ကောင်းကင်နိုင်ငံတော်မှာ မသန့်စင်တဲ့၊ ဆိုးယုတ်တဲ့လူတစ်ယောက်ကို မြင်ဖူးပါသလား။ သခင်ဟာ ဖြောင့်မတ်ပြီး သန့်စင်ပါတယ်။ သခင်ဟာ ကောင်းကင်နိုင်ငံတော်ကို အပြစ် မကြာခဏလုပ်သူတွေကို ခွင့်ပြုပါမလား။ သခင်ယေရှုက တစ်ခါက ပြောခဲ့တယ်။ “ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈:၃၄-၃၅) ဒါကြောင့် အပြစ်ကနေ လွတ်မြောက်ပြီး သန့်ရှင်းစင်ကြယ်ခြင်းကို မရရှိသူတွေဟာ ကောင်းကင်နိုင်ငံတော်ကို မဝင်ရောက်နိုင်ဘူးဆိုတာ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ အစ်မတို့ပြောတာ မှန်တယ်ဆိုရင်၊ ယုံကြည်ခြင်းကနေ ကယ်တင်ခြင်းရရှိသူတွေဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်ဆိုရင်၊ သခင်ယေရှုက ဘာလို့ ဒီလိုပြောခဲ့ပါသလဲ။ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” သူဟာ ဘာကြောင့် ဆိတ်တွေကို သိုးတွေဆီက၊ ဂျုံစေ့ကို တောပင်တွေဆီက ခွဲထုတ်မယ်လို့ ပြောခဲ့သလဲ။ ဒါကြောင့် “ယုံကြည်ခြင်းကတစ်ဆင့် ကယ်တင်ခြင်းခံရသူတွေဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခွင့်ပြုလိမ့်မယ်” ဆိုတာ မမှန်နိုင်ပါဘူး။ ဒီ ယုံကြည်မှုဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တို့နဲ့ တိုက်ရိုက် ဆန့်ကျင်နေပါတယ်။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၇)- ဒီနေ့မှာ ကျွန်မတို့က သခင်ယေရှုကို ယုံကြည်ကြတယ်။ ကျန်တာတွေအားလုံးကို စွန့်ပြီး၊ သခင့်နာမတော်ကို ဝေငှဖို့ အနစ်နာခံကြတယ် ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို ဆောင်ရွက်နေတာပဲလေ ဒါက ကျွန်မတို့ဟာ သန့်ရှင်းခြင်းဖြစ်နေပြီလို့ ဆိုလိုတာပဲ သခင် ကြွလာတဲ့အခါ၊ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရမှာ သေချာတယ်။

နောက်တစ်ခုသို့- မေးခွန်း (၂) သမ္မာကျမ်းစာထဲမှာပြောထားတယ်။ “ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း။ အပြစ်စီရင်သောသူကား အဘယ်သူနည်း။” (ရောမဩဝါဒစာ ၈:၃၃-၃၄) ဒီအချက်က လက်ဝါးကပ်တိုင်ပေါ်မှာ သခင်ယေရှုအသေခံခြင်းက ကျွန်တော်တို့အပြစ်တွေအားလုံးကို ခွင့်လွှတ်ခဲ့တယ်ဆိုတာကို သက်သေပြတယ်။ သခင်က ကျွန်တော်တို့ကို အပြစ်ရှိသူတွေအဖြစ် မမြင်တော့ဘူး။ ဘယ်သူက ကျွန်တော်တို့ကို စွပ်စွဲနိုင်မှာလဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။