မေးခွန်း (၂) သမ္မာကျမ်းစာထဲမှာပြောထားတယ်။ “ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း။ အပြစ်စီရင်သောသူကား အဘယ်သူနည်း။” (ရောမဩဝါဒစာ ၈:၃၃-၃၄) ဒီအချက်က လက်ဝါးကပ်တိုင်ပေါ်မှာ သခင်ယေရှုအသေခံခြင်းက ကျွန်တော်တို့အပြစ်တွေအားလုံးကို ခွင့်လွှတ်ခဲ့တယ်ဆိုတာကို သက်သေပြတယ်။ သခင်က ကျွန်တော်တို့ကို အပြစ်ရှိသူတွေအဖြစ် မမြင်တော့ဘူး။ ဘယ်သူက ကျွန်တော်တို့ကို စွပ်စွဲနိုင်မှာလဲ။

အဖြေ- ကျမ်းစာထဲမှာ ရေးထားပါတယ်။ “ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။” ဒီနေရာမှာ ကျွန်တော်တို့ တော်တော်ရှင်းလင်းရပါမယ်။ ဘုရားသခင်ရွေးကောက်တဲ့ အဖွဲ့ဝင်တွေက ဘယ်သူတွေလဲ။ အဲဒီ အပြစ်ကို မကြာခဏလုပ်သူတွေပါပဲ။ သခင့်ကိုရောင်းစားတဲ့သူတွေနဲ့ သူတို့သူငယ်ချင်းတွေ၊ ဘုရားသခင်ကို ပူဇော်တဲ့အရာတွေကို ခိုးယူသူတွေ၊ မတရားသော မေထုန်ကျူးလွန်သူတွေ၊ ကြောက်ရွံ့တတ်သူတွေ၊ သူတော်ကောင်းယောင်ဖာရိရှဲတွေ၊ ဒီလူတွေက ဘုရားသခင် ရွေးကောက်တဲ့သူတွေလား။ ဘုရားသခင်ကို ယုံကြည်တဲ့ ဘယ်သူမဆို ဘုရားသခင်ရွေးကောက်ခြင်းမှာ ပါဝင်တယ်ဆိုရင် ဗျာဒိတ်ကျမ်းက ပြောထားတာကို ဘယ်လိုရှင်းမလဲ။ “ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သော သူ၊ မတရားသောမေထုန်၌မှီဝဲသောသူ၊ လူအသက်ကို သတ်သောသူ၊ ရုပ်ထု ကိုကိုးကွယ်သောသူ၊ သစ္စာပျက် ခြင်းကို နှစ်သက်၍ ပြုသောသူအပေါင်းတို့သည် ရှိကြ၏။” (ဗျာဒိတ်ကျမ်း ၂၂:၁၅) ဒါကြောင့် ဘုရားသခင်ကို ယုံကြည်တဲ့သူတွေအားလုံး ဘုရားသခင်ရွေးကောက်ခြင်းမှာ ပါဝင်သူတွေ မဟုတ်ကြပါဘူး။ သခင်ကို အစေခံပြီး ဘုရားသခင်ကိုချစ်တဲ့သူတွေ၊ ဘုရားသခင်ကို စစ်မှန်တဲ့သက်သေခံသူတွေသာ ဘုရားသခင်ရွေးကောက်ခြင်းမှာ ပါဝင်တဲ့သူတွေပါ။ ဥပမာ၊ အာဗြဟံ၊ ယောဘ၊နဲ့ ပေတရုက ဘုရားသခင်ကို နာခံပြီး ကြောက်ရွံ့ပါတယ်။ သူတို့ဟာ ဖြောင့်မတ်တဲ့လုပ်ဆောင်မှုတွေရှိပြီး ကောင်းမွန်တဲ့သက်သေကိုခံကြတယ်။ သူတို့လုပ်ဆောင်တဲ့အရာကို ဘုရားသခင်လက်ခံတယ်။ ဘယ်သူမှ သူတို့ကို မစွပ်စွဲနိုင်ဘူး။ ယုံကြည်သူတွေအားလုံးက ဖြောင့်မတ်တယ်လို့ ဘုရားသခင်က ဘယ်တုန်းက ပြောခဲ့လို့လဲ။ အများစုက အပြစ်လုပ်တယ်။ ဘုရားသခင်ကို ဆန့်ကျင်တယ်။ ဘုရားသခင်ကို သစ္စာဖောက်တယ်။ ဒါ အမှန်တရားပဲ။ သခင်ယေရှုက ယုံကြည်သူတွေအများစုဟာ ဖြောင့်မတ်တယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး။ ဒါကြောင့် ဘုရားသခင်ရဲ့ ရွေးကောက်ခြင်းဟာ ဖြောင့်မတ်တဲ့လုပ်ဆောင်မှုရှိပြီး ဘုရားသခင်ရဲ့အလိုတော်ကို လိုက်လျှောက်နိုင်သူတွေကို ရည်ညွှန်းပါတယ်။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁) သမ္မာကျမ်းစာက၊ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏” (ရောမ ၁ဝ:၁၀) ဟု ဆိုလေသည်။ သခင်ယေရှုက ကျွန်ုပ်တို့၏ အပြစ်များမှ ကျွန်ုပ်တို့ကို ဖြေလွှတ်ခဲ့ပြီး ယုံကြည်ခြင်းမှတဆင့် ကျွန်ုပ်တို့ကို ဖြောင့်မတ်သောသူ ဖြစ်စေသည်ကို ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ ထို့အပြင်၊ တစ်စုံတစ်ဦးက တစ်ကြိမ်ကယ်တင်ခံရလျှင်၊ ထာဝရ ကယ်တင်ခံရပြီး၊ သခင် ပြန်ကြွလာသည့်အခါ ကျွန်ုပ်တို့သည် ချက်ချင်း ချီဆောင်ခံရလိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။

နောက်တစ်ခုသို့- မေးခွန်း (၃) “ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍” (ရောမဩဝါဒစာ ၈:၁) လို့ ရေးထားပါတယ်။ ကျွန်တော်တို့က သခင်ယေရှုကို ယုံကြည်တာကြောင့် ပြစ်ဒဏ်ချမှတ်ခြင်းမခံရဘဲ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်ဆိုတာ အာမခံပြီးဖြစ်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။