မေးခွန်း (၃) “ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍” (ရောမဩဝါဒစာ ၈:၁) လို့ ရေးထားပါတယ်။ ကျွန်တော်တို့က သခင်ယေရှုကို ယုံကြည်တာကြောင့် ပြစ်ဒဏ်ချမှတ်ခြင်းမခံရဘဲ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်ဆိုတာ အာမခံပြီးဖြစ်တယ်။

အဖြေ- လူဟာ သခင်ယေရှုကိုယုံကြည်သရွေ့ သူဟာ ယေရှုခရစ်တော်မှာတည်တယ်လို့ အစ်ကိုတို့ ယုံကြည်ကြတယ်။ ဒါ လူ့အယူအဆဖြစ်ပါတယ်။ ယေရှုခရစ်တော်မှာတည်သူတွေဟာ သခင်ယေရှုကို ယုံကြည်သူတိုင်းကို မရည်ညွှန်းပါဘူး။ သခင်ယေရှုကို ယုံကြည်တဲ့လူအများစုဟာ ဘုရားသခင် ချီးမြှောက်ခြင်းကို မရရှိနိုင်ပါဘူး။ သခင်ယေရှု ပြောသလိုပါပဲ။ “ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟု မိန့်တော် မူ၏။” ရွေးချယ်ခြင်းမခံရသူတွေထဲမှာ တချို့က သူတို့ယုံကြည်မှုကနေ အကျိုးအမြတ်ရဖို့အတွက်သာ သခင့်ကို ယုံကြည်ကြတယ်။ တချို့က သမ္မာတရားကို လုံးဝ မချစ်သလို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းလည်း မရှိဘူး။ တချို့က ဘုရားသခင်ကို ဆန့်ကျင်ပြီး မကောင်းမှုတွေကိုတောင် လုပ်ကြတယ်။ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်တွေပေါ့။ အများစုက ဖာရိရှဲတွေရဲ့လမ်းကို လျှောက်ကြတယ်။ သူတို့အားလုံးက အန်တိခရစ်တွေပဲ။ တချို့က ဘုရားသခင်ကို အမည်ခံသက်သက်သာ ယုံကြည်ကြတယ်။ သူတို့တွေက မယုံကြည်သူတွေပဲ။ သခင်ယေရှုကို ယုံကြည်သူတွေအားလုံးဟာ ယေရှုခရစ်တော်မှာတည်နှင့်ပြီးဖြစ်တယ်လို့ အစ်ကိုတို့ပြောတယ်။ ဒီစကားတွေက အဓိပ္ပါယ်မရှိပါဘူး။ “ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ၏။” ဒါက ဘယ်လူအုပ်စုကို ရည်ညွှန်းတာလဲ။ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို ထိန်းသိမ်းနိုင်သူတွေ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သူတွေ၊ ဘုရားသခင်ကို နာခံသူတွေ၊ ဆိုလိုတာကတော့၊ သမ္မာတရားနောက်ကိုလိုက်ပြီး အသက်တာကို ရရှိသူတွေ၊ ခရစ်တော်ကို နာခံနိုင်သူတွေ၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး မကောင်းမှုတွေပြုလုပ်ခြင်းကနေ ရှောင်ကြဉ်နိုင်ပြီး ခရစ်တော်နဲ့လိုက်လျောညီထွေမှု အပြည့်အဝရှိသူတွေကို ရည်ညွှန်းပါတယ်။ ဒီလူတွေက ခရစ်တော်မှာရှိတဲ့သူတွေပါ။ သခင်ယေရှုကိုယုံကြည်တဲ့သူတိုင်းက ယေရှုခရစ်တော်မှာတည်တယ်ဆိုတာ မဟုတ်တာ သေချာပါတယ်။ သူတို့ရဲ့ယုံကြည်မှုကို ဘုရားသခင် အသိအမှတ်မပြုတဲ့ ယုံကြည်သူတချို့ရှိပါတယ်။ ဥပမာ၊ သခင်ယေရှုက တစ်ခါကပြောခဲ့ဖူးတယ်။ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဒီမှာ ပြောခဲ့တဲ့ ပရောဖက်ပြုတဲ့၊ နတ်ဆိုးတွေ နှင်ထုတ်ပြီး သခင့်အမည်နာမနဲ့ အံ့ဖွယ်အမှုတွေအများကြီးပြုခဲ့တဲ့သူတွေအားလုံးဟာ ခရစ်တော်မှာ တည်တယ်လို့ ပြောနိုင်မလား။ ဒီလူတွေအားလုံးက ဘုရားသခင် ရှုတ်ချခြင်းခံရတဲ့သူတွေ မဟုတ်ဘူးလား။ ဒါကြောင့် “ယေရှုခရစ်တော်ကို ယုံကြည်ခြင်း” နဲ့ “ခရစ်တော်၌တည်ခြင်း” နှစ်ခုက မတူညီပါဘူး။ သခင်ကို ယုံကြည်ပြီး ကိုယ်တော်ရဲ့ချီးမြှောက်ခြင်းကိုမခံရသူတွေဟာ ခရစ်တော်မှာတည်သူတွေ မဟုတ်ကြဘူး။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှုက လူတိုင်းကထင်သလို ဖြစ်ပေါ်ခြင်း မဟုတ်လို့ပါ။ ဘုရားသခင်ကို ယုံကြည်သူတိုင်းက ကယ်တင်ခြင်းခံရတာမျိုး မဟုတ်ဘူးလေ။ အများစုက ဖယ်ထုတ်ခြင်းခံရမယ်။ အထူးသဖြင့် သမ္မာတရားကိုသိမြင်ပြီး အပြစ်ကို တမင်တကာပြုလုပ်သူတွေပေါ့။ ဒီအပြစ်တွေမှာ ပူဇော်ရာယဇ်တွေကိုခိုးယူခြင်း၊ ဘုရားသခင်ကို ငြင်းပယ်ခြင်း၊ ဘုရားသခင်ကို သစ္စာဖောက်ခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိခြင်း၊ ကြောက်ရွံ့ခြင်း သို့မဟုတ် မတရားမေဒုန်ပြုခြင်း စသဖြင့် ပါဝင်ပါတယ်။ ဒီလူတွေဟာ ဘုရားသခင်ရဲ့ ပြစ်ဒဏ်ခတ်ခြင်းနဲ့ စွန့်ပစ်ခြင်းကို ခံရဦးမှာပါ။ ကြီးမားတဲ့ မကောင်းမှု ကျူးလွန်သူတွေဟာ အပြစ်ဒဏ်ပေးခံရမယ်။ ဟေဗြဲသြဝါဒစာ ၁၀:၂၆ မှာ ပြောထားသလိုပါပဲ။ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ။” ဒါကြောင့် သခင်ကို ယုံကြည်သူတွေအားလုံးဟာ ခရစ်တော်မှာတည်ခြင်းမရှိဘူးဆိုတာ မြင်နိုင်တယ်။ သမ္မာတရားကို ချစ်တဲ့ ယုံကြည်သူတွေသာ သမ္မာတရားနောက်ကို လိုက်နိုင်ပါတယ်။ ဒါကြောင့် ခရစ်တော်ကို နာခံပြီး ခရစ်တော်ကို တကယ်သိမြင်တဲ့သူ၊ ခရစ်တော်နဲ့ပတ်သက်ပြီး ယူဆချက်တွေမရှိသူ၊ ခရစ်တော်ကို ပုန်ကန်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း မရှိသူ၊ ခရစ်တော်ရဲ့နှလုံးသားကို သူတို့နှလုံသားအဖြစ်ခံယူပြီး ဘုရားသခင်ရဲ့အလိုတော်ကို လိုက်လျှောက်နိုင်သူတွေသာ ခရစ်တော်၌တည်သူတွေဖြစ်ပါတယ်။ ဒီလူတွေကသာ ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းကို ရရှိပြီး ဘုရားရဲ့ နိုင်ငံတော်ကို ရရှိနိုင်တယ်။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၂) သမ္မာကျမ်းစာထဲမှာပြောထားတယ်။ “ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း။ အပြစ်စီရင်သောသူကား အဘယ်သူနည်း။” (ရောမဩဝါဒစာ ၈:၃၃-၃၄) ဒီအချက်က လက်ဝါးကပ်တိုင်ပေါ်မှာ သခင်ယေရှုအသေခံခြင်းက ကျွန်တော်တို့အပြစ်တွေအားလုံးကို ခွင့်လွှတ်ခဲ့တယ်ဆိုတာကို သက်သေပြတယ်။ သခင်က ကျွန်တော်တို့ကို အပြစ်ရှိသူတွေအဖြစ် မမြင်တော့ဘူး။ ဘယ်သူက ကျွန်တော်တို့ကို စွပ်စွဲနိုင်မှာလဲ။

နောက်တစ်ခုသို့- မေးခွန်း (၄) လူတွေက အပြစ်ရှိကြတယ်။ ဒါပေမဲ့ သခင်ယေရှုရဲ့ အပြစ်ဖြေရာယဇ်က ထာဝရအကျိုးရှိပါတယ်။ ကျွန်တော်တို့အပြစ်တွေကို သခင့်ကို ဝန်ချသရွေ့ ကိုယ်တော်ဟာ ကျွန်တော်တို့ကို ခွင့်လွှတ်မယ်။ ကျွန်တော်တို့ဟာ သခင့်အမြင်မှာ အပြစ်မရှိဘူး။ ဒါကြောင့် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။