မေးခွန်း (၄) လူတွေက အပြစ်ရှိကြတယ်။ ဒါပေမဲ့ သခင်ယေရှုရဲ့ အပြစ်ဖြေရာယဇ်က ထာဝရအကျိုးရှိပါတယ်။ ကျွန်တော်တို့အပြစ်တွေကို သခင့်ကို ဝန်ချသရွေ့ ကိုယ်တော်ဟာ ကျွန်တော်တို့ကို ခွင့်လွှတ်မယ်။ ကျွန်တော်တို့ဟာ သခင့်အမြင်မှာ အပြစ်မရှိဘူး။ ဒါကြောင့် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်။

အဖြေ- သခင်ယေရှုဟာ လူသားမျိုးနွယ်ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက လူဟာ အပြစ်မရှိတော့ဘူးလို့ မဆိုလိုပါဘူး။ ဒါက လူဟာ သူတို့အပြစ်တွေရဲ့ ထိန်းချုပ်မှုကနေ လွတ်ပြီ ဒါမှမဟုတ် သန့်စင်မှုကို ရရှိပြီလို့ မဆိုလိုပါဘူး။ သခင်ယေရှုဟာ လူသားရဲ့အပြစ်တွေကို ခွင့်လွှတ်တယ်။ ဒီနေရာမှာ “အပြစ်” ဟာ တကယ်တမ်းက ဘာကို ရည်ညွှန်းတာလဲ။ မတရားသောမေထုန်ပြုခြင်း၊ ခိုးခြင်းကို ရည်ညွှန်းပါတယ်။ ဥပဒေ၊ ပညတ်တော်တို့ သို့မဟုတ် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တို့ကို ချိုးဖောက်တဲ့ ဘယ်အရာမဆို အပြစ်ပဲ။ ဘုရားသခင်ကို ဆန့်ကျင်တဲ့၊ ရှုတ်ချတဲ့ ဒါမှမဟုတ် ဝေဖန်တဲ့ ဘယ်အပြုအမူမဆိုကလည်း အပြစ်ပါပဲ။ ဘုရားသခင်ကို ဘယ်လို ထိခိုက်စော်ကားမှုမဆို အပြစ်ဖြစ်တယ်။ ခွင့်လွှတ်လို့မရနိုင်တဲ့ အပြစ်ဖြစ်ပါတယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုဟာ လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် ဆောင်ရွက်တယ်။ သခင်ကို ဆုတောင်းပြီး နောင်တရသူတွေသာ အပြစ်ဒဏ်ခံရခြင်း သို့မဟုတ် သေခြင်းကို မခံရဘူး။ ဆိုလိုတာကတော့ ဘုရားသခင်ဟာ သူတို့ကို အပြစ်ပြုသူတွေအဖြစ် မမြင်တော့ဘူး။ သူတို့ရဲ့အပြစ်တွေကို ခွင့်လွှတ်ခြင်းခံရတဲ့ လူဟာ သခင်ကို တိုက်ရိုက်ဆုတောင်းနိုင်ပြီး သခင်ရဲ့ကျေးဇူးတော်ကို ဝေမျှနိုင်တယ်။ ဒါဟာ “အပြစ်တွေ ခွင့်လွှတ်ခြင်းခံရတယ်” ဆိုတဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ သခင်ယေရှုရဲ့ အပြစ်ဖြေရာယဇ်ကြောင့် လူရဲ့အပြစ်ဟာ ခွင့်လွှတ်ခြင်းခံရပြီးဖြစ်ပေမဲ့ ဒါက လူတွေဟာ အပြစ်လုပ်ပြီးဘုရားသခင်ကို ဆန့်ကျင်ခြင်း ရပ်တန့်သွားပြီလို့ အဓိပ္ပါယ်မရပါဘူး။ လူရဲ့ အပြစ်လုပ်တဲ့သဘောသဘာဝက ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်နိုင်သေးတယ်။ ဘုရားကို သူတို့ရဲ့ရန်သူအဖြစ် မှတ်ယူနိုင်သေးတယ်။ ဒီလိုလူတွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ ဘယ်လိုလုပ် အရည်အသွေးပြည့်မှီမှာလဲ။ ဒါဟာ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသလိုပါပဲ။ “သို့သော်လည်း အတိအကျအားဖြင့် သူမည်သို့ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သည်မှာ မှန်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ ကံကောင်းလိုက်မည့် ဖြစ်ခြင်း။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးခဲ့ပြီ။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်အလို့ငှာ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင်လုပ်ရမည်။ သင်သည် အကယ်၍ ရွေးနုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် မွန်မြတ်သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ မကြာသေးမီက ရွေးနုတ်ခံရသော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက်အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍) သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုဟာ လူရဲ့အပြစ်ကို ခွင့်လွှတ်ခြင်းသာဖြစ်တယ်။ သူတို့ရဲ့ အကျင့်ပျက်စီးတဲ့ စိတ်သဘောထားဟာ ရှင်းလင်းမသွားပါဘူး။ လူရဲ့ အတွှုင်းမာနကြီးမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ လောဘ၊ လှည့်စားမှုနဲ့ သူတို့ရဲ့ စာတန်စိတ်သဘောထားဖြစ်တဲ့ တခြားအချက်အလက်တွေ ကျန်ရှိနေဆဲပါပဲ။ ဒီ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားဟာ အပြစ်ထက်ပိုပြီး နက်ရှိုင်းပါတယ်။ အပြစ်ထက်ပိုပြီး စွဲမြဲတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အပြစ်ပြုခြင်းနဲ့ ဘုရားသခင်ကို ဆန့်ကျင်ခြင်းရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ဒီ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားဟာ ရှင်းလင်းမသွားရင် လူဟာ သူတို့ရဲ့ကိုယ်ပိုင်စိတ်ကူးထင်မြင်ချက်တွေ၊ အယူအဆတွေအရ ဆက်ပြီးအပြစ်ပြုမယ်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး ရှုတ်ချပါဦးမယ်။ သူတို့ဟာ ဒုက္ခခံရပြီး ဖိနှိပ်ခံရရင် ဘုရားသခင်ကို ငြင်းပယ်နိုင်ပြီး ယုဒလုပ်ခဲ့သလို ဘုရားကို သစ္စာတောင်ဖောက်နိုင်ပါတယ်။ သူတို့ဟာ အာဏာရှိတဲ့နေရာမှာရှိတဲ့အခါ ဘုရားသခင်ကို ဆန့်ကျင်တဲ့ တသီးတခြားနိုင်ငံတွေ ထူထောင်နိုင်တယ်။ တချိုကလူတွေဟာ ဘုရားသခင်ရဲ့ ပူဇော်ရာယဇ်တို့ကိုတောင် ခိုးယူနိုင်ပြီး ကိုယ်တော်ရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်တယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ ပြစ်ဒဏ်ခတ်ခြင်း၊ ချေမှုန်းခြင်းကို ခံရလိမ့်မယ်။ အခု ဘာသာရေးအသိုင်းအဝိုင်းမှာရှိတဲ့ သင်းအုပ်ဆရာနဲ့ခေါင်းဆောင်အများစုဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တို့ကို လိုက်နာခြင်းမရှိဘူး။ သူတို့ဟာ သမ္မာကျမ်းစာကို သူတို့ကိုယ်တိုင်ရဲ့အယူအဆတို့ကို အခြေခံပြီး အဓိပ္ပါယ်ပြန်ဆိုကြတယ်။ သူတို့ဟာ သမ္မာကျမ်းစာထဲက လူတို့ရဲ့ စကားလုံးတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အဖြစ် မှတ်ယူကြတယ်။ သူတို့ဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တို့ကို သက်သေခံရမယ့်အစား လူတို့ရဲ့စကားတွေကို မြှင့်တင်ကြတယ်။ ဒါဟာ ယုံကြည်သူတွေကို လူတို့ကို ကိုးကွယ်စေပြီး လူနောက်ကို လိုက်စေတယ်။ သခင်ယေရှုအတွက် သူတို့နှလုံးသားမှာ နေရာမရှိဘူး။ ဒီယုံကြည်သူတွေဟာ ဘာသာရေးခေါင်းဆောင်တွေရဲ့အရိပ်အောက်မှာ ပိတ်မိပြီး ထိန်းချုပ်ခံလာရတယ်။ သခင်ယေရှုဟာ တရားစီရင်ခြင်းအမှုကိုပြုဖို့ ပြန်ကြွလာတဲ့အခါမှာ ဒါဟာ အထူးသဖြင့် မှန်ကန်တယ်။ အဲဒီ သင်းအုပ်ဆရာတွေနဲ့ ခေါင်းဆောင်တွေဟာ ဘုရားသခင်ရဲ့အလုပ်ကို လိုက်လျှောက်ခြင်း သို့မဟုတ် လေ့လာခြင်း မရှိဘူး။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၃) “ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍” (ရောမဩဝါဒစာ ၈:၁) လို့ ရေးထားပါတယ်။ ကျွန်တော်တို့က သခင်ယေရှုကို ယုံကြည်တာကြောင့် ပြစ်ဒဏ်ချမှတ်ခြင်းမခံရဘဲ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်ဆိုတာ အာမခံပြီးဖြစ်တယ်။

နောက်တစ်ခုသို့- မေးခွန်း (၆) လူတွေက အပြစ်ကနေလွတ်မြောက်ပြီး သန့်စင်ချင်ရင် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုကို လက်ခံရမယ်လို့ ပြောတယ်နော်။ ဒါဆိုရင် ဘုရားသခင်က နောက်ဆုံးသောကာလမှာ လူတွေကို ဘယ်လို တရားစီရင်ပြီး သန့်စင်တာလဲ။ ကျွန်တော် သခင့်ကို ယုံကြည်ခဲ့တဲ့ ဒီနှစ်တလျှောက်မှာ လူတွေက အပြစ်မလုပ်တော့မယ့်အချိန်ရောက်လာရင် သိပ်ကောင်းမယ်လို့ တွေးမိတယ်။ အသက်တာဟာ နာကျင်မှု ရှိမှာမဟုတ်တော့ဘူးလို့ အဲဒီအချိန်တုန်းက တွေးမိတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။