အခန်း ၄၂

ယနေ့ မိန့်မြွက်ချက်များထဲတွင် အပြောင်းအလဲတစ်စုံတစ်ရာကို လူတို့သတိပြုမိပြီးခြင်းရှိမရှိ ငါမသိပေ။ လူအချို့သည် အနည်းငယ်ကို မြင်ကောင်း မြင်ခဲ့နိုင်သော်လည်း ၎င်းတို့အနေဖြင့် တပ်အပ်မပြောရဲကြပေ။ အခြားသူများမှာ မည်သည့်အရာကိုမျှ သတိမမူမိခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြက္ခဒိန်လ၏ တစ်ဆယ့်နှစ်ရက်မြောက်နေ့နှင့် တစ်ဆယ့်ငါးရက်မြောက်နေ့အကြား ဘုရားသခင်၏ မိန့်မြွက်ချက်များ၌ အဘယ်ကြောင့် ကြီးမားသော ကွာခြားမှု ရှိနေသနည်း။ သင်တို့အနေဖြင့် ဤအရာကို ချင့်ချိန်တွေးဆဖူးသလော။ သင်တို့၏အမြင်ကား အဘယ်နည်း။ ဘုရားသခင်၏မိန့်မြွက်ချက်များ အားလုံးထဲမှ တစ်စုံတစ်ရာကို သင်တို့ နားလည်သဘောပေါက်ဖူးသလော။ ဧပြီလဒုတိယမြောက်နေ့နှင့် မေလတစ်ဆယ့်ငါးရက်မြောက်နေ့အကြားတွင် ပြုခဲ့သော အဓိကအမှုမှာ အဘယ်နည်း။ ယနေ့ခေတ် လူများသည် ၎င်းတို့၏ဦးခေါင်းကို တင်းပုတ်တစ်ခုဖြင့် ရိုက်နှက်ခြင်းခံထားရဘိသည့်အလား အဘယ်ကြောင့် စိတ်ရှုပ်ထွေးနေကြပြီး နလပိန်းတုံးဖြစ်နေကြသနည်း။ ယနေ့ခေတ်၌ “နိုင်ငံတော်သားများ၏ မကောင်းသတင်းများ” ဟူ၍ ခေါင်းစဉ်တပ်ထားသည့် သတင်းစာကော်လံများ အဘယ်ကြောင့် မရှိသနည်း။ ဧပြီလဒုတိယနေ့နှင့် စတုတ္ထနေ့တွင် ဘုရားသခင်သည် လူတို့၏အခြေအနေကို ညွှန်ပြခဲ့ခြင်းမရှိပေ၊ ထို့နည်းတူ ယနေ့ပြီးနောက် ရက်အချို့တွင်လည်း သူသည် လူတို့၏အခြေအနေကို ညွှန်ပြခဲ့ခြင်းမရှိပေ၊ အဘယ်ကြောင့် ထိုသို့ဖြစ်သနည်း။ ဤတွင် မဖြေရှင်းရသေးသော ပဟေဠိတစ်ခု အမှန်ပင်ရှိသည်၊ အဘယ်ကြောင့် ကြီးမားသော အပြောင်းအလဲတစ်ခု ရှိခဲ့သနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ဤနည်းလမ်းဖြင့် ပြောခဲ့ကြောင်းကို ရှေးဦးစွာ အနည်းငယ်ဆွေးနွေးကြစို့။ ဘုရားသခင်၏ ပထမဆုံး နှုတ်ကပတ်တော်များကို ကြည့်ကြစို့၊ ထိုအထဲတွင် သူသည် “အမှုသစ် စလျှင်စချင်း” ဟု ချက်ချင်းပြောခဲ့၏။ ဘုရားသခင်၏အမှုသည် အစအဦးအသစ်တစ်ခုကို ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ သူသည် အမှုသစ်တစ်ခုကို နောက်ထပ်တစ်ကြိမ် အစပြုခဲ့ပြီးဖြစ်ကြောင်း ဤဝါကျက သင့်ကို ကနဦးအရိပ်အမြွက်ပေး၏။ ပြစ်တင်ဆုံးမခြင်းသည် အဆုံးသတ် လာနေကြောင်းကို ဤအရာက ပြသ၏၊ ပြစ်တင်ဆုံးမခြင်း၏ အထွတ်အထိပ်သည် ဝင်ရောက်နှင့်ပြီဟု ဆိုနိုင်သောကြောင့် နောက်ကျမကျန်စေရန်နှင့် စွန့်ပစ်မခံရစေရန်အလို့ငှာ သင်တို့သည် ပြစ်တင်ဆုံးမခြင်းခေတ်၏အမှုကို ကောင်းမွန်စွာ တွေ့ကြုံရန် မိမိတို့၏အချိန်ကို အကောင်းဆုံး အသုံးချကြရမည်။ ဤအရာမှာ လူသား၏အမှုအားလုံးပင်ဖြစ်ပြီး လူသားအနေဖြင့် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ပြစ်တင်ဆုံးမခြင်းကို လုံးလုံးလျားလျား စေလွှတ်လိုက်သောအခါ ဘုရားသခင်သည် သူ့အမှု၏ နောက်တစ်ပိုင်းကို စတင်လုပ်ဆောင်မည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က “...ထို့ကြောင့် ငါသည် ငါ၏အမှုကို လူသားအကြားတွင် ဆက်၍ လုပ်ဆောင်နေခဲ့ခြင်းဖြစ်ပြီး…။ ဤအခိုက်အတန့်တွင် ငါသည် လူတစ်စုကို ရခဲ့ပြီးသောကြောင့် ငါ၏စိတ်နှလုံးသည် ကြီးစွာသော ဝမ်းမြောက်ခြင်းနှင့် ပြည့်လျက်ရှိပြီး ငါ၏ ‘လုပ်ငန်း’ သည် ဆုတ်လျော့ကျဆင်းခြင်း မရှိတော့ပေ၊ ၎င်းမှာ အဓိပ္ပာယ်မရှိသော စကားလုံးများ မဟုတ်တော့ပေ” ဟု ပြောသောကြောင့် ဖြစ်သည်။ ကုန်လွန်ခဲ့သောကာလများတွင် လူတို့သည် ဘုရားသခင်၏ အပူတပြင်း ဖြစ်သော အလိုတော်ကို သူ၏နှုတ်ကပတ်တော်များ၌ မြင်ခဲ့ကြသည်၊ ဤအရာတွင် မုသားမပါရှိပေ၊ ထို့အပြင် ယနေ့တွင် ဘုရားသခင်သည် သူ၏အမှုကို ပို၍မြန်သောအရှိန်ဖြင့် လုပ်ဆောင်လျက်ရှိသည်။ လူသား အတွက်မူကား ဤအရာသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လုံးလုံးလျားလျား ကိုက်ညီခြင်း မရှိသည့်ပုံထင်ရသော်လည်း ဘုရားသခင် အတွက်မူကား သူ၏အမှုမှာ ပြီးဆုံးနှင့်ပြီဖြစ်သည်။ လူတို့၏အတွေးများမှာ အလွန်ရှုပ်ထွေးခက်ခဲလွန်းသောကြောင့် အမှုအရာများအပေါ် ၎င်းတို့၏ အမြင်မှာ မကြာခဏပင် အလွန်အကျွံ ရှုပ်ထွေးလေ့ရှိသည်။ လူတို့သည် လူအချင်းချင်းအပေါ် အလွန်တောင်းဆိုကြသော်လည်း ဘုရားသခင်ကမူ လူသားအပေါ် ယင်းကဲ့သို့ မြင့်မားသော တောင်းဆိုချက်များကို မပြုပေ၊ ဤအချက်ကြောင့်ပင် ဘုရားသခင်နှင့် လူအကြားရှိ ကွာခြားချက်မှာ မည်မျှပင်ကြီးမားကြောင်းကို တွေ့နိုင်ပေသည်။ ဘုရားသခင်ပြုသမျှ အရာရာတိုင်းတွင် လူတို့၏အယူအဆများကို ဖော်ထုတ်ပြသထားသည်။ ဘုရားသခင်က လူတို့အပေါ် မြင့်မားသော တောင်းဆိုချက်များကိုပြု၍ လူတို့သည် ၎င်းတို့ကို ကြိုးပမ်းရရှိနိုင်စွမ်း မရှိခြင်း မဟုတ်ဘဲ လူတို့က ဘုရားသခင်အပေါ် မြင့်မားသော တောင်းဆိုချက်များကို ပြု၍ ဘုရားသခင်က ၎င်းတို့ကို ကြိုးပမ်းရရှိနိုင်စွမ်း မရှိခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စာတန်၏ဖျက်ဆီးခြင်းကို နှစ်ထောင်ပေါင်းများစွာ ခံခဲ့ရသော လူသားမျိုးနွယ်အား ကုသပြီးသည့်နောက်တွင် လူတို့၌ ရောဂါ နောက်ဆက်တွဲများ ရှိနေခြင်းကြောင့် လူတို့သည် ဘုရားသခင်အပေါ် ယင်းကဲ့သို့ မြင့်မားသော တောင်းဆိုချက်များကို အမြဲတစေပြုနေခဲ့ကြခြင်း ဖြစ်ပြီး အနည်းငယ်မျှပင် သက်ညှာခြင်း မရှိဘဲ ဘုရားသခင်ကျေနပ်အားရမှု မရှိမည်ကို လွန်စွာစိုးရိမ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် များစွာသော အမှုအရာတို့ကို လူတို့ မဆောင်ရွက်နိုင်သည့်အချက်သည် ပြစ်တင်ဆုံးမခြင်းကို ၎င်းတို့ခံစားရသည့် နည်းလမ်းတစ်ခုဖြစ်၏။ ၎င်းတို့သည် မိမိတို့လုပ်ရပ်များ၏ အကျိုးဆက်များကို ခံစားနေကြရသည်- ဤသည်မှာ ဒုက္ခသက်သက်ပင်ဖြစ်၏။ လူတို့အောင့်ခံခဲ့သော ဆင်းရဲဒုက္ခ၏ ၉၉ ရာခိုင်နှုန်းကျော်ကို ဘုရားသခင်သည် အရေးမစိုက်ပေ။ တဲ့တိုးပြောပါက ဘုရားသခင်အတွက် မည်သူမျှ အမှန်တကယ် ဒုက္ခဆင်းရဲ ခံဖူးခြင်း မရှိပေ။ လူအားလုံးသည် ၎င်းတို့လုပ်ရပ်များ၏ အကျိုးဆက်များကို ခံစားကြရခြင်းဖြစ်ပြီး ပြစ်တင်ဆုံးမခြင်း၏ ဤအဆင့်မှာ အမှန်ပင် ခြွင်းချက်မဟုတ်ပေ၊ ၎င်းမှာ လူတို့နှပ်သော အခါးခွက်တစ်ခွက်ဖြစ်၍ ထိုခွက်ကို သူကိုယ်တိုင် နှုတ်ဝထိ မ၍ သောက်ခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ့ပြစ်တင်ဆုံးမခြင်း၏ ရည်ရွယ်ချက်အမှန်ကို ထုတ်ဖော်ခြင်း မရှိသေးသဖြင့် ကျိန်ဆဲခြင်းကိုခံရသော လူစုတစ်စု ရှိသော်လည်း ဤသည်မှာ ပြစ်တင်ဆုံးမခြင်းကို ကိုယ်စားမပြုပေ။ လူတစ်စုသည် ကောင်းချီးမင်္ဂလာကို ခံစားကြရသော်လည်း ဤအရာမှာ ၎င်းတို့သည် အနာဂတ်တွင် ကောင်းချီးမင်္ဂလာများ ခံစားကြရမည်ဟု မဆိုလိုပေ။ လူတို့အတွက်မူကား ဘုရားသခင်သည် မိမိ၏စကားကို မိမိမတည်သော ဘုရားသခင်တစ်ပါးဖြစ်သည်ဟု ထင်ရသည်။ မစိုးရိမ်နှင့်။ ဤစကားများမှာ အနည်းငယ်လွန်ကဲနေနိုင်သော်လည်း အပျက်သဘော မဆောင်ကြနှင့်၊ ငါပြောသာအရာသည် လူတို့၏ဒုက္ခဆင်းရဲနှင့် သက်ဆိုင်မှုအချို့ရှိသော်လည်း သင်တို့သည် ဘုရားသခင်နှင့် ဆက်ဆံရေး ကောင်းတစ်ခုကို တည်ဆောက်ရမည်ဟု ငါထင်သည်။ နောက်ထပ် “ဆုလက်ဆောင်များ” ကို သူ့အား သင်ပေးသင့်၏၊ ယင်းမှာ သူ့ကို ပျော်ရွှင်စေမည်မှာ သေချာသည်။ ဘုရားသခင်သည် သူ့အား “ဆုလက်ဆောင်များ” ပေးသောသူများကို ချစ်သည်ဟု ငါယုံသည်။ မည်သို့သဘောရနည်း။ ဤစကားများမှာ မှန်သလော။

ယခုအချိန်အထိ သင်တို့၏မျှော်လင့်ချက်မည်မျှကို ဘေးသို့ ဖယ်ထားပြီးပြီနည်း။ ဘုရားသခင်၏အမှုသည် မကြာမီ အဆုံးသတ်မည် ဖြစ်သောကြောင့် သင်တို့သည် မိမိတို့၏မျှော်လင့်ချက်အားလုံးကို အနည်းနှင့်အများ ဘေးသို့ဖယ်ထားပြီးဖြစ်ရမည်၊ ဟုတ်သလော။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုလည်း ဆန်းစစ်သင့်ကြသည်- သင်တို့သည် မိမိကိုယ်ကို ချီးမြှောက်ပြီး မိမိကိုယ်ကို ဗန်းတင်လျက် မြင့်မြင့်မားမား ရပ်ရန် အမြဲတစေ နှစ်ခြိုက်ကြသည်၊ ဤသည်မှာ အဘယ်နည်း။ လူတို့၏မျှော်လင့်ချက်များမှာ အဘယ်အရာဖြစ်ကြောင်းကို ယနေ့ထိ ငါမသိသေးချေ။ အကယ်၍ လူတို့သည် အမှန်တကယ်ပင် ဒုက္ခပင်လယ် လွှမ်းခြုံ၍ အသက်ရှင်ရပါက၊ ၎င်းတို့သည် ဆင်းရဲဒုက္ခ၏ စစ်ဆေးခြင်း အလယ်၌ အသက်ရှင်သောအခါ၊ သို့တည်းမဟုတ် နှိပ်စက်ညှဉ်းပန်းမှု တန်ဆာပလာအမျိုးမျိုး၏ ခြိမ်းခြောက်မှုအောက်၌ အသက်ရှင်သောအခါ၊ သို့မဟုတ် လူအားလုံး၏ ငြင်းပယ်ခြင်းကို ခံရသည့်အချိန်တွင် အသက်ရှင်သောအခါ ၎င်းတို့အနေဖြင့် မိုးကောင်းကင်သို့ မော်ကြည့်ပြီး သက်ပြင်းရှည်ချလျက် ယင်းကဲ့သို့အချိန်များတွင် ၎င်းတို့၏အတွေးများထဲ၌ ၎င်းတို့၏မျှော်လင့်ချက်များကို ဘေးသို့ ဖယ်ထားကောင်း ဖယ်ထားနိုင်ပေမည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် မျှော်ကိုးရာမဲ့မှု အလယ်တွင် စိတ်ကူးယဉ် သုခဘုံကို ရှာဖွေကြပြီး သက်သောင့်သက်သာ ရှိသော အခြေအနေများ၌ မည်သူမျှ မိမိတို့၏ လှပသောအိပ်မက်အား ရှာဖွေခြင်းကို စွန့်ပစ်ခဲ့ဖူးခြင်း မရှိသောကြောင့်ဖြစ်သည်။ ဤအရာသည် လက်တွေ့ကျနိုင်ခြေ မရှိသော်လည်း လူတို့၏စိတ်နှလုံးထဲ၌ ဤအရာတို့ မရှိရန် ငါလိုလားသည်။ သင်တို့သည် အရှင်လတ်လတ် ချီဆောင်ခြင်းကို ခံလိုကြသေးသလော။ ဇာတိပကတိ၌ သင်တို့၏အသွင်သဏ္ဌာန်ကို ပြောင်းလိုကြသေးသလော။ သင်တို့သည် ငါနှင့်ထင်မြင်ချက်ချင်း တူညီမည်၊ မတူညီမည်ကို ငါမသိ၊ သို့သော် ဤအရာမှာ လက်တွေ့မကျကြောင်း ငါအမြဲခံစားခဲ့ရ၏၊ ယင်းကဲ့သို့ အတွေးများမှာ တရားလွန်လှသည်ဟု ထင်ရသည်။ “မျှော်လင့်ချက်များကို ဘေးသို့ဖယ်ထားကြ၊ ပို၍လက်တွေ့ကျကျနေကြ” ဟူသောအရာများကို လူတို့ပြောကြသည်။ လူတို့အနေဖြင့် ကောင်းချီးမင်္ဂလာခံစားရရန်ဟူသည့် အတွေးများကို ဘေးချိတ်ထားကြရန် သင်တောင်းဆိုသည်၊ သို့သော် သင်ကိုယ်တိုင်ရော အဘယ်သို့ဖြစ်သနည်း။ သင်သည် ကောင်းချီးမင်္ဂလာခံစားရရန်ဟူသည့် လူတို့၏ အတွေးအခေါ်များကို ငြင်းပယ်သော်လည်း သင်ကိုယ်တိုင်ကမူ ကောင်းချီးမင်္ဂလာများကို ရှာသလော။ သင်သည် အခြားလူများကို ကောင်းချီးမင်္ဂလာများရရှိရန် အခွင့်မပေးဘဲ သင်ကိုယ်တိုင်ကမူ ထိုအရာများအကြောင်းကို လျှို့ဝှက်စွာတွေးသည်၊ ထိုသို့ပြုခြင်းက သင့်ကို မည်သို့သောလူဖြစ်စေသနည်း။ လိမ်စားသူတစ်ဦး ဖြစ်စေသည်။ ဤကဲ့သို့ သင်ပြုမူသည့်အခါ သင်၏သြတ္တပ္ပစိတ်သည် စွဲချက်မတင်ခံရသလော။ သင်သည် အကြွေးတင်ရှိသကဲ့သို့ သင်၏စိတ်နှလုံးထဲတွင် မခံစားရသလော။ သင်သည် လူလိမ်တစ်ဦး မဟုတ်သလော။ သင်သည် အခြားသူတို့၏ စိတ်နှလုံးထဲမှ စကားလုံးများကို တူးယူသော်လည်း သင်၏စိတ်နှလုံးထဲမှ အရာများအကြောင်းကိုမူ တစ်ခွန်းမျှ မဟချေ၊ သင်သည် သုံးစားမရသော အမှိုက်တစ်စ ဖြစ်လေတကား။ သင်တို့စကားပြောသောအခါ သင်တို့၏ စိတ်နှလုံးများထဲ၌ အဘယ်အရာအား တွေးနေကြသည်ကို ငါသိချင်မိသည်- သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ပြစ်တင်ခြင်းကို မခံရနိုင်သလော။ ဤအရာသည် သင်တို့၏ဂုဏ်သိက္ခာကို နေမထိထိုင်မထိ မဖြစ်စေသလော။ သင်တို့သည် သင်တို့အတွက် မည်သည့်အရာက ကောင်းကြောင်းကို တကယ်ပင် မသိကြပေ။ သင်တို့အားလုံးသည် ဦးနန်ဂူအိုကဲ့သို့ပင် အယောင်ဆောင်များ အမြဲဖြစ်နေခဲ့ကြသည်။ “၎င်းတို့အားလုံးသည် ‘၎င်းတို့ကိုယ်ကို ဆက်ကပ်’ လိုကြသည်” ဟူသောဝါကျရှိ “၎င်းတို့ကိုယ်ကို ဆက်ကပ်” ဟူသည့် စကားစုတစ်ဝိုက်တွင် ဘုရားသခင်က မျက်တောင် အဖွင့်အပိတ် ထည့်ထားသည်မှာ မထူးဆန်းပေ။ လူသား၏ လိမ်လည်လှည့်ဖြားခြင်းမှာ မည်မျှပင် ပရိယာယ်ကြွယ်ပါစေ၊ သူ့အနေဖြင့် မည်သည့်အရာကိုမျှ လှစ်ဟပြခြင်းလည်း မရှိ၊ မျက်နှာနီခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်းတို့လည်း မရှိလျှင်ပင် ဘုရားသခင်သည် လူသားကို သူ၏လက်ဖမိုးကဲ့သို့သိပြီး ဘုရားသခင်၏မျက်လုံးများမှာ တောက်ပသဖြင့် လူသားသည် ဘုရားသခင်၏ စူးစိုက်ကြည့်ခြင်းကို ရှောင်တိမ်းရန် အမြဲဒုက္ခတွေ့ခဲ့ရသည်။ ဘုရားသခင်၌ အိတ်စရေး ဓာတ်ရောင်ခြည်အမြင်ရှိ၍ လူသား၏ ကိုယ်တွင်းအင်္ဂါများကို မြင်နိုင်ဘိသည့်အလား၊ သူသည် လူတို့ကို ထွင်းဖောက်မြင်နိုင်ပြီး ၎င်းတို့၏သွေးအမျိုးအစားကို စစ်ဆေးရန်မလိုဘဲ ဆုံးဖြတ်နိုင်ဘိသည့်အလားဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ဉာဏ်ပညာ ဖြစ်ပြီး ၎င်းကို လူသားက အတုခိုးနိုင်ခြင်း မရှိပေ။ “ငါသည် အမှုမြောက်မြားစွာကို ပြုခဲ့ပြီးသော်လည်း လူတို့အထဲတွင် သက်သေ အထောက်အထား မရှိခြင်းမှာ အဘယ်ကြောင့်နည်း။ ငါသည် လုံလောက်စွာ လုံ့လစိုက်ထုတ်ခြင်း မရှိခဲ့သလော” ဟူ၍ ဘုရားသခင်ဆိုသကဲ့သို့ပင် ဖြစ်သည်။ လူသား၏ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်နည်းပါးလှသည်၊ ထို့ပြင် လူသားအတွင်း၌ အပျက်သဘောဆောင်သောအရာ မြောက်မြားစွာရှိသည်ဟု ဆိုနိုင်ပြီး အပြုသဘောဆောင်သောအရာမှာမူ လူတို့၌ ရှိခဲလှ၏။ ရံဖန်ရံခန်သာ ၎င်းတို့၌ အပြုသဘောဆောင်သည့်အရာ အနည်းအကျဉ်းရှိကြသည်၊ သို့သော်လည်း ယင်းမှာ အလွန်စွန်းထင်းနေ၏။ လူတို့သည် ဘုရားသခင်အား မည်မျှချစ်ကြောင်းကို ဤအရာက ပြသနေခြင်းသာဖြစ်သည်၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာမှာ သန်းတစ်ရာပုံတစ်ပုံသာ ရှိသကဲ့သို့ဖြစ်ပြီး၊ ယင်းထဲမှ ၅၀ ရာခိုင်နှုန်းမှာ စွန်းထင်းနေဆဲဖြစ်သည်။ ထို့ကြောင့်ပင် လူသားထဲ၌ သက်သေ အထောက်အထားကို မရကြောင်း ဘုရားသခင်ပြောခြင်းဖြစ်သည်။ လူသား၏ နာခံမှုမရှိခြင်းကြောင့်သာ ဘုရားသခင့်မိန့်မြွက်ချက်များ၏ လေသံမှာ အလွန်အကြင်နာမဲ့ပြီး စာနာစိတ်ကင်းမဲ့ခြင်းဖြစ်သည်။ ဘုရားသခင်သည် ကုန်လွန်ခဲ့သောအချိန်များအကြောင်းကို လူသားနှင့် မပြောသော်လည်း လူတို့ကမူ ဘုရားသခင်ရှေ့တွင် ၎င်းတို့ကိုယ်ကို ပြသရန်အတွက် အမြဲပင်စားမြုံ့ပြန်လိုကြပြီး ကုန်လွန်ခဲ့သောအချိန်များအကြောင်းကို အမြဲပြောဆိုလိုကြသည်၊ သို့သော် ဘုရားသခင်သည် လူသား၏ ယမန်နေ့ကို ယနေ့အဖြစ် မည်သည့်အခါမျှ သဘောထားခဲ့ခြင်း မရှိပေ၊ ထိုအစား သူသည် ယနေ့ခေတ်လူများကို ယနေ့နှင့်အညီ ချဉ်းကပ်သည်။ ဤသည်မှာ ဘုရားသခင်၏သဘောထားဖြစ်ပြီး၊ ဘုရားသခင်သည် အလွန်အကျိုးသင့် အကြောင်းသင့် မရှိလှဟူ၍ အနာဂတ်တွင် လူတို့ပြောခြင်းကို တားဆီးရန် ဤထဲတွင် ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို ရှင်းလင်းစွာ ပြောထားသည်။ အဘယ်ကြောင့်ဆိုသော် လူတို့ မြဲမြံစွာ မရပ်တည်နိုင်မည်ကို စိုးရိမ်သဖြင့် ဘုရားသခင်သည် လွန်လွန်ကဲကဲဖြစ်သော အမှုအရာများကို မပြုဘဲ လူတို့အား စစ်မှန်သော အချက်အလက်များကို ပြောခြင်းကြောင့်ဖြစ်သည်၊ စင်စစ်အားဖြင့် လူသားသည် အားနည်းသည့်အတွက်ကြောင့်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ကြားပြီးနောက် မည်သို့သဘောရသနည်း၊ သင်တို့သည် နားထောင်ရန်နှင့် ကျိုးနွံနာခံရန် လိုလိုလားလားရှိပြီး ၎င်းကို ဆက်၍ မတွေးလိုသလော။

အထက်ပါအကြောင်းအရာမှာ သက်ဆိုင်မှု မရှိပေ၊ ထိုကိစ္စကို ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ အရေးမကြီးပေ။ သင်တို့သည် လက်သင့်မခံဘဲနေမည်မဟုတ်ဟု ငါမျှော်လင့်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် နှုတ်ကပတ်တော်များ၏ အမှုကိုပြုလုပ်ရန် လာခြင်းဖြစ်ပြီး သူသည် နေအောက်၌ရှိသော အရာခပ်သိမ်းအကြောင်း စကားစမြည် ပြောရသည်ကို နှစ်သက်ခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း သင်တို့သည် ၎င်းတို့ကို ဖတ်ရှုပြီး ဤနှုတ်ကပတ်တော်များကို လျစ်လျူမရှုကြမည့် အကြောင်း ငါမျှော်လင့်သည်။ မည်သို့သဘောရသနည်း။ ထိုသို့ပြုကြမည်လော။ ယနေ့၏ နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်သည် သတင်းအချက်အလက်အသစ်ကို ထုတ်ဖော်ခဲ့ပြီးကြောင်း ခုတင်ပြောခဲ့ပြီးဖြစ်သည်၊ ဘုရားသခင်အမှုပြုသော နည်းလမ်းမှာ ပြောင်းလဲတော့မည်ဖြစ်သည်။ ထိုအကြောင်းကြောင့် ရေပန်းစားသော ဤအကြောင်းအရာအပေါ် အာရုံစိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ ယနေ့ကာလ၏ မိန့်မြွက်ချက်များအားလုံးသည် အနာဂတ်အခြေအနေများကို ပရောဖက်ပြုသည်ဟု ဆိုနိုင်သည်၊ ဤမိန့်မြွက်ချက်များက သူ့အမှု၏ နောက်တစ်ဆင့်အတွက် တင်ကြိုပြင်ဆင်မှုများကို ဘုရားသခင် လုပ်နေပုံဖြစ်သည်။ ဘုရားသခင်သည် အသင်းတော်၏ လူများထဲ၌ သူ၏အမှုကို အဆုံးသတ်လုနီးပြီဖြစ်၏၊ ထို့နောက်တွင် လူအပေါင်းတို့ရှေ့၌ ဒေါသအမျက်ခြောင်းခြောင်းထွက်လျက် သူပေါ်ထွန်းလာမည် ဖြစ်သည်။ “ငါ၏လုပ်ရပ်များကို ကမ္ဘာမြေကြီးပေါ်ရှိ လူများအသိအမှတ်ပြုစေရန် ငါပြုမည်၊ ထို့ပြင် ၎င်းတို့ကို ကမ္ဘာမြေတစ်ဝှမ်းရှိ အလျှော့ပေးကြရမည့် လူအပေါင်းတို့က အသိအမှတ်ပြုကြစေရန် ငါသည် ‘တရားပလ္လင်’ ရှေ့တွင် ငါ၏လုပ်ဆောင်ချက်များကို သက်သေပြမည်” ဟု ဘုရားသခင် ဆိုသကဲ့သို့ပင် ဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲတွင် တစ်စုံတစ်ရာကို သင်တို့မြင်ကြသလော။ ဤအထဲ၌ ဘုရားသခင့်အမှု၏ နောက်တစ်ပိုင်းအကြောင်း အကျဉ်းချုပ်ပါရှိသည်။ ပထမဦးစွာ ဘုရားသခင်သည် နိုင်ငံရေးအာဏာကို ကိုင်စွဲထားသော အစောင့်ခွေးများ အားလုံးကို စိတ်ရင်းမှန်ဖြင့် လက်ခံယုံကြည်လာကြစေရန် ပြုမည်ဖြစ်ပြီး ၎င်းတို့ကို သမိုင်းဇာတ်စင်ပေါ်မှ ဆန္ဒအလျောက် ဆင်းသွားကြစေရန်၊ ရာထူးဂုဏ်သိမ်အတွက် နောက်ထပ်လုံးဝ မတိုက်ခိုက်ကြစေရန်၊ လျှို့ဝှက်ကြံစည်ခြင်းများနှင့် ခြေပုန်းခုတ်ခြင်းများကို နောက်ထပ်လုံးဝ မလုပ်ကြစေရန် ပြုမည်ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် အမျိုးမျိုးသော ဘေးဒုက္ခများကို ဖြစ်ပွားစေခြင်းအားဖြင့် ဤအမှုကို လုပ်ဆောင်မည်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်ပေါ်ထွန်းလာမည်ကား လုံးဝမဟုတ်ပေ။ ဤအချိန်တွင် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံသည် ညစ်ညူးသောပြည် ဖြစ်နေဦးမည်ဖြစ်၍ ဘုရားသခင်သည် ပေါ်ထွန်းလာမည် မဟုတ်ဘဲ ပြစ်တင်ဆုံးမခြင်းအားဖြင့် ထွက်ပေါ်လာရုံမျှသာဖြစ်မည်။ ယင်းမှာ မည်သူမျှ မလွှဲရှောင်နိုင်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်သည်။ ဤအချိန်အတောအတွင်း အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံတွင် မှီတင်းနေထိုင်သူမှန်သမျှသည် ကပ်ဘေးကို ခံစားကြရလိမ့်မည်ဖြစ်ပြီး ယင်းထဲတွင် ကမ္ဘာမြေကြီးပေါ်မှ နိုင်ငံတော် (အသင်းတော်) လည်း အလိုလိုပါဝင်မည်ဖြစ်သည်။ ဤအချိန်သည် အမှန်တရားများ ပေါ်ထွက်လာသောအချိန်ပင်ဖြစ်၍ ၎င်းကို လူအပေါင်းတို့က တွေ့ကြုံခံစားကြရမည်ဖြစ်ပြီး မည်သူမျှ ရှောင်တိမ်းနိုင်ကြမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအရာကို ကြိုတင်ခွဲခန့်မှတ်သားထားပြီးဖြစ်သည်။ အမှု၏ဤအဆင့်ကြောင့်သာ ဘုရားသခင်က “ယခုအချိန်မှာ ကြီးမားသော အစီအစဉ်များကို လုပ်ဆောင်ရန် အချိန်ဖြစ်သည်” ဟု ဆိုခြင်းပင် ဖြစ်သည်။ အနာဂတ်တွင် ကမ္ဘာမြေကြီးပေါ်၌ အသင်းတော်ရှိတော့မည် မဟုတ်သောကြောင့်၊ ထို့ပြင် ကြီးမားသောကပ်ဘေး ပေါ်ထွန်းခြင်းကြောင့် လူတို့သည် သူတို့ရှေ့၌ရှိသောအရာကိုသာ တွေးတောနိုင်ကြမည်ဖြစ်ပြီး အခြားအရာအားလုံးကို လျစ်လျူရှုကြမည်ဖြစ်သည်၊ ထို့ပြင် ကြီးမားသော ကပ်ဘေးအလယ်တွင် ဘုရားသခင်ကို ၎င်းတို့မွေ့လျော်ရန် ခက်ခဲလိမ့်မည်။ ထို့ကြောင့် လူတို့အနေဖြင့် အခွင့်အရေးကို မရှုံးဆုံးကြစေရန် ဝမ်းမြောက်ဖွယ်ကောင်းသော ဤအချိန်အတောအတွင်း စိတ်နှလုံး အကြွင်းမဲ့ဖြင့် ဘုရားသခင်အား ချစ်ကြရန် လူတို့ကို တောင်းဆိုနေခြင်း ဖြစ်သည်။ ဤအမှန်တရား ဖြစ်ပျက်သည့်အခါ ဘုရားသခင်သည် အဆင်းနီသောနဂါးကြီးကို လုံးလုံးလျားလျား အနိုင်ယူပြီးလိမ့်မည် ဖြစ်သောကြောင့် ဘုရားသခင့်လူတို့၏ သက်သေခံခြင်းအမှုသည် ဆုံးခန်းတိုင်သွားပြီးဖြစ်လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်သည် အဆင်းနီသောနဂါးကြီး၏နိုင်ငံကို ရှင်းရှင်းဖျက်ဆီးကာ နောက်ဆုံးတွင် စကြဝဠာအနှံ့အပြား၌ ရှိကြကုန်သော လူတို့ကို လက်ဝါးကပ်တိုင်ပေါ်တွင် ဇောက်ထိုးအနေအထားနှင့် သံဖြင့်ရိုက်ထားလျက် အမှု၏နောက်ထပ် တစ်ဆင့်ကို စတင်မည်ဖြစ်၏၊ ထို့နောက်တွင် သူသည် လူသားမျိုးနွယ် အားလုံးကို အမြစ်ဖြတ်သုတ်သင်လေမည်၊ ဤသည်တို့မှာ ဘုရားသခင့်အမှု၏ အနာဂတ်အဆင့်များပင်ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ငြိမ်းချမ်းသော ဤပတ်ဝန်းကျင်တွင် ဘုရားသခင်ကို အစွမ်းကုန်ကြိုးစား၍ ချစ်သင့်၏။ အနာဂတ်တွင် သင်တို့သည် ဘုရားသခင်ကိုချစ်ရန် နောက်ထပ် အခွင့်အရေးများ ရတော့မည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဇာတိပကတိ၌သာ ဘုရားသခင်ကို ချစ်ရန် အခွင့်အရေးရှိသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် အခြားသော ကမ္ဘာတွင် နေထိုင်သည့်အခါ ဘုရားသခင်အား ချစ်ခြင်းအကြောင်းကို မည်သူမျှ ပြောလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ပင် ဖြစ်သည်မဟုတ်လော။ ထို့ကြောင့် သင်တို့သည် မိမိတို့အသက်တည်သည့်ကာလပတ်လုံး ဘုရားသခင်ကို မည်ကဲ့သို့ချစ်သင့်သနည်း။ ဤအရာကို သင်တွေးဖူးသလော။ ဘုရားသခင်ကိုချစ်ရန် သင်သေဆုံးပြီးသည့်အချိန်အထိ စောင့်နေသလော။ ဤသည်မှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည် မဟုတ်လော။ ယနေ့ သင်သည် ဘုရားသခင်အား ချစ်ခြင်းအရာကို အဘယ်ကြောင့် မလိုက်စားသနည်း။ အလုပ်များနေစဉ် ဘုရားသခင်ကို ချစ်ခြင်းမှာ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ဖြစ်နိုင်သလော။ ဘုရားသခင့်အမှု၏ ဤအဆင့်သည် မကြာမီ ဆုံးခန်းတိုင်လိမ့်မည်ဟု ဆိုထားရသည့်အကြောင်းရင်းမှာ ဘုရားသခင်သည် စာတန်ရှေ့တွင် သက်သေခံချက် ရှိနှင့်ပြီဖြစ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် လူသားအနေဖြင့် ဘာတစ်ခုကိုမျှ လုပ်စရာမလိုပေ၊ သူအသက်ရှင်သော နှစ်ကာလများအတွင်း ဘုရားသခင်အား ချစ်ခြင်းအရာကို လိုက်စားရန် လူသားကို တောင်းဆိုရုံမျှသာဖြစ်သည်၊ ဤအရာမှာ အဓိကသော့ချက်ဖြစ်၏။ ဘုရားသခင်၏ သတ်မှတ်ချက်များမှာ မြင့်မားခြင်းမရှိသည့်အပြင် သူ၏စိတ်နှလုံးထဲတွင် ပြင်းပြင်းပြပြ ဆန္ဒစောနေသောကြောင့် အမှု၏ဤအဆင့် မပြီးဆုံးမီ အမှု၏နောက်တစ်ဆင့်အကြောင်း အကျဉ်းချုပ်ကို သူဖော်ပြထားခြင်း ဖြစ်သည်၊ ထိုအချက်က အချိန်မည်မျှ ကျန်ကြောင်းကို ရှင်းလင်းစွာ ပြနေ၏၊ အကယ်၍ ဘုရားသခင်သည် သူ၏စိတ်နှလုံးထဲ၌ ဆန္ဒမစောပါက ဤနှုတ်ကပတ်တော်များကို အလွန်စောစီးစွာ သူပြောလိမ့်မည်လော။ အချိန်တိုတောင်းသောကြောင့် ဘုရားသခင်သည် ဤနည်းဖြင့် အမှုပြုခြင်းဖြစ်သည်။ သင်တို့သည် သင်တို့၏အသက်ကို မြတ်နိုးသကဲ့သို့ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှဖြင့် ချစ်နိုင်ကြမည်ဟု မျှော်လင့်ရသည်။ ဤသည်မှာ အဆုံးစွန် အဓိပ္ပာယ်ရှိသော အသက်တာ ဖြစ်သည်မဟုတ်လော။ ဘဝ၏အဓိပ္ပာယ်ကို အခြားမည်သည့်နေရာတွင် ရှာဖွေနိုင်မည်နည်း။ သင်သည် မျက်စိကန်းလွန်းနေသည် မဟုတ်လော။ သင်သည် ဘုရားသခင်ကိုချစ်ရန် လိုလိုလားလားရှိသလော။ ဘုရားသခင်သည် လူသား၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သလော။ လူတို့သည် လူသား၏ ကြင်နာမြတ်နိုးခြင်းနှင့် ထိုက်တန်သလော။ ထို့ကြောင့် အဘယ်အရာကို သင်ပြုသင့်သနည်း။ သံသယများမရှိဘဲ ဘုရားသခင်ကို ရဲဝံ့စွာ ချစ်လော့၊ ထိုအခါ ဘုရားသခင်သည် သင့်အား အဘယ်အရာပြုလိမ့်မည်ကို ကြည့်လော့။ သူသည် သင့်ကို သတ်ဖြတ်မည်၊ မသတ်ဖြတ်မည်ကို ကြည့်လော့။ အချုပ်အားဖြင့် ဘုရားသခင်ကို ချစ်သောအလုပ်သည် ဘုရားသခင်အတွက် အကြောင်းအရာများကို မိတ္တူကူး၍ ရေးချပေးခြင်းထက် ပို၍အရေးကြီးသည်။ သင်၏အသက်တာသည် ပို၍တန်ဖိုးရှိပြီး ပျော်ရွှင်မှုဖြင့်ပြည့်နိုင်ရန်အတွက် သင့်အနေဖြင့် အရေးကြီးဆုံးသောအရာကို ပထမနေရာတွင် ထားသင့်သည်၊ ထို့နောက် သင့်အတွက် ဘုရားသခင်၏ “စီရင်ချက်” ကို သင်စောင့်ဆိုင်းသင့်သည်။ သင်၏အကြံအစည်ထဲတွင် ဘုရားသခင်ကို ချစ်ခြင်းအရာ ပါဝင်မည်လောဟု ငါသိချင်မိသည်။ လူတိုင်း၏ အကြံအစည်များသည် ဘုရားသခင်၏ ပြည့်စုံစေခြင်းကိုခံရသော အကြံအစည်များ ဖြစ်လာကြရန်နှင့် ထိုအကြံအစည်အားလုံးသည် လက်တွေ့အရှိတရားဖြစ်လာကြရန် ငါဆန္ဒပြုပေသည်။

အရှေ့သို့- အခန်း ၄၁

နောက်တစ်ခုသို့- အခန်း ၄၄ နှင့် ၄၅

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။