အခန်း ၄၁

ဘုရားသခင်သည် လူသားအပေါ် မည်သို့အမှုပြုသနည်း။ ဤသည်ကို သင် နားလည်ပြီးပြီလော။ ယင်းသည် သင့်အဖို့ ရှင်းလင်းပါသလော။ ပြီးလျှင် သူသည် အသင်းတော်၌ မည်သို့အမှုပြုသနည်း။ ဤအရာများအပေါ် သင်၏ အမြင်များမှာ အဘယ်နည်း။ ဤမေးခွန်းများကို သင် စဉ်းစားဖူးပါသလော။ အသင်းတော်၌ သူ၏အမှုတော်မှတစ်ဆင့် မည်သည့်အရာကို သူ ပြီးမြောက်ရန် ဆန္ဒရှိသနည်း။ ဤအရာအားလုံးသည် သင့်အဖို့ ရှင်းလင်းပါသလော။ မရှင်းပါက သင် လုပ်သမျှအားလုံးသည် အချည်းနှီးဖြစ်ကာ အနှစ်သာရမရှိပေ။ ဤနှုတ်ကပတ်တော်များသည် သင်၏စိတ်နှလုံးကို တို့ထိပြီလော။ မလှုပ်မယှက် ဆုတ်ခွာခြင်းမရှိဘဲ တက်ကြွသော တိုးတက်မှု ပြုလုပ်ခြင်းမျှ- ဤအရာက ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းလိမ့်မည်လော။ ကျိုးကြောင်းမမြင်ဘဲ ပူးပေါင်းဆောင်ရွက်ခြင်းသည် လုံလောက်သလော။ သင်သည် ရူပါရုံနှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်ပါက၊ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ နောက်ထပ် မရှာဖွေဖို့သည် အဆင်ပြေမည်လော။ ဘုရားသခင်က၊ “တစ်ချိန်က ငါသည် လူသားတို့အလယ်တွင် ကြီးမားသော ကြိုးပမ်းအားထုတ်မှုတစ်ခု ဆောင်ရွက်ခဲ့သော်လည်း၊ ၎င်းတို့ သတိမပြုမိခဲ့ကြပေ၊ ထို့ကြောင့် ယင်းကို ၎င်းတို့ထံ တစ်ဆင့်ချင်းစီ ထုတ်ဖော်ပြရန် ငါ၏နှုတ်ကပတ်တော်ကို ငါအသုံးပြုခဲ့ရသည်။ သို့တိုင် လူသားသည် ငါ၏နှုတ်ကပတ်တော်များကို နားမလည်နိုင်သေးသကဲ့သို့၊ ငါ့အစီအစဉ်၏ ရည်ရွယ်ချက်ကို မသိနားမလည်ရှိမြဲရှိလေသည်” ဟုပြော၏။ ဤနှုတ်ကပတ်တော်များသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤရည်ရွယ်ချက်ကို သင်စဉ်းစားဖူးသလော။ ငါသည် ယင်းကို အပူအပင်မဲ့စွာနှင့် ရောက်တတ်ရာရာ အမှန်တကယ် ပြုလုပ်ခဲ့သလော။ ထိုသို့ဖြစ်ပါက ဆိုလိုရင်းမှာ မည်သည့်အရာ ဖြစ်လေမည်နည်း။ သင့်အဖို့ ဤရည်ရွယ်ချက်သည် မရှင်းလင်းသကဲ့သို့ နားမလည်နိုင်စရာဖြစ်ပါက၊ စစ်မှန်သော ပူးပေါင်းဆောင်ရွက်ခြင်းကို မည်သို့ စွမ်းဆောင်ရရှိနိုင်မည်နည်း။ လူသားမျိုးနွယ်အားလုံး၏ ရှာဖွေမှုသည် အတားအဆီးမဲ့သော ပင်လယ်များပေါ်၊ အနှစ်သာရမဲ့သော စကားများဖြင့် ရေးသားထားသော အယူဝါဒများအလယ်၌ ရှိသည်ဟု ဘုရားသခင် ဆိုသည်။ သင်တို့၏လိုက်စားမှုများအတွက်မူ၊ ယင်းတို့ မည်သည့်အတန်းအစားနှင့် သက်ဆိုင်သည်ကိုပင် သင် မရှင်းပြနိုင်ပေ။ ဘုရားသခင်သည် လူသား၌ မည်သည့်အရာကို ပြီးမြောက်လိုသနည်း။ ဤအရာအားလုံးနှင့်ပတ်သက်၍ သင်တို့ ရှင်းလင်းသင့်သည်။ ယင်းသည် အဆင်းနီသောနဂါးကြီးကို အပျက်သဘောဆောင်သော နည်းလမ်းဖြင့် အရှက်ရစေဖို့သာ ဖြစ်သလော။ အဆင်းနီသောနဂါးကြီးကို အရှက်ရစေပြီးနောက်၊ ဘုရားသခင်သည် တောတောင်များထဲသို့ လက်ချည်းသက်သက် သွားပြီး လူသူဝေးရာတွင် နေထိုင်မည်လော။ ထိုသို့ဆိုလျှင် ဘုရားသခင် လိုချင်သည့်အရာမှာ မည်သည့်အရာနည်း။ သူသည် လူသားတို့၏စိတ်နှလုံးများကို အမှန်တကယ် လိုချင်သလော။ သို့မဟုတ် ၎င်းတို့၏ဘဝများကို လိုချင်သလော။ သို့မဟုတ် ၎င်းတို့၏ကြွယ်ဝချမ်းသာမှုနှင့် ပိုင်ဆိုင်မှုများကိုလော။ ဤအရာများသည် မည်သို့အသုံးဝင်သနည်း။ ယင်းတို့သည် ဘုရားသခင်အဖို့ အသုံးဝင်ခြင်း မရှိပေ။ ဘုရားသခင်သည် သူ၏ “တတ်စွမ်းနိုင်မှုများ” ကို ထင်ရှားနိုင်စေဖို့အလို့ငှာ၊ စာတန်အပေါ် အောင်နိုင်ခြင်း၏ သက်သေအဖြစ် လူသားကို အသုံးပြုရန်သာ လူသားအပေါ် အလွန်များစွာသော အမှုကို လုပ်ဆောင်လေပြီလော။ သို့ဆိုလျှင် ဘုရားသခင်သည် အတော်အတန် “သေးနုပ်” ပုံပေါ်မည် မဟုတ်လော။ ဘုရားသခင်သည် ထိုသို့သော ဘုရားမျိုးလော။ လူကြီးများအား အခြားသူများနှင့် ရန်တိုက်ပေးသည့် ကလေးတစ်ဦးကဲ့သို့လော။ ယင်း၏ ဆိုလိုရင်းမှာ မည်သည့်အရာ ဖြစ်မည်နည်း။ လူသားသည် ဘုရားသခင်ကို အကဲဖြတ်ရန် သူ၏ကိုယ်ပိုင်အယူအဆများကို စဉ်ဆက်မပြတ် အသုံးပြု၏။ ဘုရားသခင်က “တစ်နှစ်တွင် လေးရာသီရှိပြီး ရာသီတစ်ခုစီတွင် သုံးလရှိသည်” ဟု တစ်ချိန်က ပြောခဲ့၏။ လူသားသည် ဤစကားများကို နားထောင်သည်၊ ယင်းတို့ကို မှတ်ဉာဏ်တွင် မှတ်သားပြီး၊ ရာသီတစ်ခုတွင် သုံးလရှိပြီး တစ်နှစ်တွင် လေးရာသီရှိသည်ဟု အမြဲ ပြောခဲ့လေသည်။ ဘုရားသခင်က၊ “တစ်နှစ်တွင် ရာသီမည်မျှရှိသနည်း။ ပြီးလျှင် ရာသီတစ်ခုတွင် လပေါင်းမည်မျှ ရှိသနည်း” ဟု မေးသောအခါ၊ လူသားက တညီတညွတ်တည်း၊ “လေးရာသီ၊ သုံးလ” ဟု ဖြေ၏။ လူသားသည် စည်းမျဉ်းများနှင့်ဆိုင်သော နည်းလမ်းဖြင့် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန် အစဉ်ကြိုးစားပြီး၊ ယခုတွင် “တစ်နှစ်တွင် သုံးရာသီ၊ တစ်ရာသီတွင် လေးလ” ဟူသည့် ခေတ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်၊ လူသားသည် မျက်စိကန်းသွားပြီးဖြစ်သည့်အလား၊ အရာခပ်သိမ်းတွင် စည်းမျဉ်းများကို ရှာဖွေရင်း သတိမမူမိဘဲရှိနေသည်။ ယနေ့တွင် လူသားမျိုးနွယ်သည် သူ၏ “စည်းမျဉ်းများ” ကို ဘုရားသခင်အဖို့ ကျင့်သုံးရန် ကြိုးစားနေသည်။ ၎င်းတို့သည် အမှန်တကယ် မျက်စိကန်းကြသည်။ ယခုတွင် “ဆောင်းရာသီ” မရှိ၊ “နွေဦးရာသီ၊ နွေရာသီနှင့် ဆောင်းဦးရာသီ” တို့သာ ရှိသည်ကို ၎င်းတို့ မမြင်သလော။ လူသားသည် အမှန်တကယ် မိုက်မဲသည်တကား။ ဤအဆင့်အထိ ရောက်လာပြီးဖြစ်ကာ သယ်ယူပို့ဆောင်ရေးသည် အဆင်မပြေသကဲ့သို့၊ လူတို့ လမ်းသာ လျှောက်သင့်ကြသည် သို့မဟုတ် မြည်းကလေးကို ဆောင်သင့်သည်ဟု ထင်သူ သို့မဟုတ် လူတို့သည် ဆီမီးများ အသုံးပြုသင့်သည်ဟု ထင်သူ သို့မဟုတ် ရှေးကျသော ဘဝနည်းလမ်းတစ်ခုသည် အောင်မြင်နေဆဲဖြစ်သည်ဟု ယုံကြည်သူ၊ ၁၉၂၀ ခုနှစ်ဝန်းကျင်က လူတစ်ဦးကဲ့သို့ ဘုရားသခင်အား မည်သို့သိကျွမ်းရမည်ကို မသိဆဲဖြစ်၏။ ဤအရာအားလုံးသည် လူသားများ၏ ဦးနှောက်များထဲတွင် တည်ရှိသော အယူအဆများ မဟုတ်သော။ ယနေ့တွင် ၎င်းတို့သည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်အကြောင်းကို အဘယ့်ကြောင့် ပြောကြသေးသနည်း။ ဤအရာ၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ယင်းမှာ မိမိ၏အတိတ်အကြောင်း တောင်စဉ်ရေမရ ပြန်ပြောနေသည့် အဖွားအိုတစ်ဦးကဲ့သို့ ဖြစ်သည်- ဤစကားများသည် အဘယ်သုံးဝင်မှု ရှိပါသနည်း။ စင်စစ်တွင် ပစ္စုပ္ပန်သည် ပစ္စုပ္ပန်ဖြစ်၏။ အချိန်ကို အနှစ် ၂၀ သို့မဟုတ် ၃၀ ပြန်လှည့်၍ရနိုင်သလော။ လူအားလုံးသည် အများနည်းတူ အမြဲလိုက်လုပ်ကြ၏၊ ၎င်းတို့သည် ဤအရာကို လက်ခံရန် အဘယ်ကြောင့် အလွန်ဝန်လေးကြသနည်း။ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် မျက်မှောက်ခေတ်တွင်၊ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်အကြောင်း ပြောဆိုခြင်းတွင် အဘယ်အသုံးဝင်သနည်း။ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်- ဘုရားသခင်ထံတွင် ရှိသည်မှာ ထိုမျှသာလော။ ဤ “ဂျုံနှင့်ဆန်” ခေတ်တွင် လူတို့သည် “အခွံချွတ်ထားသည့် နှံစားပြောင်းများနှင့် အလေ့ကျပေါက်သော ဟင်းသီးဟင်းရွက်များ” ကိုသာ အဘယ်ကြောင့် ဆက်လက် တည်ခင်းနေသနည်း။ ဘုရားသခင်က လုပ်ဆောင်ရန် လိုလားခြင်း မရှိသည့်အရာကို၊ လူသားက သူ့အပေါ် အတင်းအကျပ်ပြုပေသည်။ သူ ခုခံပါက၊ သူသည် “တန်ပြန်တော်လှန်ရေးသမား” တစ်ဦးအဖြစ် အမည်တပ်ခံရပြီး၊ ဘုရားသခင်သည် ပင်ကိုအားဖြင့် သနားကရုဏာနှင့်ပြည့်စုံသော သို့မဟုတ် ချစ်ခင်သော ဘုရားသခင် မဟုတ်သည်ကို ထပ်တလဲလဲ ပြောထားပြီးဖြစ်သော်လည်း၊ မည်သူ နားထောင်သနည်း။ လူသားသည် အလွန် ရယ်ဖွယ်ကောင်း၏။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထိရောက်မှုရှိသည့်အလား ဖြစ်သည်။ လူသားတို့သည် ငါ၏နှုတ်ကပတ်တော်များကို ကွဲပြားသောအမြင်ဖြင့် အစဉ်မြင်၏။ အပြစ်မဲ့သော လူတို့သည် အခြေအမြစ်မရှိဘဲ ပြစ်မှုများဖြင့် စွပ်စွဲခံရပြီးဖြစ်သည့်အလား၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ အနိုင်ကျင့်ခြင်းကို အစဉ်ခံရ၏- ထို့ကြောင့် ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်း မည်သူ ရှိနိုင်သနည်း။ သင်တို့သည် ဘုရားသခင်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်၌ နေထိုင်ရန် အစဉ် လိုလားနေသည်၊ ထို့ကြောင့် ဘုရားသခင်အတွက် လူသား၏ စော်ကားမှုများကို သည်းခံရန်မှလွဲ၍ လုပ်ဆောင်စရာ မည်သည့်အရာ ရှိပါသနည်း။ သို့သော် သင်တို့သည် ဘုရားသခင်နှင့် အငြင်းအခုံမပြုမီ သန့်ရှင်းသောဝိညာဉ်တော် မည်သို့ အလုပ်လုပ်သည်ကို စေ့စေ့စပ်စပ် စူးစမ်းစစ်ဆေးလိမ့်မည်ဟု ငါမျှော်လင့်၏။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ မူရင်းအဓိပ္ပာယ်ကို သေချာစွာ စစ်ဆေးရန် သင့်ကို ငါတိုက်တွန်း၏- ဘုရားသခင်၏ နှုတ်ကပတ်တော်များ သည် “အားပျော့သည်” ဟု ယုံကြည်ခြင်းဖြင့် မိမိကိုယ်ကိုမိမိ တော်သည်ဟု မထင်လေနှင့်။ ယင်းမှာ မလိုအပ်ပေ။ ဘုရားသခင်မှ တိုက်ရိုက်မပြောခဲ့ပါက သို့မဟုတ် အင်မတန် ရှင်းလင်းစွာ မညွှန်ပြခဲ့ပါက၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ မည်မျှ “အားပျော့”သည်ကို မည်သူ ပြောနိုင်သနည်း။ သင့်ကိုယ်သင် လွန်စွာအထင်မကြီးလေနှင့်။ သင်သည် သူ၏နှုတ်ကပတ်တော်များမှ လက်တွေ့လုပ်ဆောင်ခြင်း၏လမ်းကြောင်းကို တွေ့နိုင်ပါက၊ သင်သည် သူ၏ သတ်မှတ်ချက်များကို ပြည့်မီပြီးဖြစ်လိမ့်မည်။ အခြားမည်သည့်အရာကို မြင်တွေ့ရန် သင် ဆန္ဒရှိသနည်း။ ဘုရားသခင်က၊ “လူသား၏ အားနည်းခြင်းအတွက် ငါသည် မည်သည့် သနားကရုဏာမျှ ပြတော့မည် မဟုတ်”ဟု ပြော၏။ ဤသိသာပြီး ရိုးရှင်းသော နှုတ်ကပတ်တော်များ၏ အနက်အဓိပ္ပာယ်ကိုပင် သင် သဘောမပေါက်နိုင်ပါက၊ နောက်ထပ် လေ့လာခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း၏ အကျိုးမှာ အဘယ်နည်း။ စက်နှင့်ဆိုင်သော အခြေခံအကျဆုံး အသိပညာပင်မရှိဘဲ၊ သင်သည် ဒုံးပျံတစ်စင်းကို တည်ဆောက်ရန် အရည်အချင်းပြည့်မီမည်လော။ ထိုသို့သော လူတစ်ဦးသည် အချည်းနှီးသော ဝါကြွားခြင်းများ ပြုသောသူတစ်ဦး ဖြစ်သည် မဟုတ်လော။ လူသားသည် ဘုရားသခင်၏အမှုကို လုပ်ဆောင်ရန် အင်အားများ မရှိပေ။ သူ့ကို ချီးမြှောက်သူမှာ ဘုရားသခင် ဖြစ်သည်။ မည်သည့်အရာကို သူချစ်သည်၊ မည်သည့်အရာကို သူမုန်းသည် ဆိုသည်ကိုမသိဘဲ သူ့ကို အစေခံနေခြင်း- ဤသည်မှာ အလွန်တရာ ဆိုးရွားသော အပျက်သဘောဆောင်သည့် အကျိုးဆက်ရလဒ်ကို ဖြစ်စေနိုင််သည် မဟုတ်သလော။ လူသားတို့သည် မိမိတို့ကိုယ်ကိုယ် မသိကြချေ၊ သို့သော် မိမိတို့ကိုယ်ကိုယ် ထူးကဲသည်ဟု ထင်ကြ၏။ ၎င်းတို့ မည်သူဖြစ်ကြသည်ဟု ၎င်းတို့ ထင်ကြသနည်း။ မည်သည့်အရာ ကောင်းသည် မည်သည့်အရာဆိုးသည်တို့ကို ၎င်းတို့ မသိကြချေ။ အတိတ်ကို ပြန်စဉ်းစားကာ အနာဂတ်ကို ကြို၍ကြည့်လော့- သင်မည်သို့ထင်သနည်း။ ယင်းနောက်တွင် သင့်ကိုယ်သင် သိရှိလာပါလေ။

ဘုရားသခင်သည် လူသား၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များအကြောင်း များစွာ ထုတ်ဖော်ပြပြီးဖြစ်သည်။ သူက၊ “ထိုအခါမှသာ လူသား၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်တို့ကို ရှင်းလင်းစွာ ငါမြင်ခဲ့ရသည်။ တိမ်များအတွင်းမှ ငါသည် သက်ပြင်းချခဲ့သည်- လူသားသည် အဘယ့်ကြောင့် မိမိတို့ကိုယ်ကိုယ်အတွက် အမြဲ ဆောင်ရွက်သနည်း။ ငါ၏ပြစ်တင်ဆုံးမမှုများသည် ၎င်းတို့ကို စုံလင်စေရန် မရည်ရွယ်သလော။ ငါသည် ၎င်းတို့၏ အပြုသဘောဆောင်သော သဘောထားကို တမင်တကာ တိုက်ခိုက်နေသလော” ဟုပြောခဲ့၏။ ဤနှုတ်ကပတ်တော်များမှ သင်တို့သည် မိမိတို့ကိုယ်ကိုယ်အကြောင်း မည်မျှ သင်ယူပြီးပြီနည်း။ လူသား၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များသည် အမှန်တကယ် မရှိတော့ပြီလော။ ဤအရာကို သင်တို့ဘာသာ စစ်ဆေးဖူးပါသလော။ သင်တို့သည်လည်း ဘုရားသခင်၏ ရှေ့မှောက်လာပြီ ဤအရာကို နားလည်ဖို့ ကြိုးစားကောင်း ကြိုးစားနိုင်သည်။ သင်တို့အထဲတွင် ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် ပြစ်တင်ဆုံးမခြင်းအမှုသည် မည်သည့် ရလဒ်ကို စွမ်းဆောင်ရရှိပြီးဖြစ်သနည်း။ ယင်းကို သင်တို့ အကျဉ်းချုပ်ပြီးပြီလော။ ရလဒ်မှာ ပပြောပလောက်သည့်အရာ ဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ်ပါက သင်တို့သည် ကြီးကျယ်ခမ်းနားသော ဝေါဟာရဖြင့် ယင်းကို ပြောဆိုနှင့်ပြီး ဖြစ်မည် မဟုတ်လော။ ဘုရားသခင်က သင်တို့ကို မည်သည့်အရာ စွမ်းဆောင်ရရှိစေသနည်း။ သင်တို့ထံ ပြောဆိုပြီး ဖြစ်သည့် နှုတ်ကပတ်တော်များထဲမှ၊ မည်မျှသည် အကျိုးဖြစ်ထွန်းလာပြီး ဖြစ်ကာ မည်မျှသည် အချည်းနှီဖြစ်လာပြီး ဖြစ်သနည်း။ ဘုရားသခင်၏ အမြင်တွင်၊ သူ၏နှုတ်ကပတ်တော်များ အနည်းငယ်သာ အကျိုးဖြစ်ထွန်းလာပြီး ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားသည် သူ၏ နှုတ်ကပတ်တော်များ၏ မူလအဓိပ္ပာယ်ကို ဖတ်ရှု၍ တစ်ကြိမ်တစ်ခါမျှ အဓိပ္ပာယ်ဖော်နိုင်ခြင်း မရှိသောကြောင့်ဖြစ်ပြီး၊ သူ လက်ခံသည့်အရာမှာ နံရံကို ပြန်ကန်ထွက်လျက်ရှိသည့် နှုတ်ကပတ်တော်များ၏ ပဲ့တင်သံများသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုကို သိရှိဖို့ နည်းလမ်းဖြစ်သလော။ မကြာမီတွင်၊ ဘုရားသခင်ထံတွင် လူသားကို လုပ်ဆောင်ခိုင်းဖို့ သာ၍ များသော အလုပ်ရှိလိမ့်မည်။ လူသားသည် ယခု သူရှိသည့် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုဖြင့် ယင်းအလုပ်ကို ပြီးမြောက်စေနိုင်မည်လော။ သွေဖည်ခြင်းမရှိပါက၊ မှားယွင်းခြင်း သို့မဟုတ်ပါက မာနထောင်လွှားခြင်း- ယင်းမှာ လူသား၏ သဘာဝ ဖြစ်ပုံရပေမည်။ ဤအရာကို နားလည်ရခက်သည်ဟု ငါ မြင်၏။ ဘုရားသခင်သည် အလွန်များစွာ ပြောဆိုပြီးဖြစ်သော်လည်း၊ လူသားသည် ယင်းထဲမှ မည်သည့်အရာကိုမျှ အဘယ်ကြောင့် နှလုံးမသွင်းသနည်း။ ဘုရားသခင်သည် လူသားနှင့် ပတ်သက်၍ ဟာသလုပ်နေပြီး မည်သည့် ရလဒ်မျှ မရှာဖွေခြင်း ဖြစ်နိုင်မည်လော။ သို့မဟုတ် “ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်း” ဟုခေါ်သည့် ပြဇာတ်တစ်ခုကို လူသားအား တင်ဆက်စေခြင်းလော။ လူသားအား တစ်ခဏကြာ ပျော်ရွှင်စေရင်း၊ နောက်တစ်ခဏတွင် ငိုစေရင်း- ထို့နောက် လူသားသည် ပရိသတ်မမြင်ရသည့်အခါ၊ သူသည် စိတ်တိုင်းကျနေခွင့်ပေးခြင်း ခံရလေသလော။ ဤအရာ၏ ရလဒ်သည် မည်သည့်အရာ ဖြစ်မည်နည်း။ “လူသားအပေါ် ငါပြုသော သတ်မှတ်ချက်များသည် အဘယ့်ကြောင့် အမြဲ အချည်းနှီးဖြစ်လာရသနည်း။ ငါသည် ခွေးတစ်ကောင်ကို သစ်ပင်တစ်ပင်ပေါ် တက်ဖို့ရန် တောင်းဆိုနေ၍များ ဖြစ်နိုင်မည်လော။ ငါသည် ဘာမျှမဟုတ်သည့် အရာကို ရေးကြီးခွင်ကျယ် လုပ်နေခြင်းဖြစ်သလော။” ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးသည် လူသား၏ တကယ့်အခြေအနေကို ရည်ရွယ်လေသည်။ မည်သူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အတွင်း အသက်ရှင်သည်ကို တွေ့မြင်ဖို့ လူအားလုံး၏ အတွင်းသို့ ကြည်ရှုရန်မှာ အကျိုးမယုတ်နိုင်ပေ။ “ယခုတွင်ပင်၊ နယ်မြေ၏ အများအပြားသည် ဆက်၍ပြောင်းလဲလေသည်။ အကယ်၍ တစ်နေ့နေ့တွင် နယ်မြေသည် အခြားသောပုံစံအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားပါက၊ ငါသည် ယင်းကို မဆိုင်းမတွ ဘေးဖယ်ထားလိုက်မည် ဖြစ်သည်- ဤသည်မှာ လတ်တလော အဆင့်ထဲက ငါ၏ အမှု အတိအကျ ဖြစ်သည် မဟုတ်လော။” ဧကန်အမှန် ယခုတွင်ပင် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်နေ၏၊ သို့ရာတွင် အရာရာသည် လုပ်ငန်းစဉ်တစ်ရပ် ရှိရမည်ဖြစ်သောကြောင့်၊ ဘုရားသခင်က “ယင်းကို မဆိုင်းမတွ ဘေးဖယ်ထားလိုက်မည်” ဆိုသည့်အရာနှင့်ပတ်သက်၍ ပြောဆိုသည့်အရာမှာ အနာဂတ်ကို ရည်ညွှန်း၏။ ဘုရားသခင်၏ လတ်တလော အမှုသည် ဤအရာဘက်သို့ ယိမ်းပေသည်- ဤသည်မှာ သင်တို့အဖို့ ရှင်းလင်းပါသလော။ လူသား၏ရည်ရွယ်ချက်များတွင် အပြစ်အနာအဆာများ ရှိပြီး၊ မသန့်ရှင်းသောဝိညာဉ်များသည် ဝင်ရောက်ရန် ဤအခွင့်အရေးကို မလွှတ်တမ်း အသုံးချကြလေသည်။ ဤအချိန်တွင် “နယ်မြေသည် အခြားသော ပုံစံအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွား” သည်။ ထိုအခါ တိုးတက်သည့် ကမ္ဘာမြေပေါ်တွင် အခြားသော အရာများ ရှိလိမ့်မည်ဖြစ်သည့်အတွက်၊ လူတို့သည် ၎င်းတို့၏ အနှစ်သာရထဲက အပြောင်းအလဲတစ်ခု မဟုတ်သော်လည်း၊ အရည်အသွေးဆိုင်ရာ အပြောင်းအလဲကို ကြုံကြရပြီး ဖြစ်လိမ့်မည်။ တစ်နည်းအားဖြင့် မူလကမ္ဘာသည် နိမ့်ကျသော်လည်း၊ ယင်း၏ တိုးတက်မှုနောက်တွင်၊ အသုံးပြုခံရနိုင်ပေသည်။ သို့ရာတွင် ယင်းသည် ကာလတစ်ခုကြာ အသုံးပြုခံရကာ အသုံးပြုမခံရတော့သည့်နောက်တွင်၊ ယင်းသည် မူလ သွင်ပြင်သို့ တဖြည်းဖြည်း ဒုံးရင်းအတိုင်း ပြန်ဆိုက်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏အမှုထဲက နောက်တဆင့်၏ အကျဉ်းချုပ်ဖြစ်၏။ ယင်းမှာ အရာခပ်သိမ်းအတွက် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရမည့် အချိန် ဖြစ်လိမ့်မည်ဖြစ်သောကြောင့်၊ အနာဂတ်အမှုသည် သာ၍ ရှုပ်ထွေးလိမ့်မည်။ တွေ့ဆုံရမည့်နေရာတွင်၊ အမှုအရာများ အဆုံးသတ်လာချိန်တွင်၊ မလွဲမသွေ ပရမ်းပတာ အခြေအနေ ရှိလိမ့်မည်ဖြစ်ပြီး၊ လူသားသည် အားကောင်းသော ခံယူချက် မရှိဘဲ ဖြစ်လိမ့်မည်။ ယင်းမှာ ဘုရားသခင်က၊ “လူသားများသည် တီးခတ်လျက် ရှိသည့် မည်သည့်သံစဉ်ကိုမဆို လိုက်ဆိုသည့် ဖျော်ဖြေသူများသာ ဖြစ်သည်” ဟူ၍ ပြောခဲ့သည့်အတိုင်းသာ ဖြစ်၏။ လူသားတို့သည် တီးခတ်လျက် ရှိသည့် မည်သည့်သံစဉ်ကိုမဆို လိုက်ဆိုဖို့ အစွမ်းအစရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ အမှုထဲက နောက်တစ်ဆင့်ကို ယူဆောင်ဖို့ ၎င်းတို့ထဲတွင် ဤတကယ့်ချွတ်ယွင်းချက်ကို အသုံးချသည်၊ ထိုသို့ဖြင့် လူသားအားလုံးကို ဤချွတ်ယွင်းချက်အား ကုစားနိုင်စေလေသည်။ လူသားများသည် တံတိုင်း ထိပ်ဖျားတွင် ပေါက်နေသည့် မြက်ပင်ကဲ့သို့ ဖြစ်လာကြသည်မှာ ၎င်းတို့၌ စစ်မှန်သောဝိညာဉ်ရင့်ကျက်မှု မရှိကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု အမှန်တကယ် ရရှိခဲ့ပါက၊ ၎င်းတို့သည် ကောင်းကင်ကို ထိသည့် မြင့်မားသောသစ်ပင်များ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါင်းတို့က ၎င်းတို့၏ “ဘိုးဘေးများ”ကို အမှန်တကယ် သိရှိနိုင်ကြဖို့အလို့ငှာ၊ ဤလူတို့အား နတ်ဆိုးများ၏ ဒုစရိုက်များကို လုံးဝ ရိပ်စားမိနိုင်စေရင်း၊ လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းကို စုံလင်စေရန် ဝိညာဉ်ဆိုးများ၏ အလုပ် တစ်စိတ်တစ်ပိုင်းကို အသုံးပြုဖို့ ဘုရားသခင် ရည်ရွယ်၏။ ဤနည်းဖြင့်သာ လူသားများသည် နတ်ဆိုးတို့၏ နောင်လာနောက်သားတို့ကိုသာမက၊ နတ်ဆိုးတို့၏ ဘိုးဘေးများကိုပင် စွန့်ပစ်ရင်း၊ လုံးဝ ရုန်းထွက်လွတ်မြောက် နိုင်ကြပေသည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါင်းတို့က အဆင်းနီသောနဂါးကြီး၏ စစ်မှန်သော ပုံသဏ္ဌာန်ကို သိကြဖို့အလို့ငှာ၊ ၎င်း၏ မျက်နှာဖုံးကို အပြည့်အဝ ဆွဲချွတ်ဖို့ရန်နှင့် ၎င်း၏စစ်မှန်သော ပုံသဏ္ဌာန်ကို မြင်စေရန်အလို့ငှာ၊ အဆင်းနီသောနဂါးကြီးကို လုံးဝ အနိုင်ယူရာတွင် ဘုရားသခင်၏ စစ်မှန်သော ရည်ရွယ်ချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် စွမ်းဆောင်ရရှိလိုသည့်အရာဖြစ်သည်၊ ယင်းသည် ကမ္ဘာမြေပေါ် သူ လုပ်ဆောင်ပြီးသမျှ အမှုအားလုံး၏ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်ဖြစ်ပြီး၊ ယင်းမှာ လူသားမျိုးနွယ်အပေါင်းတို့၌ ပြီးမြောက်ဖို့ သူ ရည်မှန်းသည့်အရာ ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ရည်ရွယ်ချက်အား အသုံးတော်ခံရန် အရာခပ်သိမ်းကို ဆော်ဩစည်းရုံးခြင်းအဖြစ် သိရပေသည်။

အနာဂတ်အမှုအတွက်မူ၊ ယင်းကို မည်သို့ လုပ်ဆောင်လိမ့်မည် ဆိုသည်နှင့်ပတ်သက်၍ သင်တို့ ရှင်းလင်းပါသလော။ ဤအရာများကို နားလည်ထားရမည်။ ဥပမာအားဖြင့်- ဘုရားသခင်က လူသားတို့သည် ၎င်းတို့ လုပ်ဆောင်နေသင့်သည့်အရာကို အဘယ်ကြောင့် ၎င်းတို့ လုံးဝ အာရုံမစိုက်ကြဟု အဘယ်ကြောင့်ပြောသနည်း။ ၎င်းတို့ကို သူတာဝန်ပေးပြီး ဖြစ်သည့် အိမ်စာကို မပြီးစီးနိုင်ကြသည့် လူများစွာရှိသည်ဟု သူ အဘယ်ကြောင့် ပြောသနည်း။ ဤအရာတို့ကို မည်သို့ စွမ်းဆောင်ရရှိနိုင်မည်နည်း။ ဤမေးခွန်းများကို သင်တို့ စဉ်းစားဖူးပါသလော။ ဤအရာတို့သည် သင်တို့အတွက် မိတ်သဟာယ၏ အကြောင်းအရာများ ဖြစ်လာပြီလော။ အမှု၏ဤအဆင့်တွင် လူသားအား ဘုရားသခင်၏ လက်ရှိရည်ရွယ်ချက်များကို နားလည်စေရမည်ဖြစ်သည်။ ဤအရာကို စွမ်းဆောင်ရရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ အခြားအရာများကို ဆွေးနွေးနိုင်ပေသည်- ဤသည်မှာ အမှုအရာများကို လုပ်ဖို့ ကောင်းမွန်သည့် နည်းလမ်းတစ်ခု မဟုတ်လော။ လူသား၌ ဘုရားသခင် စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည့်အရာကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ လိုအပ်သည် သို့မဟုတ်ပါက အားလုံး အချည်းနှီးဖြစ်မည်ဖြစ်ပြီး၊ လူသားသည် ယင်းကို စွမ်းဆောင်ရရှိဖို့ မဆိုထားနှင့် ယင်းအထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်သကဲ့သို့၊ အားလုံးသည် အနှစ်မဲ့စကား ဖြစ်ပေမည်။ ယနေ့ ဘုရားသခင် ပြောပြီးသည့်အရာအတွက်မူ- ယင်းကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင် ရှာတွေ့ပြီးပြီလော။ လူအားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု ခံစားချက်တစ်ခု ရှိကြသည်။ ၎င်းတို့သည် ယင်းတို့ကို အပြည့်အဝ နားမလည်နိုင်ကြပေ၊ သို့သော် ဘုရားသခင်အား ပြစ်မှားစော်ကားမည်ကိုလည်း ကြောက်ရွံ့ကြ၏။ ယခုထက်ထိ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ နည်းလမ်းမည်မျှ တွေ့ရှိရပြီးပြီနည်း။ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့ စားသောက်ရမည်ကို မသိကြပေ။ ဤအရာကို မည်သို့ဖြေရှင်းနိုင်မည်နည်း။ ယနေ့ နှုတ်ကပတ်တော်များအတွင်းတွင် စားသောက်ဖို့ နည်းလမ်းတစ်ခုကို သင် ရှာတွေ့ခဲ့ပါသလော။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်သည် ပူးပေါင်းလုပ်ဆောင်ဖို့ ယခု မည်သို့ ကြိုးစားနေပါသနည်း။ သင်တို့အားလုံး နှုတ်ကပတ်တော်များကို စားသောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းတို့နှင့်ပတ်သက်သည့် သင်တို့၏ ပြန်ပြောင်းဆင်ခြင် သုံးသပ်ချက်တို့ကို မည်သည့် နည်းလမ်းမှတစ်ဆင့် သင်တို့ ဆွေးနွေးမည်နည်း။ ဤသည်မှာ လူသားက လုပ်ဆောင်သင့်သည့် အရာ ဖြစ်သည်မဟုတ်လော။ အတည်ပြုပြီးသား ရောဂါတစ်ခုအတွက် သင့်တော်သည့် ဆေးကို မည်သို့ ညွှန်ကြားပါသနည်း။ သင်တို့သည် မိန့်မြွက်ချက်တစ်ခုကို တိုက်ရိုက် ထုတ်ပြန်ဖို့ ဘုရားသခင်ကို လိုအပ်သေးသလော။ ဤသည်မှာ လိုအပ်ပါသလော။ အထက်တွင်ဆိုခဲ့ပြီးသော ပြဿနာများကို မည်သို့ လုံးဝ အမြစ်ဖြတ်နိုင်သနည်း။ ဤသည်မှာ သင်တို့၏ လက်တွေ့ကျသော လုပ်ရပ်များတွင် သန့်ရှင်းသောဝိညာဉ်တော်နှင့်အတူ သင်တို့ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း ရှိ မရှိ ဆိုသည့်အပေါ် မူတည်ပေသည်။ သင့်တော်သော ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကြီးမားသောအမှုကို ပြုလိမ့်မည်။ သင့်တော်သော ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ၊ ယင်းအစား မရှင်းလင်းမှုသာရှိပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏ တန်ခိုးကို ထုတ်လွှတ်မည့် အနေအထားတွင် ရှိလိမ့်မည်မဟုတ်။ “သင်သည် မိမိကိုယ်ကိုယ် သိရှိပြီး သင်၏ရန်သူကိုသိပါက၊ အောင်မြင်ခြင်းသည် အမြဲ သင့်အတွက်ဖြစ်လိမ့်မည်။” ဤစကားများကို ပထမဦးစွာ မည်သူပဲ ပြောခဲ့ပါစေ၊ ယင်းတို့ကို သင်တို့ကျင့်သုံးဖို့ အသင့်တော်ဆုံးဖြစ်ပေ၏။ တိုတိုပြောရလျှင် သင်တို့သည် သင်တို့၏ရန်သူများကို မသိမီ သင်တို့ကိုယ်သင်တို့ သိရမည်ဖြစ်ပြီး၊ နှစ်ခုလုံးကို သင် လုပ်ဆောင် ပြီးသည့်နောက်တွင် တိုက်ပွဲတိုင်းကို သင်တို့ နိုင်လိမ့်မည်။ ဤသည်တို့မှာ သင်တို့ လုပ်ဆောင်နိုင်သင့်သည့် အရာအားလုံး ဖြစ်သည်။ ဘုရားသခင်က သင့်အပေါ် မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ယင်းအပေါ် အစွမ်းကုန် သင် အလုပ်လုပ်ရန်သာ လိုအပ်ပြီး၊ သင်သည် အဆုံး၌ ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်လိမ့်မည်ဖြစ်ပြီး သူ့အား သင်၏ အဆုံးစွန် ဆည်းကပ်မှုကို ပေးနိုင်လိမ့်မည်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် သူ၏ ပလ္လင်ထက်တွင် ထိုင်နေရင်း သူ၏ကျေနပ်နှစ်သက်သော အပြုံးကို သင် မြင်နိုင်သရွေ့၊ ဤအခိုက်အတန့်သည် သတ်မှတ်ထားသည့် သင်၏ သေဆုံးခြင်းအချိန်ဖြစ်လျှင်ပင်၊ သင်၏မျက်လုံးများပိတ်စဉ် သင်သည် ရယ်ကာ ပြုံးနိုင်သင့်ပေသည်။ ကမ္ဘာမြေကြီးပေါ်ရှိ သင်၏ အချိန်ကာလ အတောအတွင်းတွင်၊ သင်သည် ဘုရားသခင်အတွက် သင်၏နောက်ဆုံး တာဝန်ကို လုပ်ဆောင်ရမည်။ အတိတ်တွင် ပေတရုသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရသည်။ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသတ္တဝါတစ်ဦးသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့ကြောင့် သူ ဆန္ဒရှိသည်အတိုင်း သင့်ကို နေရာချဖို့ရန်အတွက်၊ သင်သည် အချိန်ဆွဲမနေဘဲ သင့်ကိုယ်သင် ဘုရားသခင်ထံ မြန်မြန် ပေးအပ်သင့်သည်။ ယင်းက ဘုရားသခင်အား ပျော်ရွှင်စေပြီး ကျေနပ်စေသရွေ့၊ သင်နှင့်ပတ်သက်၍ သူ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ပါလေ့စေ။ လူသားများသည် စောဒကတက်သည့် စကားများ ပြောဆိုရန် မည်သည့်အခွင့်ရှိသနည်း။

အရှေ့သို့- အခန်း ၄၀

နောက်တစ်ခုသို့- အခန်း ၄၂

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။