အခန်း ၄၀

ဘုရားသခင်အဖို့၊ လူသားသည် သူ၏လက်တွင်းမှ ကစားစရာတစ်ခုကဲ့သို့၊ သူ၏လက်များထဲက လက်ဖြင့် ဆွဲဆန့်ထားသော ခေါက်ဆွဲတစ်ခု- ဘုရားသခင် ဆန္ဒရှိသည့်အတိုင်း အထူ သို့မဟုတ် အပါး ပြုလုပ်နိုင်သည့်၊ သူ စိတ်ကြိုက် ပြုလုပ်နိုင်သည့်အရာတစ်ခုကဲ့သို့ ဖြစ်သည်။ လူသားသည် အမျိုးသမီးတစ်ဦးက စျေးမှဝယ်ယူပြီးသော ပါရှန်ကြောင်တစ်ကောင်ကဲ့သို့ ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခု အမှန်တကယ်ပင် ဖြစ်သည်ဟု ဆို၍ရသည်။ သူသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခု ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိပေ- ထို့ကြောင့် ပေတရု၏ အသိနှင့်ပတ်သက်၍ မှားသည့်အရာ မည်သည့်အရာမျှ မရှိခဲ့ပေ။ ဤအရာမှ၊ လူသား၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ရပ်များသည် အခက်အခဲ မရှိခြင်းနှင့် သာယာမှုဖြင့် ပြီးမြောက်သည်ကို မြင်နိုင်သည်။ သူသည် လူတို့ စိတ်ကူးသကဲ့သို့ ဦးနှောက်ခြောက်အောင် စဉ်းစားခြင်း သို့မဟုတ် အစီအစဉ်များ ပြုလုပ်ခြင်း မရှိပေ။ လူသား၌ သူ လုပ်ဆောင်သော အမှုသည် လူသားထံ သူ မိန့်မြွက်သော စကားများကဲ့သို့၊ အလွန် သာမန် ဖြစ်သည်။ ဘုရားသခင် စကားပြောသောအခါ၊ သူသည် မရည်ရွယ်ဘဲ ပြောသည်ဟု ထင်ရသည်၊ သူသည် အကန့်အသတ်မရှိ သူ၏ စိတ်ထဲ၌ ပေါ်လာသည့်အရာ မည်သည့်အရာကိုမဆို ပြောလေသည်။ သို့သော်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ လူတို့သည် လုံးဝ လက်ခံယုံကြည်ကြသည်၊ ၎င်းတို့သည် စကားများ ပျောက်ဆုံးကာ မျက်လုံးပြူးမျက်ဆံပြူးဖြစ်ပြီး၊ အလွန်အံ့အားသင့်သွားကြသည်။ ဤနေရာတွင် မည်သည့်အရာ ဖြစ်နေသနည်း။ ဘုရားသခင်၏ ဉာဏ်ပညာ မည်မျှ ကြီးမားသည်ကိုသာ ဤအရာက ကောင်းစွာ ပြသသည်။ အကယ်၍ လူတို့ စိတ်ကူးသကဲ့သို့၊ လူသား၌ ဘုရားသခင်၏အမှုသည် တိကျကာ မှန်ကန်ဖို့ရန် စေ့စေ့စပ်စပ် စီစဉ်ထားခြင်း ဖြစ်ခဲ့မည်ဆိုပါက- ဤ စိတ်ကူးစိတ်သန်းများကို နောက်တစ်ဆင့်သို့ ခေါ်ဆောင်သွားမည်ဆိုပါက- ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့သြဖွယ်ဖြစ်ခြင်းနှင့် နားလည်၍မရနိုင်ခြင်းတို့ကို တိုင်းတာနိုင်မည် ဖြစ်သည်၊ ယင်းက ဘုရားသခင်နှင့်သက်ဆိုင်သည့် လူတို့၏ တန်ဖိုးထားခြင်းသည် အလွန်နိမ့်ကျသည်ကို ပြသပေသည်။ လူတို့၏ လုပ်ရပ်များ၌ မိုက်မဲမှု အစဉ် ရှိသောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အလားတူနည်းလမ်းဖြင့် တိုင်းတာကြသည်။ ဘုရားသခင်သည် သူ၏အမှုအတွက် အစီအစဉ်များ သို့မဟုတ် အစီအမံများကို မပြုလုပ်ပေ။ ယင်းအစား၊ ယင်းကို ဘုရားသခင်၏ဝိညာဉ်တော်က တိုက်ရိုက် ဆောင်ရွက်ပေသည်- ထို့အပြင် ဘုရားသခင်၏ဝိညာဉ်တော် အမှုပြုသော အခြေခံသဘောတရားများမှာ လွတ်လပ်ပြီး တားမရပေ။ ယင်းမှာ ဘုရားသခင်သည် လူသား၏ အခြေအနေများကို အလေးဂရုမပြုသကဲ့သို့၊ သူ သဘောရှိ စကားပြောသည့်အလား ဖြစ်သည်- သို့သော် လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မိမိကိုယ်ကိုယ် မခွာနိုင်သေးပေ၊ ယင်းသည် ဘုရားသခင်၏ ဉာဏ်ပညာကြောင့် ဖြစ်သည်။ နောက်ဆုံးတွင်တော့၊ အမှန်တရားများသည် အမှန်တရားများ ဖြစ်သည်။ လူအားလုံး၌ ဘုရားသခင်၏ ဝိညာဉ်တော်၏ အမှုမှာ အလွန်ထင်သာမြင်သာရှိသောကြောင့်၊ ဤသည်မှာ ဘုရားသခင်၏ အမှု၏ အခြေခံသဘောတရားများကို ပြသရန်လုံလောက်၏။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံသတ္တဝါများ၌ သူ၏အမှုတွင် ထိုသို့သော ကြီးမားသည့် အဖိုးအခတစ်ခုကို ပေးခဲ့ရမည်ဆိုပါက၊ ယင်းသည် ကောင်းသောသစ်ကို အရေးမပါသော နေရာ၌ အသုံးပြုသည့် ကိစ္စ ဖြစ်မည် မဟုတ်လော။ ဘုရားသခင်သည် လူကိုယ်တိုင် ဆောင်ရွက်ရမည်လော။ ယင်းသည် ထိုက်တန်မည်လော။ ဘုရားသခင်၏ ဝိညာဉ်သည် အချိန်ကြာမြင့်စွာ အလုပ်လုပ်နေပြီး ဖြစ်သော်လည်း ခေတ်ကာလများတစ်လျှောက်တွင် ဘုရားသခင်၏ ဝိညာဉ်သည် ဤနည်းဖြင့် မည်သည့်အခါမျှ အလုပ်မလုပ်ဖူးသောကြောင့်၊ ဘုရားသခင် အမှုပြုသော နည်းလမ်းများနှင့် အခြေခံသဘောတရားများကို မည်သူမျှ မသိရှိဖူးပေ၊ ၎င်းတို့သည် မည်သည့်အခါမျှ မရှင်းလင်းဖူးကြချေ။ ယနေ့တွင် ဘုရားသခင်၏ဝိညာဉ်သည် ကိုယ်တိုင်ကိုယ်ကျ ၎င်းတို့ကို ထုတ်ဖော်ပြပြီး ဖြစ်သည့်အတွက် ၎င်းတို့ ရှင်းလင်းကြသည်- ထို့အပြင် ဤသည်မှာ သံသယဖြစ်စရာ မရှိပေ၊ ယင်းကို ဘုရားသခင်၏ ဝိညာဉ်က တိုက်ရိုက် ပြသခြင်းဖြစ်သည်၊ လူသားက ပေါင်းရုံးထားခြင်း မဟုတ်ပေ။ တတိယကောင်းကင်ဘုံသို့ ခရီးထွက်ပြီး၊ ဤသည်မှာ ဖြစ်ပျက်နေသည့်အရာ အမှန်တကယ် ဟုတ်မဟုတ်၊ ဤအမှုအားလုံးကို လုပ်ဆောင်ပြီးနောက်၊ ဘုရားသခင်၏ အားထုတ်မှုများသည် သူ့ကို ခြေကုန်လက်ပန်းကျစေရစ်ခြင်း၊ သူ၏ခါး ကိုက်ခဲစေခြင်းနှင့် သူ၏ ခြေထောက်များ နာကျင်စေခြင်း သို့မဟုတ်ပါကမစားနိုင်၊ မအိပ်နိုင်ဖြစ်စေခြင်း ရှိမရှိဆို၊ ဤနှုတ်ကပတ်တော်များအားလုံးကို ပြောဆိုရန် ကိုးကားချက် စားပေ မြောက်မြားစွာကို အကုန်အစင် ဖတ်ရှုရန် လိုခဲ့ခြင်း ရှိမရှိ၊ ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ မူကြမ်းများသည် စားပွဲအနှံ့ ပြန့်ကြဲခြင်းရှိမရှိဆိုသည်နှင့် အလွန်များစွာ ပြောဆိုပြီးနောက် သူသည် အာခြောက်သွားခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်ရမည်။ အမှန်တရားများမှာ အတိအကျ ဆန့်ကျင်ဘက် ဖြစ်သည်- အထက်က နှုတ်ကပတ်တော်များသည် ဘုရားသခင် နေထိုင်သောနေရာနှင့် တူညီသည့်အရာ မည်သည့်အရာမျှ မရှိပေ။ ဘုရားသခင်က “ငါသည် လူသားအတွက် အချိန်များစွာ သုံးစွဲပြီးဖြစ်ကာ ကြီးမားသော အဖိုးအခကို ပေးပြီးဖြစ်သည်- သို့သော် ဤအချိန်တွင်၊ မသိသည့် အကြောင်းပြချက်တစ်ခုအတွက်၊ လူတို့၏ အသိစိတ်များသည် ၎င်းတို့၏ မူလ လုပ်ငန်းဆောင်တာကို ထမ်းဆောင်နိုင်စွမ်းမရှိမြဲ ဖြစ်နေသည်။” ဟု ဆိုသည်။ လူတို့သည် ဘုရားသခင်၏ ဝမ်းနည်းခြင်းနှင့်သက်ဆိုင်သည့် အသိစိတ် တစ်ခုတစ်လေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ၎င်းတို့၏ အသိစိတ်ကို ဆန့်ကျင်ခြင်းမပြုဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအား ချဉ်းကပ်နိုင်မည်ဆိုပါက၊ ဤအရာကို ယုတ္တိတန်ပြီး အကျိုးသင့်အကြောင်းသင့် ဖြစ်သည်ဟု ယူဆရပေမည်။ တစ်ခုတည်းသော စိုးရိမ်မှုမှာ ၎င်းတို့သည် အသိစိတ်၏ မူလ လုပ်ငန်းဆောင်တာကို တာဝန်ယူရန် လိုလိုလားလား မရှိခြင်း ဖြစ်သည်။ သင် မည်သို့ ပြောမည်နည်း၊ ဤအရာ မှန်သလော။ ဤနှုတ်ကပတ်တော်များသည် သင့်ကို အထောက်အကူပြုသလော။ သင်တို့သည် အသိစိတ် မရှိသော အမှိုက် အဖြစ်ထက်၊ အသိစိတ်ရှိသောအရာ အမျိုးအစားများနှင့် သက်ဆိုင်ရန်မှာ ငါ၏ မျှော်လင့်ချက် ဖြစ်သည်။ ဤ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်၍ သင် မည်သည့်အရာ တွေးထင်သနည်း။ ဤအရာနှင့်သက်ဆိုင်၍ တစ်ဦးတစ်ယောက်သည် အသိစိတ်တစ်ခု ရှိသလော။ သင်၏ စိတ်နှလုံးထဲ၌ အပ်တစ်ချောင်း စိုက်နေခြင်းမှာ မနာကျင်သလော။ ဘုရားသခင်သည် အာရုံမခံစားနိုင်သော အလောင်းတွင် အပ်စိုက်သလော။ ဘုရားသခင်သည် အမှားပြုမိပြီလော၊ အသက်အရွယ် အိုမင်းမှုက သူ၏ အမြင်အာရုံ လျော့စေပြီလော။ ယင်းမှာ မဖြစ်နိုင်ဟု ငါ ဆိုသည်။ မည်သို့ပင်ဆိုစေ၊ ဤအရာသည် လူသား၏ အမှား ဖြစ်ရပေမည်။ အဘယ်ကြောင့် ဆေးရုံသို့ သွားပြီး မစစ်ဆေးကြည့်သနည်း။ လူသား၏ စိတ်နှလုံးနှင့်ပတ်သက်၍ ပြဿနာတစ်ခု ဧကန် ရှိသည်။ ယင်းကို “အစိတ်အပိုင်း” အသစ်များဖြင့် ပြင်ဆင်ရန် လိုအပ်သည်- သင် မည်သည့်အရာ တွေးထင်သနည်း။ ယင်းကို သင် လုပ်ဆောင်မည်လော။

ဘုရားသခင်က “၎င်းတို့၏ အကျည်းတန်သော မျက်နှာများနှင့် ထူးဆန်းသော အခြေအနေများကို ကြည့်ပြီး လူသားထံမှ နောက်တစ်ဖန် ငါ ထွက်ခွာသည်။ ထိုသို့သော အခြေအနေများအောက်တွင်၊ လူတို့သည် သဘောမပေါက်မြဲရှိနေကြပြီး၊ ငါ၏ ပြန်လာခြင်းကို စောင့်ဆိုင်းရင်း၊ ငါ ငြင်းပယ်ပြီးသောအရာများကို နောက်ထပ်တစ်ကြိမ် ပြန်ယူကြသည်။” ဟု ဆိုသည်။ ဤ “အသစ်သော နည်းပညာခေတ်” အတွင်းတွင် ဘုရားသခင်သည် အဘယ်ကြောင့် နွားထီးဆွဲသော လှည်းများအကြောင်းကို ပြောနေသေးနည်း။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် နားပူနားဆာ လုပ်ရသည်ကို နှစ်သက်သောကြောင့်လော။ ဘုရားသခင်သည် ပို၍ကောင်းသောအရာ လုပ်စရာ မည်သည့်အရာမျှ မရှိသောကြောင့် အချိန်ကို ကုန်လွန်နေစေခြင်းလော။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် အစာဝလင်စွာ သိပ်ထည့်ပြီးနောက် အချိန်ဖြုန်းနေသည့် လူသားကဲ့သို့ ဖြစ်သလော။ ဤ နှုတ်ကပတ်တော်များကို ထပ်သလဲလဲ ရွတ်ဆိုရာ၌ အသုံးဝင်မှု တစ်ခုတစ်လေ ရှိသလော။ လူတို့သည် ကံဆိုးသူများ ဖြစ်ကြောင်း၊ သင်တို့သည် ၎င်းတို့အား သဘောပေါက်စေရန် ၎င်းတို့ကို အမြဲ နားရွက်မှ ကိုင်ဆွဲရမည် ဖြစ်ကြောင်း ငါ ဆိုပြီးဖြစ်သည်။ ၎င်းတို့ထံ နှုတ်ကပတ်တော်များကို ယနေ့ ပြောပြီးသည့်နောက်၊ ၎င်းတို့သည် ယင်းတို့ကို မနက်ဖြန်တွင် ချက်ချင်း မေ့လျော့ကြလိမ့်မည်- ယင်းမှာ ၎င်းတို့သည် အတိတ်မေ့သောရောဂါကို ခံစားနေရသည့်အလား ဖြစ်သည်။ ထို့ကြောင့်၊ နှုတ်ကပတ်တော်အချို့ကို မပြောရသေးသည်မဟုတ်ဘဲ လူတို့သည် ထိုနှုတ်ကပတ်တော်များကို သက်ရောက်စေခြင်း မရှိကြသေးခြင်းသာ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ခုကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ပြောထားပါက၊ လူတို့သည် မသိနားမလည် ရှိကြမြဲ ဖြစ်သည်- ယင်းကို သုံးကြိမ် ပြောရမည်ဖြစ်သည်၊ ဤသည်မှာ အနည်းဆုံး အကြိမ်အရေအတွက် ဖြစ်သည်။ ဆယ်ကြိမ်မှ အကြိမ်နှစ်ဆယ်အထိ ပြောရမည့် “သက်ကြီးရွယ်အို” အချို့ပင် ရှိသည်။ ဤနည်းဖြင့်၊ လူတို့ ပြောင်းလဲပြီးခြင်း ရှိမရှိ ကြည့်ရန် တစ်ခုတည်းသောအရာကို မတူညီသောနည်းလမ်းများဖြင့် ထပ်ခါတလဲလဲ ပြောထားပေသည်။ သင်တို့သည် ဤနည်းဖြင့် အမှန်တကယ် အလုပ်လုပ်ပြီးပြီလော။ ငါသည် လူတို့ကို စီးစီးပိုးပိုး မပြောလိုသော်လည်း၊ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို လှည့်စားနေကြ၏။ ၎င်းတို့အားလုံးသည် အာဟာရ ဖြည့်ဆေးများကို ပိုမို သောက်သုံးရန် သိကြသော်လည်း ဘုရားသခင်ကြောင့် စိုးရိမ်ပူပန်ခြင်း မရှိကြပေ- ဤသည်မှာ ဘုရားသခင်ကို အစေခံခြင်းလော။ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်းလော။ ၎င်းတို့သည် ကမ္ဘာလောကထဲတွင် သောက မရှိဘဲ တစ်နေလုံး အချိန်ကုန်ဆုံးသည်မှာ၊ အလုပ်မရှိသကဲ့သို့ ငြိမ်နေကြသည်မှာ မထူးဆန်းပေ။ သို့သော်ငြား ထိုသို့ဖြစ်လျက်ပင်၊ လူအချို့တို့သည် မကျေနပ်ကြသေးသကဲ့သို့၊ ၎င်းတို့၏ ကိုယ်ပိုင် ဝမ်းနည်းခြင်းကို ဖန်တီးကြသည်။ ငါသည် အနည်းငယ် ကြမ်းတမ်းကောင်းကြမ်းတမ်းနိုင်သည်၊ သို့သော် ဤသည်မှာ မိမိကိုယ်ကိုယ် စိတ်ကူးယဉ်ဆန်လွန်းခြင်းဟု သိကြသည့်အရာဖြစ်သည်။ သင့်ကို ဝမ်းနည်းစေသူမှာ ဘုရားသခင်လော။ ဤသည်မှာ မိမိကိုယ်ကိုယ်အပေါ် သင် ဒုက္ခဆင်းရဲရောက်စေခြင်း ကိစ္စ မဟုတ်လော။ ဘုရားသခင်၏ ကျေးဇူးတော်များထဲမှ မည်သည့်အရာမျှသည် သင်၏ ပျော်ရွှင်ခြင်း အရင်းအမြစ်ဖြစ်ရန် အရည်အချင်း မပြည့်မီသလော။ တစ်လျှောက်လုံးတွင်၊ သင်သည် ဘုရားသခင်၏ အလိုကို အလေးမထားသကဲ့သို့၊ သင်သည် အပျက်သဘောဆောင်ပြီးဖြစ်သည်၊ ချူချာကာ စိတ်သောကရောက်ပြီး ဖြစ်သည်- ဤကဲ့သို့ အဘယ်ကြောင့် ဖြစ်ရသနည်း။ သင့်ကို ဇာတိပကတိ၌အသက်ရှင်စေရန်မှာ ဘုရားသခင်၏ အလိုလော။ သင်သည် ဘုရားသခင်၏ အလိုကို မသိနားမလည်ပေ၊ သင်၏ စိတ်နှလုံးအတွင်းတွင် စိတ်ပူပန်သည်၊ သင်သည် ညည်းတွားပြီး စောဒကတက်ကာ၊ တစ်နေ့လုံး မှိုင်တွေငေးငိုက်လျက် အချိန်ကုန်ဆုံးပြီး၊ သင်၏ ဇာတိပကတိသည် နာကျင်မှုနှင့် ညှဉ်းဆဲမှုကို ခံစားရသည်- ယင်းမှာ သင်ထိုက်တန်သောအရာ ဖြစ်သတည်း။ အခြားသူများကို ပြစ်တင်ဆုံးမခြင်းအလယ်၌ ဘုရားသခင်အား ချီးမွမ်းရန်၊ ပြစ်တင်ဆုံးမခြင်းမှ လွတ်လာကြပြီး ယင်း၏ ဘောင်ခတ်ခြင်းကို မခံရန် သင် တောင်းဆိုသည်- သို့သော် သင်သည် ထိုပြစ်တင်ဆုံးမခြင်းထဲသို့ ကျရောက်ပြီးဖြစ်ကာ မလွတ်မြောက်နိုင်ပေ။ ဤ ဒွန်ခန်ရူအီ (Dong Cunrui)ပုံ ပေါက်သော “မိမိကိုယ်ကို အနစ်နာခံသော စိတ်ဓာတ်”ကို အတုခိုးရန် နှစ်ပေါင်းများစွာ ကြာမြင့်လေသည်။ သင်သည် နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဟောကြားသောအခါ၊ သင် မရှက်သလော။ သင်သည် မိမိကိုယ်ကိုယ် သိသလော။ သင်သည် မိမိကိုယ်ကိုယ် မေ့ထားလိုက်ပြီလော။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သလော။ သင်၏ တက်လမ်းများနှင့် ကံကြမ္မာကို မေ့ထားပြီးပြီလော။ လူများသည် အံ့အားသင့်ဖွယ်ဖြစ်ပြီး နာမလည်နိုင်စရာများဖြစ်သည်ဟု ဘုရားသခင် ပြောသည်မှာ မထူးဆန်းပေ။ လူသားအတွင်း၌ မတူးဖော်ရသေးသော “ရတနာ” အလွန်များလှစွာ ရှိသည်ဟု မည်သူ တွေးဖူးမည်နည်း။ ယနေ့တွင်၊ ထိုအရာနှင့်သက်ဆိုင်သ‌ည့် မြင်ကွင်းသည် “လူတစ်ဦး၏ မျက်လုံးများကို ပွင့်စေ” လောက်ပေသည်- လူတို့သည် အလွန် “ဆန်းကြကြသည်။” ယင်းမှာ ငါသည် မရေတွက်တတ်သော ကလေးတစ်ဦးအလားဖြစ်၏။ ယနေ့တွင်ပင် ဘုရားသခင်ကို လူမည်မျှက အမှန်တကယ် ချစ်သည်ကို ငါ သဘောမပေါက်သေးပေ။ ငါသည် အရေအတွက်ကို မည်သည့်အခါမျှ မမှတ်မိနိုင်- ထို့ကြောင့် ငါ၏ “သစ္စာမဲ့ခြင်း”ကြောင့် ဘုရားသခင် ရှေ့တွင် စာရင်းရှင်းရသောအချိန် ရောက်သောအခါ၊ ငါသည် အမြဲ လက်ချည်းဗလာ ဖြစ်ပြီး၊ ငါ ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်နိုင်စွမ်း မရှိဘဲ ငါသည် ဘုရားသခင်အပေါ် အစဉ် အကြွေးတင်ရှိလျက်နေ၏။ အကျိုးဆက်အနေဖြင့်၊ ငါ စာရင်းရှင်းသောအခါ၊ ငါသည် ဘုရားသခင်၏ အပြစ်ဖော်ဆုံးမခြင်းကို အမြဲခံရသည်။ လူတို့သည် ဤအရာကြောင့် ငါ့ကို အစဉ်အမြဲ ဆင်းရဲဒုက္ခခံစားစေလျက်၊ အဘယ်ကြောင့် အလွန်ရက်စက်ကြသည်ကို ငါမသိ။ လူတို့သည် အူနှိပ်နေရအောင် ရယ်မောရန် ဤအခွင့်အရေးကို အသုံးပြုကြသည်၊ ၎င်းတို့သည် အမှန်တကယ် ငါ၏ မိတ်ဆွေများ မဟုတ်ကြပေ။ ငါ ဒုက္ခရောက်သောအခါ၊ ၎င်းတို့သည် ငါ့ကို အကူအညီ တစ်ခုတစ်လေမျှ မပေးကြဘဲ၊ ငါ့ကို တမင်တကာ လှောင်ပြောင်ကြသည်- ၎င်းတို့သည် အမှန်တကယ် အသိစိတ် မရှိကြပါတကား။

အရှေ့သို့- အခန်း ၃၉

နောက်တစ်ခုသို့- အခန်း ၄၁

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။