နိဒါန်း

ဤဘုရားနှုတ်ကပတ်တော်အပိုင်းတွင် ၁၉၉၂ ခုနှစ်၊ ဇွန်လနှင့် ၂၀၁၀ ခုနှစ်၊ မတ်လ ၂၃ရက်ကြား ခရစ်တော်ဖော်ပြခဲ့သည့် ကဏ္ဍစုစုပေါင်း လေးခု ပါဝင်၏။ အများစုကို အသင်းတော်များကြား ခရီးနှင်စဉ် ခရစ်တော်၏ တရားဒေသနာများနှင့် မိတ်သဟာယများနှင့် သက်ဆိုင်သည့် မှတ်တမ်းများအပေါ် အခြေခံထား လေသည်။ ၎င်းတို့ကို မည်သည့်နည်းဖြင့်မျှ ပြုပြင်မွမ်းမံမထားသကဲ့သို့၊ နောက်ပိုင်းတွင် ခရစ်တော်ကလည်း ပြောင်းလဲမထားခဲ့ပါ။ ကျန်ရှိသည့် ကဏ္ဍများကို ခရစ်တော်က ကိုယ်တိုင်ကိုယ်ကျ ရေးသားထားခြင်းဖြစ်သည် (ခရစ်တော် ရေးသားသည့် အချိန်တွင်၊ စဉ်းစားဖို့ ရပ်တန့်ခြင်း၊ စာတည်းခြင်း တစ်ခုတစ်လေမျှ မရှိဘဲ တစ်ထိုင်တည်းဖြင့် ထိုသို့ရေးခဲ့ခြင်း ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များ အလုံးစုံသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်ဖြစ်သည်- ဤသည်မှာ လုံးဝ သံသယထားစရာမရှိပေ)။ ဤမိန့်မြွက်ချက် နှစ်မျိုးကို ခွဲထားခြင်းထက်၊ ၎င်းတို့ကို ဖော်ပြထားသည့် မူရင်း အစီအစဉ်ကို အသုံးပြုရင်း ၎င်းတို့ကို အတူတကွ ကျွန်ုပ်တို့ တင်ပြထားပါသည်။ ဤအရာက သူ၏ မိန့်မြွက်ချက်များ အလုံးစုံမှ၊ ဘုရားသခင်၏ အမှုတော် အဆင့်များကို ကျွန်ုပ်တို့အား မြင်တွေ့ခွင့်ပေးပြီး ဤအဆင့်အသီးသီးအတွင်း သူ မည်သို့ အမှုပြုသည်ကို နားလည်ခွင့်ပေးလေသည်၊ ယင်းသည် ဘုရားသခင်၏ အမှုတော် အဆင့်များနှင့် ဘုရားသခင်၏ ဉာဏ်ပညာတော်နှင့်ဆိုင်သော လူတို့၏ အသိပညာအဖို့ အကျိုးပြုလေသည်။

“လမ်းကြောင်း” အဖြစ် တစ်စုတစ်စည်းတည်း ရည်ညွှန်းသည့် “အသင်းတော်များတွင် ခရစ်တော် လျှောက်သွားစဉ် သူ၏ နှုတ်ကပတ်တော်များ ၁” ၏ ပထမ အခန်း ရှစ်ခန်းသည် လူသားနှင့်အတူ အဆင့်အတန်းတူညီစွာ ရပ်တည်ခဲ့စဉ် ခရစ်တော် ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များ နှင့်ဆိုင်သည့် သေးငယ်သော အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းတို့၏ ပေါ့ပြက်ပြက်နိုင်မှုက သိသာလင့်ကစား၊ ၎င်းတို့သည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ပူပန်မှုတို့ဖြင့် ပြည့်နေပေသည်။ ဤအရာမတိုင်မီတွင်၊ ဘုရားသခင်သည် လူများအား မိမိတို့၏ အသက်တာများအတွက် ထောက်ပံ့ပေးရန် ဘုရားသခင်ကို တောင်းဆိုဖို့ နေနေသာသာ၊ သူနှင့် လူသားတို့ကြား ကြီးမားသည့် အကွာအဝေးဖွင့်ပြကာ၊ ဘုရားသခင်ကို ချဉ်းကပ်ရန် ကြောက်ရွံ့စေသည့် တတိယကောင်းကင်ဘုံ၏ ရှုထောင့်မှ စကားပြောဆိုခဲ့သည်။ ထို့ကြောင့် “လမ်းကြောင်း” ထဲတွင်၊ ဘုရားသခင်သည် လူသားကို တန်းတူအလား စကားပြောဆိုခဲ့ပြီး လမ်းခရီး၏ ဦးတည်ရာကို ထောက်ပြခဲ့သည်၊ ထိုသို့ဖြင့် လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးကို ယင်း၏ နဂိုမူလ အခြေအနေသို့ ပြန်ရောက်စေခဲ့သည်။ ဘုရားသခင်က စကားပြောဆိုသည့် နည်းစနစ် တစ်ရပ်ကို အသုံးပြုနေဆဲ ရှိမရှိကို လူတို့ သံသယ မဖြစ်ကြတော့သကဲ့သို့၊ သေခြင်းနှင့်ဆိုင်သော စမ်းသပ်မှုကို ထိတ်လန့်ကြောက်ရွံ့ခြင်းအားဖြင့် ခြောက်လှန့်မခံရတော့ပေ။ ဘုရားသခင်သည် တတိယကောင်းကင်ဘုံမှ ကမ္ဘာမြေသို့ ဆင်းသက်လာခဲ့ပြီး လူတို့သည် ကန့်နှင့်ရောသော မီးအိုင်မှ ဘုရားသခင်၏ ပလ္လင်တော်ရှေ့သို့ လာခဲ့ကြလေသည်၊ ၎င်းတို့သည် “အစေခံသူများ” ၏ စိတ်တစ္ဆေခြောက်လှန့်မှုကို စွန့်ပစ်ပြီး၊ အသစ်ဖွားမြင်သော နွားငယ်လေးများအလား၊ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ ဗတ္တိဇံကို တရားဝင် လက်ခံခဲ့ကြလေသည်။ ထိုအခါတွင်မှ ဘုရားသခင်သည် ၎င်းတို့နှင့်အတူ ရင်းရင်းနှီးနှီး ဆွေးနွေးနိုင်ပြီး ၎င်းတို့ကို အသက်ဖြင့် ထောက်ပံ့ခြင်း အမှုကို သာ၍ လုပ်ဆောင်နိုင်ခဲ့သည်။ ဘုရားသခင်သည် လူတစ်ဦးအဖြစ် မိမိကိုယ်ကိုယ် နှိမ့်ချခြင်း၏ ရည်ရွယ်ချက်မှာ လူတို့နှင့် သူ့ကြားက ကွာဝေးမှုကို လျှော့ချရင်း၊ လူတို့၏ အသိအမှတ်ပြုခြင်းနှင့် ယုံကြည်စိတ်ချမှုတို့ကို ရရှိစေရင်းနှင့် အသက်ကို လိုက်စားကာ ဘုရားသခင်နောက်လိုက်ဖို့ လူတို့အထဲတွင် လက်ခံယုံကြည်ခြင်းကို လှုံ့ဆော်ပေးရင်း သူ လူတို့နှင့် သာ၍နီးစပ်ဖို့ ဖြစ်သည်။ “လမ်းကြောင်း” ၏ အခန်းရှစ်ခန်းကို လူတို့၏ စိတ်နှလုံး တံခါးများကို ဖွင့်ရာတွင် ဘုရားသခင် အသုံးပြုသည့် သော့များအဖြစ် အကျဉ်းရုံး ဖော်ပြနိုင်ပြီး ၎င်းတို့ အတူတကွသည် လူသားကို သူပေးသည့် သကြားအုပ်ထားသော ဆေးတစ်လုံး ဖြစ်သည်။ ဘုရားသခင်က ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ လူတို့သည် ဘုရားသခင်၏ အဖန်ဖန် သွန်သင်ချက်များနှင့် အပြစ်ဖော် ဆုံးမခြင်းများကို အသေအချာ အာရုံစိုက်နိုင်ကြပေသည်။ ဘုရားသခင်သည် “ယုံကြည်သူများသည် မည်သည့် ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း” နှင့် “ဘုရားသခင်၏ လုပ်ဆောင်မှု အဆင့်များအပေါ်” တို့ကို ဆက်လက် ပြောဆိုခဲ့သည်နှင့်အညီ၊ ဤအရာနောက်တွင်သာ ဘုရားသခင်သည် လက်ရှိ အမှုအဆင့်တွင် အသက် ထောက်ပံ့ပေးခြင်းနှင့် သမ္မာတရား ဖော်ပြခြင်း အမှုကို တရားဝင် စတင်ခဲ့သည်ဟု ဆိုနိုင်ပေသည်….။ ထိုသို့သော နည်းစနစ်တစ်ခုက ဘုရားသခင်၏ ဉာဏ်ပညာနှင့် သူ၏ လေးနက်သော ရည်ရွယ်ချက်များကို ပြသသည် မဟုတ်လော။ ဤသည်မှာ ခရစ်တော်၏ အသက်ထောက်ပံ့ပေးခြင်း အစ စင်စစ် ဖြစ်သည်၊ ထို့ကြောင့် သမ္မာတရားများသည် နောက်ပိုင်း ကဏ္ဍများထက် အနည်းငယ် ပို၍ပေါ့တန်လေသည်။ ဤအရာ နောက်ကွယ်ရှိ အခြေခံစည်းမျဉ်းမှာ အလွန်ရိုးရှင်း၏- ဘုရားသခင်သည် လူသားမျိုးနွယ်၏ လိုအပ်ချက်များနှင့်အညီ အမှုပြုသည်။ သူသည် ကျိုးကြောင်းမမြင်ဘဲ မပြုမူ သို့မဟုတ် မပြောဆိုပေ။ လူသားမျိုးနွယ်၏ လိုအပ်ချက်များကို ဘုရားသခင်သာ အပြည့်အဝ နားလည်ပြီး၊ လူသားအတွက် အခြားမည်သူမျှ သာ၍ ကြီးမားသည့် ချစ်ခြင်းမေတ္တာနှင့် သိနားလည်ခြင်း မရှိချေ။

“အမှုတော်နှင့် ဝင်ရောက်ခြင်း” မှ မိန့်မြွက်ချက်များ တစ်မှ တစ်ဆယ်အထိတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အသစ်သော အဆင့်တစ်ခုသို့ ဝင်ရောက်လေသည်။ အကျိုးဆက်အနေဖြင့်၊ ဤမိန့်မြွက်ချက်များကို အစတွင် ထားရှိထား၏။ နောက်ပိုင်းတွင်၊ “အသင်းတော်များတွင် ခရစ်တော် လျှောက်သွားစဉ် သူ၏ နှုတ်ကပတ်တော်များ ၂” က စတင် ဖြစ်တည်လာခဲ့သည်။ ဤအဆင့်အတွင်းတွင်၊ ဘုရားသခင်သည် လူတို့၏ ဘဝနေထိုင်မှုပုံစံများ၊ ၎င်းတို့၏ အရည်အချင်းနှင့် ဆိုင်သည့် လိုအပ်သောအရာ စသည်တို့နှင့် ပတ်သက်သည့် အသိပညာပါဝင်သော တောင်းဆိုချက်များဖြစ်သည့် သူ့နောက်လိုက်များအပေါ် ပိုမို အသေးစိတ်ကျသည့် တောင်းဆိုမှုများကို ပြုလုပ်ခဲ့သည်။ ဤလူများသည် ဘုရားသခင်နောက်လိုက်ဖို့ စိတ်ပိုင်းဖြတ်ထား ခဲ့ကြသကဲ့သို့၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့နှင့် ပတ်သက်၍ သံသယတစ်ခုတစ်လေမျှ မရှိကြတော့ သောကြောင့်၊ ဘုရားသခင်သည်လည်း ဖန်ဆင်းခြင်း အချိန်မှစ၍ ယနေ့အထိ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော အတွင်းပိုင်း သမ္မာတရားကို မိတ်သဟာယပြုရင်း၊ သမ္မာကျမ်းစာနောက်ကွယ်ရှိ သမ္မာတရားကို ထုတ်ဖော်ပြရင်း နှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပါယ် အစစ်အမှန်ကို ၎င်းတို့အား သွန်သင်ပေးရင်း၊ ၎င်းတို့ကို သူ၏မိသားစုဝင်များအဖြစ် တရားဝင် စတင်ဆက်ဆံခဲ့သည်။ ဤကဏ္ဍထဲမှ ဘုရားသခင်၏ မိန့်မြွက်ချက်များသည် လူတို့ကို ဘုရားသခင်၏ အနှစ်သာရနှင့် သူ့အမှုတော်၏ အနှစ်သာရများကို လူတို့အား ပိုမိုကောင်းမွန်သော သိနားလည်မှုတစ်ခုကို ပေးခဲ့ပြီး၊ ဘုရားသခင်၏ ကယ်တင်ခြင်းမှ ၎င်းတို့ ရရှိခဲ့သည့်အရာသည် အတိတ်ခေတ် ကာလများတစ်လျှောက် ပရောဖက်များနှင့် တမန်တော်တို့ ရရှိခဲ့သည့်အရာထက် သာလွန်သည်ကို နားလည်စေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စာကြောင်းတိုင်းမှ၊ ဘုရားသခင်၏ ဉာဏ်ပညာတစ်စက်တိုင်းအပြင် သူ၏ စေ့စပ်သေချာသော ချစ်ခြင်းမေတ္တာနှင့် လူသားအတွက် ပူပန်မှုတို့ကို သင် သတိမူမိနိုင်ပေသည်။ ထိုနှုတ်ကပတ်တော်များကို ဖော်ပြခြင်းအပြင်၊ ဘုရားသခင်သည် လူသား၏ ယခင် အယူအဆများနှင့် အတွေးမှားများ၊ ယခင်က လူတို့ လုံးဝ စိတ်မကူးခဲ့ဖူးသည့် အရာများအပြင်၊ အနာဂတ်တွင် လူတို့ လျှောက်လှမ်းရမည့် လမ်းကြောင်းတို့ကို တစ်ခုပြီးတစ်ခု လူသိရှင်ကြား ထုတ်ဖော်ပြခဲ့သည်။ ဤသည်မှာ လူသားက တွေ့ကြုံနိုင်စွမ်းရှိသည့် ကျဉ်းမြောင်းသော “ချစ်ခြင်းမေတ္တာ” အတိအကျ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ တကယ်တမ်းမူ ဘုရားသခင်သည် မည်သည့်အရာကိုမျှ ချုပ်တည်းထားခြင်းမရှိဘဲ သို့မဟုတ် အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ တောင်းဆိုခြင်း မရှိဘဲ၊ လူတို့ကို ၎င်းတို့ လိုအပ်သမျှ ပေးခဲ့ပြီးဖြစ်ကာ ၎င်းတို့ တောင်းဆိုသည့်အရာကို ပေးခဲ့ပြီး ဖြစ်သည်။

ဤကဏ္ဍမှ အထူးအခန်းအချို့သည် သမ္မာကျမ်းစာ အကြောင်းကို ပြောပြထားသည်။ သမ္မာကျမ်းစာသည် ထောင်စုနှစ်အချို့ကြာ လူ့သမိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီးဖြစ်သည်။ ထို့အပြင်၊ နောက်ဆုံးသော ကာလတွင် ကျမ်းစာက ဘုရားသခင်၏နေရာကို ယူထားလိုက်သည်အထိ လူတို့သည် ကျမ်းစာကို ဘုရားသခင်အလား သဘောထား ကြပြီး၊ ယင်းက ဘုရားသခင်ကို စက်ဆုပ်စေ၏။ ထို့ကြောင့်၊ အခွင့်သာသည့်အခါတွင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ အတွင်းပိုင်း ဇာတ်ကြောင်းနှင့် ဇာစ်မြစ်တို့ကို ရှင်းလင်းစေဖို့ တာဝန်ရှိသည်ဟု ခံစားခဲ့သည်။ ဤအရာကို သူ မလုပ်ဆောင်ပါက၊ သမ္မာကျမ်းစာသည် လူတို့၏ စိတ်နှလုံးများ ထဲတွင် ဘုရားသခင်၏နေရာကို ဆက်လက်ယူထားလိမ့်မည် ဖြစ်ပြီး လူတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အကဲဖြတ်ရန်နှင့် ရှုတ်ချရန် ကျမ်းစာ၏ ကျမ်းဟောင်းတရားများကို အသုံးပြုကြပေလိမ့်မည်။ ကျမ်းစာ၏ အနှစ်သာရ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အပြစ်အနာအဆာများကို ရှင်းပြခြင်းအားဖြင့်၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ တည်ရှိခြင်းကို လုံးဝ ငြင်းပယ်နေခြင်း မဟုတ်သကဲ့သို့၊ ရှုတ်ချနေခြင်းလည်း မဟုတ်ပေ။ ယင်းထက်၊ ကျမ်းစာကို ၎င်းတို့ မကိုးကွယ်တော့ရန်နှင့် ၎င်းတို့ လမ်းမပျောက်တော့ရန်အလို့ငှာ သမ္မာကျမ်းစာ၏ နဂိုမူလ ပုံရိပ်ကို ပြန်လည်ရရှိစေသည့်၊ သမ္မာကျမ်းစာအပေါ် လူတို့ ထားရှိသည့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းပြီး ကျမ်းစာနှင့် သက်ဆိုင်သည့် မှန်ကန်သော အမြင်ကို ၎င်းတို့အား ပေးသည့် သင့်တင့်လျောက်ပတ်သော ဖော်ပြချက်တစ်ခုကို သူက ပေးနေခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ ကျိုးကြောင်းမမြင်သော သမ္မာကျမ်းစာ၌ ယုံကြည်ခြင်းအား ဘုရားသခင်၌ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းကဲ့သို့ မမှားတော့ဖို့ရန်အလို့ငှာ၊ သမ္မာကျမ်းစာ၏ မှန်ကန်သော နောက်ခံအကြောင်းအရာနှင့် ချွတ်ယွင်းချက်များကို ရင်ဆိုင်ရန်ပင် မကြောက်ရွံ့တော့ဖို့ရန် အလို့ငှာ ဖြစ်သည်ဟု ဆိုလိုသည်။ သမ္မာကျမ်းစာနှင့် သက်ဆိုင်သော သိနားလည်မှု စစ်စစ်တစ်ခု လူတို့ ရရှိသည်နှင့်တစ်ပြိုင်နက်၊ စိတ်မလုံမလဲဖြစ်ခြင်း မရှိဘဲ ယင်းကို ၎င်းတို့ ဘေးဖယ်ထားနိုင်ပြီး ဘုရားသခင်၏ အသစ်သော နှုတ်ကပတ်တော်များကို ရဲဝံ့စွာ လက်ခံနိုင်ပေသည်။ ဤသည်မှာ ဤအခန်းများထဲက ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ ဤနေရာတွင် လူတို့ကို ဘုရားသခင် ပြောလိုသည့် သမ္မာတရားမှာ မည်သည့်အယူအဆ သို့မဟုတ် အချက်အလက်ကမျှ ဘုရားသခင်၏ ယနေ့ အမှုတော်နှင့် နှုတ်ကပတ်တော်များ၏ နေရာကို မယူနိုင်သည့် အကြောင်းနှင့် ဘုရားသခင်၏ကိုယ်စား မည်သည့်အရာမျှ မရပ်တည်နိုင်သည့်အကြောင်း ဖြစ်သည်။ သမ္မာကျမ်းစာ၏ ထောင်ချောက်မှ လူတို့ မလွတ်နိုင်ပါက၊ ဘုရားသခင်၏ ရှေ့မှောက်သို့ ၎င်းတို့ မည်သည့်အခါတွင်မျှ လာနိုင်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ရှေ့မှောက် ၎င်းတို့ လာလိုပါက၊ ဦးစွာပထမ သူ့ကို အစားထိုးနိုင်သည့် မည်သည့်အရာမဆိုကို ၎င်းတို့၏ စိတ်နှလုံးများမှ သန့်ရှင်းစေရမည်ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် ဘုရားသခင်အဖို့ ကျေနပ်စရာ ဖြစ်ပေလိမ့်မည်။ ဤနေရာတွင် ဘုရားသခင်သည် သမ္မာကျမ်းစာကိုသာ ရှင်းပြသော်လည်း၊ သမ္မာကျမ်းစာအပြင် လူတို့ အမှန်ပင် ကိုးကွယ်ကြသည့် အခြား မှားယွင်းသော အရာများစွာ ရှိသည်ကို မမေ့လေနှင့်။ ၎င်းတို့ မကိုးကွယ်သည့် တစ်ခုတည်းသော အရာများမှာ ဘုရားသခင်ထံမှ အမှန်တကယ် လာသည့်အရာများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့ လမ်းကြောင်းမှားကို မလျှောက်ဖို့ရန်နှင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပြီး သူ၏ နှုတ်ကပတ်တော်များကို လက်ခံကြစဉ်တွင် တစ်ဖန် အစွန်းရောက်ပြီး ရောထွေးမှု၏ သားကောင်ဖြစ်မသွားစေရန် သတိပေးဖို့ ဥပမာတစ်ခု အဖြစ်သာ ကျမ်းစာကို အသုံးပြုထားပေသည်။

လူသားကို ဘုရားသခင် ပေးသည့် နှုတ်ကပတ်တော်များသည် ပေါ့တန်ရာမှ လေးနက်ရာသို့ သွားလေသည်။ သူ၏ မိန့်မြွက်ချက်များနှင့်ဆိုင်သည့် အကြောင်းအရာများသည် လူတို့၏ အပြင်ပန်း အပြုအမူများနှင့် လုပ်ရပ်များမှသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအထိ ရှေ့ဆက်တိုးသွားလေသည်၊ ထိုနေရာမှ ဘုရားသခင်သည် သူ၏ဘာသာစကား လှံဖျားကို လူများ၏စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးအပိုင်းဖြစ်သည့် ၎င်းတို့၏ အနှစ်သာရဆီသို့ ချိန်ရွယ်လေသည်။ “အသင်းတော်များတွင် ခရစ်တော် လျှောက်သွားစဉ် သူ၏ နှုတ်ကပတ်တော်များ ၃” ကို ဖော်ပြသည့် ကာလအတွင်းတွင်၊ ဘုရားသခင်၏ မိန့်မြွက်ချက်များသည် “လူ၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာ” နှင့် “စစ်မှန်သောလူဆိုသည်မှာ အဘယ်နည်း”- လူတို့၏ အသက်ထဲ ဝင်ရောက်ခြင်းနှင့် စပ်လျဉ်း၍ ဤအလေးနက်ဆုံး သမ္မာတရားများနှင့် ပဓါနကျသော မေးခွန်းများကို အသားပေးလေသည်။ ဟုတ်ပေ၏၊ “အသင်းတော်များတွင် ခရစ်တော် လျှောက်သွားစဉ် သူ၏ နှုတ်ကပတ်တော်များ ၁” ထဲက လူသားကို ဘုရားသခင် ထောက်ပံ့ပေးသည့် သမ္မာတရားများကို ပြန်စဉ်းစားသည့်အခါ၊ “အသင်းတော်များတွင် ခရစ်တော် လျှောက်သွားစဉ် သူ၏ နှုတ်ကပတ်တော်များ ၃” ၏ အကြောင်းအရာသည် နှိုင်းယှဉ်ကြည့်သည့်အခါ အလွန့်အလွန် နက်နဲလေသည်။ ဤကဏ္ဍထဲက နှုတ်ကပတ်တော်များသည် လူတို့၏ အနာဂတ် လမ်းကြောင်းနှင့် ၎င်းတို့ စုံလင်အောင်ပြုခြင်းခံရနိုင်သည့် နည်းလမ်းတို့နှင့် သက်ဆိုင်ပေသည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်နှင့် လူသားနှင့်အတူ ဘုရားသခင်သည် ငြိမ်သက်ခြင်းချမ်းသာထဲ ဝင်ရောက်ခြင်း နည်းလမ်းတို့နှင့်လည်း သက်ဆိုင်ပေသည်။ (ဤအရာများသည် နားလည်ဖို့ အလွယ်ကူဆုံးဖြစ်သော ၎င်းတို့၏ အနှစ်သာရ၊ ၎င်းတို့၏ တာဝန်၊ ၎င်းတို့၏ ခရီးပန်းတိုင်တို့နှင့် စပ်လျဉ်း၍ လူတို့ကို ဘုရားသခင် ယနေ့ထိ ဖော်ပြပြီးသည့် နှုတ်ကပတ်တော်များ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။) ဤနှုတ်ကပတ်တော်များကို ဖတ်ရှုကြသည့် လူများသည် လူသား အယူအဆများနှင့် စိတ်ကူးများမှ မိမိတို့ကိုယ်ကိုယ် ခွဲခြားထားသည့်သူများ၊ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာများ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းကို အစစ်အမှန် သိနားလည်နိုင်စွမ်း ရှိကြသူများ ဖြစ်ရန်မှာ ဘုရားသခင်၏ မျှော်လင့်ချက်ဖြစ်သည်။ ထို့အပြင်၊ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုကြသူ အားလုံးသည် သူ၏ နှုတ်ကပတ်တော်များကို သမ္မာတရား၊ လမ်းခရီးနှင့် အသက်အဖြစ် ယုံကြည်နိုင်ကြဖို့နှင့် ဘုရားသခင်ကို ပေါ့ပေါ့တန်တန် ၎င်းတို့ မဆက်ဆံကြဖို့ သို့မဟုတ် သူ့ကို နားပူနားဆာ မလုပ်ကြဖို့ကိုလည်း သူ မျှော်လင့်လေသည်။ လူတို့သည် ဤနှုတ်ကပတ်တော်များကို ဘုရားသခင်အား ဆန်းစစ်ခြင်း သို့မဟုတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း သဘောထားတစ်ခုဖြင့် ဖတ်ရှုကြပါက၊ ဤမိန့်မြွက်ချက်များသည် ၎င်းတို့အဖို့ မည်သူမျှ မသိနားမလည်နိုင်သည့် အကြောင်းအရာများ ပါဝင်သည့် စာအုပ်တစ်အုပ်ကဲ့သို့ ဖြစ်လိမ့်မည်။ သမ္မာတရားကို လိုက်စားသူများ၊ ဘုရားသခင်နောက်လိုက်ဖို့ စိတ်ပိုင်းဖြတ်ထားကြသူများနှင့် သူ့အပေါ် သံသယတစ်စက်မျှ မရှိကြသူများသည်သာ ဤနှုတ်ကပတ်တော်များကို လက်ခံဖို့ အရည်အချင်း ပြည့်မီကြပေသည်။

“အသင်းတော်များတွင် ခရစ်တော် လျှောက်သွားစဉ် သူ၏ နှုတ်ကပတ်တော်များ ၄” သည် “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နောက်မှလိုက်လာသည့် ဘုရားသခင်၏ မိန့်မြွက်ချက်များအမျိုးအစား နောက်တစ်ခု ဖြစ်သည်။ ဤကဏ္ဍတွင် “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်”၊ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” ကဲ့သို့သော ခရစ်ယာန် ဂိုဏ်းဂဏများထဲက လူတို့အား ဘုရားသခင်၏ တိုက်တွန်းချက်များ၊ သွန်သင်ချက်များနှင့် ထုတ်ဖော်ပြချက်များ ပါဝင်လေသည်။ ယင်းတွင် “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့”၊ “သတိပေးချက် သုံးချက်”၊ “လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” ကဲ့သို့သော လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အတိကျဆုံးသော သတ်မှတ်ချက်များလည်း ပါဝင်လေသည်။ လူမျိုးစုံအတွက် ထုတ်ဖော်ပြချက်များနှင့် တရားစီရင်ခြင်းများ၊ ဘုရားသခင်ကို သိရှိရန် နည်းလမ်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ ကဲ့သို့သော ရှုထောင့်များစွာကို ရေးထားလေသည်။ ဤကဏ္ဍသည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၏ ဗဟိုချက် ဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သည့် ဤကဏ္ဍ၏ မေ့မရနိုင်ဆုံးသော အပိုင်းမှာ သူ၏အမှုနှင့်ပတ်သက်၍ ဘုရားသခင် ပြည်ဖုံးကားချတော့မည့်အချိန်တွင်၊ လူတို့၏ တကယ့် ရိုးတွင်းခြင်ဆီတွင် ရှိသည့်အရာဖြစ်သည့် သစ္စာဖောက်ခြင်းကို သူက ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ လူတို့အနေဖြင့် တကယ့်အဆုံးတွင် ဆက်လက်ဖော်ပြပါ အမှန်တရားကို သိရှိဖို့နှင့် ယင်းကို ၎င်းတို့ စိတ်နှလုံးများ၏ အနက်ရှိုင်းဆုံးသော နေရာများထဲတွင် မြဲမြံစွာထင်မှတ်စေကြဖို့ ဖြစ်သည်၊ သင် မည်မျှကြာ ဘုရားသခင်၏ နောက်လိုက် ဖြစ်ခဲ့သည်ဖြစ်စေ- သင်၏ သဘာဝဗီဇသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဖြစ်ဆဲရှိပေသည်။ တစ်နည်းအားဖြင့် ဆိုရလျှင်၊ လူတို့သည် ၎င်းတို့၏ အသက်တာများ ထဲတွင် အကြွင်းမဲ့ ရင့်ကျက်ခြင်းကို ရရှိနိုင်စွမ်း မရှိကြသကဲ့သို့ ၎င်းတို့၏ စိတ်သဘောထားများထဲတွင် အတော်အတန် ပြောင်းလဲမှုများသာ ရှိနိုင်သောကြောင့် လူသား၏ သဘာဝဗီဇက ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဖြစ်ပေသည်။ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)” နှင့် “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)” အခန်း နှစ်ခန်းသည် လူတို့ကို ထိုးနှက်သော်လည်း၊ ၎င်းတို့သည် လူတို့အဖို့ ဘုရားသခင်၏ သစ္စာအရှိဆုံးနှင့် အကျိုးရှိဆုံးသော သတိပေးချက်များ ဖြစ်သည်။ အနည်းဆုံးအနေနှင့်၊ လူတို့သည် မိမိဘာသာ အားရကျေနပ်ပြီး မိမိကိုယ်ကိုယ် စိတ်ကြီးဝင်သည့်အခါ၊ ဤအခန်းနှစ်ခန်းကို ဖတ်ရှုပြီးနောက်တွင်၊ ၎င်းတို့ကိုယ်တိုင်၏ အားနည်းချက်သည် ထိန်းချုပ်ခံရမည်ဖြစ်ပြီး ၎င်းတို့ ငြိမ်သက်သွားလိမ့်မည် ဖြစ်သည်။ ဤအခန်းနှစ်ခန်းမှတဆင့်၊ သင်၏အသက်တာ မည်မျှ ရင့်ကျက်ပါစေ၊ သင်၏အတွေ့အကြုံများ မည်မျှ နက်ရှိုင်းပါစေ၊ သင်၏ မိမိကိုယ်ကိုယ် ယုံကြည်မှု မည်မျှ ကြီးမားပါစေ၊ မည်သည့်နေရာတွင် သင်မွေးဖွားပြီး မည်သည့်နေရာသို့ သင်သွားနေသည်ဖြစ်စေ၊ ဘုရားသခင်ကို သစ္စာဖောက်ခြင်း နှင့်ဆိုင်သော သင်၏ သဘာဝဗီဇသည် အချိန်မရွေး၊ နေရာမရွေး မိမိကိုယ်ကိုယ် ထုတ်ဖော်ပြဖွယ် ရှိသည်ဟု လူအားလုံးကို ဘုရားသခင် သတိပေးလေသည်။ လူတစ်ဦးစီတိုင်းကို ဘုရားသခင် ပြောလိုသည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်ကို သစ္စာဖောက်ရန်မှာ လူတစ်ဦးစီတိုင်း၏ မွေးရာပါ သဘာဝဗီဇ ဖြစ်သည်ဟူ၍ ဖြစ်ပေသည်။ မှန်ပေ၏၊ ဤအခန်းနှစ်ခန်းကို ဖော်ပြရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို ပယ်ထုတ်ဖို့ သို့မဟုတ် ရှုတ်ချဖို့ အကြောင်းပြချက်များ ရှာရန်မဟုတ်ဘဲ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သူ၏ လမ်းပြမှုကို ရရှိဖို့ တစ်ချိန်လုံး သတိရှိရှိ အသက်ရှင်နိုင်ကြဖို့အလို့ငှာ လူသား သဘာဝကို လူတို့ ပိုမို သတိပြုမိစေရန်ဖြစ်သည်၊ ယင်းက ဘုရားသခင် ရှိနေမှုကို ဆုံးရှုံးခြင်းနှင့် ပြန်လမ်းမရှိသည့် လမ်းကြောင်းပေါ် ခြေချခြင်းမှ ၎င်းတို့ကို တားဆီးလိမ့်မည် ဖြစ်သည်။ ဤအခန်းနှစ်ခန်းသည် ဘုရားသခင်နောက် လိုက်ကြသူ အားလုံးအတွက် အချက်ပေး ခေါင်းလောင်းတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ လေးနက်သော ရည်ရွယ်ချက်များကို လူတို့ နားလည်ကြပေလိမ့်မည်ဟု မျှော်လင့်ရသည်။ တကယ်တမ်းမူ၊ ဤနှုတ်ကပတ်တော်များ အားလုံးသည် ငြင်း၍မရနိုင်သည့် အမှန်တရားများ ဖြစ်သည်- ထို့ကြောင့် လူသည် ဘုရားသခင်အားဖြင့် ၎င်းတို့ ထုတ်ဖော်ပြခံရမည့် အချိန်နှင့် နည်းလမ်းတို့အပေါ် စျေးဆစ်ဖို့ အဘယ် လိုအပ်သနည်း။ ဘုရားသခင်သည် ဤအရာအားလုံးကို မိမိဘာသာ ထိန်းသိမ်းထားပြီး ၎င်းတို့ကို မိန့်မြွက်ဖို့ သူ့အတွက် သင့်တော်သည်ဟု လူတို့ ယုံကြည်သော အချိန်အထိ စောင့်ဆိုင်းခဲ့ပါက၊ ယင်းသည် အလွန်နောက်ကျသွားလိမ့်မည် မဟုတ်လော။ အသင့်တော်ဆုံးသော ထိုအချိန်သည် မည်သည့်အခါ ဖြစ်လိမ့်မည်နည်း။

ဤကဏ္ဍလေးခုတွင် ဘုရားသခင်သည် နည်းလမ်းများနှင့် ရှုထောင့်ပေါင်းစုံကို အသုံးပြုလေသည်။ ဥပမာအားဖြင့် တစ်ခါတစ်ရံ သရော်မှုကို အသုံးပြုပြီး၊ တစ်ခါတစ်ရံ တိုက်ရိုက် ထောက်ပံ့ပေးခြင်းနှင့် သွန်သင်ခြင်း နည်းလမ်းကို သုံးသည်။ တစ်ခါတစ်ရံ ပုံဥပမာများကို သူသုံးပြီး တစ်ခါတစ်ရံ ပြင်းထန်သည့် ပြစ်တင်မောင်းမဲခြင်းများကို သုံးသည်။ ခြုံငုံကြည့်လျှင်၊ နည်းစနစ်မျိုးစုံ ရှိပြီး၊ ယင်း၏ ရည်မှန်းချက်မှာ လူတို့၏ အမျိုးမျိုးသော အခြေအနေများနှင့် အကြိုက်များကို ဖြည့်တင်းပေးဖို့ ဖြစ်သည်။ သူစကားပြောဆိုသည့် ရှုထောင့်သည် အမျိုးမျိုးသော နည်းလမ်းများနှင့် သူ၏ မိန့်မြွက်ချက်များ၏ အကြောင်းအရာနှင့်အတူ ပြောင်းလဲ လေသည်။ ဥပမာအားဖြင့် တစ်ခါတစ်ရံ သူက “ငါ” သို့မဟုတ် “ငါ့ကို” ဟု ပြောသည်၊ ယင်းမှာ၊ သူသည် လူတို့ကို ဘုရားသခင် ကိုယ်တော်တိုင်၏ ရှုထောင့်မှ စကားပြောခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူသည် “ဘုရားသခင်” သည် ဤသို့ ဖြစ်သည်၊ ထိုသို့ဖြစ်သည်ဟု ပြောရင်း တတိယ ပုဂ္ဂိုလ်နေရာမှ စကားပြော သကဲ့သို့၊ လူသားတစ်ဦး၏ ရှုထောင့်မှ သူ စကားပြောသည့် အခြားအချိန်များ ရှိလေသည်။ မည်သို့ သူ စကားပြောဆိုသည်ဖြစ်စေ၊ သူ ဖော်ပြသည့်အရာတိုင်းသည် သမ္မာတရားအားလုံးဖြစ်ပြီး လူသားမျိုးနွယ် လိုအပ်သည့်အရာ ဖြစ်သည့် ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရ ဖြစ်သည့်အတွက်၊ သူ မည်သည့် ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ သူ၏ အနှစ်သာရ မပြောင်းလဲပေ။

အရှေ့သို့- အခန်း ၄၆

နောက်တစ်ခုသို့- လမ်းကြောင်း ... (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။