နိဒါန်း

၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဘုရားသခင်သည် သူ၏ပထမဆုံးသော မိန့်မြွက်ချက်ကို အသင်းတော်တွင် ပြုလုပ်ခဲ့ပြီး ဤမိန့်မြွက်ချက်သည် ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ ရေစီးကြောင်းတွင် အသက်ရှင်နေကြသော လူတစ်ဦးစီတိုင်းအပေါ် သာမန်ထက် လွန်ကဲသော သက်ရောက်မှု ရှိခဲ့သည်။ ဤမိန့်မြွက်ချက်က “ဘုရားသခင်၏ ကျိန်းဝပ်တော်မူရာအရပ် ပေါ်ထွန်းပေပြီ” နှင့် “စကြဝဠာ၏ဦးသျှောင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်- သူသည် တောက်ပနေသည့်နေဖြစ်၏” တို့ကို ဖော်ပြခဲ့သည်။ ဤအလွန်အမင်း အရေးပါသည့် နှုတ်ကပတ်တော်များဖြင့် လူအပေါင်းတို့သည် နယ်ပယ်သစ်တစ်ခုထဲသို့ ခေါ်ဆောင်ခြင်း ခံခဲ့ကြရ၏။ ဤမိန့်မြွက်ချက်ကို ဖတ်ရှုသူအားလုံးသည် အမှုသစ်၊ ဘုရားသခင်စတင်တော့မည့် ကြီးမားသောအမှု၏ အရိပ်အမြွက်ကို ခံစားခဲ့ရ၏။ လူသားမျိုးနွယ်အားလုံးကို ဘုရားသခင်၏အမှုအသစ်နှင့် ခေတ်သစ်တစ်ခုထဲသို့ ခေါ်ဆောင်လာပြီး၊ ဤလူ့ဇာတိခံယူခြင်းထဲက ဘုရားသခင်၏အမှုအတွက် အခြေခံအုတ်မြစ်ချပေးခဲ့ပြီး ဇာတ်ခုံကို ပြင်ဆင်ပေးခဲ့သည်မှာ ဤလှပသည့်၊ ချိုသာငြိမ့်ညောင်းပြီး ကျစ်လစ်ပြည့်စုံသော မိန့်မြွက်ချက်ဖြစ်၏။ ဤအချိန်၌ ဘုရားသခင်ပြုသော မိန့်မြွက်ချက်သည် ခေတ်များကို ပေါင်းကူးပေးသည့် မိန့်မြွက်ချက်တစ်ခုသည်၊ ယင်းသည် ကျေးဇူးတော်ခေတ် အစကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်အား ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောဆိုခြင်းဖြစ်သည်၊ ယင်းမှာ သူသည် အနှစ်နှစ်ထောင် ကွယ်ဝှက်နေခဲ့ပြီးနောက် ပထမဆုံးအကြိမ် စကားပြောဆိုခြင်းဖြစ်သည့်အပြင်၊ ယင်းသည် နိုင်ငံတော်ခေတ်တွင် ဘုရားသခင်က ဆောင်ရွက်တော့မည့်အမှုအတွက် နိဒါန်းပျိုးခြင်းတစ်ရပ်၊ အရေးပါသော အစပြုရာအမှတ် တစ်ခုဟု ဆိုနိုင်ပေသည်။

ဘုရားသခင်က မိန့်မြွက်ချက်တစ်ရပ်ကို ပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ်တွင်၊ သူသည် တတိယလူ၏ ရှုထောင့်အမြင်တစ်ခုမှ ချီးမွမ်းခြင်းပုံစံဖြင့်၊ တစ်ချိန်က ရည်မွန်ပြီး ရိုးစင်းပေါ်လွင်သော ဘာသာစကားအပြင် လွယ်လွယ်ကူကူနှင့် အရန်သင့် ရယူ၍ရခဲ့သည့် အသက်အထောက်အပံ့ဖြင့်လည်း ထိုသို့ လုပ်ဆောင်ခဲ့သည်။ ဤအရာဖြင့် သူသည် သခင်ယေရှုပြန်အလာကို စိတ်အားထက်သန်စွာ မျှော်လင့်ရင်း သူ၏ကျေးဇူးတော်ကို မည်သို့မွေ့လျော်ရမည်ကိုသာ သိခဲ့သည့် အနည်းငယ်သော ဤလူစုကို ယူဆောင်သွား၍ ၎င်းတို့အား ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ထဲက အမှုနောက်တစ်ဆင့်ထဲသို့ တိတ်တဆိတ် ခေါ်ဆောင်လာခဲ့၏။ ဤအခြေအနေများအောက်၌ ဘုရားသခင်သည် အဆုံးတွင် မည်သည့် အမှုမျိုး လုပ်ဆောင်မည်၊ သို့မဟုတ် ရှေ့လမ်းခရီးတွင် မည်သည့်အရာက အဆင်သင့်ခင်းကျင်းထားသည်ကို လူသားမျိုးနွယ်သည် စိတ်ကူးဝံ့ဖို့ မဆိုထားနှင့် သိပင်မသင်ချေ။ ထို့နောက် ဘုရားသခင်သည် လူသားမျိုးနွယ်အား ခေတ်သစ်ထဲသို့ တစ်ဆင့်ပြီးတစ်ဆင့် ခေါ်ဆောင်ဖို့ ပိုမိုများပြားသော မိန့်မြွက်ချက်များကို ဆက်လက်ပြုလုပ်ခဲ့၏။ အံ့အားသင့်ဖွယ်ကောင်းစွာ၊ ဘုရားသခင်၏ မိန့်မြွက်ချက်တိုင်းသည် ပါဝင်သောအကြောင်းအရာတွင် ကွဲပြားသည့်အပြင်၊ ကွဲပြားသော ချီးမွမ်းခြင်းပုံစံများနှင့် ဖော်ပြချက်နည်းလမ်းများကို အသုံးပြု၏။ သဘောသွားတွင် တူညီသော်လည်း ပါဝင်သည့်အကြောင်းအရာတွင် ကွဲပြားသည့် ဤမိန့်မြွက်ချက်များသည် ဘုရားသခင်၏ ဂရုပြုစိုက်ခြင်းနှင့် ပူပန်ခြင်း ခံစားချက်တို့ဖြင့် အစဉ်ပြည့်နေပြီး၊ အသီးသီးနီးပါးသည် ကွဲပြားသော အကြောင်းအရာဖြင့် အသက်အထောက်အပံ့များအပြင် ဘုရားသခင်ထံမှ လူသားဆီသို့ သတိပေးစကားများ၊ တိုက်တွန်းမှုနှင့် နှစ်သိမ့်မှုတို့ ပါဝင်သည်။ ဤမိန့်မြွက်ချက်များတွင်၊ “တစ်ပါးတည်းသော စစ်မှန်သောဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီးဖြစ်ကာ သူသည် စကြဝဠာ၏ ဦးသျှောင် ဖြစ်ပြီး အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်၏”၊ “အောင်ပွဲခံသော ရှင်ဘုရင်သည် ဘုန်းအသရေနှင့်ပြည့်သော သူ၏ပလ္လင်ပေါ်၌ ထိုင်လေ၏”၊ “သူသည် စကြဝဠာကို သူ၏လက်ထဲ၌ ဆုပ်ကိုင်၍” စသည်ဖြင့် ဤသို့သော စာပိုဒ်များသည် ထပ်သလဲလဲ ထွက်ပေါ်၏။ ဤစာပိုဒ်များတွင် သတင်းစကားတစ်ရပ်ကို အသိပေးထား၏၊ သို့မဟုတ် ဤစာပိုဒ်များသည် လူသားမျိုးနွယ်ထံသို့ သတင်းစကားတစ်ရပ်ကို ထုတ်လွှင့်သည်ဟု ဆိုနိုင်၏- ဘုရားသခင်သည် လူ့လောကသို့ ကြွလာနှင့်ပြီးဖြစ်သည်၊ ဘုရားသခင်သည် သာ၍င် ကြီးမားသောအမှုကို စတင်မည်ဖြစ်သည်၊ ဘုရားသခင်၏နိုင်ငံတော်သည် အချို့သော လူတစ်စုအလယ် ဆင်းသက်ပြီးဖြစ်ကာ၊ ဘုရားသခင်သည် ဘုန်းအသရေရရှိနှင့်ပြီးဖြစ်ကာ သူ၏ ရန်သူ အမြောက်အမြားကို အနိုင်ယူပြီးဖြစ်သည် ဟူ၍ဖြစ်၏။ ဘုရားသခင်၏ မိန့်မြွက်ချက်အသီးသီးသည် လူသားတစ်ဦးစီတိုင်း၏ နှလုံးသားကို ဖမ်းဆုပ်ထားသည်။ ဘုရားသခင်စကားပြောသည့်အခါတိုင်းတွင် သူသည် လူသား၏နှလုံးသားကို အမြစ်များထိ ကိုင်လှုပ်သည့်အပြင်၊ လူသားမျိုးနွယ်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် အမှီပြုပြီး ထိုထက်ပင်ပို၍ ဘုရားသခင်၏နှုတ်ကပတ်တော်များကို လေးစားရန်အလို့ငှာ လူသား၏ လှုပ်ရှားမှုတိုင်းနှင့် စိတ်ခံစားမှုတိုင်းကို သူ စီမံကာ တည်တံ့စေသောကြောင့်၊ လူသားမျိုးနွယ်အားလုံးသည် သာ၍ပင်များပြားသော နှုတ်ကပတ်တော်သစ်များကို ဘုရားသခင်ပေးရန် စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းကြ၏၊...ဤနည်းဖြင့် အမှတ်တမဲ့၊ မြောက်မြားစွာသော လူတို့သည် သမ္မာကျမ်းစာကို အခြေခံအားဖြင့် မေ့လျော့သွားကြပြီးဖြစ်ကာ ၎င်းတို့သည် အတိတ်၏ အရေးအသားများတွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များအတွက် အခြေခံအကြောင်းရင်း တစ်ခုတစ်လေကို ရှာမတွေ့ကြသကဲ့သို့ ဤမိန့်မြွက်ချက်များကို ပြုလုပ်ရာတွင် ဘုရားသခင်၏ရည်ရွယ်ချက်ကို မည်သည့်နေရာတွင်မျှ မရှာတွေ့နိုင်ကြသောကြောင့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များ၏ ခေတ်နောက်ကျသော တရားဟောချက်များနှင့် ရေးသားချက်များကို သာ၍ပင် အလေးမထားကြတော့ပေ။ ဤသို့ဖြစ်လျက်၊ ဤမိန့်မြွက်ချက်များသည် အချိန်ကာလအစကတည်းက မမြင်ဖူးသကဲ့သို့ မကြားဖူးသော ဘုရားသခင်၏အသံဖြစ်ကြောင်း၊ ယင်းတို့သည် ဘုရားသခင်ကို ယုံကြည်သူ မည်သူမဆို လက်လှမ်းမမီသည့်နေရာတွင် တည်ရှိကြောင်းနှင့် ယင်းတို့သည် ကုန်လွန်သည့် ခေတ်များထဲက မည်သည့်ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်မဆိုက ပြောခဲ့သည့်အရာ တစ်ခုတစ်လေ သို့မဟုတ် ဘုရားသခင်၏ အတိတ်က မိန့်မြွက်ချက်များအားလုံးထက် သာလွန်ကြောင်းကို ယင်းက လူသားများမျိုးနွယ်အား မည်မျှသာ၍ ဝန်ခံအပ်စေခဲ့သည်တကား။ ဤမိန့်မြွက်ချက်အသီးသီးအားဖြင့် စေ့ဆော်ခံရလျက်၊ လူသားမျိုးနွယ်သည် သန့်ရှင်းသောဝိညာဉ်တော်အမှု၏ ရောင်ဝါလက္ခဏာထဲသို့၊ ခေတ်သစ်၏ ရှေ့တန်းများရှိ အသက်တာထဲသို့ အလစ် ဝင်ရောက်ခဲ့၏။ ဘုရားသခင့်နှုတ်ကပတ်တော်များဖြင့် စေ့ဆော်ခံရလျက်၊ မျှော်မှန်းချက်များပြည့်လျက် လူသားမျိုးနွယ်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် ကိုယ်တိုင် ဦးဆောင်လမ်းပြခံရခြင်း၏ ချိုမြိန်မှုကို မြည်းစမ်းခဲ့ရသည်။ ဤတဒင်္ဂကာလသည် တာရှည်ခံသည့် အမှတ်ရမှုဖြင့် လူတိုင်းပြန်ပြောင်းတွေးကြမည့် အချိန်ကာလတစ်ခုဖြစ်ဖို့ ငါယုံကြည်သည့်အချိန်၊ အမှန်တွင် ဤကာလအတွင်း လူသားမျိုးနွယ်မွေ့လျော်ခဲ့သည်မှာ သန့်ရှင်းသောဝိညာဉ်တော်အမှု၏ ရောင်ဝါလက္ခဏာထက် မပိုပေ၊ သို့မဟုတ် ယင်းကို အောက်ကဆေးလုံးကို အုပ်ထားသည့် သကာ၏ ချိုမြိန်သောအရသာဟု ဆိုနိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤအချိန်မှစ၍ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင်ပင်၊ သန့်ရှင်းသောဝိညာဉ်တော်အမှု၏ ရောင်ဝါလက္ခဏာတွင်ပင် လူသားမျိုးနွယ်သည် နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏ အမှုနှင့် မိန့်မြွက်ချက်များ၏ ပထမအဆင့်- အစေခံသူများ၏ စစ်သပ်ခံရခြင်း- ဖြစ်သည့် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ နောက်တစ်ဆင့်ထဲသို့ အမှတ်တမဲ့ ဦးဆောင်လမ်းပြခံခဲ့ရသောကြောင့်ဖြစ်သည်။

အစေခံသူများ၏ စစ်သပ်ခံရခြင်းမတိုင်မီ မိန့်မြွက်ခဲ့သော နှုတ်ကပတ်တော်များသည် အများအားဖြင့် သင်ကြားပို့ချခြင်း၊ တိုက်တွန်းခြင်း၊ ပြစ်တင်ကန့်ကွက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းပုံစံဖြင့် ဖြစ်ခဲ့ပြီး အချို့နေရာများတွင် ကျေးဇူးတော်ခေတ်က အသုံးပြုခဲ့သော အမည်တပ်ခေါ်သည့် ပုံစံဟောင်းကို ၎င်းတို့ အသုံးချခဲ့ကြသည်- လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ရန်အတွက် သာ၍လွယ်ကူစေရန်အလို့ငှာ၊ သို့မဟုတ် လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင်နှင့် ၎င်းတို့၏ဆက်ဆံရေးကို ရင်းနှီးသောဆက်ဆံရေးအဖြစ် မှတ်ယူစေရန်အလို့ငှာ ဘုရားသခင်နောက်သို့ လိုက်ခဲ့သူများအတွက် “ငါ၏သားများ” ဟူသည့်အမည်ကို အသုံးပြုခြင်း ဖြစ်သည်။ ဤနည်းဖြင့် လူသားမျိုးနွယ်၏ မိမိကိုယ်ကိုယ် စိတ်ကြီးဝင်ခြင်း၊ မာနထောင်လွှားခြင်းနှင့် အခြားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအပေါ် ဘုရားသခင်က မည်သည့်တရားစီရင်ချက်ကိုမဆို ချမှတ်ခဲ့သည်ဖြစ်စေ လူသားသည် သူ၏ “သား” ဟူသော ကိုယ်ပိုင်လက္ခဏာဖြင့် “ခမည်းတော် ဘုရားသခင်” ၏ မိန့်မြွက်ချက်များအပေါ် မုန်းတီးမှုမထားဘဲ၊ ယင်းကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ပြီး လက်ခံနိုင်မည်ဖြစ်သည်၊ ယင်း၏ အထက်တွင် “ခမည်းတော် ဘုရားသခင်”က သူ၏ “သားများ”ထံ ပြုခဲ့သည့် ကတိကို လုံးဝ သံသယမရှိခဲ့ပေ။ ဤကာလအတွင်းတွင်၊ လူသားမျိုးနွယ်အားလုံးသည် နို့စို့ကလေးတစ်ဦးတမျှ ဒုက္ခကင်းဝေးသကဲ့သို့သော တည်ရှိခြင်းကို မွေ့လျော်ခဲ့ကြပြီး ဤအရာက ၎င်းတို့ “အရွယ်ရောက်”သည့်အခါ သူသည် ၎င်းတို့အပေါ် တရားစီရင်မှုကို စတင်ပေးမည်ဟူသော ဘုရားသခင်၏ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိခဲ့သည်။ ဤအရာက နိုင်ငံတော်ခေတ်တွင် ဘုရားသခင်တရားဝင်စတင်ခဲ့သည့် လူသားမျိုးနွယ်အား တရားစီရင်ခြင်း အမှုအတွက် အခြေခံအုတ်မြစ်ကိုလည်း ချပေးခဲ့၏။ ဤလူ့ဇာတိခံယူခြင်းထဲက ဘုရားသခင်၏အမှုသည် အဓိကအားဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံးကို တရားစီရင်ရန်နှင့် သိမ်းပိုက်ရန်ဖြစ်သောကြောင့်၊ လူသားသည် မြေကြီးပေါ် သူ၏ခြေတို့ကို မြဲမြံစွာချပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်သည် သူ့အမှု- လူသားကို တရားစီရင်ကာ ပြစ်တင်ဆုံးမသည့် အမှု- ၏ နည်းလမ်းထဲသို့ ချက်ချင်း ဝင်ရောက်ခဲ့၏။ သိသိသာသာပင်၊ ရည်ရွယ်ချက်အစစ်အမှန်မှာ ထင်ရသည့်အရာမှတစ်ပါး အခြားအရာဖြစ်လျက်၊ အစေခံသူများ၏ စမ်းသပ်ခံရခြင်းမတိုင်မီ မိန့်မြွက်ချက်အားလုံးသည် အကူးအပြောင်းကို ဖြတ်သန်းခြင်းအလို့ငှာ ပြုလုပ်ထားခဲ့ပေသည်။ ဘုရားသခင်၏စိတ်အားထက်သန်သော ရည်ရွယ်ချက်မှာ သူသည် နိုင်ငံတော်ခေတ်တွင် သူ၏အမှုကို တတ်နိုင်သမျှအမြန်ဆုံး တရားဝင်စတင်နိုင်ရန်ဖြစ်သည်။ သူသည် သကာဖုံးထားသော ဆေးလုံးများကို ကျွေးခြင်းဖြင့် လူသားမျိုးနွယ်ကို ဆက်လက်ချော့ရန် ဆန္ဒလုံးဝမရှိခဲ့ပေ။ ယင်းထက်၊ သူသည် သူ၏တရားပလ္လင်ရှေ့မှောက်တွင် လူသားတိုင်း၏စစ်မှန်သော မျက်နှာထားကို မြင်ရန် စိတ်အားထက်သန်ပြီး၊ သူ၏ကျေးဇူးတော်ကို ဆုံးရှုံးပြီးနောက် လူသားမျိုးနွယ်တစ်ရပ်လုံးက သူ့အပေါ်ထားရှိမည့် စစ်မှန်သော သဘောထားကို မြင်ရန် သာ၍ပင် စိတ်အားထက်သန်စွာ ဆန္ဒရှိခဲ့သည်။ သူသည် ဖြစ်စဉ်ကိုမဟုတ်ဘဲ၊ ရလဒ်များကိုသာ တွေ့မြင်ရန် ဆန္ဒရှိ၏။ သို့ရာတွင် လူသား၏နှလုံးသားသည် ၎င်း၏ ခရီးပန်းတိုင်နှင့် ယင်း၏ အနာဂတ် မျှော်လင့်ချက်များနှင့်သာ ပတ်သက်သောကြောင့်၊ ထိုအချိန်၌ ဘုရားသခင်၏စိတ်အားထက်သန်သော ရည်ရွယ်ချက်ကို နားလည်သူ တစ်ဦးမျှမရှိခဲ့ပေ။ ဘုရားသခင်၏ တရားစီရင်ခြင်းကို လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် အဖန်ဖန် ဦးတည်ထားခဲ့သည်မှာ သိပ်အံ့သြဖွယ်မရှိပေ။ လူသားအပေါ် ဘုရားသခင်၏ သဘောထား ပြောင်းလဲသည်မှာ ဘုရားသခင်၏ လမ်းပြမှုအောက်ကို စတင် အသက်ရှင်ခဲ့ကြသည့်အချိန်တွင်သာ ဖြစ်သည်။

၁၉၉၁ ခုနှစ်သည် ထူးခြားသောနှစ်ဖြစ်၏။ ဤနှစ်ကို “ရွှေရောင်လွှမ်းသောနှစ်” တစ်နှစ်ဟု ခေါ်ကြစို့။ ဘုရားသခင်သည် နိုင်ငံတော်ခေတ်၏အမှုသစ်ကို စတင်ခဲ့ကာ သူ၏မိန့်မြွက်ချက်ကို လူသားမျိုးနွယ်တစ်ရပ်လုံးထံ ဦးတည်ခဲ့သည်။ တစ်ချိန်တည်းတွင်၊ လူသားမျိုးနွယ်သည် မကြုံစဖူးသော နွေးထွေးမှုကို မွေ့လျော်ခဲ့ကြပြီး၊ ထိုထက်ပို၍ ဘုရားသခင်၏ လူသားအပေါ် မကြုံစဖူးတရားစီရင်ခြင်းနောက်မှ လိုက်ပါလာသည့်နာကျင်မှုကို တွေ့ကြုံခံစားခဲ့ရသည်။ ဘုရားသခင်ကို ရရှိခဲ့ပြီးဖြစ်သော်လည်း ဘုရားသခင်ကို တစ်ဖန် ဆုံးရှုံးခဲ့ပြီးဖြစ်သည့်အလား၊ လူသားမျိုးနွယ်သည် ဤအချိန်အထိ မသိခဲ့သည့် ချိုမြိန်မှုကို မြည်းစမ်းခဲ့ရသကဲ့သို့၊ ဤအချိန်အထိ မသိခဲ့သည့် တရားစီရင်ခြင်းနှင့် စွန့်ပစ်ခံရခြင်းတို့ကိုလည်း ခံစားခဲ့ရသည်။ ပိုင်ဆိုင်ခြင်း၌ ဒုက္ခခံရခြင်းနှင့် အခက်အခဲ၌ ဒုက္ခခံရခြင်း- ဤခံစားချက်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့သူများသာ သိ၏၊ ယင်းတို့သည် လူသားအနေဖြင့် ဖော်ပြရန် အစွမ်းအစမရှိသကဲ့သို့၊ နည်းလမ်းများ ရှိသည့်အရာတစ်ခု ဖြစ်သည်။ ဤသို့သော ဒဏ်ရာမျိုးများသည် လူသားတိုင်းအပေါ် လက်ဆုပ်လက်ကိုင် မပြနိုင်သည့် အတွေ့အကြုံနှင့် တန်ဖိုးရှိသော ပိုင်ဆိုင်မှုပုံစံဖြင့် ဘုရားသခင်က အပ်နှင်းသောအရာ ဖြစ်၏။ ဤနှစ်တွင် ဘုရားသခင် ပြုလုပ်ခဲ့သည့် မိန့်မြွက်ချက်များ၏ ပါဝင်သည့် အကြောင်းအရာသည် အမှန်တွင် အဓိကအစိတ်အပိုင်း နှစ်ရပ် အကျုံးဝင်၏- ပထမသည် လူသားမျိုးနွယ်အား ဧည့်သည်များအဖြစ် သူ၏ပလ္လင်ရှေ့သို့ လာရန် ဖိတ်ကြားဖို့ လူတို့၏လောကထဲသို့ ဘုရားသခင် ဆင်းသက်ခဲ့သည့်နေရာ ဖြစ်သည်။ ဒုတိယမှာ ဝလင်သည်အထိ စားသောက်ခဲ့ပြီးနောက် လူသားမျိုးနွယ်သည် အစေခံသူများအဖြစ် ဘုရားသခင်၏ အသုံးပြုခြင်းခံရသည့် နေရာဖြစ်၏။ ဟုတ်ပေ၏၊ ပထမအပိုင်းသည် လူသားမျိုးနွယ်၏ အမြတ်နိုးဆုံးနှင့် အလေးနက်ဆုံးဆန္ဒဖြစ်သည်မှာ ပြောစရာမလိုပေ၊ လူတို့သည် ဘုရားသခင်၏အရာရာတိုင်းအား မွေ့လျော်ခြင်းကို ဘုရားသခင်၌ ၎င်းတို့ယုံကြည်ခြင်း ရည်ရွယ်ချက်အဖြစ် ပြုလုပ်ခြင်းကို အချိန်ကြာမြင့်စွာက အကျင့်ဖြစ်နေခဲ့သည့်အတွက် သာ၍ပင်ဖြစ်ပေသည်။ ဤသည်မှာ ဘုရားသခင်သည် သူ၏မိန့်မြွက်ချက်များကို စတင်ဖွင့်ဟလိုက်သည်နှင့် တစ်ပြိုင်နက် လူသားမျိုးနွယ်သည် နိုင်ငံတော်ထဲသို့ဝင်ရောက်ရန်နှင့် ၎င်းတို့အပေါ် ဘုရားသခင်က အမျိုးမျိုးသော ဆုလာဘ်များ အပ်နှင်းဖို့ရန်အတွက် ထိုနေရာတွင် စောင့်ဆိုင်းဖို့ အသင့်ဖြစ်ကြသည့် အကြောင်းရင်း ဖြစ်သည်။ ထိုအခြေအနေများထဲက လူများသည် ၎င်းတို့၏စိတ်သဘောထားများကို ပြောင်းလဲခြင်း၊ ဘုရားသခင်အား ကျေနပ်စေရန်ကြိုးစားခြင်း၊ ဘုရားသခင်၏ အလိုကို အလေးထားမှုပြခြင်း အစရှိသော သင့်တော်သည့် အဖိုးအခကို တကယ်ကို မပေးခဲ့ကြပေ။ အပြင်ပန်းအားဖြင့်ကြည့်ရာတွင်၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံပြီး လုပ်လုပ်ခဲ့ကြသည်နှင့်အမျှ စဉ်ဆက်မပြတ် ဟိုဟိုသည်သည် ပျားပန်းခပ်မျှ လှုပ်ရှားနေပုံရကြ၏၊ အကယ်စင်စစ် ၎င်းတို့၏ အတွင်းကျကျ နှလုံးသားများ၏ လျှို့ဝှက်ချောင်ကြိုချောင်ကြားများတွင် ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန်၊ သို့မဟုတ် ရှင်ဘုရင်များအဖြစ် စိုးစံရန် ၎င်းတို့ လျှောက်လှမ်းသင့်သည့် နောက်အဆင့်ကို တွက်ဆနေခဲ့ကြခြင်းဖြစ်၏။ လူသားနှလုံးသားသည် ဘုရားသခင်ကို မွေ့လျော်နေသည်နှင့်အမျှ၊ ယင်းသည် ဘုရားသခင်အပေါ် အပိုင်ကြံနေကြသည့် တစ်ချိန်တည်းတွင် ဖြစ်ခဲ့ပေသည်ဟု ဆိုနိုင်၏။ ဤအခြေအနေတွင်ရှိသည့် လူသားမျိုးနွယ်သည် ဘုရားသခင်၏ အနက်ရှိုင်းဆုံးသော ရွံရှာခြင်းနှင့် စက်ဆုပ်ခြင်းတို့ကို တွေ့ကြုံရ၏။ ဘုရားသခင်၏စိတ်သဘောထားသည် မည်သည့်လူသားမဆို၏ လှည့်ဖြားမှု၊ သို့မဟုတ် သူ့ကို အသုံးချခြင်းအား သည်းမခံပေ။ သို့သော် ဘုရားသခင်၏ ဉာဏ်ပညာသည် မည်သည့်လူသားအဖို့မျှ လက်လှမ်းမမီနိုင်ပေ။ သူသည် သူ၏ မိန့်မြွက်ချက်များ၏ ပထမအပိုင်းကို ပြောဆိုခဲ့သည်မှာ၊ ဤဆင်းရဲဒုက္ခအားလုံးကို သည်းခံမှုအလယ်တွင် ဖြစ်သည်။ ဤအကြိမ်တွင် ဆင်းရဲဒုက္ခမည်မျှ ဘုရားသခင် ကြံ့ကြံ့ခံခဲ့ပြီး ဂရုစိုက်မှုနှင့် အတွေးမည်မျှ သူ အသုံးပြုခဲ့သည်ကို မည်သည့်လူသားကမျှ စိတ်ကူးနိုင်စွမ်းမရှိပေ။ ဤမိန့်မြွက်ချက်များ၏ ပထမအပိုင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက်မှာ ရာထူးနှင့် အမြတ်အစွန်းတို့နှင့် ရင်ဆိုင်ရသည့်အခါ လူသားပြသသည့် ကွဲပြားသော အကျည်းတန်မှုပုံစံအားလုံးကို ဖော်ထုတ်ရန်ဖြစ်ပြီး၊ လူသား၏လောဘနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်းတို့ကို ဖော်ထုတ်ရန်ဖြစ်သည်။ စကားပြောဆိုရာတွင်၊ ဘုရားသခင်သည် ချစ်ခင်သောမိခင်တစ်ဦး၏ စစ်မှန်ပြီး၊ စိတ်အားထက်သန်သော လေသံဖြင့် သူ၏နှုတ်ကပတ်တော်များကို သုံးနှုန်းပြောဆိုသော်လည်း သူ၏အတွင်းကျကျ နှလုံးသားရှိ အမျက်ဒေါသသည် သူ၏ရန်သူများကို ဦးတည်ထားသည့်အလား မွန်းတည့်နေကဲ့သို့ တောက်လောင်၏။ ဘုရားသခင်သည် လူသား၏သာမန်ပုံသဏ္ဌာန် ကင်းမဲ့နေသော လူတစ်စုကို စကားပြောရန် မည်သည့်အခြေအနေအောက်တွင်မျှ လိုလားနေခြင်း မရှိပေ၊ ထို့ကြောင့် သူစကားပြောသည့်အခါတိုင်းတွင် သူသည် သူ၏နှလုံးသားထဲရှိ အမျက်ဒေါသကို ချုပ်တည်းထားနေသည့် တစ်ချိန်တည်းတွင် သူ၏မိန့်မြွက်ချက်များအဖို့ ဖော်ပြချက်ပေးရန် မိမိကိုယ်ကိုယ် ဖျစ်ညှစ်၍ပြောလေသည်။ ထို့အပြင် သာမန်လူ့သဘာဝ မရှိသော၊ ဆင်ခြင်တုံတရားကင်းမဲ့သော၊ အဆုံးစွန် ဖောက်ပြန်ပျက်စီးသော၊ ပင်ကိုစရိုက်သဖွယ်ဖြစ်သွားသည့် လောဘနှင့် အကြိတ်အနယ် ပွဲသိမ်းသည်အထိ ဘုရားသခင်ကို နာခံမှုမရှိသကဲ့သို့ ပုန်ကန်တတ်သည့် လူသားမျိုးနွယ်ကို သူစကားပြောနေခြင်းဖြစ်၏။ လူသားမျိုးနွယ်ကျဆင်းခဲ့သည့် ဇောက်အနက်များနှင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ မုန်းတီးမှုနှင့် စက်ဆုပ်ရွံရှာမှု အတိုင်းအတာကို အလွယ်တကူ စိတ်ကူးကြည့်နိုင်၏။ လူသားမျိုးနွယ်အနေဖြင့် စိတ်ကူးရန် ခက်ခဲနေသည်မှာ- စကားများဖြင့် ဖော်ပြရန်မဖြစ်နိုင်သော- ဘုရားသခင်အပေါ် ၎င်းတို့ပေးသည့် နာကျင်မှုဖြစ်၏။ သို့သော် လူတစ်ဦးစီတိုင်းသည် အရှက်တစ်စက်မျှ၊ သို့မဟုတ် ကိုယ်ကျင့်သိက္ခာ တစ်စက်မျှမရှိဘဲ မည်သူမျှ နောက်ကျကျန်နေလိုသည့်ဆန္ဒမရှိသကဲ့သို့ အားလုံးသည် အခွင့်အရေး ဆုံးရှုံးရမည်ကို အလွန်အမင်းစိုးရိမ်လျက် တစ်ဦးနှင့်တစ်ဦး တုပြိုင်သည်အထိ၊ လူသားအတွက် ဘုရားသခင်ပြင်ဆင်ပြီးဖြစ်သည့် ဆုလာဘ်အားလုံးကို ဘုရားသခင်၏သားများအနေဖြင့် လက်ခံရရှိရန် ၎င်းတို့ လုပ်ပိုင်ခွင့်ရှိသည်ဟု အလေးမမှုခဲ့ကြသည်မှာ- ဘုရားသခင်၏နှလုံးသား မည်သို့ခံစားခဲ့ရသည်ကို မည်သူမျှ မတွေ့ရနိုင်သည့်အပြင် လူသားမျိုးနွယ်သည် မည်မျှ ယုတ္တိမတန်သကဲ့သို့ ပြုပြင်၍မရသည်ကို မည်သူမျှ မတွေ့နိုင်ခဲ့သည့်နေရာ- ဤနောက်ခံ အတိအကျတွင် ဖြစ်သည်။ ထိုအချိန်က လူများသည် ဘုရားသခင်၏အမြင်၌ မည်သည့်အနေအထားမျိုး ယူခဲ့ကြသည်ကို ယခု သင်သိသင့်ပေသည်။ ဤကဲ့သို့သော မျိုးနွယ်တစ်စုသည် ဘုရားသခင်၏ဆုလာဘ်များကို မည်သို့ရရှိနိုင်မည်နည်း။ သို့သော် ဘုရားသခင်ထံမှ လူသားရရှိသည့်အရာသည် အချိန်တိုင်းတွင် အဖိုးတန်ဆုံးရတနာဖြစ်ပြီး၊ အပြန်အလှန်အားဖြင့် လူသားထံမှ ဘုရားသခင်ရရှိသည့်အရာသည် အဆုံးစွန် နာကျင်မှုဖြစ်၏။ ဘုရားသခင်နှင့်လူသားအကြား ဆက်ဆံရေးစတင်ကတည်းက၊ ဤသည်မှာ ဘုရားသခင်ထံမှ လူသားက အစဉ်အမြဲလက်ခံရရှိပြီးသည့်အရာဖြစ်ပြီး၊ ဤသည်မှာ ဘုရားသခင်အား အပြန်အလှန်အားဖြင့် ၎င်းက အစဉ် ပေးပြီးဖြစ်သည့် အရာဖြစ်၏။

ဘုရားသခင်သည် ပူပန်သောကဖြင့်ပူလောင်နေသမျှ၊ ဤလူသားမျိုးနွယ်သည် ရိုးတွင်းခြင်ဆီအထိ ဖောက်ပြန်ပျက်စီးလျက်ရှိသည်ကို သူ မြင်သည့်အခါ၊ သူ့အနေဖြင့် ၎င်းတို့ စစ်ဆေးခြင်းခံရရန်အလို့ငှာ မီးအိုင်ထဲသို့ ပစ်ချရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။ ဤသည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ်အား သူ၏အစေခံသူများအဖြစ် အသုံးပြုသော သူ့မိန့်မြွက်ချက်များ၏ ဒုတိယအပိုင်းဖြစ်သည်။ ဤအပိုင်းတွင် ဘုရားသခင်သည် လူသား၏ ပျက်စီးသောသဘာဝကို ဖော်ထုတ်ရန် “ဘုရားသခင်၏ဇာတိအဖြစ်တော်” အနေအထားကို တည်ကြက်အဖြစ်အသုံးပြုလျက်၊ တစ်ချိန်တည်းမှာပင် လူသားမျိုးနွယ် ရွေးချယ်ရန် အစေခံသူများ၊ လူများနှင့် သားများဟူသည့် ကွဲပြားသည့်အတန်းအစားများကိုက အဆိုပြုရင်း၊ နည်းစနစ်နှင့် အတိုင်းအတာ နှစ်ခုလုံအရ၊ နုရာမှ ကြမ်းရာသို့ ပြောင်းကာ နည်းရာမှ များရာသို့ ပြောင်းခဲ့၏။ ဘုရားသခင်ကြိုတင်ပြောခဲ့ပြီးဖြစ်သည့်အတိုင်းပင် ဘုရားသခင်အတွက် အစေခံသူတစ်ဦးဖြစ်ရန် မည်သူမျှ မရွေးချယ်သကဲ့သို့၊ ထိုအစား အားလုံးသည် ဘုရားသခင်၏ ဇာတိအဖြစ်တော်ဖြစ်လာရန် ကြိုးပမ်းခဲ့ကြသည်မှာ သေချာသလောက် ဖြစ်သည်။ ဤကာလအတွင်းတွင် ဘုရားသခင်ပြောဆိုခဲ့သော ပြင်းထန်မှုမှာ လူသားများက ကြားဖူးရန်မဆိုထားနှင့် မည်သည့်အခါတွင်မျှ မျှော်လင့်ထားခဲ့ခြင်း မရှိသည့်အရာတစ်ခု ဖြစ်သည်။ သို့ပါလျက်၊ လူတို့သည် အဆင့်အတန်းနှင့်ပတ်သက်၍ အလွန်အမင်း နီးနွှယ်ခဲ့ကြပြီး၊ ဤအရာထက် ကောင်းချီးမင်္ဂလာများ ရရှိခြင်းဖြင့် အလွန်ပျာယာခတ်လျက် စိတ်အာရုံရောက်ရင်းဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ စကားပြောသည့် လေသံနှင့် သူ၏ စကားပြောဆိုနည်းနှင့်ပတ်သက်၍ အယူအဆတစ်ရပ် ဖြစ်ပေါ်စေဖို့ အချိန် မရှိခဲ့ကြဘဲ၊ ထိုအစား ၎င်းတို့ကိုယ်တိုင်၏ အဆင့်အတန်းနှင့် အနာဂတ်တွင် ဖြစ်ကောင်းဖြစ်နိုင်မည့် အရာတို့သည် ၎င်းတို့၏ စိတ်များကို အစဉ်ဖိစီး၏။ ဤနည်းဖြင့်၊ လူသားမျိုးနွယ်သည် ဘုရားသခင်က ၎င်းတို့အတွက် ချမှတ်ထားသည့် “ဝင်္ကပါ”ထဲသို့ ဘုရားသခင်၏ မိန့်မြွက်ချက်များအားဖြင့် အလစ် ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ အနာဂတ်နှင့်ဆိုင်သော မက်လုံးနှင့် ၎င်းတို့၏ကံကြမ္မာအားဖြင့် ကြိုက်သည်ဖြစ်စေ၊ စိတ်ပါပါ မပါပါဖြားယောင်းသွေးဆောင်ခံရလျက်၊ လူသားများသည် ဘုရားသခင်၏ဇာတိတော်ဖြစ်လာရန် အရည်အချင်းမပြည့်မီကြသည်ကို မိမိတို့ကိုယ်ကိုယ် သိခဲ့ကြသော်လည်း သူ၏အစေခံသူများအဖြစ် ဆောင်ရွက်ရန် တွန့်ဆုတ်နေခဲ့ကြသည်။ ဤဆန့်ကျင်ဘက်စိတ်နေသဘောထားနှစ်ခုအကြားတွင် ဝေခွဲမရနိုင်ဖြစ်လျက်၊ ၎င်းတို့သည် ဘုရားသခင်က လူသားမျိုးနွယ်အပေါ် စီရင်သည့် မကြုံစဖူးသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မရည်ရွယ်ဘဲ လက်ခံလိုက်ကြ၏။ သဘာဝအားဖြင့်၊ ဤတရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းပုံစံသည် လူသားမျိုးနွယ် လက်ခံရန် လုံးဝ လိုလားခြင်းမရှိသည့် အရာတစ်ခု ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ အဆုံး၌ ၎င်းတို့ အလျှော့ပေးကြရန်အလို့ငှာ လိုလားစွာဖြစ်စေ၊ မလိုလားစွာဖြစ်စေ၊ ပျက်စီးနေသည့် ဤလူသားမျိုးနွယ်ထံမှ အောက်ကျို့သည့် ကျိုးနွံနာခံခြင်းကို အရယူရန် ဘုရားသခင်သည်သာ ဉာဏ်ပညာရှိပြီး ဘုရားသခင်၌သာ တန်ခိုးရှိပေသည်။ လူသားမျိုးနွယ်သည် ရွေးချယ်စရာ အခြားနည်းလမ်း မရှိပေ။ ဘုရားသခင်သည်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး၊ ဘုရားသခင်သည်သာ လူသားအပေါ် သမ္မာတရားနှင့် အသက်ကို အပ်နှင်းဖို့နှင့် သူ့ကို လမ်းညွှန်မှုပေးရန် ဤကဲ့သို့သော နည်းစနစ်တစ်ခုကို အသုံးပြုနိုင်၏။ ဤနည်းစနစ်သည် လူသားအပေါ် ဘုရားသခင့်အမှု၏ ရှောင်လွှဲ၍မရခြင်းဖြစ်ကာ ယင်းသည် လူသား၏ မရှိမဖြစ်သော လိုအပ်ချက်လည်းဖြစ်သည်မှာ သံသယဖြစ်စရာ သို့မဟုတ် အငြင်းပွားစရာ မရှိပေ။ ဘုရားသခင်သည် လူတို့မျိုးနွယ်ထံ ဤအမှန်တရားကို ထိုသို့သော နည်းစနစ်တစ်ခုဖြင့် စကားပြောကာ အမှုပြုသည်- လူသားမျိုးနွယ်ကို ကယ်တင်ရာ၌၊ ဘုရားသခင်သည် သူ၏ချစ်ခြင်းမေတ္တာနှင့် အကြင်နာတို့မှ၊ ပြီးလျှင် သူ၏စီမံခန့်ခွဲမှုအတွက် ထိုသို့ လုပ်ဆောင်ပေသည်။ ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံရရှိရာတွင်၊ ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ မပြောဘဲမနေနိုင်သည့် အဆင့်ထိ ကျဆင်းပြီးဖြစ်သောကြောင့် လူသားမျိုးနွယ်သည် ထိုသို့ လုပ်ဆောင်ရပေသည်။ လူသားသည် ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံရရှိသည့်အခါ၊ ဤသည်မှာ အကြီးမားဆုံးသော ကျေးဇူးတော်ဖြစ်ပြီး၊ အထူး မျက်နှာသာတစ်ခုလည်းဖြစ်၏။ ဆိုလိုသည်မှာ၊ ဘုရားသခင်က လူကိုယ်တိုင် သူ၏မိန့်မြွက်ချက်များကို ဖွင့်ဟခြင်းကြောင့်သာမဟုတ်ပါက၊ လူသားမျိုးနွယ်၏ကံကြမ္မာသည် မျိုးသုဉ်းခြင်း ဖြစ်ပေမည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စက်ဆုပ်ရွံရှာသည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်သည် လူသား၏ကယ်တင်ခြင်းအတွက် အဖိုးအခတစ်ခုတစ်လေ ပေးရန် အဆင်သင့်ရှိကာ လိုလားနေဆဲ ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ လူသားသည် ဘုရားသခင်အပေါ် သူ၏ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်ထံ အားလုံးကို သူဆက်ကပ်ပုံကို ထပ်တလဲလဲပြောသည်နှင့်အမျှ၊ သူသည် ဘုရားသခင်ကို ပုန်ကန်နေပြီး၊ ဘုရားသခင်ထံမှ ကျေးဇူးတော်မျိုးစုံကို ခြိမ်းခြောက်တောင်းယူစဉ်တွင် ဘုရားသခင်အား နာကျင်စေပြီး သူ၏နှလုံးသားအပေါ် ပြောမပြနိုင်သော နာကျင်မှုကိုပင် ဖြစ်ပေါ်နေစေသည်။ ယင်းမှာ ဘုရားသခင်နှင့် လူသားအကြား ကိုယ်ကျိုးမငဲ့ခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းတို့၏ သိသာသည့် ဆန့်ကျင်မှု ဖြစ်၏။

အမှုပြုခြင်းနှင့် စကားပြောခြင်းတွင်၊ ဘုရားသခင်သည် မည်သည့်အထူးနည်းစနစ်ကိုမျှ လိုက်နာရန် ကန့်သတ်ခံထားရခြင်းမရှိဘဲ ရလဒ်များ စွမ်းဆောင်ရရှိခြင်းကို သူ၏ရည်ရွယ်ချက်ပန်းတိုင် ဖြစ်စေသည်။ ဤအကြောင်းကြောင့်၊ သူ့မိန့်မြွက်ချက်များ၏ ဤအပိုင်းတွင် ဘုရားသခင်သည် သူကိုယ်တိုင်၏ ကိုယ်ပိုင်လက္ခဏာကို ရှင်းလင်းစွာ ဖွင့်ချဖို့ မပျက်မကွက် မလုပ်ဆောင်ဘဲ၊ “နောက်ဆုံးသောကာလ၏ခရစ်တော်”၊ “စကြဝဠာ၏ဦးသျှောင်” အစရှိသည့် ဝေါဟာရအနည်းငယ်ကို ထုတ်ဖော်ရန်ကိုသာ မပျက်မကွက်ပြုလုပ်ခဲ့၏။ ဤအရာက အထူးသဖြင့် ထိုကနဦးနေ့ရက်များက လူသားမျိုးနွယ်သည် “ခရစ်တော်” နှင့် “လူ့ဇာတိခံယူခြင်း” ဟူသော အယူအဆများကို လုံးဝမသိနားမလည်ခဲ့ကြသည့်အတွက်၊ ဘုရားသခင်သည် သူ၏မိန့်မြွက်ချက်များကို ဖော်ပြဖို့ရန် “အထူး လုပ်ငန်းဆောင်တာ” တစ်ရပ် ရှိသည့် လူတစ်ဦးအဖြစ် မိမိကိုယ်ကိုယ် နှိမ့်ချဖို့အလို့ငှာ၊ ဤသည်မှာ ခရစ်တော်၏အမှုတော် သို့မဟုတ် လူသားမျိုးနွယ်၏ ဘုရားသခင်နှင့် ပတ်သက်သည့်‌ အသိပညာအပေါ် လုံးဝသက်ရောက်ခြင်း မရှိပေ။ ထိုအချိန်က လူတို့သည် ဤအမည်တပ်ခေါ်သည့်ပုံစံကိုသာ လက်ခံနိုင်ခဲ့ကြသောကြောင့်၊ ဤသည်မှာ ဘုရားသခင်၏ အပတ်တကုတ်လုပ်ရသော ဂရုစိုက်မှုနှင့် အတွေး ဖြစ်သည်။ ဘုရားသခင်သည် မည်သည့်အမည်တပ်ခေါ်သည့်ပုံစံကို အသုံးပြုသည်ဖြစ်စေ သူလုပ်သမျှအားလုံးတွင် ဘုရားသခင်သည် လူသားအား ပြောင်းလဲစေနိုင်ဖို့၊ ဘုရားသခင်၏ကယ်တင်ခြင်းကို လူသားသား ရရှိစေနိုင်ဖို့ ရည်ရွယ်သောကြောင့်၊ သူ့အမှု၏ရလဒ်များသည် ထိခိုက်မခံရပေ။ ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်သည် လူသား၏လိုအပ်ချက်များကို အစဉ် မှတ်ထား၏။ ဤသည်မှာ ဘုရားသခင်၏ အမှုပြုခြင်းနှင့် စကားပြောခြင်း နောက်ကွယ်က ရည်ရွယ်ချက်ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ သွင်ပြင်လက္ခဏာအားလုံးကို စဉ်းစားရာတွင် စေ့စေ့စပ်စပ် အာရုံစိုက်ပြီး၊ သူ လုပ်ဆောင်သမျှအားလုံးတွင် အလွန်ပြောင်မြောက်စွာ အမြော်အမြင်ရှိသော်လည်း၊ ဤအရာကို ငါ ပြောနိုင်၏- ဘုရားသခင်သည် မိမိကိုယ်ကိုယ် သက်သေမခံခဲ့လျှင်၊ ဘုရားသခင်ကိုယ်တိုင်ကို သတိပြုနိုင်စွမ်းရှိသူ၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်ကို ထလျက် သက်သေခံနိုင်စွမ်းရှိသူ တစ်ဦးမျှ ဖန်ဆင်းခံလူသားမျိုးနွယ်ထဲတွင် ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏အမှု၌ အမည်တပ်ခေါ်သည့်ပုံစံအဖြစ် “အထူး လုပ်ငန်းဆောင်တာတစ်ခုရှိသည့် လူတစ်ဦး”ကို အသုံးပြုမြဲ အသုံးပြုနေခဲ့ပါက၊ ဘုရားသခင်ကို ဘုရားသခင်ဟု သဘောထားမည့် လူသား တစ်ဦးမျှရှိမည် မဟုတ်ပေ- ဤသည်မှာ လူသားမျိုးနွယ်၏ သောကရောက်စရာ ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဖန်ဆင်းခံလူသားမျိုးနွယ်ထဲတွင် ဘုရားသခင်ကို ချစ်မည့်သူ၊ ဘုရားသခင်နှင့်ပတ်သက်၍ ဂရုစိုက်မည့်သူနှင့် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်မည့်သူ တစ်ဦးတစ်လေ ရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို သိနိုင်သောသူ တစ်ဦးမျှမရှိပေ။ လူသား၏ယုံကြည်ခြင်းသည် ကောင်းချီးမင်္ဂလာများရရန် တစ်ခုတည်းအတွက် ဖြစ်၏။ အထူး လုပ်ငန်းဆောင်တာတစ်ခုရှိသည့် လူတစ်ဦးအဖြစ် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာသည် လူသားတစ်ဦးစီတိုင်းအဖို့ အရိပ်အမြွက်တစ်ခု ပေးပြီးဖြစ်သည်။ လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင်အား ဖန်ဆင်းခံလူသားမျိုးနွယ်ထဲမှ တစ်ဦးအဖြစ် သဘောထားရန် လွယ်ကူ၏၊ ဘုရားသခင်အပေါ် လူသားမျိုးနွယ် ပေးသည့် အကြီးမားဆုံးသောနာကျင်မှုနှင့် အရှက်ရစေခြင်းသည် အတိအကျအားဖြင့် သူပွင့်လင်းစွာ ပေါ်ထွန်းသည့်အခါ၊ သို့မဟုတ် အမှုပြုသည့်အခါ ဘုရားသခင်သည် လူသား၏ငြင်းပယ်မှုကို ခံရဆဲဖြစ်ကာ သူ၏မေ့လျော့မှုကိုပင် ခံရခြင်းဖြစ်၏။ လူသားမျိုးနွယ်ကို ကယ်တင်ရန်အလို့ငှာ ဘုရားသခင်သည် အကြီးမားဆုံးသော အရှက်ရခြင်းကို သည်းခံ၏။ အရာရာကိုပေးရာတွင် သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်အား ကယ်တင်ရန်၊ လူသားမျိုးနွယ်၏ အသိအမှတ်ပြုခြင်းကို ရယူရန်ဖြစ်သည်။ ဤအရာအားလုံးအတွက် ဘုရားသခင်ပေးပြီးသော အဖိုးအခမှာ အသိစိတ်ရှိသူတိုင်း အသိအမှတ်ပြုနိုင်မည့် အရာတစ်ခုဖြစ်၏။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် အမှုကို ရရှိပြီးဖြစ်ကာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိပြီးဖြစ်၏။ တစ်ချိန်တည်းတွင်၊ ဤအရာကိုမေးမြန်းဖို့ မည်သူမျှ စိတ်မကူးမိကြပေ- ဘုရားသခင်သည် လူသားမျိုးနွယ်ထံမှ မည်သည့်အရာကို ရရှိပြီးပြီနည်း။ ဘုရားသခင်၏ မိန့်မြွက်ချက် တစ်ခုစီတိုင်းမှ လူသားမျိုးနွယ်သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်၊ ပြောင်းလဲရာတွင် အောင်မြင်ပြီးဖြစ်၏၊ အသက်တာတွင် ဦးတည်ချက်ကို ရှာတွေ့ပြီးဖြစ်သည်။ သို့သော် ဘုရားသခင်ရရှိပြီးလေသည်မှာ ဘုရားသခင်ကို ၎င်းတို့၏ ကျေးဇူးကြွေးတင်ခြင်းကိုဖော်ပြရန် လူသားမျိုးနွယ် အသုံးပြုသောစကားများနှင့် အားနည်းသော တီးတိုးချီးမွမ်းသံများထက် မပိုပေ။ ဤသည်မှာ ဧကန်မုချ လူသားထံမှ ဘုရားသခင်တောင်းဆိုသည့် နစ်နာကြေး မဟုတ်ပေ။

ယခုတွင် ဘုရားသခင်၏မိန့်မြွက်ချက် များစွာကို ဖော်ပြပြီးဖြစ်သော်လည်း၊ လူအများစုသည် ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အသိပညာနှင့် သိနားလည်ခြင်းအတွင်းရှိ အစအဦးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကိုယ်စားပြုသည့် အဆင့်၌ ရပ်တန့်နေဆဲ ရှိပြီး၊ ယင်းမှ ၎င်းတို့ ရှေ့မဆက်သေးပေ- ဤသည်မှာ အမှန်တကယ် စိတ်မချမ်းမြေ့စရာ အကြောင်းအရာတစ်ခု ဖြစ်သည်။ “အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ”၏ ဤအပိုင်းသည် လူသား၏နှလုံးသားကိုဖွင့်ရန် သော့တစ်ချောင်းမျှသာ ဖြစ်၏၊ ဤနေရာတွင် ရပ်တန့်ခြင်းသည် ဘုရားသခင်၏ရည်ရွယ်ချက်ကို ဖြည့်ဆည်းရာ၌ အလွန် အဆင့်မမီခြင်း ဖြစ်သည်။ သူ့မိန့်မြွက်ချက်များ၏ ဤအပိုင်းကို ပြောရာ၌ ဘုရားသခင်၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို ကျေးဇူးတော်ခေတ်မှ နိုင်ငံတော်ခေတ်ထဲသို့ ခေါ်ဆောင်ရန်သာ ဖြစ်၏၊ သူ့မိန့်မြွက်ချက်များ၏ ဤအပိုင်းတွင် လူသားမျိုးနွယ်က လုံးဝဥဿုံရပ်ရန် သို့မဟုတ် သူ့မိန့်မြွက်ချက်များ၏ ဤအပိုင်းကို လမ်းညွှန်ချက်တစ်ရပ်အဖြစ် သဘောထားရန် သူ၌လုံးဝဆန္ဒမရှိပေ၊ သို့မဟုတ်ပါက ဘုရားသခင်၏ အနာဂတ်မိန့်မြွက်ချက်များသည် လိုအပ်မည်မဟုတ်သကဲ့သို့ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ဘုရားသခင့်မိန့်မြွက်ချက်များ၏ ဤအပိုင်းတွင် လူသားရရှိရန် ဘုရားသခင်တောင်းဆိုသည့်အရာထဲသို့ ဝင်ရောက်နိုင်ခြင်းမရှိသေးသူ တစ်ဦးတစ်လေရှိပါက၊ ထိုလူ၏ဝင်ရောက်မှုသည် မသိရှိရသောအရာတစ်ခုအဖြစ် ဆက်လက်ရှိနေသည်။ ဘုရားသခင့်မိန့်မြွက်ချက်များ၏ ဤအပိုင်းသည် နိုင်ငံတော်ခေတ်တွင် ဘုရားသခင်က လူသားအပေါ် ပြုလုပ်သည့် အခြေခံအကျဆုံး သတ်မှတ်ချက်ဖြစ်ပြီး၊ လမ်းကြောင်းမှန်ပေါ်သို့ လူသားမျိုးနွယ်ဝင်ရောက်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အကယ်၍ သင်သည် မည်သည့်အရာကိုမျှ နားမလည်သော လူတစ်ဦးဖြစ်ပါက ဤအပိုင်းထဲက နှုတ်ကပတ်တော်များကို ဖတ်ခြင်းဖြင့် စတင်သင့်ပေသည်။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ကွဲပြားသည့်အတန်းအစားများ” ဆိုသည့် စကားစု မပါဝင်ပါ။

အရှေ့သို့- ကျမ်းဦးစကား

နောက်တစ်ခုသို့- အခန်း ၁

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။