ဘုရားသခင်၏အမှုသည် လူသား စိတ်ကူးသကဲ့သို့ ရိုးရှင်းပါသလော

ဘုရားသခင်ကို ယုံကြည်သူများအနေဖြင့် ယနေ့ခေတ် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အလုပ်နှင့် သင့်အပေါ် သူလုပ်ဆောင်သည့် သူ၏ အစီအစဉ်နှင့်ဆိုင်သော အလုပ်အားလုံးကို လက်ခံရရှိခြင်းအားဖြင့် သင်သည် အကြီးမားဆုံးသော ချီးမြှောက်ခြင်းနှင့် ကယ်တင်ခြင်းကို အမှန်တကယ် ရရှိပြီးဖြစ်ကြောင်း သင်တို့တစ်ဦးစီတိုင်း နားလည်သင့်သည်။ ဘုရားသခင်သည် စကြဝဠာထဲရှိ သူ၏အလုပ်၏ အဓိကအာရုံစိုက်မှု တစ်ခုလုံးကို ဤလူစုအပေါ်တွင် ထားရှိလေသည်။ ကိုယ်တော်သည် သင်တို့အတွက် သူ၏ အလွန်တရာ ကြိုးပမ်းအားထုတ်ခြင်း အားလုံးကို စတေးခဲ့သည်။ ကိုယ်တော်သည် စကြဝဠာထဲရှိ ဝိညာဉ်တော်၏ အလုပ်အားလုံးကို ရုပ်သိမ်းပြီး သင်တို့အား ပေးအပ်ခဲ့သည်။ ထို့ကြောင့် သင်တို့သည် ကံကောင်းသောသူများ ဖြစ်ကြသည်။ ထို့အပြင် ကိုယ်တော်သည် သူ၏ ဘုန်းအသရေကို သူရွေးချယ်ထားသောလူများဖြစ်သည့် ဣသရေလမှ သင်တို့အပေါ်သို့ ရွှေ့ပြောင်းခဲ့ပြီး ဤလူစုမှတစ်ဆင့် သူ၏ အစီအစဉ်နှင့်ဆိုင်သော ရည်ရွယ်ချက်ကို အပြည့်အဝ ပေါ်လွင်ထင်ရှားစေလိမ့်မည်။ သို့ဖြစ်၍ သင်တို့သည် ဘုရားသခင်၏ အမွေကို ရရှိမည့်သူများ ဖြစ်ကြပြီး ဤအရာထက်မက သင်တို့သည် ဘုရားသခင်၏ ဘုန်းအသရေကို အမွေခံမည့်သူများ ဖြစ်ကြသည်။ “အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏” ဟူသော စကားများကို သင်တို့အားလုံး မှတ်မိကောင်း မှတ်မိကြလိမ့်မည်။ ယခင်က ဤစကားများကို သင်တို့အားလုံး ကြားဖူးခဲ့ကြသည့်တိုင် သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏ စစ်မှန်သော အဓိပ္ပာယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် ယင်းတို့၏ စစ်မှန်သော အရေးပါမှုကို သင်တို့ နက်ရှိုင်းစွာ သိရှိကြသည်။ ဤစကားများကို နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်က ပြည့်စုံစေလိမ့်မည်ဖြစ်ပြီး ယင်းတို့သည် အဆင်းနီသော နဂါးကြီး ခွေနေသည့် မြေတွင် ၎င်း၏ ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး ဘုရားသခင်၏ ရန်သူဖြစ်သည်။ သို့ဖြစ်၍ ဤမြေရှိ လူများသည် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ခြင်းကြောင့် အရှက်ခွဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ခံကြရပြီး ရလဒ်အနေဖြင့် ဤစကားများသည် ဤလူစုဖြစ်သော သင်တို့၌ ပြည့်စုံလေသည်။ ဘုရားသခင်သည် သူ့ကို ဆန့်ကျင်သော မြေတွင် သူ၏အလုပ်ကို လုပ်ဆောင်သောကြောင့် သူ၏ အလုပ်အားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး သူ၏ နှုတ်ကပတ်တော်များစွာသည် ချက်ချင်း ပြည့်စုံခြင်း မရှိနိုင်ပေ။ သို့ဖြစ်၍ ဘုရားနှုတ်ကပတ်တော်များ၏ ရလဒ်အနေဖြင့် လူတို့သည် စစ်ဆေးခြင်းခံရပြီး ယင်းမှာ ဆင်းရဲဒုက္ခထဲတွင် ပါဝင်သည်။ အဆင်းနီသော နဂါးကြီး၏ မြေတွင် ဘုရားသခင်အနေဖြင့် ကိုယ်တော်၏အလုပ်ကို လုပ်ဆောင်ရန် အလွန်တရာ ခက်ခဲသော်လည်း ကိုယ်တော်၏ ဉာဏ်ပညာနှင့် ကိုယ်တော်၏ အံ့ဖွယ်သောအမှုများကို ထုတ်ဖော်ပြနိုင်ရန်အလို့ငှာ ဤအခက်အခဲမှတစ်ဆင့် ဘုရားသခင်သည် သူ၏အလုပ် အဆင့်တစ်ဆင့်ကို လုပ်ဆောင်ပြီး ဤလူစုကို စုံလင်စေရန် ဘုရားသခင်က ဤအခွင့်အရေးကို အသုံးပြုလေသည်။ လူတို့၏ ဆင်းရဲဒုက္ခမှတစ်ဆင့်လည်းကောင်း၊ ၎င်းတို့၏ အစွမ်းအစမှတစ်ဆင့်လည်းကောင်း၊ ဤညစ်ညူးသောမြေရှိ လူများ၏ စာတန်ဆန်သော စိတ်သဘောထားများ အားလုံးမှတစ်ဆင့်လည်းကောင်း ဘုရားသခင်သည် သူ၏ သန့်စင်ခြင်းနှင့် သိမ်းပိုက်ခြင်း အလုပ်ကို လုပ်ဆောင်ပြီး ထိုသို့ဖြင့် ဤအရာမှ သူသည် ဘုန်းအသရေကိုလည်းကောင်း၊ သူ၏ လုပ်ဆောင်ချက်များအတွက် သက်သေခံသူများကိုလည်းကောင်း ရရှိနိုင်ပေသည်။ ဤသည်မှာ ဤလူစုအတွက် ဘုရားသခင် ပေးဆပ်ခဲ့သည့် အဖိုးအခအားလုံး၏ အရေးပါမှု တစ်ခုလုံး ဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ်တော့်ကို ဆန့်ကျင်သူများမှတစ်ဆင့် ဘုရားသခင်သည် သိမ်းပိုက်ခြင်း အလုပ်ကို လုပ်ဆောင်ပြီး ဤနည်းအားဖြင့်သာ ဘုရားသခင်၏ ကြီးမားသော တန်ခိုးကို ထုတ်ဖော်ပြနိုင်လေသည်။ တစ်နည်းအားဖြင့်ဆိုသော် ညစ်ညူးသောမြေတွင် ရှိသူများသာလျှင် ဘုရားသခင်၏ ဘုန်းအသရေကို အမွေခံရန် ထိုက်တန်ပြီး ဤအရာကသာ ဘုရားသခင်၏ ကြီးမားသော တန်ခိုးကို ပေါ်လွင်စေနိုင်သည်။ ထို့ကြောင့် ညစ်ညူးသောမြေမှလည်းကောင်း၊ ညစ်ညူးသောမြေတွင် နေထိုင်သူများထံမှလည်းကောင်း ဘုရားသခင်သည် ဘုန်းအသရေကို ရရှိခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်။ ဤသည်မှာ ယေရှု၏ အလုပ်အဆင့်နှင့် တူညီသည်။ ကိုယ်တော်သည် ကိုယ်တော့်ကို ညှဉ်းပန်းနှိပ်စက်ခဲ့သော ထိုဖာရိရှဲများအလယ်တွင်သာ ဘုန်းအသရေကို ရရှိနိုင်ခဲ့သည်။ ဖာရိရှဲများ၏ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ယုဒ၏ သစ္စာဖောက်ခြင်းတို့သာ မရှိခဲ့ပါက ယေရှုသည် လှောင်ပြောင်ခြင်း သို့မဟုတ် အသရေဖျက်ခြင်းကို ခံခဲ့ရမည် မဟုတ်သည့်အပြင် လက်ဝါးကပ်တိုင်တွင် သံမှိုစွဲခံရရန် မဆိုထားနှင့် ဘုန်းအသရေကို ရရှိနိုင်ခဲ့မည် မဟုတ်ပေ။ ခေတ်တိုင်းတွင် ဘုရားသခင် အလုပ်လုပ်သည့် နေရာနှင့် လူ့ဇာတိ၌ သူ၏အလုပ်ကို ပြုသည့်နေရာသည် သူ ဘုန်းအသရေကို ရရှိသည့်နေရာဖြစ်ပြီး သူရရှိရန် ရည်ရွယ်ထားသူများကို သူရရှိသည့် နေရာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော အစီအစဉ်ဖြစ်ပြီး ဤသည်မှာ သူ၏ စီမံခန့်ခွဲမှု ဖြစ်သည်။

ဘုရားသခင်၏ နှစ်ထောင်ပေါင်းများစွာသော အစီအစဉ်တွင် အလုပ် အပိုင်းနှစ်ပိုင်းကို လူ့ဇာတိ၌ လုပ်ဆောင်သည်။ ပထမမှာ လက်ဝါးကပ်တိုင်မှာ အသေခံခြင်း အလုပ်ဖြစ်ပြီး ယင်းအတွက် ကိုယ်တော်သည် ဘုန်းအသရေကို ရရှိသည်။ အခြားတစ်ခုမှာ နောက်ဆုံးသော ကာလရှိ သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်း အလုပ်ဖြစ်ပြီး ယင်းအတွက် ကိုယ်တော်သည် ဘုန်းအသရေကို ရရှိသည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်၏ အလုပ် သို့မဟုတ် သင်တို့အပေါ် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ရိုးရှင်းသော ကိစ္စရပ်တစ်ခုအဖြစ် မမှတ်ယူကြနှင့်။ သင်တို့အားလုံးသည် ဘုရားသခင်၏ အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို အမွေခံမည့်သူများ ဖြစ်ကြပြီး ဤအရာကို ဘုရားသခင်က အထူးတလည် အမိန့်ဖြင့် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ ကိုယ်တော်၏ ဘုန်းအသရေ အပိုင်းနှစ်ပိုင်းအနက် တစ်ပိုင်းသည် သင်တို့၌ ပေါ်လွင်ထင်ရှားလေသည်။ ဘုရားသခင်၏ ဘုန်းအသရေ တစ်ပိုင်းလုံးကို သင်တို့အပေါ် ပေးသနားထားပြီးဖြစ်ကာ ထိုသို့ဖြင့် ယင်းသည် သင်တို့၏ အမွေ ဖြစ်လာနိုင်ပေသည်။ ဤသည်မှာ သင်တို့ကို ဘုရားသခင် ချီးမြှောက်ခြင်းဖြစ်ပြီး ယင်းမှာ လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက သူ ကြိုတင်သတ်မှတ်ထားခဲ့သည့် အစီအစဉ်လည်း ဖြစ်သည်။ အဆင်းနီသော နဂါးကြီး နေထိုင်သည့် မြေတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အလုပ်၏ ကြီးမားမှုကို ထောက်ရှုလျှင် ဤအလုပ်ကို အခြားတစ်နေရာသို့ ရွှေ့ပြောင်းခဲ့ပါက ယင်းသည် လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက ကြီးမားသော အသီးအပွင့်များကို သီးခဲ့မည်ဖြစ်ပြီး လူတို့၏ လွယ်ကူစွာ လက်ခံခြင်းကို ခံခဲ့ရမည်ဖြစ်သည်။ ထို့အပြင် ယေရှု၏ အလုပ်အဆင့်က အစဉ်အလာတစ်ခုအဖြစ် ရှိနေသောကြောင့် ဤအလုပ်သည် ဘုရားသခင်ကို ယုံကြည်သော အနောက်နိုင်ငံမှ ထိုဓမ္မဆရာများအတွက် လက်ခံရန် အလွန် လွယ်ကူလွန်းမည်ဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် ဘုန်းအသရေကို ရရှိခြင်းနှင့်ဆိုင်သော ဤအလုပ်အဆင့်ကို အခြားနေရာတွင် မပြီးမြောက်နိုင်ခြင်း ဖြစ်သည်။ အလုပ်ကို လူတို့က အားပေးထောက်ခံပြီး နိုင်ငံတော်က အသိအမှတ်ပြုသောအခါ ဘုရားသခင်၏ ဘုန်းအသရေ ကိန်းဝပ်ရန် နေရာမရှိပေ။ ဤသည်မှာ ဤမြေတွင် ဤအလုပ်အဆင့်က ပိုင်ဆိုင်ထားသည့် ထူးခြားသော အရေးပါမှုပင် ဖြစ်သည်။ သင်တို့အလယ်တွင် ဥပဒေ၏ ကာကွယ်မှုကို ခံရသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ထိုအစား သင်တို့သည် ဥပဒေ၏ အပြစ်ပေးအရေးယူခြင်းကို ခံကြရသည်။ သာ၍ပင် ကြီးမားသော အခက်အခဲမှာ လူတို့က သင်တို့ကို နားမလည်ကြခြင်း ဖြစ်သည်။ သင်တို့၏ ဆွေမျိုးများဖြစ်စေ၊ သင်တို့၏ မိဘများဖြစ်စေ၊ သင်တို့၏ မိတ်ဆွေများဖြစ်စေ၊ သင်တို့၏ လုပ်ဖော်ကိုင်ဖက်များဖြစ်စေ ၎င်းတို့ထဲမှ မည်သူမျှ သင်တို့ကို နားမလည်ကြပေ။ သင်တို့သည် ဘုရားသခင်၏ “စွန့်ပစ်ခြင်း” ကို ခံရသောအခါ ဤလောကတွင် ဆက်လက် အသက်ရှင်နေထိုင်ရန် မဖြစ်နိုင်ပေ၊ သို့သော် ထိုသို့ဖြစ်လင့်ကစား လူတို့သည် ဘုရားသခင်နှင့် ကင်းကွာ၍ မနေနိုင်ကြသေးပေ။ ဤသည်မှာ လူတို့ကို ဘုရားသခင် သိမ်းပိုက်ခြင်း၏ အရေးပါမှုဖြစ်ပြီး ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။ ယနေ့ သင်တို့ အမွေရရှိထားသည့်အရာသည် ခေတ်အဆက်ဆက်မှ တမန်တော်များနှင့် ပရောဖက်များ ရရှိခဲ့သည့်အရာထက် သာလွန်ပြီး မောရှေနှင့် ပေတရုတို့ ရရှိခဲ့သည့်အရာထက်ပင် သာ၍ ကြီးမားသည်။ ကောင်းချီးမင်္ဂလာများကို တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း မရရှိနိုင်ပေ။ ယင်းတို့ကို ကြီးမားသော အဖိုးအခဖြင့် ထိုက်ထိုက်တန်တန် ရယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သင်တို့သည် စစ်ဆေးခြင်းကို ခံရပြီးသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ရမည်၊ ကြီးမားသော ယုံကြည်ခြင်းကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်တို့ ရရှိရန် ဘုရားသခင် တောင်းဆိုသည့် များစွာသော သမ္မာတရားများ သင်တို့၌ ရှိရမည်ဖြစ်သည်။ ထို့ထက်မက သင်တို့သည် ခြိမ်းခြောက်မခံရဘဲ သို့မဟုတ် နောက်မဆုတ်ဘဲ တရားမျှတမှုဆီသို့ ရှေးရှုနိုင်ရမည်ဖြစ်ပြီး သေသည့်တိုင်အောင် မပြောင်းလဲသော ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတစ်ခု ရှိရမည်ဖြစ်သည်။ သင်တို့တွင် စိတ်ပိုင်းဖြတ်မှု ရှိရမည်၊ သင်တို့၏ အသက်စိတ်သဘောထား ပြောင်းလဲရမည်၊ သင်တို့၏ ဖောက်ပြန်ပျက်စီးမှု ကုသခံရမည်ဖြစ်ပြီး သင်တို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများ အားလုံးကို ညည်းညူခြင်း မရှိဘဲ လက်ခံရမည်ဖြစ်ကာ သေသည့်တိုင်အောင်ပင် ကျိုးနွံနာခံနိုင်ရမည်ဖြစ်သည်။ ဤသည်မှာ သင်တို့ ရရှိသင့်သည့်အရာ ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော နောက်ဆုံး ရည်မှန်းချက်ဖြစ်ပြီး ယင်းမှာ ဤလူစုထံမှ ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ ကိုယ်တော်သည် သင်တို့ကို ပေးသနားသောကြောင့် ကိုယ်တော်သည် သင်တို့ထံမှ အသေအချာ ပြန်လည်တောင်းဆိုလိမ့်မည်ဖြစ်ပြီး သင်တို့အတွက် သင့်လျော်သော တောင်းဆိုချက်များကို သေချာပေါက် တင်ပြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် လုပ်ဆောင်သည့် အလုပ်အားလုံး၏ နောက်ကွယ်တွင် အကြောင်းရင်း ရှိသည်။ ဤအရာမှနေ၍ ဘုရားသခင်သည် အဘယ်ကြောင့် မြင့်မားသော စံနှုန်းများနှင့် တင်းကျပ်သော တောင်းဆိုချက်များကို သတ်မှတ်သည့် အလုပ်ကို အကြိမ်ကြိမ်အခါခါ လုပ်ဆောင်သည်ဟူသည်ကို မြင်တွေ့နိုင်သည်။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းဖြင့် ပြည့်နှက်နေသင့်သည်။ အချုပ်အားဖြင့်ဆိုသော် ဘုရားသခင်၏ အလုပ်အားလုံးကို သင်တို့အတွက် လုပ်ဆောင်ခြင်းဖြစ်သည်၊ သင်တို့သည် သူ၏ အမွေကို လက်ခံရရှိရန် ထိုက်တန်သူများ ဖြစ်လာနိုင်စေရန်အလို့ငှာ ယင်းကို လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင် ကိုယ်တော်တိုင်၏ ဘုန်းအသရေအတွက် ဖြစ်သည်ဟု ပြောမည့်အစား ယင်းမှာ သင်တို့၏ ကယ်တင်ခြင်းအတွက်ဖြစ်ပြီး ညစ်ညူးသောမြေတွင် အလွန် ပြင်းထန်စွာ ဆင်းရဲဒုက္ခခံစားခဲ့ရသော ဤလူစုကို စုံလင်စေရန်အတွက် ဖြစ်သည်ဟု ပြောခြင်းက ပို၍ ကောင်းမွန်လိမ့်မည်။ သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သင့်သည်။ သို့ဖြစ်၍ ထိုးထွင်းသိမြင်မှု သို့မဟုတ် ဆင်ခြင်တုံတရား တစ်ခုတလေမျှမရှိသော မသိနားမလည်သည့် လူများစွာကို ငါ တိုက်တွန်းနှိုးဆော်သည်။ ဘုရားသခင်ကို မစမ်းသပ်ကြနှင့်၊ ပြီးလျှင် နောက်ထပ် အတိုက်အခံ မလုပ်ကြနှင့်။ ဘုရားသခင်သည် လူသား မည်သည့်အခါမျှ မခံစားဖူးသော ဆင်းရဲဒုက္ခအားလုံးကို ခံစားခဲ့ရပြီးဖြစ်ကာ လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက လူသား၏ ကိုယ်စား သာ၍များသော အရှက်ခွဲခံရခြင်းကိုပင် ခါးစည်းခံခဲ့သည်။ သို့ဆိုလျှင် သင် စွန့်လွှတ်၍မရနိုင်သော အရာမှာ အဘယ်အရာ ရှိသနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်ထက် ပို၍ အရေးကြီးနိုင်သည့်အရာမှာ အဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာထက် ပို၍ မြင့်မားနိုင်သည့်အရာမှာ အဘယ်အရာ ဖြစ်သနည်း။ ဤညစ်ညူးသောမြေတွင် သူ၏အလုပ်ကို လုပ်ဆောင်ရန် ဘုရားသခင်အတွက် ခက်ခဲနေပြီးသားဖြစ်သည်။ ဤအရာအပြင် လူသားက သိလျက်နှင့် တမင်သက်သက် အမှားများကို ကျူးလွန်ပါက ဘုရားသခင်၏ အလုပ်သည် အချိန်ကြန့်ကြာရလိမ့်မည်။ အချုပ်အားဖြင့်ဆိုသော် ဤသည်မှာ မည်သူ အကျိုးဖြစ်ထွန်းရေးအတွက်မျှ မဟုတ်ပေ၊ ယင်းက မည်သူ့ကိုမျှ အကျိုးမပြုပေ။ ဘုရားသခင်သည် အချိန်၏ ကန့်သတ်ခြင်းကို မခံရပေ။ သူ၏ အလုပ်နှင့် သူ၏ ဘုန်းအသရေက ဦးစားပေးဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ခုသည် သူ၏ အလုပ်၏ အစိတ်အပိုင်း ဖြစ်နေသရွေ့ အချိန်မည်မျှ ကြာသည်ဖြစ်စေ ယင်းအတွက် မည်သည့် အဖိုးအခကိုမဆို သူ ပေးဆပ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်နေသဘောထား ဖြစ်သည်။ သူ၏ အလုပ် မပြီးမချင်း သူ အနားယူမည် မဟုတ်ပေ။ သူ၏ ဘုန်းအသရေ၏ ဒုတိယအပိုင်းကို သူ ရရှိသောအခါမှသာ သူ၏ အလုပ် ပြီးဆုံးလိမ့်မည်။ စကြဝဠာတစ်ခုလုံးတွင် ဘုန်းအသရေကို ရရှိခြင်းနှင့်ဆိုင်သော သူ၏ အလုပ်၏ ဒုတိယအပိုင်းကို ဘုရားသခင် မပြီးဆုံးပါက သူ၏ နေ့ရက်သည် မည်သည့်အခါမျှ ရောက်လာမည် မဟုတ်ပေ၊ သူ၏ လက်ရုံးတော်သည် သူရွေးချယ်ထားသောလူများထံမှ မည်သည့်အခါမျှ ဖယ်ခွာမည် မဟုတ်ပေ၊ သူ၏ ဘုန်းအသရေသည် ဣသရေလအပေါ်သို့ မည်သည့်အခါမျှ သက်ဆင်းမည် မဟုတ်သည့်အပြင် သူ၏ အစီအစဉ်သည် မည်သည့်အခါမျှ ပြီးဆုံးမည် မဟုတ်ပေ။ သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မြင်တွေ့နိုင်သင့်ပြီး ဘုရားသခင်၏ အလုပ်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းကဲ့သို့ မရိုးရှင်းကြောင်းကို မြင်တွေ့သင့်သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့၏ အလုပ်သည် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသောသူများ၊ အလွန်အမင်း ထုံထိုင်းသောသူများကို ပြောင်းလဲခြင်းဖြစ်သောကြောင့် ဖြစ်သည်၊ ယင်းမှာ ဖန်ဆင်းခံရသော်လည်း စာတန်၏ ပြုပြင်စီမံခြင်းကို ခံရသူများကို သန့်စင်ရန် ဖြစ်သည်။ ယင်းမှာ အာဒံ သို့မဟုတ် ဧဝကို ဖန်ဆင်းခြင်း မဟုတ်ပေ၊ အလင်းကို ဖန်ဆင်းခြင်း သို့မဟုတ် အပင်နှင့် တိရစ္ဆာန်တိုင်းကို ဖန်ဆင်းခြင်းဆိုလျှင် သာ၍ပင် မဟုတ်သေးသည်။ ဘုရားသခင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသောအရာများကို သန့်စင်ပြီးနောက် ယင်းတို့ကို အသစ်တဖန် ရရှိကာ ယင်းတို့ကို သူနှင့်ဆိုင်သောအရာများ ဖြစ်လာစေရန်နှင့် သူ၏ ဘုန်းအသရေ ဖြစ်လာစေရန် ပြုလုပ်လေသည်။ ဤသည်မှာ လူသား စိတ်ကူးသကဲ့သို့ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းကဲ့သို့ မရိုးရှင်းသည့်အပြင် ယင်းမှာ လူသား စိတ်ကူးသကဲ့သို့ စာတန်ကို အနက်ဆုံးသောတွင်းထဲသို့ ပစ်ချခံရရန် ကျိန်ဆဲသည့် အလုပ်နှင့်လည်း မတူပေ။ ထိုအစား ယင်းမှာ လူကို ပြောင်းလဲသည့် အလုပ်ဖြစ်ပြီး အပျက်သဘောဆောင်ကာ သူနှင့်မဆိုင်သော အရာများကို အပြုသဘောဆောင်ပြီး သူနှင့်ဆိုင်သော အရာများအဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဤအလုပ်အဆင့် နောက်ကွယ်ရှိ ဖြစ်ရပ်မှန် ဖြစ်သည်။ သင်တို့သည် ဤအရာကို နားလည်ရမည်ဖြစ်ပြီး ကိစ္စရပ်များကို အလွန်အမင်း ရိုးရှင်းအောင် ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရမည်။ ဘုရားသခင်၏ အလုပ်သည် သာမန် အလုပ်တစ်ခုတလေနှင့်မျှ မတူပေ။ ယင်း၏ အံ့ဖွယ်ဖြစ်မှုနှင့် ဉာဏ်ပညာသည် လူ၏ စိတ်ကူးဉာဏ်ထက် ကျော်လွန်လေသည်။ ဘုရားသခင်သည် ဤအလုပ်အဆင့်အတွင်းတွင် အရာခပ်သိမ်းကို မဖန်ဆင်းသော်လည်း ယင်းတို့ကို ဖျက်ဆီးခြင်းလည်း မပြုပေ။ ထိုအစား ကိုယ်တော်သည် သူဖန်ဆင်းခဲ့သည့် အရာခပ်သိမ်းကို ပြောင်းလဲပြီး စာတန်၏ ညစ်ညူးစေခြင်းကို ခံရသည့် အရာခပ်သိမ်းကို သန့်စင်လေသည်။ ထိုသို့ဖြင့် ဘုရားသခင်သည် ကြီးမားသော လုပ်ငန်းတစ်ခုကို စတင်လေသည်။ ဤသည်မှာ ဘုရားသခင်၏ အလုပ်၏ အရေးပါမှု တစ်ခုလုံး ဖြစ်သည်။ ဤစကားများတွင် ဘုရားသခင်၏ အလုပ်သည် တကယ်ကို ထိုမျှ ရိုးရှင်းကြောင်းကို သင် မြင်သလော။

အရှေ့သို့- ဘုရားသခင်၏ လက်ရှိအမှုတော်ကို သိကျွမ်းခြင်း

နောက်တစ်ခုသို့- သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။