၆၉ ဘုရားသခင်အတွက် သင်၏ လှိုက်လှဲသော ချစ်ခြင်းမေတ္တာကို ဟစ်ဆိုလော့
၁ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ ကြားပြီးဖြစ်ကာ အသင်းတော် အသက်တာကို ကျွန်ုပ်တို့ အသက်ရှင်သည့်နေရာ ဘုရားသခင်၏ အိမ်တော်ဆီသို့ ပြန်သွားကြလေပြီ။ ခရစ်တော်၏ ထိန်းကျောင်းခြင်းခံရလျက်၊ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ စားသောက်ကာ ကောင်းကင်နိုင်ငံတော်၏ စားပွဲတော်ကို ကျွန်ုပ်တို့ တက်ရောက်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရင်းနှင့် တွေ့ကြုံရင်း၊ သမ္မာတရားကို ကျွန်ုပ်တို့ နားလည်ကာ ကျွန်ုပ်တို့၏ ဝိညာဉ်များ လွတ်မြောက်စေခြင်း ခံရသည်။ ခရစ်တော်က သမ္မာတရားဖြစ်သည်မှာ သေချာလျက်၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများ သိမ်းပိုက်ခံရကာ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းဖို့ ကျွန်ုပ်တို့ စိတ်ဆုံးဖြတ်ကြသည်။ ညီအစ်ကို မောင်နှများ၊ အတူတကွ သီဆိုကြလော့။ ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲက ဘုရားသခင်ကို ချစ်ခြင်းအား ကျယ်ကျယ် ဟစ်ဆိုကြလော့။ ဘုရားသခင်၏ သမ္မာတရား ဖော်ပြခြင်းသည် ကျွန်ုပ်တို့ထံ ထာဝရအသက်လမ်းကို ယူဆောင်ပေးပြီး သမ္မာတရားများက လူသား ပုံသဏ္ဍာန်အသက်ရှင်ရန် ကျွန်ုပ်တို့ကို အခွင့်ပေးသည်။
၂ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို ပြသရင်း၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း၏ စစ်မှန်သော မျက်နှာကို ဖော်ထုတ်သည်။ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ကျွန်ုပ်တို့၏ စကားများနှင့် လုပ်ရပ်များ- ယင်းတို့အားလုံးသည် အလင်းတွင် ဖော်ထုတ်ခံရသည်။ အဆုံးစွန် နောင်တကို ခံစားရလျက်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်ုပ်တို့ ညီးညွှတ်ကြသည်။ စမ်းသပ်မှုများ တွေ့ကြုံရင်း၊ ကျွန်ုပ်တို့၏ သဘာဝသည် ကျွန်ုပ်တို့အဖို့ သိသာထင်ရှားလာသည်။ ဘုရားသခင်ထံ ကျွန်ုပ်တို့ နောင်တရပြီး အသစ်တစ်ဖန် စတင်ကြသည်။ ခရစ်တော်က သမ္မာတရားဖြစ်သည်မှာ သေချာလျက်၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများ သိမ်းပိုက်ခံရကာ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းဖို့ ကျွန်ုပ်တို့ စိတ်ဆုံးဖြတ်ကြသည်။ ညီအစ်ကို မောင်နှများ၊ အတူတကွ သီဆိုကြလော့။ ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲက ဘုရားသခင်ကို ချစ်ခြင်းအား ကျယ်ကျယ် ဟစ်ဆိုကြလော့။ ဘုရားသခင်၏ သမ္မာတရား ဖော်ပြခြင်းသည် ကျွန်ုပ်တို့ထံ ထာဝရအသက်လမ်းကို ယူဆောင်ပေးပြီး သမ္မာတရားများက လူသား ပုံသဏ္ဍာန်အသက်ရှင်ရန် ကျွန်ုပ်တို့ကို အခွင့်ပေးသည်။
၃ စာတန်၏ ရက်စက်သော ဖိနှိပ်မှုနှင့် ရင်ဆိုင်ရာတွင်၊ ကျွန်ုပ်တို့ နောက်မဆုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အတိဒုက္ခများ ကျော်လွှားအောင်မြင်ရာတွင် ကျွန်ုပ်တို့ကို လမ်းပြသည်။ သမ္မတရားကို နားလည်ရင်း၊ မည်သည့်အရာ ချစ်ရမည်နှင့် မည်သည့်အရာ မုန်းတရမည်ဆိုသည်ကို ကျွန်ုပ်တို့ သိမြင်နေပြီး သာ၍ ရှင်းလင်းစွာ သိကြသည်။ စမ်းသပ်မှုများနှင့် အတိဒုက္ခများကို တွေ့ကြုံရင်း၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် သာ၍ ကြီးမားသော ချစ်ခြင်းမေတ္တာတစ်ခု ရှိကြသည်။ ကျွန်ုပ်တို့၏ တာဝန်များကို ကောင်းမွန်စွာ ဆောင်ရွက်ကြပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ကြသည်။ ခရစ်တော်က သမ္မာတရားဖြစ်သည်မှာ သေချာလျက်၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများ သိမ်းပိုက်ခံရကာ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းဖို့ ကျွန်ုပ်တို့ စိတ်ဆုံးဖြတ်ကြသည်။ ညီအစ်ကို မောင်နှများ၊ အတူတကွ သီဆိုကြလော့။ ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲက ဘုရားသခင်ကို ချစ်ခြင်းအား ကျယ်ကျယ် ဟစ်ဆိုကြလော့။ ဘုရားသခင်၏ သမ္မာတရား ဖော်ပြခြင်းသည် ကျွန်ုပ်တို့ထံ ထာဝရအသက်လမ်းကို ယူဆောင်ပေးပြီး သမ္မာတရားများက လူသား ပုံသဏ္ဍာန်အသက်ရှင်ရန် ကျွန်ုပ်တို့ကို အခွင့်ပေးသည်။