၂၀၃ လူ့အကြိုက်လိုက်သူတစ်ဦး၏ သုံးသပ်ဆင်ခြင်မှု
၁ ကျွန်ုပ်သည် ကနဦး ခေတ်မှ ဆိုးယုတ်သော ပညာရေးတစ်ခုကို ရရှိခဲ့ကာ စာတန်၏ အတွေးအခေါ်များက ကျွန်ုပ်၏ အယူဝါဒ ဖြစ်ခဲ့ပေ။ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ နာကျင်မှုများကို ယူဆောင်ရင်း၊ အလယ်လမ်းကို လျှောက်ခဲ့။ လူတို့နှင့် ဆက်ဆံနေချိန် ကျွန်ုပ် မျက်နာတွင် အပြုံးတစ်ခု ရှိခဲ့၊ ကျွန်ုပ်၏ ဟန်ပန်မှာ ယခင်ထက် နွေးထွေးသော်လည်း၊ ကျွန်ုပ်၏ အတွင်းက အတွေးများကို မည်သူမျှ မပြောနိုင်ပါ။ အမှုအရာများကို ကျွန်ုပ် ရိပ်စားမိသော်လည်း မည်သည့်အခါတွင်မျှ မပြောခဲ့။ စကားလုံးများကို နှုတ်ခမ်းပေါ်တွင် ရှိခဲ့သော်လည်း၊ နှုတ်ဆိတ်ခြင်းကို ကျွန်ုပ် ရွေးချယ်ခဲ့။ “စဉ်းစားတတ်သော လူများက မိမိတို့ကိုယ်ကိုယ် ကာကွယ်ကြသည်” ဆိုသည်မှာ လောကထဲက လူတို့နှင့် ဆက်ဆံခြင်းအတွက် ကျွန်ုပ်၏ အခြေခံသဘောတရား ဖြစ်လာခဲ့လေပြီ။ ဖြောင့်မခြင်းနှင့် ကျွန်ုပ်၏ ကိုယ်ပိုင် အကျိုးစီးပွားများကြား၊ ကျွန်ုပ်၏ ကိုယ်ပိုင် အကျိုးစီးပွားကိုသာ မရွေးချယ်ဘဲမနေနိုင်ခဲ့ပေ။ လူတို့က “သဘောကောင်းသူ”ဟု ကျွန်ုပ်ကို ခေါ်သော်လည်း၊ ကျွန်ုပ်၏ စိတ်နှလုံးထဲက အပြစ်ကို ကျွန်ုပ် မိမိကိုယ်ကိုယ် မဖယ်ရှားနိုင်ခဲ့။
၂ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးနောက်၊ ကျွန်ုပ်၏ တာဝန်ကို ရှင်သန်ခြင်းအတွက် ကျွန်ုပ်၏ ကိုယ်ပိုင် အတွေးအခေါ်အတိုင်း ဆောင်ရွက်ဆဲဖြစ်ခဲ့ပေ။ အသင်းတော်၏ အကျိုးစီးပွားကို လုပ်ဆောင်လျက်ရှိသည့် ထိခိုက်နစ်နာမှုကို မြင်ခဲ့သော်လည်း အခြေခံသဘောတရားများကို ကျွန်ုပ် မလိုက်နာဝံ့ခဲ့။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရင်၊ မိမိကိုယ်ကိုယ် ကာကွယ်ဖို့ ဆိုးယုတ်သူကို ကျွန်ုပ် ကာပေးခဲ့။ ဘုရားသခင်၏ စက်ဆုပ်ခြင်းခံရလျက်၊ ကျွန်ုပ်သည် မချိတင်ကဲ ဝေဒနာဖြင့် လူးလွန့်သည့် အမှောင်ထဲသို့ ထိုးဆင်းခဲ့ရ။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သက်ဆိုင်သည့် နှုတ်ကပတ်တော် အသီးသီးက ကျွန်ုပ်၏ အသိစိတ်ကို ရိုက်ခတ်။ ပြင်းထန်သော ထုတ်ဖော်ပြခြင်းမှတစ်ဆင့်သာ ကျွန်ုပ်၏ ဆိုးယုတ်သော သဘာဝကို ရှင်းလင်းစွာ မြင်ခဲ့။ ကျွန်ုပ်သည် တစ်ကိုယ်ကောင်းဆန်ကာ ခက်ထန်ခဲ့၊ သူတော်ကောင်းယောင်ဆောင်သူတစ်ဦး၊ အချိန်မရွေး ဘုရားသခင်ကို သစ္စာဖောက်တတ်သူ ဖြစ်ခဲ့ပေ။ အမှန်တကယ် ကျွန်ုပ်သည် စာတန်၏ ရုပ်သေးရုပ်၊ ဖြောင့်မတ်ခြင်း အသိစိတ်မရှိသူ၊ မိမိကိုယ်ကိုယ်နှင့် အခြားသူများကို နာကျင်စေသူ ဖြစ်ခဲ့။
၃ တရားစီရင်ခြင်းကို တွေ့ကြုံပြီးနောက်၊ ကျွန်ုပ်၏ အနှစ်သာရကို နောက်ဆုံးတွင် မြင်ခဲ့ရ။ ကျွန်ုပ်သည် လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ခဲ့ပေ။ ကျွန်ုပ်သည် မယုံရသကဲ့သို့ လှည့်ဖြားတတ်ကာ ဘုရားသခင်အတွက် ကြောက်ရွံ့ခြင်းမရှိခဲ့။ ကျွန်ုပ်သည် ဆိုးယုတ်မှုနှင့် ဘုရားသခင်ကို ခုခံနိုင်စွမ်း ရှိခဲ့။ အမှန်ပြုပြင်ဖို့ ခက်ခဲရအောင် အလွန်များစွာ အပြစ်ပြုမိခြင်းအတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် စက်ဆုပ်မိခဲ့။ ကျွန်ုပ် မိမိကိုယ်ကိုယ် သာ၍ မုန်းကာ တတ်နိုင်သရွေ့ မြန်မြန် နောင်တရဖို့ တောင့်တခဲ့။ ဘုရားသခင်၏ အနှစ်သာရသည် ယုံကြည်စိတ်ချရကာ ဖြောင့်မတ်ပေ။ ရိုးသားသူများကို သူလေ ချစ်။ စာတန်ကို ကျောခိုင်းကာ ဘုရားသခင်ကို စိတ်နှလုံး တစ်ခုလုံးဖြင့် ချစ်ရန် ကျွန်ုပ် ဆန္ဒရှိ။ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေရင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင်ရင်း၊ ရိုးသားသော လူတစ်ဦး ကျွန်ုပ် ဖြစ်မည်။ ရိုးသားရန်၊ စိတ်ကောင်းရှိရန်၊ ချစ်ရမည့်အရာနှင့် မုန်းရမည့်အရာ သိရန်- ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးအခံစားရဆုံးပေ။ ရိုးသားသော လူများမှာ လူသား၏ စစ်မှန်သော သဏ္ဍာန်ဖြစ်ပေ။ အလင်းတွင် သူတို့ အစဉ် အသက်ရှင်မည်။