၅၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မ၏ ခုခံပြောဆိုမှုနှင့် အထင်လွဲမှုများကို ဖယ်ရှားခဲ့သည်
ကျွန်မ အသင်းတော် ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ၊ ကျွန်မက ကိုယ့်တာဝန်မှာ အတော်အတန် ထိရောက်ခဲ့ပြီး အတွေ့အကြုံတချို့ ရှိခဲ့တယ်။ ဒီတော့ သမ္မာတရား နားလည်သလိုမျိုး ကျွန်မ ခံစားခဲ့ရတယ်။ ကိစ္စတွေ ဖြစ်လာတော့၊ မကြာခဏ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို မရှာဘဲ ထင်ရာမြင်ရာ လုပ်ခဲ့တယ်။ အဲဒီတုန်းက၊ အသင်းတော်နှစ်ပါးရဲ့ ခေါင်းဆောင်တွေမှာ မကောင်းတဲ့ လူ့သဘာဝရှိပြီး တခြားလူတွေကို ဖိနှိပ်သလို၊ စိတ်ကျဉ်းကျပ်စေတယ်လို့ လူတချို့က တိုင်တယ်။ ကျွန်မ နားထောင်တယ်၊ တိုင်ကြားချက်တွေကို ယုံခဲ့ပြီး အချက်အလက်တွေကို မစစ်ဆေးဘဲ၊ လက်တွေ့အလုပ်လုပ်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက်ကို ထုတ်လိုက်ပြီး၊ တခြားခေါင်းဆာင်တစ်ယောက်ကို အမှားအမှားအယွင်းယွင်း နှင်ထုတ်လုနီးပါး ဖြစ်ခဲ့တယ်။ အဲဒါက အသင်းတော်နှစ်ပါးလုံးရဲ့ အလုပ်ကို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်။ တာဝန်ကို ထင်ရာမြင်ရာ လုပ်တဲ့အတွက်၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေအတိုင်း မဆောင်ရွက်သလို၊ လူတွေကို ဆန္ဒရှိသလို ထုတ်ပယ်တဲ့အတွက် အထက်လူကြီးတွေက ကျွန်မကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကျွန်မ သိပ်သိတာ မရှိခဲ့ဘူး၊ ငြင်းခုံပြီး ကိုယ်မှန်ကြောင်းရှင်းပြခဲ့သလို၊ လူတိုင်း သူတို့တာဝန်မှာ အမှားတွေလုပ်ကြတာပဲလို့ တွေးခဲ့တယ်။ သမ္မာတရားကို ကျွန်မ လက်မခံ၊ စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး ကိစ္စတွေကို မကြာခဏ လုပ်၊ ထင်ရာမြင်ရာ ပြုမူပြီး ကျွန်မအလုပ်က လက်တွေ့အကျိုးတရား မရှိတာကြောင့်၊ အထက်လူကြီးတွေရဲ့ ထုတ်ပယ်တာ ခံခဲ့ရတယ်။ အထုတ်ခံရပြီးတဲ့နောက်မှာ၊ ကျွန်မအတွက် ဘာတာဝန်မှ သူတို့ မစီစဉ်ပေးဘဲ၊ အိမ်မှာ ဝိညာဉ်ရေးရာ သုံးသပ်တာ လုပ်ဖို့ ပြောတယ်။ အဲဒီတုန်းက ဘုရားအလိုတော်ကို နားမလည်ခဲ့သလို၊ အရမ်းအပျက်သဘောဆောင်ခဲ့တယ်။ ဘုရားကို နှစ်ချီ ယုံကြည်ခဲ့တယ်၊ ကိုယ့်အိမ်ထောင်ရေးကို ထားခဲ့တယ်၊ အလုပ်ထွက်လိုက်ပြီး၊ နာမကျန်းဖြစ်ပေမဲ့ ကိုယ့်တာဝန်ကို မကြာခဏ လုပ်ခဲ့တယ်လို့ တွေးမိတယ်။ အကျိူး မရခဲ့ရင်တောင်၊ အနည်းဆုံးတော့ ကြိုးစားအလုပ်လုပ်ခဲ့ပြီးပြီပေါ့။ အထုတ်ခံရတာက ဆိုးလှပေမဲ့၊ အခုတော့ တာဝန်ကို လုံးဝ လုပ်လို့မရဘူးလို့ အပြောခံရတယ်။ အမှားနှစ်ခုပဲ ကျွန်မလုပ်ခဲ့တာလေ၊ ဒီတော့ ဒီလို ကိုင်တွယ်ဖြေရှင်းခံရတာက ပြင်းထန်လွန်းတယ်လို့ တွေးမိတယ်၊ အထူးသဖြင့် ခေါင်းဆောင်နဲ့ အမှုဆောင်တွေ မဟုတ်တဲ့သူတွေ သူတို့တာဝန်လုပ်နေကြတုန်းပဲ ဆိုတာကို မြင်တဲ့အခါ၊ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ကျွန်မကျတော့ ဘာတာဝန်မှ လုံးဝ မရှိဘူးလေ။ ကျွန်မတွေးမိတယ်၊ “ကြည့်ရတာ ငါ ခေါင်းဆောင် မဖြစ်နိုင်တဲ့ပုံပဲ။ ခေါင်းဆောင်ဖြစ်ဖို့ မြင့်မားတဲ့ စံတွေနဲ့ တင်းကျပ်တဲ့ သတ်မှတ်ချက်တွေ ရှိတယ်။ နည်းနည်းလေး သတိမမူမိရင်တောင် ဘုရားကို ယုံကြည်တဲ့ ဘဝက အဆုံးသတ်သွားနိုင်တယ်။ အစေခံတစ်ယောက်တောင် မဖြစ်နိုင်ရင်၊ အဆုံးသတ်နဲ့ ခရီးပန်းတိုင် ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် ငါ ခေါင်းဆောင် ထပ်ဖြစ်တော့မှာ မဟုတ်ဘူး”လို့ပေါ့။ အဲဒီနောက် နှစ်နဲ့ချီ၊ အသင်းတော်ထဲမှာ စာအလုပ်ကို အမြဲ လုပ်ခဲ့ရတယ်။ ခေါင်းဆောင်၊ အမှုဆောင်အနေနဲ့ ရွေးကောက်ပွဲအတွက် ဝင်ပြိုင်ဖို့ အခွင့်အရေးတွေ ရှိခဲ့ပေမဲ့၊ ပါဝင်တာကို ကျွန်မ အမြဲရှောင်ရှားခဲ့တယ်။ အဲဒီတုန်းက ကျွန်မပြဿနာကို သဘောမပေါက်ခဲ့ဘူး။ ကိစ္စတွေကို ဒီလိုလုပ်တာက အမြော်အမြင်ရှိတယ်လို့ ထင်ခဲ့တယ်။
၂၀၂၀ ခုနှစ် မေလေမှာ ညီအစ်ကို မောင်နှမတွေက ရွေးကောက်ပွဲအတွက် ဝင်ပြိုင်ဖို့ ကျွန်မကို ထောက်ခံခဲ့ကြတယ်၊ သဘောကွဲလွဲမှုက စိတ်ကို လွှမ်းမိုးသွားတယ်။ စာအလုပ်မှာ ကျွန်မ ကောင်းကောင်းလုပ်နေခဲ့ပြီး၊ ရွေးကောက်ပွဲမှာ ဝင်မပါချင်ခဲ့ဘူး။ ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရရင်၊ သတင်းဆိုးပဲ ဖြစ်မှာ။ ခေါင်းဆောင်ဖြစ်ရတာ ခက်တယ်၊ ဘယ်သူမှ အသိအမှတ်မပြုတဲ့ အလုပ်ပဲလို့ တွေးမိတယ်။ အဲဒါကို မဖြစ်မနေ ကောင်းကောင်လုပ်ရတယ်။ အမှားတွေ လုပ်မိရင်၊ ခေါင်းဆောင်က အမြဲ တာဝန်ခံရတာလေ။ “လူတိုင်းက အကျိုးခံစားရပြီး တစ်ယောက်တည်းကသာ အပြစ်တင်ခံရသည်” ဆိုတဲ့စကားရပ်က အံကိုက်ပဲ။ အရင် ကျွန်မ ခေါင်းဆောင်ဖြစ်တုန်းက အပြစ်ကျူးလွန်ခဲ့တယ်။ ပြန်ပြီး ခေါင်းဆောင်အနေနဲ့ အစေခံပြီး စည်းမျဉ်းတွေကို ဆန့်ကျင်တာတစ်ခုခု လုပ်မိခဲ့ရင်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကြီးကြီးမားမား ထိခိုက်နစ်နာစေခဲ့ရင်၊ အညှာတာဆုံးအနေနဲ့ ကျွန်မ ထုတ်ပယ်ခံရမယ်၊ အဆိုးဆုံးအနေနဲ့ နှင်ထုတ်ခံရမယ်၊ အဲဒီနောက် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာပဲ။ ဒါကိုတွေးမိတော့၊ ကျွန်မ နှလုံးရောဂါက ခုတလော ဆိုးလာခဲ့လို့ ရွေးကောက်ပွဲမှာ ပါနိုင်မှာ မဟုတ်ဘူးလို့ ပြောလိုက်တယ်။ အဲဒီတုန်းက နည်းနည်း အပြစ်ရှိသလို ခံစားရတယ်။ ရွေးကောက်ပွဲကို ကျွန်မ ရှောင်နေတာ မဟုတ်လားပေါ့။ ဒါပေမဲ့ နောက်တော့ ခေါင်းဆောင်ဖြစ်တာနဲ့ ကျွန်မ တကယ်မကိုက်သလို၊ ခုတလော ကျွန်မနှလုံးက တော်တော်လေး မသက်မသာဖြစ်လို့ ကျွန်မမှာ မသွားဖို့ အကြောင်းပြချက်ရှိတယ်လို့ တွေးမိတယ်။ ဒီအတွေးနဲ့ ခံစားခဲ့ရတဲ့ စိုးရိမ်ပူပန်မှု နည်းနည်းနဲ့ အပြစ်ရှိတဲ့စိတ်က ပျောက်သွားတယ်။ တစ်လကြာပြီးတဲ့နောက်မှာ၊ စာထဲမှာ ခေါင်းဆောင်က ကျွန်မကို ကိုယ်စားလှယ်လောင်းအနေနဲ့ ညီအစ်ကို မောင်နှမတွေက ထပ်ရွေးခဲ့တယ်လို့ ပြောတယ်။ ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ စတွေးမိတယ်၊ “ဘာလို့ ကိုယ်စားလှယ်လောင်းအနေနဲ့ ငါ့ကို သူတို့ ထောက်ခံပေးကြတာလဲ။ ခေါင်းဆောင်ဖြစ်ရတာ အန္တရာယ်များတယ်။ လုပ်စရာများသလို ပြဿနာတွေ များတယ်၊ ပြီးတော့ အချိန်မရွေး ထုတ်ဖော်ခံရနိုင်တယ်။ ငါ့အနီးအနားက လူတချို့က သူတို့ ခေါင်းဆောင်မဖြစ်တဲ့အချိန် ပြဿနာတစ်ခုမှ မရှိတဲ့ပုံရပေမဲ့၊ ဖြစ်လိုက်တာနဲ့ အယောင်ဆောင် ခေါင်းဆောင်အနေနဲ့ ထုတ်ဖော်ခံရပြီး ထုတ်ပယ်ခံရတုန်းမှာပဲ တခြားလူတွေလည်း ဆိုးယုတ်သူတွေ၊ အန္တိခရစ်တွေအနေနဲ့ ပေါ်လွင်သွားပြီး နှင်ထုတ်ခံရတယ်။ အဆင့်အတန်းက လူတွေကို တကယ်ပဲ ထုတ်ဖော်ပြနိုင်တဲ့ပုံပဲ”လို့ပေါ့။ ဒါကြောင့် ရွေးကောက်ပွဲမှာ ဝင်အရွေးမခံဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ခေါင်းဆောင်က သတ်မှတ်ထားတဲ့ အချိန်မှာ ကျွန်မ ရောက်ရမယ်လို့ ပြောလို့ အင်တင်တင်နဲ့ သွားခဲ့ရတယ်။ အစည်းအဝေးလုပ်တဲ့ နှစ်ရက်သုံးရက်အတွင်းမှာ၊ ပြောစရာသိပ်မရှိခဲ့ဘူး။ မဲပေးဖို့အချိန်ရောက်လာတော့၊ အချိန်အတော်ကြာ ရုန်းကန်ခဲ့ရတယ်။ နောက်ဆုံးမှာ လူတိုင်းကို ပြောလိုက်တယ်၊ “ကျွန်မ ရှောင်တယ်။ ရွေးကောက်ပွဲမှာ မဲပေးမှာ ဝင်အရွေးခံမှာ မဟုတ်ဘူး” လို့ပေါ့။
အိမ်ရောက်ပြီး သိပ်မကြာဘူး၊ ကျွန်မရဲ့ ရောဂါ ပြန်ဖြစ်လာတယ်။ ဝမ်းလျှောပြီး အဖျားတက်လို့ ဆေးသောက်တာ မသက်သာဘူး။ ရက်တော်တော်များများ ကြာပြီးတော့ ကျွန်မအခြေအနေ နောက်ဆုံး တိုးတက်ခဲ့တယ်။ အဲဒီနောက်မှာ လက်နဲ့ လည်ပင်းက အနီစက်တွေနဲ့ ပြည့်သွားတယ်။ ပိုဆိုးသထက် ဆိုးလာခဲ့တယ်၊ ဒါကြောင့် ချွေးစထွက်လာတာနဲ့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာတယ်။ ရက်အနည်းငယ်ကြာပြီးနောက်မှာ ဒီရောဂါဝေဒနာတွေကြောင့် ကျွန်မ လုံးဝ ခြေကုန်လက်ပန်းကျသွားခဲ့တယ်။ ဒီရောဂါဟာ တိုက်ဆိုင်မှုမဟုတ်ဘဲ၊ ဘုရားရဲ့ ဆုံးမပဲ့ပြင်မှုဖြစ်မှန်း ကျွန်မ နားလည်ခဲ့ပေမဲ့ ဘယ်လိုဆင်ခြင်ရမယ်မှန်း မသိခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် သိပြီး သင်ခန်းစာ သင်ယူရအောင် လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားကို ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ နာမကျန်းခြင်းကို ကျွန်မ ခံစားနေရမှန်း ခေါင်းဆာင်ကသိတော့၊ ရွေးကောက်ပွဲအပေါ် ကျွန်မသဘောထားကို သုံးသပ်ဖို့ သတိပေးခဲ့ပြီး ကျွန်မအခြေအနေနဲ့ စပ်လျဉ်းတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာတွေ့ခဲ့တယ်။ “ဆိုးယုတ်သော သဘာဝကြောင့်၊ လူများသည် ဂုဏ်အဆင့်အတန်း ရသည်နှင့်တစ်ပြိုင်နက်၊ ထို့နောက်တွင် ၎င်းတို့သည် အန္တရာယ်ရှိကြသည်။ ထို့ကြောင့် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့တွင် လိုက်လျှောက်ဖို့ လမ်းကြောင်း မရှိသလော။ ဤအမှန်တရားကို ပြောင်းလဲ၍ မရနိုင်သလော။ ငါ့ကိုပြောလော့၊ ဖောက်ပြန်ပျက်စီးသော လူတို့ အဆင့်အတန်း ရသည့် တစ်ခဏတွင်၊ ၎င်းတို့ မည်သူပင် ဖြစ်ပါစေ၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာကြသလော။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သလော။ (သမ္မာတရားကို ၎င်းတို့ မလိုက်စားလျှင်၊ ၎င်းတို့ အန္တိခရစ်များ ဖြစ်လာကြလိမ့်မည်ဖြစ်၏၊ သို့သော် သမ္မာတရားကို ၎င်း လိုက်စားလျှင် ဖြစ်ကြလိမ့်မည်မဟုတ်။) ယင်းက လုံးဝ မှန်ကန်ပေသည်။ လူများသည် သမ္မာတရားကို မလိုက်စားလျှင်၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာဖို့ သေချာပေသည်။ ပြီးလျှင် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်သော သူများအားလုံးသည် ဂုဏ်အဆင့်အတန်းကြောင့် ထိုသို့ပြုလုပ်ရခြင်းဖြစ်သည်မှာ မှန်ကန်သလော။ မဟုတ်ပေ၊ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ မမှန်ကန်သောကြောင့် အဓိက ဖြစ်သည်။ ၎င်းတို့၌ ဂုဏ်အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သမ္မာတရားကို မလိုက်စားသည့်လူများအားလုံးသည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်ကြသည်။ ၎င်းတို့သည် ဒေသနာမည်မျှကို ကြားပြီးဖြစ်စေ၊ ထိုသို့သော လူများသည် သမ္မာတရားကို လက်မခံကြပေ။ ၎င်းတို့သည် လမ်းကြောင်းအမှန်ကို မလျှောက်ကြပေ၊ ထိုသို့ဖြင့် ၎င်းတို့သည် မရိုးဖြောင့်သော လမ်းကြောင်းကို မလွဲဧကန် လျှောက်ကြပေသည်။ ဤသည်မှာ လူတို့ စားသည့်ပုံနှင့် ဆင်ဆင်တူ၏- အချို့သည် မိမိတို့၏ ကိုယ်ခန္ဓာကို အာဟာရဖြည့်တင်းပေးနိုင်ပြီး မိမိတို့၏ သာမန်တည်ရှိမှုကို ထောက်ပံ့ပေးနိုင်သည့် အစားအစာကို မစားသောက်ကြဘဲ၊ နောက်ဆုံးတွင် မိမိကိုယ် ဆိုးကျိုးဖြစ်စေလျက်၊ ဘေးဖြစ်စေသော အရာများကိုသာ မလျှော့တမ်း စားသုံးကြသည်။ ဤသည်မှာ လူတို့ မိမိတို့ကိုယ်တိုင် ပြုလုပ်ကြသည့် ရွေးချယ်မှုတစ်ခု မဟုတ်လော။ ဖယ်ရှားခြင်းခံရပြီးသည့်နောက်တွင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်အချို့က ‘ခေါင်းဆောင် ဖြစ်အောင်မလုပ်နဲ့၊ ပြီးတော့ ဂုဏ်အဆင့်အတန်း ရှိအောင်မလုပ်နဲ့။ လူတွေက ဂုဏ်အဆင့်အတန်းရတဲ့ တဒင်္ဂတွင်းမှာ အန္တရာယ်ရှိကြပြီး၊ ဘုရားသခင်က သူတို့ကို ဖော်ထုတ်လိမ့်မယ်။ သူတို့ ဖော်ထုတ်ခံရတာနဲ့တစ်ပြိုင်နက်၊ သူတို့ဟာ သာမန် ယုံကြည်သူတွေဖြစ်ဖို့တောင် အရည်အချင်းပြည့်မီမှာ မဟုတ်သလို၊ ဘာကောင်းချီးမင်္ဂလာမှ လုံးဝ ရမှာ မဟုတ်ဘူး။’ ဟု ပြောလျက် အယူအဆများ ဖြန့်ဝေကြသည်။ ထို့သို့ပြောစရာလော။ အညှာတာဆုံးဆိုရလျှင်၊ ယင်းက ဘုရားသခင်ကို နားလည်မှုလွဲခြင်းအား ဖော်ပြပါသည်။ ကုန်ကုန်ပြောရလျှင်၊ ယင်းသည် သူ့ကို ပြစ်မှားစော်ကားခြင်း ဖြစ်၏။ သင်သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်ပါက၊ သမ္မာတရားကို မလိုက်စားသကဲ့သို့၊ ဘုရားသခင်၏လမ်းခရီးကို လိုက်မလျှောက်ဘဲ၊ ထိုအစား အန္တိခရစ်များ၏ လမ်းခရီးကို မလျှော့တမ်းသွားပြီး ပေါလု၏လမ်းကြောင်းတွင် အဆုံးသတ်ကာ၊ နောက်ဆုံး၌ ပေါလုကဲ့သို့ အဆုံးသတ်ဖြစ်သည့် အလားတူ အဆုံးသတ်ကို ကြုံရ၍၊ ဘုရားသခင်ကို အပြစ်တင်ဆဲဖြစ်ပြီး ဘုရားသခင်ကို မဖြောင့်မတ်ဟု ဝေဖန်အကဲဖြတ်နေဆဲဖြစ်ပါက၊ သင်သည် စစ်မှန်သော အန္တိခရစ်အမျိုးတစ်ဦးသာ မဟုတ်လော။ ထိုသို့သော အပြုအမူသည် ကျိန်ဆိုခြင်းခံရသည်။ လူများသည် သမ္မာတရားကို နားမလည်သည့်အခါ၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအားဖြင့် အစဉ် အသက်ရှင်သန်ကြပြီး ဘုရားသခင်ကို မကြာခဏ နားလည်မှုလွဲကာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ၎င်းတို့၏အယူအဆများနှင့် မကိုက်ညီဟု ခံစားကြရသည်၊ ယင်းက ၎င်းတို့၌ အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကို ဖြစ်ပေါ်စေသည်။ ဤအရာဖြစ်ပျက်သည်မှာ လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်ခြင်းက အလွန် သေးနုပ်ကာ၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် နုနယ်ပြီး နည်းပါးလွန်းသော သမ္မာတရားကိုသာ ၎င်းတို့ နားလည်သောကြောင့် ၎င်းတို့က အပျက်သဘောဆောင်သော အရာများပြောကာ ညည်းညူကြသည်— ယင်းတို့အားလုံးက ခွင့်လွှတ်ဖွယ်ရာဖြစ်သော်လည်း၊ ဘုရားသခင်၏ အောက်မေ့သတိရခြင်းကို မခံရပေ။ သို့သော် လမ်းကြောင်းအမှန်ကို မလျှောက်သည့်သူ၊ ဘုရားသခင်ကို လှည့်စား၊ ခုခံပြီး သစ္စာဖောက်ကာ ဘုရားသခင်နှင့် ဆန့်ကျင်တိုက်ခိုက်သော လမ်းကြောင်းကို အထူးသဖြင့် လျှောက်သည့် သူများရှိပေသည်။ ဤလူများသည် အဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို ခံကြရကာ၊ ထာဝရအပြစ်ဒဏ်နှင့် ပျက်စီးခြင်းထဲသို့ ထိုးဆင်းကြသည်။ ၎င်းတို့သည် မည်သို့များ ဤအခြေအနေသို့ ရောက်ရှိကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခြင်းနှင့် သိမြင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံဘဲ မဆင်မခြင်ပြုကာ၊ တစ်ဇွတ်ထိုးနိုင်ပြီး နောင်တရဖို့ ခေါင်းမာစွာ ငြင်းဆန်ကာ ၎င်းတို့ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံကြရပြီးသည့်နောက် ဘုရားသခင်သည် မဖြောင့်မတ်ဟုဆိုလျက်၊ ဘုရားသခင်နှင်ပတ်သက်၍ ညည်းညူကြသောကြောင့် ဖြစ်သည်။ ထိုသို့သော လူများသည် ကယ်တင်ခြင်းကို ခံရနိုင်သလော။ (မခံရနိုင်ပါ။) ၎င်းတို့ ကယ်တင်ခြင်း မခံရနိုင်ပါ။ သို့ဖြစ်၍ ဖယ်ရှားခြင်းခံရသည့် လူတိုင်းသည် လုံးလုံး ကယ်တင်ခြင်းမခံရနိုင်လောက်အောင် ဖြစ်ကြသည်မှာ မှန်ကန်သလော။ ၎င်းတို့သည် လုံးဝ ရွေးနုတ်မရနိုင်လောက်အောင် ဖြစ်သည်ဟု ပြော၍မရပေ။ အလွန်နည်းပါးသော သမ္မာတရားများကို နားလည်သူ၊ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသူများလည်း ရှိကြသည်— ခေါင်းဆောင်များ၊ သို့မဟုတ် အမှုတော်ဆောင်များ ဖြစ်လာပြီး ဂုဏ်အဆင့်အတန်း ရှိလာသည်နှင့်၊ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ လမ်းညွှန်ခြင်းကို ခံရကာ ဂုဏ်အဆင့်အတန်းကို လိုက်စားပြီး ဂုဏ်အဆင့်အတန်းကို အရသာတွေ့သောကြောင့် အန္တိခရစ်တို့၏ လမ်းကြောင်းကို အလိုလို လျှောက်ကြသည့် သူများလည်း ရှိသည်။ ထုတ်ဖော်ခြင်းနှင့် တရားစီရင်ခြင်းတို့ကို ခံရပြီးသည့်နောက်၊ ၎င်းတို့သည် နိနေဝေမြို့သားများကဲ့သို့ ဆိုးယုတ်ခြင်းကို စွန့်လွှတ်လျက်၊ ၎င်းတို့ လျှောက်ခဲ့ဖူးသကဲ့သို့ ဆိုးယုတ်သည့် လမ်းကြောင်းကို မလျှောက်တော့ဘဲ၊ မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်ပြီး အမှန်တကယ် နောင်တရပါက၊ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ရှိသေးသည်။ သို့ရာတွင် ထိုသို့သော အခွင့်အရေးတစ်ခု၏ သတ်မှတ်ချက်များမှာ အဘယ်နည်း။ ဖော်ထုတ်ခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းကို ခံရပြီးသည့်နောက်၊ ၎င်းတို့က အမှန်တကယ် နောင်တရကာ၊ သမ္မာတရားကို လက်ခံနိုင်ကြပါက— ယင်းမှာ ၎င်းတို့၌ မျှော်လင့်ချက်အချို့ ရှိနေသေးသည့်သဘောဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်စွမ်း မရှိသကဲ့သို့၊ အမှန်တကယ် နောင်တရဖို့ ရည်ရွယ်ချက် မရှိပါက၊ ၎င်းတို့သည် လုံးလုံး ဖယ်ရှားခြင်း ခံရလိမ့်မည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်”) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးနောက်မှာ၊ ခေါင်းဆောင်က သတိပေးတယ်၊ “ခေါင်းဆောင်အနေနဲ့ ထုတ်ဖော်ပြခံရဖို့၊ အစားထိုးခံရဖို့ စွန့်ပစ်ခံရဖို့ လွယ်တယ်လို့ နင် အမြဲ ခံစားတယ်။ ဒီအမြင်က မှန်ရဲ့လား။ လူတွေ နောက်ဆုံးမှာ ထုတ်ဖော်ခံရပြီး စွန့်ပစ်ခံရခြင်း ရှိမရှိက သမ္မာတရားကို သူတို့ လိုက်စားခြင်း ရှိမရှိနဲ့ သူတို့လျှောက်တဲ့ လမ်းကြောင်းပေါ် မူတည်တယ်။ သူတို့ ခေါင်းဆောင်တွေဖြစ်တာ ကိစ္စမရှိဘူး။ လူတစ်ယောက်က သမ္မာတရား မလိုက်စား၊ ခေါင်းဆောင်အနေနဲ့ မှန်တဲ့ လမ်းကြောင်း မလျှောက်ရင်၊ မကောင်းမှုကို ကျိုးလွန်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်ပြီး နောင်တရဖို့ ငြင်းရင်၊ သေချာပေါက် ထုတ်ဖော်ခံရပြီး စွန့်ပစ်ခံရမှာပဲ။ ဒါပေမဲ့ လူတချို့အတွက်၊ သူတို့တာဝန်တွေမှာ အမှားတွေလုပ်ပြီး ပြစ်မှားမှုတွေ ကျူးလွန်ရင်တောင် သမ္မာတရားကို လက်ခံနိုင်ရင်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး တကယ့်နောင်တရှိနိုင်ရင်၊ ဘုရားအိမ်တော်က အခွင့်အရေးပေးမှာပါ။ သူတို့မှာ ညံ့ဖျင်းတဲ့ အစွမ်းအစရှိပြီး ခေါင်းဆောင်ဖြစ်တာနဲ့ မကိုက်ရင်တောင်၊ သင့်တော်တဲ့ တာဝန်ဆီ ရွှေ့ပြောင်းခံရပြီး ပေါ့ပေါ့တန်တန် ထုတ်ပယ်၊ စွန့်ပစ်ခံရမှာ မဟုတ်ဘူး။ ဘုရားအိမ်တော်မှာရှိတဲ့ ခေါင်းဆောင် အားလုံးထဲမှာ၊ တချို့က ဘာကြောင့် သမ္မာတရားကို တိုးသိပြီး သူတို့တာဝန်မှာ ပိုတော်သွားကြတာလဲ။ ဘာလို့ တချို့လူတွေက ဆိုးယုတ်တာတွေ လုပ်ပြီး၊ အဲဒီနောက် အယောင်ဆောင် ခေါင်းဆောင်တွေ၊ အန္တိခရစ်တွေအနေနဲ့ ထုတ်ဖော်ခံရပြီး စွန့်ပစ်ခံရတာလဲ။ သူတို့ရဲ့ ကျရှုံးမှုတွေက ခေါင်းဆောင်ဖြစ်တာနဲ့ ပတ်သက်မှုတစ်ခုခု ရှိလား။ ပြီးတော့ ဘုရားအိမ်တော်က မကောင်းမှုပြုသူ အတော်များများကို ထုတ်ဖော်ပြီး စွန့်ပစ်ခဲ့တယ်၊ အတော်များများက ခေါင်းဆောင်မဟုတ်ခဲ့ကြဘူး။ သမ္မာတရားကို မုန်းလို့၊ လမ်းကြောင်းမှန်ကို မလျှောက်လို့၊ သူတို့ တာဝန်တွေမှာ သောင်းကျန်းပြီး အဟန့်အတားနဲ့ အနှောင့်အယှက်တွေ ဖြစ်စေလို့ သူတို့ စွန့်ပစ်ခံရတာ။ ဒါက ခေါင်းဆောင်ဖြစ်တာနဲ့ တစ်ခုခု ပတ်သက်လား”တဲ့။
အဲဒီတုန်းက ဒီအရာအားဖြင့် ကျွန်မ နည်းနည်း တို့ထိခံခဲ့ရတယ်။ “မှန်တယ်၊ ခေါင်းဆောင်တွေအားလုံးက အဆင့်အတန်းရှိတာနဲ့ ဖော်ထုတ်ခံရပြီး စွန့်ပစ်ခံရတာ မဟုတ်ဘူး။ သူတို့ အဆင့်အတန်း ရပြီးတဲ့နောက်မှာ၊ လမ်းကြောင်းမှန်ကို မလျှောက်ကြလို့၊ သမ္မာတရားကို မလိုက်စားလို့၊ အဆင့်အတန်းရဲ့ အကျိုးကျေးဇူးတွေကိုပဲ မက်မောကြလို့၊ ထင်ရာမြင်ရာ လုပ်၊ သောင်းကျန်းပြီး အဟန့်အတားနဲ့ အနှောင့်အယှက်တွေ ဖြစ်စေကြလို့ အဲဒီလို ဖြစ်ခဲ့တာပဲ။ ဒါက ထုတ်ဖော်ခံရပြီး စွန့်ပစ်ခံရတဲ့ အယောင်ဆောင် ခေါင်းဆောင်နဲ့ အန္တိခရစ်တွေ ဖြစ်စေတာပဲ” တဲ့။ ပြီးတဲ့ခဲ့ တစ်ချိန်တုန်းက ထုတ်ပယ်ခံခဲ့ရတဲ့ အစ်ကိုဝူအကြောင်း တွေးမိတယ်။ ခေါင်းဆောင်အနေနဲ့ သူ အမြဲ မာနထောင်လွှား၊ ကြွားဝါခဲ့တယ်၊ သူ့တွဲဖက်တွေကို စိတ်ကျဉ်းကျပ်စေပြီး၊ တာဝန်ကို ပုံမှန် မလုပ်နိုင်အောင် ဖြစ်စေရင်းနဲ့ အရာခပ်သိမ်းမှာ သူ့တွဲဖက်တွေကို သေးသိမ်စေပြီး ကြဉ်ခဲ့တယ်။ သူ့ခေါင်းဆောင်တွေက သူ့ကို အကြိမ်တော်တော်များများ မိတ်သဟာယပြုခဲ့ပေမဲ့ လုံးဝ မပြောင်းလဲ့ခဲ့သလို၊ နောက်တော့ အထုတ်ခံလိုက်ရတယ်။ ခေါင်းဆောင်အနေနဲ့ အရင်နှစ်တွေကို ကျွန်မ သုံးသပ်မိတယ်။ ကျွန်မ ထင်ရာမြင်ရာ ပြုမူခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက အသင်းတော် ခေါင်းဆောင်နှစ်ယောက်ကို တိုင်ကြားတော့၊ စည်းမျဉ်းတွေအတိုင်း မစုံစမ်းခဲ့သလို မှန်ကြောင်း မစစ်ဆေးခဲ့ဘူး။ အဲဒီအစား သူတို့ကို ထုတ်ပယ်ပြီး နှင်ထုတ်တဲ့အထိ လုပ်ရင်းနဲ့ ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချခဲ့တယ်။ အကျိုးဆက်အနေနဲ့ ခေါင်းဆောင်တွေကို ထိခိုက်နစ်နာစေခဲ့သလို အသင်းတော်ကိုလည်း ပရမ်းပတာ ဖြစ်စေခဲ့တယ်။ အဲဒီအကြောင်း အခုတွေးတော့၊ ကျွန်မလုပ်ခဲ့သမျှက မကောင်းမှန်း တွေ့ရတယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ တခြားလူတွေရဲ့ ကယ်တင်ခံရဖို့ အခွင့်အရေးကို ကျွန်မ ဖျက်ဆီးနေခဲ့တာပဲ။ ကံကောင်းထောက်မလို့၊ ကျွန်မရဲ့ မတရားသလို မမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ အသိခံလိုက်ရပြီး ပြောင်းပြန်ဖြစ်သွားခဲ့တယ်။ မဟုတ်ရင် အကျိုးဆက်တွေက ဆိုးကုန်မှာ။ ကျွန်မရဲ့ ထုတ်ပယ်ခံရခြင်းက အဆင့်အတန်း၊ ခေါင်းဆောင်ဖြစ်တာနဲ့ တကယ်ကို ဘာမှမပတ်သက်မှန်း သဘောပေါက်သွားတယ်။ အဲဒါက ကျွန်မစိတ်သဘောထား မာနထောင်လွှားလွန်းလို့ပဲ။ သမ္မာတရားကို ကျွန်မ မရှာဖွေခဲ့ဘူး၊ ထင်ရာမြင်ရာ ပြုမူပြီး အသင်းတော်အလုပ်ကို လက်လွတ်စပယ် နှောင့်ယှက်ခဲ့တယ်၊ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံချိန်မှာ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်၊ နောင်တမရခဲ့ဘူး။ ဒါကြောင့် ကျွန်မ အထုတ်ခံခဲ့ရတာ။ ဒါက စည်းမျဉ်းတွေနဲ့ ကိုက်သလို ဘုရားရဲ့ ဖြောင့်မတ်ခြင်းလည်း ဟုတ်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကျွန်မ မသိခဲ့ဘူး၊ ဘုရားကို အထင်လွဲပြီး ကြိုတင်ကာကွယ်တဲ့ အခြေအနေမှာ အသက်ရှင်ခဲ့တယ်။ ခေါင်းဆောင်ဖြစ်လို့၊ ဘုရားအိမ်တော်ရဲ့ သတ်မှတ်ချက်တွေ အရမ်းမြင့်လို့ ထုတ်ဖော်ခံရတာဖြစ်ပြီး၊ အမှားနှစ်ခုအတွက်ပဲ ကျွန်မ ထုတ်ပယ်ခံခဲ့ရတာလို့ တွေးခဲ့တယ်။ ကျွန်မက အရမ်း အဓိပ္ပာယ်မဲ့သလို ယုတ္တိမတန် ဖြစ်ခဲ့တယ်။ ခုမှပဲ သဘောပေါက်သွားတယ်၊ ကျွန်မ အချိန်မီ အထုတ်ခံရပြီး ကိုယ့်လမ်းကြောင်းမှာ အတားဆီးမခံခဲ့ရရင်၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ထောက်ဆရင်၊ အများကြီး ပိုကြီးမားတဲ့ မကောင်းမှု လုပ်ခဲ့မိမှာပဲ။ ကျွန်မရဲ့ ထုတ်ပယ်ခံရခြင်းက ကျွန်မအတွက် ဘုရားရဲ့ ကွယ်ကာမှုဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ အခွင့်အရေးကောင်း တစ်ခုလည်း ဖြစ်ခဲ့တယ်။ အရင်က ကျွန်မရဲ့ တွဲဖက်ဖြစ်ခဲ့တဲ့ အစ်မဝမ်ကို တွေးမိတယ်။ သူ အထုတ်ခံခဲ့ရပေမဲ့၊ သူ့ရဲ့ ကျရှုံးမှုနောက်မှာ၊ သူ့ကိုယ်သူ သုံးသပ်နိုင်ခဲ့တယ်၊ သင်ခန်းစာ သင်ယူနိုင်ခဲ့ပြီး ဘုရားဆီ နောင်တရနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ခေါင်းဆောင် ထပ်ဖြစ်တော့၊ သူ ပြုမူချိန်မှာ သမ္မာတရားရဲ့စည်းမျဉ်းတွေကို ရှာဖွေနိုင်ခဲ့ပြီး သိသာတဲ့ တိုးတက်မှု ပြုလုပ်ခဲ့တယ်။ ဒီအကြောင်းကို တွေးပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်၊ လူတွေက အဆင့်အတန်းရှိလို့ စွန့်ပစ်ခံရတာမဟုတ်ဘူးဆိုတာပဲ။ သူတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ သဘောထားတွေနဲ့ သူတို့ကိုယ်သူတို့ လုပ်တာ။ ဖောက်ပြန်ပျက်စီးတဲ့ သဘောထားတွေ ဖြေရှင်းမခံရရင်၊ ခေါင်းဆောင်တွေ မဟုတ်သလို ခေါင်းဆောင်ရဲ့ အဆင့်အတန်းနေရာကနေ မကောင်းမှု မလုပ်ရင်တောင်၊ သမ္မာတရားကို မလိုက်စားလို့ စွန့်ပစ်ခံရဦးမှာပဲ။
ဒါကို သဘောပေါက်လိုက်တာနဲ့ ကျွန်မရဲ့ အခြေအနေက စပြောင်းလဲလာတယ်၊ ဒါပေမဲ့ ပူပန်တာတချို့ ရှိနေတုန်းပဲ၊ “သမ္မာတရားအပေါ် ငါ့ရဲ့သိနားလည်မှုက ပေါ့တန်သလို၊ ခေါင်းဆောင်တွေက ကိစ္စအများကြီးကို ဆုံးဖြတ်ဖို့လိုတယ်။ ငါ့ရဲ့ မသင့်တော်ရဲ့ အစီအစဉ်တွေက ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်ရင်၊ ပြစ်မှားတာတွေ ကျူးလွန်မိနိုင်တယ်။ ခေါင်းဆောင်မဟုတ်သလို အဲဒီလိုအလုပ်တွေနဲ့ မထိတွေ့ရရင်၊ မကောင်းမှု လုပ်မိမှာ မဟုတ်ဘူး၊ ဒီကစ္စတွေကြောင့် ဘုရားကို ခုခံမိမှာ မဟုတ်ဘူး။ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ရင် အကောင်းဆုံးပဲလို့ တွေးနေမိတုန်းပဲ”လို့ပေါ့။ ဒီအချိန်မှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့ရတယ်။ “ဘုရားသခင်သည် ၎င်းတို့အား အေးစက်စက်ဖြင့် ချန်လှပ်ထားပြီ ဖြစ်သည့်အလား၊ ဘုရားသခင်သည် ၎င်းတို့အား စွန့်ပစ်ထားပြီ သို့မဟုတ် ကျောခိုင်းသွားပြီဖြစ်သည့်အလား တစ်ဦးတစ်ယောက် ခံစားနေသည်ကို ငါမမြင်ချင်ပေ။ ငါမြင်ချင်သမျှမှာ အယောက်တိုင်းသည် သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို နားလည်ရန် ကြိုးပမ်းခြင်း လမ်းထက်တွင် ဒွိဟများ၊ ဝန်ထုပ်ဝန်ပိုးများ မရှိဘဲ၊ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှုဖြင့် ရဲဝံ့စွာ ရှေ့သို့ချီခြင်း ဖြစ်သည်။ သင်သည် မည်သို့သော အမှားများကို ကျူးလွန်ပြီးသည်ဖြစ်စေ၊ မည်မျှ လမ်းလွဲပြီးသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ ဆိုးရွားစွာ ဖောက်ဖျက်ထားသည်ဖြစ်စေ၊ ဘုရားသခင်ကို သိနားလည်ခြင်းအား သင်၏လိုက်စား ရှာဖွေမှုတွင် ဤအရာများကို သင်နှင့်အတူ သယ်ဆောင်သွားရမည့် ဝန်ထုပ်ဝန်ပိုးများ သို့မဟုတ် အပို ဝန်စည်စလယ်များ ဖြစ်မလာစေနှင့်။ ရှေ့သို့သာ ဆက်၍ ချီတက်လော့။ ဘုရားသခင်သည် လူ၏ ကယ်တင်ခြင်းကို သူ၏ စိတ်နှလုံးထဲတွင် အမြဲ ထိန်းသိမ်းထား၏။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရတွင် အဖိုးတန်ဆုံး အစိတ်အပိုင်းဖြစ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)”) ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်မ အရမ်းတို့ထိခံခဲ့ရတယ်။ ခဏတာ ကျရှုံးမှုတွေနဲ့ အပြစ်တွေနဲ့ပတ်သက်လို့ ဘုရားက လူတွေကို ကယ်တင်ခြင်းအပေါ် လက်မလျှော့ဘူး။ အဲဒီအစား နောင်တရဖို့ အခွင့်အရေးတွေ သူ ပေးတယ်။ ကိုယ့်တာဝန်မှာ အမှားတွေလုပ်ပြီး ပြစ်မှားတာက ကြောက်လန့်စရာ တစ်ခုခု မဟုတ်ဘူး။ လူတွေ ပြောင်းလဲနိုင်သရွေ့၊ ဘုရားက သူတို့ကို ဆက်လမ်းပြတယ်။ ကျွန်မမှာ ပြစ်မှားတာတချို့ ရှိပေမဲ့၊ ဘုရားက ကျွန်မကို မစွန့်ပစ်ခဲ့တာကို ပြန်သတိရမိတယ်။ ကျွန်မကို ရိုက်နှက်ပြီး ဆုံးမပဲ့ပြင်ရုံပဲ့ပြင်ခဲ့တယ်။ ပြီးတော့ ကျွန်မကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းဖို့၊ ခေါင်းဆောင်မှု အခန်းကဏ္ဍကနေ ဖယ်ရှားပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်စေဖို့ လူတွေကို သုံးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ဘုရားကို သတိထားပြီး အထင်လွဲတဲ့ အခြေအနေမှာ အသက်ရှင်ခဲ့သလို၊ ခေါင်းဆောင်၊ အမှုဆောင်ဖြစ်ဖို့ လိုလားမနေခဲ့လို့၊ ကျွန်မကို အကြိမ်တော်တော်များများ မိတ်သဟာပြုပေးဖို့ တခြားလူတွေကို ဘုရားက သုံးပြီး ပြောင်းလဲဖို့ စောင့်ဆိုင်းခဲ့တယ်။ အစကနေ၊ ဘုရားက ကျွန်မကို သည်းခံ၊ စိတ်ရှည်နေခဲ့တာဖြစ်သလို၊ သမ္မာတရားကို ကျွန်မ လက်ခံပြီး နောင်တရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုံလောက်တဲ့ အချိန်နဲ့ အခွင့်အရေးတွေ ပေးခဲ့တယ်။ ကျွန်မ တွေးခဲ့သလို အပြစ်တစ်ခုအတွက် သူက ကျွန်မကို ရှုတ်ချပြီး မစွန့်ပစ်ခဲ့ဘူး။ ဒါကို သဘောပေါက်သွားတော့၊ ကျွန်မ နောင်တရပြီး အပြစ်ရှိသလို ခံစားရလို့ ဘုရားဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်။ ကျွန်မ အရမ်း ပုန်ကန်မိပါတယ်။ ကိုယ်တော့်ကို ကျွန်မ အထင်လွဲပြီး သတိမထားချင်တော့ပါဘူး။ အခု ကျွန်မ နောင်တရချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မရဲ့ မမှန်တဲ့ အခြေအနေကို ပြောင်းလဲနိုင်လို့ လမ်းပြတော်မူပါ”လို့ပေါ့။
နောက်တော့ တွေးမိတယ်၊ ဘုရားကို ကျွန်မ ဘာလို့ အထင်လွဲပြီး သတိထားခဲ့လဲ။ ဖြစ်ရတဲ့ အကြောင်းရင်းမြစ်က ဘာလဲပေါ့။ ဒီအချိန်မှာ ခေါင်းဆောင်က ကျွန်မအဖို့ အရမ်းအထောက်အကူဖြစ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ”) ကျွန်မရဲ့ သဘာဝက အရမ်းလှည့်ဖြားတတ်လို့ ဘုရားကို အထင်လွဲပြီး သတိထားခဲ့တာဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်က သဘောပေါက်သွားစေခဲ့တယ်။ ကျွန်မ အထုတ်ခံရပြီးတဲ့နောက်မှာ၊ ကျရှုံးမှုဆီ ဦးတည်တဲ့ လျှောက်ခဲ့တဲ့ လမ်းကြောင်းနဲ့ပတ်သက်လို့ မစဉ်းစားခဲ့ဘူး၊ ကိုယ့်အမှားတွေကို ထပ်လုပ်တာ ရှောင်ဖို့ သင်ခန်းစာ မသင်ယူခဲ့ဘူး။ ဆန့်ကျင့်ဖက်အနေနဲ့၊ ခေါင်းဆောင်ဖြစ်တာက ကျွန်မ အလွယ်တကူ ထုတ်ဖော်ခံရပြီး စွန့်ပစ်ခံရမဲ့ သဘောပဲလို့ တွေးခဲ့တယ်။ “ခေါင်းဆောင်” ဆိုတဲ့ ဘွဲ့နာမက ကျွန်မကို ထိခိုက်နစ်နာစေခဲ့တာလို့ တွေးခဲ့တယ်။ ဘုရားကို မမှန်တာတစ်ခုလုပ်တဲ့အတွက် လူတွေကို သေခြင်းကို စီရင်မဲ့ လောကီမင်းတစ်ပါးလိုတောင် ဘုရားကို စိတ်ကူးခဲ့မိတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွေကို တွေးမိတာနဲ့ ကြောက်လန့်ခဲ့တယ်။ ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရရင်၊ ထုတ်ဖော်ခံရပြီး ကိုယ့်ရဲ့ ရည်မှန်းချက် ဆုံးရှုံးမှာလို့ ကြောက်ခဲ့တယ်။ ဒါကြောင့် အမြဲ သတိထားပြီး ဘုရားရဲ့ မျက်မှောက်မှာ ခုခံကာကွယ်တတ်နေခဲ့တာပဲ။ ကျွန်မအပေါ် ဘုရားရဲ့ ချီးမြှောက်ခြင်းကို မလိုမုန်းထားသလို တွေးခဲ့ပြီး၊ ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်တာကို ရှောင်ရှား၊ ငြင်းဆိုဖို့ ဆင်ခြေတစ်ခုပြီးတစ်ခု လုပ်ခဲ့တယ်။ အရမ်း လှည့်ဖြားတတ်ခဲ့တာ။ သမ္မာတရားကို နားလည်ပြီး ဘုရားရဲ့ စေခိုင်းချက်ကို သယ်ပိုးနိုင်အောင်လို့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ဘုရားအိမ်တော်က လက်တွေ့လုပ်ဆောင်မဲ့ အခွင့်အရေး ပေးဖို့ လေ့ကျင့်ပေးတယ်။ ဒါပေမဲ့ ဘုရားက ကျွန်မကို ထုတ်ဖော်ပြီး စွန့်ပစ်မဲ့ သဘောလို့ တွေးခဲ့တယ်။ ဘုရားကို ကျွန်မ အထင်လွဲပြီး ပြစ်မှားစော်ကားနေခဲ့တာ။ ဘုရားကို ယုံကြည်ပေမဲ့ မဖြောင်မတ်တဲ့သူရဲ့ ရှုထောင့်အမြင်ကနေ ကိစ္စတွေကို ကျွန်မ အမြဲ မြင်နေခဲ့တာ၊ ဘုရားကို သံသယထားပြီး သတိထားနေခဲ့တာပဲ။ ဒီအရာမှာ ကျွန်မ ဖော်ထုတ်တာက ဆိုးညစ်ပြီး ဆိုးယုတ်တဲ့ စိတ်သဘောထားတွေပဲ။ ဒီလိုယုံကြည်မှုက ဘုရားကို ခုခံနေတာ မဟုတ်လား။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတော့ သူ့အလိုတော်ကို ပိုနားလည်သွားတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်ကို ချပြဖို့၊ သို့မဟုတ် ဆုံးမပဲ့ပြင်ဖို့ အရေးကိစ္စအချို့ကို အသုံးပြုသည်။ သို့ဆိုလျှင် ဤသည်မှာ သင်သည် သုတ်သင်ဖယ်ရှင်းခြင်းကို ခံရပြီးဖြစ်သည်ဟု ဆိုလိုသလော။ သင်၏အဆုံးသတ်သည် ရောက်လာပြီး ဖြစ်သည်ဟု ဆိုလိုသလော။ မဟုတ်ပေ။...အမှန်မှာမူ အခြေအနေများစွာတွင် လူများ၏ စိုးရိမ်ပူပန်မှုသည် ၎င်းတို့၏ အကျိုးစီးပွားများမှ အရင်းခံလာသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ၎င်းတို့တွင် မည်သည့်ရလဒ်မျှ မရရှိမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ ၎င်းတို့က ‘ဘုရားသခင်က ငါ့ကို ချခင်းပြပြီး၊ ဖယ်ရှားကာ၊ ငြင်းပယ်လျှင် မည်သို့လုပ်မည်နည်း’ ဟု မိမိဘာသာတွေးကြသည်။ ဤသည်မှာ ဘုရားသခင်ကို သင်၏နားလည်မှုလွဲခြင်း ဖြစ်သည်။ ဤသည်တို့မှာ သင်၏အတွေးများသာ ဖြစ်သည်။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်သည်ကို သင်သဘောပေါက်ရမည်။ လူများကို သူ၏ ဖွင့်ချခြင်းက ၎င်းတို့အား ဖယ်ရှားပစ်ဖို့ လုပ်ဆောင်ခြင်း မဟုတ်ပေ။ လူများအား ၎င်းတို့၏ အားနည်းချက်များ၊ အမှားများနှင့် ၎င်းတို့သဘာဝ၏ အနှစ်သာရတို့ကို ဖော်ထုတ်ဖို့၊ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိစေဖို့နှင့် စစ်မှန်သော နောင်တရနိုင်စွမ်း ရှိဖို့အလို့ငှာ ဖွင့်ချခြင်း ဖြစ်သည်။ သို့ဖြစ်၍ ချခင်းပြခြင်းသည် လူများ၏ အသက်တာများ ကြီးထွားဖို့ ကူညီရန်အလို့ငှာ ဖြစ်သည်။ နားလည်မှုစစ်စစ် မရှိဘဲနှင့်၊ လူများသည် ဘုရားသခင်ကို တလွဲအဓိပ္ပာယ်ကောက်နိုင်ပြီး၊ အပျက်သဘောဆောင်ကာ အားနည်းလာနိုင်သည်။ ၎င်းတို့သည် မျှော်လင့်ချက်ပင် ပျက်သုဉ်းသွားနိုင်သည်။ အမှန်မှာမူ ဘုရားသခင်၏ ဖွင့်ချခံရခြင်းက လူများသည် ဖယ်ရှားခြင်းခံရမည်ဟု သေချာပေါက် မဆိုလိုပေ။ ယင်းမှာ သင့်ကို အသိပညာပေးဖို့နှင့် နောင်တရစေဖို့ ဖြစ်သည်။ မကြာခဏဆိုသကဲ့သို့ လူများသည် ပုန်ကန်လိုစိတ်ရှိပြီး ဖောက်ပြန်ပျက်စီးခြင်း ပေါ်ထွက်မှုများ ရှိသည့်အခါ ဖြေရှင်းချက်တစ်ခုရှာဖို့ သမ္မာတရားကို မရှာဖွေသောကြောင့် ဘုရားသခင်က ဆုံးမပဲ့ပြင်ခြင်းကို ကျင့်သုံးရမည်ဖြစ်သည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် သူက လူများ၏ အကျည်းတန်မှုနှင့် သနားဖွယ်ကောင်းမှုတို့ကို ဖော်ထုတ်လျက်၊ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိခွင့်ပေးလျက်၊ လူများကို ဖွင့်ချသည်၊ ယင်းက ၎င်းတို့၏ အသက်တာကို ကြီးထွားဖို့ ထောက်ကူပေးသည်။ လူများကို ဖွင့်ချခြင်း၌ သွယ်ဝိုက်အဓိပ္ပာယ် နှစ်မျိုးရှိသည်။ ဆိုးညစ်သော လူများအတွက်မူ ဖွင့်ချခြင်းက ၎င်းတို့ ဖယ်ရှားခံရခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ သမ္မာတရားကို လက်ခံနိုင်သည့် လူများအတွက်မူ ယင်းက အသိပေးခြင်းနှင့် သတိပေးခြင်းဖြစ်သည်။ ဤကဲ့သို့ ဆက်လက် ပြုမူဆောင်ရွက်ခြင်းသည် အန္တရာယ်ရှိလိမ့်မည် ဖြစ်သောကြောင့်၊ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်စေဖို့၊ ၎င်းတို့၏ စစ်မှန်သော အခြေအနေကို မြင်စေဖို့နှင့် ထိန်းရကျောင်းရမခက်တော့ဘဲ၊ မဆင်မခြင် မဖြစ်စေတော့ဖို့ ဖြစ်သည်။ ဤနည်းဖြင့် လူများကို ဖွင့်ချခြင်းက မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ၊ ၎င်းတို့သည် မိမိတို့၏တာဝန်ကို လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုဖြင့် ထမ်းဆောင်ပြီးဖြစ်သည်ဟု တွေးလျက်၊ နားဝေတိမ်တောင်နှင့် ပေါ့ဆမနေဘဲ၊ မတုန်မလှုပ်မဖြစ်ဘဲ၊ အနည်းငယ်မျှ ထိရောက်ခြင်းဖြင့်သာ ကျေနပ်မနေဖို့အလို့ငှာ ၎င်းတို့အား သတိပေးရန် ဖြစ်သည်။ အမှန်မှာမူ ဘုရားသခင် တောင်းဆိုသည့်အရာနှင့် တိုင်းတာကြည့်သည့်အခါ၊ အလွန် စံမမီကြသော်လည်း၊ ၎င်းတို့က စိတ်ကြီးဝင်ဆဲဖြစ်ပြီး မိမိဘာသာ အားရကျေနပ်ဆဲဖြစ်ကာ၊ ၎င်းတို့ အဆင်ပြေသည်ဟု တွေးနေကြသည်။ ထိုသို့သော အခြေအနေများတွင် ဘုရားသခင်သည် လူများကို ဆုံးမပဲ့ပြင်ကာ၊ သတိပေးပြီး သတိရစေလိမ့်မည်။ တစ်ခါတစ်ရံတွင်၊ ဘုရားသခင်က ၎င်းတို့၏ အကျည်းတန်မှုကို ဖွင့်ချပြသည်။ ယင်းက သတိပေးချက်အနေဖြင့် သိသိသာသာ အသုံးခံလေသည်။ ထိုသို့သော အချိန်ကာလများတွင် သင်သည် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်သင့်သည်။ သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်ခြင်းက မလုံလောက်ပေ၊ ယင်း၌ ပုန်ကန်လိုစိတ် ပါဝင်ပတ်သက်နေသည်၊ ယင်းက အပျက်သဘောဆောင်သည့်အရာ အလွန်အမင်း ပါဝင်နေသည်။ လုံးလုံး ဝတ်ကျေတမ်းကျေပြုခြင်း ဖြစ်ပြီး၊ သင်နောင်တမရလျှင်၊ အပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်။ ဘုရားသခင်က သင့်အား ဆုံးမပဲ့ပြင်ပြီး ဖွင့်ချသည့်အခါ၊ ဤအရာက သင်သည် ဖယ်ရှားခြင်းခံရလိမ့်မည်ဟု သေချာပေါက် မဆိုလိုပေ။ ဤကိစ္စကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တော့ ကျွန်မ အရမ်းတို့ထိခံခဲ့ရတယ်။ ရှက်ပြီး အပြစ်ရှိသလိုလည်း ခံစားရတယ်။ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် သိနိုင်ဖို့၊ နောင်တရပြီး ပြောင်းလဲနိုင်ဖို့ ဘုရားက လူတွေကို ထုတ်ဖော်၊ ကိုင်တွယ်ဖြေရှင်းပြီး ပဲ့ပြင်ဆုံးမတယ်။ ဘုရားက ကျွန်မကို ကယ်တင်ဖို့ အစစ်အမှန် ကြိုးစားနေခဲ့တာ၊ ဒါပေမဲ့ ကျွန်မအပေါ် ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းပြီး ကျရှုံးတာတွေ ရောက်လာတော့၊ ဘုရားရဲ့ ကောင်းတဲ့ ရည်ရွယ်ချက်ကို မမြင်ခဲ့ဘူး။ “အမြင့်ရောက်လေ၊ အကျနာလေပင်” ဆိုတာနဲ့၊ “ထိပ်ဆုံးတွင် အထီးကျန်၏” ဆိုတာတွေလို စာတန်ရဲ့ အတွေးမှားတွေနဲ့ အလိမ်အညာတွေကို မရမက ဖက်တွယ်ခဲ့တယ်။ ဘုရားအိမ်တော်မှာ ခေါင်းဆောင်ဖြစ်တာက လောကီ အရာရှိတစ်ယောက်လိုပဲဖြစ်ပြီး၊ ကိုယ့်ရာထူးမြင့်လေ၊ ထုတ်ဖော်ခံရပြီး စွန့်ပစ်ခံရဖို့ အန္တရာယ်မြင့်လေပဲလို့ တွေးခဲ့တယ်။ ဒီနှစ်တွေအားလုံးမှာ၊ ဘုရားကို ကျွန်မ အထင်လွဲပြီး သတိထားနေတာနဲ့အမျှ၊ ကျွန်မစိတ်နှလုံးကို ဘုရားအဖို့ ပိတ်ထားနေခဲ့တယ်။ ကျွန်မအတွက် ဘုရားရဲ့ စေခိုင်းချက်နဲ့ ပတ်ဝန်းကျင်ကို ထပ်တလဲလဲ ငြင်းခဲ့တယ်၊ ရွေးကောက်ပွဲတွေကို ရှောင်ရှားပြီး၊ ကိုယ့်တာဝန်မှာ အရမ်းကို သတိထား၊ ပူပန်နေခဲ့တယ်။ ဒါကြောင့် အစွမ်းကုန် မလုပ်နိုင်ခဲ့သလို၊ ဘုရားဆီ ကိုယ့်စိတ်နှလုံးကို လုံးဝ မပေးနိုင်ခဲ့ဘူး။ ပြီးတော့ မယုံကြည်သူတစ်ယောက်လို သမ္မာတရားအပေါ် မပူမနွေး သဘောထား အမြဲထားခဲ့တယ်။ စာတန်ရဲ့ အန္တရာယ်ပေးတာ ခံရရင်းနဲ့ စာတန်ရဲ့ ထောင်ချောက်မှာ ကျွန်မ မိနေခဲ့ပြီး၊ အဲဒါက ကိုယ့်ဘဝမှာ ဖြစ်စေတဲ့ ထိခိုက်နစ်နာမှုကြီးကိုတောင် မသိခဲ့ဘူး။ အခု၊ ကျွန်မက အန္တရာယ်ရောက်လုနီးနီး ဖြစ်လို့၊ ဘုရားကို အထင်လွဲပြီး နာကျင်စေလို့ မဖြစ်တော့ဘူး။ ဘုရားဆီ တိတ်တဆိတ် ကျွန်မ ဆုတောင်းတယ်။ “ဘုရားသခင်၊ ကိုယ်တော့်ထံ ကျွန်မ နောင်တရပြီး ရွေးကောက်ပွဲတွေကို မှန်မှန်ကန်ကန် သဘောထားချင်ပါတယ်။ ကျွန်မ အရေးခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ကိုယ်တော်ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပါ့မယ်” လို့ပေါ့။
ရွေးကောက်ပွဲအတွက် အချိန်ရောက်လာတော့၊ ကျွန်မ ဒွိဟဖြစ်နေတုန်းပဲ၊ “သူတို့ ငါ့ကို တကယ်ရွေးလိုက်ရင်၊ ငါ လက်ခံပြီး နာခံရမှာ၊ ဒါပေမဲ့ ‘သံကိုထုဖို့ တူမာဖို့လိုတယ်’ဆိုတဲ့ ဆိုရိုးစကားလိုပဲ၊ ငါ့ အရည်အချင်းနဲ့ အစွမ်းအစက အကန့်အသတ်ရှိလို့ တစ်ယောက်ယောက်ကို လုပ်ခွင့်ပေးလိုက်တာ အကောင်းဆုံးပဲ။ အဲဒီလိုနဲ့ ထပ်ပြီး ထုတ်ဖော်ပြခံရစရာ လိုမှာ မဟုတ်ဘူး” လို့ပေါ့။ ကျွန်မရဲ့ အကျပ်အတည်းထဲမှာ၊ ဘုရားနှုတ်ကပတ်တော်ကို ရုတ်တရက် တွေးမိတယ်။ “ဘုရားသခင်၏လူများသည် နိုင်ငံတော်၌ မိမိတို့၏တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်၏ အဖန်ဆင်းခံများက မိမိတို့၏တာဝန်ကို ဖန်ဆင်းရှင်၏ ရှေ့မှောက်တွင် ထမ်းဆောင်သည့်အခါ၊ ၎င်းတို့၌ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး ရှိသင့်ပြီး၊ တည်ငြိမ်စွာဖြင့် ရှေ့ဆက်ကာ၊ သူရဲဘောမနည်းသင့်၊ မတွန့်ဆုတ်သင့်၊ အသည်းမငယ်သင့်ပေ။ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ရှက်ဖွယ်ဖြစ်သလော။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ချက်ချင်း နိုးထစေခဲ့တယ်။ ဟုတ်တယ်။ အရေးကြီးတဲ့အချိန်မှာ၊ ကျွန်မက နောက်ဆုတ်ပြီး ထွက်ပြေးလွတ်မြောက်ချင်ခဲ့တယ်။ ရွေးကောက်ပွဲအကြောင်း ကျွန်မ အမြဲ ပူပန်နေခဲ့တယ်။ ကျွန်မရဲ့ သတ္တနဲ့ သိက္ခာက ဘယ်မှာလဲ။ ကျွန်မက ဘုရားပြောသလိုပဲ သတ္တိနည်းပြီး ကြောက်တတ်ခဲ့တာပဲ။ အဖန်ဆင်းခံတစ်ယောက်အတွက် ကိုယ့်တာဝန်ကို ထမ်းဆောင်တာ မှန်ပြီး သင့်တော်တယ်။ ဂုဏ်ယူစရာပဲလေ။ ဒါပေမဲ့ ကျွန်မက နောက်တွန့်ပြီး ရှက်စရာ သူရဲဘောနည်းခြင်းထဲမှာ ပုန်းကွယ်ခဲ့တယ်။ အရမ်းမိုက်မဲပြီး သနားစရာပဲ။ ကျွန်မ ဘုရားဘက်လှည့်ရမယ်၊ ရိုရှင်း ရိုးသားတဲ့ လူတစ်ယောက် ဖြစ်ရမယ်၊ ကိုယ့်အဆုံးသတ်နဲ့ ခရီးပန်းအတိုင်း စိုးရိမ်နေတာ ရပ်ပြီး ကိုယ့်စိတ်နှလုံးကို ဘုရားကို ပေးရမယ်။ ကျွန်မ အရွေးခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ဘုရားကို နာခံတဲ့ သဘောထား ရှိရမယ်။ အရွေးခံခဲ့ရရင်၊ လက်ခံ၊ နာခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်။ ဒါကို စိတ်ထဲမှာ သဘောပေါက်တဲ့အခါ၊ ကိုယ့်စိတ်နှလုံးကနေ ဝန်ထုပ်ကြီးတစ်ခု ပျောက်ပြယ်သွားသလို ခံစားရပြီး စိတ်သက်သာရာရသွားတယ်။
ရလဒ်တွေ ထွက်လာတော့၊ ကျွန်မနဲ့ တခြားညီအစ်မတစ်ယောက် အရွေးခံခဲ့ရတယ်။ ဒီတစ်ခါ၊ ကျွန်မ မခုခံတတ်တော့သလို အထင်လွဲမနေတော့ဘူး။ ပြီးတော့ ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်ရင် စွန့်ပစ်ခံရမှာကို မကြောက်တော့ဘူး။ အဲဒီအစား အခွင့်အရေးကို မြတ်နိုးတန်ဖို့ထားပြီး ကျွန်မရဲ့ အရင်က အပြစ်တွေအတွက် ထေမိဖို့ ကိုယ့်တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ဖို့ လိုလားနေခဲ့တယ်။ နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ဖတ်ခဲ့တယ်။ “သင်တို့သည် အန္တိခရစ်တို့၏ လမ်းကြောင်းအား လျှောက်မိမည်ကို စိုးရွံ့သလော။ (စိုးရွံ့မိပါသည်။) အကြောက်တရားသည် သူ့ချည်းသက်သက် အသုံးတည့်သလော။ အသုံးမတည့်ပေ— အကြောက်တရားချည်းသက်သက်က ပြဿနာကို မပြုပြင်ပေးနိုင်ပေ။ ကြောက်ရွံ့ခြင်းက ပုံမှန်ဖြစ်ပါသည်။ စိတ်နှလုံးထဲတွင် ကြောက်ရွံ့ခြင်းက အကြင်သူသည် သမ္မာတရားချစ်သူတစ်ဦး ဖြစ်ကြောင်း၊ သမ္မာတရားအပေါ် အားထုတ်ကြိုးပမ်းလိုပြီး သမ္မာတရားကို လိုက်စားဖို့ လိုလားသူတစ်ဦးဖြစ်ကြောင်း ပြသည်။ သင်သည် စိတ်နှလုံးထဲ၌ ကြောက်ရွံ့လျှင်၊ သမ္မာတရားကို ရှာဖွေသင့်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာသင့်သည်။ အခြားသူများနှင့် လိုက်ဖက်ညီစွာ ပူးပေါင်းဆောင်ရွက်ဖို့ သင်ယူခြင်းအားဖြင့် သင် စတင်ရမည်။ ပြဿနာတစ်ခုရှိလျှင်၊ လူတိုင်းက စည်းမျဉ်းများအပြင်၊ ဖြေရှင်းချက်နှင့် စပ်လျဉ်းသည့် တိကျသော တွေးခေါ်မြော်မြင်မှုနှင့် အစီအစဉ်တို့ကို သိနိုင်ဖို့အလို့ငှာ၊ ပြဿနာကို မိတ်သဟာယနှင့်လည်းကောင်း၊ ဆွေးနွေးခြင်းဖြင့်လည်းကောင်း ဖြေရှင်းလော့။ ဤအရာက သင့်ကို အာဏာရှင်ဆန်ကာ တစ်ဖက်သတ်ဆန်ဆန် ပြုမူလုပ်ဆောင်ခြင်းမှ တားဆီးသည် မဟုတ်လော။ ထို့အပြင် သင့်အနေဖြင့် အဖွဲ့ကို ကြီးကြပ်ခွင့်ပြုဖို့နှင့် သင့်အား ကူညီခွင့်ပြုဖို့ကို သင်ယူရမည်။ ဤအရာက သည်းခံခြင်းနှင့် သဘောထားကြီးမှု လိုအပ်သည်။...ကြီးကြပ်မှုကို လက်ခံဖို့ သေချာပေါက် လိုအပ်သော်လည်း အဓိကအချက်မှာ မိမိကိုယ်ကိုယ် အစဉ်မပြတ် ဆင်ခြင်သုံးသပ်လျက်၊ ဘုရားသခင်ထံ ဆုတောင်းဖို့နှင့် သူ့အပေါ် မှီခိုကိုးစားဖို့ဖြစ်သည်။ အထူးသဖြင့် မှားယွင်းသောလမ်းကို သင်လျှောက်ပြီးဖြစ်သည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ခုကို မမှန်မကန်ပြုပြီးသည့်အခါ၊ သို့မဟုတ် သင်သည် အာဏာရှင်ဆန်ပြီး တစ်ဖက်သတ်ဆန်သော လုပ်ရပ်ကို လုပ်ဆောင်တော့မည်ဖြစ်ပြီး အနီးရှိ တစ်စုံတစ်ဦးက ယင်းကို ဖော်ပြပြောဆိုပြီး သင့်ကို သတိပေးသည့်အခါ၊ ယင်းကို သင် လက်ခံဖို့ လိုအပ်ပြီး သင့်ကိုယ်သင် အမြန်ဆင်ခြင်သုံးသပ်ကာ သင်၏အမှားကို ဝန်ခံဖို့နှင့် ယင်းကို ပြုပြင်ဖို့ လိုအပ်သည်။ ဤအရာက သင့်အား အန္တိခရစ်တို့၏ လမ်းကြောင်းပေါ် ခြေချခြင်းမှ တားဆီးနိုင်သည်။ သင့်ကို ဤနည်းအားဖြင့် ကူညီပြီး သတိပေးသူ တစ်စုံတစ်ဦးရှိပါက၊ သင်သည် ယင်းကို မသိလိုက်ဘဲ ထိန်းသိမ်းနေခြင်း ဖြစ်သည်မဟုတ်လော။ သင် ထိန်းသိမ်းနေသည်— ယင်းမှာ သင်၏ထိန်းသိမ်းထားခြင်းဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”) မမှန်တဲ့ လမ်းကြောင်း လျှောက်တာကို ရှောင်ရှားဖို့ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းကို ဘုရားနှုတ်ကပတ်တော်က ထောက်ပြခဲ့တယ်။ အဲဒါက ဘာပဲဖြစ်ဖြစ် သမ္မာတရားကို ရှာဖွေဖို့၊ ညီအစ်ကို မောင်နှမတွေနဲ့ ကိစ္စတွေကို ဆွေးနွေးဖို့၊ လက်တွဲညီညီ ပူးပေါင်းလုပ်ဆောင်ဖို့၊ သမ္မာတရားရဲ့ စည်းမျဉ်းနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့၊ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ထင်ရာမြင်ရာ မပြုမူဖို့၊ ဆုံးဖြတ်ပိုင်ခွင့်ကို မတောင်းဆိုဘဲ၊ ကိုယ့်တာဝန်မှာ ညီအစ်ကို မောင်နှမတွေရဲ့ ကြီးကြပ်မှုကို လက်ခံဖို့ပဲ။ အန္တိခရစ် လမ်းကြောင်းလျှောက်ပြီး ထုတ်ဖော်ခံရတာကို ကြောက်လို့ ကိုယ့်တာဝန်ကို မလုပ်နိုင်ရင်၊ ပြဿနာတွေကို ဖြေရှင်းမှာမဟုတ်သလို၊ သမ္မာတရားရပြီး ကယ်တင်ခံရမဲ့ ကိုယ့်အခွင့်အရေးကို ဖျက်ဆီးမိမှာပဲ။ အဲဒါက အစာနင်မှာကြောက်လို့ ကိုယ့်ကိုယ်ကိုယ် ငတ်ပြတ်စေတာနဲ့တူတယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ အရင်ကျရှုံးမှုနဲ့ဆိုင်တဲ့ သင်ခန်းစာတွေ သင်ယူခဲ့ပြီး၊ ကျွန်မတာဝန်မှာ အများကြီး ပိုမှန်တဲ့ သဘောထား ရှိခဲ့တယ်။ လူတိုင်းနဲ့ ကိစ္စတွေကို သတိရှိရှိ ဆွေးနွေးပြီး သူတို့နဲ့ ကောင်းကောင်း အလုပ်လုပ်နိုင်ခဲ့တယ်။ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ကျွန်မတို့ အတူတူ ရှာခဲ့ကြတယ်။ အချိန်တချို့ကုန်သွားပြီးတော့၊ ဘုရားရဲ့ လမ်းပြမှုကို ကျွန်မ မြင်ခဲ့ရပြီး၊ ကျွန်မရဲ့ တာဝန်တွေက ရလဒ်တချို့ ဖြစ်စေခဲ့တယ်။
ဒီအတွေ့အကြုံကတစ်ဆင့်၊ ဘုရားက ကျွန်မရဲ့ အပြစ်တွေကြောင့် ကျွန်မကို စွန့်ပစ်တာမဟုတ်သလို၊ သူ့အပေါ် သတိထားနေတဲ့အတွက် ကျွန်မကို စွန့်လွှတ်ခဲ့တာ မဟုတ်မှန်း တွေ့ခဲ့တယ်။ အဲဒီအစား၊ ဘုရားရဲ့ အလိုတော်ကို နားလည်နိုင်အောင်၊ သူ့ကို အထင်မလွဲတော့အောင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် သုံးသပ်ဖို့ ဘုရားရှေ့မှောက်လာအောင် ကျွန်မကို စေ့ဆော်ဖို့ လူတွေ၊ ကိစ္စတွေနဲ့ အမှုအရာတွေကို သူ စီစဉ်ခဲ့တယ်။ ဘုရားကျေးဇူးတော်ပဲ။