၅၅။ လူ့အကြိုက်လိုက်သူများ၏ နောက်ကွယ်က လက်တွေ့အရှိတရား

စုကြယ် တရုတ်နိုင်ငံ

ပြီးခဲ့တဲ့ အောက်တိုဘာလက ကျွန်မနဲ့ အရင်က အတူအလုပ်လုပ်ခဲ့ဖူးတဲ့ ဝမ်လီနဲ့တွဲပြီး ရုပ်ပုံဒီဇိုင်းရေးဆွဲတဲ့အဖွဲ့ကို ကြီးကြပ်ဖို့ အသင်းတော်က ကျွန်မကို တာဝန်ပေးခဲ့တယ်။ သူက သူ့ရဲ့ပုံရိပ်ကိုပဲ အာရုံစိုက်ပြီး၊ သူ့ကို စိတ်အနှောင့်အယှက်ပေးတဲ့ ဘယ်သူ့ကိုမဆို သူက ပြဿနာလုပ် တယ်။ ဒါပေမယ့် ကျွန်မနဲ့သူက ဘာပြဿနာ ကြီးကြီးမားမားမှ မရှိဘဲ အဆင်ပြေကြတယ်။ ကျွန်မတို့မှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ရှိခဲ့တယ်။ အခု ကျွန်မတို့ တာဝန်တစ်ခုကို နောက်တစ်ကြိမ် အတူလုပ်ဆောင်နေကြပြီ။ ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချောမွေ့ စေချင်ခဲ့တယ်။ နောက်တော့ သူက အဖွဲ့ဝင်တွေအကြောင်း ကျွန်မကို အသေးစိတ်ရှင်းပြတယ်။ အစ်မရှင်းအကြောင်း ပြောတဲ့အခါမှာ သူက ဒေါသတကြီးနဲ့ “သူက ကောင်းမွန်တဲ့ လူ့သဘာဝမရှိသလို၊ အရမ်းလည်း မာနထောင်လွှားတယ်။ သူက အကြံပြုချက်တွေကို လက်မခံရုံတင်မက ဘူး၊ ကျွန်မရဲ့ပြဿနာတွေအကြောင်းကိုလည်း အမြဲပြောတယ်။ သူက အဖွဲ့ထဲမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက မနေဘူး။ ကျွန်မက သူ့အကြောင်း ခေါင်းဆောင်ကို စာရေးအကြောင်းကြားခဲ့သလို အခြားလူတွေရဲ့ အကဲဖြတ်မှုတွေကိုလည်း စုဆောင်းပေးခဲ့တယ်။ သူ အထုတ်ခံရတော့မှာ” လို့ ကျွန်မကို ပြောပြတယ်။ အကဲဖြတ်မှုတွေကို ကျွန်မဖတ်ကြည့်တယ်၊ ပြီးတော့ အများစုပြောတာက အစ်မရှင်းက သူ့ရဲ့တာဝန်မှာ အားသာချက်တွေရှိပြီး အစွမ်းအစကောင်းရှိပေမယ့် သူက မာနနည်းနည်းထောင်လွှားသလို၊ တစ်ခါတစ်လေ သူ့ရဲ့ကိုယ်ပိုင်အမြင်ကိုပဲ ဖက်တွယ်နေတတ်တယ်။ ဒါပေမယ့် သူက ကောင်းတဲ့မိတ်သဟာယနဲ့ ဆိုရင် ကိစ္စတွေကို လက်ခံနိုင်တယ်ဆိုပြီးတော့ ပေါ့။ အားလုံးခြုံပြီးပြောရရင်တော့ သူ့ကို ပျိုးထောင်ပေးသင့်တယ်။ သူ့အပေါ် ဝမ်လီရဲ့ အကဲဖြတ်မှုဟာ ဓမ္မဓိဋ္ဌာန်မကျသလို မျှတမှု လည်း မရှိဘူး၊ သူ့ကို သာမန်ကာလျှံကာ တာဝန်က မထုတ်ပယ်သင့်ဘူးလို့ ကျွန်မ စဉ်းစားမိတယ်။ အစ်မရှင်းက ဝမ်လီ့ကို အကြည့်ရဆိုးစေတဲ့ တုံ့ပြန်ချက်ပေးလိုက်မိလို့ သူ့အပေါ် အမြင်စောင်းသွားပြီး သူ့ရဲ့တာဝန်ကနေ ဖယ်ရှားပစ်ချင်တာများလား။ အဲဒီလိုဆိုရင် ဝမ်လီက သူ့ကိုယ်သူ ပြန်ပြီး ဆင်ခြင်သုံးသပ်သင့်တယ်။ အဲဒီပြဿနာကို ကျွန်မ သူ့ကို ထောက်ပြချင် တယ်၊ ဒါပေမယ့် သူက သိက္ခာဆယ်ဖို့ကို အရမ်းဂရုစိုက်လွန်းတော့၊ အဲဒီနောက်မှာ ငါ့ကို မုန်းသွားမလားဆိုပြီး ကျွန်မ စဉ်းစားမိတယ်။ အဲဒါကြောင့် ကိစ္စတွေ အချိုးမကျဖြစ်သွားရင် ကျွန်မတို့ ဘယ်လိုလုပ်ပြီး အဆင်ပြေတော့ မှာလဲ။ ဒါကြောင့် “အစ်မရှင်းက ယုံကြည်သူ အသစ်တစ်ယောက် ဖြစ်တယ်၊ ပြီးတော့ သူက ခေါင်းလည်းနည်းနည်းမာတယ်။ ဒါပေမယ့် သူ့ကို တာဝန်ကနေ ထုတ်ပယ်ပစ်ရလောက်အောင် သူ့ရဲ့ပြဿနာက မကြီးဘူး။ ဒါကြောင့် မိတ်သဟာယကတစ်ဆင့် သူ့ကို ကူညီကြရအောင်” လို့ ကျွန်မက ပါးပါးနပ်နပ်နဲ့ သူ့ကို ပြောလိုက်တယ်။ သူ့ရဲ့ပြောဆိုပြုမူပုံတွေ အကုန်လုံးပြောင်းသွား တယ်၊ ပြီးတော့ သူက စိတ်အနှောင့်အယှက်ဖြစ်ပုံ နဲ့ “သူက ခေါင်းမာတာ မဟုတ်ဘူး၊ သူ့မှာ မကောင်းတဲ့စိတ်သဘောထားရှိတယ်။ ကျွန်မလည်း အစ်မလိုပဲ ထင်ခဲ့တယ်၊ ဒါပေမယ့် ကျွန်မ အခု ချင့်ချိန်နိုင်စွမ်း ရှိသွားပြီ။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို အခြေခံ ပြီး သူ့ကို ဖယ်ရှားပစ်သင့်တယ်။ သူ့ကို အစ်မ ကူညီချင်ရင် ကူညီပါ။ သူ့ရဲ့အလုပ်တွေကို အစ်မ တာဝန်ယူပေးလို့ရ တယ်” လို့ ပြောတယ်။ ကျွန်မ တကယ်ကို ဘာလုပ်ရမှန်း မသိဘူး။ ကျွန်မက အဖွဲ့ထဲကို အခုမှဝင်တာဖြစ်ပြီး ဘာကိုမှ သိပ်မရင်းနှီးသေးဘူး။ ဒါပေမယ့် သူက သူ့ရဲ့တာဝန်ဝတ္တရားတွေကို ကျွန်မအပေါ် အတင်းပေးနေတယ်၊ ဒါက ကျွန်မတို့ရဲ့အလုပ်ကို နှောင့်နှေးစေနိုင် တယ်။ ဒါဟာ တော်တော်လေးတာဝန်မဲ့တဲ့အရာတစ်ခု ကို လုပ်တာပဲ။ ကျွန်မရဲ့အတွေးတွေကို သူနဲ့ ပိုပြီးမျှဝေချင်ပေ မယ့် သူ ဘယ်လောက်အေးတိအေးစက်နိုင်တာကို တွေ့လိုက်ရတော့ ဒီပဋိပက္ခဟာ ကျွန်မတို့ရဲ့ဆက်ဆံရေးအပေါ် အနှောင့်အယှက်ဖြစ်မှာ ကြောက်တာကြောင့် ကျွန်မ ပါးစပ်ပိတ်ပြီးပဲ နေလိုက်တော့တယ်။

ရက်နည်းနည်းလောက်ကြာတော့ ကျွန်မတို့အလုပ်ရဲ့ လိုအပ်ချက်တွေကြောင့် နေရာတွေကို ပြောင်းဖို့ ကျွန်မတို့ အဆင်သင့်ပြင်ကြတယ်။ ဝမ်လီက “ကျွန်မတို့ အစ်မရှင်းကို မခေါ်ဘဲ နေရအောင်။ သူ ဒီမှာနေပြီး ဆင်ခြင်သုံးသပ်သင့်တယ်” လို့ ရုတ်တရက် ကျွန်မကို ပြောတယ်။ ထူးဆန်းတယ်လို့ ကျွန်မထင်ခဲ့တယ်။ သူ့ကို ဒီမှာ တစ်ယောက်တည်း ထားခဲ့တာဟာ သူ့ကို အဆက်ဖြတ်ဖို့ နည်းတစ်နည်း မဟုတ်လား။ သူ့ကို တာဝန်က ဖယ်ရှားလိုက်တာနဲ့ ဘာထူးလို့ လဲ။ အစ်မရှင်းက အဓိက အခန်းကဏ္ဍတစ်ခုကနေ ပါဝင်တယ်။ အဲဒါက ကျွန်မတို့ရဲ့အလုပ်ကို နှောင့်နှေးစေမှာ ဖြစ်ပြီး သူ့အပေါ်လည်း မတရားဘူး။ ကျွန်မ စိုးရိမ်သွားတယ်။ ဝမ်လီက ဖောက်ပြန်ပျက်စီးခြင်းနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး၊ သူ့ရဲ့အာဏာကို အလွဲသုံးစားလုပ်ပြီး အစ်မရှင်းကို ပယ်ထုတ်နေ တာဖြစ်တဲ့အတွက် ကျွန်မ သူ့ကို ဖော်ထုတ်ချင် ခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်အနည်းငယ်က အစ်မရှင်းနဲ့ ကျွန်မတို့ ဆွေးနွေးတော့ သူက လုံးဝအာခံတတ်ပြီး ကျွန်မအပေါ် မကောင်းတဲ့သဘောထားရှိတယ်၊ ဒါကြောင့် ပြဿနာကို ကျွန်မ ပိုပြီး တိုက်ရိုက် အသေးစိတ်ဆွေးနွေးလိုက်ရင် ကျွန်မက အစ်မရှင်းကို အကာအကွယ်ပေးပြီး သူ အခက်တွေ့အောင် လုပ်နေတယ်လို့ ပြောပြီး ကျွန်မအပေါ် စိတ်ခုလာမှာ စိုးရိမ်တယ်။ အဲဒါက ကျွန်မတို့ကြား ကွာဟသွားစေခဲ့ပြီး သူက ကျွန်မကို မကျေမချမ်းနဲ့ ပယ်ထုတ်လိုက် ရင် ကျွန်မတို့အတူ အလုပ်ကို ဘယ်လိုလုပ်နိုင်တော့ မှာလဲ။ ကျွန်မ တွန့်ဆုတ်သွားပြီး ကျွန်မပြောမယ့်အရာ ကို မျိုသိပ်လိုက်တယ်။ မေ့လိုက်တော့မယ်လို့ ကျွန်မ ဆုံးဖြတ်လိုက် တယ်။ အမှန်တရားဟာ နာကျင်စေလို့ ကျွန်မ အရမ်းတိုက်ရိုက်မပြောသင့်ဘူး။ ကျွန်မအနေနဲ့ ဖော့ပြောသင့်တယ်။ ဒါကြောင့် “သူ့ရဲ့တာဝန်ကို ပြောင်းဖို့ ဘာတစ်ခုမှ ခေါင်းဆောင်က အတည်မပြုသေး ဘူး။ သူ့ကို ဒီမှာ ထားခဲ့ဖို့ သင့်တော်ပါ့မလား။ သူ့ကို တာဝန်က မထုတ်ခင် ခေါင်းဆောင်ရဲ့ခွင့်ပြုချက်ကို ကျွန်မတို့ မစောင့်သင့်ဘူးလား။ သူ့ကို ကျွန်မတို့နဲ့ လိုက်လာပါစေ။ ကျွန်မတို့အနေနဲ့ အလုပ်ဆက်လုပ်ဖို့လည်း အဲဒီနည်းက ကောင်းမယ်” လို့ ကျွန်မက ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောလိုက်တယ်။ ကျွန်မ အဲဒီလိုပြောပြီးတဲ့နောက် ဝမ်လီက အတင်းမလုပ်တော့ဘူး။ သူ့ရဲ့ပြဿနာကို ကျွန်မ ရှင်းရှင်းလင်းလင်း မကိုင်တွယ်ခဲ့ဘူးဆိုတာကို ကျွန်မသိတယ်၊ ပြီးတော့ အစ်မရှင်းကို သူ ဆက်ပြီးပစ်မှတ်ထား နေမှာကို ကျွန်မစိုးရိမ်မိတယ်။ အဲဒါနဲ့ပတ်သက်ပြီး အပြစ်ရှိသလို ခံစားရပေ မယ့် ကျွန်မတို့ဟာ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တဲ့အတွက် ကျွန်မ ဒီအတိုင်းပဲ ဆက်ကြည့်နေ လိုက်ပြီး သူ အမှားကြီးတစ်ခု မလုပ်မိအောင် သူ့ကို တားရမယ်လို့ ကျွန်မစဉ်းစားလိုက်တယ်။ သူက တမင်တကာ ဆက်ပြီး ဖယ်ကြဉ်နေတယ်။ တစ်ခါက အသင်းတော်က သင်တန်းတက်ဖို့ လူတစ်ယောက်လိုတယ်။ အစ်မရှင်းက သင်ယူတတ်မြောက်တဲ့နေရာမှာ အရမ်းမြန်တာကြောင့် သူ့ကို သင်တန်းကိုလွှတ်ပြီး၊ သူပြန်လာတဲ့အခါ မှာ တခြားသူတွေကိုလည်း ပြန်သင်ခိုင်းတာ အကောင်းဆုံးရွေးချယ်မှုပဲလေ။ ဒါပေမယ့် ဝမ်လီက ကျွန်မတို့ရဲ့အလုပ်တွေကို ကောင်းကောင်းမသိသေးတဲ့ အစ်မလျူကို အတင်းလွှတ်လိုက်တယ်။ အစ်မရှင်းက ဝမ်လီနဲ့ မတူတဲ့အမြင်တွေကို အကြိမ်ပေါင်းများစွာ ဖော်ပြခဲ့မှန်း အခြားညီအစ်ကိုမောင်နှမတွေ ဆီကနေ သိခဲ့ရပြီး၊ အစ်မရှင်းရဲ့ အကြံဉာဏ်တွေက ပိုပြီးကောင်းတယ်လို့ အားလုံးက ခံစားကြရပေ မယ့် ဝမ်လီက အဲဒါတွေကို လက်မခံဘဲ သူ့ကိုသာ နားထောင်ဖို့ အစ်မရှင်းကို အတင်းအကျပ်ပြော ခဲ့တယ်။ တွေ့ဆုံပွဲတစ်ခုမှာ အစ်မရှင်းက သူ့ရဲ့ပြဿနာ တွေကို တင်ပြလာတဲ့အခါ၊ ဝမ်လီက စိတ်ဆိုးသွားပြီး သူ့ကို လျစ်လျူရှုလိုက် တယ်။ အစ်မရှင်းက သူ့ရဲ့တာဝန်တွေမှာ ပြဿနာတွေ ရှိတဲ့အခါ ဝမ်လီက သူ့ကို မကူညီဘဲ သူ့အလုပ်မှာ အကျပ်ရိုက်စေပြီး၊ သူ့အတွက် အခက်အခဲတွေဖြစ်စေတယ်။ ဒါတွေအားလုံးကို ကြားရတဲ့အခါမှာ ကျွန်မ တကယ်ကသိကအောက်ဖြစ်ရတယ်။ ဝမ်လီဟာ အမြဲအငြိုးထားပြီး အစ်မရှင်းကို ဖယ်ထုတ်တယ်။ တကယ်ဆိုးရွားလာတယ်။ ဒါက အသင်းတော်ရဲ့အလုပ်ကို အနှောင့်အယှက်ဖြစ်စေပြီး ထိခိုက်လာတယ်။ ဝမ်လီနဲ့ ကျွန်မ ပြောမှဖြစ်တော့မယ်လို့ ကျွန်မသိတယ်။ အင်း။ အဲဒီနေ့မှာ ကျွန်မ သတ္တိမွေးလိုက်ပြီး၊ “အစ်မရှင်းအပေါ် ထားတဲ့အငြိုးတွေ အစ်မ လက်မလွှတ်သေးဘူး မဟုတ်လား။ အစ်မရှင်းက အသစ်အဆန်းတွေကို သင်ယူတဲ့ နေရာမှာ တော်တယ်။ အစ်မက သူ့ကို ပေးမသွားဘူး၊ ဒါဟာ သူ့အပေါ် အစ်မ မကောင်းမြင်နေတာပဲဖြစ်မယ်” လို့ ပြောလိုက်တယ်။ ဒါကို ကျွန်မပြောလိုက်တဲ့အခါမှာ သူ့မျက်နှာက မှောင်မည်းသွားပြီး ဒေါသတကြီးနဲ့ “သူ့အပေါ် မကောင်းမြင်တာကို ကျွန်မ လက်လွှတ်လိုက်ပြီးပြီ၊ ဒါပေမယ့် အခု အစ်မကို ကျွန်မ အကောင်းမမြင်တော့ဘူး။ အစ်မရှင်းရဲ့အဖွဲ့ဟာ သူ့တို့ရဲ့အလုပ်မှာ ဘာမှ မအောင်မြင်ဘူး၊ အဲဒါ သူ့ရဲ့ပြဿနာပဲ။ သူ့ကို ကျွန်မတို့ ဖယ်ရှားပစ်သင့်တယ်လို့ အစ်မကို အစောကြီးကတည်းက ပြောပေမယ့် အစ်မက သဘောမတူခဲ့ဘူး” လို့ ပြောတယ်။ သူက သူ့ကိုယ်သူ လုံးဝမသိဘူး။ အဖွဲ့က ကောင်းကောင်း မလုပ်ကိုင်တဲ့အခါမှာ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့ကိုယ်သူမကြည့်ဘဲ နှပ်လွှတ်လိုက်တယ်။ ကျွန်မလည်း ဒေါသထွက်လာပြီး သူ့လုပ်ရပ်တွေ ရဲ့ သဘာဝကို ရှင်းရှင်းလင်းလင်းဖော်ထုတ် လိုက်ချင်ခဲ့တယ်။ ဒါပေမယ့် သူက ဘယ်လောက်အာခံတတ်တာကို တွေ့လိုက်ရတော့ ကျွန်မ တွန့်ဆုတ်သွားတယ်။ အမှန်တရားကို အမှန်ကို နည်းနည်းပဲ သူ့ကို ပြောလိုက်ပေမယ့်၊ သူက ကောင်းကောင်းမွန်မွန် လက်မခံဘူး။ သူ့ပြဿနာတွေ အားလုံးကိုသာ ငါဖော်လိုက် ရင် သူ ကျိန်းသေပွင့်ထွက်သွားမှာပဲ။ အဲဒီလိုဆိုရင် ငါတို့ရဲ့ဆက်ဆံရေးကို ကျိန်းသေထိခိုက်မှာပဲ။ ဘာမှ ထပ်မပြောတာဘဲ ပိုကောင်းတယ်၊ ဒါ့အပြင် သူ့ကို ငါနည်းနည်းဆုံးမပြီးပါပြီလေ လို့ ကျွန်မ စဉ်းစားလိုက်တယ်။ သူက လက်ခံမှာမဟုတ်တဲ့အတွက် မေ့ပစ်လိုက် ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက်ပိုင်းမှာ အစီအစဉ်တွေ ပြောင်းသွား တယ်၊ အခြားအလုပ်အတွက် ကျွန်မကို အဓိကကြီးကြပ်ခိုင်းလိုက်တယ်။ အံ့ဩစရာကောင်းတာက တစ်လကြာပြီးတဲ့ နောက်မှာ ဝမ်လီရဲ့အလုပ်ဟာ ရပ်တန့်နေပြီး၊ အဖွဲ့ဝင်တွေ ကလည်း အားနည်းပြီး စိတ်ဓာတ်ကျနေကြ တယ်။ တာဝန်မှာ သူတို့ကောင်းကောင်းမလုပ်ကြတာကို သူက တွေ့တော့ သူတို့ကို ကိုင်တွယ်ဖြေရှင်းပေမယ့် ဘာလမ်းညွှန်ချက်မှ မပေးဘူးလို့ သူတို့က ပြောတယ်။ သူ့ကြောင့် ဘောင်ခတ်ခံရသလို အားလုံး ခံစားကြရပြီး အရမ်းအပျက်သဘောဆောင် တာဟာ သူတို့ရဲ့တာဝန်တွေကိုတောင် သိပ်မလုပ် နိုင်ကြဘူး။ အစ်မရှင်းရဲ့အလုပ်ကို သူလမ်းညွှန်ချက်မပေး တာ လနဲ့ချီနေပြီလို့လည်း သူတို့က ပြောတယ်။ သူတို့အားလုံးက မျက်ရည်တွေ ဝဲနေကြတယ်။ ကျွန်မ ဒီအတိုင်း ဆက်ငြိမ်မနေနိုင်တော့ဘူး။ ဝမ်လီရဲ့ပြဿနာတွေကို အချိန်အကြာကြီးတုန်း က တွေ့ခဲ့ရပေမယ့် ဒီပြဿနာတွေရဲ့ သဘာဝအကြောင်း သူ့ကို ကျွန်မ ထောက်မပြခဲ့ဘူး။ သူ့ရဲ့ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားကို သူနားမလည်ဘဲ လူတွေကို မလိုမုန်းထားစိတ်နဲ့ ပယ်ထားပြီး အဖွဲ့ရဲ့အလုပ်တွေကလည်း ရပ်တန့်လုနီးပါး ဖြစ်လာတယ်။ ကျွန်မမှာ အရမ်းအပြစ်ရှိသလို ခံစားရတယ်။ ကျွန်မ အိမ်ပြန်ရောက်တဲ့အခါမှာ အန္တိခရစ်တွေ ကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော် စာပိုဒ်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက် တယ်- “ပုံပန်းသဏ္ဌာန်အားလုံးတွင် အန္တိခရစ်၏ စကားတို့သည် အထူးသဖြင့် ကြင်နာသည့်၊ ယဉ်ကျေးမှုရှိသည့်၊ ဂုဏ်ရှိသည့်ပုံပေါ်သည်။ စည်းမျဉ်းများကို ချိုးဖောက်သည့် မည်သူမဆို၊ ဝင်ရောက်စွက်ဖက် နှောင့်ယှက်တတ်သည့်သူ၊ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသည့်သူ၊ ပြုပြင်ခြင်း၊ သို့မဟုတ် ဖော်ထုတ်ခံရခြင်းမရှိသည့် မည်သူမဆို၊ ၎င်းတို့သည် မည်သူပင်ဖြစ်စေ အန္တိခရစ်သည် ၎င်းတို့က ကိစ္စအားလုံးတွင် သဘောထားကြီးသည်ဟု လူတို့အား ထင်မြင်စေလျက် မျက်ကွယ်ပြုကြသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် စက်ဆုပ်ဖွယ်အမှုတိုင်းသည် အကောင်းမြင် ခံရပြီး သည်းခံပေးသည်။ အန္တိခရစ်သည် ဒေါသစိတ်မရှိပေ။ ဒေါသ၊ အမျက်ကြောင့်၊ သို့မဟုတ် ထိုသူက အမှားတစ်ခုလုပ်မိသောကြောင့် လူတို့အား မနာကျင်စေပေ။ ၎င်းတို့သည် သည်းညည်းခံပြီး စိတ်ရှည်သည်၊ မည်သူ့ကိုမျှ နာကျင်စေမည်၊ ခြိမ်းခြောက်မည် မဟုတ်ဟု ၎င်းတို့က ပြသချင်ကြသည်။ သို့သော် ၎င်းတို့၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်မှာ သူတို့ကိုယ်သူတို့ မျက်နှာရစေရန်၊ ၎င်းတို့၏ လုပ်ဆောင်မှုများ၊ ၎င်းတို့၏ အပြုအမူ၊ ၎င်းတို့၏ စရိုက်လက္ခဏာတို့အပေါ် လူများက အထင်ကြီးပြီး လက်ခံအောင်ပြုလုပ်ရန်ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁၀)”) ဒါက ကျွန်မအတွက် အရမ်းစိတ်ထိခိုက်စေ တယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို လူတွေက နှောင့်ယှက်နေတာကို တွေ့ရတဲ့အခါမှာ အန္တိခရစ် တွေက သူတို့ရဲ့ကောင်းတဲ့ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် ဘာမှ ဝင်မလုပ်ဘူး၊ သူတို့ဟာ အရမ်းတစ်ကိုယ် ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်။ ကျွန်မက အန္တိခရစ်တစ်ယောက်လို လုပ်နေတာ ကို ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မကို ဝမ်လီနဲ့အတူလုပ်ဖို့အတွက် ဘုရားအိမ်တော်က စီစဉ်ထားခဲ့တယ်၊ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက် ကူညီနိုင်ဖို့အတွက်နဲ့ တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်နေနိုင်ဖို့အတွက် ဖြစ်သလို ဘုရားအိမ်တော်ရဲ့အလုပ်ကို အတူတကွ ထိန်းသိမ်းသွားဖို့အတွက် ဖြစ်တယ်။ ဒါပေမယ့် သူနဲ့ ကျွန်မရဲ့ “ကောင်းမွန်တဲ့” ဆက်ဆံရေးကို ကာကွယ်ဖို့၊ သူနဲ့ ကျွန်မရဲ့ “သဘောကောင်းတဲ့” ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် အစ်မရှင်းအပေါ် သူ့ရဲ့ ဘေးဖယ်ပြီး ဖိနှိပ်တတ် တဲ့ ဆက်ဆံရေးကို မဖော်ထုတ်ရဲခဲ့ဘူး။ အခြားသူတွေအပေါ် သူ့ရဲ့ဆက်ဆံရေးကို သူ့ရဲ့ဖောက်ပြန်ပျက်စီးမှုက ထိန်းချုပ်နေတာ ဖြစ်ပြီး အလုပ်အပေါ် ထိခိုက်မှုရှိနေတာကို ကျွန်မတွေ့ပေမယ့်၊ သမ္မာတရားရဲ့မူတွေနဲ့အညီ ဝင်ရောက်ပြီး ခေါင်းဆောင်တစ်ယောက်ကို သတင်းပို့တာမျိုး ကျွန်မ မလုပ်ခဲ့ဘူး။ သူက ကျွန်မကို သဘောမကျမှာ၊ ပြီးတော့ ကျွန်မတို့ နှစ်ယောက်ကြား ကွာဟမှုဖြစ်သွားမှာ ကို ကျွန်မစိုးရိမ်ခဲ့တယ်။ တစ်ခုခုပြောဖို့ ကျွန်မ သတ္တိရှိတဲ့အခါမှာ ကျွန်မက နောက်တွန့်နေတုန်းပဲဖြစ်ပြီး၊ သူ့အပြုအမူတွေရဲ့သဘာဝကို တိုက်ရိုက် ရှင်းရှင်းလင်းလင်း မထောက်ပြခဲ့ဘူး။ ကျွန်မက သူ့ကို အမြဲထွက်ပေါက်တစ်ခုပေးခဲ့ တယ်။ ညီအစ်ကိုမောင်နှမတွေကို သူဘာလုပ်နေတယ် ဆိုတာ ကျွန်မ တိတိကျကျတွေ့ရပြီး အဲဒါတွေဟာ ဘုရားအိမ်တော်ရဲ့အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှု တွေကို အရမ်းနှောင့်နှေးစေခဲ့တယ်။ ကျွန်မက သဘောကောင်းသူလို ဟန်ဆောင်ပြီး ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်တဲ့ပုံ ဖမ်းနေတာက၊ အမှန်တကယ်တော့ ယုံလို့မရသလို၊ ဉာဏ်များ တဲ့ ရည်ရွယ်ချက်တွေကနေ လာမှန်း နောက်ဆုံးမှာ ကျွန်မသိလိုက်တယ်။ ကျွန်မလုပ်ခဲ့တဲ့အရာအားလုံးဟာ ကျွန်မကိုယ်ကျွန်မ ကာကွယ်ဖို့ဖြစ်ပြီး အားလုံးဟာ ကျွန်မရဲ့နာမည်နဲ့ဂုဏ်ဒြပ်ကို ထိန်းသိမ်းဖို့ပဲ ဖြစ်တယ်။ ကြင်နာတဲ့သွင်ပြင်နဲ့ စိတ်နှလုံးသားတွေကို သိမ်းသွင်းဖို့၊ အခြားသူတွေကို အမိဖမ်းဖို့ပဲ ဖြစ် တယ်။ ကျွန်မက အန္တိခရစ်တစ်ယောက်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို ဖော်ထုတ်ပြသနေတာပဲ ဖြစ်တယ်။ ကျွန်မရဲ့လုပ်ရပ်တွေကို ပြန်သုံးသပ်တဲ့အခါမှာ တကယ်အပြစ်ရှိသလို ကျွန်မ ခံစားရပြီး၊ အရမ်းမယုံကြည်ရသလို ဉာဏ်နီဉာဏ်နက်များ ခဲ့တဲ့အတွက် ကျွန်မကိုယ်ကျွန်မ မုန်းမိတယ်။ ဒီလိုအရေးကြီးတဲ့တာဝန်တစ်ခုကို ဆောင်ရွက်ဖို့ ဘုရားသခင်က ကျွန်မကို မြှင့်တင်ပေးခဲ့ပေမယ့် ကျွန်မက တာဝန်မဲ့ပြီး ပြဿနာတွေကို တွေ့တဲ့ အခါမှာ မူတွေနဲ့အညီ ကျွန်မ မလုပ်ဆောင်ခဲ့ဘူး။ ဘုရားအိမ်တော်ရဲ့အလုပ်ကို ကျွန်မက ထိခိုက်စေ ခဲ့ပြီး အခြားလူတွေရဲ့ဘဝတွေကိုလည်း နှောင့်နှေးစေခဲ့တယ်။ ကျွန်မကို ကျွေးတဲ့လက်ကို ကျွန်မပြန်ကိုက်နေ တာပဲဖြစ်တယ်။ ကျွန်မအတွက် ဘုရားသခင်ရဲ့ စေခိုင်းချက်ကို ကျွန်မ မကျေပွန်ခဲ့ဘူး။ အဲဒါ အရမ်းလွန်လွန်း တယ်။ ဘုရားသခင်ရှေ့မှောက်ကို ဆုတောင်းဖို့နဲ့ နောင်တရဖို့အတွက် ကျွန်မလာပြီး၊ ဘုရားသခင်ကို ပုန်ကန်ပြီး နာကျင်စေအောင် လုပ်တာကို ရပ်ဖို့အတွက် ကျွန်မ အဆင်သင့်ဖြစ် နေပြီ။ သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ဆောင်ပြီး ဘုရားအိမ်တော့်ရဲ့အလုပ်ကို ကာကွယ်သွားမှာဖြစ်တယ်။

နောက်တစ်နေ့မှာ အစ်မရှင်းအဖွဲ့ရဲ့ အခြေအနေ အကြောင်း ကျွန်မ ထုတ်ပြောလိုက်တာနဲ့၊ ဝမ်လီရဲ့ ပြောဆိုပြုမူပုံတွေ ပြောင်းသွားပြီး အစ်မရှင်းက အခြားသူတွေကို ဆွဲချနေတယ်လို့ သူက စပြီး မကျေမနပ်ပြောတယ်။ သူက ကိုယ့်အကြောင်းကိုယ် မသိဘူးဆိုတာနဲ့ တုံ့ပြန်ပြောဆိုတာတွေကို လက်မခံနိုင်ဘူးဆိုတာ ကျွန်မတွေ့လိုက်ရတယ်။ ကသိကအောက်နည်းနည်းဖြစ်သွားတယ်လို့ ခံစားလိုက်ရတယ်။ ကျွန်မအနေနဲ့ စပြောရုံပဲရှိသေးတယ်၊ သူက စိတ်ဆိုးသွားပြီ။ သူ့ရဲ့ပြဿနာတွေ အားလုံးကို ကျွန်မထုတ်ပြောလိုက်ရင် ကျွန်မအပေါ် သူ စိတ်အနှောင့်အယှက်ဖြစ်သွား မှာ ကျိန်းသေတယ်လို့ ကျွန်မစဉ်းစားမိတယ်။ ကျွန်မပြောသင့်လား။ ကျွန်မတွန့်ဆုတ်သွားပြီး ဘောင်ခတ်ခံရသလို ခံစားရတော့ ကျွန်မ တိတ်တိတ်ကလေးဆုတောင်းလိုက်တယ်၊ ပြီးတော့ ဘုရားသခင်က ကျွန်မတို့ကို ဘယ်လိုရိုးသားဖြောင့်မတ်စေချင်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးအမြတ်ကို ထိန်းသိမ်း စေချင်တယ်ဆိုတာကို ကျွန်မ စဉ်းစားမိလိုက် တယ်။ အဲဒါက ကျွန်မကို သတ္တိနည်းနည်းရှိစေခဲ့တယ်။ သူ ဘယ်လိုပဲထင်ထင် ကျွန်မအနေနဲ့ ကျွန်မရဲ့ ရိုးသားတဲ့အမြင်ကို မျှဝေရမှာပဲဆိုတာ ကျွန်မသိတယ်။ ဒါကြောင့် သူက အစ်မရှင်းကို ဘယ်လိုဖိနှိပ်နေ တယ်ဆိုတာကို ကျွန်မ ပြင်းပြင်းထန်ထန်နဲ့ မျှမျှတတ ပြောလိုက်တယ်၊ ပြီးတော့ အဲဒါရဲ့သဘာဝနဲ့အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး မိတ်သဟာယဖွဲ့လိုက်တယ်။ ဒါပေမယ့် သူက ဘာတစ်ခုမှ လက်မခံဘူး။ အသေးစိတ်အချက်အလက်တွေနဲ့ပတ်သက်လို့ သူဆက်ပြီး ငြင်းနေတယ်။ အမှန်တရားကို လက်ခံဖို့ ဒါမှမဟုတ် သူ့ကိုယ်သူသိဖို့ ငြင်းဆန်ခဲ့တယ်။ သူ့ရဲ့ပြဿနာဟာ ဘယ်လောက်လေးနက်တယ် ဆိုတာနဲ့ အဲဒီတာဝန်မှာ သူဆက်နေနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်မသိလိုက်ရတော့ အဲဒါကို ကျွန်မ ခေါင်းဆောင်နဲ့မျှဝေလိုက်တယ်။ သူ့အနေနဲ့ ဝမ်လီနဲ့ ဒီအကြောင်းကို အကြိမ်ပေါင်းများစွာ မိတ်သဟာယဖွဲ့ပြီးပြီဖြစ် ပေမယ့် သူက မပြောင်းလဲသေးဘူး။ သူ့ရဲ့အပြုအမူတွေဟာ အလုပ်အတွက် သူ မသင့်တော်ဘူးဆိုတာကို ပြသနေတယ်။ သူက ကောင်းတဲ့လူ့သဘာဝမရှိသလို အမှန်တရားကိုလည်း လက်မခံတာကြောင့် သူ့ကို ထုတ်ပစ်ရမှာဖြစ်တယ်တဲ့။ သူက အဲဒါကို ကျွန်မကို လုပ်စေချင်ခဲ့တယ်။ ကျွန်မ ရင်တွေတုန်လာတယ်၊ ပြီးတော့ သူ့ရဲ့ပြဿနာတွေကို ငါဖော်ထုတ်လိုက်က တည်းက ငါ့အပေါ် သူ့ရဲ့သဘောထား ပြောင်း သွားတယ်။ ငါကိုယ်တိုင် သူ့ကို အလုပ်ထုတ်ပစ်လိုက်ရင် သူ့ကို အရမ်းစော်ကားရာကျနေမယ်။ အဲဒီနောက်မှာ သူ ငါ့ကို မုန်းများသွားမလား။ ခေါင်းဆောင်ကို ငါက သတင်းပို့တယ်လို့ သူထင်ခဲ့ရင် သူ့ကို ငါက ပစ်မှတ်ထားနေခဲ့ တယ်လို့ သူထင်သွားမှာလားလို့ စဉ်းစားမိ တယ်။ ကျွန်မရဲ့စိတ်ထဲမှာ ဒွိဟဖြစ်ပြီး သူ့ကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ကျွန်မ မသိဘူး။ ဒါနဲ့ပတ်သက်လို့ ကျွန်မ ဗျာများနေတုန်းမှာ၊ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်တယ်- “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ဆိုးသွမ်းသော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၏ အမှုကို ဆုံးရှုံးမှုများဖြစ်စေပြီး ဘုရားသခင်ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က နားမလည်သကဲ့သို့၊ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာမျှ မဟုတ်ပေ။ ယင်းမှာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့၏ ထိန်းချုပ်ခြင်းကို ခံရနေခြင်း ဖြစ်သည်။ ဤစိတ်သဘောထားများထဲမှ တစ်ခုမှာ ကလိမ်ကကျစ်အပြုအမူ ဖြစ်သည်။ သင်က၊ ‘ကျွန်ုပ် ထုတ်ပြောလိုက်လျှင်၊ ကျွန်ုပ်ကို မည်သို့ အကျိုးပြုမည်နည်း။ ကျွန်ုပ် ထုတ်ပြောလိုက်ပြီး တစ်စုံတစ်ဦးကို သဘောမကျဖြစ်စေပါက၊ အနာဂတ်တွင် ကျွန်ုပ်တို့ မည်သို့ အဆင်ပြေမည်နည်း’ ဟု တွေးရင်း၊ သင့်ကိုယ်သင် ဦးစွာပထမ စဉ်းစားလေသည်။ ဤသည်မှာ ကလိမ်ကကျစ် စိတ်နေစိတ်ထားဖြစ်၏၊ မှန်သည်လော။ ဤသည်မှာ ကလိမ်ကကျစ် စိတ်သဘောထား၏ အကျိုးဆက်မဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းကို ငါမြင်ကာ ဖြစ်ပျက်နေသည်ကို ကြားလျှင်ပင်၊ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ မလိုအပ်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်- ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်’ဟု တွေးသည်။ ထိုသို့သော အရာများသည် သင်၏ မသိစိတ်မှ ပေါက်ဖွားသည့်အလား၊ ပြီးလျှင် သင်၏ စိတ်နှလုံးတွင် ယင်းတို့က အမြဲတမ်းနေရာများ ယူထားကြသည့်အလား- သင်၏ အတွင်းတွင် ရှိကြလေသည်၊ ယင်းတို့သည် လူသား၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်သည်။...သင်သည် သင်ကိုယ်တိုင်၏ ဆိုးယုတ်သော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ်တွင် သင်သည် ဩဇာမရှိပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်မပြောဆိုနိုင်ပေ၊ သို့မဟုတ် သင်အမှန်တကယ်ထင်သည့်အရာကို မပြောနိုင်ပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင်အလိုရှိလျှင်ပင် သင်၏ တာဝန်များကို မဖြည့်ဆည်းနိုင်ပေ။ သင်ပြောသမျှ၊ လုပ်သမျှ၊ လက်တွေ့လုပ်ဆောင်သမျှ အရာတိုင်းသည် မုသားဖြစ်သည်။ သင်သည် ပေါ့ပေါ့တန်တန်နိုင်ပြီး ဝတ်ကျေတမ်းကျေလုပ်သည်။ သိသာထင်ရှားစွာပင်၊ သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထား၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။ သင်သည် သမ္မာတရားကို လက်ခံပြီး သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိနိုင်သည်။ သို့သော် ဤသည်မှာ သင့်အပေါ်တွင် မမူတည်ပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော ဇာတိပကတိ၏ ရုပ်သေးရုပ်တစ်ရုပ်ကလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ပေ။ သင်သည် စာတန်၏ တန်ဆာပလာတစ်ခုဖြစ်လာသည်။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားက သင့်ကိုပြောဆိုသည့်အရာမှန်သမျှကို သင်လုပ်ဆောင်ပြောဆိုသည်။ သင်၏စိတ်နှလုံးထဲတွင် သင်က ‘ဤတစ်ကြိမ်တွင် ငါကြိုးစားလုပ်ပြီး ဘုရားသခင်ထံ ဆုတောင်းမည်။ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်ယှက်သည့်၊ မိမိတို့၏တာဝန်၌ တာဝန်မဲ့သည့်သူများအား ငါ၏ထင်မြင်ချက်ကို ထုတ်ဖော်ပြောပြီး အပြစ်ဖော်ဆုံးမဖို့ လိုသည်။ ဤတာဝန်ကို ငါယူရမည်’ ဟု တွေးသည်။ ထို့ကြောင့် ကြီးစွာသော အခက်အခဲဖြင့် သင်သည် သတ္တိမွေးပြီး ရဲရဲတင်းတင်း ထုတ်ပြောခဲ့သည်။ အကျိုးဆက်အနေဖြင့် အခြားသူကစားပွဲကိုရိုက်လိုက်ပြီး ဒေါသထွက်သည်နှင့်တစ်ပြိုင်နက် သင်သည် နောက်ပြန်တွန့်သွားလေသည်။ သင်သည် အမှန်တကယ် ကြီးကြပ်သူရော ဟုတ်၏လော။ သင့်သန္နိဋ္ဌာန်နှင့် စိတ်ကြံ့ခိုင်မှုတို့က အဘယ်အသုံးတည့်နေခဲ့သနည်း။ ယင်းတို့သည် အသုံးတည့်မနေခဲ့ချေ။ သင်တို့အားလုံးသည် ဤအခြေအနေများကို အကြိမ်ပေါင်းများစွာ သေချာပေါက် ကြုံတွေ့ပြီးဖြစ်ကာ သင်သည် သင်လုပ်နိုင်သည့်အရာ မည်သည့်အရာမျှမရှိဟု ခံစားရလျက် ပထမဆုံးအခက်အခဲတွင် သင့်ကိုယ်သင် ဆင်ခြေပေးသည်။ သင်သည် သမ္မာတရားကို ချစ်သူမဟုတ်၊ သင်သည် လုံးဝ ဖယ်ရှားခံရပြီးဖြစ်သည်ဟု မိမိကိုယ်ကို ယုံကြည်လျက် သင့်ကိုယ်သင် အရှုံးပေးလိုက်သည်။ သင်သည် သမ္မာတရားကို မချစ်သည်မှာ မှန်သော်လည်း သင်သည် သမ္မာတရားကို လိုက်စားနေခဲ့သလော။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခဲ့သလော။...သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေပေ။ သင်၏ စိတ်ပိုင်းဖြတ်ချက်များကို တိုးမြှင့်ရင်း၊ စိတ်ဆုံးဖြတ်ချက်များကို ပြုလုပ်ရင်းနှင့် ကျမ်းသစ္စာများ ကျိန်ဆိုရင်း၊ ဆုတောင်းမြဲ ဆုတောင်းနေသည်။ ထို့ကြောင့် ဤအရာများအားလုံးမှ မည်သည့်အရာ ဖြစ်လာပြီနည်း။ သင်သည် မှန်ပါ့သမားဖြစ်နေဆဲ ဖြစ်သည်- သင်သည် မည်သူ့ကိုမျှ ရန်မစပေ၊ မည်သူ့ကိုမျှ မစော်ကားပေ။ ကိစ္စတစ်ခုက သင်နှင့် မသက်ဆိုင်လျှင်၊ သင်သည် ဝေးဝေးနေပြီး စဉ်းစားလိမ့်မည်။ ‘ငါနှင့် မည်သို့မျှ မသက်ဆိုင်သည့် အရာများနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ငါ ပြောမည်မဟုတ်သည့်အပြင်၊ ဤအရာသည် ခြွင်းချက်မရှိ ဖြစ်သည်။ တစ်ခုတစ်လေက ငါ၏ အကျိုးစီးပွားများ၊ ငါ၏မာန၊ သို့မဟုတ် ငါ၏ မိမိကိုယ်ကို လေးစားမှုကို ထိခိုက်စေပါက၊ ယင်းတို့ထဲမှ တစ်ခုမျှကို ငါသည် အရေးထားမည် မဟုတ်ပေ၊ ထိုအရာအားလုံးကို သတိရှိရှိ ချဉ်းကပ်မည်ဖြစ်သည်။ ငါ မဆင်မခြင် ပြုရမည်မဟုတ်။ ထောင်ထွက်သည့် သံချောင်းက ဦးစွာပထမ ထိုးနှက်ခံရတတ်၏၊ ငါသည် ဤမျှမိုက်မဲခြင်း မရှိ။’ သင်သည် ဆိုးသွမ်းမှု၊ ကလိမ်ကကျစ်ကျခြင်း၊ တင်းမာခြင်းနှင့် သမ္မာတရားကို စက်ဆုပ်ခြင်းနှင့်ဆိုင်သော သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေ၏။ ၎င်းတို့သည် သင့်ကို ဖျက်ဆီးနေပြီး မျောက်ဘုရင် ဝတ်ဆင်ခဲ့သည့် ရွှေကွင်းထက်ပင် သင့်အတွက် ခံရပ်ရန် သာ၍ ခက်ခဲစေပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်ခြင်းသည် အလွန် ခြေကုန်လက်ပန်းကျစရာဖြစ်ပြီး ဒုက္ခကြီးလှပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တစ်ခုချင်းစီက နှလုံးသားကို တန်းထိတယ်။ ဝမ်လီနဲ့ပတ်သက်လို့၊ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိမှာ ကျွန်မ အမြဲကြောက်ခဲ့ပြီး၊ သမ္မာတရားကို လက်တွေ့မလုပ်ဝံ့ခဲ့သလို၊ တကယ့်ဖြစ်ရပ်မှန် တွေကို မထုတ်ဖော်ဝံ့ခဲ့ဘူး။ ဆိုးယုတ်တာ၊ ဉာဏ်နီဉာဏ်နက်များတာနဲ့ အမှန်ရားကို မုန်းတီးတာနဲ့ဆိုင်တဲ့ ဒီဆိုးယုတ်တဲ့ စိတ်သဘောထားတွေက ကျွန်မကို ထိန်းချုပ် ထားခဲ့တယ်။ “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခု ဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက ဂုဏ်ရည် တစ်ခုဖြစ်သည်”၊ “အခြားသူများကို မည်သည့် အခါမျှ မစော်ကားပါနှင့်၊ သို့မဟုတ် ၎င်းတို့၏ ချွတ်ယွင်းချက်များအတွက် အပြစ်မတင်ပါနှင့်”၊ “တစ်စုံတစ်ရာ မှားယွင်းသည်ကို သိသည့်အခါ၊ နည်းနည်းပြောသည်က ပိုကောင်း၏” နဲ့ “ပွင့်လင်းခြင်းသည် အခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်စေသည်”။ ဒီဆိုးယုတ်တဲ့ လောကီဒဿနတွေဟာ ကျွန်မဘဝအတွက် ဥပဒေတွေ ဖြစ်လာတယ်။ ကျွန်မတွေ့တဲ့ ပြဿနာတွေအကြောင်း ကျွန်မ ထုတ်မပြောရဲခဲ့သလို ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်ဖို့ မူတွေနဲ့အညီ မလုပ်ရဲခဲ့ ဘူး။ ကျွန်မက သူရဲဘောကြောင်နေခဲ့တာ။ ခေါင်းဆောင်က ကျွန်မကို ဝမ်လီကို ထုတ်စေချင် တဲ့အခါ၊ ကျွန်မအတွက် ရှင်းလင်းတာက အဲဒါကို ချက်ချင်းလုပ်ရမှာဖြစ်ပြီး၊ ဒါမှ ဘုရားအိမ်တော်ရဲ့အလုပ်တွေ မနှောင့်နှေးတော့ မှာလေ။ ဒါပေမယ့် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိမှာ စိုးပြီး၊ ကျွန်မ ပြောမထွက်ဘူး။ ကြည့်ရတာ ကျွန်မက သဘောကောင်းပုံပေါ်ပြီး ဘယ်သူ့ကိုမှ မနာကျင်စေလိုတဲ့ပုံပေါက်ပေမယ့်၊ အမှန်တော့ ကျွန်မက အခြားသူတွေနဲ့ပတ်သက် လို့ ကောင်းတဲ့ပုံရိပ်တစ်ခုအတွက် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို လဲလှယ်ပြီး ရောင်းစားနေခဲ့တာ ဖြစ်တယ်။ ကျွန်မက ဝမ်လီကို အလှည့်တိုင်းမှာ အကာအကွယ်ပေးနေပြီး သူ့ကို ဘုရားအိမ်တော် ရဲ့အလုပ်ကို နှောင့်ယှက်ခွင့်ပေးနေခဲ့တယ်။ ဘုရားသခင်ရဲ့အိမ်တော်မှာ ဝရုန်းသုန်းကား သောင်းကျန်းနေတဲ့ စာတန်အတွက် ကျွန်မက ဒိုင်းတစ်ခုလို့ဖြစ်ခဲ့တာပဲ။ ကျွန်မက သူတော်ကောင်းယောင်ဆောင်ပြီး ဉာဏ်နီဉာဏ်နက်များတဲ့လူတစ်ယောက် ဖြစ်တယ်။ အဲဒီဆိုးယုတ်တဲ့ ဒဿနတွေဟာ လူတွေကို လမ်းမှားရောက်စေပြီး ထိခိုက်စေတဲ့ အတွေးမှား တွေပဲ ဖြစ်တယ်။ ဒီလူ့အဖွဲ့အစည်းဟာ အရမ်းမှောင်မည်းပြီး ဆိုးယုတ်တယ်၊ ဘာကြောင့်လဲဆိုတော့ လူတွေဟာ ဆိုးယုတ်တဲ့ ဒဿနတွေနဲ့ အသက်ရှင်ကြလို့ပဲ။ သူတို့ဟာ သူရဲဘောကြောင်လာပြီး အလင်းကို မုန်းကြတယ်။ ဘယ်သူကမှ မားမားမတ်မတ်ရပ်ပြီး ဖြောင့်မတ် မှုကို ထိန်းသိမ်းပြီးတော့ အမှန်တရားကို မဖော်ထုတ်ရဲကြဘူး။ ဒါပေမယ့် မျက်နှာချိုသွေးပြီး လေနှင်ရာ ပါလေ့ရှိ တဲ့သူတွေကတော့ ဦးစားပေးခံရပြီး တန်ခိုးအာဏာရကြတယ်။ တရားမျှတမှုမရှိသလို ဖြောင့်မတ်မှုမရှိဘူး။ လူတိုင်းဟာ စစ်မှန်ရိုးသားမှုလုံးဝမရှိဘဲ တစ်ယောက်ကိုတစ်ယောက် လှည့်စားနေကြ တယ်။ ဒါဟာ စာတန်ရဲ့ဖောက်ပြန်ပျက်စီးမှုဆီကနေ လာတာပဲဖြစ်တယ်။ ဒီဆိုးယုတ်တဲ့ဒဿနတွေဟာ လူသားအယူအဆတွေနဲ့ ကိုက်ညီပေမယ့် အမှန်တကယ်တော့ အဲဒါတွေဟာ လူတွေကို လှည့်စားပြီး ဖောက်ပြန်ပျက်စီးအောင်လုပ်ဖို့ စာတန်က အသုံးပြုတဲ့ လိမ်ညာမှုတွေပဲဖြစ်တယ်။ အဲဒါတွေနဲ့ အသက်ရှင်တာက ကျွန်မတို့ကို ပိုပြီးတစ်ကိုယ်ကောင်းဆန်၊ ဆိုးယုတ်စေပြီး ဉာဏ်နီဉာဏ်နက်များစေတယ်။ အဲဒါဟာ ဆိုးယုတ်ပြီး လူမဆန်တဲ့ အသက်ရှင် နည်းပဲ။

“သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်” ထဲက ဘုရားသခင်ရဲ့နှုတ်ကပတ် တော်စာပိုဒ်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “သင်သည် မည်သည့်အရာကိုမျှ ထိန်းထားခြင်းမရှိလျှင်၊ ဟန်လုပ်ခြင်း၊ အယောင်ဆောင်ခြင်း၊ ဟန်ဆောင်လှည့်စားခြင်းမရှိလျှင်၊ ညီအစ်ကိုမောင်နှမများထံသို့ မိမိကိုယ်ကို ဖွင့်ချလျှင် သင်၏ အတွင်းအကျဆုံး အတွေးများနှင့် ချင့်ချိန်မှုများကို မဖုံးကွယ်ဘဲ ယင်းအစား သင်၏ ရိုးသားသော သဘောထားကို အခြားလူတို့ မြင်ခွင့်ပေးလျှင်၊ ဤသို့ဆိုလျှင် သမ္မာတရားသည် သင့်အတွင်း၌ တဖြည်းဖြည်းချင်း အမြစ်တွယ်လိမ့်မည်။ နည်းနည်းချင်း အသီးအပွင့်ဖြစ်ထွန်းလိမ့်မည်။ အကျိုးရလဒ်များ ထွက်ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် တိုး၍ ရိုးသားလျှင်၊ ဘုရားဘက်သို့ တိုး၍ လှည့်လျှင်၊ သင်သည် သင့်တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ သိပြီး ဤအကျိုးစီးပွားများကို သင် မကာကွယ်နိုင်သောအခါ သင် လိပ်ပြာမလုံလျှင် ဤသည်မှာ သမ္မာတရားက သင့်အပေါ်၌ သက်ရောက်မှုရှိပြီး သင်၏ဘဝ ဖြစ်လာခဲ့ပြီဆိုသည့် သက်သေဖြစ်သည်။ သမ္မာတရားက သင်၏ အသက်ဖြစ်လာသည့်အခါ၊ တစ်စုံတစ်ဦးက ဘုရားသခင်ကို ပြစ်မှားစော်ကားပါက၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိပါက၊ မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းရာတွင် ပေါ့ဆပါက၊ အသင်းတော်၏အလုပ်ကို နှောင့်ယှက်ဖြစ်စေခြင်း သို့မဟုတ် ဟန့်တားခြင်းတို့ကို ဖြစ်စေပြီး ဤအရာကို မြင်သည့်အခါ သင်သည် လိုအပ်သည့်အခါ ယင်းကို ခွဲခြားသိမြင်ပြီး ဖော်ထုတ်ကာ၊ သမ္မာတရား အခြေခံသဘောတရားနှင့်အညီ ယင်းကို ချဉ်းကပ်နိုင်ပေသည်။...သမ္မာတရားသည် သင်၏ စိတ်နှလုံးတွင် ဩဇာလွမ်းမိုးပြီး သင်၏အသက် ဖြစ်လာသည့်အခါ၊ မတုန်မလှုပ်၊ အပျက်သဘောဆောင်သည့် သို့မဟုတ် ဆိုးယုတ်သည့် တစ်စုံတစ်ရာ ထွက်ပေါ်ခြင်းကို သင် မြင်သည့်အခါ သင့်စိတ်နှလုံးထဲက တုန့်‌ပြန်မှုသည် လုံးဝ ကွဲပြား၏။ ပထမဦးစွာ၊ သင်သည် အပြစ်တင်မှုနှင့် စိုးရိမ်ပူပန်မှု အသိစိတ်တစ်ခု ခံစားရပြီးနောက် ‘ကျွန်ုပ်အနေဖြင့် အလဟဿနေမြဲနေပြီး မသိကျိုးကျွန် မပြုနိုင်။ ကျွန်ုပ် ထရပ်ပြီး စကားပြောရမည်၊ ကျွန်ုပ် ထရပ်ပြီး တာဝန်ယူရမည်’ ဟူသည့် ခံစားချက်က ချက်ချင်း လိုက်လာသည်။ ထိုအခါ သင်သည် ထရပ်ပြီး ယင်းတို့ကို ဖော်ထုတ်ရင်း၊ ဘုရားသခင်၏ အိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးရန်နှင့် ဘုရားသခင်၏ အလုပ်ကို အနှောင့်အယှက် ပေးခံရခြင်းမှ တားဆီးရန် ကြိုးပမ်းရင်း ဤဆိုးယုတ်သော လုပ်ရပ်များကို သင် ရပ်တန့်နိုင်သည်။ သင်သည် ဤသတ္တိနှင့် စိတ်ဆုံးဖြတ်ချက် ရှိပြီး ကိစ္စရပ်ကို လုံးဝ သိနားလည်နိုင်စွမ်း ရှိလိမ့်မည်သာမက၊ ဘုရားသခင်၏အမှုနှင့် သူ၏အိမ်တော် အကျိုးစီးပွားများအတွက် ယူသင့်သည့် တာဝန်ကိုလည်း သင် ဖြည့်ဆည်းလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ တာဝန်သည် ကျေပွန်လိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) ဒါကိုဖတ်လိုက်ရတော့ ကျွန်မမှာ အပြစ်ရှိတယ် လို့ ခံစားရသလို စိတ်အားထက်သန်မှုလည်း ရရှိလာတယ်။ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးတဲ့နောက်၊ ဘုရားသခင်ပေးတဲ့ အာဟာရကနေတစ်ဆင့် သမ္မာတရားကို ခံစားနေခဲ့ရပေမယ့်၊ ဘုရားသခင်အိမ်တော်ရဲ့ မူတွေ၊ အကျိုးစီးပွား တွေကို ကျွန်မ မထိန်းသိမ်းနိုင်ခဲ့ဘူး။ အဲဒါဟာ အရမ်းလွန်လွန်းတယ်။ လူ့အကြိုက်လိုက်သူတစ်ယောက်လိုဖြစ်တဲ့ ကျွန်မရဲ့မျက်နှာဖုံးကို ချွတ်ပစ်လိုက်ရတယ်။ ဆိုးယုတ်၊ ဉာဏ်နီဉာဏ်နက်များပြီး ဖောက်ပြန် ပျက်စီးနေတဲ့ စိတ်သဘောထားနဲ့ ကျွန်မ ဆက်မနေနိုင်တော့ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အသင်းတော်ရဲ့အကျိုးစီးပွားတွေကို ထိန်းသိမ်း ရမှာ ဖြစ်တယ်။ အဲဒီနောက်မှာ ဝမ်လီဆီကို ကျွန်မသွားစကား ပြောပြီး သူ့ကို အလုပ်ထုတ်လိုက်တယ်။ မိတ်သဟာယမှာလည်း ကျွန်မ ဖွင့်ပြောပြလိုက် ပြီး၊ အမှန်တရားကို လက်ခံဖို့ ငြင်းပယ်တာ၊ လူတွေကို ဖိနှိပ်တာနဲ့ အသင်းတော်ရဲ့အလုပ်ကို ထိခိုက်စေတာနဲ့ဆိုင်တဲ့ သူ့ရဲ့လုပ်ဆောင်ချက် တစ်ခုချင်းစီအကြောင်းကို ကျွန်မပြောပြလိုက် တယ်။ အလွယ်တကူလက်ခံလို့ရတဲ့ ကောင်းမွန်တဲ့ အရာတွေကို ထည့်ပြီးမပြောတော့ဘူး။ သူ့ရဲ့ဖောက်ပြန်ပျက်စီးနေတဲ့စိတ်သဘောထား ကို သူနားလည်သွားပြီး အမှန်တကယ် နောင်တရသွားဖို့ သူ့ရဲ့ပြဿနာ တွေကို ဖော်ထုတ်ပြီး သူ့ကို ကျွန်မ တကယ်ကူညီချင်ခဲ့တယ်။ ကျွန်မပြောပြီးသွားတဲ့အခါမှာ သူက အရမ်းစိတ်မချမ်းမသာဖြစ်သွားတာကြောင့် ငိုပြီး ဘုရားသခင်အိမ်တော်ရဲ့ အစီအစဉ်တွေကို လက်ခံဖို့နဲ့ အမှန်တကယ်ဆင်ခြင် သုံးသပ်ပြီး သင်ခန်းစာယူဖို့ သူ အဆင်သင့်ဖြစ်တဲ့ကြောင်း ပြောတယ်။ အဲဒီနောက်မှာ ညီအစ်ကိုမောင်နှတွေဟာ တဖြည်းဖြည်းနဲ့ ပြန်လည်ထူထောင်လာကြပြီး အဖွဲ့ရဲ့အလုပ်ကလည်း တဖြည်းဖြည်းနဲ့ ရလဒ်တွေ စပြီးရလာတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာကနေ ငြိမ်သက်ခြင်းနဲ့စိတ်အေးချမ်းမှုကို ကျွန်မ တကယ်ခံစားရတယ်။ အလင်းထဲမှာနေဖို့ အဲဒါဟာ တစ်ခုတည်းသော နည်းလမ်းပဲ။

နောက်ပိုင်းမှာ အပြောင်းအလဲတွေ ရှိလာတာ ကြောင့် အခြားအစ်မတချို့နဲ့အတူ လူသစ်တွေကို ကျွန်မ စပြီးရေလောင်းပေးတယ်။ အစ်မရန်က သူ့တာဝန်အတွက် ဝန်ထုပ်ဝန်ပိုး မရှိပေမယ့် ပေါ့ဆပြီး တာဝန်မဲ့တာ၊ အဲဒါက ကျွန်မတို့ရဲ့အလုပ်အပေါ် ထိခိုက်မှုရှိတယ်ဆိုတာကို ကျွန်မတွေ့လိုက်ရ တယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မစိုးရိမ်လာပြီး သူပြောင်းလဲလို့ရအောင် ထောက်ပြချင်ခဲ့ပေမယ့်၊ တစ်ယောက်နဲ့တစ်ယောက် အခုမှစတွေ့တာဖြစ် ပြီး တော်တော်လေးလည်း အဆင်ပြေနေတော့ သူ့ရဲ့တာဝန်တွေမှာ သူတာဝန်မဲ့တဲ့အကြောင်းကို ကျွန်မတိုက်ရိုက်ပြောလိုက်ရင် ကျွန်မအပေါ် စိတ်အနှောင့်အယှက်ဖြစ်သွားမလားလို့ ကျွန်မ စိုးရိမ်မိခဲ့တယ်။ ကျွန်မက လူ့အကြိုက်လိုက်သူလို ပြန်ပြီးစဉ်းစား မိနေတာကို ကျွန်မအသိတရားရလိုက်တာကြောင့် မြန်မြန်ဆုတောင်းလိုက်တယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် ဖတ်ရွတ်တဲ့ ဗွီဒီယိုတစ်ခုကို ကျွန်မကြည့် လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘ယေဟောဝါ ဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။’...ဘုရားသခင်ပြောခဲ့သည့် ဤနှုတ်ကပတ်တော် အကျဉ်းချုပ်ထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့်အရာ တစ်ခုတလေကို သင်တွေ့နိုင်ပါသလော။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် မှန်ကန်ပါသလော။ လှည့်ဖြားမှု တစ်ခုတစ်လေ ရှိသလော။ မမှန်ကန်မှုတစ်ခုတစ်လေ ရှိသလော။ ခြိမ်းခြောက်မှု တစ်ခုတလေ ရှိပါ၏လော။ (မရှိပါ။) လူသားက မည်သည့်အရာစား၍ရသည်ဆိုသည်နှင့် မည်သည့်အရာကို စား၍မရဆိုသည်တို့ကို ဘုရားသခင်သည် ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ စိတ်ရင်းအမှန်နှင့် လူကို ပြောပြခဲ့သည်။ ဘုရားသခင်သည် ရှင်းရှင်းလင်းလင်းနှင့် ထင်ထင်ရှားရှား ပြောဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များထဲတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်တစ်ခုတလေ ရှိသလော။ ဤနှုတ်ကပတ်တော်များသည် တိကျပြတ်သားသည် မဟုတ်လော။ ထင်ကြေးပေးစရာ တစ်ခုတစ်လေ လိုအပ်သလော။ (မလိုအပ်ပါ။) မှန်းဆချက် မလိုပေ။ ၎င်းတို့၏ အဓိပ္ပာယ်သည် တစ်ချက်ကြည့်ရုံမျှဖြင့် သိသာပေသည်။ ၎င်းတို့ကို ဖတ်ရှုရာတွင်၊ ၎င်းတို့၏ အဓိပ္ပါယ်နှင့် ပတ်သက်၍ လုံးဝ ရှင်းလင်းပေသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင် ပြောလိုသောအရာနှင့် သူဖော်ပြလိုသော အရာများသည် သူ၏ စိတ်နှလုံးမှ လာပေသည်။ ဘုရားသခင် ဖော်ပြသည့် အရာများသည် ရှင်းလင်း၏၊ ရိုးစင်းပြီး ပြတ်သားလေသည်။ ခိုးကြောင်ခိုးဝှက် ရည်ရွယ်ချက်များ မရှိသကဲ့သို့ ကွယ်ဝှက်ထားသော မည်သည့် အဓိပ္ပာယ်မျှလည်း မရှိပေ။ လူသားအနေဖြင့် မည်သည့်အရာကို စား၍ရသည်၊ မည်သည့်အရာကို စား၍မရဆိုသည်ကို ပြောပြရင်း သူသည် လူသားကို တိုက်ရိုက် ပြောဆိုခဲ့၏။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်၏ စိတ်နှလုံးက ရှင်းလင်းပြီး မှန်ကန်သည်ကို လူသားက မြင်နိုင်ပေသည်။ ဤတွင် မုသားအရိပ်အယောင်တစ်ခုမျှ မရှပေ။ ယင်းမှာ စားကောင်းသည့်အရာကို သင်စား၍မရဟု ပြောဆိုခြင်း၊ သို့မဟုတ် သင် စား၍မရသည့်အရာများနှင့် ပတ်သက်ပြီး ‘လုပ်ကြည့်ပြီး မည်သည့်အရာ ဖြစ်ပျက်သည်ကို ကြည့်လော့’ ဟု သင့်ကိုပြောနေခြင်း မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင် ရည်ရွယ်သောအရာ မဟုတ်ပေ။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင်၏တွေးသည့် အရာမှန်သမျှသည် သူပြောသည့် အရာဖြစ်၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)”) အာဒံနဲ့ဧဝကို ဘုရားသခင်ပြောတဲ့အရာက လုံးဝရှင်းပါတယ်။ သူက ရိုးသားဖြောင့်မတ်ပြီး ဘာကိုမှ ဖုံးကွယ်မထားဘူး။ ဘုရားသခင်ရဲ့အနှစ်သာရဟာ အရမ်းသန့်ရှင်း တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူသားကို တရားစီရင်ပြီး ပြစ်တင်ဆုံးမဖို့ အတွက် သမ္မာတရားကို ဖော်ပြတယ်။ သူ့ရဲ့နှုတ်ကပတ်တော်တွေဟာ စာတန်ကြောင့် ဖြစ်တဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝကို တိုက်ရိုက်ဖော်ထုတ်ပြီး ခွဲခြမ်းစိတ်ဖြာပြသလို ကျွန်မတို့ရဲ့အတွင်းထဲက အကျည်းတန်မှုနဲ့ ဖြောင့်မတ်မှုမရှိတာတွေကို ထုတ်ဖော်ပြသ တယ်။ အဲဒါတွေဟာ ရှင်းလင်းပြီး ဘာကိုမှ ဖုံးကွယ်မထားဘူး။ သူ့ရဲ့နှုတ်ကပတ်တော်တွေဟာ ကြမ်းတမ်းနိုင်ပေ မယ့် မေတ္တာအပြည့်ပါပြီး၊ ကျွန်မတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်သိဖို့၊ စာတန်ကို စွန့်လွှတ်ဖို့နဲ့ စစ်မှန်တဲ့လူသားအသွင်နဲ့ အသက်ရှင်နေထိုင် သွားဖို့ ကျွန်မတို့ကို သန့်စင်ပြီး ပြုပြင်ပြောင်းလဲ ဖို့အတွက် ဖြစ်တယ်။ စာတန်ဟာ အဲဒါနဲ့ လုံးဝဆန့်ကျင်ဘက်ပဲ။ သူဟာ ကွေ့ရှောင်ပြီး ဖုံးဖိထားသလို ဆိုးယုတ်ပြီး ပြောချင်တာကို ဘယ်တော့မှ တိုက်ရိုက်မပြောဘူး။ အာဒံနဲ့ဧဝက အပြစ်လုပ်ပြီး ဘုရားကို သစ္စာဖောက်အောင် အစမှာ နားထောင်လို့ကောင်းတဲ့အရာတွေ၊ မမှန်ကန်တဲ့အရာတွေကို ပြောတယ်။ ကျွန်မက ဆိုးယုတ်တဲ့ဒဿနတွေနဲ့ အသက်ရှင် နေခဲ့ပြီး၊ စာတန်အတိုင်းပဲ ဆိုးယုတ်ပြီး ဉာဏ်နီဉာဏ်နက် များတဲ့စိတ်သဘောထားတွေကို ပြသနေခဲ့တယ်။ အခြားလူ‌တွေနဲ့ ကျွန်မရဲ့ဆက်ဆံရေးနဲ့ သူတို့ ကျွန်မအပေါ်ရှိတဲ့အမြင်ကို ကာကွယ်ဖို့အတွက် ကျွန်မက အတွေးတစ်မျိုး၊ အပြောတစ်မျိုးလုပ် ပြီး မြွေတစ်ကောင်လို ကလိမ်ကကျစ်ကျသလို၊ အသံပေးလိုက် တွန့်ဆုတ်လိုက် ဖြစ်နေတယ်။ ကျွန်မ ဘာကိုပြောဖို့ ကြိုးစားနေတယ်ဆိုတာကို ဘယ်သူမှ နားမလည်နိုင်ဘူး။ ကျွန်မကို အရမ်းကို ယုံကြည်လို့မရဘူး။ ကျွန်မက လူသားတစ်ယောက်ဆိုတာထက် စာတန်နဲ့ ပိုတူနေတယ်။ ဒါကို အသိတရားရလိုက်တော့ ကျွန်မကိုယ်ကျွန်မ စက်ဆုပ်ရွံရှာမိပြီး လူ့အကြိုက်လိုက်သူတစ်ယောက်၊ မြေခွေး တစ်ကောင်လို မဖြစ်ချင်တော့ဘူး။ ကျွန်မအနေနဲ့ သမ္မာတရားကို လက်တွေ့လုပ် ဆောင်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိန်းသိမ်းတဲ့ ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ်။ နောက်တစ်နေ့ တွေ့ဆုံပွဲမှာ အစ်မရန်ဆီမှာ ကျွန်မတွေ့တဲ့ ပြဿနာတွေ အကြောင်းကို ကျွန်မဖွင့်ပြောလိုက်တယ်၊ ပြီးတော့ အဲဒီနောက်မှာ ကျွန်မတို့အတူ မိတ်သဟာယဖွဲ့ ကြတယ်။ သူက သူ့ရဲ့ပြဿနာတွေကို သတိပြုနိုင်ခဲ့တယ်။ အဲဒီနောက်မှာ တဖြည်းဖြည်းနဲ့ သူ့ရဲ့အခြေအနေ ပြောင်းလဲလာတာကို ကျွန်မတွေ့ရပြီး၊ အများကြီးပိုလွတ်လပ်သွားသလို ခံစားရတယ်။

ကျွန်မတို့အနေနဲ့ ဆိုးယုတ်တဲ့ဒဿနတွေနဲ့ အသက်မရှင်သင့်သလို၊ တစ်ယောက်နဲ့ တစ်ယောက် လှည့်စားမနေသင့်ဘဲ ပွင့်လင်းပြီး ရိုးစားဖြောင့်မတ်စွာနေသင့်တယ်ဆိုတာကို ဒီအတွေ့အကြုံက ကျွန်မကို ပြခဲ့တယ်။ ဒါကသာ စစ်မှန်တဲ့မေတ္တာဖြစ်ပြီး၊ လူတိုင်းအတွက် လုံးဝအကျိုးရှိတာဖြစ်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေအတိုင်း ရိုးသားပြီး မူတွေကို လိုက်နာတာကသာ လူ့သဘာဝရှိတာဖြစ်ပြီး၊ ကောင်းချီးခံစားရဖို့၊ ငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုတွေရရှိဖို့ နည်းလမ်း ဖြစ်တယ်ဆိုတာကို ကျွန်မကိုယ်တိုင် တွေ့ကြုံခဲ့ရ တယ်။ အဲဒါဟာ လူကောင်းတစ်ယောက်ဖြစ်ခြင်းပဲ။ ဘုရားသခင်ရဲ့ကျေးဇူးတော်ပဲ။

အရှေ့သို့- ၅၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မ၏ ခုခံပြောဆိုမှုနှင့် အထင်လွဲမှုများကို ဖယ်ရှားခဲ့သည်

နောက်တစ်ခုသို့- ၅၆။ ဘဝ၌ ဝေခွဲမရသော ဆုံးဖြတ်ချက်တစ်ခု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။