၂၁။ မှားယွင်းသော တိုင်ကြားမှုတစ်ခု

ရှောင်ကျဲ ဩစတြေးလျ

တစ်နှစ်ကျော်အထိ ဘုရားသခင်က အယောင်ဆောင်ခေါင်းဆောင်တွေကို ရိပ်စားမိခြင်း သမ္မာတရားတွေကို မိတ်သဟာယပြုခဲ့တယ်။ အစည်းအဝေးတွေမှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်နားလည်မှုနဲ့ အသိပညာအပေါ်မှာ ခဏခဏ မိတ်သဟာယဖွဲ့ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့ ဘဝမှာ အယောင်ဆောင်ခေါင်းဆောင်တွေကို ကျွန်တော် မရိပ်စားမိနိုင်ဘူး။ ခေါင်းဆောင်တစ်ယောက်က လက်တွေ့အလုပ်မလုပ်တာ နည်းနည်းလေးပြလိုက်တာနဲ့ ကျွန်တော် သူတို့ကို အယောင်ဆောင်ခေါင်းဆောင်အဖြစ် မစဉ်းမစား တံဆိပ်ကပ်ပြီး ရှုတ်ချခဲ့တယ်။ ရလဒ်အနေနဲ့ ဘုရားအိမ်တော်ကို ကာကွယ်ဖို့ ကျွန်တော် ပျက်ကွက်ခဲ့ရုံမကဘဲ အလုပ်အပေါ် အနှောင့်အယှက်ဖြစ်လုနီးပါးဖြစ်သွားတယ်။ အမှန်တရားက ထုတ်ဖော်ပြတဲ့အရာကတစ်ဆင့် အယောင်ဆောင်ခေါင်းဆောင်တွေအပေါ် နည်းနည်းရိပ်စားမှုကိုပေးခဲ့တဲ့ ကျွန်တော့်ကျရှုံးမှုကနေ သင်ခန်းစာတချို့ကို သင်ယူခဲ့ရပါတယ်။

အသင်းတော်မှာ ကျွန်တော် စီမံအလုပ်ကို လုပ်တယ်။ အသင်းတော်က ပစ္စည်းတချို့နဲ့ ကိရိယာပစ္စည်းတွေကို စီမံဖို့အတွက် ကျွန်တော် တာဝန်ယူရတယ်။ ကျွန်တော့်တာဝန်လမ်းကြောင်းမှာ ညီအစ်ကိုမောင်နှမတွေက ကိရိယာပစ္စည်းတွေကို ကောင်းကောင်းမကိုင်တွယ်တာကို တွေ့ရတယ်။ ဒါကြောင့် စီမံခန့်ခွဲရေးက ခက်ခဲသွားတယ်။ ခေါင်းဆောင်အစ်မလီဆီကို ကျွန်တော်သွားပြီး ဒီပြဿနာကို တင်ပြလိုက်တယ်။ ဒီပြဿနာကို သူများတွေကို ပြောပြလို့ရတယ်၊ အစည်းအဝေးတွေမှာ မိတ်သဟာယဖွဲ့လို့ရတယ်လို့လည်း ကျွန်တော် အသိပေးခဲ့တယ်။ သူနားလည်သွားတာနဲ့ သူက သဘောတူတယ်။ အဲဒီနောက်တော့ အစည်းအဝေးကိုသွားဖို့ အစ်မလီကို ကျွန်တော် စောင့်တယ်။ ဒါပေမဲ့ အကြာကြီးစောင့်ပြီးတဲ့နောက်မှာ သူ့ကို အစည်းအဝေးတွေမှာ လုံးဝ မတွေ့ဘူး။ သူက လုံးဝ လိုက်မကြီးကြပ်ဘူး။ အဲဒါနဲ့ ခေါင်းဆောင်အပေါ် ကျွန်တော် သေချာစောင့်ကြည့်လာတယ်။ ကျွန်တော်စဉ်းစားတာပေါ့။ “အချိန်က တော်တော်ကြာနေပြီ။ ဒီအလုပ်ကို ဘာလို့ လိုက်မကြီးကြပ်တာလဲ။ ဒီပြဿနာကို သူ့ကို တစ်ကြိမ်မကပြောပြီးပြီ။ ဒါပေမဲ့ မဖြေရှင်းရသေးဘူး။ ဘုရားသခင်က အယောင်ဆောင်ခေါင်းဆောင်တွေအကြောင်း သမ္မာတရားရှုထောင့်တွေအပေါ် မိတ်သဟာယဖွဲ့နေတာ။ ပြဿနာတွေကို ဖြေရှင်းဖို့ နောက်ဆက်တွဲ ဆက်မလုပ်ရင် ဒါ အယောင်ဆောင်ခေါင်းဆောင်ပဲ။ ခင်ဗျားရဲ့ အထက်လူကြီးတွေဆီ ဒီပြဿနာကို တင်ပြရမယ်။ ဒီလိုဆိုရင် ခင်ဗျားအထက်က ခေါင်းဆောင်တွေက ကျွန်တော်က တရားမျှတမှုအသိစိတ်ရှိတယ်လို့ ခံစားရမှာပဲ။ ကျွန်တော့်ကိုတောင် အထင်ကြီးလာနိုင်တယ်” ပေါ့။ အဲဒီတုန်းက ကျွန်တော် တွေးကြည့်တာပေါ့။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေ သိမ်းဖို့ ကျွန်တော်တို့ဂိုဒေါင်အတွက် အငှားစာချုပ်က တစ်လအကျော်မှာတင် သက်တမ်းကုန်သွားတယ်။ အဲဒါနဲ့ စာအုပ်တွေကို တခြားနေရာ ပြောင်းဖို့လိုတာပေါ့။ စာအုပ်တွေက အများကြီးဆိုတော့ သေတ္တာတစ်ခုဆီက လေးတယ်။ ကျွန်တော့်ဘာသာ ရွှေ့ဖို့က ခက်တယ်။ အချိန်အတော်ကြာတယ်။ ကျွန်တော် နည်းနည်းစိတ်ပူလာလို့ ကူညီပေးဖို့ လူနည်းနည်းလောက်ရှာနိုင်မလားဆိုပြီး ခေါင်းဆောင်ကို မေးလိုက်တယ်။ လူတွေရှာနေတယ်လို့ ခေါင်းဆောင်က အမြဲတမ်းပြောတာပဲ။ ဒါပေမဲ့ တော်တော်ကြာတဲ့အထိ ဘယ်သူမှ မလာဘူး။ နောက်ဆုံးတော့ အစ်ကိုနှစ်ယောက်ရောက်လာတယ်။ ခရီးတိုတစ်ခေါက် ကူညီပေးပြီး အမြန်ပြန်ထွက်သွားကြတယ်။ ဒီအခြေအနေကြောင့် ကျွန်တော် တော်တော် အားမလိုအားမရဖြစ်မိတယ်။ ကျွန်တော် တွေးမိတယ်။ “ခေါင်းဆောင်က ဘာလို့ လူတွေထပ်မရှာနိုင်တာလဲ။ ဒီအလုပ်ကို ဘာလို့ဆက်မလုပ်တာလဲ။ ဒီကိုလာပြီးတော့ ငါအလုပ်တွေဘယ်လောက်များလဲ ဘာလို့ လာမကြည့်တာလဲ” ပေါ့။ ကျွန်တော် စဉ်းစားလေလေ စိတ်ဆိုးလေလေပဲ။ ခေါင်းဆောင်ဆီကို ကျွန်တော် ပြဿနာတွေ မတင်ပြချင်တော့ဘူး။ ဘာမှအကျိုးမရှိသလိုဖြစ်နေလို့လေ။ အဲဒီအချိန်ကာလအတွင်းမှာ ကျွန်တော် ခေါင်းဆောင်ကို မမြင်ချင်ဘူး။ သူ့ကို တွေ့တဲ့အခါမှာ စကားမပြောချင်ဘူး။ ကျွန်တော် စဉ်းစားတယ်။ “ငါ့ကို လူတွေရှာမပေးချင်ရင်လည်း ထားလိုက်တော့။ ကိုယ့်ဘာသာ ပြီးအောင်လုပ်မယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားလုပ်တာအကုန်လုံးကို ကျွန်တော် မှတ်မိတယ်။ အချိန်ကျလာတဲ့အခါ ခင်ဗျားရဲ့ အထက်လူကြီးတွေဆီကို ဒီအကြောင်းကို တင်ပြမယ်” ပေါ့။ အယောင်ဆောင်ခေါင်းဆောင်တွေကို ရိပ်စားမိခြင်းနဲ့ပတ်သက်တဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် စဉ်းစားမိတယ်။ “အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်အလုပ်တွင် ပေါ်ပေါက်သော ပြဿနာများကိုလည်း လျစ်လျူရှုသည်။ ၎င်းတို့သည် အရေးကိစ္စများကို ချက်ချင်း ခွဲခြားဖော်ထုတ်ပြီး ပြဿနာများကို ဖြေရှင်းရန်၊ အလုပ်လုပ်သည့်အတောအတွင်း ပေါ်ပေါက်သော လွဲချော်မှုများနှင့် သတိမမူမိခြင်းများကို အမြစ်ဖြတ်ရှင်းလင်းရန်အတွက် ပိုမိုသိရှိရန်၊ နောက်ဆက်တွဲ ဆက်လုပ်ဆောင်ရန်၊ သို့မဟုတ် အမှန်တကယ်တွင် မည်သည့်အရာဖြစ်ပျက်နေသည်ကို နားလည်အောင်ပြုလုပ်ရန် အလုပ်လုပ်သည့်နေရာသို့ မည်သည့်အခါမျှ မသွားပေ။ အသင်းတော်အလုပ်တွင်ရှိသော အခက်အခဲများအတွက် အယောင်ဆောင်ခေါင်းဆောင်များသည် ထိုအခက်အခဲများ ပြီးစီးသွားစေရန် အယူဝါဒအနည်းငယ်ကို ကြာရှည်စွာပြောဆိုခြင်း သို့မဟုတ် စကားစုအနည်းငယ်ကို သံယောင်လိုက်ခြင်းသာပြုသည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) ကျွန်တော်စဉ်းစားတယ်။ “ငါ့ခေါင်းဆောင်ရဲ့ အပြုအမူက ဘုရားနှုတ်ကပတ်တော်က ဖော်ပြတာနဲ့ အတူတူပဲ။ သူက မစုံစမ်းဘူးဆိုရင်၊ ငါ့အလုပ်က ပြဿနာတွေကို မဖြေရှင်းရင် အယောင်ဆောင်ခေါင်းဆောင်မဟုတ်ဘူးလား” ပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော် ဒါကိုလည်း စဉ်းစားမိပါတယ်။ ကျွန်တော်က ပြဿနာကို မြင်ပြီး သူနဲ့ မဆက်သွယ်ခဲ့ဘူး။ ဒါကိုအတည်ပြုဖို့အတွက် သမ္မာတရားကိုနားလည်သူတွေကိုလည်း မမေးခဲ့ဘူး။ ဒါကြောင့် သူ့ကို အယောင်ဆောင်ခေါင်းဆောင်ဆိုပြီး အရမ်းအလျင်စလို ခေါ်လို့မရဘူး။ ကျွန်တော် တွေးမိတယ်။ “အရင်ဦးဆုံး ဒီနယ်ပယ်မှာ သမ္မာတရားစည်းမျဉ်းတွေကို ပိုရှာဖွေကြည့်ပြီး ငါမဆုံးဖြတ်ခင်မှာ သမ္မာတရားကိုနားလည်တဲ့ ညီအစ်ကိုမောင်နှမတချို့နဲ့ ဆွေးနွေးကြည့်ရင်ရော” ပေါ့။ ဒါပေမဲ့ သူ့အပြုအမူက ဘုရားနှုတ်ကပတ်တော်က ဖော်ပြထားသလိုပဲလေ။ ဒီတော့ ဘာပြောဖို့ရှိဦးမှာလဲပေါ့။ ကျွန်တော့်အမြင်က မှန်သလားဆိုတာ မသေချာခဲ့ဘူး။ သူ့ကို မှားပြီး မစွပ်စွဲချင်ဘူးပေါ့။ အဲဒါနဲ့ ဘာလုပ်ရမယ်ဆိုတာ အခက်အခဲဖြစ်နေတယ်။ ကျွန်တော့်စိတ်ထဲမှာက ခေါင်းဆောင်က ကျွန်တော့်ပြဿနာကို မဖြေရှင်းတဲ့ပုံရိပ်တွေ ပြည့်နေတယ်။ အဲဒီလိုနဲ့ ကျွန်တော် သမ္မာတရားကို ဆက်မရှာတော့ဘူး။ ဘုရားနှုတ်ကပတ်တော်ရဲ့ နောက်ခံကို ထည့်မစဉ်းစားဘဲ ဘုရားနှုတ်ကပတ်တော်ကို တိကျမှုမရှိဘဲ နားလည်ခဲ့တယ်။ ကျွန်တော်က အစ်မလီကို စွပ်စွဲဖို့အတွက် ဆင်ခြေတစ်ခုအနေနဲ့ စာတစ်ကြောင်း၊ အပြုအမူတစ်ခုကိုပဲ အသုံးပြုခဲ့ပြီး သူက အယောင်ဆောင်ခေါင်းဆောင်ဆိုပြီး ယုံကြည်ခဲ့တယ်။

အဲဒီနောက်မှာ အစ်မလီက သူတို့အလုပ်ကို သိပ်ပြီး လိုက်မကြီးကြပ်ဘဲ တစ်ခါတလေ သူတို့အလုပ်က နှောင့်နှေးတယ်ဆိုပြီး တခြားစီမံအလုပ်ကိုလုပ်တဲ့ အစ်မတွေပြောတာကို ကျွန်တော် ကြားရတယ်။ ဒါကိုကြားတော့ ကျွန်တော် ပိုပြီးတော့တောင် သေချာသွားတယ်။ “အစ်မလီက လက်တွေ့အလုပ်ကိုမလုပ်ဘူး။ အလုပ်ကို စောင့်ကြည့်တာ၊ စုံစမ်းစစ်ဆေးတာမလုပ်ဘူး။ ဒီတော့ သူ့ကို အယောင်ဆောင်ခေါင်းဆောင်အဖြစ် မထုတ်ဖော်ပြဘူးလား။ အခုရက်ပိုင်းမှာ အစည်းအဝေးတွေမှာ အယောင်ဆောင်ခေါင်းဆောင်တွေကို ရိပ်စားမိခြင်းအကြောင်း မိတ်သဟာယဖွဲ့ခဲ့တယ်။ ငါ တစ်ယောက်တွေ့သွားတာ ယုံတောင်မယုံနိုင်ဘူး။ ငါ တရားမျှတမှုအသိစိတ်ရှိဖို့လိုတယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိန်းသိမ်းပြီး အယောင်ဆောင်ခေါင်းဆောင်ကို ဖော်ထုတ်ဖို့လိုတယ်” ပေါ့။ ဒါပေမဲ့ အစ်မလီရဲ့ အထက်လူကြီးတွေဆီကို ဒီပြဿနာတွေကို ကျွန်တော် တင်ပြချင်တဲ့အချိန်မှာ ကျွန်တော် စိတ်မသက်မသာဖြစ်မိတယ်။ ကျွန်တော်က ဒီပြဿနာတွေကို သူနဲ့ မဆွေးနွေးရသေးဘူး။ သမ္မာတရားကို နားလည်တဲ့သူတွေနဲ့ ဒါကို ရှာဖွေတာ၊ ဆွေးနွေးတာ မလုပ်ခဲ့ဘူး။ ဒီတော့ ဒါက တော်တော်ကို မစဉ်းမစားဖြစ်ပြီး ထင်ရာမြင်ရာလုပ်သလိုမဖြစ်ဘူးလား။ ဒါပေမဲ့ ဒီအချိန်မှာ အစ်မလီရဲ့ အထက်လူကြီးတွေက သူ့ကို စကားလာပြောတယ်၊ သူ့တာဝန်ထမ်းဆောင်မှုနဲ့ပတ်သက်ပြီးတော့လည်း အဖွဲ့ခေါင်းဆောင်တွေအားလုံးကို မေးတယ်ဆိုတာကို ကျွန်တော် ကြားလိုက်ရတယ်။ ဒါကို ကျွန်တော်ကြားတော့ စိတ်ငြိမ်အောင်မထိန်းနိုင်ခဲ့ဘူး။ မျှော်လင့်မထားဘဲ သူ့အထက်လူကြီးတွေက အစ်မလီမှာ ပြဿနာရှိတယ်ဆိုတာ သိနှင့်ပြီးဖြစ်နေတယ်ပေါ့။ ဒီတော့ သူက အယောင်ဆောင်ခေါင်းဆောင်ဆိုတာ သေချာလုနီးပါးပဲပေါ့။ ကျွန်တော် စဉ်းစားတယ်။ “အစ်မလီရဲ့ ပြဿနာတွေကို သူ့အထက်လူကြီးတွေဆီ ငါချက်ချင်း တင်ပြရမယ် ငါ ထပ်ပြီးရှာဖွေနေစရာမလိုတော့ဘူး။ မဟုတ်ရင် အစ်မလီရဲ့ အထက်လူကြီးတွေက သူ့ကို စုံစမ်းစစ်ဆေးတာ၊ ထုတ်တာတွေပြီးတဲ့နောက်မှာ သူ့ကို ဘယ်သူရိပ်စားမိခဲ့တာလဲ၊ သူ့ပြဿနာတွေကို ဘယ်သူရှာတွေ့ခဲ့တာလဲ၊ ဘယ်သူက တရားမျှတမှုအသိစိတ်ရှိပြီး သူ့ကို အစီရင်ခံတင်ပြခဲ့တာလဲဆိုတာ ဆွေးနွေးပြီးတဲ့နောက်မှာ ငါ့နာမည်ကို သူတို့ ပြောမှာမဟုတ်ဘူး။ ဒါဆိုရင် ငါက ရိပ်စားမိခဲ့တယ်ဆိုတာ ဘယ်လိုပြနိုင်မှာလဲ။ ငါဆက်စောင့်နေလို့မဖြစ်ဘူး” ပေါ့။ အစ်မလီရဲ့ အထက်လူကြီးဖြစ်တဲ့ အစ်ကိုကျောက်နဲ့ ကျွန်တော် အလောတကြီး တွေ့ဆုံဖို့ ချိန်းလိုက်တယ်။ ပြီးတော့ အစ်ကိုကျောက်ဆီကို သူ့ပြဿနာကို တင်ပြလိုက်တယ်။ ကျွန်တော်ပြောလိုက်တယ်။ “အစ်မလီက ခေါင်းဆောင်အနေနဲ့ ကျွန်တော့်အလုပ်ကို နောက်ဆက်တွဲလိုက်မလုပ်ဘူး။ ကျွန်တော့်အလုပ်မှာရှိတဲ့ ပြဿနာတွေအကြောင်း သိအောင်မလုပ်ဘူး။ ပြဿနာတစ်ခုအကြောင်းကို သူ့ကိုပြောတဲ့အခါတိုင်း သူက မဖြေရှင်းဘူး” ပေါ့။ အယောင်ဆောင်ခေါင်းဆောင်တွေကို ရိပ်စားမိခြင်းအကြောင်း ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကိုလည်း ကျွန်တော် သူ့ကိုပြလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်ထဲက ထုတ်ဖော်ပြတဲ့ အယောင်ဆောင်ခေါင်းဆောင်တွေရဲ့ အပြုအမူတွေက သူနဲ့အတူတူပဲ၊ သူက အယောင်ဆောင်ခေါင်းဆောင်လို့ ကျွန်တော်ထင်တယ်ဆိုပြီး ပြောလိုက်တယ်။ ကျွန်တော်ပြောပြီးသွားတော့ သူကပြောတယ်။ ကျွန်တော်တို့ စုံစမ်းကြည့်ပြီးပါပြီ။ “အစ်မလီက တကယ်ပဲ ပြဿနာ နည်းနည်းရှိပါတယ်။ သူ ကောင်းကောင်းစောင့်မကြည့်တဲ့အလုပ်တချို့ရှိပြီး သူ့တာဝန်မှာ ဖြစ်သလိုလုပ်တယ်။ သူ့ကို ပြုပြင်ပေးဖို့၊ ကိုင်တွယ်ဖြေရှင်းဖို့၊ သူ့ကိုယ်သူ ဆင်ခြင်ပြီး သင်ခန်းစာယူဖို့ ကူညီပေးဖို့ လိုတယ်။ ဒါပေမဲ့ အရင် သုံးလေးလောက်တုန်းက အစ်မလီက အများအားဖြင့် ရေလောင်းအလုပ်ကို ကြီးကြပ်နေတာ။ လတ်တလောမှာ အသင်းတော်ကို လူသစ်တွေအများကြီး ပါဝင်လာလို့လေ။ တချို့ဘာသာရေးသင်းအုပ်ဆရာတွေက တော်တော်ကို အနှောင့်အယှက်ဖြစ်စေနေတယ်။ စစ်မှန်တဲ့လမ်းမှာ အမြစ်ချဖို့အတွက် ဒီလူသစ်တွေကို အရေးတကြီးရေလောင်းပေးဖို့လိုတယ်။ ဒါက အခုအချိန်မှာ အရေးကြီးဆုံးနဲ့ အရေးပါဆုံးဖြစ်ပါတယ်။ အစ်မလီက ဒီအလုပ်မှာ အားအင်အကုန်ထည့်လုပ်နေတာ။ စီမံအလုပ်က သိပ်အရေးတကြီးမဖြစ်ဘူး။ အရေးကိစ္စတွေကို နှောင့်နှေးအောင်မလုပ်သရွေ့ အခုအချိန်မှာ သူက နောက်ဆက်တွဲလိုက်လုပ်တာ နည်းနည်းနှေးနေရင် ပြဿနာကြီးတစ်ခုမဟုတ်ပါဘူး။ အလုပ်က တစ်ချိန်တည်းမှာ ရောက်လာပြီး ကျွန်တော်တို့ကလည်း အမှုထမ်းတွေနည်းနေတာကြောင့် သူက ဦးစားပေးလုပ်ရတယ်။ ဒီတော့ စီမံအလုပ်ကို ခဏ ဆိုင်းငံ့ထားရတယ်။ ဒါက အစ်မလီက အစ်ကို့ရဲ့အလုပ်ကို ဘာကြောင့်အချိန်မီ နောက်ဆက်တွဲလိုက်မလုပ်သလဲဆိုတဲ့အကြောင်းပြချက်ပါ။ ဒါပေမဲ့ သူက သူ့အလုပ်ဖော်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှပဲ ဒီလို လက်တွေ့လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ နောက်ပြီးတော့ အစ်မလီက အရင်က အလုပ်တစ်ခုတည်းကို ကြီးကြပ်ရတာ။ သူက ခေါင်းဆောင်အသစ်တစ်ယောက်ပဲ။ အလုပ်တွေအများကြီးအတွက် တာဝန်ယူဖို့က သူ့အတွက် ခက်တယ်။ သူ နောက်ဆက်တွဲလိုက်မလုပ်နိုင်တဲ့ဟာတချို့ရှိတယ်။ ဒီတော့ ကျွန်တော်တို့ သူ့ကို ကူညီပြီး ဆက်သွယ်ပြောဆိုဖို့လိုတယ်။” ဒီအချိန်မှာ အစ်ကိုကျောက်က ဆက်စပ်မှုရှိတဲ့ စည်းမျဉ်းတွေကို ပို့လိုက်တယ်။ အဲဒီအခါကျမှ တစ်ခါတလေမှာ အလုပ်က ဦးစားပေးလုပ်ရတယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ လတ်တလောအချိန်မှာ ရေလောင်းအလုပ်က ဦးစားပေးဖြစ်နေတယ်။ ရေလောင်းအလုပ်ကို မထိခိုက်မှသာ တခြားအလုပ်ကို သူတို့လုပ်နိုင်တယ်။ ရေလောင်းအလုပ်က ထိခိုက်နေရင် အရေးမကြီးတာအတွက် အရေးကြီးတာကို စွန့်လွှတ်နေတာ ဖြစ်မှာမဟုတ်ဘူးလား အစ်မလီက အလုပ်တချို့ကို မှန်မှန်ကန်ကန် နောက်ဆက်တွဲလိုက်မလုပ်ပေမဲ့ သူက ဦးစားပေးလုပ်နေတာပါ။ လက်တွေ့အလုပ်ကို လုပ်ဖို့ ပျက်ကွက်နေတာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်အလုပ်ကို ဘာကြောင့်လိုက်မလုပ်သလဲဆိုတာ၊ ကျွန်တော်တင်ပြတဲ့ ပြဿနာတွေကို ဘာလို့ မဖြေရှင်းလဲဆိုတာကို နားလည်ဖို့ ကျွန်တော် လုံးဝ မကြိုးစားခဲ့ဘူး။ အဲဒီအစား သူ့အပေါ် အခြေအမြစ်မရှိတဲ့အမြင်တွေထားတယ်။ သူ့ကို စောင့်ကြည့်နေခဲ့တယ်။ လက်တွေ့အလုပ်မလုပ်ဘူးလို့ထင်ပြီး သူ့ကို အယောင်ဆောင်ခေါင်းဆောင်အဖြစ် တိုက်ရိုက် သတ်မှတ်ခဲ့တယ်။ ကျွန်တော်က အရမ်းကို ထင်ရာမြင်ရာလုပ်နေတာမဟုတ်ဘူးလား။ ဒီအချိန်မှာ အစ်ကိုကျောက်က ကျွန်တော့်ကိုမေးတယ်။ “အစ်မလီကို အခုချက်ချင်းထုတ်လိုက်ရင် အသင်းတော်က သူ့ကို အစားထိုးဖို့ လူချက်ချင်းရှာနိုင်မလား။ အလုပ်ကို ဆက်လုပ်နိုင်မလား” တဲ့။ ကျွန်တော် ဒါကို စဉ်းစားပြီး အစ်မလီက ခေါင်းဆောင်အဖြစ်ဆက်လုပ်ဖို့ သင့်တော်နေတုန်းပဲလို့ ခံစားမိခဲ့တယ်။ အစ်ကိုကျောက်နဲ့ စကားပြောပြီးတော့ ကျွန်တော် တော်တော်ဝမ်းနည်းတယ်။ နဂိုက ကျွန်တော်က တရားမျှတမှုရှိတယ်လို့ထင်ခဲ့တာ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဆက်စပ်မှုရှိတဲ့အပိုင်းတွေကိုတောင် ရှာတွေ့ခဲ့တယ်။ သမ္မာတရားကိုရှာပြီးတဲ့နောက်မှာ အစ်မလီကို တိုင်ကြားခဲ့တယ်လို့ ကျွန်တော် ထင်ခဲ့တာ။ တကယ်တမ်းကျတော့ ကျွန်တော်က သမ္မာတရားကို နားမလည်ဘဲ မှားပြီး သိမြင်ခဲ့တာပဲ။ ဒီတော့ ကျွန်တော့်အမှားက ဘယ်နေရာမှာလဲ။

ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်တယ်။ “လူတစ်ယောက်ကို အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အယောင်ဆောင်အမှုဆောင်အဖြစ် စရိုက်လက္ခဏာဖော်ပြခြင်းကို လုံလောက်သည့် အချက်အလက်များအပေါ်တွင် အခြေခံရမည်။ ယာယီဖောက်ပြန်ပျက်စီးမှုကို အခြေပြုချက်အဖြစ် အသုံးပြုနိုင်ဖို့ မဆိုထားနှင့်၊ ဖြစ်ရပ်၊ သို့မဟုတ် ပြစ်မှားမှုတစ်ခု၊ နှစ်ခုအပေါ်တွင်ပင် အခြေမခံရပေ။ လူတစ်ယောက်ကို စရိုက်လက္ခဏာဖော်ပြရန် တစ်ခုတည်းသော တိကျမှန်ကန်သည့်စံနှုန်းများမှာ ထိုသူသည် လက်တွေ့အလုပ်ကို လုပ်ဆောင်နိုင်ပြီး ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်းရှိမရှိ၊ ထို့အပြင် ထိုသူသည် မှန်ကန်သောသူ ဟုတ်မဟုတ်၊ သမ္မာတရားကို ချစ်ပြီး ဘုရားသခင်ကို နာခံနိုင်သောသူဟုတ်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဉာဏ်အလင်းဖွင့်ပြမှုကို ပိုင်ဆိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤအချက်အလက်များကို အခြေခံခြင်းအားဖြင့်သာ လူတစ်ယောက်ကို အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အယောင်ဆောင်အမှုဆောင်အဖြစ် မှန်ကန်စွာ စရိုက်လက္ခဏာဖော်ပြနိုင်သည်။ ဤအချက်အလက်များသည် လူတစ်ယောက်က အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အယောင်ဆောင်အမှုဆောင် ဟုတ်မဟုတ်ကို အကဲဖြတ်ပြီး ဆုံးဖြတ်ခြင်းအတွက် စံနှုန်းများနှင့် စည်းမျဉ်းများဖြစ်သည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ကို ရိပ်စားမိဖို့အတွက် လက်တွေ့အလုပ်ကို သူတို့လုပ်နိုင်သလား၊ သမ္မာတရားကို လက်ခံနိုင်သလားဆိုတာကို အဓိကကြည့်ဖို့လိုတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်ခဲ့ပါတယ်။ ကျွန်တော် ထင်ထားသလိုမျိုး ခေါင်းဆောင်တွေက ကျွန်တော့်တာဝန်က ပြဿနာတစ်ခုစီတိုင်းကို ဖြေရှင်းဖို့လိုတယ်၊ ဖြေရှင်းတယ်ဆိုရင် သူတို့က တကယ့်ခေါင်းဆောင်တွေဖြစ်တယ်၊ မဖြေရှင်းဘူးဆိုရင် လက်တွေ့အလုပ်ကိုမလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဒီအမြင်က မှားပြီး သမ္မာတရားနဲ့ မညီဘူး။ ခေါင်းဆောင်တစ်ယောက်က အယောင်ဆောင်ခေါင်းဆောင်လားဆိုတာကို ဆုံးဖြတ်ဖို့ အရေးကြီးဆုံးက သူတို့တာဝန်ရဲ့ နယ်ပယ်အတွင်းက တာဝန်တစ်ခုစီတိုင်းရဲ့ တိုးတက်မှုနဲ့ အခြေအနေကို သူတို့ ချက်ချင်း ကြီးကြပ်၊ နားလည်ပြီး သဘောပေါက်နိုင်သလား၊ ညီအစ်ကိုမောင်နှမတွေရဲ့တာဝန်မှာ သူတို့ရဲ့ ပြဿနာတွေ အခက်အခဲတွေ၊ လမ်းလွဲတာတွေကို ချက်ချင်းရှာတွေ့ပြီး စုံစမ်းစစ်ဆေးနိုင်သလား ဒီပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ အလုပ်လုပ်သလားဆိုတာပဲ။ ဒါတွေကို အခြေခံပြီး ခေါင်းဆောင်တစ်ယောက်က လက်တွေ့အလုပ်လုပ်သလားဆိုတာကို အကဲဖြတ်နိုင်တယ်။ ပြီးတော့ သူတို့တွေက သမ္မာတရားကို လက်ခံနိုင်ပြီး သင့်တော်တဲ့သူဖြစ်သလားဆိုတဲ့အပေါ်လည်း မူတည်တယ်။ ခေါင်းဆောင်တွေက သူတို့နားမလည်တဲ့ မေးခွန်းတွေရှိရင် အထက်ပိုင်းကနေ ရှာလို့ရတယ်။ သူများတွေက အကြံပြုချက်တွေပေးတဲ့အခါ၊ သူတို့အမှားတွေကို ထောက်ပြတဲ့အခါ သူတို့က နာခံနိုင်ရမယ်။ သမ္မာတရားကို ရှာဖွေနိုင်ရမယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နိုင်ရမယ်။ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ အတားအဆီးတွေနဲ့ ကျရှုံးမှုတွေကို ကြုံတွေ့တဲ့အခါ နောက်ပိုင်းမှာ သင်ခန်းစာတွေယူနိုင်ပြီး ပြောင်းလဲနိုင်ရမယ်။ ဒါဆိုရင် သူတို့တွေက သမ္မာတရားကိုလက်ခံတဲ့သူတွေဆိုတဲ့သဘောပဲ။ နောက်ပြီးတော့ ခေါင်းဆောင်တစ်ယောက်က တာဝန်တွေအများကြီး ယူရတဲ့အခါမှာ အားလုံးကို ကိုယ့်ဘာသာလုပ်ဖို့မလိုဘူး။ အဓိကအားဖြင့် တာဝန်တစ်ခုစီကို စစ်ဆေးတဲ့နေရာမှာ ဆောင်ရွက်ရတယ်။ ဒါဆိုရင် အသင်းတော်အလုပ်က ပုံမှန်တိုးတက်တယ်။ ဒီလိုလုပ်တဲ့သူက အရည်အသွေးပြည့်မီတဲ့ ခေါင်းဆောင်ပဲ။ အယောင်ဆောင်ခေါင်းဆောင်တွေက အပြင်ပန်းအားဖြင့် အလုပ်ရှုပ်နေတဲ့ပုံပေါ်တယ်။ ဒါပေမဲ့ အပေါ်ယံ၊ အရေးမကြီးတဲ့အလုပ်ပဲလုပ်တယ်။ အရေးကြီးဆုံးအလုပ်ကို အချိန်မီ ဘယ်တော့မှ မလုပ်ဘူး။ သူတို့က ထင်သလို လှည့်လည်သွားလာပြီး သူတို့ဘာသာ အလုပ်ရှုပ်နေကြတယ်။ ထိရောက်မှုမရှိဘူး။ သမ္မာတရားစည်းမျဉ်းတွေကို သူတို့ နားမလည်တော့ သူတို့အလုပ်မှာ ပြဿနာတွေကို ရှာမတွေ့နိုင်ဘူး၊ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ ကိစ္စတွေကို ဘယ်လိုစီစဉ်ရေးဆွဲရမယ်ဆိုတာ မသိကြဘူး။ စာတွေ၊ အယူဝါဒတွေ၊ အနှစ်မရှိတဲ့စကားတွေကိုပဲ ပြောဆိုနိုင်ကြတယ်။ အဲဒါတွေက လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတွေ မပေးဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့တာဝန်မှာ သူတို့ကြုံတွေ့ရတဲ့ ပြဿနာတွေကို မဖြေရှင်းဘူး။ ဒုက္ခရောက်တဲ့အခါမှာလည်း သမ္မာတရားကို မရှာဖွေကြဘူး။ သူများတွေရဲ့ လမ်းပြမှုနဲ့ အကူအညီကို လက်မခံကြဘူး။ အဆုံးမှာ တာဝန်တွေအများကြီးက ချောချောမွေ့မွေ့ ရှေ့မဆက်တော့ဘူး။ ရပ်တောင်ရပ်သွားတယ်။ ဒါက တာဝန်ကို အရမ်းကို တမင်ပျက်ကွက်တာပဲ။ ဒါက အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ပဲ။ လူတစ်ယောက်က အယောင်ဆောင်ခေါင်းဆောင်ဖြစ်သလားဆိုတာကို ရိပ်စားမိခြင်းက ရှုထောင့်အဆင့်ဆင့်ကိုကြည့်ပြီး နှံ့နှံ့စပ်စပ်စုံစမ်းစစ်ဆေးဖို့လိုအပ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်ခဲ့ပါတယ်။ လူတွေရဲ့ ယာယီအပြုအမူ၊ ဖောက်ပြန်ပျက်စီးမှုကိုပဲ ကြည့်ရင် နောက်ခံ၊ အကြောင်းရင်းကို လျစ်လျူရှုရင်၊ သူတို့နောင်တရပြီး ပြောင်းလဲသလားဆိုတာကို လျစ်လျူရှုရင် ပြီးတော့ သူတို့ကို ထင်ရာမြင်ရာ စရိုက်လက္ခဏာသတ်မှတ်ရင် လူတွေကို မမှန်မကန်နဲ့ စွပ်စွဲဖို့က လွယ်လွန်းတယ်။ လူတိုင်းက ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေရှိတယ်။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ သိပြီး၊ နောင်တရပြီး ပြောင်းလဲနိုင်သရွေ့ ဘုရားအိမ်တော်က သူတို့ကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ ပေးလိမ့်မယ်။ ဘုရားနှုတ်ကပတ်တော်နဲ့ စည်းမျဉ်းတွေကို အစ်မလီရဲ့ အပြုအမူအပေါ် အသုံးချပြီးတဲ့နောက်မှာ သူက အရေးကြီးဆုံးတာဝန်တွေကို နောက်ဆက်တွဲလိုက်လုပ်နေတာ၊ သူ့မှာ ပြဿနာရှိတဲ့အခါ ဖြေရှင်းဖို့အတွက် သူများတွေနဲ့ ဆွေးနွေးတာကို ကျွန်တော် မြင်ခဲ့တယ်။ ခြုံကြည့်ရင် သူက တကယ်ပဲ လက်တွေ့အလုပ်တချို့ကို လုပ်နေပြီး သူ့တာဝန်မှာ ရလဒ်တွေ ထွက်ပေါ်နေပါတယ်။ အလုပ်က တစ်ချိန်တည်းမှာ အားလုံးရောက်လာပြီး သူကမျှသွားအောင် မလုပ်ရသေးလို့ပါ။ ဒီတော့ တချို့အရာတွေကို သတိမထားမိတာပေါ့။ ဒါက သူ့တာဝန်က အားနည်းချက်တစ်ခုပဲ။ သူ့ကို သတိပေးပြီး ကူညီဖို့လိုတယ်။ ဒါတွေကို ကျွန်တော် သဘောပေါက်သွားတာနဲ့ ကျွန်တော်က သမ္မာတရားစည်းမျဉ်းတွေကို နားမလည်ဘူး၊ လူတွေကို မျှမျှတတ မဆက်ဆံနိုင်ဘူးဆိုတာ နောက်ဆုံးမှာ မြင်သွားတယ်။ ကျွန်တော့်ခေါင်းဆောင်မှာ ပြဿနာတွေရှိပေမဲ့ ကျွန်တော်ပြောမပြခဲ့ဘူး၊ ရှုထောင့်အားလုံးထည့်စဉ်းစားဖို့ ပျက်ကွက်ခဲ့တယ်၊ ပြီးတော့ အယောင်ဆောင်ခေါင်းဆောင်အဖြစ် မစဉ်းမစား သတ်မှတ်ခဲ့တယ်ဆိုတာ ကျွန်တော် မြင်ခဲ့ပါတယ်။ ကျွန်တော့်စိတ်နှလုံးမှာ ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းလုံးဝ မရှိခဲ့ဘူး။

အဲဒီနောက်မှာ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့တယ်။ “တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးချယ်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က ရာထူးတိုးမြှင့်ပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ကိုယ်ပိုင်လက္ခဏာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤမည်သည့်အရာကိုမျှ ၎င်းတို့မရရှိထားပေ။ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်သည်။ ထိုသူ၏ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ဤပျိုးထောင်ခြင်း၏ နောက်ဆုံးရလဒ်သည် ထိုသူက မည်သည့်လမ်းကြောင်းကို လျှောက်သည်၊ မည်သည့်အရာကို အားထုတ်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ ထို့ကြောင့် အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် အရည်အသွေးပြည့်မှီသော ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် ကျွမ်းကျင်မှုရှိသောသူတစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ခေါင်းဆောင်တစ်ယောက်၏ အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤကဲ့သို့ မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် လူအများစု ရှင်းရှင်းလင်းလင်း မမြင်သည့် အရာတစ်စုံတစ်ခုကို အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်ရမည် ဖြစ်သည်။ လူအချို့သည် မိမိတို့၏ စိတ်ကူးများကို အားကိုးရင်း၊ ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်းခံရသည့်သူများကို အထင်ကြီးကြသည်၊ သို့ရာတွင် ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ ၎င်းတို့သည် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်ပါစေ၊ ရာထူးတိုးခြင်း ခံရသည့်သူများသည် သမ္မာတရား၏ လက်တွေ့အရှိတရားကို အမှန်တကယ် ပိုင်ဆိုင်သလော။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်သလော။ သေချာပေါက် လုပ်ဆောင်နိုင်ခြင်းမျိုး မဟုတ်ပေ။ ၎င်းတို့၌ တာဝန်ယူစိတ်တစ်ခု ပိုင်ဆိုင်သလော။ ၎င်းတို့၌ သန္နိဋ္ဌာန် ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ အရေးကိစ္စတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်သလော။ ဤအရာအားလုံးတို့ကို မသိရှိရပေ။ ဤလူများ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့မှုမှာ မည်မျှကြီးမားသနည်း။ အမှုအရာများကို ဆောင်ရွက်သည့်အခါတွင် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကို လိုက်တတ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေနိုင်သလော။ ခေါင်းဆောင်တို့၏ အလုပ်ကို ဆောင်ရွက်သည့်အချိန်ကာလတွင် ထိုသူသည် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ ပုံမှန်၊ မကြာခဏလာရောက်သလော။ ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုတွင် လူတို့ကို လမ်းပြနိုင်သလော။ ၎င်းတို့သည် ဤအရာများကို သေချာပေါက်ပင် ချက်ချင်းစွမ်းဆောင်နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် လေ့ကျင့်ပေးခြင်းမခံထားရသေးဘဲ အတွေ့အကြုံ နည်းပါးလွန်းသည်။ ထို့ကြောင့် ဤအရာများကို မစွမ်းဆောင်နိုင်ပေ။ ဤအတွက်ကြောင့် တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်းက ထိုသူသည် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ သူ၏ တာဝန်ကို ကျေနပ်ဖွယ် ဆောင်ရွက်နိုင်စွမ်းရှိပြီးဖြစ်သည်ဟု ဆိုခြင်းလည်း မဟုတ်ပေ။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အဘယ်နည်း။ သီးခြားအနေဖြင့် ထိုသို့သောသူတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းမှာ လေ့ကျင့်ပေးရန်၊ အထူးတလည်ရေလောင်းပေးရန်နှင့် ညွှန်ကြားပေးရန်၊ ဤသို့ဖြင့် သမ္မာတရား၏ အခြေခံသဘောတရားများ၊ မတူညီသော အမှုအရာများကို လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရားများ၊ ပြဿနာအမျိုးမျိုးကို ဖြေရှင်းခြင်းအတွက် အခြေခံသဘောတရားများ၊ နည်းနာနိဿယများအပြင် ပတ်ဝန်းကျင်နှင့် လူအမျိုးအစား အမျိုးမျိုးကို ကြုံတွေ့ရသောအခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်သည့် ပုံစံဖြင့် ဘုရားအလိုတော်နှင့်အညီ ကိုင်တွယ်ဖြေရှင်းနည်းတို့ကို နားလည်အောင် ပြုလုပ်ပေးရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အိမ်တော်က ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးထားသော အရည်အချင်းရှိသူသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလတွင်၊ သို့မဟုတ် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလမတိုင်မီတွင် သူ၏အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း၊ သူ၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း လုံလောက်စွာရှိသည်ဟု ညွှန်းဆိုသလော။ မညွှန်းဆိုပေ။ ထို့ကြောင့် ပျိုးထောင်ခြင်းအချိန်ကာလတွင် ဤလူတို့သည် ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်းနှင့် လူစားလဲခြင်းကိုပင် တွေ့ကြုံရမည်မှာ လွှဲရှောင်၍ မရနိုင်ပေ။ ဤသည်မှာ ပုံမှန်ဖြစ်၏၊ ဤသည်မှာ လေ့ကျင့်ပေးခြင်း၊ ပျိုးထောင်ခြင်းတို့ကို ခံရခြင်းအဓိပ္ပာယ်ဖြစ်သည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) လူတစ်ယောက်က ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်အဖြစ် အရွေးခံရရင် သူက သမ္မာတရားကိုနားလည်တယ်၊ အလုပ်အတွက် အပြည့်အဝ အရည်အသွေးပြည့်မီတယ်ဆိုတဲ့ သဘောမဟုတ်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်ခဲ့ပါတယ်။ အကုန်လုံးကိုနားလည်ပြီး အလုပ်အမျိုးအစားတိုင်းကို ပြည့်စုံအောင်လုပ်နိုင်တယ်ဆိုတဲ့ သဘောလည်းမဟုတ်ပါဘူး။ ရာထူးတိုးခံရတဲ့သူတွေက အစွမ်းအစနဲ့ အလုပ်အရည်အချင်းတချို့ပဲရှိပြီး သမ္မာတရားကို လက်ခံလိုက်စားနိုင်တာပါ။ ဒါကြောင့် ဘုရားအိ်မ်တော်က သူတို့ကို ပျိုးထောင်ပြီး လေ့ကျင့်ပေးဖို့ အခွင့်အရေးပေးတာ။ သူတို့အလုပ်မှာ ပြဿနာတွေကို အဆက်မပြတ် ရှာတွေ့ပြီး ဖြေရှင်းနေခြင်းအားဖြင့် အဆုံးမှာ သမ္မာတရားတချို့ကို သူတို့ရပြီး စည်းမျဉ်းနဲ့အညီလုပ်ဆောင်ဖို့ သင်ယူကြတယ်။ ဒါပေမဲ့ ဒီအချိန်ကာလအတွင်းမှာ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက လက်တွေ့လုပ်ဆောင်မှုအဆင့်မှာရှိနေသေးတယ်။ ဒါကြောင့် သူတို့အလုပ်မှာ လမ်းလွဲတာတွေ၊ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေက မရှောင်လွှဲနိုင်ဘူး။ ဒီကိစ္စကို မှန်မှန်ကန်ကန် ကိုင်တွယ်သင့်ပါတယ်။ ကျွန်တော်တို့မှာ ပြဿနာတွေ၊ အခက်အခဲတွေရှိတဲ့အခါ ရှာဖွေသင့်တယ်၊ မိတ်သဟာယဖွဲ့သင့်တယ်၊ ကိစ္စတွေကို ခေါင်းဆောင်တွေနဲ့ ဖြေရှင်းသင့်တယ်။ ဒီနည်းအားဖြင့်သာ အလုပ်က ထိရောက်မှုရှိနိုင်တယ်။ ကျွန်တော်တို့က ခေါင်းဆောင်နဲ့အမှုဆောင်တွေကို အလွန်အကျွံတောင်းဆိုရင် ကျွန်တော်တို့တွေ့တဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းဖို့ သူတို့အပေါ်ပဲ ဖိအားပေးရင် ဒါမှမဟုတ် သူတို့က ပြဿနာတွေဖြေရှင်းဖို့ နှေးနေတဲ့အခါမှာ သူတို့ကို အယောင်ဆောင်ခေါင်းဆောင်တွေအဖြစ် သတ်မှတ်ရင် ခေါင်းဆောင်တွေကို ဒီလိုဆက်ဆံတာက စည်းမျဉ်းနဲ့မညီဘဲ ဘုရားအလိုတော်နဲ့ မကိုက်ညီဘူး။ ခေါင်းဆောင်တွေအပေါ် ကျွန်တော် ဆက်ဆံတာက သမ္မာတရားစည်းမျဉ်းတွေအပေါ် အခြေခံတာမဟုတ်ဘဲ ကိုယ်ပိုင်အယူအဆတွေနဲ့ စိတ်ကူးထင်မြင်မှုတွေအပေါ် အခြေခံတာဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် မြင်ခဲ့ပါတယ်။ ခေါင်းဆောင်တွေအပေါ် ကျွန်တော့်သတ်မှတ်ချက်တွေက အရမ်းမြင့်ပြီး တောင်းဆိုတာများလွန်းတယ်။ ကျွန်တော့်ခေါင်းဆောင်က ကျွန်တော့်တာဝန်ကို မှန်မှန်ကန်ကန် လိုက်မကြီးကြပ်ဘဲ ကျွန်တော့်ပြဿနာတွေနဲ့ အခက်အခဲတွေကို အမြန်မဖြေရှင်းတာကို ကျွန်တော် မြင်တဲ့အခါမှာ သူ့ကို အယောင်ဆောင်ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့တာကို ကျွန်တော် မြင်ခဲ့ပါတယ်။ သူ့အလုပ်ရဲ့ နောက်ခံ၊ အဘက်ဘက်က တိုးတက်မှုကို ကျွန်တော် မကြည့်ခဲ့ဘူး။ သူက သမ္မာတရားကို လက်ခံနိုင်သလား၊ အခြေအနေကို ပြောင်းလဲနိုင်သလားဆိုတာ ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်တော်မြင်နိုင်တဲ့ တစ်ဖက်သတ် အချက်အလက်တွေကိုအခြေခံပြီး သူ့ကို အယောင်ဆောင်ခေါင်းဆောင်အဖြစ် မစဉ်းမစားနဲ့ပဲ ရှုတ်ချခဲ့တယ်။ ဒါက တရားမျှတမှုမဟုတ်ပါဘူး။ နှောင့်ယှက်မှုပါ။ ဒါက သမ္မာတရားစည်းမျဉ်းတွေကို ချိုးဖောက်တယ်။ ကျွန်တော်က သမ္မာတရားကို နားမလည်ခဲ့ဘူး၊ ခေါင်းဆော င်တွေ၊ အမှုဆောင်တွေကို စည်းမျဉ်းနဲ့အညီ မဆက်ဆံခဲ့ဘူး၊ ပိုအရေးကြီးတာက ကျွန်တော့်စိတ်နှလုံးမှာ ဘုရားကို ကြောက်ရွံ့မှုမရှိဘူးဆိုတာ ကျွန်တော် မြင်ခဲ့ပါတယ်။ ကျွန်တော့်ခေါင်းဆောင်မှာ ပြဿနာသေးသေးလေးရှိတာကိုမြင်တဲ့အခါ ကျွန်တော်က ပြဿနာအကြီးကြီးလုပ်တယ်။ ပေါ့ပေါ့တန်တန်နဲ့ သူ့ကို ရှုတ်ချတယ်။ ပြဿနာတိုင်းကို မလွှတ်တမ်း အသုံးချတယ်။ သူ့ရဲ့သဘာဝနဲ့အနှစ်သာရအပေါ် ဒါမှမဟုတ် တကယ့်အခြေအနေအပေါ် အခြေခံပြီး သူ့ကို မဆက်ဆံခဲ့ဘူး။ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက ဘုရားသခင်ရွေးချယ်ထားတဲ့သူတွေအပေါ် ဖိနှိပ်တဲ့ပုံစံနဲ့ ကျွန်တော့်အပြုအမူက အတူတူပဲ။ ဒါကို စဉ်းစားရင်းနဲ့ ရုတ်တရက် ကြောက်စိတ်ဖြစ်လာတယ်။ ပြဿနာရဲ့ သဘာဝက ကြီးလေးတယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ အစ်ကိုကျောက်က အခြေအနေကိုမသိဘဲ ကျွန်တော်ပြောတာ နားထောင်ပြီး အစ်မလီကို ထုတ်လိုက်ရင် အသင်းတော်အလုပ်က ထိခိုက်မှာပဲ။ ဒါဆိုရင် ကျွန်တော်က မကောင်းမှုလုပ်နေတာဖြစ်မှာမဟုတ်ဘူးလား။ ဒါဆိုရင် အကြီးစားပြစ်မှားမှုတစ်ခုဖြစ်မှာပဲ။ ကျွန်တော့်မှာ ဒီလိုမျိုးထပ်ဖြစ်ရင် သူများတွေကို အကဲဖြတ်ဖို့အတွက် ကိုယ့်စိတ်ကူးထင်မြင်မှုကို အားကိုးလို့မရဘူး။ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေရမယ်။ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ လူတွေကို မျှမျှတတဆက်ဆံရမယ်။ ကိစ္စတွေကို စည်းမျဉ်းနဲ့ညီတဲ့ပုံစံအတိုင်းလုပ်ရမယ်။

အဲဒီနောက်မှာ အစ်မလီက ကျွန်တော့်ဆီရောက်လာတယ်။ သူ့ရဲ့ လတ်တလောအခြေအနေနဲ့ အလုပ်ပြဿနာတွေအကြောင်းကို ပြောပြတယ်။ သူက ပြောင်းလဲချင်တယ်လို့ ပြောတယ်။ ပြီးတော့ ကျွန်တော့်အလုပ်က ပြဿနာတွေနဲ့ အခက်အခဲတွေအကြောင်းကို သူသိအောင်လုပ်တယ်။ အဖွဲ့တစ်ခုစီက ညီအစ်ကိုမောင်နှမတွေနဲ့အတူ မိတ်သဟာယဖွဲ့ဖို့အတွက် ကျွန်တော်နဲ့ စာရွက်စာတမ်းတွေ စီစဉ်ကြတယ်။ သူက သမ္မာတရားကို လက်မခံတဲ့သူမဟုတ်ဘူးဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ သူ့အလုပ်မှာ သတိမထားမိတာတွေ၊ သူလိုက်မကြီးကြပ်တဲ့နေရာတွေရှိပေမဲ့ ပြဿနာရှိနေတာကို သူသိတာနဲ့ သူက အမြန်ပြောင်းလဲပစ်နိုင်တယ်။ သူက တကယ်တမ်းမှာ လက်တွေ့အလုပ်ကိုမလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်မဟုတ်ဘူးဆိုတာ ကျွန်တော် မြင်ခဲ့ပါတယ်။

အစတုန်းကတော့ ဒီပြဿနာအပေါ် ကျွန်တော် နည်းနည်းနားလည်မှုရှိတယ်၊ ကျွန်တော်က သမ္မာတရားကို နားမလည်ဘဲ အယောင်ဆောင်ခေါင်းဆောင်တွေကို မရိပ်စားမိနိုင်ခဲ့ဘူး၊ ဒါကြောင့် ဒီအမှားကိုလုပ်မိတာလို့ ကျွန်တော် ထင်ခဲ့တာ။ ဒါပေမဲ့ တစ်ခါတော့ အစည်းအဝေးတစ်ခုမှာ ညီအစ်ကိုမောင်နှမတွေက ပြောတာကို ကြားခဲ့ရတယ်။ တစ်ခါတလေမှာ အမှားတွေက ရိပ်စားမှုမရှိတာ၊ သမ္မာတရားကို နားလည်မှုမရှိတာ သက်သက်တင်မဟုတ်ဘူး။ အမှားတွေက ရည်ရွယ်ချက်တွေ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရောနှောနေတာကြောင့်ဖြစ်တာလားဆိုတာကိုလည်း ကျွန်တော်တို့ ကြည့်ရမယ်။ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော်ဖတ်တယ်။ “သင်၏ ဒုစရိုက်အပြစ်များကို မရင့်ကျက်သူတစ်ဦး သို့မဟုတ် မိုက်မဲသောသူတစ်ဦး၏ အမှားတစ်ခုမျှအဖြစ် မမှတ်ယူနှင့်။ သင်၏ ညံ့ဖျင်းသော အရည်အချင်းက ထိုသို့လုပ်ဆောင်ဖို့ မဖြစ်နိုင်စေ သောကြောင့်၊ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟူသော ဆင်ခြေကို အသုံးမပြုနှင့်။ ထို့အပြင်၊ သင် ကျူးလွန်ပြီးဖြစ်သည့် ဒုစရိုက်အပြစ်များကို မည်သည့်အရာကိုမျှ သာ၍ ကောင်းကောင်းမသိခဲ့သော တစ်စုံတစ်ဦး၏ လုပ်ရပ်များအဖြစ် အလွယ်တကူ မမှတ်ယူနှင့်။ သင်သည် မိမိကိုယ်ကိုယ် ခွင့်လွှတ်ရာတွင် တော်ပြီး၊ မိမိကိုယ်ကိုယ် ရက်ရောမှုဖြင့် ဆက်ဆံရာတွင် တော်ပါက၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိမည်မဟုတ်သည့် သူရဲဘောကြောင်သောသူတစ်ဦး ဖြစ်သကဲ့သို့၊ သင်၏ ဒုစရိုက် အပြစ်များသည် သင့်ကို ခြောက်လှန့်ခြင်းအား မည်သည့်အခါတွင်မျှ ရပ်တန့်လိမ့်မည် မဟုတ်ဟု သင့်ကို ငါ ပြော၏။ ၎င်းတို့သည် သင့်အား သမ္မာတရား၏ တောင်းဆိုမှုများကို ဖြည့်ဆည်းခြင်းမှ ထိန်းထားလိမ့်မည် ဖြစ်ပြီး၊ စာတန်၏ သစ္စာရှိသော အပေါင်းအဖော်အဖြစ် သင့်အား ထာဝရဆက်ရှိစေမည် ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် နားလည်သွားတယ်။ အခြေအနေတွေ ဖြစ်လာတဲ့အခါမှာ ဒီအတိုင်းဖြစ်သွားခွင့်ပေးလို့မဖြစ်ဘူး။ အဲဒါတွေထဲမှာ သမ္မာတရားကို ကျွန်တော်တို့ရှာပြီး ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သိလာရမယ်။ အဲဒီအခါကျမှပဲ ကျွန်တော်တို့အသက်တာမှာ စစ်မှန်တဲ့ ပြောင်းလဲမှုနဲ့ ကြီးထွားမှုဖြစ်နိုင်တယ်။ ကိုယ့်ရဲ့ ပြစ်မှားမှုတွေကို ယာယီအမှားတွေအဖြစ် အမြဲတမ်းမှတ်ယူရင် အဲဒါတွေက အရေးမကြီးဘူးလို့ ခံစားပြီး နောက်တစ်ကြိမ်မှာ ပိုပြီးအာရုံစိုက်ဖို့ မဆုံးဖြတ်ရင် ကိုယ့်ပြစ်မှားမှုတွေကို အမြဲတမ်း ခွင့်လွှတ်ရင် ကိုယ်ပိုင်ပြဿနာတွေကို ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ သမ္မာတရားကို ဘယ်တော့မှ ရမှာမဟုတ်ဘူး။ နောက်ဆုံးမှာ ပြစ်မှားမှုတွေက များလာပြီး လုံးဝ ပြောင်းလဲမှုမရှိဘူးဆိုရင် ဘုရားသခင်က အရမ်းမုန်းတီးပြီး စွန့်ပစ်မှာပဲ။ ဘုရားနှုတ်ကပတ်တော်က ထုတ်ဖော်ပြတဲ့အရာကနေတစ်ဆင့် ဒီအခြေအနေက ကျွန်တော့်အပေါ် ကျရောက်လာတဲ့အချိန်မှာ ကျွန်တော့်အတွေးတွေက အတိအကျဘာတွေလဲ ဆိုတာနဲ့ ရည်ရွယ်ချက်တွေ၊ ကျွန်တော် ဖော်ထုတ်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက ဘယ်လိုရောနှောတယ်ဆိုတာကို စပြီး ဆင်ခြင်ကြည့်ခဲ့ပါတယ်။ ခေါင်းဆောင်ရဲ့ ပြဿနာတွေကို ကျွန်တော် မြင်ရတဲ့အချိန်မှာ ကျွန်တော်က မှန်မှန်ကန်ကန်မြင်ရသလားဆိုတာ တကယ်တမ်း မသေချာခဲ့ဘဲ ဘုရားနှုတ်ကပတ်တော်ကို ပိုပြီး ဖတ်ချင်ခဲ့တယ်ဆိုတာ ဆင်ခြင်စဉ်းစားရင်းနဲ့ ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ အစ်မလီက တခြားစီမံအမှုထမ်းတွေရဲ့ အလုပ်ကို လိုက်မကြီးကြပ်ဘူး၊ သူ့အထက်လူကြီးတွေက အစ်မလီရဲ့ စွမ်းဆောင်မှုကို စုံစမ်းနေတယ်ဆိုတာကို ကျွန်တော် ကြားရတဲ့အခါမှာ သူက သေချာပေါက် အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ကျွန်တော် ယုံကြည်ခဲ့တယ်။ ပြီးတော့ ကျွန်တော်က တရားမျှတမှှုရှိပြီး ရိပ်စားမိတယ်ဆိုတာကို ညီအစ်ကိုမောင်နှမတွေမြင်အောင်လို့ အစ်မလီရဲ့ အထက်လူကြီးတွေဆီကို အမြန်တိုင်ခဲ့တာ။ ဒီတော့ သမ္မာတရားစည်းမျဉ်းတွေကို နားမလည်ဘဲ ဆက်ပြီး မရှာဖွေဘဲ၊ နောက်ခံနဲ့ အကြောင်းပြချက်တွေကို မသိဘဲနဲ့ ကျွန်တော်ကြားတဲ့ သတင်းအချက်အလက်နည်းနည်းကို အခြေခံပြီး အစ်မလီကို အယောင်ဆောင်ခေါင်းဆောင်အနေနဲ့ မဆင်မခြင်သတ်မှတ်ခဲ့တာပါ။ ကျွန်တော်က ကိစ္စတွေကို တိတိကျကျမြင်ပြီး ဘာပြဿနာမှမရှိသင့်ဘူးလို့တောင် ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ကျွန်တော်က အရမ်းမဆင်မခြင်လုပ်လွန်းတယ်၊ ကျွန်တော့်ရည်ရွယ်ချက်တွေက မှားနေတယ်ဆိုတာ သဘာပေါက်ခဲ့ပါတယ်။ ကျွန်တော် ဆင်ခြင်ကြည့်တယ်။ “ငါက သမ္မာတရားစည်းမျဉ်းတွေကို နားမလည်ဘဲနဲ့ ဘာလို့ခေါင်းဆောင်ကို တိုင်ခဲ့တာလဲ။ ပြဿနာရဲ့ အရင်းအမြစ်က ဘာလဲ” ပေါ့။

ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်တော် ဖတ်တယ်။ “လူတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မိမိ၏ ကိုယ်ပိုင်စိတ်ကူးနောက်သို့လိုက်လျှင်၊ အမှုကိစ္စများကို အလွန်ရိုးရှင်းသော ဝေါဟာရများဖြင့် စဉ်းစားလျှင်၊ ကိုယ်ကျေနပ်သလို လုပ်ဆောင်လျှင်၊ သမ္မာတရားကို မရှာဖွေလျှင်၊ အခြေခံသဘောတရားလုံးဝ မရှိလျှင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် တောင်းဆိုသည့်အရာနှင့်အညီ၊ သို့မဟုတ် ဘုရားသခင်ကို ကျေနပ်စေသည့်နည်းလမ်းဖြင့် မည်သို့ဆောင်ရွက်ရမည်ကို လုံးဝ မစဉ်းစားလျှင်၊ မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကိုသာ ခေါင်းမာမာနှင့် လိုက်ဖို့ကိုသာသိလျှင် ဘုရားသခင်သည် ဤသို့သောလူတို့၏ စိတ်နှလုံးထဲတွင် နေရာမရှိပေ။ လူအချို့က ‘အခက်အခဲ ကြုံမှသာ ဘုရားကို ငါဆုတောင်းသည်။ သို့သော် သက်ရောက်မှုတစ်ခုခုရှိသည်ဟု မခံစားရသေးပေ။ ထို့ကြောင့် များသောအားဖြင့် ငါ့တွင် အမှုကိစ္စများ ဖြစ်ပျက်သည့်အခါ ယခုအခါတွင် ဘုရားကို ငါဆုမတောင်းပေ။ ဘုရားထံ ဆုတောင်းခြင်းသည် အသုံးမဝင်သောကြောင့် ဖြစ်သည်။’ ဟု ပြောဆိုကြသည်။ ဤကဲ့သို့သော လူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်က လုံးလုံး မတည်ရှိပေ။ အချိန်အများစုတွင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများနောက်သာလိုက်ပြီး စိတ်ကျေနပ်သလို လုပ်ဆောင်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့၏ လုပ်ရပ်များတွင် အခြေခံသဘောတရားများ ရှိသလော။ သေချာပေါက်မရှိပေ။ ၎င်းတို့သည် အရာရာကို ရိုးရှင်းစွာ မြင်ကြပြီး စိတ်ကျေနပ်သလို လုပ်ဆောင်ကြသည်။ လူတို့က ၎င်းတို့ကို သမ္မာတရား၏ အခြေခံသဘောတရားများကို မိတ်သဟာယ ဖွဲ့သည့်အခါတွင်ပင် ယင်းတို့ကို ၎င်းတို့က လက်မခံနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လုပ်ရပ်များတွင် မည်သည့်အခါမျှ အခြေခံသဘောတရားတစ်ခုမှ မရှိခဲ့သောကြောင့် ဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်က နေရာမရှိပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့မှလွဲ၍ မည်သူမျှ မရှိပေ။ ၎င်းတို့၏ ရည်ရွယ်ချက်များက ကောင်းသည်ဟုလည်းကောင်း၊ မကောင်းမှုကို ကျူးလွန်ခြင်းမရှိဟူ၍ လည်းကောင်း၊ သမ္မာတရားကို ၎င်းတို့က ချိုးဖောက်နေသည်ဟု သတ်မှတ်၍ မရနိုင်ဟုလည်းကောင်း ၎င်းတို့က ခံစားမိကြသည်။ မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သင့်သည်၊ ထိုသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို နာခံခြင်း ဖြစ်သည်ဟု ထင်မြင်ကြသည်။ အမှန်မှာမူ ဤကိစ္စတွင် ၎င်းတို့သည် အမှန်တကယ် ရှာဖွေခြင်း၊ သို့မဟုတ် ဘုရားသခင်ထံ ဆုတောင်းခြင်းမရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ကျေနပ်စေရန်အတွက် ဘုရားသခင် တောင်းဆိုသည့်အရာကို နာခံရန် အစွမ်းကုန် မကြိုးစားကြရသေးပေ။ ၎င်းတို့တွင် ဤမှန်ကန်သည့်အခြေအနေ၊ ဤစိတ်ဆန္ဒမရှိကြပေ။ ဤသည်မှာ လူတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် အကြီးမားဆုံးအမှားဖြစ်သည်။ သင်က ဘုရားသခင်ကို ယုံကြည်သည့်တိုင် ဘုရားသခင်က သင်၏ စိတ်နှလုံးထဲတွင် မရှိလျှင် သင်က ဘုရားသခင်ကို လှည့်စားရန် ကြိုးစားနေခြင်းမဟုတ်လော။ ဘုရားသခင်အပေါ် ဤသို့ ယုံကြည်မှုမျိုးသည် မည်သည့်သက်ရောက်မှုရှိသနည်း။ မည်သည့်အရာကို သင်ရရှိနိုင်သနည်း။ ဘုရားသခင်အပေါ် ဤသို့ ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏”) ကိစ္စတွေ ဖြစ်ပျက်တဲ့အခါမှာ ကျွန်တော်က သမ္မာတရားကိုရှာဖွေပြီး အဲဒါရဲ့ စည်းမျဉ်းတွေနဲ့အညီ လက်တွေ့လုပ်ဆောင်တာသိပ်မရှိဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြတာကနေတစ်ဆင့် ကျွန်တော် မြင်ခဲ့ပါတယ်။ အဲဒီအစား ကိုယ်ပိုင်အတွေးတွေကို သမ္မာတရားအဖြစ် သတ်မှတ်ပြီး ကိုယ်ပိုင်စိတ်ကူးတွေနောက်လိုက်ခဲ့တယ်။ ကျွန်တော့် စိတ်နှလုံးထဲမှာ ဘုရားအတွက်နေရာမရှိသလို ဘုရားကို ကြောက်ရွံ့မှုလည်းမရှိဘူး။ ဘုရားကိုကြောက်ရွံ့တဲ့သူတွေက ကိစ္စတွေဖြစ်ပျက်တဲ့အခါ အရင်ဆုံး သမ္မာတရားစည်းမျဉ်းတွေကိုရှာတယ်။ ဒီကိစ္စတွေအပေါ်မှာ ဘုရားနှုတ်ကပတ်တော်က ဘာပြောလဲဆိုတာ ရှာတယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားကို အခြေခံပြီး လူတွေ၊ ကိစ္စတွေကို ရှုမြင်တယ်။ အယောင်ဆောင်ခေါင်းဆောင်တွေကို ကျွန်တော် ပိုင်းခြားသိမြင်မှုမရှိတဲ့နေရာမှာ သမ္မာတရားကို ကျွန်တော် ရှာဖွေသင့်တယ်။ အယောင်ဆောင်ခေါင်းဆောင်တွေ၊ သူတို့ရဲ့ သရုပ်သကန်တွေကဘာတွေလဲ အယောင်ဆောင်ခေါင်းဆောင်ကို ဘယ်လိုသတ်မှတ်ရမယ်ဆိုတာနဲ့ တခြားအခုလိုမျိုး သမ္မာတရားစည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း နားလည်သင့်တယ်။ ဒါပေမဲ့ ကျွန်တော် အဲဒီလို မလုပ်ခဲ့ဘူးလေ။ ကျွန်တော့်ကိုယ်ပိုင်အတွေးနဲ့ စိတ်ကူးထင်မြင်မှုအပေါ် အခြေခံပြီး ထင်ရာမြင်ရာ အကဲဖြတ်ခဲ့တယ်။ ကျွန်တော့်အလုပ်ကို လိုက်မကြီးကြပ်တာ၊ ကျွန်တော့်ပြဿနာတွေကို မဖြေရှင်းတာကြောင့် သူက အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ဒီအချိန်ကာလအတွင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ဖတ်ပေမဲ့ နားမလည်ခဲ့ဘူး။ သက်ဆိုင်တယ်ထင်ရတဲ့ အယောင်ဆောင်ခေါင်းဆောင်အကြောင်း ဘုရားနှုတ်ကပတ်တော်စာတစ်ကြောင်းကို ကျွန်တော်တွေ့တော့ အသုံးချလိုက်တယ်။ သူက အယောင်ဆောင်ခေါင်းဆောင်ပဲလို့ ကောက်ချက်ချလိုက်တယ်။ ကျွန်တော်က ကိစ္စတွေကို အရမ်းကို မှန်မှန်ကန်ကန်၊ တိတိကျကျမြင်တယ်လို့ ထင်ခဲ့တယ်။ တကယ်တမ်းတော့ ကျွန်တော်က အဆက်အစပ်မရှိယူနေပြီး စည်းမျဉ်းတွေကို ထင်သလို အသုံးချနေတာပဲ။ ဒီဖြစ်စဉ်တစ်လျှောက်လုံးမှာ ကျွန်တော် စိတ်မအေးနိုင်ခဲ့ဘူး။ မတိုင်ခင်မှာ ထပ်ပြီးရှာဖွေပြီးတော့ အစ်မလီနဲ့ ပြောဆိုဆက်ဆံချင်ခဲ့ပါတယ်။ ဒါပေမဲ့ အစ်မလီရဲ့ အပြုအမူက အရမ်းသိသာနေပြီ၊ ဘုရားနှုတ်ကပတ်တော်က ဖော်ပြတာနဲ့ ကိုက်တယ်၊ ဒီတော့ ဘာလို့အာရုံနောက်ခံပြီး ထပ်ရှာနေဦးမှာလဲလို့ ခံစားမိခဲ့တယ်။ ဒါကြောင့် ထပ်ပြီး ဆုမတောင်းဘူး၊ မရှာဖွေခဲ့ဘူး။ ကိုယ်ပိုင်စိတ်ကူးနဲ့ပဲ လုပ်ခဲ့တာပါ။ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ လုပ်ဆောင်ခဲ့ပြီး မဆင်မခြင်ပြုမူခဲ့တယ်ဆိုတာကို မြင်ခဲ့တယ်။ ကိုယ်ပိုင်စိတ်ကူးနဲ့ အတွေးတွေကို အခြေခံလုပ်ခဲ့ပြီး သမ္မာတရားကိုတော့ ဘေးချထားခဲ့တယ်။ ကျွန်တော် ဒီလိုဆက်သွားနေရင် အနှေးနဲ့အမြန် မကောင်းမှုကျူးလွန်မိမှာပဲ။ ဒါ အန္တရာယ်များလွန်းတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်က မကောင်းတဲ့လူ့သဘာဝရှိတာကို မြင်ခဲ့တယ်။ ဘုရားအလိုတော်ကို မထောက်ထားခဲ့သလို အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို အမှန်တကယ် ကာကွယ်မပေးခဲ့ဘူး။ လူ့သဘာဝနဲ့ အသိစိတ်ရှိသူတစ်ယောက်က အသင်းတော်အလုပ်မှာ သတိမထားမိတာတွေကို မြင်တဲ့အခါမှာ အချိန်မီ ကူညီပြီး သတိပေးသင့်တယ်။ ခေါင်းဆောင်နဲ့အတူ သမ္မာတရားကို ရှာဖွေပြီး ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ကြည့်သင့်တယ်။ ဒါပေမဲ့ ခေါင်းဆောင်အလုပ်မှာ ပြဿနာတွေကို မြင်တဲ့အခါ အဲဒါတွေကို ရှာဖွေပြီး မိတ်သဟာယပြုဖို့ မတင်ပြခဲ့ဘူး။ အဲဒီအစား ဖုံးကွယ်ခဲ့တယ်။ ကျွန်တော်က ရိပ်စားမှုရှိတယ်လို့ သူ့အထက်လူကြီးကထင်အောင်လို့ သူ့အထက်က ခေါင်းဆောင်ဆီကို တိုင်ကြားခဲ့တယ်။ ဒါတွေကို အစ်မလီကို ပွင့်ပွင့်လင်းလင်းပြောရမယ့်အစား သူ့နောက်ကျောကို ဓားနဲ့ထိုးခဲ့တယ်။ ကြွားဝါဖို့အတွက် သူ့ပြဿနာတွေကို တိုင်ကြားတာကို အသုံးပြုခဲ့တယ်။ ကျွန်တော်က စိတ်ရင်းမှာ မလိုမုန်းထားပြီး စက်ဆုပ်ဖွယ်ဖြစ်တယ်ဆိုတာ မြင်ခဲ့ပါတယ်။ ဒီလိုနားလည်သဘောပေါက်သွားတော့ ဝမ်းနည်းကြေကွဲစရာပါပဲ။ ကျွန်တော်က ဒီလိုလူမျိုးဆိုတာ လုံးဝ စိတ်မကူးမိခဲ့ဘူး။ ကျွန်တော်က သမ္မာတရားကို နားမလည်ဘူး၊ အယောင်ဆောင်ခေါင်းဆောင်တွေကို မရိပ်စားမိနိုင်ဘူး၊ အရမ်းမာနထောင်လွှားပြီး ကျိုးကြောင်းမသင့်ဘူးဆိုတာ ရှင်းပါတယ်။ အစ်မလီက အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ကျွန်တော်ကလွဲပြီး ဘယ်သူမှ မရိပ်စားမိဘူး၊ သမ္မာတရားစည်းမျဉ်းတွေကို ကျွန်တော်က အကောင်းဆုံးနားလည်တယ်လို့ ခံစားမိတာကြောင့် ကျွန်တော့်ခေါင်းဆောင်ဆီကို တိုင်တော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေခဲ့တယ်။ အခု ဒါကို စဉ်းစားကြည့်တော့ ကျွန်တော် ဘာမှနားမလည်ခဲ့ဘူးဆိုတာ သဘောပေါက်သွားတယ်။ ကျွန်တော် နားလည်သမျှက စာတွေ၊ အယူဝါဒတွေပဲ။ ဒါတောင်မှ စည်းမျဉ်းတွေကို ကျွန်တော် မစဉ်းမစားနဲ့ အသုံးချခဲ့တယ်။ သမ္မာတရား စည်းမျဉ်းတွေကို ကျွန်တော်နားမလည်ဘူး။ ဒါတောင် အကျိုးဆက်တွေကို ထည့်မစဉ်းစားဘဲ တိုင်ခဲ့တယ်။ မှားပြီးတိုင်လိုက်တာက အသင်းတော်အလုပ်ကို ထိခိုက်မလား၊ အစ်မလီကို နစ်နာစေမလားဆိုတာကို ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်တော်က ဘုရားအလိုတော်ကို ထောက်ထားလို့၊ အသင်းတော်အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့အတွက် သူ့ပြဿနာတွေကို တိုင်တာမဟုတ်ဘဲ ကြွားဝါဖို့အတွက် လုပ်ခဲ့တာဆိုတာ မြင်ခဲ့ပါတယ်။ ကျွန်တော်က စည်းမျဉ်းတွေမပါဘဲ ထင်ရာမြင်ရာ တိုင်နေခဲ့တာပဲ။ ဒါက ဘုရားအိမ်တော်ရဲ့ပုံမှန်အလုပ်ကို နှောင့်ယှက်နေတာမဟုတ်ဘူးလား။ ကျွန်တော်က ကောင်းမှုတွေကို တိုးပွားအောင်လုပ်တာမဟုတ်ဘူး။ မကောင်းမှုလုပ်နေတာပါ။

နောက်ပိုင်းမှာ ကျွန်တော် ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီး ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို ဆက်ဆံဖို့ စည်းမျဉ်းတွေကို သင်ယူခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းခံရသောသူတို့အပေါ် လူတို့သည် ကြီးမားသော မျှော်လင့်ချက်များ၊ သို့မဟုတ် လက်တွေ့မကျသော တောင်းဆိုမှုများ မထားရှိရပေ။ ဤသည်မှာ ကျိုးကြောင်းသင့်လျော်မှု ရှိမည်မဟုတ်၊ ၎င်းတို့အပေါ် မတရားရာလည်း ကျပေမည်။ သင်တို့သည် ၎င်းတို့၏ အလုပ်ကို စောင့်ကြည့်စစ်ဆေးနိုင်သည်။ ပြီးလျှင် ၎င်းတို့၏ အလုပ်လမ်းကြောင်းတွင် အခြေခံသဘောတရားများကို ချိုးဖောက်သည့် ပြဿနာများ၊ သို့မဟုတ် အမှုကိစ္စများကို သင် ရှာဖွေတွေ့ရှိလျှင် ဤကိစ္စများကို ဖြေရှင်းရန်အတွက် ပြဿနာကို ထုတ်ဖော်ပြောဆိုပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ သင်မလုပ်သင့်သည့်အရာမှာ ၎င်းတို့ကို အကဲဖြတ်ခြင်း၊ ရှုတ်ချခြင်း၊ တိုက်ခိုက်ခြင်း၊ သို့မဟုတ် ကြဉ်ခြင်းတို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပျိုးထောင်ခြင်းကာလတွင် ရှိနေသောသူများ ဖြစ်နေ၍ ၎င်းတို့ကို စုံလင်သောလူများအဖြစ်၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်သောသူများအဖြစ် ရှုမြင်ရန် မဆိုထားနှင့်၊ စုံလင်အောင် ပြုခြင်းခံရပြီးဖြစ်သောသူများအနေဖြင့်ပင် မရှုမြင်သင့်ပေ။ ၎င်းတို့သည် သင်တို့ကဲ့သို့ပင်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို လေ့ကျင့်ပေးသည့် အချိန်ဖြစ်သည်။...ဤသို့ဆိုလျှင် ၎င်းတို့အပေါ် ပြုမူရန် ကျိုးကြောင်းအသင့်ဆုံးနည်းလမ်းမှာ အဘယ်နည်း။ ၎င်းတို့ကို သာမန်လူများအဖြစ် မှတ်ယူရန်ဖြစ်သည်။ ရှာဖွေရန် လိုအပ်သည့် ပြဿနာတစ်ခုရှိသည့်အခါတွင် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး တစ်ယောက်၏ အားသာချက်ကို တစ်ယောက်သင်ယူရန်၊ အချင်းချင်း ဖြည့်စွက်ပေးရန်ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်များ၊ အမှုဆောင်များသည် တကယ့်အလုပ်ကို လုပ်ဆောင်ခြင်းရှိမရှိ၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုခြင်းရှိမရှိကို စောင့်ကြည့်ရန်မှာ လူတိုင်း၏ တာဝန်ဖြစ်သည်။ ဤအရာတို့သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်က စံချိန်မီခြင်းရှိမရှိဆိုသည်ကို တိုင်းတာရန် စံနှုန်းများ၊ စည်းမျဉ်းများဖြစ်သည်။ ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ အထွေထွေပြဿနာများကို ဖြေရှင်းခြင်းကို စွမ်းဆောင်နိုင်လျှင် ၎င်းတို့သည် အရည်အချင်းရှိသည်။ သို့သော် သာမန်ပြဿနာများကိုပင် ကိုင်တွယ်ပြီး မဖြေရှင်းနိုင်လျှင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်ဖြစ်ဖို့ မသင့်တော်သကဲ့သို့ အလျင်အမြန် ထုတ်ပယ်ရမည်ဖြစ်သည်။ အခြားလူတစ်ယောက်ကို ရွေးချယ်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို မနှောင်းနှေးစေနှင့်။ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်နှေးစေခြင်းသည် သင့်ကိုယ်သင်နှင့် သူတစ်ပါးတို့ကို ထိခိုက်စေခြင်းဖြစ်သည်။ မည်သူ့အတွက်မျှ မကောင်းပေ။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ နားလည်ခဲ့ပါတယ်။ ဘုရားအိမ်တော်က ရာထူးတိုးပေးတဲ့ ခေါင်းဆောင်တွေက သမ္မာတရားကို အပြည့်အဝနားမလည်ဘူး၊ ပြီးပြည့်စုံအောင် အရည်အသွေးပြည့်မီတာမဟုတ်ဘူး။ အလုပ်အားလုံးကို နားမလည်ဘူး။ ဘယ်လိုကောင်းကောင်းလုပ်ရမယ်ဆိုတာကို မသိပါဘူး။ သူတို့ကလည်း ကျင့်နေတဲ့ အချိန်ကာလမှာရှိနေတာ။ ဖောက်ပြန်ပျက်စီးခြင်းနဲ့ လမ်းလွဲခြင်းတွေကို သူတို့လည်း ပြနိုင်ပါတယ်။ လူတွေကို မျှမျှတတ ဆက်ဆံပြီး သူတို့ဆီကနေ အတင်းမတောင်းဆိုသင့်ဘူး။ အလုပ်အားလုံးကို ပြီးပြည့်စုံအောင်လုပ်ဖို့၊ လမ်းလွဲတာ၊ သတိမထားမိတာတွေကို မပြဖို့ ကျိုးကြောင်းမသင့်ဘဲ မတောင်းဆိုသင့်ဘူး။ အဲဒီအစား ကျွန်တော်တို့က နားလည်ရမယ်။ သည်းခံရမယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို လုပ်ဖို့ ပူးပေါင်းလုပ်ဆောင်ရမယ်။ ဒါက ဘုရားအလိုတော်ကို ထောက်ထားဖို့ပါ။ ပြီးတော့ ဒီနည်းနဲ့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ဆက်ဆံတာက စည်းမျဉ်းတွေနဲ့ ညီပါတယ်။ ပြီးတော့လည်း ခေါင်းဆောင်တွေရဲ့ အလုပ်ကို စောင့်ကြည့်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေက သမ္မာတရားနဲ့ညီတဲ့အခါ ကျွန်တော်တို့ လက်ခံပြီး လိုက်နာသင့်တယ်။ ဒါပေမဲ့ သူတို့လုပ်ရပ်တွေက သမ္မာတရားစည်းမျဉ်းတွေနဲ့ မညီတဲ့အခါမှာ ကျွန်တော်တို့က ပြဿနာတွေကို တင်ပြသင့်တယ်။ သူတို့ကို အချိန်မီမိတ်သဟာယဖွဲ့ပြီး ကူညီသင့်တယ်။ သူတို့တာဝန်တွေမှာရှိတဲ့ လမ်းလွဲမှုတွေကို နားလည်သဘောပေါက်ပြီး မှန်မှန်ကန်ကန် ပြင်နိုင်ဖို့အတွက်ပေါ့။ ဒါက သူတို့ရဲ့ အသက်ဝင်ရောက်မှုနဲ့ ဘုရားအိမ်တော်ရဲ့အလုပ်အတွက် အကျိုးဖြစ်ပါတယ်။ လူတစ်ယောက်က သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ လက်တွေ့အလုပ်ကို မလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်လို့ သတ်မှတ်ရင် သူတို့ကို ဖော်ထုတ်ပြီး တိုင်ကြားသင့်တယ်။ ဒါကို ကျွန်တော် သဘောပေါက်တဲ့အခါမှာ ကျွန်တော့်စိတ်နှလုံးက လင်းလက်သွားတယ်။ နောင်မှာ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိသွားခဲ့တယ်။

ဒီတစ်ခါမှာ ကျွန်တော့်ခေါင်းဆောင်ကို တိုင်ကြားတာက မှားပေမဲ့ အယောင်ဆောင်ခေါင်းဆောင်တွေကို ရိပ်စားမိခြင်းနဲ့ပတ်သက်တဲ့ သမ္မာတရားစည်းမျဉ်းတချို့ကို ကျွန်တော် နားလည်ခဲ့တယ်။ ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို ဘယ်လိုဆက်ဆံသင့်တယ်ဆိုတာ သင်ယူခဲ့ရတယ်။ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားအပေါ် နည်းနည်းနားလည်လာပြီး သင်ခန်းစာတချို့ သင်ယူခဲ့ရတယ်။ ကျေးဇူးတော်ပဲ။

အရှေ့သို့- ၂၀။ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်ကြားပြီ

နောက်တစ်ခုသို့- ၂၂။ သင်းအုပ်ဆရာတစ်ယောက်အား တရားဟောခြင်း ပုံပြင်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။