၂၈။ အသက်ကြီးသူက ဘုရားသခင်အတွက် သက်သေခံနိုင်ပါသေးသည်
အသက် ၆၂နှစ်မှာ သခင့်ကို ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ သခင်က သူ့ရဲ့နောက်လိုက်တွေကို သူ့ရဲ့နိုင်ငံတော်နဲ့ ထာဝရအသက်ကို ဝင်ရောက်ရဖို့ ကတိပေးခဲ့တာကို သိရတော့ ကျွန်တော်က ဒီဘဝမှာ မျှော်လင့်ချက်ရှိတယ်လို့ ခံစားမိတယ်။ ဒီလိုကြီးမြတ်တဲ့ ကောင်းချီးကိုလက်ခံရတယ်ဆိုတဲ့ အတွေးကြောင့် ကျွန်တော့်စိတ်နှလုံးက ဝမ်းမြောက်ရပါတယ်။ ကျွန်တော်စပြီးတော့ နေရာတကာကို သွားတယ်။ သခင့်အတွက် အလုပ်ကြိုးစားတယ်။ ကျွန်တော့်မှာ နေ့တိုင်း အဆုံးမရှိတဲ့ အားအင်တွေရှိနေတယ်။ သုံးနှစ်ကြာတော့ ကံကောင်းထောက်မစွာနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံရတယ်။ သခင့်ကို ကြိုဆိုခဲ့ရတာ၊ အပြည့်အဝ ကယ်တင်ခံရပြီး သူ့ရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ မျှော်လင့်ချက်ရှိတာတွေအတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားတယ်။ အဲဒါနဲ့ ကျွန်တော် အားထုတ်တာ၊ အနစ်နာခံတာတွေကို ပိုပြီးတော့တောင် ကြိုးစားလုပ်တယ်။ ဧဝံဂေလိကို တက်တက်ကြွကြွနဲ့ မျှဝေပြီး တာဝန်ထမ်းဆောင်တယ်။ တစ်ပတ်လုံး မနားသလောက်ပဲ။ ညနေမှာဆိုရင် ဧဝံဂေလိမျှဝေဖို့ အပြင်ကိုတောင်ထွက်တယ်။ နောက်ပိုင်းကျတော့ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အသင်းတော်ခေါင်းဆောင်အဖြစ်၊ ပြီးတော့ တရားဟောဆရာတစ်ယောက်အဖြစ် တင်မြှောက်ကြတယ်။ အသက်ကြီးနေတဲ့အရွယ်မှာ ဒီလိုအရေးကြီးတာဝန်တွေကို လုပ်ဖို့ အခွင့်အရေးရတော့ တော်တော်ပျော်တယ်။ စုဝေးပွဲတွေမှာ ကျွန်တော်က အကြီးဆုံးဖြစ်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ ကျွန်တော်က စုဝေးပွဲတွေကို ဦးဆောင်ပြီး သူများတွေရဲ့ ပြဿနာကို ကူဖြေရှင်းပေးနိုင်ပါသေးတယ်။ ဒါကြောင့် ကျွန်တော် တော်တော်ဂုဏ်ယူမိပါတယ်။ ကျွန်တော်က ကိုယ်လိုက်စားတဲ့နေရာမှာ အလုပ်ကြိုးစားသရွေ့ လူငယ်တွေလိုပဲ သေချာပေါက် ကယ်တင်ခြင်းခံရနိုင်တယ်လို့ တွေးမိတယ်။ အဲဒါနဲ့ ကျွန်တော်က မလျှော့တမ်း တာဝန်ထမ်းဆောင်ဖို့ တွန်းအားရှိနေတာပေါ့။
၇ နှစ်၊ ၈ နှစ်က လျှပ်တပြက်အတွင်း ကုန်သွားတယ်။ ကျွန်တော့် ကျန်းမာရေးနဲ့ ခွန်အားက အရင်လိုမဟုတ်တော့ဘူး။ နောက်တော့ ကျွန်တော် ၇၃နှစ်မှာ ဦးနှောက်သွေးကြောပိတ်တာဖြစ်တယ်။ ဒါပေမဲ့ နှစ်ရက်လောက် ဆေးသွင်းပြီးတော့ ရောဂါလက္ခဏာတွေက ပျောက်သွားတယ်။ လက်ကျန်အကျိုးသက်ရောက်မှုတစ်ခုမှ မရှိတော့ဘူး။ ကျွန်တော်က ယုံကြည်ခြင်းမှာ စစ်မှန်တယ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ပါလက်ပါ အစေခံတယ်ဆိုတာ ဘုရားက မြင်တာဖြစ်ရမယ်၊ ဒါကြောင့် ကျွန်တော့်ကို ကောင်းချီးပေးခဲ့တယ်လို့ ကျွန်တော် ခံစားမိတယ်။ အရမ်းကျေးဇူးတင်ပြီး ကိုယ့်တာဝန်ကိုပဲ ဆက်ထမ်းဆောင်နေခဲ့တာပေါ့။ ဒါပေမဲ့ ခေါင်းဆောင်က ကျွန်တော့်ကျန်းမာရေးကို ထည့်စဉ်းစားပေးပြီး အိမ်မှာ ဦးဆောင်စီစဉ်သူအဖြစ် ထမ်းဆောင်ခိုင်းတယ်။ ကျွန်တော်မလုပ်ရတော့တဲ့ တာဝန်တွေရှိနေပြီး အိမ်မှာပဲ ဦးဆောင်စီစဉ်သူလုပ်ရမယ်ဆိုတာ မြင်တော့ အထီးကျန်အဖော်မဲ့သွားသလို ခံစားရတယ်။ အထူးသဖြင့် အသက်ငယ်တဲ့ ညီအစ်ကိုမောင်နှမတွေက အားအင်တွေအပြည့်နဲ့ တာဝန်မျိုးစုံနဲ့ အလုပ်ရှုပ်နေတာကို မြင်ရတော့ ကျွန်တော် အားကျမိတယ်။ ကျွန်တော်က အသက်ကြီးပြီး ကျန်းမာရေးမကောင်းတော့ လျှောက်သွားရတာတွေ၊ တာဝန်မျိုးစုံလုပ်ရတာတွေကို မလုပ်နိုင်တာကြောင့် ကျွန်တော်က တန်ဖိုးမရှိတော့ဘူးလို့ တွေးမိတယ်။ နောက်ကို ၁၀နှစ်၊ နှစ်၂၀ ပြန်သွားပြီး သူတို့လိုပဲ တာဝန်မျိုးစုံကို ထမ်းဆောင်နိုင်ဖို့ တကယ်ကို ဆန္ဒဖြစ်မိတယ်။ ဒါဆိုရင် ကယ်တင်ခြင်းရဖို့ ကျွန်တော့် အခွင့်အရေးက ပိုများမှာပဲပေါ့။ အခု ကျွန်တော်က အသက်ကြီးပြီဆိုတော့ လူငယ်တွေနဲ့ ယှဉ်လို့ကို မရတော့ဘူး။ ဒီလိုတွေးပြီး ကျွန်တော်က အားလျော့လာပြီးတော့ ကိုယ်တိုင်သတိမထားမိဘဲ စိတ်ဓာတ်ကျလာတယ်။ ပြီးတော့လည်း လေဖြတ်တာတွေက ပြန်ဖြစ်တတ်တာကို ကျွန်တော်သိတယ်လေ။ ဒီတော့ တစ်နေ့နေ့မှာ နောက်တစ်ခါလေဖြတ်ရင် ကျွန်တော့်အတွက် ပြီးဆုံးသွားနိုင်တယ်။ ဘုရားရဲ့ ဂုဏ်ကျက်သရေနေ့ရက်ကို မြင်ရမှာမဟုတ်တော့ဘူး။ ဒါဆို ကျွန်တော်က ဘယ်လိုကယ်တင်ခံရမှာလဲ ပေါ့။ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးမခံနိုင်တာကြောင့် ကယ်တင်ခြင်းရဖို့ အခွင့်အရေးမရှိဘူးလို့ ခံစားမိတယ်။ ဒါဆို ဘုရားကို ယုံကြည်တာက ဘာအဓိပ္ပာယ်ရှိတော့မလဲ ပေါ့။ ဒါက ကျွန်တော့်အတွက် မှောင်မိုက်ပြီး စိတ်ဓာတ်ကျစရာအတွေးပဲ။ အချိန်နည်းနည်းကြာတဲ့အထိ ကျွန်တော်က ဘုရားနှုတ်ကပတ်တော်တွေတောင်မဖတ်ဘူး။ ဓမ္မသီချင်းတွေ နားမထောင်ဘူး။ စိတ်ဒုက္ခရောက်နေရင်းနဲ့ ကျွန်တော် ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် ကျွန်တော် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်လုံးဝမရှိတော့ဘူးလို့ ခံစားမိပါတယ်။ အရမ်းစိတ်ဓာတ်ကျနေပြီး ဘဝမှာ ဆုတ်ယုတ်နေသလို ခံစားရပါတယ်။ ဘုရားသခင် ကိုယ်တော့်ထံကနေ အဝေးကို မထွက်ခွာချင်ပါဘူး။ ကျွန်တော်က မှန်ကန်တဲ့ အခြေအနေမှာမရှိဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒါကို ဘယ်လိုပြုပြင်ရမယ်ဆိုတာ မသိပါဘူး။ ဒီမမှန်ကန်တဲ့အခြေအနေကနေ လွတ်အောင် လမ်းပြတော်မူပါ” ဆိုပြီးတော့။
တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်တော် ဖတ်ရတယ်။ “ဘုရားသခင်၏အလိုဆန္ဒမှာ လူတိုင်း စုံလင်စေခြင်းခံရဖို့၊ နောက်ဆုံးတွင် သူ၏ရယူခြင်းခံရဖို့၊ သူ၏ လုံးဝသန့်စင်စေခြင်းကို ခံရဖို့နှင့် သူချစ်သော လူများဖြစ်လာကြရန် ဖြစ်၏။ သင်တို့ ခေတ်နောက်ကျန်နေသည် သို့မဟုတ် အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည် မပြောသည်မှာ အရေးမကြီးပေ— ဤအရာအားလုံးမှာ အမှန်တရားဖြစ်၏။ ငါ ဤသို့ပြောဆိုခြင်းမှာ ငါသည် သင်တို့ကို ကယ်တင်ရန် လိုလားခြင်းမရှိဖို့ မဆိုထားနှင့်၊ သင့်ကို စွန့်ပစ်ရန် ငါရည်ရွယ်သည်၊ ငါသည် သင်တို့၌ မျှော်လင့်ချက် ကုန်ဆုံးသည်ကို သက်သေမပြပေ။ ယနေ့တွင် ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ဆိုလိုသည်မှာ ငါ လုပ်ဆောင်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက် ဖြစ်ပေသည်။ လူတိုင်း စုံလင်စေခြင်း ခံရမည့် အခွင့်အရေးရှိ၏- သင်သည် လိုလားခြင်းရှိမှသာ၊ သင်သည် လိုက်စားရှာဖွေခြင်းရှိမှသာ၊ အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ သင်တို့ထဲမှ တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏ သတ်မှတ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် မသိနားမလည်ဖြစ်ကာ စာမတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင် စာတတ်မြောက်သည့် အချက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အို တစ်ဦးဖြစ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း ရှိပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် ဤတတ်စွမ်းနိုင်မှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာမှုမပေးနိုင်ဘဲ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေအရေးကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်တချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု သင်ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းသည် သင်ဆောင်ရွက်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။ သစ္စာစောင့်သိခြင်း၊ တကယ့်အဆုံးထိ နာခံခြင်းနှင့် ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်းရှိဖို့ ကြိုးစားခြင်း- ဤသည်မှာ သင် ဖြစ်မြောက်ရမည့်အရာ ဖြစ်ပြီး၊ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော လက်တွေ့လုပ်ဆောင်မှုများ မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်အတွက် အကြောင်းအရာတွေကို ရှင်းလင်းပေးတယ်။ ဘုရားသခင်က လူတွေဟာ သူတို့ကိုယ်သူတို့ အသုံးခံနိုင်သလား၊ သူတို့အသက်အရွယ်၊ တာဝန်တွေ ဘယ်လောက်လုပ်နိုင်တယ် ဆိုတာတွေအပေါ် အခြေခံပြီး လူတွေရဲ့ ရလဒ်ကို ဆုံးဖြတ်တာမဟုတ်ဘူး။ တာဝန်မှာ ဆက်ကပ်အပ်နှံပြီး ဘုရားရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို နာခံနိုင်သရွေ့၊ ဘုရားကို ကျေနပ်စေဖို့ အားထုတ်သရွေ့ ကယ်တင်ခြင်းခံရနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဘုရားအလိုတော်ကို နားမလည်ခဲ့ဘူး။ ဘယ်သူတွေကို သူ ကယ်တင်တယ်ဆိုတာ မသိခဲ့ဘူး။ ကျွန်တော်က ကယ်တင်ခြင်းခံရဖို့အတွက် နေရာတကာကို သွားနိုင်ရမယ်၊ အများကြီးလုပ်နိုင်ရမယ်လို့ အမြဲတမ်း မှားပြီး ယုံကြည်နေမိခဲ့တယ်။ ကျွန်တော်က အသက်ကြီးပြီး လူငယ်တွေလောက် မလုပ်နိုင်တာကြောင့် ကယ်တင်ခြင်းရဖို့ အခွင့်အရေးမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ခဲ့တယ်။ အပျက်သဘောနဲ့ နားလည်မှုလွဲတာတွေထဲမှာ ကျွန်တော် နှစ်မြုပ်ပြီး ဘုရားကို သစ္စာဖောက်တဲ့ အတွေးတွေတောင် ရှိခဲ့တယ်။ ကျွန်တော်က တော်တော် ပုန်ကန်ခဲ့တာပဲ။ ကျွန်တော်က အသက်ကြီးပြီး လူငယ်တွေလောက် တာဝန်တွေ အများကြီးမလုပ်နိုင်ပေမဲ့ ဘုရားသခင်က ကျွန်တော့်အပေါ် တူညီတဲ့ တောင်းဆိုချက်တွေ မလုပ်ခဲ့ဘူး။ ပြီးတော့ သူက သမ္မာတရားကို လိုက်စားပြီး တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးကို ကျွန်တော့်အတွက် တကယ်ကို ပိတ်ပင်မထားပါဘူး။ ကျွန်တော့် စိတ်နဲ့ စိတ်ပုံမှန်ဖြစ်တာတွေက အကောင်းအတိုင်းရှိနေတုန်းပဲ။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်နိုင်ပြီး တာဝန်မှာ ကျွန်တော်လုပ်နိုင်သမျှကို လုပ်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဘုရားအလိုတော်ကို မရှာဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် အသက်ကြီးပြီး အသုံးမဝင်ဘူး၊ ဘုရားသခင် မျက်နှာသာပေးတာကို မရတော့ဘူးလို့ ဘောင်ခတ်ပြီးတော့ ဘုရားကို သစ္စာဖောက်ဖို့ စဉ်းစားတယ်။ ဒါက ကောက်ကျစ်တဲ့ စိတ်သဘောထားကြောင့် ဘုရားကို သံသယဝင်နေတာမဟုတ်ဘူးလား။ ဘုရားသခင်က တာဝန်တွေအများကြီးလုပ်တာက လူတစ်ယောက်ကို ကယ်တင်ခြင်းခံရစေနိုင်တယ်၊ လူတစ်ယောက်က အသက်ကြီးလာတာနဲ့ ဘုရားက စွန့်ပစ်မယ်၊ မကယ်တင်တော့ဘူးလို့ လုံးဝ မပြောပါဘူး။ အသက်ကြီးတဲ့အခါမှာ ကိုယ့်တာဝန်မှာ ဘယ်လို လိုက်စားပြီး ချဉ်းကပ်သင့်တယ်ဆိုတာကို ဘုရားက တကယ်တမ်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ကျွန်တော်က အဆုံးထိ ဆက်ကပ်အပ်နှံပြီး နာခံသရွေ့ ဘုရားသခင်ရဲ့ ချစ်ခြင်းကို လိုက်စားနိုင်ပါတယ်။ ကျွန်တော့်မှာ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိပါတယ်။ အကြောင်းအရာတွေကိုဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး မကြည့်တာ ကျွန်တော် တော်တော်မိုက်မဲခဲ့တာပဲ။ ကျွန်တော်က ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေကို သမ္မာတရားအဖြစ် မှတ်ယူပြီး ဘုရားအလိုတော်ကို တစ်လျှောက်လုံး နားလည်မှုလွဲနေတာပဲ။ ကျွန်တော့် အသိစိတ်က တကယ်ကို အပြစ်ရှိသလိုခံစားရပြီး ဘုရားရှေ့ကိုလာပြီး ဆုတောင်းပါတယ်။ “ဘုရားသခင်၊ ကျွန်တော့်ရဲ့ မှားယွင်းတဲ့အမြင်ကြောင့် အပျက်သဘောဆောင်ပြီး အတိုက်အခံဖြစ်တာကို ရပ်ရပါမယ်။ ကျွန်တော် နောက်ထပ် အသက်ရှူနိုင်သရွေ့၊ ရှင်သန်ဖို့ နောက်ထပ်နေ့ရက်၊ တာဝန်ထမ်းဆောင်ဖို့ နောက်ထပ်နေ့ရက်ရှိသရွေ့ ရှေ့ဆက်ပြီး သမ္မာတရားထဲကို ဝင်ရောက်ဖို့ ဆက်ပြီးကြိုးစားအားထုတ်ပါမယ်” ပေါ့။ ဆုတောင်းခြင်း၊ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြခြင်းက ကျွန်တော့်ကို နည်းနည်းနှစ်သိမ့်ပေးတယ်။ အရမ်းကြီး ဝမ်းမနည်းတော့ဘူး။ ကျွန်တော် စိတ်မှန်သရွေ့ လှုပ်ရှားနိုင်သရွေ့ ဧည့်ခံစီစဉ်သူကောင်းတစ်ယောက်ဖြစ်အောင် ဘုရားကို အမှီပြုပြီး ဘုရားအပေါ် ကျွန်တော့်ရဲ့ စိတ်ပါလက်ပါ အစေခံခြင်းကို ပေးဖို့အတွက် အစွမ်းကုန်လုပ်ဆောင်မယ်လို့ တွေးမိတယ်။
ဒါပေမဲ့ ကျွန်တော် နားမလည်တာ တစ်ခုရှိသေးတယ်။ ကျွန်တော်က လူငယ်တွေလောက် မလုပ်နိုင်ဘူးဆိုတာတွေ့တော့ ဘာလို့ စိတ်ဓာတ်ကျပြီး ဘုရားကို သစ္စာဖောက်ဖို့တောင် တွေးရတာလဲ။ ဒါရဲ့ အကြောင်းရင်းက ဘာလဲပေါ့။ ကျွန်တော် ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ဖတ်ရတယ်။ “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုန်းကွယ်သော်လည်း၊ လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံ၊ သို့မဟုတ် အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံးအတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ ကြိုးပမ်းလုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်မည်နည်း။ လူတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် မည်သို့ဖြစ်မည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာနိုင်သည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားသည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံလိုက်ရသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) “အန္တိခရစ်များသည် အကျိုးအမြတ်ရရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြပြီး ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ ကြိုးစားကြသည်။ ကောင်းချီးများနှင့် ဆုလာဘ်များကို ရရှိရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒသည် အလွန်လွှမ်းမိုးလျက်ရှိသည်။ ထိုအရာများကို ၎င်းတို့က ဖက်တွယ်ထားပြီး လက်မလွှတ်ပေ။ ဘုရားသခင်က များစွာ ပြောဆိုသည့်တိုင် မည်သည့်အရာကိုမျှ လက်မခံပေ။ ‘ဘုရားသခင်ကို ယုံကြည်ခြင်းဟာ ကောင်းချီးရဖို့ဖြစ်တယ်။ ကောင်းတဲ့ ခရီးပန်းတိုင်တစ်ခု ရရှိဖို့ဖြစ်တယ်။ ဒါဟာ အမြင့်ဆုံး စည်းမျဉ်းပဲ။ ဘာကမှ ဒီစည်းမျဉ်းထက် မမြင့်နိုင်ဘူး။ ဘုရားကို ယုံကြည်ခြင်းက ကောင်းချီးရဖို့မဟုတ်ရင် လူတွေက မယုံကြည်သင့်ဘူး။ ကောင်းချီးရဖို့အတွက်မဟုတ်ဘူးဆိုရင် ဘုရားကို ယုံကြည်တာက အဓိပ္ပာယ်၊ ဒါမှမဟုတ် တန်ဖိုးရှိမှာမဟုတ်ဘူး။ သူတို့တွေက လမ်းပျောက်သွားမှာပဲ။’ ဟူ၍ တစ်ချိန်လုံး စဉ်းစားကြသည်။ ဤအတွေးများကို အန္တိခရစ်တစ်ယောက်ထံ သွတ်သွင်းသောသူတစ်ယောက်ယောက်ရှိသလော။ တစ်စုံတစ်ယောက်၏ သင်ပြမှု၊ သို့မဟုတ် လွှမ်းမိုးမှုမှ လာသလော။ မလာပေ။ ဤအတွေးများကို အန္တိခရစ်၏ မွေးရာပါသဘာဝနှင့် အနှစ်သာရက ဆုံးဖြတ်သည်။ ထိုအရာများကို မည်သူကမျှ မပြောင်းလဲနိုင်ပေ။ လူ့ဇာတိခံဘုရားသခင်သည် ယခုအခါတွင် များစွာ ပြောဆိုလျက်ရှိသည့်တိုင် အန္တိခရစ်များက မည်သည့်အရာကိုမျှ လုံးဝ လက်မခံဘဲ သူ့အား အာခံရှုတ်ချသည်။ ၎င်းတို့၏ သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးသည့် သဘာဝသည် ထာဝရ ပြောင်းလဲ၍ မရပေ။ ထိုပြောင်းလဲ၍ မရနိုင်ခြင်းသည် မည်သည့်အရာကို ပြသနည်း။ ဤသည်မှာ ၎င်းတို့သည် သဘာဝအလျောက် ဆိုးယုတ်ခြင်းဖြစ်သည်ကို ပြသည်။ ပြဿနာက သမ္မာတရားကို ၎င်းတို့ လိုက်စားခြင်းရှိမရှိ မဟုတ်ပေ။ ၎င်းတို့၏စိတ်သဘောထားသည် မကောင်းသော စိတ်သဘောထားတစ်ခုဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား အရှက်မရှိ အော်ဟစ်ကန့်ကွက်ပြီး ဆန့်ကျင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရဖြစ်ပြီး ၎င်းတို့၏ သရုပ်မှန်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇ (အပိုင်း ၂)) “အန္တိခရစ်များသည် တာဝန်ထမ်းဆောင်ခြင်းကို အပေးအယူတစ်ခုအဖြစ် မှတ်ယူသည်။ ၎င်းတို့သည် ကောင်းချီးများရရှိဖို့ လိုက်စားလျက် ၎င်းတို့တာဝန်ကို အပေးအယူပုံစံဖြင့် ထမ်းဆောင်သည်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် ကောင်းချီးရဖို့အတွက်ဖြစ်သည်၊ တာဝန်ထမ်းဆောင်ခြင်းအတွက် ကောင်းချီးရအပ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့် အပြုသဘောဆောင်သောအရာကို ၎င်းတို့က ပုံဖျက်ပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ထမ်းဆောင်ခြင်း၏ တန်ဖိုးနှင့် အရေးပါမှုကို နိမ့်ကျစေသည်။ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ထမ်းဆောင်ခြင်း၏ တရားဝင်ဖြစ်မှုကို နိမ့်ကျစေသည်။ ဖန်ဆင်းခံတစ်ယောက်အတွက် ထမ်းဆောင်ရန် မှန်ကန်သင့်လျော်သော တာဝန်ကို ၎င်းတို့က ယူပြီး အပေးအယူတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) အန္တိခရစ်တွေက ကောင်းချီးရဖို့သက်သက်နဲ့ ယုံကြည်ခြင်းရှိကြတယ်၊ သူတို့ရဲ့ အပေးအယူစိတ်ထားက လုံးဝမပြောင်းလဲဘူး၊ ဘယ်လောက်ခက်ခဲပါစေ၊ စိတ်ဆင်းရဲပါစေ လက်မလျှော့ကြဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် သိခဲ့ရတယ်။ သူတို့က ကောင်းချီးခံရဖို့ မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားရင် သူတို့ရဲ့ တကယ့်ဘဝရဲ့ အဆုံးကို ရောက်သွားသလိုပဲ။ ဆက်ပြီး ယုံကြည်ခြင်းရှိနေတာက အဓိပ္ပာယ်မရှိဘူးလို့ ခံစားကြပြီး ဘုရားကို ယှဉ်ပြိုင်ပြီး အာခံကြတယ်။ ကျွန်တော်က အတိအကျကို အန္တိခရစ်လို ပြုမူနေတာကို တွေ့ခဲ့ပါတယ်။ သခင့်ကို ကျွန်တော် ယုံကြည်တဲ့အခါမှာ ကျွန်တော့်ယုံကြည်ခြင်းကြောင့် ဘုရားရဲ့နိုင်ငံတော်ထဲကို ဝင်ရနိုင်တယ်ဆိုတာကြားရတော့ အရမ်းပျော်ခဲ့တယ်။ ဒီဘဝမှာ ဘုရားရဲ့ ကောင်းချီးနဲ့ ကျေးဇူးတော်ကိုရဖို့၊ ပြီးရင် နောက်ဘဝမှာ ထာဝရအသက်ရဖို့က ဘယ်လိုဒုက္ခမဆို တန်လိမ့်မယ်လို့ ခံစားမိတယ်။ ယုံကြည်ခြင်းမှာ ကောင်းချီးခံစားရပြီး ဘုရားရဲ့ နိုင်ငံတော်ကို ဝင်ရောက်ခြင်းက ကျွန်တော့် ပန်းတိုင်ဖြစ်လာတယ်။ ကျွန်တော် အနစ်နာခံလေလေ၊ နောင်တစ်ချိန်မှာ ကျွန်တော့်ကောင်းချီးတွေက များလေလေဖြစ်မယ်လို့ တွေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ ကောင်းချီးခံရဖို့ ကျွန်တော့်အိပ်မက်က မှန်ကန်လာမယ်လို့ ပိုပြီးတော့တောင် ခံစားမိပြီး တာဝန်အတွက် ပိုပြီး တွန်းအားရှိခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်က ၆၆နှစ်ရှိပြီ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အသက်ကြီးတယ်လို့ လုံးဝ မမြင်ဘူး။ စိတ်ထဲမှာ စိုးရိမ်တာတွေမရှိဘဲ တာဝန်မှာ အလုပ်ပဲ ကြိုးစားခဲ့တယ်။ စုဝေးပွဲတွေအတွက် နေရာတကာကို စက်ဘီးစီးသွားတယ်။ နောက်ပိုင်းမှာ လေဖြတ်တာတစ်ခါဖြစ်တာတောင် ဂရုမစိုက်ဘူး။ ကိုယ့်တာဝန်ကိုပဲ ကြိုးစားလုပ်ချင်တယ်။ ကျွန်တော့်နဖူးက ချွေးနဲ့ ဒုက္ခကို ကောင်းချီးနဲ့ လဲလှယ်ဖို့ အရင်းအနှီးအဖြစ် အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က အသက်ကြီးလာပြီး ကျွန်တော့် ရောဂါကြောင့် တာဝန်တွေအများကြီးမလုပ်နိုင်တော့တာကို မြင်ခဲ့တယ်။ ဆက်ပြီးတော့ ခရီးတွေလျှောက်သွားချင်ပေမဲ့ မသွားနိုင်ဘူး။ တဖြည်းဖြည်းနဲ့ ဘာကိုမှ မလုပ်နိုင်ဖြစ်လာတယ်။ ကောင်းချီးခံရဖို့ ကျွန်တော့်မျှော်လင့်ချက်တွေက နည်းလာတယ်လို့ ခံစားရပြီး ဒါကို လက်မခံချင်ဘူး။ ကျွန်တော်က ဘာမှမပြောပေမဲ့ စိတ်နှလုံးထဲမှာတော့ ဘုရားရဲ့ အုပ်စိုးမှုကို လက်မခံချင်ဘူး။ အဲဒါနဲ့ စိတ်ဓာတ်ကျပြီး အတိုက်အခံဖြစ်လာတယ်။ ကျွန်တော့်ကို ဧည့်ခံစီစဉ်သူအဖြစ် ခိုင်းတာက ကျွန်တော်က တန်ဖိုးအထားမခံရတဲ့သဘောပဲလို့ ကျိုးကြောင်းမသင့်ဘဲ တွေးမိတယ်။ ဘုရားကို သစ္စာဖောက်ပြီး ကိုယ့်ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့တောင် တွေးမိတယ်။ ကျွန်တော့်ယုံကြည်ခြင်းမှာ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ကောင်းချီးရဖို့၊ ဘုရားနဲ့ အပေးအယူလုပ်ဖို့ပဲ။ ဒါက ယုံကြည်ခြင်းအပေါ် အန္တိခရစ်ရဲ့ မှားနေတဲ့ အမြင်မဟုတ်ဘူးလား။ ကျွန်တော်က တာဝန်ထမ်းဆောင်တာလိုမျိုး အပြုသဘောဆောင်ပြီး အရမ်းကောင်းတဲ့အရာတစ်ခုကို ပုံဖျက်ခဲ့တယ်။ ကျွန်တော်က နိုင်ငံတော်ရဲ့ ကောင်းချီးတွေအတွက် အလဲအလှယ်အနေနဲ့ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့အတွက် တာဝန်ထမ်းဆောင်ပြီး လှည့်လည်ခရီးသွားတာကို အသုံးပြုဖို့ပဲ သိခဲ့တယ်။ ကျွန်တော့်ရဲ့ အထိန်းအကွပ်မဲ့ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက် ကိုယ့်တာဝန်ကို အသုံးချကိရိယာတစ်ခုလို မှတ်ယူတယ်။ ကျွန်တော်က တကယ်ကို ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်တွေကြောင့် ခေါင်းရှုပ်နေခဲ့တာပါ။ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ပဲ ကျွန်တော် စဉ်းစားနိုင်တယ်။ ကောင်းချီးခံစားရမလား၊ ကျွန်တော့်ရလဒ်နဲ့ ပန်းတိုင်က ဘာတွေဖြစ်မလဲဆိုတာကိုပဲ ဂရုစိုက်ခဲ့တယ်။ ဘုရားရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့၊ သူ့ရဲ့လေးနက်တဲ့အလိုတော်ကို နားလည်ဖို့ မတွေးဘူး။ ကျွန်တော်က အသိစိတ်လုံးဝ မရှိပါဘူး။ ဘုရားသခင်က ကျွန်တော်တို့ကို ဇီဝအသက်နဲ့ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးကို ပေးခဲ့တယ်။ ဒါက သူ့ဆီက ကြီးမားတဲ့ ကျေးဇူးတော်ပဲ။ ဒါပေမဲ့ ကောင်းချီးအတွက်နဲ့ ကျွန်တော်က အမြဲတမ်းပဲ ဘုရားအပေါ် ကျိုးကြောင်းမသင့်တဲ့ တောင်းဆိုမှုတွေလုပ်တယ်။ ဘုရားကို အကြောင်းရှာပြောဆိုတယ်၊ စောဒကတက်တယ်၊ အပျက်သဘောဆောင်ပြီး အာခံတယ်။ ကျွန်တော်က အရမ်းပုန်ကန်ပြီး ဆန့်ကျင်ပါတယ်။ ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခုရှိတယ်။ ဘုရားသခင်က ကျွန်တော့်ဆီကနေ ကျွန်တော့်အသက်ကို ယူဆောင်သွားရင် ဒါ ဖြောင့်မတ်တာပါပဲ။ ကျွန်တော့်ပြဿနာက ဆိုးနေတာကို မြင်တော့ စိတ်နှလုံးထဲကနေ ဘုရားကိုဆုတောင်းတယ်။ ကောင်းချီးရဖို့အတွက် ကျွန်တော့်ရည်ရွယ်ချက်တွေကို လက်လွတ်ဖို့၊ ဘုရားရဲ့ အုပ်စိုးမှုကို နာခံဖို့အတွက် လမ်းပြပေးဖို့ ဆုတောင်းတယ်။ နောက်တော့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် စဉ်းစားမိတယ်။ “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော် အသိစိတ်ဝင်လာအောင် ကူညီပေးတယ်။ ဘုရားသခင်က ကျွန်တော်တို့ ရလဒ်နဲ့ ပန်းတိုင်ကို ဆုံးဖြတ်တဲ့အခါမှာ ကျွန်တော်တို့က သူ့အတွက် ဘယ်လောက်အနစ်နာခံခဲ့တယ်၊ ဘယ်လောက်အလုပ်လုပ်ခဲ့တယ်၊ ဒုက္ခခံခဲ့တယ်ဆိုတာနဲ့ လုံးဝ မဆိုင်ဘူးဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ ဘုရားရဲ့အမှုတော်ကို ကျွန်တော်တို့ ကြုံတွေ့တဲ့အခါမှာ သမ္မာတရားကို ကျွန်တော်တို့ ရရှိပြီးသလား၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ သန့်စင်ပြီးပြီလား၊ ပြောင်းလဲသွားပြီလားဆိုတာတွေအပေါ် အခြေခံပါတယ်။ တာဝန်တွေအများကြီးထမ်းဆောင်တာက သမ္မာတရားကို ပိုင်ဆိုင်တာ၊ စိတ်သဘောထားပြောင်းလဲတာနဲ့မတူဘူးဆိုတာကိုလည်း ကျွန်တော် သဘောပေါက်ခဲ့တယ်။ တာဝန်တွေ ဘယ်လောက်ပဲ ကျွန်တော်လုပ်ပါစေ၊ အဓိကက သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းပေါ်မှာ ကျွန်တော်ရှိနေသလားဆိုတာပဲ။ အရင်က ကျွန်တော် တာဝန်တွေအများကြီးလုပ်ပြီး နေရာတိုင်းကို ခရီးသွားတယ်။ ဒါပေမဲ့ သမ္မာတရားကို လုံးဝ မလိုက်စားဘူး။ ပန်းတိုင်ကောင်းတစ်ခုအတွက် အလဲအလှယ်အနေနဲ့ ကျွန်တော့်ရဲ့ အပေါ်ယံ အားထုတ်မှုကို အသုံးပြုချင်ခဲ့တယ်။ ကျွန်တော့်အတွင်းထဲမှာ ရှိနေတဲ့ ဘုရားအပေါ် အပေးအယူဆန်တဲ့၊ ဆန့်ကျင်တဲ့ စိတ်ထားကို မမြင်ခဲ့ဘူး။ နောက်ဆုံးမှာ ကောင်းချီးရဖို့ ကျွန်တော့်ဆန္ဒက ကျိုးပျက်သွားတော့ ဘုရားကို ငြင်းခုံပြီး ဆန့်ကျင်တယ်။ တာဝန်တွေ ဘယ်လောက်ပဲ ထမ်းဆောင်ပါစေ သမ္မာတရားကို မလိုက်စားဘဲ လျှောက်သွားပြီး အပင်ပန်းခံနေရင် စိတ်သဘောထားပြောင်းလဲခြင်းရှိမှာမဟုတ်ဘဲ ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်ပြီး မာနကြီးလာမှာပဲ။ နောက်ဆုံးကျရင် ကျွန်တော်လုပ်ခဲ့တဲ့အလုပ်တွေအတွက် ဘုရားနဲ့ အကြောင်းရှာ ငြင်းခုံမိပြီး ပိုပိုပြီးဆိုးယုတ်လာမှာပဲ။ ပေါလုလိုပဲပေါ့။ သူက အလုပ်အများကြီးလုပ်တယ်။ ကောင်းကောင်းလုပ်ခဲ့တယ်။ ဒါပေမဲ့ သူလုပ်တာက ဆုသရဖူနဲ့ လဲလှယ်ဖို့ပဲ။ အမြဲတမ်းပဲ ဘုရားနဲ့ အပေးအယူလုပ်ဖို့ဖြစ်ခဲ့တယ်။ သူက သေခါနီးမှာတောင် နောင်တမရခဲ့ဘဲ နောက်ဆုံးမှာ ဘုရားက ပြစ်ဒဏ်ပေးတာကို ခံရတယ်။ ပြီးတော့ ပေတရုက အလုပ်အများကြီးမလုပ်ဘူး။ ဒါပေမဲ့ သူ့ယုံကြည်ခြင်းမှာ သမ္မာတရားကို လိုက်စားတယ်။ အရာရာတိုင်းမှာ ဘုရားအလိုတော်ကို ရှာဖွေပြီး ဘုရားကို နာခံဖို့ အားထုတ်တယ်။ သူ့မှာ သတ်မှတ်ချက်တွေမရှိဘူး။ ကောင်းချီးခံစားရမှာလားဆိုတာ မစဉ်းစားဘူး။ ဘုရားရဲ့ အမြင့်ဆုံးချစ်ခြင်းကို သူရခဲ့တယ်။ ဘုရားရဲ့ လက်ခံမှုကို သူရရှိပြီး ဘုရားရဲ့ စုံလင်စေခြင်းကို ခံရတယ်။ သူတို့နှစ်ယောက်လုံးက ယုံကြည်သူတွေပဲ။ ဒါပေမဲ့ လိုက်စားတဲ့နေရာမှာ သူတို့ရည်ရွယ်ချက်တွေနဲ့ အမြင်ရှုထောင့်တွေက မတူသလို သူတို့ရလဒ်တွေလည်း မတူဘူး။ ဘုရားသခင်က ဖြောင့်မတ်တယ်။ သမ္မာတရားနဲ့ စိတ်သဘောထားပြောင်းလဲမှုကို လိုက်စားမှသာ ဘုရားအလိုတော်နဲ့ ညီနိုင်တယ်။ ကျွန်တော်လိုက်စားတာနဲ့ ကျွန်တော်ရောက်နေတဲ့ လမ်းကြောင်းက ပေါလုလို အဓိပ္ပာယ်မဲ့ပြီး မှားနေတယ်။ ကျွန်တော့်ရလဒ်က သေချာပေါက် သူနဲ့ အတူတူဖြစ်မှာပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြခြင်းက ကျွန်တော့်ကို သူ့အလိုတော်နဲ့ ယုံကြည်ခြင်းမှာ ဘယ်ရှုထောင့်အမြင် ရှိသင့်တယ်ဆိုတာကို ပြခဲ့ပါတယ်။ ဘုရားရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို နာခံဖို့ ကျိုးကြောင်းသင့်တင့်တဲ့ ဖန်ဆင်းခံတစ်ယောက်ဖြစ်ဖို့အတွက် ကျွန်တော် သင်ယူဖို့ လိုပါတယ်။ ဒါက ဘုရားရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းမဟုတ်ဘူးလား။ ဘုရားအလိုတော်ကို ကျွန်တော် နားလည်ပြီးတဲ့နောက်မှာ ကျွန်တော့်အခြေအနေက အများကြီး တိုးတက်လာတယ်။ ဘုရားကို အရမ်းကျေးဇူးတင်မိတယ်။ အဲဒီနောက်မှာ ညီအစ်ကိုမောင်နှမတွေက စုဝေးဖို့ ရောက်လာတော့ ကျွန်တော်က ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံခဲ့တယ်။ သူတို့ မလာတဲ့အချိန်မှာ ကျွန်တော်က စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဘုရားနှုတ်ကပတ်တော်ဖတ်ပြီး ကျွန်တော့်အခြေအနေနဲ့အညီ သမ္မာတရားကို ရှာဖွေတယ်။
တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်တယ်။ “ဘုရားသခင်သည် လူတစ်ယောက်ချင်းစီအား ၎င်းတို့မွေးဖွားသည့်အချိန်မှစပြီး လက်ရှိအချိန်ထိဖြစ်သော ဆယ်စုနှစ်ကာလအတွင်းတွင် ၎င်းတို့အတွက် အဖိုးအခပေးဆပ်မှုတစ်ခုသာ လုပ်ဆောင်ခြင်းမဟုတ်ပေ။ ဘုရားသခင်မြင်သည့်ပုံစံမှာ သင်သည် ဤလောကသို့ အကြိမ်ရေ မရေမတွက်နိုင်အောင် ရောက်ရှိပြီးဖြစ်သည်။ အကြိမ်မရေမတွက်နိုင်အောင် လူဝင်စားပြီးဖြစ်သည်။ ဤတွင် မည်သူက ဦးဆောင်သနည်း။ ဘုရားသခင်က ဦးဆောင်သည်။ ဤအရာများကို သင်သိဖို့ မဖြစ်နိုင်ပေ။ ဤလောကသို့ သင်လာရောက်သောအချိန်တိုင်းတွင် ဘုရားသခင်ကိုယ်တိုင် အစီအစဉ်များပြုလုပ်သည်။ သင်သည် အသက်ရှင်မည့်နှစ်အရေအတွက်၊ သင်မွေးဖွားမည့် မိသားစုအမျိုးအစား၊ သင် အခြေကျပြီး သင့်ကိုယ်သင်ထူထောင်မည့်အချိန်အပြင်၊ ဤလောကတွင် သင်လုပ်ဆောင်ရမည့်အရာနှင့်၊ အသက်မွေးမှုအတွက် သင်လုပ်ဆောင်မည့်အရာတို့ကိုပါ ဘုရားသခင်က စီစဉ်သည်။ဤဘဝတွင် သင်၏ တာဝန်ကို နှောင့်နှေးခြင်းမရှိဘဲ ပြီးမြောက်နိုင်ရန်အတွက် ဘုရားသခင်သည် ဘဝ၏ ထွက်ပေါက်တစ်ခုကို သင့်အတွက် စီစဉ်ပေးသည်။ သင်၏ နောက်တစ်ဖန် လူဝင်စားခြင်းတွင် သင်လုပ်ဆောင်သင့်သည့်အရာနှင့်ပတ်သက်လျှင် သင့်တွင် ရှိသင့်သည့်အရာနှင့် သင့်ကို ပေးသင့်သည့်အရာတို့နှင့်အညီ ဘုရားသခင်က ထိုဘဝကို စီစဉ်ပြီး စီစဉ်ထားသည့်အတိုင်း ပေးအပ်သည်။...ဤသို့သောအစီအစဉ်များကို သင့်အတွက် ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် သင်သည် နောက်ဆုံး၌ နောက်ဆုံးသောကာလ၏ သက်တမ်း၌၊ သင်၏ လက်ရှိမိသားစုတွင် မွေးဖွားခဲ့သည်။ ဘုရားသခင်သည် သူ့အားယုံကြည်ရန် ပတ်ဝန်းကျင်တစ်ခုကို သင့်အတွက် စီစဉ်ပေးသည်။ သူသည် သင့်အား သူ၏အသံကို ကြားစေပြီး သူ့ရှေ့မှောက်သို့ ပြန်လည်လာရောက်စေသည်။ သင်သည် သူ့နောက်သို့လိုက်နိုင်ပြီး သူ၏ အိမ်တော်တွင် တာဝန်ထမ်းဆောင်နိုင်သည်။ ယနေ့အချိန်ထိ သင်ရှင်သန်ခဲ့သည်မှာ ဘုရားသခင်ထံမှ ဤသို့သောလမ်းပြမှုကြောင့်သာဖြစ်သည်။ လောကထဲသို့ သင်အကြိမ်မည်မျှ လာရောက်ခဲ့သည်၊ သို့မဟုတ် သင်၏ အသွင်အပြင်က အကြိမ်မည်မျှ ပြောင်းလဲခဲ့သည်၊ သို့မဟုတ် မိသားစုမည်မျှကို သင်ကြုံတွေ့ခဲ့သည်၊ သို့မဟုတ် ခေတ်နှင့် အုပ်ချုပ်မှုမည်မျှကို သင်မြင်ခဲ့သည်တို့ကို သင်မသိပေ။ သို့သော် ထိုအရာများအားလုံးတစ်လျှောက်တွင် ဘုရားသခင်၏ အထောက်အပံ့သည် သင့်ကို ပံ့ပိုးလျက်ရှိသည်။ သူသည် သင့်ကို စောင့်ရှောက်လျက်ရှိသည်။ လူတစ်ယောက်အကျိုးအတွက် ဘုရားသခင်က အပင်ပန်းခံလိုက်လေခြင်း။ လူအချို့က ‘ကျွန်တော်က အသက်ခြောက်ဆယ်ရှိပြီ။ နှစ်ခြောက်ဆယ်ကြာအောင် ဘုရားသခင်က ကျွန်တော့်ကို စောင့်ရှောက်ပြီး ကာကွယ်ပေးခဲ့တယ်။ နှစ်ခြောက်ဆယ်ကြာအောင် ကျွန်တော့် ကံကြမ္မာကို အုပ်စိုးခဲ့တယ်။ ကျွန်တော် အိုမင်းတဲ့အခါ၊ တာဝန်မထမ်းဆောင်နိုင်ဘဲ ဘာကိုမှ မလုပ်နိုင်ရင် ဘုရားသခင်က ကျွန်တော့်ကို စောင့်ရှောက်ဦးမှာလား’ ဟူ၍ ဆိုသည်။ ဤသို့ပြောသည်မှာ ကလေးမဆန်သလော။ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ လူသားအပေါ် စောင့်ရှောက်မှုနှင့် ကာကွယ်မှုတို့သည် ဘဝသက်တမ်းတစ်ခုတည်းနှင့် သက်ဆိုင်ခြင်းမဟုတ်ပေ။ ဘဝသက်တမ်းတစ်ခုတည်း၊ ဘဝ၏အချိန်ကာလတစ်ခုတည်းနှင့်သာ သက်ဆိုင်သော ကိစ္စဖြစ်လျှင် ဘုရားသခင်က အနန္တတန်ခိုးရှိပြီး အရာအားလုံးကို အုပ်စိုးသည်ဆိုသည်ကို လက်တွေ့ပြနိုင်မည်မဟုတ်ပေ။ လူတစ်ယောက်အတွက် ဘုရားသခင်ပြုသော အားထုတ်မှုနှင့် သူပေးဆပ်သော အဖိုးအခသည် ဤဘဝတွင် ထိုလူ လုပ်ဆောင်သည့်အရာကို စီစဉ်ခြင်းမျှသာမဟုတ်ဘဲ မရေမတွက်နိုင်သော ဘဝသက်တမ်းများအတွက် စီစဉ်ပေးခြင်းဖြစ်သည်။ လူတစ်ယောက်အဖြစ် ဝင်စားသောဝိညာဉ်တိုင်းအတွက် ဘုရားသခင်က အပြည့်အဝတာဝန်ယူသည်။ လူတိုင်းကို လမ်းပြရန်၊ လူတိုင်း၏ ဘဝနှင့် နေ့ရက်များကို စီစဉ်ရန် သူ၏အသက်ကို သူပေးသည့်အဖိုးအခအဖြစ်နှင့် အလေးဂရုပြု၍ အလုပ်လုပ်သည်။ ဘုရားသခင်သည် လူသား၏အကျိုးအတွက် အလွန် အပင်ပန်းခံပြီး ဤသို့ အဖိုးအခပေးဆပ်သည်။ သူသည် ဤသမ္မာတရားများအားလုံးနှင့် ဤအသက်ကို လူသားအား ပေးအပ်သည်။ ဤတွင်၊ နောက်ဆုံးတစ်ကျော့တွင် လူသားသည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို မထမ်းဆောင်လျှင်၊ ဖန်ဆင်းရှင်ရှေ့မှောက်သို့ မပြန်လျှင်၊ အဆုံးတွင် ဘဝနှင့် မျိုးဆက်မည်မျှကို ဖြတ်သန်းခဲ့ပါစေ သူ၏ တာဝန်ကို ကောင်းစွာမလုပ်ဘဲ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း မလုပ်ဆောင်နိုင်လျှင် ဘုရားသခင်အပေါ် လူသား၏ အကြွေးသည် ကြီးမားလွန်းမည်မဟုတ်လော။ ဘုရားသခင် အသုံးပြုခဲ့သည့်အရာအားလုံးနှင့် မထိုက်တန်ဖြစ်မည်မဟုတ်လော။ သူသည် အလွန် အသနားကြင်နာကင်းမဲ့သည်မှာ လူတစ်ယောက်ဟုခေါ်ရန် ထိုက်တန်မည်မဟုတ်ပေ။ ဘုရားသခင်အပေါ် သူ၏ အကြွေးသည် ကြီးမားလွန်းမည်ဖြစ်သောကြောင့်ဖြစ်သည်။...လူသားအပေါ် ဘုရားသခင်၏ ကြင်နာမှု၊ လူသားအတွက် သူ၏ ချစ်ခြင်း၊ လူသားအတွက် သူ၏ ကရုဏာတို့သည် သဘောထားတစ်ခုမျှသာ မဟုတ်ပေ။ အမှန်တရားများလည်း ဖြစ်သည်။ မည်သည့်အမှန်တရားနည်း။ သင်သည် အတွင်းတွင် ဉာဏ်အလင်းပွင့်လင်းစေဖို့အတွက်လည်းကောင်း၊ ဘုရားသခင်၌ မည်သည့်အရာက ချစ်ဖွယ်ဖြစ်သည်ကို သင်မြင်နိုင်ဖို့အတွက်လည်းကောင်း၊ ဤလောကသည် မည်သည့်အရာဖြစ်သည်ဆိုသည်ကို သင်မြင်နိုင်ဖို့အတွက်လည်းကောင်း၊ သင်၏ စိတ်နှလုံးသည် အလင်းနှင့် ပြည့်နေပြီး သူ၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားကို နားလည်စေဖို့အတွက်လည်းကောင်း ဘုရားသခင်က သင့်ထံသို့ သူ၏ နှုတ်ကပတ်တော်များကို ထည့်သွင်းခြင်းဖြစ်သည်။ ဤနည်းအားဖြင့် ဤအရာကို သင်မသိဘဲ သမ္မာတရားကို သင်ရရှိသည်။ ဘုရားသခင်သည် အလွန်စစ်မှန်သောနည်းဖြင့် သင့်အပေါ်တွင် များစွာအလုပ်လုပ်ကာ သင့်အား သမ္မာတရားကို ရရှိစေသည်။ သမ္မာတရားကို သင်ရရှိသောအခါ၊ ထာဝရအသက်ဖြစ်သော တန်ဖိုးအရှိဆုံးအရာကို သင်ရရှိသောအခါ ဘုရားအလိုတော်သည် ပြည့်စုံသည်။ လူသားသည် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသည်ကို ဘုရားသခင်က မြင်သောအခါ သူသည် ပျော်ရွှင်ကျေနပ်သည်။ ထိုအခါတွင် သူသည် သဘောထားတစ်ခုရှိပြီး ထိုသဘောထားရှိနေစဉ်တွင် သူသည် အလုပ်လုပ်ပြီး လူသားကို ချီးကျူးကာ၊ ကောင်းချီးပေးသည်။ သူက ‘ငါသင့်ကို ဆုချီးမြှင့်မည်။ ဤသည်မှာ သင်ထိုက်တန်သည့် ကောင်းချီးဖြစ်သည်’ ဟု ပြောသည်။ ထို့နောက် သင်သည် သမ္မာတရားနှင့် အသက်ကို ရရှိလိမ့်မည်။ သင်သည် ဖန်ဆင်းရှင်ကို သိကျွမ်းမှုရှိပြီး သူ့ထံမှ အသိအမှတ်ပြုခြင်းကို ရသည့်အခါ သင်၏ စိတ်နှလုံးတွင် ဗလာဖြစ်နေခြင်းကို ခံစားရဦးမည်လော။ ခံစားရမည်မဟုတ်ပေ။ သင်သည် ကျေနပ်လိမ့်မည်ဖြစ်ပြီး ဝမ်းမြောက်သည့်စိတ်ကို ခံစားရမည်။ ဤသည်မှာ တန်ဖိုးနှင့် အသက်ရှင်ခြင်းဖြစ်သည်မဟုတ်လော။ ဤသည်မှာ တန်ဖိုးအရှိဆုံး၊ အဓိပ္ပာယ်အရှိဆုံး ဘဝမျိုးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို ရရှိဖို့ အဖိုးအခပေးဆပ်ခြင်းသည် အလွန်ပင် အရေးပါသည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်အတွက် တကယ်ကို တို့ထိစရာဖြစ်ပြီး တကယ်ကို နှစ်သိမ့်ပေးတယ်။ ကျွန်တော်က ဘယ်လောက် အသက်ကြီးပါစေ၊ ကျန်းမာရေးက ဘယ်လိုရှိပါစေ သမ္မာတရားကို ချစ်ပြီး လိုက်စားသရွေ့ ဘုရားက ကျွန်တော့်ကို လက်လျှော့မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်က ဘုရားအလိုတော်ကို နားလည်မှုလွဲခဲ့တယ်။ ကျွန်တော်က အသက်ကြီးပြီး အသုံးမဝင်တာကြောင့်၊ တာဝန်တွေအများကြီးမလုပ်နိုင်တာကြောင့် တစ်နေ့နေ့မှာ အရမ်းဖျားနာပြီး သေသွားနိုင်တာကြောင့် ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်မရှိဘူးလို့ ထင်ခဲ့တယ်။ ယုံကြည်ခြင်းမှာ အဓိပ္ပာယ်မရှိတော့ဘူးလို့ ခံစားမိပြီး ဆက်ပြီး မလိုက်စားချင်ခဲ့ဘူး။ ကျွန်တော်က မှားနေတဲ့အမြင်တွေက လွှမ်းမိုးတာကိုခံရပြီး ဘုရားအလိုတော်ကို နားလည်မှုလွဲခဲ့တယ်ဆိုတာ မြင်ခဲ့ပါတယ်။ အားနည်းခြင်းနဲ့ အပျက်သဘောထဲကို နှစ်မြုပ်သွားပြီး စာတန်က ကိုင်တွယ်တာကို ခံခဲ့ရတယ်။ အရင်တုန်းက ကျွန်တော်က ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဒါကို မသိခဲ့ဘူး။ ဘုရားကို ကျွန်တော် နာခံပြီး ဘုရားကို ကျေနပ်စေသင့်တယ်။ ကျွန်တော့်မှာ အဲဒီအကြောင်းပြချက်မရှိခဲ့ဘူး။ ဇာတိပကတိကောင်းချီးတွေအတွက်ပဲ ယုံကြည်ခြင်းရှိခဲ့တယ်။ ဘုရားနဲ့ အပေးအယူလုပ်နေခဲ့တာပါ။ အခုတော့ ဒီလိုလိုက်စားနေရင် အသက် ၈၀၀အထိ ရှင်နေရင်တောင် အဓိပ္ပာယ်နဲ့ တန်ဖိုးရှိမှာမဟုတ်ဘူး။ ယောဘက ကပ်ဘေးကို ရင်ဆိုင်ရပြီး သူ့ပိုင်ဆိုင်မှုတွေကို ဖယ်ရှားခံရတဲ့အခါ သူရခဲ့တာ၊ ဆုံးရှုံးခဲ့တာတွေကို လုံးဝ မစဉ်းစားဘူး။ အနာစိမ်းတွေပေါက်ပြီး ဘဝက မခံမရပ်နိုင်အောင်ဖြစ်တဲ့အခါ၊ ဘဝမှာ မျှော်လင့်ချက်သိပ်မရှိတော့တဲ့အခါမှာ ဘုရားကို လုံးဝ အပြစ်မတင်ဘူး။ ဘုရားအပေါ် သူ့ရဲ့ စစ်မှန်တဲ့ယုံကြည်ခြင်းကတစ်ဆင့် ဘုရားရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို သူနာခံခဲ့တယ်။ စာတန်ရှေ့မှာ ဘုရားအတွက် ထူးကဲတဲ့သက်သေကို ခံခဲ့ပြီး ဘုရားရဲ့ စိတ်နှလုံးကို သက်သာစေခဲ့တယ်။ နောက်ဆုံးမှာ ဘုရားရဲ့ ကောင်းချီးကို ခံစားခဲ့ရပြီး ဘုရားက သူ့ဆီကို ပေါ်ထွန်းခဲ့တယ်။ ပေတရုရဲ့ ယုံကြည်ခြင်းမှာ ဘုရားသခင်က ဘာကိုပဲ စီစဉ်ပါစေ ပေတရုက ဘုရားအလိုတော်ကို ရှာပြီး ဘုရားကို နာခံတယ်။ သခင့်နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဖို့ အာရုံစိုက်တယ်။ နောက်ဆုံးမှာ သူဟာ ဘုရားကို နာခံတဲ့နေရာမှာ ပြောင်းပြန်ကားစင်တင်ခံရတယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ပြီး အဓိပ္ပာယ်ရှိတဲ့ အသက်တာကို ရှင်သန်နေထိုင်ခဲ့တယ်။ ယုံကြည်သူတစ်ယောက်အနေနဲ့ ဘုရားကို နာခံပြီး ဘုရားကို ကျေနပ်စေဖို့ ကြိုးစားတာ၊ ဖန်ဆင်းခံရဲ့တာဝန်ကို ထမ်းဆောင်တာ ကိုယ့်တာဝန်ကို ထမ်းဆောင်နေတုန်းမှာ သမ္မာတရားကို သင်ယူရရှိတာ ဘုရားကို နာခံပြီး ချစ်လာတာတွေက အနှစ်မရှိတဲ့ ဘဝကို အသက်မရှင်ဘဲ အဓိပ္ပာယ်ရှိတဲ့ ဘဝကို အသက်ရှင်ဖို့ နည်းလမ်းပဲဆိုတာ အခု ကျွန်တော် သိခဲ့ပါတယ်။ ဒါက ဘုရားလက်ခံမယ့်အရာပဲ။ ဘုရားနဲ့ အမြဲတမ်း အပေးအယူလုပ်ဖို့ ကြိုးစားတာ၊ နိုင်ငံတော်ရဲ့ ကောင်းချီးတွေနဲ့ လဲလှယ်ဖို့အတွက် အလုပ် ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခြင်းကို အသုံးပြုတာတွေက အရမ်းယုတ်မာပြီး သူတို့ဘဝတွေက အဓိပ္ပာယ်နဲ့ တန်ဖိုးမရှိဘူး။ နောင်ကျရင် ကျွန်တော်က ကောင်းချီးခံရမလား၊ မခံရဘူးလားဆိုတာ ဆက်စဉ်းစားနေလို့ မရဘူး။ ကျွန်တော် အသက်ရှင်နေတဲ့ နေ့ရက်တိုင်းအတွက် သမ္မာတရားကို လိုက်စားချင်ခဲ့တယ်။ ဘုရားကို အားကိုးပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး ကြိုးစားချင်တယ်။ ဘုရားကို နာခံပြီး ကျေနပ်စေဖို့ ကြိုးစားချင်တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်းနဲ့ စိတ်သဘောထားပြောင်းလဲခြင်းကို လိုက်စားချင်တယ်။ တစ်နေ့မှာ ကျွန်တော်က အရမ်းဖျားနာပြီး သေခြင်းကို ရင်ဆိုင်ရရင်တောင် တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးမရှိတော့ရင်တောင် ဘုရားရဲ့ အုပ်စိုးခြင်းကို နာခံဦးမှာပဲ။ ကျွန်တော်အခု အာရုံစိုက်သင့်တာက ဒီအသက်တာမှာ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံးကြိုးစားခြင်းပဲ။ ကျွန်တော့်ရလဒ်က ဘာပဲဖြစ်ပါစေ၊ ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ ဘုရားရဲ့ အုပ်စိုးမှုအပေါ် မူတည်တယ်။ ဒါက ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်တော် စဉ်းစားသင့်တဲ့ အရာမဟုတ်ပါဘူး။ ကျွန်တော် ဒီလိုစဉ်းစားကြည့်တော့ တော်တော်ပိုပြီး စိတ်အေးသွားတယ်။ အဲဒီနောက်တော့ ကျွန်တော် နေ့တိုင်း ပုံမှန် ဘုရားနှုတ်ကပတ်တော်ဖတ်ပြီး ဓမ္မသီချင်းတွေ နားထောင်တယ်။ ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်တော် ဖွင့်ပြတဲ့အခါ ဆုတောင်းတယ်။ သမ္မာတရားကို ရှာဖွေပြီး ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို သိခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယမှာ ဖွင့်ပြောပြတယ်။ တဖြည်းဖြည်းနဲ့ အကျိုးအမြတ်နည်းနည်းရှိလာတယ်။ ပုံမှန်အားဖြင့် ကျွန်တော့်တာဝန်ကို ထမ်းဆောင်ဖို့ လိုတဲ့အချိန်မှာ တက်တက်ကြွကြွပါဝင်လုပ်ကိုင်တယ်။ ကျွန်တော့်ဘေးမှာရှိတဲ့သူတွေနဲ့ ဧဝံဂေလိမျှဝေဖို့ ကြိုးစားလုပ်တယ်။ ညီအစ်ကိုမောင်နှမတွေက သက်သေခံချက် ဆောင်းပါးတွေရေးနေတာကို မြင်တော့ ကျွန်တော်လည်း ဘုရားကို သက်သေခံတဲ့ ဆောင်းပါးတွေ ရေးချင်လာတယ်။ ဒီလိုလိုက်စားမှုမျိုးက ပြည့်စုံပြီး ငြိမ်ချမ်းမှာပဲလို့ ခံစားမိတယ်။ တစ်နေ့တော့ ဒီ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းကို ကျွန်တော် ကြားရတယ်။ “ဖန်ဆင်းခံလူသားများ ဘုရားထံ အသနားခံရမည်” တဲ့။ ကျွန်တော် တော်တော် တို့ထိခြင်းခံရတယ်။ အထူးသဖြင့် ပေတရုရဲ့ အတွေ့အကြုံကို ပြောထားတဲ့ ဒုတိယအပိုဒ်က ကျွန်တော့်အတွက် တို့ထိစရာပဲ။
၂ အတိတ်တွင် ပေတရုသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရသည်။ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသတ္တဝါတစ်ဦးသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့ကြောင့် သူ ဆန္ဒရှိသည်အတိုင်း သင့်ကို နေရာချဖို့ရန်အတွက်၊ သင်သည် အချိန်ဆွဲမနေဘဲ သင့်ကိုယ်သင် ဘုရားသခင်ထံ မြန်မြန် ပေးအပ်သင့်သည်။ ယင်းက ဘုရားသခင်အား ပျော်ရွှင်စေပြီး ကျေနပ်စေသရွေ့၊ သင်နှင့်ပတ်သက်၍ သူ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ပါလေ့စေ။ လူသားများသည် စောဒကတက်သည့် စကားများ ပြောဆိုရန် မည်သည့်အခွင့်ရှိသနည်း။ လူသားများသည် စောဒကတက်သည့် စကားများ ပြောဆိုရန် မည်သည့်အခွင့်ရှိသနည်း။
—သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ
ဒါကိုကျွန်တော် ထပ်ခါထပ်ခါ နားထောင်တယ်။ နားထောင်လို့ကို မဝနေဘူး။ စာကြောင်းတစ်ကြောင်းတိုင်းက ကျွန်တော့်အတွက် ခွန်အားရပြီး တို့ထိခြင်းခံရတယ်။ မျက်ရည်တွေကျလာတာကို မထိန်းနိုင်ဘူး။ ကျွန်တော်က စာတန်ဖျက်ဆီးခံထားရတဲ့ ဖန်ဆင်းခံဖြစ်ပြီး ဒီလိုအသက်ကြီးတဲ့အရွယ်အထိ အသက်ရှင်ခဲ့တယ်။ ဘုရားနောက်လိုက်ပြီး ဘုရားအမှုတော်ကို ကြုံတွေ့ဖို့၊ ဘုရားကို သက်သေခံပြီး ဘုရားအတွက် အသက်ရှင်ဖို့ အခွင့်အရေးရှိနေသေးတယ်။ ဒါဟာ သိပ်ကြီးမြတ်တဲ့ ကောင်းချီးတစ်ခုပါပဲ။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်တာ၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သိတာ၊ ကိုယ့်ရဲ့ ကောင်းချီးရချင်တဲ့ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတဲ့ ရည်ရွယ်ချက်တွေကို ပြောင်းလဲတာက ဘုရားရဲ့ ကောင်းချီးဖြစ်နေပါပြီ။ ဘုရားသခင်က ကျွန်တော့်ကို ဘာမှမပေးရင်တောင် ကျွန်တော် အဆုံးထိ ဘုရားကို ချီးမွမ်းမယ်။ ကျွန်တော့်ဘဝက ထိုက်တန်လာမှာပဲ။ ဘုရားသခင်ရဲ့ ကျိုးကြောင်းသင့်ပြီး နာခံတတ်တဲ့ ဖန်ဆင်းခံဖြစ်ဖို့ အားထုတ်ချင်တယ်။ ကျွန်တော့်ကျန်းမာရေး၊ ကျွန်တော့်ရလဒ်တွေက ဘာပဲဖြစ်ပါစေ ဘုရားရဲ့ အစီအစဉ်တွေကို နာခံချင်ပါတယ်။