၃၁။ “ကျွမ်းကျင်သူ” မဖြစ်တော့ခြင်းက လွန်စွာ လွတ်မြောက်မှုရသည်
အစ်မ အရင်က သွားနဲ့မေးရိုးဆိုင်ရာလက်ထောက် အကြီးအကဲအဖြစ် ဆေးရုံတစ်ခုမှာ အလုပ်လုပ်ဖူး တယ်။ ဒီအပေါ်မှာ ဆယ်စုနှစ် လေးခုကြာအောင် မြှုပ်နှံထားခဲ့ ပြီး ဆေးကုသမှုနဲ့ဆိုင်တဲ့ အတွေ့အကြုံ အတော်လေး စုဆောင်းမိခဲ့တယ်။ အစ်မရဲ့ဆေးပညာနဲ့ဆိုင်တဲ့ ကျွမ်းကျင်မှုကြောင့် လူနာတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကောင်းကောင်း လေးစားခဲ့ကြတယ်။ နောက်ပြီး အစ်မသွားတဲ့ နေရာတိုင်းမှာ အကြည်ညိုခံ ရ၊ အလေးစားခံခဲ့ရတယ်။ အစ်မဟာ ထူးခြားသလိုမျိုး၊ သူများထက်သာနေသလိုမျိုး ခံစားခဲ့ရတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ အသင်းတော်မှာ ခေါင်းဆောင်တွေနဲ့ ဝေယျာဝစ္စ ဆောင်ရွက်သူတွေအဖြစ် အမှုထမ်းနေကြတဲ့ ညီအစ်ကိုမောင်နှမတွေဟာ မိဿဟာရပြုမှုကို ဝေမျှပြီး တွေ့ဆုံပွဲတွေမှာ ပြဿနာကို ဖြေရှင်းဖို့ ကူညီတာ အချို့က ဆောင်းပါးတွေရေးနေတာ ဒါမှမဟုတ် ဗီဒီယိုတွေ ဖန်တီးနေတာကို အစ်မတွေ့ခဲ့ရတယ်။ အစ်မ တကယ်ပဲ သူတို့ကို အားကျမိပြီး သူတို့ဟာ သူတို့ဆောင်ရွက်တဲ့ တာဝန်တွေအတွက် လေးစား ခံရမှာပဲလို့ ခံစားမိတယ်။ အိမ်ရှင်လုပ်ပေးရတာမျိုး ဒါမှမဟုတ် အထွေထွေ ကိစ္စရပ်တွေ ကိုင်တွယ်တာမျိုးဟာ နှိမ့်ချနေရပြီး နာမည်မရဘူးလို့ ထင်ပြီးတော့ ဒီတာဝန်တွေကို အထင်သေးခဲ့တယ်။ “ငါဘယ်တော့မှ ဒီတာဝန်မျိုးကို မလုပ်ဘူး။ ငါ့မှာ လူမှုရေးအဆင့်အတန်းနဲ့ ကောင်းမွန်တဲ့ ပညာရေးရှိတယ်။ တကယ်လို့ ငါသာတာဝန်တစ်ခု လုပ်ရမယ်ဆိုရင် အဲ့ဒီတာဝန်က ငါ့အဆင့်အတန်းအတွက် သင့်လျော်တဲ့ တစ်ခုခုဖြစ်စေရမယ်”လို့ အစ်မ တွေးခဲ့တယ်။
၂၀၂၀ခုနှစ်ထဲမှာ တရုတ်နှစ်သစ်ကူးပြီးတဲ့နောက် အသင်းတော်ခေါင်းဆောင် တစ်ယောက်က အစ်မကိုရှာပြီး ပြောတယ်။ “နေထိုင်ဖို့ ဘေးကင်းတဲ့ နေရာတစ်ခုမရှိတဲ့ စာရေးတာဝန်ယူထားတဲ့ ညီမတချို့ရှိတယ်။ အစ်မကို ယုံကြည်သူအဖြစ် လူသိမများတာ ကြောင့် အစ်မရဲ့အိမ်က တော်တော်ဘေးကင်း လောက်ပါတယ်။ အစ်မသူတို့အတွက် အိမ်ရှင်လုပ်ပေးနိုင်မလား” တဲ့။ အစ်မတွေးမိတယ်။ “ငါတာဝန်တစ်ခုကို ထမ်းဖို့ ပျော်ရွှင်ရပေမဲ့ ငါ့လို အဆင့်မြင့်တဲ့ လက်ထောက်ဆရာဝန် အကြီးအကဲတစ်ယောက်က ကျွမ်းကျင်ပညာရှင် တစ်ယောက်က အိမ်ရှင်အဖြစ်နေတာ၊ မီးဖိုပူပူမှာ မနားတမ်းလုပ်ပြီး စားပွဲနားမှာသုတ်သုတ်ပျာပျာ ပြေးနေရတာက အခြေခံအားဖြင့် ငါက ကလေးထိန်းတစ်ယောက်နဲ့ တူမနေဘူးလား” ပေါ့။ အစ်မဒုက္ခရောက်သလိုမျိုး ခံစားရတယ်။ အိမ်ရှင်လုပ်တဲ့တာဝန်ထက် သိက္ခာရှိတဲ့တာဝန် လုံးဝမရှိတော့ဘူးလား။ အဲဒီတာဝန်က ဘာပဲဖြစ်ဖြစ် အဆင့်အတန်းနည်းနည်းရှိတဲ့ တာဝန်တစ်ခု ဒါမှမဟုတ် ကျွမ်းကျင်မှု တစ်စုံတစ်ရာလိုအပ်တဲ့ တာဝန်တစ်ခု အစ်မ ရသင့်တယယ်လို့ထင်မိတယ်။ အဲဒီလိုမှ မဟုတ်ရင် အစ်မအဆင့်ချခံရတယ်လို့ ခံစားရတယ်။ အိမ်ရှင်လုပ်တဲ့တာဝန်က အစ်မရဲ့စွမ်းရည်တွေကို ဖြုန်းတီးနေတာမလား။ အိမ်မှာနေ ပြီး တခြားသူတွေအဖို့ ချက်ပြုပ်ပေးဖို့သက်သက် အတွက် ကျွမ်းကျင်သူတစ်ယောက်အဖြစ် အစ်မရဲ့ အရမ်း ကောင်းတဲ့ နေရာကို လက်လွှတ်လိမ့်မယ်လို့ အစ်မရဲ့ မိတ်ဆွေတွေနဲ့ မိသားစုကသာ သိသွားရင် သူတို့တွေ သေလောက်အောင်ရယ်ကြမှာ မဟုတ်ဘူးလား။ အစ်မ အဲ့ဒီအကြောင်းတွေးလေလေ စိတ်ထိခိုက် လေလေပဲ အစ်မရဲ့အတွေးက ဒါဟာ အသင်းတော်အတွက် အစောတလျင် လိုအပ်ချက်တစ်ခု ဖြစ်တယ်။ ဒါကြောင့် ဒါဟာ အစ်မလိုချင်တဲ့အရာ တကယ်မ ဟုတ်ခဲ့ပေမဲ့ ဒီလို အကျပ်အတည်းဖြစ်ချိန်မှာ အစ်မအစ်မ မငြင်းနိုင် ဘူး။ လူသားဆန်မှုမရှိသလို ဖြစ်မှာပဲ။ အစ်မဟာ ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့နေတုန်း ဖြစ်ပြီး သမ္မာတရားကို အများကြီး နားမလည်တာ ကြောင့် စာရေးဝာာဝန်ကျတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ အပြန်အလှန် ဆက်ဆံခြင်းအားဖြင့် အစ်မသူတို့ဆီက သင်ယူနိုင်မယ်။ နောက်ပြီး သူတို့နဲ့အတူတူ အလုပ်လုပ်ဖို့ ပြောင်း ရွှေ့ခံရနိုင်တယ်လို့ နောင်မှာအတွေးပေါ်လာတယ်။ အိမ်ရှင်လုပ်တဲ့တာဝန်က ယာယီဖြစ်လိမ့်မယ်လို့ အစ်မယူဆခဲ့တယ်။ နောက်ပြီး ဒီလို စိုးရိမ်စရာကောင်းတဲ့ တစ်ကမ္ဘာ လုံးဆိုင်ရာ ရောဂါြဖစ်ပွားတဲ့ အခြေအနေမှာ ဆေးရုံဆိုတာ အဆိုးဆုံးဖြစ်နိုင်တယ်။ နောက်ပြီး အစ်မ အလုပ်ထပ်မလုပ်ချင်တော့ဘူး။ ဒါကြောင့် အစ်မ နှုတ်ထွက်ပြီး အိမ်ရှင်လုပ်တဲ့ တာဝန်တွေကို အရံသင့် လက်ခံခဲ့တယ်။
အစ်မက အလုပ်အမြဲရှုပ်နေခဲ့တာကြောင့် ဘယ် တုန်းကမှ များများစားစား မချက်ပြုတ်ဖူးဘူး။ ညီမတွေ အရသာရှိတဲ့ ဟင်းတွေ စားရအောင်လို့ ဟင်းချက်နည်းကို ခေါင်းမဖော်ဘဲ လေ့လာခဲ့တယ်။ ဒါပေမဲ့ ဒါတွေကိုချက်ပြီးတာနဲ့ စားပွဲဆီကို အစ်မ ဘယ်တော့မှ သယ်မသွားချင်ဘူး။ ဒါဟာအစေခံ တစ်ယောက်ရဲ့ တာဝန် တစ်ခုလိုမျိုး ခံစားရတယ်။ ဆေးရုံမှာ အစ်မထမင်းစားတဲ့အခါ အစ်မအတွက် အသင့်ချက်ပြီးသား တစ်ခုခု ယူလာပေးမယ့် တစ် ယောက်ယောက်က အမြဲရှိခဲ့တယ်။ နောက်ပြီး အစ်မ ဘယ်အဆောင်မှာ ရောက်နေ ပါစေ လုပ်ဖော်ကိုင်ဖက်တွေက မတ်တပ်ရပ်ပြီး အစ်မနဲ့စကားပြောတယ်။ အစ်မသွားတဲ့နေရာတိုင်းမှာ အရမ်းလေးစားခံရ တယ်။ အခုတော့ တစ်နေဝင်တစ်နေထွက် ရှေ့ဖုံးခါးစည်း နဲ့ ဆီစွန်းနေတဲ့ အဝတ်အစားဝတ်နေရတယ်။ ဒီညီမတွေက ကောင်းမွန်သန့်ရှင်းတဲ့ အဝတ်အစား တွေဝတ်ပြီး ကွန်ပျူတာတွေရှေ့ ထိုင်နေတုန်းမှာ အစ်မက ဆီပေနေတဲ့ အိုးတွေဒယ်တွေကို တိုက်ချွတ်ရင်း အစ်မရဲ့အချိန်ကို ကုန်လွန်ရတယ်။ အစ်မ တကယ်ပဲ နာကျင်မှုနဲ့ စိတ်ထိခိုက်မှုကို ခံစားရတယ်။ ဒါက အစ်မကို ဒီလိုတွေးမိစေတယ်။ “ဉာဏ်သုံးတဲ့ သူတွေက ဉာဏ်မသုံးတဲ့လူတွေကို ဉီးမိုးလိမ့်မယ်” နောက်ပြီး “ရတနာရှိရာ ရတနာစုလိမ့်မယ်” လို့ ချက်ပြုတ်တာနဲ့ အိမ်ရှင်တစ်ယောက်လုပ်ရတာက ကာယအလုပ်ပဲ။ ဒါဟာ တခြားသူတွေနဲ့ မတူညီတဲ့ အဆင့်တစ်ခုမှာ ရှိနေတယ်။ ဒီဟာကို တွေးမိတာက အစ်မကိုပိုပိုပြီး စိတ်မချမ်း မသာ ဖြစ်စေတယ်။ နောက်ပြီး ကြီးမားတဲ့အလေးတစ်ခုက အစ်မအ ပေါ်ကို ဖိချနေသလိုမျိုး ဝန်လေးမှုကို ခံစားရတယ်။ အစ်မ ဒီတာဝန်ကို ရေရှည်မလုပ်ချင်ခဲ့ဘူး။ အစ်မ တွေးမိတယ်။ “ငါဆေးပညာနဲ့ဆိုင်တဲ့ စာတမ်းတွေရေးခဲ့ပြီး ဒီနယ်ပယ်ထဲမှာ အချီးကျူးခံခဲ့ရတာပဲ ငါ့ရဲ့ အရေးအသား ကျွမ်းကျင်မှုမရှိတာ မဖြစ်နိုင် ဘူး။ တကယ်လို့ ကောင်းမွန်တဲ့ သက်သေခံချက် ဆောင်းပါးတွေကို ငါရေးနိုင်မယ်ဆိုရင် ခေါင်းဆောင်က ငါ့ရဲ့ပင်ကိုစွမ်းရည်ကိုတွေ့ပြီး အဲ့ဒီတာဝန်ပေးချင်ပေးမှာ ဒါဆို ဒီအိမ်ရှင်လုပ်ရတဲ့ တာဝန်ကနေ လွတ်ကောင်းလွတ်မှာပဲ” လို့ အစ်မဟာ အစ်မရဲ့အတွေ့အကြုံနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေရေးရင်း စပြီးတော့ စောစောထ နောက်ကျမှအိပ်တယ်။ ညီမတွေက အဲ့ဒါတွေကိုဖတ်ပြီး မဆိုးဘူးလို့ ပြောကြတယ်။ ပီတိဖြာရင်း အဲဒါတွေကို ခေါင်းဆောင်ဆီပို့လိုက် တယ်။ ဒါပေမဲ့ အစ်မစောင့်ပြီးရင်းစောင့်ခဲ့တယ်။ အစ်မကို စာရေးတဲ့တာ၀န်မပေးသေးဘူး။ အစ်မအရမ်းစိတ်ပျက်သွားတယ်။ နောက်ပြီး ဆောင်းပါးတွေရေးဖို့အတွက် အစ်မရဲ့စိတ်အား ထက်သန်မှုက တဖြည်းဖြည်းပျောက်သွားတယ်။ နောက်တော့ ရက်အနည်းငယ်အတွင်းမှာ အသင်းတော်ဟာ ဗီဒီယိုထုတ်လုပ်ရေးအတွက် လူထပ်လိုတယ်လို့ အစ်မကြားခဲ့ရပြီး အစ်မတွေးမိတယ်။ “ဗီဒီယိုထုတ်လုပ်ရေးဟာ ကျွမ်းကျင်မှုတချို့ကိုလိုအပ်တဲ့ တာ၀န်တစ်ခုပဲ။ ခုဆို ငါ့မှာ အခွင့်အရေးတစ်ခုရပြီ။ ငါသာ ကွန်ပျူတာကို ဒီထက်ပိုကောင်းအောင် သုံး နိုင်ရင် ငါဟာ ပင်ကိုစွမ်းရည်ရှိတဲ့သူ၊ ကျွမ်းကျင်မှု တွေရှိတဲ့ လူတစ်ယောက်ဖြစ်လာမှာပဲ” ပေါ့။ ဗီဒီယိုထုတ်လုပ်ရေး ကျွမ်းကျင်မှုတချို့ကို လေ့လာ ဖို့ နောက်ထပ်တစ်ခါ စောစောထ နောက်ကျမှအိပ် လုပ်ပြန်တယ်။ ဒါပေမဲ့ အသက်ပိုကြီးတာကြောင့် ကိစ္စတွေကို လူငယ်တွေလောက် မြန်မြန်မလုပ်နိုင်ခဲ့ဘူး။ အလျဉ် မမီနိုင်ခဲ့ဘူး။ ဒီမျှော်လင့်ချက်လည်း တစ်ကြိုးတည်း လစ်သွား တယ်။ အစ်မတကယ်ပဲ မျှော်လင့်ချက်ကုန်နေခဲ့တယ်။ အဆင့်ပိုမြင့်တဲ့ တာဝန်က အစ်မအတွက် အလား အလာမရှိသလိုပဲ နောက်ပြီး အစ်မမှာ ဒီအလုပ်ကြမ်းမျိုးနဲ့ တစ်နေခဲ့ တယ်။ အစ်မမှာ ပစ်ပယ်ခံရသလိုမျိုး ခံစားရတယ်။ ရက်အနည်းငယ်ကြာအောင် အစ်မ ကောင်းကောင်းမစားဘူး။ ကောင်းကောင်းမအိပ်ဘူး။ ချက်ပြုတ်နေရင်းတန်းလန်း အစ်မ ဘာလုပ်နေလဲ ဆိုတာ မေ့မေ့နေတယ်။ ဘာကိုမှ အာရုံမစိုက်နိုင်ခဲ့ဘူး။ တစ်ခါတလေ အသီးအရွက်တွေလှီးနေတုန်း ဓါးရှတယ် ဒါမှမဟုတ် လက်ကို အပူထိတယ်။ ပန်းကန်ပြားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေက ကြမ်းပြင်ပေါ် ကျကျနေပြီး ဆိုးဆိုးရွားရွား ဝုန်းဒိုင်းကြဲတဲ့အသံတွေဖြစ်ပြီး ကိုယ့်ဘာသာလန့်လန့်သွားတယ်။ ညီမတေက ဆူဆူညံညံကြားတိုင်း သူတို့ ဘာပဲ လုပ်နေလုပ်နေ ပစ်ချထားခဲ့ပြီး သန့်ရှင်းရေးလုပ် ရာမှာ အစ်မကို ကူညီဖို့ အပြေးရောက်လာတယ်။ သူတို့ရဲ့တာဝန်ကိုလုပ်နေရာကနေ အာရုံပျက် အောင် အစ်မ ဘယ်လိုလုပ်နေသလဲဆိုတာ မြင်ရင်း အစ်မ စိတ်ထဲမှာ မကောင်းဘူး။ အစ်မရဲ့ ဒုက္ခထဲကနေ ဘုရားသခင်ဆီ ဆုတောင်းခဲ့ တယ်။ “ဘုရားသခင်၊ အခုဆို ကျွန်မကို အိမ်ရှင်လုပ်တဲ့ တာဝန်ပေးထားပါတယ်။ ဒါဟာ ကျွန်မအတွက် အရမ်း နိမ့်ကျတယ်လို့ ထင်ရတယ်။ မတရားဘူးလို့ ခံစားရပြီး ကျွန်မ မနာခံနိုင်ပါ ဘူး။ ဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျွန်မမသိ ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြတော်မူပါ”လို့
အဲ့ဒါပြီးတဲ့နောက် နှုတ်ကပတ်တော်ထဲမှာ ဒီဟာကို အစ်မဖတ်ခဲ့တယ်။ “သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ သင်သည် ‘ဤအလုပ်သည် ဘုရားသခင်မှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ငါ့ကိုမထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရစေသည့် ငါရထားသောအလုပ်ကို တာဝန်ဟု အဘယ်သို့ ခေါ်နိုင်မည်နည်း။ ဤအလုပ်သည် ငါလက်မခံနိုင်သောအလုပ်ဖြစ်သည်။ ဤအလုပ်သည် ငါ့တာဝန်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင်ကင်းဖို့ လိုသည်။’ ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ လာသည့်အရာကို မလက်ခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာ၀န်ကို ငြင်းပယ်ခြင်းဖြစ်သည်။ သင့်ပုန်ကန်တတ်မှု၏ သရုပ်သကန်ဖြစ်၏။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေးအကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင့်ကိုယ်ကျိုး၊ သင့်ဂုဏ်သတင်း၊ စသည်တို့ကို ထည့်သွင်းစဉ်းစားသောအခါ၊ တာဝန်အပေါ်ထားရှိသော သင်၏သဘောထားသည် နာခံမှု မဟုတ်ပေ။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။”) ဒီကျမ်းပိုဒ်က တကယ်ပဲ အစ်မရဲ့နှလုံးသားကို စူးဝင်သွားတယ်။ နှုတ်ကပတ်တော်က အစ်မရဲ့ အခြေအနေအတိအ ကျကို ဖော်ပြခဲ့တယ်။ အစ်မက ကိုယ့်ကိုယ်ကို အဆင့်အတန်းရှိတဲ့ အောင်မြင်တဲ့ ကျွမ်းကျင်သူတစ်ယောက်အဖြစ် ထင်မြင်ခဲ့တယ်။ ဒါကြောင့် အစ်မဟာ ဘယ်နေရာသွားသွား ဉီးစားပေးခံသင့်တယ် လေးစားသင့်တယ်လို့ ထင်ခဲ့တယ်။ ဒီအချက်ကို အဆုံးစွန်အသုံးချပြီး လူကြားထဲမှာ ခေါင်းတစ်လုံးသာချင်တယ်။ အစ်မကို အိမ်ရှင်လုပ်ရတဲ့ တာဝန်ပေးတဲ့အခါ အစ်မရဲ့ အဆင့်အတန်းကို အဆင့်လျှော့ခံရသလို မျိုး ဒါဟာ မတရားသလိုမျိုး အစ်မခံစားခဲ့ရတယ်။ ဒါပေမဲ့ တရားစီရင်မှုနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ် တော် ဖော်ပြချက်တွေက အိမ်ရှင်လုပ်တဲ့တာဝန်အပေါ် အစ်မ အထင်သေး တဲ့အကြောင်းရင်းက အစ်မဟာ ဘုရားအိမ်တော် မှာရှိတဲ့ အစ်မရဲ့တာဝန်ကို မယုံကြည်သူတစ်ယောက်ရဲ့ ရှုထောင့်ကနေကြည့် နေတာ ဖြစ်တယ်လို့ ပြသခဲ့တယ်။ အစ်မဟာ တာဝန်တွေကို အဆင့်အတန်းသတ် မှတ်ရင်း အနိမ့်၊ အမြင့်ပုံစံနဲ့ ကြည့်နေ ခဲ့တယ်။ တကယ်လို့ အစ်မ ထင်ပေါ်ကျော်ကြားမယ် ဆိုရင် အဲဒါကိုလုပ်ဖို့ အစ်မပျော်ရွှင်တယ်။ ဒါပေမဲ့ မထင်ပေါ်တဲ့ ဘယ်အရာကိုမဆို အစ်မ အထင်သေးခဲ့တယ်။ အဲဒီအမြင်က အစ်မရဲ့ ကိုယ်ပိုင်တာဝန်ကို မကျေ ပွန်အောင် တားနေခဲ့တယ်။ နောက်ပြီး အစ်မက အရှုံးတောင်ပေးချင်ခဲ့တယ်။ အစ်မရဲ့တာဝန်မှာ ဘုရားသခင်ရဲ့ အလိုတော်ကို နည်းနည်းလေးမှ ဂရုတစိုက် မတွေးခဲ့ဘူး။ ကိုယ့်ကိုယ်ကို ကြည့်ကောင်းအောင်လုပ်ဖို့ နာမည် နဲ့ အဆင့်အတန်းနောက်လိုက်ဖို့ အားလုံးက ကိုယ့်အတွက်လုပ်တယ်ဆိုတာ ရှင်းပါတယ်။ ဘုရားသခင်က အဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ဆောင်ရွက်ခွင့်ပြုခြင်းအားဖြင့် အစ်မကို မြှင့်တင်နေခဲ့တယ်။ ပြီးတော့ ဒါဟာ အစ်မအတွက် သူ့ရဲ့ စေခိုင်းချက်ပဲ။ ဒါပေမဲ့ အစ်မက ကိုယ်ပိုင်ဉီးစားပေးမှုတွေအပေါ် အခြေခံပြီး ရွေးနေခဲ့တယ်။ ဒါဟာလုံးဝ မသင့်တော်ပါဘူး။ ဒါကို သဘောပေါက်တဲ့အခါ အစ်မဟာ ဘုရား သခင်အပေါ် အရမ်းပဲအကြွေးတင်သလို ခံစားခဲ့ရတယ်။ အစ်မရဲ့တာဝန်ကို စိတ်ပါလက်ပါလုပ်ဖို့ တိတ်တ ဆိတ် ဆုံးဖြတ်ခဲ့တယ်။
အဲဒီနောက်တော့ အစ်မဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို တမင်တကာ စားသောက်ပြီး အစ်မရဲ့အခြေအနေအရ ဆုတောင်းခဲ့တယ်။ နောက်ပြီး သံသယတေမရှိဘဲ အိမ်ရှင်အဖြစ် ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါပေမဲ့ နောင်မှာဖြစ်တဲ့အရာက အစ်မကို နောက်တစ်ကြိမ် ကတောက်ကစ ဖြစ်စေခဲ့တယ်။ အစ်မအိမ်မှာ လက်ခံထားတဲ့ ညီမတစ်ယောက်က အသင်းတော်ခေါင်းဆောင် တစ်ယောက်အဖြစ် ရွေးမြောက်ခံရပြီး အစ်မ တကယ်ပဲသူ့ကို အားကျခဲ့တယ်။ အစ်မတွေးတယ်။ “စာရေးတာဝန်ယူထားတဲ့ လူတစ်ယောက်ကို အရမ်းတန်ဖိုးထားတာ ငါမြင်နိုင်တယ်။ သူတို့ တကယ်ပဲ ကျော်ကြားအောင် လုပ်နိုင်ကြ တယ်။ သူတို့ အလုပ်ကောင်းကောင်းလုပ်ခဲ့ရင် ခေါင်းဆောင်တစ်ယောက်တောင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ အိမ်ရှင်လုပ်တဲ့ တာဝန်ယူထားတဲ့ လူတစ် ယောက်ဆီမှာ ဘယ်လိုအနာဂတ်မျိုးရှိသလဲ ရှေ့ဖုံးခါးစီးကို ငါအမြဲဝတ်ထားရပြီးတော့ ဆီတွေအဆက်မပြတ်ကျနေပြီး မီးခိုးလိုအနံ့ထွက် နေတယ်။ စားစရာ ထွက်ဝယ်တဲ့အခါတိုင်း ငါသိတဲ့ တစ်ယောက်ယောက်နဲ့ တွေ့ပြီး ငါရဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို ဘာလို့ အသုံးမချတာလဲလို့ အမေးခံရမှာ ကြောက်ခဲ့တယ်။ ငါဟာ နံရံတွေနားကပ်ရင်း ငါ့ခေါင်းကို ဒီလိုပဲငုံ့ပြီး ခပ်လျိုလျိုနေဖို့ ကြိုးစားတယ်။ ငါအိမ်ပြန်မရောက်ခင်အထိ အသက်လွယ်လွယ် မရှူနိုင်ဘူး။ အရင်ကဆို ငါဘယ်ပဲသွားသွား ငါ့ကိုယ်ငါအရေး အပါဆုံးနေရာမှာ ထားခဲ့တယ်။ မကြာခဏဆိုသလို ဟောပြောရင်း စင်ပေါ်ရောက်ခဲ့တယ်။ လူတိုင်းက ငါ့ကို လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားကြ တယ်။ ဒါပေမဲ့ အခုတော့ ငါ့ကို ဘယ်သူမှ မမြင်စေချင်ဘူး။ အသီးအရွက်နည်းနည်းဝယ်ဖို့သက်သက်ကို ငါ့မှာ ခိုးကြောင်ခိုးဝှက်လုပ်နေရတယ်” ပေ့ါ။ အစ်မတော့ ပိုပိုပြီး စိတ်မချမ်းမသာ ဖြစ်မိတယ်။ လောကမှာ ထင်ပေါ်ဖို့ဆိုတာကို အစ်မ စိတ်ထဲက ထုတ်လို့မရခဲ့ဘူး။ “ကျွမ်းကျင်သူ” “ဒါရိုက်တာ” နဲ့ “ပါမောက္ခ”လို့ အခေါ်ခံရတဲ့ အတိတ်ကို တကယ်ပဲ တစ်သသ ဖြစ်မိတယ်။ ခေါင်းဆောင်တွေရဲ့ လေးစားမှု လုပ်ဖော်ကိုင်ဖက် တွေရဲ့ချီးမွမ်းမှုနဲ့ လူနာတွေရဲ့ ခြံရံမှုတွေကို စားမြှုံ့ပြန်တာကို မလုပ်ဘဲမနေနိုင်ဘူး။ ဒါဟာ အသက်ရှင်ဖို့အတွက် အောင်မြင်တဲ့ နည်းလမ်းတစ်ခုလို ခံစားရတယ်။ ကြက်တစ်ကောင်အဖြစ်ကို ပြောင်းသွားတဲ့ ဖီးနစ်ငှက်လို အစ်မ ခံစားခဲ့ရပြီး ဘယ်အချိန်မှာ ဒီတာဝန်ပြီးပါ့မလဲလို့ သိချင်ခဲ့ တယ်။ မနာလိုနည်းနည်းမဖြစ်ဘဲ မနေနိုင်ဘူး။ ညီမတွေ သူတို့ရဲ့စားစရာတွေကို အရသာတွေ့နေ တာ မြင်ပေမယ့်လဲ အစ်မ ဘာမှမျိုမကျနိုင်ခဲ့ဘူး။ အစ်မ ကိုယ်အလေးချိန် တော်တော်ကျသွားတယ်။ နောက်တော့ ဆေးရုံဒါရိုက်တာက မမျှော်လင့်ဘဲ အစ်မကို ခေါ်ခဲ့တယ်။ တစ်ကမ္ဘာလုံးပျံ့နှံ့နေတဲ့ ရောဂါကြီးကို ထိန်းချုပ် လိုက်ပြီလို့ ပြောရင်း အလုပ်ပြန်ဆင်းချင်လားလို့ အစ်မကိုမေးတယ်။ ဂုဏ်ဒြပ်ရှိတဲ့ဘဝကို တစ်ဖန်ပြန်ရှင်သန်ဖို့နဲ့ ကျွမ်း ကျင်သူတစ်ယောက်ရဲ့ ရာထူးကို ဆင်မြန်းဖို့အ တွက် အလုပ်ပြန်ဆင်းတာဟာ အရမ်းကောင်းမှာပဲလို့ တွေးရင်း အစ်မ နောက်တစ်ကြိမ် စိတ်လှုပ်ရှားမိတယ်။ ဒါပေမဲ့ အိမ်ရှင်လုပ်တဲ့တာဝန်က အရေးကြီးမှန်း ညီမတွေရဲ့ လုံခြုံရေးအတွက်သတိထားဖို့လိုမှန်း အစ်မသိခဲ့တယ်။ အစ်မဘာသာ အလုပ်ပြန်ဆင်းမယ်ဆိုရင် သူတို့ကို အိမ်ရှင်အဖြစ်နဲ့ လက်ခံနိုင်တော့မှာ မဟုတ်ဘူး။ အစ်မ အလျင်အမြန်ပဲ ဘုရားသခင်ဆီမှာ ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ကျွန်မ ဒီအိမ်ရှင်လုပ်တဲ့ တာဝန်ကို တကယ်ဘဲ ဘယ်တုန်းကမှ မနာခံနိုင်ခဲ့ဘူး။ ကျွန်မဟာ အတိတ်ကို အလွယ်တကူ လက်မလွှတ် နိုင်ဘူး။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို နားလည်ဖို့ လမ်းညွှန် ပြီး ကျွန်မ နာခံဖို့ ကူညီပေးပါ” ဆိုပြီးတော့။
အစ်မရှာဖွေရင်း နှုတ်ကပတ်တော်ထဲမှာ ဒါကို တွေ့ခဲ့တယ်။ “လူတစ်ဦး၏ ကိုယ်ပိုင်တန်ဖိုး၊ လူမှုရေး အဆင့်အတန်း၊ သို့မဟုတ် မိသားစု နောက်ခံတို့ကို သင်တို့ မည်သို့ သဘောထားရမည်ကို စဉ်းစားဆင်ခြင်လော့။ ထားရှိဖို့ အသင့်တော်ဆုံး သဘောထားမှာ အဘယ်နည်း။ ပထမဆုံးအနေဖြင့်၊ ၎င်းတို့အား ဘုရားသခင် မည်သို့ မြင်သည်ကို သိဖို့ ဘုရားနှုတ်ကပတ်တော်များကို လူတို့ ကြည့်ရမည်။ ဤနည်းအားဖြင့်သာ လူတစ်ဦးသည် သမ္မာတရားကို နားလည်မှုတစ်ခု ရရှိပြီး၊ ထိုအခါမှသာလျှင် လူတစ်ဦး သမ္မာတရားနှင့် ဆန့်ကျင်သည့် အမှုအရာများ လုပ်ဆောင်ခြင်းအား ရှောင်ကြဉ်နိုင်ပေသည်။ သို့ဆိုလျှင် လူတစ်ဦး၏မိသားစု နောက်ခံအကြောင်း၊ လူမှုရေးအဆင့်အတန်း၊ ၎င်းတို့၏ ပညာရေးအဆင့်နှင့် လူ့အဖွဲ့အစည်းတွင် ၎င်းတို့ ရရှိသည့် ချမ်းသာကြွယ်ဝမှုတို့ကို ဘုရားသခင်က မည်သို့ သဘောထားသနည်း။ အရာအားလုံး၏အခြေခံအဖြစ် ဘုရားနှုတ်ကပတ်တော်များကို သင်အသုံးမပြုဘဲ၊ သူ့ထံမှ မည်သည့်အရာမဆို လက်ခံရရှိဖို့ သူ့ဘက်တွင် မရပ်တည်နိုင်လျှင်၊ အရေးကိစ္စများအပေါ် သင်၏အမြင်များနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်တို့အကြား ခြားနားချက်တစ်ခု ဧကန်မုချ ရှိလိမ့်မည် ဖြစ်သည်။ ကွာဟချက်က သိပ်မကြီးမားဘဲ၊ အသေးစား သွေဖည်မှုတစ်ခုသာ ဖြစ်ပါက၊ ယင်းမှာ ပြဿနာဖြစ်မည် မဟုတ်ချေ၊ သို့ရာတွင် သင်၏အမြင်များသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို လုံးလုံးဆန့်ကျင်ပါက၊ ယင်းတို့သည် သမ္မာတရားနှင့် မကိုက်ညီပေ။ ဘုရားသခင်၏အမြင်ရှုထောင့်မှ၊ လူတစ်ဦးကို သူမည်မျှပေးသည်ဆိုသည့်အပေါ် သူသည် ဆုံးဖြတ်ပိုင်ခွင့် ရှိပြီး၊ လူ့အဖွဲ့အစည်း၌ သင်၏နေရာကို သူက ဆုံးဖြတ်ပေးသည်၊ အခြားမည်သူတစ်ဦးကမျှ ဆုံးဖြတ်သည် မဟုတ်ပေ။ ဘုရားသခင်သည် လူတစ်ဦးကို ဆင်းရဲတွင်း၌ ထားပါက၊ ထိုလူသည် ကယ်တင်ခြင်း မျှော်လင့်ချက် မရှိဟု အဓိပ္ပာယ်ရသလော။ ၎င်းတို့သည် လူ့အဖွဲ့အစည်းဆိုင်ရာ စံနှုန်းဖြစ်စေ၊ လူမှုရေးအဆင့်အတန်းဖြစ်စေ နိမ့်ကျလျှင်၊ ဘုရားသခင်က ၎င်းတို့အား မကယ်တင်မည်လော။ ၎င်းတို့သည် လူမှုရေးအဆင့်အတန်း နိမ့်ကျလျှင် ၎င်းတို့အား ဘုရားသခင်က နိမ့်ကျစွာ မှတ်ယူသောကြောင့်များ ဖြစ်နိုင်သလော။ သေချာပေါက် မဟုတ်ချေ။ သို့ဆိုလျှင် တကယ် အရေးကြီးသည်မှာ အဘယ်နည်း။ အရေးကြီးသည့်အရာမှာ ထိုသို့သောလူတစ်ဦး လိုက်လျှောက်သည့် လမ်းကြောင်း၊ ၎င်း၏လိုက်စားမှုများ၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်း၏သဘောထားတို့ဖြစ်သည်။ လူတစ်ဦးသည် လူမှုရေးအဆင့်အတန်း အလွန်နိမ့်ကျပြီး ဆင်းရဲကာ ပညာမတတ်သော်လည်း၊ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုတွင် အလွန်လက်တွေ့ကျပြီး ကျိုးကြောင်းဆင်ခြင်တတ်ပါက၊ သမ္မာတရားကို ချစ်ပြီး အပြုသဘောဆောင်သည့် အရာများကို နှစ်သက်ပါက၊ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်အဖို့တန်ဖိုး နိမ့်သလော၊ မြင့်သလော။ ၎င်းတို့သည် မြင့်မြတ်သလော၊ သို့မဟုတ် နိမ့်ကျသလော။ ထိုသို့သော သူတစ်ဦးသည် အဖိုးတန်လေသည်။ ထို့ကြောင့် ဤအမြင်ရှုထောင့်မှ ကြည့်ခြင်းအားဖြင့် လူတစ်ဦး၏ တန်ဖိုး၊ သို့မဟုတ် မြင့်မြတ်ခြင်းတို့ကို အဘယ်အရာက ဆုံးဖြတ်သနည်း။ ယင်းက ဘုရားသခင် သင့်ကို မြင်သည့်ပုံပေါ် မူတည်သည်။ ဘုရားသခင်က သင့်အား ထိုက်တန်ပြီး အဖိုးတန်သည်ဟု မြင်ပါက၊ သင်သည် မြင့်မြတ်သော အသုံးပြုမှုအတွက် တန်ဆာဖြစ်လိမ့်မည် ဖြစ်ပြီး ရွှေ၊ သို့မဟုတ် ငွေဖြစ်လိမ့်မည်။ သို့ရာတွင်၊ ဘုရားသခင်က သင့်အား မထိုက်တန်သကဲ့သို့ နိမ့်ကျသည်ဟု သဘောထားလျှင်၊ သင်၏ပညာရေးအဆင့်၊ လူမှုရေး အဆင့်အတန်း၊ သို့မဟုတ် လူမျိုးစုအဆင့်အတန်းတို့က မည်မျှမြင့်မားကောင်းမြင့်မားနိုင်ပါစေ၊ သင်သည် မြင့်မားသော အဆင့်အတန်း ရှိဦးမည် မဟုတ်ပေ။ လူများစွာတို့က သင့်အား ထောက်ပံ့ကာ၊ ချီးမွမ်းပြီး လေးစားအားကျလျှင်ပင်၊ သင်သည်မြင့်မားသော အဆင့်အတန်း ရှိမည် မဟုတ်ပေ၊ သင်သည် နိမ့်ကျသောသူတစ်ဦးသာ ဖြစ်နေဦးမည်ဖြစ်သည်။ သို့ဆိုလျှင် မြင့်မားသော လူမှုအဆင့်အတန်းရှိသည့် ‘မြင့်မြတ်သော’ လူတစ်ဦးသည်— လူများစွာတို့၏ ချီးမွမ်းခြင်းနှင့် အထင်ကြီးခြင်းတို့ကို ခံရပြီး ကြီးမားသော ဩဇာတိက္ကမကို မွေ့လျော်ခံစားသူ တစ်ဦးသည်— အရေးမပါသောသူအဖြစ် ဘုရားသခင်က သဘောထားသည်ကို အဘယ့်သို့လျှင် ခံလာရသနည်း။ ယင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် ကွဲလွဲဆန့်ကျင်သောကြောင့် သက်သက်ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် အကဲဖြတ်ခြင်း စံနှုန်းများရှိပြီး သူ၏အကဲဖြတ်ခြင်းစံနှုန်းများသည် သမ္မာတရား ဖြစ်ပေသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ဆိုးယုတ်ပြီး မသိမသာ အန္တရာယ်ပေးတတ်ကာ လှည့်ဖြားတတ်ကြ၏ (အပိုင်း ၁)”) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ အစ်မအ တွက် ဉာဏ်အလင်း ရစေပါတယ်။ အစ်မ ဝေဒနာခံစားရခြင်းရဲ့ အကြောင်းရင်းက နှုတ်ကပတ်တော်ထဲက သမ္မာတရားရဲ့ ရှုထောင့်က နေ ကိစ္စရပ်တွေကို မကြည့်ဘဲ အစ်မရဲ့ တာဝန်ကို အကဲဖြတ်ဖို့ အဆင့်အတန်း အပေါ်၊ ရာထူးအနိမ့်၊ အမြင့် အပေါ်မူတည်တဲ့ စာတန်ရဲ့ ရှုထောင့်ကို လိုက်နာနေတုန်းမို့ပါ။ အစ်မက လူမှုရေးအဆင့်အတန်း၊ နာမည်၊ ပညာ ရေးနဲ့ ပညာရှင်နဲ့ ဆိုင်တဲ့ အောင်မြင်မှုတွေကို အစ်မရဲ့ အောင်မြင်မှုအတွက် တိုင်းတာချက်တွေအဖြစ် အမြဲအသုံးပြုခဲ့တယ်။ ဒီလို ရှုထောင့်မျိုးတွေရဲ့ ထိန်းချုပ်မှုကိုခံရင်း အစ်မဟာ အဆင့်အတန်းနဲ့ ရာထူးကောင်းကို ပိုင်ဆိုင်ထားတဲ့ ကျွမ်းကျင်မှုရှိတဲ့ လူတစ်ယောက် ထူးခြားမှုရှိပြီး ဂုဏ်အဆင့်အတန်း ပိုမြင့်တဲ့ လူတစ်ယောက် ဖြစ်တယ်လို့ထင်ရင်း အစ်မကိုအစ်မ တကယ်ပဲ အဆင့်မြင့်ပြီး ဂုဏ်သရေရှိတဲ့ လူအဖြစ် မြင်ခဲ့တယ်။ ခေါင်းဆောင်နဲ့ အလုပ်သမားလို တာဝန်တွေ နောက်ပြီး ကျွမ်းကျင်မှုပိုလိုတဲ့ တာဝန်တွေကို အထင်တကြီး အလေးထားရင်း အိမ်ရှင်လုပ်တာလို ဒါမှမဟုတ် အထွေထွေ ကိစ္စတွေကို ကိုင်တွယ်တာလို ကျွမ်းကျင်မှုမရှိတဲ့ တာဝန်တွေကို အထင်သေးရင်း အစ်မရဲ့ ယုံကြည်မှုကို ရပြီးတဲ့နောက် ဒီအမြင်ကို စွဲကိုင်ထားခဲ့တယ်။ ဒီတာဝန်တွေဟာ ဂုဏ်အဆင့်အတန်းပိုနိမ့်ပြီး အစ်မလို လူတစ်ယောက်နဲ့ မသင့်တော်ဘူးလို့ ထင်ခဲ့တယ်။ အစ်မ အရင်က အရသာတွေ့ခဲ့တဲ့ ဂုဏ်ဒြပ်မျိုးကို ခံစားချင်ခဲ့တယ်။ အစ်မ အလိမ်ခံခဲ့ရတဲ့ အဆင့်အတန်းပေါ်မူတည် တဲ့ အစ်မရဲ့ အမြင်ကြောင့် မစားနိုင် မအိပ်နိုင် သောကနဲ့ ကိုယ်အလေးချိန်တွေ ကျပြီး ကျန်ခဲ့တယ်။ စိတ်မချမ်းသာစရာ အရမ်းကောင်းတယ်။ ဒါပေမဲ့ နှုတ်ကပတ်တော်ရဲ့ အပြစ်ဖော်ပြမှုကိုခံပြီး တရားစီရင်မှုကိုခံရပြီး ဘုရားသခင်ရဲ့ ဖြောင့်မတ် တဲ့ စိတ်သဘောထားကို အစ်မ မြင်ခဲ့တယ်။ လူတစ်ယောက် အဆင့်မြင့်တာ နိမ့်တာ ဒါမှမ ဟုတ် သူတို့ရဲ့ အားသာချက်တွေဘွဲ့တွေကို သူကရုမစိုက်ဘူး။ သူတို့တွေ သမ္မာတရားနောက်လိုက်သလား ဆိုတာ ကို သူဂရုစိုက်တယ်။ သူတို့ ဘယ်လမ်းကြောင်း ပေါ်မှာ ရှိသလဲဆိုတာကို သူဂရုစိုက်တယ်။ ရာထူးဘယ်လောက်မြင့်နေပါစေ လူတစ်ယောက် မှာ ဘာဘွဲ့တွေ ဘာဂုဏ်သတင်းရှိပါစေ သမ္မာ တရားမရှိရင် ဘုရားသခင်ရဲ့ မျက်လုံးထဲမှာ နိမ့်ကျတာပဲ။ သမ္မာတရားနောက်လိုက်ပြီး သမ္မာတရားကိုရတဲ့ ဘယ်သူမဆို အဆင့်အတန်း ရှိရှိမရှိရှိ ဘုရားသခင်ရဲ့ တန်ဖိုးထား တာ ခံရပြီး ကောင်းကြီးပေးတာ ခံရမယ်။ အစ်မသင်ယူခဲ့တယ်။ လူဘယ်လောက်များများက အစ်မကို မြှောက်တင် ပါစေ အစ်မရဲ့ အဆင့်အတန်းက ဘယ်လောက် မြင့်ပါစေ အစ်မသာ ဘုရားသခင်ကို မနာခံနိုင်ဘဲ ဖန်ဆင်းခံ လူသားရဲ့ တာဝန်ကို မလုပ်နိုင်ဘူးဆိုရင် အစ်မဟာ လုံးဝ အသုံးမကျတာပဲ။
နောက်တော့ ဒီအကြောင်း ပိုတွေးခဲ့တယ်။ အစ်မရဲ့ ရှုထောင့်က လက်မခံနိုင်တာကိုသိပေမဲ့ ပိုပြီး ဂုဏ်ရှိတဲ့ တာဝန်နောက်ကို ဘာကြောင့်များ မဖြစ်မနေလိုက်နေရတာလဲ။ ဒီအကြောင်းပြန်တွေးတဲ့ အချိန်မှာ နှုတ်ကပတ် တော် တစ်ပိုဒ်ကို အစ်မတွေ့ခဲ့တယ်။ “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)”) နှုတ်ကပတ်တော် ဖော်ပြတဲ့အရာက စာတန်ဟာ အစ်မကို လုံးဝ အကျဉ်းချထားရင်း အစ်မကို နာကျင်စေပြီး နာမည်နဲ့ အကျိုးအမြတ်နဲ့ ဘောင်ခတ်နေတယ်ဆိုတာကို ပြသခဲ့တယ်။ အစ်မက မိဘတွေ သွန်သင်တာခံခဲ့ရတယ်။ ကျောင်းမှာ ပညာသင်ခဲ့ပြီး ငယ်ငယ်လေးကတည်း က လူ့အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတယ်။ စာတန်ရဲ့ဒဿနတွေနဲ့ အတွေးမှားတွေက အစ်မရဲ့ ရိုးတွင်းခြင်ဆီအထိ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ခဲ့ တယ်။ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” “လူတစ်ယောက်ရဲ့ အမွေက သူ့ဘဝရဲ့ ပဲ့တင်သံပဲ”၊ “ဉာဏ်သုံးတဲ့ သူတွေဟာ ဉာဏ်မသုံးတဲ့သူတွေကို စိုးမိုးလိမ့်မယ်” ဆိုတာမျိုးတွေပေါ့ ဒီအဆိပ်တွေဟာ ဟိုအရင်ကတည်းက အစ်မရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာ ခဲ့တယ်။ “ကျွမ်ကျင်သူ” “ကျော်ကြားတဲ့ဆရာဝန်”နဲ့ “ဒါရိုက်တာလို့” အခေါ်ခံရတဲ့ ဂုဏ်ပြုမှုကို ဘာလို့များ အမြဲတမ်း ပြန်ခံစားနေတာလဲ အစ်မ က ထင်ရှားပြီး ကျန်တဲ့သူထက် ပိုသာတယ်ထင် ရင်း ဒီအရာကို ဘာလို့ အမြဲတမ်း အသုံးချချင်နေတာလဲ။ ဘာလို့လဲဆိုတော့ အစ်မဟာ အမည်နာမနဲ့ အဆင့် အတန်းကို ဘဝမှာ လက်ကိုင်ပြုဖို့ မှန်ကန်တဲ့ အရာတွေအဖြစ် သဘောထားခဲ့ပြီး ဒါတွေကို ရှိထားခြင်းအားဖြင့် အစ်မဟာ အခြားသူ တွေရဲ့ လေးစားမှုနဲ့အားပေးမှုကို ရနိုင်တယ်လို့ ခံစားခဲ့လို့ပါ။ ဒါကြောင့် ကျောင်းမှာ လူ့အဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ဘုရားအိမ်တော်မှာပဲ ဖြစ်ဖြစ် အစ်မ ဘယ်အုပ်စုထဲမှာ ရောက်နေပါစေ ထိပ်ဆုံး ရောက်အောင် တက်မယ်လို့ မျှော်လင့်ရင်း အစ်မဟာ အဆင့်အတန်းနဲ့ ဂုဏ်ဒြပ်ကို ဦးစားပေး ခဲ့ပြီး ကျွမ်းကျင်မှုတိုးတက်ဖို့ အလုပ်ကြိုးစာ ခဲ့ တယ်။ ဒါဟာ အစ်မရဲ့ တန်ဖိုးအစစ်ကို သဘောပေါက်နိုင်မယ့် တစ်ခုတည်းသော ဘဝမျိုးပဲလို့ ခံစားမိ တယ်။ ဒါကို အစ်မ မရနိုင်တဲ့အခါ အနာဂတ်ဟာ အစ်မ အတွက် မျှော်လင့်ချက် ကင်းမဲ့တဲ့ပုံပေါက်ပြီး အင်မတန် ဝေဒနာခံစားခဲ့ရတယ်။ နာမည်နဲ့ အဆင့်အတန်းရဲ့ အချုပ်အနှောင်တွေဟာ အစ်မ မရည်ရွယ်တဲ့ ဘုရားသခင်ထံက လမ်းလွဲ ပြီး ဘုရားသခင်ကို သစ္စာဖောက်အောင် ပြုလုပ်ရင်း အစ်မကို လုံးဝ ထိန်းချုပ်ခဲ့တယ်။ အစ်မ သင်ယူခဲ့တဲ့ တခြားကိစ္စကတော့ အဲ့ဒီ အိမ်ရှင်လုပ်တဲ့တာ၀န်က မဟန်လှပေမဲ့ လိုက်စားရာမှာ မှားယွင်းတဲ့ ရှုထောင့်တွေကို လက်ခံလာအောင် အစ်မရဲ့ တာဝန်ကိုလုပ်နေတုန်း သမ္မာတရားနောက်လိုက်ဖို့ အစပြုလာအောင် နာမည်နဲ့ အမြတ်ရဲ့ အနှောင်အဖွဲ့တွေကနေ လွတ် မြောက်အောင် အစ်မကို ခွင့်ပြုခဲ့တဲ့ ဒီအခြေအနေတွေပါ။ ဘုရားသခင်ရဲ့ ကြင်နာတဲ့ စေတနာတွေကို အစ်မ နား လည်တာနဲ့ တစ်ပြိုင်နက် သူ့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ နောက်ပြီး တကယ်ပဲ နောင်တရပြီး လိပ်ပြာမလုံ ဖြစ်ခဲ့ တယ်။ အစ်မ ဘုရားသခင်ရှေ့မှာ ဒူးထောက်ပြီး ဆုတောင်းခဲ့ တယ်။ “ဘုရားသခင် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သ ဘောထားကို ဖော်ပြပြီး မှားယွင်းတဲ့ လိုက်စားမှုကနေ ကယ်တင်ဖို့အခြေအနေ ကို စီစဉ်ပေးလို့ ကျေးဇူးတင်ပါတယ်။ နောင်တရပြီး နာမည်နဲ့ အဆင့်အတန်းကို လိုက်စားတာ ကို ရပ်တန့်ဖို့ ကျွန်မ ဆန္ဒရှိပါတယ်။ ဘုရားသခင် ကျေနပ်စေဖို့ ကျွန်မ နာခံပြီး ကျွန်မရဲ့ အိမ်ရှင်လုပ်တဲ့ တာဝန်ကို ကောင်းကောင်းလုပ်ချင်ပါ တယ်” လို့ ဆေးရုံရဲ့ ကမ်းလှမ်းမှုကို အစ်မငြင်းလိုက်တယ်။
အဲဒါပြီးတဲ့နောက် နောက်ထပ်နှုတ်ကပတ်တော်နှစ်ပိုဒ်ကိုဖတ်ခဲ့ တယ်။ “မည်ကဲ့သို့သော လူစားကို ဘုရားသခင် အလိုရှိသနည်း။ နာမည်ဂုဏ်သတင်းကြီးသောသူ၊ ထင်ပေါ်ကျော်ကြားသူ၊ မြင့်မြတ်သောသူ၊ သို့မဟုတ် ကမ္ဘာကိုတုန်လှုပ်စေသောသူကို ကိုယ်တော် အလိုရှိသလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သို့သောလူစားကို ဘုရားသခင် အလိုရှိသနည်း။ လုံးဝ အောက်ခြေမလွတ်ဘဲ ဘုရားသခင်၏ အရည်အချင်းမီ ဖန်ဆင်းခံဖြစ်ရန်၊ ဖန်ဆင်းခံ၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်သူ ဖြစ်ရန်နှင့် လူသားနေရာတွင် နေနိုင်ရန် ကြိုးစားသူကို ကိုယ်တော်အလိုရှိသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းနှင့် ဘုရားသခင်အပေါ် မှီခိုခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏”) “နောက်ဆုံးတွင် လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို ဖြည့်ဆည်းသည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိထားခြင်း ရှိမရှိနှင့် သူတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို နာခံနိုင်ပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်နိုင်ခြင်း ရှိမရှိ ဟူသည့်အပေါ် မူတည်လေသည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီးလျှင် ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်း ဖြစ်သည်။ ဤအခြေခံသဘောတရားမှာ ပြောင်းလဲ၍ မရသည့်အပြင်၊ ဤသည်ကို သင်မှတ်ထားရမည်။ ထို့ကြောင့် အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်း သို့မဟုတ် မစစ်မှန်သည့် အရာအချို့ကို လိုက်စားခြင်းအကြောင်း မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိသောသူ အားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင် တောင်းဆိုသော စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား”) ဘုရားသခင်ဟာ မာန်ထောင်တဲ့လူတွေကို မလိုချင်ဘူး။ သူက ဖန်ဆင်းခံလူသားတစ်ယောက်ရဲ့ တာဝန်ကိုလုပ် နိုင်မဲ့ အောင်သက်ကျေတဲ့ လူတွေကို လိုချင်တာ အစ်မ တွေ့ခဲ့ရတယ်။ အစ်မဟာ လောကကြီးထဲမှာ ရာထူးဂုဏ်ဒြပ် ရှိခဲ့ပေမဲ့ သမ္မာတရားကို နားလည်မှုက မလေးနက်ခဲ့ဘူး။ ခေါင်းဆောင်မှုတာဝန်နဲ့ စာရေးတဲ့တာဝန် နှစ်မျိုးစလုံး မှာ သမ္မာတရားပါနေတာကြောင့် ရာထူးနဲ့ ပညာရှိရုံနဲ့ လူတစ်ယောက်ဟာ ဒါတွေကို မလုပ်နိုင်ဘူး။ အစ်မဟာ ယုတ္တိတန်ပြီး အစ်မတတ်နိုင်တာကို လုပ်ဖို့ လိုအပ်ခဲ့တယ်။ ဖြစ်ချင်တော့ အိမ်ရှင်လုပ်လို့ကောင်းတဲ့ အိမ်တစ်လုံး အစ်မဆီမှာ ရှိခဲ့တယ်။ ဒါကြောင့် အစ်မဟာ အိမ်ရှင်အဖြစ် ရိုးရိုးပဲ အလုပ်အ ကျွေး ပြုပြီး သမ္မာတရားကို လိုက်စားခဲ့တယ်။ ဒါဟာ တစ်ခုတည်းသော ကျိုးကြောင်းသင့်တဲ့ အရာပဲ။ မတူညီတဲ့ တာဝန်တွေအတွက် တစ်ခုတည်းသော စစ် မှန်တဲ့ ကွဲပြားမှုကတော့ နာမည်နဲ့ လုပ်ငန်းပဲ သက်ရှိတစ်ခု အနေနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင် လက္ခဏာနဲ့ အနှစ်သာရက မပြောင်းလဲဘူး။ အစ်မ ကိုယ့်ကိုယ်ကို ထင်တာ လွန်သွားတယ်။ အစ်မ အရမ်းကျော်ကြားတယ်လို့ ထင်ခဲ့တယ်။ အစ်မဟာ တခြားအယောက်စီတိုင်းရဲ့ အပေါ်မှာ တစ် နည်းနည်းနဲ့ ရှိနေတဲ့အလား အစ်မကိုယ်အစ်မ ကျွမ်း ကျင်တဲ့သူ ကျော်ကြားတဲ့ဆရာဝန်အဖြစ် အမြဲထင်ခဲ့ တယ်။ အိမ်ရှင်ဖြစ်ရတာဟာ အရေးမပါတဲ့ တာဝန်လို့ ထင်ခဲ့ ပြီး ပိုပြီးအရေးပါတဲ့ တာဝန်ကို လိုချင်ခဲ့တယ်။ အမေကျော်ထွေးတော်လွမ်းနေတာ ဒီလိုပဲ ခေါင်းငုံ့ပြီး အစ်မတာဝန်ကို မလုပ်နိုင်ခဲ့ဘူး။ စိတ်ကြီးဝင်ပြီး ဆင်ခြင်တုံတရားအားလုံး ကင်းမဲ့ရင်း အစ်မရဲ့ နှလုံးသားထဲမှာ ဘုရားသခင်ကိုတောင် စောဒ ကတက်ခဲ့တယ်။ အစ်မ ယောာဘအကြောင်းလဲ စဉ်းစားခဲ့တယ်။ အရှေ့ တိုင်းကလူတွေထဲမှာ သူဟာ ကြီးမားတဲ့ ဂုဏ်ဒြပ် ရှိခဲ့တယ်။ ဒါပေမဲ့ သူ့ဂုဏ်ဒြပ်အကြောင်း ဘယ်တုန်းကမှ မတွေးခဲ့ ဘူး ဒါမှမဟုတ် အဲဒီအရာကသူ့ကို ပေးနိုင်တဲ့ ကျော် ကြားမှုကို ကရုမစိုက်ခဲ့ဘူး။ ဂုဏ်ဒြပ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူကဘုရားသ ခင်ကို ချီးမြှောက်ခဲ့တယ်။ ယောဘဟာ အသိတရားရှိတယ်။ ဒါကြောင့် ဘုရားသခင်က ယောဘကို သူ့ရဲ့ စံနှုန်းတွေနဲ့ ပြည့် မီတဲ့ ဖန်ဆင်းခံသတ္တဝါတစ်ခုအဖြစ် ချီးမွမ်းခဲ့တယ်။ အစ်မက ယောဘနဲ့ တန်းတူလုံးဝမဟုတ်ပေမဲ့ အဲဒီအ ရာတွေကို လက်လွှတ်ပြီး ဘုရားသခင်ရဲ့ စံနှုန်တွေကို ပြည့်မီအောင် ကြိုးစားဖို့ သူ့ရဲ့ ဥပမာနောက်ကို လိုက်ချင်ခဲ့တယ်။ အဲ့ဒီနောက်ကို လိုက်တာကို ရပ်လိုက်တာနဲ့ တစ်ပြိုင် နက် အစ်မရဲ့ ပုံသေအတွေးအခေါ်လည်း ပြောင်းလဲ သွားတယ်။ တာဝန်တိုင်းဟာ အရေးကြီးပြီး မရှိမဖြစ်ဆိုတာကို အစ်မ သဘောပေါက်ခဲ့တယ်။ အိမ်ရှင်အဖြစ် ဆောင်ရွက်မယ်သူမရှိရင် ညီအစ်ကိုမောင်နှမတွေမှာ သူတို့ရဲ့ တာဝန်လို ဘေး ကင်းကင်းလုပ်နိုင်မယ့် နေရာကောင်းတစ်ခု ရှိမှာ မဟုတ်ဘူး။ အဲဒီကစလို့ ကိုယ့်ကိုယ်ကိုပစ်ပယ်ဖို့ စားစရာ ကောင်း ကောင်း လုပ်ပေးဖို့ စစ်မှန်တဲ့ အားထုတ်မှု ပြုဖို့နဲ့ သူတို့ရဲ့ တာဝန်ကို ငြိမ်းငြိမ်းချမ်းချမ်းလုပ်နိုင်အောင် ညီမတွေရဲ့လုံခြုံရေးကို ဂရုစိုက်ဖို့ သတိရှိတဲ့ အားထုတ်မှုကို စလုပ်ခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ အစ်မတို့ကြားမှာ အဆင့်အ တန်း ကွဲပြားမှု ရှိသလိုမျိုး မခံစားရတော့ဘူး။ နောက်ပြီး အစ်မဟာ ချက်ပြုတ်နေတုန်းမှာ ဓမ္မသီချင်း ညည်းပြီး ဘုရားသခင်နဲ့ ပိုပြီးနီးကပ်လာတယ်။ ကိစ္စတွေအားလုံးပြီးသွားရင် အစ်မ နှုတ်ကပတ်တော် ကို ဖတ်တယ်။ အစ်မရဲ့နှလုံးသားကို ငြိမ်သက်စေပြီး ဘုရားသခင် အစ်မဆီမှာ ပြုခဲ့တဲ့အမှုအလုံးစုံနဲ့ အစ်မရရှိခဲ့တဲ့ အရာ ကို ဆင်ခြင်သုံးသပ်တယ်။ ပြီးတော့ သက်သေခံချက် ဆောင်းပါးတစ်ချို့ကို ရေး တယ်။ နေ့တိုင်းပဲ တကယ်စိတ်ချမ်းသာမှုကို ခံစားခဲ့ရတယ်။ ဒါဟာ အသက်ရှင်ဖို့ ငြိမ်းချမ်းတဲ့ နည်းလမ်းတစ်ခုလို မျိုး ခံစားခဲ့ရပြီး အရမ်းကို လွတ်မြောက်တယ်။