၄၂။ ဘုရားနှုတ်ကပတ်တော်များဖြင့် ပိုင်းခြားသိမြင်ခြင်းက မည်သည့်အခါမျှ မကျရှုံးပေ
၂၀၂၁ခုနှစ်၊ ဧပြီလမှာ ကျွန်မက ချန်ရွီနဲ့ တခြားအစ်မသုံးလေးယောက်နဲ့အတူ အိမ်တစ်အိမ်မှာနေတယ်။ အစပိုင်းမှာ ချန်ရွီက သူ့အခြေအနေအကြောင်းကို လူတွေနဲ့ ခဏခဏပြောတာကို ကျွန်မ တွေ့တယ်။ တစ်ခါတလေမှာ အစာစားရင်းနဲ့ ဒီအကြောင်းတွေပြောတယ်။ သူက အစာစားချိန်ကိုတောင် အသုံးပြုနိုင်တယ်၊ ဒါကြောင့် သူက အသက်ဝင်ရောက်မှုကို တကယ် အာရုံစိုက်ပြီး သမ္မာတရားကို ရှာဖွေတဲ့သူပဲလို့ ကျွန်မ တွေးမိတယ်။ နောက်တော့ ကျွန်မတို့ တစ်ခါ စကားပြောနေကြတုန်းမှာ ချန်ရွီက ပြောတယ်။ သူက သူများတွေရဲ့ မျက်နှာအမူအရာတွေနဲ့ ထင်မြင်ချက်တွေကို တကယ် ဂရုစိုက်တယ်တဲ့။ တစ်ယောက်ယောက်က သူ့ကို မကောင်းတဲ့လေသံနဲ့ပြောရင် သူ့ကို သူတို့က အထင်သေးနေကြတာ၊ သူက ကောက်ကျစ်တာလို့ တွေးမိတယ် တဲ့။ သူက နာမည်နဲ့ အကျိုးအမြတ်အတွက် သူများတွေနဲ့ အမြဲတမ်း ယှဉ်ပြိုင်ပြီး အဆင့်အတန်းကို အရမ်းအရေးစိုက်တယ်လို့လည်း ပြောတယ်။ ကျွန်မ စဉ်းစားတယ်။ ကျွန်မတို့က အချင်းချင်းသိတာမကြာသေးဘူး။ ဒီတော့ သူ့ရဲ့ အမှားအကြီးကြီးတွေနဲ့ အားနည်းချက်တွေကို ကျွန်မကို ပြောပြနိုင်တာက သူက ရိုးရှင်းပြီး ပွင့်လင်းတဲ့သဘောပဲ ပေါ့။ သူက တကယ်ပဲ ရှုပ်ထွေးတဲ့ စိတ်အခြေအနေရှိတယ်ဆိုတာ ကျွန်မတို့ရဲ့ နောက်ပိုင်း ဆက်ဆံရေးတွေမှာ သတိထားမိတယ်။ သူက တကယ်ကို လူတွေရဲ့ အမူအရာတွေနဲ့ ထင်မြင်ချက်တွေကို ဂရုစိုက်ပြီး သူများတွေကို ကြိုတင်ခန့်မှန်းကြည့်တယ်။ တစ်ခါတလေမှာ ညီအစ်ကိုမောင်နှမတွေက သူ့ပြဿနာတွေကို ထောက်ပြတဲ့အခါ သူတို့က သူ့ကို အထင်သေးတာလား တွေးတယ်။ နောက်တော့ သူက ကြိုတင်ခန့်မှန်းကြည့်တာက ကောက်ကျစ်ပါတယ် စသည်ဖြင့်ပြောပြီး သူ ထုတ်ဖော်ပြတာနဲ့ပတ်သက်ပြီး ဖွင့်ပြောတယ်။ အစတော့ သူက အထိမခံဘဲ စိတ်နုတာမျိုးသက်သက်ပဲလို့ ကျွန်မ ထင်တယ်။ လူတိုင်းက အမှားတွေ၊ ပြဿနာတွေရှိတယ်။ ညီအစ်ကိုမောင်နှမတွေအနေနဲ့ အချင်းချင်းပိုသည်းခံခွင့်လွှတ်သင့်တယ်လို့ ကျွန်မ ခံစားမိတယ်။ ပြီးတော့လည်း သူက ဖောက်ပြန်ပျက်စီးမှုပြပြီးတဲ့နောက်မှာ ဖွင့်ပြောနိုင်ပြီး သူ့ကိုယ်သူ နားလည်နိုင်တယ်။ ဒီတော့ သမ္မာတရားကိုသူ လက်ခံနိုင်သင့်တယ်ပေါ့။ ဒါကို သိပ်မစဉ်းစားခဲ့ဘူး။ အကြမ်းဖျင်းအနေနဲ့ သူ့အခြေအနေကို ကျွန်မကို သူပြောပြတဲ့အခါမှာ သူရင်ဖွင့်တာကို ကျွန်မ စိတ်ရှည်ရှည်နဲ့ နားထောင်တယ်။ စကားပြောတဲ့နေရာမှာ သူ့စိတ်အခြေအနေကို ကျွန်မ သတိထားပြီး အာရုံစိုက်တယ်။ ကျွန်မက ပေါ့ဆပြီး သူ့ကိုထိခိုက်မယ့်ဟာတစ်ခုခုပြောမိမှာစိုးပြီးတော့ပေါ့။ ဒါကြောင့်မို့ သူက ကျွန်မနဲ့ စကားပြောရတာကို ကြိုက်တယ်။ ကျွန်မက ကောင်းတဲ့ စိတ်ရင်းနဲ့ ပင်ကိုစရိုက်တစ်ခုရှိတယ်၊ ရက်ရောတယ်၊ ကျွန်မလိုလူတွေကို ခင်တယ်ဆိုတာ သူ့ရဲ့ တိုက်ရိုက်စကားတွေနဲ့ ပေါ်လွင်တာတွေက ပြနေတယ်။ ပြီးတော့လည်း ကျွန်မတို့ စကားပြောတဲ့အချိန်တိုင်းမှာ ကြိုတင်ခန့်မှန်းပြီး ဂုဏ်သိက္ခာကိုဂရုစိုက်တဲ့သူ့အခြေအနေအကြောင်းပဲ။ တစ်ခါတလေမှာ နည်းနည်းလောက်စကားပြောတာက တစ်နာရီလောက်ရှည်သွားပြီး ကျွန်မတာဝန်တွေ တော်တော်နှောင့်နှေးတယ်။ သူ ကျွန်မကို ယုံကြည်တဲ့ပုံစံကိုမြင်ပြီး ကျွန်မက သူပြောတာနားမထောင်ခဲ့ရင် သူစိတ်ထိခိုက်မှာစိုးနေတယ်။ သူ့ကို ကြားဖြတ်ပြောဖို့ကို ကျွန်မက အခက်တွေ့နေတာ။ နောက်ပိုင်းမှာ ကျွန်မ သူ့အပေါ်မြင်တဲ့ပုံစံကို တဖြည်းဖြည်းချင်းပြောင်းသွားစေတာတစ်ခု ဖြစ်သွားတယ်။
တစ်ခါတော့ အစ်မလီကို အိပ်ယာခင်းကောင်းကောင်းမခေါက်လို့ဆိုပြီး ချန်ရွီက ဝေဖန်တဲ့အခါမှာ အစ်မလီက သိပ်အလေးအနက်မထားခဲ့ဘူး။ ချန်ရွီက စိတ်ဆိုးပြီး အလျှော့မပေးဘူး။ အစ်မလီကို သူဖြစ်စေချင်သလို ဆက်လုပ်ခိုင်းတယ်။ ပြီးတော့လည်း သူက အကြမ်းဖျင်းအနေနဲ့ လူတွေကို သူ့ကို မြှောက်ပင့်နားချစေချင်ပြီး သူ့အတိုင်းလိုက်လုပ်ပြီး သူ့ကို ပျော်အောင်လုပ်ပေးစေချင်တယ်။ ဒါကြောင့် အစ်မလီကပြောတယ်။ သူက အဆင့်အတန်းကို အရမ်းအာရုံစိုက်ပြီး လူတွေကို သူ့အနားမှာ အမြဲတမ်းရှိစေချင်တယ်၊ ဒါက တကယ်တမ်းတော့ တခြားလူတွေကို ထိန်းချုပ်ဖို့ပဲ တဲ့။ အဲဒီနောက်တော့ ချန်ရွီက အစ်မလီဆီသွားပြီး ဖွင့်ပြေတာယ်။ သူက အစ်မလီပြောသလိုမဟုတ်ဘူး၊ သူ့ကို အထင်လွဲနေတယ်လို့ ငိုပြီးပြောတယ်။ အစ်မလီက တောင်းပန်တယ်။ ဒါပေမဲ့ ချန်ရွီက အလျှော့မပေးနိုင်ဘဲ သူ့ကို မခေါ်ဘဲနေတယ်။ အဲဒီနောက်တော့ သူက သူ့ဘာသာ သီးခြားခွဲနေပြီး ကျွန်မတို့နဲ့ သိပ်စကားမပြောဘူး။
တစ်ခါတော့ သူက ကျွန်မနဲ့ သူ့အခြေအနေအကြောင်းပြောနေတဲ့အချိန်မှာ သူကပြောတယ်။ တခြားအစ်မတွေက အစ်မလီနဲ့ ခဏခဏစကားပြောတာကို သူတွေ့တယ်၊ ဒါကြောင့် လူတိုင်းက အစ်မလီကို ခင်တယ်၊ သူ့ကိုတော့ အထင်သေးပြီး ဖယ်ကြဉ်နေတယ်လို့ သူသံသယဝင်တယ်တဲ့။ နောက်တော့ သူက လူတိုင်းကို ရှောင်တယ်။ ပြီးတော့ အစ်မလီက သူနဲ့စကားပြောတဲ့အခါ မရိုးသားဘူးလို့ သူက ထင်နေတယ်။ အဲဒီနောက်တော့ သူက မကောင်းတဲ့လူ့သဘာဝရှိတယ်၊ အစ်မလီကို ကြိုတင်ခန့်မှန်းကြည့်တာက တကယ်ကို ကောက်ကျစ်ပါတယ်လို့ သူက ပြောတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ သူက မပြောင်းလဲဘူး။ ဒီအတွက်နဲ့ သူက နှစ်ပတ်ကြာတဲ့အထိ ကျွန်မတို့ကို စိတ်ကောက်နေတယ်။ လူတိုင်းက တော်တော် စိတ်ကျဉ်းကျပ်ကြတယ်။ ကျွန်မ အရမ်းအံ့အားသင့်ပြီး လုံးဝ နားမလည်နိုင်ဘူး။ ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါမှာ သူက ဘာလို့ သမ္မာတရားကိုရှာပြီး သင်ခန်းစာမယူနိုင်ရတာလဲ။ အဲဒီနောက်မှာ သူက စိတ်တို၊ စိတ်ကောက်တတ်ပြီး သူ့ကို ချစ်ခြင်းနဲ့ကူညီဖို့ပဲလိုတယ်လို့ ကျွန်မ စဉ်းစားမိတယ်။ တစ်ခါတော့ သူ ထုတ်လုပ်နေတဲ့ ဗီဒီယိုတစ်ခုက ပြဿနာတွေ ပေါ်လာလို့ ပြန်လုပ်ရမယ်။ စုဝေးပွဲတစ်ခုမှာ ထုတ်လုပ်သူတွေက ဗီဒီယိုတွေထဲက ပြဿနာတွေအတွက် အဓိကတာဝန်ယူရမယ်လို့ အဖွဲ့ခေါင်းဆောင်ကပြောတယ်။ ချန်ရွီက ဒါသူ့ကို ပစ်မှတ်ထားပြီးပြောတာ၊ သူက အစွမ်းအစနည်းပြီး သူ့ကို မကြိုက်ဘူးလို့ အဖွဲ့ခေါင်းဆောင်က ထင်တာလို့ ယူဆလိုက်တယ်။ သူက ရက်တွေကြာတဲ့အထိ စိတ်ဓာတ်ကျနေတဲ့ပုံစံရှိတယ်။ အဲဒီနောက်မှာ ခေါင်းဆောင်တစ်ယောက်က သူနဲ့ မိတ်သဟာယဖွဲ့ပြီး သူက သမ္မာတရားကို လက်မခံဘဲ တုံ့ပြန်မှုလွန်ကဲတယ် လုံးဝ မပြောင်းလဲတာက တော်တော် အန္တရာယ်ရှိတယ်လို့ပြောတယ်။ ချန်ရွီက ဒါကိုကြားတော့ ငိုတယ်။ သူက အရမ်းကောက်ကျစ်ပြီး ဘုရားရဲ့ ကယ်တင်ခြင်းကိုခံရမှာမဟုတ်ဘူးလို့ ပြောတယ်။ သူက အရမ်းစိတ်မကောင်းဖြစ်နေတာကို မြင်တော့ ခေါင်းဆောင်က ဘုရားနှုတ်ကပတ်တော်ကို သူနဲ့ မိတ်သဟာယဖွဲ့တယ်။ ဘုရားကို သူ အထင်မလွဲဖို့၊ သူ့ပြဿနာကို ဆင်ခြင်သုံးသပ်နိုင်ဖို့အတွက်ပေါ့။ အဲဒီအချိန်တုန်းက သူက ဘာမှမပြောဘူး။ သူ နည်းနည်းတော့ ပြောင်းလဲလောက်တယ်လို့ ခေါင်းဆောင်ကထင်တယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက စုဝေးပွဲတစ်ခုမှာ သူက သူနဲ့ပတ်သက်ပြီးခေါင်းဆောင်ကပြောတာကို လက်မခံနိုင်ဘဲ ရက်တွေကြာတဲ့အထိ စိတ်ဓာတ်ကျနေတယ်လို့ ပြောတယ်။ နောက်ပိုင်းမှာ သူက ညီအစ်ကိုမောင်နှမတချို့ကိုပြောတယ်။ အဖွဲ့ခေါင်းဆောင်က သူ့ကို အစွမ်းအစနည်းလို့ အထင်သေးတယ်၊ ဒါကို သူ ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ မသိဘူး တဲ့။ ပြောရင်းနဲ့ ငိုတယ်။ သူတို့က သနားကြတာပေါ့။ ဒီလိုမျိုးတွေက အမြဲတမ်းဖြစ်နေတာ။ တစ်ယောက်ယောက်က သူနဲ့မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ သူက အမြဲတမ်းပဲ သူ့ကိုယ်သူ“သိ ”ပြီးတော့ သူ့ပြဿနာကို အသိအမှတ်ပြုတယ်။ ဒါပေမဲ့ နောက်ကျတော့ တခြားတစ်ခုခုဖြစ်တဲ့အခါမှာ သုံးလေးရက်နေရင် သူက ထပ်ပြီး အရမ်းစိတ်ဆိုးတယ်။
သူဒီလိုပြုမူတာကိုမြင်ရတော့ ကျွန်မ ခေါင်းရှုပ်သလိုဖြစ်သွားတယ်။ သူက သူ့ကိုယ်သူ အမြဲတမ်းသိတဲ့ပုံစံရှိတယ်ဆိုတော့ ဘာလို့ လုံးဝ မပြောင်းလဲတာလဲ ပေါ့။ သူ့မာနကို ထိခိုက်တာတစ်ခုခုကို သူများတွေကပြောရင် သူတို့က သူ့ကို အထင်သေးနေတယ်လို့ယူဆပြီး အားလုံးကို မှားယွင်းခံယူတယ်။ သူ့ရဲ့လူ့သဘာဝနဲ့ နားလည်မှုမှာ ပြဿနာတစ်ခုမရှိဘူးလား။ ဒါကို ကျွန်မ အပြည့်အဝနားမလည်နိုင်တာနဲ့ ဘုရားကို ဆုတောင်းပြီးရှာဖွေတယ်။ သမ္မာတရားကို နားလည်တဲ့ တခြားလူတွေနဲ့ ကျွန်မ မိတ်သဟာယဖွဲ့တယ်။ အစ်မတစ်ယောက်က ပြောတယ်။ ချန်ရွီက နှစ်တွေအများကြီးယုံကြည်ပြီးတဲ့နောက်မှာ အကုန်နားလည်တယ်။ ဒါပေမဲ့ သမ္မာတရားကို လက်တွေ့မလုပ်ဘဲ ခဏခဏ အပျက်သဘောဆောင်တယ် တဲ့။ ဒါက သူ့ကိုယ်သူ တကယ်မသိဘူးဆိုတဲ့ သဘောပဲ။ အဲဒီအစ်မက ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ပို့လိုက်တယ်။ “လူအချို့သည် ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုကို မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့နှုတ်မှ ပထမဆုံးပြောသောအရာသည် ‘ကျွန်တော်က နတ်ဆိုး၊ အသက်ရှင်နေတဲ့ စာတန်ဖြစ်ပါတယ်။ ဘုရားကို အာခံတဲ့သူဖြစ်ပါတယ်။ ဘုရားကို မနာခံဘူး။ သစ္စာဖောက်တယ်။ ကျွန်တော်ဟာ ကျိန်ဆဲခြင်းခံရသင့်တဲ့ မြွေပွေး၊ ဆိုးယုတ်သောသူဖြစ်ပါတယ်။’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အမှန်တကယ်မိမိကိုယ်ကို သိမြင်ခြင်း အစစ်အမှန် ဖြစ်သလော။ ၎င်းတို့သည် ယေဘုယျအားဖြင့်သာပြောသည်။ အဘယ်ကြောင့် ဥပမာများ မပေးကြသနည်း။ ၎င်းတို့လုပ်ဆောင်ခဲ့သည့် ရှက်စရာကောင်းသောအရာများကို စစ်ဆေးရန်အတွက် အဘယ်ကြောင့် လူသိရှင်ကြား ချမပြနိုင်သနည်း။ ပိုင်းခြားသိမြင်ခြင်း မရှိသည့် လူအချို့က ၎င်းတို့ပြောသည်ကိုကြားပြီး စဉ်းစားသည်။ ‘ကဲ ဒါကမှ ကိုယ့်ကိုယ်ကိုယ် တကယ်သိမြင်တာပဲ။ ကိုယ့်ကိုယ်ကိုယ် စာတန်နတ်ဆိုးလို့သိပြီး ကိုယ့်ကိုယ်ကိုယ်တောင် ကျိန်ဆဲတယ်ဆိုတော့ တော်တော်မြင့်တဲ့ အဆင့်ကို ရောက်နေပြီ။’ ဟူ၍ဖြစ်သည်။ လူများစွာတို့သည်၊ အထူးသဖြင့် ယုံကြည်သူအသစ်များသည် ဤစကားများအားဖြင့် လှည့်စားခံရနိုင်ခြေရှိသည်။ ပြောဆို သူသည် သန့်စင်ပြီး ဝိညာဉ်ရေးကိစ္စများကို နားလည်သည်၊ ဤသည်မှာ သမ္မာတရားကို ချစ်သောသူဖြစ်သည်၊ ခေါင်းဆောင်ဖို့အတွက် အရည်အချင်းပြည့်မီသည်ဟု ၎င်းတို့က ထင်ကြသည်။ သို့ရာတွင် ထိုသူတို့နှင့် အချိန်အနည်းငယ် ဆက်ဆံပြီးသည်နှင့် ဤသို့မဟုတ်သည်ကို တွေ့ကြရသည်။ ဤသူသည် ၎င်းတို့ ထင်မြင်သည့်အတိုင်းမဟုတ်ဘဲ ထူးခြားစွာ လိမ်လည်ပြီး လှည့်စားတတ်သည်၊ အယောင်ဆောင်ပြီး တုပခြင်းတွင် ကျွမ်းကျင်သည်ဟု တွေ့ကြရသည်။ ဤအတွက်ကြောင့် အလွန် စိတ်ပျက်ကြရသည်။ ဤသို့ဆိုလျှင် လူတစ်ယောက်သည် သမ္မာတရားကို ချစ်မချစ်ဆိုသည်ကို မည်သို့ တိုင်းတာသင့်သနည်း။ ဤသည်မှာ ၎င်းတို့က သာမန်အားဖြင့် မည်သည့်အရာကို ဖော်ပြသည်၊ သမ္မာတရား၏ စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းရှိမရှိ၊ ၎င်းတို့ပြောဆိုသည့်အတိုင်း လုပ်ဆောင်ခြင်းရှိမရှိ၊ ၎င်းတို့ပြောသည့်အရာနှင့် လုပ်သည့်အရာက တူညီခြင်းရှိမရှိတို့အပေါ်တွင် မူတည်သည်။ ၎င်းတို့ပြောသည့်အရာသည် ယုတ္တိရှိပြီး သဘောတူလက်ခံနိုင်သည့်အရာဖြစ်သော်လည်း ယင်းကို မလုပ်ဆောင်လျှင်၊ ယင်းအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိလျှင် ဤအခြင်းအရာတွင် ၎င်းတို့သည် ဖာရိရှဲများဖြစ်လာကြသည်။ ကြောင်သူတော်များဖြစ်သည်။ သမ္မာတရားကိုချစ်သောသူ လုံးဝမဟုတ်ပေ။ လူများစွာတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါတွင် ယုတ္တိရှိသည့်ပုံစံပေါ်သည်။ သို့သော် ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားကို ဖွင့်ပြမှုများ ၎င်းတို့တွင်ရှိသောအခါ နားလည်သဘောပေါက်ခြင်းမရှိကြပေ။ ဤလူတို့သည် မိမိတို့ကိုယ်ကိုသိသောသူများဖြစ်သလော။ လူတို့သည် မိမိတို့ကိုယ်ကိုမသိလျှင် ၎င်းတို့သည် သမ္မာတရားကို နားလည်သောသူများဖြစ်သလော။ မိမိကိုယ်ကိုမသိသူများအားလုံးသည် သမ္မာတရားကို နားမလည်သောသူများဖြစ်သည်။ မိမိကိုယ်ကိုသိမြင်ခြင်းနှင့်ပတ်သက်ပြီး အနှစ်မရှိသောစကားများကို ပြောဆိုသူအားလုံးသည် မှားယွင်းသောဝိညာဉ်ရေးရာရှိကြသည်။ ၎င်းတို့သည် လူလိမ်များဖြစ်သည်။ လူအချို့သည် အယူဝါဒစကားများကို ပြောဆိုသည့်အခါတွင် အလွန်ပင် ယုတ္တိရှိသည့်ပုံစံရှိသည်။ သို့သော် ၎င်းတို့၏ ဝိညာဉ်များတွင်ရှိသော အခြေအနေသည် ထုံထိုင်းပြီး နှေးကွေးသည်။ သိမြင်နားလည်ခြင်းမရှိပေ။ မည်သည့်ပြဿနာကိုမျှ တုံ့ပြန်မှုမရှိပေ။ ၎င်းတို့သည် ထုံထိုင်းသည်ဟု ဆိုနိုင်သည်။ သို့သော် တစ်ခါတစ်ရံတွင် ၎င်းတို့ပြောဆိုသည်ကို နားထောင်သောအခါ ၎င်းတို့၏ ဝိညာဉ်သည် ထက်မြက်ပုံရသည်။ ဥပမာ ဖြစ်ရပ်တစ်ခုပြီးပြီးချင်းတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ချက်ချင်းသိနိုင်ကြသည်။ ‘အခုပဲ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်။ ဒါကိုစဉ်းစားကြည့်ပြီး အဲဒါက ကောက်ကျစ်တယ်ဆိုတာ၊ ဘုရားကို ကျွန်တော်က လှည့်စားနေတာဆိုတာကို သဘောပေါက်သွားတယ်။’ `ဟူ၍ဖြစ်သည်။ အချို့သော ပိုင်းခြားသိမြင်ခြင်းမရှိသည့်လူများသည် ဤအရာကြားသောအခါ အားကျပြီး ‘ဒီလူက ဖောက်ပြန်ပျက်စီးခြင်းဖွင့်ပြတဲ့အခါမှာ ချက်ချင်း သတိထားမိတယ်။ ဒါကို ဖွင့်ပြောပြီး မိတ်သဟာယလည်းဖွဲ့နိုင်တယ်။ သူတို့ တုံ့ပြန်တာ အရမ်းမြန်တယ်။ သူတို့ဝိညာဉ်က ထက်မြက်တယ်။ ငါတို့ထက် အများကြီးပိုသာတယ်။ ဒါက တကယ်ကို သမ္မာတရားကို လိုက်စားတဲ့သူပဲ။’ ဟူ၍ ပြောသည်။ ဤသည်မှာ လူတို့ကို တိုင်းတာရာတွင် တိကျသောနည်းလမ်းဖြစ်သလော။ (မဖြစ်ပါ။) ဤသို့ဆိုလျှင် လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်ခြင်းရှိမရှိကို အကဲဖြတ်ခြင်းအတွက် မည်သည့်အရာက အခြေခံအချက်ဖြစ်သင့်သနည်း။ ၎င်းတို့၏ နှုတ်မှ ထွက်လာသောအရာသာ မဖြစ်ရပေ။ ၎င်းတို့တွင် မည်သည့်အရာကို အမှန်တကယ် ဖော်ပြ နေသည်ကိုလည်း ကြည့်ရမည်။ ဤအရာအတွက် အရိုးရှင်းဆုံးနည်းလမ်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကို ကြည့်ဖို့ရန်ဖြစ်သည်။ ဤသည်မှာ အရေးပါဆုံးဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့၏ အရည်အချင်းသည် ၎င်းတို့ မိမိတို့ကိုယ်ကို အမှန်တကယ်သိသည်ကို သက်သေပြသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်သောသူတို့သည် နောင်တရခြင်းကို ဖော်ပြသည်။ လူတို့က နောင်တရခြင်းကို ဖော်ပြမှသာ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိကိုယ်ကိုယ် သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်) လူတစ်ယောက်က သမ္မာတရားကို ချစ်ပြီး လက်ခံသလားဆိုတာကို စဉ်းစားတဲ့အခါမှာ သူတို့က သူတို့ကိုယ်သူတို့ အမှန်တကယ်သိရင် သူတို့က နှုတ်နဲ့အသိအမှတ်ပြုတာ၊ သီအိုရီတွေကို ဘယ်လိုပြောဆိုတာတွေကို မြင်တာနဲ့မဆိုင်ဘဲ ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါမှာ သူတို့ အမှန်တကယ် အသက်ရှင်နေထိုင်တဲ့အရာ၊ သမ္မာတရားကို လက်တွေ့လုပ်နိုင်သလား၊ တကယ်နောင်တရပြီး ပြောင်းလဲနိုင်သလား သူတို့ပြောတဲ့ နားလည်မှုနဲ့ သူတို့ရဲ့ တကယ့်ဝင်ရောက်မှုက ကိုက်ညီသလားဆိုတာနဲ့ပဲ ဆိုင်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သိလိုက်ရတယ်။ တချို့လူတွေက မှန်ကန်တဲ့အယူဝါဒတွေအားလုံးကို ပြောဆိုနေတယ်။ ဒါပေမဲ့ အမှုကိစ္စတွေကို ရင်ဆိုင်ရတဲ့အခါမှာ သမ္မာတရားကို လက်တွေ့မလုပ်နိုင်ကြဘဲ သူတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို အခြေခံပြီး ပြုမူတယ်။ ဒါက သမ္မာတရားကို လက်မခံတဲ့သူတစ်ယောက်ပဲ။ တချို့လူတွေက ဘယ်လိုအတွေးမျိုးတွေပဲ ပြပါစေ ဖွင့်ပြောနိုင်ပြီး သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို သိတယ်။ ဒီတော့ သူတို့က ရိုးရှင်းတယ်လို့ လူတွေက ထင်ကြတယ်။ ဒါပေမဲ့ သူတို့က ဒီဟာရဲ့နောက်ကွယ်က ရည်ရွယ်ချက်တွေကို လုံးဝ မပြောဘူး။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ အနှစ်သာရကို လုံးဝ မစိစစ်ဘူး။ သူတို့က ရိုးရှင်းပြီး ပွင့်လင်းတဲ့ပုံစံရှိတယ်။ ဒါပေမဲ့ သူတို့က တကယ်တမ်း လူတွေကို အထင်မှားအောင်လုပ်ပြီး လှည့်စားနေတာပါ။ ဒါက တကယ်ကို ကောက်ကျစ်ပါတယ်။ တချို့လူတွေ ကိုယ့်ကိုယ်ကိုယ် သိမြင်တာက အထင်မှားတာတစ်ခုပဲ။ သူတို့က မှားတယ်၊ စာတန်၊ နတ်ဆိုးဖြစ်တယ်လို့ပြောပြီး သူတို့ကိုယ်သူတို့ ကျိန်ဆဲပြီး ရှုတ်ချကြပေမဲ့၊ သူတို့က ဘာမှမဟုတ်ဘူး၊ အသုံးမဝင်ဘူးဆိုပေမဲ့ သူတို့လုပ်ခဲ့တဲ့ အသေးစိတ် ကောက်ကျစ်ဆိုးယုတ်တဲ့အရာတွေ၊ နောက်ကွယ်က သူတို့ရဲ့ ပုံးကွယ်နေတဲ့ ရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေ၊ ဘာတွေဖြစ်သွားစေတယ်ဆိုတာတွေနဲ့ပတ်သက်ပြီးတော့ ဘာမှမပြောကြဘူး။ ချန်ရွီကိုကြည့်ရင် သူက သူ့အခြေအနေအကြောင်းကို လူတွေကို ပြောရတာကို ကြိုက်တယ်။ သမ္မာတရားကို တကယ်လိုက်စားပြီး ရှာဖွေတဲ့ပုံစံရှိတယ်။ “ကျွန်မက မကောင်းတဲ့ လူ့သဘာဝရှိတယ်၊ ကောက်ကျစ်တယ်၊ မလိုမုန်းထားတယ်” ဆိုတာမျိုးတွေကို သူက အမြဲတမ်းပြောတယ်။ အပြင်ပန်းမှာ သူက သူ့ကိုယ်သူတကယ်ကိုသိတဲ့ပုံစံရှိတယ်။ ဒါပေမဲ့ ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါမှာ သမ္မာတရားကို လက်တွေ့မလုပ်ဘူး။ သူ့ရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုကို လုံးဝ မဖြေရှင်းဘူး။ အရင်နှစ်နှစ်တုန်းက သူက လူတွေကို ကြိုတင်ခန့်မှန်းပြီး ဂုဏ်အဆင့်အတန်းကို ဂရုစိုက်တယ်လို့ တခြားလူတွေကပြောတယ်။ ဒါပေမဲ့ သူက လုံးဝ မပြောင်းလဲသေးဘူး။ ရှင်းပါတယ်။ သူက သီအိုရီတွေကိုပဲ ပြောတယ်။ ဒါ အတုအယောင်ပဲ။ သူက လူတွေကို လိမ်လည်နေတာပဲ။ သူပြောတဲ့ အသိပညာနဲ့ သူ အသက်ရှင်နေထိုင်တာက မကိုက်ညီဘူး။
နောက်ပိုင်းမှာ ဘယ်လူတွေက တကယ်ပဲ ညီအစ်ကိုမောင်နှမတွေဖြစ်ပြီး ဘယ်လူတွေက မဖြစ်ဘူးလဲဆိုတာနဲ့ပတ်သက်တဲ့ ဘုရားဆီက မိတ်သဟာယကို ကျွန်မ ဖတ်ရတယ်။ အဲဒါကြောင့် ချန်ရွီအပေါ် ကျွန်မ နည်းနည်းပိုင်းခြားသိမြင်လာတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သမ္မာတရားကို ချစ်မြတ်နိုးသူများသာလျှင် ဘုရားသခင်၏ မိသားစုနှင့် သက်ဆိုင်ပေသည်။ ၎င်းတို့သာလျှင် စစ်မှန်သော ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ စုဝေးပွဲသို့ မကြာခဏသွားသောသူများအားလုံးသည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်ဟု သင်တွေးထင်သလော။ မလွှဲမသွေဖြစ်ခြင်းမဟုတ်ပေ။ မည်သည့်လူများက ညီအစ်ကိုမောင်နှမများ မဟုတ်သနည်း။ (သမ္မာတရားကို စိတ်ကုန်သောသူများ၊ သမ္မာတရားကို လက်မခံသူများ၊ သမ္မာတရားကို မလိုက်စားသူများဖြစ်သည်။) ၎င်းတို့သည် သမ္မာတရားကို လက်မခံဘဲ သမ္မာတရားကို စိတ်ကုန်သောသူများ၊ ဆိုးညစ်သောသူများနှင့် လူ့သဘာဝဆိုးရှိသည့် လူအချို့ ဖြစ်သည်။ အပေါ်ယံတွင် လူ့သဘာဝကောင်း ရှိပုံရသည့်သူအချို့ပင် ရှိသော်လည်း အသက်ရှင်ခြင်းအတွက် လောကအမြင်များဖြင့် စိတ်မပါ့တပါ စဉ်းစားရာတွင် ထူးချွန်သူများလည်း ရှိသည်။ ဤလူများက ပါးနပ်သော လှည့်ကွက်များကို အသုံးပြုပြီး သူတစ်ပါးကို အသုံးချကာ မြှောက်ပင့်၍ လိမ်လည်ကြလိမ့်မည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် စိတ်ဝင်စားမှုမရှိတော့ဘဲ သမ္မာတရားကို စိတ်ကုန်ကြသည်။ ယင်းအကြောင်းကို ကြားပင် မကြားချင်ကြ၊ သမ္မာတရားသည် ပျင်းရိဖွယ်ကောင်းသည်ဟု ၎င်းတို့ခံစားရပြီး ဂနာမငြိမ်နိုင်ကြပေ။ ဤလူတို့သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ဤလူစားမျိုးများသည် မယုံကြည်သူများဖြစ်ပြီး သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့ကို ညီအစ်ကို မောင်နှမများအဖြစ် သဘောမထားရ။...ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာဖြင့် အသက်ရှင်ကြသနည်း။ ၎င်းတို့သည် စာတန်၏ အတွေးအခေါ်အားဖြင့် အသက်ရှင်ကြသည်မှာ သံသယဖြစ်စရာမလိုပေ။ ၎င်းတို့သည် အစဉ်သဖြင့် ဉာဏ်များပြီး ကောက်ကျစ်သည်။ ၎င်းတို့တွင် သာမန်လူ့သဘာဝ အသက်တာမရှိပေ။ ဘုရားသခင်ကို မည်သည့်အခါမျှ ဆုမတောင်း၊ သို့မဟုတ် သမ္မာတရားကို မရှာဘဲ၊ လူသား၏ လှည့်ကွက်များ၊ နည်းလမ်းများ၊ အသက်ရှင်ခြင်းအတွက် အတွေးအခေါ်များကို အသုံးပြုလျက် အရာရာကို ကိုင်တွယ်သည်။ ဤအတွက်ကြောင့် ရှင်သန်ဖြစ်တည်ရသည်မှာ ပင်ပန်းဖွယ်ရာဖြစ်သည်။ ရိုးရှင်းသော ကိစ္စများတွင်ပင် ၎င်းတို့က မရှုပ်ရှုပ်အောင်လုပ်ကြသည်။ ၎င်းတို့က ကျိုးကြောင်းမစဉ်းစားလျှင် ဆင်ခြေများပေးကြသည်။ ဤသို့ရှင်သန်ကြသည်မှာ ပင်ပန်းဖွယ်ရာဖြစ်သည်မဟုတ်လော။ တစ်စုံတစ်ခုကို စကားအနည်းငယ်ဖြင့် ရှင်းပြနိုင်သောအချိန်တွင် ၎င်းတို့သည် အဘယ်ကြောင့် အဓိပ္ပာယ်မရှိသောအရာများစွာကို ပြောဆိုကြသနည်း။ ၎င်းတို့၏ အတွေးသည် ရှုပ်ထွေးလွန်းသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင်သိက္ခာအတွက်၊ သို့မဟုတ် စကားအနည်းငယ်ကြောင့် ၎င်းတို့သည် အားအင်ကုန်ခမ်းသည်အထိ ငြင်းခုံကြလိမ့်မည်။ အာရုံကြောရောဂါတစ်ခုခုရှိနေသည့်အလား ဖြစ်သည်။ ဤလူတို့၏ ဘဝများသည် အလွန်နာကျင်စရာ ဖြစ်သည်။...ပို၍ သေချာစွာ စစ်ဆေးကြည့်လျှင် ၎င်းတို့၏ လုပ်ရပ်များ၊ ၎င်းတို့ တစ်နေကုန် အချိန်ကုန်ခံလုပ်ဆောင်သောအရာများအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်သိက္ခာ၊ ဂုဏ်သတင်းနှင့် မာန်မာနတို့ဖြင့် ဆက်နွှယ်နေသည်။ ၎င်းတို့သည် ပင့်ကူအိမ်ထဲတွင် အသက်ရှင်နေသကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် အရာရာအတွက် ကျိုးကြောင်းသင့်ရှင်းပြရသည်၊ သို့မဟုတ် ဆင်ခြေများပေးကြသည်။ ၎င်းတို့အကျိုးအတွက် အစဉ် စကားပြောကြသည်။ ၎င်းတို့ အတွေးက ရှုပ်ထွေးလွန်းသည်။ အဓိပ္ပာယ်မရှိသောအရာများစွာကို ပြောဆိုကြသည်။ ၎င်းတို့၏ စကားများသည် အလွန် ရှုပ်ထွေးသည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ကို အစဉ် ငြင်းခုံနေကြသည်။ ဤသည်မှာ အဆုံးမရှိပေ။ ၎င်းတို့က ဂုဏ်သိက္ခာရရှိဖို့ မကြိုးစားနေလျှင် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်နေကြသည်။ ဤအရာများအတွက် အသက်မရှင်သည့်အချိန် မည်သည့်အခါမျှ မရှိပေ။ အဆုံးစွန် အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဂုဏ်သိက္ခာကို ရရှိကောင်းရရှိနိုင်သော်လည်း၊ လူတိုင်းက ၎င်းတို့ကို စိတ်ပျက်ပြီး စိတ်ကုန်ကြသည်။ ၎င်းတို့ကို လူများက ရိပ်စားမိကြသည်။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုကင်းမဲ့ကြောင်း၊ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သောသူမဟုတ်ကြောင်းကို လူများက သဘောပေါက်ကြသည်။ ခေါင်းဆောင်များ၊ အမှုဆောင်များ သို့မဟုတ် အခြားညီအစ်ကိုမောင်နှမများက ၎င်းတို့ကို စကားလုံးအနည်းငယ်ဖြင့် ဝေဖန်သည့်အခါ ၎င်းတို့က ခေါင်းမာစွာဖြင့် လက်ခံရန်ငြင်းဆန်ကြသည်။ ကျိုးကြောင်းသင့်ရှင်းပြရန်၊ သို့မဟုတ် ဆင်ခြေပေးရန် မလျှော့တမ်းကြိုးစားကြသည်။ လွှဲချရန် ကြိုးစားကြသည်။ စုဝေးပွဲပြုလုပ်စဉ်အချိန်အတောအတွင်းတွင် ၎င်းတို့သည် ခုခံကာကွယ်ကြပြီး၊ အမှန်နှင့်အမှားကို မလိမ့်တပတ်လုပ်သည်။ ဘုရားသခင်ရွေးချယ်ထားသောသူများအကြားတွင် ပြဿနာဖြစ်အောင် ဆွသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့က၊ ‘ငါပြောသည့်အရာက အမှန်ပင် အဓိပ္ပာယ်မရှိသလော’ဟု စဉ်းစားနေကြသည်။ ဤသည်မှာ မည်သည့်လူအမျိုးအစားနည်း။ ဤသည်မှာ သမ္မာတရားကို ချစ်သောသူဖြစ်သလော။ ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သလော။ တစ်စုံတစ်ယောက်က ၎င်းတို့ကို စိတ်မကျေမနပ်ဖြစ်စေသည့်အရာတစ်ခု ပြောသည်ကို ၎င်းတို့ကြားသောအခါတွင် ၎င်းတို့က အစဉ်သဖြင့် ပြောဆို စေ့စေ့စပ်စပ် ဆွေးနွေးလိုကြသည်။ မည်သူကမှန်သည်၊ မည်သူကမှားသည်ဆိုသည့်အပေါ်တွင် စကားများကြသည်။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေကြသကဲ့သို့ ထိုအရာကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ သဘောမထားကြပေ။ ကိစ္စတစ်ခုသည် မည်မျှရိုးရှင်းပါစေ ၎င်းတို့က အလွန်ရှုပ်ထွေးအောင် ပြုလုပ်သည်။ ၎င်းတို့သည် ပြဿနာရှာခြင်းသာဖြစ်သည်။ ၎င်းတို့သည် အလွန်ပင်ပန်းရဖို့ ထိုက်တန်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ဘယ်သူက ညီအစ်ကိုမောင်နှမတွေဖြစ်တယ်၊ ဘယ်သူက မယုံကြည်သူတွေဖြစ်တယ်ဆိုတာ ပိုင်းခြားသိမြင်ဖို့ ကျွန်မတို့အတွက် လွယ်ကူပါတယ်။ တချို့လူတွေက အမှန်နဲ့အမှားကို အလကားငြင်းခုံနေရတာကို ကြိုက်ကြတယ်။ သူတို့က သမ္မာတရားကို လက်မခံကြဘဲ အဲဒီအစား စိတ်ကုန်ကြတယ်။ အမှုကိစ္စတွေကို ရင်ဆိုင်ရတဲ့အခါမှာ သမ္မာတရားကို မရှာဖွေဘူး။ မသုံးသပ်ကြဘူး။ ကိုယ့်ကိုယ်ကိုယ် မသိကြဘူး။ အမြဲတမ်းကာကွယ်နေပြီး ကိုယ့်ကိုယ်ကိုယ် မှန်ကန်ကြောင်းပြကြတယ်။ ဒီလိုလူမျိုးက အရမ်းစဉ်းစားလွန်းပြီး သဘာဝအရ လှည့်စားတတ်တယ်။ ဒါက သူတို့အတွက် ပင်ပန်းရုံတင်မဟုတ်ဘဲ တခြားလူတွေကိုလည်း နာကျင်မှုတွေ၊ စိတ်ရှုပ်တာတွေဖြစ်စေတယ်။ ဒီလိုလူမျိုးက စစ်မှန်တဲ့ ညီအစ်ကိုမောင်နှမမဟုတ်ဘူး။ နောက်တော့ ချန်ရွီကိုစဉ်းစားကြည့်တော့ သူ့ရဲ့ ဂုဏ်သတင်းကို ထိခိုက်ပြီး သူ့ကို နာကျင်စေတဲ့ လူတစ်ယောက်ရဲ့ အမှတ်တမဲ့ မှတ်ချက်ကြောင့် သူက အဲဒီလူတွေကို ကြိုတင်ခန့်မှန်းတယ်။ သံသယဖြစ်လာတယ်။ သူတို့ကို အမြင်စောင်းလာတယ်။ နောက်တော့ သူက သူ့ကိုယ်သူရှင်းပြဖို့ မှားယွင်းစွာ ဖွင့်ပြောတယ်။ သူများတွေရဲ့ ပြဿနာတွေကို ယူလာဖို့ နည်းလမ်းအနေနဲ့ သူ့အကြောင်းကိုပြောတယ်။ သူက အမြဲတမ်း အမှန်နဲ့အမှားကို အလကားငြင်းခုံနေတယ်။ ဥပမာ အဖွဲ့ခေါင်းဆောင်က သူ့ကို အကြံတချို့ပေးတော့ အဖွဲ့ခေါင်းဆောင်က သူ့ကို အထင်သေးနေတယ်လို့ ထင်ပြီး သူက မပျော်တော့ဘူး။ နောက်တော့ စုဝေးပွဲတစ်ခုမှာ သူက ဖွင့်ပြောပြီး အဖွဲ့ခေါင်းဆောင်က သူ့ကို အလေးမထားဘူးလို့ ပြောတယ်။ ဒီနည်းနဲ့ လူတိုင်းက သူနဲ့ ထပ်တူခံစားပြီး အဖွဲ့ခေါင်းဆောင်အပေါ်ကို ထင်မြင်ချက်ဖြစ်လာအောင်ပေါ့။ လူတွေက သူနဲ့ဆက်ဆံတဲ့နေရာမှာ သတိထားရလေ့ရှိတယ်။ သူ့အမူအရာတွေနဲ့ သူ့မျက်နှာကိုကြည့်ရင်း သူတို့ပြောတာတစ်ခုခုက သူ့အခြေအနေကို ထိခိုက်မှာကို ကြောက်ရင်းနဲ့ပေါ့။ သူနဲ့ ဆက်ဆံရတာက တော်တော် ဖိစီးတယ်။ ဘယ်သမှ မလွတ်လပ်နိုင်ဘူး။ သူက ကိစ္စတွေကို အမြဲတမ်း အတွေးလွန်နေပြီး စိတ်ဓာတ်ကျနေတော့ အလုပ်တိုးတက်မှုကို တော်တော်ထိခိုက်လာတယ်။ သူက အထိမခံဖြစ်ပြီး စိတ်နုတယ်၊ ကိစ္စတွေက သူ့နည်းလမ်းအတိုင်းမဖြစ်ရင် စိတ်တိုစိတ်ကောက်တတ်တယ်၊ ဒါက သာမန် လူသားအမှားတစ်ခုပဲ ညီအစ်ကိုမောင်နှမတွေအတွက်၊ အသင်းတော်အလုပ်အတွက် ဘာအနှောင့်အယှက်မှတကယ်မပါဝင်ဘူးလို့ ကျွန်မ ထင်လေ့ရှိခဲ့တယ်။ ဒါပေမဲ့ အမှန်တရားတွေနဲ့ ယှဉ်ကြည့်တော့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေနဲ့ အသင်းတော်အသက်တာကိုပါ တကယ်တမ်း အနှောင့်အယှက်ဖြစ်ခဲ့တာကို မြင်ရတယ်။ အသင်းတော်အလုပ်ရဲ့ ပုံမှန်တိုးတက်မှုကိုလည်း ထိခိုက်ခဲ့တယ်။ သူ့ရဲ့ အကြမ်းဖျင်းတင်ပြပုံနဲ့ ပေါင်းစပ်လိုက်ရင် သူက သမ္မာတရားကို လုံးဝ လက်မခံဘဲ ကောက်ကျစ်တယ်။ သူက သူများတွေကို စိတ်ဓာတ်မြှင့်တင်မပေးဘူး။ အထောက်အကူမဖြစ်ဘူး။ အဲဒီအစား သူက မယုံကြည်သူဖြစ်တယ်။ သူ့ရဲ့ အကြမ်းဖျင်းအပြုအမူကို ခေါင်းဆောင်က နားလည်သွားပြီး သူ့တာဝန်ကို ရုတ်သိမ်းလိုက်တယ်။ ဆင်ခြင်သုံးသပ်ဖို့အတွက် သူ့ကိုယ်သူ သီးခြားခွဲနေခိုင်းလိုက်တယ်။
အဲဒီနောက်မှာ လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ ဒါကြောင့် ချန်ရွီရဲ့ စကားတွေနောက်ကွယ်မှာ ဘာတွေပုံးကွယ်နေလဲဆိုတာကို မြင်ပြီး ပိုင်းခြားသိမြင်မှုရခဲ့ပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လှည့်စားတတ်ခြင်းသည် အပြင်ပန်း၌ မကြာခဏ သိသာထင်ရှားသည်။ တစ်စုံတစ်ဦးသည် ဝေ့လည်ကြောင်ပတ်ပြောဆိုသည့်အခါ၊ သို့မဟုတ် အလွန်လှည့်ဖြားတတ်သည့်နည်းလမ်းဖြင့် စကားပြောဆိုပြီး စဉ်းလဲသည့်အခါ၊ ယင်းမှာ လှည့်စားတတ်ခြင်း ဖြစ်သည်။ ဆိုးယုတ်ခြင်း၏ အဓိက ဝိသေသလက္ခဏာမှာ အဘယ်နည်း။ ဆိုးယုတ်ခြင်းဟူသည်မှာ လူများ ပြောသည့်အရာသည် အထူးသဖြင့် နားဝင်ချိုသည့်အရာ ဖြစ်သည့်အခါ၊ ယင်းတို့အားလုံးက မှန်ကန်ပြီး အပြစ်ကင်းသည်ဟု ထင်ရပြီး၊ သင်မည်သည့်ဘက်က ကြည့်ပါစေ၊ ကောင်းသည်ဟု ထင်ရသည့်အခါ၊ ယင်းမှာ ၎င်းတို့သည် သိသာထင်ရှားသည့် နည်းစနစ်များကို မသုံးဘဲ၊ အမှုကိစ္စများကို ၎င်းတို့ လုပ်ဆောင်ပြီး ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိသည့် အချိန်ဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စများကို လုပ်ဆောင်သည့်အခါတွင် အလွန်အမင်း လျှို့ဝှက်ကြသည်၊ သိသာသော အရိပ်လက္ခဏာ၊ သို့မဟုတ် လျှို့ဝှက်ချက်ကို မြင်သာစေသည့် အသွင်အပြင်မျိုး၊ စကားမျိုး မရှိဘဲ ယင်းတို့ကို ဖြစ်မြောက်အောင်မြင်ကြသည်။ ဤသည်မှာ အန္တိခရစ်တို့က လူများကို ထင်ယောင်ထင်မှား ဖြစ်စေသည့်နည်းလမ်းဖြစ်ပြီး ထိုသို့သော အရာများနှင့် ထိုသို့သော လူများကို ခွဲခြားဖော်ထုတ်ဖို့ အလွန်ခက်ခဲပေသည်။ လူအချို့က မှန်ကန်သင့်တော်သော စကားများကို မကြာခဏ ပြောကြကာ၊ သာယာနာပျော်ဖွယ် စကားစုတို့ကို မကြာခဏ အသုံးပြုကြပြီး လူများကို လှည့်စားဖို့ သူတို့၏ခံစားချက်များနှင့် ကိုက်ညီသည့် အချို့သော အယူဝါဒများ၊ အာဘော်များနှင့် နည်းစနစ်များကို အသုံးပြုကြသည်။ ၎င်းတို့သည် လမ်းတစ်ခုကို သွားဟန်ဆောင်ကြသော်လည်း၊ အမှန်တွင် ၎င်းတို့၏လျှို့ဝှက်သော ရည်မှန်းချက်များ ရရှိဖို့ အခြားလမ်းတစ်ခုကို သွားကြသည်။ ဤသည်မှာ ဆိုးယုတ်ခြင်း ဖြစ်သည်။ လူများက ဤအပြုအမူများကို လှည့်စားတတ်ခြင်းဟု ပုံမှန်အားဖြင့် ယုံကြည်ကြသည်။ ၎င်းတို့၌ ဆိုးယုတ်ခြင်းနှင့်သက်ဆိုင်သည့် အသိပညာလည်း နည်းပါးကြပြီး ယင်းကို အသေးစိတ် စိစစ်လေ့လာမှုလည်း နည်းကြသည်။ ကောက်ကျစ် စဉ်းလဲခြင်းသည် ဖုံးကွယ်နေပြီး ပါဝင်သည့် နည်းစနစ်များနှင့် နည်းနိဿယများသည် သာ၍ ဆန်းပြားရှုပ်ထွေးသောကြောင့်၊ လှည့်စားတတ်ခြင်းထက် သာ၍ ဖော်ထုတ်ဖို့ ခက်ခဲသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၅- ၎င်းတို့သည် လူတို့ကို လှည့်စားကာ၊ သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏) ဘုရားနှုတ်ကပတ်တော်တွေက ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့လူတွေကို ဖော်ထုတ်တယ်။ ဒီလူတွေက ကောင်းပြီး မှန်ကန်ပုံရတဲ့၊ သဘောတူလောက်တဲ့ အရာတချို့ကို ပြောတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ သာမန်လူတွေ မရိပ်စားမိနိုင်တဲ့ ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေ ဖုံးကွယ်နေတယ်။ ချန်ရွီရဲ့ အပြုအမူကို ကျွန်မ မစဉ်းစားဘဲ မနေနိုင်ဘူး။ ကျွန်မက ရက်ရောပြီး သူနဲ့ အလကားမငြင်းခုံဘူး၊ ကျွန်မနဲ့ ဆက်ဆံရတာကို ကြိုက်တယ်လို့ သူကကျွန်မကိုပြောတယ်။ တစ်ခါတော့ အစ်မလီက အိမ်မှာမရှိတာကို သူမြင်တဲ့အခါမှာ အိမ်မှာ တစ်ယောက်တည်းနေရတာ ကြောက်တယ်လို့ပြောထားတဲ့ စာတစ်စောင်ကို ပို့တယ်။ သူက အမေက အနားမှာမရှိတဲ့ ကလေးတစ်ယောက်လိုမျိုးပေါ့။ ဒါကိုကြားပြီး ဘယ်သူမဆိုက သူတို့အပေါ်မှာ သူက အများကြီးယုံကြည်မှုရှိတယ်၊ သူတို့ကို ယုံကြည်ရတဲ့ သူငယ်ချင်း၊ ဒါမှမဟုတ် မိသားစုဝင်အဖြစ်တောင်မြင်တယ်လို့ ခံစားရမှာပဲ။ အဲဒီမှာ သူတို့က သူ့ကို ဂရုစိုက်ချင်ပြီး အရာရာတိုင်းမှာ သူ့အတိုင်းလိုက်လုပ်ချင်ကြတယ်။ သူများတွေက သူ့ကို အထင်သေးနေတယ်လို့ သူက ထင်ပြီး အမှန်အမှားကို ငြင်းခုံတဲ့အချိန်မှာတောင် သူပြောတာကို ဘယ်သူမှ ရိပ်စားမိမှာမဟုတ်ဘဲ သူ့ကိုယ်ချင်းစာပြီး သနားကြမှာပဲ။ ရှင်းပါတယ်။ သူက ကောင်းတဲ့ပုံစံရှိတဲ့၊ သူများတွေကို မြှောက်ပင့်တဲ့၊ သူတို့ကြားချင်တဲ့အရာတွေကိုပြောတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ သူတို့ကို သူက စည်းရုံးချင်တယ်။ သူ့အခြေအနေအကြောင်းကို လူတွေနဲ့ပြောရတာကို သူ ကြိုက်လေ့ရှိတယ်။ ဒီနည်းနဲ့ သူက အသက်ဝင်ရောက်မှုကို အာရုံစိုက်တယ်၊ သမ္မာတရားကိုရှာပြီး လိုက်စားတယ်လို့ သူတို့တွေ မြင်အောင်ပေါ့။ ဒါပေမဲ့ တကယ်တမ်းတော့ သူက သူများတွေ သူ့ကို အကောင်းမြင်အောင်လို့ ဒီဝိညာဉ်ရေးရာ အသွင်အပြင် အတုအယောင်ကို တမင်တကာ ဖန်တီးနေတာပါ။ သူက သူ့အခြေအနေကို ပြောနေသလိုမျိုး ပြုမူတယ်။ ဒါပေမဲ့ တကယ်တမ်းက နှစ်သိမ့်ခံရဖို့ ပုံကြီးချဲ့ပြောနေတာ၊ ရင်ဖွင့်နေတာ၊ လူတွေရဲ့ ခံစားချက်တွေကို ဆော့ကစားနေတာပါ။ လူတွေ သူတို့တာဝန်ကို လုပ်တဲ့အချိန်ကိုတောင် ယူသုံးတယ်။ ဒါပေမဲ့ သူ့ရည်ရွယ်ချက်တွေကို ကျွန်မ မမြင်နိုင်ခဲ့ဘူး။ သူက တကယ်တမ်း ဘယ်လိုလူမျိုးလဲဆိုတာ မရိပ်စားမိနိုင်ခဲ့ဘူး။ ကျွန်မက အမြဲတမ်းပဲ သူနဲ့ ကြင်ကြင်နာနာ မိတ်သဟာယဖွဲ့တယ်။ ကူညီပံ့ပိုးပေးတယ်။ သူက ဘဝမှာ ရုန်းကန်နေရတာကို ကျွန်မမြင်တိုင်း သူ့ကို စိတ်အားထက်သန်စွာနဲ့ ကူညီတယ်။ အကျိုးဖြစ်မယ့်ဟာတစ်ခုခုအတွက် သူ့ကို အရင်ထည့်စဉ်းစားတယ်။ အခု သူက မကောင်းတဲ့ သဘာဝရှိတယ်ဆိုတာ၊ အပြောနဲ့အလုပ်နှစ်ခုလုံးမှာ လှည့်စားတတ်တယ်ဆိုတာ သူက လိမ်ညာနေပြီး လူတိုင်းကို လှည့်စားနေတယ်ဆိုတာတွေကို နောက်ဆုံးတော့ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့ပါတယ်။
အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သုံးသပ်တယ်။ ကျွန်မက ဘာလို့ ချန်ရွီအပေါ် ရိပ်စားမှုတစ်ခုခုမရှိခဲ့တာလဲ။ ကျွန်မ သုံးသပ်ကြည့်တော့ ကျွန်မရှိခဲ့တဲ့ မှားနေတဲ့ရှုထောင့်ကို မြင်ခဲ့တယ်။ သူ့အခြေအနေကို ပြောနိုင်တာက ရိုးရှင်းပွင့်လင်းတာ၊ သမ္မာတရားကို လက်တွေ့လုပ်တာလို့ ကျွန်မ မှတ်ယူခဲ့ပြီး သူ့စကားတွေကို အရေးမစိုက်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့်သာ တကယ်ရိုးရှင်းပွင့်လင်းတာက ဘာလဲဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။...အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၁)၊ သတိပေးချက် သုံးချက်) ရိုးရှင်းပြီး ပွင့်လင်းတာက အဓိကအားဖြင့် ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါ၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ပြတဲ့အခါ ဖွင့်ပြောခြင်းဖြစ်တယ်။ တစ်ခုခုကို အယောင်ဆောင်တာ၊ အမှန်တွေကို ဖုံးကွယ်တာမဟုတ်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့ပါတယ်။ ဖွင့်ပြောခြင်းက အဓိကအားဖြင့် သမ္မာတရားကို ရှာဖွေဖို့၊ ကိုယ့်ပြဿနာတွေကို အမြန်ဖြေရှင်းဖို့ပဲ။ ပြီးရင် အဲဒီကတစ်ဆင့် ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းရဲ့ အနှစ်သာရကို မြင်နိုင်တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ရင်းရင်းနှီးနှီးစကားပြောနိုင်တယ်။ ဒါက စိတ်ဓာတ်မြှင့်တင်ပေးပြီး လူတွေအတွက် အကျိုးဖြစ်တယ်။ လူတစ်ယောက်က ရိုးရှင်းပွင့်လင်းသလားဆိုတာကို ကြည့်တာကို အဓိကအားဖြင့် သူ့ရဲ့ ရည်ရွယ်ချက်တွေနဲ့ ရလဒ်ကို ကြည့်ပြီး လုပ်ရတယ်။ သူတို့က တစ်ဖက်သက်အမြင်တွေ၊ အသေးအဖွဲ အိမ်ကိစ္စတွေအကြောင်းပြောပြီး ကိုယ့်ကိုယ်ကိုယ် တကယ်သုံးသပ်တာ၊ နားလည်တာမရှိဘဲ အတင်းအဖျင်းပြောရင် ဒီနည်းနဲ့ ဖွင့်ပြောတာက အမှန်တကယ် ရိုးရှင်းပွင့်လင်းတာမဟုတ်ဘူး။ ဒါက သူတို့မကြိုက်တာကို ရင်ဖွင့်ပြီး သူတို့ပြဿနာတွေအတွက် သူများတွေကို တိတ်တခိုးအပြစ်တင်နေတာပဲ။ ဒီလိုပွင့်လင်းမှုမျိုးမှာ လူတွေအတွက် စိတ်ဓာတ်မြှင့်တင်ပေးတာ၊ ကူညီပေးတာ မရှိဘူး။ တချို့လူတွေက သမ္မာတရားကို လက်ခံတဲ့ ရိုးသားသူတွေလို့ ဟန်ဆောင်ဖို့အတွက်တောင်မှ သူတို့က ပွင့်လင်းသလိုမျိုး ပြုမူကြတယ်။ သူတို့ကို သူများတွေ အထင်ကြီးလေးစားအောင်ပေါ့။ ဒီနည်းနဲ့ ပွင့်လင်းတာက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်တာ၊ မသိမသာနဲ့ ကြွားဝါနေတာပဲ။ ဒါက အထင်မှားစေတယ်။ ချန်ရွီရဲ့ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုကို စဉ်းစားကြည့်ရင် သူက အများအားဖြင့် သူများတွေအပေါ် သူ့ရဲ့ သံသယတွေ၊ သူ ဖော်ပြတဲ့ အတွေးတွေ၊ စိတ်ကူးတွေကို ဖွင့်ပြောတယ်။ ဒါပေမဲ့ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ၊ သူ့ရဲ့ ပုံးကွယ်နေတဲ့ ရည်ရွယ်ချက်တွေ၊ အကြောင်းရင်းတွေကို လုံးဝ မပြောဘူး။ သူက သမ္မာတရားကိုရှာဖွေဖို့၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့ ဖွင့်ပြောတာမဟုတ်ဘူး။ သူ့ရဲ့ နစ်နာချက်တွေကို ဖွင့်ချတာပဲ။ လူတွေ သူ့ကို သနားပြီး နှစ်သိမ့်အောင်ပေါ့။ သူ့ကို အထင်မလွဲအောင် သူ့ကိုယ်သူ မှန်ကြောင်းပြဖို့တောင် ဒါကိုအသုံးပြုတယ်။ ဒီနည်းနဲ့ သူများတွေအမြင်မှာရှိတဲ့ သူ့ပုံရိပ်ကို ကာကွယ်နိုင်တယ်။ သူ့ရဲ့ ပွင့်လင်းမှုက သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မဖြေရှင်းခဲ့ဘူး။ ညီအစ်ကိုမောင်နှမအတွက် အကျိုးအမြတ်၊ စိတ်ဓာတ်မြှင့်တင်ပေးတာ တစ်ခုခုမရှိဘူး။ ဒါက ရိုးရှင်းပွင့်လင်းတာမဟုတ်ဘူး။ လိမ်လည် လှည့်စားနေတာပဲ။ ဒါကို သဘောပေါက်တာနဲ့ စိတ်ထဲမှာ နည်းနည်းရှင်းသွားတယ်။ ချန်ရွီက သမ္မာတရားကို လိုက်စားသူမဟုတ်ဘူးဆိုတာ၊ ရိုးရှင်းပြီး ရိုးသားတာမဟုတ်ဘဲ တကယ်ကို ကောက်ကျစ်ပြီး ဆိုးယုတ်တယ်ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်းမြင်ခဲ့တယ်။
အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သုံးသပ်တယ်။ ကျွန်မက ချန်ရွီနဲ့ တစ်နှစ်နီးပါး ဆက်ဆံခဲ့ပြီး သူ့ရဲ့ အထွေထွေပြဿနာတွေအပေါ် နည်းနည်းသတိထားမိတယ်။ ဒါဆို အခုမတိုင်ခင်အထိ သူ့အပေါ် ဘာကြောင့် ဘာသိမြင်မှုမှ ကျွန်မ မရခဲ့တာလဲ ပေါ့။ အကြောင်းရင်းက ကျွန်မက အကြောင်းအရာတွေကို ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် မကြည့်ဘဲ ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးထင်မြင်ချက်တွေကတစ်ဆင့် ကြည့်နေတာကြောင့်ပဲဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မက သူ ဖွင့်ပြောပြီး သူ့အခြေအနေကို သူများတွေနဲ့ မျှဝေချင်တာကို သူက သမ္မာတရားကို ချစ်ပြီး ရှာဖွေတာလို့ မြင်ခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်တွေ၊ အကြောင်းအရာတွေမှာ စမှတ်တွေ၊ တကယ်တမ်း ရရှိခဲ့တဲ့အရာတွေကို မကြည့်ခဲ့ဘူး။ သူက ဘယ်လိုစကားပြောတယ်၊ ပြုမူတယ်ဆိုတာ မကြည့်ခဲ့ဘူး။ သူ့နည်းလမ်းတွေကို မကြည့်ခဲ့ဘူး။ အကြောင်းအရာတွေကို ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် မကြည့်ခဲ့ဘူး။ ဒါကြောင့် ကျွန်မက သူ့ရဲ့ အနှစ်သာရကို မမြင်တာ၊ သူ့ကို မရိပ်စားမိတာပဲ။ သူ့ကို ညီမတစ်ယောက်လိုတောင် ဆက်ဆံခဲ့တယ်။ အမြဲတမ်း ခွင့်လွှတ်ပေးတယ်။ ကူညီတယ်။ ချစ်ခြင်းနဲ့ ပံ့ပိုးပေးတယ်။ ကျွန်မ တော်တော်မိုက်မဲတာပဲ။ လူတစ်ယောက်က သမ္မာတရားကို ချစ်ပြီး လိုက်စားသလားဆိုတာကို ပိုင်းခြားသိမြင်တာက မိတ်သဟာယမှာ လူတွေကို ရှာဖွေရတာ၊ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုအကြောင်းပြောရတာကို သူ ဘယ်လောက်ကြိုက်တယ်ဆိုတာနဲ့မဆိုင်ဘဲ အဲဒီထက် ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါမှာ သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်နိုင်သလား၊ ပြီးရင် စစ်မှန်တဲ့ဝင်ရောက်မှုရှိပြီး ပြောင်းလဲသလားဆိုတာနဲ့ဆိုင်တာကို အခု ကျွန်မ နားလည်သွားတယ်။ လူတစ်ယောက်ရဲ့ အနှစ်သာရကို ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး ရိပ်စားမိဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ လူတွေကို မရိပ်စားမိနိုင်ရင် လှည့်စားခံရမယ်။ လူတွေကို မမြင်မကန်းနဲ့ ချစ်မယ်။ မဟုတ်တဲ့လူတွေကို ညီအစ်ကိုမောင်နှမတွေအဖြစ် ကူညီပံ့ပိုးလိမ့်မယ်။ ဒါက အဆုံးမှာ အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်မှာပဲ။ လူတွေနဲ့ အကြောင်းအရာတွေကို ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကြည့်ခြင်းကသာ တိကျတယ်။ ဒါကသာ သူများတွေကို ရိပ်စားမိဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ဒါကသာ သူများတွေကို ဘယ်လိုမှန်မှန်ကန်ကန်ဆက်ဆံရမယ်ဆိုတာသိဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ကျေးဇူးတော်ပါပဲ။