၄၅။ အန္တိခရစ်ကို ဖော်ထုတ်ခြင်းသည် ကျွန်မ၏ တာဝန်ဖြစ်သည်

လီချမ်း တရုတ်နိုင်ငံ

၂၀၂၀ခုနှစ်၊ သြဂုတ်လနောက်ပိုင်းမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံရပြီး ရှင်းယန်နဲ့ တွဲလုပ်ရတယ်။ စက်တင်ဘာလအစောပိုင်းမှာ ကျွန်မတို့ အထက်လူကြီးက မြို့ပြင်က အစည်းအဝေးတစ်ခုဆီကို ရှင်းယန်ကို ခေါ်တယ်။ ကျွန်မကတော့ အသင်းတော်တာဝန်အမျိုးမျိုးကို ကိုင်တွယ်ဖို့ သင်းထောက်တချို့နဲ့ အသင်းတော်မှာ ကျန်နေခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရေလောင်းတဲ့အလုပ်က အတော်လေး ထိရောက်မှုမရှိတာကို ကျွန်မတို့ တွေ့ရတယ်။ အဓိကကတော့ ကြီးကြပ်သူက အလုပ်ကို ပုံမှန် နောက်ဆက်တွဲလိုက်လုပ်ဖို့ ပျက်ကွက်တာကြောင့်ပေါ့။ ပြဿနာကိုဖြေရှင်းဖို့ ကြီးကြပ်သူနဲ့ မိတ်သဟာယဖွဲ့ဖို့ ကျွန်မတို့ ပြင်ဆင်တယ်။ ဒါပေမဲ့ ဒီအကြောင်းကို ရှင်းယန်ဆီကို ကျွန်မတို့ စာတစ်စောင်ပို့တော့ ကျွန်မတို့ အကြံပြုချက်ကို ချက်ချင်းပဲ ငြင်းပယ်ပြီး ဒီအကြောင်းပြောဖို့ သူပြန်လာတဲ့အထိစောင့်ဖို့ ပြောတယ်။ ကျွန်မက စဉ်းစားတယ်။ “ဒါက ကြီးကြပ်သူနဲ့ မိတ်သဟာယဖွဲ့တာပဲလေ။ အစ်မပြန်လာတာကို ဘာလို့စောင့်သင့်တာလဲ” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မစဉ်းစားမိတယ်။ ရှင်းယန်က ကျွန်မတို့မသိတဲ့ ကြီးကြပ်သူရဲ့ တခြားပြဿနာတွေအကြောင်းသိပြီး ဒါကို ကျွန်မတို့နဲ့အတူ ဖြေရှင်းချင်တာဖြစ်နိုင်တယ်ပေါ့။ ဒီလိုစဉ်းစားပြီး ကျွန်မ ဘာမှထပ်မပြောတော့ဘူး။ ဒါပေမဲ့ သုံးလေးရက်ကြာတော့ ရှင်းယန်က အစည်းအဝေးကနေ ပြန်လာပြီး လုံး ရှင်းမပြဘူး။ အဲဒီအချိန်တုန်းက သူက နည်းနည်းမာနကြီးတယ်လို့ ကျွန်မ ထင်မိတယ်။ ဘာကြောင့်လဲဆိုရင် သူပြန်မလာခင်မှာ ဒီပြဿနာနဲ့ပတ်သက်ပြီး ကြီးကြပ်သူနဲ့ မိတ်သဟာယပြုဖို့ ကျွန်မတို့အတွက် အဆင်ပြေမှာပဲလေ။ သူမပါဘဲ ကျွန်မတို့က အလုပ်မလုပ်နိုင်တဲ့ ဘာအကြောင်းပြချက်ရှိလို့လဲပေါ့။ နောက်ပိုင်းမှာ အစည်းအဝေးမှာ အလုပ်အကြောင်း ကျွန်မတို့ ဆွေးနွေးတဲ့အခါ သူက ကျွန်မတို့ကို အထက်စီးကနေပြောနေပြီး အမိန့်တွေပဲပေးနေတာကို တွေ့ရတယ်။ ကိစ္စတွေကို ကျွန်မတို့နဲ့ ဆွေးနွးဖို့လိုတယ်လို့ သူမမြင်နေသလိုမျိုးပေါ့။ ကျွန်မတို့အလုပ်မှာ ကျွန်မက အကြံပြုချက်နည်းနည်းပေးတယ်။ ဒါပေမဲ့ သူက တစ်ချက်မှ မစဉ်းစားဘဲ ငြင်းလိုက်တယ်။ တချို့ အကြံပြုချက်တွေက ဘာပြဿနာမှမရှိပါဘူး။ ဒါပေမဲ့ သူက အကြံပြုချက်တွေကို တမင်သက်သက် အမှားတွေရှာပြီး သူဖြစ်စေချင်တဲ့အတိုင်းပဲ လုပ်ခိုင်းတယ်။ ဥပမာ အဖွဲ့တချို့ရဲ့ အလုပ်ကို ကျွန်မ စုံစမ်းစစ်ဆေးတော့ ပြဿနာနည်းနည်းတွေ့တယ်။ အဲဒါတွေကို ဖြေရှင်းဖို့ ကြီးကြပ်သူတွေနဲ့ ကျွန်မ မိတ်သဟာယပြုမယ်လို့ အကြံပြုတယ်။ ဒါပေမဲ့ ကျွန်မ သွားဖို့မလိုဘူးလို့ ရှင်းယန်က အရမ်းကိုပြောခဲ့တယ်။ ပြီးတော့ သူအလုပ်မရှုပ်တဲ့အချိန်မှာ သူကိုယ်တိုင် သူတို့နဲ့ တွေ့မယ်လို့ပြောတယ်။ ပြီးတော့ ကျွန်မက အဲဒီအဖွဲ့တွေဆီက အလုပ်အခြေအနေကို သူ့ထက်ပိုပြီး အရင်းနှီးဆုံးပဲလေ။ အဲဒါနဲ့ ကျွန်မအကြံပြုချက်ကို ထပ်ပြောလိုက်တယ်။ ဒါပေမဲ့ သူက သူပြောတဲ့အတိုင်းလုပ်ဖို့ မရမကပြောနေတုန်းပဲ။ ဒါကြောင့် ကျွန်မက တော်တော် ကသိကအောက်ဖြစ်သွားပြီး စဉ်းစားတယ်။ “ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ။ ဒါပေမဲ့ သူပဲ အမြဲတမ်းဆုံးဖြတ်တယ်။ ဆွေးနွေးညှိုနှိုင်းတာမရှိဘူး။ ငါ့အကြံပြုချက်တွေအားလုံးကို ပယ်တယ်။ နောက်ဆုံးကျ သူပြောတာပဲ ငါနားထောင်ရတယ်။ ငါ့ရဲ့ ဘယ်အကြံပြုချက်ကမှ မသင့်လျော်ဘူးလား။ ဒါမှမဟုတ် သူက မာနကြီးလွန်းနေတာလား” ပေါ့။ ဒါပေမဲ့ သူက ဘယ်လောက် အားမာန်ပါတယ်ဆိုတာ ကျွန်မ မြင်တယ်။ ပြီးတော့ သူက ခေါင်းဆောင်ဖြစ်တာ ကျွန်မထက်ပိုကြာတယ်ဆိုတော့ အခြေအနေကို ကျွန်မထက် ပိုသိသင့်တယ် ပေါ့။ အဲဒါနဲ့ ကျွန်မ သူ့နည်းအတိုင်းလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ဘူး။

အဲဒီနောက်မှာ မတူတဲ့ အသင်းတွေနဲ့တွေ့ဖို့ ကျွန်မတို့ လမ်းခွဲပြီးသွားကြတယ်။ ရေလောင်းအမှုဆောင်တွေနဲ့ ကျွန်မတွေ့တော့ ဦးဆောင်တဲ့သူ အစ်မဝမ်ကပြောတယ်။ အခုတလောမှာ လူသစ်တွေ ပိုပိုများလာတယ်။ ရေလောင်းအမှုဆောင်တွေက အရမ်းအလုပ်ရှုပ်လာတယ် တဲ့။ ပြီးတော့ လူသစ်တွေကို အချိန်ပိုင်းနဲ့ ရေလောင်းပေးဖို့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ကျွန်မတို့ စီစဉ်ပေးနိုင်မလားဆိုပြီး မေးတယ်။ ဒါဆိုရင် လူသစ်တွေကို အချိန်မီရေလောင်းဖို့ သေချာလုပ်နိုင်မယ်ပေါ့။ အစ်မဝမ်ရဲ့ အကြံပြုချက်က ကောင်းတယ်လို့ မြင်တာကြောင့် ကျွန်မ လက်ခံလိုက်တယ်။ မျှော်လင့်မထားဘဲ ရှင်းယန်က သိသွားတဲ့အချိန်မှာ အဲဒီနေ့မှာပဲ သူက တော်တော်ကြမ်းတဲ့ စာတစ်စောင်ရေးပြီး ရေလောင်းအမှုဆောင်တွေအားလုံးဆီကို ပို့လိုက်တယ်။ ကျွန်မက မကောင်းမကန်းစီစဉ်ပြီး အလုပ်ကို ဖရိုဖရဲဖြစ်အောင်လုပ်တယ်ဆိုပြီး စာမှာ စွပ်စွဲထားတယ်။ သူက အစ်မဝမ်ကိုလည်း ဆူရင်းနဲ့ ကိုင်တွယ်ဖြေရှင်းတယ်။ ကျွန်မတို့က အစီအစဉ်တွေကို ထင်ရာမြင်ရာလုပ်ပြီး ကျွန်မတို့ ကျေနပ်သလိုလုပ်ခဲ့တယ်၊ ဒါကြောင့် အသင်းတော်အလုပ်ကို ကြားဖြတ်နှောင့်ယှက်ပြီး ဒါဟာ အရမ်းဆိုးဝါးတယ်ဆိုပြီးပြောတယ်။ ဒီစာက ကျွန်မခေါင်းကို တူနဲ့ထုလိုက်သလိုပဲ။ ရင်ပေါက်ထွက်မတတ် နှလုံးခုန်သွားတယ်။ ကျွန်မက ထင်ရာမြင်ရာလုပ်နေတာလား၊ အသင်းတော်အလုပ်ကို နှောင့်ယှက်နေတာလား။ ကျွန်မ ချက်ချင်းကို အံ့သြမှင်သက်သွားတာ။ ပြီးတော့ ကျွန်မ လမ်းလွဲနေပြီး အနှောင့်အယှက်ဖြစ်ကောင်းဖြစ်နေနိုင်တယ်ဆိုပြီး စိုးရိမ်မိတယ်။ အထူးသဖြင့် ဒီစာကို ညီအစ်ကိုမောင်နှမတွေအားလုံး ဖတ်နိုင်တယ်ဆိုတာကျွန်မ သတိထားမိတဲ့အချိန်မှာ အရမ်းကို ရှက်စရာကောင်းတယ်လို့ ခံစားမိတယ်။ လူတိုင်းက ကျွန်မကို အခုဘယ်လိုထင်မလဲ။ နောင်မှာ သူတို့ကို ဘယ်လိုမျက်နှာပြရမှာလဲပေါ့။ ကျွန်မ စိတ်ဆင်းရဲသွားတယ်။ ရှုတ်ချခံရသလို ခံစားမိတယ်။ ကျွန်မ စဉ်းစားတယ်။ “ငါတို့က တကယ်ပဲ အမှားတစ်ခုလုပ်ရင်တောင် ငါတို့ကို စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့ပေးလို့ရတယ်။ ပြဿနာကို ဖြေရှင်းနိုင်အောင်လို့ ဘယ်နေရာမှာ ငါတို့မှားနေတယ်ဆိုတာ အသိပေးလို့ရတယ်။ ဘာလို့ လူတိုင်းဆီကိုပဲ စာရေးလိုက်ပြီး ငါတို့နဲ့ မိတ်သဟာယမဖွဲ့တာလဲ” ပေါ့။ ကျွန်မ မငိုဘဲ မနေနိုင်ခဲ့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မ ဒါနဲ့ပတ်သက်ပြီး နှစ်ရက်ကြာ အပျက်သဘောဆောင်နေခဲ့တယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ပြီးမှပဲ ကျွန်မအခြေအနေက နည်းနည်းတိုးတက်လာတယ်။ ရှင်းယန်မှာ တော်တော်ဆိုးတဲ့ ဒေါသစိတ်ရှိတယ်လို့ ကျွန်မ စိတ်နှလုံးထဲမှာ မရေမရာခံစားချက်တစ်ခုရှိနေတယ်။ ပြီးတော့ နောင်ကျရင် သူနဲ့ပတ်သက်လို့ ဂရုစိုက်ပြီး သူ့ကို စိတ်ဆိုးအောင်လုပ်လို့မဖြစ်ဘူးပေါ့။ မဟုတ်ရင် သူက ကျွန်မကို ဘယ်အချိန်မှာ အပြစ်ဒဏ်ပေးပြီး အရှက်ခွဲမယ်ဆိုတာ မသိဘူးလေ။ အဲဒီနောက်မှာ စိတ်ဒဏ်ရာက ကျွန်မစိတ်ထဲမှာရှိနေခဲ့တယ်။ ကျွန်မက သူ့ကို နားမထောင်ရင်၊ ပြန်ချေပရင် ကျွန်မကို ထိခိုက်အောင် သူတစ်ခုခုလုပ်လိမ့်မယ်လို့ အမြဲတမ်းခံစားမိတယ်။ မရေမရာကြောက်ရွံ့နေမှုကို ကျွန်မ အမြဲတမ်းခံစားရတယ်။

နောက်တော့ ရှင်းယန်က အဖွဲ့တစ်ခုစီက ကြီးကြပ်သူတွေနဲ့ သူကိုယ်တိုင်တွေ့ဖို့ ဆက်လုပ်ခဲ့တယ်ဆိုတာ ကျွန်မ သိရတယ်။ ဒါပေမဲ့ အချိန်ကို ကောင်းကောင်းမစီစဉ်ထားတာကြောင့် ရက်တော်တော်ကြာ နှောင့်နှေးသွားတယ်။ တာဝန်တွေတော်တော်များများကို အချိန်မီ စီစဉ်ပြီး အကောင်အထည်မဖော်ခဲ့ဘူး။ အစည်းအဝေးမှာ ဒီကိစ္စကနေ သူသင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကို သူမျှဝေလိမ့်မယ်၊ အလုပ်စီစဉ်တဲ့နေရာမှာ လွဲမှားမှုတွေနဲ့ အမှားတွေအကြောင်းပြောလိမ့်မယ်လို့ ကျွန်မ ထင်တာ။ ဒီတော့ သူက မပြောတော့ ကျွန်မ အံ့သြသွားတယ်။ သုံးလေးရက်ကြာတော့ သက်ဆိုင်တဲ့ စည်းမျဉ်းတွေကို မိတ်သဟာယဖွဲ့ဖို့ စာတစ်စောင်ကို ကျွန်မတို့ အထက်လူကြီးက ပို့လိုက်တယ်။ လူသစ်တွေကို အချိန်ပိုင်းရေလောင်းပေးဖို့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ကျွန်မ စီစဉ်တာ သင့်တော်ပါတယ်လို့ ပြောထားတယ်။ ဒီနည်းနဲ့ဆိုရင် ကောင်းမှုတွေပိုပြီး တိုးပွားလာနိုင်တယ်။ လူသစ်တွေကို အမြန်ရေလောင်းပေးနိုင်တယ်။ ဒါဆိုရင် အသင်းတော်အလုပ်အတွက် အကျိုးဖြစ်တယ် ပေါ့။ ရှင်းယန်သိသွားတဲ့အခါမှာ သူ့ကိုယ်သူ ဆင်ခြင်စဉ်းစားပြီး သူ့အမှားကို သဘောပေါက်လိ်မ့်မယ်လို့ ကျွန်မ ထင်ထားတာ။ ဒါပေမဲ့ သူ့ကြည့်ရတာ လုံးဝ အရေးမစိုက်ဘူး။ သူက ကျွန်မကို အထင်သေးတဲ့ပုံစံနဲ့ပဲ တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားတယ်။ ကျွန်မ တွေးမိတယ်။ “သူက တာဝန်မှာ အမှားတွေ တစ်ခုပြီးတစ်ခုလုပ်တယ်။ ဒါတောင်မှ သူ့ကိုယ်သူ လုံးဝ မသိဘူး။ ဒီလိုဆက်သွားနေရင် သူ့အတွက် အန္တရာယ်ရှိတယ်” ပေါ့။ သူ့ရဲ့ မောက်မာတဲ့ ပြောဆိုပြုမူပုံကို ကျွန်မ ကြည့်ပြီး သူ့ကိုပေးတဲ့ အကြံပြုချက်တိုင်းကို သူ အတင်းငြင်းဆန်တာကို တွေးမိတယ်။ သူများတွေက သူ့ပြဿနာကို ထောက်ပြတဲ့အချိန်မှာ ဖြစ်တဲ့ သူ့သဘောထားဆိုတာကို ထားလိုက်တော့။ အဲဒါအပြင် အရင်တစ်ခါက ကျွန်မကို သူ ကြမ်းကြမ်းတမ်းတမ်း ဆူခဲ့ပုံနဲ့ပေါင်းပြီး ကျွန်မ ကြောက်မိပြီး စိတ်ကျဉ်းကျပ်တယ်။ ဒါကို သူ့ကို မပြောရဲခဲ့ဘူး။

အဲဒီအချိန်အတွင်းမှာ အလုပ်ကို ရှင်းယန်တစ်ယောက်တည်းကပဲ စီမံခန့်ခွဲတယ်။ ကျွန်မတို့နှစ်ယောက်က လုပ်ဖော်ကိုင်ဖက်တွေ ဆိုပေမဲ့ သူက ကျွန်မနဲ့ လုံးဝ စကားမပြောဘူး၊ ကိစ္စတွေကို မဆွေးနွေးဘူး။ သူက အရာရာကို ကြီးကြပ်ပြီး သူတစ်ယောက်တည်းပဲ ဆုံးဖြတ်ခွင့်ရှိတယ်။ အလုပ်အကြောင်း ဆွေးနွေးတဲ့အခါမှာ ကျွန်မနဲ့ သင်းထောက်တချို့က ကျွန်မတို့အမြင်တွေကို ဖော်ပြပြီးတဲ့နောက်မှာ သူက အမြဲတမ်း ကျွန်မတို့အမြင်ကို ပြဿနာတွေ လိုက်ရှာတယ်။ ပြီးတော့ ကျွန်မတို့ စိတ်ကူးတွေကို တစ်မျိုးပြောင်းလုပ်ပြီး နောက်ဆုံးမှာ သူ့ရဲ့ ကိုယ်ပိုင် “အဆင့်မြင့်တဲ့ ထင်မြင်ချက်”ကို ပေးတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်မတို့က သူ့ထက်နိမ့်ကျတယ်၊ ရှင်းယန်က ပိုပြီး တွေးတတ်တယ်၊ စွမ်းဆောင်နိုင်တယ်၊ အမှုကိစ္စတွေကို ကျွန်မတို့ထက်ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်လို့ ကျွန်မတို့အားလုံးက ခံစားမိလာတယ်။ ဒါကြောင့် အချိန်အများစုမှာ သူ့အမြင်ကို ကျွန်မတို့က လိုက်လျောပြီး သူပြောတဲ့အတိုင်းလုပ်တယ်။ ပြီးတော့လည်း ရှင်းယန်က တမင်အမှားတွေရှာတဲ့အခါ၊ ကျွန်မ အကြံပြုချက်တွေကို ချက်ချင်းငြင်းတဲ့အခါမှာ သူက တော်တော်ကြမ်းတမ်းတယ်။ ဒီတော့ ကျွန်မက အမြဲတမ်း ကြောက်နေသလိုမျိုးဖြစ်ခဲ့တယ်။ ကျွန်မက သူပြောတာ နားမထောင်ရင် ကျွန်မအပေါ် ကြမ်းတမ်းတာ တစ်ခုခုလုပ်မယ်လို့ ခံစားမိတယ်။ ဒါကြောင့် ကျွန်မက ကိုယ့်သဘောနဲ့မဟုတ်ဘဲ အလျှော့ပေးပြီး သူ့ကို မဆန့်ကျင်ရဲဘူး။ သူက ကျွန်မကို အမြဲတမ်း ငြင်းပယ်တာကြောင့် ကြာလာတော့ ကျွန်မမှာ စိတ်ကူးတချို့ရှိရင်တောင် သူတို့နဲ့ မမျှဝေချင်ဘူး။ နောက်ပိုင်းမှာ ကျွန်မက တာဝန်မှာ ပိုပိုပြီး မတက်မကြွဖြစ်လာတယ်။ ကျွန်မတာဝန်မှာ ဘယ်လို အထိရောက်ဆုံးလုပ်ရမယ်ဆိုတာကို မရှာဖွေတော့ဘူး။ ကျွန်မက ရုပ်သေးရုပ်လိုပါပဲ။ ကျွန်မအလုပ်မှာ ပြဿနာအမျိုးမျိုးကို ကိုင်တွယ်ရတဲ့အခါမှာ အတွေးတွေ၊ အမြင်တွေ မရှိဘူး။ တစ်ခုခုလုပ်ဖို့ ရှင်းယန်ရဲ့ အမိန့်ကိုစောင့်နေပြီး သူဖြစ်ချင်တဲ့အတိုင်း လုပ်ခဲ့တယ်။ သင်းထောက်တချို့လည်း ဒီအခြေအနေမှာရှိနေတာ။ အဲဒီအချိန်ကာလအတွင်းမှာ ကျွန်မ ပိုပြီး မတက်မကြွဖြစ်လာတယ်။ ဘုရားသခင်က ကျွန်မ အခြေအနေကို မုန်းပြီး သူ့မျက်နှာကို ကျွန်မဆီကနေ ဖုံးကွယ်ထားတယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ ဘယ်လိုပြောင်းလဲရမယ်ဆိုတာ ကျွန်မ မသိဘူး။ ညှင်းပန်းခံနေရသလို ခံစားမိတယ်။

အဲဒီ သုံးလေးရက်အချိန်အတွင်းမှာ ကျွန်မတို့ အထက်ခေါင်းဆောင်ဆီက စာတစ်စောင်ရတယ်။ လတ်တလောမှာ ညီအစ်ကိုမောင်နှမတချို့က အဖမ်းခံရတယ်လို့ ပြောတယ်။ လုံခြုံရေးအတွက် ကျွန်မတို့ကို အုပ်စုနှစ်စုခွဲပြီး တစ်နေရာထဲမှာ အားလုံးမရှိနေဖို့ ပြောတယ်။ ဒါဆိုရင် ကျွန်မတို့အားလုံး တစ်ခါထဲ အဖမ်းခံရတာမဖြစ်တော့ဘူးပေါ့။ ဒီလိုအဖမ်းခံရရင် အလုပ်ကို နှောင့်နှေးစေနိုင်တယ်လေ။ အဲဒီအချိန်တုန်းက ရှင်းယန်က အဲဒီမှာမရှိနေဘူး။ ဒါနဲ့ သင်းထောက်တချို့နဲ့ ဆွေးနွေးတယ်။ အစီအစဉ်က ကောင်းတယ်လို့ ကျွန်မ ခံစားမိတယ်။ ဒါပေမဲ့ ခွဲလိုက်တာက အလုပ်အကြောင်းဆွေးနွေးဖို့ ပိုခက်သွားတယ်လို့ သင်းထောက်တွေက ခံစားရတယ်။ အဲဒါနဲ့ နောက်ဆုံးကျတော့ ဆုံးဖြတ်ချက်မချနိုင်ဘူး။ ရှင်းယန်ပြန်လာပြီး ဆုံးဖြတ်တာကို စောင့်ချင်ခဲ့ကြတယ်။ ကျွန်မ စဉ်းစားတယ်။ “ဒါက အဖွဲ့တွေအဖြစ် ခွဲလိုက်တာပဲ။ စည်းမျဉ်းတွေရဲ့ အရေးကြီးမေးခွန်းမဟုတ်ဘူး။ ပြီးတော့ လုံခြုံရေးပြဿနာတွေကို ထည့်စဉ်းစားရင် ခွဲလိုက်တာက စိတ်ကူးကောင်းတစ်ခုပဲ” ပေါ့။ ဒါပေမဲ့ ဘယ်သူကမှ မဆုံးဖြတ်ရဲဘူး။ သဘောတူဖို့အတွက် ရှင်းယန်ကိုစောင့်ဖို့ ဆက်ပြောကြတယ်။ လူတိုင်းက ရှင်းယန်ကို ဘယ်လောက်ကိုးကွယ်တာ၊ အမှုကိစ္စတွေကို စီစဉ်ပြီးဆုံးဖြတ်ဖို့ လူတိုင်းက သူ့ကို စောင့်တာ၊ သူ့အမိန့်တွေကို နားထောင်ကြတာကို ကျွန်မ မြင်ပြီး သူ့ပြဿနာက အရေးကြီးတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ အဲဒီနောက်မှာ ကျွန်မအခြေအနေနဲ့ ရှင်းယန်မှာ ကျွန်မ တွေ့တဲ့ ပြဿနာတွေအကြောင်းနဲ့ ပတ်သက်ပြီး သင်းထောက်တစ်ယောက်ဖြစ်တဲ့ အစ်မလီကို ကျွန်မ ပြောပြခဲ့တယ်။ သူလည်း ရှင်းယန်ကြောင့် စိတ်ကျဉ်းကျပ်ရတယ်ပြောတော့ ကျွန်မ အံသြသွားတယ်။ သူက ရှင်းယန်ကို အမြဲတမ်းကြောက်နေပြီး သူ့ကို မဆန့်ကျင်ရဲဘူး။ ရှင်းယန်က သူ့အားနည်းချက်တွေကို တမင်ပုံကြီးချဲ့ပြီး သူ့ကို အမြင်မကောင်းအောင် သူများတွေရှေ့မှာ ဆူတယ်လို့လည်း ပြောတယ်။ ပြီးတော့ အစ်မလီက ဝင်ပြောတယ်။ “ရှင်းယန်ရဲ့ ပြဿနာတွေကို ကျွန်မတို့မြင်နိုင်တယ်။ ဒါပေမဲ့ ဒါကို ကျွန်မတို့က မရိပ်စားမိရင်၊ မဖော်ထုတ်ရင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရင် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ စွန့်ပစ်ခြင်းကို ခံရလိမ့်မယ်” တဲ့။ သူဒီလိုပြောတာကို ကြားရတော့ ကျွန်မ သဘောတူတယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ စဉ်းစားမိတယ်။ “အသင်းတော်အတွင်း သမ္မာတရားကို လက်တွေ့ဆောင်ရွက်သောသူများသည် စွန့်ပစ်ခြင်းခံရပြီး သူတို့၏ ရှိသမျှ အစွမ်းကုန် မကြိုးစားနိုင်ကြသော်လည်း အသင်းတော်ကို နှောင့်ယှက်၍ အသင်းတော်အတွင်း သေခြင်းတရားကို ပြန့်စေသော သူများသည် စည်းလွတ်ဘောင်လွတ် ဖြစ်နေကြ၏၊ ထို့အပြင် လူအများစုက သူတို့နောက်သို့ လိုက်ကြသည်။ ဤကဲ့သို့သော အသင်းတော်မျိုးသည် အကယ်ပင် စာတန်၏ ထိန်းချုပ်မှုအောက်၌ရှိပြီး နတ်ဆိုးသည် သူတို့၏ဘုရင်ဖြစ်သည်။ အကယ်၍ အသင်းတော်က လူများသည် ထကြွကာ ထိုမကောင်းဆိုးဝါး ခေါင်းဆောင်များကို မငြင်းပယ်ပါက၊ သူတို့သည်လည်း အနှေးနှင့်အမြန် ပျက်စီးသွားမည်ဖြစ်သည်။ ယခုမှစ၍ ဤကဲ့သို့သော အသင်းတော်များကို အရေးယူရပေမည်။ အကယ်၍ သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသူတို့သည် မကြိုးပမ်းပါက၊ ထိုအသင်းတော်သည် ဖျက်ပစ်ခံရမည်ဖြစ်သည်။ အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို ‘သေခြင်းကို မြေမြှုပ်ခြင်း’ ဟုခေါ်သည်၊ ယင်းသည် စာတန်ကိုနှင်ထုတ်ခြင်းကို ဆိုလိုသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်”) ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို စဉ်းစားရင်းနဲ့ ကျွန်မ တော်တော်ကြောက်သွားတယ်။ ဘုရားနှုတ်ကပတ်တော်က ကျွန်မတို့ရဲ့ လက်ရှိအခြေအနေကို အတိအကျ ထုတ်ဖော်ပြခဲ့တယ်။ ရှင်းယန်က အသင်းတော်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး အာဏာစွဲကိုင်ထားတယ်။ ဒါပေမဲ့ ဘယ်သူကမှ သူ့ကို မဖော်ထုတ်ရဲဘူး။ ဘယ်သူကမှ ရှေ့ထွက်ပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရဲဘူး။ အဲဒီအစား ကျွန်မတို့အားလုံး သူ့ကို နားထောင်ကြတယ်။ သူ့နောက်လိုက်တယ်။ သူ့ကို ဆုံးဖြတ်ချက်ချခွင့်ပေးတယ်။ ကျွန်မတို့ စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာရှိတယ်လို့ ဘယ်လိုဆိုနိုင်ပါ့မလဲ။ ဒီလိုပုံစံမျိုးနဲ့ ဘုရားသခင်က ကျွန်မတို့ကို မုန်းပြီး စက်ဆုပ်ရွံရှာတာ မဖြစ်အောင် ဘယ်လိုလုပ်နိုင်မှာလဲ။ ဒီလိုဆက်သွားနေရင် နောက်ဆုံးမှာ ကျွန်မတို့ကို ဘုရားသခင်က ငြင်းပယ်ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုကို လုံးဝ ဆုံးရှုံးရမှာပဲ။ ရှင်းယန်က စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ထင်ရာမြင်ရာ လုပ်ဆောင်ခဲ့တယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်းမြင်ခဲ့ပါတယ်။ သူက အရာရာတိုင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ နိုင်လိုမင်းထက်ပြုမူခဲ့တယ်။ သူ့ရဲ့ တွဲဖက်အမှုဆောင်တွေရဲ့ အကြံကို လုံးဝ နားမထောင်ဘူး။ သူ့ပြဿနာတွေကို သူများတွေက ထောက်ပြတဲ့အခါမှာ သူက လက်မခံဘူး။ သူ့ကိုယ်သူ မဆင်ခြင်ဘူး။ ဒါပေမဲ့ သူ့ကို မကျေမနပ်ဖြစ်အောင်လုပ်မိမှာ၊ သူက ကိုင်တွယ်ဖြေရှင်းတာ၊ ဖိနှိပ်တာကို ခံရမှာကို ကြောက်ခဲ့တယ်။ ထုတ်မပြောရဲခဲ့ဘူး။ ကျွန်မက သူ့ကို အမြဲတမ်းနားထောင်ပြီး လိုက်နာခဲ့တယ်။ ဒါကြောင့်မို့ အသင်းတော်အလုပ်ကို နှောင့်ယှက်၊ နှောင့်နှေးစေခဲ့ပြီး ကျွန်မက စာတန်ရဲ့ ကြံရာပါဖြစ်သွားတယ်။ ဒီလိုနားလည်သဘောပေါက်ပြီး ကျွန်မ အရမ်းနောင်တရခဲ့ပါတယ်။ ကျွန်မ စဉ်းစားတယ်။ “ငါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သူ့ကို ဖော်ထုတ်ရမယ်။ ဒီလိုမျိုး နုတ်ထွက်သွားလို့ မရတော့ဘူး” ပေါ့။

ဒါပေမဲ့ နောက်တော့ မျှော်လင့်မထားတဲ့အရာတစ်ခုက ကျွန်မမှာ ဖြစ်သွားတယ်။ တစ်နေ့မှာ ရှင်းယန်က အစည်းအဝေးတစ်ခုကနေ ပြန်လာတဲ့အခါမှာ သူက သုန်မှုန်နေတဲ့မျက်နှာနဲ့ စိတ်ဆိုးမာန်ဆိုးနဲ့ပြောတယ်။ “သူများတွေနဲ့ ကောင်းကောင်းမလုပ်နိုင်ဘဲ သူများတွေကို အမြဲတမ်းဝေဖန်နေတဲ့ အဖွဲ့ကြီးကြပ်သူနှစ်ယောက်ရှိတယ်။ သူတို့ကို ထုတ်ရမယ်” တဲ့။ ဒါကို ကြားတော့ ကျွန်မ အံ့အားသင့်သွားတယ်။ ဒီကြီးကြပ်သူတွေအကြောင်းကို ကျွန်မ နည်းနည်းသိတယ်။ သူတို့က တစ်ခါတလေမှာ မာနထောင်လွှားတဲ့ စိတ်သဘောထားပြပေမဲ့ သမ္မာတရားကိုလည်း လက်ခံနိုင်ပြီး လက်တွေ့အလုပ်ကိုလည်းလုပ်နိုင်တယ်။ သူတို့က ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ပြီး လိုက်ဖက်ညီညီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တာပဲရှိတယ်။ ဒါပေမဲ့ သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးရင် ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ဒီလိုမျိုး ဘယ်လို ထုတ်ပစ်လို့ရမှာလဲ။ လက်တွေ့အလုပ်ကိုလုပ်နိုင်တဲ့ လူတွေကို ထင်ရာမြင်ရာထုတ်ပစ်ရင် အသင်းတော်အလုပ်နှောင့်နှေးမှာမဟုတ်ဘူးလား။ ဒီတစ်ခါတော့ ကျွန်မ သူ့နောက်ကို မစဉ်းမစားလိုက်ပြီး ငကြောက်တစ်ယောက်ဖြစ်နေလို့ မရတော့ဘူး။ ကျွန်မ ပြောလိုက်တယ်။ “အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုအတွက် ဘယ်လို မှန်မှန်ကန်ကန် လက်တွေ့လုပ်ဆောင်ရမယ်ဆိုတာ ရှာဖွေဖို့လိုတယ်။ သူတို့ကို ထင်သလို လူစားလဲပစ်လို့မရဘူး” ပေါ့။ နောက်တော့ အခြေအနေကို စုံစမ်းစစ်ဆေးဖို့ အသင်းတော်ကို ကျွန်မ သွားတယ်။ သူတို့ကို လူစားလဲပြီးနေပြီဆိုတာတွေ့ရတော့ ကျွန်မ အံ့သြသွားတယ်။ ကျွန်မ စုံစမ်းစစ်ဆေးပြီးတော့ သူတို့တွေက ထုတ်ပစ်ဖို့အတွက် ပစ်မှတ်တွေ လုံးဝမဟုတ်ဘူးဆိုတာ တွေ့လိုက်ရတယ်။ ကျွန်မ အံ့အားသင့်ပြီး စိတ်ဆိုးတာပေါ့။ ကျွန်မ တွေးတယ်။ “ဒီလိုအရေးကြီးတဲ့ကိစ္စမှာ ရှင်းယန်က ဘယ်သူ့ကိုမှ မဆွေးနွေးဘဲ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ ဒါ အာဏာရှင်ဆန်တာပဲ” ပေါ့။ ရှင်းယန်ရဲ့ ပြဿနာကို ထောက်ပြဖို့ ကျွန်မ စာတစ်စောင်ရေးတယ်။ ဒါပေမဲ့ သူက သူ့ကိုယ်သူ လုံးဝ နားမလည်ဘူး။ နောက်ပိုင်းမှာ သင်းထောက်ဖြစ်တဲ့ အစ်မလျန်က နဂိုက သူ့တာဝန်မှာ ကြိုတင်စီမံမှုရှိပြီး တာဝန်သိစိတ်ရှိတယ်ဆိုတာ ကျွန်မ သိရတယ်။ ဒါပေမဲ့ လတ်တလောမှာ ရှင်းယန်က သူ့ကို ခဏခဏ တိုက်ခိုက်ပြီး သိမ်ငယ်အောင်လုပ်တယ်။ ဒီတော့ သူ့အခြေအနေက အရမ်းအပျက်သဘောဆောင်သွားတယ်။ သူက သင်းထောက်အဖြစ် ဆက်လုပ်လို့ မရတော့ဘူးလို့ ခံစားရတာပေါ့။ ဒါကိုကြားတော့ ကျွန်မ တော်တော်ဝမ်းနည်းတယ်။ ရှင်းယန်ရဲ့ မာနထောင်လွှားတဲ့၊ နိုင်လိုမင်းထက်ပြုတဲ့ အပြုအမူနဲ့ သူများတွေအပေါ် အမြဲတမ်းတိုက်ခိုက်ပြီး ချုပ်ချယ်တာတွေက သူများတွေကို အပျက်သဘောဆောင်ပြီး စိတ်ဆင်းရဲတာပဲ ဖြစ်စေတယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ သူက သံသယရှိစရာမလိုအောင်ကို မကောင်းမှုပြုသူတစ်ယောက်ပဲ။ သူ့ကို ဖော်ထုတ်ပြီး တားဆီးဖို့ ကျွန်မ ရပ်တည်ရမယ်။ သူလုပ်ချင်တာမှန်သမျှ လုပ်ခွင့်ပေးလို့မရဘူးလေ။ ဒါပေမဲ့ သူ့ကို တကယ်ရင်ဆိုင်ရမယ်ဆိုတော့ ကျွန်မက နည်းနည်း ကြောက်နေသေးတယ်။

အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “သမ္မာတရားသည် သင်၏ အသက် ဖြစ်မလာသေးသကဲ့သို့ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ဆဲဖြစ်ပါက၊ ဘုရားသခင်၏ အိမ်တော်၏အမှုကို တုန့်ဆိုင်းခြင်းနှင့် အနှောင့်အယှက်များ ဖြစ်စေသည့် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကို သင် ရှာဖွေတွေ့ရှိသည့်အခါ၊ သင်သည် မသိကျိုးကျွန်ပြုလိမ့်မည်ဖြစ်ပြီး ဂရုစိုက်လိမ့်မည်မဟုတ်။ သင်၏ အသိစိတ်က အပြစ်တင်ခြင်းမရှိဘဲ ယင်းတို့ကို သင် ဘေးဖယ်ထားလိုက်လိမ့်မည်ဖြစ်သည်။ ဘုရားအိမ်တော်၏ အမှုကို အနှောင့်အယှက်ဖြစ်စေနေသည့် သူတစ်ဦးသည် သင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟုပင် သင် တွေးလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏အကျိုးစီးပွားတို့ မည်မျှ ထိခိုက်ပါစေ၊ သင် ဂရုမစိုက်၊ ကြားဝင်စွက်ဖက်ခြင်း မရှိပေ၊ သို့မဟုတ် အပြစ်ရှိသည်ဟု မခံစားရပေ— ယင်းက သင့်အား အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတစ်ဦး၊ မယုံကြည်သူတစ်ဦး၊ အစေခံသူတစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်သည့်အရာကို စားကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာကို သောက်ပြီး ဘုရားသခင်ထံမှ လာသည့်အရာများအားလုံးကို မွေ့လျော်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်သည့်ထိခိုက်ခြင်းကမျှ သင်နှင့်ဆက်နွှယ်ခြင်း မရှိဟု ခံစားရသည်— ယင်းက သင့်အား ကျွေးသောလက်ကို ကိုက်သည့် သစ္စာဖောက်တစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ပါက၊ သင်သည် လူပင် ဟုတ်ပါ၏လော။ သင်သည် အသင်းတော်ထဲသို့ အယုံသွင်း၍ ချဉ်းကပ်လာသည့် နတ်ဆိုးတစ်ကောင်သာ ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်မှုရှိဟန်ဆောင်သည်၊ ရွေးချယ်ခံထားရသူ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး ဘုရားသခင်၏ အိမ်တော်၌ ကပ်ပါးရပ်ပါး လုပ်လိုသည်။ သင်သည် လူသားတစ်ဦး၏ ဘဝကို ရှင်သန်မနေဘဲ၊ ရှင်းလင်းစွာပင် မယုံကြည်သူများထဲမှ တစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦးဖြစ်လျှင်၊ သင် သမ္မာတရားနှင့် အသက် မရရှိသေးလျှင်ပင်၊ အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်၏ဘက်မှ စကားပြောကာ ပြုမူလိမ့်မည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်နေသည်ကို သင်မြင်သည့်အခါ၊ အနည်းဆုံးအနေဖြင့် သင်သည် အကြောင်းမဲ့သက်သက် ရပ်နေမည် မဟုတ်ပေ။ သင် မသိကျိုးကျွန်ပြုလိုသည့်ဆန္ဒရှိသည့်အခါတွင်၊ သင်သည် အပြစ်ရှိသည်ဟု ခံစားရမည် ဖြစ်ပြီး၊ အနေရခက်လိမ့်မည်၊ ပြီးလျှင် ‘ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများ မထိခိုက်စေရန်နှင့် အသင်းတော်အသက်တာ အနှောင့်အယှက် မဖြစ်စေဖို့အလို့ငှာ၊ ငါ ဤနေရာတွင် ထိုင်ပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေ၍မရချေ၊ ငါ ထရပ်ပြီး တစ်စုံတစ်ခု ပြောရမည်၊ ငါတာဝန်ယူရမည်။ ဤဆိုးယုတ်သော အပြုအမူကို ငါ ထုတ်ဖော်ရမည်၊ ငါ တားရမည်’ ဟု သင့်ကိုယ်သင် ပြောလိမ့်မည်။ သမ္မာတရားက သင်၏ အသက်ဖြစ်လာလျှင်၊ သင်၌ ဤသတ္တိနှင့် သန္နိဋ္ဌာန် ရှိပြီး ကိစ္စရပ်ကို လုံးဝ သိနားလည်နိုင်စွမ်း ရှိလိမ့်မည်သာမက၊ ဘုရားသခင်၏အမှုနှင့် သူ၏အိမ်တော် အကျိုးစီးပွားများအတွက် ယူသင့်သည့် တာဝန်ကိုလည်း သင် ဖြည့်ဆည်းလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ တာဝန်သည် ကျေပွန်လိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) လူတချို့က ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေ ထိခိုက်တာကို မြင်ရတဲ့အခါမှာ သူတို့အတွက် လုံးဝ စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ တွေ့ရတယ်။ ဒီလိုလူတွေက လူစဉ်မမီတာသက်သက်ပဲ။ ဒါကို သိရတာ ကျွန်မ ဝမ်းနည်းမိတယ်။ ဒါက ကျွန်မ ပြုမူခဲ့တဲ့ ပုံစံဖြစ်နေတာကြောင့်လေ။ ရှင်းယန်ရဲ့ ပြဿနာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို ဖော်ထုတ်ပြီး တားဆီးဖို့ လုံးဝ မရပ်တည်ရဲခဲ့ဘူး။ သူက ကျွန်မအပေါ် အမြဲတမ်း အမှားရှာပြီး ကျွန်မအမြင်တွေကို ငြင်းတော့၊ ကျွန်မကို သြဝါဒပေးပြီး တိုက်ခိုက်ဖို့ ကျွန်မအထက်ကနေ နေတော့ သူ့ကို ကြောက်ပြီး သူမကျေမနပ်ဖြစ်အောင် မလုပ်ရဲဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကျွန်မက ဒီအတိုင်း လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် နိမ့်ကျစေခဲ့တယ်။ ကျွန်မက သူ့ကို နာခံပြီးကျိုးနွံရင် သူက ကျွန်မကို ဖိနှိပ်ပြီး အပြစ်ဒဏ်ပေးတာလုပ်မှာမဟုတ်ဘူးလို့တောင် ထင်ခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သရွေ့ ကျွန်မက အုပ်စိုးခံပြီး သူထိန်းချုပ်တာခံရဖို့ လိုလားနေခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ထည့်တွက်ခြင်းမရှိဘဲ ဒီအခြေအနေမှာ ကျွန်မ ရှင်သန်ခဲ့ပါတယ်။ စည်းမျဉ်းတွေကို သူ ဆန့်ကျင်ပြီး အာဏာရှင်လိုမျိုးပြုမူတဲ့ ပုံစံက အသင်းတော်အလုပ်ကို ထိခိုက်နေပြီ။ ဒါပေမဲ့ ကျွန်မက ထပြီးတော့ သူ့ကို မဖော်ထုတ်ရဲခဲ့ဘူး။ သူက လူတွေကို နေရာတိုင်းမှာ တိုက်ခိုက်ပြီး စိုးမိုးခြယ်လှယ်တဲ့အခါ၊ အာဏာကို သိမ်းယူတဲ့အခါ၊ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အခါမှာတောင် ကျွန်မက သူ့ကို ဆန့်ကျင်ပြီး သူ့ရဲ့ ကောက်ကျစ်ဆိုးယုတ်တဲ့ လုပ်ဆောင်မှုတွေကို တားဆီးတာ မလုပ်ရဲခဲ့ဘူး။ ကျွန်မ ခခယယလုပ်နေတာက ဆိုးလာတယ်။ ကျွန်မက နိမ့်ကျခြင်းမှာ အသက်ရှင်နေတဲ့ အသုံးမကျတဲ့ ငကြောက်တစ်ယောက်ပဲ။ ဒီလိုမျိုးနဲ့ ကျွန်မက ဘယ်လို ဂုဏ်သိက္ခာရှိမှာလဲ။ ရေလောင်းခြင်းနဲ့ ဘုရားနှုတ်ကပတ်တော်ပံ့ပိုးမှုနဲ့ ဘုရားသခင်ဆီကလာတဲ့ အရာရာတိုင်းကို ကျွန်မ မွေ့လျော်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားပြီး အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူး။ လူသားလို့ ခေါ်ဖို့ မထိုက်တန်ခဲ့ပါဘူး။ ဒါကို စဉ်းစားရင်းနဲ့ ကျွန်မ တော်တော်စိတ်မကောင်းဖြစ်ပြီး အပြစ်ရှိသလို ခံစားမိတယ်။ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတတ်တဲ့အတွက် ကျွန်မ ကိုယ့်ကိုယ်ကိုယ် မုန်းတီးခဲ့ပါတယ်။ ကျွန်မ စဉ်းစားတယ်။ “ငါ ဒီလိုဆက်သွားလို့ မဖြစ်တော့ဘူး။ ဒီတစ်ခါ သူ ငါ့ကို အပြစ်ဒဏ်ပေးပြီး လက်စားချေရင်တောင်မှ ငါ ရပ်တည်ရမယ်။ သူ့ရဲ့ မကောင်းမှုတွေကို ဖော်ထုတ်ရမယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်ပေးရမယ်။ ဒါ ငါ့တာဝန်ပဲ” ဆိုပြီးတော့။

ကျွန်မ ပြန်လာတဲ့အခါမှာ ကြီးကြပ်သူနှစ်ယောက်ကို ရှင်းယန်က ထင်ရာမြင်ရာထုတ်ပစ်လိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ သူ့ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မှုနဲ့ နိုင်လိုမင်းထက်အပြုအမူကို ကျွန်မ ဖော်ထုတ်တယ်။ ဒါပေမဲ့ ကျွန်မ စကားတစ်ခွန်းမပြောခင်မှာတင် သူက ကြားဖြတ်ပြောတယ်။ ကျွန်မက သူနဲ့ လိုက်ဖက်ညီညီ ပူးပေါင်းမဆောင်ရွက်နိုင်ဘူးလို့ပြောတယ်။ ဒီအချိန်မှာ သင်းထောက်တချို့ကလည်း သူ့ရဲ့ ဖိနှိပ်ပြီး စိုးမိုးခြယ်လှယ်တဲ့အပြုအမူကို ဖော်ထုတ်ကြတယ်။ နောက်ဆုံးတော့ အမှန်တရားတွေနဲ့ ရင်ဆိုင်ရပြီး သူ ပြန်မချေပနိုင်တော့ဘူး။ အဲဒါနဲ့ သူကပြောတယ်။ ကျွန်မတို့ သူ့ကို ပြောပြတဲ့ ပြဿနာကို သူက သတိမထားမိတာပါပေါ့။ နောင်ကျရင် သူ ကြိုးစားပါမယ်ပေါ့။ နောက်ဆုံးမှာ သူက ပြုံးရင်းနဲ့ပြောတယ်။ “ကျွန်မ အစွမ်းအစက မြင့်တော့ မာနမကြီးဘဲ မနေနိုင်ဘူး” တဲ့။ ကျွန်မ ဒါကိုကြားတော့ ဆွံ့အသွားတယ်။ သူက လုံးဝကို ကျိုးကြောင်းမသင့်တာပဲ။ အဲဒီနောက်မှာတော့ သင်းထောက်နှစ်ယောက်က ရှင်းယန်ကို နှစ်ကြိမ် မိတ်သဟာယပြုပြီး ကူညီတယ်။ သူ နောင်တရနိုင်ဖို့ မျှော်လင့်ပြီးတော့ပေါ့။ ဒါပေမဲ့ ရှင်းယန်က လုံးဝ လက်မခံဘူး။ ဒီအစ်မနှစ်ယောက်က သူ့ကို ကိုင်တွယ်ဖြေရှင်းနေပါတယ်လို့ပြောပြီးတော့တောင် တိုက်ခိုက်သေးတယ်။ ရှင်းယန်က သမ္မာတရားကို လုံးဝ လက်မခံဘဲ သူ့မကောင်းမှုတွေကို နားလည်ခြင်းမရှိဘူးဆိုတာ ကျွန်မ မြင်တော့ သူ့ပြဿနာက ဆိုးနေတယ်ဆိုတာ သဘောပေါက်လိုက်တယ်။

အဲဒီနောက်မှာ ကျွန်မ တစ်ခုခုကို တွေးမိတယ်။ ကျွန်မတို့က ရှင်းယန်ကြောင့် အရမ်းအားနည်းလာတဲ့အထိ မောပန်းနွမ်းနယ်နေတော့ တာဝန်တွေကို မထမ်းဆောင်ချင်တော့ဘူး။ တကယ်တမ်းက ဘာဖြစ်နေတာလဲ။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ရှင်းယန်လုပ်ခဲ့တာရဲ့ နောက်ကွယ်က နည်းလမ်းတွေနဲ့ အနှစ်သာရအပေါ် သိမြင်မှုတချို့ရှိလာခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အန္တိခရစ်များသည် သမ္မာတရားကို လိုက်စားသောသူတို့အပေါ် ၎င်းတို့ အသုံးပြုသည့် နည်းလမ်းများအားလုံး၏ နောက်ကွယ်တွင် ရည်ရွယ်ချက်များနှင့် ပန်းတိုင်များရှိကြသည်။ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ရန် ကြိုးစားရမည့်အစား ၎င်းတို့ရည်ရွယ်ချက်သည် ၎င်းတို့၏ ကိုယ်ပိုင်အာဏာနှင့် အဆင့်အတန်းအပြင်၊ ဘုရားသခင်ရွေးချယ်ထားသောလူများ၏ စိတ်နှလုံးထဲမှ ၎င်းတို့၏ နေရာနှင့် ပုံရိပ်တို့ကို ကာကွယ်ရန်ဖြစ်သည်။ ဤနည်းလမ်းများနှင့် အပြုအမူများသည် ဘုရားအိမ်တော်၏ အလုပ်အဖို့ အနှောင့်အယှက်၊ အဖျက်အဆီးများဖြစ်သည်။ ယင်းတို့သည် အသင်းတော်အသက်တာအပေါ်တွင်လည်း ပျက်စီးစေသည့် သက်ရောက်မှုရှိသည်။ ဤသည်မှာ အန္တိခရစ်၏ မကောင်းမှုများနှင့်ဆိုင်သည့် အတွေ့ရအများဆုံးသော သရုပ်သကန်မဟုတ်သလော။ ဤမကောင်းမှုများအပြင် အန္တိခရစ်များသည် ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းသောအရာကို လုပ်ဆောင်ကြသည်။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူတို့အပေါ် မည်သို့ဩဇာအရှိအဝါ ရယူရမည်ကို အဖြေရှာဖို့ အစဉ် ကြိုးစားနေကြခြင်းဖြစ်သည်။ ဥပမာ လူအချို့သည် မထိမ်းမြှားမီ ကာမကျူးလွန်ခဲ့လျှင်၊ သို့မဟုတ် အခြားပြစ်မှားမှုအချို့ကျူးလွန်ခဲ့လျှင် အန္တိခရစ်များသည် ထိုသူတို့ကို တိုက်ခိုက်ရန် ဤအရာများကို ခုတုံးအဖြစ် လက်မလွှတ်တမ်းအသုံးချသည်။ ထိုသူများ အပျက်သဘောဆောင်စေရန်အတွက် ၎င်းတို့၏ တာဝန်များထမ်းဆောင်ရာတွင် စိတ်ထက်သန်မှုလျော့ကျစေရန်အတွက် ၎င်းတို့ကို စော်ကားရန်၊ ဖော်ထုတ်ရန်၊ အသရေဖျက်ရန်၊ တံဆိပ်ကပ်ရန် အခွင့်အလမ်းများကို ရှာသည်။ သမ္မာတရားကို လိုက်စားသောသူတို့ အထီးကျန်စေရန် ဘုရားသခင် ရွေးချယ်ထားသောသူများကို ထိုသူတို့အား ခွဲခြားဆက်ဆံရန်၊ ရှောင်ကြဉ်ရန်၊ ငြင်းပယ်ရန်လည်း အန္တိခရစ်များက ပြုလုပ်သည်။ အဆုံးတွင် သမ္မာတရားကို လိုက်စားသောထိုသူအားလုံးတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာသောအခါ၊ ၎င်းတို့၏ တာဝန်များကို တက်တက်ကြွကြွထမ်းဆောင်ခြင်းမရှိတော့သောအခါ၊ အစည်းအဝေးများကို မတက်လိုသောအခါတွင် အန္တိခရစ်များ၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိပြီဖြစ်သည်။ သမ္မာတရားကို လိုက်စားသောသူတို့က ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို မခြိမ်းခြောက်တော့သည်နှင့်၊ ၎င်းတို့ကို မည်သူကမျှ မတိုင်ကြားရဲ၊ မဖော်ထုတ်ရဲတော့သည်နှင့် အန္တိခရစ်များက စိတ်အေးလက်အေးဖြစ်နိုင်သည်။...ထိုသို့သော ကောက်ကျစ်ဆိုးယုတ်မှုကို ၎င်းတို့ စွမ်းဆောင်နိုင်စေဖို့ မည်သည့်အရာကို အန္တိခရစ်များက စဉ်းစားသနည်း။ ‘သမ္မာတရားကိုလိုက်စားသော သူတို့သည် တရားဒေသနာများကို မကြာခဏ နားထောင်လျှင် တစ်နေ့တွင် ငါ၏ လုပ်ရပ်များကို ရိပ်စားမိနိုင်သည်၊ ဤသို့ဆိုလျှင် ငါ့ကို သေချာပေါက်ဖော်ထုတ်ပြီး လူစားထိုးလိမ့်မည်။ သူတို့တာဝန်များထမ်းဆောင်နေစဉ်တွင် ငါ၏ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းတို့ အန္တရာယ်ရှိသည်။ အရင်စပြီး ထိုးနှက်သည်က ပိုကောင်းသည်။ တာဝန်များကို ထမ်းဆောင်ရန် ဆန္ဒအားလုံး ပျောက်သွားဖို့အလို့ငှာ သူတို့ကို အနှောင့်အယှက်ပေးပြီး ရှုတ်ချရန်နှင့် မတက်မကြွဖြစ်စေရန်အတွက် ခုတုံးလုပ်ပြီး လက်မလွှတ်တမ်းအသုံးချရန် အခွင့်အလမ်းများကိုရှာသည်က ပိုကောင်းသည်။ ခေါင်းဆောင်များ၊ အမှုဆောင်များက သမ္မာတရားလိုက်စားသူတို့ကို မုန်းတီးရန်၊ ရှောင်ကြဉ်ရန်၊ တန်ဖိုးမထားတော့ရန်၊ သို့မဟုတ် ရာထူးတိုးမပေးတော့ရန်အလို့ငှာ ခေါင်းဆောင်၊ အမှုဆောင်များနှင့် သမ္မာတရားကို လိုက်စားသောသူတို့ကြား ပဋိပက္ခများဖြစ်ရန် ဆွသည်က ပိုကောင်းသည်။ ထိုသို့ဖြင့် ၎င်းတို့သည် သမ္မာတရားကိုလိုက်စားရန်၊ သို့မဟုတ် တာဝန်များကိုထမ်းဆောင်ရန် မည်သည့်ဆန္ဒမျှ ရှိတော့မည်မဟုတ်ပေ။ သမ္မာတရားကို လိုက်စားသောသူတို့ မတက်မကြွဖြစ်လျက်ရှိနေလျှင် အကောင်းဆုံးဖြစ်သည်။’ ဤသည်မှာ အန္တိခရစ်များ စွမ်းဆောင်ရရှိလိုသည့် ပန်းတိုင်ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်”) ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်းကတစ်ဆင့် အန္တိခရစ်တွေဟာ အာဏာကို ဘဝအဖြစ် မှတ်ယူပြီး ဂုဏ်အဆင့်အတန်းကို အရမ်းဆန္ဒပြင်းပြတယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ သမ္မာတရားကို လိုက်စားသူတွေက ဒါကိုနားလည်ပြီး သူတို့ကို ရိပ်စားမိမှာ၊ ညီအစ်ကိုမောင်နှမတွေရဲ့ ပံ့ပိုးမှုနဲ့ လက်ခံမှုကိုရမှာကို သူတို့ စိတ်ပူကြတယ်။ ဒီတော့ သူတို့ရဲ့ နေရာနဲ့ အာဏာခိုင်မာစေဖို့အတွက် အန္တိခရစ်တွေက သမ္မာတရားလိုက်စားသူတွေကို အပျက်သဘောဆောင်အောင်၊ ယုံကြည်မှု ပျောက်ဆုံးအောင် တာဝန်တွေကို ပုံမှန်မထမ်းဆောင်နိုင်အောင် တိုက်ခိုက်ပြီး သိမ်ငယ်အောင်လုပ်ဖို့အတွက် လွှမ်းမိုးဖို့ တမင်သက်သက် ကြိုးစားအားထုတ်တယ်။ ဒီနည်းနဲ့ သူတို့တွေက အာဏာရှိပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိနေနိုင်တယ်ပေါ့။ ဒါက ရှင်းယန်လုပ်တဲ့အရာပဲဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ သူက ကျွန်မတို့အပေါ် အမြဲတမ်း အမှားရှာတယ်။ ကျွန်မတို့ပြဿနာတွေကို အဆိုးမြင်ဝါဒနဲ့ ထေ့ငေါ့မှုတွေနဲ့ ဆုပ်ကိုင်ပြီးအသုံးချတယ်။ ညီအစ်ကိုမောင်နှမတွေရှေ့မှာ ကျွန်မတို့ကို တမင်သက်သက် အရှက်ရအောင်လုပ်ပြီး သိက္ခာချတယ်။ ဒါကြောင့်မို့ ကျွန်မတို့က လက်တွေ့အလုပ်မလုပ်နိုင်ဘူးလို့ ခံစားရစေတယ်။ အားနည်းပြီး ကျွန်မတို့တာဝန်တွေကို မထမ်းဆောင်နိုင်အောင်လုပ်တယ်။ အဓိပ္ပာယ်မရှိတဲ့ နားလည်မှုနဲ့ အမှုအရာတွေကို ထင်ရာမြင်ရာလုပ်တဲ့အတွက်ဆိုပြီး ကျွန်မကို သိမ်ငယ်အောင်လုပ်ပြီး ရှုတ်ချထားတဲ့ သူရေးတဲ့ အများမြင်နိုင်တဲ့ စာကြောင့် ကျွန်မက အထူးသဖြင့် တိုက်ခိုက်ခံရသလို ခံစားမိတယ်။ အဲဒီကတည်းက ကျွန်မက သူ့ကိုကြောက်နေခဲ့တာ။ ကျွန်မက တစ်ခုခုမှာ သူနဲ့ သဘောမတူဖြစ်ပြီး သူက သေးသိမ်အောင်လုပ်တာ၊ အပြစ်ဖော်ဆုံးမတာကို အများရှေ့မှာ ထပ်ခံရမှာကို ကြောက်လန့်နေခဲ့တာ။ ဒီတော့ သူ့နောက်ကိုလိုက်ဖို့ ကျွန်မ အစွမ်းကုန်ကြိုးစားတယ်။ သူ့ကို မကျေမနပ်ဖြစ်အောင် ထပ်မလုပ်ရဲတော့ဘူး။ သူ့စိတ်ကို မဆန့်ကျင်ရဲတော့ဘူး။ သူ့ကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်တာ မလုပ်ရဲတော့ဘူး။ သူက သင်းထောက်တွေအပေါ်လည်း ဒီနည်းလမ်းကိုပဲ သုံးခဲ့တာ။ လူတိုင်းကို ဦးညွှတ်အောင်လုပ်ပြီး သူတို့ကိုယ်သူတို့ ပြန်ဆင်ခြင်ဖို့လိုတယ်လို့ ထင်အောင်လုပ်တယ်။ ဒီလိုနဲ့ ဘယ်သူကမှ သူ့ကို မရိပ်စားမိအောင်ပေါ့။ လူတိုင်းက စိတ်ကျဉ်းကျပ်ပြီး သူ့ကိုနားထောင်ကြတယ်။ ဘယ်သူကမှ သူ့ဆုံးဖြတ်ချက်တွေကို မကန့်ကွက်ရဲကြဘူး။ ဒါက အာဏာကို တစ်ဦးတည်းကိုင်စွဲဖို့ဖြစ်တဲ့ သူ့ပန်းတိုင်ကို ရရှိတဲ့ နည်းလမ်းပဲ။ ရှင်းယန်ရဲ့ စကားတွေနဲ့ လုပ်ရပ်တွေက အထူးသဖြင့် အန္တရာယ်ရှိပြီး ကလိမ်ကျတယ်။ ကြမ်းတမ်းတယ်။ သူပြောသမျှ၊ လုပ်သမျှက အန္တိခရစ်တစ်ယောက်လိုပဲ။

ကျွန်မလည်း တွေးမိတယ်။ ကျွန်မတို့အားလုံးက သူဖိနှိပ်တာခံရတော့ နောက်ဆုံးတော့လဲ ဘာလို့ သူ့ကို ကျွန်မတို့က အထင်ကြီးလေးစားပြီး နားထောင်နေသေးတာလဲ၊ သူမပါဘဲနဲ့ ဘာလို့ ဆုံးဖြတ်ချက်တွေ မချရဲတာလဲ။ ဒီအဆင့်အထိကို သူက ကျွန်မတို့ကို ဘယ်လိုလှည့်စားပြီး ထိန်းချုပ်ခဲ့တာလဲ ပေါ့။ နောက်ပိုင်းမှာ ကျွန်မ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်တယ်။ “အန္တိခရစ်တို့ လူများကို ထိန်းချုပ်ခြင်းနှင့်သက်ဆိုင်သည့် အတွေ့ရအများဆုံးသော လက္ခဏာများထဲမှ တစ်ခုမှာ ၎င်းတို့၏ ထိန်းချုပ်မှုနယ်ပယ်အတွင်းတွင် ၎င်းတို့သည်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ အန္တိခရစ်မရှိလျှင် အခြားမည်သူကမျှ မဆုံးဖြတ်ရဲ၊ ဆုံးဖြတ်ချက်တစ်ခု မချရဲပေ။ အန္တိခရစ်မရှိလျှင် အခြားလူတိုင်းက မိခင်မရှိသော ကလေးများကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် မည်သို့ဆုတောင်းရမည်၊ ရှာဖွေရမည်ကို မသိသကဲ့သို့ အမှုအရာများကို အတူတကွ မည်သို့ဆွေးနွေးရမည်ကိုလည်း မသိပေ။ ၎င်းတို့သည် ရုပ်သေးရုပ်၊ သို့မဟုတ် လူသေများကဲ့သို့ဖြစ်သည်။ လူတို့ကို ထိန်းချုပ်ရန်အတွက် မည်သည့်စကားမျိုးကို အန္တိခရစ်တို့က အသုံးပြုသည်ကို အသေးစိတ်မပြောတော့ပေ။ ၎င်းတို့သည် စကားများနှင့် နည်းလမ်းများ သေချာပေါက် ရှိသည်။ စွမ်းဆောင်ရရှိလာသော ရလဒ်များသည် ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ ဤလူများ၏ အမျိုးမျိုးသော သရုပ်သကန်များတွင် ထင်ဟပ်သည်။...ဥပမာအနေဖြင့် ကျိုးကြောင်းသင့်သော အကြံပြုချက်တစ်ခုကို သင် တင်ပြပါက၊ လူတိုင်းက ဤမှန်ကန်သော အစီအစဉ်အကြောင်း ဆက်လက်၍ မိတ်သဟာယဖွဲ့သင့်သည်။ ဤသည်မှာ လမ်းမှန်ဖြစ်သည်။ မိမိတာဝန်အပေါ် သစ္စာရှိပြီး တာဝန်သိခြင်းဖြစ်သည်။ သို့ရာတွင် အန္တိခရစ်က ‘မင်းအစီအစဉ်ကို ငါ အဘယ်ကြောင့် မစဉ်းစားမိသနည်း။’ ဟု တွေးတောလိမ့်မည်။ အစီအစဉ်က မှန်ကန်သည်ဟု ၎င်းတို့စိတ်ထဲတွင် ဝန်ခံသည်။ သို့သော် ၎င်းတို့ လက်ခံမည်လော။ ၎င်းတို့၏ သဘာဝကြောင့် သင်၏ မှန်ကန်သော အကြံပြုချက်ကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်ပေ။ သင်၏ အစီအစဉ်ကို ငြင်းဆန်ဖို့ သေချာပေါက် ကြိုးစားမည်ဖြစ်ပြီး ထို့နောက်တွင် အခြားအကြံကို တင်ပြလိမ့်မည်။ သင်၏ အစီအစဉ်သည် လုံးဝ ဆောင်ရွက်၍မရနိုင်ဟု သင်ခံစားရအောင် ပြုလုပ်လိမ့်မည်။ ဤနည်းအားဖြင့် အန္တိခရစ်ကို သင် ထားခဲ့၍မရကြောင်း၊ အန္တိခရစ်က အလုပ်လုပ်မှသာ အခြားလူတိုင်းက ပါဝင်လုပ်ဆောင်ရန် နေရာတစ်ခုရှိကြောင်း၊ ၎င်းတို့မရှိလျှင် မည်သည့်အလုပ်မျှ ကောင်းစွာမပြီးဆုံးကြောင်းနှင့်၊ အန္တိခရစ်မပါဘဲ အခြားလူတိုင်းက အသုံးမဝင်ဖြစ်ပြီး မည်သည့်အရာကိုမျှ လုပ်နိုင်မည်မဟုတ်ဟု သင်ခံစားရစေရန်ဖြစ်သည်။ အန္တိခရစ်များ၏ နည်းလမ်းများသည် အမှုအရာများကို ၎င်းတို့လုပ်ဆောင်သောအခါ အစဉ်သဖြင့် သမားရိုးကျမဟုတ်ဘဲ ကြီးကျယ်သည့်ပုံစံရှိသည်။ အခြားလူ၏ အကြံပြုချက်သည် မည်မျှ မှန်ကန်ပါစေ ၎င်းတို့က အစဉ် ငြင်းပယ်လိမ့်မည်။ အခြားလူ၏ အကြံပြုချက်သည် ၎င်းတို့စိတ်ကူးနှင့် ကိုက်ညီလျှင်ပင်၊ အန္တိခရစ်က ယင်းကို အရင်ဦးဆုံး အဆိုပြုခြင်းမဟုတ်လျှင် ၎င်းတို့က သေချာပေါက် လက်ခံရန်၊ သို့မဟုတ် လက်တွေ့အကောင်အထည်ဖော်ရန် ငြင်းဆန်လိမ့်မည်။ ထိုအစား အန္တိခရစ်သည် အကြံပြုချက်ပေးသောသူက သူ၏ စိတ်ကူးသည် မှားယွင်းသည်ဟု ခံစားရပြီး ဝန်ခံသည်အထိ ထိုအကြံပြုချက်ကို သေးသိမ်စေရန်၊ ငြင်းဆန်ပြီး ရှုတ်ချရန် အစွမ်းကုန် လုပ်ဆောင်လိမ့်မည်။ ထို့နောက်မှသာ အန္တိခရစ်က ရပ်နားလိမ့်မည်။ အန္တိခရစ်များသည် ၎င်းတို့ကို အခြားလူများက ကိုးကွယ်ပြီး ဗဟိုပြုဖို့ရန်အတွက် မိမိတို့ကိုယ်ကို ချီးမြှင့်မြှောက်စားပြီး အခြားလူတို့ကို သေးသိမ်အောင် ပြုလုပ်လိုသည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကိုသာ ဖွံ့ဖြိုးတိုးတက်ခွင့်ပြုပြီး အခြားလူများအတွက် ၎င်းတို့ကို ထင်ပေါ်စေသည့် နောက်ခံအဖြစ်သာ အစဉ် အသုံးခံခွင့်ပြုသည်။ ၎င်းတို့ ပြောသမျှ၊ လုပ်သမျှသည် မှန်ကန်ပြီး သူတစ်ပါးတို့ပြောသမျှ၊ လုပ်သမျှတိုင်းကမူ မှားယွင်းသည်ဟု အန္တိခရစ်များက ယုံကြည်သည်။ လူတိုင်းက ၎င်းတို့ကို နားထောင်ပြီး ၎င်းတို့နည်းလမ်းအတိုင်း ဆောင်ရွက်စေရန်အတွက်၊ အခြားလူတို့၏ အမြင်များနှင့် လက်တွေ့လုပ်ဆောင်မှုများကို ငြင်းဆန်ရန် ၎င်းတို့သည် ဆန်းသစ်သော အမြင်များကို မကြာခဏ တင်ပြကြသည်၊ အခြားလူတို့၏ ထင်မြင်ချက်များအပေါ် အမှားရှာပြီး ပြဿနာရှာကြသည်၊ ပြီးလျှင် အခြားလူတို့၏ အစီအအစဉ်များကို နှောင့်ယှက်သည်၊ သို့မဟုတ် ငြင်းပယ်ကြသည်။ ၎င်းတို့သည် သင့်ကို အဆက်မပြတ် ငြင်းဆန်ရန်၊ တိုက်ခိုက်ရန်၊ သင်သည် လက်သင့်ခံနိုင်ဖွယ်မရှိဟု ခံစားရစေရန် ဤနည်းလမ်းများကို အသုံးပြုသည်။ ဤသို့ဖြင့် သင်သည် ၎င်းတို့အပေါ် သာ၍ နာခံလာစေရန်၊ အထင်ကြီးပြီး လေးစားရန်၊ နောက်ဆုံးတွင် ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ ကျရောက်စေရန်ဖြစ်သည်။ ဤသည်မှာ လူတို့ကို အန္တိခရစ်များက ချိုးနှိမ်ပြီး ထိန်းချုပ်သည့်နည်းစဉ်ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် လူတို့ကို ဝေခွဲမရဖြစ်စေပြီး သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ကာ ထိန်းချုပ်လေ၏”) ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီးတဲ့နောက်မှာ ကျွန်မ စိတ်နှလုံးက လင်းလက်သွားတယ်။ အရင်တုန်းက ရှင်းယန်က ကျွန်မတို့အမြင်ကို အမြဲတမ်းငြင်းနေတဲ့အခါမှာ သူက မာနကြီးတယ်လို့ပဲ ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့ သူ့ရည်ရွယ်ချက်တွေနဲ့ သူ့လုပ်ရပ်သဘာဝကို ကျွန်မ မရိပ်စားမိခဲ့ဘူး။ ရှင်းယန်က ကျွန်မတို့အမြင်တွေကို ငြင်းတဲ့အချိန်တိုင်းမှာ သူက ကျွန်မတို့အမြင်တွေထဲက ပြဿနာတွေကို ရွေးထုတ်ပြီး ချေပတဲ့နေရာမှာ အထူးကျွမ်းကျင်ပြီး ကျွန်မတို့အကြံက မသင့်တော်လောက်ဘူးလို့ ကျွန်မတို့ခံစားမိအောင်လုပ်နေတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီးမှပဲ ကျွန်မ သိခဲ့ရတယ်။ နောက်မှ သူက ဒီအပေါ်အခြေခံပြီး စိတ်ကူးတစ်ခုကို ပေါင်းစပ်ပြီးလုပ်တယ်၊ အဆင့်မြင့်တဲ့ သဘောတရားတချို့ပေးတယ်။ အချိန်နည်းနည်းကြာလာတော့ ကျွန်မတို့က သူ့ထက်နိမ့်ကျတယ်လို့ ခံစားမိလာတယ်။ သူက အမှုကိစ္စတွေကို ပိုပြီး နက်နက်နဲနဲနဲ့ ထိုးထွင်းသိမြင်ပြီး မြင်တယ်လို့ ထင်လာတယ်။ သူ့ကို ကျွန်မတို့ မရိပ်စားမိနိုင်ရုံမကဘဲ သူ့ကိုပိုပြီး လေးစားလာတယ်။ နောက်ဆုံးမှာ ကျွန်မတို့က ဆန္ဒအလျောက်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ကြတယ်။ ကျွန်မတို့ စိတ်ကူးတွေ၊ အကြံပြုချက်တွေက အခြေခံအားဖြင့် အသုံးမဝင်ဘူး၊ ပြောပြနေတာ ဘာမှအကျိုးမရှိဘူး၊ သူပြောတာပဲ နားထောင်သင့်တယ်လို့ ကျွန်မတို့ ခံစားမိခဲ့တယ်။ ဒီနေရာမှာ လူတွေရဲ့ အတွေးတွေကို ထိန်းချုပ်ဖို့ဖြစ်တဲ့ သူ့ပန်းတိုင်ကို သူရသွားတယ်။ ဒီထိန်းချုပ်မှုအောက်မှာ ကြာလာတော့ ကျွန်မတို့အပေါ် ကိစ္စတွေ ဖြစ်ပျက်တဲ့အခါ ရှာဖွေတာ၊ စဉ်းစားတာ မလုပ်တော့ဘူး။ အဆုံးမှာ ကျွန်မတို့က အသိစိတ်လွတ်ပြီး ရုပ်သေးတွေလိုဖြစ်သွားတယ်။ တာဝန်မှာ လုံးဝ အသုံးမဝင်တော့ဘူး။ ဒါဟာ လူတွေအပေါ် အုပ်စိုးမှုနဲ့ ထိန်းချုပ်မှုကိုရဖို့ အန္တိခရစ်အသုံးပြုတဲ့ နည်းလမ်းတွေပဲဆိုတာ အခု ကျွန်မ နားလည်သွားတယ်။ ရှင်းယန်က ကျွန်မတို့ကို ထိန်းချုပ်ဖို့ သူပြောတာနားထောင်အောင်၊ သူ့ကိုလိုက်နာအောင် လုပ်ဖို့ ဒီနည်းကို အသုံးပြုခဲ့တာ။ ရှင်းယန်က အရမ်းကို မသိမသာနဲ့ အန္တရာယ်များတယ်၊ ကောက်ကျစ်ဆိုးယုတ်တယ်။

နောက်ပိုင်းမှာ ကျွန်မ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်တယ်။ “လူတစ်ယောက်သည် တော်လျှင်၊ သူ လုပ်ဆောင်သော၊ ပြောဆိုသောအရာများတွင် အကြံအစည်များကို အစဉ် အသုံးပြုလျှင်၊ ရှိန်ရလောက်လျှင်၊ သင်သည် ထိုသူနှင့်အတူရှိနေသောအခါ ထိုသူက သင့်ကို အစဉ်ထိန်းချုပ်ပြီး စီမံလိုလျှင်၊ ဤလူသည် သနားကြင်နာတတ်သည်ဟု သင်၏ စိတ်နှလုံးတွင် ခံစားရသလော။ ရက်စက်ကြမ်းကြုတ်သည်ဟု ခံစားရသလော။ (ရက်စက်ကြမ်းကြုတ်သည်။) ၎င်းတို့ကို သင်ကြောက်ရွံ့လာပြီး ‘ဤလူသည် ငါ့ကို အစဉ် ထိန်းချုပ်ချင်သည်။ ၎င်းတို့၏ အဝေးသို့ အမြန်ဆုံးထွက်ခွာရမည်။ သူပြောသည့်အတိုင်း ငါမလုပ်လျှင် ငါ့ကို တိတ်တဆိတ် ထိခိုက်နစ်နာစေရန်နည်းတစ်ခုကို သူ အကြံထုတ်လိမ့်မည်ဖြစ်ပြီး ငါ့ကို အပြစ်ပေးကောင်းပေးနိုင်သည်’ဟု စဉ်းစားသည်။ ၎င်းတို့၏ စိတ်သဘောထားသည် ရက်စက်ကြမ်းကြုတ်သည်ကို သင်ခံစားရနိုင်သည်မဟုတ်လော။ (ခံစားရနိုင်ပါသည်။) ယင်းကို သင် မည်သို့ ခံစားရနိုင်သနည်း။ (၎င်းတို့သည် လူတို့ကို ၎င်းတို့၏ တောင်းဆိုချက်များ၊ စိတ်ကူးများနှင့်အညီ အမှုအရာများကို အစဉ် လုပ်ဆောင်စေသည်။) အမှုအရာများကို ဤသို့လုပ်ဆောင်ရန် အခြားလူတို့ကို ၎င်းတို့က တောင်းဆိုခြင်းသည် မှားယွင်းသလော။ သင့်ကို တစ်ခုခုလုပ်ရန် အခြားလူတို့က တောင်းဆိုသောအခါ သေချာပေါက် မှားယွင်းသလော။ ဤစဉ်းစားနည်းသည် မှန်ကန်သလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သင့်ကို စိတ်မသက်မသာဖြစ်စေသည်မှာ ၎င်းတို့၏ နည်းလမ်းများဖြစ်သလော၊ သို့မဟုတ် စိတ်သဘောထားဖြစ်သလော။ (၎င်းတို့၏ စိတ်သဘောထားဖြစ်သည်။) မှန်သည်။ ၎င်းတို့၏ စိတ်သဘောထားက သင့်ကို စိတ်မသက်မသာဖြစ်စေသည်။ ဤစိတ်သဘောထားသည် စာတန်ဆီမှလာသည်ဟု သင့်ကို ခံစားရစေသည်။ သမ္မာတရားနှင့် မညီ၊ သင့်အတွက် အနှောင့်အယှက်ဖြစ်သည်၊ ထိန်းချုပ်သည်၊ ချည်နှောင်သည်ဟု ခံစားရစေသည်။ ဤသည်မှာ သင့်ကို စိတ်မသက်မသာဖြစ်စေရုံသာမက သင်၏ စိတ်နှလုံးတွင် ကြောက်ရွံ့မှုကို ခံစားရစေသည်။ ၎င်းတို့ပြောသည့်အတိုင်း သင်မလုပ်ဆောင်ပါက ၎င်းတို့က သင့်ကို ‘နှိပ်ကွပ်’ နိုင်ခြေရှိသည်ဟု သင့်ကို ထင်မြင်စေသည်။ ဤလူအမျိုးအစား၏ စိတ်သဘောထားသည် အလွန် ရက်စက်ကြမ်းကြုတ်သည်။ ၎င်းတို့က တစ်စုံတစ်ခုကို သာမန်ကာလျှံကာမပြောပေ။ သင့်ကို ထိန်းချုပ်ချင်သည်။ သင့်ကို အမှုအရာများလုပ်ဆောင်ရန် အလွန်ပြင်းထန်စွာတောင်းဆိုပြီး ပုံစံတစ်ခုဖြင့် လုပ်ဆောင်ရန် တောင်းဆိုသည်။ ဤသည်မှာ စိတ်သဘောထား အမျိုးအစားတစ်ခုကို ညွှန်ပြသည်။ ၎င်းတို့က သင့်ကို တစ်ခုခုလုပ်ဆောင်ရန်သက်သက် မတောင်းဆိုပေ။ ၎င်းတို့သည် သင်၏ ဖြစ်တည်မှုအလုံးစုံကိုလည်း ထိန်းချုပ်ချင်သည်။ ၎င်းတို့က သင့်ကို ထိန်းချုပ်လျှင် သင်သည် ၎င်းတို့၏ ရုပ်သေးရုပ်ဖြစ်မည်။ ၎င်းတို့ ခြယ်လှယ်ရန် အရုပ်တစ်ခုဖြစ်လိမ့်မည်။ သင် ပြောဆိုလိုသည့်အရာ၊ သင်လုပ်ဆောင်သည့်အရာနှင့် သင်လုပ်ဆောင်သည့်ပုံစံတို့က လုံးဝ ၎င်းတို့အပေါ်၌ မူတည်လျှင် ၎င်းတို့က ပျော်ရွှင်သည်။ ဤစိတ်သဘောထားကို သင် သတိမူမိသောအခါ သင့်စိတ်နှလုံးတွင် မည်သည့်အရာကို ခံစားရသနည်း။ (ကျွန်ုပ် ကြောက်ရွံသည်။) သင်ကြောက်ရွံ့သောအခါ ၎င်းတို့၏ ဤစိတ်သဘောထားကို သင်မည်သို့ အဓိပ္ပာယ်သတ်မှတ်နိုင်သနည်း။ ဤသည်မှာ တာဝန်သိခြင်းလော။ သနားကြင်နာခြင်းလော၊ သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းလော။ ရက်စက်ကြမ်းကြုတ်သည်ဟု သင်ခံစားရမည်။ လူတစ်ယောက်၏ စိတ်သဘောထားသည် ရက်စက်ကြမ်းကြုတ်သည်ဟု သင် သတိမူမိသောအခါ သင်သည် ပျော်ရွှင်သလော၊ သို့မဟုတ် မုန်းတီးခြင်း၊ မနှစ်သက်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို ခံစားရသလော။ (မုန်းတီးခြင်း၊ မနှစ်သက်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို ခံစားရသည်။) ဤမကောင်းသော ခံစားချက်များ ထွက်ပေါ်လာသည်။ သင်သည် မုန်းတီးခြင်း၊ မနှစ်သက်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို ခံစားရသောအခါ လွတ်မြောက်ပြီး လွတ်လပ်ခြင်းကို ခံစားရသလော၊ သို့မဟုတ် ချည်နှောင်ခြင်းကို ခံစားရသလော။ (ချည်နှောင်ခြင်းကို ခံစားရသည်။) ဤသဘောထားများနှင့် ခံစားချက်မျိုးသည် အဘယ်ကလာသနည်း။ စာတန်ထံမှ လာသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မက ဘာကြောင့် ရှင်းယန်ကိုအရမ်းကြောက်ပြီး သူ့ကို အာမခံရဲတာလဲ၊ မဆန့်ကျင်ရဲတာလဲဆိုတာ နားလည်သွားတယ်။ အဓိကကတော့ ရှင်းယန်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းပြီး ငြင်းဆန်တဲ့အခါမှာ ကျွန်မကို စိတ်ကျဉ်းကျပ်ပြီး ဖိနှိပ်ခံရသလို ခံစားမိစေတဲ့ ကြမ်းတမ်းတဲ့ စိတ်သဘောထားတစ်ခု သူ့မှာရှိတယ်။ ကျွန်မက သူပြောတာ နားမထောင်ရင် သူက ကျွန်မကို ဖိနှိပ်ပြီး အပြစ်ဒဏ်ပေးမယ်လို့ ခံစားမိခဲ့တယ်။ တကယ်တမ်းတော့ ကျွန်မက သူ့ရဲ့ ကြမ်းတမ်းတဲ့ စိတ်သဘောထားရဲ့ ထိန်းချုပ်တာကို ခံနေရတာပါ။ ရှင်းယန်က သူ့ရဲ့ ကြမ်းတမ်းတဲ့ စိတ်သဘောထားနဲ့ ကျွန်မတို့ကို တိုက်ခိုက်ပြီး သေးသိမ်အောင်လုပ်နေခဲ့တာ။ တမင် အားနည်းချက်တွေရှာပြီး ကျွန်မတို့အမြင်တွေကို ငြင်းဆန်နေခဲ့တာပါ။ သူ့ရည်ရွယ်ချက်က ကျွန်မတို့ကို အလျှော့ပေးအောင်လုပ်ပြီး နောက်ဆုံးမှာ သူ့ရဲ့ ရုပ်သေးရုပ်တွေ ဖြစ်လာဖို့ပဲ။ လူတိုင်းက သူ့ကို နားထောင်လာအောင်လုပ်ဖို့၊ မနာခံတာကို ရှင်းပစ်ဖို့၊ ဒီနည်းနဲ့ အကြွင်းမဲ့အာဏာကို ကိုင်စွဲဖို့ဖြစ်တဲ့ သူ့ပန်းတိုင်ကို ရရှိဖို့ပဲ။ သူ့ရဲ့ ထိန်းချုပ်လိုတဲ့ ဆန္ဒက ပြင်းထန်လွန်းတယ်။

နောက်ပိုင်းမှာ သင်းထောက်တွေနဲ့ ကျွန်မက ဘုရားနှုတ်ကပတ်တော်ကို အတူ မိတ်သဟာယပြုကြတယ်။ ကျွန်မတို့ စကားပြောလေလေ၊ ကျွန်မတို့စိတ်နှလုံးက လင်းလက်လေလေပဲ။ ရှင်းယန်ရဲ့ လှည့်စားတဲ့၊ ထိန်းချုပ်တဲ့၊ ဖိနှိပ်တဲ့ နည်းလမ်းတွေကို ကျွန်မတို့ နည်းနည်းရိပ်စားမိလာတယ်။ ရှင်းယန်ရဲ့ သဘာဝက မာနထောင်လွှားပြီး ကြမ်းတမ်းတယ်ဆိုတာ မြင်ခဲ့တယ်။ သူ့ရဲ့နေရာနဲ့ အာဏာကို ခိုင်မြဲစေဖို့ လူတွေကို ဖိနှိပ်ထိန်းချုပ်ဖို့ နည်းလမ်းတွေကို သုံးခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကြားမှာ သူက ဆုံးဖြတ်ပိုင်ခွင့်ရှိခဲ့တယ်။ သူက စည်းမျဉ်းတွေကို မကြာခဏချိုးဖောက်ပြီး ထင်ရာမြင်ရာ လုပ်ဆောင်ခဲ့တာကြောင့် အသင်းတော်အလုပ်အပေါ် အနှောင့်အယှက်ဖြစ်ပြီး ထိခိုက်စေခဲ့တယ်။ ခဏခဏ ဖော်ထုတ်ပြီး မိတ်သဟာယပြုပေမဲ့ သူက လုံးဝ လက်မခံဘူး။ နားမလည်ဘူး။ နောင်တမရဘူး။ ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး ရှင်းယန်ဟာ အန္တိခရစ်တစ်ယောက်ဖြစ်တယ်၊ ထုတ်ပယ်ရမယ်၊ စောင့်ကြည့်လေ့လာဖို့အတွက် သီးခြားခွဲထားရမယ်ဆိုတာ ကျွန်မတို့ သေချာပေါက် သိမြင်နိုင်တယ်။ ဒါကြောင့် ကျွန်မတို့ ဆုံးဖြတ်ချက်ကို အဲဒီနေ့မှာပဲ အထက်လူကြီးတွေဆီ တင်ပြခဲ့တယ်။ နောက်ပိုင်းမှာ စုံစမ်းစစ်ဆေးပြီး အတည်ပြုပြီးတဲ့နောက်မှာ ရှင်းယန်ရဲ့ တခြားမကောင်းမှုတွေကို သူတို့ရှာတွေ့ကြတယ်။ သူက အန္တိခရစ်ဖြစ်တယ်လို့ ဆုံးဖြတ်ပြီး ထုတ်ပစ်လိုက်ကြတယ်။ သူ့ကို ထုတ်ပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေက တော်တော်ပျော်ကြတယ်။ ဘုရားသခင်က ဖြောင့်မတ်တယ်၊ ဘုရားအိမ်တော်မှာ သမ္မာတရားက ကြီးစိုးတယ်ဆိုတာ ကျွန်မတို့ မြင်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မလည်း နောင်တရတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်သဘာဝက လှည့်စားတတ်ပြီး တစ်ကိုယ်ကောင်းဆန်တယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကျွန်မရဲ့ ဆန္ဒက ပြင်းထန်တယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ သမ္မာတရားကိုရှာဖွေရမယ့်အစား၊ သူ့ကို ရိပ်စားမိပြီး ဖော်ထုတ်ရမယ့်အစား ကျွန်မက သူဖိနှိပ်ပြီး ကျွန်ပြုတာကို ခံဖို့ လိုလားနေခဲ့တယ်။ သူ့ရဲ့ မကောင်းမှုတွေနဲ့ အသင်းတော်အလုပ်ကို နှောင့်ယှက်တာတွေကို ကျွန်မ နားလည်ပေးပြီး လက်ခံခွင့်လွှတ်ခဲ့တယ်။ ဒါက သူ့ရဲ့မကောင်းမှုမှာ ကျွန်မလည်းပါတယ်ဆိုတဲ့ သဘောပဲ။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေအနေနဲ့ သမ္မာတရားစည်းမျဉ်းတွေကို ကျွန်မတို့ ထိန်းသိမ်းရမယ် အန္တိခရစ်တွေနဲ့ မကောင်းမှုပြုသူတွေကို ဖော်ထုတ်ရဲရမယ်၊ အသင်းတော်အလုပ်ကို ကာကွယ်ပေးပြီး တာဝန်ကို ကောင်းကောင်းလုပ်နိုင်ဖို့ ဒါကသာ တစ်ခုတည်းသောနည်းလမ်းဖြစ်တာကြောင့်ပဲဆိုတာကိုလည်း ကျွန်မ တွေ့ကြုံခဲ့ရပါတယ်။ ကျေးဇူးတော်ပါပဲ။

အရှေ့သို့- ၄၄။ စိတ်ကူးပေါက်ရာအတိုင်း မိမိတာဝန်ကို လုပ်ဆောင်ခြင်း၏ အကျိုးဆက်များ

နောက်တစ်ခုသို့- ၄၆။ ပညာရှိသတို့သမီးတွေက သခင့်ကို ကြိုဆိုမိကြပုံ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။