၉၇။ ဘေးအန္တရာယ်ကြုံစဉ် ရွေးချယ်မှုတစ်ခု
အရင် သုံးလေးနှစ်လောက်က ဆောင်းရာသီတစ်ခုမှာ အထက်ခေါင်းဆောင်တစ်ယောက်က ကျွန်တော့်ကို ပြောတယ်။ အိမ်နီးချင်းအသင်းတော်တစ်ခုက ခေါင်းဆောင်တွေ၊ အမှုဆောင်တွေက ရဲဖမ်းတာ ခံလိုက်ရတယ် တဲ့။ အသင်းတော်မှာ ကိုင်တွယ်ရမယ့် နောက်ဆက်တွဲအလုပ်တချို့ရှိတယ်။ ညီအစ်ကိုမောင်နှမတွေမှာ သူတို့ကို ပံ့ပိုးပေးဖို့ တစ်ယောက်မှ မရှိဘူး။ တချို့က ကြောက်ပြီး အပျက်သဘောဆောင်ကြတယ်။ အားနည်းကြတယ်။ အသင်းတော်အသက်တာမှာ ဝင်မပါနိုင်ကြဘူး။ အဲဒီအသင်းတော်အလုပ်မှာ ကျွန်တော် ဦးဆောင်ချင်စိတ်ရှိလားဆိုပြီး သူက မေးတယ်။ သူ ကျွန်တော့်ကိုမေးတော့ ကျွန်တော် နည်းနည်းစိတ်ရှုပ်ထွေးသွားတယ်။ အဲဒီအသင်းတော်မှာ တချို့ညီအစ်ကိုမောင်နှမတွေ အဖမ်းခံထားရတာ မကြာသေးဘူး။ ကျွန်တော်က အဲဒီအသင်းတော်ကို လွှဲပြောင်းယူရင် ကျွန်တော် အဖမ်းခံရရင် ဘာဖြစ်သွားမလဲ။ ကျွန်တော်က အသက်ကြီးပြီဆိုတော့ အဆင်းနီသောနဂါးကြီးက နှိပ်စက်တာ၊ ရိုက်နှက်တာတွေကို ကျွန်တော့်ကိုယ်ခန္ဓာက တကယ် ခံနိုင်ပါ့မလား။ ကျွန်တော်က နှိပ်စက်တာမခံနိုင်ဘဲ ယုဒဖြစ်သွားပြီး ဘုရားကို သစ္စာဖောက်ရင် ကျွန်တော် ယုံကြည်ခဲ့တဲ့ နှစ်တွေအားလုံးက အလကားဖြစ်မသွားဘူးလား။ ဒါပေမဲ့ နောက်တော့ ကျွန်တော် တွေးမိတယ်။ လက်ရှိအခြေအနေတွေရဲ့ အခက်အခဲကို ထည့်တွက်ရင် ဒီလိုအရေးပါတဲ့အချိန်မှာ အသင်းတော်အလုပ်မှာ တစ်ယောက်ယောက်က ရှေ့ထွက်လုပ်ဖို့ လိုတယ် ပေါ့။ အဲဒါနဲ့ ကျွန်တော် စိတ်မပါတပါနဲ့ သဘောတူလိုက်တယ်။
အဲဒီအသင်းတော်ကို ကျွန်တော် ရောက်တော့ အစ်မဝမ်ရှင်ကျင်းက ကျွန်တော့်ကို အသိပေးတယ်။ တချို့ ခေါင်းဆောင်၊ အမှုဆောင်တွေ၊ ညီအစ်ကိုမောင်နှမတွေက အဖမ်းခံထားရတယ်၊ အသင်းတော်တစ်ခုလုံးမှာ ညီအစ်ကိုမောင်နှမနည်းနည်းလောက်ကိုပဲ သူ ဆက်သွယ်နိုင်တယ် တဲ့။ အသင်းသားအများစုကို သူ မဆက်သွယ်နိုင်ဘူးဆိုတော့ သူတို့က မစုဝေးနိုင်ဘူး။ ဒါကို ကြားပြီးတော့ ကျွန်တော် စဉ်းစားတယ်။ “အဆင်းနီသောနဂါးကြီးက ငါတို့ကို စောင့်ကြည့်ဖို့ ငါတို့ အိမ်နီးချင်းတွေကို အသုံးပြုနေတာ။ ဒီညီအစ်ကိုမောင်နှမတွေဆီကို ငါသွားပြီး ထောက်ပံ့တဲ့အခါ အိမ်နီးချင်းတွေက ငါ့ကို သတိထားမိပြီး တိုင်လိုက်ရင် ဘယ်လိုလုပ်မလဲ။ နောက်ပြီးတော့လည်း ညီအစ်ကိုမောင်နှမတွေအများကြီး အဖမ်းခံထားရတာ။ သူတို့ထဲက တစ်ယောက်ယောက်က နှိပ်စက်တာမခံနိုင်ဘဲ တခြားညီအစ်ကိုမောင်နှမတွေအကြောင်း ထုတ်ပြောလိုက်ရင် ရဲတွေက သူတို့ကို စောင့်ကြည့်နေမှာပဲ။ ဒါဆို ငါက ဒီညီအစ်ကိုမောင်နှမတွေကို သွားကြည့်ရင် သူတို့ထောင်ချောက်ထဲကို တည့်တည့်ဝင်သွားမှာမဟုတ်ဘူးလား။ ကျွန်တော် အဖမ်းခံရရင် နှိပ်ဆက်တာကို မခံနိုင်ဘဲ ယုဒဖြစ်သွားရင် ကျွန်တော်က မယုံကြည်သူတစ်ယောက် ဖြစ်သွားတော့မှာ မဟုတ်ဘူးလား။ ဒါဆို ငါက သေချာပေါက် ကယ်တင်ခြင်းရမှာမဟုတ်ဘူး” ပေါ့။ ကျွန်တော် တွေးလေလေ၊ ကြောက်လာလေလေဖြစ်ပြီး အဲဒီမှာ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ဖို့ အန္တရာယ်များလွန်းနေတဲ့ ပုံစံဖြစ်နေတာပေါ့။ မိုင်းကွင်းထဲကို လျှောက်နေရသလိုပဲ။ ခြေတစ်လှမ်းမှားသွားရင် အားလုံးသွားပြီပဲ။ အဲဒီအချိန်မှာ ဒီအသင်းတော်ကအလုပ်ကို ကြီးကြပ်ဖို့လာခဲ့တာကို ကျွန်တော် တော်တော် နောင်တရတယ်။ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ဖို့ စိတ်မပါနေဘူး။ နောက်တော့ ကျွန်တာ် တွေးမိတယ်။ “ရှင်ကျင်းက ဒီအသင်းတော် အဖွဲ့ဝင်ပဲ။ ဒီက အခြေအနေအားလုံးကို သူက ပိုရင်းနှီးတယ်။ ဒီတော့ ညီအစ်ကိုမောင်နှမတွေဆီကို သူသွားလည်တာက ပိုပြီး အဆင်ပြေတယ်။ ငါက အခုမှ ရောက်တာ။ ကောင်းကောင်းမလုပ်နိုင်သေးဘူး။ ရှင်ကျင်းကို ညီအစ်ကိုမောင်နှမတွေဆီ သွားလည်ခိုင်းလို့ရတယ်။ ဒါဆို ငါ ကိုယ့်ကိုယ်ကိုယ် စွန့်စားဖို့မလိုတော့ဘူး” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်တော် စဉ်းစားတယ်။ “ရှင်ကျင်းက စည်းမျဉ်းတော်တော်များများကို ကောင်းကောင်းနားမလည်ဘူး။ အတွေ့အကြုံနည်းတယ်။ ဒါတွေအားလုံးကို ထည့်တွက်ရင် သူက နောက်ဆက်တွဲအလုပ်ကို တကယ် ကောင်းကောင်းလုပ်နိုင်ပါ့မလား။ ညီအစ်ကိုမောင်နှတွေရဲ့ ပြဿနာတွေကို သူဖြေရှင်းနိုင်ပါ့မလား။ ဒါပေမဲ့ ငါကိုယ်တိုင်သွားရင် ဒုက္ခဆီ ဦးတည်နေသလို မဖြစ်ဘူးလား” ပေါ့။ ခေါင်းထဲမှာ ဒီကိစ္စကို အပြန်အလှန်စဉ်းစားပြီးတော့ ဒီအလုပ်ကို ရှင်ကျင်းကို လုပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သုံးလေးရက်ကြာတော့ သူက ဘာတိုးတက်မှုမှ မရှိသေးဘူး။ ဒါကို မြင်တော့ ညီအစ်ကိုမောင်နှမတွေကို ကျွန်တော် သွားပြီး ပံ့ပိုးပေးသင့်တယ်ဆိုတာ ကျွန်တော်သိသွားတယ်။ မဟုတ်ရင် သူတို့ပြဿနာတွေက ပြေလည်မှာမဟုတ်ဘူး။ သူတို့အသက်ဝင်ရောက်မှုကို ထိခိုက်မှာပဲ။ ဒါပေမဲ့ လက်ရှိအခြေအနေတွေက ဘယ်လောက် စိတ်မချရသလဲဆိုတာ ထည့်တွက်ရင် ညီအစ်ကိုမောင်နှတွေနဲ့ ဆက်သွယ်တဲ့ ဘယ်အချိန်မဆို ကျွန်တော် အဖမ်းခံရဖို့ အန္တရာယ်ရှိနေလိမ့်မယ်။ အဲဒါနဲ့ အလုပ်ကို ကိုယ့်ဘာသာ မလုပ်ရဲနေဘူး။ ရလဒ်အနေနဲ့ တစ်လလုံးကုန်သွားပြီး အသင်းတော်အလုပ်မှာ တိုးတက်မှု သိပ်မရှိခဲ့ဘူး။ ရှင်ကျင်းက အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ရှိနေတယ်။ ကျွန်တော်က ဒါကို သတိထားမိတယ်။ ဒါပေမဲ့ ကျွန်တော်က တွန့်ဆုတ်နေပြီးတော့ အဲဒီနေ့တွေကို ကြောက်နေတယ်။ အဲဒါနဲ့ ကျွန်တော်က အလုပ်မှာသူနဲ့ ပူးတွဲပြီး မလုပ်ရဲခဲ့ဘူး။
တစ်နေ့တော့ ကျွန်တော့်ဘယ်ဘက်ဒူးက နည်းနည်းနာလာတယ်။ သုံးလေးရက်အတွင်းမှာ ဘောလုံးတစ်လုံးလို ရောင်လာပြီး ညိုမဲလာတယ်။ အရမ်းနာတာ သိပ်တောင် မလျှောက်နိုင်ဘူး။ အဲဒီအချိန်မှာ ဒါဟာ ဘုရားက ကျွန်တော့်ကို ပဲ့ပြင်ဆုံးမနေတာပဲဆိုတာ ကျွန်တော် သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းပြီး ဘုရားရဲ့ ရည်ရွယ်ချက်တွေကို သိနိုင်ဖို့အတွက် ကျွန်တော့်ကို ဉာဏ်အလင်းဖွင့်ပြဖို့ ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတော့ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်တော် တွေ့တယ်။ “သူ၏ဝမ်းနည်းမှုမှာ မျှော်လင့်ချက်များ သူထားခဲ့သော်ငြားလည်း အမှောင်ထုထဲသို့ ကျဆင်းသွားသော လူသားမျိုးနွယ်ကြောင့်ဖြစ်ပြီး လူသားအပေါ် သူပြုသောအမှုမှာ သူ၏မျှော်မှန်းချက်များအတိုင်း ဖြစ်မလာ သောကြောင့်ဖြစ်ကာ သူချစ်သော လူသားမျိုးနွယ်မှာ အလင်းထဲတွင် အားလုံးမနေနိုင်ကြသောကြောင့်ဖြစ်သည်။ အပြစ်ကင်းမဲ့သော လူသားမျိုးနွယ်အတွက်၊ ရိုးသားသော်လည်း ပညာမဲ့သော လူသားအတွက်၊ ထို့ပြင် လူကောင်းဖြစ်သော်လည်း မိမိကိုယ်ပိုင်အမြင်များ ကင်းမဲ့နေသော လူသားအတွက် သူဝမ်းနည်းရသည်။ သူ၏ဝမ်းနည်းမှုမှာ သူ၏ကောင်းမြတ်ခြင်းနှင့် သူ့ကရုဏာတို့၏ သင်္ကေတဖြစ်ပြီး လှပခြင်းနှင့် ကြင်နာခြင်းတို့၏ သင်္ကေတဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်အပေါ် တော်တော်သက်ရောက်မှုဖြစ်တယ်။ အထူးသဖြင့် ဒီဘုရားနှုတ်ကပတ်တော်ကို ဖတ်တဲ့အခါမှာပေါ့။ “သူ၏ဝမ်းနည်းမှုမှာ မျှော်လင့်ချက်များ သူထားခဲ့သော်ငြားလည်း အမှောင်ထုထဲသို့ ကျဆင်းသွားသော လူသားမျိုးနွယ်ကြောင့်ဖြစ်ပြီး၊” ကျွန်တော် တော်တော်ကို အပြစ်ရှိသလို ခံစားမိတယ်။ အဆင်းနီသောနဂါးကြီးရဲ့ ဖမ်းဆီးမှုကြောင့် ညီအစ်ကိုမောင်နှမတွေက သာမန်အသင်းတော်အသက်တာကို မရှင်သန်နိုင်ဘူး။ ဒါကြောင့် သူတို့က စိတ်ဓာတ်ကျခြင်း၊ မှောင်မိုက်ခြင်းထဲမှာ နှစ်မြုပ်သွားပြီး သူတို့ဘဝတွေက ထိခိုက်သွားတယ်။ ဘုရားသခင်က ဒါကို မြင်တော့ စိုးရိမ်ပြီး စိတ်သောကရောက်တယ်။ တစ်ယောက်ယောက်က သူ့အလိုတော်ကို အလေးထားပြီး သာမန်အသင်းတော်အသက်တာကို ညီအစ်ကိုမောင်နှမတွေ ရှင်သန်နိုင်ဖို့အတွက် အမြန်လာကူညီဖို့ အရေးတကြီး မျှော်လင့်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဘေးကင်းဖို့အတွက် ကျွန်တော့်အလုပ်ကို ရှင်ကျင်းဆီကို လွှဲပေးလိုက်တယ်။ ယုတ်ညံ့တဲ့ဘဝမှာ ဆက်အသက်ရှင်ဖို့ ကျွန်တော်ပုန်းနေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက သာမန်အသင်းတော်အသက်တာကို မရှင်သန်နိုင်ဘူး၊ သူတို့အသက်တာတွေက ထိခိုက်နေတယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသတိထားမိတယ်။ ဒါပေမဲ့ ကျွန်တော်က ပြဿနာကို ဝင်မဖြေရှင်းခဲ့ဘူး။ ကျွန်တော့် လူ့သဘာဝက ဘယ်မှာလဲ။ ကျွန်တော်က တော်တော်တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာပါ။ အန္တရာယ်ရှိတဲ့ အခြေအနေမှာ မရှိတဲ့အခါ ပုံမှန်အားဖြင့် ကျွန်တော်က ဘုရားကို ချစ်တဲ့သူဖြစ်တယ်၊ အနစ်နာခံနိုင်ပြီး ကိုယ့်ကိုယ်ကိုယ်အသုံးခံနိုင်တဲ့သူဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခဲ့တာကို ကျွန်တော် တွေးမိတယ်။ ဘုရားကို ချစ်ပြီး ကျေနပ်စေဖို့ လိုအပ်မှုအကြောင်းကိုတောင် သူများတွေနဲ့ ကျွန်တော် ခဏခဏ မိတ်သဟာယဖွဲ့တယ်။ ဒါပေမဲ့ ဒီအခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကျွန်တော် စဉ်းစားနိုင်သမျှက ကိုယ့်လုံခြုံရေးပဲ။ ဘုရားအလိုတော်ကို လုံးဝ ထည့်မစဉ်းစားဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့ ဘဝတွေ ထိခိုက်မလားဆိုတာ လုံးဝ ထည့်မစဉ်းစားဘူး။ ကျွန်တော်က အယူဝါဒဆိုင်ရာ အသိပညာတွေကိုပဲ ပြောနေတယ်ဆိုတာ မြင်ခဲ့ပါတယ်။ ကျွန်တော်က ဘုရားနဲ့ လူတွေကို လှည့်စားနေခဲ့တာပါ။ ဒါဟာ ဘုရားအတွက် နာကျင်ရပြီး စက်ဆုပ်ဖွယ်ဖြစ်ပါတယ်။ ဒါကို သဘောပေါက်သွားတော့ ကျွန်တော် အရမ်းနောင်တရပြီး ဘုရားကို ဆုတောင်းပါတယ်။ “အဖဘုရားသခင်၊ ကျွန်တော်ဟာ ကိုယ့်အကျိုးစီးပွားတွေကို အမြဲတမ်း ကာကွယ်နေပြီး ကိုယ်တော့်အလိုတော်ကို အရေးစိုက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ကျွန်တော်ဟာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား တကယ်ကို မရှိပါဘူး။ ဘုရားသခင် ကိုယ်တော့်အလိုတော်ကို အရေးစိုက်ပြီး ညီအစ်ကိုမောင်နှမတွေကို အစွမ်းကုန်ပံ့ပိုးပေးဖို့ အသင့်ဖြစ်နေပါပြီ” ဆိုပြီးတော့။
အဲဒီနောက်တော့ ညီအစ်ကိုမောင်နှမတွေကို ကျွန်တော် စပြီး ကူညီပံ့ပိုးတယ်။ သူတို့ ပြဿနာတွေကို ဖြေရှင်းတယ်။ တစ်နေ့တော့ အစ်မတစ်ယောက်က ပြောတာကို ကျွန်တော် ကြားရတယ်။ “အရင်နှစ်နှစ်တုန်းက ဒီအသင်းတော်ကနေ ညီအစ်ကိုမောင်နှမ ဆယ်ယောက်ကျော်အဖမ်းခံရတယ်။ အခုတောင်မှ သူတို့ထဲက တချို့တွေ မလွတ်သေးဘူး။ ရဲတွေက ငါတို့အသင်းတော် လုံးလုံးလျားလျားပြိုကွဲသွားအောင် ဖျက်ဆီးဖို့တောင် ခြိမ်းခြောက်တယ်” တဲ့။ ဒါကိုကြားတော့ ကျွန်တော် အရမ်းစိတ်ဆိုးသွားတာ။ ဒီမကောင်းဆိုးဝါးတွေက အရမ်းမာနထောင်လွှားပြီး အာဏာရှင်ဆန်တယ်။ ဒါပေမဲ့ ကျွန်တော့် မသိစိတ်ကလည်း ကြောက်သွားတယ်။ နှစ်နှစ်ပဲကြာပြီးတဲ့နောက်မှာ သူတို့ရောက်လာပြီး နောက်ထပ်အဖွဲ့ဝင်တွေအများကြီး ဖမ်းသွားတယ်။ ပြီးတော့ အသင်းတော်ကို မြေပေါ် ပြားပြားဝပ်အောင် ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ကျွန်တော်က အသင်းတော်ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ရဲတွေ သိသွားရင် ကျွန်တော် သူတို့ရဲ့ အဓိကပစ်မှတ် ဖြစ်သွားမှာမဟုတ်လား။ ညီအစ်ကိုမောင်နှမတွေ အဖမ်းခံရပြီးတဲ့နောက် နှိပ်စက်ခံရတာကို စဉ်းစားပြီး ကျွန်တော် ကြောက်ပြီး တုန်နေတာပေါ့။ ကျွန်တော် တကယ်အဖမ်းခံရရင် သူတို့နှိပ်စက်တာကို ခံနိုင်ပါ့မလား ပေါ့။ ကျွန်တော်က သေတဲ့အထိ အရိုက်ခံရရင်၊ ဒါမှမဟုတ် ယုဒဖြစ်သွားရင် ကျွန်တော့်အတွက် အဆုံးသတ်ဖြစ်သွားမှာမဟုတ်ဘူးလား။ နောက်ထပ် ညီအစ်ကိုမောင်နှမတွေတောင် အဖမ်းခံရတာကို ကျွန်တော် ကြားရတော့ ဒီလိုပတ်ဝန်းကျင်မျိုးမှာ တာဝန်ထမ်းဆောင်ဖို့က အန္တရာယ်များလွန်းသလိုဖြစ်နေတယ်။ ရဲက ဖမ်းဆီးတာကို အချိန်မရွေးခံရနိုင်တယ်လို့ တွေးမိပြီး တော်တော်ကို တွန့်ဆုတ်ပြီး ကြောက်နေခဲ့တာပေါ့။ တစ်နေ့တော့ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်တော် တွေ့တယ်။ “စာတန်က မည်မျှပင် ‘အစွမ်းထက်’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော သူ၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို သူဖောက်ပြန်ပျက်စီးစေပြီး မျှားခေါ်သည့် နည်းလမ်းများက မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို သူခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့် ပုံစံက မည်မျှပင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ သူမချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ သူအုပ်စိုးပြီး ထိန်းချုပ်နိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ သူအုပ်စိုးသည့်၊ သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို နာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် သူ၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အလုပ်လုပ်ရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) အရာအားလုံးက ဘုရားရဲ့ ထိန်းချုပ်မှုထဲမှာရှိတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်တော် နားလည်သွားတယ်။ စာတန်က ဘယ်လောက် ရိုင်းစိုင်းကြမ်းကြုတ်ပါစေ ဘုရားသခင်ရဲ့ အုပ်စိုးမှုအတွင်းမှာရှိနေဆဲပဲ။ ဘုရားသခင်ရဲ့ သဘောတူညီမှုမပါဘဲနဲ့ စာတန်က ဘာမှားယွင်းတဲ့ လှုပ်ရှားမှုကိုမှ လုပ်ရဲမှာမဟုတ်ဘူး။ ယောဘက အစမ်းသပ်ခံရတဲ့အချိန်မှာ ဘုရားသခင်ရဲ့ သဘောတူညီမှုမပါတော့ စာတန်က သူ့ရဲ့ ခန္ဓာကိုပဲ ဒဏ်ရာရအောင်လုပ်နိုင်ပြီး ယောဘရဲ့အသက်ကို လုမယူနိုင်တာကို ကျွန်တော် အမှတ်ရမိတယ်။ ကျွန်တော်ရောက်နေတဲ့ အခြေအနေမှာ ကျွန်တော် အဖမ်းခံရမလားဆိုတာ ဘုရားသခင်အပေါ် လုံးဝ မူတည်နေတာမဟုတ်ဘူးလား။ စာတန်က ဘယ်လောက် ရိုင်းစိုင်းကြမ်းကြုတ်ပြီး ရက်စက်ပါစေ ဘုရားရဲ့ သဘောတူညီမှုမပါဘဲနဲ့ အဆင်းနီသောနဂါးကြီးက ကျွန်တော့်ကို ဖမ်းမိဖို့ ကြိုးစားရင်တောင် စာတန်က လုပ်နိုင်မှာမဟုတ်ဘူး။ ဘုရားသခင်က သဘောတူညီမှုရှိရင် ကျွန်တော် ကြိုးစားရင်တောင် လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ ကျွန်တော့်အသက်က ဘုရားလက်ထဲမှာရှိပြီး စာတန်က ဒါကို ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ရင်းနဲ့ သူ့ရဲ့ ဩဇာအာဏာနဲ့ အချုပ်အခြာအာဏာကို ကျွန်တော် နည်းနည်းသိလာတယ်။ ကျွန်တော် သိပ်မကြောက်တော့ဘဲ တော်တော်ပိုပြီး လွတ်မြောက်သလို ခံစားရတယ်။ ညီအစ်ကိုမောင်နှမတွေကို သူတို့ရဲ့ အသင်းတော်အသက်တာတွေ စပြီး ရှင်သန်နိုင်ဖို့ ကျွန်တော ချက်ချင်း စီစဉ်ချင်ခဲ့တယ်။ အဲဒီအချိန်ကာလအတွင်းမှာ ရှင်ကျင်းနဲ့ ကျွန်တော်တို့က ဘုရားကို ဆုတောင်းပြီး အားကိုးကြတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်သွယ်ပြီး သူတို့ကို ထောက်ပံ့ပေးတယ်။ ရလဒ်အနေနဲ့ သူတို့တွေက တဖြည်းဖြည်းချင်း စုဝေးပွဲတွေ စတက်လာတယ်။ အသင်းတော်အသက်တာတွေကို ရှင်သန်လာကြတယ်။ သူတို့တာဝန်တွေကို တတ်နိုင်သလောက် ထမ်းဆောင်လာကြတယ်။
နောက်ပိုင်းမှာ အဖမ်းခံရပြီး ပြန်လွတ်လာတဲ့ အစ်မတစ်ယောက်က ကျွန်တော့်ဆီကို စာတစ်စောင်ရေးတယ်။ ကျွန်တော့်အကြောင်းကို အဖော်ခံလိုက်ရပြီဆိုပြီး ကျွန်တော့်ကို အသိပေးတယ်။ ကျွန်တော်ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်၊ ဘယ်ရွာမှာနေတယ်ဆိုတာကို ရဲက သိပြီးနေပြီ။ ကျွန်တော့်အတွက် ဝရမ်းတစ်ခုကို လုံခြုံရေးဌာနကို ထုတ်ခိုင်းပြီးပြီလို့တောင် ပြောတယ်။ ကျွန်တော် ရှိတဲ့နေရာကို တွေ့ဖို့အတွက် ရဲတွေက ကျွန်တော့်ကို ရွေးထုတ်ဖို့ ကျွန်တော်နေတဲ့ရွာကိုတောင် အဲဒီအစ်မကို ခေါ်သွားတယ်။ ဒါပေမဲ့ စောင့်ကြည့်ကင်မရာမှတ်တမ်းက ပျောက်သွားပြီး သူတို့အစီအစဉ်က မအောင်မြင်ခဲ့ဘူး။ ဒီအကြောင်းကို ကျွန်တော် သိရတော့ ကျွန်တော်အရမ်းစိတ်ပူပြီး တော်တော်စိတ်လှုပ်ရှားပြီး ကြောက်သွားတယ်။ ရဲတွေက ကျွန်တော့် အချက်အလက်တွေကို အများကြီး သိပြီးနေပြီဆိုတော့ ကျွန်တော် အချိန်မရွေးအဖမ်းခံရနိုင်ခြေရှိတယ်။ ကျွန်တော် အဖမ်းခံရရင် သေချာပေါက် နှိပ်စက်၊ ညှင်းဆဲတာ ခံရမှာပဲ။ ကျွန်တော် တွေးလေလေ၊ ကြောက်လာလေလေပဲ။ အချိန်ခဏလောက်အထိ ကျွန်တော် အားနည်းသွားတယ်။ အဆင်းနီသောနဂါးကြီးရဲ့ နယ်မြေမှာ ဘုရားကို ယုံကြည်ရတာက ကြိုးပေါ်လမ်းလျှောက်နေရသလိုပဲ။ ခြေလှမ်းတိုင်းမှာ သေမယ့်အန္တရာယ်က ကျွန်တော့်ကို စောင့်နေတယ်။ အဲဒီအချိန်မှာ ကျွန်တော် စဉ်းစားတယ်။ “ငါ့ဆွေမျိုးတွေရဲ့နေရာမှာ ခဏလောက်သွားပြီး ပုန်းနေလို့ ရချင်ရမှာပဲ။ ဒီမှာ အခြေအနေတည်ငြိမ်သွားတာနဲ့ ငါ့တာဝန်ကို ဆက်လုပ်လို့ရတယ်” ပေါ့။ ဒါပေမဲ့ နောက်တော့ တချို့ညီအစ်ကိုမောင်နှမတွေက ကြောက်နေကြတယ်၊ အပျက်သဘောဆောင်ပြီး အားနည်းနေတယ်၊ ရေလောင်းပြီး ပံ့ပိုးပေးဖို့ မဖြစ်မနေလိုအပ်နေတယ်ဆိုတာ ကျွန်တော် သတိရတယ်။ ဒီလိုအရေးပါတဲ့အချိန်မှာ ကျွန်တော့်အလုပ်ကို စွန့်ခွာသွားရင် ကျွန်တော်က ဘုရားကို ဆန့်ကျင်ပုန်ကန်နေပြီး ဘုရားခံစားချက်ကို နာကျင်စေမှာမဟုတ်ဘူးလား။ ကျွန်တော် စိတ်ဒုက္ခရောက်ပြီး စိတ်ဆင်းရဲနေရတယ်။ ဘာကိုလုပ်သင့်တယ်ဆိုတာ မသိဘူး။ အဲဒါနဲ့ ကျွန်တော် ဘုရားကို ဆုတောင်းတယ်။ ကျွန်တော့်တာဝန်ကို ဆက်ပြီးထမ်းဆောင်ဖို့အတွက် ကျွန်တော့်ကို ခွန်အားနဲ့ ယုံကြည်မှုပေးဖို့ ဘုရားကို ဆုတောင်းတယ်။ ဆုတောင်းပြီးသွားတော့ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့ရတယ်။ “တရုတ်ပြည်မကြီးတွင် အဆင်းနီသောနဂါးကြီးသည် အန္တရာယ်ရှိသော အခြေအနေအချို့ကို မကြာခဏ ရင်ဆိုင်ကြရသည့် ဘုရားသခင် ယုံကြည်သူများကို လူမဆန်စွာဖိနှိပ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် နှိပ်ကွပ်ခြင်းတို့ကို ဆက်လက်ပြုလုပ်သည်။ ဥပမာ အစိုးရသည် ပုံစံအမျိုးမျိုးအယောင်ဆောင်ပြီး ယုံကြည်သူများကို ရှာဖွေမှုများ ပြုလုပ်ကြသည်။ ၎င်းတို့က အန္တိခရစ်တစ်ဦးနေထိုင်သောနေရာတစ်ခုကို တွေ့ရှိသောအခါ အန္တိခရစ်က ပထမဆုံးစဉ်းစားသောအရာမှာ အဘယ်နည်း။ အန္တိခရစ်သည် အသင်းတော်အလုပ်ကို ကောင်းမွန်စွာ စီစဉ်ရန် မစဉ်းစားပေ။ ထိုထက် ဤအန္တရာယ်ရှိသော အကျပ်အတည်းမှ မည်သို့လွတ်မြောက်ရမည်ကို စဉ်းစားကြသည်။ အသင်းတော်သည် ဖိနှိပ်မှု၊ သို့မဟုတ် ဖမ်းဆီးမှုများနှင့် ရင်ဆိုင်ရသောအခါတွင် အန္တိခရစ်တစ်ဦးသည် နောက်ဆက်တွဲ ဖြစ်လာသည့်အရာများကို မည်သည့်အခါမျှ ရှင်းလင်းရန် မလုပ်ဆောင်ပေ။ သူသည် အသင်းတော်၏ အရေးကြီးသော အရင်းအမြစ်များ၊ သို့မဟုတ် အမှုထမ်းများအတွက် အစီအစဉ် မရေးဆွဲပေ။ ထိုအစား သူသည် မိမိတို့ကိုယ်ကိုအတွက် ဘေးကင်းသောနေရာကို တွေ့ရှိရန် မူမမှန်သော အကြောင်းပြချက်နှင့် ဆင်ခြေမျိုးစုံကို ဖန်တီးကြပြီး ထိုနေရာတွင် မိမိတို့ကိုယ်ကို အခြေချပြီးသည့်အခါတွင် အမှုကိစ္စကို လှည့်မကြည့်တော့ပေ။...အန္တိခရစ်၏ စိတ်နှလုံးအတွင်းထဲတွင် သူ၏ တစ်ကိုယ်ရေ ဘေးကင်းရေးသည် စဉ်းစားရန် မိမိကိုယ်ကို အစဉ်သတိပေးနေသော အရေးကြီးဆုံး၊ အဓိကကျဆုံး အရေးကိစ္စဖြစ်သည်။ သူက ‘ငါ့အပေါ်မှာ တစ်ခုခုအဖြစ်ခံလို့ လုံးဝမဖြစ်ဘူး။ ဘယ်သူပဲ အဖမ်းခံရပါစေ ငါ အဖမ်းခံရလို့ မဖြစ်ဘူး။ ဆက်ပြီး အသက်ရှင်ဖို့ လိုတယ်။ ဘုရားအမှုတော်ပြီးဆုံးတဲ့အခါ ဘုရားသခင်နဲ့အတူ ငါရမယ့် ဘုန်းအသရေကို ငါစောင့်နေတုန်းပဲ။ ငါအဖမ်းခံရရင် ငါက ယုဒဖြစ်မယ်။ ငါယုဒဖြစ်သွားရင် သွားပြီပဲ။ ရလဒ်တစ်ခုကို ရမှာမဟုတ်သလို၊ ငါနဲ့ ထိုက်တန်တဲ့အတိုင်း အပြစ်ဒဏ်ပေးခံရမှာပဲ’...အန္တိခရစ်သည် သူ့ကိုယ်သူ ဘေးကင်းစွာ အတည်တကျဖြစ်စေပြီး မကောင်းသောအရာ မည်သည့်အရာမျှ သူ့ထံ ဖြစ်ပျက်မည်မဟုတ်၊ ခြိမ်းခြောက်ခြင်းမခံရဟု ခံစားရသည်နှင့်၊ ထိုအခါမှသာ အပေါ်ယံအလုပ်အချို့ကို လုပ်ဆောင်လိမ့်မည်။ အန္တိခရစ်သည် အမှုကိစ္စများကို အလွန်သေချာစွာ စီစဉ်သော်လည်း ယင်းမှာ မည်သူ့အတွက် သူအလုပ်လုပ်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ အလုပ်သည် သူ့အတွက် အကျိုးရှိလျှင် အလွန်ပင် နှံ့စပ်စွာ စဉ်းစားလိမ့်မည်။ သို့သော် အသင်းတော်အလုပ်၊ သို့မဟုတ် အန္တိခရစ်၏တာဝန်နှင့် ပတ်သက်သောအရာတစ်ခုခုနှင့် သက်ဆိုင်သောအခါတွင် သူ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ယုတ်မာမှု၊ တာဝန်မသိတတ်မှုကို ပြလိမ့်မည်ဖြစ်ပြီး၊ သူသည်ဆင်ခြင်တုံတရား၊ သို့မဟုတ် အသိစိတ်စိုးစဉ်းမျှမရှိပေ။ အန္တိခရစ်ဟု ၎င်းတို့ အမျိုးအစားသတ်မှတ်ခံရသည်မှာ ဤသို့သော အပြုအမူကြောင့်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) အန္တိခရစ်တွေက အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး လူ့သဘာဝကင်းမဲ့တယ်ဆိုတာကို ဘုရားသခင်က ဖွင့်ပြတယ်။ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ သုခချမ်းသာကိုပဲ ဂရုစိုက်ကြတယ်။ အသင်းတော်အလုပ်အတွက် နည်းနည်းလေးမှ စိုးရိမ်မှု မပြဘူး။ တည်ငြိမ်တဲ့ ကာလတွေမှာဆိုရင် သူတို့တွေက သူတို့တာဝန်အပေါ် စိတ်အားထက်သန်တယ်ဆိုတဲ့ မှားယွင်းတဲ့အမြင်ကို လူတွေကို ပြတယ်။ ဒါပေမဲ့ နည်းနည်းလေး အန္တရာယ်ရှိတဲ့ လက္ခဏာရှိလိုက်တာနဲ့၊ သူတို့ကိုယ်တိုင်ရဲ့ လုံခြုံမှုကို ထိခိုက်နိုင်တဲ့ အခြေအနေတစ်ခုခုရှိတာနဲ့ သူတို့တာဝန်တွေကို စွန့်လွှတ်ပြီး နောက်ဆုတ်နေကြတယ်။ ဒါကြောင့် အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေကို ဘယ်လောက်ထိခိုက်ပါစေ ဒီအန္တိခရစ်တွေက လုံးဝ ဂရုမစိုက်ဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လုပ်ရပ်တွေက အန္တိခရစ်နဲ့ ဘာမှမကွဲဘူးဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ လက်ရှိအချိန်မှာ အန္တရာယ်မရှိတဲ့အခါ အပြင်ပန်းမှာတော့ ကျွန်တော်က ကိုယ့်တာဝန်မှာ ဒုက္ခခံနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်တဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ တကယ် အန္တရာယ်ရှိလာတဲ့အခါ ကျွန်တော်က နောက်ဆုတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး အန္တရာယ်ရှိတဲ့ တာဝန်ကို ကျွန်တော့်အစ်မဆီကိုပဲ လွှဲပေးဖို့ စဉ်းစားတယ်။ အသင်းတော်အလုပ်က တိုးတက်မှုမရှိနိုင်ဖြစ်ပြီး ညီအစ်ကိုမောင်နှမတွေမှာ အသင်းတော်အသက်တာ မရှိတဲ့အချိန်မှာ ကျွန်တော်က မလှုပ်မယှက်နဲ့ ရပ်ကြည့်နေခဲ့တယ်။ အခြေအနေကို ကိုင်တွယ်ပြီး အသင်းတော်အလုပ်ကို မလုပ်ခဲ့ဘူး။ ပဲ့ပြင်ဆုံးမခံရတဲ့အခါမှပဲ သတိပြန်ဝင်လာခဲ့တယ်။ ကျွန်တော် အဖော်ခံရပြီး ရဲတွေက ကျွန်တော်ကို ရှာနေတယ်ဆိုတာကို ကြားရတာနဲ့ ကျွန်တော့်ရာထူးကို စွန့်ခွာချင်ခဲ့ပြီး အသင်းတော်အလုပ်ကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်တော်က အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့ပါတယ်။ နည်းနည်းလေးမှ ယုံကြည်သူတစ်ယောက်လို မပြုမူခဲ့ဘူး။ ဘုရားသခင်အပေါ် ကျွန်တော့်ရဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်းက ဘယ်မှာလဲ။ ကျွန်တော်က အန္တိခရစ်တစ်ယောက်လို တစ်ကိုယ်ကောင်းဆန်ပြီး အသိစိတ်၊ ဆင်ခြင်တုံတရား နည်းနည်းလေးမှမရှိဘူးဆိုတာ ဒီအခြေအနေရဲ့ လက်တွေ့အရှိတရားက ဖွင်ပြခဲ့တယ်။ အန္တရာယ်ရှိတယ်လို့ ခံစားရတဲ့အချိန်တိုင်းမှာ ကျွန်တော်က ကျွန်တော့်လုံခြုံရေးကို သေချာအောင် ကျွန်တော့်တာဝန်ကို စွန့်လွှတ်ပြီး နည်းလမ်းရှာချင်တယ်။ ဘုရားသခင်အပေါ် နည်းနည်းလေးမှ သစ္စာမရှိဘူး။ ဒါကို ဘုရားသခင်က ရွံရှာပါတယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ ပတ်သက်ပြီး ဒါကို သဘောပေါက်တော့ ကျွန်တော် အရမ်းနောင်တရပြီး အပြစ်ရှိသလို ခံစားရတယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေ့မိတယ်။ “သင်တို့သည် ‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’ ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်— သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာမှ သူ၏ ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာနှင့် သူ၏ လုပ်ဆောင်ချက်များကို သက်သေခံမည့်သူများကို ရရှိနိုင်ဖို့အလို့ငှာ၊ သူ၏ သန့်စင်စေခြင်းနှင့် သိမ်းပိုက်ခြင်း အမှုကို ဘုရားသခင် လုပ်ဆောင်သည်မှာ လူတို့၏ ဆင်းရဲဒုက္ခမှတစ်ဆင့်၊ ၎င်းတို့၏ အရည်အချင်းမှတစ်ဆင့်၊ ပြီးလျှင် ဤညစ်ညူးသောပြည်နှင့်ဆိုင်သော လူတို့၏စာတန်ဆန်သည့် စိတ်သဘောထားအားလုံးမှတစ်ဆင့် ဖြစ်သည်။ ယင်းသည် ဤလူစုအတွက် ဘုရားသခင် ပြုပြီးသော စွန့်လွှတ်မှုအားလုံး၏ အလုံးစုံ အရေးပါမှု ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ကြည့်တော့ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို နားလည်လာတယ်။ စီစီပီရဲ့ အုပ်စိုးမှုအောက်မှာ အသက်ရှင်နေတဲ့ ကျွန်တော်တို့ ယုံကြည်သူတွေက နှိပ်ကွပ်မှုနဲ့ အခက်အခဲတွေကို ခံရမယ်ဆိုတာ မလွှဲမရှောင်သာဖြစ်ပြီး ဘုရားရဲ့ ကြိုတင်ပြဌာန်းချက်လည်းဖြစ်ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းကို စုံလင်စေဖို့ နည်းလမ်းအနေနဲ့ အဆင်းနီသော နဂါးကြီးရဲ့ နှိပ်ကွပ်မှုကို အသုံးပြုနေတာပါ။ ဒါပေမဲ့ ကျွန်တော်က အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘုရားအလိုတော်ကို မရှာခဲ့ဘူး။ တွန့်ဆုတ်ပြီး ကြောက်နေခဲ့တယ်။ ကိုယ့်လုံခြုံရေးအတွက်ပဲ စဉ်းစားပြီး ကိုယ့်တာဝန်ကိုတောင် မလုပ်ချင်ခဲ့ဘူး။ ကျွန်တော့်ယုံကြည်ခြင်းက တကယ်ကို အားနည်းပြီး ဘုရားရှေ့မှာ သက်သေခံရမယ့်အစား စာတန်က လှောင်ရယ်စရာဖြစ်သွားတယ်ဆိုတာ ကျွန်တော် မြင်ခဲ့ပါတယ်။ ဒါကို သဘောပေါက်တော့ ကျွန်တော် အရမ်းနောင်တရပြီး အကြွေးတင်သလို ခံစားရတယ်။ ကျွန်တော့်ရာထူးကို စွန့်လွှတ်ပြီး ယုတ်ညံ့တဲ့ဘဝကို ဆက်ပြီး မရှင်သန်ချင်တော့ဘူး။ နာခံပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘုရားလက်ထဲမှာ ထားဖို့ အသင့်ဖြစ်နေခဲ့တယ်။ ကျွန်တော် အဖမ်းခံရမလား၊ သေမလား၊ ရှင်မလားဆိုတာ ဘုရားကို စီစဉ်ခွင့်ပြုဖို့ လိုလားနေခဲ့ပါတယ်။ ကျွန်တော်က အဆင်းနီသောနဂါးကြီးဖမ်းတာကို ခံရရင် ဒါ ဘုရားရဲ့ သဘောတူညီမှုဖြစ်မှာပဲ။ ဒါကြောင့် ကျွန်တော် သေရမယ်ဆိုရင်တောင် ဘုရားအတွက် ကျွန်တော် သက်သေခံမယ်။ သူတို့က ကျွန်တော့်ကို မဖမ်းရင် ဒါဟာ ဘုရားရဲ့ ကရုဏာနဲ့ ကာကွယ်မှုကြောင့်ဖြစ်မှာပဲ။ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ဖို့ ပိုပြီး စိတ်လှုပ်ရှားနေမှာပဲ။ ဒါကို သဘောပေါက်တော့ ကျွန်တော် နည်းနည်းပိုပြီး ငြိမ်းချမ်းသွားတယ်။ ကျွန်တော့်ရဲ့အရင်က စိုးရိမ်တာ၊ ကြောက်တာတွေက ပျောက်သွားတယ်။
အဲဒီနောက်တော့ ကျွန်တော် ပြန်ဆင်ခြင်သုံးသပ်ကြည့်တယ်။ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားအလိုတော်ကို အလေးထားရမယ့်အစား ဘာလို့ ကိုယ့်အကျိုးစီးပွားကိုပဲ ထည့်တွက်ခဲ့တာလဲ ပေါ့။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေ့မိတယ်။ “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကိုယ် အသုံးခံကြသည့်အခါ ယင်းသည် ကောင်းချီးခံစားရရန်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာရှိသောအခါ ယင်းသည် ဆုချီးမြှင့်ခြင်းခံရရန်ဖြစ်သည်။ အနှစ်ချုပ်လျှင် အားလုံးက ကောင်းချီးရဖို့၊ ဆုချီးမြှင့်ခြင်းခံရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရဖို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလုပ်လုပ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့က ကောင်းချီးရရန် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝနှင့်ပတ်သက်ပြီး ပိုကောင်းသော အထောက်အထားမရှိပေ။ စိတ်သဘောထားများ ပြောင်းလဲပြီးသည့် လူများသည် ကွဲပြားကြသည်၊ ၎င်းတို့က သမ္မာတရားအားဖြင့် အသက်ရှင်သန်ခြင်းမှ အဓိပ္ပာယ်ရှိလာကြောင်း၊ လူသားဖြစ်ခြင်း၏ အခြေခံမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းသည် ကောင်းကင်ဘုံမှ စီမံထားပြီး မြေကြီးမှ အသိမှတ်ပြုထားသော တာဝန်ဝတ္တရားတစ်ခုဖြစ်ကြောင်း၊ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ဖြည့်ဆည်းသည့်လူများသာလျှင် လူသားဟု အခေါ်ခံထိုက်ကြောင်း— ပြီးလျှင် ၎င်းတို့က ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့၊ သူ့ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်နိုင်ခြင်း မရှိလျှင်၊ ၎င်းတို့သည် လူသားဟု အခေါ်မခံထိုက်ကြောင်း ခံစားကြရသည်။ ၎င်းတို့အတွက်မူ မိမိအတွက် အသက်ရှင်သန်ခြင်းသည် အနှစ်သာရမဲ့ပြီး အဓိပ္ပာယ်မရှိပေ။ လူတို့က ဘုရားကျေနပ်စေရန်၊ ၎င်းတို့ တာဝန်များကို ကောင်းစွာထမ်းဆောင်ရန်နှင့် အဓိပ္ပာယ်ရှိသော အသက်တာတွင် နေရန် ရှင်သန်သင့်သည်ဟု ထင်၏။ သေဆုံးရမည့်အချိန်၌ပင် နောင်တကင်းလျက် ကျေနပ်ပြီး ၎င်းတို့ အချည်းအနှီး အသက်ရှင်ခဲ့ခြင်း မဟုတ်ကြောင်း သိကြလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်တော် မြင်သွားတယ်။ အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ကာကွယ်နေတဲ့၊ တာဝန်ကို စွန့်လွှတ်ချင်တဲ့ အကြောင်းရင်းက ကျွန်တော့်စဉ်းစားပုံက စာတန်ရဲ့ အတွေးအခေါ်တွေစိုးမိုးတာ ခံထားရတာကြောင့်ပဲ။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ”၊ “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်” ဆိုတာမျိုးတွေပေါ့။ ဒီအတွေးအခေါ်တွေက ကျွန်တော့်သဘာဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတယ်။ ဘာပဲဖြစ်နေနေ ကျွန်တော်က ကိုယ်ကျိုးကြည့်ပြီးတော့ပဲ လုပ်တယ်။ ကျွန်တော့် အကျိုးစီးပွားတွေ အန္တရာယ်ရှိနေတဲ့အခါတိုင်းမှာ ဘုရားကို သစ္စာဖောက်တယ်။ အဲဒီအသင်းတော်ကို ကျွန်တော် သွားကတည်းက အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်တဲ့အခါမှာ ကိုယ့်လုံခြုံရေးအတွက်ပဲ အမြဲတမ်းစဉ်းစားခဲ့တာကို ကျွန်တော် တွေးမိတယ်။ ဒီညီအစ်ကိုမောင်နှမတွေ ပုံမှန် အသင်းတော်အသက်တာကို ရှင်သန်နိုင်ဖို့အတွက် သူတို့ကို အမြန်ပံ့ပိုးရမယ်ဆိုတာ သိရက်နဲ့ အဖမ်းခံရမှာ၊ အနှိပ်စက်ခံရမှာကြောက်ပြီး ပုန်းနေတုန်းပဲ။ ပြီးတော့ အသင်းတော်အလုပ်နဲ့ ကျွန်တော့်အစ်မရဲ့ လုံခြုံရေးကို နည်းနည်းလေးမှ ထည့်မစဉ်းစားဘဲ အလုပ်ကို ကျွန်တော့်အစ်မဆီကို လွှဲပေးခဲ့တယ်။ အဲဒီအစ်မအတွက် တစ်ယောက်တည်းလုပ်ဖို့ များလွန်းနေပြီး ညီအစ်ကိုမောင်နှမတွေက သူတို့အသင်းတော်အသက်တာကို မရှင်သန်နိုင်တာကို မြင်တာတောင် ကျွန်တော်က ရှေ့ထွက်ပြီး ကိုယ့်တာဝန်ကို မထမ်းဆောင်သေးဘူး။ ကျွန်တော်က စာတန်ရဲ့ အတွေးအခေါ်အတိုင်း အသက်ရှင်နေတာပါ။ ကျွန်တော်က တစ်ကိုယ်ကောင်းဆန်စွာ၊ စက်ဆုပ်စွာ လုပ်ဆောင်ခဲ့တာပဲ။ လူ့သဘာဝ၊ ဆင်ခြင်တုံတရား၊ အသိစိတ် နည်းနည်းလေးမှ မရှိခဲ့ဘူး။ ဘုရားသခင်က သူ့အပေါ် သစ္စာရှိပြီး နာခံသူတွေ၊ ကိုယ့်အကျိုးစီးပွားကို စွန့်လွှတ်ပြီး အရေးပါတဲ့အချိန်တွေမှာ အသင်းတော်အလုပ်ကို ကာကွယ်ပေးတဲ့သူတွေကို ကယ်တင်တယ်။ ဒီလိုလူတွေသာ ဘုရားရဲ့ ချီးကျူးခြင်းကို ရပါတယ်။ ဒါပေမဲ့ အရေးပါတဲ့ အချိန်တွေမှာ ကျွန်တော်က နုတ်ထွက်သွားပြီး ဘုရားအပေါ် ရိုးသားစစ်မှန်မှုတစ်ခုမှ မရှိခဲ့ဘူး။ ကျွန်တော်က ဘယ်လောက် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းသလဲဆိုတာ မြင်တော့ ကျွန်တော်က ရဲတွေကို ရှောင်နိုင်ပြီး ယုတ်ညံ့တဲ့ ဖြစ်တည်မှုကို အချိန်ဆွဲထားနိုင်ရင်တောင် ဘာကြောင့် ဘုရားက ကျွန်တော့်ကို ကယ်ဖို့ ရွေးချယ်မှာလဲ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် တရုတ်ပြည်မှာ လူ့ဇာတိခံယူပြီး အရမ်းကို အရှက်ရခြင်းနဲ့ ဒုက္ခတွေကို ခံယူခဲ့တာတွေ သူ့နှုတ်ကပတ်တော်တွေကို ဖော်ပြပြီး သူ့အမှုကို ပြုဖို့အတွက် ကြီးမားတဲ့ အန္တရာယ်ကို ရင်ဆိုင်ခဲ့တာတွေ အဆင်းနီသောနဂါးကြီးက အဆက်မပြတ်လိုက်ပြီး နှိပ်ကွပ်တာ ဘာသာရေးလောကရဲ့ ငြင်းဆန်မှုနဲ့ အသရေဖျက်မှုကို ကြုံရတာတွေရှိပေမဲ့ ဘုရားသခင်က ကျွန်တော်တို့ကို ကယ်တင်ဖို့ လုံးဝ လက်မလျှော့တာကို ကျွန်တော် တွေးမိတယ်။ ဘုရားက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူရည်စူးထားတဲ့ အားထုတ်ကြိုးစားမှုအတွက် အစွမ်းကုန်လုပ်ခဲ့တယ်။ ဘုရားသခင်ရဲ့ အနှစ်သာရက အရမ်းကို တစ်ကိုယ်ကောင်းဆန်ခြင်းမရှိဘဲ ကြင်နာမှုရှိပါတယ်။ ကျွန်တော်ကတော့ ဘုရားအပေါ် ဘာရိုးသားစစ်မှန်မှုမှ မရှိဘူး။ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စက်ဆုပ်ဖွယ်ကောင်းခြင်း၊ သစ္စာဖောက်ခြင်းတွေနဲ့ စာတန်ရဲ့ အတွေးအခေါ်အတိုင်း အသက်ရှင်နေဆဲပဲ။ ကျွန်တော်က တာဝန်ထမ်းဆောင်နေတုန်းမှာ ကိုယ့်လုံခြုံရေးအတွက်ပဲ စဉ်းစားပြီး အသင်းတော်အလုပ်ကို လုံးဝ ကာကွယ်မပေးဘူး။ ကျွန်တော် နောင်တမရရင် ဘုရားသခင်က ကျွန်တော့်ကို စိတ်ကုန်ပြီး ထုတ်ပယ်မှာပဲ။
ကျွန်တော် ဘုရားဝတ်ပြုနေတုန်းမှာ ဒီကျမ်းပိုဒ်ကို တွေ့မိတယ်။ “ဘုရားသခင်ကို အစေခံသူများသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်သင့်သည်။ ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်သင့်ပြီး ဘုရားသခင် အပေါ် အစွမ်းကုန် သစ္စာရှိနိုင်စွမ်းရှိရမည်။ သင်သည် လူတို့ရှေ့တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ၊ နောက်ကွယ်တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ရှေ့တွင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ရရှိနိုင်ကာ ဘုရားသခင်၏ ရှေ့တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည့်အပြင် အခြားသူများက သင့်ကို မည်သို့ပင် ဆက်ဆံပါစေ၊ သင်သည် သင်လျှောက်သင့်သည့်လမ်းကိုသာ အစဉ်လျှောက်ပြီး ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပေသည်။ ထိုကဲ့သို့သောသူများသာလျှင် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သော သူတို့ကို ဘုရားသခင်၏ကြီးမားသော တာဝန်ပေးစေခိုင်းချက်နှင့် ဝန်ထုပ်ကို ပေးအပ်ထားသောကြောင့် ထိုသူတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနိုင်သည်။ ထိုသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီညွတ်နိုင်ကာ ဘုရားသခင်၏ ဝန်ထုပ်ကို ၎င်းတို့၏ဝန်ထုပ်အဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ၎င်းတို့၏ အနာဂတ် ရှေ့ရေးကို ထည့်သွင်းမစဉ်းစားပေ- ၎င်းတို့၌ မည်သည့်ရှေ့ရေးမျှမရှိဘဲ မည်သည်ကိုမျှရရန် မရှိသည့်အခါတွင်ပင်လျှင် ထိုသူတို့သည် ဘုရားသခင်ကို ချစ်သောနှလုံးသားဖြင့် ဘုရားသခင်ကို အစဉ်အမြဲ ယုံကြည်ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောသူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများသည် ဘုရားသခင်က ယုံကြည်စိတ်ချရသူများလည်း ဖြစ်ကြသည်။ ဘုရားသခင်၏ ယုံကြည်စိတ်ချရသူများကသာ ကိုယ်တော်၏စိတ်မအေးရခြင်းနှင့် ကိုယ်တော်၏ အတွေးများကို မျှဝေခံစားနိုင်ပြီး၊ ၎င်းတို့၏ ဇာတိပကတိသည် နာကျင်မှုကို ခံစားနေရကာ အားနည်းသော်လည်း၊ ၎င်းတို့သည် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ကာ ဘုရားသခင် ကျေနပ်စေရန်အလို့ငှာ ၎င်းတို့မြတ်နိုးသောအရာကို စွန့်လွှတ်နိုင်ကြသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို ပို၍များပြားသော ဝန်ထုပ်များကို ပေးပြီး ထိုသူတို့၏ သက်သေခံချက်တွင် ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသည့် အရာကို သက်သေခံထားသည်။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး ၎င်းတို့သည် ကိုယ်တော်၏ စိတ်နှလုံးနှင့် ညီညွတ်သော ဘုရားသခင်၏ အစေခံများ ဖြစ်ကြကာ ထိုကဲ့သို့သော သူတို့သာလျှင် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးနိုင်သည်။ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ အမှန်တကယ် ဖြစ်လာသောအချိန်သည် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးမည့်အချိန် အတိအကျပင် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း) ဘုရားသခင်က သူ့အလိုတော်ကို အလေးထားပြီး သူ့ရဲ့ ဝန်တွေကို ထမ်းရွက်တဲ့သူတွေကို ချစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် သဘောပေါက်သွားတယ်။ သူတို့တွေက ဘာအခြေအနေပဲ ဖြစ်လာပါစေ၊ ဘာဒုက္ခတွေကိုပဲ ခံရပါစေ ရှေ့ကလမ်းက မျှော်လင့်ချက်မဲ့တဲ့ ပုံစံရှိရင်တောင်မှ ဘုရားသခင်ကို အတွက် ဖြည့်ဆည်းဖို့ ဘယ်ညှဉ်းပန်းမှုကိုမဆို တောင့်ခံကြတယ်။ သူတို့အကျိုးအတွက် မစဉ်းစားဘူး။ ဒီလိုလူတွေသာ နောက်ဆုံးမှာ ဘုရားသခင်က ရရှိတဲ့သူတွေ ဖြစ်လာမှာပဲ။ ဒီအရေးပါတဲ့အချိန်မှာ အသင်းတော်က နှိပ်ကွပ်မှုကို ရင်ဆိုင်ရတဲ့အခါမှာ ဘုရားအလိုတော်ကို ကျွန်တော် အလေးထားသင့်တယ်၊ ဘုရားသခင် စိတ်ပူတာတွေကို ကျွန်တော်စိတ်ပူသင့်တယ်၊ အသင်းတော်အလုပ်ကို ကာကွယ်ပြီး ကျွန်တော့်တာဝန်၊ ဝတ္တရားတွေကို ဖြည့်ဆည်းသင့်တယ်ဆိုတာ ကျွန်တော် သိခဲ့တယ်။ ဒါကို သဘောပေါက်သွားပြီး ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ ရှေ့မှာ ဘာအန္တရာယ်ပဲရှိပါစေ ဘုရားရဲ့ စိတ်နှလုံးကို နှစ်သိမ့်ပေးဖို့ ကျွန်တော့်တာဝန်ကို ကောင်းကောင်းလုပ်မယ်ဆိုပြီးတော့။
တစ်နေ့တော့ အိမ်နီးချင်းအသင်းတော်က ခေါင်းဆောင်တစ်ယောက် အဖမ်းခံရတာကို ကျွန်တော် ကြားရတယ်။ အသင်းတော်ရဲ့ စာအုပ်တွေကို တခြားနေရာကို အမြန်ရွှေ့ပေးရမှာ။ မဟုတ်ရင် အဆင်းနီသောနဂါးကြီးရဲ့ လက်ထဲရောက်သွားမှာ။ အဲဒါနဲ့ စာအုပ်တွေကို အတူကူရွှေ့ပေးဖို့ အစ်မကျန်းရီကို ကျွန်တော်ဆက်သွယ်လိုက်တယ်။ ကျွန်တော်တို့ ဆုံတဲ့နေရာကို ကျွန်တော်ရောက်သွားတော့ သူ့မျက်နှာက စိတ်လှုပ်ရှားနေတဲ့ပုံစံနဲ့ ကျွန်တော့်ဆီ ပြေးလာပြီး သူ့နောက်ကနေ လိုက်လာကြတယ်လို့ ပြောတယ်။ မျက်ခြည်ဖြတ်ဖို့က ခက်နေတယ်။ စာအုပ်တွေကို တတ်နိုင်သမျှ အမြန်ဆုံးရွှေ့ဖို့ ကျွန်တော့်ကို ပြောတယ်။ ဒါကို ကြားတော့ ကျွန်တော် အရမ်းစိတ်ပူပြီး စိတ်လှုပ်ရှားပြီး ကြောက်လာတယ်။ ကျွန်တော် စဉ်းစားတယ်။ “ငါတို့တွေက လုံးဝ ပေါ်လွင်နေတဲ့အချိန်မှာ ရဲတွေက လျှို့ဝှက်ပြီး ပုန်းနေကြတယ်။ ရဲတွေက ငါ့ကို တွေ့သွားပြီး ဖမ်းလိုက်ရင် ငါ့ကို သေတဲ့အထိ ရိုက်ဖို့များတယ်” ပေါ့။ ကျွန်တော် စဉ်းစားလေလေ၊ ကြောက်လေလေဖြစ်လာပြီး စာအုပ်တွေကို တခြားတစ်ယောက်ကို ရွှေ့ခိုင်းချင်လာတယ်။ ဒါပေမဲ့ နောက်တော့ ကျန်းရီက စာအုပ်မန်နေဂျာနဲ့ ဆုံဖို့ ကျွန်တော်တို့အတွက် အချိန်သတ်မှတ်ပြီးသွားပြီး အစားထိုးဖို့အတွက် ရှာဖို့ အချိန်မရှိဘူးဆိုတာ ကျွန်တော် သတိရသွားတယ်။ ပြီးတော့လည်း ရွှေ့ပြောင်းနေတုန်းမှာ ပိုပြီး နှောင့်နှေးလေလေ၊ အန္တရာယ်က များလေလေပဲ။ ကျွန်တော့်စိတ်ထဲမှာ အပြန်အလှန်စဉ်းစားနေရင်းနဲ့ ကျွန်တော်က ကြောက်နေတယ်ဆိုတာ သတိထားမိလိုက်တယ်။ အဲဒါနဲ့ ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့ ဘုရားကို ဆက်တိုက် အော်ခေါ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် စဉ်းစားမိတယ်။ “ဘုရားသခင်ကို သစ္စာစောင့်သိသည့်သူများက ပတ်ဝန်းကျင်တစ်ခုသည် အန္တရာယ်ရှိသည်ကို ရှင်းလင်းစွာ သိသည့်အခါတွင် ၎င်းတို့ကိုယ်တိုင် မဆုတ်ခွာမီ နောက်ဆက်တွဲ အခြေအနေကို ရှင်းလင်းသည့် အလုပ်ကို ကိုင်တွယ်ဖို့ လိုလားဆဲဖြစ်ကာ ဘုရားအိမ်တော်ကို ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို ဦးစားမပေးကြပေ။ ငါ့ကိုပြောလော့၊ အဆင်းနီသောနဂါးကြီး၏ ဤဆိုးယုတ်သောနိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းတွင် အန္တရာယ်လုံးဝ မရှိဟု မည်သူက သေချာစေနိုင်သနည်း။ မည်သည့်တာဝန်ကို တာဝန်ယူဆောင်ရွက်ပါစေ ယင်းက အန္တရာယ်အချို့ ပါဝင်သည်။ သို့တိုင် တာဝန်ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းထားခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်စဉ်တွင် မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အန္တရာယ်ကို ခံယူရမည် ဖြစ်သည်။ အကြင်သူသည် ဉာဏ်ပညာကို အသုံးပြုသင့်ပြီး မိမိ၏ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ ချိန်ဆရန် လိုအပ်သော်လည်း မိမိ၏ ကိုယ်ရေးကိုယ်တာ ဘေးကင်းလုံခြုံရေးကို ဦးစားမပေးသင့်ပေ။ ထိုသူသည် ဘုရားအိမ်တော်၏အလုပ်နှင့် ဧဝံဂေလိဖြန့်ဝေခြင်းကို ဦးစားပေးလျက် ဘုရားအလိုတော်ကို အလေးထားသင့်သည်။ သင့်အတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ခြင်းသည် အရေးအကြီးဆုံး အရာဖြစ်ပြီး ဦးစားပေးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဘုရားအပေါ် သစ္စာရှိတဲ့သူတွေက ဘုရားအလိုတော်ကို အလေးထားနိုင်တယ်။ အခြေအနေတွေက ဘယ်လိုပဲ အန္တရာယ်ရှိနေပါစေ နောက်ဆက်တွဲအလုပ်ကို ပြီးအောင်လုပ်ဖို့ အားလုံးကို စွန့်စားနိုင်တယ်။ သူတို့တာဝန်တွေကို ဖြည့်ဆည်းနိုင်တယ်။ ယုံကြည်သူအနေနဲ့ ကျွန်တော့်ရဲ့ နှစ်ကာလတွေမှာ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းခြင်းနဲ့ ပံ့ပိုးခြင်းကို ခံစားခဲ့ရတာကို ကျွန်တော် တွေးမိတယ်။ ဒီတော့ အခု ကျွန်တော့်တာဝန်ကို ထမ်းဆောင်ဖို့ အချိန်ကျပြီ။ အသင်းတော်အကျိုးစီးပွားတွေ အထိခိုက်ခံနေရတဲ့အချိန်မှာ ကျွန်တော့်အသိစိတ်ကို သစ္စာဖောက်ပြီး ရပ်ကြည့်နေလို့ မဖြစ်ဘူး။ အခြေအနေက ဘယ်လောက်ပဲ အန္တရာယ်ရှိပါစေ ဒီနေရာကနေ စာအုပ်တွေကို ရွှေ့ပြောင်းဖို့ နည်းလမ်းတစ်ခုရှာရမယ်။ အဆင်းနီသောနဂါးကြီးရဲ့ လက်ထဲကို ရောက်သွားခွင့်ပေးလို့မဖြစ်ဘူး။ ဒီလိုပြောထားတဲ့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် တွေးမိတယ်။ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။” (ရှင်လုကာခရစ်ဝင် ၉:၂၄) ကျွန်တော့်တာဝန်တွေကို ထမ်းဆောင်နေရင်းနဲ့ အဖမ်းခံရပြီး သေတဲ့အထိ အရိုက်ခံရရင်တောင် ဒါဟာ အဓိပ္ပာယ်ရှိပြီး ဘုရားက ချီးကျူးမှာပဲ။ ပေတရုက ဘုရားအတွက် ပြောင်းပြန်ကားစင်တင်ခံခဲ့ပြီး သူ့အသက်ကို အရေးမစိုက်တာ ဘုရားအတွက် ခိုင်မာပြီး ထူးကဲတဲ့သက်သေကို ခံတာကို ကျွန်တော် တွေးမိတယ်။ ပေတရုကို ကျွန်တော် အတုယူသင့်တယ်၊ ဘာအခြေအနေတွေ ဖြစ်ပေါ်လာပါစေ ဘုရားကို သစ္စာရှိသင့်တယ်၊ ဘုရားရဲ့ စိတ်နှလုံးကို နှစ်သိမ့်ဖို့အတွက် တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်တယ်ဆိုတာကို ကျွန်တော် သိခဲ့ပါတယ်။ အဲဒီနောက်တော့ အဆင်းနီသောနဂါးကြီးကို ရှောင်ဖို့အတွက် ဉာဏ်ကို အသုံးပြုပြီး တခြားညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းခဲ့တယ်။ ဘုရားရဲ့ ကွယ်ကာမှုနဲ့ စာအုပ်တွေကို အောင်အောင်မြင်မြင်နဲ့ ရွှေ့ပြောင်းခဲ့တယ်။