၉၈။ အမေ့ရဲ့ ကျေးဇူးတရားကို ကျွန်မ ဘယ်လို သဘောထားသင့်သလဲ

ရွှီကျွမ်၊ တရုတ်ပြည်

ကျွန်မက လယ်သမားမိသားစုကနေ မွေးဖွားလာခဲ့တာပါ။ ကျွန်မတို့က သိပ်ပြည့်စုံကြွယ်ဝတာမျိုး မရှိခဲ့ပါဘူး။ အသက် ၅ နှစ်မှာ အဖေက မိသားစုအသစ်တစ်ခု ထူထောင်ဖို့ ကျွန်မတို့ကို စွန့်ပစ်သွားခဲ့တယ်။ အမေက ကျွန်မနဲ့ ကျွန်မရဲ့ မွေးချင်းသုံးယောက်ကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့တယ်။ ကျွန်မတို့ အချင်းချင်း အားကိုးကြရပြီး ဘဝက အရမ်းကို ခက်ခဲခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မတို့ မောင်နှမတွေ ကျန်းမာရေး သိပ်မကောင်းဘဲ ခဏခဏ နေမကောင်းဖြစ်ကြတယ်။ အထူးသဖြင့် ကျွန်မက အားအနည်းဆုံးမို့လို့ ပိုဆိုးတာပေါ့။ လေနည်းနည်း အေးသွားတာနဲ့ အအေးမိ၊ ချောင်းဆိုးပြီး အဖျားကြီးတတ်တော့ အမေက ဆရာဝန်ဆီ ခဏခဏ ပွေ့ချီပြီး သွားပြရတယ်။ တစ်ခါတလေ ညဘက်တွေမှာ ချောင်းအရမ်းဆိုးလို့ အိပ်မပျော်တဲ့အခါ အမေက ကျွန်မ အိပ်ပျော်သွားတဲ့အထိ ဘေးနားမှာ စောင့်ပေးပြီးမှ သူကိုယ်တိုင် ဝင်အိပ်တယ်။ ဘာ အစားအသောက်ကောင်းကောင်းပဲရှိရှိ အမေက မစားဘဲ ကျွန်မအတွက် ချန်ထားပေးတယ်။ ပြီးတော့ ကျွန်မတို့ ကျောင်းစရိတ်အတွက် ပိုက်ဆံကို ခြစ်ကုတ်ရှာဖို့ နေ့တိုင်း မနားတမ်း ကျပန်းအလုပ်တွေ လုပ်ခဲ့တယ်။ ကျွန်မတို့အတွက် အမေ ဘယ်လောက်တောင် အနစ်နာခံခဲ့လဲဆိုတာကို မြင်တော့ ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါ အသိတရား ကင်းမဲ့လို့ မဖြစ်ဘူး။ ကြီးလာရင် အမေ့အပေါ် သိတတ်ပြီး သူ့ကျေးဇူးကို ပြန်ဆပ်ရမယ်” ပေါ့။ ကြီးလာလို့ ပိုက်ဆံနည်းနည်း ရှာနိုင်တဲ့အခါ အမေ့ကို ကန်တော့ဖို့ အဝတ်အစားတွေနဲ့ တခြားပစ္စည်းတွေ ခဏခဏ ဝယ်ပေးခဲ့တယ်။ ကျွန်မတို့ကို ပြုစုပျိုးထောင်ရတာ အမေ့အတွက် မလွယ်ကူခဲ့ဘူး၊ ဒါကြောင့် သူ့ကျေးဇူးကို ကျွန်မ ကောင်းကောင်း ပြန်ဆပ်သင့်တယ်လို့ ခံစားမိခဲ့တယ်။ ၂၀၀၈ ခုနှစ် တစ်နေ့မှာတော့ အမေ ကားတိုက်ခံရလို့ ဆေးရုံတင်ထားရတယ်ဆိုပြီး အစ်ကို့ဆီကနေ ဖုန်းဝင်လာတယ်။ ချက်ချင်းပဲ သူဌေးဆီ ခွင့်တောင်းပြီး ဆေးရုံမှာ အမေ့ကို သွားပြုစုခဲ့တယ်။ အမေ တော်တော်လေး ပြန်ကောင်းလာမှပဲ အလုပ်ပြန်လုပ်ဖြစ်တယ်။

သုံးလေးနှစ် ကြာတော့ အမေနဲ့ ကျွန်မက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ခြောက်လကြာတော့ ဧဝံဂေလိတရား ဟောပြောလို့ ကျွန်မ အဖမ်းခံခဲ့ရတယ်။ ပြန်လွတ်လာပြီးတဲ့နောက်မှာ ရဲတွေရဲ့ စောင့်ကြည့်တာနဲ့ လိုက်ဖမ်းတာကို ရှောင်လွှဲနိုင်ဖို့အတွက် တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ ထွက်လာခဲ့တယ်။ တစ်ခါမှာ ညီအစ်မတစ်ယောက်ဆီကနေ ကျွန်မ စာတစ်စောင် ရခဲ့တယ်။ ကျွန်မ အိမ်မပြန်လာလို့ အစ်ကိုက နေ့တိုင်း အမေနဲ့ ရန်ဖြစ်နေတယ်ဆိုပြီး ရေးထားတယ်။ အစ်ကိုက အမေနဲ့ ကျွန်မ ဘုရားယုံကြည်တဲ့အကြောင်းကို အွန်လိုင်းမှာတောင် တင်လိုက်သေးတယ်။ ပြီးတော့ ရဲတွေက ကျွန်မကို ဖမ်းဖို့ အိမ်ကို အကြိမ်ကြိမ် လာခဲ့ကြတယ်။ စာကို ဖတ်ပြီးတော့ ကျွန်မ အရမ်း စိတ်မကောင်းဖြစ်သွားတယ်။ ငယ်ငယ်ကတည်းက အမေက ကျွန်မအတွက် အများကြီး ပေးဆပ်ခဲ့ပေမဲ့ ကျွန်မက သူ့အပေါ် မသိတတ်တဲ့အပြင် ကျွန်မကို ကာကွယ်ပေးဖို့အတွက် အစ်ကို့ရဲ့ ဒေါသကိုတောင် အမေ့ကို ခံခိုင်းမိသလို ဖြစ်သွားတယ်။ အမေ့အပေါ် တကယ်ကို အကြွေးတင်နေပြီလို့ ခံစားရပြီး ငိုချလိုက်မိတယ်။ တစ်ခါတလေ တွေးမိတယ်၊ “အမေက တစ်နှစ်ထက်တစ်နှစ် အသက်ကြီးလာတယ်။ အစ်ကိုကလည်း အမေနဲ့ ခဏခဏ ရန်ဖြစ်ပြီး သူ့ကို စိတ်ဆင်းရဲအောင် လုပ်နေတယ်။ တစ်နေ့နေ့ အမေ အသည်းအသန် နေမကောင်းဖြစ်ပြီး အိပ်ရာထဲ လဲသွားရင် ဘယ်လိုလုပ်မလဲ” ပေါ့။ ဒီအကြောင်းတွေ တွေးမိတိုင်း ခဏလောက် စိတ်မကောင်းဖြစ်ရပြီး ကိုယ့်ကိုယ်ကိုယ် အသိတရားကင်းမဲ့တဲ့၊ သားသမီးဝတ်မကျေပွန်တဲ့ သမီးတစ်ယောက်လို ခံစားရတယ်။ ခဏခဏ စိတ်အနှောင့်အယှက်ဖြစ်ရပြီး ကိုယ့်တာဝန်ကို တည်တည်ငြိမ်ငြိမ် မထမ်းဆောင်နိုင်တော့ဘူးလို့ ကျွန်မခံစားလာရတယ်။ ကျွန်မက သံယောဇဉ် တွယ်တာမှုတွေထဲ နစ်မွန်းနေတယ်ဆိုတာကို သတိပြုမိသွားလို့ ဘုရားနှုတ်ကပတ်တော်တချို့ကို စားသောက်ခဲ့တယ်။ အဲဒီတော့မှ ကျွန်မရဲ့ အခြေအနေ နည်းနည်း ပြန်ကောင်းလာတယ်။

၂၀၂၁ ခုနှစ်၊ မေလရဲ့ တစ်နေ့မှာတော့ အိမ်ကနေ စာတစ်စောင် ရခဲ့တယ်။ အမေ့မှာ ရင်သားကင်ဆာဖြစ်နေလို့ ဆေးရုံတင်ဖို့နဲ့ ခွဲစိတ်ဖို့ ပိုက်ဆံ အရေးတကြီး လိုနေတယ်၊ ခွဲစိတ်ပြီးရင်လည်း ကင်ဆာဆေး အနည်းဆုံး ၄ ကြိမ် သွင်းရဦးမယ် တဲ့။ မရီးတွေကတော့ ကျွန်မသာ အိမ်မပြန်ရင် သူတို့ တစ်ပြားမှ မစိုက်နိုင်သလို အမေ့ကိုလည်း မပြုစုနိုင်ဘူးလို့ ပြောကြတယ်။ စာကို ဖတ်ပြီးတော့ မျက်ရည်တွေ စီးကျလာပြီး တွေးမိတယ်၊ “အမေ ဘယ်လိုဖြစ်ပြီး ဒီလောက် ဆိုးရွားတဲ့ ရောဂါကြီး ရသွားတာလဲ။ အိမ်မှာ သူ အရမ်း ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရလို့များလား။ ငါသာ အိမ်မပြန်ဘဲ အမေ အချိန်မီ ဆေးကုသမှု မခံယူရလို့ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်သွားရင် ဒါ ငါ့အပြစ်ဖြစ်သွားမှာ မဟုတ်ဘူးလား” ပေါ့။ အမေက ကျွန်မကို အရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်ပေးဖို့ ဘယ်လောက်တောင် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရလဲဆိုတာကို ကျွန်မ တွေးမိတယ်။ အခု အမေ့မှာ ကင်ဆာဖြစ်နေပြီ။ ဒီလို အရေးကြီးတဲ့အချိန်မှာ အမေ့ကို ပြုစုဖို့ ကျွန်မအိမ်မပြန်ရင် ဒါဟာ ရှက်စရာကောင်းလောက်အောင် သားသမီးဝတ်မကျေပွန်တာဖြစ်ပြီး တကယ်ကို အသိတရား ကင်းမဲ့တာကို ပြနေတာ မဟုတ်ဘူးလား။ နောက်ပြီးတော့ ကျွန်မသာ အိမ်မပြန်ရင် ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေက ကျွန်မကို ဘာပြောကြမလဲ။ သူတို့က ကျွန်မကို ကျေးဇူးကန်းတဲ့အကောင်လို့ သေချာပေါက် ပြောကြမှာပဲ။ ပြီးတော့ “နင့်အမေက နင့်ကို ပြုစုပျိုးထောင်ခဲ့တာ၊ အခု နင်က သူ့ကိုတောင် ဂရုမစိုက်ဘူးလား။ နင့်မှာ အသိစိတ်ဆိုတာ မရှိဘူးလား” ဆိုတာမျိုး ပြောကြမှာ။ အမေ့ရဲ့ အခြေအနေက ဘယ်လောက်ဆိုးလဲဆိုတာကိုလည်း ကျွန်မ တွေးမိတယ်။ ကျွန်မသာ အိမ်မပြန်ဘဲ အမေ့ရောဂါကို အချိန်မီ မကုသလိုက်ရလို့ အမေ သေသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါဆိုရင် အမေ့ကို နောက်ထပ် ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူးလေ။ ကျွန်မ အရမ်းကို ဝမ်းနည်းရပြီး အမေ့ဘေးကို အခုချက်ချင်းသာ ပျံသွားလိုက်ချင်တော့တယ်။ ဒါပေမဲ့ ကျွန်မက ရဲဖမ်းတာ တစ်ခါ ခံခဲ့ရဖူးသလို အစ်ကို့ရဲ့ သစ္စာဖောက်တာကိုလည်း ခံခဲ့ရတာ။ ဒီတော့ အိမ်ပြန်လို့ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ကိုယ့်တာဝန်ကို ပစ်ထားခဲ့ပြီး အိမ်ပြန်သွားလို့လည်း မဖြစ်ဘူးလေ။ တစ်ခါတလေ ကိုယ့်ဘေးက ညီအစ်ကိုမောင်နှမတွေ သူတို့မိဘတွေဆီ အိမ်ပြန်လည်လို့ရတာကို မြင်ရင် ကိုယ့်ဘာသာ မညည်းညူဘဲ မနေနိုင်ခဲ့ဘူး။ “ဘုရားသခင်က စီစီပီကို ဘာလို့ ငါ့ကို ဖမ်းခွင့်ပြုခဲ့တာလဲ။ အန္တရာယ်မရှိဘူးဆိုရင် ငါလည်း အမေ့ကို ပြုစုဖို့ အိမ်ပြန်လို့ရနေပြီ မဟုတ်လား။ ငါသာ တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ ထွက်မလာခဲ့ရင် စီစီပီက ငါ့ကို လိုက်ဖမ်းမှာ မဟုတ်ဘူး၊ အခုဆိုရင် အိမ်ကို ပြန်လို့ရနေလောက်ပြီ” ပေါ့။ ဒီကိစ္စကြောင့် ကျွန်မ အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်ရပြီး ကိုယ့်တာဝန်မှာ အာရုံမစိုက်နိုင်တော့ဘူး။ ကျွန်မအခြေအနေသာ မပြောင်းလဲဘူးဆိုရင် ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်။ ဒါကြောင့် ဘုရားသခင်ရှေ့မှောက်မှာ ကျွန်မရဲ့ အခြေအနေကို ရင်ဖွင့်ပြီး သံယောဇဉ် တွယ်တာမှုတွေထဲကနေ ထွက်လာနိုင်ဖို့ လမ်းပြပေးဖို့ ဆုတောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေးမိတယ်။ “လူတစ်ဦး ဒုက္ခခံရမည့် ပမာဏနှင့် ၎င်း၏ လမ်းကြောင်းအပေါ် ၎င်း လျှောက်လှမ်းရမည့် အကွာအဝေးကို ဘုရားသခင်က စီမံထားပြီး မည်သူမျှ အခြားတစ်ဦးတစ်ယောက်ကို တကယ် မကူညီနိုင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မရဲ့ စိတ်နှလုံးက နည်းနည်း ပိုလင်းလက်လာတယ်။ အမေ အသည်းအသန် နေမကောင်းဖြစ်တာဟာ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ဖြစ်ပြီး ဒါဟာ သူ ခံစားရမဲ့ ဆင်းရဲဒုက္ခပဲလေ။ ကျွန်မ အိမ်ပြန်သွားရင်တောင် သူ့ကိုယ်စား ဆင်းရဲဒုက္ခကို ဝင်ခံပေးလို့ ရမှာမှ မဟုတ်တာ။ အမေ့ရဲ့ ရောဂါကို မှန်မှန်ကန်ကန် ရှုမြင်ရမယ်။ ဘုရားသခင်က အမေ့ရဲ့ သက်တမ်း ကုန်ဆုံးဖို့ ကြိုတင်သတ်မှတ်ထားပြီးပြီဆိုရင် အိမ်ပြန်သွားလို့လည်း ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ တကယ်လို့ ဘုရားသခင်က သူ့ကို သေခွင့်မပြုထားဘူးဆိုရင် သူ့ရောဂါ ဘယ်လောက်ပဲ ဆိုးဆိုး သူ သေမှာမဟုတ်ဘူး။ အရင်က ဖတ်ခဲ့ဖူးတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတစ်ပုဒ်ကို ကျွန်မ တွေးမိတယ်။ အဲဒီမှာ အသက်ကြီးတဲ့ ညီအစ်မတစ်ယောက်က ကင်ဆာဖြစ်နေတယ်လို့ ရောဂါအဖြေထွက်ခဲ့တာ။ သူ ဆေးကုသမှု အကုန်ခံယူပေမဲ့ သူ့အခြေအနေက လုံးဝ မတိုးတက်လာဘဲ ဆေးရုံကနေ အသည်းအသန်ဖြစ်နေပြီဆိုတဲ့ အကြောင်းကြားစာတောင် ထုတ်ပေးခဲ့တယ်။ သူ့သားသမီးတွေနဲ့ ဆွေမျိုးတွေအားလုံးက သူ မရှင်နိုင်တော့ဘူးလို့ ထင်ခဲ့ကြပေမဲ့ မမျှော်လင့်ဘဲနဲ့ အဲဒီညီအစ်မက ဆုတောင်းပြီး၊ ဘုရားသခင်ကို အားကိုးပြီး၊ သူ့အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ကိုယ်တော့်ဆီ အပ်နှံလိုက်ပြီးတဲ့နောက်မှာ သူ တကယ်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ အဲဒီညီအစ်မရဲ့ အတွေ့အကြုံက ကျွန်မကို ခွန်အားရစေပြီး အမေ့ကို ဘုရားသခင်ရဲ့ လက်ထဲ အပ်နှံရမယ်ဆိုတာ ကျွန်မ မြင်သွားတယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မစိတ်ထဲ နည်းနည်း တည်ငြိမ်သွားတယ်။ အချိန်တစ်ခု ကြာပြီးတဲ့နောက်မှာ အမေ့ဆီကနေ စာတစ်စောင် ရခဲ့တယ်။ သူ နေမကောင်းဖြစ်နေတုန်းက ဝမ်းကွဲမရီးနှစ်ယောက်ရယ်၊ မရီးရယ်က ဆေးရုံမှာ အလှည့်ကျ ပြုစုပေးကြတယ်တဲ့။ သူ ခွဲစိတ်မှု ခံယူပြီးပြီဖြစ်ပြီး တော်တော်သက်သာနေပြီလို့လည်း ပြောတယ်။ သူ့အတွက် စိတ်မပူဖို့နဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ကျွန်မကို မှာလိုက်တယ်။ ဒါကို သိရတော့ ကျွန်မ အရမ်းကို စိတ်ထဲမှာ ခံစားရပြီး မျက်ရည်တွေတောင် ဝဲလာတယ်။ ကျွန်မရဲ့ စိတ်နှလုံးက ဘုရားသခင်ကို ကျေးဇူးတင်တဲ့စိတ်တွေနဲ့ ပြည့်နေခဲ့တယ်။

အဲဒီနောက်ပိုင်းမှာ ကျွန်မ ခဏခဏ ဆင်ခြင်သုံးသပ်ဖြစ်တယ်။ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ဖြည့်ဆည်းသင့်တယ်ဆိုတာကို ကျွန်မ သိခဲ့ပေမဲ့ အမေ့ကို မသိတတ်နိုင်တဲ့ကိစ္စကို ဘာလို့ လက်မလွှတ်နိုင်ဘဲ အမေ့အပေါ် အပြစ်ရှိသလို အမြဲ ခံစားနေရတာလဲ။ ကိုယ့်တာဝန်ကို စွန့်လွှတ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ဖို့တောင် စဉ်းစားခဲ့မိတယ်။ နောက်ပိုင်း ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ရမှပဲ ကျွန်မရဲ့ ပြဿနာနဲ့ ပတ်သက်ပြီး နားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တရုတ်ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းခြင်းကြောင့် တရုတ်လူမျိုးများ၏ ရိုးရာအယူအဆများတွင် ၎င်းတို့က မိမိ၏မိဘများအပေါ်တွင် သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းရမည်၊ သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းခြင်း မရှိသူမည်သူမဆိုသည် သားသမီးဝတ် မကျေပွန်သောသားသမီးဖြစ်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် ကလေးဘဝကတည်းက ဤအယူအဆများဖြင့် သွတ်သွင်းခြင်းခံခဲ့ရသည်။ အိမ်ထောင်စုတိုင်းနီးပါးတွင် သွန်သင်ပေးကြပြီး ကျောင်းတိုင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ပါ သွန်သင်ပေးကြ၏။ လူတစ်ယောက်၏ ခေါင်းထဲတွင် ဤသို့သောအရာများ ပြည့်နေသောအခါ သူသည် ‘သားသမီးဝတ်က ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်။ ငါက မလိုက်နာဘူးဆိုရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ သားသမီးဝတ် မကျေပွန်တဲ့ကလေးဖြစ်ပြီး လူ့အဖွဲ့အစည်းက လူသိရှင်ကြား စွပ်စွဲရှုတ်ချတာကို ခံရမှာပဲ။ ငါက အသိတရားမရှိတဲ့သူဖြစ်မှာပဲ’ ဟု ထင်မြင်သည်။ ဤအမြင်မှာ မှန်ကန်သလော။ လူတို့သည် ဘုရားသခင်က ဖော်ပြသော အလွန်များသည့် သမ္မာတရားများကို မြင်ကြပြီးဖြစ်သည်။ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်ဟု ဘုရားသခင်က တောင်းဆိုခဲ့သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများက နားလည်ရမည်ဖြစ်သော သမ္မာတရားများထဲမှ တစ်ခုဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် အချို့သော စည်းမျဉ်းများကိုသာ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လူတို့ စောင့်ထိန်းလိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။...စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက် သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် စာတန်၏ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်လိုသည့်အခါတွင် ဤအရာများက သင့်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသည်၊ သင့်ကို သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်စေပြီး သင်သည် ရိုးရာထုံးတမ်းဓလေ့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာအောင်ဖြစ်စေသည်။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် အလျှော့ပေးမိလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး ဤအရာများအပေါ် မှီခိုခြင်းအားဖြင့်သာ အသက်ရှင်နိုင်သည်ဟု ခံစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ ပြစ်တင်ရှုတ်ချခြင်းကို သည်းခံနိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော၊ ငါ့ကို ပြောလော့။ ၎င်းသည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။ လူအချို့သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးဖြစ်သော်လည်း သားသမီးဝတ်နှင့်ပတ်သက်သော အရေးကိစ္စအား သိမြင်ခြင်းမရသေးပေ။ ၎င်းတို့သည် သမ္မာတရားကို အမှန်ပင် နားမလည်ကြပေ။ ၎င်းတို့သည် ဤလောကီ ဆက်ဆံရေးများနှင့်ဆိုင်သည့် အတားအဆီးကို လုံးဝ မချိုးဖောက်နိုင်ပေ။ ၎င်းတို့သည် သန္နိဋ္ဌာန် ရှိဖို့ မဆိုထားနှင့်၊ သတ္တိပင်ဖြစ်စေ၊ ယုံကြည်ခြင်းပင်ဖြစ်စေ မရှိကြသောကြောင့် ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့ ကျိုးနွံနာခံနိုင်ခြင်းလည်း မရှိကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ စာတန်က လူတွေ ကျောင်းမှာသင်ရတဲ့ ပညာရေးနဲ့ မိသားစုရဲ့ လွှမ်းမိုးမှုတွေကိုသုံးပြီး “တစ်လုတ်စားဖူး သူ့ကျေးဇူး”၊ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏”၊ “သင်၏မိဘများ အသက်ရှင်နေစဉ် အဝေးသို့ ခရီးမသွားနှင့်” ဆိုတဲ့ ရိုးရာအယူအဆတွေကို ကျွန်မတို့ဆီ နက်နက်ရှိုင်းရှိုင်း သွတ်သွင်းထားတယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ မိဘတွေကို သားသမီးဝတ်ကျေပွန်တာက အရေးအကြီးဆုံးလို့ ကျွန်မ ယုံကြည်ခဲ့ပြီး သားသမီးဝတ်မကျေပွန်ရင် အဲဒီလူက ကျေးဇူးကန်းတယ်၊ လူ့သဘာဝ ကင်းမဲ့တယ်၊ ပြီးတော့ လိပ်ပြာမလုံဖြစ်မယ်လို့ ထင်ခဲ့တယ်။ ကျွန်မက ဒီရိုးရာအယူအဆတွေနဲ့ အသက်ရှင်နေထိုင်ခဲ့ပြီး ကြီးပြင်းလာတာနဲ့အမျှ တခြားလူတွေနဲ့ယှဉ်ရင် ကျွန်မအတွက် အမေက အများဆုံး အနစ်နာခံခဲ့တယ်၊ သူ့ရဲ့ ပြုစုပျိုးထောင်ပြီး စောင့်ရှောက်ခဲ့တာကို ကျွန်မ ပြန်ဆပ်ရမယ်၊ မဆပ်ဘူးဆိုရင် ကျွန်မက သားသမီးဝတ်မကျေပွန်တဲ့သူ၊ အသိစိတ်နဲ့ လူ့သဘာဝ ကင်းမဲ့တဲ့သူ ဖြစ်သွားမယ်လို့ ထင်ခဲ့တယ်။ အထူးသဖြင့် အမေ့မှာ ကင်ဆာရှိတယ်လို့ ရောဂါအဖြေထွက်ပြီးတဲ့နောက် ကျွန်မရဲ့ စိတ်နှလုံးထဲမှာ သူ့ကို ဘေးဖယ်မထားနိုင်နေခဲ့ဘူး။ ကျွန်မ ငယ်ငယ်က နေမကောင်းဖြစ်တုန်းက အမေက ကျွန်မကို သေချာ ဂရုတစိုက် ပြုစုပေးခဲ့တာကြောင့် အခု အမေ နေမကောင်းဖြစ်တဲ့အခါ သူ့ဘေးနားမှာနေပြီး အဲဒီလိုမျိုး ဂရုတစိုက် ပြုစုပေးသင့်တယ်၊ မဟုတ်ရင် အမေ ကျွန်မကို ပြုစုပျိုးထောင်ရတာ အလဟဿ ဖြစ်သွားမယ်လို့ ခံစားခဲ့ရတယ်။ ဒါကြောင့် သူ့ဘေးကို အမြန်သွားပြီး သူ့ကို ဆေးရုံခေါ်သွားပြီး ကုသပေးချင်ခဲ့တာ။ ရဲတွေရဲ့ လိုက်ဖမ်းတာ ခံနေရလို့ အမေ့ကို ပြုစုဖို့ အိမ်မပြန်နိုင်တဲ့အခါ ကျွန်မက ဘာလို့ ရဲတွေရဲ့ လိုက်ဖမ်းတာ ခံရလဲဆိုပြီး ညည်းညူစပြုလာပြီး တာဝန်ထမ်းဆောင်ဖို့ ထွက်လာခဲ့မိတာကိုတောင် နောင်တရခဲ့တယ်။ ဒီလို မှားယွင်းတဲ့ အခြေအနေတွေက စာတန်ရဲ့ အယူအဆတွေ၊ အမြင်တွေနဲ့ ကျွန်မ ချည်နှောင်ခံရလို့ ဖြစ်လာတာဖြစ်ပြီး အဲဒါတွေကိုသာ မဖြေရှင်းဘူးဆိုရင် အချိန်မရွေး ဘုရားသခင်ကို သစ္စာဖောက်မဲ့ အန္တရာယ် ရှိနေခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ရပြီး အမေက ပြုစုပျိုးထောင်ပြီး စောင့်ရှောက်ခဲ့တာကို ဘယ်လို မှန်မှန်ကန်ကန် ရှုမြင်ရမလဲဆိုတာကို ကျွန်မ သင်ယူခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်’ ဆိုသည်ကို မည်သို့ အနက်ဖွင့်သင့်သည်ဆိုသည့်အကြောင်းကို ပြောကြစို့။ သင့်မိဘများသည် သင်၏ ကြွေးရှင်များမဟုတ်ပေ။ ဤသည်မှာ အမှန်တရားမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အမှန်တရားဖြစ်သောကြောင့် ယင်းအတွင်းတွင် ပါဝင်သော အကြောင်းအရာများကို ငါတို့ ရှင်းပြရန် သင့်လျော်သည်။ သင့်မိဘများက သင့်အားမွေးဖွားပေးသည့်အကြောင်းကို ကြည့်ကြစို့။ သင့်အား မွေးဖွားပေးရန် ၎င်းတို့အတွက် ရွေးချယ်ခဲ့သောသူမှာ မည်သူနည်း။ သင်ဖြစ်သလော၊ သို့မဟုတ် သင့်မိဘများဖြစ်သလော။ သင်သည် ဤအရာကို ဘုရားသခင်၏ ရှုထောင့်မှ ကြည့်လျှင် ဤသည်မှာ လူသားများ ရွေးချယ်ရန်အတွက် မဟုတ်ပေ။ သင်၏ မိဘများက သင့်ကို မွေးဖွားပေးရန် သင် ရွေးချယ်ခဲ့ခြင်း မဟုတ်သည့်အပြင် ၎င်းတို့လည်း ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ ဤကိစ္စရပ်၏ အရင်းခံကို ကြည့်လျှင် ဤသည်မှာ ဘုရားသခင်က အမိန့်ဖြင့် ပြဋ္ဌာန်းတော်မူခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စရပ်သည် လူတို့ နားလည်ရန် လွယ်ကူသောကြောင့် ငါတို့သည် ဤအကြောင်းအရာကို ယခုလောလောဆယ် ဘေးဖယ်ထားကြမည်။ သင်၏ ရှုထောင့်မှကြည့်လျှင် သင်သည် ဤကိစ္စတွင် မည်သည့် ရွေးချယ်ပိုင်ခွင့်မျှ မရှိဘဲ၊ မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ သင်၏မိဘများမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများ ရှုထောင့်မှကြည့်လျှင် ယင်းမှာ ကလေးများ ယူပြီး မွေးမြူရန်မှာ ၎င်းတို့၏ ဆန္ဒအလျောက် လိုလားမှု ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းကို ဘေးဖယ်ထားလျှင်၊ ကလေးများ ယူပြီး မွေးမြူခြင်း ကိစ္စနှင့်ပတ်သက်လာလျှင် သင်၏ မိဘများသည်သာ အာဏာကုန် ရှိခဲ့လေသည်။ ၎င်းတို့သည် သင့်ကို မွေးဖွားရန် ရွေးချယ်ခဲ့ကြသည်။ သင်သည် မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ ၎င်းတို့ထံမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သင်သည် ဤကိစ္စတွင် မည်သည့် ရွေးချယ်ပိုင်ခွင့်မျှ မရှိခဲ့ပေ။ သို့ဖြစ်၍ သင်၏ မိဘများတွင် အာဏာကုန် ရှိခဲ့သောကြောင့်လည်းကောင်း၊ ၎င်းတို့က သင့်ကို မွေးဖွားခဲ့သောကြောင့်လည်းကောင်း၊ သင့်ကို အရွယ်ရောက်သူတစ်ဦးအဖြစ် ကြီးပြင်းလာစေရန် ၎င်းတို့တွင် ဝတ္တရားနှင့် တာဝန်ရှိသည်။ သင့်အား ပညာရေးထောက်ပံ့ပေးခြင်းဖြစ်စေ၊ အစားအသောက်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးခြင်းဖြစ်စေ ဤသည်မှာ ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ၎င်းတို့က သင့်ကို ပြုစုပျိုးထောင်နေသည့် ကာလအတွင်း သင်သည် မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ အစဉ်သဖြင့် ရှိနေခဲ့ပြီး သင်သည် ရွေးချယ်ပိုင်ခွင့် မရှိခဲ့ပေ၊ သင်သည် ၎င်းတို့၏ ပြုစုပျိုးထောင်ခြင်းကို ခံရမည်သာ ဖြစ်သည်။ သင်သည် ငယ်ရွယ်သောကြောင့် မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်စွမ်း မရှိခဲ့ဘဲ၊ မိမိ၏ သဘောဆန္ဒမပါဝင်ဘဲ သင်၏ မိဘများက ပြုစုပျိုးထောင်ပေးခြင်းကို ခံရသည်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။ သင်၏ မိဘများက သင့်ကို မည်သို့ပင် ပြုစုပျိုးထောင်ခဲ့သည်ဖြစ်စေ ယင်းမှာ သင့်အပေါ်တွင် မူမတည်ခဲ့ပေ။ ၎င်းတို့က သင့်အား ကောင်းမွန်သော အစားအသောက်များ ပေးခဲ့လျှင် သင်သည် ကောင်းမွန်သော အစားအသောက်များ ရရှိခဲ့သည်။ သင့်မိဘများက ဖွဲကြမ်းများ၊ အရိုင်းပင်များကို အမှီပြုပြီး သင် အသက်ရှင်အောင် စားသောက်ရသည့် ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ကို သင့်အားပေးလျှင် သင်က ဖွဲကြမ်းနှင့် အရိုင်းပင်များကို အမှီပြုပြီး ရှင်သန်ရသည်။ မည်သို့ပင်ဖြစ်စေ သင်သည် ပျိုးထောင်ခြင်းခံရသောအချိန်တွင် ပြုသမျှနုနေရပြီး သင့်မိဘများက ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းသည်။ သင့်မိဘများက ပန်းတစ်ပွင့်ကို ဂရုစိုက်ခြင်းနှင့် တူညီသည်။ ၎င်းတို့သည် ပန်းတစ်ပွင့်ကို ဂရုစိုက်လိုသောကြောင့် ၎င်းတို့က ထိုပန်းကို မြေဩဇာကျွေးသင့်သည်။ ရေလောင်းသင့်သည်။ နေရောင်ကို အသေအချာရရှိစေရန် လုပ်ဆောင်သင့်သည်။ ထို့ကြောင့် လူတို့နှင့်ပတ်သက်လျှင် သင့်မိဘများက သင့်အား စေ့စပ်စွာ ကြည့်ရှုစောင့်ရှောက်သည်ဖြစ်စေ၊ သင့်အား အလွန်ပင် ဂရုစိုက်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းနေခြင်းသာ ဖြစ်သည်။ ၎င်းတို့က သင့်အား ပျိုးထောင်ပေးသည့် အကြောင်းရင်းက မည်သို့ဖြစ်စေ ၎င်းတို့၏ တာဝန်သာဖြစ်သည်။ ၎င်းတို့က သင့်အားမွေးဖွားခဲ့သောကြောင့် သင့်အတွက် တာဝန်ယူသင့်သည်။ ဤအရာကို အခြေခံကြည့်လျှင် သင့်မိဘများက သင့်အတွက် လုပ်ဆောင်ပေးသောအရာရာတိုင်းကို ကြင်နာခြင်းဟု သတ်မှတ်နိုင်သလော။ မသတ်မှတ်နိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။)...မည်သို့ပင်ဖြစ်စေ သင့်ကို ပြုစုပျိုးထောင်ခြင်းအားဖြင့် သင်၏ မိဘများသည် တာဝန်နှင့် ဝတ္တရားတစ်ခုကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ သင့်ကို အရွယ်ရောက်သူတစ်ဦးအဖြစ် ပြုစုပျိုးထောင်ခြင်းသည် ၎င်းတို့၏ ဝတ္တရားနှင့် တာဝန်ဖြစ်ပြီး ဤအရာကို ကျေးဇူးတရားဟု ခေါ်ဆို၍မရနိုင်ပေ။ ယင်းကို ကျေးဇူးတရားဟု ခေါ်ဆို၍မရနိုင်သောကြောင့် ဤသည်မှာ သင် ပျော်မွေ့ခံစားသင့်သည့် အရာတစ်ခုဖြစ်သည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ဤသည်မှာ သင်ခံစားသင့်သော အခွင့်အရေးတစ်မျိုးဖြစ်သည်။ သင်သည် သင့်မိဘများ၏ ပျိုးထောင်ခြင်းကို ခံရသင့်သည်။ အဘယ်ကြောင့်ဆိုသော် လူကြီးဘဝသို့ သင်မရောက်ခင်တွင် သင်ပါဝင်သော အခန်းကဏ္ဍသည် လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခြင်းခံရသော သားသမီးတစ်ယောက်၏ အခန်းကဏ္ဍ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်အပေါ် တာဝန်တစ်မျိုးကို ဖြည့်ဆည်းနေခြင်းသာဖြစ်ပြီး သင်က လက်ခံရရှိနေခြင်းသာ ဖြစ်သည်။ သို့သော် သင်သည် အသေအချာပင် ၎င်းတို့ထံမှ ကျေးဇူး၊ သို့မဟုတ် ကြင်နာမှုကို လက်ခံရရှိနေခြင်းမဟုတ်ပေ။ မည်သည့်သက်ရှိသတ္တဝါမဆိုအတွက် သားသမီးများအား မွေးဖွားခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ မျိုးပွားခြင်း၊ နောက်မျိုးဆက်ကို ပျိုးထောင်ခြင်းတို့သည် တာဝန်အမျိုးအစားတစ်ခုဖြစ်သည်။ ဥပမာ ငှက်၊ နွား၊ သိုး၊ နှင့် ကျားတို့သည်ပင် မျိုးပွားပြီးနောက်တွင် ၎င်းတို့၏ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရသည်။ မိမိတို့၏ သားသမီးကို ပျိုးထောင်မပေးသော သက်ရှိသတ္တဝါမရှိပေ။ ခြွင်းချက်အချို့ရှိဖို့ ဖြစ်နိုင်သည်။ သို့သော် များစွာမရှိပေ။ ဤသည်မှာ သက်ရှိသတ္တဝါများ၏ ဖြစ်တည်မှုတွင် သဘာဝဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယင်းသည် သက်ရှိသတ္တဝါများ၏ ပင်ကိုဗီဇစိတ် ဖြစ်သည်။ ယင်းကို ကြင်နာခြင်းအဖြစ် မမှတ်ယူနိုင်ပေ။ ၎င်းတို့သည် တိရစ္ဆာန်များအတွက်၊ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်က ပြင်ဆင်ပေးသော ဥပဒေအား လိုက်နာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများက သင့်အား ပျိုးထောင်ခြင်းသည် ကြင်နာခြင်းအမျိုးအစားတစ်ခု မဟုတ်ပေ။ ဤအရာကို အခြေခံလျှင် သင့်မိဘများသည် သင်၏ ကြွေးရှင်များမဟုတ်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် သင့်အပေါ် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ ၎င်းတို့က သင့်အပေါ် မည်မျှအားထုတ်ပြီး ငွေကို သုံးစွဲပါစေ ၎င်းတို့က သင့်အား နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မိဘများအနေဖြင့် ၎င်းတို့၏ တာဝန်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် တာဝန်နှင့် ဝတ္တရားတစ်ခုဖြစ်သောကြောင့် အခမဲ့ဖြစ်သင့်သည်။ နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများက ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းပေးနေခြင်းသာဖြစ်သည်။ ဤသည်မှာ အခမဲ့ဖြစ်သင့်သည်။ အပေးအယူ မဖြစ်သင့်ပေ။ ထို့ကြောင့် သင်သည် ၎င်းတို့အား နစ်နာကြေးပေးရန် စိတ်ကူးဖြင့် သင့်မိဘများကို ချဉ်းကပ်ရန်၊ သို့မဟုတ် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးကို ကိုင်တွယ်ရန် မလိုအပ်ပေ။ သင်က ဤအယူအဆအတိုင်း သင့်မိဘများအား တကယ်ကို ဆက်ဆံလျှင်၊ ပြန်လည်ပေးဆပ်လျှင်၊ ၎င်းတို့နှင့် သင်၏ဆက်ဆံရေးအား ကိုင်တွယ်လျှင် ဤသည်မှာ လူသားမဆန်ပေ။ တစ်ချိန်တည်းတွင် ယင်းကြောင့် သင်သည် သင်၏ဇာတိပကတိ ခံစားချက်များ၏ ကန့်သတ်ခြင်းနှင့် ချည်နှောင်ခြင်းကို ခံရဖို့များသည်။ ဤရစ်ပတ်မှုများမှ လွတ်မြောက်ရန် သင့်အတွက် ခက်ခဲလိမ့်မည်။ သင်လမ်းပင်ပျောက်နိုင်သည့် အတိုင်းအတာအထိ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ သဘောပေါက်လာတာက အမေ့အပေါ် အကြွေးတင်နေတယ်လို့ ခံစားရတာနဲ့ ကိုယ့်တာဝန်ကို စိတ်အေးချမ်းသာစွာနဲ့ မထမ်းဆောင်နိုင်တာဟာ အမေ့ကို ကျွန်မရဲ့ ကြွေးရှင်လို ရှုမြင်နေလို့ပါပဲ။ သူ ကျွန်မကို ပေးခဲ့သမျှ အရာအားလုံးကို အပြည့်အဝ ပြန်ဆပ်ရမယ်လို့ ယုံကြည်ခဲ့တာမို့ ဒီကျေးဇူးကြွေးကို အမြဲ ခံစားနေရပြီး အမေ့ကို မပြုစုနိုင်တဲ့အခါတိုင်း သူ့အပေါ် အကြွေးတင်နေတယ်လို့ ခံစားခဲ့ရတာ။ အထူးသဖြင့် အခု အမေ့မှာ ကင်ဆာဖြစ်နေတော့ အမေသာ ဆုံးပါးသွားရင် ကျွန်မတစ်သက်မှာ သူ့ကျေးဇူးကို အပြည့်အဝ ပြန်ဆပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ တကယ်တော့ အမေက ကျွန်မအပေါ် ကောင်းတာနဲ့ ကျွန်မကို ပြုစုစောင့်ရှောက်တာဟာ မိခင်တစ်ယောက်အနေနဲ့ သူ့ရဲ့ တာဝန်ဝတ္တရားကို ဖြည့်ဆည်းနေတာပါပဲ။ ကျွန်မကို မွေးဖွားတဲ့အတွက် အရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်ပေးဖို့ သူ့မှာ တာဝန်ရှိတယ်၊ ပြီးတော့ ဒါဟာ ကျေးဇူးတရားတစ်ခုလို့ မသတ်မှတ်နိုင်ပါဘူး။ တိရစ္ဆာန်တွေက မွေးပြီးရင် သူတို့ရဲ့ သားပေါက်လေးတွေကို ပြုစုစောင့်ရှောက်ရသလိုမျိုး ဒါဟာ သူတို့ရဲ့ ပင်ကိုယ်အသိစိတ်ဖြစ်ပြီး ဘုရားသခင်ရဲ့ ကြိုတင်သတ်မှတ်ချက်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အဲဒီလိုပဲ အိမ်မှာ ခွေး၊ ကြောင် မွေးထားရင် ပိုင်ရှင်တစ်ယောက်အနေနဲ့ သူတို့ရဲ့ အစားအသောက်နဲ့ နေ့စဉ် လိုအပ်ချက်တွေအတွက် ကိုယ့်မှာ တာဝန်ရှိတယ်။ ဒါတွေဟာ ကျေးဇူးပြုတာတွေ မဟုတ်ဘဲ တာဝန်ကို ဖြည့်ဆည်းတာသက်သက်ပါပဲ။ ပြီးတော့ ကျွန်မရဲ့ အသက်က ဘုရားသခင်ဆီက လာတာဖြစ်ပြီး ကျွန်မကို ဒီအသက်ရှူခွင့်ပေးတာ၊ ဒီနေ့အထိ ကျွန်မကို စောင့်ရှောက်ကာကွယ်ပေးတာက ဘုရားသခင်ပါပဲ။ နှစ်ကြိမ်၊ သုံးကြိမ်လောက် ကားတိုက်ခံရလုနီးပါး ဖြစ်ခဲ့ဖူးပေမဲ့ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ကျွန်မ မပွန်းမပဲ့ရှိနေခဲ့တာကို ပြန်သတိရမိတယ်။ နောက်တစ်ကြိမ်ကျတော့ ကွာရှင်းပြီးနောက် ရည်းစားထားတဲ့အခါ သူက ကျွန်မရဲ့ ကလေးကို ပြုစုစောင့်ရှောက်ခွင့် မပေးဘူး၊ သူ့စကားကို နားမထောင်တဲ့အခါ သူက ကျွန်မကို လည်ပင်းညှစ်သတ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီလိုလုပ်တဲ့အခါ ကျွန်မက ဘုရားသခင်ကို ဆက်တိုက် အော်ဟစ်ဆုတောင်းခဲ့ပြီး သူ့ကို ဘေးတွန်းထုတ်နိုင်ခဲ့ပြီး နောက်ဆုံးမှာ အန္တရာယ်ကနေ လွတ်မြောက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “သင့်အတွက် မိသားစုတစ်စုကို ဘုရားသခင် ရွေးချယ်ပြီးသည်နှင့် သင်မွေးဖွားလာမည့် နေ့စွဲကို သူ ရွေးချယ်၏။ ထို့နောက်တွင် သင် ငိုယိုမွေးဖွားကာ လောကထဲ ရောက်လာစဉ် ဘုရားသခင်က သင့်အား စောင့်ကြည့်၏။ သင်၏ မွေးဖွားခြင်းကို သူစောင့်ကြည့်၏၊ သင်က ပထမဆုံးသော စကားများ ဟသည်ကို စောင့်ကြည့်၏၊ သင်က မည်သို့ လမ်းလျှောက်ရမည်ကို သင်ယူသည်နှင့်အမျှ သင်၏ ပထမဆုံးခြေလှမ်းများ ဒယိမ်းဒယိုင်ဖြစ်ကာ ယိမ်းထိုးယိုင်တိုင် ဖြစ်သည်ကို သူစောင့်ကြည့်၏။ အစပထမ၌ သင်သည် ခြေတစ်လှမ်းကို လှမ်းကာ နောက်တစ်လှမ်းကို လှမ်း၏။ ယခုသော် သင်သည် ပြေးနိုင်သည်၊ ခုန်နိုင်သည်၊ စကားပြောနိုင်ပြီး သင်၏ခံစားချက်တို့ကို ဖော်ပြနိုင်သည်...လူသားက ကြီးပြင်းလာသည်နှင့်အမျှ စာတန်၏ စူးစိုက်သော အကြည့်သည် ကျားတစ်ကောင်က သားကောင်ကို ကြည့်နေသကဲ့သို့ လူတိုင်းအပေါ်တွင် စူးစိုက်ကြည့်လေသည်။ သို့ရာတွင် ကိုယ်တော်၏အမှုကို လုပ်ဆောင်ရာ၌ ဘုရားသခင်သည် လူများ၊ ဖြစ်ရပ်များ သို့မဟုတ် အမှုအရာများ၊ အချိန်နှင့် နေရာတို့မှ ထွက်ပေါ်သည့် ကန့်သတ်ချက်များကို လုံးဝ မခံရပေ။ သူသည် ပြုသင့်သည်ကို ပြုကာ သူ ပြုရမည့်အရာကို ပြုလေသည်။ ကြီးပြင်းခြင်းဖြစ်စဉ်တွင် သင် မကြိုက်နှစ်သက်သည့် အရာများစွာအပြင် နာမကျန်း ဖြစ်ခြင်းနှင့် အားမလိုအားမရဖြစ်ခြင်းများကိုပါ တွေ့ကြုံနိုင်သည်။ သို့သော် ဤလမ်းကို သင် လျှောက်သည်နှင့်အမျှ သင်၏ အသက်တာနှင့် သင်၏အနာဂတ်သည် ဘုရားသခင်၏ ဂရုစိုက်မှုအောက်၌ လုံးဝ ရှိ၏။ ဘုရားသခင်သည် သင့်ကို ကာကွယ်လျက်၊ စောင့်ရှောက်လျက် သင်၏ဘေးတွင် ရှိနေသည့်အတွက် သူသည် သင်၏အသက်တာ တစ်ခုလုံးကို တည်တံ့စေဖို့ စစ်မှန်သည့် အာမခံချက်တစ်ခုကို ပေးလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ကိုယ်ပိုင် အတွေ့အကြုံတွေကနေတစ်ဆင့် ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီး အတည်ပြုနိုင်ခဲ့တယ်။ မွေးကတည်းက အခုချိန်ထိ ကျွန်မကို တိတ်တဆိတ် ကာကွယ်ပေးနေတာ တကယ်ပဲ ဘုရားသခင်ပါပဲ။ ဘုရားသခင်က ကျွန်မအတွက် ကြီးမားတဲ့ အဖိုးအခ ပေးဆပ်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မက သူ့အပေါ် ကျေးဇူးမတင်နိုင်ခဲ့တဲ့အပြင် အမေ့အပေါ် အပြစ်ရှိသလို ခံစားရတဲ့ စိတ်ခံစားချက်တွေထဲမှာပဲ နစ်မွန်းနေခဲ့ပြီး ကိုယ့်တာဝန်မှာ သစ္စာမရှိခဲ့လို့ အလုပ်ရဲ့ တိုးတက်မှုကိုပါ ထိခိုက်စေခဲ့တယ်။ ဒါတွေအားလုံးက အမေက ပြုစုပျိုးထောင်ပြီး စောင့်ရှောက်ခဲ့တာကို မှန်မှန်ကန်ကန် မရှုမြင်နိုင်တာကနေ မြစ်ဖျားခံတာပါပဲ။

ဝတ်ပြုချိန်မှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ “လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် နေအိမ်မှ စွန့်ခွာဖို့ ရွေးချယ်ကြသည်။ ယင်းမှာ ဆက်စပ်လွှမ်းခြုံမှုရှိသော အပြင်ပန်း အခြေအနေများကြောင့် တစ်စိတ်တစ်ဒေသဖြစ်ပြီး ထိုအခြေအနေများကြောင့် ၎င်းတို့၏ မိဘများကို စွန့်ခွာရန် လိုအပ်လာခြင်း ဖြစ်၏။ ထိုသူတို့သည် မိမိတို့၏ မိဘများကို စောင့်ရှောက်ပြီး အဖော်ပြုပေးရန် ၎င်းတို့ဘေးတွင် မနေနိုင်ကြပေ။ ထိုသူတို့အနေဖြင့် မိမိတို့ မိဘများကို စွန့်ခွာရန် လိုလိုလားလား ရွေးချယ်ကြခြင်း မဟုတ်ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် မိမိ၏ ဆန္ဒအလျောက် ပြောရလျှင် သင်သည် မိမိ၏ မိဘများအပေါ် မိမိ၏ ဝတ္တရားကို ရှောင်ရှားရန်အတွက် သင်၏ တာဝန်များကို သွားရောက် ထမ်းဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကြောင့် သင်၏ တာဝန်များကို ထမ်းဆောင်ရန် ထွက်သွားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ သူ၏ ခေါ်ဆောင်ခြင်းကို လက်ခံရန် အဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အလို့ငှာ သင်၏ မိဘများကို စွန့်ခွာရန်မှလွဲ၍ သင်၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ၎င်းတို့ကို အဖော်ပြုပေးပြီး စောင့်ရှောက်ရန် ၎င်းတို့ နံဘေးတွင် သင် မနေနိုင်ပေ။ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို သင် စွန့်ခွာခဲ့ခြင်း မဟုတ်၊ မှန်သလော။ သင်၏ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို စွန့်ခွာခြင်းနှင့် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကို ပြန်ကြားကာ သင်၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့ကို စွန့်ခွာရခြင်းဟူသည့် ဤအရာများသည် မတူကွဲပြားသည့် သဘာဝနှစ်ခုနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) သင်၏ စိတ်နှလုံးတွင် သင့်မိဘများအတွက် စိတ်ခံစားမှုဆိုင်ရာ သံယောဇဉ်နှင့် လွမ်းဆွတ်သတိရခြင်းများ ရှိသည်မှာ အမှန်ဖြစ်သည်။ သင်၏ ခံစားချက်များက ဗလာ မရှိပေ။ ပြင်ပ အခြေအနေများက အခွင့်ပေးပြီး သင်၏ တာဝန်များကို ထမ်းဆောင်ရင်း ၎င်းတို့ နံဘေးတွင် သင် နေနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ပုံမှန် စောင့်ရှောက်ကာ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းရင်း ၎င်းတို့ နံဘေးတွင်နေရန် လိုလားနေပေမည်။ သို့ရာတွင် ပြင်ပ အခြေအနေများကြောင့် ၎င်းတို့ကို သင် စွန့်ခွာရမည်ဖြစ်သည်။ ၎င်းတို့နံဘေးတွင် သင် ရှိမနေနိုင်ပေ။ ၎င်းတို့၏ သားသမီးအနေဖြင့် သင်၏ ဝတ္တရားများကို သင် မဖြည့်ဆည်းချင်သောကြောင့် မဟုတ်ဘဲ မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ဤအရာသည် သဘာဝအားဖြင့် ကွဲပြားသည် မဟုတ်လော။ (ကွဲပြားပါသည်။) သားသမီးဝတ် ကျေပွန်ခြင်းနှင့် သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းအား ရှောင်ရှားရန် သင် အိမ်ကို စွန့်ခွာခဲ့လျှင် ယင်းမှာ သားသမီးဝတ် မကျေပွန်ခြင်းနှင့် လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သော်လည်း သင်သည် ဘဝတွင် အခြေချရန်နှင့် သင့်ဘာသာ အလျင်အမြန် ထွက်သွားရန် မစောင့်နိုင်ပေ။ သင်၏ မိဘများကို သင် မမြင်လိုသကဲ့သို့ ၎င်းတို့ ကြုံရသည့် အခက်အခဲတစ်ခုခုနှင့်ပတ်သက်၍ ကြားသည့်အခါ သင်သည် အရေးစိုက်မှု တစ်စက်မျှ မရှိပေ။ ကူညီရန် နည်းလမ်း သင့်တွင် ရှိလျှင်ပင် သင် မကူညီ။ မကြားသလိုသာ ဟန်ဆောင်ပြီး အခြားသူများအား သင့်အကြောင်း ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောခွင့်ပေးလိုက်သည်။ သင်၏ ဝတ္တရားများကို သင် တကယ်ကို မဖြည့်ဆည်းလိုပေ။ ဤသည်မှာ သားသမီးဝတ်မကျေပွန်ခြင်း ဖြစ်၏။ သို့ရာတွင် ယခု ဤသို့ ဖြစ်သလော။ (မဟုတ်ပါ။) များစွာသော လူတို့သည် ၎င်းတို့ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ခရိုင်များ၊ မြို့များ၊ ပြည်နယ်များ၊ သို့မဟုတ် ၎င်းတို့၏ နိုင်ငံများကိုပင် စွန့်ခွာကြပြီးဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ဇာတိမြို့များမှ အလှမ်းဝေးနှင့်ကြပေသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏ မိသားစုများနှင့် ဆက်သွယ်နေရန် ၎င်းတို့အတွက် အဆင်မပြေပေ။ ၎င်းတို့သည် ဇာတိမြို့တစ်မြို့တည်းမှလာသည့် လူများထံမှ မိမိတို့ မိဘများ၏ လက်ရှိ အခြေအနေအကြောင်းကို ရံဖန်ရံခါ မေးမြန်းကြပြီး ၎င်းတို့၏ မိဘများက ကျန်းမာကာ အဆင်ပြေနေဖြစ်ကြောင်းကို ကြားသည့်အခါ စိတ်သက်သာရာရကြသည်။ အမှန်တွင် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်။ သင်သည် သင်၏ မိဘများကို ပြုစုစောင့်ရှောက်ရန် သို့မဟုတ် ၎င်းတို့အပေါ် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်ပင် အလိုမရှိသည့် လူ့သဘာဝကင်းမဲ့သောအဆင့်သို့ ရောက်ရှိသွားခြင်းမျိုး မဟုတ်ပေ။ သင်သည် သင်၏ ဝတ္တရားကို မဖြည့်ဆည်းနိုင်သည့် သင် အမျိုးမျိုးသော ပြင်ပအကြောင်းရင်းများကြောင့် ဖြစ်သည့်အတွက် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ဘယ်သူမှ လောကထဲကို သူတို့မိဘတွေအတွက် အသက်ရှင်ဖို့ ရောက်လာတာ မဟုတ်ဘူးဆိုတာ၊ လူတိုင်းမှာ ပြီးမြောက်အောင် လုပ်ရမဲ့ ကိုယ်ပိုင် အထူးတာဝန် ရှိကြပြီး ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကျွန်မမှာလည်း ထမ်းဆောင်ရမဲ့ တာဝန်တွေ ရှိတယ်ဆိုတာကို ကျွန်မ နားလည်လာတယ်။ ပြီးခဲ့တဲ့ သုံးလေးနှစ်မှာ အိမ်နဲ့ဝေးတဲ့နေရာမှာ တာဝန်ထမ်းဆောင်နေတာဟာ ဖန်ဆင်းခံတစ်ဦးအနေနဲ့ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေတာဖြစ်လို့ ဒါဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်။ နောက်ပြီး အခြေအနေတွေကြောင့် ရဲတွေရဲ့ လိုက်ဖမ်းတာ ခံနေရလို့ အိမ်နဲ့ အမေ့ကို ခွဲခွာခဲ့ရတာပါ။ ဒါက ကျွန်မ သားသမီးဝတ်မကျေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အမေ နေမကောင်းဖြစ်နေချိန်မှာ သူ့ကို မပြုစုနိုင်တာက လူ့သဘာဝ ကင်းမဲ့ပြီး သားသမီးဝတ်မကျေပွန်တာလို့ ကျွန်မ အမြဲ ယုံကြည်ခဲ့တယ်။ တကယ်တော့ ကျွန်မရဲ့ ဒီအမြင်က သမ္မာတရားနဲ့ မကိုက်ညီပါဘူး။ လူ့သဘာဝ ကင်းမဲ့ပြီး သားသမီးမကျေပွန်တာ အစစ်ဆိုတာက လူတစ်ယောက်မှာ မိဘတွေကို ပြုစုစောင့်ရှောက်နိုင်တဲ့ အခြေအနေရှိလျက်နဲ့ ပြုစုဖို့ ငြင်းဆန်ပြီး လုံးဝ လျစ်လျူရှုတာ၊ ဒါမှမဟုတ် သူတို့ကို ဝန်ထုပ်ဝန်ပိုးလို့တောင် မြင်တာကို ဆိုလိုတာပါ။ ဒါက တာဝန်ကို ရှောင်လွှဲတာဖြစ်ပြီး တကယ်ကို လူ့သဘာဝ ကင်းမဲ့သလို ရှက်စရာကောင်းလောက်အောင် သားသမီးဝတ်မကျေပွန်တာပါပဲ။ ကိုယ့်အပြုအမူကို ပြန်ဆင်ခြင်ကြည့်တော့ အရင်က အခြေအနေပေးတုန်းက ကားတိုက်ခံရပြီးနောက် အမေ့ကို သေချာ ဂရုတစိုက် ပြုစုခဲ့သလို အိမ်မှာရှိနေတုန်းကလည်း သူ့ကို အလေးထားပြီး ပြုစုစောင့်ရှောက်ပေးခဲ့တယ်၊ သမီးတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို လုပ်ဆောင်ခဲ့တာကို မြင်တွေ့ခဲ့ရတယ်။ အခု အမေ့မှာ ကင်ဆာဖြစ်နေပေမဲ့ ရဲတွေက ကျွန်မကို ဆက်ပြီး လိုက်ဖမ်းနေတုန်းမို့လို့ အိမ်ပြန်လို့မရဘူး။ အန္တရာယ်ကို လျစ်လျူရှုပြီး အိမ်ပြန်သွားရင် အဖမ်းခံရနိုင်တယ်၊ အဲဒီလိုဖြစ်ခဲ့ရင် အမေ့ကို မပြုစုနိုင်တော့ရုံတင်မကဘူး၊ ကိုယ့်တာဝန် ထမ်းဆောင်ဖို့ အခွင့်အရေးကိုပါ ဆုံးရှုံးသွားမှာပဲ။ ဒါကို သဘောပေါက်လိုက်တော့ အမေ့ကို မပြုစုနိုင်တာနဲ့ပတ်သက်ပြီး အပြစ်ရှိသလို မခံစားရတော့ဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ “သင်သည် သင့်တာဝန်ကို အခြားတစ်နေရာ၌ ထမ်းဆောင်ရန် အိမ်မှ မထွက်ခွာဘဲ သင့်မိဘများအနီးတွင် နေခဲ့လျှင် ၎င်းတို့ နေမကောင်းဖြစ်ခြင်းကို သင်တားဆီးနိုင်ခဲ့မည်လော။ (မတားဆီးနိုင်ပါ။) သင့်မိဘများအသက်ရှင်မည်လော၊ သေမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ ၎င်းတို့ ချမ်းသာမည်လော၊ ဆင်းရဲမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ (မထိန်းချုပ်နိုင်ပါ။) သင့်မိဘများက မည်သည့်ရောဂါကို ရသည်ဖြစ်စေ ယင်းမှာ ၎င်းတို့သည် သင့်အား ပျိုးထောင်ခြင်းကြောင့် အလွန်မောပန်းသောကြောင့်၊ သို့မဟုတ် ၎င်းတို့က သင့်အား သတိရသောကြောင့် ဖြစ်မည်မဟုတ်ပေ။ အထူးသဖြင့် ၎င်းတို့သည် သင့်ကြောင့် ထိုအကြီးစားဖြစ်သော၊ ဆိုးဝါးသော၊ သေစေနိုင်သော ရောဂါတစ်ခုခုကို ကူးစက်မည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ ကံကြမ္မာဖြစ်ပြီး သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်က မည်မျှ သားသမီးဝတ်ကျေပွန်ပါစေ သင်အစွမ်းဆောင်နိုင်ဆုံးမှာ ၎င်းတို့၏ ဇာတိပကတိ ဒုက္ခနှင့် ဝန်ထုပ်ဝန်ပိုးကို အနည်းငယ်လျှော့ချဖို့ဖြစ်သည်။ သို့သော် ၎င်းတို့သည် မည်သည့်အချိန်၌ ဖျားနာသည်၊ မည်သည့်ရောဂါ ကူးစက်သည်၊ မည်သည့်အချိန်တွင် သေသည်၊ မည်သည့်နေရာတွင် သေသည်တို့အတွက်မူ ဤအရာများသည် သင်နှင့် တစ်ခုခုသက်ဆိုင်ခြင်းရှိသလော။ မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး နားလည်မှုတချို့ ရခဲ့တယ်။ တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ မထွက်လာဘဲ အမေ့ကို ပြုစုဖို့ သူ့ဘေးမှာနေခဲ့ရင်တောင် သူ နေမကောင်းမဖြစ်ဘူးလို့ ကျွန်မ အာမမခံနိုင်ဘူးလေ။ လူတစ်ယောက်အနေနဲ့ ဆင်းရဲဒုက္ခ ဘယ်လောက် ခံစားရမယ်၊ ဒါမှမဟုတ် ဘယ်လို အခက်အခဲတွေ တွေ့ကြုံရမယ်ဆိုတာကို လူက မထိန်းချုပ်နိုင်ဘဲ လူတစ်ယောက်ရဲ့ ကံကြမ္မာက ဘုရားသခင်ရဲ့ လက်ထဲမှာ လုံးလုံးလျားလျား ရှိနေတာပါ။ ဥပမာအနေနဲ့ ပြောရရင် အခု အမေက အသက် ၆၀ ကျော်နေပြီဆိုတော့ ဒီအရွယ်မှာ ကျန်းမာရေးပြဿနာတွေ ရှိတာ ပုံမှန်ပါပဲ။ ကျွန်မ အိမ်ပြန်သွားပြီး သူ့ကို ပြုစုမယ်၊ အရမ်းချစ်မယ်၊ အစားအသောက်ကောင်းတွေ ချက်ကျွေးမယ်ဆိုရင်တောင် အများဆုံးအနေနဲ့ သူ့အတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု နည်းနည်းပေးနိုင်တာလောက်ပဲ ရှိမှာဖြစ်ပြီး သူ့ရောဂါရဲ့ နာကျင်မှုကိုတော့ ကျွန်မ ကိုယ်စား ခံစားပေးနိုင်မှာ မဟုတ်ပါဘူး။ သားသမီးတချို့က သူတို့မိဘတွေအပေါ် အထူးတလည် သားသမီးဝတ်ကျေပွန်ကြပြီး အိမ်မှာ အတူနေဖို့ ခေါ်ထားပြီး သေချာ ဂရုတစိုက် ပြုစုကြပေမဲ့ သူတို့မိဘတွေက နေမကောင်းဖြစ်ကြတုန်းပဲဆိုတာကို ကျွန်မ တွေးမိတယ်။ ဒါက ဘာကို ပြနေလဲဆိုတော့ သားသမီးတွေ အနားမှာ ရှိနေတာနဲ့တင် မိဘတွေက သေချာပေါက် ကျန်းမာနေမယ်လို့ မဆိုလိုသလို သားသမီးတွေ အနားမှာရှိနေလို့ ရောဂါပျောက်ကင်းမယ်လို့လည်း မသေချာနိုင်ဘူးဆိုတာပါပဲ။ ဒီကိစ္စတွေကို ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ကြိုတင်သတ်မှတ်ချက်က လုံးဝ ဆုံးဖြတ်ထားတာပါ။ ဥပမာ၊ ဒီတစ်ကြိမ် အမေ့မှာ ကင်ဆာဖြစ်တယ်လို့ ရောဂါအဖြေထွက်တော့ အခြေအနေဆိုးပုံပေါ်ပြီး ကုသလို့ရနိုင်၊ မရနိုင်ဆိုတာ မသေချာခဲ့ဘူး၊ မရီးတွေကတောင် ကျွန်မသာ အိမ်မပြန်ရင် အမေ့ရဲ့ ဆေးဖိုးကို မပေးဘူးလို့ ရက်ရက်စက်စက် ပြောခဲ့ကြသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မောင်လေးရဲ့ မိန်းမရယ်၊ ဝမ်းကွဲမရီးနှစ်ယောက်ရယ်က ပိုက်ဆံထည့်ဝင်ပြီး ဆေးရုံမှာ အမေ့ကို အလှည့်ကျ ပြုစုပေးခဲ့ကြတယ်။ အမေ့ရဲ့ အခြေအနေက ဆိုးမလာတဲ့အပြင် တော်တော်တောင် သက်သာလာခဲ့တယ်။ ဒီအချက်က လူတွေဟာ ကိုယ့်ကံကြမ္မာကို တကယ် မထိန်းချုပ်နိုင်ဘူးဆိုတာနဲ့ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်ဆိုတာကို ကျွန်မကို ပြသခဲ့တယ်။ အမေ့အတွက် စိုးရိမ်ပူပန်မှုတွေကို လက်လွှတ်ပြီး သူ့ကို ဘုရားသခင်ဆီ အပ်နှံရမယ်လေ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလရဲ့ တစ်နေ့မှာတော့ အမေ့ဆီကနေ စာတစ်စောင် ရခဲ့တယ်။ “သမီးရဲ့မောင်က အမေ့အတွက် အိမ်သစ်တစ်လုံး ဝယ်ပေးတယ်။ အမေ သူ့ကလေးကို ကူထိန်းပေးရင်းနဲ့ ကိုယ့်တာဝန်ကိုလည်း ထမ်းဆောင်နေတယ်။ အမေ့ ကျန်းမာရေးလည်း ကောင်းနေပြီမို့လို့ သမီးလည်း စိတ်အေးချမ်းသာစွာနဲ့ တာဝန်ထမ်းဆောင်ပါ” လို့ ပါလာတယ်။ အမေ့ဆီက ဒီစကားတိုတိုလေးတွေကို ဖတ်ရုံနဲ့တင် ကျွန်မမှာ ဝမ်းသာမျက်ရည်ကျရပါတယ်။ သူ့ဘေးမှာ ကျွန်မက ပြုစုမပေးဘဲနဲ့တောင် သူ ဒီလောက်ကောင်းကောင်း ဆက်ပြီး အသက်ရှင်နေနိုင်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့သလို သူ့တာဝန်ကိုတောင် ထမ်းဆောင်နေတယ်လို့ ထင်မထားခဲ့ဘူး။ ဒါက ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေပြီး အိမ်ပြန်နိုင်၊ မပြန်နိုင် ဒါမှမဟုတ် အမေ့ကို ပြန်တွေ့ရနိုင်၊ မတွေ့ရနိုင်ဆိုတာကို အရေးမကြီးတော့ဘဲ သူ့ကို မပြုစုနိုင်တဲ့အပေါ်မှာ အပြစ်ရှိသလို ခံစားလို့ မဖြစ်တော့ဘူးဆိုတာကို ကျွန်မ သိခဲ့တယ်။ ပြီးတော့ ကိုယ့်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့ စိတ်ကို တည်ငြိမ်အောင်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါဟာ ကျွန်မ တစ်ဘဝလုံး အချိန်ပေးပြီး လိုက်စားသင့်တဲ့ ပန်းတိုင်ပါပဲ။

ဒီအတွေ့အကြုံတွေကနေတစ်ဆင့် မိဘတွေအပေါ် သားသမီးဝတ်ကျေပွန်ရမယ်ဆိုတဲ့ ရိုးရာအယူအဆတွေနဲ့ ကျွန်မ ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း ချည်နှောင်ခံထားရလဲဆိုတာ၊ အဆင်မပြေတဲ့ အခြေအနေတွေ ပေါ်လာတိုင်း ဒီအယူအဆတွေက ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့အတွက် အဟန့်အတားဖြစ်စေခဲ့တယ်ဆိုတာတွေကို ကျွန်မ မြင်ခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့်သာ ဒီရိုးရာအယူအဆတွေအပေါ် ပိုင်းခြားသိမြင်မှု ရရှိစေခဲ့ပြီး အဲဒါတွေရဲ့ လွှမ်းမိုးမှုနဲ့ ချည်နှောင်ခံရတာကနေ ရပ်တန့်နိုင်ပြီး ကိုယ့်တာဝန်မှာ စိတ်ကို တည်ငြိမ်အောင်ထားနိုင်ခဲ့တာပါ။ ဒါတွေဟာ ဘုရားနှုတ်ကပတ်တော်တွေကြောင့် ရရှိလာတဲ့ ရလဒ်တွေပါပဲ။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

အရှေ့သို့- ၉၅။ သားဖြစ်သူ အဖမ်းခံရခြင်းမှ ကျွန်တော် ရခဲ့သည့် သင်ခန်းစာများ

နောက်တစ်ခုသို့- ၉၉။ ဖိနှိပ်မှုနှင့် ဆင်းရဲဒုက္ခများကြားတွင် တာဝန်ကို ထိန်းသိမ်းခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၂၁။ ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။