၉၉။ ဖိနှိပ်မှုနှင့် ဆင်းရဲဒုက္ခများကြားတွင် တာဝန်ကို ထိန်းသိမ်းခြင်း

ကိုင်လင်း၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်၊ ဧပြီလမှာ အထက်ခေါင်းဆောင်တွေက ကျွန်မကို ပြောတယ်၊ ရှင်းယွမ်အသင်းတော်က ခေါင်းဆောင်တစ်ယောက် အဖမ်းခံရပြီး တခြားခေါင်းဆောင်နှစ်ယောက်လည်း သူတို့အိမ်တွေမှာ ရဲတွေရဲ့ စစ်ဆေးမေးမြန်းတာကို ခံရတယ်တဲ့၊ လုံခြုံရေး အန္တရာယ်တွေကြောင့် သူတို့က အသင်းတော်မှာ အလုပ်ဆက်မလုပ်နိုင်တော့ဘူးပေါ့။ ဒါကြောင့် အထက်ခေါင်းဆောင်တွေက ကျွန်မကို နောက်ဆက်တွဲအလုပ်တွေ သွားပြီး ကိုင်တွယ်ဖို့နဲ့ ညီအစ်ကိုမောင်နှမတွေကို ထောက်ပံ့ပေးဖို့ ခိုင်းတယ်။ ခေါင်းဆောင်တွေ ဒီလိုပြောတာကို ကြားတော့ ဒီတာဝန်ရဲ့ ကြီးလေးမှုကို ကျွန်မ တကယ်ခံစားလိုက်ရပြီး နည်းနည်းလည်း စိုးရိမ်သွားတယ်၊ တွေးမိတယ်၊ “ဒီပတ်ဝန်းကျင်က အရမ်းကို ဆိုးရွားလွန်းတယ်။ ဘာလို့ ငါ့ကို သွားဖို့ စီစဉ်ရတာလဲ။ ငါသာ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ။ အဖမ်းခံရတဲ့ ညီအစ်ကိုမောင်နှမ အများကြီးဟာ နောက်ဆုံးမှာ ပြင်းပြင်းထန်ထန် ညှဉ်းဆဲခံရတယ်။ တချို့က ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ဘဲ ဘုရားသခင်ကို သစ္စာဖောက်ပြီး ယုဒတွေ ဖြစ်သွားကြတယ်၊ တချို့ကျတော့ ရိုက်သတ်ခံရတာ ဒါမှမဟုတ် မသန်မစွမ်းဖြစ်သွားတာတွေ ရှိတယ်။ အဆင်းနီသော နဂါးကြီးက လူတွေကို ဒုက္ခပေးတဲ့ နည်းလမ်းတွေက အရမ်းကို ရက်စက်လွန်းတယ်။ ငါသာ အဖမ်းခံရပြီး ညှဉ်းဆဲတာကို မခံနိုင်လို့ ယုဒဖြစ်သွားပြီး ဘုရားသခင်ကို သစ္စာဖောက်လိုက်ရင်၊ ငါ ကယ်တင်ခံရမှာ မဟုတ်ဘူး။ အဲဒီအခါကျရင် ငါ့ရဲ့ ယုံကြည်ခြင်းက အလဟဿဖြစ်သွားမှာ မဟုတ်ဘူးလား” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်၊ “ငါ ဒီလောက် တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အတွက်ပဲ စဉ်းစားနေလို့ မဖြစ်ဘူး။ ခေါင်းဆောင်တစ်ယောက် အဖမ်းခံထားရတယ်၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကလည်း အန္တရာယ်ရှိနေလို့ အရေးတကြီး နေရာပြောင်းရွှေ့ဖို့ လိုနေတယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေကလည်း အပျက်သဘောဆောင်ပြီး အားနည်းနေလို့ ထောက်ပံ့ကူညီပေးဖို့ လိုအပ်နေတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ငါ အလေးထားပြီး ဒီတာဝန်ကို လက်ခံရမယ်” ပေါ့။ ဒါနဲ့ပဲ ကျွန်မ သဘောတူလိုက်တယ်။

ရှင်းယွမ်အသင်းတော်ကို ရောက်ပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမအများစုရဲ့ အိမ်တွေကို ယုဒ ကျန်းဖန် သွားခဲ့ဖူးတာကြောင့် အဲဒီအိမ်တွေအားလုံးမှာ လုံခြုံရေး အန္တရာယ်တွေ ရှိနေမှန်း ကျွန်မ သိလိုက်ရတယ်။ အဲဒီအချိန်က ညီအစ်မ ကျန်းယူရဲ့အိမ်ကသာ နှိုင်းယှဉ်ကြည့်ရင် လုံခြုံပြီး အလုပ်ကိစ္စ ဆွေးနွေးဖို့ ယာယီသုံးလို့ ရနိုင်တယ်။ ဒါပေမဲ့ ကျန်းယူနဲ့ တွေ့တဲ့အခါ လွန်ခဲ့တဲ့ သုံးလေးနှစ်က သူ့အိမ်မှာ ညီအစ်မ တချို့ကို ရဲတွေ ဖမ်းသွားဖူးကြောင်းနဲ့ ယုဒ ကျန်းဖန် အဖမ်းမခံရခင်က သူ့အိမ်ကိုလည်း လာခဲ့ဖူးကြောင်း ကျွန်မ သိလိုက်ရတယ်။ သူပြောတာကို ကြားတော့ ကျွန်မ ရင်ထိတ်သွားတယ်၊ “ရဲတွေက တိတ်တဆိတ် စောင့်ကြည့်နေမလား။ ငါ့ကိုများ ဖမ်းသွားရင် ဘယ်လိုလုပ်မလဲ။ ငါသာ ညှဉ်းဆဲတာကို မခံနိုင်ဘဲ ယုဒဖြစ်သွားရင် ငါ့အတွက် အရာအားလုံး ပြီးဆုံးသွားပြီ မဟုတ်ဘူးလား။ ငါ နေရမလား၊ ဒါမှမဟုတ် မြန်မြန် ထွက်သွားရမလား။ နေမယ်ဆိုရင် အဖမ်းခံရနိုင်တဲ့ အန္တရာယ်ရှိတယ်၊ ဒါပေမဲ့ ထွက်သွားမယ်ဆိုရင်တော့ နောက်ဆက်တွဲအလုပ်တွေအကြောင်း ဆွေးနွေးဖို့ နည်းလမ်းမရှိတော့ဘူး” ပေါ့။ ဘယ်လို လက်တွေ့လုပ်ဆောင်ရမလဲဆိုတာ လမ်းပြပေးဖို့ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “လူ့သဘာဝ မရှိသည့် လူတစ်ဦးအတွက် သမ္မာတရား ရရှိဖို့ လွယ်ကူသလော။ သူ့အတွက် ခက်ခဲပေသည်။ ၎င်းအနေဖြင့် ဆင်းရဲဒုက္ခခံရန် သို့မဟုတ် အဖိုးအခအချို့ ပေးဆပ်ရန် လိုအပ်လာသောအခါတွင် သူက ‘သင်တို့တွေ ဤဆင်းရဲဒုက္ခနှင့် အဖိုးအခပေးခြင်း အားလုံးဖြင့် ဦးစွာ ရှေ့ဆက်ကြပါ၊ ရလဒ်များ အတော်များများ စွမ်းဆောင်ရရှိပြီးသည့်နောက်တွင်၊ သင်တို့နှင့် ကျွန်ုပ် လိုက်ပါပါမည်’ ဟု တွေးလေသည်။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုး ဖြစ်သနည်း။ ထိုသို့သော အပြုအမူများကို စုပေါင်း၍ ‘လူ့သဘာဝ မပိုင်ဆိုင်ခြင်း’ အဖြစ် သိရပေသည်။...လူအချို့သည် အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ ပုန်းလျှိုးဖို့ရန်သာ အရေးစိုက်ကြသည်။ အချို့က အခြားသူများကို ကာကွယ်ပြီး မိမိကိုယ်ကို ဂရုမစိုက်ကြချေ။ သူတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ အချို့က တောင့်ခံကြပြီး အချို့က တွန်းလှန်တိုက်ခိုက်ကြသည်။ ဤသည်တို့မှာ လူ့သဘာဝထဲရှိ ကွဲပြားချက်များ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သည်) ကိုယ်ကျင့်စရိုက်ကောင်းတဲ့သူတွေဟာ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ တခြားသူတွေကို အရင် ကာကွယ်ပေးတတ်ပြီး၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ ကျရောက်ဖို့တောင် လိုလားကြတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်။ လူ့သဘာဝမရှိတဲ့သူတွေကတော့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတယ်၊ အန္တရာယ်နီးကပ်လာတဲ့အခါ ကိုယ့်လုံခြုံရေးကိုပဲ ဦးစားပေးပြီး အလုအယက်ပုန်းရှောင်ကြတယ်၊ အသင်းတော်အလုပ် ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေရဲ့ ဘေးကင်းလုံခြုံမှုကို လုံးဝ ဂရုမစိုက်ကြဘူး။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ယှဉ်ကြည့်ရင် ကျွန်မက အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး ကျွန်မရဲ့ ကိုယ်ကျင့်စရိုက်က အရမ်း ညံ့ဖျင်းနေတာကို ကျွန်မ မြင်လိုက်ရတယ်။ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး စဉ်းစားတယ်၊ အဖမ်းခံရမှာ ကြောက်ပြီး ချက်ချင်း ထွက်ပြေးချင်ခဲ့တယ်၊ အသင်းတော်အလုပ် ဒါမှမဟုတ် ကိုယ့်တာဝန်ကို တစ်စက်လေးမှ ဂရုမစိုက်ခဲ့ဘူး။ ကျန်းယူရဲ့အိမ်မှာ လုံခြုံရေးဆိုင်ရာ အန္တရာယ်တချို့ ရှိနေပေမဲ့၊ တခြားအိမ်တွေနဲ့ ယှဉ်ရင် အခုလောလောဆယ် အသင်းတော်မှာ နှိုင်းယှဉ်ချက်အရ လုံခြုံတဲ့အိမ် ဖြစ်နေတယ်။ အလုပ်ကိစ္စ ဆွေးနွေးဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဖို့ အဲဒီမှာ ယာယီနေလို့ရတယ်၊ ပြီးတော့ ပိုသင့်တော်တဲ့ နေရာတစ်ခု ရှာတွေ့တဲ့အခါမှ တခြားနေရာကို ပြောင်းလို့ရတယ်။ တကယ်လို့ ထူးခြားတဲ့ အခြေအနေတွေ ကြုံလာရရင် ဘုရားသခင်ဆီ ဆုတောင်းပြီး ယုံကြည်ခြင်း၊ ဉာဏ်ပညာတွေနဲ့ ကိစ္စတွေကို ကိုင်တွယ်သင့်တယ်။ ဒါကြောင့် ယုံကြည်ခြင်းနဲ့ ဆင်းရဲဒုက္ခကို သည်းခံနိုင်တဲ့ စိတ်စွမ်းအား ပေးသနားဖို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။

နောက်တစ်နေ့မှာ အလုပ်ကိစ္စ ဆွေးနွေးဖို့ ညီအစ်ကိုနှစ်ယောက်ကို ကျန်းယူရဲ့အိမ် လာဖို့ ကျွန်မ စီစဉ်လိုက်တယ်။ ကျန်းယူနဲ့ တစ်ရွာတည်းနေတဲ့ လီဘင်က ကျွန်မကို မြင်တော့ ပြောတယ်၊ “ကျန်းယူအိမ်နားက ကျွန်တော်တို့ရွာထဲမှာ ဆိုးယုတ်တဲ့လူ နှစ်ယောက်ရှိတယ်။ ရွာထဲကို သူစိမ်းတွေ ဝင်လာတာမြင်ပြီး ယုံကြည်သူတွေဆိုတာ သိသွားရင် သူတို့ ရဲကို ဖုန်းဆက်တိုင်ကြမှာ။ အရင်ကလည်း ကျွန်တော်တို့ရွာမှာ ဒီဆိုးယုတ်တဲ့လူတွေထဲက တစ်ယောက်က တိုင်လို့ ညီအစ်ကိုမောင်နှမတချို့ အဖမ်းခံခဲ့ရဖူးတယ်” တဲ့။ လီဘင်ရဲ့စကားကို ကြားတော့ ကျွန်မ နည်းနည်း ကြောက်သွားပြီး တွေးမိတယ်၊ “ငါ ရောက်လာတုန်းက အဲဒီဆိုးယုတ်တဲ့လူတွေ ငါ့ကို မြင်သွားလား မသိဘူး။ သူတို့ တိုင်လိုက်လို့ကတော့ ငါ သေချာပေါက် အဖမ်းခံရမှာပဲ” ပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို သတိရသွားပြီး ရှာဖတ်ကြည့်လိုက်တယ်။ ဘုရားသခင်က ပြောသည် “စာတန်က မည်မျှပင် ‘အလွန့်အလွန် အာဏာရှိ’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်မှန်းချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော ၎င်း၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို ၎င်း၏ ဖောက်ပြန်ပျက်စီးစေနိုင်စွမ်းနှင့် မျှားခေါ်နိုင်စွမ်းတို့က မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို ၎င်းခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ ၎င်းဖြစ်တည်နေသည့် ပုံစံက မည်မျှပင် မဆုံးနိုင်အောင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ ၎င်းမချပေးနိုင်ခဲ့ပေ။ သို့မဟုတ် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ ၎င်း အုပ်စိုးပြီး အချုပ်အခြာအာဏာ ကိုင်စွဲနိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် ၎င်းကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ လူတစ်ဦးမျှ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ ၎င်း၏ အချုပ်အခြာအာဏာအောက်တွင်ဖြစ်စေ၊ ၎င်း၏ အုပ်စိုးခံရခြင်းဖြစ်စေ မရှိချေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို ကျိုးနွံနာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ စာတန်သည် ကုန်းမြေပေါ်မှ ရေတစ်စက်၊ သို့မဟုတ် သဲတစ်ပွင့်ကိုပင် အလွယ်တကူ မထိနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့်၊ စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ထိပါးပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က လောက်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် ၎င်း၏ကဏ္ဍသည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အစေခံရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ ၎င်း၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ ၎င်း၏အနှစ်သာရက မည်မျှပင် ကောက်ကျစ်ဆိုးယုတ်ပါစေ ၎င်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံမှုပေးခြင်းဟူသည့် ၎င်း၏ တာဝန်ကို ကျေပွန်စွာ လိုက်နာရန်နှင့် အဖြည့်ခံတစ်ဦးအနေဖြင့် ကောင်းမွန်စွာ အစေခံရန် ဖြစ်၏။ ယင်းမှာ စာတန်၏ အခြေအမြစ်နှင့် မူလနေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ ၎င်းသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ အစေခံမှုအတွက် ဘုရားသခင် အသုံးချသည့် စက်ယန္တရားတစ်လုံးသာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အား ပေးခဲ့တယ်။ ဘုရားသခင်က အရာရာအပေါ် အချုပ်အခြာအာဏာကိုင်စွဲထားပြီး အရာခပ်သိမ်းကို ထိန်းချုပ်ထားတယ်။ အရာရာတိုင်း၊ ဖြစ်ရပ်တိုင်းက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်။ စီစီပီနဲ့ ဆိုးယုတ်တဲ့လူတွေ ဘယ်လောက်ပဲ သောင်းကျန်းနေပါစေ၊ အားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်။ ဘုရားသခင်ရဲ့ အမြင်မှာ သူတို့က မြေကြီးပေါ်က လောက်ကောင်တွေလောက်တောင် အဆင့်မရှိဘူး။ သူတို့က ဘုရားသခင် ရွေးချယ်ထားတဲ့လူတွေကို စုံလင်စေဖို့ အစေခံမှုပေးတဲ့ ကိရိယာသက်သက်ပဲ ဖြစ်တယ်။ အဆင်းနီသော နဂါးကြီးက ဘုရားသခင်ကို ယုံကြည်သူတွေကို ဖမ်းဆီးဖို့ အစွမ်းကုန် ကြိုးစားပေမဲ့ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ကျွန်မတို့ကို ဘာမှ လုပ်လို့မရဘူး။ စီစီပီက ညီအစ်ကိုမောင်နှမတချို့ကို လိုက်ဖမ်းပြီး ဆုငွေထုတ်ထားပြီး ပါတီက လူအင်အား၊ ပစ္စည်းအင်အားတွေ အများကြီးသုံးပြီး ရှာဖွေတာ၊ နောက်ယောင်ခံလိုက်တာ၊ စောင့်ကြည့်တာတွေ လုပ်ပြီးတော့ စောင့်ကြည့်ဖို့ နည်းပညာမြင့် ပစ္စည်းကိရိယာ မျိုးစုံကို သုံးပေမဲ့ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ သူတို့ကို ဖမ်းလို့မရသေးသလိုမျိုးပေါ့။ အဲဒီနေ့က ကျွန်မကို တိုင်မယ့် ဆိုးယုတ်တဲ့လူတွေ ရှိနိုင်တယ်လို့ ကြားရတော့ ကျွန်မ ထိတ်လန့်ကြောက်ရွံ့သွားတယ်။ ဘုရားသခင်ကို ယုံကြည်တယ်လို့ ကျွန်မ ပြောနေပေမဲ့ တကယ်တမ်း လက်တွေ့ကြုံလာရတဲ့အခါ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင် မရှိသလို ဖြစ်နေတာကို မြင်လိုက်ရတယ်။ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းက အရမ်းကို သေးငယ်လွန်းတယ်။ ပတ်ဝန်းကျင်က ဆိုးရွားနေပေမဲ့ အဖမ်းခံရမလား၊ မခံရဘူးလားဆိုတာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်။ ဒီကိစ္စက ဘုရားသခင်အပေါ်မှာပဲ မူတည်တယ်။ ဒါကို တွေးမိတော့ ကျွန်မ သိပ်မကြောက်တော့ဘူး။ ညီအစ်ကိုနှစ်ယောက်က ကြောက်ရွံ့ထိတ်လန့်ပြီး အသက်ရှင်နေတာကို မြင်တော့ ဘုရားသခင်ရဲ့ သြဇာအာဏာနဲ့ အချုပ်အခြာအာဏာအကြောင်းကို သူတို့နဲ့ ကျွန်မ မိတ်သဟာယပြုခဲ့တယ်။ နားထောင်ပြီးတဲ့နောက်မှာ သူတို့လည်း ယုံကြည်ခြင်းတွေ ရလာပြီး သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ လိုလားသွားကြတယ်။

အဲဒီနောက်မှာ ကျွန်မ တွေးမိတယ်၊ “ငါ ဘာလို့ အဖမ်းခံရမှာနဲ့ ရိုက်သတ်ခံရမှာကို ဒီလောက်တောင် ကြောက်နေရတာလဲ။ သမ္မာတရားရဲ့ ဘယ်ရှုထောင့်ကို ငါ ဝင်ရောက်သင့်လဲ” ပေါ့။ ဘုရားနှုတ်ကပတ်တော်တွေမှာ ပြောထားတာကို ကျွန်မ ဖတ်လိုက်ရတယ်။ “သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်။ သေဆုံးခြင်း ပုံစံအမျိုးမျိုးသည် သူတို့အပေါ် ကျရောက်ခဲ့သည်။ သူတို့၏ သေဆုံးခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ သူတို့သည် မတော်မတရားမှု တစ်စုံတစ်ရာကို ပြုလုပ်ခဲ့ကြပြီးနောက် ဥပဒေအရ ကွပ်မျက်ခံခဲ့ကြရခြင်းလော။ မဟုတ်ပေ၊ သူတို့သည် သခင်၏ ဧဝံဂေလိတရားကို ဖြန့်ချိခဲ့ကြသော်လည်း လောကကြီးသည် ယင်းကို လက်မခံခဲ့ကြဘဲ ယင်းအစား သူတို့ကို ရှုတ်ချခြင်း၊ ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ကြပြီး သူတို့ကို သေသည်အထိပင် ပြုလုပ်ခဲ့ကြသည်၊၊ ယင်းမှာ ၎င်းတို့ မာတုရဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။ ထိုမာတုရများ၏ နောက်ဆုံး အဆုံးသတ်ကို မပြောကြစို့နှင့် သို့မဟုတ် ၎င်းတို့၏ အပြုအမူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ဆုံးဖြတ်သတ်မှတ်ခြင်းကို မပြောကြစို့နှင့်၊ သို့ရာတွင် ဤသည်ကို မေးလော့၊ ၎င်းတို့သည် အဆုံးသတ်ကို ရောက်သည့်အခါ၊ ၎င်းတို့၏ အသက်တာများတွင် အဆုံးသတ်ကို ၎င်းတို့ကြုံရသည့် ပုံစံများသည် လူသားတို့၏ အယူအဆများနှင့် ကိုက်ညီသလော။ (မကိုက်ညီပေ။) လူသားအယူအဆများ၏ အမြင်ရှုထောင့်မှ၊ ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို ဖြန့်ချိဖို့ ထိုမျှကြီးမားသော အဖိုးအခကို ပေးခဲ့ကြသော်လည်း နောက်ဆုံးတွင် စာတန်၏ အသေသတ်ခြင်းကို ခံခဲ့ကြရသည်။ ဤသည်မှာ လူသားများ၏ အယူအဆများနှင့် မကိုက်ညီသော်လည်း၊ ဤသည်မှာ ၎င်းတို့၌ ဖြစ်ပျက်ခဲ့သည့်အရာ အတိအကျပင် ဖြစ်သည်။ ယင်းမှာ ဘုရားသခင် ခွင့်ပြုခဲ့သည့် အရာပင်ဖြစ်သည်။ ဤအရာ၌ မည်သည့်သမ္မာတရားကို ရှာတွေ့နိုင်သနည်း။ ဘုရားသခင်က ၎င်းတို့အား ဤနည်းဖြင့် သေခွင့်ပြုခြင်းသည် သူ၏ကျိန်စာနှင့် ပြစ်တင်ရှုတ်ချခြင်းလော၊ သို့မဟုတ် သူ၏အစီအစဉ်နှင့် ကောင်းချီးမင်္ဂလာလော။ ယင်းမှာ တစ်ခုမျှမဟုတ်ပေ။ ယင်းမှာ အဘယ်နည်း။ ယခု လူများသည် ၎င်းတို့၏ သေခြင်းတရားများကို စိတ်နှလုံးပူဆွေးခြင်းများဖြင့် ဆင်ခြင်သုံးသပ်ကြသော်လည်း ယင်းမှာ အမှုအရာများ ဖြစ်ပျက်ခဲ့သည့် ပုံစံပင် ဖြစ်လေသည်။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့်သူများသည် ထိုနည်းဖြင့် သေဆုံးခဲ့ကြသည့် ဤအရာကို မည်သို့ ရှင်းပြရမည်နည်း။ ဤအကြောင်းအရာကို ငါတို့ ဖော်ပြသည့်အခါ၊ သင်တို့က ၎င်းတို့၏ နေရာတွင် ကိုယ်ချင်းစာကြည့်သည်။ သို့ဆိုလျှင် သင်တို့၏စိတ်နှလုံးများသည် ဝမ်းနည်းပြီး ဖုံးကွယ်နေသည့် နာကျင်မှုတစ်ခုကို သင်တို့ခံစားရသလော။ သင်က ‘ဤလူများသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ချိဖို့ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ကြပြီး လူကောင်းများအဖြစ် မှတ်ယူသင့်သောကြောင့်၊ ၎င်းတို့သည် ထိုသို့သော အဆုံးသတ်တစ်ခုနှင့် ထိုသို့သော ရလဒ်တစ်ခုသို့ အဘယ့်ကြောင့် ရောက်နိုင်ကြသနည်း’ ဟု တွေးသည်။ အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ ပုံစံများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်များ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် မဖြစ်မနေ ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ဤသည်မှာ ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချခဲ့ကြပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံခဲ့ကြသည့် ပုံစံအတိအကျပင် ဖြစ်သည်။ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်များကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ ၎င်းတို့အသက်၏နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်များ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်ကြောင်း၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်ကြောင်း၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်း၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် ဤလူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်း၊ ဤအချက်သည် ထာဝစဉ် မပြောင်းလဲနိုင်ကြောင်းတို့ကို လူသားတို့အား သက်သေပြဖို့ ၎င်းတို့၏အသက်များကို အသုံးပြုခဲ့သည်။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ချိခြင်းအတွက် မာတုရဖြစ်ခဲ့ကြသူများသည် သူတို့၏ တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့ကြသနည်း။ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်များကို ပူဇော်ဆက်ကပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်များဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး ဖြစ်ချင်တော့ ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့်အချိန်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ ဤအဖြစ်မှန် တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့အသက်၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး ခြောက်လှန့်ကာ အဆုံး၌ စာတန်သည် သူတို့၏ အသက်ကို အဖိုးအခ ပေးစေသည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မစွန့်ပစ်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤအရာနှင့်ပတ်သက်၍ ငါ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် သူ၏ဧဝံဂေလိတရားအား ဖြန့်ချိဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့ အသုံးပြုစေဖို့ ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက ယင်းကို မလွဲမသွေ တာဝန်ရှိသည့်အရာတစ်ခုအဖြစ် သင် လက်ခံသင့်ကြောင်းကို သင်နားလည်ရမည်။ ယနေ့လူများသည် ၎င်းတို့ထဲ၌ ကြောက်စိတ်နှင့် စိုးရိမ်မှုတို့ ရှိကြသော်လည်း ထိုခံစားချက်များသည် မည်သည့်အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်စေဖို့ လိုအပ်ခြင်းမရှိပါက ယင်းနှင့်ပတ်သက်၍ စိုးရိမ်နေခြင်းမှာ မည်သည့် အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်ဖို့ လိုအပ်ပါက သင်သည် သင်၏တာဝန်ကို ခေါင်းမရှောင်သင့်သကဲ့သို့ မငြင်းပယ်သင့်ပေ။ သင်သည် တက်ကြွစွာ ပူးပေါင်းသင့်ပြီး စိတ်ပူခြင်းမရှိဘဲ လက်ခံသင့်သည်။ တစ်စုံတစ်ဦးသည် မည်သို့သေဆုံးပါစေ ၎င်းသည် စာတန်ရှေ့မှောက်တွင် မသေဆုံးသင့်ပေ၊ ပြီးလျှင် စာတန်၏လက်ထဲတွင် မသေဆုံးသင့်ပေ။ တစ်စုံတစ်ဦးက သေဆုံးတော့မည်ဖြစ်ပါက ၎င်းသည် ဘုရားသခင်၏လက်ထဲတွင် သေဆုံးသင့်သည်။ လူများသည် ဘုရားသခင်ထံမှ လာကြသည်၊ ပြီးလျှင် ဘုရားသခင်ထံသို့ ၎င်းတို့ ပြန်ကြသည်။ ယင်းမှာ ဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားနှင့် သဘောထားတို့ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ သခင်ယေရှုနောက်လိုက်တဲ့ တပည့်တော်တွေဟာ သခင့်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေတဲ့အတွက် အုပ်စိုးသူတွေနဲ့ ဘာသာရေးလောကရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံရပြီး နည်းလမ်းမျိုးစုံနဲ့ သေဆုံးခဲ့ကြတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ဒါပေမဲ့ သူတို့က ဘုရားသခင်အတွက် လှပတဲ့ သက်သေခံချက်တစ်ခု ပေးဖို့နဲ့ စာတန်ကို အရှက်ခွဲဖို့ သူတို့ရဲ့ အသက်တွေနဲ့ အဖိုးအခ ပေးဆပ်ခဲ့ကြတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေ သေဆုံးသွားပေမဲ့ ဝိညာဉ်တွေက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိနေပြီး သူတို့ရဲ့ သေဆုံးမှုတွေကို ဘုရားသခင်က အမှတ်ရနေတယ်။ နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တဲ့ ကျွန်မတို့ဟာ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေတဲ့အတွက် တရုတ်အာဏာရပါတီရဲ့ ရက်စက်တဲ့ ဖိနှိပ်မှုကို ခံကြရတယ်။ ညီအစ်ကိုမောင်နှမ အများကြီးဟာ အဖမ်းခံရပြီးနောက် ညှဉ်းဆဲခံကြရတယ်၊ ဒါပေမဲ့ သေလုနီးပါး အခြေအနေမှာတောင် ဘုရားသခင်ရဲ့ နာမတော်ကို မငြင်းပယ်သလို ကိုယ်တော့်ကို သစ္စာမဖောက်ကြဘူး။ တချို့ဆို သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံရပေမဲ့ ယုဒတွေ ဖြစ်မသွားကြဘူး။ ဘုရားသခင်အတွက် သက်သေခံဖို့ သူတို့ရဲ့ အသက်တွေကို ပေးဆပ်ခဲ့ကြတာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ ကျွန်မကျတော့ရော။ ဒီလို အန္တရာယ်များတဲ့ ပတ်ဝန်းကျင်ကို မြင်ပြီး အဖမ်းခံရမှာ၊ ရိုက်သတ်ခံရမှာ ကြောက်လို့ ကိုယ့်တာဝန်ကို စွန့်လွှတ်ချင်ခဲ့တယ်။ ကျွန်မ တကယ်ကို သေရမှာ ကြောက်ခဲ့တာပါလား။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး ယုတ်ညံ့တဲ့ ဖြစ်တည်မှုကို ဆက်ပြီးဆွဲဆန့်ဖို့ပဲ ကြိုးစားနေရင် ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ကာကွယ်နိုင်ရင်တောင်မှ၊ ကျွန်မက လမ်းလျှောက်နေတဲ့ အလောင်းကောင်သက်သက်ပဲ ဖြစ်နေမှာ။ ကျွန်မတာဝန်ကို ကောင်းကောင်း မထမ်းဆောင်ဘဲ ဘုရားသခင်ရှေ့မှာ ကောင်းမှုတွေ ဒါမှမဟုတ် သက်သေခံချက် မရှိရင်၊ ဇာတိပကတိအရ အသက်ရှင်နေရင်တောင် ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရမှာမဟုတ်ဘူး၊ ပြီးတော့ သေတဲ့အခါ ငရဲမှာ အပြစ်ဒဏ်ပေးခံရမယ်။ ဒါကို နားလည်သွားတော့ သေခြင်းတရားကို ကြောက်တဲ့စိတ်ကြောင့် ဘောင်ခတ်ခံရတာ သိပ်မရှိတော့ဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ရပြီး ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာတယ်။ ဘုရားသခင်က ပြောသည် “အန္တိခရစ်များသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြသည်။ ၎င်းတို့၌ ဘုရားသခင်အပေါ် သစ္စာရှိဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ပြဿနာတစ်ခုကို ကြုံရသည့်အခါ မိမိကိုယ်ကိုသာ ကာကွယ်ပြီး ဘေးဆီးရန်ကာကြသည်။ ၎င်းတို့အတွက်မူ မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးထက် မည်သည့်အရာမျှ သာ၍ အရေးမကြီးချေ။ ၎င်းတို့ အသက်ရှင်နိုင်ပြီး အဖမ်းမခံရသရွေ့ အသင်းတော်၏ အလုပ်အဖို့ မည်မျှ ဘေးဖြစ်စေသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ။ ဤလူများသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သည်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အတွက် လုံးဝ မစဉ်းစားကြပေ၊ ၎င်းတို့က မိမိတို့၏ ဘေးကင်းလုံခြုံမှုအတွက်သာ စဉ်းစားကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ထို့ကြောင့် ထိုသို့သော အရာများသည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသည့် သူများနှင့် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်မှုရှိသည့်သူများထံ ဖြစ်ပေါ်သည့်အခါ ၎င်းတို့က ယင်းတို့ကို မည်သို့ ကိုင်တွယ်သနည်း။ ၎င်းတို့ လုပ်ဆောင်သည့်အရာသည် အန္တိခရစ်တို့ လုပ်ဆောင်သည့်အရာနှင့် အဘယ်သို့ ခြားနားသနည်း။...ဘုရားသခင်ကို သစ္စာစောင့်သိသည့်သူများက ပတ်ဝန်းကျင်တစ်ခုသည် အန္တရာယ် ရှိသည်ကို ရှင်းလင်းစွာ သိသည့်အခါတွင် ၎င်းတို့ကိုယ်တိုင် မဆုတ်ခွာမီ နောက်ဆက်တွဲ အခြေအနေကို ကိုင်တွယ်သည့် အလုပ်ကို လုပ်ဖို့ လိုလားဆဲဖြစ်ကာ ဘုရားအိမ်တော်ကို ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို ဦးစားမပေးကြပေ။ ငါ့ကိုပြောလော့၊ အဆင်းနီသောနဂါးကြီး၏ ဤကောက်ကျစ်ဆိုးယုတ်သောနိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းတွင် အန္တရာယ်လုံးဝ မရှိဟု မည်သူက သေချာစေနိုင်သနည်း။ မည်သည့်တာဝန်ကို တာဝန်ယူဆောင်ရွက်ပါစေ ယင်းက အန္တရာယ်အချို့ ပါဝင်သည်။ သို့တိုင် တာဝန်ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းထားခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်စဉ်တွင် မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အန္တရာယ်ကို ခံယူရမည် ဖြစ်သည်။ အကြင်သူသည် ဉာဏ်ပညာကို အသုံးပြုသင့်ပြီး မိမိ၏ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ ချိန်ဆရန် လိုအပ်သော်လည်း မိမိ၏ ကိုယ်ရေးကိုယ်တာ ဘေးကင်းလုံခြုံရေးကို ဦးစားမပေးသင့်ပေ။ ထိုသူသည် ဘုရားအိမ်တော်၏အလုပ်နှင့် ဧဝံဂေလိဖြန့်ဝေခြင်းကို ဦးစားပေးလျက် ဘုရားရည်ရွယ်ချက်များကို အလေးထားသင့်သည်။ မိမိအတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ခြင်းသည် အရေးအကြီးဆုံး အရာဖြစ်ပြီး ဦးစားပေးဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကိုသာ အဓိက ဦးစားပေးကြသည်။ အခြားမည်သည့်အရာမျှ ၎င်းတို့နှင့် မသက်ဆိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ အခြားသူတစ်ဦးကို တစ်စုံတစ်ခုဖြစ်သည့်အခါ၊ ထိုသူ မည်သူဖြစ်နိုင်ပါစေ ၎င်းတို့ ဂရုမစိုက်ကြချေ။ အန္တိခရစ်များ ကိုယ်တိုင် မည်သည့်ဆိုးရွားသည့်အရာမျှ မဖြစ်သရွေ့၊ ၎င်းတို့ စိတ်အေးလက်အေး ဖြစ်ကြသည်။ ၎င်းတို့၌ သစ္စာစောင့်သိခြင်း တစ်စက်မျှ မရှိပေ၊ ယင်းကို အန္တိခရစ်များ၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ပေး၏။ တရုတ်ပြည်မ၏ ပတ်ဝန်းကျင်တွင်၊ မိမိတာဝန်ကို လုပ်ဆောင်နေစဉ် စွန့်စားမှုတစ်ခုတလေကို ရှောင်ရှားရန်နှင့် မကောင်းသည့်အရာ မည်သည့်အရာမျှ မဖြစ်ဖို့ သေချာစေရန် ဖြစ်နိုင်သလော။ သတိအရှိဆုံးသောလူပင်လျှင် ထိုအရာကို အာမမခံနိုင်ပေ။ သို့သော် သတိက လိုအပ်သည်။ ကြိုတင် ကောင်းစွာ ပြင်ဆင်ထားခြင်းသည် ကိစ္စများကို အနည်းငယ် တိုးတက်စေပြီး၊ တစ်စုံတစ်ရာ လွဲချော်သွားသည့်အခါ ဆုံးရှုံးမှုများကို လျော့ပါးစေဖို့ အထောက်အကူပြုနိုင်သည်။ ပြင်ဆင်မှု လုံးဝ မရှိလျှင်၊ ဆုံးရှုံးမှုများက များပြားလိမ့်မည်။ ဤအခြေအနေနှစ်ခုကြားက ကွာခြားချက်ကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သလော။ ထို့ကြောင့်၊ စုဝေးပွဲများနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ တာဝန်တစ်မျိုးမျိုးကို ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ ဖြစ်စေ၊ သတိရှိခြင်းက အကောင်းဆုံးဖြစ်ပြီး၊ တားဆီးကာကွယ်ရေး စီမံချက်များကို လုပ်ဆောင်ရန် လိုအပ်သည်။ သစ္စာစောင့်သိသည့် လူတစ်ဦးက မိမိတာဝန်ကို ထမ်းဆောင်သည့်အခါ ၎င်းက အနည်းငယ် သာ၍ ပြည့်စုံစွာ၊ စေ့စပ်စွာစဉ်းစားနိုင်သည်။ တစ်စုံတစ်ရာ လွဲချော်သွားသည့်အခါ ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်စေရန်အလို့ငှာ ဤအရာများအပြင် မိမိတို့ လုပ်နိုင်သည့်အရာကို ၎င်းတို့က စီစဉ်လိုကြသည်။ ဤရလဒ်ကို စွမ်းဆောင်ရရှိရမည်ဟု ၎င်းတို့ ခံစားကြသည်။ သစ္စာစောင့်သိမှု ကင်းမဲ့သူတစ်စုံတစ်ဦးသည် ဤအရာများကို ထည့်မတွက်ပေ။ ဤအရာများက အရေးပါခြင်းမရှိဟု ၎င်းတို့ တွေးထင်ပြီး၊ မိမိတို့တာဝန် သို့မဟုတ် အလုပ်အဖြစ် သဘောမထားကြပေ။ တစ်စုံတစ်ရာ လွဲချော်သည့်အခါ၊ မိမိကိုယ်ကို အပြစ်တင်စိတ်တစ်ခုမျှ မခံစားကြရပေ။ ဤသည်မှာ သစ္စာစောင့်သိမှု ကင်းမဲ့ခြင်း သရုပ်သကန်တစ်ခု ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်ကို သစ္စာစောင့်သိမှု မပြကြပေ။ ၎င်းတို့သည် အလုပ်တာဝန်ပေးခံရသည့်အခါ အတော်လေး ဝမ်းမြောက်ဝမ်းသာ လက်ခံကြပြီး ကောင်းမွန်သည့် ကြေညာချက်အချို့ ပြုလုပ်ကြသော်လည်း အန္တရာယ်လာသည့်အခါ အမြန်ဆုံး ထွက်ပြေးသွားကြသည်။ ၎င်းတို့သည် ပြေးရာတွင် ပထမ၊ ရှောင်တိမ်းရာတွင် ပထမဖြစ်သည်။ ဤအရာက ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းတို့သည် အထူးသဖြင့် ဆိုးရွားပြင်းထန်သည်ကို ပြသည်။ ၎င်းတို့တွင် တာဝန်သိစိတ် သို့မဟုတ် သစ္စာစောင့်သိမှု လုံးဝ မရှိကြပေ။ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ မည်သို့ ထွက်ပြေးပြီး မည်သို့ ပုန်းကွယ်ရမည်ဟူသည်ကိုသာ သိကြကာ မိမိတို့၏ တာဝန်များ သို့မဟုတ် အလုပ်များကို လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မိမိတို့ကိုယ်ကို ကာကွယ်ခြင်းကိုသာ စဉ်းစားကြသည်။ မိမိတို့၏ ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုအတွက်၊ အန္တိခရစ်များသည် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် သဘာဝကို တစ်သမတ်တည်း ပြသကြသည်။ ဘုရားအိမ်တော်၏ အလုပ် သို့မဟုတ် မိမိတို့ကိုယ်ပိုင် တာဝန်များကို ၎င်းတို့ ဦးစားမပေးကြပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သာ၍ပင် ဦးစားမပေးကြပေ။ ထိုအစား မိမိတို့ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုကိုသာ ဦးစားပေးကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) အန္တိခရစ်တွေက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတယ်၊ အန္တရာယ်ကြုံလာတဲ့အခါ ဘုရားအိမ်တော်ရဲ့ အလုပ်၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တွေက သူတို့နဲ့ မဆိုင်သလိုမျိုး သူတို့က ထွက်ပြေးပုန်းရှောင်ဖို့ ပထမဆုံးလူတွေ ဖြစ်နေတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးတောဆင်ခြင်ရင်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်။ ကျွန်မ ထုတ်ဖော်ခဲ့တဲ့အရာတွေက အန္တိခရစ်တစ်ယောက်ရဲ့ အရာတွေနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ အဖမ်းခံရတဲ့အခါ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို နေရာပြောင်းရွှေ့ဖို့နဲ့ ညီအစ်ကိုမောင်နှမတွေကို ထောက်ပံ့ပေးဖို့ အသင်းတော်က ကျွန်မကို စီစဉ်ပေးခဲ့တယ်။ ဒါက အရမ်းအရေးကြီးပေမဲ့၊ ကျွန်မသာ အဖမ်းခံရရင် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ဘဲ ယုဒဖြစ်သွားပြီး ကျွန်မ ယုံကြည်ခြင်းက အလဟဿဖြစ်သွားမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဒီတာဝန်ကို ကျွန်မ မလုပ်ချင်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေအများကြီးရဲ့ ရေလောင်းပေးမှုနဲ့ ထောက်ပံ့မှုကို ကျွန်မ ပျော်မွေ့ခံစားခဲ့ရပေမဲ့၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို လုံးဝ မကာကွယ်ဘဲ ကိုယ်ပိုင် အကျိုးစီးပွားနဲ့ လုံခြုံရေးကိုပဲ စဉ်းစားခဲ့တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို အမြန်ဆုံး နေရာဘယ်လိုပြောင်းရွှေ့မလဲ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေကို ဘယ်လိုထောက်ပံ့ပေးမလဲ ဆိုတာကို မတွေးခဲ့ဘူးဆိုတာကို ကျွန်မ ပြန်တွေးမိတယ်။ ကျွန်မ တကယ်ကို အသိစိတ်နဲ့ လူ့သဘာဝ ကင်းမဲ့နေခဲ့တာပါလား။ ဒါကို သဘောပေါက်လိုက်တော့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးက အဖမ်းခံရမှာကို အမြဲစိုးရိမ်ပြီး ဒီပတ်ဝန်းကျင်ကနေ အမြဲတမ်း ထွက်ပြေးချင်နေသလို အသင်းတော်ရဲ့ အကျိုးစီးပွားကိုလည်း လျစ်လျူရှုထားမိပါတယ်။ သမီး တကယ်ကို တစ်ကိုယ်ကောင်းဆန်တာပါပဲ။ ဘုရားသခင်၊ သမီး အဖမ်းခံရမလား၊ မခံရဘူးလားဆိုတာ ကိုယ်တော့်လက်ထဲမှာ ရှိပါတယ်။ ကိုယ်တော်က သမီးကို အဖမ်းခံရဖို့ ခွင့်ပြုရင် သမီး ထွက်ပြေးလို့ လွတ်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကိုယ်တော် ခွင့်မပြုရင် ရဲတွေက သမီးကို ဖမ်းလို့မရပါဘူး။ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး သမီးတာဝန်ကို ဖြည့်ဆည်းဖို့ လိုလားပါတယ်။ ကျေးဇူးပြုပြီး သမီးကို ယုံကြည်ခြင်းနဲ့ ဆင်းရဲဒုက္ခကို သည်းခံနိုင်တဲ့ စိတ်စွမ်းအား ပေးသနားတော်မူပါ” ပေါ့။ အဲဒီနောက်မှာတော့ ယုဒ ကျန်းဖန်က ဟယ်ဖန်ရဲ့အိမ်ကို မသွားခဲ့ဖူးဘူးဆိုတာ ကျွန်မ သိလိုက်ရလို့ ညီအစ်ကိုမောင်နှမ တချို့ကို အဲဒီမှာ စုဝေးဖို့ ခေါ်လိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို အတူတူ ဖတ်ပြီး မိတ်သဟာယပြုခြင်းအားဖြင့် ဖိနှိပ်မှုနဲ့ ဆင်းရဲဒုက္ခတွေကြားမှာ ဘုရားသခင်ကို အားကိုးပြီး ဘယ်လို တွေ့ကြုံရမလဲဆိုတာကို ညီအစ်ကိုမောင်နှမတွေ နားလည်လာကြတယ်။ လူတိုင်း ယုံကြည်ခြင်းတချို့ ရလာပြီး သူတို့တာဝန်တွေကို ထမ်းဆောင်ချင်စိတ်ရှိခဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကိုလည်း ဘေးကင်းကင်းနဲ့ နေရာပြောင်းရွှေ့နိုင်ခဲ့တယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ မွန်းလွဲပိုင်းတစ်ရက်မှာ အထက်ခေါင်းဆောင်တွေဆီက စာတစ်စောင် ရခဲ့တယ်။ ကျွန်မ မွေးရပ်မြေ အသင်းတော်က ခေါင်းဆောင်တွေနဲ့ ညီအစ်မတချို့ အဆက်အသွယ် ပြတ်သွားတယ်၊ အဲဒါက သူတို့ အဖမ်းခံလိုက်ရလို့ ဖြစ်နိုင်ခြေများတယ်တဲ့။ ဒါကြောင့် အခြေအနေကို သွားကြည့်ဖို့၊ တစ်ခုခုဖြစ်ခဲ့ရင် နောက်ဆက်တွဲအလုပ်တွေကို ကိုင်တွယ်ဖို့၊ ပြီးတော့ ပူဇော်သက္ကာတွေနဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို နေရာပြောင်းရွှေ့ဖို့ ကျွန်မကို ခိုင်းလာတယ်။ ကျွန်မ စိတ်ဒွိဟဖြစ်သွားပြီး တွေးမိတယ်၊ “အဲဒီအသင်းတော်က ပတ်ဝန်းကျင် အရမ်းဆိုးရွားနေတာ၊ ပြီးတော့ အဆက်အသွယ်ပြတ်သွားတဲ့ ညီအစ်ကိုမောင်နှမတွေ အားလုံးက ငါ့ကို သိကြတယ်။ သူတို့သာ အဖမ်းခံရရင် ငါပါ အမှုပတ်သွားမလား။ နောက်ဆက်တွဲအလုပ်တွေ ကိုင်တွယ်ဖို့က ငါ့အတွက် အရမ်း အန္တရာယ်များလွန်းတယ်” ပေါ့။ ကျွန်မ သွားဖို့ ဝန်လေးနေခဲ့တယ်။ နောက်တော့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ “အချို့အသင်းတော်များသည် လူများ မကြာခဏ အဖမ်းခံရသည့် ရန်လိုသော ပတ်ဝန်းကျင်များတွင် ရှိနေပြီး၊ ဤအကြောင်းကြောင့် ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ထားသည့် အိမ်များ၏ တည်နေရာများ သစ္စာဖောက်ခံရကာ အဆင်းနီသော နဂါးကြီး၏ ဝင်ရောက်စီးနင်းခြင်းနှင့် ရှာဖွေခြင်းတို့ကို ခံရမည့် အခွင့်အရေးများသည်။ ပူဇော်သက္ကာများသည် အချိန်မရွေး ဆိုးယုတ်သော နတ်ဆိုးများ၏ လုယက်ခြင်းကို ခံရနိုင်သည်။ ထိုသို့သောနေရာများသည် ပူဇော်သက္ကာများကို သိုလှောင်ရန် သင့်လျော်သလော။ (မသင့်လျော်ပါ။) သို့ဆိုလျှင် ယင်းတို့ကို ထိုနေရာတွင် ထားနှင့်ပြီးဖြစ်ပါက မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ချက်ချင်းရွှေ့ပြောင်းလော့။...ပြဿနာတစ်ခု ဖြစ်ပွားပြီး ပူဇော်သက္ကာများ အန္တရာယ်ကျရောက်နေသည်ကို ၎င်းတို့ ကြိုမြင်သည့်အခါ၊ အဆင်းနီသော နဂါးကြီး၊ ဆိုးယုတ်သောနတ်ဆိုး၏ သိမ်းပိုက်ခြင်းနှင့် ဝါးမျိုခြင်းကို မခံရစေရန် ယင်းတို့ကို ချက်ချင်းရွှေ့ပြောင်းသင့်သည်။ ဤသည်မှာ ပူဇော်သက္ကာများ၏ ဘေးကင်းမှုကို သေချာစေရန်နှင့် မထင်မှတ်ဘဲ ကျရောက်နိုင်သော အန္တရာယ်တစ်ခုတလေ သို့မဟုတ် ချော်ချွတ်မှု တစ်ခုတလေ မဖြစ်ပေါ်စေရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သော အလုပ်ဖြစ်သည်။ အန္တရာယ်၏ အရိပ်အယောင် အနည်းငယ်မျှ ရှိသည်နှင့်တစ်ပြိုင်နက်၊ တစ်စုံတစ်ဦး အဖမ်းခံရသည်နှင့်တစ်ပြိုင်နက်၊ ပြဿနာတစ်ခု ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များ၊ အမှုဆောင်များ၏ ပထမဆုံးအတွေးမှာ ပူဇော်သက္ကာများ ဘေးကင်းလုံခြုံမှုရှိမရှိ၊ ယင်းတို့သည် ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်သွားနိုင်ခြင်းရှိမရှိ သို့မဟုတ် ၎င်းတို့၏ သိမ်းပိုက်ခြင်းကို ခံရနိုင်ခြင်း ရှိမရှိ သို့မဟုတ် ဆိုးယုတ်သော နတ်ဆိုးများ၏ လုယက်ခြင်းကို ခံရနိုင်ခြင်း ရှိမရှိ၊ ပူဇော်သက္ကာများ ဆုံးရှုံးမှု တစ်ခုတလေ ခံစားရခြင်းရှိမရှိ ဟူသည်တို့ ဖြစ်သင့်သည်။ ၎င်းတို့သည် ပူဇော်သက္ကာများကို ကာကွယ်ရန် အစီအမံများကို ချက်ချင်း ပြုလုပ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ပူဇော်သက္ကာတွေနဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ကာကွယ်ဖို့က ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေရဲ့ တာဝန်ဖြစ်တယ်ဆိုတာ ကျွန်မ နားလည်လိုက်တယ်။ စီစီပီက ကျွန်မ မွေးရပ်မြေက အသင်းတော်ကို ဖြိုခွဲနေပြီး နောက်ဆက်တွဲအလုပ်ကို လုပ်မယ့်သူ မရှိတဲ့အပြင်၊ ကျွန်မက အဲဒီအသင်းတော်နဲ့ တော်တော်လေး ရင်းနှီးတဲ့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားပြီး အသင်းတော်အလုပ်ကို ကာကွယ်ရမယ်လေ။ အဖမ်းခံရမှာ ကြောက်လို့ နောက်ဆက်တွဲအလုပ်ကို လုပ်ဖို့ ရှောင်လွှဲနေခဲ့မယ်ဆိုရင်၊ ပူဇော်သက္ကာတွေနဲ့ စာအုပ်တွေကို အဆင်းနီသော နဂါးကြီးက လုယူသွားရင် ကျွန်မက မကောင်းမှုပြုရာ ရောက်သွားမှာပေါ့။ ဒါကို သဘောပေါက်လိုက်တော့ အဲဒီနေ့ ညနေမှာပဲ မွေးရပ်မြေက အသင်းတော်ကို ကျွန်မ ပြန်သွားခဲ့တယ်။

ပြန်ရောက်တဲ့အခါ အသင်းတော်ခေါင်းဆောင်တွေ တကယ်ပဲ အဖမ်းခံလိုက်ရပြီး တခြားညီအစ်ကိုမောင်နှမတွေလည်း ဆက်တိုက် အဖမ်းခံနေရတယ်ဆိုတာ သိလိုက်ရတယ်။ သိုလှောင်တဲ့အိမ် တချို့က စာအုပ်တွေကို အရေးတကြီး နေရာပြောင်းရွှေ့ဖို့ လိုအပ်နေပေမဲ့၊ အဲဒီအချိန်က သင့်တော်တဲ့နေရာ ရှာမရလို့ အခက်အခဲဖြစ်တဲ့ အခြေအနေမှာ ကျွန်မ နေခဲ့ရတယ်။ နောက်ပိုင်းမှာ၊ “အကျပ်အတည်းနှစ်ထပ်ဆင့်ဖြင့် စမ်းသပ်ခံရခြင်း” ဆိုတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုကို ကြည့်ခဲ့ပြီး အဲဒီညီအစ်မရဲ့ အတွေ့အကြုံက ကျွန်မအတွက် တော်တော် အကျိုးရှိခဲ့တယ်။ အဲဒီညီအစ်မက ရဲတွေဖမ်းဆီးတာနဲ့ ကပ်ရောဂါကြောင့် အသွားအလာ ကန့်သတ်ခံရတာဆိုတဲ့ နှစ်ထပ်ကွမ်း အကျပ်အတည်းကို ရင်ဆိုင်ရပေမဲ့ သူ့တာဝန်ကို စွဲစွဲမြဲမြဲ ဆက်လုပ်ခဲ့တယ်။ ကျွန်မရဲ့ လက်ရှိပတ်ဝန်းကျင်က အဲဒီလောက် မဆိုးရွားတဲ့အတွက် ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ဘုရားသခင်ကို ပိုပြီး အားကိုးဖို့ လိုအပ်တယ်။ မကြာခင်မှာပဲ အထက်ခေါင်းဆောင်တွေက စာတစ်စောင်ပို့လာတယ်၊ တခြားအသင်းတော်မှာ သိုလှောင်တဲ့အိမ်တစ်ခု ရှာတွေ့ပြီတဲ့။ ဒါနဲ့ ကျွန်မတို့လည်း ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို အဲဒီကို နေရာပြောင်းရွှေ့ဖို့ ကားတစ်စီး အမြန်စီစဉ်လိုက်တယ်။ အဲဒီနောက် ညီအစ်ကိုမောင်နှမတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ၊ ပူဇော်သက္ကာတွေနဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို လုံခြုံတဲ့နေရာတွေဆီ ပြောင်းရွှေ့နိုင်ခဲ့တယ်။ ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်မ ယုံကြည်ခြင်းတချို့ ရလာပြီး ပတ်ဝန်းကျင် ဘယ်လောက်ပဲ ဆိုးရွားပါစေ၊ ကိုယ့်တာဝန်မှာ စွဲစွဲမြဲမြဲရှိဖို့နဲ့ အသင်းတော်အလုပ်ကို ကာကွယ်တာဟာ ဖန်ဆင်းခံတစ်ဦး လုပ်သင့်တဲ့အရာပဲဆိုတာကို ကျွန်မ နားလည်လိုက်ပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၉၈။ အမေ့ရဲ့ ကျေးဇူးတရားကို ကျွန်မ ဘယ်လို သဘောထားသင့်သလဲ

နောက်တစ်ခုသို့- ၁၀၀။ ရောဂါမှတစ်ဆင့် စစ်ဆေးခြင်း ကျွန်တော့်ဘဝအတွက် လိုအပ်ချက်တစ်ခု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။