၂၉။ စိတ်ကျန်းမာရေးဆေးရုံကနေ ကျွန်မ လွတ်မြောက်လာခဲ့ပုံ
၂၀၀၆ ခုနှစ် ဒုတိယနှစ်ဝက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ စုဝေးပွဲတွေတက်၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရာကနေ လူကို ဘုရားသခင်က ဖန်ဆင်းခဲ့တာ၊ ကျွန်မတို့ရဲ့ အသက်က ဘုရားသခင်ဆီက လာတယ်ဆိုတာ ကျွန်မ နားလည်လာခဲ့တယ်။ နောက်ပိုင်းမှာ အသင်းတော်မှာ ကျွန်မ တတ်စွမ်းနိုင်သမျှ တာဝန်ထမ်းဆောင်ခဲ့ပြီး ကျွန်မဘဝက အများကြီး ပိုပြည့်စုံလာခဲ့တယ်။ အစတုန်းကတော့ ကျွန်မ ဘုရားသခင်ကို ယုံကြည်တာကို ယောက်ျားက သိပေမဲ့ မနှိပ်ကွပ်ပါဘူး၊ လူတိုင်းမှာ သူ့ယုံကြည်မှုနဲ့သူရှိတယ်ဆိုပြီး ပြောခဲ့တာ။ နောက်ပိုင်းမှာတော့ စီစီပီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အွန်လိုင်းပေါ်မှာ အသရေဖျက်ပြီး အပုပ်ချနေတာ သူတွေ့တော့ ကျွန်မ ယုံကြည်တာကို တားဆီးလာပါလေရော။
၂၀၀၉ ခုနှစ် ဒုတိယနှစ်ဝက်မှာ တစ်ခါတုန်းက ကျွန်မ စုဝေးပွဲကနေ အိမ်ပြန်ရောက်တော့ ကျွန်မအိမ်မှာ ကျွန်မအဘိုး၊ ဦးလေးနဲ့ အဒေါ်ကို တွေ့ခဲ့ရတယ်။ ကျွန်မရဲ့ ဘုရားသခင်ကို ယုံကြည်မှုကြောင့် သူတို့ဒီမှာရှိနေမှန်း သူတို့ရဲ့ မျက်နှာအမူအရာတွေကနေ ကျွန်မ သိလိုက်တယ်။ ကျွန်မရဲ့ ဦးလေးအကြီးက ကျွန်မကို စွပ်စွဲခဲ့တယ်၊ “ဘုရားသခင်ကို ယုံကြည်တာက အစိုးရက တားမြစ်ထားတယ်၊ နင် အဖမ်းခံရနိုင်တယ်ဆိုတာ မသိဘူးလား။ နင် အဖမ်းခံရပြီး ထောင်ချခံရလို့ ညှဉ်းပန်းခံရရင် နင်တော့ သွားပြီပဲ” တဲ့။ ကျန်တဲ့ ဆွေမျိုးတွေကလည်း ဝိုင်းပြီး ထောက်ခံပြောဆိုကြတယ်။ အဲဒီနောက်မှာ ဦးလေးက ခြိမ်းခြောက်ပြန်တယ်။ “နင် ငါတို့စကားကို လုံးလုံး နားမထောင်ဘူးပေါ့၊ ဟုတ်လား။ ကောင်းပြီလေ။ ငါတို့ နင့်ကို မတားနိုင်ရင် ဥပဒေနဲ့ ဖြေရှင်းခိုင်းမယ်၊ ရဲစခန်းကို ဖမ်းခေါ်သွားခိုင်းရမှာပေါ့” တဲ့။ သူတို့ ကျွန်မကို ရဲစခန်းပို့မယ်လို့ ကြားတော့ ကျွန်မ တကယ်ကို စိတ်ပူသွားတယ်။ “သူတို့က ငါ့ကို တကယ်ပဲ ထောင်ထဲကို ပို့လိုက်ရင် ဘယ်လိုလုပ်မလဲ။ သားလေးက ငယ်သေးတာ၊ ဘယ်သူက သူ့ကို စောင့်ရှောက်မှာလဲ။ ရဲတွေ ရောက်လာတာကို အိမ်နီးနားချင်းတွေ မြင်သွားရင် သူတို့ ငါ့ကို ဘယ်လိုထင်ကြမလဲ။ ဆွေမျိုးတွေ မြန်မြန်ပဲ ပြန်သွားအောင် ငါ မယုံကြည်တော့ပါဘူးလို့ပဲ သူတို့ကို ပြောလိုက်ရမလား” လို့ တွေးမိတယ်။ ဒါနဲ့ မယုံကြည်တော့ပါဘူးလို့ ကျွန်မ ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်တော့မှ သူတို့ ဆက်ပြီးဖိအားမပေးကြတော့ဘူး။ အဲဒီအချိန်တုန်းက အဲဒီလို ပြောလိုက်မိတဲ့အတွက် ကျွန်မ နောင်တရခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်တဲ့ ဒီလမ်းကြောင်းက ခက်ခဲလွန်းပြီး ကျွန်မမိသားစုဆီကနေ ရင်ဆိုင်နေရတဲ့ နှိပ်ကွပ်မှုနဲ့ စော်ကားမှုတွေအကြောင်းကို တွေးမိတော့ စိတ်ထဲမှာ အားနည်းသွားတယ်။ ဒါနဲ့ ဆက်ပြီးလျှောက်လှမ်းနိုင်ဖို့ ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့ ဘုရားသခင်ဆီ ကျွန်မ တောင်းလျှောက်ပြီး ဆုတောင်းလိုက်တယ်။ နောက်ပိုင်းမှာ ကျွန်မကို အရမ်း တို့ထိတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့အကြားတွင် ဥပဒေ၏ အကာအကွယ်ပေးခြင်းခံရသည့် လူတစ်ဦးမျှမရှိပေ။ ယင်းအစား၊ သင်တို့သည် ဥပဒေ၏ ဒဏ်ခတ်အရေးယူခြင်းကို ခံကြရ၏။ သာ၍ ခက်ခဲသည်မှာ လူတို့သည် သင်တို့ကို နားမလည်ကြပေ။ သင်တို့၏ ဆွေမျိုးများ၊ သင်တို့၏ မိဘများ၊ သင်တို့၏ မိတ်ဆွေများ သို့မဟုတ် သင်တို့၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်စေ၊ ၎င်းတို့ထဲမှ မည်သူမျှ သင်တို့ကို နားမလည်ကြပေ။ ဘုရားသခင်က သင်တို့ကို ‘စွန့်ပစ်’ သည့်အခါတွင်၊ ကမ္ဘာမြေပေါ်တွင် ဆက်လက် အသက်ရှင်ရန် သင်တို့အတွက် မဖြစ်နိုင်ပေ၊ သို့သော်ငြားလည်း လူတို့သည် ဘုရားသခင်နှင့် ဝေးကွာ၍မနေနိုင်ကြပေ၊ ယင်းမှာ လူတို့ကို ဘုရားသခင် သိမ်းပိုက်ခြင်းနှင့်ဆိုင်သော အရေးပါမှုဖြစ်ပြီး၊ ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကျွန်မမျက်နှာမှာ မျက်ရည်တွေ စီးကျသွားခဲ့တယ်။ ဘုရားသခင်က ကျွန်မဘေးနားမှာပဲ ရှိပြီး နှစ်သိမ့်ပေးနေသလို ခံစားရတယ်။ ဘုရားသခင်က ကျွန်မရဲ့ အားနည်းမှုနဲ့ မိုက်မဲမှုကို မကြည့်ခဲ့ဘူး၊ ကိုယ်တော့်အပေါ်ထားရှိတဲ့ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းကို ဥပဒေက ခွင့်မပြုဘူး၊ မိသားစုက နားလည်မှုလွဲမယ်၊ နောက်ပြီး ဒီအရာတွေကို ကျွန်မတို့ ခံစားရမယ်ဆိုတာကို သူသိတာပေါ့။ ဘုရားသခင်က ကျွန်မတို့ကို တကယ်ပဲ နားလည်တယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်မ ယုံကြည်ခြင်း ပြန်ရလာတယ်။ ပြီးတော့ ဘာပဲဖြစ်ဖြစ် ဘုရားသခင်ကို ဘယ်တော့မှ မငြင်းပယ်ဘူး၊ သစ္စာဖောက်မဖောက်ဘူး၊ ဘုရားသခင်နောက်ကို စိတ်နှလုံးအကြွင်းမဲ့ လိုက်လျှောက်ပြီး တာဝန်ထမ်းဆောင်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ဒါပေမဲ့ ယောက်ျားက ကျွန်မကို ဆက်တိုက် နှိပ်ကွပ်နေတုန်းပါပဲ။
၂၀၁၃ ခုနှစ်၊ မတ်လတုန်းက ည ၉ နာရီကျော်လောက်မှာ ဧဝံဂေလိဟောပြီး ကျွန်မ အိမ်ပြန်ရောက်တော့ ယောက်ျားက ကျွန်မ ပြန်ရောက်တာ မြင်တော့ ဆေးလိပ်သွားဝယ်ဦးမယ်ဆိုပြီး ပြောခဲ့တယ်။ မမျှော်လင့်ဘဲ သူက ရဲအရာရှိလေးယောက်ကို ခေါ်လာခဲ့တယ်။ ခေါင်းဆောင်လုပ်တဲ့ အရာရှိက ဒီရက်ပိုင်း ဘယ်တွေမှာ ရှိခဲ့လဲဆိုပြီး ကျွန်မကို စစ်ဆေးမေးမြန်းတယ်။ ဒါပေမဲ့ ကျွန်မ ဘာမှ မဖြေဘူး။ သူတို့က ကျွန်မကို “ဘာသာရေးဂိုဏ်းတစ်ခုမှာ ပါဝင်ပြီး တရားဥပဒေစိုးမိုးမှုကို နှောင့်ယှက်ခြင်း” နဲ့ စွဲချက်တင်ခဲ့ပြီး၊ ကျွန်မကို လက်ထိပ်ခတ်လိုက်တယ်။ ပြီးတော့ သူတို့က ကျွန်မကို ရဲစခန်းဆီ ခေါ်သွားတယ်။ စစ်ဆေးမေးမြန်းခန်းထဲမှာ သူတို့က ကျွန်မရဲ့ ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ ပတ်သက်ပြီး စမေးမြန်းခဲ့တယ်။ ကျွန်မဆီကနေ သူတို့ လိုချင်တဲ့ သတင်းအချက်အလက်တွေ မရတော့ ကျွန်မကို ချော့မော့ပြောပြီး ကြိုးစားခဲ့ကြတယ်။ “နင့်သား ဘယ်မှာ ကျောင်းတက်နေတာလဲ။ အဆင့်တွေ ကောင်းရဲ့လား။ နင် ဘုရားသခင်ကို ယုံကြည်တာကို အစိုးရက ဆန့်ကျင်တယ်။ နင် ဒီလို ဆက်ယုံကြည်နေရင် နင့်သားရဲ့ အနာဂတ် ပျက်စီးသွားမယ်” တဲ့။ အရာရှိပြောတဲ့စကားကို ကြားတော့ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ငါ အစိုးရိမ်ဆုံးက သားလေးပဲဆိုတာ စာတန်က သိနေတော့ သားရဲ့ အနာဂတ်ကို အသုံးချပြီး ငါ့ကို ခြိမ်းခြောက်နေတာ၊ ငါ့ကို သူက ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်စေချင်တယ်။ ငါ စာတန်ရဲ့ ထောင်ချောက်ထဲကို ကျလို့မဖြစ်ဘူး” လို့ပေါ့။ “ငါ သူတို့ရဲ့ ထောင်ချောက်ထဲကို လုံးဝ ကျရောက်လို့မဖြစ်ဘူး” လို့ ကျွန်မ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်တယ်။ ကျွန်မ မတုန်မလှုပ်ဖြစ်နေတာကို ရဲတွေ မြင်တော့၊ ကျွန်မရဲ့ အရင်းနှီးဆုံး အဒေါ်ကို ခေါ်လာပြီး ကျွန်မကို ကြိုးစားဖျောင်းဖျကြည့်တယ်။ ကျွန်မအဒေါ်က ရဲတွေဘက်က ပါနေတာကို မြင်တော့ လူက ဒေါသစိတ်နဲ့ ပြည့်သွားတာပေါ့။ ကျွန်မ တွေးမိတယ်၊ “ငါတို့ အတူတူ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ကြတာ မဟုတ်ဘူးလား။ ယုံကြည်သူတွေက ရဲတွေ စွပ်စွဲသလိုမျိုး မဟုတ်ဘူးဆိုတာ အဒေါ် သိသားပဲ။ အခု ငါ အဖမ်းခံရတော့ ငါ့ဘက်က မှန်မှန်ကန်ကန်နဲ့ ဝင်မပြောတဲ့အပြင် ရဲဘက်ကတောင် ပါနေသေးတယ်ပေါ့လေ” လို့ တွေးမိတာပေါ့။ သူ စကားမဆုံးခင်မှာပဲ ဒေါသတကြီးနဲ့ သူ့ကို ထွက်သွားခိုင်းလိုက်တယ်။ နောက်ပိုင်းမှာ ရဲတွေက ကျွန်မအမျိုးသားနဲ့ အပြင်မှာ သုံးလေးမိနစ်လောက် စကားပြောကြတယ်၊ ပြီးတော့ သူတို့က ကျွန်မကို ရဲကားထဲကို အတင်းအကျပ် တင်ခဲ့တယ်။
ည ၁၀ နာရီလောက်မှာ ရဲတွေက ကျွန်မကို စိတ်ကျန်းမာရေးဆေးရုံ ပို့လိုက်ကြတယ်။ ကားပေါ်က ဆင်းတာနဲ့ အသက်သုံးဆယ်ကျော်အရွယ် ရဲသားနှစ်ယောက်က ကျွန်မရဲ့ လက်မောင်းတွေကို ဖမ်းဆွဲပြီး ဆေးရုံရုံးခန်းထဲကို အတင်းအကျပ် ထည့်တယ်၊ ပြီးတော့ ကျွန်မကို ဆေးရုံအုပ်ဆီ လွှဲပြောင်းပေးလိုက်ကြတယ်။ သူတို့က ကျွန်မကို ဘာမှ မပြောသလို၊ ဆေးစစ်တာလည်း မလုပ်ဘဲ ကျွန်မရဲ့ လက်နှစ်ဖက်စလုံးကို ကြိုးတစ်ချောင်းနဲ့ တုပ်လိုက်တယ်၊ ပြီးတော့ သံတံခါးတပ်ထားတဲ့ အခန်းတစ်ခုထဲကို အတင်း တွန်းထည့်လိုက်တယ်။ လှောင်အိမ်ထဲ အပစ်ချခံရသလိုပဲ၊ လုံးဝ သူတို့ပြုသမျှ နုရမလို ခံစားခဲ့ရတယ်။ သူတို့ ကျွန်မကို ဘာလုပ်မလဲဆိုတာကို ကျွန်မ မသိခဲ့ဘူး။ ကျွန်မ စိတ်လှုပ်ရှားပြီး ကြောက်ရွံ့နေလို့ ကျွန်မကို လမ်းပြပေးဖို့ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ အခန်းထဲ ဝင်လိုက်တာနဲ့ အနံ့ဆိုးတစ်ခုက နှာခေါင်းထဲ ဝင်လာလို့ ကျွန်မ ပျို့အန်ချင်သွားတယ်။ “ဒီလိုနေရာမျိုးမှာ ဘယ်သူက နေနိုင်မှာလဲ” လို့ ကျွန်မ တွေးမိတယ်။ သူတို့က အမျိုးသမီး စိတ်ရောဂါဝေဒနာရှင်တွေကို ထားတဲ့ အခန်းတစ်ခန်းထဲ ကျွန်မကို ခေါ်သွားခဲ့တယ်၊ ပြီးတော့ လူနှစ်ယောက်က ကျွန်မကို ကုတင်ပျဉ်ပြားပေါ်မှာ ခပ်ကြမ်းကြမ်းပဲ ကြိုးတုပ်လိုက်တယ်။ ကျွန်မလက်ကောက်ဝတ်တွေကို ကုတင်ခေါင်းရင်း ထောင့်နှစ်ဖက်မှာ ခွဲပြီး တုပ်ထားသလို ခြေထောက်နှစ်ဖက်ကို ပူးပြီး ကုတင်ရဲ့ တခြားတစ်ဖက်မှာ တုပ်ထားတယ်။ လူနာ ခြောက်ယောက်၊ ခုနစ်ယောက်က ကုတင်ပတ်လည်မှာ ရပ်ပြီး ကျွန်မကို စိုက်ကြည့်နေကြတယ်၊ တချို့က ဆံပင်တွေ ရှုပ်ပွနေတယ်၊ တချို့က ကြောင်တောင်တောင် ဖြစ်နေတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒါ အရူးတွေ နေတဲ့နေရာ မဟုတ်ဘူးလား။ ငါ ဒီမှာ ဘာလုပ်ရမလဲ” လို့ပေါ့။ ကျွန်မ ဆက်မတွေးနိုင်ခင်မှာပဲ ဆေးရုံအုပ်က ဆေးထိုးအပ်တစ်ချောင်းကို ကောက်ယူပြီး ကျွန်မကို ထိုးဖို့ ပြင်ပါလေရော။ ဆေးထိုးအပ်ထဲက အနီရောင် အရည်တွေကို မြင်တော့ သူတို့ ဘာဆေးထိုးပေးနေလဲ မသိတာမို့ ကျွန်မ အရမ်း ကြောက်သွားတယ်။ ဒီဆေးက ကျွန်မကို ရူးအောင်လုပ်မှာလားပေါ့။ ကျွန်မ ပြောလိုက်တယ်။ “ကျွန်မမှာ ရောဂါမရှိဘူး၊ ကျွန်မ မရူးဘူး၊ ဘာလို့ ဆေးထိုးပေးနေတာလဲ” လို့ပေါ့။ ကျွန်မ ရုန်းဖို့ကြိုးစားခဲ့ပေမဲ့ ကုတင်ပေါ်မှာ ကြိုးတုပ်ခံထားရတော့ မလှုပ်နိုင်ဘူး။ ဆေးရုံအုပ်က ကျွန်မတင်ပါးကို အတင်း ဆေးထိုးပြီး “ပါးစပ်ပိတ်ထား။ နင်က အရူး မဟုတ်ရင် ဘာလဲ” လို့ အော်ပြောတယ်။ စီစီပီက ဘုရားသခင် ရွေးချယ်ထားတဲ့ လူတွေကို ဒုက္ခ ပေးဖို့ အသုံးပြုတဲ့ နည်းလမ်းတစ်ခုက စိတ်ဖောက်ပြန်ပြီး ဘုရားသခင်ကို မယုံကြည်နိုင်အောင် ဆေးတွေ ထိုးပေးတာပဲဆိုတာ ကျွန်မ တွေးမိတော့ အရမ်း ထိတ်လန့်ကြောက်ရွံ့သွားတယ်။ ဒီဆေးကြောင့် ငါ စိတ်ဖောက်ပြန်သွားမှာလား။ ငါ ရူးသွားရင် ဘုရားသခင်ကို ယုံကြည်နိုင်တော့မှာ မဟုတ်ဘူးပေါ့။ ကူကယ်ရာမဲ့နေတဲ့အထဲ ထိန်းမနိုင်သိမ်းမရ ငိုမိတာပေါ့။ စိတ်နှလုံးထဲမှာ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ဒီလူတွေ ဘာဆေးထိုးလိုက်မှန်း မသိပါဘူး၊ သမီး ရူးသွားမှာ ကြောက်တယ်။ သမီးကို ကာကွယ်ပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတော့ ကျွန်မ ရူးမရူးဆိုတာ ဘုရားသခင် လက်ထဲမှာပဲ ရှိတယ်ဆိုတာ သဘောပေါက်ပြီး ကျွန်မစိတ်နှလုံး နည်းနည်း တည်ငြိမ်သွားတယ်။ သန်းခေါင်ကျော် ၁ နာရီလောက်ကျမှ သူနာပြုက ကျွန်မကို ကြိုးဖြေပေးလို့ မှိန်းခနဲ အိပ်ပျော်သွားတယ်။
နောက်တစ်နေ့ မနက် ၅ နာရီလောက် နိုးလာတော့ ကျွန်မကုတင်ပတ်လည်မှာ လူနာတချို့ စုဝေးနေတာကို တွေ့လိုက်ရတယ်။ သူတို့ထဲက တစ်ယောက်က လက်လှမ်းပြီး ကျွန်မရဲ့ နားကို ဆွဲလိမ်ဖို့ ကြိုးစားခဲ့တယ်။ ဒီမြင်ကွင်းကြောင့် ကျွန်မ အရမ်း ကြောက်လန့်သွားပြီး ခေါင်းပေါ် စောင်ကို အမြန်ဆွဲခြုံ၊ တစ်ကိုယ်လုံး ကျုံ့ပြီး ကွေးကွေးလေး နေလိုက်ရတယ်။ ကြောက်ပြီး ဦးရေပါ ကျင်တက်လာတယ်၊ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “အရင်တုန်းက လမ်းမှာ အရူးတွေ့ရင် ရှောင်သွားခဲ့တာ၊ ဒါပေမဲ့ အခုတော့ သူတို့နဲ့ အတူ နေနေရပြီ။ ငါ ဒါကို ဘယ်လိုကျော်ဖြတ်ရမှာလဲ။ ဒီလို ငရဲခန်းလိုနေရာမှာ ဘယ်လောက်ကြာကြာ နေရမလဲ မသိဘူး” လို့ပေါ့။ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ ခြင်္သေ့ဂူထဲကို ပစ်ချခံခဲ့ရတဲ့ ဒံယေလအကြောင်းကို ကျွန်မ တွေးမိတယ်။ သူက ဘုရားသခင်ကို ဆုတောင်းလိုက်တော့ ဘုရားသခင်က သူနဲ့အတူ ရှိခဲ့တယ်။ ခြင်္သေ့တွေက သူ့ကို အန္တရာယ်မပြုရဲခဲ့ဘူး။ အဆုံးမှာတော့ ဒံယေလက ခြင်္သေ့ဂူထဲကနေ လုံးဝ ထိခိုက်မှုမရှိဘဲ ထွက်လာခဲ့တယ်။ သူက ဘုရားသခင်ဆီ ဆုတောင်းပြီး ဘုရားသခင်ရဲ့အမှုတွေကို မြင်ခဲ့ရတယ်။ ကျွန်မလည်း ဒီအခြေအနေကို ဖြတ်သန်းဖို့ ဘုရားသခင်ကို ဆုတောင်းပြီး အားကိုးရမယ်။ ဒီလိုတွေးမိတော့ ကျွန်မ သိပ်မကြောက်တော့ဘူး။ မနက်စာ စားပြီးတော့ အမျိုးသား သူနာပြုက ကျွန်မတို့ကို ဆေးသောက်ဖို့ ခေါ်တဲ့အသံ ကြားတော့ ကျွန်မ ရင်ပြန်တုန်လာတယ်။ “ငါက ရောဂါမှ မရှိတာ၊ သူတို့ဆေးတွေကြောင့် ငါ ရူးသွားမလား၊ ကြောင်သွားမလား။ ငါ လမ်းပေါ်က အရူးတွေထဲက တစ်ယောက်လို လုံးဝ အရှက်တကွဲနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားမှာလား” လို့ပေါ့။ ၁၂ နှစ်၊ ၁၃ နှစ်လောက်ရှိမယ့် ကောင်မလေးတစ်ယောက်ကို သူတို့ အတင်း ဆေးတိုက်နေတာမြင်တော့ ကျွန်မ အရမ်းကြောက်ပြီး နောက်ဆုံးအခန်းထဲ အမြန် သွားပုန်းနေလိုက်တယ်။ ဒါပေမဲ့ အမျိုးသား သူနာပြုက ကျွန်မဆီ လာသေးတာပဲ၊ ပြီးတော့ ဆေးသောက်ဖို့ ပြောတယ်။ သူက “နင် ဒီထဲရောက်လာမှတော့ ရောဂါရှိရှိ မရှိရှိ လူနာလိုပဲ ဆက်ဆံခံရမှာ” လို့ ကြမ်းကြမ်းတမ်းတမ်း ပြောတယ်။ ကျွန်မ ဆေးမသောက်ဘဲ ငြင်းဆန်နေတုန်းပဲ။ ခဏကြာတော့ လူတစ်ယောက်က ကြိုးတစ်ချောင်းကိုင်ပြီး ကျွန်မကို တုပ်ဖို့ ပြင်ရင်း ခြိမ်းခြောက်တယ်။ “ကဲ နင် ဆေးမသောက်ဘူး ဟုတ်လား။ မသောက်ရင် ကြိုးတုပ်ပြီး အတင်းတိုက်မှာနော်။ အဲဒီတော့ အတင်းတိုက်တာ ခံမလား၊ နင့်သဘောနဲ့နင် သောက်မလား” တဲ့။ ကျွန်မမှာ ဘာမှမတတ်နိုင်၊ ကူကယ်ရာမဲ့နေလို့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ သတိရတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်၏ မျက်မှောက်တော်သို့ ယခု မကြာခဏ ပြန်လော့။ အရာရာတိုင်းအတွက် သူ့ကို တောင်းလျှောက်လော့။ သူသည် သင့်အတွင်း၌ ဗျာဒိတ်တော်များကို သေချာပေါက် ပေးလိမ့်မည်ဖြစ်ပြီးသေရေးရှင်ရေးဖြစ်သော အခိုက်အတန့်များ၌ သူသည် သင့်ကို ကာကွယ်လိမ့်မည်။ ကြောက်ရွံ့ခြင်း မရှိနှင့်။ သူသည် သင်၏ ဖြစ်တည်မှုတစ်ခုလုံးအား ပိုင်ဆိုင်ထားနှင့်ပြီဖြစ်၏။ သူ၏ ကာကွယ်ခြင်းနှင့် သူ၏ စောင့်ရှောက်ခြင်းရှိလျှင်၊ သင့်အတွက် အဘယ်အရာ ကြောက်ဖို့ရှိသနည်း။...ကောင်းကင်သည် ချက်ချင်း ပြောင်းလဲနိုင်၏၊ သို့သော် သင့်အတွက် ကြောက်ရမည့်အရာ မည်သည့်အရာရှိသနည်း။ သူ၏ လက်ကို အနည်းငယ်မျှ လှုပ်ရှားခြင်းဖြင့်၊ ကောင်းကင်နှင့် မြေကြီးသည် ချက်ချင်း ပျက်သုဉ်းသွားကြ၏။ ထို့ကြောင့် လူသားသည် စိုးရိမ်ပူပန်ခြင်းဖြင့် အဘယ်အရာ ရရှိနိုင်သနည်း။ အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်ထဲ၌ ရှိသည် မဟုတ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၂)) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အား ပေးခဲ့တယ်။ အရာအားလုံးက ဘုရားသခင် လက်ထဲမှာ ရှိတာ မဟုတ်ဘူးလား။ ကျွန်မ အသက်ကလည်း ဘုရားသခင် လက်ထဲမှာပဲ။ ဒီဆေးသောက်လို့ ရူးမရူးဆိုတာ ဘုရားသခင်အပေါ်မှာပဲ မူတည်တယ်၊ ဘုရားသခင် ခွင့်မပြုရင် ကျွန်မ စိတ်ရောဂါ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီလိုတွေးမိတော့ ကျွန်မစိတ်နှလုံးက တည်ငြိမ်သွားတယ်။ အမျိုးသား သူနာပြုက ဆေး ခြောက်လုံး၊ ခုနစ်လုံးလောက် ပေးတော့ ကျွန်မ မသောက်ချင်သောက်ချင်နဲ့ သောက်လိုက်ရတယ်။ နောက်ပိုင်းမှာ အမျိုးသား သူနာပြုက ဆေးသောက်ဖို့ တန်းစီခိုင်းပြန်တယ်။ သူတို့ သတိမထားမိတဲ့အချိန် ဆေးကို လွှင့်ပစ်ချင်ပေမဲ့ သူတို့က အနီးကပ် ကြည့်နေခဲ့ကြတယ်လေ။ တစ်ယောက်က ဆေးဝေတယ်၊ တစ်ယောက်က ဆေးသောက်မသောက် ကြီးကြပ်တယ်။ လူနာတစ်ယောက်က သူတို့ခိုင်းတဲ့အတိုင်း ဆေးမသောက်လို့ သူတို့က သော့တွဲကြီးနဲ့ အဲဒီလူရဲ့ခေါင်းကို ရိုက်တယ်၊ ပြီးတော့ ရက်ရက်စက်စက် လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ကန် လုပ်ကြတယ်။ ကျွန်မသာ သူတို့စကား နားမထောင်ရင် အတင်း ဆေးတိုက်တာခံရမယ် မဟုတ်ရင် အရိုက်ခံရမယ်ဆိုတာ ကျွန်မ သိတယ်။ ကျွန်မမှာ ရွေးချယ်စရာမရှိဘဲ ကူကယ်ရာမဲ့နေလို့ ဆေးသောက်လိုက်ရတယ်။ ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်ရုံသက်သက်နဲ့ ရဲတွေက ကျွန်မကို စိတ်ကျန်းမာရေးဆေးရုံကို အတင်းအကျပ် ပို့ခဲ့တယ်၊ အဲဒီမှာ ကျွန်မက အရူးမဟုတ်ပေမဲ့ သူတို့က ကျွန်မကို အရူးတစ်ယောက်လို သဘောထားတယ်၊ ကျွန်မကို ဆေးထိုးဆေးတိုက်လုပ်ပြီး ညှဉ်းပန်းနှိပ်စက်တယ်ဆိုတာ တွေးမိတယ်။ ဒီလူတွေ တကယ်ကို ယုတ်မာလွန်းတယ်။ အဲဒီမှာ တစ်နေ့ ဆေးနှစ်ကြိမ် သောက်ရတယ်။ ကျွန်မ နေလို့မကောင်းခဲ့ဘူး၊ ဒီဆေးတွေ အများကြီးသောက်ရင် ကျွန်မ ဘာဖြစ်သွားမလဲ မသိဘူး။ ကျွန်မ အထီးကျန်ပြီး ကူကယ်ရာမဲ့နေချိန်မှာ အရင်က သင်ထားတဲ့ ဓမ္မသီချင်းတချို့ကို သတိရပြီး ညည်းဆိုမိတယ်။ “ဘုရားသခင်ကို ချစ်သော လမ်းကြောင်းတွင် အတားအဆီးများ ပြည့်နှက်နေသော်လည်း ကိုယ်တော်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ပြုမူဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ် ယုံကြည်ခြင်း ရရှိမည်။ ဆင်းရဲဒုက္ခများ မည်မျှပင် ကြီးမားပါစေ သေသည်အထိ သစ္စာစောင့်သိပြီး ဘုရားသခင်ကို ချစ်ကာ ကိုယ်တော့်အတွက် ထာဝစဉ် သက်သေခံပါမည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ၊ ဘုရားသခင်သည် ယနေ့တိုင်အောင် ကျွန်ုပ်တို့နှင့်အတူ ရှိနေခဲ့သည်) “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကြီးမားသော သြဇာအာဏာရှိပြီး ဆင်းရဲဒုက္ခကို အောင်နိုင်ရန် ကျွန်ုပ်တို့ကို ဦးဆောင်ပေးသည်။ ၎င်းတို့က အချိန်တိုင်းတွင် ကျွန်ုပ်တို့ကို လမ်းပြကာ ကာကွယ်ပေးပြီး ဘုရားသခင်၏ ချစ်ခင်မြတ်နိုးဖွယ်ကောင်းခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းတို့ကို ပို၍ပင် ခံစားရစေသည်။ ဆင်းရဲဒုက္ခထဲတွင် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း စုံလင်အောင် ပြုခံရသည်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့ကို မြင်တွေ့လာရသည်။ မည်သည့် စမ်းသပ်မှုများ ကျွန်ုပ်တို့အပေါ် ကျရောက်လာပါစေ ဘုရားသခင်ကို ချစ်သော ကျွန်ုပ်တို့၏ စိတ်နှလုံးသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ စိတ်နှလုံးကို သိမ်းပိုက်ခဲ့ပြီ) သီချင်းဆိုလေလေ စိတ်ထဲမှာ ခွန်အားရှိလေလေဖြစ်ပြီး၊ ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ အခု စိတ်ကျန်းမာရေးဆေးရုံမှာ သူတို့ရဲ့ ချုပ်ချယ်မှုအောက် လွတ်လပ်ခွင့် မရှိပေမဲ့၊ သူတို့က ကျွန်မကို နေ့တိုင်း အတင်း ဆေးသောက်ခိုင်းပြီး ဆေးတွေနဲ့ နှိပ်စက်နေပေမဲ့ ဘုရားသခင်က ကျွန်မကို စွန့်ပစ်မသွားသေးဘူးလို့ ခံစားရတုန်းပဲ။ နောက်ထပ် ဘာပဲကြုံရပါစေ ဘုရားသခင်ကို အားကိုးပြီး တွေ့ကြုံမယ်၊ ဘုရားသခင်ကို လုံးဝ မစွန့်ခွာဘူး၊ သစ္စာဖောက်ဘူး။
တစ်လကြာတော့ ကျွန်မ အကြီးအကျယ် အိပ်မပျော်တဲ့ရောဂါ ရလာတယ်။ နေ့ရောညပါ အိပ်မပျော်ဘူး၊ စိတ်တိုလွယ်ပြီး ဂနာမငြိမ် ဖြစ်လာတယ်၊ နှလုံးက အပြင်ကို ခုန်ထွက်တော့မလို ခံစားရတယ်။ နေ့ဘက်ဆို မိနစ်နည်းနည်းလောက် ထိုင်ပြီးတာနဲ့ ထလမ်းလျှောက်ချင်တယ်၊ မိနစ်နည်းနည်း လမ်းလျှောက်ပြီးရင် ပြန်ထိုင်ချင်ပြန်ရော။ ညဘက်လည်း ဒီလိုပဲ၊ မိနစ်နည်းနည်း အိပ်ပြီးရင် ပြန်ထချင်တယ်။ လူတိုင်း အိပ်ပျော်နေပေမဲ့ ကျွန်မကတော့ စင်္ကြံလျှောက်လမ်းမှာ တစ်ယောက်တည်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေရတယ်၊ ကောင်းကောင်း အသက်မရှုနိုင်ဘူး၊ ခေါင်းတွေလည်း နောက်နေပြီး စိတ်ဖောက်ပြန်တော့မလို ခံစားရတယ်။ အရူးလူနာတွေ နေ့ရောညပါ မအိပ်ဘဲ သူတို့ ရောဂါထတဲ့အခါမှာ အဆက်မပြတ် အော်ဟစ်နေတာကို မြင်တော့၊ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ ရူးတော့မှာမို့လို့ အိပ်မပျော်တာလား။ တကယ်လို့ ရူးသွားရင် ဘုရားသခင်ကို ဆက် ယုံကြည်နိုင်တော့မှာ မဟုတ်ဘူး၊ အဲဒီအခါကျရင် ဆက်ပြီး ရှင်သန်နေရတာက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ငါ သေလိုက်တာပဲ ကောင်းမယ်၊ အနည်းဆုံးတော့ ငါ ဒီညှဉ်းပန်းနှိပ်စက်မှုကို ဆက်ပြီး မခံစားရတော့ဘူး” လို့ပေါ့။ နာကျင်မှုတွေကြားမှာ ဘုရားသခင်ရှေ့ကို လာပြီး ကျွန်မ ရင်ဖွင့်ခဲ့တယ်။ “ဘုရားသခင်၊ သမီး စိတ်ဖောက်ပြန်တော့မယ်လို့ ခံစားနေရပြီး စိတ်နှလုံး အရမ်း နာကျင်ရပါတယ်။ သမီးရဲ့ စိတ်နှလုံးကို ကာကွယ်ပေးတော်မူပါ၊ ကိုယ်တော့်ကို သမီး မစွန့်ခွာနိုင်ပါဘူး” လို့ပေါ့။ ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်တချို့ကို သတိရလိုက်တယ်။ “စာတန်ရှေ့မှာ သင်က သက်သေမခံနိုင်လျှင် စာတန်က သင့်ကို ရယ်မောပါလိမ့်မည်။ စာတန်သည် သင့်ကို ရယ်စရာတစ်ခု၊ ကစားစရာတစ်ခုအနေနှင့် ဆက်ဆံပါလိမ့်မည်။ သင့်ကို မကြာခဏ အရူးလုပ်ပြီး ရူးနှမ်းသွားအောင် လုပ်ပါလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဒီလို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကို မခံနိုင်လို့ ဘုရားသခင်အပေါ် ယုံကြည်မှု ဆုံးရှုံးပြီး သေဖို့ ရွေးချယ်မယ်ဆိုရင် အဲဒီအခါမှာ စာတန်ရဲ့ အကြံအစည် အောင်မြင်သွားမှာပဲ။ စာတန်က ကျွန်မကို အပျက်သဘောဆောင်ပြီး အားနည်းစေချင်တာ၊ ဘုရားသခင်နဲ့ ဝေးကွာစေချင်တာ။ ကျွန်မ စာတန်ရဲ့ လှည့်ကွက်မိလို့ မဖြစ်ဘူး၊ အကြံအစည်ထဲ ဝင်လို့ မဖြစ်ဘူး။ ကျွန်မ တကယ် ရူးတာပဲဖြစ်ဖြစ်၊ မရူးတာပဲဖြစ်ဖြစ် သေခြင်းကို ကျွန်မ မရှာဖွေရဘူး။ ကောင်းကောင်းမွန်မွန် ဆက်အသက်ရှင်ရမယ်၊ အရာအားလုံး ဘုရားသခင် လက်ထဲမှာ ရှိတယ်ဆိုတာ ယုံကြည်ရမယ်။ တဖြည်းဖြည်းနဲ့ ကျွန်မ အိပ်ပျော်လာတယ်၊ အရင်လို ဂနာမငြိမ် မဖြစ်တော့ဘူး။
နေ့ရက်တွေ ကုန်ဆုံးသွားပေမဲ့ ဒီမှာ ဘယ်လောက်ကြာကြာ နေရမလဲဆိုတာ ဘယ်သူမှ မပြောကြဘူး။ နေ့တိုင်း ဒီအရူးတွေနဲ့အတူ နေနေရတာ တစ်ရက်က တစ်နှစ်လောက် ကြာသလိုပဲ။ မိုးလင်းရင် မြန်မြန်ပဲ မိုးချုပ်စေချင်ပြီး၊ မိုးချုပ်ရင်တော့ မြန်မြန်ပဲ မိုးလင်းစေချင်ခဲ့တယ်။ ညဉ့်နက်သန်းခေါင်ယံမှာ၊ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်ကို တွေးမိတယ်။ တစ်ခါတလေ အိပ်မက်ထဲမှာ ညီအစ်ကိုမောင်နှမတွေနဲ့ အတူရှိနေတယ်လို့ မက်ပေမဲ့ နိုးလာတဲ့အခါ စိတ်ကျန်းမာရေးဆေးရုံထဲမှာ ပိတ်လှောင်ခံထားရတုန်းပဲဆိုတာ တွေ့လိုက်ရတော့ အဲဒီအိပ်မက်တွေကနေ မနိုးခဲ့ရင် ကောင်းမှာပဲလို့ ဆန္ဒဖြစ်မိတယ်။ တစ်နေ့မှာ ဆေးရုံအုပ်က ခြံဝင်းထဲမှာ လမ်းလျှောက်နေတုန်း “ကျွန်မ ဘယ်တော့ ထွက်လို့ရနိုင်မလဲ” လို့ သူ့ကို မေးလိုက်တယ်။ ဆေးရုံအုပ်က “ဘယ်သူက နင့်ကို ဘုရားသခင်ကို ယုံကြည်ခိုင်းလို့လဲ၊ နင် ဘုရားသခင်ကို ယုံကြည်တာကို အစိုးရက ဆန့်ကျင်တယ်။ နင် ရူးသွားပြီ” လို့ ကြမ်းကြမ်းတမ်းတမ်း ပြောတယ်။ ကျွန်မ သူ့ကို တိုက်ရိုက် ပြန်မပြောဘူး။ ကျွန်မ ဘယ်လောက်ကြာကြာ ပိတ်လှောင်ခံရမလဲ ဆိုတာပဲ သိချင်လို့ နောက်တစ်ခေါက် ထပ်မေးလိုက်တယ်။ ဆေးရုံအုပ်က ဒေါသတကြီးနဲ့ ကျွန်မကို လက်ညှိုးထိုးပြီး “နင် ဒါကို ထပ်မေးရင် နင့်ကို နှစ်နှစ် ပိတ်ထားလိုက်မယ်” လို့ ခြိမ်းခြောက်တယ်။ ကျွန်မ ရူးသွားပြီလို့ သူပြောတာရယ်၊ ကျွန်မကို နှစ်နှစ် ပိတ်ထားမယ်လို့ ပြောတာရယ် ကြားတော့ ကျွန်မ ပိုပြီးတော့တောင် စိတ်မကောင်းဖြစ်ရတယ်။ ကျွန်မ ဒီမှာ တစ်ရက်တောင် ဆက်မနေချင်တော့တာ၊ နှစ်နှစ်ဆိုတာကြီးကို ဘယ်လို သည်းခံကျော်ဖြတ်ရမလဲ။ ကိစ္စတွေသာ ဒီအတိုင်း ဆက်ဖြစ်နေရင် ကျွန်မ မရူးရင်တောင် သူတို့က ကျွန်မကို အသိစိတ်လွတ်တဲ့အထိ နှိပ်စက်ကြမှာ၊ အဲဒီအခါကျရင် ကျွန်မ ဘုရားသခင်ကို ယုံကြည်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒါဆို ကျွန်မ ဘဝဆုံးပြီ မဟုတ်လား။ ကျွန်မ မျှော်လင့်ချက်မဲ့သလို ခံစားရလို့ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ဟစ်ခေါ်ပြီး ကျွန်မရဲ့ အခြေအနေနဲ့ အခက်အခဲတွေကို ပြောပြလိုက်တယ်။ နောက်ပိုင်းမှာ ပရောဖက် ယေရမိက ဘုရားသခင်ရဲ့ အလိုတော် ဟောပြောခဲ့တာကို ကျွန်မ တွေးမိတယ်။ ဘုရင်က သူ့ကို ရူးသွားပြီလို့ မပြောခဲ့ဘူးလား။ နောဧ သင်္ဘောဆောက်တုန်းကလည်း လူတွေက သူ့ကို ရူးသွားပြီလို့ မပြောခဲ့ကြဘူးလား။ ပြီးတော့ တခြား စိတ်ရင်းမှန်နဲ့ ယုံကြည်ပြီး ဘုရားသခင်ကို ကိုးကွယ်တဲ့သူတွေ အများကြီးကိုရော၊ ဘုရားသခင်ကို ယုံကြည်လို့ ရူးကုန်ကြပြီဆိုပြီး သူတို့ကို နတ်ဆိုးတွေက မပြောခဲ့ကြဘူးလား။ နတ်ဆိုးတွေကပဲ ဒီလို နတ်ဆိုးဆန်တဲ့ စကားမျိုး ပြောထွက်တာ။ နောဧအကြောင်း ကျွန်မ တွေးမိတယ်။ သူက ဘုရားနှုတ်ကပတ်တော်ကို ကြားပြီးတဲ့နောက် သင်္ဘောဆောက်ဖို့ နှစ်ပေါင်း ၁၀၀ ကျော် အချိန်ပေးခဲ့တယ်။ ကမ္ဘာကြီးရဲ့ အသရေဖျက်တာတွေနဲ့ လှောင်ပြောင်တာတွေကို သည်းခံခဲ့ရတယ်။ ဒါပေမဲ့ နောဧက ဘယ်တုန်းကမှ မညည်းညူခဲ့သလို လောကလူသားတွေရဲ့ လွှမ်းမိုးတာကိုလည်း မခံခဲ့ဘဲ ဘုရားသခင် အမိန့်ပေးတဲ့အတိုင်း သင်္ဘောကို အပြီးသတ်တည်ဆောက်ပြီး ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်စေခဲ့တယ်။ ဒါပေမဲ့ ဆေးရုံအုပ်က ကျွန်မ ရူးသွားပြီ၊ ကျွန်မကို နှစ်နှစ် ပိတ်ထားမယ်လို့ ပြောတာ ကြားလိုက်ရတော့ ကျွန်မ အပျက်သဘောဆောင်လာပြီး စိတ်ဆင်းရဲခဲ့တယ်။ ကျွန်မက လုံးဝ အားနည်းပြီး စာတန်ရဲ့ ထောင်ချောက်ထဲ ကျနေတာ မဟုတ်ဘူးလား။ ဒီအရာတွေကို တွေးမိတော့ ကျွန်မ သိပ်မခံစားရတော့ဘူး။ သူတို့ ကျွန်မကို ဘယ်လောက်ကြာကြာ ပိတ်ထားပါစေ၊ ကျွန်မ ဘယ်လိုပဲ ဖြစ်သွားပါစေ၊ ကျွန်မ မညည်းညူဘဲ ကျိုးနွံနာခံမယ်။
သုံးလကြာတော့ ကျွန်မယောက်ျား ရောက်လာပြီး ပြောတယ်။ “ဘုရားသခင်ကို မယုံကြည်တော့ဘူးဆိုတဲ့ ထွက်ဆိုချက်မှာ လက်မှတ်ထိုးပေးရင် နင် ကြိုက်တဲ့အချိန် ပြန်လို့ရပြီလို့ ရဲက ပြောတယ်” တဲ့။ ကျွန်မ ဒီငရဲခန်းလိုနေရာကနေ တကယ် ထွက်သွားချင်ပေမဲ့ ဘုရားသခင်ကို ငြင်းပယ်တဲ့ ထွက်ဆိုချက်ကို သူတို့ အတင်း လက်မှတ်ထိုးခိုင်းမှာ ကြောက်တယ်။ တကယ်လို့ လက်မှတ်ထိုးပြီး ဘုရားသခင်ကို သစ္စာဖောက်လိုက်ရင် ကျွန်မမှာ ဖျောက်ဖျက်မရတဲ့ အစွန်းအထင်း ကျန်ရစ်ပြီး ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းတာ ခံရမှာပဲ။ ဘာပဲဖြစ်ဖြစ် ဒီထွက်ဆိုချက်မှာ ကျွန်မ လက်မှတ်မထိုးနိုင်ဘူး။ ဒါနဲ့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကိုယ်တော့်ကို သမီး သစ္စာမဖောက်ချင်ပါဘူး။ ဒါပေမဲ့ သမီး အားနည်းပြီး ခွန်အားမရှိပါဘူး။ သူတို့ သမီးကို ဒီမှာ ဆက်ပိတ်ထားမှာကို တကယ် စိုးရိမ်မိပါတယ်။ ဘုရားသခင်၊ အရာအားလုံး ကိုယ်တော့်လက်ထဲမှာ ရှိတယ်ဆိုတာ သမီး ယုံကြည်ပါတယ်။ သမီး ထွက်ရမလား၊ မထွက်ရဘူးလား ဆိုတာကလည်း ကိုယ်တော့်လက်ထဲမှာပါပဲ။ ကိုယ်တော့်ကို မျှော်ကြည့်ပြီး အားကိုးဖို့ လိုလားနေပါတယ်။ သမီးကို ဦးဆောင်ပြီး ထွက်ပေါက်ဖန်တီးပေးဖို့ တောင်းလျှောက်ပါတယ်” လို့ပေါ့။ အဲဒီအချိန်အတောအတွင်း နေ့တိုင်း ဒီကိစ္စအတွက် ကျွန်မ ဆုတောင်းခဲ့တယ်။ ရက်နည်းနည်းကြာတော့ ကျွန်မ ထမင်းစားနေတုန်း ဆေးရုံအုပ်က “နင့်ပစ္စည်းတွေ သိမ်းပြီး အိမ်ပြန်တော့” လို့ ရုတ်တရက် လာပြောတယ်။ သူက ကျွန်မကို ထွက်ဆိုချက်မှာ လက်မှတ်ထိုးဖို့ မပြောခဲ့ဘူး။ ကျွန်မ အရမ်း ဝမ်းသာသွားတယ်။ ဘုရားသခင်က ကျွန်မ ဆုတောင်းသံကို ကြားမှန်း ကျွန်မ သိလိုက်တယ်။ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်း ငယ်လွန်းတာကို ဘုရားသခင် သိလို့ ကျွန်မကို သနားကရုဏာသက်ပြီး ထွက်ပေါက်ဖွင့်ပေးခဲ့တာပါ။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို အဆက်မပြတ် ကျေးဇူးတင်နေခဲ့တယ်။
စိတ်ကျန်းမာရေးဆေးရုံကနေ ထွက်လာပြီးနောက်မှာ ကျွန်မ ဘုရားသခင်ကို ပြန်ယုံကြည်မှာစိုးလို့ ယောက်ျားက ကျွန်မကို မိဘအိမ် ပို့ထားပြီး အမေနဲ့ မောင်လေးကို စောင့်ကြည့်ခိုင်းတယ်။ သူတို့ ကျွန်မကို မတားနိုင်မှန်း မြင်တော့ ယောက်ျားက ကျွန်မကို နယ်ဘက်မှာ သူနဲ့အတူ အလုပ်လိုက်လုပ်ဖို့ အတင်းခေါ်တယ်။ ကျွန်မ မလိုက်ဘူးလို့ ငြင်းတော့ သူ ဒေါသထွက်ပြီး ပြောတယ်။ “နင် ငါနဲ့ မလိုက်ချင်တာက တခြားယုံကြည်သူတွေကို ရှာချင်လို့ မဟုတ်လား။ တစ်နေ့ကျရင် နင့်ကို စိတ်ကျန်းမာရေးဆေးရုံ ပြန်ပို့ပြီး တကယ့်အရူးမ ဖြစ်အောင် လုပ်ပစ်မယ်” တဲ့။ ယောက်ျားက ဒီလိုပြောတာ ကြားလိုက်ရတော့ ကျွန်မ လုံးဝ မျှော်လင့်ချက်မဲ့ပြီး စိတ်ဆင်းရဲသွားတယ်။ သူ ဒီလောက်ထိ ရက်စက်ပြီး ဒီလိုစကားမျိုး ပြောထွက်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို မစဉ်းစားဘဲ မနေနိုင်တော့ဘူး။ “ယနေ့ခေတ်တွင် ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်များလည်း အလွန် ကွဲပြားခြားနားသည့်၊ လုံးဝ မတူကွဲပြားသော လူနှစ်မျိုးနှစ်စား ဖြစ်ကြသည်။ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာကို လိုက်စားပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတို့သည် ဘုရားသခင်က ကယ်တင်ခြင်း ဆောင်ကြဉ်းပေးမည့်သူများ ဖြစ်သည်။ မှန်သောလမ်းခရီးကို မသိသောသူတို့သည် မကောင်းဆိုးဝါးများနှင့် ရန်သူများဖြစ်ကြသည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ ဖြစ်ကြပြီး၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ မရေရာသော ဘုရားသခင်နှင့်သက်ဆိုင်သည့် ဘုရားတရားကိုင်းရှိုင်းသည့် ယုံကြည်သူများသည်ပင်။ ၎င်းတို့သည်လည်း မကောင်းဆိုးဝါးများ ဖြစ်ကြသည် မဟုတ်လော။ ကောင်းမွန်သော အသိတရားများ ပိုင်ဆိုင်သော်လည်း၊ မှန်သောလမ်းခရီးကို လက်မခံသော လူတို့သည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့်ဆိုင်သည့် အနှစ်သာရတစ်ခု ဖြစ်သည်။ မှန်သောလမ်းခရီးကို လက်မခံသူတို့သည် ဘုရားသခင်ကို ခုခံသူများဖြစ်ပြီး ထိုသို့သော လူများသည် အခက်အခဲများစွာကို ကြံ့ကြံ့ခံလျှင်ပင်၊ ဖျက်ဆီးခြင်းခံရလိမ့်ဦးမည် ဖြစ်သည်။ လောကကို စွန့်လွှတ်ရန် လိုလားခြင်း မရှိသူ၊ မိမိတို့၏ မိဘများနှင့် မခွဲခွာရက်သူနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဇာတိပကတိ ပျော်ပါးမှုများမှ မိမိတို့ကိုယ်ကိုမဖယ်ရှားရက်နိုင်သူ အားလုံးသည် ဘုရားသခင်ကို ပုန်ကန်ကြသကဲ့သို့ ၎င်းတို့အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ကျွန်မ ယောက်ျားက စီစီပီရဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ယုံကြည်ပြီး ကျွန်မကို တိုက်ခိုက်နှိပ်ကွပ်ဖို့ မိသားစုဝင်တွေကို သွေးထိုးလှုံ့ဆော်ခဲ့တယ်။ သူက ရဲတွေနဲ့တောင် ပူးပေါင်းပြီး ကျွန်မကို စိတ်ကျန်းမာရေးဆေးရုံကို ပို့ခဲ့တယ်၊ ကျွန်မကို အရူးတစ်ယောက်လို ဆက်ဆံခဲ့တယ်။ ကျွန်မ သေမလား၊ ရှင်မလားဆိုတာ သူ ဂရုမစိုက်ဘူး။ ကျွန်မကို ဘုရားသခင်နဲ့ ဝေးကွာအောင်၊ ကိုယ်တော့်ကို သစ္စာဖောက်အောင်လုပ်ဖို့ ကြိုးစားပြီး သူနဲ့အတူ အတင်း အလုပ်လိုက်လုပ်ခိုင်းနေတယ်။ မဟုတ်ရင် ကျွန်မကို စိတ်ကျန်းမာရေးဆေးရုံ ပြန်ပို့ပြီး တကယ့်အရူးမ ဖြစ်အောင် လုပ်မှာတဲ့။ ယောက်ျားက ကျွန်မတို့ရဲ့ နှစ်နဲ့ချီတဲ့ သံယောဇဉ်ကို ဂရုမစိုက်ဘဲ ကျွန်မ ဘုရားသခင်ကို မယုံကြည်တော့အောင် တားဆီးဖို့ ရသမျှနည်းလမ်းတိုင်းကို စဉ်းစားခဲ့တယ်။ သူ့ရဲ့ အနှစ်သာရက ဘုရားသခင်ကို မုန်းတီးတာပဲ။ သူက နတ်ဆိုးဖြစ်ပြီး ဘုရားသခင်နဲ့ ရန်ဘက်ပဲ။ ကျွန်မ သူနဲ့ အိမ်ထောင်ကျတာ ၁၄ နှစ် ရှိပြီ။ ပြီးတော့ ဘုရားသခင်ကို မတွေ့ခင်က ကျွန်မက မိသားစုအတွက် အရိုးကြေကြေ အရေခန်းခန်း အလုပ်လုပ်ခဲ့တယ်၊ ကလေးတွေကို ဂရုစိုက်ရုံတင်မကဘူး၊ မိသားစု စားဝတ်နေရေးအတွက် ပိုက်ဆံပါ ရှာပေးခဲ့တာ။ ယောကျာ်းက သူ့အတွက် ကိုယ်က အသုံးဝင်မှန်း သိလို့ ကျွန်မကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ခဲ့တယ်၊ ဒါပေမဲ့ အခု ကျွန်မ ဘုရားသခင်ကို တွေ့ခဲ့တော့ ကျွန်မ အဖမ်းခံရပြီး ပိုက်ဆံမရှာနိုင်တော့ဘဲ မိသားစုကို မထောက်ပံ့နိုင်တော့မှာ သူ ကြောက်သွားတယ်။ ဒါက သူ့အကျိုးစီးပွားနဲ့ သက်ဆိုင်နေတာကိုး။ ဒါကြောင့် သူက ကျွန်မကို နှိပ်ကွပ်ဖို့ ယုတ်မာတဲ့ နည်းလမ်းတွေကို အကြိမ်ကြိမ် သုံးခဲ့ပြီး ကျွန်မကို ကိုယ်ရောစိတ်ပါ နှစ်ခုစလုံး အကြီးအကျယ် ထိခိုက်စေခဲ့တယ်။ သူ ကျွန်မကို တကယ် လုံးဝ မချစ်ခဲ့ဘဲ အသုံးချနေတာသက်သက်ပဲ ဆိုတာ ကျွန်မအတွက် ရှင်းသွားခဲ့ပြီ။ ယောက်ျားက စီစီပီရဲ့ နတ်ဆိုးဆန်တဲ့ စကားတွေကို ယုံကြည်ပြီး ပါတီနောက်ကို လိုက်နေတာ၊ ကျွန်မကတော့ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားချင်ခဲ့တယ်၊ တာဝန်ထမ်းဆောင်ချင်ခဲ့တယ်။ ကျွန်မတို့ လျှောက်တဲ့ လမ်းကြောင်းတွေက လုံးဝ ခြားနားနေပြီ။ ကျွန်မတို့က လုံးဝ ကွဲပြားတဲ့ လူတွေဖြစ်ပြီး အတူတူ နေထိုင်နေရင်တောင်မှ ဘုံဘာသာစကား မရှိခဲ့ဘူး။ ကျွန်မ သူ့ကို ကွာရှင်းချင်တယ်။ ဒါပေမဲ့လည်း ကျွန်မ တွေးမိတယ်၊ “သားလေးက အရမ်း ငယ်သေးတာ၊ ငါတို့ ကွာရှင်းပြီး ငါ ထွက်သွားရင် သူ ဘယ်လိုဖြစ်သွားမလဲ။ ယောက်ျားက ငါ့ကို အိမ် ပေးမှာ မဟုတ်ဘူး၊ အဲဒါဆို နောက်ပိုင်း ငါ ဘယ်လို နေမလဲ။ မကွာရှင်းရင်လည်း သူက ငါ ဘုရားသခင်ကို ယုံကြည်တာကို တားဆီးနေမှာပဲ၊ အဲဒါဆို သူနဲ့အတူ အလုပ် လိုက်လုပ်သင့်လား” လို့ပေါ့။ အဲဒီအချိန်မှာ ဒီအခက်အခဲနဲ့ပတ်သက်ပြီး ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ယောက်ျားရဲ့ နှိပ်ကွပ်မှုနဲ့ ရင်ဆိုင်နေရလို့ ရှေ့ဆက် ဘယ်လမ်းကြောင်းကို လျှောက်ရမလဲ သမီး မသိတော့ပါဘူး။ ကျေးဇူးပြုပြီး သမီးကို လမ်းပြပေးပါ၊ ဒုက္ခဆင်းရဲကို ခံနိုင်ရည်ရှိအောင် စိတ်ပိုင်းဖြတ်မှု ပေးတော်မူပါ” လို့ပေါ့။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ ကြားလိုက်ရတယ်။
အလုံးစုံကို ဘုရားအမှုတော်အတွက် ပေးအပ်ပါ
၁ ဤအချိန်သည် ကြီးမားသော အမှုကို ငါ၏ဝိညာဉ်က လုပ်ဆောင်နေချိန် ဖြစ်ပြီး တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အလုပ်ကို စတင်လုပ်ဆောင်ချိန် ဖြစ်သည်။ ထိုထက်ပို၍ပင် ဤအချိန်သည် ဖန်ဆင်းခံအားလုံးကို တစ်ဦးချင်း ယင်းတို့သက်ဆိုင်ရာ အုပ်စုအလိုက် ငါခွဲခြားချိန် ဖြစ်သည်။ ငါ၏ အလုပ် သာ၍ လျင်မြန်ထိရောက်စွာ ရှေ့ဆက်နိုင်ရန်အတွက်လည်းကောင်း၊ ရလဒ်များကို ပို၍ စွမ်းဆောင်ရရှိနိုင်စွမ်း ရှိရန်အတွက်လည်းကောင်း ထိုသို့လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ငါသင်တို့ဆီမှ တောင်းဆိုနေသည်မှာ ငါ၏အလုပ်အားလုံးအတွက် သင်၏ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဆက်ကပ်ရန် ဖြစ်ပြီး ထို့ထက်မက သင်တို့၌ ငါပြုခဲ့ပြီးသောအမှုအားလုံးကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ပြီး တိကျမှန်ကန်မှုဖြင့် ရှုမြင်ကာ ငါ၏ အမှုက သာ၍ကြီးမြတ်သော ရလဒ်များ ရရှိနိုင်စေရန် ယင်းအပေါ်၌ သင်တို့၏ စွမ်းအားအလုံးစုံကို အသုံးခံရန်ပင် ဖြစ်သည်။ သင်နားလည်ရမည်ကား ဤအချက် ဖြစ်သည်။
၂ ငါ၏အလုပ်နှင့် သင်တို့၏ ကောင်းမွန်သော အနာဂတ်ကို နှောင့်နှေးစေခြင်းမှ ရှောင်ကြဉ်ရန်အလို့ငှာ သင်တို့အချင်းချင်း ယှဉ်ပြိုင်ခြင်းကိုဖြစ်စေ၊ အရေးပေါ် အစီအစဉ်ကို ရှာဖွေခြင်းဖြစ်စေ၊ သင်တို့၏ ဇာတိပကတိအတွက် သာယာမှုကို ရှာဖွေခြင်းကိုဖြစ်စေ ရပ်တန့်ကြလော့။ ထိုသို့ပြုခြင်းသည် သင်တို့ကို ကာကွယ်ပေးရန် ဝေးစွ၊ သင်တို့အပေါ်သို့ ပျက်စီးခြင်းကိုသာ ဆောင်ကြဉ်းလာနိုင်ပေမည်။ ယင်းသည် သင်မိုက်မဲခြင်းပင် ဖြစ်သည် မဟုတ်လော။ ယနေ့ သင် မွေ့လျော်နေသော အရာသည် သင်၏အနာဂတ်ကို ဖျက်ဆီးမည့်အရာ ဖြစ်ပြီး ယနေ့ သင် ကြံ့ကြံ့ခံနေသည့် နာကျင်မှုသည် သင့်ကို အကာအကွယ်ပေးနေသည့် အရာပင် ဖြစ်သည်။ သင်သည် ဤအရာများကို ရှင်းရှင်းလင်းလင်း သိရမည်၊ ယင်းသည် သင် ရုန်းထွက်လွတ်မြောက်ရာ၌ အခက်တွေ့မည့် စုံစမ်းသွေးဆောင်မှုများ၏ သားကောင် ဖြစ်ခြင်းမှ ရှောင်ရှားရန်နှင့် ထူထပ်သည့်မြူထဲ၌ စမ်းတဝါးဝါးဖြစ်ပြီး နေကို နောက်တစ်ကြိမ် လုံးဝ မမြင်နိုင်ခြင်းအား ရှောင်ရှားရန်အလို့ငှာ ဖြစ်သည်။ ထူထပ်သည့်မြူ ရှင်းသွားသောအခါမှ ကြီးမြတ်သည့်နေ့၏ တရားစီရင်ခြင်း အလယ်၌ သင်ရောက်နေသည်ကို သင်တွေ့မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်
ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နှိုးဆော်ခဲ့ပြီး သတ္တိနဲ့ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ပေးခဲ့တယ်။ သားအတွက် စိတ်ပူပြီး ဇာတိပကတိကို ငဲ့ကွက်တာနဲ့တင် ယောက်ျားနဲ့အတူ နယ်ဘက်ကို အလုပ်လိုက်သွားလို့ မဖြစ်ဘူး။ လိုက်သွားရင် စုဝေးပွဲ မတက်နိုင်၊ တာဝန်မထမ်းဆောင်နိုင် ဖြစ်ပြီး ဘုရားသခင်နဲ့ ဝေးကွာသွားပြီး ကယ်တင်ခံရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာပဲ။ အဲဒီလိုလုပ်မိရင် နောက်ပိုင်းမှ နောင်တရနေမိမှာ။ လူတိုင်းရဲ့ ကံကြမ္မာက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာ လက်ထဲမှာ ရှိတယ်၊ သားလေးရဲ့ ကံကြမ္မာကလည်း အတူတူပဲ။ သူ ဘယ်လို အသက်ရှင်မလဲ၊ ဘယ်လို ဒုက္ခခံစားရမလဲ ဆိုတာ ဘုရားသခင်က ကြိုတင် ပြဋ္ဌာန်းထားပြီးသားပဲ။ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေက အပိုပါပဲ။ ကျွန်မ သူ့ဘေးနားမှာ ရှိနေရင်တောင် သူ ဒုက္ခရောက်တဲ့အခါ ကျွန်မ ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်မရဲ့ အနာဂတ်ဘဝကလည်း ဘုရားသခင် လက်ထဲမှာပဲ ရှိတယ်ဆိုတာ ကျွန်မ တွေးမိတယ်။ ဒါကို တွေ့ကြုံဖို့ ဘုရားသခင်ကို အားကိုးပြီး ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံရမယ်။
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ရောက်တော့ အသင်းတော်မှာ ကျွန်မ တာဝန် ပြန်ထမ်းဆောင်ခဲ့တယ်။ တစ်နေ့မှာ ယောက်ျားက ကျွန်မကို ခရီးအတူသွားဖို့ ခေါ်ပေမဲ့ ကျွန်မ ငြင်းလိုက်တယ်။ အဲဒီတော့ သူက “နင် ငါနဲ့ မလိုက်ရင်၊ ဒီအိမ်က နင့်အိမ် မဟုတ်တော့ဘူး၊ ကားပေါ်က မိန်းမကလည်း နင် ဖြစ်တော့မှာ မဟုတ်ဘူး” လို့ ပြောတယ်။ သူက ကျွန်မကို ကွာရှင်းဖို့ ဆိုလိုတာပဲ။ အဲဒီတုန်းက ကျွန်မ အရမ်း ဝမ်းနည်းပြီး ဒေါသထွက်ခဲ့တယ်။ ရွေးချယ်မှုတစ်ခု လုပ်ရမယ့်အချိန် ရောက်ပြီဆိုတာကို ကျွန်မ သိခဲ့တယ်။ ကျွန်မတို့အိမ်က အရာအားလုံးကို သူ့ကို ပေးလိုက်ဖို့ တွေးမိတဲ့အခါမှာ ကျွန်မ နည်းနည်း အင်တင်တင်ဖြစ်မိတယ်။ ဒါနဲ့ ဘုရားသခင် လမ်းပြဖို့ ကျွန်မ ဆုတောင်းလိုက်တယ်။ အဲဒီအချိန်မှာပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အသစ်တွေ ရောက်လာတယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် ဘုရားသခင်ကို ယုံကြည်ရန် ဆန္ဒရှိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ရရှိကာ သူ၏ စိတ်ကျေနပ်မှုကို ရရှိရန်ဆန္ဒရှိပါက၊ သင်သည် အတိုင်းအတာ တစ်ရပ်အထိ နာကျင်မှုကို သည်းခံပြီး အားထုတ်မှု အတိုင်းအတာတစ်ရပ်ကို မထားရှိဘဲနှင့်၊ ဤအရာများကို သင် စွမ်းဆောင်ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့သည် တရားဟောချက် များစွာကို ကြားပြီးဖြစ်သော်လည်း၊ ကြားဖူးခြင်းသက်သက်က ဤတရားဒေသနာသည် သင်၏တရားဒေသနာ ဖြစ်သွားသည်ဟု မဆိုလိုပေ။ သင်သည် ယင်းကို မှတ်သားကာ သင်နှင့်သက်ဆိုင်သော အရာတစ်ခုအဖြစ် ပြောင်းလဲရမည်။ ဤနှုတ်ကပတ်တော်များနှင့် တရားဟောချက်တို့အား သင် အသက်ရှင်သည့် နည်းလမ်းကို လမ်းပြခွင့်ပေးကာ သင့်ဘဝထံ လူ့ဘဝနှင့်ဆိုင်သော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ကို ဆောင်ကြဉ်းခွင့်ပေးရင်း၊ ယင်းကို သင့်ဘဝထဲသို့ လက်သင့်ခံရမည်ဖြစ်ပြီး သင်၏တည်ရှိမှုထဲသို့ ယူဆောင်ရမည် ဖြစ်သည်။ ထိုသို့ ဖြစ်ပျက်သည့်အခါ၊ ဤနှုတ်ကပတ်တော်များကို သင်၏ ကြားနာခြင်းသည် ကြားနာရကျိုးနပ်လိမ့်မည် ဖြစ်သည်။ ငါပြောသည့် နှုတ်ကပတ်တော်များသည် သင်၏ဘဝတွင် တိုးတက်မှု တစ်ခုတစ်လေ မဖြစ်ပေါ်စေပါက သို့မဟုတ် သင်၏ ဖြစ်တည်မှုတွင် မည်သည့်တန်ဖိုးကိုမျှ မဖြည့်စွက်ပါက၊ ယင်းတို့ကို သင်၏ နားထောင်ခြင်းတွင် အဓိပ္ပာယ်မရှိပေ။ ဤအရာကို သင်တို့ နားလည်သည်၊ မဟုတ်လော။ ယင်းကိုနားလည်ပြီးနောက်၊ ဆက်လက် ဖြစ်ပျက်သည့်အရာမှာ သင်တို့အပေါ်တွင်သာ မူတည်သည်။ သင်တို့ စတင်လုပ်ဆောင်ကြရမည်။ သင်တို့သည် အရာခပ်သိမ်း၌ အလွန် အလေးအနက်ထားရမည်။ မရေမရာ မဖြစ်လေနှင့်။ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေသည်။ သင်တို့ထဲမှ အများစုသည် ဘုရားသခင်ကို ဆယ်နှစ်ကျော် ယုံကြည်နှင့်ကြပြီး ဖြစ်သည်။ ဤကုန်လွန်ခဲ့သည့် ဆယ်နှစ်ကို ပြန်တွေးကြည့်လော့။ သင်တို့ မည်မျှရရှိလေပြီနည်း။ ပြီးလျှင် သင်တို့၌ ဤတစ်သက်တာတွင် အသက်ရှင်ဖို့ ဆယ်စုနှစ်ပေါင်း မည်မျှကျန်သေးသနည်း။ မရှည်ကြာပေ။ ဘုရားသခင်၏အမှုက သင့်ကို စောင့်နေခြင်း ရှိမရှိ၊ သူသည် သင့်ကို အခွင့်အရေးတစ်ရပ် ချန်ထားပေးခြင်း ရှိမရှိ သို့မဟုတ် သူသည် တူညီသော အမှုကို တစ်ဖန်ပြန်ပြုမည် မပြုမည်ကို မေ့ထားလော- ဤအရာများကို မပြောလေနှင့်။ သင်သည် သင့်ဘဝ၏ လွန်ခဲ့သော ဆယ်နှစ်တာကာလကို နောက်ပြန်လှည့်နိုင်သလော။ ကုန်လွန်သွားသော နေ့ရက်တိုင်းနှင့် သင်လှမ်းသည့် ခြေလှမ်းတိုင်းဖြင့်၊ သင်၌ တစ်ရက်လျော့နည်းသွားပေ၏။ အချိန်သည် မည်သူကိုမျှ မစောင့်ပေ။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကို သင်၏ အသက်တာတွင် အစားအစာ၊ အဝတ်အထည် သို့မဟုတ် အခြားအရာအားလုံးထက် ပိုအရေးကြီးသည့် အရေးအပါဆုံးသော ကိစ္စတစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်သည်။ ဤသို့ဖြင့် သင်သည့် ရလဒ်များကို အကျိုးကျေးဇူးခံစားရလိမ့်မည်။ သင်သည် အချိန်ရှိမှသာ ယုံကြည်ပြီး၊ သင်၏ ယုံကြည်ခြင်းအဖို့ သင်၏အာရုံအားလုံးကို မြှုပ်နှံနိုင်စွမ်း မရှိပါက၊ ပြီးလျှင် သင်သည် သင်၏ ယုံကြည်မှု၌ အစဉ် မပြတ်သားပါက၊ မည်သည့်အရာမျှ ရရှိလိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)) ဘုရားနှုတ်ကပတ်တော်တွေကနေ ဘုရားသခင်ရဲ့ အရေးတကြီးဖြစ်နေတဲ့ ရည်ရွယ်ချက်ကို ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မတို့အနေနဲ့ ဇာတိပကတိ ပျော်မွေ့မှုတွေကို စွန့်လွှတ်နိုင်ပြီး စိတ်နှလုံးကို ဘုရားသခင်ဆီ အပ်နှံဖို့၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ ဘုရားသခင် မျှော်လင့်ပါတယ်။ ဒါမှ အသက်ရှင်ရတာ အဓိပ္ပာယ်ရှိမှာပါ။ ပြန်စဉ်းစားကြည့်ရင် ကျွန်မ ဘုရားသခင်ကို ယုံကြည်တာ နှစ်တွေအများကြီး ကြာပြီဖြစ်ပေမဲ့ ယောက်ျားရဲ့ နှိပ်ကွပ်မှုကြောင့် ပုံမှန် စုဝေးပွဲ မတက်နိုင်၊ တာဝန်မထမ်းဆောင်နိုင်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပေမဲ့ ဝတ်ကျေတမ်းကျေပဲ လုပ်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်တဲ့အပေါ် အလေးအနက် မထားခဲ့ဘူး။ ဘုရားသခင်ကို ယုံကြည်တာကို ဘဝရဲ့ အရေးအကြီးဆုံးအရာအဖြစ် ဘယ်တုန်းကမှ သဘောမထားခဲ့ဘူး။ သမ္မာတရား ရရှိဖို့ အခွင့်အရေး အများကြီးကို လွဲချော်ခဲ့တယ်။ ကျွန်မက ငယ်သေးတဲ့အတွက် သမ္မာတရားကို လိုက်စားပြီး သမ္မာတရားရရှိဖို့ တန်ဖိုးရှိတဲ့ အချိန်ကို တန်ဖိုးထားရမယ်။ အရင်လိုပဲ ဇာတိပကတိ ကျေနပ်မှုကို ရှာဖွေပြီး ဝေဝေဝါးဝါးနဲ့ ဘုရားသခင်ကို ယုံကြည်နေရင် အဆုံးမှာ ဘာမှ ရမှာမဟုတ်ဘူး။ မိသားစုနဲ့ ဇာတိပကတိကို ထိန်းသိမ်းဖို့ ကြိုးစားရင်း တစ်ချိန်တည်းမှာပဲ သမ္မာတရားနဲ့ ကယ်တင်ခြင်းကို ရရှိချင်လို့ အရင်လို လှေနံနှစ်ဖက်နင်းပြီး နေလို့ မဖြစ်နိုင်တော့ဘူး။ ဘုရားသခင်ကို ယုံကြည်တာကို လိုက်စားရမယ့် အရေးအကြီးဆုံးအရာအဖြစ် သဘောထားမှဖြစ်မယ်။ သမ္မာတရား ရရှိမှသာ အသက်ရှင်ရတာ အဓိပ္ပာယ်ရှိမှာလေ။ တစ်နေ့ ကျွန်မ စုဝေးပွဲက ပြန်လာတော့ ယောက်ျားက “နင် ဘုရားသခင်ကို ဆက်ယုံကြည်ဦးမှာလား။ ယုံကြည်မယ်ဆိုရင် ဒီအိမ်ကနေ ဆင်းသွားတော့၊ ဘယ်တော့မှ ပြန်မလာနဲ့။ သားကိုရော၊ အိမ်ကိုရော ရမယ်လို့ စိတ်တောင်မကူးနဲ့” လို့ ပြောတယ်။ သားနဲ့ အိမ်ကို ကျွန်မကို မပေးဘူးလို့ ယောက်ျားပြောတာ ကြားတော့ ကိုယ့်အသားကို လှီးထုတ်ခံလိုက်သလိုပဲ ခံစားရတယ်။ အရမ်း နာကျင်ရပါတယ်။ စာတန်ရဲ့ လှည့်ကွက်ထဲ မဝင်မိအောင် လမ်းပြပေးဖို့ ကျွန်မ စိတ်ထဲမှာ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတော့ ကျွန်မစိတ်နှလုံးက ဖြည်းဖြည်းချင်း တည်ငြိမ်သွားတယ်။ ပြီးတော့ ယောက်ျားကို တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။ “ရှင့်သဘောထားက ဒီလိုဆိုမှတော့ ကျွန်မတို့ ကွာရှင်းပြီး ကိုယ့်လမ်းကိုယ် လျှောက်သင့်တယ်” လို့ပေါ့။ နောက်တစ်နေ့မှာ ကွာရှင်းခွင့် လုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်ဖို့ ပြည်သူ့ရေးရာရုံးကို ကျွန်မတို့ သွားကြတယ်။ ပြည်သူ့ရေးရာရုံးခန်းတံခါးပေါက်ကနေ ပြန်ထွက်လာတဲ့အချိန်မှာ ကျွန်မ တကယ်ကို လွတ်မြောက်သွားသလို ခံစားလိုက်ရတယ်။ နောက်ဆုံးတော့ ဘုရားသခင်ကို လွတ်လွတ်လပ်လပ် ယုံကြည်ပြီး တာဝန်ထမ်းဆောင်နိုင်ပြီ။
ဒီအတွေ့အကြုံကို ပြန်တွေးကြည့်တော့ ကျွန်မ နာကျင်ပြီး အားနည်းနေတဲ့အချိန်မှာ ဘုရားသခင်က ကျွန်မကို ယုံကြည်ခြင်း ပေးခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို အဲဒီနာကျင်စရာ နေ့ရက်တွေကို ကျော်လွှားနိုင်အောင် လမ်းပြပေးခဲ့တယ်။ ဘုရားသခင်က ကျွန်မဘေးနားမှာ အမြဲရှိပြီး ကျွန်မကို ဘယ်တော့မှ မစွန့်ခွာခဲ့ဘူးလို့ ခံစားရတယ်။ ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းလည်း တိုးပွားလာတယ်။ ယောက်ျားရဲ့ နှိပ်ကွပ်မှုနဲ့ စီစီပီ နတ်ဆိုးတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျွန်မ ဒုက္ခအများကြီး ခံစားခဲ့ရပေမဲ့ ဒါတွေကို ဖြတ်သန်းပြီးတဲ့နောက်မှာ ကျွန်မ ယောက်ျားနဲ့ စီစီပီရဲ့ နတ်ဆိုး အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်လာရတယ်။ အရင်ကလို အမှားအမှန် မခွဲခြားနိုင်တာ၊ တွေဝေပြီး အားနည်းတာ မရှိတော့ဘူး။ ဘုရားသခင်နောက်လိုက်ဖို့ ကျွန်မရဲ့ စိတ်ဆုံးဖြတ်ချက် ပိုခိုင်မာလာတယ်။ ဒီလို ဒုက္ခကို သည်းခံလိုက်ရတာက အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။ ဒါတွေက သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ မရနိုင်တဲ့ အရာတွေပါ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။