၇၇။ ကလေးအပေါ် ကျွန်မတောင်းဆိုချက်တွေနဲ့ မျှော်လင့်ချက်များက တစ်ကိုယ်ကောင်းဆန်လာခဲ့ခြင်း
ကျွန်မငယ်ငယ်တုန်းက ကျွန်မအဘိုးက အော်ပရာဇာတ် နားထောင်ရတာကို သဘောကျပြီး ဖျော်ဖြေပွဲတွေကြည့်ဖို့ ကျွန်မကို ခဏခဏ ခေါ်သွားတတ်တယ်။ စင်ပေါ်က သရုပ်ဆောင်တွေ ကျက်သရေရှိပုံ၊ သူတို့ရဲ့ သီချင်းတွေက နှလုံးသားကို ထိစေပုံ၊ ပြီးတော့ ပရိသတ်တွေက လက်ခုပ်သြဘာတွေနဲ့ အားပေးကြပုံကို ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မ သူတို့ကို တကယ်ကို အားကျခဲ့ပြီး မတွေးဘဲ မနေနိုင်ခဲ့ဘူး၊ “တစ်နေ့နေ့မှာ ငါသာ စင်ပေါ်တက်ပြီး လက်ခုပ်သြဘာတွေ၊ ချီးကျူးမှုတွေ ရနိုင်ရင်၊ ဒါဆို ကျော်ကြားပြီး ထွန်းလင်းတောက်ပတဲ့ ဘဝနဲ့ နေထိုင်ရမှာပဲ” လို့ပေါ့။ ကျွန်မ တကယ်ကို ဇာတ်အဖွဲ့ထဲဝင်ပြီး အော်ပရာဇာတ်မင်းသမီးတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့မိသားစုက ဆင်းရဲတော့ ငွေရေးကြေးရေး အခြေအနေက ခွင့်မပြုခဲ့ဘူးလေ။ ဒီလိုနဲ့ ကျွန်မရဲ့ စင်မြင့်အိပ်မက်တွေက တံလျှပ်လိုပဲ ပျောက်ကွယ်သွားခဲ့ရတယ်။
အိမ်ထောင်ကျပြီးနောက်မှာ ကျွန်မမှာ သမီးတစ်ယောက် ရခဲ့တယ်။ သမီးလေး သူငယ်တန်းစတက်တဲ့အခါ သမီးလေးနဲ့ ရွယ်တူကလေးတွေထဲက တချို့က အကသင်တန်းတက်၊ တချို့က ဂီတသင်တန်းတက်နေကြတာကို ကျွန်မ တွေ့ရတယ်။ အထူးသဖြင့် ကလေးများနေ့ ဖျော်ဖြေပွဲတွေမှာဆို သူတို့လေးတွေက ဆရာ၊ မိဘအများကြီးရဲ့ အာရုံစိုက်တာကို ခံရပြီး လက်ခုပ်သြဘာတွေလည်း တသောသော ရကြတယ်။ ကျွန်မက သမီးကို အကသင်ခိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်၊ ဒါက သူ့ကို ကိုယ်လုံးကိုယ်ပေါက်လှစေပြီး ဟန်ပန်ကို ကောင်းစေရုံသာမက စင်ပေါ်မှာ ဖျော်ဖြေခွင့်လည်း ရနိုင်တာကိုး။ ဒါပေမဲ့ သူက ခြေကားတာ၊ ခါးလှန်ရတာတွေကို ကြောက်ပြီး ကျွန်မဘယ်လိုပဲပြောပြော သင်ယူဖို့ ငြင်းဆန်ခဲ့တယ်။ ကျွန်မ တွေးလိုက်တယ်၊ “နင့်စိတ်တိုင်းကျတွေပဲ ငါလိုက်လုပ်ပေးလို့ မဖြစ်ဘူး။ နောင်တစ်ချိန်မှာ စင်ပေါ်တက်ပြီး လူတွေရဲ့ အာရုံစိုက်တာခံရအောင် နင် အတတ်ပညာတစ်ခုခုကို သင်ထားဖို့ လိုတယ်” လို့ပေါ့။ ၂၀၁၂ ခုနှစ်မှာ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ပြီး လူတိုင်းရဲ့ ကံကြမ္မာက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာနဲ့ လူတွေ တစ်သက်တာလုံး လုပ်ဆောင်တဲ့အရာတိုင်းဟာ ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီး စီစဉ်ထားပြီးသားဖြစ်တယ်ဆိုတာကို သိလာခဲ့တယ်။ ဒါပေမဲ့ သမီးလေးကို စင်ပေါ်မှာ ဖျော်ဖြေနေတာ မြင်ချင်တဲ့ ကျွန်မရဲ့ မျှော်လင့်ချက်ကိုတော့ မစွန့်လွှတ်ခဲ့ဘူး။ နောက်ပိုင်းမှာ တူရိယာတစ်ခုခု သင်ရင်လည်း စင်ပေါ်တက်လို့ရတာပဲလို့ ကျွန်မ တွေးပြီးတော့ တူရိယာရွေးဖို့ သူ့ကို တူရိယာဆိုင် ခေါ်သွားခဲ့တယ်။ ဒါပေမဲ့ သူက စိတ်မဝင်စားခဲ့ဘူး။ ကျွန်မ သမီးကို ဒေါသနဲ့ ပြောလိုက်တယ်၊ “တစ်ခုခုကို ရွေးကိုရွေးရမယ်။ အတတ်ပညာတစ်ခုကို သင်မှ စင်ပေါ်မှာ ဖျော်ဖြေခွင့်ရမှာ၊ အဲဒီအခါကျမှ မက်မောချင်စရာ ဘဝနဲ့ နေနိုင်မှာလေ။ အဲဒီအချိန်ကျရင် နင့်ကို လူဘယ်လောက်များများက အားကျနေမလဲ စဉ်းစားကြည့်စမ်း” လို့ပေါ့။ ကျွန်မ အရမ်းစိတ်တိုနေတာကို မြင်တော့ သမီးလေးက အင်တင်တင်နဲ့ပဲ ဂူကျန်းကို ရွေးလိုက်တယ်။ အစပိုင်းမှာတော့ သမီးလေးက မသင်ချင်ခဲ့ဘူး။ ဒါနဲ့ ကျွန်မက အတွေ့အကြုံရှိတဲ့ ဂူကျန်းဆရာမတစ်ယောက်ကို ရှာပြီး သူ့ကို အတင်းအကျပ် သင်ခိုင်းခဲ့တယ်။ ဂူကျန်းအပေါ် သူ စိတ်ဝင်စားလာအောင် ကျွန်မ သူ့ကို ခဏခဏ အားပေးခဲ့သလို ဆရာမကလည်း သမီးလေးမှာ ပင်ကိုစွမ်းရည်ရှိတယ်လို့ ချီးကျူးတယ်။ တဖြည်းဖြည်းနဲ့ သမီးလေးက ဂူကျန်းကို စိတ်ဝင်စားလာပြီး သီချင်းတချို့ကို အမြန်သင်ယူတတ်မြောက်သွားတယ်။ တစ်နေ့မှာ သမီးလေးက ကျွန်မကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောတယ်၊ “မေမေ၊ နောင်ကျရင် သမီး ဘုရားသခင်ကို ချီးမွမ်းဖို့ ဂူကျန်းတီးလို့ရပြီ” တဲ့။ သမီးလေး လိမ္မာတာကို မြင်ရတော့ ကျွန်မ အတော်လေးကျေနပ်ပီတိဖြစ်မိတယ်။
နောက်ပိုင်းမှာ ကျွန်မသမီးကို စင်မြင့်အတွေ့အကြုံ ပိုရဖို့ အထောက်အကူဖြစ်အောင်၊ ဖျော်ဖြေပွဲရှိတယ်လို့ ကြားလိုက်တိုင်း သူ့အတွက် ကျွန်မ တက်တက်ကြွကြွ စာရင်းပေးသွင်းခဲ့တယ်။ ကျွန်မမှာ ခါးအကြောညပ်ဝေဒနာရှိပြီး အကြာကြီး မတ်တပ်မရပ်နိုင်ပေမဲ့ အစမ်းလေ့ကျင့်မှုတွေမှာ သူ့ကို မရရအောင် လိုက်ပို့ပေးခဲ့တယ်။ သမီးလေးက တော်တော်တိုးတက်လာပြီး ဖျော်ဖြေမှုတွေမှာ ထူးချွန်ပြောင်မြောက်တော့ အမြဲတမ်း စင်ရဲ့ အလယ်ဗဟိုမှာ နေရာရတယ်။ ဆရာတွေ၊ ဒိုင်တွေဆီက ချီးကျူးတာလည်း ခံရတော့ ကျွန်မ အရမ်းကို ပျော်ခဲ့ရတယ်။ သူ့ဖျော်ဖြေပွဲတွေအတွက် လိုက်သွားပေးဖို့ဆို ကျွန်မ မနက် ၃ နာရီလောက် ထပြီး ပြင်ဆင်ရတယ်။ သမီးလေးအတွက်ပဲ အပြေးအလွှား လုပ်ရလွန်းလို့ ထမင်းစားဖို့တောင် အချိန်မရခဲ့ဘူး။ တစ်နေ့လုံး လှုပ်ရှားသွားလာပြီးတဲ့နောက်မှာတော့ ခေါင်းတွေမူးပြီး လူရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေရော။ ဒါပေမဲ့ သမီးလေး စင်ပေါ်မှာ ထွန်းလင်းတောက်ပနေတာကို မြင်လိုက်ရတဲ့အခါ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ့ရဲ့ ကိုယ်ပိုင်စင်မြင့်အိပ်မက်ကို မဖြည့်ဆည်းနိုင်ခဲ့ပေမဲ့ သမီးလေးကို စင်ရဲ့အလယ်ဗဟိုမှာ နေရာယူနိုင်အောင် လုပ်ပေးနိုင်ခဲ့တာက ငါ့ရဲ့ နာကျင်ပင်ပန်းမှုအားလုံးအတွက် တန်ပါတယ်” လို့ပေါ့။ ဖျော်ဖြေပွဲတွေကြောင့် ပင်ပန်းနွမ်းနယ်တာရယ်၊ စာကျက်ရတဲ့ ဖိအားတွေရယ်ကြောင့် သမီးလေးရဲ့ ခန္ဓာကိုယ်က မခံနိုင်တော့ဘဲ ဂူကျန်းဆက်မလေ့ကျင့်ချင်တော့ဘူး။ ကျွန်မက သူ့ကို ဆက်လုပ်ဖို့ ချော့မော့ပြီး ဖျောင်းဖျဖို့ ကြိုးစားခဲ့တယ်၊ နောက်ဆုံးမှာတော့ သူက အင်တင်တင်နဲ့ သဘောတူခဲ့တယ်။ နေ့တိုင်း သူကျောင်းကပြန်လာတဲ့အခါတိုင်း ကျွန်မက သမီးကို အချိန်မဆိုင်းဘဲ ဂူကျန်းလေ့ကျင့်ခိုင်းတယ်။ သမီးက စနေ၊ တနင်္ဂနွေမှာ အပြင်ထွက်လည်ချင်တဲ့အခါ အပြင်မထွက်ခင် ဂူကျန်းအပြီးလေ့ကျင့်ဖို့ ကျွန်မ တောင်းဆိုခဲ့တယ်။ သူ နားမထောင်ရင် ကျွန်မ သူ့ကို ဆူတယ်၊ “နင့်အဖေနဲ့ငါက ဘာဖြစ်လို့ အပင်ပန်းခံပြီး ချွေတာစုဆောင်းပြီးတော့ နင့်ကို သင်တန်းထားပေးပြီး လေ့ကျင့်ခိုင်းတယ်လို့ ထင်လဲ။ နောင်တစ်ချိန်မှာ နင် စင်ပေါ်တက်ပြီး အောင်မြင်အောင် ကူညီပေးနိုင်ဖို့အတွက် မဟုတ်ဘူးလား။ ငါတို့ကို နည်းနည်းပါးပါး ဂုဏ်ယူရအောင်လုပ်ပေးလို့မရဘူးလား” လို့ပေါ့။ ကျွန်မ စိုးရိမ်ပြီး ဒေါသထွက်နေတာကို မြင်တော့ သမီးလေးက ငိုပြီး ဂူကျန်းသွားလေ့ကျင့်ရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး။ အလယ်တန်းရောက်တော့ စာတွေကများပြီး ဖိအားတွေများလာတဲ့အပြင် ဖျော်ဖြေပွဲအမျိုးမျိုးအတွက်လည်း ခဏခဏ အစမ်းလေ့ကျင့်ရတော့ သူ ဂူကျန်းလေ့ကျင့်ချင်စိတ်မရှိတော့ပြန်ဘူး။ ကျွန်မ သမီးကို ဆူပူကြိမ်းမောင်းတယ်၊ “ဘယ်လောက်ပဲ အလုပ်များများ ဂူကျန်းကိုတော့ ဆက်လေ့ကျင့်ရမှာပဲ။ နင် ကောင်းကောင်းလေ့ကျင့်ရင် စင်ပေါ်တက်ပြီး တစ်သက်စာ နာမည်ကောင်းရမှာ” လို့ပေါ့။ ဒါပေမဲ့ သူက လေ့မကျင့်ဘဲနေတုန်းပဲ။ ကျွန်မက သူ့စာအုပ်တွေနဲ့ ဂူကျန်းတီးတဲ့လက်အစွပ်ကို ကြမ်းပြင်ပေါ် ဒေါသနဲ့ လွှင့်ပစ်လိုက်ပြီး ပြောလိုက်တယ်၊ “ရတယ်လေ။ မလေ့ကျင့်နဲ့တော့။ နင် အသက်ကြီးလာတဲ့အခါ အမှိုက်ကောက်ရတာကို ပျော်ပါစေလို့ပဲ ငါ မျှော်လင့်တယ်” လို့ပေါ့။ ကျွန်မ အရမ်းစိတ်တိုနေတာကို မြင်တော့ သမီးလေးက အမြန်ပြေးပြီး လေ့ကျင့်တော့တယ်။ တစ်ခါတလေ သမီးလေးက မတရားခံရတယ်လို့ ခံစားရပြီး ငိုယိုပြီးပြောတယ်၊ “ဘာဖြစ်လို့ မေမေက သမီးရဲ့ ကံကြမ္မာကို ထိန်းချုပ်ဖို့ အမြဲကြိုးစားနေရတာလဲ” တဲ့။ ကျွန်မက ဒေါသနဲ့ ပြန်ပြောတယ်၊ “ငါလုပ်သမျှအားလုံးက နင့်အတွက် မဟုတ်လို့လား။ ကိုယ့်အတွက် ဘာကောင်းလဲဆိုတာ နားမလည်ဘူးလား” လို့ပေါ့။ သမီးလေးကလည်း ဒေါသနဲ့ပြန်ပြောတယ်၊ “သမီးက ဂူကျန်းတီးရတာကို မကြိုက်ဘူး။ မေမေက အတင်းသင်ခိုင်းနေတာ” တဲ့။ ကျွန်မတို့ရဲ့ အငြင်းအခုံတွေက အမြဲတမ်း အဆင်မပြေဘဲနဲ့ပဲ ပြီးသွားတယ်။ ဖျော်ဖြေပွဲနဲ့ စုဝေးပွဲအချိန် ထိပ်တိုက်တိုးတဲ့အခါတိုင်း သမီးကို ဖျော်ဖြေပွဲကိုပဲ အရင်သွားတက်ခိုင်းတယ်။ သမီးက စုဝေးပွဲတက်ချင်တယ်ဆိုရင် ကျွန်မက အမြန်ပြောလိုက်တယ်၊ “စုဝေးပွဲအတွက် အချိန်တွေအများကြီးရှိတယ်၊ ဖျော်ဖြေပွဲအခွင့်အရေးကိုတော့ လက်မလွှတ်သင့်ဘူး။ ဒီအခွင့်အရေးတွေ လွတ်သွားရင် စင်ပေါ်မှာ ထင်ပေါ်ကျော်ကြားဖို့ အခွင့်အရေးတွေ ဆုံးရှုံးသွားမှာ” လို့ပေါ့။ ဒီလိုနဲ့ သမီးလေး စုဝေးပွဲတွေအများကြီး လွတ်ခဲ့ရတယ်။
နောက်ပိုင်းမှာ သမီးလေးက အနုပညာအထက်တန်းကျောင်းကို အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့တယ်။ သမီးလေးအကြောင်း ပြောလိုက်တိုင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်းတွေက အားကျပြီး လေးစားတဲ့အကြည့်တွေနဲ့ ကြည့်ကြတယ်။ ကျွန်မရဲ့ မာနက အကြီးအကျယ် ကျေနပ်သွားတယ်။ တဖြည်းဖြည်းနဲ့ သမီးလေးကလည်း သူ့ရဲ့အာရုံအားလုံးကို စာကျက်တာနဲ့ ဂူကျန်းတီးတာပေါ်မှာပဲ ထားတော့တယ်။ သူမျှော်မှန်းထားတဲ့ ဂီတအကယ်ဒမီကို ဝင်ခွင့်ရဖို့နဲ့ သူ့သူငယ်ချင်းတွေကို ကျော်တက်နိုင်ဖို့ အချိန်ပိုသုံးပြီး ဂူကျန်းလေ့ကျင့်တော့တယ်။ ကျွန်မလည်း ငွေအများကြီးအကုန်ခံပြီး သမီးကို တစ်ဦးချင်းသင်ပေးဖို့ ဆရာငှားပေးခဲ့တယ်။ သမီးရဲ့ ဂူကျန်းတီးတဲ့စွမ်းရည် တိုးတက်လာတာကို မြင်တော့ ကျွန်မ အရမ်းပျော်ခဲ့တယ်။ သမီးလေး ကျောင်းပိတ်လို့ ပြန်လာတဲ့အခါ စုဝေးပွဲတက်စေချင်ပေမဲ့ သူက “အိမ်စာမပြီးသေးဘူး”၊ “ဂူကျန်းမတီးရသေးဘူး” ဆိုတဲ့ ဆင်ခြေတွေပေးတယ်။ သမီးလေး စုဝေးပွဲမတက်တာ တစ်နှစ်နီးပါးရှိပြီဆိုတာ မြင်တော့ ကျွန်မ စိတ်နည်းနည်းပူလာတယ်။ ဒါပေမဲ့ သူ အိမ်စာလုပ်တာတွေ၊ ဂူကျန်းတီးတာတွေနဲ့ အရမ်းအလုပ်ရှုပ်နေတာကို မြင်တော့ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “သမီးကို စနေ၊ တနင်္ဂနွေမှာ ဂူကျန်းသင်ခန်းစာ မယူခိုင်းဘဲ စုဝေးပွဲသွားတက်ဖို့ ခွင့်ပြုလိုက်ရမလား” လို့ပေါ့။ ဒါပေမဲ့ ပြီးတော့ ကျွန်မ တွေးမိတယ်၊ “သူ့ရဲ့ ဂူကျန်းတီးတဲ့ စွမ်းရည်တွေ တိုးတက်လာအောင် အရမ်းကြိုးစားထားရတာ၊ စနေ၊ တနင်္ဂနွေမှာ မလေ့ကျင့်ရင် တခြားသူတွေနောက်မှာ ကျန်ခဲ့မှာ မဟုတ်ဘူးလား။ ဂူကျန်းလေ့ကျင့်တာကို လျှော့လို့မဖြစ်ဘူး။ ဒါပေမဲ့ စုဝေးပွဲတွေ အကြာကြီးမတက်ဘဲနေရင် သူ့အသက်တာလည်း ထိခိုက်ဆုံးရှုံးမှာပဲ” လို့ပေါ့။ ခဏလောက် စဉ်းစားပြီးနောက်မှာတော့ သူနဲ့အတူ စုဝေးဖို့ အချိန်ရှာမယ်လို့ ဆုံးဖြတ်လိုက်တယ်။ တစ်နေ့မှာ သမီးလေးက ကျောင်းဆက်မတက်ချင်တော့ဘူးလို့ ကျွန်မကို ပြောလာတယ်။ သူက ကျောင်းရဲ့ဝန်းကျင်အခြေအနေက မကောင်းဘူး၊ ဆေးလိပ်သောက်တဲ့သူတွေ၊ ရည်းစားထားတဲ့သူတွေ၊ နောက်ပြီး လူမိုက်ဂိုဏ်းဖွဲ့တဲ့သူတွေ ရှိတယ်လို့ ပြောတယ်။ စာကျက်ဖို့ အာရုံစိုက်ရတာခက်ပြီး အရမ်းကို ကျပ်တည်းပြီး စိတ်ဖိစီးရတယ်လို့ သူပြောတယ်။ သမီးလေး ကျောင်းမတက်ချင်တော့ဘူးလို့ ပြောတာကြားတော့ ကျွန်မ စိတ်ထဲမှာ တွေးလိုက်တယ်၊ “နင် အနုပညာကျောင်းကို ဝင်ခွင့်ရဖို့ အရမ်းကြိုးစားခဲ့ရတာ၊ နောက်ထပ်နှစ်နှစ်လောက်ပဲ ကြိုးစားလိုက်ရင် အနုပညာအကယ်ဒမီဝင်ခွင့်စားမေးပွဲကို ဖြေနိုင်တော့မှာ။ ဝင်ခွင့်ရသွားတာနဲ့ နင့်ရဲ့ ပိုကြီးတဲ့ စင်မြင့်အိပ်မက်က တကယ်ဖြစ်လာတော့မှာ၊ အဲဒီအခါကျရင် ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ၊ ဆရာတွေ၊ အတန်းဖော်တွေအားလုံးက နင့်ကို အားကျပြီး လေးစားကြမှာ၊ ပြီးတော့ နင်က ငါ့ကိုလည်း ဂုဏ်ရှိစေမှာပဲ” လို့ပေါ့။ ဒါနဲ့ ကျွန်မ ဒေါသတကြီးနဲ့ ပြောလိုက်တယ်၊ “နင် နောက်ဆုံးတော့ အနုပညာအထက်တန်းကျောင်းကို ဝင်ခွင့်ရခဲ့တာနော်။ မတက်တော့ဘူးဆိုရင် တောက်ပတဲ့ အနာဂတ်ကောင်းတစ်ခုကို လက်လွှတ်ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား” လို့ပေါ့။ ကျွန်မ အရမ်းစိုးရိမ်ပြီး ဒေါသထွက်နေပုံကို မြင်တော့ သမီးလေးက ငိုရုံပဲငိုရှာပြီး ကျောင်းသွားခဲ့တယ်။ သမီးလေး မတရားဆက်ဆံခံရတယ်လို့ ခံစားနေရတဲ့ပုံကို မြင်ရတော့ ကျွန်မလည်း ရင်ထဲမှာ မကောင်းဘူး၊ ဒါပေမဲ့ သမီးလေး စင်ပေါ်တက်ပြီး ထင်ပေါ်ကျော်ကြားဖို့အတွက် ကျွန်မမှာ ဒီလိုလုပ်ရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူးလို့ ခံစားခဲ့ရတယ်။
စုဝေးပွဲတစ်ခုမှာ ကျွန်မရဲ့အခြေအနေကို အစ်မလီလင်းကို ပြောပြတော့ သူက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာပြီး ကျွန်မကို ဖတ်ခိုင်းခဲ့တယ်။ ဘုရားသခင်က ပြောသည် “သားသမီးများသည် ၎င်းတို့၏ အစောပိုင်းနှစ်များတွင် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ သို့မဟုတ် အချို့သော မမှန်ကန်သည့် ငြင်းခုံမှုများ သို့မဟုတ် အတွေးများနှင့် အမြင်ရှုထောင့်များ၏ တစ်စိတ်တစ်ဒေသအဖြစ် ဖြစ်ပျက်သည့် အချို့သောအရာများကို ထိတွေ့လျှင် ၎င်းတို့၌ ပိုင်းခြားသိမြင်မှု မရှိသည့်အခြေအနေများတွင် ၎င်းတို့သည် ထိုအရာများနောက်သို့ လိုက်နိုင်သည်၊ သို့မဟုတ် ထိုအရာများကို အတုခိုးနိုင်သည်။ မိဘများသည် ဤပြဿနာများကို စောစီးစွာ သတိပြုမိသင့်ပြီး ချက်ချင်းပြုပြင်ပေးခြင်းနှင့် တိကျမှန်ကန်သော လမ်းပြမှုပေးခြင်းတို့ကို ပြုလုပ်သင့်သည်။ ဤသည်မှာလည်း ၎င်းတို့၏ တာဝန်ဖြစ်သည်။ အတိုချုပ်အားဖြင့်ဆိုလျှင် ရည်မှန်းချက်ပန်းတိုင်မှာ သားသမီးများအနေဖြင့် ၎င်းတို့၏ အတွေးများ၊ ကျင့်ကြံပြုမူမှု၊ သူတစ်ပါးတို့အပေါ် ဆက်ဆံမှု၊ အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် သိမြင်နားလည်မှုတို့တွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသော၊ အပြုသဘောဆောင်သော၊ မှန်ကန်သော ဦးတည်ချက်ရှိရန်၊ ဤသို့ဖြင့် ၎င်းတို့၌ ဆိုးယုတ်သော ဦးတည်ချက်ထက် အကျိုးပြုသော ဦးတည်ချက်ဖြစ်ပေါ်နိုင်ရန် သေချာစေဖို့ ဖြစ်သည်။ ဥပမာအနေဖြင့် ဘာသာတရားမရှိသူများက ‘ရှင်ခြင်းနှင့်သေခြင်းကို ကြိုတင်စီမံပြီးဖြစ်သည်။ ချမ်းသာခြင်းနှင့် ဂုဏ်ကို ကောင်းကင်ဘုံက ဆုံးဖြတ်သည်’ ဟု မကြာခဏ ပြောကြသည်။ ဘဝတွင် လူတစ်ယောက် တွေ့ကြုံသင့်သည့် ဒုက္ခနှင့် ပျော်မွေ့မှုပမာဏကို ဘုရားသခင်က ကြိုတင်စီရင်ထားပြီး လူသားများက မပြောင်းလဲနိုင်ပေ။ တစ်ဖက်တွင် မိဘများသည် သားသမီးများအား အရှိအတိုင်းဖြစ်သော ဤအမှန်တရားများကို အသိပေးသင့်သည်။ အခြားတစ်ဖက်တွင် ဘဝသည် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များအကြောင်းသာ မဟုတ်သကဲ့သို့ သာယာပျော်မွေ့မှုလည်း သေချာပေါက် မဟုတ်ကြောင်းကို သားသမီးများအား သွန်သင်ပေးသင့်သည်။ လူတို့အတွက် ဤဘဝတွင် စားခြင်း၊ သောက်ခြင်းနှင့် ဖြေဖျော်မှုကို ရှာဖွေခြင်းတို့ထက် ပို၍အရေးကြီးသော လုပ်ဆောင်စရာများ ရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သင့်သည်။ သမ္မာတရားကို လိုက်စားသင့်သည်။ ပြီးလျှင် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို လိုက်စားသင့်သည်။ လူတို့သည် သာယာမှုအတွက်၊ စားဖို့သောက်ဖို့အတွက်၊ ပြီးလျှင် ဇာတိပကတိအတွက် ဖြေဖျော်မှုကို ရှာဖွေဖို့သာ အသက်ရှင်လျှင် ၎င်းတို့သည် ဖုတ်ကောင်များကဲ့သို့ ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ ဘဝသည် လုံးဝ တန်ဖိုးမရှိပေ။ ၎င်းတို့သည် အပြုသဘောဆောင်သော၊ သို့မဟုတ် အဓိပ္ပာယ်ရှိသော တန်ဖိုးကို မဖန်တီးဘဲ အသက်ရှင်ရန်၊ သို့မဟုတ် လူသားဖြစ်ရန်ပင် မထိုက်တန်ပေ။ ကလေးတစ်ယောက်သည် ဘုရားသခင်ကို မယုံကြည်လျှင်ပင် အနည်းဆုံးအနေဖြင့် သူ့အား လူကောင်းတစ်ယောက်ဖြစ်ပြီး သူ၏ သင့်လျော်သောတာဝန်အား အာရုံစိုက်လုပ်ဆောင်သော သူတစ်ယောက် ဖြစ်စေလော့။ သူသည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရပြီး အသင်းတော်အသက်တာတွင် ပါဝင်လိုစိတ်ရှိကာ ကြီးပြင်းလာသည်နှင့်အမျှ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်လိုစိတ်ရှိလျှင် ယင်းက ပို၍ပင် ကောင်းသည်။ သားသမီးများက ဤသို့ဖြစ်လျှင် မိဘများသည် ဘုရားသခင်က လူတို့အား နှိုးဆော်တိုက်တွန်းထားသည့် စည်းမျဉ်းများကို အခြေခံ၍ အရွယ်မရောက်သေးသော သားသမီးများအပေါ် ၎င်းတို့၏ တာဝန်များကို ပို၍ပင် ဖြည့်ဆည်းသင့်သည်။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်မည်လော၊ သို့မဟုတ် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရမည်လောဆိုသည်ကို သင်မသိလျှင် အနည်းဆုံးအနေဖြင့် သားသမီးများအား ပုံသွင်းပေးသည့် နှစ်များအတွင်း၌ သားသမီးများနှင့်ပတ်သက်သည့် သင်၏ တာဝန်များကို ဖြည့်ဆည်းပေးသင့်သည်။ သင်သည် ဤအရာများကို မသိလျှင်ပင်၊ သို့မဟုတ် သဘောပေါက်နားလည်နိုင်ခြင်း မရှိနိုင်လျှင်ပင် ဤတာဝန်များကို သင်ထမ်းဆောင်နေသေးသင့်သည်။ သင်ထမ်းဆောင်သင့်သည့် တာဝန်များနှင့် ဝတ္တရားများကို အတတ်နိုင်ဆုံး ဆောင်ရွက်သင့်ပြီး သင်သိပြီးဖြစ်သည့် အပြုသဘောဆောင်သော အတွေးများနှင့် အမှုအရာများကို သင့်သားသမီးများအား မျှဝေပြောပြသင့်သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့၏ ဝိညာဉ်ရေး တိုးတက်ကြီးထွားမှုသည် အကျိုးပြုသော ဦးတည်ချက်နောက်သို့လိုက်ရန်၊ ၎င်းတို့၏ စိတ်သည် သန့်ရှင်းပြီး သင့်တင့်ကောင်းမွန်နေဖို့ သေချာစေလော့။ ၎င်းတို့အား သင်၏ မျှော်မှန်းချက်များ၊ ပျိုးထောင်မှု၊ သို့မဟုတ် ဖိနှိပ်မှုအောက်တွင်ပင် ငယ်ရွယ်သောအချိန်မှစ၍ ကျွမ်းကျင်မှုနှင့် အသိပညာမျိုးစုံကို မလေ့လာခိုင်းနှင့်။ ပို၍ပင် အရေးကြီးသည်မှာ အချို့မိဘများသည် သားသမီးများက ပင်ကိုစွမ်းရည်ပြပွဲ အမျိုးမျိုးနှင့် ပညာရေး၊ သို့မဟုတ် အားကစားပြိုင်ပွဲများတွင် ပါဝင်သောအခါ၌ သားသမီးများကို အဖော်ပြုလိုက်ပါပေးခြင်း၊ လူမှုခေတ်ရေစီးကြောင်းမျိုးစုံ နောက်သို့လိုက်ကာ စာနယ်ဇင်း ရှင်းလင်းပွဲ၊ လက်မှတ်ထိုးပွဲနှင့် စာပေပညာဘာသာရပ် ဆွေးနွေးပွဲများကဲ့သို့သော ပွဲများသို့ သွားခြင်းအပြင် ဆုပေးပွဲအခမ်းအနားများတွင် မည်သည့်ပြိုင်ပွဲနှင့် ကြိုဆိုမိန့်ခွန်းပြောပွဲများမဆို စသည်တို့ကို တက်ရောက်ခြင်း ဖြစ်သည်။ အနည်းအဆုံးအနေဖြင့် မိဘများသည် ဤအရာများကို ကိုယ်တိုင်လုပ်ဆောင်ခြင်းအားဖြင့် သားသမီးများအား ၎င်းတို့၏ ခြေလှမ်းများနောက်သို့ လိုက်ခွင့်မပြုသင့်ပေ။ မိဘများက ဤသို့သော လုပ်ဆောင်ချက်များဆီသို့ မိမိတို့၏ သားသမီးများအား ခေါ်ဆောင်လျှင် တစ်ဖက်တွင် ၎င်းတို့သည် မိဘများအနေဖြင့် ၎င်းတို့၏တာဝန်ကို မဖြည့်ဆည်းရသေးသည်မှာ ရှင်းသည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏သားသမီးများအား ပြန်လမ်းမရှိသည့် လမ်းကြောင်းဆီသို့ ပွင့်ပွင့်လင်းလင်း ခေါ်ဆောင်နေပြီး သားသမီးများအတွက် အကျိုးပြုသော စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးနေသည်။ ဤမိဘများသည် သားသမီးများအား မည်သည့်နေရာသို့ ခေါ်ဆောင်ခဲ့ပြီနည်း။ ၎င်းတို့သည် သားသမီးများအား ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများဆီသို့ ခေါ်ဆောင်ခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ မိဘများ မပြုလုပ်သင့်သည့်အရာ ဖြစ်သည်။ ထို့အပြင် မိမိတို့၏ သားသမီးများ လျှောက်မည့် အနာဂတ်လမ်းကြောင်းများနှင့် ၎င်းတို့လိုက်စားမည့် အသက်မွေးအလုပ်များနှင့် ပတ်သက်ပြီး မိဘများသည် ‘သူ့ကို ကြည့်စမ်းပါ၊ သူသည် လေးငါးနှစ်အရွယ်တွင် စတင်၍ စန္ဒရားတီးသော စန္ဒရားပညာရှင်တစ်ဦးဖြစ်သည်။ သူသည် ကစားချိန်တွင် စိတ်အလိုမလိုက်ခဲ့ပါ၊ သူ့တွင် သူငယ်ချင်းများဖြစ်စေ၊ ကစားစရာအရုပ်များဖြစ်စေ မရှိ။ ပြီးလျှင် သူသည် နေ့စဉ် စန္ဒရားလေ့ကျင့်သည်။ သူ၏ မိဘများသည် စန္ဒရားတီးသင်တန်းချိန်များတွင် အဖော်ပြုလိုက်ပေးခဲ့သည်။ ဆရာအမျိုးမျိုးဖြင့် တိုင်ပင်ဆွေးနွေးခဲ့ပြီး စန္ဒရားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သည်။ ယခုနာမည်ကြီးနေသည့် သူ့ကို ကြည့်စမ်းပါ။ ကောင်းစွာ စားသောက်ရသည်။ ကောင်းစွာ ဝတ်စားရသည်။ မည်သည့်နေရာသွားသွား မျက်နှာပွင့်လန်းပြီး လေးစားခြင်းခံရသည်’ ဟူသကဲသို့သော အရာများကို မသွတ်သွင်းသင့်ပေ။ ဤသည်မှာ ကလေးတစ်ယောက်၏ စိတ် သင့်တင့်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးသည့် သင်ကြားလေ့ကျင့်ပေးမှုမျိုး ဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့် သင်ကြားလေ့ကျင့်ပေးမှုမျိုး ဖြစ်သနည်း။ ယင်းမှာ နတ်ဆိုး၏ သင်ကြားလေ့ကျင့်ပေးမှု ဖြစ်သည်။ ဤသင်ကြားလေ့ကျင့်ပေးမှုမျိုးသည် ငယ်ရွယ်သော မည်သည့်စိတ်ကိုမဆို ထိခိုက်စေသည်။ ယင်းက ၎င်းတို့အား ကျော်ကြားမှုကို ဆန္ဒပြင်းပြရန်၊ အမျိုးမျိုးသော မျက်နှာပွင့်ခြင်းများ၊ ဂုဏ်များ၊ ရာထူးနေရာများနှင့် ပျော်မွေ့ဖွယ်ရာများကို တပ်မက်ရန် အားပေးသည်။ ယင်းသည် ၎င်းတို့အား ငယ်ရွယ်စဉ်ကတည်းက ဤအရာများကို တောင့်တပြီး လိုက်စားစေကာ ၎င်းတို့အား စိတ်သောက ရောက်စေသည်။ အလွန်အမင်း စိုးရိမ်စေပြီး ပူပင်စေသည်။ ပြီးလျှင် ၎င်းတို့၏ အိမ်စာကို ကြည့်ရှုစစ်ဆေးပြီး ပညာရပ်အမျိုးမျိုးကို လေ့လာရန်အတွက် စောစောထကာ နောက်ကျသည်အထိ အလုပ်လုပ်ပြီး ၎င်းတို့၏ ကလေးဘဝ နှစ်ကာလများကို ဆုံးရှုံးလျက်၊ ဤအရာများကို ထိုတန်ဖိုးရှိသောနှစ်များနှင့် အလဲအလှယ်ပြုလျက် ဤအရာများကိုရရှိရန် အဖိုးအခမျိုးစုံကိုပင် ပေးဆပ်စေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာတော့ မိဘတွေရဲ့ တကယ့်တာဝန်အမှန်က ကလေးတွေရဲ့ ငယ်စဉ်ဘဝတစ်လျှောက်မှာ သူတို့ရဲ့ ကိုယ်ရောစိတ်ပါ ကျန်းကျန်းမာမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာဖို့ သေချာစေဖို့၊ သူတို့ရဲ့ အတွေးအမြင်တွေကို အပြုသဘောဆောင်တဲ့ လမ်းညွှန်မှုပေးဖို့နဲ့ သူတို့ရဲ့ ကလေးဘဝကို ပျော်မွေ့ခွင့်ပေးဖို့ပဲ ဖြစ်တယ်ဆိုတာ ကျွန်မ နောက်ဆုံးမှာ သဘောပေါက်သွားတယ်။ မိဘတွေက ကိုယ့်မျှော်လင့်ချက်တွေကို ကလေးတွေအပေါ် အတင်းအကျပ် ဖိအားပေးတာ၊ ကျော်ကြားမှု၊ ဂုဏ်သတင်း၊ ဂုဏ်ထူး၊ အဆင့်အတန်းနဲ့ သာယာမှုတွေကို လိုက်စားအောင် သူတို့ကို ဦးဆောင်ပြဖို့ မဟုတ်ဘူး။ ကျွန်မ မဆင်ခြင်မသုံးသပ်ဘဲ မနေနိုင်ခဲ့ဘူး။ သမီးလေးက ငယ်ငယ်ကတည်းက တူရိယာတီးတာ မကြိုက်ခဲ့ပေမဲ့ သူ နာမည်ကြီးပြီး နေရာတိုင်းမှာ လေးစားခံရအောင်လို့ ကျွန်မ သူ့ကို ဂူကျန်းအတင်းသင်ခိုင်းခဲ့တယ်။ သူ ဒိုင်တွေ၊ ဆရာတွေဆီက ချီးကျူးတာခံရတဲ့အခါ ကျွန်မ မပြည့်ခဲ့တဲ့အိပ်မက်တွေက သမီးလေးကတစ်ဆင့် နောက်ဆုံးတော့ အကောင်အထည်ပေါ်လာပြီလို့ ခံစားရပြီး သူ့ကို ပျိုးထောင်ပေးဖို့ ကျွန်မရဲ့စိတ်ပိုင်းဖြတ်မှုက ပိုပြီး ခိုင်မာလာခဲ့တယ်။ ဖျော်ဖြေပွဲရှိတယ်လို့ ကြားလိုက်တိုင်း သူ စင်ပေါ်မှာ ထင်ပေါ်ကျော်ကြားဖို့ အခွင့်အရေးလွတ်သွားမှာစိုးလို့ သူ့သဘောတူညီချက်မပါဘဲ စာရင်းသွားပေးသွင်းခဲ့တယ်။ သမီးလေး ဆော့ကစားချင်တဲ့အခါတိုင်း လေ့ကျင့်ချိန် နောက်ကျသွားမှာစိုးလို့ ကျွန်မ သူ့ကို ဆူပူကြိမ်းမောင်းခဲ့တယ်။ သူ့ရဲ့ တူရိယာတီးတဲ့စွမ်းရည် တိုးတက်လာဖို့အတွက် ကျွန်မ ငွေကုန်ကြေးကျခံပြီး ပညာရှင်ဆရာကို ငှားပြီး သင်ကြားပေးခဲ့တာ အားလုံးက သူ့ကို နာမည်ကြီးအောင် ပျိုးထောင်ပြီး ကျွန်မကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားချင်လို့ပါပဲ။ သမီးလေးရဲ့ နုနယ်တဲ့နှလုံးသားက ဖိအားနဲ့ နာကျင်မှုတွေ ဘယ်လောက်တောင် ခံစားနေရလဲဆိုတာကို ကျွန်မ တစ်ခါမှ မစဉ်းစားခဲ့ဘဲ ကိုယ့်ဆန္ဒတွေပြည့်ဖို့ကိုပဲ အမြဲတမ်း တွေးခဲ့တယ်။ ကျွန်မရဲ့ ပညာရေးအောက်မှာ သမီးလေးက သူ့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရမ်းအလေးထားလာပြီး သူ့အတန်းဖော်တွေကို ကျော်တက်နိုင်ဖို့ မနားမနေ လေ့ကျင့်ခဲ့ရလို့ သူ့မှာ တစ်ချိန်ကရှိခဲ့တဲ့ ပျော်ရွှင်တက်ကြွမှုနဲ့ အပြစ်ကင်းစင်မှုတွေကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်မတို့နှစ်ယောက်ကြားမှာ ကွာဟမှုတစ်ခု စပြီးဖြစ်လာတယ်၊ သမီးလေးကလည်း ဘုရားနှုတ်ကပတ်တော်ကို စားသောက်ဖို့နဲ့ စုဝေးပွဲတက်ဖို့ စိတ်မဝင်စားတော့ဘဲ ဘုရားသခင်နဲ့ တဖြည်းဖြည်း ပိုပိုပြီး ဝေးကွာသွားတယ်။ ဒီအကျိုးဆက်တွေအားလုံးက ကျွန်မကြောင့် ဖြစ်ခဲ့ရတာပါ။ ကျွန်မကလေးက အရင်က စုဝေးပြီး ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်လိုစိတ် ရှိခဲ့ပေမဲ့၊ ကျွန်မက သူ့ကို ဘုရားသခင်ကို ယုံကြည်ပြီး လမ်းကြောင်းမှန်ကို လျှောက်ဖို့ လမ်းမပြခဲ့ဘဲ ဆိုးညစ်တဲ့ရေစီးကြောင်းတွေထဲကို ဆွဲခေါ်ပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို မနားမနေ လိုက်စားစေခဲ့တယ်။ ဘယ်နည်းနဲ့များ ကျွန်မက မိခင်တစ်ယောက်ရဲ့ တကယ့်တာဝန်ကို ဖြည့်ဆည်းနေခဲ့တာလဲ။ ဒီအကြောင်းကို စဉ်းစားရင်း ကျွန်မရဲ့ အတင်းအကျပ် ပညာပေးနည်းလမ်းက ကျွန်မကလေးအပေါ် ဒီလောက်ကြီးမားတဲ့ ထိခိုက်မှုနဲ့ စိတ်ဒဏ်ရာတွေ သက်ရောက်စေခဲ့လို့ ကျွန်မ အတော်လေး နောင်တရမိတယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ခဲ့တယ်။ “လူအချို့သည် သူတို့၏သားသမီးများအတွက် ရှင်သန်နေထိုင်ကြသည်၊ သင်က ထိုသို့လုပ်ဖို့ ဆန္ဒမရှိဟု သင်ပြောကောင်းပြောနိုင်သည်၊ သို့သော် ဤသည်ကို သင်ဖြစ်မြောက်အောင်လုပ်နိုင်သလော။ လူအချို့သည် ဓနဥစ္စာအတွက်၊ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် အပြေးအလွှား အလုပ်များကြသည်။ ဤအရာများအတွက် ပြေးလွှားနေဖို့ ဆန္ဒမရှိဟု သင်ဆိုကောင်းဆိုနိုင်သော်လည်း သင်သည် အမှန်တကယ်တွင် ဤသို့နေနိုင်ပါသလော။ သင့်ကိုယ်သင်မသိလိုက်ဘဲ ဤလမ်းကြောင်းအပေါ် သင်တက်ရောက်လိုက်ပြီးဖြစ်နေသည့်အပြင် မတူသောရှင်သန်နည်းတစ်ခုကို ပြောင်းရန် ဆန္ဒရှိသော်လည်း သင်မပြောင်းနိုင်ပေ။ ဤကမ္ဘာတွင် သင်၏နေထိုင်ပုံနေထိုင်နည်းကို သင်မထိန်းချုပ်နိုင်ပေ။ ဤအရာ၏ မူလအရင်းအမြစ်မှာ အဘယ်နည်း။ စစ်မှန်သော ဘုရားသခင်ကို လူများက မယုံကြည်ဘဲ သမ္မာတရားကို လူများ မရရှိခြင်းကြောင့်ဖြစ်သည်။ လူတို့၏ ဝိညာဉ်ကို အဘယ်အရာက အားဖြည့်ပံ့ပိုးပေးသနည်း။ ဝိညာဉ်ရေးရာ အထောက်အပံ့အတွက် သူတို့ မည်သည့်နေရာတွင် ရှာကြသနည်း။ ဝိညာဉ်ရေးရာ အထောက်အပံ့အတွက် လူများသည် မိသားစု ပြန်လည်ပေါင်းဆုံခြင်း၊ အိမ်ထောင်ရေးသာယာမှု၊ ရုပ်ဝတ္ထုပစ္စည်းများမှ ရသောပျော်ရွှင်မှု၊ ဓနဥစ္စာ၊ ထင်ပေါ်ကျော်ကြားမှုနှင့် အမြတ်အစွန်း၊ သူတို့၏အဆင့်အတန်း၊ သူတို့၏ ခံစားချက်များနှင့် သူတို့၏ အသက်မွေးမှုများအပြင် နောက်မျိုးဆက်၏ ပျော်ရွှင်မှုတို့ထံမှ အားကိုးတကြီး မျှော်လင့်ကြသည်။ ဝိညာဉ်ရေးရာအထောက်အပံ့အတွက် ဤအရာများထံမှ ဝိညာဉ်ရေးရာ ပံ့ပိုးမှုကို အားကိုးတကြီး မမျှော်လင့်သူ တစ်ဦးတလေ ရှိသလော။ သားသမီးရှိသူများက သူတို့၏ သားသမီးများထံတွင် ယင်းကို ရှာကြသည်၊ သားသမီးမရှိသူများက ယင်းကို သူတို့၏ အသက်မွေးမှုများ၊ အိမ်ထောင်ရေး၊ လူ့အဖွဲ့အစည်းရှိ အဆင့်အတန်းနှင့် ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အထဲတွင် ရှာကြသည်။ ထို့ကြောင့် အကျိုးဆက်အားဖြင့် ဖြစ်လာသော ဘဝနေထိုင်မှု နည်းလမ်းများသည် အားလုံး အတူတူပင်ဖြစ်သည်။ စာတန်၏ထိန်းချုပ်ခြင်းနှင့် တန်ခိုးတို့ကို ခံရလျက် လူတို့အားလုံးသည် ထင်ပေါ်ကျော်ကြားမှု၊ အကျိုးအမြတ်၊ သူတို့၏ရှေ့ရေးများ၊ အသက်မွေးမှုများ၊ အိမ်ထောင်ရေးများ၊ မိသားစုများအတွက်ဖြစ်စေ၊ နောက်မျိုးဆက်အတွက်ဖြစ်စေ၊ ဇာတိပကတိဆိုင်ရာ သာယာမှုများအတွက်ဖြစ်စေ လူအားလုံးသည် မရည်ရွယ်ဘဲ ပြေးလွှား၍ အလုပ်များကြသည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်း ဟုတ်သလော။ ဤကမ္ဘာ၌ လူများ မည်မျှ ပျားပန်းခပ်မျှ လှုပ်ရှားနေပါစေ၊ သူတို့ အတတ်ပညာပိုင်းဆိုင်ရာတွင် မည်မျှ ဖြစ်မြောက်အောင်မြင်ပါစေ၊ သူတို့၏မိသားစုများ မည်မျှ ပျော်ရွှင်ပါစေ၊ သူတို့၏မိသားစု မည်မျှ ကြီးပါစေ၊ သူတို့၏အဆင့်အတန်း မည်မျှ ဂုဏ်သတင်း ကြီးပါစေ၊ လူသားအသက်တာ၏ လမ်းကြောင်းမှန်ပေါ်သို့ သူတို့ တက်ရောက်လျှောက်လှမ်းနိုင်စွမ်း ရှိသလော။ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ကမ္ဘာကြီးနောက်သို့ လိုက်ခြင်းဖြင့် သို့မဟုတ် သူတို့၏အသက်မွေးမှုများကို လိုက်စားခြင်းဖြင့် ဘုရားသခင်က လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို စွဲကိုင်ထားပြီး အရာအားလုံးကို ဖန်ဆင်းထားသည်ဟူသည့် အချက်ကို သူတို့ မြင်နိုင်စွမ်းရှိကြသလော။ ယင်းသည် မဖြစ်နိုင်ပေ။ လူတို့သည် မည်သည့်အရာကို လိုက်စားပါစေ၊ မည်သည့်လမ်းကြောင်းပေါ်တွင် ၎င်းတို့ လျှောက်လှမ်းနေပါစေ လူများသည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာကို စွဲကိုင်ထားသည် ဟူသည့် အချက်ကို အသိအမှတ်မပြုပါက သူတို့လျှောက်သည့် လမ်းကြောင်းသည် မှားသည်။ ယင်းသည် မှန်ကန်သောလမ်းကြောင်း မဟုတ်ပေ၊ သို့သော် မရိုးဖြောင့်သောလမ်းကြောင်း၊ ဆိုးယုတ်သော လမ်းကြောင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) “စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် အရည်အချင်း သို့မဟုတ် အစွမ်းသတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့် ကျွန်မ သဘောပေါက်ခဲ့တာက၊ စာတန်က လူတွေကို ဖောက်ပြန်ပျက်စီးစေပြီး ထိခိုက်နစ်နာစေဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုတယ်၊ “ထင်ရှားကျော်ကြားမှုရရှိခြင်း၊” “သူတစ်ပါးအပေါ် နေရာယူခြင်း၊” နဲ့ “သည် သင်၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” တို့လို အတွေးအခေါ်နဲ့ အမြင်တွေကို လူတွေထဲ သွတ်သွင်းပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို မနားမနေ လိုက်စားစေတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရရှိဖို့အတွက် သူတို့က ပိုပိုပြီး ဆိုးညစ်လာပြီး ပိုပိုပြီး ဒုက္ခခံစားရတယ်။ ကျွန်မ ငယ်ငယ်ကတည်းက စင်မြင့်ထက်က သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ အမြဲအိပ်မက်မက်ခဲ့တယ်။ စင်ပေါ်တက်ပြီး လူတိုင်းရဲ့ အားကျလေးစားတာကို ခံရဖို့၊ အဆင့်အတန်းနဲ့ ကျော်ကြားမှုကို ရရှိဖို့ပေါ့။ ကိုယ့်အိပ်မက်တွေ အကောင်အထည်မဖော်နိုင်ခဲ့တဲ့အခါ စိတ်ပျက်ခြင်းနဲ့ နာကျင်မှုထဲ နစ်မြုပ်သွားခဲ့ရတယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ အိပ်မက်တွေကို ကျွန်မသမီးကို သွတ်သွင်းပေးခဲ့ပြီး၊ ဂူကျန်းကို အတင်းသင်ခိုင်းခဲ့တယ်။ သူ တစ်နေ့မှာ စင်ပေါ်တက်ပြီး ထွန်းလင်းတောက်ပလာဖို့ မျှော်လင့်ခဲ့တယ်။ သမီးလေး ဂူကျန်းမသင်ချင်တာကို မြင်တော့ ကျွန်မ စိုးရိမ်၊ ဒေါသထွက်ပြီး သူ့အပေါ် စိတ်ဆိုးခဲ့တယ်။ သမီးက စုဝေးပွဲတွေ တက်ချင်တဲ့အခါ သူ့လေ့ကျင့်မှုကို နှောင့်နှေးစေမှာကို ကြောက်လို့ ကျွန်မက သူ့ကို တားခဲ့တယ်။ ဘယ်နည်းနဲ့များ ကျွန်မက မိခင်တစ်ယောက်ရဲ့ တာဝန်တွေကို ဖြည့်ဆည်းနေခဲ့လို့လဲ။ ကျွန်မလုပ်နေခဲ့တာက မကောင်းမှုသက်သက်ပဲ။ ကျွန်မ ဘုရားသခင်ကို ယုံကြည်တာ နှစ်တွေအများကြီးကြာနေပြီ၊ ဒါပေမဲ့ ကျွန်မရဲ့ လိုက်စားမှုနောက်ကွယ်က အမြင်တွေက တစ်စက်မှ မပြောင်းလဲသေးဘူး၊ ဘာသာတရားမရှိသူတွေလိုပဲ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားရင်း စာတန်ရဲ့ အတွေးအခေါ်အမြင်တွေအတိုင်း အသက်ရှင်နေတုန်းပဲ။ ကိုယ့်မာနကို ကျေနပ်စေဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားရမယ်ဆိုရင် သမီးလေး ဘုရားသခင်နဲ့ ဝေးကွာပြီး ကိုယ်တော်ကို သစ္စာဖောက်တာကိုတောင် ကျွန်မက ပိုပြီး လိုလားခဲ့တယ်။ ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကြောင့် တကယ်ပဲ မျက်စိကန်းပြီး အတွေးတွေ မှုန်ဝါးနေခဲ့တာ၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်စေပြီး သမီးကိုလည်း ထိခိုက်စေခဲ့တယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ဆိုတာ စာတန်က ကျွန်မအပေါ်မှာ တပ်ဆင်ထားတဲ့ မမြင်ရတဲ့ သံခြေကျင်းတွေပဲဖြစ်ပြီး အဲဒါတွေက ကျွန်မတို့အတွက် အဆုံးမရှိတဲ့ ဝမ်းနည်းခြင်းနဲ့ နာကျင်မှုကိုပဲ ယူဆောင်လာတယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ အဲဒီအခါမှာ နာမည်ကြီးအနုပညာရှင်တချို့အကြောင်းကို ကျွန်မ တွေးမိတယ်။ သူတို့က အနုပညာလောကမှာ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေ ရရှိခဲ့ကြပေမဲ့ ဝိညာဉ်ရေးရာမှာ ဟာလာဟင်းလင်းဖြစ်ပြီး နာကျင်မှုတွေကြောင့် စိတ်ကျရောဂါရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြတယ်။ လူတစ်ယောက်က အဆင့်အတန်းနဲ့ ကျော်ကြားမှုကို ရရှိရင်တောင် အဲဒါက သူတို့ရဲ့ မာနကို ခဏတာပဲ ကျေနပ်စေနိုင်ပြီး သူတို့ရဲ့ အတွင်းစိတ်က ဟာလာဟင်းလင်းဖြစ်မှုနဲ့ နာကျင်မှုကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်မ မြင်ခဲ့တယ်။ အဲဒီအစား ဒီအရာတွေက သူတို့ကို ဘုရားသခင်နဲ့ တဖြည်းဖြည်း ဝေးကွာစေပြီး သူ့ကို ငြင်းပယ်စေတယ်၊ ပြီးတော့ ဒီအကျိုးဆက်အနေနဲ့ စာတန်က သူတို့ကို ဝါးမျိုသွားမှာပဲ။ ဒါကို သဘောပေါက်သွားတော့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို နောက်ထပ်မလိုက်စားတော့ပါဘူး၊ ကိုယ်တော့်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်လို့ ပြောခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ထပ်ဖတ်ခဲ့တယ်။ “မိဘများသည် သားသမီးများ အရွယ်မရောက်မီတွင် သားသမီးများအပေါ် ၎င်းတို့၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရန် လုပ်ဆောင်သမျှတိုင်းသည် အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် သဘာဝနိယာမများကို ဆန့်ကျင်နေသည်။ ထို့အပြင် ဘုရားသခင်၏ စီမံမှုနှင့် အချုပ်အခြာအာဏာဖြင့် ဆန့်ကျင်နေသည်။ သားသမီးများသည် အမှန်နှင့်အမှားကို ပိုင်းခြားသိမြင်ရန်၊ သို့မဟုတ် အမှီအခိုကင်းစွာ တွေးခေါ်ရန် စွမ်းရည်မရှိသော်လည်း ၎င်းတို့၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့သည် မိဘများ၏ အုပ်စိုးခြင်းကို မခံရပေ။ ထို့ကြောင့် မိုက်မဲသောမိဘများသည် ၎င်းတို့၏ အသိစိတ်အတွင်းတွင် သားသမီးများအပေါ် မျှော်မှန်းချက်များထားရှိခြင်းအပြင် ထိုမိဘများ၏ အပြုအမူနှင့်ပတ်သက်လျှင် ပိုက်ဆံသုံးစွဲရခြင်းဖြစ်စေ၊ အချိန်သုံးစွဲရခြင်းဖြစ်စေ၊ အားအင်သုံးစွဲရခြင်းဖြစ်စေ၊ အခြားသောအရာများကို သုံးစွဲရခြင်းဖြစ်စေ ဆောင်ရွက်မှုများ၊ အနစ်နာခံမှုများ၊ အဖိုးအခ ပေးဆပ်ခြင်းများကိုလည်း ပို၍လုပ်ဆောင်ကြပြီး ၎င်းတို့ အလိုရှိသမျှတိုင်းကို လုပ်ဆောင်ကာ သားသမီးများအတွက် လုပ်ဆောင်လိုစိတ် ရှိကြသည်။ မိဘများက ထိုအရာများကို မိမိဆန္ဒအလျောက် လုပ်ဆောင်ကြခြင်း ဖြစ်သော်လည်း ယင်းတို့သည် လူသားမဆန်ပေ။ ပြီးလျှင် ယင်းတို့သည် မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်များ မဟုတ်ပေ။ ယင်းတို့သည် ၎င်းတို့၏ စွမ်းရည်နှင့် ၎င်းတို့၏ သင့်လျော်သောတာဝန်များ၏ နယ်ပယ်ကို ကျော်လွန်နေပြီ ဖြစ်သည်။ ငါသည် အဘယ်ကြောင့် ဤသို့ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် မိဘများသည် သားသမီးများ အရွယ်မရောက်မီတွင် သားသမီးများ၏ အနာဂတ်ကို စီစဉ်ပြီး ထိန်းချုပ်ရန် စတင်ကြိုးစားကာ သားသမီးများ၏ အနာဂတ်ကိုလည်း အဆုံးအဖြတ်ပေးရန် ကြိုးစားသောကြောင့် ဖြစ်သည်။ ဤသည်မှာ မမိုက်မဲသလော။ (မိုက်မဲပါသည်။) ဥပမာ လူတစ်ယောက်သည် သာမန်အလုပ်သမားတစ်ယောက်ဖြစ်မည်၊ ပြီးလျှင် ဤဘဝ၌ ကိုယ့်ဝမ်းကိုယ်ဖြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ဆင်ရန်အတွက် အခြေခံလုပ်အားခအချို့ကိုသာ ရှာနိုင်မည်ဟု ဘုရားသခင်က စီမံထားသည်။ သို့သော် သူ၏မိဘများက အဖိုးအခဆိုသောအရာ အမျိုးမျိုးကို ပေးဆပ်ပြီး သူ၏ဘဝနှင့် အနာဂတ်ကို ထိန်းချုပ်ဖို့ ကြိုးစားရင်း သူ့အား နာမည်ကြီးတစ်ယောက်၊ ချမ်းသာကြွယ်ဝသူတစ်ယောက်၊ ရာထူးကြီးသော အရာရှိတစ်ယောက်ဖြစ်ရန် အတင်းလုပ်ဆောင်ပြီး သူ အရွယ်မရောက်မီတွင် သူ၏ အနာဂတ်အတွက် အမှုအရာများကို စီမံခန့်ခွဲသည် ဆိုပါစို့။ ဤသည်မှာ မမိုက်မဲသလော။ (မိုက်မဲပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) ဘုရားနှုတ်ကပတ်တော်ရဲ့ ဒီတစ်ပိုဒ်ကို ကျွန်မ အကြိမ်ကြိမ်အခါခါ ဖတ်ရင်း ကျွန်မ အူလှိုက်သည်းလှိုက်နာကျင်ပြီး အရမ်းကို စိတ်ဆင်းရဲခဲ့ရတယ်။ သမီးအပေါ်ထားတဲ့ ကျွန်မရဲ့ မျှော်လင့်ချက်တွေ၊ အားထုတ်မှုတွေနဲ့ ပေးဆပ်မှုတွေက လူ့သဘာဝနဲ့ ဆန့်ကျင်ပြီး ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့ အချုပ်အခြာအာဏာကို ဆန့်ကျင်နေတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကလေးတစ်ယောက်ရဲ့ ကံကြမ္မာဆိုတာ သူတို့မိဘတွေက အချုပ်အခြာအာဏာ ကိုင်စွဲထားနိုင်တဲ့အရာ မဟုတ်ဘူး၊ ပြီးတော့ ကျွန်မက ကျွန်မကလေးရဲ့ ရွေးချယ်မှုတွေကို လေးစားရမယ်၊ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေကို ကျိုးနွံနာခံရမယ်၊ ပြီးတော့ ကျွန်မသမီးကို သူမကြိုက်တဲ့အရာတွေ လုပ်ခိုင်းတာမျိုး မလုပ်ရဘူး။ လူတစ်ယောက်က ဘဝမှာ ဘာလုပ်မလဲ၊ ဘယ်လိုအသက်မွေးဝမ်းကျောင်းလုပ်မလဲဆိုတာကို ဘုရားသခင်က သတ်မှတ်ထားပြီးသားပဲ။ ကျွန်မ တကယ်ကို ဇာတ်သဘင်မင်းသမီးတစ်ယောက် ဖြစ်ချင်ခဲ့ပေမဲ့ ကျွန်မဆန္ဒရှိသလို ဖြစ်မလာခဲ့သလိုပေါ့။ ကျွန်မ ကိုယ့်ကံကြမ္မာကိုတောင် မပြောင်းလဲနိုင်ဘဲနဲ့ သမီးရဲ့ကံကြမ္မာကို ပြောင်းလဲချင်ခဲ့တယ်။ ကျွန်မ တကယ့်ကို မိုက်မဲလွန်းအားကြီးတာပဲ။
ပြီးတော့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “မိဘများ၏ မိမိတို့၏ သားသမီးများအပေါ်ထားရှိသော မျှော်လင့်ချက်များ၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းမှတစ်ဆင့် ဤမျှော်လင့်ချက်များသည် တစ်ကိုယ်ကောင်းဆန်ကြောင်း၊ လူ့သဘာဝနှင့် ဆန့်ကျင်ကြောင်းနှင့် မိဘများ၏ တာဝန်ဝတ္တရားများနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်းကို ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ မိဘများသည် မိမိတို့၏ သားသမီးများအပေါ် မျှော်လင့်ချက်များနှင့် တောင်းဆိုချက်အမျိုးမျိုးကို အတင်းအကျပ် သက်ရောက်စေသည့်အခါ ၎င်းတို့အပေါ် အလွန်အမင်း ပိုလျှံသော ဖိအားတစ်ခုကို သက်ရောက်စေခြင်းဖြစ်သည်၊ ဤသည်မှာ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်း မဟုတ်ပေ။ သို့ဆိုလျှင် မိဘများ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများမှာ အဘယ်နည်း။ အနည်းဆုံးတော့ ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ရိုးသားသောသူများဖြစ်ရန်၊ ရိုးသားသောစကားကို ပြောဆိုရန်နှင့် အမှုအရာများကို ရိုးသားစွာ လုပ်ဆောင်ရန် သင်ကြားပေးသင့်သည့်အပြင် ၎င်းတို့ကို ကြင်နာတတ်သောစိတ်နှလုံးရှိသူများ ဖြစ်လာစေရန်နှင့် မကောင်းမှုများကို မပြုလုပ်ရန် သင်ကြားပေးကာ အပြုသဘောဆောင်သော လမ်းကြောင်းတစ်ခု၌ လမ်းညွှန်ပေးသင့်သည်။ ဤသည်တို့မှာ ၎င်းတို့၏ အခြေခံအကျဆုံးသော တာဝန်ဝတ္တရားများ ဖြစ်ကြသည်။ ထို့အပြင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ၎င်းတို့၏ အစွမ်းအစနှင့် အခြေအနေများပေါ်မူတည်၍ လက်တွေ့ကျသော အသိပညာနှင့် ကျွမ်းကျင်မှုများကို လေ့လာရန် စသည်ဖြင့် လမ်းညွှန်ပေးသင့်သည်။ အကယ်၍ မိဘများသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို နားလည်ပါက ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ရှုစေပြီး သမ္မာတရားကို လက်ခံစေသင့်သည်၊ သို့မှသာ ၎င်းတို့သည် ဖန်ဆင်းရှင်ကို သိရှိလာမည်ဖြစ်ပြီး လူသားများကို ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်းနှင့် ဤစကြဝဠာတွင် ဘုရားသခင် တည်ရှိတော်မူကြောင်းကို နားလည်လာမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ဘုရားသခင်ထံ ဆုတောင်းရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်သင့်သည်၊ သို့မှသာ ၎င်းတို့သည် အချို့သော သမ္မာတရားများကို နားလည်နိုင်မည်ဖြစ်ပြီး ကြီးပြင်းလာပြီးနောက်တွင် ဘုရားသခင်ကို ယုံကြည်နိုင်မည်ဖြစ်ကာ ဘုရားသခင်နောက်လိုက်နိုင်မည်ဖြစ်ပြီး လောကီရေးရာ ခေတ်ရေစီးကြောင်းများနောက် လိုက်ခြင်း၊ အမျိုးမျိုးသော ရှုပ်ထွေးသည့် လူအချင်းချင်း ဆက်ဆံရေးများအတွင်း ပိတ်မိနေခြင်းနှင့် ဤလောက၏ အမျိုးမျိုးသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများ၏ သွေးဆောင်ဖြားယောင်းခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် နင်းခြေဖျက်ဆီးခြင်းတို့ကို ခံရမည့်အစား ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်မည် ဖြစ်သည်။ ဤသည်တို့မှာ မိဘများ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများ အမှန်တကယ်ပင် ဖြစ်ကြသည်။ ၎င်းတို့ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများမှာ မိဘများ၏ အခန်းကဏ္ဍ၌ မိမိတို့၏ သားသမီးများ အရွယ်မရောက်မီ ၎င်းတို့အား အပြုသဘောဆောင်သော လမ်းညွှန်မှုနှင့် သင့်လျော်သော အကူအညီများ ပေးရန်အပြင် နေ့စဉ်သုံးလိုအပ်ချက်များနှင့်ပတ်သက်၍ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာများတွင် ၎င်းတို့ကို အချိန်မီ ဂရုစိုက်စောင့်ရှောက်ရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့၏ သားသမီးများ ဖျားနာပါက မိဘများသည် လိုအပ်သည့်အခါတိုင်း ၎င်းတို့ကို ဆေးကုသမှု ခံယူစေသင့်သည်၊ ၎င်းတို့သည် မိမိတို့၏ သားသမီးများ၏ ကျောင်းစာများ နောက်ကျမည်ကို စိုးရိမ်သည့်အတွက် ၎င်းတို့ကို ကျောင်းဆက်တက်စေပြီး ဆေးကုသမှုကို လျစ်လျူရှုခြင်း မပြုသင့်ပေ။ ၎င်းတို့၏ သားသမီးများ ပြန်လည်ကျန်းမာလာစေရန် အနားယူရန် လိုအပ်သည့်အခါ ၎င်းတို့ကို အနားယူခွင့်ပြုရမည်ဖြစ်ပြီး အနားယူရန် လိုအပ်သည့်အခါ အနားယူခွင့်ပြုရမည် ဖြစ်သည်။ ၎င်းတို့၏ သားသမီးများ၏ ကျန်းမာရေးကို သေချာစေခြင်းသည် မဖြစ်မနေလုပ်ဆောင်ရမည့်အရာ ဖြစ်သည်၊ အကယ်၍ သားသမီးများသည် ၎င်းတို့၏ ကျောင်းစာများတွင် နောက်ကျကျန်ရစ်ပါက မိဘများသည် နောက်ပိုင်းတွင် ယင်းကို ပြန်လည်ကာမိစေရန် နည်းလမ်းတစ်ခု ရှာဖွေနိုင်သည်။ ဤသည်တို့မှာ မိဘများ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများ ဖြစ်ကြသည်။ တစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ခိုင်မာသော အသိပညာများ ရရှိစေရန် ကူညီရမည်၊ အခြားတစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို လမ်းမှန်ပေါ် လျှောက်လှမ်းနိုင်စေရန် လမ်းညွှန်ပြီး ပညာပေးရမည်ဖြစ်ကာ ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ မကောင်းသော လားရာများနှင့် ဆိုးယုတ်သော အလေ့အကျင့်များ၏ လွှမ်းမိုးခြင်းကို မခံရစေရန် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သေချာစေရမည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သေချာစေရန်အလို့ငှာ သင့်လျော်သော လေ့ကျင့်ခန်းများကို အလေးထားလုပ်ဆောင်စေရမည်။ ဤသည်တို့မှာ မိဘများက မိမိတို့၏ သားသမီးများအပေါ် မည်သည့် လက်တွေ့မကျသော မျှော်လင့်ချက်များ သို့မဟုတ် တောင်းဆိုချက်များကိုမဆို အတင်းအကျပ် သက်ရောက်စေမည့်အစား လုပ်ဆောင်သင့်သော အမှုအရာများ ဖြစ်ကြသည်။ မိဘများသည် မိမိတို့၏ သားသမီးများ ၎င်းတို့၏ ဝိညာဉ်အတွက် လိုအပ်သော အမှုအရာများနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာများတွင် လိုအပ်သော အမှုအရာများ နှစ်မျိုးစလုံးနှင့်ပတ်သက်၍ မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်မ ဖော်မပြတတ်အောင် စိတ်ဆင်းရဲခံစားရတယ်။ အရင်က ကျွန်မထင်ခဲ့တာက သမီးကို အတတ်ပညာအမျိုးမျိုးသင်ပေးပြီး လူသိများလာအောင် နာမည်ကြီးစင်မြင့်ပေါ်တက်ရအောင်၊ လူတိုင်းက သူ့ကို အားကျချီးကျူးလာအောင် လုပ်ပေးတာက မိခင်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းနေတာပဲလို့ပေါ့။ ဒါပေမဲ့ မိဘတွေရဲ့ တကယ့်တာဝန်အမှန်က ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုကို သေချာစေရင်း သူတို့ကို အပြုသဘောဆောင်တဲ့ အတွေးအခေါ်အမြင်တွေ တည်ဆောက်ဖို့ ကူညီပေးရမယ်၊ သူတို့ကို မှန်ကန်တဲ့ ဘဝပန်းတိုင်တွေရှိဖို့ လမ်းပြပေးရမယ်၊ သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ ဝါသနာတွေအပေါ် အခြေခံပြီး ပျိုးထောင်ပေးရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့ လမ်းပြပေးရမှာပဲဖြစ်တယ်။ နေ့စဉ်ဘဝမှာလည်း မိဘတွေက ကလေးတွေကို အစားအသောက်၊ အဝတ်အစား၊ နေထိုင်ရေးနဲ့ သွားလာရေးလို အခြေခံလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဂရုစိုက်ပေးသင့်တယ်။ ဥပမာအနေနဲ့ ဘယ်အစားအစာတွေက ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘယ်အရာတွေက ခန္ဓာကိုယ်ကို ထိခိုက်စေလဲဆိုတာ ပြောပြပေးသင့်တယ်၊ သူတို့ဖျားနာတဲ့အခါ ဂရုစိုက်ပေးတာ၊ လိုအပ်ရင် ဆေးတိုက်ဆေးထိုးလုပ်ပေးတာ၊ ပြီးတော့ သူတို့ရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ဂရုတစိုက် ကြည့်ရှုပေးတာ။ ဒါတွေက မိဘတွေ လုပ်သင့်တဲ့အရာတွေပဲ။ အပေါ်ယံကြည့်ရင် ကျွန်မ အလုပ်ရှုပ်ခံပြီး လှုပ်ရှားနေတာတွေက သမီးလေးရဲ့ အကျိုးအတွက်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ ကျွန်မအတွက် ဂုဏ်ယူဝင့်ကြွားမှုတွေ ယူဆောင်လာပေးဖို့ပဲ လိုချင်ခဲ့တာ၊ သမီးလေးရဲ့ ကလေးဘဝ ပျော်ရွှင်မှုကို လုယူပြီး ဘုရားနှုတ်ကပတ်တော်ကို စားသောက်တာနဲ့ စုဝေးပွဲတက်တာတွေကို တားမြစ်တဲ့အထိပါပဲ။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ သူ့ရဲ့ အရည်အချင်း၊ စိတ်ဝင်စားမှုနဲ့ ဝါသနာတွေအတိုင်း ကျွန်မ လမ်းပြပေးခဲ့သင့်တယ်။ သူ့ကို အတင်းအကျပ် ဖိနှိပ်ပြီး ပညာရေးကို ဖိအားပေးတာမျိုး မလုပ်ဘဲနဲ့ပေါ့။ ဒါ့အပြင် ကျွန်မ ကလေးကို ဘုရားသခင်ရှေ့မှောက်ခေါ်ဆောင်လာပြီး ဆုတောင်းတတ်အောင်၊ ဘုရားနှုတ်ကပတ်တော်ကို စားသောက်တတ်အောင်၊ ကိုယ်တော့်ကို ကိုးကွယ်တတ်အောင်နဲ့၊ လောကရဲ့ ဆိုးညစ်တဲ့ရေစီးကြောင်းတွေကနေ ဝေးဝေးနေတတ်အောင် လမ်းပြပေးသင့်တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မ အရင်လို သမီးကို ဖျော်ဖြေပွဲတွေမှာ ပါဝင်ဖို့ ခေါ်မသွားတော့ဘဲ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံဖို့ လမ်းပြပေးခဲ့တယ်၊ ပြီးတော့ သူနဲ့အတူ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ဖို့နဲ့ စုဝေးပွဲတွေတက်ဖို့ အချိန်ပိုပေးခဲ့တယ်။
နောက်ပိုင်းမှာ သမီးနဲ့ကျွန်မ စုဝေးပွဲတစ်ခုမှာ စင်တင်ပြဇာတ်တစ်ခုကို ကြည့်ခဲ့ကြတယ်။ “နှုတ်ဆက်ပါတယ်၊ ကျွန်မရဲ့ အပြစ်ကင်းစင်တဲ့ ကျောင်းတော်ရာ” ဆိုတဲ့ ပြဇာတ်ပေါ့။ ကြည့်ပြီးတဲ့နောက်မှာ သမီးလေးက အရမ်းကို တို့ထိခံစားသွားရပြီး စာတန်က လူတွေကို ထိခိုက်နစ်နာစေဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုတယ်ဆိုတာ နားလည်သွားတယ်။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းအားဖြင့် သမီးလေးက သူ့တာဝန်ကို ထမ်းဆောင်မှသာ ဘဝရဲ့လမ်းကြောင်းမှန်ကို လျှောက်လှမ်းနိုင်မယ်ဆိုတာကို နားလည်သွားခဲ့တယ်။ တစ်နေ့မှာ သမီးလေးကျောင်းကပြန်လာတော့ ကျွန်မကို ပြတ်ပြတ်သားသား ပြောတယ်၊ “မေမေ၊ သမီးကျောင်းမှာ အရမ်းစိတ်ဖိစီးရတယ်၊ ညီအစ်ကိုမောင်နှမတွေလို လွတ်လပ်ပြီး ပွင့်လင်းလွတ်မြောက်တဲ့ဘဝနဲ့ နေချင်တယ်။ သမီး စာဆက်မသင်တော့ဘဲ အသင်းတော်မှာ တာဝန်ထမ်းဆောင်ချင်တယ်” တဲ့။ ကျွန်မ အရမ်းအံ့ဩသွားပြီး တွေးမိတယ်၊ “နင် အခုရောက်နေတဲ့နေရာကို ရောက်ဖို့ မလွယ်ခဲ့ဘူးနော်။ စာဆက်မသင်တော့ရင် စင်မြင့်ပေါ်က နင့်ရဲ့အိပ်မက်တွေကို တစ်ခါတည်းနဲ့ အပြီးတိုင် စွန့်လွှတ်လိုက်ရတော့မှာ၊ အရင်က ကြိုးစားခဲ့သမျှတွေ အလဟဿဖြစ်သွားမှာ မဟုတ်ဘူးလား” လို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မကိုယ်တိုင်က ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားချင်နေတုန်းပဲဆိုတာ သဘောပေါက်သွားပြီး စိတ်နှလုံးထဲမှာ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ ကျွန်မသမီးက စာဆက်မသင်တော့ဖို့ ဆန္ဒရှိပေမဲ့ သမီးစိတ်ထဲမှာတော့ လက်မခံနိုင်ဖြစ်နေတုန်းပဲ။ အို ဘုရားသခင်၊ ကျေးဇူးပြုပြီး သမီးရဲ့ စိတ်ပိုင်းဖြတ်မှုကို ခိုင်မာစေပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဲ့ သံခြေကျင်းတွေကနေ လွတ်မြောက်အောင် ကူညီတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ သတိရလိုက်တယ်။ “မိဘများ၏ မိမိတို့၏ သားသမီးများအပေါ်ထားရှိသော မျှော်လင့်ချက်များ၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းမှတစ်ဆင့် ဤမျှော်လင့်ချက်များသည် တစ်ကိုယ်ကောင်းဆန်ကြောင်း၊ လူ့သဘာဝနှင့် ဆန့်ကျင်ကြောင်း။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) “ယခု သင်တို့ထဲမှ မည်သူသည် ဘုရားသခင်အိမ်တော်ရှိ သင်၏တာဝန်ကို မတော်တဆ ထမ်းဆောင်မိသည့်သူ ရှိသနည်း။ သင်၏တာဝန်ကို ထမ်းဆောင်ရန် မည်သည့်နောက်ခံအခြေအနေမှ ရောက်ရှိလာသည်ဖြစ်စေ မည်သည်ကမျှ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာသည်မရှိပေ။ ဤတာဝန်သည် ယုံကြည်သူအချို့ကို ကြုံသလိုရှာဖွေပေးရုံဖြင့် ထမ်းဆောင်၍မရပေ။ ဤသည်မှာ ခေတ်များမတိုင်မီကပင် ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသော အရာတစ်ခုဖြစ်ခဲ့သည်။ တစ်စုံတစ်ခုကို ကြိုတင်ပြဋ္ဌာန်းထားသည်ဆိုသည်မှာ မည်သည့်သဘောဖြစ်သနည်း။ တိတိကျကျမှာ မည်သည်နည်း။ ယင်းမှာ ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးတွင် အချိန်ကြာမြင့်စွာကပင် သင် ကမ္ဘာပေါ်သို့ အကြိမ်မည်မျှ လာရောက်မည်၊ နောက်ဆုံးသောကာလတွင် သင်သည် မည်သည့်အမျိုးအနွယ်နှင့် မည်သည့် မိသားစုထဲတွင် မွေးဖွားမည်၊ ဤမိသားစု၏ အနေအထား မည်သို့ရှိမည်၊ သင်သည် ယောက်ျား သို့မဟုတ် မိန်းမ မည်သည်ဖြစ်မည်၊ သင်၏ အားသာချက်များမှာ မည်သည့်အရာများ ဖြစ်မည်၊ သင်သည် မည်သည့်ပညာအရည်အချင်း အဆင့်ရှိမည်၊ သင်သည် မည်မျှ ရှင်းလင်းစွာ ပြောဆိုနိုင်မည်၊ သင်၏အစွမ်းအစမှာ မည်သည်ဖြစ်မည်နှင့် သင်၏ အဆင်းမှာ မည်သို့ရှိမည်တို့ကို စီစဉ်ခဲ့သည်ဟူသည့် သဘောဖြစ်သည်။ သူသည် သင်ဘုရားသခင်၏ အိမ်တော်သို့ လာရောက်ကာ သင်၏တာဝန်ကို စတင်ထမ်းဆောင်ရမည့် အသက်အရွယ်နှင့် မည်သည့်အချိန်တွင် မည်သည့်တာဝန်ကို သင်ထမ်းဆောင်ရမည်ဟူ၍လည်း စီစဉ်ခဲ့သည်။ ဘုရားသခင်က သင့်အတွက် အဆင့်တစ်ခုချင်းစီကို အစောကတည်းက ကြိုတင်ပြဋ္ဌာန်းထားသည်။ သင် မမွေးဖွားမီနှင့် သင်ရှေးလွန်ခဲ့သော ဘဝများစွာက ကမ္ဘာသို့လာခဲ့စဉ်ကပင် အမှု၏ဤနောက်ဆုံးအဆင့် အတောအတွင်းတွင် မည်သည့်တာဝန် သင်ထမ်းဆောင်ရမည်ကို ဘုရားသခင်သည် စီစဉ်ပေးထားပြီး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် လူတစ်ယောက်က ဘုရားသခင်ရဲ့အိမ်တော်ကိုလာပြီး တာဝန်ထမ်းဆောင်ရမယ့်အချိန်ကို ဘုရားသခင်က ဟိုးအရင်ကတည်းက စီစဉ်ထားပြီးသားဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မသမီး ဘယ်အချိန်မှာ တာဝန်လာထမ်းဆောင်မလဲဆိုတာကို ဘုရားသခင်က အစတည်းက ကြိုတင်သတ်မှတ်ထားပြီးသားဖြစ်လို့ ကျွန်မအနေနဲ့ အရင်တုန်းကလို ကိုယ့်ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် သူ့ဘဝကအရာအားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေလို့ မဖြစ်တော့ဘူး။ သမီးလေးက ဘုရားသခင်နောက်လိုက်ပြီး တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တဲ့အတွက် ဒါတွေက ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့ စီစဉ်မှုတွေပဲဖြစ်ပြီး ကျွန်မက သူ့ကို အပြုသဘောဆောင်တဲ့ လမ်းပြမှုပေးပြီး လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းခွင့်ပေးရမယ်။ ဒါက ကျွန်မ ဖြည့်ဆည်းရမယ့် တာဝန်ပဲ။ ဒီလိုစိတ်ထဲမှာထားပြီး ကျွန်မ သမီးရဲ့တောင်းဆိုချက်ကို ဝမ်းမြောက်ဝမ်းသာနဲ့ သဘောတူခဲ့တယ်။ မကြာခင်မှာပဲ သမီးလေးက စာသင်တာစွန့်လွှတ်ပြီး ဘုရားသခင်ရဲ့အိမ်တော်မှာ တာဝန်လာထမ်းဆောင်ခဲ့တယ်။ သမီးလေး အရင်တုန်းကလိုပဲ တောက်ပပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ဖြစ်လာတာကို မြင်ရတော့ ကျွန်မ အရမ်းပျော်ရွှင်ခဲ့ရပြီး ဖန်ဆင်းရှင်ရဲ့ သတ်မှတ်ချက်တွေနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံခြင်းအားဖြင့်သာ လွတ်လပ်ပေါ့ပါးပြီး ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နိုင်တယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ဒါက ဘယ်လောက်များတဲ့ ငွေကြေးနဲ့ ကျော်ကြားမှုတွေနဲ့မှ လဲလှယ်လို့မရတဲ့ အရာပါ။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပြီး လူ့ဘဝရဲ့ တန်ဖိုးနဲ့ အဓိပ္ပာယ်ကို ပိုပြီး နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူ့ဘဝတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားကို လိုက်စားခြင်းနှင့် ဖန်ဆင်းခံသတ္တဝါအဖြစ် ၎င်းတို့၏တာဝန်ကို ကျေပွန်ခြင်းမှလွဲ၍ အရာရာသည် အချည်းနှီးဖြစ်ပြီး အမှတ်ရရန် မထိုက်တန်ပါ။ သင်သည် ကမ္ဘာကို အတုန်လှုပ်နိုင်ဆုံးသော စွမ်းဆောင်မှုတစ်ခုကို ပြီးမြောက်ခဲ့လျှင်ပင်၊ အာကာသထဲသွား၍ လကမ္ဘာဆီရောက်ဖူးပြီး ပြန်လာခဲ့လျှင်ပင် သင်သည် လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူး၊ သို့မဟုတ် အထောက်အကူ အနည်းငယ် ဖြစ်လာစေသော သိပ္ပံပညာဆိုင်ရာ တိုးတက်မှုများကို ပြုလုပ်ခဲ့လျှင်ပင် ယင်းသည် အချည်းနှီးဖြစ်ပြီး ယင်းတို့အားလုံးသည် ကွယ်ပျောက်သွားမည်ဖြစ်သည်။ မကွယ်ပျောက်နိုင်သည့် တစ်ခုတည်းသောအရာမှာ အဘယ်နည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်အား သက်သေခံချက်များ၊ ဖန်ဆင်းရှင်အတွက် သက်သေရပ်တည်သော သက်သေခံချက်များ၊ အလုပ်များနှင့် လူတို့၏ ကောင်းမှုများသာလျှင် မကွယ်ပျောက်သွားဘဲ ရှိမည်ဖြစ်သည်။ ဤအရာများသည် ထာဝရ တည်မြဲနေမည်ဖြစ်ပြီး ယင်းတို့သည် အလွန်တန်ဖိုးရှိသည်။ ထို့ကြောင့် သင်တို့၏ ကန့်သတ်ချုပ်ချယ်မှုအားလုံးကို ပယ်ရှား၍ ဤကြီးမြတ်သော အားထုတ်မှုကို လုပ်ဆောင်လော့။ ထို့ပြင် မိမိကိုယ်ကို မည်သည့်လူ၊ အဖြစ်အပျက်နှင့် အမှုအရာတစ်ခုမျှ၏ ချုပ်နှောင်ခြင်းကို မခံနှင့်။ ဘုရားသခင်အတွက် စိတ်ရင်းမှန်ဖြင့် မိမိကိုယ်ကို အသုံးခံလျက် တာဝန်များကို ထမ်းဆောင်ရာ၌ သင်၏ခွန်အားနှင့် ကြီးမားသည့်အဖိုးအခအားလုံးကို ပုံအောလော့။ ဤသည်မှာ အများအားဖြင့် ဘုရားသခင်ကောင်းချီးပေးသော အရာဖြစ်ပြီး ယင်းအတွက် မည်သည့်ဆင်းရဲဒုက္ခအတိုင်းအတာကိုမဆို ခံစားထိုက်ပေ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖန်ဆင်းခံတစ်ဦး၏တာဝန်အား ကောင်းမွန်စွာထမ်းဆောင်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ခြင်း၌ တန်ဖိုးရှိ၏) “သင်သည် ယခု ဘုရားသခင်နောက်လိုက်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ပြီး ဖန်ဆင်းရှင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံသည်။ တစ်ခါတစ်ရံ ယင်းက အနည်းငယ်ခက်ခဲပြီး ပင်ပန်းသည်၊ ထို့ပြင် တစ်ခါတစ်ရံ အနည်းငယ် အရှက်တကွဲဖြစ်ခြင်းနှင့် စစ်ဆေးခြင်းကို ခံရသည်။ သို့သော် ဤသည်တို့မှာ ကောင်းသောအရာများဖြစ်ပြီး မကောင်းသောအရာများ မဟုတ်ချေ။ အဆုံးတွင် သင်ရရှိမည့်အရာမှာ အဘယ်အရာနည်း။ သင်ရရှိမည့်အရာမှာ သမ္မာတရားနှင့် အသက်ဖြစ်ပြီး နောက်ဆုံးတွင် ဖန်ဆင်းရှင်၏ ထောက်ခံချက်နှင့် သင့်အား အတည်ပြုချက်ဖြစ်သည်။ ဘုရားသခင်က ‘သင် ငါ့နောက်သို့လိုက်၏၊ ငါသည် သင့်ကို မျက်နှာသာပေးပြီး သင့်အားဖြင့် ငါကျေနပ်သည်’ ဟု ဆိုသည်။ အကယ်၍ ဘုရားသခင်က သင်သည် သူ၏အမြင်၌ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ကြောင်းမှလွဲ၍ အခြားမည်သည့်အရာမျှ မပြောပါက သင်သည် အချည်းနှီးနေထိုင်လာသည် မဟုတ်ဘဲ အသုံးဝင်နေခြင်းဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်၏ အသိအမှတ်ပြုခံရခြင်းမှာ အံ့ဩဖွယ်ရာဖြစ်ပြီး ယင်းသည် သေးငယ်သော စွမ်းဆောင်မှုမဟုတ်ချေ။ လူတို့သည် စာတန်နောက်သို့ လိုက်လျှင် အဘယ်အရာ ရရှိမည်နည်း။ (ပျက်စီးခြင်းကို ရရှိမည်။) ဖျက်ဆီးခြင်းမခံရမီ ထိုလူတို့သည် အဘယ်အရာဖြစ်လာမည်နည်း။ (၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြလိမ့်မည်။) ထိုလူတို့သည် နတ်ဆိုးများဖြစ်လာလိမ့်မည်။ လူတို့သည် ကျွမ်းကျင်မှု မည်မျှဆည်းပူးသည်၊ ဝင်ငွေမည်မျှ ရှာဖွေရရှိသည်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ် မည်မျှရရှိသည်၊ ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ် မည်မျှခံစားသည်၊ သို့မဟုတ် လောကီကမ္ဘာ၌ ၎င်းတို့၏အဆင့်အတန်း မည်မျှမြင့်မားသည်ဖြစ်စေ ၎င်းတို့သည် စိတ်အတွင်းထဲ၌ ပို၍ပို၍ ဖောက်ပြန်ပျက်စီးလာမည်၊ ပို၍ပို၍ ကောက်ကျစ်ဆိုးယုတ်ပြီး ညစ်ညူးလာမည်၊ ပို၍ပို၍ ပုန်ကန်ထကြွလာပြီး သူတော်ကောင်းယောင်ဆောင်လာကာ၊ နောက်ဆုံးတွင် ၎င်းတို့သည် အသက်ရှင်နေသော သရဲတစ္ဆေများ ဖြစ်လာကြလိမ့်မည်။ လူဆန်မည် မဟုတ်တော့ပေ။ သို့ဆိုလျှင် ဖန်ဆင်းရှင်၏အမြင်တွင် ထိုသို့သောလူများကို မည်သို့မြင်သနည်း။ ‘လူမဆန်’ ရုံသာ ဖြစ်သလော။ ထိုသို့သောလူအပေါ် ဖန်ဆင်းရှင်၏အမြင်နှင့် သဘောထားကား အဘယ်နည်း။ ယင်းမှာ မနှစ်သက်ခြင်း၊ စက်ဆုပ်ခြင်း၊ အလွန်မုန်းတီးခြင်း၊ ငြင်းပယ်ခြင်းနှင့် နောက်ဆုံးတွင် ကျိန်ဆဲခြင်း၊ ပြစ်ဒဏ်ပေးခြင်းနှင့် ဖျက်ဆီးခြင်း ဖြစ်၏။ လူတို့သည် မတူညီသောလမ်းကို လျှောက်ကြပြီး မတူညီသည့် ရလဒ်များနှင့် အဆုံးသတ်ကြသည်။ အဘယ်လမ်းကို သင်တို့ရွေးချယ်သနည်း။ (ဘုရားသခင်ကို ယုံကြည်ရန်နှင့် သူ့နောက်လိုက်ရန်ဖြစ်သည်။) ဘုရားသခင်နောက်လိုက်ရန် ရွေးချယ်ခြင်းသည် မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်ခြင်း ဖြစ်သည်။ ယင်းက အလင်း၏လမ်းကြောင်းပေါ်သို့ စတင်တက်ရောက်ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖန်ဆင်းခံတစ်ဦး၏တာဝန်အား ကောင်းမွန်စွာထမ်းဆောင်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ခြင်း၌ တန်ဖိုးရှိ၏) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားကို လိုက်စားခြင်းနဲ့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းခြင်းအားဖြင့်သာ သမ္မာတရားကို ရရှိနိုင်ပြီး လူပီပီသသ အသက်ရှင်နေထိုင်နိုင်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတာက စာတန်နောက်ကို လိုက်နေတာပဲ၊ လူတွေရဲ့ လေးစားမှုကို ရရှိခဲ့ရင်တောင်မှ အဲဒါက ခဏတာပဲဖြစ်ပြီး ပျက်စီးခြင်းလမ်းပေါ်မှာပဲ ရှိနေတုန်းပဲ။ အခုတော့ သမီးနဲ့ကျွန်မနှစ်ယောက်စလုံး တာဝန်ထမ်းဆောင်နေကြပြီး လူ့အဖွဲ့အစည်းက အမျိုးမျိုးသော စုံစမ်းသွေးဆောင်မှုတွေနဲ့ ဆိုးညစ်တဲ့ရေစီးကြောင်းတွေရဲ့ ထိပါးနှောင့်ယှက်မှုတွေကနေ ဝေးကွာနေကြပြီ။ သမီးလေးက စိတ်ဖိစီးပြီး နာကျင်ရတယ်လို့ မခံစားရတော့ဘူး၊ ကျွန်မလည်း စိတ်ထဲမှာ ပေါ့ပါးပြီး လွတ်မြောက်သွားတယ်။ သမီးလေး တာဝန်ထမ်းဆောင်ရင်း အခက်အခဲတွေကြုံရတဲ့အခါ ညီအစ်ကိုမောင်နှမတွေက မေတ္တာနဲ့ ကူညီကြပြီး လူတိုင်းက သူ့ကို စိတ်ရင်းနဲ့ ဆက်ဆံကြတယ်။ သမီးလေးမှာ မကောင်းတဲ့အကျင့်တွေရှိတော့ ညီအစ်မတွေက စိတ်ရှည်ရှည်နဲ့ ထောက်ပြကူညီပေးကြလို့ ခြောက်လမပြည့်ခင်မှာပဲ သမီးလေးက သူ့ရဲ့မကောင်းတဲ့အကျင့်အများကြီးကို ပြင်ဆင်နိုင်ခဲ့တယ်။ တစ်ခါတလေ သမီးလေးက ကျွန်မရဲ့ပြဿနာတွေကို သတိထားမိပြီး ကျွန်မနဲ့ သမ္မာတရားကို တက်တက်ကြွကြွ မိတ်သဟာယဖွဲ့ပေးတယ်။ ကျွန်မသမီးက မှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းပြီး တိုးတက်ပြောင်းလဲမှုတွေ ပြုလုပ်နေတာကို မြင်တော့၊ ကျွန်မ လှိုက်လှိုက်လှဲလှဲ ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မတို့ကို လမ်းပြမပေးခဲ့ရင်၊ သမီးနဲ့ကျွန်မနှစ်ယောက်လုံး စာတန်ကြောင့်ဖြစ်တဲ့ ဒုက္ခဝေဒနာထဲမှာပဲ အသက်ရှင်နေကြဦးမှာ၊ ဘုရားသခင်ကို ပုန်ကန်ပြီး ကိုယ်တော်နဲ့ ပိုပိုပြီး ဝေးကွာနေကြဦးမှာဖြစ်ပြီး အဆုံးမှာတော့ ကျွန်မတို့က စာတန်နဲ့အတူ ပျက်စီးသွားကြမှာပဲ။ ကျွန်မတို့ကို ကယ်တင်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။