၇၄ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းသည် လူတို့ကို ကယ်တင်ဖို့ဖြစ်သည်

ယိုယွင်းဖောက်ပြန်သော လူသားများကို ကယ်တင်ဖို့

ဘုရား မြေကြီးပေါ်သို့ ကြွဆင်းလာခဲ့သည်။

လွန်ခဲ့သည့်အချိန်က ကယ်တင်ခြင်းသည်

သူ၏ သနားခြင်းကရုဏာကို အကုန်အစင်ပေးခဲ့ခြင်းဖြစ်ပြီး

လူသားတစ်ရပ်လုံးနှင့် အလဲအလှယ်လုပ်ဖို့

သူ့ကိုယ်သူ စာတန်ထံ ပေးဆပ်ခဲ့။

ဘုရား၏ ကယ်တင်ခြင်းသည် ယခု အဆုံးသို့ရောက်ပြီ၊

လူသားအားလုံးကို အမျိုးအစား အလိုက် ခွဲခြားလျက်နေ။

သင် ရရှိမှာက သူ၏ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့်

ညှာတာခြင်း ကင်းသည့် ရိုက်ချက်များ ဖြစ်လိမ့်မည်။

သို့သော် သင်သိသင့်သည့်အရာ ရှိသေးသည်။

ထိုအညှာအတာမဲ့ ရိုက်ချက်များအားလုံးထဲမှာ၊

တစ်ခုမှ ပြစ်ဒဏ်ပေးခြင်း မရှိပါ။

သူသည် လူသားတစ်ရပ်လုံးကို တရားစီရင်ခြင်းနှင့်

ဆုံးမခြင်း အားဖြင့် မခြွင်းမချန် ကယ်တင်လျက်ရှိနေ

သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းသည်

သင့် အတွက် ထာဝရ ကယ်တင်ခြင်းပါ။


သူ့နှုတ်ကပတ်တော်စကား ဘယ်လောက်တောင် ခက်ထန်ပါစေ၊

သူ့အမျက်တော် ဘယ်လောက်ပင် စူးရှပါစေ၊

သင့်အပေါ် သွန်သင်သော စကားများသာဖြစ်၍၊

သင့်အား ထိခိုက်နစ်နာစေလိုသော ရည်ရွယ်ချက် သူ့မှာမရှိ။

ဘုရားသခင်သည် သင့်အား အတိဒုက္ခ ရောက်ရန် အလိုတော်မရှိ၊

သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် သူ၏

အညှာအတာမဲ့ သန့်စင်ခြင်း သည် သင့်ကို သန့်ရှင်းစေဖို့နှင့်

ခက်ထန်သော စကားများ နှင့် ရိုက်ချက်များသည်

သင့်ကိုကယ်တင်ဖို့ပါ။

ဤတရားစီရင်ခြင်းနှင့် ဆုံးမခြင်းထဲ၌ သင်

ဘာပြောစရာ ရှိသနည်း။

သင် ကယ်တင်ခြင်းကို အစမှအဆုံးထိ

အစဉ်မြဲ ရရှိခံစားခဲ့ပြီ မဟုတ်လား။

သင်သည် လူ့ဇာတိခံ ဘုရားကို တွေ့မြင်ခဲ့ပြီး၊

သူ၏ ဉာဏ်ပညာနှင့် အတိုင်းအဆမရှိ တန်ခိုးကိုလည်း ခံစားခဲ့ပြီ။

သူ၏ ရိုက်ချက်များနှင့် ဆုံးမပဲ့ပြင်ခြင်းကို

ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အပြင်

သူ၏ ကြီးမားထူးကဲသော ကျေးဇူးတော်ကိုလည်း ခံစားခဲ့ရပြီ။

သူသည် လူသားတစ်ရပ်လုံးကို တရားစီရင်ခြင်းနှင့်

ဆုံးမခြင်း အားဖြင့် မခြွင်းမချန် ကယ်တင်လျက်ရှိနေ

သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းသည်

သင့် အတွက် ထာဝရ ကယ်တင်ခြင်းပါ။


သင်၏ ကောင်းကြီးများသည် အခြား

ကောင်းကြီးများအားလုံးထက် ပိုများပြားပြီး၊

ရှောလမုန်၏ ကြွယ်ဝခြင်းနှင့် ခမ်းနားခြင်းထက်သာလွန်ပေသည်။

အကယ်၍ ဘုရားသခင် သည် သင်၏

ကယ်တင်ရှင်အဖြစ် မကြွလာခဲ့လျှင်၊

သင်၏ နေ့ရက်ကာလ ဤမျှလောက် ရှည်ကြာပါမည်လော။

အကယ်၍ ဘုရားအနေနှင့် သင့်ကို ပြစ်ဒဏ်ခတ်ဖို့သာ အလိုရှိပါက၊

လူ့ဇာတိခံဖို့ လိုအပ်မည်မဟုတ်

စကားတစ်လုံးတည်းဖြင့် သင့်ကိုပြစ်ဒဏ်ခတ်လို့ရသည်။

သင် ဒီနေ့ထိ အသက်ရှင် နေလိမ့်မည် မဟုတ်ပေ။

ဘုရားသခင် မိန့်တော်မူချက်ကို သင် မယုံကြည်သေးဘူးလား။

သူသည် လူသားတစ်ရပ်လုံးကို တရားစီရင်ခြင်းနှင့်

ဆုံးမခြင်း အားဖြင့် မခြွင်းမချန် ကယ်တင်လျက်ရှိနေ

သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းသည်

သင့် အတွက် ထာဝရ ကယ်တင်ခြင်းပါ။


“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၃ တရားစီရင်ခြင်းနှင့်ပြစ်တင်ဆုံးမခြင်းတို့က ဘုရားသခင်၏ ကယ်တင်ခြင်းကို ထုတ်ဖော်ပြ

နောက်တစ်ခုသို့- ၇၅ ဘုရား၏နူတ်ကပတ်တော် တရားစီရင်မှုသည် လူသားအား ကယ်တင်ရန်ဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။