ဘုရားသခင်၏ လက်ရှိအမှုတော်ကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်
ဘုရားသခင်အတွက် သက်သေခံပြီး အဆင်းနီသော နဂါးကြီးကို အရှက်ရစေရန်အတွက် လူတစ်ဦး၌ စည်းမျဉ်းတစ်ခု ရှိရမည်ဖြစ်ပြီး သတ်မှတ်ချက်တစ်ခုနှင့် ပြည့်မီရမည်။ စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုချစ်ကာ သူ၏နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ရမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များထဲသို့ မဝင်ရောက်ပါက စာတန်ကို အရှက်ရစေရန် မည်သို့မျှဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သင်၏အသက်တာ၌ ကြီးထွားခြင်းမှတစ်ဆင့် သင်သည် အဆင်းနီသော နဂါးကြီးကို ပုန်ကန်ပြီး ၎င်းကို လုံးဝအရှက်ကွဲစေလေသည်။ ဤသည်မှာ အဆင်းနီသော နဂါးကြီးကို အမှန်တကယ် အရှက်ရစေခြင်းဟူ၍ ဆိုလိုသောအရာ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့ လိုလားလေလေ၊ ဘုရားသခင်ကို သင်၏ ချစ်ခြင်းနှင့် အဆင်းနီသော နဂါးကြီးကို သင်၏ မုန်းတီးခြင်းသက်သေသည် ကြီးမားလေလေ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ကျိုးနွံနာခံလေလေ၊ သမ္မာတရားကို သင် ဆာငတ်မှုရှိသည်ဟူသော သက်သေသည် ကြီးမားလေလေ ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို မဆာငတ်သောသူများသည် အသက်မရှိသောသူများဖြစ်ကြသည်။ ထိုသို့သော သူများသည် ဘာသာတရားနှင့်သက်ဆိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင်ရှိကြသူများ ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သာ၍ နက်နဲသော သိကျွမ်းမှု ရှိကြလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မဆာငတ်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ရင်းအတိုင်း စားသောက်ရန် ဖြစ်နိုင်မည် မဟုတ်ဘဲ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် သိကျွမ်းမှု မရှိပါက ဘုရားသခင်ကို သက်သေခံရန် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် နည်းလမ်း မရှိချေ။
ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို မည်သို့ သိကျွမ်းသင့်သနည်း။ လူတစ်ဦးသည် လမ်းလွဲခြင်း သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်း မရှိဘဲ လက်ရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို အခြေခံ၍ ဘုရားသခင်ကို သိကျွမ်းလာသင့်ပြီး ဘုရားသခင်၏ အမှုကို အဓိကအားဖြင့် သိကျွမ်းသင့်သည်။ ယင်းမှာ ဘုရားသခင် ကိုယ်တော်တိုင်ကို သိကျွမ်းခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စင်ကြယ်သော သဘောပေါက်နားလည်မှု မရှိသည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်း မျိုးစုံတို့သည် ဘာသာရေးအယူအဆများ ဖြစ်ကြ၏။ ထိုအရာများသည် လွဲချော်သော သိနားလည်မှုများ ဖြစ်သည်။ ဘာသာရေးပုဂ္ဂိုလ်တို့၏ အကြီးမားဆုံးသော စွမ်းရည်မှာ အတိတ်မှ နားလည်ထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယူကာ ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များကို ထိုအရာများနှင့်ယှဉ်၍ စဉ်းစားချင့်ချိန်ခြင်း ဖြစ်သည်။ သင်သည် ယနေ့၏ ဘုရားသခင်ကို အစေခံနေချိန်တွင် အတိတ်မှ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်းအားဖြင့် ထုတ်ဖော်ခဲ့သည့် အရာများကို ဖက်တွယ်ထားပါက သင်၏ အစေခံခြင်းသည် အနှောင့်အယှက် ဖြစ်စေလိမ့်မည် ဖြစ်ပြီး ခေတ်ကုန်နေသော လက်တွေ့လုပ်ဆောင်မှုမျိုး ဖြစ်လာကာ ဘာသာရေး ထုံးတမ်းများသာ ဖြစ်လိ့မ်မည်။ ဘုရားသခင်ကို အစေခံသူများသည် အခြားအရည်အချင်းများအပြင် အပြင်ပန်းအားဖြင့် နှိမ့်ချကာ သည်းခံရမည်ဟု သင်ယုံကြည်ပါက၊ ပြီးလျှင် သင်သည် ထိုအသိမျိုးကို ယနေ့ လက်တွေ့လုပ်ဆောင်ပါက ထိုသို့သော အသိသည် ဘာသာရေး အယူအဆတစ်ခု ဖြစ်ပေသည်။ ထိုသို့လက်တွေ့လုပ်ဆောင်ခြင်းသည် ကြောင်သူတော်ဖြစ်ခြင်းကို ပြသခြင်းနှင့် ညီမျှသည်။ “ဘာသာရေးအယူအဆများ” ဟူသော စကားရပ်မှာ (ဘုရားသခင် ယခင်ကပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက် ဉာဏ်ပွင့်စေခြင်း အလင်းတို့အား သိနားလည်ခြင်း အလင်းအပါအဝင်) ခေတ်နောက်ကျနေသည့် အရာများကို ရည်ညွှန်းပြီး ထိုအရာများကို ယနေ့ လက်တွေ့လုပ်ဆောင်ပါက ယင်းတို့သည် ဘုရားသခင်၏အမှုကို အဖျက်အမှောင့်လုပ်ကာ လူသားအား အကျိုးမပြုပေ။ လူတို့သည် ဘာသာရေး အယူအဆများနှင့်သက်ဆိုင်သည့် အရာများကို မိမိတို့ကိုယ်ကိုမှ မဖယ်ရှားနိုင်ပါက ဤအရာများသည် ဘုရားသခင်ကို ၎င်းတို့၏ အစေခံခြင်းတွင် ကြီးစွာသော အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မည်။ ဘာသာရေး အယူအဆများရှိကြသော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်၏ အဆင့်များကို အမီလိုက်ရန် မည်သို့မျှမဖြစ်နိုင်ပေ။ ၎င်းတို့ အနည်းငယ် နောက်ကျ ကျန်ရစ်ပြီးနောက် ပို၍ပို၍ နောက်ကျကျန်ရစ်ကြလေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤဘာသာရေး အယူအဆများသည် လူသားအား မိမိကိုယ်ကို မှန်ကန်သည်ဟု အလွန့်အလွန် ယူမှတ်စေပြီး မာနထောင်လွှားစေကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အတိတ်တွင် သူပြောဆိုခဲ့ပြီး လုပ်ဆောင်ခဲ့သည့် အရာများကို တသလွမ်းဆွတ်ခြင်း မခံစားရပေ၊ တစ်စုံတစ်ခုသည် ခေတ်မမီတော့ပါက ယင်းကို သူဖယ်ရှားရှင်းလင်းလိုက်လေသည်။ သင်သည် သင်၏အယူအဆများကို အမှန်တကယ် လက်မလွှတ်နိုင်သလော။ သင်သည် အတိတ်၌ ဘုရားသခင် ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို ဖက်တွယ်ထားပါက ဘုရားသခင်၏အမှုကို သင်သိသည်ဟု ဤအရာက သက်သေပြသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိ အလင်းကို လက်မခံနိုင်ဘဲ ယင်းအစား အတိတ်မှ အလင်းကို ဖက်တွယ်ထားပါက ဤအရာက သင်သည် ဘုရားသခင်၏ ခြေလှမ်းများနောက်ကို လိုက်လျှောက်သည်ဟု သက်သေပြနိုင်သလော။ ဘာသာရေး အယူအဆများကို သင် လက်မလွှတ်နိုင်ဘဲ ရှိသေးသလော။ ထိုသို့ဖြစ်ပါက သင်သည် ဘုရားသခင်ကို ဆန့်ကျင်သူတစ်ဦး ဖြစ်သွားလိမ့်မည်။
လူတို့သည် ဘာသာရေး အယူအဆများကို လက်လွှတ်နိုင်ပါက ၎င်းတို့သည် ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များနှင့် အမှုကို စဉ်းစားချင့်ချိန်ဖို့ မိမိတို့၏ ဉာဏ်များကို အသုံးပြုရမည့်အစား တိုက်ရိုက် ကျိုးနွံနာခံကြလိမ့်မည်။ ဘုရားသခင်၏ ယနေ့ အမှုသည် အတိတ်နှင့် သိသိသာသာကို မတူညီသော်လည်း သင်သည် အတိတ်၏ အမြင်များကို လက်လွှတ်ကာ ဘုရားသခင်၏ ယနေ့ အမှုကို တိုက်ရိုက် ကျိုးနွံနာခံနိုင်ခြင်း မရှိသေးပေ။ အတိတ်၌ ဘုရားသခင် မည်သို့ အမှုပြုခဲ့စေကာမူ၊ ဘုရားသခင်၏ ယနေ့ အမှုကို သင် ဦးစားအပေးဆုံးနေရာ၌ ထားရမည်ဟူသော သိနားလည်နိုင်စွမ်းရှိပါက သင်သည် မိမိ၏အယူအဆများကို လက်လွှတ်ပြီးသူ၊ ဘုရားသခင်ကို ကျိုးနွံနာခံသူနှင့် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များကို ကျိုးနွံနာခံနိုင်ကာ သူ၏ ခြေလှမ်းများနောက် လိုက်လျှောက်နိုင်သောသူတစ်ဦး ဖြစ်ပေသည်။ ဤအရာတွင် သင်သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသူတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ အမှုကို မဆန်းစစ်ပေ၊ သို့မဟုတ် မစိစစ်ပေ။ ယင်းမှာ ဘုရားသခင်သည် သူ၏ယခင်အမှုကို မေ့လျော့ပြီးဖြစ်ကာ သင်သည်လည်း ထိုအရာကို မေ့လျော့ပြီးဖြစ်သည့်အလား ဖြစ်သည်။ ပစ္စုပ္ပန်သည် ပစ္စုပ္ပန်ဖြစ်ပြီး အတိတ်သည် အတိတ်ဖြစ်ကာ ယနေ့တွင် ဘုရားသခင်သည် အတိတ်၌ သူပြုခဲ့သည့်အမှုကို ဘေးဖယ်ထားပြီးဖြစ်သည့်အတွက်၊ သင်သည် ထိုအရာကို ဖက်တွယ်မထားသင့်ပေ။ ထိုသို့သော လူတစ်ဦးသည်သာ ဘုရားသခင်ကို အပြည့်အဝ ကျိုးနွံနာခံကာ သူ၏ဘာသာရေး အယူအဆများကို လုံးဝ လက်လွှတ်ပြီးသူတစ်ဦး ဖြစ်ပေသည်။
ဘုရားသခင်၏အမှုတွင် အသစ်သော ဖွံ့ဖြိုးတိုးတက်မှုများ အစဉ်သဖြင့် ရှိသောကြောင့် အမှုသစ် ထွက်ပေါ်လာသည်နှင့်အမျှ ခေတ်ကုန်သွားပြီး ဟောင်းသွားသောအမှု ရှိပေသည်။ အဟောင်းနှင့် အသစ်ဟူ၍ ဤကွဲပြားသော အမှုအမျိုးမျိုးသည် ဆန့်ကျင်ဘက် မဟုတ်ဘဲ အပြန်အလှန် ဖြည့်ဆည်းလေသည်။ အဆင့်အသီးသီးသည် ပြီးခဲ့သည့်အဆင့်နောက်မှ လိုက်လာပေသည်။ အမှုသစ်ရှိသောကြောင့် ဟောင်းသောအရာများသည် အမှန်ပင် ဖယ်ရှားရှင်းလင်းခြင်း ခံရပေမည်။ ဥပမာအားဖြင့် လူသား၏ နှစ်ပေါင်းများစွာ အတွေ့အကြုံ၊ ယူခဲ့သည့် သင်ခန်းစာများတို့နှင့်အတူ လူသား၏ ကာလကြာရှည် တည်မြဲသော အလေ့အထများနှင့် ပြောနေကျ စကားပုံ အချို့သည် လူသား၏စိတ်ထဲတွင် အယူအဆပေါင်းစုံ၊ ပုံစံမျိုးစုံ ဖြစ်ပေါ်ပြီးဖြစ်သည်။ ဘုရားသခင်သည် မိမိ၏ စစ်မှန်သောမျက်နှာတော်နှင့် ပင်ကိုစိတ်နေသဘောထားကို လူသားထံ အပြည့်အဝ မဖွင့်ပြသေးသောကြောင့် အတိတ်မှ မျက်မှောက်ခေတ်အထိ နှစ်ပေါင်းများစွာ ကြာမြင့်စွာ ပျံ့နှံ့တည်ရှိခဲ့သော ရှေးရိုးအစဉ်အလာ အယူဝါဒများနှင့် ပေါင်းစပ်လျက် ဤအရာသည် လူသားအား ထိုကဲ့သို့သော အယူအဆများကို ဖွဲ့စည်းဖြစ်ပေါ်စေရန် ပို၍ပင် အထောက်အကူ ဖြစ်စေခဲ့၏။ ဘုရားသခင်ကို လူသား၏ ယုံကြည်ခြင်း ကာလတစ်လျှောက်တွင် အယူအဆ အမျိုးမျိုး၏ လွှမ်းမိုးမှုက လူများတွင် ဘုရားသခင်အပေါ် အယူအဆအခြေခံ နားလည်မှုအမျိုးမျိုးကို အဆက်မပြတ် ဖွဲ့စည်းဖြစ်ပေါ်စေပြီး ပြောင်းလဲတိုးတက်စေခဲ့သည်ဟု ဆိုနိုင်၏။ ယင်းက ဘုရားသခင်ကို အစေခံသည့် ဘာသာရေးပုဂ္ဂိုလ်များစွာကို ဘုရားသခင်၏ ရန်သူများ ဖြစ်စေခဲ့သည်။ ထို့ကြောင့် လူတို့၏ ဘာသာရေး အယူအဆများ အားကောင်းလေလေ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်လေလေဖြစ်ပြီး ဘုရားသခင်၏ ရန်သူများ ပို၍ဖြစ်လေလေပင်။ ဘုရားသခင်၏အမှုသည် အစဉ်သဖြင့် အသစ်ဖြစ်ကာ မည်သည့်အခါတွင်မျှ ဟောင်းနွမ်းခြင်းမရှိပေ။ ယင်းသည် မည်သည့်အခါမျှ စည်းမျဉ်းစည်းကမ်းများကို မဖွဲ့စည်းဘဲ ထိုအစား အမျိုးမျိုးသော အတိုင်းအတာအထိ အဆက်မပြတ် ပြောင်းလဲခြင်းနှင့် အသစ်ပြုပြင်ခြင်းတို့ကို ခံယူသည်။ ဘုရားသခင်က ဤနည်းဖြင့် အမှုပြုခြင်းသည် ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို ဖော်ပြချက် ဖြစ်သည်။ ယင်းသည် ဘုရားအမှုတော်၏ ပင်ကို စည်းမျဉ်းလည်းဖြစ်ကာ ဘုရားသခင်က သူ၏စီမံခန့်ခွဲမှုကို ပြီးမြောက်စေသည့် အမှုပြုခြင်းနည်းလမ်းများထဲမှတစ်ခုလည်း ဖြစ်သည်။ ဘုရားသခင်သည် ဤနည်းဖြင့် အမှုမပြုခဲ့ပါက လူသားသည် ပြောင်းလဲမည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို သိနိုင်မည် မဟုတ်သည့်အပြင် စာတန်သည်လည်း ရှုံးနိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ကိုယ်တော်၏အမှုတွင် အဆက်မပြတ် ဖြစ်ပေါ်နေသော ပြောင်းလဲမှုများသည် ကမောက်ကမဖြစ်သည်ဟု ထင်ရသော်လည်း စင်စစ်အားဖြင့် အချိန်ကာလအလိုက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ သို့သော် လူသားက ဘုရားသခင်ကို ယုံကြည်သည့် နည်းလမ်းမှာမူ လုံးဝ ကွာခြားသည်။ သူသည် ဟောင်းနွမ်းကာ ရင်းနှီးကျွမ်းဝင်သော စည်းမျဉ်းစည်းကမ်းများနှင့် စနစ်များကို ဖက်တွယ်ထားပြီး ထိုအရာများ ပို၍ ဟောင်းလေလေ၊ သူ့အဖို့ ပို၍ နှစ်လိုဖွယ်ရှိလေလေ ဖြစ်သည်။ ကျောက်တုံးကဲ့သို့ မာကျောသော လူသား၏ မိုက်မဲသော စိတ်သည် နားလည်ရခက်သော ဘုရားသခင်၏ အမှုသစ်နှင့် နှုတ်ကပတ်တော်သစ်များစွာကို မည်သို့ လက်ခံနိုင်မည်နည်း။ လူသားသည် အစဉ်သဖြင့် အသစ်ဖြစ်ကာ မည်သည့်အခါမျှ ဟောင်းနွမ်းခြင်း မရှိသည့် ဘုရားသခင်ကို မနှစ်သက်ပေ။ သူသည် အသက်ကြီး၍ ဆံပင်ဖြူပြီး လမ်းမသွားနိုင်သည့် ဘုရားသခင်အိုကြီးကိုသာ နှစ်သက်သည်။ ထို့ကြောင့် ဘုရားသခင်နှင့် လူသားတို့တွင် တစ်ဦးစီ၌ ကိုယ်ပိုင် “အကြိုက်များ” ရှိကြသဖြင့် လူသားသည် ဘုရားသခင်၏ ရန်သူဖြစ်လာခဲ့သည်။ ဘုရားသခင်က အမှုသစ်ကို လုပ်ဆောင်နေခဲ့သည်မှာ နှစ်ပေါင်းခြောက်ထောင်နီးပါး ကြာပြီဖြစ်သည့် အချိန်ကာလ တစ်ခုဖြစ်သော ယနေ့တွင်ပင် ဤကွဲလွဲမှုများစွာသည် ဆက်လက်တည်ရှိဆဲဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ကုစား၍မရနိုင်တော့ပေ။ ယင်းမှာ လူသား၏ခေါင်းမာခြင်းကြောင့်လော၊ သို့မဟုတ် မည်သည့်လူသားမျှ မချိုးဖောက်နိုင်သော ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကြောင့်လော မသိနိုင်သော်လည်း ထိုဓမ္မဆရာများနှင့် ဓမ္မဆရာမများသည် မှိုတက်နေသော စာအုပ်အဟောင်းများနှင့် စာရွက်စာတမ်းများကို ဆက်လက်ဖက်တွယ်ထားကြဆဲဖြစ်ပြီး ဘုရားသခင်မှာမူ မည်သူမျှ မကြည့်ရှုနေဘိသကဲ့သို့ မိမိ၏ မပြီးဆုံးသေးသော စီမံခန့်ခွဲမှုအလုပ်ကို ဆက်လက်လုပ်ဆောင်တော်မူ၏။ ဖြေရှင်းရန်ပင် မဖြစ်နိုင်သော ထိုကဲ့သို့ ရန်လိုသည့် ကွဲလွဲမှုများ ရှိနေသော်လည်း ဘုရားသခင်သည် ၎င်းတို့အား တစ်ချိန်တည်းတွင် ရှိလိုက်၊ မရှိလိုက်ဖြစ်နေသကဲ့သို့ပင် သဘောထားကာ အရေးမမူဘဲနေ၏။ သို့ရာတွင် လူသားသည် မိမိ၏ ယုံကြည်ချက်များနှင့် အယူအဆများကို ဆက်လက် စွဲကိုင်ထားဆဲဖြစ်ပြီး ထိုအရာများကို မည်သည့်အခါမျှ လက်မလွှတ်ပေ။ သို့တိုင် အကြောင်းအရာတစ်ခုမှာမူ ထင်ရှား၏။ လူသားသည် မိမိ၏ ရပ်တည်ချက်မှ သွေဖည်မသွားသော်လည်း ဘုရားသခင်၏ “ခြေတော်များ”သည် အစဉ်သဖြင့် ရွေ့လျားနေပြီး ကိုယ်တော်သည် ပတ်ဝန်းကျင်နှင့်အညီ မိမိ၏ ရပ်တည်ချက်ကို အစဉ်သဖြင့် ပြောင်းလဲနေပေသည်။ အဆုံးတွင် တိုက်ပွဲမဝင်လိုက်ရဘဲနှင့် ရှုံးနိမ့်သွားမည့်သူမှာ လူသားပင်ဖြစ်လိမ့်မည်။ ဘုရားသခင်မှာမူ ရှုံးနိမ့်သွားသည့် ရန်သူအားလုံး၏ “အကြီးမြတ်ဆုံးသော ရန်သူ” ဖြစ်ပြီး ရှုံးနိမ့်သွားသည့် လူသားမျိုးနွယ်ရော မရှုံးနိမ့်သည့် လူသားမျိုးနွယ်တို့အတွက်ပါ “ရပ်တည်ကာကွယ်သူ” လည်း ဖြစ်၏။ မည်သူသည် ဘုရားသခင်နှင့် ယှဉ်ပြိုင်ပြီး အောင်နိုင်မည်နည်း။ လူသား၏ အယူအဆများသည် ဘုရားသခင်၏အမှု၏ နောက်ဆက်တွဲအနေဖြင့် တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်ဖြစ်သောကြောင့် ယင်းတို့သည် ဘုရားသခင်ထံမှ လာပုံရလေသည်။ သို့သော်လည်း ဘုရားသခင်သည် လူသားကို ဤအရာကြောင့် ခွင့်မလွှတ်ပေ။ ထိုမျှမက ကိုယ်တော်၏ အမှုတော်နှင့် မသက်ဆိုင်သည့် အကျိုးများကို ကိုယ်တော်၏ အမှုတော်၏ နောက်ဆက်တွဲအနေဖြင့် “ဘုရားသခင်အတွက်” တစ်သုတ်ပြီး တစ်သုတ် ဖြစ်ပေါ်စေခြင်းအတွက် လူသားကို ဘုရားသခင် ချီးမွမ်းခြင်းမပြုသည်မှာ ပြောစရာပင်မရှိ။ ထိုအစား သူသည် လူသား၏ အယူအဆများနှင့် ဟောင်းနွမ်းကာ ဘာသာတရားကိုင်းရှိုင်းသည့် ယုံကြည်မှုများကို အလွန့်အလွန် စက်ဆုပ်ပြီး ထိုအယူအဆများ ဦးစွာထွက်ပေါ်ခဲ့သည့် နေ့စွဲများကိုပင် အသိအမှတ်ပြုလိုစိတ် မရှိချေ။ ဤအယူအဆများသည် ကိုယ်တော်၏ အမှုတော်ကြောင့် ဖြစ်သည်ဟု ကိုယ်တော်သည် လုံးဝ လက်မခံပေ။ အကြောင်းမှာ လူ၏ အယူအဆများသည် လူတို့၏ ကူးစက်မှုမှ လာသောကြောင့်ဖြစ်၏။ ယင်းတို့၏ အရင်းအမြစ်သည် လူသား၏ အတွေးအခေါ်များနှင့် စိတ်တို့ဖြစ်သည့် ဘုရားသခင်မဟုတ်ဘဲ စာတန် ဖြစ်ပေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သူ၏အမှုကို ဟောင်းနွမ်းကာ သေနေစေရန် မဟုတ်ဘဲ အသစ်ဖြစ်၍ ရှင်သန်စေဖို့အတွက် အစဉ်သဖြင့် ဖြစ်ခဲ့၏။ လူသားကို ကိုယ်တော် လိုက်နာစောင့်ထိန်းစေသည့်အရာမှာ ခေတ်ကာလအလိုက် ပြောင်းလဲပြီး ထာဝရမတည်သည့်အပြင် မပြောင်းလဲနိုင်သည့်အရာ မဟုတ်ပေ။ အကြောင်းမှာ ကိုယ်တော်သည် လူသားကို သေဆုံးစေကာ အိုမင်းစေသော နတ်ဆိုးတစ်ကောင် မဟုတ်ဘဲ လူသားကို အသက်ရှင်စေကာ အသစ်ဖြစ်စေသော ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာကို သင်တို့ နားမလည်ကြသေးသလော။ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိပြီး ယင်းတို့ကို သင် လက်လွှတ်နိုင်စွမ်း မရှိခြင်းသည် သင်၏ အကြောင်းအရာများကို နားလည်နိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်၏။ ဘုရားသခင်၏ အမှုအတွင်းတွင် အဓိပ္ပာယ် အလွန်နည်းပါးလွန်းသောကြောင့် မဟုတ်၊ ဘုရားသခင်၏ အမှုသည် လူသား၏ ခံစားချက်များကို ထောက်ထားခြင်း မရှိသောကြောင့် မဟုတ်သည့်အပြင် ဘုရားသခင်က မိမိ၏ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို မည်သည့်အခါမျှ မလုပ်ဆောင်သောကြောင့်ဆိုလျှင် ပို၍ပင် မဟုတ်ပေ။ သင်သည် သင်၏ အယူအဆများကို လက်မလွှတ်နိုင်ခြင်းမှာ သင်သည် ကျိုးနွံနာခံမှု အလွန်အမင်း ကင်းမဲ့သောကြောင့်ဖြစ်ပြီး သင်၌ ဖန်ဆင်းခံတစ်ဦး၏ ပုံသဏ္ဌာန် အနည်းငယ်မျှပင် မရှိသောကြောင့် ဖြစ်၏။ ယင်းမှာ ဘုရားသခင်သည် သင့်အတွက် အခက်အခဲဖြစ်စေခြင်းကြောင့် မဟုတ်ပေ။ ဤအရာအလုံးစုံတို့ကို သင်ကိုယ်တိုင် ဖြစ်စေခဲ့ခြင်း ဖြစ်ပြီး ဘုရားသခင်နှင့် လုံးဝ မသက်ဆိုင်ပေ။ ဆင်းရဲဒုက္ခနှင့် ဘေးအန္တရာယ် အားလုံးကို လူသားက ဖန်တီးခြင်း ဖြစ်၏။ ဘုရားသခင်၏ အကြံအစည်တော်များသည် အစဉ်သဖြင့် ကောင်းမြတ်၏။ ကိုယ်တော်သည် သင့်ကို အယူအဆများ ဖြစ်ပေါ်စေဖို့ ဆန္ဒမရှိဘဲ ခေတ်များ ပြောင်းလဲလာသည်နှင့်အမျှ အသစ်ပြုပြင်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ကြုံရစေရန် အလိုတော်ရှိ၏။ သို့သော် မိမိအတွက် မည်သည့်အရာ ကောင်းသည်ကို သင် မသိဘဲ အစဉ်သဖြင့် စိစစ်ခြင်းကိုဖြစ်စေ၊ ဆန်းစစ်ခြင်းကိုဖြစ်စေ လုပ်ဆောင်နေလေသည်။ ယင်းမှာ ဘုရားသခင်သည် သင့်အတွက် အမှုအရာများကို ခက်ခဲစေခြင်း မဟုတ်ဘဲ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့သည့်အပြင် သင်၏ပုန်ကန်ခြင်းသည် အလွန်ကြီးမားနေခြင်း ဖြစ်ပေသည်။ သေးနုပ်သော ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင် ယခင်က ပေးသနားခဲ့သော မထင်မရှားသော အရာအနည်းငယ်ကို ယူ၍ လှည့်ကာ ဘုရားသခင်ကို ပြန်တိုက်ခိုက်ဝံ့ခြင်းသည် လူ၏ ပုန်ကန်မှု မဟုတ်လော။ လူသားများသည် ဘုရားသခင်၏ ရှေ့၌ မိမိတို့၏အမြင်များကို ဖော်ပြရန် လုံးဝ အရည်အချင်းမပြည့်မီဟု ဆိုခြင်းသည် တရားမျှတ၏။ ထိုမျှမက ထိုမှိုတက်နေသော အယူအဆများကို မဆိုထားနှင့်၊ ၎င်းတို့၏ အသုံးမဝင်၊ နံစော်၍ ဆွေးမြေ့နေသော ရှေးကျသည့် စကားလုံးများကို ၎င်းတို့ အလိုရှိသကဲ့သို့ လှည့်လည်ကြွားဝါရန် ပို၍ပင် အရည်အချင်းမရှိကြချေ။ ၎င်းတို့သည် သာ၍ပင် အသုံးမကျဖြစ်ကြသည် မဟုတ်လော။
ဘုရားသခင်ကို အမှန်တကယ် အစေခံသူသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တစ်ထပ်တည်းကျသောသူ၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် သင့်တော်သူနှင့် ဘာသာရေးဆိုင်ရာ အယူအဆများကို လက်လွှတ်နိုင်သူတစ်ဦး ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းအား ထိရောက်စေလိုပါက သင်၏ ဘာသာရေး အယူအဆများကို လက်လွှတ်ရမည်။ သင်သည် ဘုရားသခင်ကို အစေခံလိုပါက ဘာသာရေး အယူအဆများကို ဦးစွာ လက်လွှတ်ကာ အရာခပ်သိမ်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန် သာ၍ပင် လိုအပ်လေသည်။ ဤသည်မှာ ဘုရားသခင်ကို အစေခံသောသူတစ်ဦးက ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။ သင်၌ ဤအသိမရှိပါက သင် အစေခံသည်နှင့်တစ်ပြိုင်နက် သင်သည် အနှောင့်အယှက်နှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေလိမ့်မည်။ သင်၏ အယူအဆများကို ဆက်လက်ဖက်တွယ်ထားပါက သင်သည် ဘုရားသခင်၏ “ဖြိုလှဲခြင်း” ကို မလွဲမသွေ ခံရမည်ဖြစ်ပြီး မည်သည့်အခါမျှ ပြန်ထနိုင်တော့မည် မဟုတ်ပေ။ ဥပမာအနေဖြင့် မျက်မှောက်ကာလကို ကြည့်လော့။ မိန့်မြွက်ချက်များစွာနှင့် အမှုတော်များစွာသည် သမ္မာကျမ်းစာနှင့်လည်းကောင်း၊ ဘုရားသခင် ယခင်က ပြုခဲ့သော အမှုတော်တို့နှင့်လည်းကောင်း မကိုက်ညီပေ။ သင်သည် ကျိုးနွံနာခံသော စိတ်နှလုံးမရှိပါက အချိန်မရွေး ပြိုလဲလိမ့်မည်။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အစေခံလိုပါက ဘာသာရေး အယူအဆများကို ဦးစွာ လက်လွှတ်ရမည် ဖြစ်ပြီး သင်ကိုယ်တိုင်၏ အမြင်များကို ပြုပြင်ရမည်။ အနာဂတ်တွင် ပြောစကားများစွာသည် အတိတ်မှ အရာများနှင့် မကိုက်ညီတော့ပေ။ ပြီးလျှင် သင်သည် ယခု ကျိုးနွံနာခံရန် စိတ်ပိုင်းဖြတ်မှု မရှိပါက ရှေ့၌ရှိသော လမ်းကြောင်းကို လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုပြုသည့် နည်းလမ်းတစ်ခုသည် သင်အတွင်း၌ အမြစ်တွယ်သွားခဲ့လျှင် သင်သည် ယင်းကို မည်သည့်အခါမျှ လက်မလွှတ်ပါက ဤနည်းလမ်းသည် သင်၏ ဘာသာရေးဆိုင်ရာ အယူအဆ ဖြစ်လာလိမ့်မည်။ ဘုရားသခင်၏ ဖြစ်ခြင်းသည် သင်အတွင်း၌ အမြစ်တွယ်ခဲ့လျှင်မူ သင်သည် သမ္မာတရားကို ရရှိခဲ့ပြီဖြစ်၏။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားသည် သင်၏ အသက်ဖြစ်လာလျှင် သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းခြင်း ပိုင်ဆိုင်သူတို့သည် အယူအဆများ ရှိမည်မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းမည်မဟုတ်ပေ။
သင့်ကိုယ်သင် နိုးကြားနေစေရန် ဤမေးခွန်းများကို မေးလော့။
၁။ သင့်အတွင်းရှိ အသိပညာသည် ဘုရားသခင်ကို သင်၏ အစေခံခြင်းအား အနှောင့်အယှက် ပေးသလော။
၂။ သင်၏နေ့စဉ်အသက်တာတွင် ဘာသာရေးဆိုင်ရာ ကျင့်ကြံမှုများ မည်မျှရှိသနည်း။ သင်သည် ဘာသာရေးကိုင်းရှိုင်းသည့် အသွင်ကိုသာ ပြပါက ဤသည်မှာ သင့်အသက်တာ ကြီးထွားကာ ကြီးပြင်းရင့်ကျက်ပြီးဖြစ်သည်ဟု ဆိုလိုသလော။
၃။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အခါတွင် သင်၏ ဘာသာရေးဆိုင်ရာ အယူအဆများကို လက်လွှတ်နိုင်သလော။
၄။ သင်ဆုတောင်းသောအခါ ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများကို ဖယ်ရှားနိုင်သလော။
၅။ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် သင့်တော်သူတစ်ဦး ဖြစ်သလော။
၆။ ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏ သိကျွမ်းခြင်း မည်မျှသည် ဘာသာရေးဆိုင်ရာ အယူအဆများ ပါရှိသနည်း။