၄၄၅ ဘုရားအသုံးပြုသူများ၏ ပုံသဏ္ဌာန်ကျူး
၁ ဘုရားသခင်၏ အသုံးပြုခြင်းခံရစေရန် လူတို့ ပြည့်မီရမည့် စံနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်- သူတို့၏ စိတ်နှလုံးသည် ဘုရားသခင်ကို အားကိုးသည်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ဝန်ကို ထမ်းဆောင်သည်၊ တမ်းတသောစိတ်နှလုံးရှိသည်၊ ထို့အပြင် သမ္မာတရားကို ရှာဖွေရန် သန္နိဌာန်ချထားသည်။ ထိုကဲ့သို့သောလူများသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုရရှိနိုင်ကာ ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်းကို မကြာခဏရရှိကြသည်။ ဘုရားသခင် အသုံးပြုသော သူများသည် လျော်ကန်စွာ စကားဆိုပြီး၊ ပေါ့ပေါ့ဆဆပြောဆိုခြင်းမပြုသည့်အပြင်၊ ဘုရားသခင် ရှေ့မှောက်တွင် အမြဲတစေ ငြိမ်းချမ်းသော စိတ်နှလုံးထားရှိနိုင်သော်လည်း၊ အပြင်ပန်းတွင် ဆင်ခြင်တုံမရှိသူများ၊ အခြားသူများနှင့် ပုံမှန် ဆက်ဆံရေးမရှိသူများဟု ထင်ရသည်။ သူတို့သည် အပြင်ပန်းချစ်ခင်မှု သို့မဟုတ် အပြင်ပန်းကျင့်ထုံးများအပေါ် ထိုက်သင့်သလောက် အလေးမထားပေ၊ သို့သော် ဝိညာဉ်ရေးရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရာတွင် သူတို့သည် သူတို့၏နှလုံးသားကို ဖွင့်နိုင်စွမ်းရှိပြီး ဘုရားသခင် ရှေ့မှောက် တကယ့်အတွေ့အကြုံများမှ ရရှိလာသော အလင်းပေးခံရခြင်းနှင့် အသိဉာဏ်ပွင့်ခြင်းကို သူတစ်ပါးအား ကိုယ်ကျိုးမငဲ့ဘဲ ပံ့ပိုးနိုင်စွမ်းရှိသည်။ ဤသည်မှာ ဘုရားသခင်ကို သူတို့ချစ်ကြောင်းဖော်ပြပုံဖြစ်ပြီး ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပုံဖြစ်သည်။
၂ အခြားသူများအားလုံးက သူတို့အား ကဲ့ရဲ့လှောင်ပြောင်နေကြစဉ်တွင် သူတို့သည် ပြင်ပမှလူများ၊ အကြောင်းကိစ္စများ၊ သို့မဟုတ် အမှုအရာတို့၏ ထိန်းချုပ်မှုကို ရှောင်ရှားနိုင်ကြကာ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်နိုင်ဆဲရှိကြသည်။ ထိုသို့သော လူတွင် ထူးခြားသော ကိုယ်ပိုင်ထိုးထွင်းသိမြင်မှု ရှိနေသည်ဟု ထင်မှတ်ရသည်။ အခြားသူများက မည်သည့်အရာပြုသည်ဖြစ်စေ၊ သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဘယ်သောခါမျှ ခွဲခွာမသွားပေ။ အခြားသူများ ပျော်ရွှင်စွာနှင့် ရယ်မောဖွယ်ကောင်းစွာ စကားလက်ဆုံကျနေစဉ်၊ သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့တွင် ရှိမြဲရှိနေကာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို စဉ်းစားဆင်ခြင် နေကြသည်၊ သို့မဟုတ် နှလုံးသားတွင်းမှ ဘုရားသခင်ထံ အသံတိတ် ဆုတောင်းကာ ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေနေကြသည်။ ထိုသူတို့သည် အခြားသူများနှင့် ပုံမှန်ဆက်ဆံရေး ထိန်းသိမ်းထားခြင်းကို မည်သည့်အခါကမျှ အရေးမထား။ ထိုကဲ့သို့သောသူသည် အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်မရှိဟု ထင်ရသည်။ အပြင်ပန်းတွင် ထိုသူသည် ရွှင်ရွှင်ပျပျနှင့် ချစ်ဖွယ်ဖြစ်သည်။ ဖြူစင်သည်။ သို့သော် စိတ်အေးချမ်းမှုကိုလည်း ပိုင်ဆိုင်ထားသည်။ ဤသည်မှာ ဘုရားသခင် အသုံးပြုသောလူစား၏ ပုံစံပင်တည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်