၄၃။ လမ်းပျောက်ခဲ့ပြီး တစ်ဖန် ပြန်ရှာတွေ့ပြီ

ရှီးလီ၊ အမေရိကန် ပြည်ထောင်စု

ဘဝနေထိုင်မှု မြင့်မားသည့် အဆင့်အတန်းတစ်ခုဖြင့် ပျော်ရွှင်သည့် ဘဝတစ်ခုကို လိုက်စားရာတွင် တတ်နိုင်သမျှ ကြိုးစားအလုပ်လုပ်ဖို့ အမေရိကန်နိုင်ငံသို့ ကျွန်တော် လာခဲ့သည်။ ပထမဆုံး နှစ်အနည်းငယ်အတွင်းတွင်၊ ကျွန်တော် ဆင်းရဲဒုက္ခခံခဲ့ရ သည်မှာ မနည်းလှသော်လည်း၊ အချိန်ကြာသည်နှင့်အမျှ ကျွန်တော့် ကိုယ်ပိုင်ကုမ္ပဏီကို ကျွန်တော် စတင်နိုင်ခဲ့သည်၊ ကိုယ်ပိုင်ကား၊ ကိုယ်ပိုင်အိမ် စသည်ဖြင့် ကျွန်တော် ရှိလာနိုင်ခဲ့သည်။ နောက်ဆုံးတွင် ကျွန်တော် အိပ်မက်ခဲ့ရသည့် “ပျော်ရွှင်သည့်” ဘဝကို အသက်ရှင်နေထိုင်ခဲ့သည်။ ဤကာလအတောအတွင်းတွင်၊ မိတ်ဆွေအနည်းငယ် ကျွန်တော် ရခဲ့သည်။ ကျွန်တော်တို့ အားသည့်အချိန်တွင်၊ သောက်စားဖို့နှင့် အပျော်အပါး လိုက်စားဖို့ ကျွန်တော်တို့ အပြင်ထွက်လေ့ရှိသည်။ ကျွန်တော်တို့အားလုံး အတော်လေး အဆင်ပြေသင့်မြတ်ခဲ့ကြပြီး လူကောင်းတစ်သိုက်ကို ဆုံခဲ့ရပြီဟု ကျွန်တော် ထင်ခဲ့သည်။ အမှန်မှာမူ ၎င်းတို့မှာ တစ်ခုမှ မည်မည်ရရ ပြောစရာမရှိသည့် သောက်ဖော် သောက်ဖက်များသာဖြစ်သည်ကို ကျွန်တော် နားလည်လာခဲ့ပြီး၊ ကျွန်တော် ပူပန်သောက ရောက်သည့်အချိန် သို့မဟုတ် စိတ်မချမ်းသာသည့်အချိန်တွင် ကျွန်တော့် ဒုက္ခများကို သွားဝေမျှလို့ရမည့်သူ သူတို့ထဲမှာ တစ်ယောက်မျှမရှိခဲ့ပါ။ ထို့အပြင် ကျွန်တော့်ကို ရိတ်ဖို့လည်း သူတို့က ကျိတ်ကြံခဲ့ကြလေသည်။ သူတို့ထဲမှ တစ်ဦးက တရုတ်နိုင်ငံက သူ၏ မိခင် တကယ်ကို နေမကောင်းဖြစ်သည့်အကြောင်း ကျွန်တော့်ကို လိမ်ခဲ့ပြီး၊ သူ့ကို ကျွန်တော် ငွေအနည်းငယ်ချေးသည့်အခါ အရိပ်အယောင် မတွေ့ရဘဲ ပျောက်သွားလေ သည်။ ကျွန်တော့် ဇာတိမြို့က နောက်တစ်ဦးမှာ ပရောဂျက်တစ်ခုအတွက် မတည်ငွေ လိုအပ်သည့်အကြောင်း အလိမ်အညာတစ်ပုံကြီး ပြောခဲ့ပြီး၊ ကျွန်တော့်ကို ငွေ အနည်းငယ် လိမ်ခဲ့သည်။ ကျွန်တော့်၏ အရင်းနှီးဆုံးသောသူနှင့် အချစ်ဆုံးသော လူဖြစ်သည့် ကျွန်တော့် ချစ်သူရည်းစားကပင် စုမိဆောင်းမိဖို့ သွေး၊ ချွေးနှင့် မျက်ရည်များဖြင့် နှစ်များစွာ ကျွန်တော် ရင်းခဲ့ရသည့် များပြားသည့် ငွေပမာဏ တစ်ခုအတွက် ကျွန်တော့်ကို သစ္စာဖောက်ပြီး လိမ်လည်လှည့်စားခဲ့သည်။ ဤလူများ၏ အကြင်နာမဲ့ခြင်းနှင့် လူ့အဖွဲ့အစည်း၏ ဥပက္ခာပြုခြင်းတို့က ကျွန်တော့်ကို ဝမ်းနည်း ညိုးငယ်စေပြီး စိတ်ပျက်အားလျော့စေရစ်ခဲ့သည်။ အချိန်တစ်ခုကြာ ကျွန်တော် ဆက်လက် အသက်ရှင်ဖို့ မိမိကိုယ်ကိုယ် ယုံကြည်ချက် ပျောက်ဆုံးခဲ့သည်။ ကျွန်တော့် နှလုံးသားက ဗလာနတ္တိဖြစ်ခဲ့ပြီး၊ နာကျင်မှုနှင့် ခိုကိုးရာမဲ့ခြင်းတို့ကို ခံစားခဲ့ရသည်။ ထို့နောက်တွင်၊ ကျွန်တော့် စိတ်အတွင်းရှိ ဗလာနတ္တိဖြစ်ခြင်းကို ဖြည့်ဆည်းဖို့ ကျွန်တော် မကြာခဏ သောက်စားပြီး အပျော်လိုက်နေခဲ့သည်၊ သို့သော် ဤခဏတာ ရုပ်ပိုင်းဆိုင်ရာ အပျော်အပါးများက ကျွန်တော့်၏ ဝိညာဉ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို လုံးဝ မဖြေရှင်း နိုင်သည်ကို ကျွန်တော် သိခဲ့သည်။

၂၀၁၅ ခုနှစ် ဆောင်းဦးရာသီတွင်၊ ကံအကြောင်း တိုက်ဆိုင်မှုဖြင့်၊ လက်ရှိ ကျွန်တော့် ဇနီးဖြစ်သူ အမျိုးသမီးနှင့် ကျွန်တော် သိကျွမ်းလာခဲ့ရသည်။ ထိုအချိန်က သူမသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံ နှင့် ပြီးပြီဖြစ်သည်။ သူမက နိုင်ငံတော်၏ ဧဝံဂေလိကို ကျွန်တော့်ကို ဝေမျှသည့် အချိန် တွင်၊ ယုံကြည်ချက်ရှိခြင်းက ကျွန်တော့်အတွက် အဆင်ပြေပြီး ကောင်းပုံရ သော်လည်း၊ အလုပ်ဖြင့် ကျွန်တော် အလွန် မအားလပ်ခဲ့သောကြောင့် သူ့ကို ကျွန်တော်က- “ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ငါ့မှာ အချိန်မရှိဘူး၊ ဒါပေမဲ့ မင်း ယုံကြည် ချင်တယ်ဆိုရင်လည်း ဆက်ယုံကြည်ပါ။ ငါ့ စိတ်နှလုံးထဲမှာ ဘုရားသခင် ရှိတယ်လို့ သိတာက ငါ့အတွက် လုံလောက်ပါပြီ” ဟု ပြောခဲ့သည်။ ခြောက်လကြာပြီးနောက် တစ်နေ့တွင် ကျွန်တော့် ဇနီးက နောဧ၏ နေ့များ ရောက်လာကြပြီ ဆိုသည့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ဗီဒီယိုများထဲမှ တစ်ခုကို သူနှင့်အတူ ကျွန်တော့်ကို ကြည့်ရှုစေခဲ့သည်။ ဗီဒီယိုထဲတွင် ကျွန်တော် မြင်ခဲ့သည့်အရာက ကျွန်တော့်ကို တကယ် လန့်ဖျပ်သွားစေခဲ့သည်- ကပ်ဘေးများနှင့် ရင်ဆိုင်ရသည့်အခါ လူသားမျိုးနွယ်က ထိုးနှက်ချက် အနည်းငယ်မျှပင် မခံနိုင်ဘဲ၊ သေးနုတ်ပြီး ပျက်စီးလွယ်လေသည်။ လူတစ်ဦးက ငွေမည်မျှရှိပါစေ၊ စည်းစိမ် မည်မျှ ပျော်မွေ့ပါစေ သို့မဟုတ် သူတို့၏ အဆင့်အတန်း မည်မျှ မြင့်မားပါစေ၊ အားလုံးက အဓိပ္ပါယ်မဲ့သည်ဟု ရုတ်တရက် ကျွန်တော် ခံစားခဲ့ရသည်။ ကပ်ဘေးနှင့် ရင်ဆိုင်ရာတွင်၊ သေခြင်းက ကျွန်တော်တို့အပေါ် ရောက်လာသည့်အခါ၊ ဤအရာအားလုံး တန်ဖိုးမဲ့သွားသလို၊ အသုံးမဝင်တော့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောသကဲ့သို့ ဖြစ်သည်- “သို့သော်လည်း နောဧခေတ်တုန်းက လူများသည် သောက်စားနေခဲ့ကြပြီး လက်ထပ်ကြလျက်၊ ဘုရားသခင်အနေနှင့် မြင်တွေ့ရန် မခံမရပ်ခဲ့သည့် အတိုင်းအတာထိ အိမ်ထောင်ပြုခဲ့ကြသောကြောင့် သူသည် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် ကြီးစွာသောရေလွှမ်းမိုးမှုကို စေလွှတ်လျက် လူရှစ်ဦးရှိသည့် နောဧမိသားစု၊ ငှက်များနှင့် သားရဲမျိုးစုံတို့ကိုသာ ချမ်းသာပေးခဲ့သည်ကို သင့်အား ငါပြောပြရမည်။ သို့သော်လည်း နောက်ဆုံးသောကာလတွင် ဘုရားသခင် ချမ်းသာပေးခဲ့သူအားလုံးတို့မှာ သူ့အပေါ် အဆုံးထိ သစ္စာရှိနေခဲ့သောသူတို့ပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ)ယခု မျက်မှောက်ခေတ်ကို ကြည့်လော့- ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သည့် နောဧ ကဲ့သို့သော ဖြောင့်မတ်သည့်လူများ မတည်ရှိလေပြီ။ သို့တိုင် ဘုရားသခင်သည် ဤလူသားမျိုးနွယ်အပေါ် ကရုဏာ ကျေးဇူးပြုတော်မူဆဲဆဲဖြစ်ပြီး ဤနောက်ဆုံးသော ခေတ်အတွင်းတွင် ၎င်းတို့ကို ဖြေလွှတ်ပေးဆဲ ဖြစ်သည်။ ဘုရားသခင်သည် သူ ပေါ်ထွန်းလာဖို့ တောင့်တကြသူများကို ရှာဖွေသည်။ သူသည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်သူများ၊ သူ၏တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့သေးသကဲ့သို့ မိမိတို့၏စိတ်နှလုံးနှင့် ခန္ဓာတို့ကို သူ့ထံ ပူဇော်ဆက်ကပ်သူများကို ရှာဖွေလေသည်။ သူ၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များလောက် နာခံတတ်ပြီး သူ့ကို မဆန့်ကျင်သူများကို သူ ရှာဖွေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဤနှုတ်ကပတ်တော်များထဲတွင် လူသား မျိုးနွယ်ကို ကယ်တင်ဖို့ ဘုရား ရည်ရွယ်ချက်၏ အရေးတကြီးဖြစ်ခြင်းကို ကျွန်တော် ခံစားလို့ရခဲ့သည်။ ဤအချိန် ကာလများတွင် မည်သူမျှ အပြုသဘောဆောင်သော အရာများကို မည်သို့ နှစ်သက်ပုံမရသည်ကို သို့မဟုတ် ဘုရားသခင်၏ ကြွလာခြင်းကို မည်သို့ တောင့်တကြပုံမရကြသည်ကို ကျွန်တော် တွေးမိခဲ့သည်။ လူတို့၏ စိတ်နှလုံးများ က တစ်ကိုယ်ကောင်းဆန်ခြင်း၊ မာနထောင်လွှားခြင်းနှင့် လိမ်လည်လှည့်စားမှု များဖြင့် ပြည့်လေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ဖို့အလို့ငှာ၊ သူတို့က အချင်းချင်း လျှို့ဝှက်ကြံစည်ကြပြီး ကျိတ်ကြံကြသည်၊ အချင်းချင်း လိမ်လည်လှည့်စားကြသည်၊ ပြီးလျှင် မတတ်သာသည့်အဆုံး အချင်းချင်းပင် သတ်ဖြတ်ကြလေသည်။ လူတိုသည် မိမိတို့၏ ကာမဂုဏ် စိတ်ဆန္ဒများ၏ ကျေးကျွန်များဖြစ်ကြပြီး၊ လူ့ကျင့်ဝတ်များနှင့် သီလကို ချိုးဖောက်ကြကာ၊ မိမိတို့၏ အသိစိတ်ကို မြှုပ်နှံကြလေသည်။ လူတို့သည် လူသားသဘာဝအားလုံး ပျောက်ဆုံးသွားကြပြီဖြစ်သည်...။ နောက်ဆုံးသော ကာလတွင် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာမှာ နောဧခေတ်၏ ဖောက်ပြန် ပျက်စီးခြင်းကို အမှန်တကယ် ကျော်လွန်လေသည်။ သို့သော်၊ ဤဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကြောင့် ဘုရားသခင်က လူသားမျိုးနွယ်ကို ချက်ချင်း မဖျက်ဆီးဘဲ၊ ယင်းအစား လူသားမျိုးနွယ်ကို သတိပေးဖို့ ကပ်ဘေးအမျိုးမျိုးကို ကျရောက်လာစေပြီး ဘုရားသခင်ထံ ကျွန်တော်တို့ ပြန်လှည့်ဖို့ရန် အခွင့်အရေး ပေးလေ သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်တော် အချိန်ယူ တွေးဆသည့်အခါ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် ကျွန်တော့် စိတ်နှလုံး အလွန်အမင်း တို့ထိခံခဲ့ ရသည်။ ကမ္ဘာလောကကြီးက နေ့စဉ်နှင့်အမျှ မည်မျှ ပိုမိုဆိုးယုတ်လာပြီး ဖောက်ပြန် ပျက်စီးလာသည်၊ ကပ်ဘေးများက ကြီးသထက် ကြီးလာနေကြပြီး၊ ဆိုးယုတ်သော လူသားမျိုးနွယ်အပေါ် သူ၏ အမျက်ဒေါသကို မည်သည့်အချိန်တွင် ဘုရားသခင် ဖွင့်ချပြီး လူသားမျိုးနွယ်ကို မည်သို့ ဖျက်ဆီးမည်ဆိုသည်ကိုလည်း ကျွန်တော် တွေးမိခဲ့ သည်၊ ကျွန်တော် လိုက်စားရှာဖွေနေခဲ့သည့် ငွေများအားလုံးနှင့် အဆင့်အတန်းတို့က ကျွန်တော့်ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ပါ။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ၊ လူသည် ကွယ်ကာမှုကို ရရှိနိုင်သည်။ ဤအရာအားလုံးကို ကျွန်တော် သေချာတွေးကြည့်သည့်အခါ၊ အိပ်မက်တစ်ခုမှ နိုးထသကဲ့သို့ ဖြစ်လေသည်- ဤသည်သာ ကယ်တင်ခံရမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည့်အားလျော်စွာ ဘုရားသခင်ရှေ့ ကျွန်တော် လာသင့်ပြီး သူ၏ ကယ်တင်ခြင်းကို လက်ခံသင့်သည်ကို ကျွန်တော့်၏ ဝမ်းတွင်းအသိက ကျွန်တော့်ကို ပြောလေသည်။ ဇာတိပကတိ၏ ခဏတာ မွေ့လျော်မှုများဖို့အလို့ငှာ ကယ်တင်ခြင်း ရရှိရန် ကျွန်တော့်၏ အခွင့်အရေးကို ကျွန်တော် ဆုံးရှုံးရမည်ဆိုလျှင်၊ ယင်းက ရာသက်ပန် နောင်တတစ်ခု ဖြစ်လိမ့်မည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ ၂၀၁၆ ခုနှစ် မေလတွင် ဘုရားသခင်ကို ကျွန်တော် စတင်ယုံကြည်ခဲ့ပြီး၊ အသင်းတော် အစည်းအဝေး များတွင် ပါဝင်ခဲ့သည်။

ကျွန်တော့်၏ ယုံကြည်ခြင်းကို ရရှိပြီးနောက် မကြာမီတွင်၊ ဝဘ်ဆိုက်ကို ကျွန်တော် လျှောက်ကြည့်နေခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ရှုတ်ချပြီး အသရေဖျက်သည့် ပျက်သဘောဆောင်သော ဝါဒဖြန့်မှု အချို့ကို ကျွန်တော် အမှတ်မထင် တွေ့မိခဲ့သည်။ ယင်းကို ဖတ်ရှုမိခြင်းက ကျွန်တော့်ကို တစ်ခဏတာ ကြက်သေသေ သွားစေခဲ့သည်။ ဤ “လူတို့ကို ငွေလှူစေခြင်းနှင့် ယောက်ျားနှင့် မိန်းမကြားက စည်းများကို အလေးမထားခြင်း” က မည်သည့်အရာ ဖြစ်ပါသနည်း။ ကျွန်တော် ဖတ်ရသည့်အရာက အမှားနှင့်အမှန်၊ လုပ်ဇာတ်နှင့် အမှန်တရားတို့ကို ခွဲခြားဖို့ ကျွန်တော့်ကို ခက်ခဲစေရင်း၊ ယုတ္တိတန်သလို ရှိလေသည်။ မရှင်းလင်းမှုဖြင့် ကျွန်တော် မျှောပါလာခဲ့ပြီး ဘုရားသခင်၌ ကျွန်တော့်၏ တောက်လောင်နေသော ယုံကြည်ခြင်းမီးက ကျွန်တော် ဖတ်နေခဲ့သည့် အပျက်သဘောဆောင်သော အရာအားဖြင့် ချက်ချင်း ငြိမ်းသွားလေသည်။ ထိုအခိုက်အတန့်တွင်ပင်၊ အသင်းတော်ကို ငွေလှူခြင်း အကြောင်းကို ကျွန်တော့် ယောက္ခမက ဖုန်းဖြင့် ကျွန်တော့်ဇနီးနှင့်အတူ ပြောဆိုနေ သည်ကို ကျွန်တော် နားစွန်နားဖျားကြားခဲ့ပြီး၊ ယင်းက အွန်လိုင်းပေါ်တွင် ကျွန်တော် ဖတ်နေခဲ့ရသည့်အရာကို သာ၍ပင် ကျွန်တော့်ကို ယုံကြည်စေခဲ့သည်။ ထို့နောက်တွင်၊ ငွေလှူဒါန်းခြင်းမှ ကျွန်တော့်ယောက္ခမကို တားဆီးခဲ့ပြီး ကျွန်တော်တို့ အလှည့်စား မခံရဖို့အလို့ငှာ ကျွန်တော့်ဇနီးကိုလည်း သူ၏ ယုံကြည်ခြင်းကို လက်လျှော့လိုက်ဖို့ တိုက်တွန်းခဲ့သည်။ သို့သော် သူက ကျွန်တော့်ကို လုံးဝ နားမထောင်ခဲ့ဘဲ၊ ကျွန်တော့်ကို ပြတ်ပြတ်သားသား ပြောလေသည်- “တကယ့်အခြေအနေက ရှင် အွန်လိုင်းပေါ်မှာ ဖတ်ရတာနဲ့ ဘာမှမတူပါဘူး။ အွန်လိုင်းပေါ်က ဟာက အားလုံး ကောလာဟလတွေ၊ မှားယွင်းတဲ့ သက်သေခံချက်တွေပဲ။” ထို့နောက် ကျွန်တော်နှင့် မိတ်သဟာယပြုဖို့ ဘုရားနှုတ်ကပတ်တော်များ စာအုပ်တစ်အုပ်ကို သူ ယူလိုက်သည်၊ သို့သော် ကျွန်တော်က ကောလာဟလများဖြင့် အမြင်ဖုံးခဲ့ပြီးဖြစ်သလို၊ သူပြောသည့် မည်သည့်အရာကိုမျှ ကျွန်တော် မမှတ်ထားတော့ပါ။ နောက်မကြာမီတွင်၊ ညီအစ်ကို မောင်နှမအချို့က ကျွန်တော်တို့အိမ်သို့ လာကြသော်လည်း၊ ကျွန်တော် သူတို့ကိုလည်း လုံးဝှ အရေးမထား ခဲ့ပါ။ ထိုရက်အနည်းငယ်တစ်လျှောက်၊ ကျွန်တော့် ဇနီးနှင့် ကျွန်တော့် ယောက္ခမတို့ အလှည့်စားခံရမည်ကို ကျွန်တော် အမြဲ စိုးရိမ်ပူပန်ခဲ့ကာ၊ အမှောင်အတွင်းတွင် ကျွန်တော် လုံးဝ အသက်ရှင်နေခဲ့သည်။ ကျွန်တော် အမြဲ နေမထိ ထိုင်မထိ ဖြစ်ခဲ့သည်- ကျွန်တော် အစာဝင်အောင်မစားနိုင်ပါ၊ ညတွင် ကောင်းကောင်းအိပ်လို့မရနိုင်ဘဲ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းခံခဲ့ရသည်။ ကျွန်တော် ဆင်းရဲဒုက္ခခံစားနေခဲ့ရသည့်ပုံကို မြင်သည့်အခါ၊ ကျွန်တော့် ဇနီးက ကျွန်တော်နှင့်တစ်ဖန် မိတ်သဟာယပြုဖို့ ကြိုးစား ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်တစ်အုပ်ကို သူက ဖွင့်လိုက်ပြီး ကျွန်တော့်ကို ပြဖို့ ဤကျမ်းပိုဒ်များကို ရွေးလိုက်လေသည်- “လူတို့၏ အတွေးအခေါ်များ သို့မဟုတ် အယူအဆများကို ငါအလိုမရှိ၊ သင်၏ငွေ သို့မဟုတ် သင်၏ ပိုင်ဆိုင်မှုများကို သာ၍ပင် ငါ အလိုမရှိ။ ငါ အလိုရှိသည်မှာ သင်၏ နှလုံးသား ဖြစ်၏။ သင်နားလည်သလော။ ဤအရာသည် ငါ၏အလိုတော် ဖြစ်၏၊ ထို့အပြင် ၎င်းသည် ငါရရှိလိုသော အရာလည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆၁)) ထို့နောက် အသင်းတော် အသက်တာကို စီမံခြင်း အတွက် စည်းမျဉ်းအချို့ကို ကျွန်တော့်အတွက် သူမ ဖတ်ရှုခဲ့သည် “အလှူဒါနတွေ အတွက် တရားဒေသနာတွေထဲမှာ တောင်းဆိုဖို့ဖြစ်စေ၊ အခြားအကြောင်းအရင်း တစ်ခုတစ်လေအတွက် အလှူဒါနများ တောင်းဖို့ မည်သူ့ကိုမျှ အသင်းတော်က ခွင့်မပြုပါ။” (အလုပ်အစီအစဉ်များ စာအုပ်ထဲရှိ “အသင်းတော်တည်ထောင်ခြင်းနှင့် အသင်းတော် အသက်တာ စီမံခန့်ခွဲခြင်းအတွက် အခြေခံမူများ”) သူမက မိတ်သဟာယထဲတွင် ဤအရာကို ကျွန်တော်နှင့်အတူ ဝေမျှခဲ့သည်။ “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲမှာ အသင်းတော် အသက်တာရဲ့ ရှုထောင့်တိုင်းအတွက် တင်းတင်းကျပ်ကျပ် သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ စည်းမျဉ်းတွေ ရှိတယ်။ ငွေလှူဒါန်း ခြင်းအတွက်ကတော့၊ ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ ငွေ ဒါမှမဟုတ် ရုပ်ဝတ္ထု ပစ္စည်းတွေကို မလိုချင်ဘူးဆိုတာကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေက ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ အသင်းတောရဲ့ လုပ်ငန်း စည်းမျဉ်းတွေ ကလည်း ငွေလှူဒါန်းခြင်းအကြောင်းကို ဟောပြောဖို့ ဒါမှမဟုတ် ဘာအကြောင်းပြ ချက်နဲ့မှ လူတွေကို ငွေလှူဖို့ အားပေးအားမြှောက်လုပ်တာကို အသင်းတော်က ဘယ်သူ့ ကိုမျှ ခွင့်မပြုတာကိုလည်း ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားတယ်။ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်နေခဲ့ကတည်းက၊ အသင်းတော်က တစ်ပြား တစ်ချပ်မှ လှူဒါန်းဖို့ မတောင်းဆိုခဲ့ဖူးပါဘူး။ အသင်းတော်က ငွေလှူဖို့ လူတွေ့ကို မေတ္တာမရပ်ခံရုံမကဘဲ၊ စစ်မှန်တဲ့ ယုံကြည်သူတွေဖြစ်တဲ့ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း စာအုပ်တွေ၊ စီဒီတွေနဲ့ တခြားအရာမျိုးစုံတို့ကိုတောင် အခမဲ့ပေး တယ်။ အခု အခက်အခဲတွေကို ကြုံတွေ့နေရတဲ့ ညီအစ်ကို မောင်နှမတစ်ချို့ကို ကူညီဖို့ တစ်ခုခုကို ကျွန်မ အမေက ထောက်ပံ့ချင်တယ်။ အဲဒါကို သူမက ကိုယ့်ကိုယ်ပိုင် လွတ်လပ်တဲ့စိတ်ဆန္ဒနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်။ ဘယ်သူကမျှ သူ့ကို အဲဒါ လုပ်ဖို့ ဖိအားပေးနေတာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်လေ၊ လိုအပ်နေတဲ့ လူတွေကို ကူညီတာဟာ ကောင်းမြတ်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တာကြောင့် အပြစ်ဆိုစရာ အကြောင်းမရှိပါဘူး၊ ဟုတ်တယ်မဟုတ်လား။”

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ကျွန်တော့် ဇနီး၏ မိတ်သဟာယကို နားထောင်ခြင်း အပြီးနောက်၊ ယခင်က ညီအစ်မတစ်ဦးက မိတ်သဟာယတွင် ကျွန်တော်နှင့်အတူ ဝေမျှခဲ့သည့် အရာတစ်ခုကို ကျွန်တော် ရုတ်တရက် အမှတ်ရမိခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က အသင်းသားသစ်များထံမှ ငွေကြေး လှူဒါန်းမှုများကို လက်မခံသလို၊ ငွေ လှူဒါန်းချင်သူ တစ်ဦးတစ်ယောက်အနေဖြင့် ထိုသို့လုပ်ဆောင်ရန် လုံးဝ လိုလားသည်ကို သေချာပြီး သူတို့ လုံးဝ နောင်တမရမည်ကို သေချာသည်အထိ ဦးစွာ အကြိမ်ကြိမ် ဆုတောင်းရ မည်ဖြစ်သည်။ ၎င်းတို့က ပျော်ရွှင်ဝမ်းမြောက်စွာ လှူဒါန်းခြင်း မဟုတ်ပါက်၊ အသင်းတော်က ထိုလှူဒါန်းမှုကို လုံးဝ လက်ခံမည်မဟုတ်ပါ။ ဤအရာကို ကျွန်တော် သတိရသည့်အခါတွင်၊ ကျွန်တော် ရှိခဲ့သည့် စိုးရိမ်မှုများနှင့် ပူပန်မှုများက အတော်အတန် သက်သာသွားခဲ့သော်လည်း၊ ကျွန်တော့် စိတ်နှလုံးထဲက စိုးရိမ်မှု အစိုင်အခဲက လုံးလုံး မပြေလျော့ခဲ့ပါ။ ကျွန်တော့်၏ ဇနီးက ကျွန်တော့်၏ မှုန်ကုပ်ကုပ်မျက်နှာကို မြင်ခဲ့ပြီး၊ ကျွန်တော် တွေးနေသည့်အရာကို သိလျက်၊ သူမက “အဲဒီ ကောလာဟလတွေကို မယုံပါနဲ့။ လူတွေကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို နှောင့်ယှက်ဖို့နဲ့ တမင်ဖျက်ဆီးဖို့၊ ပြီးတော့ ဘုရားသခင်ရှေ့မှောက်ကို လာခြင်းနဲ့ သူ့ရဲ့ကယ်တင်ခြင်းကို လက်ခံခြင်းကနေ ကျွန်မတို့ကို တားဆီးဖို့၊ စာတန်က ပေါက်ကရစကား မျိုးစုံပြောမှာဖြစ်ပြီး မှားယွင်းတဲ့ သက်သေခံချက်မျိုးစုံ ပေးလိမ့်မယ်။ ဘုရားသခင်က သန့်ရှင်းပြီး လူသားမျိုးနွယ်ရဲ့ ဆိုးယုတ်မှုကို စက်ဆုပ်တယ်။ နာမည်ဂုဏ်သတင်း မကောင်းတဲ့ သူတွေနဲ့ ဆန့်ကျင်ဖက် လိင် အသင်းသားတွေ အနီးအနားမှာ ဘယ်လို ကောင်းကောင်းမွန်မွန် ပြုမူရမယ်ဆိုတာကို မသိသူတွေအတွက်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သူတို့ကို လုံးဝ လက်မခံပါဘူး။ ဒါဟာ အနန္တတန်ခိုးရှင် ဘုရားသခင်က အရမ်းကို တိကျပြတ်သားစွာ ပြောဆိုခဲ့တဲ့အရာတစ်ခု ဖြစ်တယ်” ဟု ပြောလေသည်။ ထို့နောက် ကျွန်တော့်ဇနီးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖွင့်လိုက်ပြီး ဖတ်ရှုလေသည်- “မိုးကြိုးသံခုနစ်ချက်ကြောင့် များစွာသော လူတို့သည် သနားကြင်နာမှုနှင့် ခွင့်လွှတ်ခြင်းအတွက် ဒူးထောက်ကြလိမ့်မည်။ သို့သော်လည်း ၎င်းသည် ကျေးဇူးတော်ခေတ် ဖြစ်လိမ့်မည် မဟုတ်တော့၊ ၎င်းသည် ဒေါသအမျက်အတွက် အချိန်ဖြစ်လိမ့်မည်။ ဆိုးယုတ်မှုများကို ပြုလုပ်သူအားလုံးအတွက် (ကာမေသုမိစ္ဆာလွန်ကျူးသူများ၊ သို့မဟုတ် မသန့်ရှင်းသော ငွေကြေးများနှင့် ပတ်သက်သောသူများ၊ သို့မဟုတ် ယောက်ျားတို့နှင့် မိန်းမတို့အကြား ခြားနားကန့်သတ်ချက်ကို ရှင်းလင်းခြင်း မရှိသောသူများ၊ သို့မဟုတ် ငါ၏ စီမံခန့်ခွဲမှုကို နောင့်ယှက်သောသူ သို့မဟုတ် ပျက်စီးစေသောသူများ၊ သို့မဟုတ် ဝိညာဥ်ရေးရာ ကိစ္စရပ်တို့ကို နားမလည်သောသူများ၊ သို့မဟုတ် ဆိုးယုတ်သော ဝိညာဉ်များ၏ ပူးကပ်ခြင်း ခံရသူများ စသည်ဖြင့်...ငါ၏ ရွေးကောက်ခြင်းခံရသောသူများမှအပ ကျန်သူအားလုံး) သူတို့တစ်ဦးမှ လွတ်လိမ့်မည် မဟုတ်သကဲ့သို့ ခွင့်လွှတ်ခြင်းလည်း ခံရလိမ့်မည် မဟုတ်ဘဲ အယောက်စီတိုင်းသည် မရဏနိုင်ငံထဲသို့ ပစ်ချခြင်း ခံရလိမ့်မည်ဖြစ်ပြီး သူတို့သည် ထိုနေရာတွင် ထာဝရပျက်စီးသွားပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၉၄)) အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များက လူတို့၏ စိတ်နှလုံးများထဲ ကြောက်ရွံ့မှုနှင့် ကြည်ညိုမှုတို့ ဖြစ်ပေါ်စေဖို့အလို့ငှာ ခံ့ညားထယ်ဝါပြီး အမျက်ဒေါသဖြင့် ပြည့်လေသည်။ ဤအရာက လူသားမျိုးနွယ်၏ ပုန်ကန်ပြစ်မှားမှု များကို သည်းခံမည်မဟုတ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်တော့်ကို သတိပြုမိစေခဲ့သည်။ ဘုရားသခင်သည် လူတကာနှင့် သောင်းပြောင်း ထွေလာ လိင်ဆက်ဆံကြသူများကို အလွန့်အလွန်စက်ဆုပ်ပြီး၊ ထိုလူတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ ဖြောင့်မတ်သော ပြစ်ဒဏ်ပေးခြင်းကို ဒုက္ခခံစားရ လိမ့်မည်ဖြစ်သည်။ ကျွန်တော့်၏ ပူပန်မှုအချို့ သက်သာသွားခဲ့သည်။ ထို့နောက် ကျွန်တော့်ဇနီးက အောက်ပါတို့ကို ကျွန်တော်နှင့်အတူ မိတ်သဟာယပြုခဲ့သည်။ “ပညတ်တော်ခေတ်မှာ ဘုရားသခင်က သူ့ရဲ့ အမှုတော်ကို လုပ်ဆောင်နေတဲ့အချိန်မှာ၊ လူတကာနဲ့ သောင်းပြောင်းထွေလာလိင် ဆက်ဆံခဲ့တဲ့ ဘယ်သူမဆို သေတဲ့အထိ ကျောက်ခဲနဲ့ အပစ်ခံခဲ့ရတယ်။ ဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်ပြီး ခံ့ညားထယ်ဝါသလို အမျက်နဲ့ပြည့်တဲ့ စိတ်သဘောထားကို ပြည့်ပြည့်ဝဝ ထုတ်ဖော်ပြပါတယ်။ နိုင်ငံတော်ခေတ်မှာ၊ သူ့ရဲ့ စီမံခန့်ခွဲမှုထဲက ဘုရားသခင်ရဲ့ စည်းမျဉ်းတွေဟာ အချင်းချင်း လိင်ဆက်ဆံကြတဲ့ ယောက်ျားနဲ့ မိန်းမတွေနဲ့ စပ်လျဉ်းပြီး ပိုလို့တောင် တင်းကျပ် ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ ပြောသလိုပါပဲ- ‘လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး၊ ထို့အပြင် စိတ်ခံစားမှုများ ရှိသည်။ ထို့သို့ဖြင့် ဘုရားသခင်ကို အစေခံချိန်တွင် ဆန့်ကျင်ဘက်လိင် အသင်းသား နှစ်ဦးအား အဖော်မပါဘဲ၊ အတူတကွ အလုပ်လုပ်ခြင်းကို လုံးဝ တားမြစ်ထား၏။ ထိုသို့လုပ်ဆောင်နေသည်ကို အမိခံရသူ မည်သူမဆိုသည် ခြွင်းချက်မရှိ ထုတ်ပယ်ခြင်းခံရလိမ့်မည်။’” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်)

ဤအရာကို ကျွန်တော့်ဇနီးက ဖတ်ပြသည့်အချိန်တွင်၊ ၂၀၁၆ ခုနှစ် နွေဦးရာသီတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တစ်ခုကို ကျွန်တော် အမှတ်ရမိခဲ့သည်။ ထိုအချိန်က၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်တော် ကောင်းကောင်းမွန်မွန် မလေ့လာမဆန်းစစ်ခဲ့သေးပါ။ ကျွန်တော်က ကျွန်တော့်ဇနီးနှင့် အသင်းတော်မှ ညီအစ်မတစ်ဦးကို အခြားပြည်နယ်တစ်ခုဆီသို့ ကားမောင်းပို့နေခဲ့သည်။ လမ်းတွင်၊ ကျွန်တော့် ဇနီးက လုပ်ဆောင်စရာကိစ္စကို လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ကားရပ်ခဲ့ပြီး၊ သူမ ကားပြင်ထွက်သည့်အချိန်တွင် ထိုညီအစ်မလည်း ထွက်လာခဲ့လေ သည်။ အပြင်တွင် အေးပြီး လေထန်ကာ၊ ထိုညီအစ်မက နွေးနေစေဖို့ သူ၏ ခြေများဆောင့်လျက် အပြင်ဘက်တွင် ရပ်နေခဲ့သည်။ ကားထဲဝင်ဖို့ သူ့ကို ကျွန်တော် ခေါ်ခဲ့သော်လည်း သူက၊ “ရပါတယ်။ ကျွန်မ အပြင်မှာနည်းနည်း ရပ်လိုက်ဦးမယ်” ဟု ပြောလေသည်။ အတော်အတန် တစ်ခဏ ကြာပြီးနောက်၊ ကျွန်တော့် ဇနီးပြန်လာခဲ့ ပြီးနောက်တွင်မှ ထိုညီအစ်မက ကားထဲသို့ ဝင်လေသည်။ သူမက သိသိသာသာ အအေးဒဏ်မှ ခိုက်ခိုက်တုန်နေသည်ကို မြင်သည့်အခါ၊ ကျွန်တော့်ဇနီးက သူမကို မေးလေသည်- “အပြင်မှာ အရမ်းအေးတယ်။ ဘာလို့ ကားထဲမှာ မနေတာလဲ။” သူမက၊ “ယောက်ျားနဲ့ မိန်းမ နှစ်ယောက်တည်း အတူတူ နေလို့မရဘူး၊ ဒါမှမဟုတ် ခန္ဓာကိုယ် ပိုင်းဆိုင်ရာ ထိတွေ့မှု ရှိလို့မရဘူးဆိုတဲ့ အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းတစ်ခု ကျွန်မတို့ အသင်းတော်ထဲမှာ ရှိတယ်။ ဒါက သူ ရွေးချယ်ထားတဲ့ လူတွေအပေါ် ဘုရားသခင် ထားရှိတဲ့ သတ်မှတ်ချက်တွေထဲက တစ်ခုဖြစ်ပြီး၊ အဲဒါကို ကျွန်မတို့ တစ်သဝေမတိမ်း လိုက်နာရမယ်” ဟု ပြန်ပြောလေသည်။ ဤအရာ ကြားရာတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နှင့် ပတ်သက်သည့် လူတို့သည် လောက၏ လူတို့နှင့် အမှန်တကယ် မတူကွဲပြားသည်ကို ကျွန်တော် ခံစားခဲ့ရသည်- ထိုသို့သော အသေးအဖွဲ ကိစ္စရပ်များတွင်အပင် သူတို့က မိမိတို့ကိုယ်ကိုယ် ချုပ်တည်းကြလေသည်။ ထိုအကြောင်းကြောင့် အမှန်တရားများကို ကောင်းကောင်းမွန်မွန် မလေ့လာမဆန်းစစ် ဘဲ၊ ယင်းအစား ထိုအွန်လိုင်း ကောလာဟလများကို ကျိုးကြောင်းမမြင်ဘဲ ယုံကြည်မိခြင်းအတွက် မိမိကိုယ်ကိုယ် မနှစ်မြို့ခြင်းဖြင့် ကျွန်တော့်ခေါင်းကို လက်ဝါးဖြင့် ဖြန်းခနဲ မရိုက်ဘဲနေနိုင်ခဲ့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ညီအစ်ကို မောင်နှမများနှင့်အတူ အပြန်အလှန် ဆက်ဆံခဲ့ရသည့် အချိန်များအားလုံးကို တွေးကြည့်ပြီး၊ ယောက်ျားများနှင့် မိန်းမများကြား စည်းများ မည်မျှ ရှင်းရှင်းလင်းလင်း အသေးစိတ်ချပြခဲ့သည်၊ အပြောနှင့် အလုပ်တွင် သူတို့ မည်မျှ လျော်ကန်ပြီး မွန်ရည်သည်၊ လူတို့နှင့် ပတ်သက်ရသည့်အခါ သို့မဟုတ် အရေးကိစ္စများ ကို အာရုံစိုက်သည့်အခါ သူတို့ မည်မျှ ကိုယ်ကျင့်တရား ကောင်းကြသည်ကို ကျွန်တော် မြင်သည့်အခါ၊ ထိုအွန်လိုင်း ကောလာဟလများက မည်သို့မျှ မခိုင်လုံသည်မှာ သိသာပေသည်။ ထိုအချိန်တွင် ကျွန်တော် အလွန်အရှက်ရမိခဲ့သည်- အမှန်တွင်တော့ ထိုအွန်လိုင်း ကောလာဟလများမှာ လုပ်ကြံစွပ်စွဲခြင်းများ၊ အသရေဖျက်ခြင်းနှင့် ဘွင်းဘွင်းရှင်းရှင်း လိုရာစွဲ မမှန်မကန်ပြောဆိုခြင်း ဖြစ်လေသည်- သို့တိုင် ထိုအလိမ် အညာများကို ကျွန်တော်က ကျိုးကြောင်းမမြင်ဘဲ လက်ခံခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း သံသယများ ဖြစ်ပေါ်ခဲ့သည်။ ကျွန်တော်က အလွန် စိတ်ရှုတ်ထွေးသည့် မိုက်မဲသူတစ်ဦး ဖြစ်ခဲ့ပေသည်။ ထို့နောက် ကျွန်တော့် ဇနီးက မိတ်သဟာယထဲတွင် ဆက်ပြောခဲ့သည်- “နောက်ဆုံးသော ကာလမှာ၊ ဘုရားသခင်က လူ့ဇာတိခံတာ၊ ပြီးတော့ လူတွေကို တရားစီရင်ပြီး သန့်ရှင်းစေဖို့ သမ္မာတရားတွေ ဖော်ပြတာဟာ စာတန်ရဲ့ အုပ်စိုးမှုကနေ လူတွေကို လုံးလုံးလျားလျား ကယ်တင်ဖို့နဲ့-ကျွန်မတို့ရဲ့ မာနထောင်လွှားမှု၊ လိမ်လည်မှု၊ လှည့်ဖြားမှု၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်မာမှု၊ ဆိုးယုတ်မှု နဲ့ ညစ်ညူးမှုတွေလို- ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ကျွန်မတို့ဆီကနေ ဖယ်ရှားပစ်ဖို့ ဖြစ်ပြီး ကျွန်မတို့က စစ်မှန်တဲ့ လူသားပုံသဏ္ဍာန်တစ်ခုကို နေထိုင်အသက်ရှင်နိုင်ဖို့ ကျွန်မတို့ရဲ့ အသက်တာ စိတ်သဘောထားထဲမှာ ပြောင်းလဲမှုကို ရရှိအောင် ကျွန်မတို့ကို ကူညီဖို့ ဖြစ်တယ်။ လူသားမျိုးနွယ်က စာတန်အားဖြင့် အရမ်းကို နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးပြီးဖြစ်သလို အပြစ်ကို ကျော်လွှားအောင်မြင်ဖို့ လုပ်နိုင်စွမ်းမရှိတာကို ဘုရားသခင်က သိတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံတဲ့အခါ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန် မပြစ်မှားဘဲ၊ ဒီလိုနဲ့ ပယ်ရှင်းမခံရဘဲ၊ အပြစ်ပေးမခံရတာ သေချာအောင် ယုံကြည်သူတွေ ကို ဆက်ချုပ်ထိန်းဖို့ နိုင်ငံတော်ခေတ်ရဲ့ စီမံခန့်ခွဲရေး စည်းမျဉ်းတွေကို ဘုရားသခင်က စီစဉ်ထားတာဖြစ်တယ်။ ဒီစည်းမျဉ်းတွေကို ချိုးဖောက်တဲ့သူ ဘယ်သူမဆို ဘုရားသခင် ရဲ့ အပြစ်ပေးတာ ခံရမယ်၊ ပြီးတော့ ပြင်းထန်တဲ့ ပြစ်မှုကျူးလွန်းသူတွေဟာ အသင်းတော်ကနေ နှင်ထုတ်ခံပြီး ဘယ်လို ကယ်တင်ခြင်း အခွင့်အရေးမဆို ဆုံးရှုံးမှာဖြစ်တယ်။ အသင်းတော်အတွက် ဒီအမိန့်တွေကို ဘုရားသခင် ထုတ်ပြန်တာက ဘုရားသခင်ရဲ့ ပုန်ကန်ပြစ်မှားလို့မရတဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မတို့ စစ်မှန်တဲ့ သိကျွမ်းမှုတစ်ချို့ ရရှိစေဖို့ ဖြစ်တယ်၊ ပြီးတော့ ကျွန်မတို့ကို ထိန်းချုပ်ဖို့ စည်းမျဉ်းတွေ ရှိစေဖို့ဖြစ်တယ်။ ဒီလိုနည်းနဲ့၊ ကျွန်မတို့ရဲ့ အပြုအမူတွေမှာ မလျော်မကန် ပြုမူလို့မရတဲ့ စည်းမျဉ်းတွေ အမြဲရှိမှာဖြစ်ပြီး၊ ဒီစည်းကို ကျွန်မတို့ ဆက် စောင့်ထိန်း နေရင်၊ စာတန်ရဲ့ စုံစမ်းနှောင့်ယှက်ခြင်းတွေ အများကြီးကို ကျွန်မတို့ ရှောင်ရှား နိုင်တယ်။ ဒါက ကျွန်မတို့ကို ကာကွယ်ပေးနေတဲ့ ဘုရားသခင်ရဲ့ နည်းလမ်းဖြစ်ပြီး၊ အထူးသဖြင့် ကျွန်မတို့အတွက် ဘုရားသခင်ရဲ့ စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာ ဖြစ်တယ်။” ကျွန်တော့် ဇနီး၏ မိတ်သဟာယပြုခြင်းကို နားထောင်သည့်အခါ၊ ကျွန်တော် ကိုယ့်ဘာသာ ခေါင်းကို အလိုလို ညိတ်မိလျက်သား ဖြစ်နေသည်ကို တွေ့ရပြီး၊ ကျွန်တော့် စိတ်နှလုံးထဲက အစိုင်အခဲက လုံးဝ ပြေသွားခဲ့သလို၊ ကျွန်တော့် စိတ်နှလုံးကို မွန်းကျပ်စေသော နာကျင်မှုက လွတ်ငြိမ်းသွားခဲ့သည်။ ထို့နောက်တွင်၊ အသင်းတော် အစည်းအဝေးများကို ကျွန်တော် စတင်တစ်ဖန် တက်ရောက်ခဲ့သည်။

ဤအတွေ့အကြုံကို ကျွန်တော် အမှတ်ရမိသည့် အကြိမ်တိုင်း ကျွန်တော့် စိတ်နှလုံးထဲတွင် စွဲကျန်နေသည့် ကြောက်ရွံ့မှုအချို့ ရှိလေသည်။ ဤကောလာဟလ များက မည်မျှ ထိခိုက်နစ်နာစေသည်ကို ကျွန်တော် မြင်ခဲ့သည်။ ၎င်းတို့၏ လှည့်စားမှုကို ကျွန်တော် ခံရခါနီးဖြစ်ခဲ့ပြီး၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလ ကယ်တင်ခြင်း အတွက် အခွင့်အရေးကို ဆုံးရှုံး လုနီးပါး ဖြစ်ခဲ့သည်။ ကျေးဇူးတော်ခေတ်တွင်၊ ဣသရေလလူမျိုးများသည်လည်း မမှန်ကန်သော ကောလာဟလများ၏ လှည့်စားခြင်း ကို ခံခဲ့ရပြီး၊ သခင်ယေရှုကို မေရှိယ၏ ကြွလာခြင်းအဖြစ် အသိအမှတ်မပြုခဲ့ကြပါ။ သခင်ယေရှုကို သူတို့ ငြင်းပယ်ခဲ့ကြပြီး၊ ထိုသို့ဖြင့် သခင့်၏ ကယ်တင်ခြင်းကို ဆုံးရှုံးခဲ့ကြသည်။ စစ်မှန်သော ယုံကြည်ခြင်း လမ်းကြောင်းပေါ်တွင် ထိုကောလာဟလ များက မည်မျှ ကြီးမားသော အဟန့်အတားများသာ ဖြစ်သည်ကို ဤအရာက ကျွန်တော့်ကို နားလည်စေခဲ့သည်။ သို့သော် ကျွန်တော် နားမလည်နိုင်သေးသည့်အရာမှာ ကောင်းမွန်သည့် အသင်းတော်တစ်ပါး ဖြစ်နေသည့်အချိန်တွင် အဘယ်ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း မမှန်ကန်သော ကောလာဟလ များနှင့် မမှန်ကန်သော စွပ်စွဲမှုများ အလွန်များစွာ ရှိရသည်ဆိုသည့်အရာ ဖြစ်သည်။ ထို့ကြောင့် အသင်းတော် အစည်းအဝေးတစ်ခုအတွင်းတွင် ထိုအရာနှင့်ပတ်သက်၍ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုနိုင်ဖို့ ကျွန်တော် ဤမေးခွန်းကို တင်ပြခဲ့သည်။ သူတို့က ကျွန်တော့်အတွက် “ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း” ဆိုသည့် အသင်းတော်၏ ဧဝံဂေလိ ရုပ်ရှင်များထဲမှ တစ်ခုကို ဖွင့်ပြခဲ့သည်၊ ယင်းက ကျွန်တော့်၏ မရှင်းလင်းမှုကို လုံးဝ ဖြေရှင်းပေးခဲ့သည်။ ညီအစ်ကို မောင်နှမများထံမှ နောက်ထပ် မိတ်သဟာယပြုခြင်းအနည်းငယ်ဖြင့်၊ ပိုမို ရှင်းလင်းပြတ်သားမှုကို ကျွန်တော် ရရှိခဲ့သည်။ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ဖို့နှင့် တမင်ဖျက်ဆီးဖို့ ကောလာဟလများကို အသုံးပြုခြင်းက စာတန်၏ တစ်သမတ်တည်းဖြစ်သော နည်းဗျူဟာ ဖြစ်သည်။ သခင်ယေရှုက သူ၏ အမှုတော်ကို လုပ်ဆောင်နေသည့် အချိန်တွင်၊ ဂျူးလူမျိုး ယဇ်ပရောဟိတ် အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့က ဘုရားသခင် ရွေးချယ်ထားသော လူတို့အပေါ် သူတို့ အမြဲတမ်း ဆက်လက်ထိန်းချုပ်နိုင်သည်ကို သေချာချင်ခဲ့ကြသောကြောင့်၊ သခင်ယေရှုနှင့် ပတ်သက်သည့် မမှန်ကန်သော ကောလာဟလများစွာကို ဖန်တီးခဲ့ကြသည်။ ကိုယ်တော်က နတ်ဆိုးများကို နှင်ထုတ်ဖို့ ဗေလဇေဗု ၏ တန်ခိုးကို အမှီပြုသည်ဟု ပြောရင်း သခင်ယေရှုကို ပြစ်မှားစော်ကားခဲ့ကြသည်၊ လူတို့ကို ကဲသာ ဘုရင်ထံ အခွန်ပေးခွင့်မပြုခြင်းနှင့်ပတ်သက်ပြီး သခင်ယေရှုကို မမှန်မကန် စွပ်စွဲခဲ့ကြသည်ပြီး၊ သခင်ယေရှု၏ ရုပ်ခန္ဓာကို သူ၏ တပည့်တော်များက ခိုးသွားသည်၊ သူသည် ရှင်ပြန်ထမြောက်ခြင်းမရှိခဲ့ဟု ပြောခြင်းဖြင့် မမှန်သော သက်သေခံချက်ကိုလည်း သူတို့ ပေးခဲ့ကြလေသည်။ ထိုအချိန်က အင်တာနက် ရှိခဲ့မည်ဆိုလျှင်၊ ထိုဘာသာရေး ခေါင်းဆောင်များက သခင်ယေရှုကို ပြစ်မှားစော်ကားဖို့၊ တိုက်ခိုက်ဖို့နှင့် ရှုတ်ချဖို့ရန် သူတို့၏ ကောလာဟလများနှင့် မမှန်သော သက်သေခံချက်များကို အွန်လိုင်းပေါ်တွင် တင်ခဲ့ကြမည်မှာ သေချာသည်။ ယနေ့ခေတ်၊ နိုင်ငံတော်ခေတ်တွင်၊ လူသားမျိုးနွယ်ကို တရားစီရင်ကာ သန့်စင်စေဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်က နှုတ်ကပတ်တော်များ၏ အမှုတော်ကို လုပ်ဆောင်နေသည်။ တရုတ်နိုင်ငံ အစိုးရအပြင် ဘာသာရေး အသိုင်းအဝိုင်းထဲက သင်းအုပ်ဆရာများနှင့် အကြီးအကဲများက စာတန်၏ တန်ဆာပလာများအဖြစ် ပြုမူနေကြလေသည်။ လူတို့ကို ထိန်းချုပ်ခြင်းနှင့် အမိဖမ်းခြင်း နှင့်ဆိုင်သော သူတို့၏ရည်မှန်းချက်ကို ရရှိဖို့ရန်အလို့ငှာ၊ ကောလာဟလများနှင့် မမှန်သော သက်သေခံချက်များကို အကြောင်းမဲ့သက်သက် လုပ်ကြံဖန်တီးရင်းနှင့် လူတို့ကို စိတ်ရှုပ်ထွေးစေကာ အမှောင်ထဲတွင် ထိန်းသိမ်းထားဖို့ရန်အလို့ငှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အပုပ်ချရင်းဖြင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို သူတို့ ပြစ်မှားစော်ကားနေပြီး ရှုတ်ချနေလေသည်။ သူတို့၏ မာနထောင်လွှားခြင်းဖြင့်၊ သူတို့က ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လူတို့ စွန့်လွှတ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ရာတွင် သူတို့နောက် လိုက်ဖို့ရန် လုပ်ဆောင်နိုင်သည်ဟု ထင်ကြလေသည်။ စာတန်သည် အမှန်တကယ် ဆိုးယုတ်လွန်းပြီး စက်ဆုပ်စရာသာ ဖြစ်လေသည်။

ထို့နောက် ညီအစ်ကို မောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များ နောက်ထပ် စာနှစ်ပိုဒ်ကို ကျွန်တော့်အတွက် ဖတ်ပြခဲ့ကြသည်- “ကမ္ဘာမြေကြီးပေါ်တွင် နတ်ဆိုး အမျိုးမျိုးတို့သည် နားခိုရန်နေရာကို အစဉ်ရှာဖွေ ချောင်းမြောင်းလျက် ရှိကြပြီး စားနိုင်သော လူသေအလောင်းများကို အတောမသတ် ရှာဖွေနေကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၀))စာတန်သည် နောက်ဆုံးသော သေခြင်း၏ မချိတင်ကဲဝေဒနာကို ခံစားချိန်တွင် သွားများကြိတ်လျက်၊ ခြေသည်းလက်သည်းများကို ကုပ်ထားလျက်နှင့် လူများ၏ စိတ်နှလုံးများရှိ ငါနှင့်ပတ်သက်သည့် အသိပညာကို ဝါးမြိုလျက် အစဉ်အမြဲရှိနေသည်။ သင်တို့သည် ယခုအချိန်၌ ၎င်း၏စဉ်းလဲသော အကြံအစည်များ၏ အန္တရာယ်ပြုခြင်းခံရရန် အလိုရှိကြသလော။ ငါ့အမှုသည် နောက်ဆုံးတွင် ပြီးဆုံးသောအချိန်၌ သင်တို့သည် မိမိတို့၏ အသက်ကို ဖျက်ဆီးပစ်ရန် အလိုရှိကြသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၆)) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဝိညာဉ်ရေးရာ တိုက်ပွဲအကြောင်း သမ္မာတရားကို ကျွန်တော်တို့အား ပြောပြသည် ဟုလည်း သူတို့ မိတ်သဟာယကို ကျွန်တော့်အား ဝေမျှခဲ့ကြသည်၊ ယင်းတိုက်ပွဲမှာ ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ခြင်းမှ လူတို့ကို တားဆီးပိတ်ပင်ဖို့နှင့် သူတို့ကို ဝါးမျိုဖို့ရန်အလို့ငှာ၊ စာတန်က လိမ်လည်လှည့်စားမှုမျိုးစုံကို ဆောင်ရွက်ခြင်း ဖြစ်သည်။ ဤတွင်၊ ကောလာဟလများနှင့် မမှန်သော သက်သေခံချက်များကို အင်တာနက်ပေါ် ဖြန့်ခြင်းနှင့်ဆိုင်သော လှည့်ဖြားမှု၊ ယုံကြည်သူများကို နှောင့်ယှက်ပြီး ခြိမ်းခြောက်ဖို့ ဘာသာရေး ခေါင်းဆောင်များကို လုပ်ဆောင်စေခြင်းနှင့် ယုံကြည်သူများကို အကျပ်ကိုင် ဖို့နှင့် အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်ခြင်းမှ သူတို့ကို တားဆီးဖို့ မိသားစုဝင်များကို စေခိုင်းခြင်းတို့ ပါဝင်သည်။ တိုတိုပြောရလျှင်၊ ကျွန်တော်တို့အား ဘုရားသခင်ကို သံသဖြစ်စေသည့်အရာ၊ ငြင်းပယ်စေသည့်အရာ သို့မဟုတ် ဘုရားသခင်ထံမှ ဝေးသွားစေသည့်အရာ မည်သည်အရာမဆို စာတန်ထံမှလာသည်။ သမ္မာတရားကို ကျွန်တော်တို့ မရှာဖွေနိုင်လျှင်၊ စာတန်၏ လိမ်လည်လှည့်စားမှုကို ကျွန်တော်တို့ လုံးဝ ရိပ်စားမိမည်မဟုတ်ပါ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန် အခွင့်အရေးကို အလွယ်တကူ ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး၊ စာတန်နှင့်အတူ ကပ်ဘေး ထဲတွင် နှစ်မြုပ်သွားလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ဦးဆောင်မှု ကျေးဇူးကြောင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ဧဝံဂေလိ ရုပ်ရှင်ကို ကြည့်ရှုခြင်းနှင့် ညီအစ်ကို မောင်နှမများ၏ မိတ်သဟာယပြုခြင်းတို့ကို နားထောင်ခြင်းမှတဆင့် စာတန်၏ ဆိုးယုတ်ပြီး စက်ဆုပ်ဖွယ် အနှစ်သာရကို ကျွန်တော် သာ၍ ရှင်းလင်းစွာ မြင်နိုင်ခဲ့ပြီး၊ စာတန်၏ လျှို့ဝှက်အကြံအစည်များကို ရိပ်စားမိနိုင်ခဲ့သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်ကတည်းက စစ်မှန်သော လွတ်မြောက်မှု နှင့် လွတ်လပ်မှုကို ကျွန်တော် ရရှိပြီးဖြစ်သည်။ ယခုတွင်၊ အခက်အခဲများကို ကျွန်တော် ကြုံရသည့်အခါတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရှုနိုင်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ရှာတွေ့ရန် ကျွန်တော့်ကို ကူညီဖို့ ဘုရားသခင် ထံ ဆုတောင်းနိုင်ပါသည်။ အသင်းတော်ထဲက ညီအစ်ကို မောင်နှမများသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို အားလုံးလိုက်နာကြပြီး၊ ရိုးသားသောလူများ ဖြစ်လာဖို့ ကြိုးစားကြလေသည်။ အချင်းချင်း သူတို့၏ ဆက်ဆံရေးများက မရှုပ်ထွေးဘဲ၊ ပွင့်လင်းလေသည်။ သူတို့ အချင်းချင်း ကူညီပြီး အားပေးကြသည်။ ကျွန်တော့်ကို ဒေါက်ဖြုတ်ဖို့၊ လှည့်ဖြားဖို့ သို့မဟုတ် ရိတ်ဖို့ တစ်ယောက်ယောက်က ကြိုးစားမည်ကို စိုးရိမ်စရာ မလိုပါ။ ကျွန်တော် အမှန်တကယ် ပျော်ရွင်ပြီး အားရကျေနပ်မိကာ၊ ဤသည်မှာ ကျွန်တော် အမြဲ အသက်ရှင်ချင်သည့် ဘဝဖြစ်ပါသည်။

အရှေ့သို့- ၄၂။ ကွာရှင်းပြတ်စဲခြင်း မုန်တိုင်း ချုပ်ငြိမ်းသည်

နောက်တစ်ခုသို့- ၄၄။ ကျွန်တော် အိမ်ပြန်ခဲ့ပြီ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၃။ တိုက်ပွဲတစ်ခု

ဇန်ဟွေ တရုတ်ပြည်ကျွန်တော် နာမည် ဇန်ဟွေ ဖြစ်ပြီး၊ ကျွန်တော်တို့ မိသားစု တစ်စုလုံးသည် သခင်ယေရှု၌ ၁၉၉၃ ခုနှစ်တွင် စတင် ယုံကြည် လာခဲ့ကြပါသည်။...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

၂၁။ ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။