၂၉၇ လူသားမျိုးနွယ်သည် ဘုရားသခင်လိုအပ်သောအရာမဟုတ်တော့ပေ
၁ လူသားမျိုးနွယ်သည် ယနေ့ ၎င်းတို့ ရောက်ရှိနေသော နေရာသို့ ရောက်ဖို့ရန် သမိုင်းနှစ်ပေါင်း သောင်းချီကြာပြီးဖြစ်သည်၊ သို့သော် အစအဦး၌ ငါ ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာကတည်းက ဆုတ်ယုတ်ခြင်းထဲသို့ ကျဆင်းပြီးဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ အလိုဆန္ဒရှိသည့် လူသားမျိုးနွယ် မဟုတ်တော့သကဲ့သို့၊ ထို့ကြောင့် ငါ၏ အမြင်တွင် လူတို့သည် လူသားမျိုးနွယ်၏ အမည်ဖြင့် မထိုက်တန်တော့ပေ။ ယင်းထက် ၎င်းတို့သည် စာတန်က ဖမ်းဆီးချုပ်နှောင်ပြီးဖြစ်သည့် လူသားမျိုးနွယ်၏ လူဖျင်းလူသွမ်းများနှင့် စာတန်က မှီတင်းအခြေချထားကာ မိမိကိုယ်ကိုယ် အရေခြုံထားသည့် လမ်းလျှောက်နေသည့် ပုပ်ပွသော အလောင်းကောင်များ ဖြစ်သည်။
၂ လူများသည် ငါ၏တည်ရှိခြင်းကို မယုံကြည်ကြသကဲ့သို့၊ ငါ၏ကြွလာခြင်းကိုလည်း မကြိုဆိုကြချေ။ လူသားမျိုးနွယ်သည် ငါ၏ တောင်းဆိုချက်များကို ယာယီခဏ လိုက်လျောရင်း တွန့်တိုစွာ တုံ့ပြန်ရုံတုံ့ပြန်ကြပြီး၊ အသက်တာ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့တွင် ငါနှင့်အတူ စိတ်ရင်းအမှန်ဖြင့် မျှဝေမခံစားကြချေ။ လူတို့သည် ငါ့ကို နားမလည်နိုင်စရာဟု မြင်ကြသည့်အတွက်၊ ၎င်းတို့သည် လက်ရှိ ငါ၏ အလိုကို မဆိုထားနှင့်၊ ငါ၏ အမှုနှင့်ဆိုင်သည့် အသိပညာ မရှိကြသည့်အတွက်၊ တန်ခိုးအာဏာရှိသူကို မျက်နှာချိုသွေးသည့် သဘောထားဖြင့် ငါ့ကို တွန့်တိုသော အပြုံးများ ပြုံးပြကြလေသည်။
၃ ငါသည် သင်တို့နှင့်ပတ်သက်၍ ရိုးသားမည်- အချိန်ကျလာသည့်အခါ၊ ငါ့ကို ကိုးကွယ်ကြသော သူများ၏ ဆင်းရဲဒုက္ခသည် သင်တို့ထက် သာ၍ ခံသာလိမ့်မည်။ အမှန်တွင်၊ ငါ၌ သင်တို့၏ ယုံကြည်ခြင်း အတိုင်းအတာသည် ယောဘ၏ ယုံကြည်ခြင်းကို မကျော်လွန်ချေ- ယုဒလူမျိုး ဖာရိရှဲများ၏ ယုံကြည်ခြင်းပင်လျှင် သင်တို့ထက် သာလွန်၏၊ ထို့ကြောင့် မီးနေ့ရက်သည် ကျရောက်လာပါက၊ သင်တို့၏ ဆင်းရဲဒုက္ခသည် ယေရှု၏ ပြစ်တင်မောင်းမဲခြင်း ခံခဲ့ရချိန် ဖာရိရှဲများ၏ ဆင်းရဲဒုက္ခထက်၊ မောရှေကို ဆန့်ကျင်ခဲ့ကြသော ခေါင်းဆောင် ၂၅၀ ၏ ဆင်းရဲဒုက္ခထက်၊ ယင်း၏ ပျက်စီးခြင်းနှင့်ဆိုင်သည့် ချစ်ချစ်တောက် ပူပြင်းသော မီးလျှံများအောက် သောဒုံမြို့၏ ဆင်းရဲဒုက္ခထက် သာ၍ကြီးလေးလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်