၂၉၆ ဖောက်ပြန်သောလူသား၏ ကြေကွဲဖွယ်
၁
ခေတ်အဆက်ဆက်ဘုရားနဲ့ အတူဖြတ်သန်းပြီး
ဘုရားသည် အရာအားလုံးနှင့် သက်ရှိအားလုံး၏ ကံကြမ္မာကို အုပ်ချုပ်ပြီး
အရာအားလုံးကိုလမ်းပြပေးနေတာ ဘယ်သူသိသလဲ
လူအတွက် တော့ နားလည်ရခက် တယ်
ဘုရားရဲ့ နည်းလမ်းတွေက မထင်ရှားလို့
သူ့အစီအစဉ်က မဖြစ်လာ သေးလို့မဟုတ်ပါ။
လူ့ နှလုံးသားနှင့် စိတ်ဝိညာဉ် ဘုရားနဲ့ဝေးနေ။
ဘုရားနောက် သူတို့လိုက်သော်လည်း
စာတန်အသုံးခံဖြစ်နေတာကို သူတို့မြင် သည် မဟုတ်
ဘုရားရဲ့ ခြေလှမ်းနဲ့ ပေါ်ထွန်း ခြင်းကိုဘယ်သူမှ လိုက်မရှာ
သူ၏ဂရုစိုက်မှု၊ ကြည့်ရှုမှုကို ဘယ်သူမှ အလိုမရှိကြ
မကောင်းမှုအပေါ်ကိုတော့ သူတို့မှီခိုလိုပြီး
ဒီလောကနှင့်လိုက်လျောညီထွေမှုဖြစ်အောင်နှင့်
ထိုအရာ၏ အယူဝါဒကိုတော့ အလိုရှိကြသည်
လူ့ နှလုံသား ဝိညာဉ်လည်း စာတန်လက်ထဲ ရောက်ပြီကွယ်
စာတန်အစာဖြစ်သွားတယ်
၂
လူ့ စိတ်ဝိညာဉ်နှင့် နှလုံးသားကိုကြည့်ကာ
အခုတော့ စာတန်ရဲ့ နားခိုရာ
စိတ်ကြိုက်ဆော့စကားစရာ ဖြစ်နေပြီ။
လူရဲ့ နားလည်မှုပျောက်ကွယ် ပြီ
လူသားဖြစ်ခြင်းအဓိပ္ပာယ်ဖြစ်သော သူတို့တန်ဖိုးနှင့်
ရည်ရွယ်ချက်ကို မမြင်ကြတော့ပါ
ဘုရားကို ရှာဖွေဖို့ကိုလည်း မတောင့်တကြတော့ဘဲ
သူတို့နှလုံးသားသည် ဘုရားရဲ့ ပဋိညာဉ်နဲ့
စည်မျဉ်းများကို လျစ်လျူရှုကြတယ်။
အချိန်တွေကြာတော့ ဘုရားလူတို့ကို ဖန်ဆင်းရတဲ့အကြောင်းကို
ဘယ်သူပြောနိုင်၊ နားလည်နိုင်မလဲ။
ဘုရားနှုတ်ထွက်စကားတော်ကို ဘယ်သူမှနားမလည်
အရာအားလုံး သူ့ထံမှဆိုတာ ဘယ်သူမှ သဘောမပေါက်ကြပါ
ဘုရားရဲ့ ပညတ်တော်နဲ့ အမိန့်တွေကို လူတို့အာခံကြ၊
နှလုံးသားနဲ့ စိတ်ဝိညာဉ် ထုံထိုင်း လာမယ်
ဒီလိုနဲ့ ဘုရားဟာသူဖန်ဆင်းခဲ့တဲ့ လူတို့ကိုဆုံးရှုံးပြီး
လူကသူ့အခြေအမြစ်ကိုဆုံးရှုံးရ
ဒါဟာ လူသားမျိုးနွယ်ရဲ့ ဝမ်းနည်းဖွယ်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်