၆၄၆ လူတို့ကြား၌ ကောင်းမွန်လှသောအရာ

၁ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲဖို့၊ ကယ်တင်ဖို့ အလုပ်လုပ်သည်၊ ထိုသို့ဖြင့် လူသားမျိုးနွယ်၏ တာဝန် ပေါ်ပေါက်လာသည်။ ပြီးလျှင် လူသည် မည်သည့်တာဝန်ကို ဆောင်ရွက်သည်ဖြစ်စေ၊ ယင်းသည် လူတို့အကြားတွင် နှစ်သက်ဖွယ်အကောင်းဆုံးနှင့် အဖြောင့်မတ်ဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်၏ဖန်ဆင်းခံတို့သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်လျက်ရှိကာ ၎င်းတို့အားလုံးသည် ဘုရားသခင်ပေးသောအရာအားလုံး၊ ဘုရားသခင်ထံမှလာသော အရာခပ်သိမ်းကို လက်ခံသောကြောင့်၊ မိမိတို့၏တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းသင့်သည်- ဤသည်မှာ ၎င်းတို့၏ တာဝန်ဖြစ်သည်။ လူတို့အနေဖြင့် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်ခြင်းသည် ဤလူ့ကမ္ဘာတွင်အသက်ရှင်စဉ် အခြားမည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းထက် ပို၍ ဖြောင့်မတ်ကာ တင့်တယ်ပြီး မြင့်မြတ်သည့်အတွက်၊ လူတို့အကြားတွင် မည်သည့်အရာကမျှ ပို၍အဓိပ္ပာယ်မရှိ သို့မဟုတ် ပို၍တန်ဖိုးမရှိသကဲ့သို့၊ မည်သည့်အရာကမျှ ဘုရားသခင့်ဖန်ဆင်းခံတစ်ဦး၏ အသက်တာအတွင်းသို့ သာ၍ကြီးမားသော အဓိပ္ပာယ်နှင့် တန်ဖိုးတို့ကို မဆောင်ကြဉ်းပေ။

၂ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးသည် မိမိ၏တာဝန်ကို ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူတို့အကြားတွင် ဝမ်းမြောက်ဖွယ်အကောင်းဆုံးအရာဖြစ်ပြီး၊ ယင်းသည် လူတို့အကြားတွင် ချီးကျူးဂုဏ်ပြုသင့်သောအရာပင် ဖြစ်သည်။ ဖန်ဆင်းရှင်က ဘုရားသခင်၏ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့ လက်ခံသင့်သည်၊ လူသားမျိုးနွယ်အကြားတွင် ဘုရားသခင့် ဖန်ဆင်းခံတို့၏တာဝန်ကို ထမ်းဆောင်သော သူများအတွက် မည်သည့်အရာကမျှ ပို၍ ကောင်းချီးခံစားဖွယ်၊ ဝမ်းမြောက်ဖွယ် သို့မဟုတ် အောက်မေ့ဂုဏ်ပြုထိုက်ဖွယ် မကောင်းပေ- ယင်းမှာ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သည်။ ဖန်ဆင်းရှင်ဘက်တွင် သူသည် ဤတာဝန်ပေးစေခိုင်းချက်ကို သင်တို့ တစ်ဦးတစ်ယောက်ချင်းစီထံတွင် အပ်နှံလိုသည်၊ ပြီးလျှင် ဖန်ဆင်းခံ လူသားမျိုးနွယ်ဘက်တွင် လူတို့သည် ထိုအရာကို ၎င်းတို့၏ ဘဝပေးဝတ္တရားအဖြစ်၊ ဤအသက်တာတွင် ၎င်းတို့ အရိုးထုတ်သွားသင့်သည့် တန်ဖိုးအဖြစ် သဘောထားကာ၊ ဤတာဝန်ကို ဝမ်းပန်းတသာ လက်ခံသင့်သည်။ ဤနေရာတွင် အပေးအယူလုပ်ခြင်း မရှိပေ၊ ဤအရာသည် တူညီသော အလဲအလှယ် ပြုလုပ်ခြင်း မဟုတ်ပေ။

၃ လူတို့သည် ဖန်ဆင်းခံများ၏တာဝန်အား ထမ်းဆောင်သင့်သည်ကို ထောက်ဆ၍၊ ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် သာ၍ ကြီးမြတ်သော အမှုတော်ကို တစ်ဖန်ဆောင်ရွက်ပြီးဖြစ်သည်။ လူသားမျိုးနွယ်သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နေစဉ် သူ့ထံမှ သမ္မာတရားကို ရရှိပြီး ထိုသို့အားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားဖို့နှင့် သန့်စင်ခြင်းခံရဖို့ ခွင့်ပြုလျက် ဖန်ဆင်းရှင်က ၎င်းတို့အား သမ္မာတရားကို ပေးသည်။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို စိတ်ကျေနပ်စေလာပြီး၊ အသက်တာ၌ လမ်းကြောင်းမှန်ပေါ် စတင်လျှောက်လှမ်းကာ အဆုံး၌ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြသည်၊ စုံလင်သော ကယ်တင်ခြင်းကို ရရှိနိုင်ပြီး စာတန်၏ ဒုက္ခပေးမှုများကို မခံရတော့ပေ။ ဤသည်မှာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် အဆုံးသတ်၌ ဘုရားသခင်က လူသားမျိုးနွယ်တို့အား စွမ်းဆောင်ရရှိစေလိုမည့် အဓိက အကျိုးတရားဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်က ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ ဖန်ဆင်းခံတစ်ဦးအနေဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းက လူ့အသက်တာအတွက် ဆောင်ကြဉ်းပေးလာသည့် တန်ဖိုးနှင့် အရေးပါမှုတို့ကို ခံစားရရုံသက်သက်သာ မဟုတ်တော့ပေ။ ၎င်းတို့သည် သန့်စင်ခြင်းခံရပြီး ကယ်တင်ခြင်းခံရကာ အဆုံး၌ ဖန်ဆင်းရှင် မျက်နှာတော်၏ အလင်းရောင်တွင် ရှင်သန်လာကြသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၄၅ ကျရှုံးမှုနှင့် ဆုတ်ဆိုင်းမှုကို တွေ့ကြုံခံစားရခြင်းသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာဖြစ်သည်

နောက်တစ်ခုသို့- ၆၄၇ ဘုရား ရွေးကောက်ခဲ့သောကြောင့် ကျွန်ုပ်တို့ ကယ်တင်ခြင်းခံရသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။