အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၉၂

လူသားတစ်ယောက်စီတိုင်းသည် ငါ ပြောသော နှုတ်ကပတ်တော်များနှင့် ငါပြုသော အရာများအတွင်း၌ ငါ၏ အနန္တတန်ခိုးနှင့် ငါ၏ဉာဏ်ပညာကို မြင်တွေ့နိုင်သည်။ မည်သည့်နေရာသို့ ငါ သွားသည်မဆို ငါ၏လုပ်ဆောင်မှုသည် ထိုနေရာတွင် ရှိသည်။ ငါ၏ခြေလှမ်းများသည် တရုတ်ပြည် တစ်ခုတည်းတွင်သာမက၊ သာ၍အရေးကြီးစွာပင်၊ ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံများအားလုံးတွင် ရှိ၏။ သို့သော်လည်း ဤနာမကို ဦးဆုံးလက်ခံကြရမည်မှာ ယခင်က ငါ ပြောထားသာ တိုင်းနိုင်ငံ ခုနှစ်ခုတို့မျှသာ ဖြစ်ကြပြီး၊ ယင်းတို့သည် ငါ၏ လုပ်ဆောင်မှု အဆင့်များဖြစ်ခြင်းကြောင့် ဖြစ်၏။ ထို့ပြင် မကြာတော့သော အနာဂတ်၌ သင်တို့သည် ၎င်းနှင့်ပတ်သက်၍ အပြည့်အဝ ရှင်းလင်းလာမည်ဖြစ်ကာ၊ ၎င်းကို လုံးလုံးလျားလျား နားလည်ကြလိမ့်မည်။ အကယ်၍ ယခု သင်တို့အား ငါက ပြောလျှင်၊ ထိုအကြောင်းကြောင့် အများစုသည် မပြည့်မီ ဖြစ်မည်ကို ငါသည် စိုးရိမ်၏။ အကြောင်းမူကား ငါသည် သင်တို့၏ ဝိညာဉ်အသက်တာများနှင့်အညီ သင်တို့အား ပြောဆို၍ ငါ၏အသံကို ဖွင့်ဟခြင်းဖြစ်ပြီး၊ ငါ ပြုသမျှသော အရာအားလုံးအတွင်း၌ မည်သူမျှ နားလည်သဘောမပေါက်နိုင်သည့် ငါ၏ အဆုံးမရှိသော ဉာဏ်ပညာ ရှိသည်ဟူ၍ ငါသည် ယခင်က ပြောထားပြီးဖြစ်သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ငါတစ်ဦးတည်းသာလျှင် သင်တို့အား ဖြည်းဖြည်းနှင့် မှန်မှန်ပြောပြနိုင်၏။ ဤသည်ကို သိလော့။ ငါ၏အမြင်၌ သင်တို့သည် အစဉ်ကလေးငယ်များဖြစ်သည်၊ သင်တို့လှမ်းသမျှ ခြေလှမ်းတိုင်းသည် ငါ၏ လမ်းပြခြင်းနှင့် ငါ၏ ညွှန်ကြားခြင်းတို့ကြောင့် ဖြစ်ရမည်။ လူတို့၊ သင်တို့၏ အသက်တာများအားလုံးကို ငါ၏လမ်းညွှန်ချက်အောက်၌သာ အသက်ရှင်နေထိုင်နိုင်သည်၊ သို့မဟုတ်လျှင် အဘယ်သူမျှ ဆက်လက်အသက်ရှင် နေထိုင်ခြင်းငှာ တတ်နိုင်မည်မဟုတ်။ စကြဝဠာလောကတစ်လုံးသည် ငါ၏လက်များထဲ၌ ရှိ၏၊ သို့သော် ငါ့အား ပျားပန်းခပ်အလုပ်များနေခြင်းကို သင်သည် မတွေ့ရ။ အမှန်တကယ်၌ ငါသည် သက်သောင့်သက်သာရှိစွာ ပျော်ရွှင်လျက်ရှိသည်။ လူတို့သည် ငါ၏ အနန္တတန်ခိုးကို မသိဘဲ၊ ၎င်းတို့အားလုံးသည် ငါ့အတွက် ကြောင့်ကြနေကြသည်၊ သင်တို့ကိုယ်သင်တို့ အနည်းငယ်မျှသာ သိပေ၏။ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် သဘောကျလျက်၊ သင်တို့၏ အမှိုက်အား ငါ၏ရှေ့၌ ထုတ်ကြွားနေဆဲဖြစ်သည်။ ငါသည် ဟိုစဉ်ကတည်းက ဤအကြောင်းကို မြင်ခဲ့နှင့်ပြီးဖြစ်၏။ သင်တို့သည် ငါ၏ရှေ့တွင်ပင် လှည့်စားမှုများ၌ ပါဝင်ပတ်သက်၏၊ စက်ဆုပ်ဖွယ် ယုတ်ညံ့သူများပေတကား။ ယခုချက်ချင်း ငါ၏အိမ်တော်မှ ထွက်သွားလော့။ သင်တို့ကဲ့သို့သော အရာများကို ငါ အလိုမရှိ။ သင်တို့ကဲ့သို့သော စက်ဆုပ်ဖွယ် ယုတ်ညံ့သူများကို အလိုရှိမည့်အစား၊ ငါ၏နိုင်ငံတော်၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ငါသည် မရှိစေလို။ ငါသည် သင့်အပေါ်၌ လုပ်ဆောင်မှု မရှိနှင့်ပြီကို သင်သည် မသိခဲ့သလော။ သင်သည် ယခုတိုင် ပုံမှန်အတိုင်း အစာစားခြင်းနှင့် အဝတ်ဝတ်ခြင်းဟူသည့် အဖြစ်တို့ကို ပြုနေသော်လည်း၊ သင်သည် စာတန်အတွက် အသက်ရှင်နေထိုင်နေသည်ကို သင် မသိခဲ့သလော။ သင်သည် စာတန်အတွက် အစေခံပေးဆပ်နေခြင်းကို မသိခဲ့သလော။ သို့သော် သင်သည် ငါ့ရှေ့မှောက်၌ ရပ်နေဝံ့ဆဲပင် ဖြစ်၏။ သင်သည် အင်မတန် အရှက်မဲ့လှချည်တကား။

"ဘေးဒဏ်ကြီးများသည် များမကြာမီ ကျရောက်လိမ့်မည်၊ ဘေးဒဏ်ကြီးများသည် ငါ၏လက်များထံမှ ကျရောက်လာခဲ့ပြီးဖြစ်သည်" ဟူ၍ ယခင်က ငါ မကြာခဏ ပြောခဲ့၏။ "ဘေးဒဏ်ကြီးများ" သည် အဘယ်အရာကို ရည်ညွှန်း၍၊ ထို "ကျရောက်လာခဲ့ခြင်း" ကို အဘယ်ကဲ့သို့ ရှင်းပြသင့် သနည်း။ ဤဘေးဒဏ်ကြီးများသည် လူသား၏ ဝိညာဉ်၊ စိတ်နှင့် ကိုယ်အား ထိခိုက်စေသည့် မလွတ်မြောက်နိုင်သော ဘေးဒဏ်များကိုရည်ညွှန်းသည်ဟု သင်တို့က ထင်ကြသည်၊ ထို့အပြင် ငါ ပြောဆိုသော "မြေငလျင်များ၊ အငတ်ဘေးများနှင့် ကပ်ရောဂါများ" သည် ဤ ဘေးဒဏ်ကြီးများ ဖြစ်သည်ဟု ထင်ကြ၏။ သို့သော်လည်း သင်တို့ မသိသော အရာမှာ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အဓိပ္ပါယ်ကောက်လွဲနေခြင်းပင်ဖြစ်သည်။ ထို့ပြင် ဤ "ကျရောက်လာခဲ့ခြင်း"၏ အဓိပ္ပာယ်မှာ ဘေးဒဏ်ကြီးများ စတင်ခဲ့ခြင်းဖြစ်သည်ဟု ထင်ကြသည်၊ ဤသည်မှာ ရယ်ဖွယ်ရာကောင်း၏။ သင်တို့သည် အမှန်ပင် ဤပုံစံအတိုင်း နားလည်၏၊ သင်တို့၏ ရှင်းပြချက်ကို ငါ ကြားရသောအခါ၊ ငါသည် အမှန်တကယ် ဒေါသဖြစ်သည်။ လူတို့အနေဖြင့် မဖြေရှင်းနိုင်ကြသေးသော လျှို့ဝှက်နက်နဲမှုသည် (အလျှို့ဝှက်ဆုံးသော နက်နဲမှု) ခေတ်များတစ်လျှောက် ဆိုးရွားစွာ အဓိပ္ပါယ်ကောက်လွဲခြင်း အခံရဆုံးသော လျှို့ဝှက်နက်နဲမှုလည်း ဖြစ်သည်။ ထို့ပြင် ဤလျှို့ဝှက်နက်နဲမှုသည် ယခင်က အဘယ်သူမျှ မတွေ့ကြုံခဲ့ဖူးသော အရာတစ်ခုဖြစ်သည်၊ (ဤ လျှို့ဝှက်နက်နဲမှုသည် နောက်ဆုံးသောကာလ၌သာ ကျရောက်မည်ဖြစ်၏၊ ထို့ပြင် လူသားသည် ၎င်းအား နောက်ဆုံးသောခေတ်၌သာ မြင်တွေ့နိုင်မည်ဖြစ်သော်လည်း၊ ၎င်းတို့သည် ယင်းကို မသိကြ) အဘယ်ကြောင့်ဆိုသော် ငါသည် ထိုအရာကို တင်းကျပ်စွာ ပိတ်ဆို့ထားခြင်းဖြစ်ပြီး၊ လူသားသည် အနည်းငယ်မျှပင် ထိုးထွင်းသိနိုင်သည် မဟုတ်ချေ (၎င်းတို့သည် ထိုအရာ၏ အသေးငယ်ဆုံးသော အစိတ်အပိုင်းကိုမျှ မမြင်တွေ့နိုင်ကြ)။ ယခုဆိုလျှင် ငါ၏ အမှုသည် ဤအဆင့်အထိ ဆက်၍ ရွေ့လျားနေပြီဖြစ်သောကြောင့်၊ ငါသည် ငါ့အမှု၏ လိုအပ်ချက်များနှင့်အညီ သင်တို့အား လှုံ့ဆော်ပေး၏၊ ထိုသို့မဟုတ်လျှင် သင်တို့သည် နားလည်ရန်နည်းလမ်း ရှိလိမ့်မည်မဟုတ်။ ယခု ငါသည် မိတ်သဟာယပြုခြင်း စတင်ပြီး၊ လူတိုင်းသည် အာရုံစိုက်သင့်၏။ သို့မဟုတ်လျှင် ငါ၏သားဦးများအပါအဝင်၊ သတိလက်လွတ်ဖြစ်သော မည်သူမဆိုသည် ငါ၏ တရားစီရင်ခြင်းကို ခံကြရမည်၊ ထို့ပြင် အဆိုးဝါးဆုံးသော ကိစ္စများ၌ ၎င်းတို့သည် ငါ၏လက်ဖြင့် ရိုက်ချခြင်းခံရမည် (ဆိုလိုသည်မှာ ၎င်းတို့၏ ဝိညာဉ်၊ စိတ်နှင့် ကိုယ်အား နုတ်ယူမည်)။ ဘေးဒဏ်ကြီးများသည် ငါ့နိုင်ငံတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ တစ်ခုစီတိုင်းနှင့်ပတ်သက်၍ ပြောဆိုခြင်းဖြစ်ကာ၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ တစ်ခုစီတိုင်းသည် ဘေးဒဏ်ကြီးများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ (ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအား သင်တို့ထံ အပြည့်အဝ ထုတ်ဖော်ခြင်းမရှိသေးသော်လည်း၊ ဤအရာနှင့်ပတ်သက်၍ စိုးရိမ်ခြင်း သို့မဟုတ် သောကရောက်ခြင်း မရှိကြနှင့်။ သင်တို့အတွက် သေးငယ်သော အကျိုးကို ဆောင်ယူပေးမည့် အချို့သောအရာတို့ ရှိ၏၊ သင်တို့သည် ယင်းတို့အား အလွန်စောစီးစွာ သိလာသင့်ကြသည်။ ဤအရာကို အမှတ်ထားလော့။ ငါသည် ဉာဏ်ပညာရှိသော ဘုရားသခင် ဖြစ်သည်။) သို့ဆိုလျှင် အခြားသော အပိုင်းသည် အဘယ်နည်း။ ဘေးဒဏ်ကြီးများတွင် အပိုင်းနှစ်ပိုင်း ပါဝင်၏၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ငါ၏အမျက်ဒေါသ ဖြစ်သည်။ ဘေးဒဏ်ကြီးများ ကျရောက်ချိန်သည် ငါ၏ ဒေါသ စတင်တောက်လောင်၍၊ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြဋ္ဌာန်းမည့်အချိန်လည်း ဖြစ်လိမ့်မည်။ ဤတွင် ငါ၏သားဦးများကို ငါ ပြောမည်၊ ဤအကြောင်းအရာကြောင့် သင်တို့သည် ဆုတ်ယုတ်မသွားစေရန် သေချာရမည်။ အရာအားလုံးနှင့် အကြောင်းကိစ္စအားလုံးသည် ငါ့အားဖြင့် ကြိုတင်ပြဋ္ဌာန်းထားကြောင်းကို သင် မေ့လျော့နေသလော။ ငါ၏သား၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ ငါသည် သင့်အား မုချ ကာကွယ်ပေးမည်၊ သင်သည် ငါနှင့်အတူ ကောင်းမွန်သော ကောင်းချီးမင်္ဂလာများကို အစဉ်အမြဲ ပျော်မွေ့ရမည် ဖြစ်ပြီး၊ ငါနှင့်အတူတကွ ထာဝရ ရှိလိမ့်မည်။ သင်သည် ငါချစ်သောသူ များ ဖြစ်ခြင်းကြောင့်၊ ငါသည် သင့်အား စွန့်ပစ်လိမ့်မည်မဟုတ်။ ငါသည် မိုက်မဲသောအရာများကို မပြုသောကြောင့်၊ အကယ်၍ ခက်ခဲခြင်းဖြင့် စုံလင်စေထားသော အရာအား ငါက ဖြိုဖျက်ခဲ့လျှင်၊ ငါ့ကိုယ်ငါပင် အခက်တွေ့စေခြင်း ဖြစ်လိမ့်မည် မဟုတ်လော။ သင်၏ စိတ်နှလုံး၌ အဘယ်သို့တွေးနေသည်ကို ငါ သိသည်။ သင် မှတ်မိပြီလော။ သင့်ထံ၌ ငါ့အား အခြားပြောစေချင်သောအရာ ရှိပါမည်လော။ ငါသည် ဘေးဒဏ်ကြီးများအကြောင်းကို ပို၍ ပြောရလိမ့်မည်။ ဘေးဒဏ်ကြီးများ ကျရောက်သောအချိန်သည် ကြောက်မက်ဖွယ်အကောင်းဆုံးအချိန် ဖြစ်လိမ့်မည်၊ ၎င်းတို့သည် လူသား၏ အကျည်းတန်ခြင်းကို အလွန်ပင်ဖော်ထုတ်ကြလိမ့်မည်။ ငါ့မျက်နှာ၏ အလင်းအားဖြင့် ဆိုးယုတ်သော မျက်နာသွင်ပြင်အားလုံးသည် ဖော်ထုတ်ခြင်းခံရမည့်အပြင်၊ ၎င်းတို့သည် ပုန်းကွယ်စရာနေရာ မရှိ၊ ခိုကိုးစရာ ရှာမတွေ့ ဖြစ်လိမ့်မည်။ ၎င်းတို့သည် အကြွင်းမဲ့ ဖော်ထုတ်ခံရမည်ဖြစ်၏။ ဘေးဒဏ်ကြီးများ၏ ရလဒ်သည် ငါ ရွေးချယ်ထားခြင်းမဟုတ်သောသူများ သို့မဟုတ် ကြိုတင်ပြဋ္ဌာန်းထားခြင်း မဟုတ်သောသူ အားလုံးတို့အား ငါ၏ရှေ့၌ အံကြိတ်ကာ ငိုကြွေးလျက်ဖြင့် ဒူးထောက်၍ အသနားခံစေလိမ့်မည်။ ဤသည်မှာ စာတန်အား ငါ၏ တရားစီရင်ခြင်းဖြစ်သည်၊ ငါ၏ အမျက်ဒေါသကြီးစွာဖြင့် တရားစီရင်ခြင်းဖြစ်သည်။ ငါသည် လက်ရှိအချိန်၌ ဤအမှုကို ပြုရာတွင် မအားနိုင်အောင်ရှိ၏။ ထို့ပြင် အရည်အချင်းရှိကြောင်း ဟန်ဆောင်ကာ၊ လွတ်လမ်း ရှာချင်သော လူအချို့လည်း ရှိနိုင်သည်။ သို့သော် ၎င်းတို့အနေဖြင့် ဤသို့ ပို၍ဖြစ်လေလေ၊ စာတန်သည် ၎င်းတို့အပေါ် ပို၍ လုပ်ဆောင် လေဖြစ်ပြီး၊ ၎င်းတို့၏ မူလအသွင်အပြင်များကို ထုတ်ဖော်ခံရသည့် အတိုင်းအတာတစ်ခုအထိ ရောက်ရှိကြ၏။

ငါသည် ငါ၏အမှုကို ပြုရန် အလျင်မလိုဘဲ၊ လူအယောက်စီတိုင်းအား ငါကိုယ်တိုင် စီစဉ်ညွှန်ကြား၏ (ဤသည်မှာ ၎င်းတို့အား သရော်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အဆင်းနီသော နဂါးကြီးထံမှ ဆင်းသက်လာသူများ ဖြစ်ကြောင်းကို သက်သေပြသည်၊ ငါသည် ၎င်းတို့အား အာရုံစိုက်ခြင်းလည်း မရှိ၊ ထို့ကြောင့် "စီစဉ်ညွှန်ကြားသည်" ဟု သုံးဖို့ရန် လွန်ကဲသည်မဟုတ်)၊ ထို့ပြင် ဆောင်ရွက်ချက် အားလုံးကို ငါကိုယ်တိုင် လုပ်ဆောင်သည်။ အရာအားလုံးသည် ငါနှင့်အတူ အောင်မြင်ကာ၊ ယင်းသည် လုံခြုံ၍ စိတ်ချရသော အောင်မြင်မှုဖြစ်သည်။ တစ်ဆင့်ပြီးတစ်ဆင့်ဖြင့် ငါ ပြုသော အရာအားလုံးမှာ စီစဉ်ထားနှင့်ပြီးဖြစ်သည်။ သင်တို့အား ငါ၏အလိုနှင့် ငါ၏ ဝန်ထုပ်ဝန်ပိုးအကြောင်းကို တစ်ကြိမ်လျှင် အနည်းငယ်မျှ ငါ ပြောမည်။ ယခုမှစ၍ ငါ၏နှုတ်ကပတ်တော်များသည် တိုင်းနိုင်ငံများနှင့် လူအားလုံးတို့ထံ စတင်ကာ ဖြစ်ပေါ်၏။ ငါ၏သားဦးများအား စုံလင်စေထားပြီဖြစ်သောကြောင့် (ငါ့နှုတ်ကပတ်တော်များ၏ အာရုံစိုက်ရာသည် ငါ၏သားများနှင့် ငါ၏လူများအပေါ်တွင် ဖြစ်သည်)၊ ငါ လုပ်ဆောင်သော နည်းလမ်းသည် နောက်ထပ် ပြောင်းလဲရန် စတင်ခဲ့ပြီဖြစ်သည်။ ဤသည်ကို ရှင်းလင်းစွာ မြင်သလော။ လွန်ခဲ့သောရက်အနည်းငယ်က ငါ့နှုတ်ကပတ်တော်များ၏ သဘောလက္ခဏာကို သင်တို့ ခံစားခဲ့မိသလော။ ငါသည် ငါ၏သားဦးများအား လမ်းခရီး၏ခြေလှမ်းတိုင်းတွင် သက်သာစေသော်လည်း၊ ယခုမှစ၍ (ငါ၏သားဦးများအား စုံလင်စေထားပြီ ဖြစ်သောကြောင့်) ငါ၏ လက်ထဲ၌ ဓားကို ကိုင်ဆောင်ထားသည် (အပြင်းထန်ဆုံးသော နှုတ်ကပတ်တော်များ ဖြစ်ခြင်းကြောင့်)။ ငါက တဒင်္ဂမျှ သဘောမကျစွာ ကြည့်သော မည်သူမဆို သည် (ကြိုတင်ပြဋ္ဌာန်းထားခြင်း မခံရသောသူများ သို့မဟုတ် ရွေးချယ်မခံရသူများကို ဆိုလိုသည်၊ သို့ဖြစ်၍ ကွဲလွဲခြင်း ရှိမည်မဟုတ်) ၎င်းတို့အနေဖြင့် ငါ့အတွက် အစေခံခြင်း ပေးဆပ်သည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် အခြားတစ်စုံတစ်ရာဖြစ်နေသည် ဖြစ်စေ၊ ငါသည် ဂရုမစိုက်၊ ၎င်းတို့အား ချက်ချင်းပင် ဖျက်ဆီးပစ်မည်။ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပြီး၊ လူအားလုံးတို့ကို ငါ့အား အစေခံ ပေးဆပ်စေရန် ပြုလုပ်နိုင်၏။ ထိုကဲ့သို့သော လူမျိုးကို စွန့်ပစ်ရန်၊ ငါသည် ဝန်လေးခြင်း လုံးဝမဖြစ်။ အကယ်၍ ငါက ၎င်းတို့အား အလိုမရှိဟု ဆိုလျှင်၊ ငါသည် ၎င်းတို့အား အလိုမရှိခြင်း ဖြစ်သည်။ ယခု ဤအချိန်သို့ ရောက်ခဲ့ပြီဖြစ်ခြင်းကြောင့်၊ ငါ့အား သဘောမကျဖြစ်စေသော တစ်စုံတစ်ဦးကိုသာ ငါသည် မြင်တွေ့ရန် လိုအပ်ပြီး၊ ၎င်းတို့အား မေးမြန်းစုံစမ်းခြင်းအလျှင်းမရှိ ချက်ချင်းပင် ဖျက်ဆီးပစ်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် နှုတ်ကပတ်တော်အတိုင်း ကောင်းမွန်သော ဘုရားသခင် ဖြစ်သည်။ ငါ့အား အစေခံဖို့ရန် ငါက ကြိုတင်ပြဋ္ဌာန်းထားသောသူတို့အတွက်မူ၊ သင်သည် အဘယ်မျှပင် ကောင်းမွန်သည်ဖြစ်စေ၊ သင်သည် ငါ့အား ဖီဆန်သော အရာတစ်စုံတစ်ခုကို ပြုထားသည်ဖြစ်စေ မပြုထားသည်ဖြစ်စေ၊ အကယ်၍ သင်သည် ငါ့အား သဘောမကျဖြစ်စေလျှင်၊ ငါသည် သင့်အား နှင်ထုတ်မည်သာဖြစ်၏။ အနာဂတ်ပြဿနာကို ငါသည် မကြောက်ရွံ့ချေ။ ငါ့ထံ၌ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ ရှိသည်၊ ငါသည် ငါ၏နှုတ်ကပတ်တော်အတိုင်း ကောင်းမွန်ပြီး၊ ငါ၏ နှုတ်ကပတ်တော်သည် ပြည့်စုံလိမ့်မည်။ ငါသည် စာတန်အား ဆက်၍ ထားနိုင်မည်လော။ အသင်လူတို့၊ ငါ့အား နားထောင်လော့။ သင်တို့ စိုးရိမ်ခြင်းဖြစ်ရန် မလိုအပ်ပေ၊ ငါသည် သင့်အား အပြင်ထွက်ဟုဆိုသည့်အခါတိုင်း၊ သင်သည် အပြင်ထွက်ရမည်။ ငါ့ထံ၌ သင့်အား ပြောစရာစကားများ မရှိခြင်းကြောင့်၊ ငါ့အား ဆင်ခြေများ မပေးနှင့်။ အဘယ့်ကြောင့်ဆိုသော် ငါသည် ထိုကဲ့သို့သော သည်းခံခြင်းကို ကျင့်သုံးထား၏၊ ထို့ပြင် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြဋ္ဌာန်းမည့် အချိန်သည် ရောက်ရှိနေပြီဖြစ်ကာ၊ သင်တို့၏ နောက်ဆုံးသောကာလသည်လည်း ရောက်ပြီဖြစ်သည်။ သင်တို့သည် နှစ်ပေါင်းထောင်နှင့်ချီလျက် ကိုယ်ကျင့်တရားပျက်ပြားခဲ့ကြပြီး၊ အကြောင်းကိစ္စတို့အား ခေါင်းမာစွာ၊ တဇွတ်ထိုးစွာဖြင့် အစဉ်အမြဲ လုပ်ဆောင်ခဲ့၏၊ သို့သော် ငါသည် အစဉ်အမြဲ သည်းခံခဲ့သည် (ငါသည် သဘောထားကြီးသည့်အလျောက်၊ သင်၏ ပျက်စီးခြင်းအား တစ်ခုသော အတိုင်းအတာအထိ ခွင့်ပြုသောကြောင့် ဖြစ်သည်)။ သို့သော် ယခုတွင် ငါ၏ သက်ညှာခြင်းကုန်ဆုံးသည့် နေ့ရက်သည် ရောက်ခဲ့ပြီဖြစ်ကာ၊ သင်တို့အား သိမ်းယူ၍၊ ကန်နှင့်ရောသော မီးအိုင်အတွင်းသို့ ပစ်ချရန်အချိန်သည် ကျရောက်လေပြီ။ လမ်းခရီးမှ အလျင်အမြန် ဖယ်ကြလော့။ ငါသည် ငါ၏တရားစီရင်မှုကို တရားဝင် ပြဋ္ဌာန်းရန်နှင့် ငါ၏ အမျက်ဒေါသကို ဖော်ထုတ်ရန် စတင်ပြီဖြစ်သည်။

မြေငလျင်များ၊ အငတ်ဘေးများ၊ ကပ်ရောဂါများ၊ အမျိုးမျိုးသော ဘေးဒဏ်များသည် ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံများနှင့် နေရာအနှံ့အပြား၌ မကြာခဏဖြစ်ပေါ်နေသည်။ ငါသည် ငါ၏ ကြီးမြတ်သော အမှုကို တိုင်းနိုင်ငံများနှင့် နေရာအနှံ့အပြား၌ ပြုသည့်အားလျော်စွာ၊ ဤဘေးဒဏ်များသည် ကမ္ဘာကြီးကို ဖန်ဆင်းခဲ့စဉ်ကတည်းက ဖြစ်ခဲ့သော ဘေးဒဏ်များထက် ပို၍ ပြင်းထန်စွာ ဖြစ်လိမ့်မည်။ ဤအရာသည် လူအားလုံးတို့အပေါ် ငါ့တရားစီရင်ခြင်း၏ အစဖြစ်သည်၊ သို့သော် ငါ၏သားများသည် ငြိမ်ဝပ်စွာ နေနိုင်၏၊ သင်တို့အပေါ်သို့ မည်သည့် ဘေးဒဏ်မျှ သက်ရောက်လိမ့်မည်မဟုတ်၊ ထို့ပြင် ငါသည် သင်တို့အား ကာကွယ်လိမ့်မည် (ဆိုလိုသည်မှာ သင်တို့သည် ယင်းနောက်တွင် ကိုယ်အတွင်း၌ နေထိုင်လိမ့်မည်၊ ဇာတိပကတိ၌ အသက်ရှင်နေထိုင်ခြင်းမဟုတ်၊ ထို့ကြောင့် မည်သည့် ဘေးဒဏ်ကိုမျှ ခံစားရမည်မဟုတ်ပေ)။ သင်တို့သည် ငါနှင့်အတူတကွ ဘုရင်များကဲ့သို့ အုပ်ချုပ်စိုးစံခြင်း၊ တိုင်းနိုင်ငံများနှင့် လူအားလုံးတို့အပေါ် တရားစီရင်ခြင်း ပြုကြရလိမ့်မည်၊ ငါနှင့်အတူ ကောင်းမွန်သော ကောင်းချီးမင်္ဂလာများဖြင့် စကြဝဠာ၏အဆုံးများအထိတိုင် ထာဝရမွေ့လျော်ခြင်းသာ ရှိလိမ့်မည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်၊ ထို့ပြင် ၎င်းတို့သည် မကြာမီ သင်၏မျက်လုံးများရှေ့၌ အောင်မြင်ခြင်းသို့ ရောက်လိမ့်မည်။ တစ်နာရီ သို့မဟုတ် တစ်ရက်မျှပင် ငါသည် နှောင့်နှေးခြင်းမရှိ၊ ငါသည် အကြောင်းအရာတို့အား မယုံကြည်နိုင်လောက်အောင် လျင်မြန်စွာ ပြု၏။ စိုးရိမ်ခြင်း သို့မဟုတ် သောကရောက်ခြင်း မရှိကြနှင့်၊ ထို့ပြင် သင့်အား ငါ ပေးသော ကောင်းချီးမင်္ဂလာသည် သင့်ထံမှ အဘယ်သူမျှ လုမယူနိုင်သောအရာ ဖြစ်သည်၊ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်၏။ လူအားလုံးတို့သည် ငါ၏ဆောင်ရွက်ချက်များကြောင့် ငါ့အား နာခံခြင်းရှိကြလိမ့်မည်၊ ၎င်းတို့သည် ချီးကျူးပြီးရင်း ချီးကျူးရုံမျှမက၊ ထို့ထက်ပို၍ပင် ဝမ်းမြောက်သော စိတ်ဖြင့် ကခုန်ပြီးရင်း ကခုန်ကြလိမ့်မည်။

ယခင်က:အခန်း ၉၁

နောက်တစ်ခုသို့:အခန်း ၉၃

  • ပန်းတိုင်

    ပန်းတိုင်အကြောင်းကို ပြောသည့်အခါတိုင်း သင်တို့သည် ထိုအကြောင်းအရာကို အထူးအလေးအနက်ထား ပြောဆိုတတ်ကြသည်။ သင်တို့အားလုံးသည် ထိုကိစ္စနှင့်ပတ်သက်လျှင် အထူးတလ…

  • ဆိုးရွားလှသော ပြဿနာ—သစ္စာဖောက်ခြင်း (၁)

    ငါ့အလုပ် ပြီးစီးလုပြီ။ နှစ်ပေါင်းစွာ သင်တို့နှင့်အတူ ကုန်ဆုံးခဲ့ရသော အချိန်ကာလသည်လည်း သည်းမခံနိုင်လောက်သော အတိတ်က အမှတ်ရစရာများ ဖြစ်ခဲ့လေပြီ။ ငါ့နှုတ…

  • ဒုစရိုက်အပြစ်များက လူကိုငရဲသို့ ပို့ဆောင်လိမ့်မည်

    သင်တို့အားများစွာသော ကြိုတင်သတိပေးချက်များနှင့် များစွာသော သမ္မာတရားများကို သင်တို့အား သိမ်းပိုက်နိုင်စေဖို့ရန် ငါပေးအပ်ခဲ့ပြီး ဖြစ်ပေသည်။ ယနေ့တွင် …

  • ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း

    လူသားတွင် ယုံကြည်ခြင်းနှင့်ပတ်သက်၍ မသေချာသောစကားလုံးသာရှိသည်။ သို့ရာတွင် လူသားသည် ဘယ်အတွက်ကြောင့် ယုံကြည်ခြင်းရှိသည်ကိုမဆိုထားနှင့် ယုံကြည်ခြင်းကို မ…

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ