အခန်း ၉၆

ငါ၏အမျက်ဒေါသ၊ ငါ၏ ကြီးမားသောတန်ခိုးနှင့် ငါ၏ ပြည့်ဝသော ဉာဏ်ပညာတို့ကို ထင်ရှားစေရန်အတွက် ငါ့ထံမှ မွေးဖွားသော်လည်း၊ ငါ့အား မသိသောသူတိုင်းအား ငါ ပြစ်တင်ဆုံးမမည်။ ငါ၌ အရာအားလုံးသည် ဖြောင့်မတ်ပြီး မဖြောင့်မတ်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ကောက်ကျစ်ခြင်း လုံးဝမရှိပေ။ ကောက်ကျစ်စဉ်းလဲသောသူ မည်သူမဆို မရဏနိုင်ငံတွင် မွေးဖွားသည့် ငရဲသားပင်ဖြစ် ရမည်။ ငါ၌ အရာရာတိုင်းသည် ဖုံးကွယ်ခြင်း မရှိ၊ ပြီးမြောက်မည်ဟု ငါဆိုသမျှသည် ပြီးမြောက်ရမည်။ တည်မြဲမည်ဟု ငါဆိုသမျှသည် တည်မြဲမည်ဖြစ်ပြီး၊ မည်သူမျှ ဤအရာများကို ပြောင်းလဲခြင်း သို့မဟုတ် အတုယူခြင်း မပြုလုပ်နိုင်၊ အဘယ့်ကြောင့်ဆိုသော် ငါသည် တစ်ဆူတည်းသော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သောကြောင့်ဖြစ်သည်။ ဖြစ်လာလတ္တံ့သော အရာ၌၊ ငါခွဲခန့်မှတ်သား၍ ရွေးချယ်ထားသော သားဦးများ၏ အုပ်စုထဲတွင် ရှိသောသူတိုင်းအား တစ်ဦးပြီးတစ်ဦး ထုတ်ဖော်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ သားဦးများ၏ အုပ်စုထဲတွင် မရှိသောသူတိုင်းကို ဤအရာအားဖြင့် ငါပယ်ထုတ်မည်။ ဤသည်မှာ ငါ၏အမှုကို ငါမည်သို့ လုပ်ဆောင်ပြီးမြောက်စေပုံ ဖြစ်သည်။ ယခုအချိန်၌ ငါ၏သားဦးများက ငါ၏ အံ့သြဖွယ်လုပ်ဆောင်ချက်များကို မြင်နိုင်ရန်အလို့ငှာသာလျှင် လူအချို့ကို ဖော်ထုတ်ပြထားသည်၊ သို့သော် နောက်ပိုင်းတွင် ဤနည်းလမ်းဖြင့် လုပ်ဆောင်တော့မည် မဟုတ်ပေ။ ထို့ထက် တစ်ဦးပြီးတစ်ဦး ၎င်းတို့၏ သဘာဝဗီဇ အမှန်များကို ပြသခွင့်ပေးခြင်းအစား ယေဘုယျအခြေအနေမှနေ၍ ငါ ဆက်လက် လုပ်ဆောင်မည် (အဘယ့်ကြောင့်ဆိုသော် မကောင်းဆိုးဝါးများ အားလုံးသည် အခြေခံအားဖြင့် တူညီကြသဖြင့် ဥပမာအဖြစ် ဖော်ပြရန်အတွက် အနည်းငယ်ကို ရွေးချယ်ရန် လုံလောက်သည်)။ ငါ၏ သားဦးများအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ရှင်းလင်းကြပြီး ငါ့အနေဖြင့် အသေးစိတ် ဖော်ပြရှင်းလင်းရန် မလိုပေ။ (အဘယ့်ကြောင့်ဆိုသော် ချိန်းချက်ထားသော အချိန်ကာလ၌ ၎င်းတို့သည် တစ်ဦးပြီးတစ်ဦး ထုတ်ဖော်ခြင်းကို ခံရမည်ဖြစ်သောကြောင့် ဖြစ်၏။)

ငါ၏ကတိများကို တည်ရန်မှာ ငါ၏ စိတ်သဘောထား ဖြစ်ပြီး ငါ၌ မည်သည့်အရာမှ ဖုံးကွယ်ထားခြင်း သို့မဟုတ် ကွယ်ဝှက်ထားခြင်း မရှိပေ။ သင်တို့ နားလည်ရမည့် အရာများ တစ်ခုစီတိုင်းကို သင်တို့အား ငါပြောပြမည်ဖြစ်ပြီး၊ သင်တို့ ခိုင်မြဲစွာ ရပ်တည်မလာနိုင်မည် စိုးသောကြောင့်၊ သင်တို့ မသိသင့်သည့် မည်သည့်အရာကိုမဆို ငါလုံးဝ ပြောပြမည် မဟုတ်ပေ။ သေးငယ်သောအရာများကို တွယ်ဖက်ထားပြီး၊ ထိုသို့ဖြင့် အရေးကြီးသော အရာများကို မဆုံးရှုံးလေနှင့်- အမှန်တကယ်ပင် ထိုသို့ပြုရန် မထိုက်တန်ပါချေ။ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ကြောင်းနှင့် အရာရာတိုင်းသည် အထမြောက်ပြီး အရာခပ်သိမ်း လွယ်ကူသာယာလိမ့်မည်ဟု ယုံကြည်ကြလော့။ ဤသည်မှာ အမှုအရာများကို ငါလုပ်ဆောင်သည့်ပုံ ဖြစ်သည်။ ယုံကြည်သည့် မည်သူ့ကိုမဆို၊ ငါသည် သူ့အား မြင်ခွင့်ပေးပြီး မယုံကြည်သည့် မည်သူ့ကိုမဆို၊ ငါသည် သူ့အား သိရှိခွင့်မပေးသည့်အပြင် မည်သည့်အခါမှ နားလည်စေခွင့် မပေးပါချေ။ ငါ၌ ခံစားချက် သို့မဟုတ် သနားကရုဏာ မရှိ၊ ထို့ပြင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို မည်သူ ပုန်ကန်ပြစ်မှားသည် ဖြစ်စေ၊ ငါသည် သူတို့ကို လက်တွန့်ခြင်းမရှိဘဲ မလွဲဧကန် ငါသတ်မည် ဖြစ်ပြီး သူတို့ကို ထိုနည်းတူစွာပင် ဆက်ဆံရလိမ့်မည်။ ငါသည် လူတိုင်းအပေါ် အတူတူပင်ဖြစ်သည်- ငါ၌ ပုဂ္ဂိုလ်ရေး ခံစားချက်များမရှိဘဲ စိတ်ခံစားချက်အရ မည်သို့မျှ လုပ်ဆောင်ခြင်း မရှိပေ။ လူတို့သည် ဤအရာမှတဆင့် ငါ၏ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်ကို မမြင်နိုင်ဘဲ အဘယ်သို့ ရှိမည်နည်း။ ဤသည်မှာ မည်သူမျှ မပြောင်းလဲနိုင်သည့်အပြင် မည်သူမျှ အပြည့်အဝ မသိနိုင်သည့် ငါ၏ ဉာဏ်ပညာနှင့် ငါ၏ စိတ်သဘောထားပင် ဖြစ်သည်။ ငါ၏လက်တို့သည် အမြဲတမ်း အချိန်တိုင်း အရာအားလုံးကို ကွပ်ကဲနေပြီး ငါ၏အလိုကျ ငါ့အတွက် အစေခံပေးဖို့ အသင့်ရှိစေရန် အရာအားလုံးကို ငါအမြဲစီစဉ်သည်။ လူအတော်များများက ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေရန်အလို့ငှာ ငါ့ကိုယ်စား အစေခံနေကြသည်၊ သို့သော် အဆုံးတွင် သူတို့သည် ကောင်းချီးများကို မြင်တွေ့ရသော်လည်း ယင်းတို့ကို မခံစားနိုင်ကြပေ- သနားစရာကောင်းလိုက်လေခြင်း။ သို့သော် မည်သူမျှ ငါ၏စိတ်နှလုံးကို မပြောင်းလဲနိုင်ချေ။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်သည် (စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဖော်ပြသည့်အခါတိုင်း၊ ဤသည်မှာ မည်သူမျှ မပြောင်းလဲနိုင်သည့် အရာကို ရည်ညွှန်းလေသည်၊ ထို့ကြောင့် အနာဂတ်တွင် ငါစကားပြောသောအခါ၊ ငါသည် တစ်စုံတစ်ခုအကြောင်းကို စိတ်ပိုင်းဖြတ်ခဲ့ပြီးပါက၊ ယင်းသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်သည်မှာ အသေအချာဆုံးပင် ဖြစ်သည်။ အမှတ်ရလော့။ သင်သည် ဆုံးရှုံးခြင်းအား ကြုံတွေ့ရမည် စိုးရိမ်သဖြင့် ဤအရာကို ပုန်ကန်ပြစ်မှားခြင်း မပြုလေနှင့်)၊ ထို့ပြင် ၎င်းသည် ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ၎င်းမှာ ငါ၏ကိုယ်ပိုင်အလုပ်ဖြစ်ကာ၊ လူတစ်ဦးဦးက ပြုလုပ်နိုင်သည့် အရာတစ်စုံတစ်ခု မဟုတ်ပါပေ။ ငါသည် ဤအရာကို လုပ်ဆောင်ရမည်- ငါသည် ဤအရာကို စီစဉ်ရမည်၊ ယင်းသည် ငါ၏ အနန္တတန်ခိုး ရှိခြင်းကို ပြသရန်နှင့် ငါ၏ အမျက်ဒေါသအား ဖော်ထုတ်ပြရန် လုံလောက်သည်။

လူအများစုက ငါ၏လူ့သဘာဝနှင့်ပတ်သက်၍ မသိရှိကြသေး၊ မရှင်းလင်းကြသေးပေ။ ယင်းကို ငါ အကြိမ်ကြိမ် ပြောဆိုခဲ့ပြီးသော်လည်း၊ သင်တို့သည် ဇဝေဇဝါဖြစ်ပြီး သိပ်နားမလည်ကြသေးပေ။ သို့သော် ဤသည်မှာ ငါ၏အမှုဖြစ်ပြီး၊ ယခု ဤအချိန်၌ သိသောသူတိုင်းက သိကြပြီး၊ မသိသောသူများကိုလည်း ငါအကျပ်မကိုင်ပေ။ ယင်းက ဤနည်းလမ်းသာလျှင် ဖြစ်နိုင်သည်။ ငါသည် ထိုအကြောင်းကို ရှင်းလင်းစွာ ပြောထားပြီဖြစ်ပြီး ယင်းကို နောင်တွင် ထပ်၍ပြောမည်မဟုတ်ပေ (အဘယ့်ကြောင့်ဆိုသော် ငါများစွာ ပြောဆိုခဲ့ပြီဖြစ်ပြီး အလွန် ရှင်းလင်းစွာ စကားပြောခဲ့ပြီဖြစ်သည်။ ငါ့ကိုသိသောသူ၌ သန့်ရှင်းတော်ဝိညာဉ်တော်၏ အလုပ် သေချာပေါက် ရှိပြီး ငါ၏သားဦးများထဲမှတစ်ဦး ဧကန်အမှန်ဖြစ်၏။ ငါ့ကို မသိသောသူတစ်ယောက်သည် တကယ်မသိ၊ ငါသည် သူ့ထံမှနေ၍ ငါ၏ဝိညာဉ်တော်ကို ရုပ်သိမ်းပြီဖြစ်ကြောင်း သက်သေပြနေသည်)။ သို့သော် အဆုံးတွင်၊ လူတိုင်းကို ငါ့အားသိစေရန် ငါလုပ်မည်- ငါ၏ လူ့သဘာဝနှင့် ငါ၏ဘုရားသဘောသဘာဝ နှစ်ခုလုံးအရ လုံးလုံးလျားလျား သိစေမည်။ ဤအရာများသည် ငါ့အလုပ်၏ ခြေလှမ်းများဖြစ်ပြီး ငါသည် ဤနည်းလမ်းဖြင့် လုပ်ဆောင်ရမည်။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်လည်းဖြစ်သည်။ လူတိုင်းက ငါ့ကို တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားဟု ခေါ်ဆိုပြီး ငါ့အား စဉ်ဆက်မပြတ် ချီးမွမ်း၍ ဝမ်းသာအားရ ထောမနာပြုရမည်။

ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးပြည့်စုံပြီဖြစ်ကာ၊ အရာခပ်သိမ်းတို့ ပြီးမြောက်သည်မှာ ကြာပြီဖြစ်သည်။ လူ့အမြင်တွင် ယင်းမှာ ငါ၏ များစွာသောအလုပ်က ဆောင်ရွက်နေဆဲဖြစ်ဟန်တူသော်လည်း၊ ငါသည် ယင်းကို ကောင်းမွန်စွာ စီစဉ်ထားပြီးဖြစ်ကာ၊ စောင့်ဆိုင်းနေသော အရာအားလုံးမှာ တစ်ကြိမ်လျှင် အလုပ်တစ်ခုကျစီ ဖြစ်သော ငါ့ခြေလှမ်းများအရ ယင်း၏ ပြီးစီးမှုသာ ဖြစ်သည်။ (ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာမြေအား မဖန်ဆင်းမီကပင် မည်သူက စမ်းသပ်မှုအောက်တွင် ကြံ့ကြံ့ခံနိုင်သောသူ၊ မည်သူက ငါ၏ ရွေးချယ်ခြင်းနှင့် ကြိုတင်ခွဲခန့်မှတ်သားခြင်း မခံရနိုင်သောသူနှင့်၊ မည်သူက ငါ၏ဒုက္ခဆင်းရဲအား မျှဝေမခံစားနိုင်သူ ဖြစ်ကြောင်းကို ကြိုတင်ခွဲခန့်မှတ်သားပြီး ဖြစ်သည်။ ငါ၏ဆင်းရဲဒုက္ခအား မျှဝေခံစားနိုင်သူများ၊ ဆိုလိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့် ရွေးချယ်ခြင်းကို ခံရသူများကို ငါသည် ဧကန်မုချ ထိန်းသိမ်းထားပြီး သူတို့က အရာအားလုံးကို ကျော်လွန်ရန် ထောက်မမည်။) မည်သူက အခန်းကဏ္ဍ တစ်ခုစီတွင် ပါဝင်ကြောင်း ငါ၏နှလုံးသားထဲတွင် ရှင်းလင်းနေသည်။ ငါသည် မည်သူက ငါ့အတွက် အစေခံမှု ပေးကြောင်း၊ မည်သူက သားဦးဖြစ်ကြောင်း၊ မည်သူက ငါ၏သားများနှင့် ငါ၏လူများတွင် ပါဝင်ကြောင်းကို ကောင်းစွာ သိရှိသည်။ ဤသည်ကို ငါသည် ခရေစေ့တွင်းကျ သိ၏။ အတိတ်ကာလက သားဦး ဖြစ်သည်ဟု ငါပြောထားသော မည်သူမဆို ယခုတွင်လည်း သားဦး ဖြစ်နေဆဲဖြစ်ပြီး၊ အတိတ်ကာလက သားဦးမဟုတ်ဟု ငါပြောထားသော မည်သူမဆို ယခုတွင်လည်း သားဦး မဟုတ်ဆဲ ဖြစ်၏။ ငါလုပ်သော အဘယ်အရာမဆို ငါနောင်တမရသည့်အပြင် ယင်းကို အလွယ်တကူ မပြောင်းပေ။ ငါပြောသည့်အရာကို အတည်ပြောသည် (ငါ၌ မည်သည့်အရာမျှ ပေါ့ပြက်ပြက်မဟုတ်ပေ)၊ ထို့ပြင် ယင်းသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ ငါ့အတွက် အစေခံမှု ပေးသူများသည် ငါ့အတွက် အစဉ်အမြဲ အစေခံမှု ပေးသည်- သူတို့သည် ငါ၏ကျွဲနွားများ၊ ငါ၏မြင်းများဖြစ်သည် (သို့သော်လည်း ဤလူတို့သည် သူတို့၏ဝိညာဉ်၌ မည်သည့်အခါမျှ အသိဉာဏ်မပွင့်လင်းကြပေ။ ငါသည် ထိုသူတို့အား အသုံးဝင်စေသည့်အခါ သူတို့သည် အသုံးဝင်ကြသည်၊ သို့သော် ငါသည် ထိုသူတို့ကို အသုံးမဝင်စေသည့်အခါ သူတို့ကို ငါသတ်သည်။ ငါသည် ကျွဲနွားများ၊ မြင်းများဟု ပြောရာ၌ သူတို့၏ ဝိညာဉ်ရေး၌ အသိဉာဏ် မပွင့်လင်းသောသူများ၊ ငါ့အား မသိကြသောသူများနှင့် ငါ့အား မနာခံသူများကို ဆိုလိုပြီး၊ အကယ်၍ ထိုသူတို့သည် နာခံခြင်း၊ ကျိုးနွံခြင်း၊ ရိုးရှင်းခြင်းနှင့် ရိုးသားခြင်းရှိသော်မှပင်လျှင် ထိုသူတို့သည် ကျွဲနွားများနှင့် မြင်းများစစ်စစ်သာ ဖြစ်နေကြသေးသည်)။ ယခုတွင် လူအများစုတို့သည် ငါ၏ရှေ့မှောက်၌ ပျော်မြူး လွတ်လပ်လျက်ရှိကြကာ၊ ပရမ်းပတာ ပြောဆိုရယ်မောလျက်၊ မထီမဲ့မြင် ပြုမူကြသည်- သူတို့သည် ငါ၏လူ့သဘာဝကိုသာ မြင်ကြပြီး ငါ၏ ဘုရားသဘောသဘာဝကို မမြင်ကြ။ ငါ၏ လူ့သဘာဝ၌ ဤအပြုအမူများကို ခွင့်ပြုနိုင်ပြီး သူတို့ကို ကြိတ်မှိတ်ခွင့်လွှတ်နိုင်သော်လည်း၊ ငါ၏ ဘုရားသဘောသဘာဝ၌မူ သိပ်မလွယ်ကူပေ။ နောင်ကာလတွင်မူ သင်သည် ပြစ်မှားစော်ကားခြင်း အပြစ်ကို သင်ကျူးလွန်ခဲ့ပြီဟု ငါဆုံးဖြတ်မည်။ တစ်နည်းအားဖြင့်ဆိုသော် ငါ၏ လူ့သဘာဝကို ပုန်ကန်ပြစ်မှားနိုင်သော်လည်း၊ ငါ၏ ဘုရားသဘောသဘာဝကိုမူ ပုန်ကန်ပြစ်မှား၍ မရဘဲ၊ ငါနှင့် စိုးစဉ်းမျှပင် ကွဲလွဲသည့် မည်သူ့ကိုမဆို ငါသည် ဆိုင်းငံ့ခြင်းမရှိ ချက်ချင်းတရားစီရင်မည်။ သင်သည် ငါတည်းဟူသော ဤပုဂ္ဂိုလ်နှင့် နှစ်ပေါင်းများစွာ အတူတကွ နှီးနွှယ်ထားပြီး ငါနှင့် ရင်းနှီးလာသောကြောင့် သင်သည် လက်လွတ်စပယ် ပြောဆိုပြုမူနိုင်သည်ဟု မထင်လေနှင့်။ အမှန်ပင် ငါ ဂရုမစိုက်ချေ။ မည်သူပင်ဖြစ်စေကာမူ ငါသည် သူတို့ကို ဖြောင့်မတ်ခြင်းနှင့် ဆက်ဆံမည်။ ဤသည်မှာ ငါ၏ ဖြောင့်မတ်ခြင်းပင်ဖြစ်သည်။

ငါ၏ နက်နဲရာများကို လူတို့အား တစ်နေ့ပြီးတစ်နေ့ ဖော်ထုတ်လျက်ရှိပြီး ဗျာဒိတ်တော်အဆင့်များ နောက်ပိုင်းတွင် ယင်းတို့မှာ တစ်နေ့ထက်တစ်နေ့ ပို၍ ရှင်းလင်းလာကြကာ၊ ယင်းက ငါ၏ အမှုအားပြသရန် လုံလောက်ပေသည်။ ဤသည်မှာ ငါ၏ ဉာဏ်ပညာဖြစ်သည် (ငါသည် ယင်းကို တိုက်ရိုက်မပြောပေ။ ငါသည် ငါ၏သားဦးတို့အား အသိဉာဏ်ပွင့်လင်းစေပြီး အဆင်းနီသော နဂါးကြီး၏ သားသမီးများကို မျက်ကန်းစေသည်။) ထိုမျှသာမက ယနေ့တွင် ငါ၏ နက်နဲရာကို ငါ၏သားမှတစ်ဆင့် သင်တို့အား ငါထုတ်ဖော်မည်။ လူတို့အတွက် စဉ်းစားနိုင်ဖွယ်ရာမရှိသည့် အရာများကို သင်တို့အား စေ့စေ့စပ်စပ် သိခွင့်ပေးရန်နှင့် ရှင်းလင်းသော နားလည်မှုရှိစေရန် ယနေ့တွင် သင်တို့အား ငါထုတ်ဖော်ပြမည်။ ထိုမျှမက ဤနက်နဲမှုသည် ငါ၏သားဦးများမှလွဲ၍ လူတိုင်း၌ တည်ရှိသော်လည်း၊ ယင်းကို မည်သူမျှ နားမလည်နိုင်ပေ။ ၎င်းသည် လူတစ်ဦးတိုင်း၏ အထဲ၌ ရှိနေသော်လည်း ၎င်းကို မည်သူမျှ မမှတ်မိနိုင်ပေ။ ငါ မည်သည့်အရာကို ပြောနေသနည်း။ ဤကာလအတွင်း ငါ၏အလုပ်နှင့် ငါ၏မိန့်မြွက်ချက်များတွင် ငါသည် အဆင်းနီသော နဂါးကြီး၊ စာတန်၊ မာရ်နတ်နှင့် ကောင်းကင်တမန်မင်းတို့ကို မကြာခဏ ဖော်ပြသည်။ ထိုသူတို့သည် အဘယ်အရာများနည်း။ ၎င်းတို့၏ ဆက်နွှယ်မှုများသည် အဘယ်နည်း။ ဤအရာများတွင် မည်သည့်အရာကို သိသာထင်ရှားစေသနည်း။ အဆင်းနီသော နဂါးကြီး၏ သရုပ်သကန်များမှာ ငါ့အားခုခံခြင်း၊ ငါ့နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်တို့ကို နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၊ ငါ့အား မကြာခဏ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ငါ၏စီမံခန့်ခွဲမှုအား နှောင့်ယှက်ရန်အတွက် အကြံအစည်များကို အသုံးပြုရန် ကြိုးစားခြင်းတို့ ဖြစ်ကြသည်။ စာတန်အား အောက်ပါအတိုင်း သိသာထင်ရှားစေသည်- အာဏာအတွက် ငါနှင့် အားထုတ်ယှဉ်ပြိုင်ခြင်း၊ ငါရွေးချယ်ထားသည့် လူတို့ကို ပိုင်ဆိုင်လိုခြင်းနှင့် ငါ၏လူတို့ကို လှည့်စားရန်အတွက် အပျက်သဘောဆောင်သော စကားလုံးများကို ထုတ်ပြန်ခြင်းတို့ ဖြစ်သည်။ မာရ်နတ်၏ သိသာထင်ရှားချက်များမှာ (ငါ၏ နာမကို လက်မခံသောသူများ၊ မယုံကြည်သူများ အားလုံးသည် မာရ်နတ်များ ဖြစ်ကြသည်။) အောက်ပါအတိုင်းဖြစ်သည်- ဇာတိပကတိ၏ သာယာမှုများကို အငမ်းမရလိုချင်ခြင်း၊ မကောင်းသော တပ်မက်မှုများ၌ မွေ့လျော်ခြင်း၊ စာတန်၏ ချည်နှောင်မှု၌ နေထိုင်ခြင်း၊ အချို့က ငါ့ကို အာခံခြင်းနှင့် အချို့က ငါ့ကို ပံ့ပိုးခြင်း တို့ရှိသည် (သို့သော် သူတို့သည် ငါချစ်မြတ်နိုးသော သားများဖြစ်ကြောင်း သက်သေမပြကြပေ)။ ကောင်းကင်တမန်မင်း၏ သရုပ်သကန်များမှာ အောက်ပါအတိုင်း ဖြစ်သည်- စော်ကားမော်ကား ပြောဆိုခြင်း၊ ဘုရားတရား မကြည်ညိုခြင်း၊ လူတို့ကို ဩဝါဒပေးရန် မကြာခဏ ငါ၏လေသံကို တုပခြင်း၊ အပြင်ပန်းအရ ငါအား အတုခိုးရန်ကိုသာ အာရုံစိုက်ခြင်း၊ ငါစားသည့်အရာကို စား၍ ငါသုံးသည့်အရာကို သုံးခြင်းတို့ ဖြစ်ကြသည်။ အတိုချုပ်ရသော် ငါနှင့်အဆင့်အတန်း တူရန် လိုလားပြီး ရည်မှန်းချက်ကြီးသော်လည်း၊ ငါ၏အစွမ်းအစနှင့် ငါ၏အသက်ကင်းမဲ့ကာ၊ စွန့်ပစ်ပစ္စည်း အပိုင်းအစသက်သက် ဖြစ်ခြင်းတို့ ဖြစ်ကြသည်။ စာတန်၊ မာရ်နတ်နှင့် ကောင်းကင်တမန်မင်းတို့ အားလုံးသည် အဆင်းနီသော နဂါးကြီး၏ သာဓကများ စစ်စစ်ဖြစ်ကြသောကြောင့် ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း နှင့် ရွေးချယ်ခြင်းကို မခံရသောသူများအားလုံးသည် အဆင်းနီသော နဂါးကြီး၏ သားသမီးများ ဖြစ်ကြသည်- ဤသည်မှာ ၎င်းဖြစ်သည့်ပုံစံ တကယ်ဖြစ်သည်။ ဤအရာများအားလုံးသည် ငါ၏ရန်သူများ ဖြစ်ကြသည်။ (သို့သော်လည်း စာတန်၏ နှောင့်ယှက်ဖျက်ဆီးခြင်းများကို ဖယ်ထုတ်ထားသည်။ သင်၏ သဘာဝသည် ငါ၏ အရည်အသွေးဖြစ်လျှင် ယင်းကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုတွင် သင်တို့သည် ဇာတိပကတိ၌ အသက်ရှင်လျက် ရှိနေသေးသောကြောင့် မကြာခဏဆိုသလိုပင် စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းများကို ရင်ဆိုင်ရမည်- ဤသည်မှာ မလွဲမသွေဖြစ်သည်- သို့သော် သင်တို့သည် အမြဲသတိရှိရမည်။) ထို့ကြောင့် ငါသည် ငါ၏ သားဦးများမှလွဲ၍ အဆင်းနီသော နဂါးကြီး၏ သားသမီးများ အားလုံးကို စွန့်ပစ်မည်။ သူတို့၏ဗီဇသည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ၊ ယင်းသည် စာတန်၏ အရည်အသွေးဖြစ်သည်။ ယင်းသည် သူတို့ ထင်ရှားစေသည်မှာ မာရ်နတ်ဖြစ်ပြီး ယင်းသည်သူတို့ အသက်ရှင်လိုက်လျှောက်သည့် ကောင်းကင်တမန်မင်း ဖြစ်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။ ငါပြောသည့် အဆင်းနီသော နဂါးကြီးသည် ကြီးမားသော အနီရောင် နဂါးကြီးမဟုတ်ပေ။ ထို့ထက် ၎င်းသည် ငါ့အား ဆန့်ကျင်ပြုသော ဝိညာဉ်ဆိုးပင်ဖြစ်ပြီး “အဆင်းနီသော နဂါးကြီး” ဟူသည်မှာ ပမာပြုသုံးနှုန်းထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်မှလွဲ၍ ဝိညာဉ်များအားလုံးသည် ဝိညာဉ်ဆိုးများဖြစ်ကြပြီး အဆင်းနီးသော နဂါးကြီး၏ သားသမီးများဖြစ်သည်ဟုလည်း ဆိုနိုင်လေသည်။ ဤအရာအားလုံးမှာ လူတိုင်းအတွက် ရှင်းလင်းပြတ်သားသင့်သည်။

အရှေ့သို့- အခန်း ၉၅

နောက်တစ်ခုသို့- အခန်း ၉၇

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။