အခန်း ၉၅

လူတို့သည် အရာရာကို အလွန့်အလွန် ရိုးရှင်းသည်ဟု စိတ်ကူးကြချိန်၌ အမှန်တွင် ထိုသို့မဟုတ်ပေ။ အရာရာအတွင်းတွင် ကွယ်ဝှက်ထားသော နက်နဲမှုများအပြင် ငါ၏ ဉာဏ်ပညာနှင့် ငါ၏ အစီအမံများလည်း ပါရှိ၏။ မည်သည့် အသေးစိတ်အချက်ကိုမျှ လျစ်လျူမရှုထားသကဲ့သို့၊ အရာအားလုံးကို ငါကိုယ်တိုင် စီစဉ်ထားခြင်း ဖြစ်သည်။ ငါ့ကို စစ်မှန်ရိုးသားစွာ မချစ်သောသူများ အပေါ်သို့ ကြီးမားသောတရားစီရင်ခြင်း နေ့ရက် ကျရောက်ပြီး (ကြီးမားသော တရားစီရင်ခြင်း နေ့ရက်သည် ဤအမည်နာမကို ရရှိသည့် လူတိုင်းအား ရည်ရွယ်ထားသည်ကို အမှတ်ရလော့) ၎င်းတို့အား ငိုကြွေးကာ အံသွားခဲကြိတ်စေသည်။ ဤမြည်တမ်းခြင်း အသံသည် မရဏာနိုင်ငံနှင့် ငရဲမှလာ၏။ ယင်းမှာ လူတို့၏ ငိုကြွေးမြည်တမ်းခြင်း မဟုတ်ဘဲ၊ မကောင်းဆိုးဝါးတို့၏ ငိုကြွေးမြည်တမ်းခြင်း ဖြစ်သည်။ ဤငိုကြွေးမြည်တမ်းခြင်းကို ယူဆောင်လာသည်မှာ၊ လူတို့အတွက် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ နောက်ဆုံးကယ်တင်ခြင်းကို ယူဆောင်လာသည်မှာ ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။ အချို့သောလူတို့အတွက် ငါသည် အချို့သော မျှော်လင့်ခြင်းများကို စွဲကိုင်ထားလေ့ရှိသည်။ သို့သော်လည်း၊ ယခုကြည့်ရာ၌ ဤသည်မှာ ငါ၏အမှု ရောက်ရှိသည့် အဆင့်ဖြစ်ပြီး ဤသည်မှာ အဘယ်သူမျှ မပြောင်းလဲနိုင်သော တစ်စုံတစ်ရာ ဖြစ်သည့်အတွက်၊ ငါသည် ဤလူများအား တစ်ဦးပြီးတစ်ဦး စွန့်ပစ်ရပေမည်။ ငါ၏သားဦးများ သို့မဟုတ် ငါ၏ လူများ မဟုတ်ကြသောသူများအားလုံးသည် စွန့်ပစ်ခံရမည်ဖြစ်ပြီး၊ ငါ့ထံမှ အဝေးသို့ ထွက်သွားရမည်။ တရုတ်ပြည်တွင်၊ ငါ၏ သားဦးများနှင့် ငါ၏ လူတို့မှလွဲ၍ အခြားသူအားလုံးတို့သည် အဆင်းနီသောနဂါးကြီး၏ သားသမီးဖြစ်ကြပြီး စွန့်ပစ်ခံရမည် ဖြစ်သည်ကို သင်တို့ နားလည်ရမည်။ အဆုံးတွင်တော့ တရုတ်ပြည်သည် ငါ၏ကျိန်ခြင်းခံရသော တိုင်းနိုင်ငံတစ်ခု ဖြစ်ပြီး၊ ထိုနေရာက အနည်းငယ်သော ငါ၏လူများသည် ငါ၏အနာဂတ်အမှုအတွက် အစေခံမှု ပေးသော သူတို့ထက် ဘာမျှမပိုသည်ကို၊ သင်တို့အားလုံး နားလည်ရမည်။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင်၊ ငါ၏ သားဦးတို့မှလွဲ၍၊ အခြားမည်သူမျှ မရှိ— ၎င်းတို့သည် ပျက်စီးဆုံးရှုံးဖို့သာ ဖြစ်သည်။ ငါ၏ လုပ်ဆောင်မှုများ၌ ငါသည် အလွန် အစွန်းရောက်သည်ဟု မထင်နှင့်— ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် ဖြစ်သည်။ ငါ၏ ကျိန်ခြင်းများကို ခံစားရသော သူများသည် ငါ၏အမုန်းတရားကို ခံရသူများ ဖြစ်ကြပြီး၊ ဤအရာသည် ခိုင်မာလွန်းလှ၏။ ငါသည် အမှားများကို ပြုလုပ်ခြင်း မရှိ။ အကယ်၍ ငါ့အား သဘောမကျစေသော သူတစ်ဦးကိုတွေ့လျှင် ငါသည် ၎င်းတို့ကို မောင်းထုတမေည်။ ယင်းမှာ သင်သည် ငါ၏ ကျိန်ခြင်းခံရကာ အဆင်းနီသော နဂါးကြီး၏ သာစဉ်မြေးဆက်တစ်ဦးဖြစ်သည်ဆိုသည့် လုံလောက်သော သက်သေဖြစ်သည်။ သင့်အား နောက်တစ်ခါ ငါစွဲမှတ်စေမည်- တရုတ်ပြည်၌ (အစေခံခြင်းကို ပေးသော ငါ၏လူတို့အပြင်) ငါ၏ သားဦးများသာ ရှိပြီး၊ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် ဖြစ်သည်။ သို့သော်လည်း ငါ၏ သားဦးများသည် အလွန်နည်းပါးပြီး၊ အားလုံးသည် ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းခံရပြီး ဖြစ်သည်- ငါလုပ်ဆောင်သည်မှာ မည်သည့်အရာဖြစ်သည်ကို ငါသိသည်။ ငါသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များရှိပြီး ငါ၏ ဒေါသအမျက်ရှိသည့်အတွက်၊ ငါသည် သင်၏ အပျက်သဘောဆောင်မှုကို မကြောက်ရွံ့သကဲ့သို့ သင်သည် ပြန်လှည့်ကာ ငါ့အား ကိုက်မည်ကို ငါ မကြောက်ရွံ့ပေ။ ဆိုလိုသည်မှာ၊ ငါသည် ကြီးမားသော ကပ်ဘေးများကို ငါ၏လက်၌ ကိုင်စွဲထားပြီး အရာခပ်သိမ်းကို စွမ်းဆောင်ရရှိနှင့်သည်ဟု ငါ မှတ်ယူသည်နှင့်အမျှ ငါသည် အဘယ်အရာကိုမှ မကြောက်သကဲ့သို့၊ ထိုနေ့ရက်ရောက်လာသော အချိန်တွင် ငါသည် သင်ကို လုံးလုံးလျားလျား ကိုင်တွယ်ဖြေရှင်းမည်။ တစ်ဦးတစ်ယောက်သည် လူအားဖြင့် ငါ၏ သားဦး ဖြစ်လာခြင်းအဖြစ်သို့ စုံလင်စေခြင်းမခံရနိုင် သို့မဟုတ် တည်ဆောက်ခြင်းမခံရနိုင်ပေ- ဤကိစ္စရပ်သည် ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းအပေါ်တွင် လုံးဝ တည်ပေသည်။ သားဦးဟု ငါပြောသော‌သူ မည်သူမဆိုသည် သားဦးဖြစ်၏။ ယင်းအတွက် ပြိုင်ဆိုင်ရန် သို့မဟုတ် ယင်းကို လုယူရန် မကြိုးစားနှင့်။ အရာခပ်သိမ်းသည် အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တိုင်ဖြစ်သော ငါ့အပေါ်တွင် တည်သည်။

တစ်နေ့တွင် ငါသည် သင်တို့အားလုံးအား ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များက အဘယ်အရာ ဖြစ်သည်ဆိုသည်နှင့် ငါ၏ အမျက်ဒေါသက အဘယ်အရာဖြစ်သည်ဆိုသည်ကို တွေ့မြင်ခွင့်ပေးမည်။ (အားလုံးတို့သည် ငါ့ကို ဒူးထောက်ကြရလိမ့်မည်၊ အားလုံးသည် ငါ့ကို ကိုးကွယ်ကြလိမ့်မည်၊ အားလုံးသည် ခွင့်လွှတ်ခြင်းအတွက် ငါ့အား တောင်းခံကြလိမ့်မည် ဖြစ်ပြီး အားလုံးသည် နာခံခြင်းဖြင့် လိုက်နာစောင့်ထိန်းကြလိမ့်မည်။ ယခုတွင် ငါသည် ငါ၏ သားဦးများကိုသာ ထိုအရာ၏ တစိတ်တဒေသကို မြင်ခွင့်ပေးသည်)။ ငါသည် ငါ၏သားဦးတို့အား စုံလင်စေဖို့အလို့ငှာ များစွာသောသူတို့ကို (ငါ၏သားဦးများမှ လွဲ၍ အယောက်တိုင်းကို) စတေးရန် ရွေးချယ်ပြီးဖြစ်ကြောင်း၊ ငါသည် အဆင်းနီသော နဂါးကြီးအား ၎င်းကိုယ်တိုင်၏ ကောက်ကျစ်သော အကြံအစည်၌ အဖမ်းစားခံရစေပြီးဖြစ်ကြောင်းကို အဆင်းနီသော နဂါးကြီး၏ သားသမီးအားလုံးအား တွေ့မြင်စေမည်။ (ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်၌ အဆင်းနီသော နဂါးကြီးသည် ငါ၏ စီမံခန့်ခွဲခြင်း အစီအစဉ်အား နှောင့်ယှက်ဖို့ရန်— ငါ၏သားဦးများမှလွဲ၍ အယောက်တိုင်းဖြစ်သော- ငါ့အတွက် အစေခံခြင်းကို ပေးသောများအား စေလွှတ်လိုက်လေ၏။ သို့သော်လည်း ၎င်းသည် ၎င်းကိုယ်တိုင်၏ ကောက်ကျစ်သော အစီအစဉ်တွင် အဖမ်းစားခံရပြီးဖြစ်ကာ ငါ၏အမှုအဖို့ သူတို့အားလုံးသည် အစေခံခြင်းကို ပေးကြလေသည်။ ဤသည်မှာ ငါ့အတွက် အစေခံမှုပေးရန် အားလုံးကို ငါ၏ ဆော်သြစည်းရုံးခြင်းနှင့်ဆိုင်သော စစ်မှန်သော အဓိပ္ပါယ်၏ တစိတ်တဒေသ ဖြစ်သည်။) ယနေ့တွင် အရာအားလုံးကို စွမ်းဆောင်ရရှိပြီးချိန်တွင်၊ ငါသည် ၎င်းတို့အားလုံးကို ရှင်းထုတ်ပစ်မည်၊ ငါ၏ ခြေအောက်၌ ၎င်းတို့အား နင်းခြေပြီး၊ ဤအရာမှတဆင့် ငါသည် အဆင်းနီသော နဂါးကြီးအား အရှက်ခွဲမည် ဖြစ်ပြီး ၎င်းအား လုံးဝ အရှက်ရစေမည် (၎င်းတို့သည် ကောင်းချီးမင်္ဂလာများရရှိဖို့ ၎င်းတို့၏ နည်းလမ်းကို ထွင်ရန် ကြိုးပမ်းကြသော်လည်း၊ ငါ့အတွက် အစေခံမှု ပေးရမည်ဟု အဘယ်သောအခါမျှ ၎င်းတို့ မတွေးခဲ့ကြပေ)— ဤသည်မှာ ငါ၏ ဉာဏ်ပညာ ဖြစ်သည်။ ဤအရာကို ကြားခြင်းဖြင့်၊ လူတို့က ငါသည် ခံစားချက်များ သို့မဟုတ် သနားကရုဏာမရှိသကဲ့သို့၊ ငါသည် လူ့သဘာဝမရှိဟု ထင်ကြသည်။ ငါသည် ဧကန်အမှန် စာတန်အပေါ် ခံစားမှုများ သို့မဟုတ် သနားကရုဏာမရှိပေ၊ ထို့အပြင် ငါသည် လူ့သဘာဝကိုကျော်လွန်သော ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်။ ငါသည် လူ့သဘာဝရှိသည့် ဘုရားသခင် ဖြစ်သည်ဟု သင်သည် အဘယ်သို့ပြောနိုင်သနည်း။ ငါသည် ကမ္ဘာလောကနှင့် မသက်ဆိုင်သည်ကို သင်မသိသလော။ ငါသည် အရာခပ်သိမ်းတို့အထက်တွင် ရှိသည်ကို သင်မသိသလော။ ငါ၏ သားဦးများမှလွဲ၍၊ ငါနှင့်တူသောသူ တစ်ဦးမျှမရှိ၊ ငါ၏ စိတ်သဘောထား (လူသားမဟုတ်ဘဲ ဘုရဖြစ်သည့် စိတ်သဘောထားတစ်ခု) ရှိသောသူ တစ်ဦးမျှမရှိသကဲ့သို့၊ ငါ၏ အရည်အသွေးများကို ပိုင်ဆိုင်သောသူ တစ်ဦးမျှ မရှိပေ။

ဝိညာဉ်လောက၏ တံခါးပွင့်သွားချိန်၌၊ သင်တို့အား လွပ်လပ်သော နယ်ပယ်သို့ လုံးဝ ဝင်ရောက်နိုင်စေရင်း၊ ငါ၏ ချစ်ခင်သော ပွေ့ဖက်ခြင်းထဲသို့ ဝင်ရောက်နိုင်စေရင်း၊ ငါ၏ ထာဝရကောင်းချီးမင်္ဂလာများထဲသို့ ဝင်ရောက်နိုင်စေရင်း၊ နက်နဲသောအရာအားလုံးကို သင်တို့ မြင်ရကြလိမ့်မည်။ ငါ၏ လက်များသည် လူသားမျိုးနွယ်အား အစဉ် ထောက်ပံ့ပေးပြီးဖြစ်သည်။ သို့သော် ငါကယ်တင်မည့် လူသားမျိုးနွယ်၏ တစ်စိတ်တစ်ဒေသရှိပြီး၊ ငါမကယ်တင်မည့် တစ်စိတ်တစ်ဒေသ ရှိသည်။ (ငါ၏ ထောက်ပံ့ခြင်းမရှိဘဲနှင့် လောကတစ်ခုလုံးသည် မရဏာနိုင်ငံထဲသို့ အချိန်ကြာမြင့်စွာက ကျဆင်းပြီးဖြစ်မည်ဖြစ်သောကြောင့် “ထောက်ပံ့သည်” ဟု ငါ ဆိုပေသည်။) ဤအရာကို နားလည်လော့။ ဤသည်မှာ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်ဖြစ်သည်။ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်ဆိုသည်မှာ အဘယ်နည်း။ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သော်လည်း လူတစ်ဦးစီတိုင်းအား ရယူဖို့ရန် ငါသည် ဘယ်သောအခါမှ မစီစဉ်ခဲ့၊ လူသားမျိုးနွယ်၏ အနည်းငယ်သော အစိတ်အပိုင်းတစ်ခုကိုသာ ရယူရန် ဖြစ်သည်။ သို့ဆိုလျှင် ငါသည် အဘယ်ကြောင့် များစွာသော လူတို့ကို ဖန်ဆင်းခဲ့သနည်း။ ငါနှင့်ဆိုလျှင်၊ အားလုံးသည် လွတ်လပ်မှုနှင့် လွတ်မြောက်မှုဖြစ်ပြီး၊ ငါ ဆန္ဒရှိသည့်အရာ မည်သည့်အရာကိုမဆို ငါလုပ်ဆောင်သည်ဟု ယခင်က ငါ ပြောပြီး ဖြစ်သည်။ လူသားမျိုးနွယ်ကို ငါ ဖန်ဆင်းခဲ့ချိန်တွင်၊ ယင်းမှာ ၎င်းတို့သည် ပုံမှန်အသက်တာတစ်ခုကို အသက်ရှင်နိုင်ပြီးနောက် ငါ၏ သားဦးများ၊ ငါ၏သားများနှင့် ငါ၏လူများ ဖြစ်နိုင်မည့် လူသားမျိုးနွယ်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခု ထွက်ပေါ်နိုင်စေဖို့အလို့ငှာသာ ဖြစ်ခဲ့သည်။ ယင်းကို— ငါ၏ သားဦးများ၊ ငါ၏လူများ နှင့် ငါ၏ သားများ တို့မှလွဲ၍— အားလုံးသော လူများ၊ အဖြစ်အပျက်များ၊ နှင့် အရာဝတ္ထုများသည် အစေခံသူများသာ ဖြစ်ကြပြီး၊ အားလုံး ဆုံးရှုံးပျက်စီးရမည်ဟု ပြော၍ရသည်။ ဤနည်းဖြင်ု၊ ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံး ပြီးဆုံးလိမ့်မည်။ ဤသည်မှာ ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်၊ ငါ၏ အမှုနှင့် ငါ ဆောင်ရွက်သည့် အဆင့်များ ဖြစ်သည်။ အရာရာ ပြီးဆုံးသွားသော အချိန်တွင် ငါသည် လုံးဝ အနားယူလိမ့်မည်။ ထိုအချိန်တွင်၊ အရာရာသည် အဆင်ပြေလိမ့်မည်။ အရာရာသည် ငြိမ်သက်ခြင်းနှင့် လုံခြုံစိတ်ချရခြင်း ရှိလိမ့်မည်။

ငါ့အမှု၏ အရှိန်အဟုန်သည် အလွန် မြန်ဆန်လွန်းသည်မှာ လူသား စိတ်ကူးစိတ်သန်းကို ကျော်လွန်လေသည်။ ယင်းသည် တနေ့တခြား ပြောင်းလဲပြီး၊ အမှီမလိုက်နိုင်သော မည်သူမဆို ဆုံးရှုံးခြင်းကို ခံစားရလိမ့်မည်။ (ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအပြင်၊ ငါ မိတ်သဟာယပြုသည့် ရူပါရုံနှင့် သမ္မာတရားတွင် အဘယ်သောအခါမျှ ပြောင်းလဲမှုတစ်ခုတစ်လေ မရှိသော်လည်း) အသစ်သော အလင်းကို နေ့တိုင်း မည်သူမျှ ခိုင်မာစွာ ဆုပ်ကိုင်နိုင်ခြင်း မရှိ။ ငါသည် အဘယ့်ကြောင့် နေ့တိုင်း စကားပြောသနည်း။ ငါသည် အဘယ့်ကြောင့် သင့်အား စဉ်ဆက်မပြတ် အသိဉာဏ်ပွင့်လင်းစေသနည်း။ အတွင်းရှိ အဓိပ္ပါယ်အစစ်အမှန်ကို သင်နားလည်သလော။ လူအများစုသည် ယခု ရယ်မောနေကြပြီး နောက်ပြောင်နေကြဆဲဖြစ်ကာ အလေးအနက် မဖြစ်နိုင်ကြချေ။ ၎င်းတို့သည် ငါ၏ နှုတ်ကပတ်တော်များအား တကယ်ကို မည်သို့မျှ အာရုံမစိုက်ကြသော်လည်း ယင်းတို့ကို ၎င်းတို့ကြားသောအချိန်တွင် တစ်ဒင်္ဂမျှဖြစ်သော စိုးရိမ်ကြောင့်ကြမှုကိုသာ ခံစားကြရသည်။ နောက်ပိုင်းတွင်၊ ငါ၏ နှုတ်ကပတ်တော်များသည် မကြာမီ မေ့လျော့ခြင်းခံရပြီး ၎င်းတို့သည် မကြာမီ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို မသိကြသကဲ့သို့ သတိမမူဘဲ ဖြစ်လာကြသည်။ သင်၏ အဆင့်အတန်းက မည်သည့်အရာ ဖြစ်သည်ကို သင် သိပါသလော။ တစ်စုံတစ်ဦးသည် ငါ့အတွက် အစေခံမှု ပေးသည် မပေးသည် သို့မဟုတ် ငါ့အားဖြင့် ကြိုတင်ခွဲခန့်ခြင်းခံရကာ ရွေးကောက်ခံရခြင်း ရှိမရှိဆိုသည်ကို ငါ၏ လက်များဖြင့်သာ စီမံထားခြင်းဖြစ်သည်။ ဤအရာကို အဘယ်သူမျှ ပြောင်းလဲ၍မရနိုင်— ငါသည် ဤအရာကို ကိုယ်တိုင် လုပ်ဆောင်ရမည်၊ ၎င်းတို့ကို ငါကိုယ်တိုင် ရွေးချယ်ကာ ကြိုတင်ခွဲခန့်မှတ်သားရမည်။ ငါသည် ဉာဏ်အမြော်အမြင်မရှိသော ဘုရားသခင်ဖြစ်သည်ဟု အဘယ်သူ ဆိုဝံ့သနည်း။ ငါပြောသော စကားတိုင်းနှင့် ငါလုပ်သော အရာတိုင်းသည် ငါ၏ ဉာဏ်ပညာ ဖြစ်ကြသည်။ အဘယ်သူသည် ငါ၏ စီမံခန့်ခွဲမှုကို နောက်တစ်ဖန် နှောင့်ယှက်ဝံ့သနည်း သို့မဟုတ် ငါ၏ အစီအစဉ်များကို ဖျက်စီးဝံ့သနည်း။ ၎င်းတို့ကို ငါ သေချာပေါက် ခွင့်လွှတ်လိမ့်မည် မဟုတ်။ အချိန်သည် ငါ၏ လက်များထဲ၌ တည်ရှိပြီး ငါသည် နှောင့်နှေးမှုကို ပူပင်ခြင်းမရှိ။ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ် ပြီးဆုံးမည့် အချိန်ကို ဆုံးဖြတ်သောသူသည် ငါမဟုတ်လော။ အားလုံးသည် ငါ၏ အတွေးတစ်ခုတည်းအပေါ်တွင် တည်သည် မဟုတ်သလော။ ထိုအရာ ပြီးစီးပြီ ဟု ငါပြောသောအခါ ပြီးစီးပြီး၊ ထိုအရာ အဆုံးသတ်သည်ဟု ငါပြောသောအခါ အဆုံးသတ်လေသည်။ ငါသည် အဆောတလျှင် မဖြစ်သကဲ့သို့၊ သင့်တင့်လျောက်ပတ်သော အစီအစဉ်များကို ငါပြုရမည်။ လူတို့သည် ငါ၏အမှုအထဲသို့ ကိုယ်နှင့်မဆိုင်သည်ကို ဝင်စွက်ဖက်ရမည်မဟုတ်သကဲ့သို့ ငါ့အတွက် အမှုအရာများကို ၎င်းတို့ နှစ်သက်သည်အတိုင်း မလုပ်ဆောင်ရ။ ကိုယ်နှင့်မဆိုင်သည်ကို ဝင်စွက်ဖက်သောသူ မည်သူမဆိုအား ငါသည် ကျိန်၏— ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲမှ တစ်ခုဖြစ်သည်။ ငါကိုယ်တိုင်သည် ငါ၏ အမှုကို လုပ်ဆောင်ပြီး၊ အခြားမည်သူကိုမျှ ငါ မလိုအပ် (အစေခံသူများအား ဆောင်ရွက်ခွင့် ငါပေး၏၊ သို့မဟုတ်လျှင် ၎င်းတို့သည် မဆင်မခြင် သို့မဟုတ် ကျိုးကြောင်းမမြင်ဘဲ လုပ်ဆောင်ဝံ့ကြမည်မဟုတ်)။ ငါသည် တစ်ပါးတည်းသော ဘုရားသခင် ကိုယ်တိုင် ဖြစ်သည့်အတွက်၊ အမှုအားလုံးကို ငါ စီစဉ်ထားခြင်းဖြစ်ပြီး ငါ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

လောက၏ တိုင်းနိုင်ငံအားလုံးတို့သည် အာဏာ၊ အမြတ်အစွန်းတို့အတွက် အချင်းချင်း ယှဉ်ပြိုင်နေကြပြီး၊ မြေများအတွက် တိုက်ခိုက်နေကြသော်လည်း ဤအရာအားလုံးတို့သည် ငါ၏ အစေခံမှုတွင် ရှိသည့်အတွက်၊ အထိတ်တလန့် မဖြစ်နှင့်။ ယင်းတို့သည် ငါ၏ အစေခံမှု၌ ရှိသည်ဟု အဘယ့်ကြောင့် ငါပြောသနည်း။ ငါသည် အမှုအရာများကို အနည်းငယ်မျှ အားစိုက်ထုတ်ခြင်း မရှိဘဲ လုပ်ဆောင်သည်။ စာတန်အား တရားစီရင်ဖို့ရန်၊ ငါသည် ပထမဦးစွာ ၎င်းတို့ကိုယ်တိုင်ကြားတွင် အငြင်းပွားမှု ဖြစ်စေပြီး၊ အဆုံး၌ ၎င်းတို့အား ပျက်စီးခြင်းသို့ ဆောင်ကြဉ်းကာ၊ ၎င်းတို့၏ ကိုယ်ပိုင်ကောက်ကျစ်သောအကြံအစည်များထဲသို့ အဖမ်းစားခံရစေသည် (၎င်းတို့သည် အာဏာအတွက် ငါနှင့် ယှဉ်ပြိုင်ဖို့ရန် ဆန္ဒရှိကြသော်လည်း၊ ငါ့အတွက် အစေခံမှု ပေးခြင်းဖြင့် အဆုံးသတ်ကြရသည်)။ ငါသည် စကားပြောကာ ငါ၏အမိန့်များကို ပေးရုံသာ ပေးပြီး၊ အယောက်တိုင်းသည် လုပ်ဆောင်ရန် ငါပြောသောအရာကို လုပ်ဆောင်ကြ၏၊ သို့မဟုတ်လျှင် ငါသည် သင့်အား ချက်ချင်း ဖျက်ဆီး ပစ်လိမ့်မည်ဖြစ်သည်။ ငါသည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်သကဲ့သို့၊ အရာခပ်သိမ်းကို ငါ စီမံသည့်အတွက်၊ ဤအရာများသည် ငါ၏ တရားစီရင်ခြင်း တစိတ်တဒေသသာ ဖြစ်ကြ၏။ တစ်ခုတစ်လေကို လုပ်ဆောင်သောသူ မည်သူမဆိုသည် ဆန္ဒအလျောက်လုပ်ဆောင်ကြသည်၊ ငါ၏ ကိုယ်ပိုင် အစီအစဉ်အားဖြင့် ထိုသို့လုပ်ဆောင်ခြင်းဖြစ်သည်။ မကြာမီ ကျရောက်မည့် ဖြစ်ရပ်များ၌ သင်တို့သည် ငါ၏ ဉာဏ်ပညာနှင့် ပြည့်နိုင်ဖို့ ငါ မျှော်လင့်သည်။ မဆင်မခြင် ချဉ်းကပ်မှု မပြုဘဲ၊ အမှုအရာများ သင့်အပေါ် ကျရောက်သောအခါ ငါ့ထံ မကြာခဏ တိုးဝင်ချဉ်းကပ်လော့။ ငါ၏ ပြစ်တင်ဆုံးမခြင်းအား ပုန်ကန်ပြစ်မှားခြင်းကို ရှောင်ရှားဖို့ရန်နှင့် စာတန်၏ ကောက်ကျစ်သော အကြံအစည်များထဲသို့ အဖမ်းစားခံရခြင်းကို ရှောင်ရှားရန် အခြေအနေအားလုံးတွင် သာ၍ဂရုစိုက်ကာ သတိထားလော့။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များမှ ထိုးထွင်းအမြင်များ ရရှိသင့်သည်၊ ငါဘယ်အရာ ဖြစ်သည်ကို သိသင့်ပြီး၊ ငါရှိသောအရာကို တွေ့မြင်သင့်သည်။ သင်သည် ငါ၏ အဓိပ္ပါယ်ပြည့်ဝသော အသွင်များဖြင့် အမှုအရာများကို လုပ်ဆောင်ရမည်ဖြစ်ပြီး၊ မဆင်မခြင် မပြုမူရ။ ငါလုပ်ဆောင်သည့်အရာကို လုပ်ပြီး ငါပြောသည့်အရာကို ပြောလော့။ သင်သည် အမှားများ ပြုလုပ်ခြင်းကို ရှောင်ရှားနိုင်ပြီး စုံစမ်းနှောင့်ယှက်ခံရခြင်းကို ရှောင်ရှားနိုင်ဖို့အလို့ငှာ ငါသည် ဤအရာများကို သင်တို့အား ကြိုတင်ပြောခြင်း ဖြစ်သည်။ “ငါ၏ဖြစ်တည်ခြင်း”နှင့် “ငါ၏ ပိုင်ဆိုင်မှုများ”မှာ အဘယ်အရာများ ဖြစ်သနည်း။ သင်တို့ အမှန်တကယ် သိသလော။ ငါခံစားရသော ဝေဒနာသည် ငါ၏ သာမန် လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်သကဲ့သို့၊ ငါ၏ဖြစ်တည်ခြင်း တစ်စိတ်တစ်ဒေသဖြစ်ပြီး၊ ငါ‌ြ ဖြစ်တည်ခြင်းကို ငါ၏စုံလင်သော ဘုရားသဘာဝ၌လည်း ရှာတွေ့နိုင်သည်— ဤအရာကို သင်တို့ သိကြသလော။ ငါ၏ဖြစ်တည်ခြင်းကို သွင်ပြင်လက္ခဏာနှစ်ခုဖြင့် ဖန်တီးထားသည်- တစ်ခုသော သွင်ပြင်လက္ခဏာမှာ ငါ၏ လူသဘာဝနှင့်သက်ဆိုင်သော်လည်း၊ အခြားသောအရာမှာ ငါ၏ စုံလင်သော ဘုရားသဘာဝနှင့် သက်ဆိုင်ပေသည်။ ဤသွင်ပြင်လက္ခဏာနှစ်ခု အတူတကွပေါင်းစည်းခြင်းကသာ စုံလင်သော ဘုရားသခင်ကိုယ်တိုင် ဖြစ်စေသည်။ ငါ၏ စုံလင်သော ဘုရားသဘာဝ ဖြစ်သည့်အရာတွင် ကောင်းသောအရာများစွာလည်း ပါဝင်သည်- ငါသည် မည်သည့် လူ၊ ကိစ္စရပ်၊ သို့မဟုတ် အမှုအရာမျှ၏ ချုပ်ထိန်းခြင်းကို မခံရပေ။ ငါသည် ပတ်ဝန်းကျင်အားလုံးကို ကျော်လွန်သည်။ ငါသည် အချိန် သို့မဟုတ် နေရာ သို့မဟုတ် ပထဝီ၏ မည်သည့်ထိန်းချုပ်ခြင်းကိုမဆို ကျော်လွန်သည်။ ငါသည် လူအားလုံး၊ ကိစ္စရပ်များနှင့် အမှုအရာများအားလုံးကို အမှန်တကယ် အလွန်ကောင်းစွာ သိသည်။ သို့သော် ငါသည် အသွေးအသားနှင့် အရိုးများ ဖြစ်နေဆဲဖြစ်ကာ၊ လက်ဆုပ်လက်ကိုင်ပြ၍ရသော ပုံစံတစ်ခုတွင် တည်ရှိဆဲ ဖြစ်သည်။ ငါသည် လူတို့၏ အမြင်များတွင် ဤလူ ဖြစ်နေဆဲဖြစ်သော်လည်း သဘာဝသည် ပြောင်းလဲပြီးဖြစ်သည်- ယင်းသည် အသွေးအသားမဟုတ်ဘဲ၊ ခန္ဓာကိုယ်ဖြစ်သည်။ ဤအရာများသည် ယင်း၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ ငါ၏ သားဦးများသည်လည်း အနာဂတ်တွင် ဤကဲ့သို့ ဖြစ်လိမ့်မည်။ ဤသည်မှာ နင်းလျှောက်ရမည့်လမ်းဖြစ်ပြီး ပျက်စီးကိန်းကြုံသောသူတို့သည် မလွတ်မြောက်နိုင်။ ဤအရာကို ငါလုပ်ဆောင်နေစဉ်တွင်၊ ကြိုတင်ခွဲခန့်မှတ်သားခြင်းမခံရသော သူအားလုံးသည် နှင်ထုတ်ခံရကြလိမ့်မည် (ဤသည်မှာ ငါ၏နှုတ်ကပတ်တော်များ မှန်ကန်မှု ရှိ မရှိဆိုသည်ကို ကြည့်ဖို့ ငါ့ကို စာတန်၏ စစ်ဆေးခြင်းဖြစ်သည့်အတွက် ဖြစ်သည်)။ ကြိုတင်ခွဲခန့်မှတ်သားခြင်းခံရသော သူတို့သည် ၎င်းတို့ ဘယ်အရပ်သို့ သွားသည်ဖြစ်စေ ယင်းကို မလွတ်မြောက်နိုင်ကြသကဲ့သို့၊ ထိုသို့ဖြင့် သင်တို့သည် ငါ၏ ဤလုပ်ဆောင်ချက် နောက်ကွယ်ရှိ အခြေခံသဘောတရားများကို မြင်ရကြလိမ့်မည်။ “ငါ၏ ပိုင်ဆိုင်မှုများ”သည် ငါ၏ ဉာဏ်ပညာ၊ ငါ၏ အသိပညာ၊ ငါ၏ ကြံရည်ဖန်ရည်ရှိခြင်းနှင့် ငါပြောသော နှုတ်ကပတ်တော်တိုင်းကို ရည်ညွှန်း၏။ ငါ၏ လူ့သဘာဝနှင့် ငါ၏ ဘုရားသဘာဝ နှစ်ခုလုံးက ယင်းကို ပိုင်ဆိုင်သည်။ ဆိုလိုသည်မှာ၊ ငါလူ့သဘာဝအားဖြင့် လုပ်ဆောင်သည့်အရာအပြင် ငါ၏ ဘုရားသဘာဝဖြင့် လုပ်ဆောင်သည့် အရာအားလုံးတို့သည် ငါ၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ မည်သူမျှ ဤအရာများကို ယူဆောင်မသွားနိုင်သကဲ့သို့ ယင်းတို့ကို မဖယ်ရှားနိုင်ပေ။ ယင်းတို့သည် ငါ၏ ပိုင်ဆိုင်မှုများတွင် ရှိပြီး အဘယ်သူမျှ မပြောင်းလဲနိုင်ပေ။ ဤသည်မှာ ငါ၏ အပြင်းထန်ဆုံးသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် ဖြစ်ကာ (လူသား၏ အယူအဆများတွင်၊ ငါလုပ်ဆောင်သော အရာများစွာသည် ၎င်းတို့၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသကဲ့သို့၊ လူသား သိနားလည်မှုကို ကျော်လွန်ပေသည့်အတွက်၊ ဤသည်မှာ လူတစ်ဦးစီတိုင်းက အလွယ်ကူဆုံး ပုန်ကန်ပြစ်မှားတတ်သော အမိန့်ဖြစ်ပြီး ယင်းသည် အပြင်းထန်ဆုံးလည်း ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့၏ အသက်တာများသည် ဤတွင် ဆုံးရှုံးမှုကို ခံစား ရသည်)။ တစ်ဖန် ငါထပ်ပြောမည်၊ လုပ်ဆောင်ရန် သင်တို့ကို ငါ တိုက်တွန်းသည့်အရာကို သင်တို့သည် တာဝန်ကျေပွန်သော ချဉ်းကပ်ခြင်းတစ်ခု ပြုလုပ်ရမည်- သင်သည် သတိမမူခြင်း မဖြစ်ရ။

အရှေ့သို့- အခန်း ၉၄

နောက်တစ်ခုသို့- အခန်း ၉၆

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။